Lawless Gangster (Myanmar Tra...

By ViVianKhin

40.9K 7.6K 490

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 35

474 124 6
By ViVianKhin

ိုအပိုင္း၃၅

Zawgyi

ေလာ္တုန္းရဲ႕ဗီလာက ခ႐ိုင္ႏွစ္ခုရဲ႕ နယ္နိမိတ္အစပ္ၾကားမွာတည္႐ွိတာေၾကာင့္ အနီးဆံုးေဆးရံု႐ွိရာကို သြားလို႔ရတဲ့လမ္းေၾကာင္းက တစ္ခုတည္းသာ႐ွိတယ္။

အခ်ိန္က ေရာင္နီသန္းစျပဳလို႔လာေနေခ်ၿပီ။

က်န္းကြၽင္းကြၽင္းတစ္ေယာက္ ထူးထူးဆန္းဆန္း လူနာတင္ယာဥ္ေတြမွာ အသံုးျပဳတဲ့ အေရးေပၚအခ်က္ျပ မီးနီကို ကားထဲမွ ဆြဲထုတ္ကာ ကားေခါင္မိုးေပၚ တင္လိုက္ၿပီး မိုင္ကုန္ေမာင္းလာလိုက္တာ ေဆးရံုကို ဆယ့္ငါးမိနစ္အတြင္းေရာက္သြားတယ္။

ေ႐ွာင္းလီ ဟန္က်ားကို အေလာသံုးဆယ္ ေဆးရံုထဲသို႔ သယ္ေဆာင္သြားခ်ိန္ က်န္းကြၽင္းကြၽင္းက ေဆးရံုတင္ရန္နဲ႔ေငြေပးေခ်ရန္ စာရြက္စာတမ္းျဖည့္ျခင္းအမႈကို ကူညီေပးတယ္။ ေနာက္ဆံုးမွာေတာ့ ဟန္က်ားကို ခြဲစိတ္ခန္းထဲ ေခၚသြားၾကတယ္။

က်န္းကြၽင္းကြၽင္း ကိုယ့္ကိုကိုယ္ ယံုၾကည္မႈအျပည့္ျဖင့္

" လက္က်န္ေငြကို ကြၽန္မ accountထဲလႊဲဖို႔မေမ့နဲ႔ဦး။ "

ေျပာၿပီးတာနဲ႔ လိုင္စင္နံပါတ္ျပားအတုတပ္ထားတဲ့ ထိုကားကို ေမာင္းထြက္သြားတယ္။

ေ႐ွာင္းလီ လူနာေစာင့္ဧရိယာမွာ႐ွိတဲ့ ခံုတန္း႐ွည္ေပၚ ထိုင္တဲ့အခ်ိန္က်မွ သူ႔ဂ်ာကင္အက်ႌေ႐ွ႕တစ္ျခမ္းလံုး ဟန္က်ားေသြးတို႔ျဖင့္ ရႊဲစိုေနတာကို သတိထားမိတယ္။ သူ ခ်က္ခ်င္းထကာ ေဆးေၾကာပစ္တာမ်ိဳး သို႔မဟုတ္ အက်ႌကို လႊင့္ပစ္လိုက္တာမ်ိဳး လုပ္လိုက္ခ်င္ေပမယ့္ သူ႔ေခါင္းထဲ ေမာဟိုက္ႏြမ္းလ်မႈက ႐ုတ္တရက္ ဝင္ေရာက္လာတယ္။

အလြန္ကို ေမာဟိုက္ေနတာေၾကာင့္ ေသြးအလိမ္းလိမ္းနဲ႔ သူ႔ပံုက ဘယ္လိုပံုေပါက္ေနမလဲဆိုတာကိုပင္ ဂ႐ုမစိုက္ႏိုင္ေတာ့။ သူ ' ခြဲစိတ္ခန္း ' ေ႐ွ႕မွာ ခြဲစိတ္မႈေဆာင္ရြက္ဆဲျဖစ္ေျကာင္းအခ်က္ျပေနတဲ့ မီးကလြဲၿပီး က်န္တာ ဘာမွ အာရံုမစိုက္ႏိုင္ေသး။

