//Zawgyi//
Chapter1.2 <<ေဆာရီး ထပ္မခ်စ္ေတာ့ဘူး>>
" ဒါကHEမဟုတ္ဘူး။ အဆံုးမွာေတာ့ ဆန္ကုန္ေျမေလးgongနဲ႔ သူ႔ေနာက္လုိက္ေတြက ဗီလိန္ရဲ႕သုတ္သင္ျခင္းခံလုိက္ရတယ္" စီနီယာေဖက အူေၾကာင္ေၾကာင္နဲ႔ျပန္ေျဖမိျပီးေနာက္ ျပန္တံု႔ျပန္လာကာ စတင္ပူညံပူညံလုပ္ေတာ့သည္။
" ဒါကHEလို႔မင္းကိုဘယ္သူေျပာလဲ? ဒါကသာHEျဖစ္ႏိုင္ရင္ စာေရးဆရာက ဓားသြားေအာက္မွာလည္စင္းခံေနရမယ္"
စီနီယာ2ရဲ႕ အဟုန္ကအားနည္းသြားကာ
" ငါေတာင္းပန္ပါတယ္၊ ဒါကစာအုပ္အေဟာင္းတစ္ခုဆိုတာ ငါေမ့သြားတယ္။ ငါထင္လုိက္တာက အခုေခတ္အြန္လုိင္းဝတၳဳေတြလို႔..."
စီနီယာေဖ : " စတုိင္က မတူဘူး"
စီနီယာ2 : "..."
အဲ့အခ်ိန္မွာ က်င္ရႊင္ကေလးတြဲစြာအသက္ရွဴေနရေပမယ့္ စီနီယာနွစ္ေယာက္ရဲ႕စကားမ်ားေနမႈေၾကာင့္ သူ႔ႏႈတ္ခမ္းဖ်ားေလးေတြက ေကာ့တက္ေနဆဲပင္။ ဒီလိုေပါ့ပါျပီး သက္ဝင္ေနတဲ့ေလထုအေျခအေနမ်ိဳးကို သူၾကိဳက္သည္။ဒါကသူ႔ကုိ အသက္ရွင္ေနတယ္လို႔ခံစားရေစသည္။ မရည္ရြယ္ပါဘဲ သူ႔ရဲ႕ပုစဥ္းရင္ကြဲသ႑ာန္မ်က္ခြံေလးက တုန္ယင္သြားကာ သူ႔မသိစိတ္ကလည္း စတင္နစ္ျမဳပ္သြား၏။
ေနာက္ပိုင္း စီနီယာအစ္ကုိရဲ႕ဇာတ္ေၾကာင္းကိုေျပာျပေနတဲ့အသံၾကားမွာ အိပ္ေမာက်သြားသည္။ ထံုးစံအတုိင္း သူသတိလစ္သြားခဲ့ရုံပဲျဖစ္ႏုိင္ပါသည္။ ဒါေပမယ့္လည္း သူ႔မ်က္လံုးေတြက ျပန္ဖြင့္လိုက္တဲ့အခ်ိန္ အရာအားလံုးကေျပာင္းလဲသြားျပီ။
" ၾကည့္စမ္း! တစ္စံုတစ္ေယာက္က အေဆာက္အဦးေပၚကေနခုန္ခ်ေတာ့မယ္!"
သူနဲ႔အရမ္းကုိနီးကပ္ေနတဲ့ စူးရွတဲ့အသံေၾကာင့္ က်င္ရႊင္လန္႔ဖ်ပ္သြားျပီး သူ႔မ်က္ခြံေတြကုိ ဖြင့္ဖို႔တြန္းအားေပးလုိက္ရသည္။ သူ႔မ်က္လံုးေတြပြင့္သြားတဲ့အခ်ိ္န္က မေမွ်ာ္လင့္ထားစြာပဲ သူကဒုတိယထပ္ရဲ႕အမိုးေပၚမွာရပ္ေနတာကုိ ေတြ႔လုိက္ရသည္။
ေကာင္းကင္ယံမွာ မုန္တုိင္းတစ္ခုကိုအစပ်ိဳးေနသည္။ ညေလက အနည္းငယ္ေအးေနျပီး က်င္ရႊင္ရဲ႕ပိန္ပိန္ပါးပါးကိုယ္ခႏၶာကလည္း ေလႏွင္ရာလြင့္ေနသည္။
ေရွ႕ကုိတစ္လွမ္းတုိးလုိက္ရင္ပဲျဖစ္ျဖစ္ ေရွ႕ကိုနည္းနည္းေလာက္ယိုင္သြားရင္ပဲျဖစ္ျဖစ္ ဒီေနရာကေနတုိက္ရုိက္ျပဳတ္က်သြားမွာပင္။
......
က်င္ရႊင္က အျမင့္ကုိမေၾကာက္ေပမယ့္ အေနာက္ကုိေတာ့ျပန္ဆုတ္လိုက္၏။
ဘာလို႔လဲဆိုေတာ့ ဒါကမျဖစ္ႏိုင္လုိ႔ပဲ၊
ဒီအေျခအေနၾကီးက ျဖစ္ႏုိင္ေခ်မရွိဘူး။
သူ႔ရဲ႕ပ်က္စီးေနတဲ့ကိုယ္ခႏၶာက ေလဒဏ္ကုိလံုးဝမေတာင့္ခံႏိုင္သလို ဒီလိုေနရာကိုသူ႔တစ္ေယာက္လည္း ေပးလာမွာမဟုတ္သလုိ ဒီလိုေခါင္မိုးထပ္ကို သူ႔ကုိလံုးဝလာခြင့္ျပဳမွာမဟုတ္ဘူး။
ဒါဆို ဒါကဘယ္လိုျဖစ္လို႔...?
" ငါယြမ္တစ္ရာေလာင္းတယ္၊ သူခုန္ခ်မွာမဟုတ္ဘူး"
ဒါကေခါင္မိုးထပ္ေပမယ့္လည္း က်င္ရႊင္ရဲ႕ပတ္ဝန္းက်င္က မေမွ်ာင္လင့္စြာပဲ ဗလာက်င္းမေနဘူး။
ဆန္႔က်င္ဘက္ပါပဲ ပတ္ပတ္လည္မွာလူေတြရွိေနသည္။
ေကာင္ေလးအခ်ိဳ႕နဲ႔ ေကာင္မေလးအခ်ိဳ႕က သူတို႔ရဲ႕မိုဘိုင္းဖုန္းေတြကုိကိုင္ကာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔သူ႔ကိုရုိက္ကူးေနၾကသည္။
"ဟီးဟီး မင္းေတာ့ရႈံးေတာ့မယ္၊ ယန္က်င္ရႊင္က ငါတုိ႔ရဲ႕ဒုတိယသခင္ေလးကုိ ေသမတတ္ခ်စ္ေနတာကို မသိတဲ့သူဘယ္သူရွိလို႔လဲ? အဲ့ေတာ့သူ႔ရဲ႕ခံစားခ်က္ေတြကုိ သက္ေသျပဖို႔ ဒုတိယထပ္ကေနခုန္ခ်တာ မေျပာပေလာက္ပါဘူး ဟုတ္တယ္မလား? သူအခုခ်က္ခ်င္း ခုန္ခ်မယ္လို႔ငါေလာင္းတယ္! သူမခုန္ခ်ဘူးဆုိရင္ ငါေဇာက္ထိုးေနျပီး ခ်ီးစားျပမယ္!"
အဲ့လူကအဲ့စကားကုိ အလြန္က်ယ္က်ယ္ေလာင္ေလာင္ေျပာလုိက္တာက တစ္ဖက္လူကို ကိုယ့္ကုိကုိယ္သတ္ေသေအာင္ တမင္သက္သက္လႈံ႕ေဆာ္ေပးေနသလိုပင္။
က်င္ရႊင္မ်က္ေမွာင္ၾကဳတ္ကာ သိပ္မေဝးတဲ့ေနရာက စကားေျပာေနတဲ့လူငယ္အနည္းစုကုိ ၾကည့္ဖုိ႔ရန္တစ္ဖက္ကုိလွည့္လုိက္သည္။
တစ္စံုတစ္ေယာက္ရဲ႕ဘဝကုိ ျပက္လံုးအေနနဲ႔ယူဆေနၾကတဲ့ ဒီလိုအျပဳအမူမ်ိဳးကုိ သူမႏွစ္ျခိဳက္ေလဘူး။
ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ဘာေတြျဖစ္ပ်က္ေနမွန္း သူအၾကမ္းဖ်င္းနားလည္သြားေလျပီ။
__စီနီယာအခုေလးတင္ သူ႔ကုိေျပာျပေနတဲ့ဝတၳဳထဲက ဇာတ္ေဆာင္ကုိ ယန္က်င္ရႊင္လုိ႔ေခၚတယ္။
ျပီးေတာ့ ဇာတ္ေဆာင္gongက ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္လည္းျဖစ္၊ သူ႔မိသားစုမွာလည္း ဒုတိယသားျဖစ္တာမို႔ သူ႔ကိုတျခားသူေတြက ရံဖန္ရံခါ ဒုတိယသခင္ေလးလုိ႔ေခၚၾကတယ္
...............
