ASTILLBE (Completed)

By Hninhninlay1246

3.9M 266K 12.8K

Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင... More

(ဇာတ္လမ္း မိတ္ဆက္ျခင္း)
Part (1)
Part (2)
Part (3)
Part (4)
Part (5) (ပထမဆံုးမဟုတ္ေသာ အနမ္း)
Part (6) ( ေမ့ေလ်ာ့ေနသည့္ တစ္ခုခု႐ွိေနတယ္ )
Part (7) ( ေမာင္က အႏိုင္က်င့္တယ္ )
Part (8) ( တည္ျမဲကမၻာက လံုးဝအေျဖာင့္!)
Part (9) ( ကလန္ကဆန္လုပ္ရင္ အတင္းအၾကပ္နမ္းပစ္မယ္)
Part (10) ( လိုအင္ဆနၵက စိတ္ကိုေလာင္ကြၽမ္းေစတယ္ )
10.5 ( Warning )
Part (11) (Even if I don't love you)
Part (12) ( You gonna run away from me )
Part (13) (The Future)
Part (14 ) ( ေမာင့္ကိုတစ္ခါတစ္ေလ စိတ္ပ်က္မိတယ္ )
Part (15) ( Taste of your lips )
15.5 ( Warning )
Part (16) ( Bullying Him )
Part (17) ( တည္ျမဲကမၻာက သဝန္တိုေနတာ )
Part (18) ( အခ်စ္ႏွင့္ ေျပာင္းလဲလာေသာ အေတြးမ်ား )
Part (19) ( မင္းဘာလို႔ ငါ့​ေရွ့မွာ မျပံဳးတာလဲ? !)
Part (21) ( အလိုအပ္ဆံုးက မင္းကိုပဲ )
Part (22) ( ငါပိုင္တဲ့မင္းခနၱာကိုယ္ကို ဒဏ္ရာမရေစနဲ႔ )
Part (23) (Love Sick)
Part (24) (Can't help falling in love with you)
Part (25) ( မင္းကို အားမလိုအားမရျဖစ္လိုက္တာ !)
Part (26) ( ေမာင္နဲ႔အတူ႐ွိေနသမ်ွအခ်ိန္တိုင္းက ငါ့အတြက္နိဗၺာန္ပဲ)
Part (27) ( You wanna have a baby? )
Part (28) (ေၾကာင္ငပ်င္းေလးက ဝံပုေလြႀကီးကိုသဝန္တိုေနတယ္)
Part (29) ( The Truth Untold )
Part (30) ( စီးပြားေရးသမားေတြက အက်ိဳးအျမတ္မရရင္ မစြန္႔စားဘူးကြ! )
Part (31) ( Loving You )
Part (32) ( ကြၽန္ေတာ့္ကို ဘာေတြဖံုးကြယ္ထားၾကတာလဲ )
Part (33) ( အခုပဲ ေျကာင္ငပ်င္းေလး ႐ွိတဲ့ေနရာ လိုက္သြားေတာ့မယ္ )
Part (34) ( New York သို႔ေရာက္႐ွိျခင္း )
Part (35) (မင္းယံုၾကည္ေအာင္ ေမာင္ႀကိဳးစားပါ့မယ္)
Part (36) ( ေမာင့္ကို မိသားစုေလးတစ္ခု ေပးခ်င္ရံုတင္ပါ)
Part (37) ( ေမာင္က ထိန္းခ်ဳပ္ရခက္တဲ့လူ ၊ မင္းသူ႔ကိုမကိုင္တြယ္ႏိုင္ဘူး)
Part (38) (မင္းနဲ႔တူတဲ့ သားေလးေတြလိုခ်င္တယ္)
Part (39) ( အက်င့္စ႐ိုက္တူတဲ့လူတစ္ေယာက္ကို ဘယ္လိုတည့္ေအာင္ေပါင္းရမလဲ! )
Part (40) ( သားသာမေပ်ာ္ေတာ့ရင္ က်ဳပ္သားကိုျပန္ေခၚမယ္ )
Part (41) ( သူ႔ဗိုက္ထဲမွာ ပဲေစ့ေလးေတြ႐ွိေနၿပီ! )
Part (42) ( ဘာပဲျဖစ္လာလာ အတူရင္ဆိုင္ၾကမယ္ )
Part (43) (Adore You)
Part (44) ( C ၿမိဳ႕ေတာ္သို႔ သြားေရာက္ျခင္း )
Part (45) ( ပဲေစ့ေလးေတြကို ပိုခ်စ္သြားရင္ဘယ္လိုလုပ္မလဲ? )
Main Characters Explanation
Part (46) (ေၾကာင္ငပ်င္းေလးက အရက္ေသာက္တာကိုမႀကိဳက္ဘူးတဲ့)
Part (47) ( ၿခိမ္းေျခာက္စာမ်ား ဝင္ေရာက္ျခင္း )
Part (48) ( လက္စြပ္ထဲမွာ ေမာင့္အခ်စ္ေတြထည့္ထားတယ္ )
Part (49) ( ေမာင့္ကို သူတို္ေခၚသြားၾကတယ္!! )
Part (50) (ပဲေစ့ေလးေတြက ကျမင္းလြန္းေနတယ္)
Part (51) ( ပဲေစ့ေလးေတြ အပင္ေပါက္လာၿပီ!! )
Side Couple Special Part ( Warning )
Part (52) ( ပဲေစ့ႏွစ္ေစ့၏ အမူအက်င့္မ်ား )
Part (53) ( လ်ွိဳ႕ဝွက္ခ်က္မ်ား !! )
Part (54) ( Finding The Lost Heart )
Part (55) ( ​ေမာင္ အနံ႔ေပ်ာက္ေနၿပီ!! )
Part (56) (ေၾကာင္ငပ်င္းေလး ငိုေနၿပီ)
Part (57) ( Bossအမ်ိဳးသားက Bossကိုကေလးထိန္းခိုင္းတယ္!!)
I've got Hilarious Photos from Facebook
Part (58) (မိႈင္းကမၻာငယ္၏ First Kiss)
Part (59) ( Worship of Love )
Part (60) (ဇာတ္သိမ္းပိုင္း)
Extra (1) ( Little Flower in dad's belly )
Extra (2) ( သြားေလေရာ့ အခ်စ္ေဟာင္းေရ )
Extra (3) ( Bad Baby! )
Extra (4) ( ခ်စ္ျခင္းေမတၱာမ်ား ထာဝရႏုပ်ိဳမည္ )
Extra (5) ( Only One person in one life )
Extra (6) ( Boss = Babysitter )
Extra (7) ( Lovers )
Extra (8) ( မေမ်ွာ္လင့္ထားေသာ ကိစၥမ်ား! )
Extra (9) Final
About Season (2)
Book Announcement (1)
Facts About My Characters ( Must read!)
Facts About My Second Characters
Book Cover Announcements
Book Detail Announcements

Part (20) ( ဘယ္သူ႔ကို မယံုၾကည္သင့္တာလဲ? )

57.9K 4K 85
By Hninhninlay1246

Zawgyi

" ဟုတ္ကဲ့ ေဖႀကီး သားအဆင္ေျပပါတယ္ ၊ ဟုတ္ သားကိုစိတ္မပူပါနဲ႔ေနာ္ သူကသားအေပၚေကာင္းပါတယ္ ၊ သားမလိမ္ပါဘူးဗ်ာ ၊ ဟုတ္ကဲ့ ​ေဖႀကီး သားလည္းခ်စ္တယ္ "

အေဖျဖစ္သူထံမွ ဖုန္းကိုလက္ခံရ႐ွိၿပီးေနာက္ ညိဳ႕ စိတ္ေပ်ာ္သြားသည္။ ေဖႀကီးက ညိဳ႕ကိုစိတ္ပူေနၿပီး နယ္သာလန္ကိုျပန္ေခၚေနတာျဖစ္သည္။ ေဖႀကီးက ေမာင့္ကိုအျမင္မၾကည္ေပမယ့္ ေမေမ့ေၾကာင့္သာ လက္ထပ္ပြဲကိုမကန္႔ကြက္ခဲ့တာျဖစ္၏။ ေဖႀကီးႏွင့္အတူ နယ္သာလန္မွာ လက္႐ွိသူ႔အမ်ိဳးသမီးႏွင့္ ကေလးႏွစ္ေယာက္႐ွိသည္။ ညိဳ႕မိေထြးျဖစ္သူႏွင့္ က်န္သည့္ကေလးႏွစ္ေယာက္က ညိဳ႕ကို ေသြးသားအရင္းအခ်ာလိုခ်စ္ၾကတာေၾကာင့္ ညိဳ႕သူတို႔ကိုလည္းလြမ္းသည္။

" ဘာေတြလုပ္ေနတာလဲ ေနမေကာင္းတာ လွဲမေနပဲနဲ႔ "

ညိဳ႕လွည့္ၾကည့္လိုက္ေတာ့ သူကအခုမွေရခ်ိဳးၿပီးထြက္လာတာျဖစ္သည္။ သူ႔ေျခေထာက္ကိုၾကည့္ေတာ့ ခပ္ညိဳညိဳအသားမွာ မဲနက္ေနသည့္ေျခသလံုးေမႊးလိမ္ေကာက္ေကာက္ေတြ႐ွိသည္။ အေပၚတစ္ဆင့္တတ္သြားေတာ့ သူ႔ခါးေအာက္ပိုင္းကို တပတ္ႏွင့္ပတ္ထားၿပီး အေပၚပိုင္းဗလာႏွင့္ျဖစ္သည္။ ဝမ္းဗိုက္ႂကြက္သားေတြက သူ႔ေနရာႏွင့္သူၾကည့္ေကာင္းေန၏။ သူ႔Absေတြေဘးကေန တပတ္ႏွင့္ကြယ္ထားေသာေနရာသို႔ ေလ်ာဆင္းသြားေသာ V Line ပံုစံ႐ွိသည္။

" ၾကည့္ေကာင္းလား ထိၾကည့္ေလ "

" ငါ "

အနီးသို႔ကပ္ကာ ငံု႔မိုးၾကည့္လာၿပီး ညိဳ႕လက္တစ္ဖက္ကိုဆြဲယူကာ သူ႔Absေတြကိုထိခိုင္းသည္။ သူ႔ႂကြက္သားေတြက မာေတာင့္ေနၿပီး အထစ္ထစ္ေလးေတြျဖစ္ေနကာ ေပါင္မုန္႔ႏွင့္တူသည္။ သတိလက္လြတ္ကိုင္မိရင္း သူ႔ဆီမွရယ္သံၾကားလိုက္ရတာေၾကာင့္ ညိဳ႕သူ႔ကိုေမာ့ၾကည့္လိုက္သည္။ သူ႔ေမး႐ိုးေတြက အီဂ်စ္ျပည္မွထြင္းထုထားသည့္ ႐ုပ္ထုေတြလို ခန္႔ထည္ေနၿပီး စိမ္းျမျမႏႈတ္ခမ္းေမႊးစစေတြ႐ွိသည္။ သူ႔ႏႈတ္ခမ္းေတြက မသိမသာတြန္႔ေကြးေနၿပီး မ်က္လံုးေတြက ရယ္ျမဴးရိပ္သမ္းေနသည္။ ဆြဲေဆာင္မႈ႐ွိသည့္ အမ်ိဳးသားေၾကာင့္ ညိဳ႕ရီေဝေဝျဖစ္လာသည္။