ထိုေနရာမွာ ေျခကိုခ်ိတ္ကာ နံရံကိုမီွလို႔ထိုင္ေနရင္း အခ်က္ျပမီးကိုသာ ေတြေတြႀကီး စိုက္ၾကည့္ေနလိုက္တယ္။ အဲ့လိုပံုစံမ်ိဳးနဲ႔ ေ႐ွာင္းလီထိုင္ေနတာကိုၾကည့္ရတာ မသိရင္ သူဒဏ္ရာအႀကီးအက်ယ္ရလို႔ ေသြးအလိမ္းလိမ္းျဖစ္ေနပံုေပါက္ေနတယ္။

ဟန္က်ားရဲ႕ဒဏ္ရာက က်ည္ထိလို႔ရလာတာျဖစ္တဲ့အတြက္ ေဆးရံုက တာဝန္႐ွိသူေတြက မႈခင္းလို႔ယူဆကာ ရဲကို မလႊဲသာမေရွာင္သာအေၾကာင္းၾကားလိုက္ၾကတယ္။ အခ်ိန္အေတာ္ေလးၾကာေတာ့ ရဲအရာ႐ွိႏွစ္ေယာက္က ေဆးရံုကိုေရာက္လာၿပီး မနီးမေဝး အကြာအေဝးကေနသာ ေ႐ွာင္းလီကို လွမ္းအကဲခတ္ေလတယ္။ ေ႐ွာင္းလီနားကို ကပ္ရဲတဲ့ပံုမေပၚ။

သိပ္မၾကာခင္ ရဲအရာ႐ွိတစ္ေယာက္ဆီ ဖုန္းဝင္လာေလတယ္။ ထိုရဲက ေ႐ွာင္းလီကို တစ္ခ်က္ၾကည့္ၿပီး သူနဲ႔အတူပါလာတဲ့ရဲကို ေ႐ွာင္းလီနဲ႔အတူထားခဲ့တယ္။

ေလာ္တုန္းက သူ႔ပိုင္နက္ထဲမွာ ျဖစ္သြားတဲ့အမႈမလို႔ ၾကည့္က်က္႐ွင္းၿပီးၿပီလို႔ ေ႐ွာင္းလီထင္မိတယ္။ ေလာ္တုန္းလည္း ဒီကိစၥကို ႐ုတ္႐ုတ္သဲသဲ ျဖစ္မသြားေစခ်င္ပံုရတယ္။

သူ႔ဂ်ာကင္အက်ႌေပၚက ေသြးတို႔ေျခာက္သြားခ်ိန္မွာေတာ့ ေသြးညႇီနံ႔က ပိုျပင္းထန္လာတယ္။ ေ႐ွာင္းလီ အဆက္အစပ္မ႐ွိ သူပထမဆံုး ဂိုဏ္းထဲ ေရာက္ခဲ့တဲ့ေန႔ဆီကို စိတ္ေရာက္သြားတယ္။

လူတစ္အုပ္က အၾကင္နာကင္းမဲ့စြာ အေႂကြးမေပးႏိုင္တဲ့ သက္လတ္ပိုင္းအရြယ္ ခပ္ပိန္ပိန္လူကို ဝိုင္း႐ိုက္ခဲ့ၾကတယ္။ အဲ့ဒီလူပါးစပ္က ေသြးေတြ တရစပ္အန္ထြက္လာကာ ၾကမ္းေပၚမွာ လူးလိမ့္ၿပီး သူ႔ေျခေထာက္ေအာက္ဆီ ေရာက္လာခ်ိန္ သူ႔မွာ ေၾကာက္လန္႔လာရကာ မသိစိတ္ေၾကာင့္ ေနာက္ကို ေျခႏွစ္လွမ္းေလာက္ဆုတ္မိသြားတယ္။ သို႔ေသာ္လည္း သူ႔ေနာက္မွ လူတစ္ေယာက္က သူ႔ကိုေ႐ွ႕တြန္းပို႔ေပးကာ ထိုလူရဲ႕ ရင္ဘတ္ေပၚ ေျခနဲ႔တက္နင္းေလတယ္။ ထိုလူ႕ပါးစပ္မွ ေသြးတို႔ ေနရာအႏံွ႔သို႔  ပန္းထြက္လာတာေၾကာင့္ သူ႔ေဘာင္းဘီနဲ႔ ဖိနပ္ေပၚသို႔ လာစင္တယ္။