သူက စာအုပ္ထဲကူးေျပာင္းသြားျပီးေတာ့ သူနဲ႔နာမည္ဆင္တဲ့ ဇာတ္ေဆာင္Shou ယန္က်င္ရႊင္ျဖစ္လာတာပဲ။
ဒီလုိသိပၸံနည္းမက်တဲ့အရာက ဘယ္လိုျဖစ္ပ်က္သြားမွန္း က်င္ရႊင္လည္းနားမလည္ေလဘူး။
ဒါေပမယ့္ စီနီယာေဖရဲ႕ညက္ေညာတဲ့အသံက အဲ့အခုိက္အတန္႔မွာ သူ႔စိတ္ထဲျမည္ဟီးလာသည္ __
" All for love"က စံျပဆန္ကုန္ေျမေလးဝတၳဳတစ္ပုဒ္ပင္။ အက်ဥ္းခ်ဳပ္ရရင္ ဆန္ကုန္ေျမေလးgongက shouကုိ အၾကိမ္ေထာင္ေသာင္းမက အႏုိင္က်င့္ေစာ္ကားခဲ့ေပမယ့္ အခ်စ္ဦးလိုဆက္ဆံေနတုန္းပင္။
ပထမအပုိင္းအနည္းငယ္က သာမန္ျဖစ္ဆဲပင္: အခ်ိဳ႕ေသာအေၾကာင္းအရင္းေတြေၾကာင့္ ဆင္းရဲဟန္ေဆာင္ထားတဲ့ဆန္ကုန္ေျမေလးgongက ေက်ာင္းမွာလွပခမ္းနားတဲ့စီနီယာတစ္ေယာက္နဲ႔ ဆံုခဲ့တယ္။ အဲ့ေနာက္ေတာ့ သူကအခ်စ္ကုိဟန္ေရးျပျပီး အဲ့စီနီယာေနာက္ကို အရုိင္းဆန္စြာစတင္လိုက္ပိုးေတာ့သည္။
ဒါေပမယ့္ အဓိကဇာတ္ေဆာင္shouျဖစ္တဲ့ စီနီယာက gongေၾကာင့္ ရင္ထဲလႈပ္ခတ္သြားျပီးေနာက္မွာ ဇာတ္လမ္းက ဆိုးရြားတဲ့အလွည့္အေျပာင္းကုိ စတင္ေတာ့သည္။ စာေရးဆရာက ဆန္ကုန္ေျမေလးgongက shouကုိ ဘယ္ေလာက္ေတာင္မျမတ္ႏုိးေၾကာင္းကုိ ေဖာ္ျပဖို႔ သံုးႏုိင္သမွ် စကားလံုးၾကြယ္ဝစြာသံုးခဲ့ျပီး shouကခံစားခ်က္နဲ႔ပတ္သက္ျပီး ေခါင္းမာကာ ဘယ္လိုဇြဲေကာင္းပံုကိုလည္းေဖာ္ျပခဲ့သည္။
ျပီးေတာ့ အခုက်င္ရႊင္ေရာက္လာတဲ့အျဖစ္အပ်က္က ဆန္ကုန္ေျမေလးgongက စတင္ျပီးပ်င္းရိသလိုခံစားလာကာ shouရဲ႕ေရွ႕မွာ ဆင္းရဲသလိုဟန္ေဆာင္ရတာကုိ ျငီးေငြ႔ေနတဲ့ ဇာတ္ေၾကာင္းျဖစ္လိမ့္မည္။ ဒီမတုိင္ခင္က သူ႔ရဲ႕ဟန္ေဆာင္မႈေတြကုိေရာ က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ အရူးအမူးျဖစ္မႈေတြကုိေရာ သူအကုန္ခြာခ်ခဲ့တယ္--
ေပါ့ပ်က္ပ်က္gongက shouအေပၚကုိ ခံစားခ်က္ပုိင္းဆိုင္ရာ ႏွိပ္စက္ညွဥ္းပန္းမႈကုိ စတင္လုပ္ေဆာင္ေနခဲ့ျပီး ဘားမွာသူ႔သူငယ္ခ်င္းေတြနဲ႔ ကစားရင္ကစား မဟုတ္ရင္ေလွ်ာက္လည္ပတ္ေနတတ္သည္။ Shouက အဲ့တာကုိ လ်စ္လ်ဴမရႈရက္ႏုိင္ဘဲ ဒီကေန႔သတၱိေမြးကာ ဆန္ကုန္ေျမေလးgongကို လာရွာခဲ့ေပမယ့္ တစ္ဖက္လူက သူ႔ကုိလူတုိင္းရဲ႕အေရွ႕မွာ လမ္းခြဲခ်င္ခဲ့သည္။
ျပီးေနာက္ဆန္ကုန္ေျမေလးgongရဲ႕ သူငယ္ခ်င္းတစ္သိုက္က သူ႔ကိုဖိအားေပးကာ ေလွာင္ေျပာင္သေရာ္ခဲ့ၾကသည္။
ျပီးခဲ့တဲ့အျဖစ္အပ်က္ကုိ ဆန္ကုန္ေျမေလးgongက လူပံုအလယ္ သူ႔သူငယ္ခ်င္းေတြရဲ႕အေရွ႕မွာ ျပဳလုပ္ခဲ့တာမို႔ သူ႔သူငယ္ခ်င္းေတြရဲ႕မ်က္လံုးထဲမွာ ယန္က်င္ရႊင္က " အရွက္မရွိတဲ့ ေအာက္တန္းစားပစၥည္း"၊ " ဒုတိယသခင္ေလးရဲ႕ေရွ႕မွာဆို ဂုဏ္သိကၡာမရွိတဲ့ ေခြးတစ္ေကာင္" ျဖစ္သည္။
သူက ဆန္ကုန္ေျမေလးgongနဲ႔ မဆံုခင္က အဓိကဇာတ္ေဆာင္shouက သူ႔မ်က္ႏွာကုိတန္ဖိုးထားျပီး ဂုဏ္သိကၡာကုိ အျမတ္ႏုိးဆံုးျဖစ္တဲ့ ဒီတုိင္းဆင္းရဲရုိးသားတဲ့ ေကာလိပ္ေက်ာင္းသားေလးတစ္ေယာက္ျဖစ္တာမို႔ ရလဒ္အေနနဲ႔ သူကဒီလိုမ်ိဳးေလွာင္ေျပာင္မႈေတြကုိ ဘယ္လိုမ်ားေတာင့္ခံႏုိင္မွာလဲ?
ဒါ့အျပင္ သူၾကိဳက္ခဲ့တဲ့လူရဲ႕သူငယ္ခ်င္းေတြက သူ႔ကုိေလွာင္ေျပာင္ေနတာကုိ သူၾကိဳက္တဲ့သူက တမင္သက္သက္လ်စ္လ်ဴရႈကာ ၾကည့္ေနတဲ့ဆိုတဲ့အခ်က္က မူလကုိယ္ကို ဆန္ကုန္ေျမေလးgongရဲ႕ ရုတ္ျခည္းအေျပာင္းအလဲေတြေၾကာင့္ ေရွာ့ခ္ရသြားေစသည္။ သူ႔စိတ္ကေရာက္ယက္ခတ္ေနကာ ေခါင္းမိုးစြန္းဆီကုိ တည့္တည့္မတ္မတ္ေလွ်ာက္သြားေတာ့၏။
က်င္ရႊင္ေနာက္ပိုင္းဇာတ္ေၾကာင္းကို သတိရသြားသည္။ ဆန္ကုန္ေျမေလးgongရဲ႕ သူငယ္ခ်င္းတစ္စုက ဒီဇာတ္ေကာင္ေနာက္ကိုလိုက္ကာ သူ႔ကုိဆက္လက္ျပီးေလွာင္ေျပာင္ခဲ့ၾကသည္။ သူက အဲ့တာကိုအမွန္တကယ္ ေတာင့္ခံႏုိင္စြမ္းမရွိေတာ့တာေၾကာင့္ တကယ္ပဲခုန္ခ်ခဲ့သည္။
ကံေကာင္းေထာက္မစြာနဲ႔ ဘားက ႏွစ္ထပ္ပဲရွိသည္။ ခုန္ခ်လုိက္တဲ့ ယန္က်င္ရႊင္က သူ႔လက္ေမာင္းက်ိဳးသြားေပမယ့္ အသက္အႏၱရာယ္ေတာ့မရွိခဲ့ဘူး။
သုိ႔ေသာ္ျငား တစ္စံုတစ္ေယာက္က ရွန္မိသားစုက ဒုတိယသခင္ေလးအတြက္ အေဆာက္အဦးေပၚက ခုန္ခ်ခဲ့တယ္ဆုိတဲ့သတင္းက ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္အသိုင္းအဝိုင္းမွာ ပ်ံ႕နွံ႕သြားခဲ့သည္။
အဲ့ေနာက္ က်င္ရႊင္က ရွန္ေပၚဟန္ကုိ အရမ္းကိုခ်စ္တာမို႔ သူ႔ကုိယ္ပုိင္ဘဝကုိေတာင္အေရးမထားဘူးဆိုျပီး လူတုိင္းကသိကုန္ၾကသည္။
အဲ့တည္းက ယန္က်င္ရႊင္က Dragonျမိဳ႕ေတာ္မွာ လူသိမ်ားတဲ့ေစ်းေပါတဲ့shouတစ္ေယာက္ျဖစ္လာသည္။
ဒါက ဆန္ကုန္ေျမေလးgongၾကိဳးကုိင္ျခယ္လွယ္ခဲ့တဲ့ ပထမဆံုးေျခလွမ္းျဖစ္ျပီး မူလကုိယ္က ရုပ္ပုိင္းဆုိင္ရာအရေရာ စိတ္ပုိင္းဆိုင္ရာအရပါ ႏွိပ္စက္ညွဥ္းပန္းခံခဲ့ရသည္။
......
" ေဟး ယန္က်င္ရႊင္ မင္းခုန္ခ်မွာလား မခုန္ခ်ဘူးလား?"
" သူခုန္ခ်ရဲမယ္လို႔ မင္းတကယ္ထင္ေနတာာလား? သူကဒုတိယသခင္ေလးရဲ႕အာရုံစုိက္မႈကို ရဖို႔အဲ့မွာရပ္ေနရုံပါပဲကြာ။ ယန္က်င္ရႊင္ေရ အခုမင္းတကယ္လက္ေလွ်ာ့ေတာ့မွာလား? မင္းအဲ့မွာရပ္ေနတာ ဘယ္ေလာက္ေတာင္ၾကာေနျပီလဲ? ဒုတိယသခင္ေလးက ေရာက္မလာဘူးေလ"
" သူခုန္ခ်မယ္လို႔ငါယံုတယ္ ငါတုိ႔ရဲ႕တည္ၾကည္ေလးနက္တဲ့စီနီယာယန္က အဲ့တာကို ရႈိးျပဖို႔လုပ္ရုံပဲဆိုတာ ဘယ္ျဖစ္ႏုိင္ပါ့မလဲ? အေဆာက္အဦးေပၚကေန ခုန္ခ်မွ မင္းေကာင္ေလးရဲ႕အာရုံစုိက္မႈကို ရႏုိင္မွာေနာ္။ ဒါကအရမ္းအရွက္မဲ့တာပဲ ဟားဟားဟား!"