" နမ္းခ်င္တယ္ "

" အဟက္ ေျပာေတာ့ ရြံတယ္ဆို "

ေခါင္းငံု႔သြားသူ၏ နားရြက္တို႔ရဲေနေလသည္။ တည္ျမဲ ေခါင္းသုတ္လက္စ တပတ္ကို အိပ္ယာေပၚလႊင့္ပစ္လိုက္ၿပီး သူ႔ေမးေစ့ကို ပင့္မလိုက္သည္။ တည္ျမဲ အေ႐ွ႕မွလူ၏ ပါးႏုႏုေလးကို လက္မျဖင့္ပြတ္သပ္လိုက္သည္။ သူ႔လက္ဖဝါးေပၚတြင္ ေၾကာင္ေလးတစ္ေကာင္တိုးေဝွ့ေနသလိုမ်ိဳးျဖစ္သည္။ ထို႔ေနာက္ ႏႈတ္ခမ္းနီေတြးေတြးေလး႐ွိရာ ငံု႔ကိုင္းကာ ဖိကပ္နမ္းလိုက္သည္။ အလိုက္သင့္ေလး မ်က္ႏွာေမာ့ေပးထားၿပီး မ်က္လံုးေတြကိုမွိတ္ေပးေလသည္။ ႏူးညံ့အိစက္ေနသည့္ႏႈတ္ခမ္းေလးကို အဆက္မျပတ္အနမ္းေႁခြရင္းႏွင့္ သူ႔ခါးသိမ္သိမ္ကိုဆြဲေပြ႔ကာ ခနၱာကိုယ္ႏွင့္ကပ္ယူၿပီး ေနာက္လက္တစ္ဖက္က သူ႔ေခါင္းေနာက္ကိုပို႔ကာ ထိန္းကိုင္ကာ မြတ္မြတ္သိပ္သိပ္နမ္း႐ႈံပစ္လိုက္သည္။

သူေမာဟိုက္ေနမွန္းသိေတာ့ အသက္႐ႈခြင့္ေပးလိုက္ၿပီး သူ႔မ်က္ခံြေပၚဖိနမ္းလိုက္သည္။ မ်က္ႏွာကို ေနရာအႏွံ႔လိုက္နမ္းေနတာေၾကာင့္ ညိဳ႕မ်က္ႏွာကိုေမာ့ေပးလိုက္ရသည္။ ေမာင့္ရင္အုပ္က်ယ္ႀကီးက လႈိက္ဖိုေနၿပီး အသက္႐ႈသံက ျပင္းထန္လို႔ေနသည္။ ညိဳ႕ေခါင္းကိုထိန္းကိုင္ကာ မလြတ္မလပ္ႀကီးနမ္းေနတာျဖစ္သည္။ အရပ္အျမင့္ကြာတာေၾကာင့္ ညိဳ႕ခါးကိုေပြ႔ထားသည့္သူ႔လက္ေမာင္းေတြ တင္းၾကပ္သြားၿပီးေနာက္ ညိဳ႕ေျခဖ်ားေလးေတြ ၾကမ္းျပင္ေပၚမွလြတ္သြားရသည္။

" ဟင့္ "

သူ႔အားႀကီးေၾကာင့္ ညိဳ႕ခါးေတြပါနာလာေလသည္။ သူတစ္ခါနမ္းရင္ ညိဳ႕လွိမ့္ခံရတာျဖစ္သည္။ မ်က္ႏွာေတြေရာ နားရြက္ေတြေရာ လည္ပင္းေတြပါမက်န္ တ႐ႈး႐ႈးနမ္းလာသည္။

" ႁပြတ္စ္ ႁပြတ္စ္ "

" အင္း ဟင္း ေတာ္ေတာ့ "

ရင္အုပ္ႀကီးကိုထု႐ိုက္မရေတာ့ သူ႔မ်က္ႏွာႀကီးကိုအတင္းတြန္းရသည္။ လူကိုနမ္းရင္မညႇာမတာနမ္းသည္။ သူညႇာတာေပးတာ တစ္ေနရာမွမ႐ွိေပ။ သူလြန္သြားမွန္းသိေတာ့ မ်က္စံေတြကဟိုေရာက္ဒီေရာက္ႏွင့္ အၾကည့္ေတြကိုေ႐ွာင္ေနသည္။

" မင္း႐ွက္ေနတာလား "

" အဟမ္း ဘာလို႔႐ွက္ရမွာလဲ ငါ့ကိုေခါင္းသုတ္ေပးဦး "

" ဟုတ္ပါၿပီ အဟြန္း "

ေမာင့္နားရြက္ေတြရဲေနသည္။ သူ႔စိတ္သူထိန္းမႏိုင္ပဲ လူကိုအငမ္းမရေတြနမ္းၿပီး သူ႔ကိုယ္သူျပန္႐ွက္သြားတာျဖစ္ရမည္။ ေမာင္က ဒီလိုလည္း႐ွက္တတ္ေသးတာပဲလား။ ႐ွက္ရမ္းရမ္းကာ စကားလမ္းေၾကာင္းလည္းလႊဲတတ္ေသး၏။ ညိဳ႕ ေမာင့္ဆံပင္ေတြကို ေသခ်ာသုတ္ေပးလိုက္သည္။

" ဦးခန္႔က ေဆးေသာက္ဖို႔ေျပာထားတယ္မလား မနက္စာစားၿပီးရင္ေဆးေသာက္ရမယ္ေနာ္ မင္းေနာက္ဆို ထမင္းေၾကာ္မစားရဘူး မဟုတ္ရင္ ငါတို႔အကုန္ဒုကၡမ်ားတယ္ "

မေန႔က အိမ္ေရာက္တာႏွင့္ခ်က္ခ်င္းအန္သည္။ ဦးခန္႔ေရာက္လာၿပီး သူ႔ဗိုက္ကိုစစ္ၾကည့္ေတာ့ သာမာန္အစာမေၾကပဲ ဗိုက္ေအာင့္တာမ်ိဳးျဖစ္သည္။ ဦးခန္႔ကစိုးရိမ္ၿပီး ေဆးေသာက္ဖို႔ေပးခဲ့သည္။ သူ႔အစားအေသာက္ကိုဂ႐ုစိုက္ရမည္ဟုလည္းေျပာသြားသည္။ ဦးခန္႔မ်က္ႏွာ တစ္မ်ိဳးျဖစ္ေနေပမယ့္ တည္ျမဲေမးမယ္ၾကံေတာ့ ဦးခန္႔က ဂ႐ုစိုက္ဖို႔သာေျပာသြားသည္။ သူ႔ကိုေနာက္ထပ္ေနမေကာင္းျဖစ္ေအာင္ ပစ္ထားလို႔မျဖစ္ေတာ့ေပ။ ဒီေကာင္က ဇြဲ႐ွိၿပီး အလုပ္ကိုေသမတတ္လုပ္တဲ့ေကာင္ ၊ သူ႔က်န္းမာေရးေတာင္ လက္လြတ္စပယ္ပစ္ထားသည့္ေကာင္ျဖစ္သည္။ 

" ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ ထပ္ေနမေကာင္းျဖစ္လို႔မရဘူး အဟမ္း ငါ့ကိုအဲ့လိုမၾကည့္နဲ႔ ေျပာခ်င္တာက မင္းေနမေကာင္းျဖစ္ရင္ ေမေမစိတ္ပူမွာစိုးလို႔ "

" ေမာင္ ငါမင္းကိုခ်စ္တယ္ ၿပီးေတာ့ ဂ႐ုစိုက္တတ္တဲ့သူအျဖစ္ ေျပာင္းလဲေပးတာ ေက်းဇူးတင္ပါတယ္ "

မ်က္လံုးဝိုင္းေတြနဲ႔ ၾကည့္ေနသူကို တည္ျမဲ အၾကည့္မလႊဲခ်င္ေပ။ သူ႔မ်က္လံုးေလးေတြက ၾကယ္ေတြလိုလက္ေနၿပီး ရြန္းလဲ့ေနသည္။

" စေတြ႔တုန္းကေန႔မွာလည္း မင္းငါ့ကိုဒီလိုၾကည့္ခဲ့ဖူးတယ္ အဲ့တုန္းက မင္းကသိပ္ကိုေဒါသထြက္ေနတဲ့ပံုပဲ ၊ အခုေတာ့ မင္းမ်က္လံုးထဲမွာ ငါကလြဲရင္ ဘာမွမျမင္ေတာ့ဘူးမလား ဟြန္း "

ညိဳ႕ျပံဳးလိုက္သည္။ ေမာင္ႏွင့္သူစေတြ႔တုန္းက ေမာင္က ခပ္ဆိုးဆိုးေက်ာင္းသားေလးျဖစ္သည္။ ညိဳ႕ကေတာ့ ေက်ာင္းကိုအမွီလာဖို႔အတြက္ အေမ့ေဝယ်ာဝစၥေတြနဲ႔ အိမ္အလုပ္ေတြကိုလုပ္ရသည္။ မနက္စာေတာင္ စားမဝင္တဲ့ေန႔ေတြလည္း႐ွိခဲ့သည္။ ညိဳ႕နဲ႔ေမေမက သာမာန္ဘဝႏွင့္ ခက္ခက္ခဲခဲ႐ွင္သန္လာရတာျဖစ္လို႔ ေမေမက ညိဳ႕ကိုစာတတ္ေစခ်င္သည္။ ထို႔ေၾကာင့္ သူ႐ွာထားတဲ့ပိုက္ဆံေတြနဲ႔ အထက္တန္းထိေရာက္ေအာင္ေက်ာင္းထားေပးခဲ့တာျဖစ္သည္။ ညိဳ႕ေဖေဖကို ငယ္ငယ္တည္းက ညိဳ႕ဓာတ္ပံုထဲမွာပဲျမင္ဖူးခဲ့တာ။ ေမေမက ေဖေဖ့အေၾကာင္းေမးတိုင္း စကားလမ္းေၾကာင္းလႊဲသြားတတ္သည္။

ထိုေန႔က ေမာင္သည္ လြယ္အိတ္ကိုေဘးတေစာင္းလြယ္ထားၿပီး ကတၱီပါဖိနပ္ကိုစီးထားေလသည္။ ေက်ာင္းအပ္ဖို႔ ​ေဖာင္လာတင္ေတာ့ ေမာင့္ေနာက္ေက်ာကို ညိဳ႕ဘက္ကေနမေတာ္တဆဝင္တိုက္မိခဲ့တာျဖစ္၏။ ညိဳ႕က သူ႔ကိုစိတ္တိုေဒါသထြက္သလိုၾကည့္ခဲ့ေပမယ့္ သူကစိတ္ဝင္စားသလို မ်က္ခံုးေတြကိုပင့္ကာ ေလွာင္သလိုၾကည့္လာတာျဖစ္သည္။ ညိဳ႕အက်ီမွ လြဲမွားေနေသာၾကယ္သီးမ်ားေၾကာင့္ ေမာင္က ဟက္ဟက္ပက္ပက္ရယ္ေမာခဲ့သည္။ သူရယ္လ်ွင္ သူ႔မ်က္လံုးေတြ ေကြးတတ္သြားတတ္တာျဖစ္ၿပီး သူ႔ပံုရိပ္က အရာအားလံုးထက္ကို ညိဳ႕အတြက္ထူးျခားေနခဲ့ပါသည္။

