Until death
❄15❄
[ဆရာတစ်ယောက်ပဲ]
ရွှမ်းယင်ရဲ့ ကျန်ရှိနေတဲ့ ဝိညာဥ်နှစ်ခုက စွမ်းအားကောင်းလှသည်။ သူ့မှာ ဝိညာဥ် သုံးခုရှိတဲ့အကြောင်း တခြားလူကို မပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ဒါက လျှိုဝှက်ထားနိုင်လေ ကောင်းလေပဲလို့ သူထင်၏။
ဤသို့နှင့် ညနေပိုင်းကို ရောက်တဲ့အခါ ရွှမ်းယင်ရဲ့ အိပ်ဆောင်တံခါးကို အပြင်ဘက်ကနေ ခေါက်နေသံ ကြားလိုက်ရသည်။ ရွှမ်းယင် တစ်နေ့လုံး တင်ပျဥ်ခွေထိုင် စွမ်းအင်ကျင့်နေခဲ့ပြီး ခန္ဓာကိုယ်ထဲက ချိတ်ပိတ်ထားတဲ့ အစီအရင်ကို ဖျက်စီးဖို့ ကြိုးစားနေလေသည်။
သို့သော် အစီအရင်က သူမမြင်ဖူး မထိတွေ့ဖူးတဲ့ စွမ်းအားတွေ ပါဝင်တာကြောင့် သူပထမဆုံး ဒီအရာကို သေသေချာချာ လေ့လာဖို့ လိုအပ်နေပြီ။
"ရှစ်ဇွင်း....."
ရွှမ်းယင် တံခါးဖွင့်ပေးလိုက်သည်။ ချီးစီက သပ်သပ်ရပ်ရပ် ဝတ်စားလျက် တံခါးရှေ့မှာ ရပ်နေ၏။
"ရှစ်ဇွင်း ကျွန်တော်တို့ သွားကြည့်ရအောင်လေ... အရင်ဆုံး ရှစ်ဇွင်းရဲ့ ပုံစံကို ပြောင်းခဲ့ရလိမ့်မယ်"
"အင်း"
ရွှမ်းယင် ခေါင်းညိတ်ပြီး ကိုယ်ကိုတစ်ပတ် လှည့်လိုက်တဲ့အခါ အဝတ်အစားက အဖြူရောင် ၊ ဆံပင်နဲ့ မျက်ဝန်းကလည်း အနက်ရောင်အဖြစ် ပြောင်းလဲသွား၏။ ရွှမ်းယင် တစ်ခါမှ မပြောင်းဖူးတာကြောင့် သူ့ကိုယ်သူလည်း ပြန်ကြည့်လိုက်သေးသည်။
"ငါအဆင်ပြေရဲ့လား?"
"အရမ်းလှတယ်"
ရွှမ်းယင် ခေါင်းထောင်သွားသည်။ မျက်လုံးတွေက ချီးစီရဲ့ ပြုံးရွှင်နေတဲ့ မျက်ဝန်းတစ်ချို့နဲ့ ဆုံတွေ့သွားပြီး နှစ်ယောက်လုံး တစ်ခဏမျှ ငြိမ်သက်သွား၏။ ချီးစီကသူ့ကို ဘယ်လိုများ မှတ်ချက်ပြုလိုက်တာလဲ။ သူ့ကို လှတယ် ကြည့်ကောင်းတယ်လို့ ပြောကြသူတွေ အများကြီးရှိပါသည်။
အများကြီး ရှိပါရက်နဲ့ ဘာဖြစ်လို့ ချီးစီရဲ့ အဲ့ဒီစကားလေးတစ်ခွန်းက သူ့ကို ကြောင်အသွားစေခဲ့တာလဲ ဆိုတာတော့ သူလည်း နားမလည်ပါ။ ချီးစီက သူ့အပေါ် ဂရုစိုက်ပေးပြီး ဆံပင်စည်းပေးဖို့အထိ လုပ်ပေးတတ်လို့လား။
အထိမခံတဲ့ အသားအရေက ချီးစီနဲ့တွေ့မှ ပြောင်းလဲသွားပြီး ချီးစီက သူ့အနောက်ကို တကောက်ကောက် ပါအောင် လိုက်တော့မယ်လို့ ပြောတာကြောင့်လား။ အကြောင်းပြချက်က မရေရာပေ။
အောက်ဘုံမြို့တော်ကို ရောက်တဲ့အခါ ချီးစီကသူ့ကို စည်ကားလှတဲ့ မြို့စျေးကြီးထဲ ခေါ်သွားသည်။ ရွှမ်းယင်က သူ့ရဲ့ရောင်ဝါကို သိမ်းဆည်းထားပေမယ့်လည်း အလှတရားကတော့ သိမ်းဆည်းမထားနိုင်ပေ။
မြို့သားအများစုရဲ့ မျက်လုံးတွေက ပတ်ဝန်းကျင်ထက် ရွှမ်းယင်အပေါ်ကိုသာ ရောက်ရောက်လာရာ အစကတည်းက လူရှိန်သော ရွှမ်းယင်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့လာ၏။
("ဟုတ်သားပဲ.... ရွှမ်းယင်ရဲ့အသားအရေက လူကြားထဲမှာ သွားလာလို့မရဘူးလေ....")