ေလေအးေဖ်ာ့ေဖ်ာ့ေလးက သူ႔နားကုိျဖတ္တုိက္သြားျပီး က်င္ရႊင္ကရုတ္ျခည္းအေနာက္ကိုလွည့္ကာ သူ႔မ်က္လံုးေတြကသူ႔ကုိအေလာင္းအစားလုပ္ဖို႔ အသံုးခ်ေနတဲ့လူအနည္းငယ္ကုိ တုိက္ရုိက္ၾကည့္လုိက္ျပီး သူ႔ရဲ႕ေအးစက္ေနတဲ့အမူအရာကို လံုးဝလွစ္ဟျပလုိက္သည္။
သူကအရမ္းရုတ္တရပ္ႏုိင္စြာ အေနာက္ကိုလွည့္လုိက္ေတာ့ မ်က္ႏွာခ်င္းဆုိင္က တြတ္တြတ္ထုိးေနတဲ့လူငယ္ေတြက အေနာက္ကိုဆုတ္သြားမိၾကသည္။
--ယန္က်င္ရႊင္က သူတို႔ရဲ႕အသိုင္းအဝိုင္းမွာဝင္ဆံ့ႏုိင္ေအာင္ တည္ျငိမ္ကာ သဘာဝက်တဲ့ပံုရိပ္ကုိ အျမဲၾကိဳးစားထိန္းသိမ္းခဲ့သည္။
ဒါေပမယ့္ ဒီလူေတြက အထက္တန္းစားအသိုင္းအဝိုင္းထဲမွာ ၾကီးျပင္းခဲ့တာပင္။ သူတုိ႔က ရုိးရိုးေကာလိပ္ေက်ာင္းသားေတြထက္ ကမာၻၾကီးအေၾကာင္းကို ပုိသိၾကသည္။ ယန္က်င္ရႊင္က သူတုိ႔နဲ႔တူတူရွိဖို႔ၾကိဳးစားေနတဲ့တစ္ေလွ်ာက္မွာ သူကစိတ္လႈပ္ရွားျပီး ေတာင့္တင္းေနတာကုိ တစ္ခ်က္ၾကည့္ရုံနဲ႔သူတို႔ေျပာႏုိင္သည္။
ဒါကဘာလို႔သူတုိ႔ ယန္က်င္ရႊင္ကို ဒီေလာက္ေပၚတင္အႏုိင္က်င့္ရဲတာလဲဆုိတာပင္။
သူတုိ႔ရဲ႕မ်က္လံုးထဲမွာ ယန္က်င္ရႊင္က ဒုတိယသခင္ေလးကုိစိတ္ေက်နပ္ေစဖို႔ ေရာက္လာခဲ့တဲ့ကစားစရာအရုပ္ေလးထက္ မပုိေပ။ သူက သူတို႔နဲ႔တူညီတဲ့အဆင့္အတန္းမွာ ရွိမေနဘူး ဒုတိယသခင္ေလးဆိုပုိဆိုးတာေပါ့။
ဒါေပမယ့္ ဘယ္လုိျဖစ္ႏုိင္မွာလဲ...?
က်င္ရႊင္က ျပန္ၾကည့္လုိက္တဲ့အခိုက္အတန္႔မွာ မူလကုိယ္ရဲ႕စိတ္လႈပ္ရွားမႈနဲ႔ ရွက္ရြံ႕မႈေတြက ပေပ်ာက္ကုန္သည္။
သူဘာမွလုပ္စရာမလုိဘူး တည္ျငိမ္တဲ့အမူအရာနဲ႔ ထက္ရွတဲ့မ်က္လံုးေတြနဲ႔တင္ လက္ရွိရွိေနတဲ့လူတုိင္းကုိ ဖိႏွိပ္ႏုိင္ဖုိ႔လံုေလာက္သည္။
သူ႔အဝတ္အစားေတြနဲ႔ သူ႔အသြင္အျပင္ကမေျပာင္းလဲသြားဘူး၊ သူကရုိးရုိးရွင္းရွင္းေလးပဲ လွည့္လုိက္တယ္ဆိုေပမယ့္ သူၾကည့္ရတာ ျမင့္ျမတ္သားေတာ္အစစ္အမွန္ပံုေပါက္ေနသည္။
ဒီလူေတြက အေဆာက္အဦးေပၚကေနခုန္ခ်တဲ့ အက်ိဳးဆက္ကုိ သေဘာမေပါက္ၾကဘဲ သူတို႔ကမူလကိုယ္ကုိေလွာင္ေျပာင္ျပီး အရွက္ရေအာင္လုပ္ခ်င္ခဲ့တာ။
ဒါေပမယ့္ ဘဝကူးေျပာင္းလာျပီး ေသျခင္းတရားကုိ ကေလးဘဝတည္းက အၾကိမ္မ်ားစြာေတြ႔ၾကံဳခဲ့ရျပီး ျပင္းျပင္းထန္ထန္ရွင္သန္လိုစိတ္ျပင္းျပတဲ့ က်င္ရႊင္အတြက္ေတာ့ ဒီလိုေနာက္ေျပာင္က်ီစယ္မႈမ်ိဳးက အရမ္းမ်ားလြန္းသြားျပီ။
သူ လူအနည္းငယ္ရဲ႕ေရွ႕ကို တိုက္ရုိက္ပဲေလွ်ာက္သြားကာ လူတုိင္းက ေၾကာင္အေနတဲ့အခ်ိန္ သူ႔ကိုအခုေလးတင္အေလာင္းအစားလုပ္လုိက္တဲ့ လူဆီေရာက္သြားသည္။
"မင္းရႈံးသြားျပီ"
"ဘာၾကီး?" အဲ့လူက ရွင္းလင္းစြာမတံု႔ျပန္ႏုိင္ဘူး။
က်င္ရႊင္က ဂရုစုိက္မေနဘူး။
သူက အဲ့လူကိုစိတ္ရွည္စြာငံု႔ၾကည့္ကာ သူ႔ကုိသတိေပးလုိက္သည္
" သခင္ေလးလင္ မင္းကိုယ့္ဘာသာေျပာခဲ့တာေလ ငါမခုန္ခ်ဘူးဆိုရင္ မင္းေဇာက္ထိုးေနျပီးေတာ့..."
က်င္ရႊင္က အနည္းငယ္ရပ္တန္႔သြားသည္။ ကေလးဘဝတည္းက ႏုိင္ငံေတာ္ကေနပ်ိဳးေထာင္ေပးခဲ့တဲ့ အရည္အခ်င္းျပည့္ အထက္တန္းစားတစ္ေယာက္အေနနဲ႔ သူအဲ့လုိမ်ိဳးေအာက္တန္းက်တဲ့ စကားလံုးမ်ိဳးကို မေျပာဆုိႏုိင္ဘူး။
" ငါက တစ္စံုတစ္ေယာက္အတြက္ အဲ့လိုမ်ိဳးမိုက္မဲတဲ့အရာကို လုပ္လိမ့္မယ္လို႔ ဘယ္သူကမွတကယ္မထင္ၾကဘူးမလား?" က်င္ရႊင္ရဲ႕ အၾကည့္ကေျပာင္းသြားက သူလူအုပ္စုကုိစုိက္ၾကည့္လုိက္သည္။ သူတို႔ရဲ႕မ်က္လံုးထဲက အလြန္အံ့ၾသေနမႈကို သူျမင္လုိက္ရသည္။
"ဒါ့အျပင္...ေဆာရီးပါ၊ ငါဒုတိယသခင္ေလးကုိ ထပ္ျပီးမခ်စ္ေတာ့ဘူး"
အျခားလူေတြ တံု႔ျပန္လာတာကုိေစာင့္ေနျခင္းမရွိဘဲ က်င္ရႊင္က ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပံဳးျပကာ
" အဲ့ေတာ့ သခင္ေလးလင္...လူအမ်ားၾကီးက သူတုိ႔ဖုန္းနဲ႔သက္ေသကုိ မွတ္တမ္းတင္ထားတာေနာ္၊ မင္းရဲ႕စကားေတြကုိ မင္းျပန္ရုပ္သိမ္းလို႔မရဘူးေလ"
က်င္ရႊင္ရဲ႕စကားလံုးေတြ ထြက္လာတာနဲ႔ လူတုိင္းကအူလိႈက္သည္းလိႈက္ရယ္ေမာၾကေတာ့သည္။
လင္လိတို႔အုပ္စုအျပင္ ႏုိက္ကလပ္ကို ပိုက္ဆံျဖဳန္းျပီးေပ်ာ္စရာလာရွာတဲ့လူေတြလည္း ရွိသည္။ တစ္စံုတစ္ေယာက္က အေဆာက္အဦးေပၚကေန အခ်စ္အတြက္ခုန္ခ်မယ္္ဆုိတာကုိၾကားျပီး သူတုိ႔ကစိတ္လႈပ္ရွားစရာေကာင္းတာကို ၾကည့္ဖို႔အတြက္တက္လာၾကတာျဖစ္သည္။
"မင္း..."
လင္လိကဒါကုိလက္မခံႏုိင္ဘူး။ ရွန္အာ့ေရွာက္ကိုမ်က္ႏွာလုပ္ဖို႔အတြက္ သူတို႔ကုိအျမဲယဥ္ယဥ္ေက်းေက်းျပံဳးျပေလ့ရွိတဲ့ ယန္က်င္ရႊင္က သူ႔ကုိ...ဒီလိုဆက္ဆံရဲတယ္ေပါ့!
( အာ့ေရွာက္-ဒုတိယသခင္ေလး)
အရင္ကဆို ယန္က်င္ရႊင္က သူတုိ႔ကုိတည့္တည့္ေတာင္မၾကည့္ရဲဘူးေလ! ဒီလိုမ်ိဳး ျပန္ျပီးရန္မူဖို႔ကေတာ့ ေျပာမေနနဲ႔ေတာ့...