" ေမာင့္ကို စေတြ႔တည္းက ခ်စ္ခဲ့တာ အခုဆိုႏွစ္နဲ႔ခ်ီေနၿပီ ေမာင္က အဲ့တုန္းတည္းက လူဆိုးေလး ၊ အခုေတာ့ လူဆိုးႀကီးျဖစ္ေနၿပီ ၊ ေမာင္ဘယ္ေတာ့လိမၼာလာမွာလဲဟင္ "

ဆူသလိုေျပာေနသူေၾကာင့္ တည္ျမဲသေဘာတက်ျပံဳးလိုက္မိသည္။ တည္ျမဲအက်ီက ၾကယ္သီးေတြကိုစိတ္႐ွည္႐ွည္တပ္ေပးေနၿပီး တစ္ခ်က္တစ္ခ်က္ တည္ျမဲရင္ဘက္ကို ခိုးနမ္း၏။ သူလုပ္ေနတာေတြကို အသဲယားေနေပမယ့္ ခပ္တည္တည္သာ ၾကည့္ေနလိုက္သည္။

" ေမာင္ ငါ့ကိုခ်စ္လာေအာင္ ငါႀကိဳးစားမယ္လို႔ေျပာခဲ့တယ္ေနာ္ ၊ တကယ္လို႔ငါမေအာင္ျမင္ခဲ့ရင္ေလ ငါနယ္သာလန္ကိုျပန္ၿပီး ေဖျကီး အလုပ္ေတြကိုကူမယ္ ၊ ငါေမာင့္ကိုအျမဲတမ္းခ်စ္ေနမယ္ဆိုတာေတာ့ ယံုေပးပါ "

" ဘာေျပာလိုက္တာလဲ "

" ငါ "

" ဘယ္ကိုျပန္မွာ "

" နယ္သာလန္ေလ ေဖျကီးက ျပန္ေခၚေနၿပီ ငါဒီမွာမေပ်ာ္ရင္ ျပန္လာခဲ့လို႔ေျပာတယ္ "

" မင္းကငါ့ကိုၿခိမ္းေျခာက္ေနတာလား "

" ဟုတ္တယ္ "

တည္ျမဲက သူ႔ေ႐ွ႕မွလူကို စိတ္ဆိုးစြာငံု႔ၾကည့္လိုက္သည္။ သူ႔အျပံဳးေတြကိုၾကည့္ရတာ စေနာက္ေနဟန္ေတြအျပည့္ျဖစ္သည္။ သို႔ေပမယ့္ တည္ျမဲစိတ္႐ႈပ္သြားသည္။ သူထြက္သြားခ်င္ရင္ ကိုယ္႐ွာေတြ႔လို႔မရသည့္ေနရာအထိ သူထြက္ေျပးႏိုင္သည္။ သူ႔အေဖက သူ႔ကိုတည္ျမဲ႐ွာမေတြ႔ေအာင္ဖြက္ထားႏိုင္တာမို႔ သူ႔စကားေတြကို အေလးအနက္မေတြးပဲမေနႏိုင္ေပ။

" ငါ့ကိုေတာင္ ၿခိမ္းေျခာက္တတ္ေနၿပီေပါ့ "

" ဟာ ေမာင့္ ဟီး ယားတယ္ "

ေမာင့္ကိုယ္ႀကီးက ဆက္ခနဲငံု႔ကာ ညိဳ႕ပါးႏွစ္ဖက္ကို တရြတ္ရြတ္နမ္းလာသည္။ ဟုတ္တယ္ေလ ၿခိမ္းေျခာက္သင့္ရင္ၿခိမ္းေျခာက္ရမွာပဲ ၊ အနည္းဆံုးေတာ့ ေမာင္သူ႔ကိုထြက္သြားခြင့္ေပးမွာမဟုတ္မွန္းသူသိသည္။ ေမာင့္အျပဳအမူေတြကိုၾကည့္တာနဲ႔ ေမာင့္စိတ္ေတြေျပာင္းလဲေနၿပီဆိုတာ ညိဳ႕ သိပါသည္။

<<<<<<
>>>>>>

" Key ေဟ့ေကာင္ ငါ့ကိုအကို႔ဆီလိုက္ပို႔ "

" ေနာက္ထပ္ schedule ေတြ႐ွိေသးတယ္ ၊ ေနာက္တစ္ခ်ိန္က ေရေမႊးေၾကာ္ျငာအတြက္ ၊ ေန႔လည္စာစားထားႏွင့္ ခဏေနေရာက္ေတာ့မွာ "

" Key ငါ့ကို အကို႔ဆီလိုက္ပို႔ေပးလို႔ေျပာေနတယ္ေလ ၊ schedule ကိုေနာက္တစ္ခ်ိန္ေရႊ႔လိုက္ပါ့လားကြာ ငါအကို႔မ်က္ႏွာေလးကိုမျမင္ရတာၾကာေနၿပီ "

Keyကတစ္ခြန္းမွျပန္မေျပာေပ။ အံႀကိတ္ထား၍ ေမးေၾကာမ်ားေထာင္ေနသည္ကို ရဟန္ျမင္ရသည္။ သူကေဒါသထြက္ေနတာလား။ သူက ကိုယ့္မန္ေနဂ်ာေလ ကိုယ္လုပ္ခ်င္တာ လုပ္ခြင့္ေပးရမွာေပါ့ ၊ ၿပီးေတာ့ သူ႔အေနနဲ႔ တစ္ခ်ိန္ေလာက္ပ်က္ကြက္ေတာ့ဘာျဖစ္မွာမို႔လို႔လဲ။

" ဘာလို႔စိတ္တိုေနတာလဲ ရတယ္ မင္းလိုက္မပို႔လည္း အခု ကားေပၚကဆင္းၿပီး Taxiငွါးသြားမယ္ "

" ရဟန္ခြန္းသ ေသခ်င္လို႔လား တံခါးကိုျပန္ပိတ္ မဟုတ္ရင္ ငါ့ကိုအဆိုးမဆိုနဲ႔ "

" ကားရပ္ေပး "

" ေတာက္ "

ကားကို ၾကံဳရာထိုးရပ္ေပးလိုက္ၿပီး Keyက ေဒါသတႀကီးလွည့္ၾကည့္လာသည္။ ေနာက္ခန္းကလူကလည္း ျပန္ၾကည့္လာသည္။ သူ႔မ်က္လံုးထဲမွာလည္း ေဒါသအရိပ္အေယာင္ေတြနဲ႔ ၊ Key အသက္ကိုသံုးႀကိမ္ဝေအာင္႐ႈၿပီး စိတ္ကိုေျဖေလ်ာ့လိုက္ရသည္။

" လိမၼာတယ္ ႐ိုက္ကြင္းကိုျပန္ရေအာင္ ေနာက္ေန႔မွ အဲ့ဒီလူဆီလိုက္ပို႔ေပးမယ္ ျပသာနာျဖစ္ရင္ ဦးေလးဂုဏ္သတင္းအတြက္လည္းမေကာင္းဘူး ၊ၿပီးေတာ့ နဂိုတည္းက မင္းကို Entertainment ပိုင္႐ွင္ရဲ႕သားမို႔လို႔ ဒီေနရာေရာက္လာတာဆိုၿပီး ေျပာေနၾကတဲ့သူေတြ႐ွိလို့ ၊ အခု႐ိုက္ကြင္းကိုပါမသြားရင္ မင္းပဲအေျပာခံရမွာ ၊ ငါ့စကားနားေထာင္စမ္းပါ "

" ဒါေပမယ့္ မင္းငါ့ကိုခုဏကေအာ္တယ္ "

" အင္း ငါ့အမွားပါ မင္းကိုသည္းခံရမွာကို "

" နာမည္အျပည့္အစံုလည္းေခၚတယ္ "

" အဟက္ "

ရဟန္႔မ်က္ႏွာက သုန္မႈန္ေနသည္။ အဲ့ေကာင္ သူ႔ကိုဒါပထမဆံုးေအာ္တာျဖစ္သည္။ နာမည္အျပည့္အစံုကို အသံမာမာႏွင့္ေခၚလိုက္ေတာ့ သူလန္႔ျဖန္႔သြားတာျဖစ္သည္။ ေၾကာက္လည္းေၾကာက္သြားသည္။ ေပါင္းလာတာလည္းၾကာၿပီ ၊ သူအခုထိ ဒီေကာင့္အေၾကာင္းကို ေစ့ေစ့စပ္စပ္မသိသလို ၊ ကိုယ္တိုင္လည္း ေျပာမျပဖူးေပ။ အခုမွ သူ႔ရဲ႕ တစ္ဖက္ျခမ္းကိုမသိမသာထုတ္ျပလာတာျဖစ္သည္။

" ႐ိုက္ကြင္းကိုျပန္ရေအာင္ မဆိုးနဲ႔ "

" ေဘာကို ဆိုး မင္းကတိမင္းတည္ေနာ္ ေနာက္ေန႔အကို႔ဆီလိုက္ပို႔ရမယ္ "

" အင္း "

သေဘာတူညီခ်က္ရၿပီးမွ ရဟန္႔မ်က္ႏွာျပန္ျပံဳးရႊင္သြားသည္။ Keyက ေပ်ာ္သြားသူကို လွမ္းၾကည့္ရင္း ေခါင္းယမ္းလိုက္သည္။ အခုေတာ့ ဖိုးတတ္ႂကြေလးျပန္ျဖစ္သြားၿပီပဲ။ သူ႔အနားမွာ႐ွိလာခဲ့တဲ့ရက္ေတြထဲမွာ သူ႔အလိုလိုက္ေန၍ Keyအေပၚဆို ဆိုးခ်င္သည္။ ၿပီးေတာ့ သူဟိုလူ႔အေပၚမွာ ဘယ္ေလာက္ပဲ သည္းခံၿပီးခ်စ္ေနပါေစ ၊ သူ႔ရဲ႕အက်င့္စ႐ိုက္အမွန္ကိုသိသူဆိုလို႔ ကိုယ္ပဲ႐ွိတာေလ ၊ မၾကာခင္ သူအဲ့ဒီလူကို လက္ေလ်ာ့ရေတာ့မွာပါ။

" ဟိုမွာ ေရာက္လာၾကၿပီ မင္းသား ျမန္ျမန္လာ ၊ အမက မိတ္ကပ္ျပင္ဖို႔ေစာင့္ေနတာ "

မိတ္ကပ္ဆရာက အသားအရည္ကိုၾကည့္ကာ မၿပီးႏိုင္မစီးႏိုင္ခ်ီးမႊန္းေနေသးသည္။ ေနာက္ဆံုးေတာ့ မိတ္ကပ္ခပ္ပါးပါးသာပုတ္ကာ ႏႈတ္ခမ္းအဆီနည္းနည္းဆိုးေပးလိုက္၏။ Keyက တစ္ေလ်ွာက္လံုးၾကည့္ေနၿပီးေနာက္ ဝင္ေျပာလာသည္။

" မိတ္ကပ္လိမ္းမေနပါေတာ့နဲ႔လားအမ ႐ိုက္ကူးေရးၿပီးရင္လည္း ျပန္ Editလုပ္ၾကမွာပဲမလား ၊ သူ႔နဂို႐ုပ္က ပိုေကာင္းပါတယ္ "