ချီးစီ သူ့ဘေးမှာ လက်တွေကိုဖွက်ထားတဲ့ အလှလေးကို လှည့်ကြည့်လိုက်သည်။ ရွှမ်းယင်သည် အောက်ဘုံမြို့တော်ကို မရောက်ဖူးမှန်း သိသာ၏။ သူက မြို့တော်ထဲမှာ ကပြဖျော်ဖြေနေတဲ့ ဆက်ကပ်အဖွဲ့တွေ၊ နဂါးရုပ်တွေထဲ ဝင်ပြီးကနေသူတွေနဲ့ လက်ခုပ်သြဘာတီး၍ အားပေးနေကြသူတွေကို ကြည့်နေသည်။
တစ်ချက်တစ်ချက် နှုတ်ခမ်းထောင့်လေး နှစ်ဖက်က ကွေးကွေးတက်သွား၏။ လူသားတွေရဲ့ ပျော်ပွဲရွှင်ပွဲ ရိုးရာအလှကို သဘောကျနေတာ ထင်ရှားလေသည်။ သို့သော် လက်ကလေးကိုတော့ ဝတ်ရုံလက်တွေအောက်မှာ ဖွက်ထားတုန်းပင်။
ထိုစဥ် ကလေးတစ်အုပ် ပြေးလွှားဆော့ကစားနေရင်း ကလေးတစ်ယောက်က ရွှမ်းယင်ကို ဝင်တိုက်မိသွားတော့သည်။
"အ့....."
ကလေးက နောက်ပြန်ဖင်ထိုင်ရက် လဲကျသွား၏။ ရွှမ်းယင်လည်း ငုံ့ကြည့်လိုက်ပြီး သူ့ကိုယ်သူတောင် မေ့လျော့သွားကာ ကလေးကို ထူမပေးရန် လက်လှမ်းလိုက်စဥ် လက်တစ်ဖက်က သူ့ထက်အရင် ကလေးကို ဆွဲထူလိုက်လေသည်။
ညင်သာမှုတော့ မရှိ။ ရွှမ်းယင် ဘေးကိုကြည့်လိုက်တော့ ချီးစီက ကလေး၏အင်္ကျီပေါ်က ဖုန်တွေကိုခါပေးနေရင်း နှုတ်ဟလိုက်လေသည်။
"ကလေးစုတ်လေး.... ဒီမှာ လူတွေအများကြီး ရှိတယ် မင်းဒီလိုပြေးလွှားနေတော့ တခြားသူ့ကို တိုက်မိပြီပေါ့..."
"တောင်းပန်ပါတယ် ကိုကို"
"ထားတော့ ထားတော့.... မင်းမိဘတွေမင်းကို လိုက်ရှာနေလိမ့်မယ် သွားတော့"
"ဟုတ်"
ကလေးလေးက ချစ်စရာကောင်းစွာ ပြေးထွက်သွားသည်။ ချီးစီလည်း ရွှမ်းယင်နဲ့ မျက်နှာချင်းဆိုင် လိုက်ပြီး။
"ရှစ်ဇွင်း ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး.... အဝတ်ခံနေတယ်လေ"
"ဒါတောင် ရှစ်ဇွင်းက သူ့ကိုထူပေးဖို့ စဥ်းစားနေတာလေ"
ရွှမ်းယင် သူ့လက်ကို ဝတ်ရုံလက်တွေထဲ ပြန်ထည့်သိမ်းလိုက်သည်။ ရွှမ်းယင် ဟိုကြည့်သည်ကြည့် လုပ်ပြီး နောက်တစ်ခါဆို ပိုသတိထားမိအောင် ကိုယ့်ကိုကိုယ် သတိပေးမိ၏။ ထို့နောက် ချီးစီကသူ့ကို သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို ခေါ်သွားသည်။
စားသောက်ဆိုင်က ရေကန်ကြီးဘေးမှာ ရှိ၏။ ချီးစီက စားသောက်ဆိုင်ထဲဝင်၍ ဟင်းပွဲတစ်ချို့ မှာလိုက်ပြီး အပေါ်ထပ်က သူသွားနေကျ အခန်းဆီကို တက်လာခဲ့သည်။ ရွှမ်းယင်ကလည်း သူ့အနောက်ကနေ ပါလာသည်။