သခင္ေလးလင္က မထိန္းထားႏုိင္ဘဲေအာ္လုိက္သည္
" မင္းရူးသြားတာလား!?"
" ဒါေပမယ့္ မင္းအဲ့တာကုိလုပ္တဲ့အခါက်ရင္ ဘယ္သူမွမရွိတဲ့ေနရာကို သြားတာကအေကာင္းဆံုးပဲ။ အဲ့တာကမွတ္တမ္းတင္ထားဖို႔ မေကာင္းဘူးေလ။ အဆံုးမွာေတာ့..."
က်င္ရႊင္က သူ႔ေဒါသကုိလ်စ္လ်ဴရႈကာ တခစ္ခစ္ရယ္ေမာျပီး
" အဲ့တာကအရမ္းကို မေတာ္တေရာ္ျဖစ္လြန္းတယ္ေလ"
*
က်င္ရႊင္ ခုန္ခ်တာကိုသြားေရာက္ၾကည့္ရႈတဲ့လူေတြကလြဲလို႔ ဘားရဲ႕ပထမထပ္အခန္းတစ္ခုဝယ္ ရွန္ေပၚဟန္ရဲ႕ေဘးမွာလူအနည္းငယ္ပတ္လည္ဝုိင္းကာ ထိုင္ေနၾကသည္။
" ဒုတိယသခင္ေလး မစိုးရိမ္ပါနဲ႔။ ဘာကိုအခ်စ္အတြက္ေသမွာလဲ ေပါက္တတ္ကရေတြ၊ ဘယ္သူမွေသမွာမဟုတ္သလို ဘာမွျဖစ္မွာမဟုတ္ပါဘူး" တစ္စံုတစ္ေယာက္က သူ႔ကိုေဖ်ာင္းဖ်လိုက္သည္။
အျခားတစ္ဖက္မွာေတာ့ မိတ္ကပ္နည္းနည္းပါးပါးလိမ္းထားတဲ့ ကႏြဲ႔ကလ်ေကာင္ငယ္ေလးတစ္ေယာက္က ရွန္ေပၚဟန္ကုိကပ္တြယ္ကာ သေရာ္လိုက္သည္
" ေပါက္တတ္ကရေတြေျပာမေနနဲ႔။ ဒုတိယသခင္ေလးက ဘယ္လုိုလုပ္ျပီး သူ႔ကုိစိုးရိမ္မွာလဲ? အဲ့တာက ဒီတိုင္းစိတ္ရႈပ္စရာကစားစရာေလးတစ္ခုပါပဲ။ ဟုတ္တယ္မလား? အာ့ေရွာက္"
ရွန္ေပၚဟန္က မူလကေတာ့ အေပၚလုိက္တက္သြားကာ တစ္ခ်က္ေလာက္ၾကည့္ခ်င္ေပမယ့္ အျခားလူေတြကခုလိုေျပာလိုက္ေတာ့ အဲ့တာကဒီတုိင္းကစားစရာထက္မပုိေတာ့ဘူး။
ယန္က်င္ရႊင္က အေဆာက္အဦးေပၚကေန ခုန္ခ်မယ္ၾကားလို႔ သူကခ်က္ခ်င္းသြားစစ္ေဆးၾကည့္မယ္ဆိုရင္ အဲ့တာကအရမ္းသိသာပံုေပၚသြားေလာက္တယ္မလား...
ဘယ္လုိပဲျဖစ္ျဖစ္ ဘာျဖစ္ႏုိင္မွာမို႔လဲ?
ဆိုဖာေပၚကို ပစ္ထိုင္လုိက္ရင္း ရွန္မိသားစုကဒုတိယသခင္ေလးက သူ႔ေျခေထာက္ေတြကုိ ဆန္႔ထုတ္ကာ ဂရုမစိုက္တဲ့ေလသံနဲ႔တမင္ဟန္ေဆာင္ကာေျပာလုိက္သည္
" သူ႔ကုိငါ့ဆီမလာခဲ့နဲ႔လို႔ေျပာထားလုိက္။ ေခါင္မိုးထပ္ဆီသြားလို႔ ဘာျဖစ္မွာမုိ႔လဲ? က်စ္"
" အဲ့တာမွန္တယ္" တစ္ဖက္က ႏွစ္လိုဖြယ္ေကာင္ေလးက ပဲ့တင္သံလုိ လိုက္ေျပာသည္။
"ဒါ့အျပင္ ငါ့အစ္ကုိၾကီးက ဒီညလာမွာ၊ ငါတုိ႔ေတြသာသူနဲ႔တိုးမိခဲ့ရင္..." ရွန္ေပၚဟန္က အဲ့တာကုိဆက္မေျပာခ်င္တာမို႔ သူ႔စိတ္ကိုေျပာင္းကာ
" ဟူေရွာင္ဖုန္း သူတို႔ကုိသြားျပန္ေခၚလုိက္။ ဒီမွာခဏေလာက္ထုိင္ျပီးရင္ ေနာက္တစ္ေနရာကိုေျပာင္းၾကမယ္"
မိတ္ကပ္အနည္းငယ္လိမ္းထားတဲ့ ဟူေရွာင္ဖုန္းက အင္တင္တင္ျဖင့္မတ္တပ္ရပ္ကာေမးလုိက္သည္
" ဒါဆိုယန္က်င္ရႊင္ကေရာ?"
ရွန္ေပၚဟန္က ျပန္မေျပာရေသးခင္မွာပဲ တံခါးကအတြန္းခံရျပီး ပြင့္သြားသည္။
ေခါင္မိုးထပ္ကိုသြားခဲ့တဲ့လူအနည္းငယ္ ျပန္လာၾကျပီ။
သူတို႔ၾကားမွာ ယန္က်င္ရႊင္မပါဘူး။
အဲ့လူေတြရဲ႕ ထူးဆန္းတဲ့အမူအရာေတြကုိျမင္ျပီး သူတုိ႔အားလံုးက အနည္းငယ္ထူးဆန္းေနပံုေပၚတာေၾကာင့္ ရွန္ေပၚဟန္မေနႏုိင္ဘဲ ေမးလိုက္ေတာ့သည္
" အျခားသူေတြေရာ ဘာျဖစ္သြားလဲ?"
ဟူေရွာင္ဖုန္းက ျပံဳးကာ "သူတကယ္ၾကီး ခုန္ခ်လုိက္တာလား?"
"မဟုတ္ဘူး" သူတို႔ထဲကတစ္ေယာက္ကေျပာရင္းနဲ႔ ဖုန္းကုိထုတ္ယူလိုက္ကာ ရွန္ေပၚဟန္ကုိကမ္းေပးလိုက္သည္။ ဖုန္းက ခုနကမွတ္တမ္းတင္ထားတဲ့ ေနာက္ပုိင္းဗီဒီယိုကိုျပသေနသည္။
ဗီဒီယိုထဲမွာ ယန္က်င္ရႊင္ရဲ႕ေအးစက္ျပီးသာယာနာေပ်ာ္ဖြယ္ရွိတဲ့ အသံကထြက္ေပၚေနကာ လင္လိကခုထိဘဝင္မက်ေသးဘူး
" အာ့ေရွာက္ မင္းရဲ႕စီနီယာအစ္ကုိၾကီးက ဘာမွားေနတာလဲ? သူကအျမဲမဝံ့မရဲနဲ႔ ရွက္ေနတာမဟုတ္ဘူးလား? ဘာလို႔သူ..."
ဘာလို႔သူက ေခါင္မိုးထိပ္ကေန အရမ္းကိုတည္တည္ျငိမ္ျငိမ္ဆင္းလာျပီး က်ီစယ္တဲ့အခြင့္အေရးကို လႊဲေျပာင္းယူလိုက္ကာ သူကိုယ္တုိင္ကအရွက္ရတဲ့သူျဖစ္သြားရတာလဲ?
လင္လိက ဒီဘဝမွာတစ္ခါမွ အခုလိုမ်ိဳးအရွက္မကြဲဖူးဘူး!
ရွန္ေပၚဟန္က ဗီဒီယိုထဲက ယန္က်င္ရႊင္ရဲ႕တည္ျငိမ္ေနတဲ့အသံကုိ နားေထာင္ေနသည္။
ဗီဒီယိုက ဖုန္းနဲ႔ရုိက္ထားတာေၾကာင့္ မၾကည္တဲ့အျပင္ အရမ္းလႈပ္ခါေနေပမယ့္ အဲ့တာက ကင္မရာထဲက ငယ္ရြယ္ေခ်ာေမာတဲ့လူရဲ႕အသြင္အျပင္ကုိ သက္ေရာက္မႈမရွိဘူး။
ယန္က်င္ရႊင္က ၾကည့္ေကာင္းတယ္။
ရွန္ေပၚဟန္လုိ မေရမတြက္ႏုိင္တဲ့လူေတြကို ျမင္ဖူးတဲ့သူကုိေတာင္ အံ့ၾသသြားေစတဲ့ ၾကည့္ေကာင္းမႈမ်ိဳး။
မဟုတ္ရင္ သူကသူ႔ကိုလံုးဝၾကည့္ခဲ့မွာမဟုတ္ဘူး။
အဲ့လူက အရမ္းကို မသိနားမလည္တတ္ဘဲ တြယ္ကပ္တာတာေတာ့ သနားစရာပဲ၊ သူ႔ကုိလည္း သူ႔သူငယ္ခ်င္းေတြၾကားမွာ မ်က္ႏွာပ်က္ေအာင္လုပ္ေသးတယ္။
ဒါေပမယ့္ ဗီဒီယိုထဲက ယန္က်င္ရႊင္က ... ဘာလို႔သူ႔ရဲ႕စရုိက္တစ္ခုလံုးက ကြဲျပားသြားသလုိမ်ိဳး သူခံစားမိတာလဲ?
လင္လိကေတာ့ ယန္က်င္ရႊင္ကို ဆဲဆုိေနတုန္းပင္။
ရွန္ေပၚဟန္က သူ႔အသံကအရမ္းကုိစူးရွတယ္လုိ႔ ခံစားမိတာေၾကာင့္ သူမေနႏုိင္ဘဲ ေမးလုိက္သည္
" ဒီေတာ့ မင္းေဇာက္ထုိးရပ္ခဲ့လား?"