အဲ့ဒီေန႔ အိမ္ျပန္ေရာက္ေတာ့ သူ႔အဝတ္ကို ဘယ္ေလာက္ျကာေအာင္ ေလ်ွာ္ေနမိမွန္း မသိေတာ့။ ေ႐ွာင္းယန္ျမင္မွာ စိုးေသာ္လည္း ဒီအလုပ္ကို သူႏႈတ္မထြက္ႏိုင္။

သူ႔အနာဂတ္နဲ႔ ပတ္္သတ္ၿပီး ေ႐ွာင္းလီ ေတြးေတာင္မေတြးရဲခဲ့။

ထိုေန႔က ဆယ့္ငါးႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ ေရစိုရႊဲေနတဲ့ ေလ်ွာ္လက္စ အဝတ္ကို တုန္ယင္စြာ ဘယ္ေလာက္ၾကာေအာင္ ကိုင္ထားခဲ့မိလဲ။

သို႔ေပမယ့္ ထိုေန႔ေနာက္ပိုင္းမွာေတာ့ သူလ်င္ျမန္စြာပဲ ရင့္က်က္သြားကာ သူ႔ႏွလံုးသား အလယ္ဗဟိုရ္မွာ တည္႐ွိခဲ့တဲ့ ေတာက္ပတဲ့ စိတ္ကူးအိပ္မက္ေလး ေသဆံုးလို႔သြားခဲ့တယ္။ ထိုအစား ေအးစက္စက္ ေက်ာက္တံုးလို ႏွလံုးသားက အစားထိုးဝင္ေရာက္လာတယ္။

အခ်ိန္ေတြကုန္လာတာနဲ႔အမ်ွ တစ္ေယာက္ေယာက္ရဲ႕ လက္ကို ခုတ္ျဖတ္ရခ်ိန္မွာေတာင္ မ်က္ေတာင္တစ္ခ်က္မခတ္ေတာ့တဲ့အထိ၊ လူသတ္ရတဲ့ အခ်ိန္မ်ိဳးမွာေတာင္ မ်က္ႏွာတစ္ခ်က္မလႊဲပဲ သတ္ႏိုင္လာတဲ့အထိ ျဖစ္လာခဲ့ရတယ္။

႐ႈေထာင့္တစ္ခုကေနသံုးသပ္ရမယ္ဆိုရင္ျဖင့္ သူ႔အေနနဲ႔ ထိုဘဝကို ေနသားက်လြန္းလို႔ ေပ်ာ္ေနၿပီလားလို႔ေတာင္ ထင္မွတ္စရာပင္။ ဖိအားေပးမႈေတြ၊ အၾကမ္းဖက္မႈေတြ ႐ွိေပမယ့္ သူ႔အတြက္ နစ္နာေၾကး၊ ေလ်ာ္ေၾကးကို အတိုင္းအတာတစ္ခုထိ ရေနခဲ့တယ္မဟုတ္ပါလား။

သူသည္လည္း ဟန္က်ားကဲ့သို႔ပင္။ သူရ႐ွိခဲ့ေသာ စိတ္ေက်နပ္မႈတို႔သည္ အႏွစ္မ႐ွိ အခ်ည္းအႏီွးသာ။ စိတ္ေက်နပ္မႈရေလေလ အဓိပၸါယ္မဲ့ေလေလ.... စိတ္တိုင္းက်ေလေလ စိတ္ေသာကေရာက္ေလေလ.... သို႔ေသာ္ သူ စိတ္ေသာက ေရာက္ေလေလ ထိုစိတ္ေသာကကို ေျဖေဖ်ာက္ဖို႔ စိတ္အားထက္သန္ေနေလ ျဖစ္ရကာ အဆံုးမသတ္ႏိုင္တဲ့ ထိုစက္ဝန္းထဲမွာ အေမွာင္ထုၾကား လမ္းေပ်ာက္လို႔လာခဲ့ရတယ္။

အလင္းေရာင္ေတြနဲ႔ေတာက္ပေနမယ့္ ေန႔ရက္တို႔ဆီ ေလ်ွာက္လွမ္းဖို႔ သူကိုယ္တိုင္ပဲ ဟိုးအရင္ကတည္းက ရပ္တန္႔ပစ္ခဲ့တာျဖစ္တယ္။