ဒုတိယအထပ်မှာလည်း ကောင်တာတစ်ခု ရှိသည်။ အသက်ကြီးကြီး လူကြီးတစ်ယောက်က ပေသီးခုံပေါ်မှာ လက်တင်၍ စာရင်းတွက်နေစဥ် သူ့ဘေးမှာတော့ အစောင့်အကြပ်နှစ်ယောက်က စောင့်ကြပ်လျက် ရှိသည်။
"လူအိုကြီး..... လှေတစ်စင်း.... "
ချီးစီက ရွှေစတစ်ချို့ ထုတ်ပေးလိုက်သည်။ လူအိုကြီးက ချီးစီကို ခေါင်းညိတ်ပြီးတော့ သူ့ကိုကဒ်ပြားလေးတစ်ခု ကမ်းပေးလာ၏။ ပြီးနောက် ချီးစီညွှန်ပြတဲ့ စားပွဲမှာ သွားထိုင်နေတဲ့ ရွှမ်းယင်ကို လှမ်းကြည့်လိုက်သည်။
ရွှမ်းယင်က မြို့စျေးထဲကို ငုံ့ကြည့်နေတာကြောင့် ချီးစီတို့ဘက်ကို အာရုံမရပေ။ လူအိုကြီးက ချီးစီကိုကြည့်၍ ပြောလိုက်သည်။
"ဒီနှစ်ကျတော့ နောက်ထပ် အလှလေးတစ်ယောက်ပေါ့"
ချီးစီကတော့ ကဒ်ကိုယူ၍ လူအိုကြီးကို ပြုံးပြပြီး ဘာမှတော့ ပြန်မပြောခဲ့ချေ။ သူမသတိတာက ရွှမ်းယင်သည် တစ်ခြားတစ်နေရာကို အာရုံစိုက်ထားပေမယ့် သူ့နားတွေက စွင့်ထားတယ်ဆိုတာပင်။ လူအိုကြီးပြောတဲ့ နောက်ထပ် အလှလေးတစ်ယောက် ဆိုတဲ့စကားကို သူကြားလိုက်သည်။
ချီးစီသည် သူ့ထက်အရင် တစ်ယောက်ယောက်ကို မီးပုံးပွဲတော်မှာ ခေါ်လာဖူးပုံပင်။ အဲ့ဒီတစ်ယောက်ကလည်း လူကြီးပြောပုံအရ လှပသူတစ်ယောက်ပဲ ဖြစ်လိမ့်မည်။ ရွှမ်းယင် သူ့အတွေးတွေကို ချီးစီ အနားရောက်လာတဲ့ အခါမှသာ ရပ်တန့်လိုက်သည်။
မျက်လုံးတွေကတော့ မြို့စျေးတွေထဲကို ငုံ့ကြည့်နေဆဲ။
"ရှစ်ဇွင်း.... ဒီနေရာကို သဘောကျလား?"
"အွန်း....."
("ဟုတ်တယ် ငါကသူ့ရဲ့ဆရာပဲ.... ငါ့ခံစားချက်တွေက ရှုပ်ထွေးနေတယ်ဆိုရင်တောင် ငါကသူ့ဆရာ")
ရွှမ်းယင် သူ့အကြည့်တွေကို ချီးစီဘက်ကို ပြန်လွှဲလိုက်သည်။
"မင်း စောစောက ဘာသွားလုပ်တာလဲ?"
"လှေငှားတာ.... မီးပုံးတွေ လွှတ်တဲ့အခါ ရေကန်ထဲကနေကြည့်ရင် အရမ်းလှတယ်လေ... ကျွန်တော် အရင်က အမေနဲ့လာဖူးတယ်.... နောက်ပြီး ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကိုလည်း အတူကြည့်ဖို့ ခေါ်လာပေးဖူးတယ်.... သူတို့နှစ်ယောက်ကတော့ မီးပုံပွဲတော်ကို သဘောကျတယ်တဲ့.... ရှစ်ဇွင်းကလည်း သဘောကျတယ်ဆိုတော့ ကျွန်တော် ဝမ်းသာတယ်"
သူကပြောနေရင်း ရွှမ်းယင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်။
"မင်းရဲ့သူငယ်ချင်းလား? သူကဘယ်သူလဲ?"