လင္လိ : "......"
မင္းအဲ့တာကုိထပ္ေျပာလုိက္ၾကည့္စမ္း!
လင္မိသားစုက ရွန္မိသားစုထက္ပုိျပီးေတာ့မေကာင္းဘူး။ လင္လိက သခင္ငယ္ေလးဆုိေပမယ့္ ဒီေသးငယ္တဲ့အသိုင္းအဝိုင္းမွာေတာ့ သူကရွန္ေပၚဟန္ေရွ႕မွာ အျမီးကုပ္ေနရတုန္းပင္။ ပံုမွန္အားျဖင့္ သူကခုနကေခါင္မိုးထပ္မွာလိုမ်ိဳး မေမာက္မာရဲဘူး။
ရွန္ေပၚဟန္က ရုတ္တရပ္စိတ္လႈပ္ရွားလာကာ လင္လိရဲ႕ခံစားခ်က္ေတြကို အာရုံစိုက္မေနခ်င္ဘူး။ သူထပ္သာေမးလုိက္သည္
" ယန္က်င္ရႊင္က ဘယ္မွာလဲ?"
" ငါမသိဘူး။ သူကအရင္ေအာက္ထပ္ကို ဆင္းသြားတာပဲ၊ျပီးေတာ့ေပ်ာက္သြားတယ္။ ငါတုိ႔ေအာက္ကိုဆင္းလာေတာ့ မင္းအစ္ကုိၾကီးကုိ ျမင္လုိက္ရတာနဲ႔...ငါတုိ႔လုိက္ပတ္မၾကည့္ရဲေတာ့ဘဲ ျမန္ျမန္ျပန္လာခဲ့တာ!"
ေနာက္တစ္ေယာက္ကေျပာလုိက္သည္။
..............................❤
//Unicode//
Chapter1.2 <<ဆောရီး ထပ်မချစ်တော့ဘူး>>
" ဒါကHEမဟုတ်ဘူး။ အဆုံးမှာတော့ ဆန်ကုန်မြေလေးgongနဲ့ သူ့နောက်လိုက်တွေက ဗီလိန်ရဲ့သုတ်သင်ခြင်းခံလိုက်ရတယ်" စီနီယာဖေက အူကြောင်ကြောင်နဲ့ပြန်ဖြေမိပြီးနောက် ပြန်တုံ့ပြန်လာကာ စတင်ပူညံပူညံလုပ်တော့သည်။
" ဒါကHEလို့မင်းကိုဘယ်သူပြောလဲ? ဒါကသာHEဖြစ်နိုင်ရင် စာရေးဆရာက ဓားသွားအောက်မှာလည်စင်းခံနေရမယ်"
စီနီယာ2ရဲ့ အဟုန်ကအားနည်းသွားကာ
" ငါတောင်းပန်ပါတယ်၊ ဒါကစာအုပ်အဟောင်းတစ်ခုဆိုတာ ငါမေ့သွားတယ်။ ငါထင်လိုက်တာက အခုခေတ်အွန်လိုင်းဝတ္ထုတွေလို့..."
စီနီယာဖေ : " စတိုင်က မတူဘူး"
စီနီယာ2 : "..."
အဲ့အချိန်မှာ ကျင်ရွှင်ကလေးတွဲစွာအသက်ရှူနေရပေမယ့် စီနီယာနှစ်ယောက်ရဲ့စကားများနေမှုကြောင့် သူ့နှုတ်ခမ်းဖျားလေးတွေက ကော့တက်နေဆဲပင်။ ဒီလိုပေါ့ပါပြီး သက်ဝင်နေတဲ့လေထုအခြေအနေမျိုးကို သူကြိုက်သည်။ဒါကသူ့ကို အသက်ရှင်နေတယ်လို့ခံစားရစေသည်။ မရည်ရွယ်ပါဘဲ သူ့ရဲ့ပုစဉ်းရင်ကွဲသဏ္ဍာန်မျက်ခွံလေးက တုန်ယင်သွားကာ သူ့မသိစိတ်ကလည်း စတင်နစ်မြုပ်သွား၏။
နောက်ပိုင်း စီနီယာအစ်ကိုရဲ့ဇာတ်ကြောင်းကိုပြောပြနေတဲ့အသံကြားမှာ အိပ်မောကျသွားသည်။ ထုံးစံအတိုင်း သူသတိလစ်သွားခဲ့ရုံပဲဖြစ်နိုင်ပါသည်။ ဒါပေမယ့်လည်း သူ့မျက်လုံးတွေက ပြန်ဖွင့်လိုက်တဲ့အချိန် အရာအားလုံးကပြောင်းလဲသွားပြီ။
" ကြည့်စမ်း! တစ်စုံတစ်ယောက်က အဆောက်အဦးပေါ်ကနေခုန်ချတော့မယ်!"
သူနဲ့အရမ်းကိုနီးကပ်နေတဲ့ စူးရှတဲ့အသံကြောင့် ကျင်ရွှင်လန့်ဖျပ်သွားပြီး သူ့မျက်ခွံတွေကို ဖွင့်ဖို့တွန်းအားပေးလိုက်ရသည်။ သူ့မျက်လုံးတွေပွင့်သွားတဲ့အချိန်က မမျှော်လင့်ထားစွာပဲ သူကဒုတိယထပ်ရဲ့အမိုးပေါ်မှာရပ်နေတာကို တွေ့လိုက်ရသည်။
ကောင်းကင်ယံမှာ မုန်တိုင်းတစ်ခုကိုအစပျိုးနေသည်။ ညလေက အနည်းငယ်အေးနေပြီး ကျင်ရွှင်ရဲ့ပိန်ပိန်ပါးပါးကိုယ်ခန္ဓာကလည်း လေနှင်ရာလွင့်နေသည်။
ရှေ့ကိုတစ်လှမ်းတိုးလိုက်ရင်ပဲဖြစ်ဖြစ် ရှေ့ကိုနည်းနည်းလောက်ယိုင်သွားရင်ပဲဖြစ်ဖြစ် ဒီနေရာကနေတိုက်ရိုက်ပြုတ်ကျသွားမှာပင်။
......
ကျင်ရွှင်က အမြင့်ကိုမကြောက်ပေမယ့် အနောက်ကိုတော့ပြန်ဆုတ်လိုက်၏။
ဘာလို့လဲဆိုတော့ ဒါကမဖြစ်နိုင်လို့ပဲ၊
ဒီအခြေအနေကြီးက ဖြစ်နိုင်ချေမရှိဘူး။
သူ့ရဲ့ပျက်စီးနေတဲ့ကိုယ်ခန္ဓာက လေဒဏ်ကိုလုံးဝမတောင့်ခံနိုင်သလို ဒီလိုနေရာကိုသူ့တစ်ယောက်လည်း ပေးလာမှာမဟုတ်သလို ဒီလိုခေါင်မိုးထပ်ကို သူ့ကိုလုံးဝလာခွင့်ပြုမှာမဟုတ်ဘူး။
ဒါဆို ဒါကဘယ်လိုဖြစ်လို့...?
" ငါယွမ်တစ်ရာလောင်းတယ်၊ သူခုန်ချမှာမဟုတ်ဘူး"
ဒါကခေါင်မိုးထပ်ပေမယ့်လည်း ကျင်ရွှင်ရဲ့ပတ်ဝန်းကျင်က မမျှောင်လင့်စွာပဲ ဗလာကျင်းမနေဘူး။
ဆန့်ကျင်ဘက်ပါပဲ ပတ်ပတ်လည်မှာလူတွေရှိနေသည်။
ကောင်လေးအချို့နဲ့ ကောင်မလေးအချို့က သူတို့ရဲ့မိုဘိုင်းဖုန်းတွေကိုကိုင်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့သူ့ကိုရိုက်ကူးနေကြသည်။
"ဟီးဟီး မင်းတော့ရှုံးတော့မယ်၊ ယန်ကျင်ရွှင်က ငါတို့ရဲ့ဒုတိယသခင်လေးကို သေမတတ်ချစ်နေတာကို မသိတဲ့သူဘယ်သူရှိလို့လဲ? အဲ့တော့သူ့ရဲ့ခံစားချက်တွေကို သက်သေပြဖို့ ဒုတိယထပ်ကနေခုန်ချတာ မပြောပလောက်ပါဘူး ဟုတ်တယ်မလား? သူအခုချက်ချင်း ခုန်ချမယ်လို့ငါလောင်းတယ်! သူမခုန်ချဘူးဆိုရင် ငါဇောက်ထိုးနေပြီး ချီးစားပြမယ်!"
အဲ့လူကအဲ့စကားကို အလွန်ကျယ်ကျယ်လောင်လောင်ပြောလိုက်တာက တစ်ဖက်လူကို ကိုယ့်ကိုကိုယ်သတ်သေအောင် တမင်သက်သက်လှုံ့ဆော်ပေးနေသလိုပင်။
ကျင်ရွှင်မျက်မှောင်ကြုတ်ကာ သိပ်မဝေးတဲ့နေရာက စကားပြောနေတဲ့လူငယ်အနည်းစုကို ကြည့်ဖို့ရန်တစ်ဖက်ကိုလှည့်လိုက်သည်။
တစ်စုံတစ်ယောက်ရဲ့ဘဝကို ပြက်လုံးအနေနဲ့ယူဆနေကြတဲ့ ဒီလိုအပြုအမူမျိုးကို သူမနှစ်ခြိုက်လေဘူး။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဘာတွေဖြစ်ပျက်နေမှန်း သူအကြမ်းဖျင်းနားလည်သွားလေပြီ။
__စီနီယာအခုလေးတင် သူ့ကိုပြောပြနေတဲ့ဝတ္ထုထဲက ဇာတ်ဆောင်ကို ယန်ကျင်ရွှင်လို့ခေါ်တယ်။
ပြီးတော့ ဇာတ်ဆောင်gongက ချမ်းသာတဲ့ဒုတိယမျိုးဆက်လည်းဖြစ်၊ သူ့မိသားစုမှာလည်း ဒုတိယသားဖြစ်တာမို့ သူ့ကိုတခြားသူတွေက ရံဖန်ရံခါ ဒုတိယသခင်လေးလို့ခေါ်ကြတယ်
...............