အတိတ္မွ အမွတ္တရတို႔က သူ႔ကို အားနည္းေဝဝါးလာေစတာေၾကာင့္ မ်က္ေမွာင္ၾကံဳ႕လိုက္ကာ လက္႐ွိအခ်ိန္ဆီ သူ႔ကိုယ္သူ စိတ္ျပန္လည္ေစလိုက္တယ္။

သူေ႐ွ႕ကို ၾကည့္လိုက္ေတာ့ ခြဲစိတ္ခန္းအခ်က္ျပမီးက လင္းေနတုန္း႐ွိေသးကာ သူ႔ေဘးနားမွာလည္း တစ္စံုတစ္ေယာက္ရဲ႕အရိပ္ ႐ွိလို႔ေနတယ္။

ေ႐ွာင္းလီ ေခါင္းေမာ့ကာ သူ႔ညာဘက္ေဘးကို ၾကည့္လိုက္ေတာ့ မလွမ္းမကမ္းေနရာမွာ ရပ္ေနတဲ့ ခ်ီ႐ႈိ႕ယြမ္ကို ေတြ႔လိုက္ရတယ္။

သူ ဘယ္အခ်ိန္တည္းက ေရာက္ေနၿပီး သူ႔ကိုၾကည့္ေနတာလဲ။

ခ်ီ႐ႈိ႕ယြမ္လည္း ညလံုးေပါက္ မအိပ္ခဲ့ရပံုေပၚကာ မ်က္ႏွာသိပ္မေကာင္းေခ်။ သို႔ေသာ္ ဆူညံပြက္ေလာ႐ိုက္ေနတဲ့ ေဆးရံုထဲမွာေတာင္ သူ႔မ်က္ဝန္းမွ ေႏြးေထြးမႈေရာင္ျခည္တို႔ ထုတ္လႊတ္လို႔ေနကာ သူ႔အျပံဳးမွလည္း ၾကင္နာမႈတို႔ျဖင့္ ျပည့္လ်ွံလို႔ေနတယ္။

ေ႐ွာင္းလီသူ႔ကို ၾကည့္လာေတာ့မွ ေ႐ွာင္းလီဆီေလ်ွာက္သြားကာ ေဘးမွာဝင္ထိုင္လိုက္တယ္။

ႏွစ္ေယာက္ၾကား ၁၀ စင္တီမီတာသာ ျခားလို႔ေဘးခ်င္းကပ္ထိုင္ေနၾကတယ္။ ေ႐ွာင္းလီကလည္း ခ်ီ႐ႈိ႕ယြမ္ ဒီကိုဘယ္လို ေရာက္လာသလဲ မေမးသလို ခ်ီ႐ႈိ႕ယြမ္ကလည္း ေ႐ွာင္းလီကို ဘာေတြျဖစ္ခဲ့လဲဆိုတာ မေမးေခ်။

သို႔ေသာ္ျငား မေကာင္းတဲ့ကိစၥဘာမွျဖစ္မလာေတာ့ဘူးလို႔ ႐ုတ္တရက္ ေ႐ွာင္းလီခံစားလိုက္မိတယ္။ ေၾကာက္ရြံ႕မႈေတြ၊ တုန္လႈပ္မႈေတြ မ႐ွိေတာ့ပဲ သူ႔ေနာက္ကို ေသမတတ္အလိုက္ခံရတာေတြလည္း မ႐ွိေတာ့သလိုမ်ိဳး။ တစ္ေယာက္ေယာက္ေနာက္ကို လိုက္သတ္ရတာမ်ိဳး၊ ေသြးထြက္သံယိုကိစၥေတြက်ဴးလြန္ရတာမ်ိဳးလည္း မ႐ွိေတာ့သလိုမ်ိဳး။ သူ႔ကိုယ္ခႏၶာနဲ႔ သစၥာ႐ွိမႈကို အသံုးခ်ကာ ေစ်းဆစ္စရာလည္း မလိုေတာ့သလိုမ်ိဳး။