"သူ့နာမည်က ဇီဖုန်းရယ်... သူက ကျွန်တော့်အပေါ် အရမ်းကောင်းတယ် ကျွန်တော် အယုံကြည်ရဆုံး မိတ်ဆွေတစ်ယောက်ပဲ"
လူကြီးပြောတဲ့ အလှလေးဆိုတာ ဇီဖုန်းရယ်ကို ပြောတာ ဖြစ်လိမ့်မယ်လို့ ရွှမ်းယင် တွေးလိုက်သည်။ ဇီဖုန်းရယ်အကြောင်း ပြောလိုက်တဲ့အချိန် ချီးစီရဲ့မျက်လုံးတွေ သာမန်ထက် လွန်ကဲတောက်ပနေတာကို ရွှမ်းယင် တွေ့နေရ၏။ သူသိလိုက်တာက သူကချီးစီအတွက် ဆရာတစ်ယောက်သက်သက်ပဲ။
သူ့ခံစားချက်တွေက ချီးစီအပေါ်မှာ ရှုပ်ထွေးနေတာ သူသိ၏။
"ဟုတ်လား.... ဒါဆိုသူက လူကောင်းတစ်ယောက် ဖြစ်မှာပေါ့"
"ဟုတ်တယ် သူကလေလွင့်နေတဲ့ ကျင့်ကြံသူ တစ်ယောက်ဆိုတော့ တစ်ခါတလေ သူ့ကိုတွေ့ရဖို့က မလွယ်ကူဘူးလေ.... အခွင့်အရေးရရင် ကျွန်တော် ရှစ်ဇွင်းကို သူနဲ့မိတ်ဆက်ပေးမယ်.... ရှစ်ဇွင်းသူ့ကို သဘောကျမှာ သေချာတယ်"
"ကြည့်ရတာ မင်းကို သဘောကျနေပုံပဲ"
ရွှမ်းယင် လက်ဖက်ရည်သောက်ရင်း ချီးစီစကားပြန်လာမှာကို စောင့်နေသည်။ ချီးစီက အနည်းငယ် ရှက်သွားပုံပေါ်၏။ သူက နားထင်ကိုကုတ်ရင်း ရယ်နေသည်။
"ဟဲဟဲ.... ပြောရရင် ကျွန်တော် သူ့အပေါ် စိတ်ဝင်စားဖူးတယ် သူကသဘောကောင်းသလို အရမ်းလည်းလှတယ်လေ..... ကျွန်တော် နဲ့သူ လွန်ခဲ့တဲ့ ၂နှစ်လလောက်က ဒီမီးပုံးပွဲတော်ကို လာဖူးတယ် အဲ့တုန်းက အတူတူ ရေကန်ထဲမှာ မီးပုံးတွေ ကောင်းကင်မှာ ပျံဝဲနေတာကို ကြည့်ခဲ့တာ..... "
ရွှမ်းယင် ပြုံး၍ ခေါင်းညိတ်ပြနေသည်။ ရွှမ်းယင်ရင်ထဲ ဘာတွေဖြစ်နေလဲ ဆိုတာကိုတော့ သူသိမည်မဟုတ်။
"ဇီဖုန်းရယ်က တော်တော်ကို သွတ်တာ.... သူက မတော်တဆ လိုလိုနဲ့ ကျွန်တော့်ပါးကို နမ်းသွားတယ်လေ....ဟားဟားဟား "
ချီးစီ ရယ်ရယ်မောမောနဲ့ ပြောလိုက်သလို ရွှမ်းယင်ကလည်း အလိုက်တသင့် ပြန်ရယ်ပေးလိုက်သည်။ ဒီလိုဆိုမှတော့ ဇီဖုန်းရယ်ကလည်း ချီးစီကို သဘောကျနေတယ်ဆိုတာ ထင်ရှားနေပြီ။ ရွှမ်းယင် သူ့ကိုယ်သူ သတိပေးလိုက်တော့သည်။
သူက ချီးစီရဲ့ ဆရာတစ်ယောက်ပဲ။
မုန့်ပွဲတွေရောက်လာတဲ့ အခါမှာ သူတို့နှစ်ယောက် စကားလတ်စပြတ်သွားပြီး ချီးစီက အောက်ဘုံမြို့တော်ရဲ့ မုန့်တွေအကြောင်း စတင်ပြောပြလာလေရာ ရွှမ်းယင်လည်း ထိုဘက်ကိုသာ အာရုံလွှဲလိုက်တော့၏။ မုန့်တွေစားပြီးတော့ ချီးစီငှားထားတဲ့ လှေနဲ့ ရေကန်ကြီးထဲ လှော်ခတ်လာခဲ့သည်။
ချီးစီက လှော်တက်ကိုကိုင်၍ လှေလှော်နေစဥ် ရွှမ်းယင်သည် ကောင်းကင်တွင် ဝဲပျံနေသော မီးပုံးတွေကို မော့ကြည့်နေလေသည်။ အောက်ဘုံမြို့တော်ရဲ့ မီးပုံးပွဲတော်က အတော်လှပတာကို တွေ့ရ၏။
ခြောက်ကပ်တိတ်ဆိတ်နေတဲ့ သူ့ရဲ့ ကျင်းစွေတောင်နဲ့ ယှဥ်ရင် အများကြီး ကွာခြားသည်။ ရွှမ်းယင်ခေါင်းထဲကို ပုံရိပ်တစ်ချို့ ဝင်လာ၏။ ချီးစီနဲ့ ဇီဖုန်းရယ်တို့ လှေပေါ်မှာ ပျော်ရွှင်နေကြပုံတွေ၊ ဇီဖုန်းရယ်က ချီးစီပါးကို နမ်းလိုက်တဲ့ ပုံတွေ။
ရွှမ်းယင်နှလုံးသားက ဆစ်ခနဲ နာကျင်လာသည်။
("လျှောက်မတွေးနဲ့... ရွှမ်းယင် မင်းကသူ့ရဲ့ဆရာသက်သက်ပဲ မင်းမှာသူ့အပေါ် မှားယွင်းတဲ့ ခံစားချက်တွေထားလို့ မရဘူး")
ရွှမ်းယင် သူ့ကိုယ်သူ သတိပေးရင်း မီးပုံပွဲတော် ပြီးတဲ့အထိ တိတ်ဆိတ်နေခဲ့သည်။
"အား....... ကျွန်မကလေးလေး....."