သူက စာအုပ်ထဲကူးပြောင်းသွားပြီးတော့ သူနဲ့နာမည်ဆင်တဲ့ ဇာတ်ဆောင်Shou ယန်ကျင်ရွှင်ဖြစ်လာတာပဲ။
ဒီလိုသိပ္ပံနည်းမကျတဲ့အရာက ဘယ်လိုဖြစ်ပျက်သွားမှန်း ကျင်ရွှင်လည်းနားမလည်လေဘူး။
ဒါပေမယ့် စီနီယာဖေရဲ့ညက်ညောတဲ့အသံက အဲ့အခိုက်အတန့်မှာ သူ့စိတ်ထဲမြည်ဟီးလာသည် __
" All for love"က စံပြဆန်ကုန်မြေလေးဝတ္ထုတစ်ပုဒ်ပင်။ အကျဉ်းချုပ်ရရင် ဆန်ကုန်မြေလေးgongက shouကို အကြိမ်ထောင်သောင်းမက အနိုင်ကျင့်စော်ကားခဲ့ပေမယ့် အချစ်ဦးလိုဆက်ဆံနေတုန်းပင်။
ပထမအပိုင်းအနည်းငယ်က သာမန်ဖြစ်ဆဲပင်: အချို့သောအကြောင်းအရင်းတွေကြောင့် ဆင်းရဲဟန်ဆောင်ထားတဲ့ဆန်ကုန်မြေလေးgongက ကျောင်းမှာလှပခမ်းနားတဲ့စီနီယာတစ်ယောက်နဲ့ ဆုံခဲ့တယ်။ အဲ့နောက်တော့ သူကအချစ်ကိုဟန်ရေးပြပြီး အဲ့စီနီယာနောက်ကို အရိုင်းဆန်စွာစတင်လိုက်ပိုးတော့သည်။
ဒါပေမယ့် အဓိကဇာတ်ဆောင်shouဖြစ်တဲ့ စီနီယာက gongကြောင့် ရင်ထဲလှုပ်ခတ်သွားပြီးနောက်မှာ ဇာတ်လမ်းက ဆိုးရွားတဲ့အလှည့်အပြောင်းကို စတင်တော့သည်။ စာရေးဆရာက ဆန်ကုန်မြေလေးgongက shouကို ဘယ်လောက်တောင်မမြတ်နိုးကြောင်းကို ဖော်ပြဖို့ သုံးနိုင်သမျှ စကားလုံးကြွယ်ဝစွာသုံးခဲ့ပြီး shouကခံစားချက်နဲ့ပတ်သက်ပြီး ခေါင်းမာကာ ဘယ်လိုဇွဲကောင်းပုံကိုလည်းဖော်ပြခဲ့သည်။
ပြီးတော့ အခုကျင်ရွှင်ရောက်လာတဲ့အဖြစ်အပျက်က ဆန်ကုန်မြေလေးgongက စတင်ပြီးပျင်းရိသလိုခံစားလာကာ shouရဲ့ရှေ့မှာ ဆင်းရဲသလိုဟန်ဆောင်ရတာကို ငြီးငွေ့နေတဲ့ ဇာတ်ကြောင်းဖြစ်လိမ့်မည်။ ဒီမတိုင်ခင်က သူ့ရဲ့ဟန်ဆောင်မှုတွေကိုရော ကျိုးကြောင်းမဆီလျော်တဲ့ အရူးအမူးဖြစ်မှုတွေကိုရော သူအကုန်ခွာချခဲ့တယ်--
ပေါ့ပျက်ပျက်gongက shouအပေါ်ကို ခံစားချက်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုကို စတင်လုပ်ဆောင်နေခဲ့ပြီး ဘားမှာသူ့သူငယ်ချင်းတွေနဲ့ ကစားရင်ကစား မဟုတ်ရင်လျှောက်လည်ပတ်နေတတ်သည်။ Shouက အဲ့တာကို လျစ်လျူမရှုရက်နိုင်ဘဲ ဒီကနေ့သတ္တိမွေးကာ ဆန်ကုန်မြေလေးgongကို လာရှာခဲ့ပေမယ့် တစ်ဖက်လူက သူ့ကိုလူတိုင်းရဲ့အရှေ့မှာ လမ်းခွဲချင်ခဲ့သည်။
ပြီးနောက်ဆန်ကုန်မြေလေးgongရဲ့ သူငယ်ချင်းတစ်သိုက်က သူ့ကိုဖိအားပေးကာ လှောင်ပြောင်သရော်ခဲ့ကြသည်။
ပြီးခဲ့တဲ့အဖြစ်အပျက်ကို ဆန်ကုန်မြေလေးgongက လူပုံအလယ် သူ့သူငယ်ချင်းတွေရဲ့အရှေ့မှာ ပြုလုပ်ခဲ့တာမို့ သူ့သူငယ်ချင်းတွေရဲ့မျက်လုံးထဲမှာ ယန်ကျင်ရွှင်က " အရှက်မရှိတဲ့ အောက်တန်းစားပစ္စည်း"၊ " ဒုတိယသခင်လေးရဲ့ရှေ့မှာဆို ဂုဏ်သိက္ခာမရှိတဲ့ ခွေးတစ်ကောင်" ဖြစ်သည်။
သူက ဆန်ကုန်မြေလေးgongနဲ့ မဆုံခင်က အဓိကဇာတ်ဆောင်shouက သူ့မျက်နှာကိုတန်ဖိုးထားပြီး ဂုဏ်သိက္ခာကို အမြတ်နိုးဆုံးဖြစ်တဲ့ ဒီတိုင်းဆင်းရဲရိုးသားတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယောက်ဖြစ်တာမို့ ရလဒ်အနေနဲ့ သူကဒီလိုမျိုးလှောင်ပြောင်မှုတွေကို ဘယ်လိုများတောင့်ခံနိုင်မှာလဲ?
ဒါ့အပြင် သူကြိုက်ခဲ့တဲ့လူရဲ့သူငယ်ချင်းတွေက သူ့ကိုလှောင်ပြောင်နေတာကို သူကြိုက်တဲ့သူက တမင်သက်သက်လျစ်လျူရှုကာ ကြည့်နေတဲ့ဆိုတဲ့အချက်က မူလကိုယ်ကို ဆန်ကုန်မြေလေးgongရဲ့ ရုတ်ခြည်းအပြောင်းအလဲတွေကြောင့် ရှော့ခ်ရသွားစေသည်။ သူ့စိတ်ကရောက်ယက်ခတ်နေကာ ခေါင်းမိုးစွန်းဆီကို တည့်တည့်မတ်မတ်လျှောက်သွားတော့၏။
ကျင်ရွှင်နောက်ပိုင်းဇာတ်ကြောင်းကို သတိရသွားသည်။ ဆန်ကုန်မြေလေးgongရဲ့ သူငယ်ချင်းတစ်စုက ဒီဇာတ်ကောင်နောက်ကိုလိုက်ကာ သူ့ကိုဆက်လက်ပြီးလှောင်ပြောင်ခဲ့ကြသည်။ သူက အဲ့တာကိုအမှန်တကယ် တောင့်ခံနိုင်စွမ်းမရှိတော့တာကြောင့် တကယ်ပဲခုန်ချခဲ့သည်။
ကံကောင်းထောက်မစွာနဲ့ ဘားက နှစ်ထပ်ပဲရှိသည်။ ခုန်ချလိုက်တဲ့ ယန်ကျင်ရွှင်က သူ့လက်မောင်းကျိုးသွားပေမယ့် အသက်အန္တရာယ်တော့မရှိခဲ့ဘူး။
သို့သော်ငြား တစ်စုံတစ်ယောက်က ရှန်မိသားစုက ဒုတိယသခင်လေးအတွက် အဆောက်အဦးပေါ်က ခုန်ချခဲ့တယ်ဆိုတဲ့သတင်းက ချမ်းသာတဲ့ဒုတိယမျိုးဆက်အသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားခဲ့သည်။
အဲ့နောက် ကျင်ရွှင်က ရှန်ပေါ်ဟန်ကို အရမ်းကိုချစ်တာမို့ သူ့ကိုယ်ပိုင်ဘဝကိုတောင်အရေးမထားဘူးဆိုပြီး လူတိုင်းကသိကုန်ကြသည်။
အဲ့တည်းက ယန်ကျင်ရွှင်က Dragonမြို့တော်မှာ လူသိများတဲ့ဈေးပေါတဲ့shouတစ်ယောက်ဖြစ်လာသည်။
ဒါက ဆန်ကုန်မြေလေးgongကြိုးကိုင်ခြယ်လှယ်ခဲ့တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မူလကိုယ်က ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။
......
" ဟေး ယန်ကျင်ရွှင် မင်းခုန်ချမှာလား မခုန်ချဘူးလား?"
" သူခုန်ချရဲမယ်လို့ မင်းတကယ်ထင်နေတာာလား? သူကဒုတိယသခင်လေးရဲ့အာရုံစိုက်မှုကို ရဖို့အဲ့မှာရပ်နေရုံပါပဲကွာ။ ယန်ကျင်ရွှင်ရေ အခုမင်းတကယ်လက်လျှော့တော့မှာလား? မင်းအဲ့မှာရပ်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ? ဒုတိယသခင်လေးက ရောက်မလာဘူးလေ"
" သူခုန်ချမယ်လို့ငါယုံတယ် ငါတို့ရဲ့တည်ကြည်လေးနက်တဲ့စီနီယာယန်က အဲ့တာကို ရှိုးပြဖို့လုပ်ရုံပဲဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ? အဆောက်အဦးပေါ်ကနေ ခုန်ချမှ မင်းကောင်လေးရဲ့အာရုံစိုက်မှုကို ရနိုင်မှာနော်။ ဒါကအရမ်းအရှက်မဲ့တာပဲ ဟားဟားဟား!"