Keyက ရဟန္႔ႏႈတ္ခမ္းကို တစ္႐ႈးနဲ႔သုတ္ပစ္သည္။ မိတ္ကပ္ျပင္သူက ေၾကာင္အမ္းသြားေတာ့ ရဟန္အားနာသလိုျပံဳးျပလိုက္ရသည္။ Keyအေၾကာင္းကိုသိေနသည့္ ႐ိုက္ကြင္းကလူေတြကေတာ့ ႐ိုးေနၿပီျဖစ္သည္။ မိတ္ကပ္ဆရာက အသစ္ျဖစ္ေနတာေၾကာင့္ မ်က္ႏွာမေကာင္းျဖစ္သြား၏။

" ေတာင္းပန္ပါတယ္အမ ဒီတိုင္းပဲထားလိုက္ပါေတာ့ "

မိတ္ကပ္ဆရာက ေခါင္းၿငိမ့္ျပၿပီး ျပန္ထြက္သြားသည္။ အခန္းထဲမွာ ဘယ္သူမွမက်န္ေတာ့မွ ရဟန္က သူ႔မန္ေနဂ်ာကိုဆူေတာ့သည္။ Keyက တိတ္တိတ္ဆိတ္ဆိတ္ပဲေနၿပီး တစ္ခြန္းမွျပန္မေျပာေပ။

" အလုပ္ကိစၥတစ္ခု႐ွိလို႔ မနက္ျဖန္ ငါ့ေနရာမွာ တစ္ျခားအသစ္တစ္ေယာက္အစားဝင္လိမ့္မယ္ ၊ နယ္ဘက္ကို ခဏသြားစရာ႐ွိေနလို႔ မင္းအဆင္ေျပမယ္မဟုတ္လား "

" မရဘူး မင္းမဟုတ္ရင္အဆင္မေျပဘူး ငါစိတ္တိုင္းက်မွာလည္းမဟုတ္ဘူး ၊ သူတို႔ေရာက္လာရင္ အစက ျပန္ေျပာျပေနရဦးမွာ ၊ Key မင္းဘယ္သြားမွာလည္း အတိအက်ေျပာသြား မင္းအေၾကာင္းကို ငါအခုထိေသခ်ာမသိရေသးဘူးေနာ္ "

" နယ္ဘက္ပါ မသိလည္းရတယ္ "

" မင္း "

စိတ္ဆိုးသြားသည့္ေကာင္ေလးကို သူျပန္မေခ်ာ့ႏိုင္ေသးေပ။ ၿပီးေတာ့ အေျခအေနေတြက သူသိလို႔မျဖစ္တာေၾကာင့္ Key ဘာေျဖ႐ွင္းခ်က္မွမေပးတာျဖစ္သည္။ Keyအေၾကာင္း သူေမးသည့္အခ်ိန္တိုင္းမွာလည္း Keyဘက္က စကားလမ္းေၾကာင္းလႊဲရသည့္ အခ်ိန္ေတြကပိုမ်ားေလသည္။

" မင္းသိသင့္တဲ့ အခ်ိန္ေရာက္ရင္ေတာ့ ငါေျပာျပမွာပါ ၊
ဒီထက္မတိုင္ခင္ မင္းငါ့အေၾကာင္းေတြသိသြားခဲ့ရင္ မင္းနဲ႔ငါတစ္သက္လံုးေဝးရလိမ့္မယ္ "

<<<<<<
>>>>>>

အစည္းအေဝးခန္းထဲမွာ ျမည္လာသည့္ဖုန္းသံေၾကာင့္ တည္ျမဲမ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။ ဝန္ထမ္းေတြက သူ႔အားျပန္ၾကည့္လာေလသည္။ ေနာက္မွ ဝင္လာသည့္ဖုန္းက သူ႔ဖုန္းမွန္းသိေတာ့ တည္ျမဲေခ်ာင္းဟမ့္ၿပီး နံပတ္ကိုၾကည့္လိုက္သည္။ ေဟမာန္စိုးကလည္း အနားမွာထိုင္ေနသည္ျဖစ္ရာ ေျပာင္းလဲသြားသည့္ ကိုကို႔အမူအယာေတြကိုျမင္ေနရသည္။ ဖုန္းေခၚတာဘယ္သူမို႔ မ်က္ႏွာက ေက်နပ္သြားတဲ့ပံုေပါက္ေနရတာလဲ။

" အင္း တစ္ခုခုျဖစ္လို႔လား "

" ေမာင္ ဒီေန႔အေမ့ကို ေဆးခန္းျပရမွာ ၊ ေျမနီကုန္းက Mr. Heart မွာနာမည္စာရင္းေပးထားတယ္ ၊ အဲ့ဒါလွမ္းေျပာတာ ငါအခုဆိုင္ပတ္ခဲ့ၿပီးၿပီ တံုကင္နံပတ္က 16 "

" ဦးခန္႔က ဘယ္သြားလို႔လဲ "

" ဦးခန္႔က ႏွလံုးအထူးကုမဟုတ္ဘူးေလ ေမာင္ရဲ႕ ၊ ဒါပဲေနာ္ အဲ့ဒါလွမ္းေျပာတာ ငါ Driverေခၚသြားတယ္ "

" ေနဦး ျပန္ကာနီးကိုဖုန္းထပ္ဆက္လိုက္ လာႀကိဳလိုက္မယ္ "

တစ္ဖက္ကလူနဲ႔ဖုန္းေျပာၿပီးေတာ့ စိတ္ထဲက ဘာကိုေက်နပ္မိမွန္းမသိေပ။ အစည္းအေဝးခန္းကလူေတြက Bossျဖစ္သူျပံဳးေနတာျမင္ေတာ့ ဖုန္းဆက္တာဘယ္သူလဲသိခ်င္သြားရသည္။ ေဟမာန္စိုးကိုလည္း သနားသလိုလွမ္းၾကည့္ၾကေတာ့ ေဟမာန္စိုး မ်က္ႏွာပ်က္သြား၏။

" အစည္းအေဝးျပန္စမယ္ ဆက္ေျပာလို႔ရၿပီ "

႐ုတ္တရက္ျပန္လည္တင္းမာသြားတဲ့အေျခအေနေၾကာင့္ ဝန္ထမ္းေတြ ျပာယာခက္သြားၾကသည္။ ေဟမာန္စိုးေမးခ်င္ေနေပမယ့္လည္း အစည္းအေဝးခန္းမွာမို႔ သည္းခံေနလိုက္သည္။ အစည္းအေဝးၿပီးသြားေတာ့ ေဟမာန္စိုးႏွင့္တည္ျမဲသာက်န္ေတာ့သည္။

" ကိုကို ခုဏက ဆက္တာ ဘယ္သူလဲ "

" ေျသာ္ ေမေမ ေဆးခန္းျပရမယ့္ကိစၥလွမ္းေျပာတာ ၊ ကိုယ္အခုေျမနီကုန္းကိုသြားရမယ္ "

" ဘယ္သူကလွမ္းေျပာတာလဲလို႔ေမးေနတာ "

" ေဟမာန္ရာ ဘာလို႔လာရစ္ေနတာလဲ အခု အဲ့ဒါအေရးႀကီးေနလို႔လား ၊ ကိုယ္မနက္ျဖန္က်ရင္ ေဟမာန္႔ေမြးေန႔ကိုဆက္ဆက္လာခဲ့မယ္ ၊ ေဟမာန္႔ကိုအခ်ိန္ေပးပါ့မယ္ ေနာ္ "

" အင္းပါ ၿပီးတာပဲ "

တည္ျမဲက ေဟမာန္႔ပါးကိုဆြဲညႇစ္လိုက္ၿပီး အစည္းအေဝးခန္းမွထြက္သြားေတာ့သည္။ ေဟမာန္မ်က္လံုးတို႔ေမွးက်ဥ္းသြား၏။

" မိႈင္းညိဳ႕ နင္ေစာင့္ၾကည့္ေနပါ နင့္ကိုငါ ဘယ္လိုအ႐ွက္ခြဲမလဲဆိုတာ နင္ၾကည့္ေန "

ေဟမာန္စိုးက ေအာင္ႏိုင္သူတစ္ေယာက္လို ျပံဳးလိုက္သည္။ သူ႔အေတြးေတြထဲမွာ ဓားသြားခြၽန္ခြၽန္မ်ားႏွင့္ျပည့္ႏွက္ေန၏။

" မၾကာခင္ နင္လက္လႊတ္ေပးရေတာ့မွာပါ "

Mr. Heart ေဆးခန္းတြင္ မိန္းခေလးမ်ားအံုေနၾက၏။ ဟင္ ျမန္မာႏိုင္ငံမွာ ႏွလံုးေရာဂါသည္ေတြက အသက္ငယ္ငယ္မိန္းခေလးေတြဆီမွာျဖစ္ေနၾကတာမ်ားလား။ အကုန္လံုးကလည္း လွတပတေလးေတြျဖစ္သည္။ ေဆးခန္းထဲဝင္ထိုင္ေနၾကသူမ်ားထဲမွာ ေမေမႏွင့္မိႈင္းညိဳ႕ကိုေတြ႔လိုက္​ေတာ့ တည္ျမဲကားရပ္ကာ ေဆးခန္းတံခါးကိုတြန္းဖြင့္ၿပီးဝင္သြားလိုက္သည္။

" ေနာက္ထပ္အဆင္လား ဟဲ့ ငါတို႔ဒီေန႔ကံေကာင္းေနတာပဲ ေဒါက္တာကလည္းေခ်ာ ၊ ဟိုနားမွာထိုင္ေနတဲ့ အကိုကလည္း လွလွေလး ၊ ဟိုမွာ ငါတို႔ဘက္ကိုၾကည့္ေနတယ္ဟဲ့ "

တည္ျမဲကမၻာ ေခါင္းယမ္းလိုက္သည္။ သူတို႔က ႏွလံုးထက္ ဦးေႏွာက္မွာျပသာနာ႐ွိေနပံုပဲ။ ေရာဂါသည္႐ုပ္ေတြနဲ႔လည္းမတူၾကေပ။ ေဆးခန္းက ေဒါက္တာကို ငမ္းဖို႔လာမွန္းသိသာေန၏။

" ေမာင္ ဒီမွာ "

တည္ျမဲေခါင္းၿငိမ့္ျပကာ ေမေမ့ေဘးသြားထိုင္ၿပီး ေမေမ့လက္ကိုဆုပ္ကိုင္လိုက္သည္။ ေကာင္မေလးမ်ား ဆြံ႔အသြားသည္။ ပါးစပ္ေဟာင္းေလာင္းျဖစ္ေနသူမ်ားကို ၾကည့္ကာ တည္ျမဲသက္ျပင္းခ်လိုက္ရျပန္သည္။ ေတာ္ေတာ္ဆိုးဝါးတာပဲ ၊ ေယာက်ာ္းေလးေတြကို ေပၚတင္ငမ္းရဲေနၾကၿပီ။ ေနာက္ 2025 ,2026မ်ားမွာဆို ဘယ္ေလာက္ေတာင္ရဲတင္းလိုက္ၾကမလဲ။

" ေမေမ ေနသာရဲ႕လား ေနာက္မွီထားပါ့လားဗ် "

" ေမေမသက္သာပါတယ္ ေန႔လည္က ဓာတ္ပံုအဲလ္ဘမ္ ထည့္ထားတဲ့ကတ္ထူပံုးတစ္ခုမလိုက္တာ ႏွလံုးကျပန္ေအာင့္လာတယ္ "