ဘာဂိုဏ္းမွလည္း မ႐ွိေတာ့သလိုမ်ိဳး။

သူ႔ကိုယ္သူ ရံုးဝန္ထမ္းတစ္ေယာက္လို ဒါမွမဟုတ္ မိတ္ေဆြတစ္ေယာက္နဲ႔  လုပ္ငန္းခြင္ကိစၥေတြ အျပန္အလွန္ေဆြးေႏြးဖလွယ္ႏိုင္မယ့္ ရံုးဝန္ထမ္းနဲ႔ အလားတူ သာမန္လူတစ္ေယာက္ ကဲ့သို႔ ခံစားရတယ္။ အခုဒီမွာ ထိုင္ကာ ႏွစ္ေယာက္စလံုးနဲ႔သိတဲ့ မိတ္ေဆြတစ္ေယာက္ကို လူနာလာေမးၿပီးေနာက္ အိမ္ျပန္ႏႈတ္ဆက္စကားဆိုကာ သာယာၾကည္ႏူးဖြယ္ ပံုမွန္ဘဝထဲ ကိုယ္စီျပန္သြားၾကမယ့္ သူေတြလိုမ်ိဳး ခံစားရတယ္။

ထိုကဲ့သို႔ေသာ အေတြးေတြက သူ႔စိတ္ကို ၿငိမ္းခ်မ္းမႈေပးစြမ္းလို႔ေနတာေၾကာင့္ ခ်ီ႐ႈိ႕ယြမ္ သူ႔လက္ေပၚကို ခပ္ဖြဖြလာကိုင္ၿပီး ႏွစ္သိမ့္ေပးလာေတာ့ သူမျငင္းဆန္မိေတာ့။

------------------------------------------
ိုအပိုင်း၃၅

Unicode

လော်တုန်းရဲ့ဗီလာက ခရိုင်နှစ်ခုရဲ့ နယ်နိမိတ်အစပ်ကြားမှာတည်ရှိတာကြောင့် အနီးဆုံးဆေးရုံရှိရာကို သွားလို့ရတဲ့လမ်းကြောင်းက တစ်ခုတည်းသာရှိတယ်။

အချိန်က ရောင်နီသန်းစပြုလို့လာနေချေပြီ။

ကျန်းကျွင်းကျွင်းတစ်ယောက် ထူးထူးဆန်းဆန်း လူနာတင်ယာဉ်တွေမှာ အသုံးပြုတဲ့ အရေးပေါ်အချက်ပြ မီးနီကို ကားထဲမှ ဆွဲထုတ်ကာ ကားခေါင်မိုးပေါ် တင်လိုက်ပြီး မိုင်ကုန်မောင်းလာလိုက်တာ ဆေးရုံကို ဆယ့်ငါးမိနစ်အတွင်းရောက်သွားတယ်။

ရှောင်းလီ ဟန်ကျားကို အလောသုံးဆယ် ဆေးရုံထဲသို့ သယ်ဆောင်သွားချိန် ကျန်းကျွင်းကျွင်းက ဆေးရုံတင်ရန်နဲ့ငွေပေးချေရန် စာရွက်စာတမ်းဖြည့်ခြင်းအမှုကို ကူညီပေးတယ်။ နောက်ဆုံးမှာတော့ ဟန်ကျားကို ခွဲစိတ်ခန်းထဲ ခေါ်သွားကြတယ်။

ကျန်းကျွင်းကျွင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့်

" လက်ကျန်ငွေကို ကျွန်မ accountထဲလွှဲဖို့မမေ့နဲ့ဦး။ "

ပြောပြီးတာနဲ့ လိုင်စင်နံပါတ်ပြားအတုတပ်ထားတဲ့ ထိုကားကို မောင်းထွက်သွားတယ်။

ရှောင်းလီ လူနာစောင့်ဧရိယာမှာရှိတဲ့ ခုံတန်းရှည်ပေါ် ထိုင်တဲ့အချိန်ကျမှ သူ့ဂျာကင်အင်္ကျီရှေ့တစ်ခြမ်းလုံး ဟန်ကျားသွေးတို့ဖြင့် ရွှဲစိုနေတာကို သတိထားမိတယ်။ သူ ချက်ချင်းထကာ ဆေးကြောပစ်တာမျိုး သို့မဟုတ် အင်္ကျီကို လွှင့်ပစ်လိုက်တာမျိုး လုပ်လိုက်ချင်ပေမယ့် သူ့ခေါင်းထဲ မောဟိုက်နွမ်းလျမှုက ရုတ်တရက် ဝင်ရောက်လာတယ်။