ရေကန်စပ်တွင် ရပ်နေတဲ့ လူအုပ်တွေကြားမှ အမျိုးသမီးတစ်ဦး၏ စူးစူးရှရှ အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် ချီးစီတို့ကလည်း လှေကို ကမ်းကပ်နေတဲ့ အချိန်ဖြစ်သည်။ အော်သံကြားတော့ လူတွေအားလုံးက ကောင်းကင်သို့ မော့ကြည့်လိုက်တဲ့အခါ လင်းနို့နတ်ဆိုးတစ်ကောင်က ကလေးငယ်ကို ချီသွားတာ တွေ့ရလေ၏။
'ဝှစ်......'
ရွှမ်းယင် ကောင်းကင်ပေါ်ကို ခုန်တက်ပျံသန်းသွားပြီး လက်တစ်ဖက် ဝှေ့ရမ်းလိုက်တဲ့အခါ အပြာရောင် အလင်းငွေ့တွေ ဖြာထွက်သွားကာ လင်းနို့နတ်ဆိုးကို ထိရိုက်သွားသည်။ လင်းနို့နတ်ဆိုးလည်း ရိုက်ချက်ကြောင့် အထိနာသွားပြီး ကလေးငယ်ကို လွှတ်ချလိုက်လေတော့သည်။
ကလေးငယ်က အကြောက်လွန်ပြီး သတိလစ်နေပြီ။ ရွှမ်းယင် ကလေးကို အပြာရောင် စွမ်းအင်တွေဖြင့် ရစ်ပတ်ကာ ချီးစီဆီကိုပစ်ပေးလိုက်သည်။ ချီးစီသည်လည်း ရွှမ်းယင် ပျံတက်သွားကတည်းက လိုက်လာခဲ့တာ ဖြစ်ရာ ပစ်ပေးလာတဲ့ ကလေးကို အသာထိန်းဖမ်းရင်း မိခင်ဖြစ်သူလက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"သတိလစ်သွားတာ.... မြန်မြန် သမားတော်နဲ့ပြလိုက်"
"ဟုတ် ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် "
မိခင်က ချက်ချင်း ပြေးသွား၏။ မြို့သားတွေကလည်း သူမအတွက် အသင့်လမ်းဖယ်ပေးသည်။ သူတို့အာရုံက ရုတ်တရက် ပေါ်ထွက်လာသော နတ်ဆိုးနဲ့ နတ်ဘုရားဆီကို ရောက်နေတယ် ဆိုပေမယ့်လို့လေ။
ကောင်းကင်ထက်မှာ လူခန္ဓာကိုယ်နဲ့ လင်းနို့နတ်ဆိုးက ပြေးလွှားနေပြီး ရွှမ်းယင်က အနောက်မှလိုက်သည်။ တဖြည်းဖြည်း ရွှမ်းယင် သူ့ရဲ့နဂိုမူလ ပုံစံကို ပြောင်းလဲသွားပြီးတော့ မြို့အပြင်က တောင်တန်းတစ်ခုပေါ်ကို ရောက်တဲ့အခါ ဖျတ်ခနဲ ပျောက်သွား၏။
သူက လင်းနို့နတ်ဆိုးရှေ့တွင် ပေါ်လာပြီးတော့ ခြေထောက်တစ်ချောင်းက လင်းနို့နတ်ဆိုးကို ကန်ထုတ်လိုက်တော့သည်။ လင်းနို့နတ်ဆိုးလည်း အားပြင်းသော ကန်ချက်ကြောင့် တောင်တန်း၏ ကျောက်သားကမ်းပါးယံ တစ်ခုနှင့် အရှိန်ပြင်းပြင်း မိတ်ဆက်လိုက်ရ၏။
'ဝုန်း.....'