" ဟာ ေမေမကဗ်ာ ၊ အိမ္မွာအလုပ္သမားေတြ႐ွိေနတာကို သူတို႔ကိုမခိုင္းပဲနဲ႔ "

" ေမေမက ဓာတ္ပံုအဲလ္ဘမ္ေတြျပန္ၾကည့္ခ်င္လို႔ပါ ၊ အခုေမေမဘာမွမျဖစ္ပါဘူး "

" ေဒၚေလးႏြယ္ေရႊ ဝင္လို႔ရပါၿပီေနာ္ ၊ လက္အရင္ေဆးၿပီးရင္ဝင္လာလို႔ရပါၿပီ ၊ အေဖာ္ကတစ္ေယာက္ပဲဝင္လို႔ရမယ္ ေနာက္တစ္ေယာက္က အျပင္မွာေစာင့္ေနေပးပါ "

" ေမာင္ ဒီမွာခဏ ထိုင္ေစာင့္ေနလိုက္ "

တည္ျမဲ ေဆးခန္းမွစာေတြကိုလိုက္ဖတ္ေနလိုက္သည္။ Mr. Heart ေဆးခန္းကို အခုမွေရာက္ဖူးတာျဖစ္သည္။ ဆရာဝန္က ႏွစ္ေယာက္ထိုင္တာျဖစ္သည္။ ေဒါက္တာ တင္ကိုေအာင္ႏွင့္ ေဒါက္တာ ျမတ္ဧကမာန္တဲ့။ ေဆးခန္းထဲလွမ္းၾကည့္ေတာ့ ဆရာဝန္က ငယ္ငယ္ေခ်ာေခ်ာျဖစ္သည္။ ေအးေပါ့ ဆရာဝန္ကေခ်ာေတာ့ လူနာေပါတာေပါ့။ မၾကာခင္ ေဆးခန္းေပါက္ဝမွ လူတစ္ေယာက္ထပ္ဝင္လာသည္။

" ဟင္ ခင္ဗ်ား "

" ကိုေခတ္ေႏွာင္းလား ခင္ဗ်ားကဘယ္လိုျဖစ္ၿပီး "

ေခတ္က ရယ္လိုက္ကာ တည္ျမဲေဘးဝင္ထိုင္လာသည္။

" ေဒါက္တာက ကြၽန္ေတာ့္ အမ်ိဳးသားေလ ၊ ကြၽန္ေတာ့္ အမ်ိဳးသားေဆးခန္း ကြၽန္ေတာ္ လာတာဆန္းလားဗ်ာ ၊ ခင္ဗ်ားကေရာ "

" အမ်ိဳးသားလား ​ေျသာ္ ကြၽန္ေတာ့္အေမကို လာႀကိဳတာ ၊ သူဒီမွာ ပထမဆံုးလာျပတာေလ "

တည္ျမဲ ေတြေဝသြားသည္။ ေဒါက္တာက ကိုေခတ္ေႏွာင္းရဲ႕အမ်ိဳးသားတဲ့လား။ ကိုေခတ္ေႏွာင္းက ေယာက်ာ္းတစ္ေယာက္ကိုလက္ထပ္ထားတာေတာင္ ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္ပံုေပၚေနသည္။ သူကေရာ ဘာကိုေၾကာက္ေနခဲ့တာလဲ ၊ အဲ့ဒီတစ္ေယာက္ကို ဒါ ငါနဲ႔လက္ထပ္ထားတာပါလို႔ ေျပာဖို႔တြန္႔ဆုတ္ေနမိတာ။ ကိုယ္တိုင္တြန္႔ဆုတ္ေနတဲ့အျပင္ သူနဲ႔ကိုယ္ ဘယ္လိုပတ္သတ္တယ္ဆိုတာပါ အနီးကပ္လူေတြကလြဲရင္ မသိၾကေပ။ အဲ့လိုမသိၾကလို႔ပဲ ၊ သူ႔ကိုလာေၾကာင္တဲ့ေကာင္ေတြက ရဲတင္းလြန္းေနတာမဟုတ္လား။ အရင္ကဆို လ်စ္လ်ဴ႐ႈမိမွာမွန္ေပမယ့္ အခု တည္ျမဲ လ်စ္လ်ဴမ႐ႈႏိုင္ေပ။ တစ္ျဖည္းျဖည္းနဲ႔ အဲ့တစ္ေယာက္အေပၚလႊမ္းမိုးခ်င္လာသည္။ ပိုင္ဆိုင္ခ်င္လာသည္။ စြဲလမ္းလာသည္။ ဟား ႐ူးေတာ့မွာပဲကြာ။

" ခင္ဗ်ားကိုတစ္ခုေျပာခ်င္တယ္ ၊ ကိုယ့္အေပၚေကာင္းတဲ့သူတစ္ေယာက္ကို လက္မလႊတ္ပါနဲ႔ ၿပီးရင္ ကိုယ့္အေပၚေကာင္းျပတဲ့လူတိုင္းကိုလည္း မယံုၾကည္နဲ႔ "

တည္ျမဲလွည့္ၾကည့္လိုက္ေတာ့ သူ႔အားျပံဳးျပေနသူကိုေတြ႔လိုက္ရသည္။ ဘယ္သူ႔ကိုမယံုၾကည္ၿပီး ဘယ္သူ႔ကိုလက္မလႊတ္သင့္တာလဲ ၊ ေသခ်ာတာကေတာ့ သူ႔ကိုလက္မလႊတ္ခ်င္ေပ။ သူ႔ကို အနားမွာအျမဲထားခ်င္တာျဖစ္၏။

TBC~~~
30.9.2021

Unicode

" ဟုတ်ကဲ့ ဖေကြီး သားအဆင်ပြေပါတယ် ၊ ဟုတ် သားကိုစိတ်မပူပါနဲ့နော် သူကသားအပေါ်ကောင်းပါတယ် ၊ သားမလိမ်ပါဘူးဗျာ ၊ ဟုတ်ကဲ့ ဖေကြီး သားလည်းချစ်တယ် "

အေဖျဖစ္သူထံမွ ဖုန်းကိုလက်ခံရရှိပြီးနောက် ညို့ စိတ်ပျော်သွားသည်။ ဖေကြီးက ညို့ကိုစိတ်ပူနေပြီး နယ်သာလန်ကိုပြန်ခေါ်နေတာဖြစ်သည်။ ဖေကြီးက မောင့်ကိုအမြင်မကြည်ပေမယ့် မေမေ့ကြောင့်သာ လက်ထပ်ပွဲကိုမကန့်ကွက်ခဲ့တာဖြစ်၏။ ဖေကြီးနှင့်အတူ နယ်သာလန်မှာ လက်ရှိသူ့အမျိုးသမီးနှင့် ကလေးနှစ်ယောက်ရှိသည်။ ညို့မိထွေးဖြစ်သူနှင့် ကျန်သည့်ကလေးနှစ်ယောက်က ညို့ကို သွေးသားအရင်းအချာလိုချစ်ကြတာကြောင့် ညို့သူတို့ကိုလည်းလွမ်းသည်။

" ဘာတွေလုပ်နေတာလဲ နေမကောင်းတာ လှဲမနေပဲနဲ့ "

ညို့လှည့်ကြည့်လိုက်တော့ သူကအခုမှရေချိုးပြီးထွက်လာတာဖြစ်သည်။ သူ့ခြေထောက်ကိုကြည့်တော့ ခပ်ညိုညိုအသားမှာ မဲနက်နေသည့်ခြေသလုံးမွှေးလိမ်ကောက်ကောက်တွေရှိသည်။ အပေါ်တစ်ဆင့်တတ်သွားတော့ သူ့ခါးအောက်ပိုင်းကို တပတ်နှင့်ပတ်ထားပြီး အပေါ်ပိုင်းဗလာနှင့်ဖြစ်သည်။ ဝမ်းဗိုက်ကြွက်သားတွေက သူ့နေရာနှင့်သူကြည့်ကောင်းနေ၏။ သူ့Absတွေဘေးကနေ တပတ်နှင့်ကွယ်ထားသောနေရာသို့ လျောဆင်းသွားသော V Line ပုံစံရှိသည်။

" ကြည့်ကောင်းလား ထိကြည့်လေ "

" ငါ "

အနီးသို့ကပ်ကာ ငုံ့မိုးကြည့်လာပြီး ညို့လက်တစ်ဖက်ကိုဆွဲယူကာ သူ့Absတွေကိုထိခိုင်းသည်။ သူ့ကြွက်သားတွေက မာတောင့်နေပြီး အထစ်ထစ်လေးတွေဖြစ်နေကာ ပေါင်မုန့်နှင့်တူသည်။ သတိလက်လွတ်ကိုင်မိရင်း သူ့ဆီမှရယ်သံကြားလိုက်ရတာကြောင့် ညို့သူ့ကိုမော့ကြည့်လိုက်သည်။ သူ့မေးရိုးတွေက အီဂျစ်ပြည်မှထွင်းထုထားသည့် ရုပ်ထုတွေလို ခန့်ထည်နေပြီး စိမ်းမြမြနှုတ်ခမ်းမွှေးစစတွေရှိသည်။ သူ့နှုတ်ခမ်းတွေက မသိမသာတွန့်ကွေးနေပြီး မျက်လုံးတွေက ရယ်မြူးရိပ်သမ်းနေသည်။ ဆွဲဆောင်မှုရှိသည့် အမျိုးသားကြောင့် ညို့ရီဝေဝေဖြစ်လာသည်။

" နမ်းချင်တယ် "

" အဟက် ပြောတော့ ရွံတယ်ဆို "

ခေါင်းငုံ့သွားသူ၏ နားရွက်တို့ရဲနေလေသည်။ တည်မြဲ ခေါင်းသုတ်လက်စ တပတ္ကို အိပ်ယာပေါ်လွှင့်ပစ်လိုက်ပြီး သူ့မေးစေ့ကို ပင့်မလိုက်သည်။ တည်မြဲ အရှေ့မှလူ၏ ပါးနုနုလေးကို လက်မဖြင့်ပွတ်သပ်လိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် ကြောင်လေးတစ်ကောင်တိုးဝှေ့နေသလိုမျိုးဖြစ်သည်။ ထို့နောက် နှုတ်ခမ်းနီတွေးတွေးလေးရှိရာ ငုံ့ကိုင်းကာ ဖိကပ်နမ်းလိုက်သည်။ အလိုက်သင့်လေး မျက်နှာမော့ပေးထားပြီး မျက်လုံးတွေကိုမှိတ်ပေးလေသည်။ နူးညံ့အိစက်နေသည့်နှုတ်ခမ်းလေးကို အဆက်မပြတ်အနမ်းခြွေရင်းနှင့် သူ့ခါးသိမ်သိမ်ကိုဆွဲပွေ့ကာ ခန္တာကိုယ်နှင့်ကပ်ယူပြီး နောက်လက်တစ်ဖက်က သူ့ခေါင်းနောက်ကိုပို့ကာ ထိန်းကိုင်ကာ မွတ်မွတ်သိပ်သိပ်နမ်းရှုံပစ်လိုက်သည်။