အလွန်ကို မောဟိုက်နေတာကြောင့် သွေးအလိမ်းလိမ်းနဲ့ သူ့ပုံက ဘယ်လိုပုံပေါက်နေမလဲဆိုတာကိုပင် ဂရုမစိုက်နိုင်တော့။ သူ ' ခွဲစိတ်ခန်း ' ရှေ့မှာ ခွဲစိတ်မှုဆောင်ရွက်ဆဲဖြစ်ကြောင်းအချက်ပြနေတဲ့ မီးကလွဲပြီး ကျန်တာ ဘာမှ အာရုံမစိုက်နိုင်သေး။

ထိုနေရာမှာ ခြေကိုချိတ်ကာ နံရံကိုမှီလို့ထိုင်နေရင်း အချက်ပြမီးကိုသာ တွေတွေကြီး စိုက်ကြည့်နေလိုက်တယ်။ အဲ့လိုပုံစံမျိုးနဲ့ ရှောင်းလီထိုင်နေတာကိုကြည့်ရတာ မသိရင် သူဒဏ်ရာအကြီးအကျယ်ရလို့ သွေးအလိမ်းလိမ်းဖြစ်နေပုံပေါက်နေတယ်။

ဟန်ကျားရဲ့ဒဏ်ရာက ကျည်ထိလို့ရလာတာဖြစ်တဲ့အတွက် ဆေးရုံက တာဝန်ရှိသူတွေက မှုခင်းလို့ယူဆကာ ရဲကို မလွှဲသာမရှောင်သာအကြောင်းကြားလိုက်ကြတယ်။ အချိန်အတော်လေးကြာတော့ ရဲအရာရှိနှစ်ယောက်က ဆေးရုံကိုရောက်လာပြီး မနီးမဝေး အကွာအဝေးကနေသာ ရှောင်းလီကို လှမ်းအကဲခတ်လေတယ်။ ရှောင်းလီနားကို ကပ်ရဲတဲ့ပုံမပေါ်။

သိပ်မကြာခင် ရဲအရာရှိတစ်ယောက်ဆီ ဖုန်းဝင်လာလေတယ်။ ထိုရဲက ရှောင်းလီကို တစ်ချက်ကြည့်ပြီး သူနဲ့အတူပါလာတဲ့ရဲကို ရှောင်းလီနဲ့အတူထားခဲ့တယ်။

လော်တုန်းက သူ့ပိုင်နက်ထဲမှာ ဖြစ်သွားတဲ့အမှုမလို့ ကြည့်ကျက်ရှင်းပြီးပြီလို့ ရှောင်းလီထင်မိတယ်။ လော်တုန်းလည်း ဒီကိစ္စကို ရုတ်ရုတ်သဲသဲ ဖြစ်မသွားစေချင်ပုံရတယ်။

သူ့ဂျာကင်အင်္ကျီပေါ်က သွေးတို့ခြောက်သွားချိန်မှာတော့ သွေးညှီနံ့က ပိုပြင်းထန်လာတယ်။ ရှောင်းလီ အဆက်အစပ်မရှိ သူပထမဆုံး ဂိုဏ်းထဲ ရောက်ခဲ့တဲ့နေ့ဆီကို စိတ်ရောက်သွားတယ်။

လူတစ်အုပ်က အကြင်နာကင်းမဲ့စွာ အကြွေးမပေးနိုင်တဲ့ သက်လတ်ပိုင်းအရွယ် ခပ်ပိန်ပိန်လူကို ဝိုင်းရိုက်ခဲ့ကြတယ်။ အဲ့ဒီလူပါးစပ်က သွေးတွေ တရစပ်အန်ထွက်လာကာ ကြမ်းပေါ်မှာ လူးလိမ့်ပြီး သူ့ခြေထောက်အောက်ဆီ ရောက်လာချိန် သူ့မှာ ကြောက်လန့်လာရကာ မသိစိတ်ကြောင့် နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ်မိသွားတယ်။ သို့သော်လည်း သူ့နောက်မှ လူတစ်ယောက်က သူ့ကိုရှေ့တွန်းပို့ပေးကာ ထိုလူရဲ့ ရင်ဘတ်ပေါ် ခြေနဲ့တက်နင်းလေတယ်။ ထိုလူ့ပါးစပ်မှ သွေးတို့ နေရာအနှံ့သို့  ပန်းထွက်လာတာကြောင့် သူ့ဘောင်းဘီနဲ့ ဖိနပ်ပေါ်သို့ လာစင်တယ်။