လေအေးဖျော့ဖျော့လေးက သူ့နားကိုဖြတ်တိုက်သွားပြီး ကျင်ရွှင်ကရုတ်ခြည်းအနောက်ကိုလှည့်ကာ သူ့မျက်လုံးတွေကသူ့ကိုအလောင်းအစားလုပ်ဖို့ အသုံးချနေတဲ့လူအနည်းငယ်ကို တိုက်ရိုက်ကြည့်လိုက်ပြီး သူ့ရဲ့အေးစက်နေတဲ့အမူအရာကို လုံးဝလှစ်ဟပြလိုက်သည်။
သူကအရမ်းရုတ်တရပ်နိုင်စွာ အနောက်ကိုလှည့်လိုက်တော့ မျက်နှာချင်းဆိုင်က တွတ်တွတ်ထိုးနေတဲ့လူငယ်တွေက အနောက်ကိုဆုတ်သွားမိကြသည်။
--ယန်ကျင်ရွှင်က သူတို့ရဲ့အသိုင်းအဝိုင်းမှာဝင်ဆံ့နိုင်အောင် တည်ငြိမ်ကာ သဘာဝကျတဲ့ပုံရိပ်ကို အမြဲကြိုးစားထိန်းသိမ်းခဲ့သည်။
ဒါပေမယ့် ဒီလူတွေက အထက်တန်းစားအသိုင်းအဝိုင်းထဲမှာ ကြီးပြင်းခဲ့တာပင်။ သူတို့က ရိုးရိုးကောလိပ်ကျောင်းသားတွေထက် ကမ္ဘာကြီးအကြောင်းကို ပိုသိကြသည်။ ယန်ကျင်ရွှင်က သူတို့နဲ့တူတူရှိဖို့ကြိုးစားနေတဲ့တစ်လျှောက်မှာ သူကစိတ်လှုပ်ရှားပြီး တောင့်တင်းနေတာကို တစ်ချက်ကြည့်ရုံနဲ့သူတို့ပြောနိုင်သည်။
ဒါကဘာလို့သူတို့ ယန်ကျင်ရွှင်ကို ဒီလောက်ပေါ်တင်အနိုင်ကျင့်ရဲတာလဲဆိုတာပင်။
သူတို့ရဲ့မျက်လုံးထဲမှာ ယန်ကျင်ရွှင်က ဒုတိယသခင်လေးကိုစိတ်ကျေနပ်စေဖို့ ရောက်လာခဲ့တဲ့ကစားစရာအရုပ်လေးထက် မပိုပေ။ သူက သူတို့နဲ့တူညီတဲ့အဆင့်အတန်းမှာ ရှိမနေဘူး ဒုတိယသခင်လေးဆိုပိုဆိုးတာပေါ့။
ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ...?
ကျင်ရွှင်က ပြန်ကြည့်လိုက်တဲ့အခိုက်အတန့်မှာ မူလကိုယ်ရဲ့စိတ်လှုပ်ရှားမှုနဲ့ ရှက်ရွံ့မှုတွေက ပပျောက်ကုန်သည်။
သူဘာမှလုပ်စရာမလိုဘူး တည်ငြိမ်တဲ့အမူအရာနဲ့ ထက်ရှတဲ့မျက်လုံးတွေနဲ့တင် လက်ရှိရှိနေတဲ့လူတိုင်းကို ဖိနှိပ်နိုင်ဖို့လုံလောက်သည်။
သူ့အဝတ်အစားတွေနဲ့ သူ့အသွင်အပြင်ကမပြောင်းလဲသွားဘူး၊ သူကရိုးရိုးရှင်းရှင်းလေးပဲ လှည့်လိုက်တယ်ဆိုပေမယ့် သူကြည့်ရတာ မြင့်မြတ်သားတော်အစစ်အမှန်ပုံပေါက်နေသည်။
ဒီလူတွေက အဆောက်အဦးပေါ်ကနေခုန်ချတဲ့ အကျိုးဆက်ကို သဘောမပေါက်ကြဘဲ သူတို့ကမူလကိုယ်ကိုလှောင်ပြောင်ပြီး အရှက်ရအောင်လုပ်ချင်ခဲ့တာ။
ဒါပေမယ့် ဘဝကူးပြောင်းလာပြီး သေခြင်းတရားကို ကလေးဘဝတည်းက အကြိမ်များစွာတွေ့ကြုံခဲ့ရပြီး ပြင်းပြင်းထန်ထန်ရှင်သန်လိုစိတ်ပြင်းပြတဲ့ ကျင်ရွှင်အတွက်တော့ ဒီလိုနောက်ပြောင်ကျီစယ်မှုမျိုးက အရမ်းများလွန်းသွားပြီ။
သူ လူအနည်းငယ်ရဲ့ရှေ့ကို တိုက်ရိုက်ပဲလျှောက်သွားကာ လူတိုင်းက ကြောင်အနေတဲ့အချိန် သူ့ကိုအခုလေးတင်အလောင်းအစားလုပ်လိုက်တဲ့ လူဆီရောက်သွားသည်။
"မင်းရှုံးသွားပြီ"
"ဘာကြီး?" အဲ့လူက ရှင်းလင်းစွာမတုံ့ပြန်နိုင်ဘူး။
ကျင်ရွှင်က ဂရုစိုက်မနေဘူး။
သူက အဲ့လူကိုစိတ်ရှည်စွာငုံ့ကြည့်ကာ သူ့ကိုသတိပေးလိုက်သည်
" သခင်လေးလင် မင်းကိုယ့်ဘာသာပြောခဲ့တာလေ ငါမခုန်ချဘူးဆိုရင် မင်းဇောက်ထိုးနေပြီးတော့..."
ကျင်ရွှင်က အနည်းငယ်ရပ်တန့်သွားသည်။ ကလေးဘဝတည်းက နိုင်ငံတော်ကနေပျိုးထောင်ပေးခဲ့တဲ့ အရည်အချင်းပြည့် အထက်တန်းစားတစ်ယောက်အနေနဲ့ သူအဲ့လိုမျိုးအောက်တန်းကျတဲ့ စကားလုံးမျိုးကို မပြောဆိုနိုင်ဘူး။
" ငါက တစ်စုံတစ်ယောက်အတွက် အဲ့လိုမျိုးမိုက်မဲတဲ့အရာကို လုပ်လိမ့်မယ်လို့ ဘယ်သူကမှတကယ်မထင်ကြဘူးမလား?" ကျင်ရွှင်ရဲ့ အကြည့်ကပြောင်းသွားက သူလူအုပ်စုကိုစိုက်ကြည့်လိုက်သည်။ သူတို့ရဲ့မျက်လုံးထဲက အလွန်အံ့သြနေမှုကို သူမြင်လိုက်ရသည်။
"ဒါ့အပြင်...ဆောရီးပါ၊ ငါဒုတိယသခင်လေးကို ထပ်ပြီးမချစ်တော့ဘူး"
အခြားလူတွေ တုံ့ပြန်လာတာကိုစောင့်နေခြင်းမရှိဘဲ ကျင်ရွှင်က ပျော်ပျော်ရွှင်ရွှင်ပြုံးပြကာ
" အဲ့တော့ သခင်လေးလင်...လူအများကြီးက သူတို့ဖုန်းနဲ့သက်သေကို မှတ်တမ်းတင်ထားတာနော်၊ မင်းရဲ့စကားတွေကို မင်းပြန်ရုပ်သိမ်းလို့မရဘူးလေ"
ကျင်ရွှင်ရဲ့စကားလုံးတွေ ထွက်လာတာနဲ့ လူတိုင်းကအူလှိုက်သည်းလှိုက်ရယ်မောကြတော့သည်။
လင်လိတို့အုပ်စုအပြင် နိုက်ကလပ်ကို ပိုက်ဆံဖြုန်းပြီးပျော်စရာလာရှာတဲ့လူတွေလည်း ရှိသည်။ တစ်စုံတစ်ယောက်က အဆောက်အဦးပေါ်ကနေ အချစ်အတွက်ခုန်ချမယ်ဆိုတာကိုကြားပြီး သူတို့ကစိတ်လှုပ်ရှားစရာကောင်းတာကို ကြည့်ဖို့အတွက်တက်လာကြတာဖြစ်သည်။
"မင်း..."
လင်လိကဒါကိုလက်မခံနိုင်ဘူး။ ရှန်အာ့ရှောက်ကိုမျက်နှာလုပ်ဖို့အတွက် သူတို့ကိုအမြဲယဉ်ယဉ်ကျေးကျေးပြုံးပြလေ့ရှိတဲ့ ယန်ကျင်ရွှင်က သူ့ကို...ဒီလိုဆက်ဆံရဲတယ်ပေါ့!
( အာ့ရှောက်-ဒုတိယသခင်လေး)
အရင်ကဆို ယန်ကျင်ရွှင်က သူတို့ကိုတည့်တည့်တောင်မကြည့်ရဲဘူးလေ! ဒီလိုမျိုး ပြန်ပြီးရန်မူဖို့ကတော့ ပြောမနေနဲ့တော့...
သခင်လေးလင်က မထိန်းထားနိုင်ဘဲအော်လိုက်သည်
" မင်းရူးသွားတာလား!?"
" ဒါပေမယ့် မင်းအဲ့တာကိုလုပ်တဲ့အခါကျရင် ဘယ်သူမှမရှိတဲ့နေရာကို သွားတာကအကောင်းဆုံးပဲ။ အဲ့တာကမှတ်တမ်းတင်ထားဖို့ မကောင်းဘူးလေ။ အဆုံးမှာတော့..."