ဝင်တိုက်ပစ်တဲ့အားကြောင့် ကျောက်သားများပင် လွင့်စင်သွားသည်။ ရွှမ်းယင်ရဲ့ တိုက်ကွက်တွေက လွန်စွာလျင်မြန်ပြီး အားလည်းပြင်းလှ၏။ တစ်ချက်တည်းနဲ့ လင်းနို့နတ်ဆိုး မလှုပ်နိုင်တော့ပေ။
သူက တောင်ကမ်းပါးယံထဲမှာ နစ်ဝင်နေပြီး သွေးနှစ်လုတ်ကို ဆက်တိုက်ပဲ အန်ပစ်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ထက်က ရွှမ်းယင်သည် မျက်တောင်တစ်ချက်ခတ် အတွင်း လင်းနို့နတ်ဆိုးရှေ့ကို ရောက်လာကာ လက်တစ်ဖက်ကို ဆန့်ထုတ်၍ ရှင်းပစ်မည်အပြုတွင်။
"သားဖေဖေကို မသတ်ပါနဲ့"
လင်းနို့ကလေး သေးသေးလေးတစ်ကောင်က ထွက်လာပြီး လင်းနို့နတ်ဆိုးရဲ့ ရင်ဘတ်ကိုဖက်လျက် အော်ဟစ်လိုက်တော့သည်။ ရွှမ်းယင်လက်တွေလည်း ရပ်သွား၏။
"သားဖေဖေကို မသတ်ပါနဲ့"
"အဟွတ် အဟွတ်.... သား သူ့ကိုမတောင်းပန်နဲ့ သူတို့လို နတ်မျိုးနွယ်တွေက စွမ်းအားနိမ့်တဲ့သူကို အနိုင်ကျင့်တတ်သူပဲ.... "
ထိုအချိန်တွင် ချီးစီလည်း ရောက်လာ၏။ သူနဲ့ ရွှမ်းယင်က လေထုအလယ်တွင် ရပ်တန့်နေချိန် လင်းနို့သားအဖက ကျောက်သားတွေထဲတွင် နစ်ဝင်နေလေသည်။ လင်းနို့ကလေးလေးက လက်သေးသေးလေးတွေနဲ့ သူ့အဖေကို ဖက်ထား၏။
"သားဗိုက်ဆာတယ်လို့ ပြောမိလို့ ဖေဖေက အသားရှာပေးတာပါ..... အဲ့ဒါ သားအပြစ်ပါ ဖေဖေ့ကို မသတ်ပါနဲ့လို့.... အူဝါး.......ဝါး....."
Zawgyi
Until death
❄15❄
[ဆရာတစ္ေယာက္ပဲ]
႐ႊမ္းယင္ရဲ႕ က်န္ရွိေနတဲ့ ဝိညာဥ္ႏွစ္ခုက စြမ္းအားေကာင္းလွသည္။ သူ႕မွာ ဝိညာဥ္ သုံးခုရွိတဲ့အေၾကာင္း တျခားလူကို မေျပာျပဖို႔ ဆုံးျဖတ္လိုက္သည္။ ဒါက လွ်ိုဝွက္ထားနိုင္ေလ ေကာင္းေလပဲလို႔ သူထင္၏။
ဤသို႔ႏွင့္ ညေနပိုင္းကို ေရာက္တဲ့အခါ ႐ႊမ္းယင္ရဲ႕ အိပ္ေဆာင္တံခါးကို အျပင္ဘက္ကေန ေခါက္ေနသံ ၾကားလိုက္ရသည္။ ႐ႊမ္းယင္ တစ္ေန႕လုံး တင္ပ်ဥ္ေခြထိုင္ စြမ္းအင္က်င့္ေနခဲ့ၿပီး ခႏၶာကိုယ္ထဲက ခ်ိတ္ပိတ္ထားတဲ့ အစီအရင္ကို ဖ်က္စီးဖို႔ ႀကိဳးစားေနေလသည္။
သို႔ေသာ္ အစီအရင္က သူမျမင္ဖူး မထိေတြ႕ဖူးတဲ့ စြမ္းအားေတြ ပါဝင္တာေၾကာင့္ သူပထမဆုံး ဒီအရာကို ေသေသခ်ာခ်ာ ေလ့လာဖို႔ လိုအပ္ေနၿပီ။
"ရွစ္ဇြင္း....."
႐ႊမ္းယင္ တံခါးဖြင့္ေပးလိုက္သည္။ ခ်ီးစီက သပ္သပ္ရပ္ရပ္ ဝတ္စားလ်က္ တံခါးေရွ႕မွာ ရပ္ေန၏။
"ရွစ္ဇြင္း ကြၽန္ေတာ္တို႔ သြားၾကည့္ရေအာင္ေလ... အရင္ဆုံး ရွစ္ဇြင္းရဲ႕ ပုံစံကို ေျပာင္းခဲ့ရလိမ့္မယ္"
"အင္း"
႐ႊမ္းယင္ ေခါင္းညိတ္ၿပီး ကိုယ္ကိုတစ္ပတ္ လွည့္လိုက္တဲ့အခါ အဝတ္အစားက အျဖဴေရာင္ ၊ ဆံပင္နဲ႕ မ်က္ဝန္းကလည္း အနက္ေရာင္အျဖစ္ ေျပာင္းလဲသြား၏။ ႐ႊမ္းယင္ တစ္ခါမွ မေျပာင္းဖူးတာေၾကာင့္ သူ႕ကိုယ္သူလည္း ျပန္ၾကည့္လိုက္ေသးသည္။
"ငါအဆင္ေျပရဲ႕လား?"