အဲ့ဒီနေ့ အိမ်ပြန်ရောက်တော့ သူ့အဝတ်ကို ဘယ်လောက်ကြာအောင် လျှော်နေမိမှန်း မသိတော့။ ရှောင်းယန်မြင်မှာ စိုးသော်လည်း ဒီအလုပ်ကို သူနှုတ်မထွက်နိုင်။

သူ့အနာဂတ်နဲ့ ပတ်သတ်ပြီး ရှောင်းလီ တွေးတောင်မတွေးရဲခဲ့။

ထိုနေ့က ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက် ရေစိုရွှဲနေတဲ့ လျှော်လက်စ အဝတ်ကို တုန်ယင်စွာ ဘယ်လောက်ကြာအောင် ကိုင်ထားခဲ့မိလဲ။

သို့ပေမယ့် ထိုနေ့နောက်ပိုင်းမှာတော့ သူလျင်မြန်စွာပဲ ရင့်ကျက်သွားကာ သူ့နှလုံးသား အလယ်ဗဟိုရ်မှာ တည်ရှိခဲ့တဲ့ တောက်ပတဲ့ စိတ်ကူးအိပ်မက်လေး သေဆုံးလို့သွားခဲ့တယ်။ ထိုအစား အေးစက်စက် ကျောက်တုံးလို နှလုံးသားက အစားထိုးဝင်ရောက်လာတယ်။

အချိန်တွေကုန်လာတာနဲ့အမျှ တစ်ယောက်ယောက်ရဲ့ လက်ကို ခုတ်ဖြတ်ရချိန်မှာတောင် မျက်တောင်တစ်ချက်မခတ်တော့တဲ့အထိ၊ လူသတ်ရတဲ့ အချိန်မျိုးမှာတောင် မျက်နှာတစ်ချက်မလွှဲပဲ သတ်နိုင်လာတဲ့အထိ ဖြစ်လာခဲ့ရတယ်။

ရှုထောင့်တစ်ခုကနေသုံးသပ်ရမယ်ဆိုရင်ဖြင့် သူ့အနေနဲ့ ထိုဘဝကို နေသားကျလွန်းလို့ ပျော်နေပြီလားလို့တောင် ထင်မှတ်စရာပင်။ ဖိအားပေးမှုတွေ၊ အကြမ်းဖက်မှုတွေ ရှိပေမယ့် သူ့အတွက် နစ်နာကြေး၊ လျော်ကြေးကို အတိုင်းအတာတစ်ခုထိ ရနေခဲ့တယ်မဟုတ်ပါလား။

သူသည်လည်း ဟန်ကျားကဲ့သို့ပင်။ သူရရှိခဲ့သော စိတ်ကျေနပ်မှုတို့သည် အနှစ်မရှိ အချည်းအနှီးသာ။ စိတ်ကျေနပ်မှုရလေလေ အဓိပ္ပါယ်မဲ့လေလေ.... စိတ်တိုင်းကျလေလေ စိတ်သောကရောက်လေလေ.... သို့သော် သူ စိတ်သောက ရောက်လေလေ ထိုစိတ်သောကကို ဖြေဖျောက်ဖို့ စိတ်အားထက်သန်နေလေ ဖြစ်ရကာ အဆုံးမသတ်နိုင်တဲ့ ထိုစက်ဝန်းထဲမှာ အမှောင်ထုကြား လမ်းပျောက်လို့လာခဲ့ရတယ်။

အလင်းရောင်တွေနဲ့တောက်ပနေမယ့် နေ့ရက်တို့ဆီ လျှောက်လှမ်းဖို့ သူကိုယ်တိုင်ပဲ ဟိုးအရင်ကတည်းက ရပ်တန့်ပစ်ခဲ့တာဖြစ်တယ်။

အတိတ်မှ အမှတ်တရတို့က သူ့ကို အားနည်းဝေဝါးလာစေတာကြောင့် မျက်မှောင်ကြုံ့လိုက်ကာ လက်ရှိအချိန်ဆီ သူ့ကိုယ်သူ စိတ်ပြန်လည်စေလိုက်တယ်။

သူရှေ့ကို ကြည့်လိုက်တော့ ခွဲစိတ်ခန်းအချက်ပြမီးက လင်းနေတုန်းရှိသေးကာ သူ့ဘေးနားမှာလည်း တစ်စုံတစ်ယောက်ရဲ့အရိပ် ရှိလို့နေတယ်။