သူမောဟိုက်နေမှန်းသိတော့ အသက်ရှုခွင့်ပေးလိုက်ပြီး သူ့မျက်ခံွပေါ်ဖိနမ်းလိုက်သည်။ မျက်နှာကို နေရာအနှံ့လိုက်နမ်းနေတာကြောင့် ညို့မျက်နှာကိုမော့ပေးလိုက်ရသည်။ မောင့်ရင်အုပ်ကျယ်ကြီးက လှိုက်ဖိုနေပြီး အသက်ရှုသံက ပြင်းထန်လို့နေသည်။ ညို့ခေါင်းကိုထိန်းကိုင်ကာ မလွတ်မလပ်ကြီးနမ်းနေတာဖြစ်သည်။ အရပ်အမြင့်ကွာတာကြောင့် ညို့ခါးကိုပွေ့ထားသည့်သူ့လက်မောင်းတွေ တင်းကြပ်သွားပြီးနောက် ညို့ခြေဖျားလေးတွေ ကြမ်းပြင်ပေါ်မှလွတ်သွားရသည်။

" ဟင့် "

သူ့အားကြီးကြောင့် ညို့ခါးတွေပါနာလာလေသည်။ သူတစ်ခါနမ်းရင် ညို့လှိမ့်ခံရတာဖြစ်သည်။ မျက်နှာတွေရော နားရွက်တွေရော လည်ပင်းတွေပါမကျန် တရှုးရှုးနမ်းလာသည်။

" ပြွတ်စ် ပြွတ်စ် "

" အင်း ဟင်း တော်တော့ "

ရင်အုပ်ကြီးကိုထုရိုက်မရတော့ သူ့မျက်နှာကြီးကိုအတင်းတွန်းရသည်။ လူကိုနမ်းရင်မညှာမတာနမ်းသည်။ သူညှာတာပေးတာ တစ်နေရာမှမရှိပေ။ သူလွန်သွားမှန်းသိတော့ မျက်စံတွေကဟိုရောက်ဒီရောက်နှင့် အကြည့်တွေကိုရှောင်နေသည်။

" မင်းရှက်နေတာလား "

" အဟမ်း ဘာလို့ရှက်ရမှာလဲ ငါ့ကိုခေါင်းသုတ်ပေးဦး "

" ဟုတ်ပါပြီ အဟွန်း "

မောင့်နားရွက်တွေရဲနေသည်။ သူ့စိတ်သူထိန်းမနိုင်ပဲ လူကိုအငမ်းမရတွေနမ်းပြီး သူ့ကိုယ်သူပြန်ရှက်သွားတာဖြစ်ရမည်။ မောင်က ဒီလိုလည်းရှက်တတ်သေးတာပဲလား။ ရှက်ရမ်းရမ်းကာ စကားလမ်းကြောင်းလည်းလွှဲတတ်သေး၏။ ညို့ မောင့်ဆံပင်တွေကို သေချာသုတ်ပေးလိုက်သည်။

" ဦးခန့်က ဆေးသောက်ဖို့ပြောထားတယ်မလား မနက်စာစားပြီးရင်ဆေးသောက်ရမယ်နော် မင်းနောက်ဆို ထမင်းကြော်မစားရဘူး မဟုတ်ရင် ငါတို့အကုန်ဒုက္ခများတယ် "

မနေ့က အိမ်ရောက်တာနှင့်ချက်ချင်းအန်သည်။ ဦးခန့်ရောက်လာပြီး သူ့ဗိုက်ကိုစစ်ကြည့်တော့ သာမာန်အစာမကြေပဲ ဗိုက်အောင့်တာမျိုးဖြစ်သည်။ ဦးခန့်ကစိုးရိမ်ပြီး ဆေးသောက်ဖို့ပေးခဲ့သည်။ သူ့အစားအသောက်ကိုဂရုစိုက်ရမည်ဟုလည်းပြောသွားသည်။ ဦးခန့်မျက်နှာ တစ်မျိုးဖြစ်နေပေမယ့် တည်မြဲမေးမယ်ကြံတော့ ဦးခန့်က ဂရုစိုက်ဖို့သာပြောသွားသည်။ သူ့ကိုနောက်ထပ်နေမကောင်းဖြစ်အောင် ပစ်ထားလို့မဖြစ်တော့ပေ။ ဒီကောင်က ဇွဲရှိပြီး အလုပ်ကိုသေမတတ်လုပ်တဲ့ကောင် ၊ သူ့ကျန်းမာရေးတောင် လက်လွတ်စပယ်ပစ်ထားသည့်ကောင်ဖြစ်သည်။

" ကိုယ့်ကိုကိုယ်ဂရုစိုက် ထပ်နေမကောင်းဖြစ်လို့မရဘူး အဟမ်း ငါ့ကိုအဲ့လိုမကြည့်နဲ့ ပြောချင်တာက မင်းနေမကောင်းဖြစ်ရင် မေမေစိတ်ပူမှာစိုးလို့ "

" မောင် ငါမင်းကိုချစ်တယ် ပြီးတော့ ဂရုစိုက်တတ်တဲ့သူအဖြစ် ပြောင်းလဲပေးတာ ကျေးဇူးတင်ပါတယ် "

မျက်လုံးဝိုင်းတွေနဲ့ ကြည့်နေသူကို တည်မြဲ အကြည့်မလွှဲချင်ပေ။ သူ့မျက်လုံးလေးတွေက ကြယ်တွေလိုလက်နေပြီး ရွန်းလဲ့နေသည်။

" စတွေ့တုန်းကနေ့မှာလည်း မင်းငါ့ကိုဒီလိုကြည့်ခဲ့ဖူးတယ် အဲ့တုန်းက မင်းကသိပ်ကိုဒေါသထွက်နေတဲ့ပုံပဲ ၊ အခုတော့ မင်းမျက်လုံးထဲမှာ ငါကလွဲရင် ဘာမှမမြင်တော့ဘူးမလား ဟွန်း "

ညို့ပြုံးလိုက်သည်။ မောင်နှင့်သူစတွေ့တုန်းက မောင်က ခပ်ဆိုးဆိုးကျောင်းသားလေးဖြစ်သည်။ ညို့ကတော့ ကျောင်းကိုအမှီလာဖို့အတွက် အမေ့ဝေယျာဝစ္စတွေနဲ့ အိမ်အလုပ်တွေကိုလုပ်ရသည်။ မနက်စာတောင် စားမဝင်တဲ့နေ့တွေလည်းရှိခဲ့သည်။ ညို့နဲ့မေမေက သာမာန်ဘဝနှင့် ခက်ခက်ခဲခဲရှင်သန်လာရတာဖြစ်လို့ မေမေက ညို့ကိုစာတတ်စေချင်သည်။ ထို့ကြောင့် သူရှာထားတဲ့ပိုက်ဆံတွေနဲ့ အထက်တန်းထိရောက်အောင်ကျောင်းထားပေးခဲ့တာဖြစ်သည်။ ညို့ဖေဖေကို ငယ်ငယ်တည်းက ညို့ဓာတ်ပုံထဲမှာပဲမြင်ဖူးခဲ့တာ။ မေမေက ဖေဖေ့အကြောင်းမေးတိုင်း စကားလမ်းကြောင်းလွှဲသွားတတ်သည်။

ထိုနေ့က မောင်သည် လွယ်အိတ်ကိုဘေးတစောင်းလွယ်ထားပြီး ကတ္တီပါဖိနပ်ကိုစီးထားလေသည်။ ကျောင်းအပ်ဖို့ ဖောင်လာတင်တော့ မောင့်နောက်ကျောကို ညို့ဘက်ကနေမတော်တဆဝင်တိုက်မိခဲ့တာဖြစ်၏။ ညို့က သူ့ကိုစိတ်တိုဒေါသထွက်သလိုကြည့်ခဲ့ပေမယ့် သူကစိတ်ဝင်စားသလို မျက်ခုံးတွေကိုပင့်ကာ လှောင်သလိုကြည့်လာတာဖြစ်သည်။ ညို့အကျီမှ လွဲမှားနေသောကြယ်သီးများကြောင့် မောင်က ဟက်ဟက်ပက်ပက်ရယ်မောခဲ့သည်။ သူရယ်လျှင် သူ့မျက်လုံးတွေ ကွေးတတ်သွားတတ်တာဖြစ်ပြီး သူ့ပုံရိပ်က အရာအားလုံးထက်ကို ညို့အတွက်ထူးခြားနေခဲ့ပါသည်။

" မောင့်ကို စတွေ့တည်းက ချစ်ခဲ့တာ အခုဆိုနှစ်နဲ့ချီနေပြီ မောင်က အဲ့တုန်းတည်းက လူဆိုးလေး ၊ အခုတော့ လူဆိုးကြီးဖြစ်နေပြီ ၊ မောင်ဘယ်တော့လိမ္မာလာမှာလဲဟင် "

ဆူသလိုပြောနေသူကြောင့် တည်မြဲသဘောတကျပြုံးလိုက်မိသည်။ တည်မြဲအကျီက ကြယ်သီးတွေကိုစိတ်ရှည်ရှည်တပ်ပေးနေပြီး တစ်ချက်တစ်ချက် တည်မြဲရင်ဘက်ကို ခိုးနမ်း၏။ သူလုပ်နေတာတွေကို အသဲယားနေပေမယ့် ခပ်တည်တည်သာ ကြည့်နေလိုက်သည်။

" မောင် ငါ့ကိုချစ်လာအောင် ငါကြိုးစားမယ်လို့ပြောခဲ့တယ်နော် ၊ တကယ်လို့ငါမအောင်မြင်ခဲ့ရင်လေ ငါနယ်သာလန်ကိုပြန်ပြီး ဖေကြီး အလုပ်တွေကိုကူမယ် ၊ ငါမောင့်ကိုအမြဲတမ်းချစ်နေမယ်ဆိုတာတော့ ယုံပေးပါ "

" ဘာပြောလိုက်တာလဲ "

" ငါ "

" ဘယ်ကိုပြန်မှာ "

" နယ်သာလန်လေ ဖေကြီးက ပြန်ခေါ်နေပြီ ငါဒီမှာမပျော်ရင် ပြန်လာခဲ့လို့ပြောတယ် "

" မင်းကငါ့ကိုခြိမ်းခြောက်နေတာလား "

" ဟုတ်တယ် "

တည်မြဲက သူ့ရှေ့မှလူကို စိတ်ဆိုးစွာငုံ့ကြည့်လိုက်သည်။ သူ့အပြုံးတွေကိုကြည့်ရတာ စနောက်နေဟန်တွေအပြည့်ဖြစ်သည်။ သို့ပေမယ့် တည်မြဲစိတ်ရှုပ်သွားသည်။ သူထွက်သွားချင်ရင် ကိုယ်ရှာတွေ့လို့မရသည့်နေရာအထိ သူထွက်ပြေးနိုင်သည်။ သူ့အဖေက သူ့ကိုတည်မြဲရှာမတွေ့အောင်ဖွက်ထားနိုင်တာမို့ သူ့စကားတွေကို အလေးအနက်မတွေးပဲမနေနိုင်ပေ။

" ငါ့ကိုတောင် ခြိမ်းခြောက်တတ်နေပြီပေါ့ "

" ဟာ မောင့် ဟီး ယားတယ် "

မောင့်ကိုယ်ကြီးက ဆက်ခနဲငုံ့ကာ ညို့ပါးနှစ်ဖက်ကို တရွတ်ရွတ်နမ်းလာသည်။ ဟုတ်တယ်လေ ခြိမ်းခြောက်သင့်ရင်ခြိမ်းခြောက်ရမှာပဲ ၊ အနည်းဆုံးတော့ မောင်သူ့ကိုထွက်သွားခွင့်ပေးမှာမဟုတ်မှန်းသူသိသည်။ မောင့်အပြုအမူတွေကိုကြည့်တာနဲ့ မောင့်စိတ်တွေပြောင်းလဲနေပြီဆိုတာ ညို့ သိပါသည်။