"အရမ္းလွတယ္"
႐ႊမ္းယင္ ေခါင္းေထာင္သြားသည္။ မ်က္လုံးေတြက ခ်ီးစီရဲ႕ ၿပဳံး႐ႊင္ေနတဲ့ မ်က္ဝန္းတစ္ခ်ိဳ႕နဲ႕ ဆုံေတြ႕သြားၿပီး ႏွစ္ေယာက္လုံး တစ္ခဏမွ် ၿငိမ္သက္သြား၏။ ခ်ီးစီကသူ႕ကို ဘယ္လိုမ်ား မွတ္ခ်က္ျပဳလိုက္တာလဲ။ သူ႕ကို လွတယ္ ၾကည့္ေကာင္းတယ္လို႔ ေျပာၾကသူေတြ အမ်ားႀကီးရွိပါသည္။
အမ်ားႀကီး ရွိပါရက္နဲ႕ ဘာျဖစ္လို႔ ခ်ီးစီရဲ႕ အဲ့ဒီစကားေလးတစ္ခြန္းက သူ႕ကို ေၾကာင္အသြားေစခဲ့တာလဲ ဆိုတာေတာ့ သူလည္း နားမလည္ပါ။ ခ်ီးစီက သူ႕အေပၚ ဂ႐ုစိုက္ေပးၿပီး ဆံပင္စည္းေပးဖို႔အထိ လုပ္ေပးတတ္လို႔လား။
အထိမခံတဲ့ အသားအေရက ခ်ီးစီနဲ႕ေတြ႕မွ ေျပာင္းလဲသြားၿပီး ခ်ီးစီက သူ႕အေနာက္ကို တေကာက္ေကာက္ ပါေအာင္ လိုက္ေတာ့မယ္လို႔ ေျပာတာေၾကာင့္လား။ အေၾကာင္းျပခ်က္က မေရရာေပ။
ေအာက္ဘုံၿမိဳ႕ေတာ္ကို ေရာက္တဲ့အခါ ခ်ီးစီကသူ႕ကို စည္ကားလွတဲ့ ၿမိဳ႕ေစ်းႀကီးထဲ ေခၚသြားသည္။ ႐ႊမ္းယင္က သူ႕ရဲ႕ေရာင္ဝါကို သိမ္းဆည္းထားေပမယ့္လည္း အလွတရားကေတာ့ သိမ္းဆည္းမထားနိုင္ေပ။
ၿမိဳ႕သားအမ်ားစုရဲ႕ မ်က္လုံးေတြက ပတ္ဝန္းက်င္ထက္ ႐ႊမ္းယင္အေပၚကိုသာ ေရာက္ေရာက္လာရာ အစကတည္းက လူရွိန္ေသာ ႐ႊမ္းယင္ရဲ႕ခႏၶာကိုယ္က တျဖည္းျဖည္း က်ဳံ႕လာ၏။
("ဟုတ္သားပဲ.... ႐ႊမ္းယင္ရဲ႕အသားအေရက လူၾကားထဲမွာ သြားလာလို႔မရဘူးေလ....")
ခ်ီးစီ သူ႕ေဘးမွာ လက္ေတြကိုဖြက္ထားတဲ့ အလွေလးကို လွည့္ၾကည့္လိုက္သည္။ ႐ႊမ္းယင္သည္ ေအာက္ဘုံၿမိဳ႕ေတာ္ကို မေရာက္ဖူးမွန္း သိသာ၏။ သူက ၿမိဳ႕ေတာ္ထဲမွာ ကျပေဖ်ာ္ေျဖေနတဲ့ ဆက္ကပ္အဖြဲ႕ေတြ၊ နဂါး႐ုပ္ေတြထဲ ဝင္ၿပီးကေနသူေတြနဲ႕ လက္ခုပ္ၾသဘာတီး၍ အားေပးေနၾကသူေတြကို ၾကည့္ေနသည္။
တစ္ခ်က္တစ္ခ်က္ ႏႈတ္ခမ္းေထာင့္ေလး ႏွစ္ဖက္က ေကြးေကြးတက္သြား၏။ လူသားေတြရဲ႕ ေပ်ာ္ပြဲ႐ႊင္ပြဲ ရိုးရာအလွကို သေဘာက်ေနတာ ထင္ရွားေလသည္။ သို႔ေသာ္ လက္ကေလးကိုေတာ့ ဝတ္႐ုံလက္ေတြေအာက္မွာ ဖြက္ထားတုန္းပင္။
ထိုစဥ္ ကေလးတစ္အုပ္ ေျပးလႊားေဆာ့ကစားေနရင္း ကေလးတစ္ေယာက္က ႐ႊမ္းယင္ကို ဝင္တိုက္မိသြားေတာ့သည္။
"အ့....."