ရှောင်းလီ ခေါင်းမော့ကာ သူ့ညာဘက်ဘေးကို ကြည့်လိုက်တော့ မလှမ်းမကမ်းနေရာမှာ ရပ်နေတဲ့ ချီရှို့ယွမ်ကို တွေ့လိုက်ရတယ်။

သူ ဘယ်အချိန်တည်းက ရောက်နေပြီး သူ့ကိုကြည့်နေတာလဲ။

ချီရှို့ယွမ်လည်း ညလုံးပေါက် မအိပ်ခဲ့ရပုံပေါ်ကာ မျက်နှာသိပ်မကောင်းချေ။ သို့သော် ဆူညံပွက်လောရိုက်နေတဲ့ ဆေးရုံထဲမှာတောင် သူ့မျက်ဝန်းမှ နွေးထွေးမှုရောင်ခြည်တို့ ထုတ်လွှတ်လို့နေကာ သူ့အပြုံးမှလည်း ကြင်နာမှုတို့ဖြင့် ပြည့်လျှံလို့နေတယ်။

ရှောင်းလီသူ့ကို ကြည့်လာတော့မှ ရှောင်းလီဆီလျှောက်သွားကာ ဘေးမှာဝင်ထိုင်လိုက်တယ်။

နှစ်ယောက်ကြား ၁၀ စင်တီမီတာသာ ခြားလို့ဘေးချင်းကပ်ထိုင်နေကြတယ်။ ရှောင်းလီကလည်း ချီရှို့ယွမ် ဒီကိုဘယ်လို ရောက်လာသလဲ မမေးသလို ချီရှို့ယွမ်ကလည်း ရှောင်းလီကို ဘာတွေဖြစ်ခဲ့လဲဆိုတာ မမေးချေ။

သို့သော်ငြား မကောင်းတဲ့ကိစ္စဘာမှဖြစ်မလာတော့ဘူးလို့ ရုတ်တရက် ရှောင်းလီခံစားလိုက်မိတယ်။ ကြောက်ရွံ့မှုတွေ၊ တုန်လှုပ်မှုတွေ မရှိတော့ပဲ သူ့နောက်ကို သေမတတ်အလိုက်ခံရတာတွေလည်း မရှိတော့သလိုမျိုး။ တစ်ယောက်ယောက်နောက်ကို လိုက်သတ်ရတာမျိုး၊ သွေးထွက်သံယိုကိစ္စတွေကျူးလွန်ရတာမျိုးလည်း မရှိတော့သလိုမျိုး။ သူ့ကိုယ်ခန္ဓာနဲ့ သစ္စာရှိမှုကို အသုံးချကာ ဈေးဆစ်စရာလည်း မလိုတော့သလိုမျိုး။

ဘာဂိုဏ်းမှလည်း မရှိတော့သလိုမျိုး။

သူ့ကိုယ်သူ ရုံးဝန်ထမ်းတစ်ယောက်လို ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်နဲ့  လုပ်ငန်းခွင်ကိစ္စတွေ အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်မယ့် ရုံးဝန်ထမ်းနဲ့ အလားတူ သာမန်လူတစ်ယောက် ကဲ့သို့ ခံစားရတယ်။ အခုဒီမှာ ထိုင်ကာ နှစ်ယောက်စလုံးနဲ့သိတဲ့ မိတ်ဆွေတစ်ယောက်ကို လူနာလာမေးပြီးနောက် အိမ်ပြန်နှုတ်ဆက်စကားဆိုကာ သာယာကြည်နူးဖွယ် ပုံမှန်ဘဝထဲ ကိုယ်စီပြန်သွားကြမယ့် သူတွေလိုမျိုး ခံစားရတယ်။

ထိုကဲ့သို့သော အတွေးတွေက သူ့စိတ်ကို ငြိမ်းချမ်းမှုပေးစွမ်းလို့နေတာကြောင့် ချီရှို့ယွမ် သူ့လက်ပေါ်ကို ခပ်ဖွဖွလာကိုင်ပြီး နှစ်သိမ့်ပေးလာတော့ သူမငြင်းဆန်မိတော့။

Continue Reading

You'll Also Like

2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
90.9K 2.4K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
997K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်