<<<<<<
>>>>>>

" Key ဟေ့ကောင် ငါ့ကိုအကို့ဆီလိုက်ပို့ "

" နောက်ထပ် schedule တွေရှိသေးတယ် ၊ နောက်တစ်ချိန်က ရေမွှေးကြော်ငြာအတွက် ၊ နေ့လည်စာစားထားနှင့် ခဏနေရောက်တော့မှာ "

" Key ငါ့ကို အကို့ဆီလိုက်ပို့ပေးလို့ပြောနေတယ်လေ ၊ schedule ကိုနောက်တစ်ချိန်ရွှေ့လိုက်ပါ့လားကွာ ငါအကို့မျက်နှာလေးကိုမမြင်ရတာကြာနေပြီ "

Keyကတစ်ခွန်းမှပြန်မပြောပေ။ အံကြိတ်ထား၍ မေးကြောများထောင်နေသည်ကို ရဟန်မြင်ရသည်။ သူကဒေါသထွက်နေတာလား။ သူက ကိုယ့်မန်နေဂျာလေ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ပေးရမှာပေါ့ ၊ ပြီးတော့ သူ့အနေနဲ့ တစ်ချိန်လောက်ပျက်ကွက်တော့ဘာဖြစ်မှာမို့လို့လဲ။

" ဘာလို့စိတ်တိုနေတာလဲ ရတယ် မင်းလိုက်မပို့လည်း အခု ကားပေါ်ကဆင်းပြီး Taxiငှါးသွားမယ် "

" ရဟန်ခွန်းသ သေချင်လို့လား တံခါးကိုပြန်ပိတ် မဟုတ်ရင် ငါ့ကိုအဆိုးမဆိုနဲ့ "

" ကားရပ်ပေး "

" တောက် "

ကားကို ကြုံရာထိုးရပ်ပေးလိုက်ပြီး Keyက ဒေါသတကြီးလှည့်ကြည့်လာသည်။ နောက်ခန်းကလူကလည်း ပြန်ကြည့်လာသည်။ သူ့မျက်လုံးထဲမှာလည်း ဒေါသအရိပ်အယောင်တွေနဲ့ ၊ Key အသက်ကိုသုံးကြိမ်ဝအောင်ရှုပြီး စိတ်ကိုဖြေလျော့လိုက်ရသည်။

" လိမ္မာတယ် ရိုက်ကွင်းကိုပြန်ရအောင် နောက်နေ့မှ အဲ့ဒီလူဆီလိုက်ပို့ပေးမယ် ပြသာနာဖြစ်ရင် ဦးလေးဂုဏ်သတင်းအတွက်လည်းမကောင်းဘူး ၊ပြီးတော့ နဂိုတည်းက မင်းကို Entertainment ပိုင်ရှင်ရဲ့သားမို့လို့ ဒီနေရာရောက်လာတာဆိုပြီး ပြောနေကြတဲ့သူတွေရှိလို့ ၊ အခုရိုက်ကွင်းကိုပါမသွားရင် မင်းပဲအပြောခံရမှာ ၊ ငါ့စကားနားထောင်စမ်းပါ "

" ဒါပေမယ့် မင်းငါ့ကိုခုဏကအော်တယ် "

" အင်း ငါ့အမွားပါ မင်းကိုသည်းခံရမှာကို "

" နာမည်အပြည့်အစုံလည်းခေါ်တယ် "

" အဟက် "

ရဟန့်မျက်နှာက သုန်မှုန်နေသည်။ အဲ့ကောင် သူ့ကိုဒါပထမဆုံးအော်တာဖြစ်သည်။ နာမည်အပြည့်အစုံကို အသံမာမာနှင့်ခေါ်လိုက်တော့ သူလန့်ဖြန့်သွားတာဖြစ်သည်။ ကြောက်လည်းကြောက်သွားသည်။ ပေါင်းလာတာလည်းကြာပြီ ၊ သူအခုထိ ဒီကောင့်အကြောင်းကို စေ့စေ့စပ်စပ်မသိသလို ၊ ကိုယ်တိုင်လည်း ပြောမပြဖူးပေ။ အခုမွ သူ့ရဲ့ တစ်ဖက်ခြမ်းကိုမသိမသာထုတ်ပြလာတာဖြစ်သည်။

" ရိုက်ကွင်းကိုပြန်ရအောင် မဆိုးနဲ့ "

" ဘောကို ဆိုး မင်းကတိမင်းတည်နော် နောက်နေ့အကို့ဆီလိုက်ပို့ရမယ် "

" အင်း "

သဘောတူညီချက်ရပြီးမှ ရဟန့်မျက်နှာပြန်ပြုံးရွှင်သွားသည်။ Keyက ပျော်သွားသူကို လှမ်းကြည့်ရင်း ခေါင်းယမ်းလိုက်သည်။ အခုတော့ ဖိုးတတ်ကြွလေးပြန်ဖြစ်သွားပြီပဲ။ သူ့အနားမှာရှိလာခဲ့တဲ့ရက်တွေထဲမှာ သူ့အလိုလိုက်နေ၍ Keyအပေါ်ဆို ဆိုးချင်သည်။ ပြီးတော့ သူဟိုလူ့အပေါ်မှာ ဘယ်လောက်ပဲ သည်းခံပြီးချစ်နေပါစေ ၊ သူ့ရဲ့အကျင့်စရိုက်အမှန်ကိုသိသူဆိုလို့ ကိုယ်ပဲရှိတာလေ ၊ မကြာခင် သူအဲ့ဒီလူကို လက်လျော့ရတော့မှာပါ။

" ဟိုမွာ ရောက်လာကြပြီ မင်းသား မြန်မြန်လာ ၊ အမက မိတ်ကပ်ပြင်ဖို့စောင့်နေတာ "

မိတ္ကပ္ဆရာက အသားအရည်ကိုကြည့်ကာ မပြီးနိုင်မစီးနိုင်ချီးမွှန်းနေသေးသည်။ နောက်ဆုံးတော့ မိတ်ကပ်ခပ်ပါးပါးသာပုတ်ကာ နှုတ်ခမ်းအဆီနည်းနည်းဆိုးပေးလိုက်၏။ Keyက တစ်လျှောက်လုံးကြည့်နေပြီးနောက် ဝင်ပြောလာသည်။

" မိတ်ကပ်လိမ်းမနေပါတော့နဲ့လားအမ ရိုက်ကူးရေးပြီးရင်လည်း ပြန် Editလုပ်ကြမှာပဲမလား ၊ သူ့နဂိုရုပ်က ပိုကောင်းပါတယ် "

Keyက ရဟန့်နှုတ်ခမ်းကို တစ်ရှုးနဲ့သုတ်ပစ်သည်။ မိတ်ကပ်ပြင်သူက ကြောင်အမ်းသွားတော့ ရဟန်အားနာသလိုပြုံးပြလိုက်ရသည်။ Keyအကြောင်းကိုသိနေသည့် ရိုက်ကွင်းကလူတွေကတော့ ရိုးနေပြီဖြစ်သည်။ မိတ္ကပ္ဆရာက အသစ်ဖြစ်နေတာကြောင့် မျက်နှာမကောင်းဖြစ်သွား၏။

" တောင်းပန်ပါတယ်အမ ဒီတိုင်းပဲထားလိုက်ပါတော့ "

မိတ္ကပ္ဆရာက ခေါင်းငြိမ့်ပြပြီး ပြန်ထွက်သွားသည်။ အခန်းထဲမှာ ဘယ်သူမှမကျန်တော့မှ ရဟန္က သူ့မန်နေဂျာကိုဆူတော့သည်။ Keyက တိတ်တိတ်ဆိတ်ဆိတ်ပဲနေပြီး တစ်ခွန်းမှပြန်မပြောပေ။

" အလုပ်ကိစ္စတစ်ခုရှိလို့ မနက်ဖြန် ငါ့နေရာမှာ တစ်ခြားအသစ်တစ်ယောက်အစားဝင်လိမ့်မယ် ၊ နယ္ဘက္ကို ခဏသွားစရာရှိနေလို့ မင်းအဆင်ပြေမယ်မဟုတ်လား "

" မရဘူး မင်းမဟုတ်ရင်အဆင်မပြေဘူး ငါစိတ်တိုင်းကျမှာလည်းမဟုတ်ဘူး ၊ သူတို့ရောက်လာရင် အစက ပြန်ပြောပြနေရဦးမှာ ၊ Key မင်းဘယ်သွားမှာလည်း အတိအကျပြောသွား မင်းအကြောင်းကို ငါအခုထိသေချာမသိရသေးဘူးနော် "

" နယ်ဘက်ပါ မသိလည်းရတယ် "

" မင်း "

စိတ်ဆိုးသွားသည့်ကောင်လေးကို သူပြန်မချော့နိုင်သေးပေ။ ပြီးတော့ အခြေအနေတွေက သူသိလို့မဖြစ်တာကြောင့် Key ဘာဖြေရှင်းချက်မှမပေးတာဖြစ်သည်။ Keyအကြောင်း သူမေးသည့်အချိန်တိုင်းမှာလည်း Keyဘက္က စကားလမ်းကြောင်းလွှဲရသည့် အချိန်တွေကပိုများလေသည်။

" မင်းသိသင့်တဲ့ အချိန်ရောက်ရင်တော့ ငါပြောပြမှာပါ ၊
ဒီထက်မတိုင်ခင် မင်းငါ့အကြောင်းတွေသိသွားခဲ့ရင် မင်းနဲ့ငါတစ်သက်လုံးဝေးရလိမ့်မယ် "

<<<<<<
>>>>>>

အစည်းအဝေးခန်းထဲမှာ မြည်လာသည့်ဖုန်းသံကြောင့် တည်မြဲမျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ဝန်ထမ်းတွေက သူ့အားပြန်ကြည့်လာလေသည်။ နောက်မှ ဝင်လာသည့်ဖုန်းက သူ့ဖုန်းမှန်းသိတော့ တည်မြဲချောင်းဟမ့်ပြီး နံပတ်ကိုကြည့်လိုက်သည်။ ဟေမာန်စိုးကလည်း အနားမှာထိုင်နေသည်ဖြစ်ရာ ပြောင်းလဲသွားသည့် ကိုကို့အမူအယာတွေကိုမြင်နေရသည်။ ဖုန်းခေါ်တာဘယ်သူမို့ မျက်နှာက ကျေနပ်သွားတဲ့ပုံပေါက်နေရတာလဲ။

" အင်း တစ်ခုခုဖြစ်လို့လား "

" မောင် ဒီနေ့အမေ့ကို ဆေးခန်းပြရမှာ ၊ မြေနီကုန်းက Mr. Heart မှာနာမည်စာရင်းပေးထားတယ် ၊ အဲ့ဒါလှမ်းပြောတာ ငါအခုဆိုင်ပတ်ခဲ့ပြီးပြီ တုံကင်နံပတ်က 16 "

" ဦးခန့်က ဘယ်သွားလို့လဲ "