ကျင်ရွှင်က သူ့ဒေါသကိုလျစ်လျူရှုကာ တခစ်ခစ်ရယ်မောပြီး
" အဲ့တာကအရမ်းကို မတော်တရော်ဖြစ်လွန်းတယ်လေ"
*
ကျင်ရွှင် ခုန်ချတာကိုသွားရောက်ကြည့်ရှုတဲ့လူတွေကလွဲလို့ ဘားရဲ့ပထမထပ်အခန်းတစ်ခုဝယ် ရှန်ပေါ်ဟန်ရဲ့ဘေးမှာလူအနည်းငယ်ပတ်လည်ဝိုင်းကာ ထိုင်နေကြသည်။
" ဒုတိယသခင်လေး မစိုးရိမ်ပါနဲ့။ ဘာကိုအချစ်အတွက်သေမှာလဲ ပေါက်တတ်ကရတွေ၊ ဘယ်သူမှသေမှာမဟုတ်သလို ဘာမှဖြစ်မှာမဟုတ်ပါဘူး" တစ်စုံတစ်ယောက်က သူ့ကိုဖျောင်းဖျလိုက်သည်။
အခြားတစ်ဖက်မှာတော့ မိတ်ကပ်နည်းနည်းပါးပါးလိမ်းထားတဲ့ ကနွဲ့ကလျကောင်ငယ်လေးတစ်ယောက်က ရှန်ပေါ်ဟန်ကိုကပ်တွယ်ကာ သရော်လိုက်သည်
" ပေါက်တတ်ကရတွေပြောမနေနဲ့။ ဒုတိယသခင်လေးက ဘယ်လိုလုပ်ပြီး သူ့ကိုစိုးရိမ်မှာလဲ? အဲ့တာက ဒီတိုင်းစိတ်ရှုပ်စရာကစားစရာလေးတစ်ခုပါပဲ။ ဟုတ်တယ်မလား? အာ့ရှောက်"
ရှန်ပေါ်ဟန်က မူလကတော့ အပေါ်လိုက်တက်သွားကာ တစ်ချက်လောက်ကြည့်ချင်ပေမယ့် အခြားလူတွေကခုလိုပြောလိုက်တော့ အဲ့တာကဒီတိုင်းကစားစရာထက်မပိုတော့ဘူး။
ယန်ကျင်ရွှင်က အဆောက်အဦးပေါ်ကနေ ခုန်ချမယ်ကြားလို့ သူကချက်ချင်းသွားစစ်ဆေးကြည့်မယ်ဆိုရင် အဲ့တာကအရမ်းသိသာပုံပေါ်သွားလောက်တယ်မလား...
ဘယ်လိုပဲဖြစ်ဖြစ် ဘာဖြစ်နိုင်မှာမို့လဲ?
ဆိုဖာပေါ်ကို ပစ်ထိုင်လိုက်ရင်း ရှန်မိသားစုကဒုတိယသခင်လေးက သူ့ခြေထောက်တွေကို ဆန့်ထုတ်ကာ ဂရုမစိုက်တဲ့လေသံနဲ့တမင်ဟန်ဆောင်ကာပြောလိုက်သည်
" သူ့ကိုငါ့ဆီမလာခဲ့နဲ့လို့ပြောထားလိုက်။ ခေါင်မိုးထပ်ဆီသွားလို့ ဘာဖြစ်မှာမို့လဲ? ကျစ်"
" အဲ့တာမှန်တယ်" တစ်ဖက်က နှစ်လိုဖွယ်ကောင်လေးက ပဲ့တင်သံလို လိုက်ပြောသည်။
"ဒါ့အပြင် ငါ့အစ်ကိုကြီးက ဒီညလာမှာ၊ ငါတို့တွေသာသူနဲ့တိုးမိခဲ့ရင်..." ရှန်ပေါ်ဟန်က အဲ့တာကိုဆက်မပြောချင်တာမို့ သူ့စိတ်ကိုပြောင်းကာ
" ဟူရှောင်ဖုန်း သူတို့ကိုသွားပြန်ခေါ်လိုက်။ ဒီမှာခဏလောက်ထိုင်ပြီးရင် နောက်တစ်နေရာကိုပြောင်းကြမယ်"
မိတ်ကပ်အနည်းငယ်လိမ်းထားတဲ့ ဟူရှောင်ဖုန်းက အင်တင်တင်ဖြင့်မတ်တပ်ရပ်ကာမေးလိုက်သည်
" ဒါဆိုယန်ကျင်ရွှင်ကရော?"
ရှန်ပေါ်ဟန်က ပြန်မပြောရသေးခင်မှာပဲ တံခါးကအတွန်းခံရပြီး ပွင့်သွားသည်။
ခေါင်မိုးထပ်ကိုသွားခဲ့တဲ့လူအနည်းငယ် ပြန်လာကြပြီ။
သူတို့ကြားမှာ ယန်ကျင်ရွှင်မပါဘူး။
အဲ့လူတွေရဲ့ ထူးဆန်းတဲ့အမူအရာတွေကိုမြင်ပြီး သူတို့အားလုံးက အနည်းငယ်ထူးဆန်းနေပုံပေါ်တာကြောင့် ရှန်ပေါ်ဟန်မနေနိုင်ဘဲ မေးလိုက်တော့သည်
" အခြားသူတွေရော ဘာဖြစ်သွားလဲ?"
ဟူရှောင်ဖုန်းက ပြုံးကာ "သူတကယ်ကြီး ခုန်ချလိုက်တာလား?"
"မဟုတ်ဘူး" သူတို့ထဲကတစ်ယောက်ကပြောရင်းနဲ့ ဖုန်းကိုထုတ်ယူလိုက်ကာ ရှန်ပေါ်ဟန်ကိုကမ်းပေးလိုက်သည်။ ဖုန်းက ခုနကမှတ်တမ်းတင်ထားတဲ့ နောက်ပိုင်းဗီဒီယိုကိုပြသနေသည်။
ဗီဒီယိုထဲမှာ ယန်ကျင်ရွှင်ရဲ့အေးစက်ပြီးသာယာနာပျော်ဖွယ်ရှိတဲ့ အသံကထွက်ပေါ်နေကာ လင်လိကခုထိဘဝင်မကျသေးဘူး
" အာ့ရှောက် မင်းရဲ့စီနီယာအစ်ကိုကြီးက ဘာမှားနေတာလဲ? သူကအမြဲမဝံ့မရဲနဲ့ ရှက်နေတာမဟုတ်ဘူးလား? ဘာလို့သူ..."
ဘာလို့သူက ခေါင်မိုးထိပ်ကနေ အရမ်းကိုတည်တည်ငြိမ်ငြိမ်ဆင်းလာပြီး ကျီစယ်တဲ့အခွင့်အရေးကို လွှဲပြောင်းယူလိုက်ကာ သူကိုယ်တိုင်ကအရှက်ရတဲ့သူဖြစ်သွားရတာလဲ?
လင်လိက ဒီဘဝမှာတစ်ခါမှ အခုလိုမျိုးအရှက်မကွဲဖူးဘူး!
ရှန်ပေါ်ဟန်က ဗီဒီယိုထဲက ယန်ကျင်ရွှင်ရဲ့တည်ငြိမ်နေတဲ့အသံကို နားထောင်နေသည်။
ဗီဒီယိုက ဖုန်းနဲ့ရိုက်ထားတာကြောင့် မကြည်တဲ့အပြင် အရမ်းလှုပ်ခါနေပေမယ့် အဲ့တာက ကင်မရာထဲက ငယ်ရွယ်ချောမောတဲ့လူရဲ့အသွင်အပြင်ကို သက်ရောက်မှုမရှိဘူး။
ယန်ကျင်ရွှင်က ကြည့်ကောင်းတယ်။
ရှန်ပေါ်ဟန်လို မရေမတွက်နိုင်တဲ့လူတွေကို မြင်ဖူးတဲ့သူကိုတောင် အံ့သြသွားစေတဲ့ ကြည့်ကောင်းမှုမျိုး။
မဟုတ်ရင် သူကသူ့ကိုလုံးဝကြည့်ခဲ့မှာမဟုတ်ဘူး။
အဲ့လူက အရမ်းကို မသိနားမလည်တတ်ဘဲ တွယ်ကပ်တာတာတော့ သနားစရာပဲ၊ သူ့ကိုလည်း သူ့သူငယ်ချင်းတွေကြားမှာ မျက်နှာပျက်အောင်လုပ်သေးတယ်။
ဒါပေမယ့် ဗီဒီယိုထဲက ယန်ကျင်ရွှင်က ... ဘာလို့သူ့ရဲ့စရိုက်တစ်ခုလုံးက ကွဲပြားသွားသလိုမျိုး သူခံစားမိတာလဲ?
လင်လိကတော့ ယန်ကျင်ရွှင်ကို ဆဲဆိုနေတုန်းပင်။
ရှန်ပေါ်ဟန်က သူ့အသံကအရမ်းကိုစူးရှတယ်လို့ ခံစားမိတာကြောင့် သူမနေနိုင်ဘဲ မေးလိုက်သည်
" ဒီတော့ မင်းဇောက်ထိုးရပ်ခဲ့လား?"
လင်လိ : "......"
မင်းအဲ့တာကိုထပ်ပြောလိုက်ကြည့်စမ်း!
လင်မိသားစုက ရှန်မိသားစုထက်ပိုပြီးတော့မကောင်းဘူး။ လင်လိက သခင်ငယ်လေးဆိုပေမယ့် ဒီသေးငယ်တဲ့အသိုင်းအဝိုင်းမှာတော့ သူကရှန်ပေါ်ဟန်ရှေ့မှာ အမြီးကုပ်နေရတုန်းပင်။ ပုံမှန်အားဖြင့် သူကခုနကခေါင်မိုးထပ်မှာလိုမျိုး မမောက်မာရဲဘူး။
ရှန်ပေါ်ဟန်က ရုတ်တရပ်စိတ်လှုပ်ရှားလာကာ လင်လိရဲ့ခံစားချက်တွေကို အာရုံစိုက်မနေချင်ဘူး။ သူထပ်သာမေးလိုက်သည်
" ယန်ကျင်ရွှင်က ဘယ်မှာလဲ?"
" ငါမသိဘူး။ သူကအရင်အောက်ထပ်ကို ဆင်းသွားတာပဲ၊ပြီးတော့ပျောက်သွားတယ်။ ငါတို့အောက်ကိုဆင်းလာတော့ မင်းအစ်ကိုကြီးကို မြင်လိုက်ရတာနဲ့...ငါတို့လိုက်ပတ်မကြည့်ရဲတော့ဘဲ မြန်မြန်ပြန်လာခဲ့တာ!"
နောက်တစ်ယောက်ကပြောလိုက်သည်။