" ဦးခန့်က နှလုံးအထူးကုမဟုတ်ဘူးလေ မောင်ရဲ့ ၊ ဒါပဲနော် အဲ့ဒါလှမ်းပြောတာ ငါ Driverခေါ်သွားတယ် "

" နေဦး ပြန်ကာနီးကိုဖုန်းထပ်ဆက်လိုက် လာကြိုလိုက်မယ် "

တစ်ဖက်ကလူနဲ့ဖုန်းပြောပြီးတော့ စိတ်ထဲက ဘာကိုကျေနပ်မိမှန်းမသိပေ။ အစည်းအဝေးခန်းကလူတွေက Bossဖြစ်သူပြုံးနေတာမြင်တော့ ဖုန်းဆက်တာဘယ်သူလဲသိချင်သွားရသည်။ ဟေမာန်စိုးကိုလည်း သနားသလိုလှမ်းကြည့်ကြတော့ ဟေမာန်စိုး မျက်နှာပျက်သွား၏။

" အစည်းအဝေးပြန်စမယ် ဆက်ပြောလို့ရပြီ "

ရုတ်တရက်ပြန်လည်တင်းမာသွားတဲ့အခြေအနေကြောင့် ဝန်ထမ်းတွေ ပြာယာခက်သွားကြသည်။ ဟေမာန်စိုးမေးချင်နေပေမယ့်လည်း အစည်းအဝေးခန်းမှာမို့ သည်းခံနေလိုက်သည်။ အစည်းအဝေးပြီးသွားတော့ ဟေမာန်စိုးနှင့်တည်မြဲသာကျန်တော့သည်။

" ကိုကို ခုဏက ဆက္တာ ဘယ္သူလဲ "

" သြော် မေမေ ဆေးခန်းပြရမယ့်ကိစ္စလှမ်းပြောတာ ၊ ကိုယ်အခုမြေနီကုန်းကိုသွားရမယ် "

" ဘယ်သူကလှမ်းပြောတာလဲလို့မေးနေတာ "

" ဟေမာန်ရာ ဘာလို့လာရစ်နေတာလဲ အခု အဲ့ဒါအရေးကြီးနေလို့လား ၊ ကိုယ်မနက်ဖြန်ကျရင် ဟေမာန့်မွေးနေ့ကိုဆက်ဆက်လာခဲ့မယ် ၊ ဟေမာန့်ကိုအချိန်ပေးပါ့မယ် နော် "

" အင်းပါ ပြီးတာပဲ "

တည်မြဲက ဟေမာန့်ပါးကိုဆွဲညှစ်လိုက်ပြီး အစည်းအဝေးခန်းမှထွက်သွားတော့သည်။ ဟေမာန်မျက်လုံးတို့မှေးကျဉ်းသွား၏။

" မှိုင်းညို့ နင်စောင့်ကြည့်နေပါ နင့်ကိုငါ ဘယ်လိုအရှက်ခွဲမလဲဆိုတာ နင်ကြည့်နေ "

ဟေမာန်စိုးက အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်သည်။ သူ့အတွေးတွေထဲမှာ ဓားသွားချွန်ချွန်များနှင့်ပြည့်နှက်နေ၏။

" မကြာခင် နင်လက်လွှတ်ပေးရတော့မှာပါ "

Mr. Heart ဆေးခန်းတွင် မိန်းခလေးများအုံနေကြ၏။ ဟင် မြန်မာနိုင်ငံမှာ နှလုံးရောဂါသည်တွေက အသက်ငယ်ငယ်မိန်းခလေးတွေဆီမှာဖြစ်နေကြတာများလား။ အကုန်လုံးကလည်း လှတပတလေးတွေဖြစ်သည်။ ဆေးခန်းထဲဝင်ထိုင်နေကြသူများထဲမှာ မေမေနှင့်မှိုင်းညို့ကိုတွေ့လိုက်တော့ တည်မြဲကားရပ်ကာ ဆေးခန်းတံခါးကိုတွန်းဖွင့်ပြီးဝင်သွားလိုက်သည်။

" နောက်ထပ်အဆင်လား ဟဲ့ ငါတို့ဒီနေ့ကံကောင်းနေတာပဲ ဒေါက်တာကလည်းချော ၊ ဟိုနားမှာထိုင်နေတဲ့ အကိုကလည်း လွလွေလး ၊ ဟိုမွာ ငါတို့ဘက်ကိုကြည့်နေတယ်ဟဲ့ "

တည်မြဲကမ်ဘာ ခေါင်းယမ်းလိုက်သည်။ သူတို့က နှလုံးထက် ဦးနှောက်မှာပြသာနာရှိနေပုံပဲ။ ရောဂါသည်ရုပ်တွေနဲ့လည်းမတူကြပေ။ ဆေးခန်းက ဒေါက်တာကို ငမ်းဖို့လာမှန်းသိသာနေ၏။

" မောင် ဒီမွာ "

တည်မြဲခေါင်းငြိမ့်ပြကာ မေမေ့ဘေးသွားထိုင်ပြီး မေမေ့လက်ကိုဆုပ်ကိုင်လိုက်သည်။ ကောင်မလေးများ ဆွံ့အသွားသည်။ ပါးစပ်ဟောင်းလောင်းဖြစ်နေသူများကို ကြည့်ကာ တည်မြဲသက်ပြင်းချလိုက်ရပြန်သည်။ တော်တော်ဆိုးဝါးတာပဲ ၊ ယောကျာ်းလေးတွေကို ပေါ်တင်ငမ်းရဲနေကြပြီ။ နောက် 2025 ,2026မ်ားမွာဆို ဘယ်လောက်တောင်ရဲတင်းလိုက်ကြမလဲ။

" မေမေ နေသာရဲ့လား နောက်မှီထားပါ့လားဗျ "

" မေမေသက်သာပါတယ် နေ့လည်က ဓာတ်ပုံအဲလ်ဘမ် ထည့်ထားတဲ့ကတ်ထူပုံးတစ်ခုမလိုက်တာ နှလုံးကပြန်အောင့်လာတယ် "

" ဟာ မေမေကဗျာ ၊ အိမ်မှာအလုပ်သမားတွေရှိနေတာကို သူတို့ကိုမခိုင်းပဲနဲ့ "

" မေမေက ဓာတ်ပုံအဲလ်ဘမ်တွေပြန်ကြည့်ချင်လို့ပါ ၊ အခုမေမေဘာမှမဖြစ်ပါဘူး "

" ဒေါ်လေးနွယ်ရွှေ ဝင်လို့ရပါပြီနော် ၊ လက်အရင်ဆေးပြီးရင်ဝင်လာလို့ရပါပြီ ၊ အဖော်ကတစ်ယောက်ပဲဝင်လို့ရမယ် နောက်တစ်ယောက်က အပြင်မှာစောင့်နေပေးပါ "

" မောင် ဒီမွာခဏ ထိုင်စောင့်နေလိုက် "

တည်မြဲ ဆေးခန်းမှစာတွေကိုလိုက်ဖတ်နေလိုက်သည်။ Mr. Heart ဆေးခန်းကို အခုမှရောက်ဖူးတာဖြစ်သည်။ ဆရာဝန္က နှစ်ယောက်ထိုင်တာဖြစ်သည်။ ဒေါက်တာ တင်ကိုအောင်နှင့် ဒေါက်တာ မြတ်ဧကမာန်တဲ့။ ဆေးခန်းထဲလှမ်းကြည့်တော့ ဆရာဝန္က ငယ်ငယ်ချောချောဖြစ်သည်။ အေးပေါ့ ဆရာဝန်ကချောတော့ လူနာပေါတာပေါ့။ မကြာခင် ဆေးခန်းပေါက်ဝမှ လူတစ်ယောက်ထပ်ဝင်လာသည်။

" ဟင် ခင်ဗျား "

" ကိုခေတ်နှောင်းလား ခင်ဗျားကဘယ်လိုဖြစ်ပြီး "

ခေတ်က ရယ္လိုက္ကာ တည်မြဲဘေးဝင်ထိုင်လာသည်။

" ဒေါက်တာက ကျွန်တော့် အမျိုးသားလေ ၊ ကျွန်တော့် အမျိုးသားဆေးခန်း ကျွန်တော် လာတာဆန်းလားဗျာ ၊ ခင်ဗျားကရော "

" အမျိုးသားလား သြော် ကျွန်တော့်အမေကို လာကြိုတာ ၊ သူဒီမွာ ပထမဆုံးလာပြတာလေ "

တည်မြဲ တွေဝေသွားသည်။ ဒေါက်တာက ကိုခေတ်နှောင်းရဲ့အမျိုးသားတဲ့လား။ ကိုခေတ်နှောင်းက ယောကျာ်းတစ်ယောက်ကိုလက်ထပ်ထားတာတောင် ပတ်ဝန်းကျင်ကိုဂရုမစိုက်ပုံပေါ်နေသည်။ သူကေရာ ဘာကိုကြောက်နေခဲ့တာလဲ ၊ အဲ့ဒီတစ်ယောက်ကို ဒါ ငါနဲ့လက်ထပ်ထားတာပါလို့ ပြောဖို့တွန့်ဆုတ်နေမိတာ။ ကိုယ်တိုင်တွန့်ဆုတ်နေတဲ့အပြင် သူနဲ့ကိုယ် ဘယ္လိုပတ္သတ္တယ္ဆိုတာပါ အနီးကပ်လူတွေကလွဲရင် မသိကြပေ။ အဲ့လိုမသိကြလို့ပဲ ၊ သူ့ကိုလာကြောင်တဲ့ကောင်တွေက ရဲတင်းလွန်းနေတာမဟုတ်လား။ အရင်ကဆို လျစ်လျူရှုမိမှာမှန်ပေမယ့် အခု တည်မြဲ လျစ်လျူမရှုနိုင်ပေ။ တစ်ဖြည်းဖြည်းနဲ့ အဲ့တစ်ယောက်အပေါ်လွှမ်းမိုးချင်လာသည်။ ပိုင်ဆိုင်ချင်လာသည်။ စွဲလမ်းလာသည်။ ဟား ရူးတော့မှာပဲကွာ။

" ခင်ဗျားကိုတစ်ခုပြောချင်တယ် ၊ ကိုယ့်အပေါ်ကောင်းတဲ့သူတစ်ယောက်ကို လက်မလွှတ်ပါနဲ့ ပြီးရင် ကိုယ့်အပေါ်ကောင်းပြတဲ့လူတိုင်းကိုလည်း မယုံကြည်နဲ့ "

တည်မြဲလှည့်ကြည့်လိုက်တော့ သူ့အားပြုံးပြနေသူကိုတွေ့လိုက်ရသည်။ ဘယ်သူ့ကိုမယုံကြည်ပြီး ဘယ်သူ့ကိုလက်မလွှတ်သင့်တာလဲ ၊ သေချာတာကတော့ သူ့ကိုလက်မလွှတ်ချင်ပေ။ သူ့ကို အနားမှာအမြဲထားချင်တာဖြစ်၏။

TBC~~~
30.9.2021

Continue Reading

You'll Also Like

382K 41.7K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
876K 48.8K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
941K 80.9K 89
ခ်စ္ျခင္းေမတၲာစစ္စစ္ေတြက ဘ၀မွာ ႏွစ္ခါရိွႏိုင္လား?? ချစ်ခြင်းမေတ္တာစစ်စစ်တွေက ဘ၀မှာ နှစ်ခါရှိနိုင်လား??
1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...