ကေလးက ေနာက္ျပန္ဖင္ထိုင္ရက္ လဲက်သြား၏။ ႐ႊမ္းယင္လည္း ငုံ႕ၾကည့္လိုက္ၿပီး သူ႕ကိုယ္သူေတာင္ ေမ့ေလ်ာ့သြားကာ ကေလးကို ထူမေပးရန္ လက္လွမ္းလိုက္စဥ္ လက္တစ္ဖက္က သူ႕ထက္အရင္ ကေလးကို ဆြဲထူလိုက္ေလသည္။
ညင္သာမႈေတာ့ မရွိ။ ႐ႊမ္းယင္ ေဘးကိုၾကည့္လိုက္ေတာ့ ခ်ီးစီက ကေလး၏အကၤ်ီေပၚက ဖုန္ေတြကိုခါေပးေနရင္း ႏႈတ္ဟလိုက္ေလသည္။
"ကေလးစုတ္ေလး.... ဒီမွာ လူေတြအမ်ားႀကီး ရွိတယ္ မင္းဒီလိုေျပးလႊားေနေတာ့ တျခားသူ႕ကို တိုက္မိၿပီေပါ့..."
"ေတာင္းပန္ပါတယ္ ကိုကို"
"ထားေတာ့ ထားေတာ့.... မင္းမိဘေတြမင္းကို လိုက္ရွာေနလိမ့္မယ္ သြားေတာ့"
"ဟုတ္"
ကေလးေလးက ခ်စ္စရာေကာင္းစြာ ေျပးထြက္သြားသည္။ ခ်ီးစီလည္း ႐ႊမ္းယင္နဲ႕ မ်က္ႏွာခ်င္းဆိုင္ လိုက္ၿပီး။
"ရွစ္ဇြင္း ဘာျဖစ္သြားေသးလဲ"
"ဘာမွမျဖစ္ပါဘူး.... အဝတ္ခံေနတယ္ေလ"
"ဒါေတာင္ ရွစ္ဇြင္းက သူ႕ကိုထူေပးဖို႔ စဥ္းစားေနတာေလ"
႐ႊမ္းယင္ သူ႕လက္ကို ဝတ္႐ုံလက္ေတြထဲ ျပန္ထည့္သိမ္းလိုက္သည္။ ႐ႊမ္းယင္ ဟိုၾကည့္သည္ၾကည့္ လုပ္ၿပီး ေနာက္တစ္ခါဆို ပိုသတိထားမိေအာင္ ကိုယ့္ကိုကိုယ္ သတိေပးမိ၏။ ထို႔ေနာက္ ခ်ီးစီကသူ႕ကို သန့္ရွင္းလတ္ဆတ္တဲ့ စားေသာက္ဆိုင္ တစ္ဆိုင္ကို ေခၚသြားသည္။
စားေသာက္ဆိုင္က ေရကန္ႀကီးေဘးမွာ ရွိ၏။ ခ်ီးစီက စားေသာက္ဆိုင္ထဲဝင္၍ ဟင္းပြဲတစ္ခ်ိဳ႕ မွာလိုက္ၿပီး အေပၚထပ္က သူသြားေနက် အခန္းဆီကို တက္လာခဲ့သည္။ ႐ႊမ္းယင္ကလည္း သူ႕အေနာက္ကေန ပါလာသည္။
ဒုတိယအထပ္မွာလည္း ေကာင္တာတစ္ခု ရွိသည္။ အသက္ႀကီးႀကီး လူႀကီးတစ္ေယာက္က ေပသီးခုံေပၚမွာ လက္တင္၍ စာရင္းတြက္ေနစဥ္ သူ႕ေဘးမွာေတာ့ အေစာင့္အၾကပ္ႏွစ္ေယာက္က ေစာင့္ၾကပ္လ်က္ ရွိသည္။
"လူအိုႀကီး..... ေလွတစ္စင္း.... "
ခ်ီးစီက ေ႐ႊစတစ္ခ်ိဳ႕ ထုတ္ေပးလိုက္သည္။ လူအိုႀကီးက ခ်ီးစီကို ေခါင္းညိတ္ၿပီးေတာ့ သူ႕ကိုကဒ္ျပားေလးတစ္ခု ကမ္းေပးလာ၏။ ၿပီးေနာက္ ခ်ီးစီၫႊန္ျပတဲ့ စားပြဲမွာ သြားထိုင္ေနတဲ့ ႐ႊမ္းယင္ကို လွမ္းၾကည့္လိုက္သည္။
႐ႊမ္းယင္က ၿမိဳ႕ေစ်းထဲကို ငုံ႕ၾကည့္ေနတာေၾကာင့္ ခ်ီးစီတို႔ဘက္ကို အာ႐ုံမရေပ။ လူအိုႀကီးက ခ်ီးစီကိုၾကည့္၍ ေျပာလိုက္သည္။
"ဒီႏွစ္က်ေတာ့ ေနာက္ထပ္ အလွေလးတစ္ေယာက္ေပါ့"
ခ်ီးစီကေတာ့ ကဒ္ကိုယူ၍ လူအိုႀကီးကို ၿပဳံးျပၿပီး ဘာမွေတာ့ ျပန္မေျပာခဲ့ေခ်။ သူမသတိတာက ႐ႊမ္းယင္သည္ တစ္ျခားတစ္ေနရာကို အာ႐ုံစိုက္ထားေပမယ့္ သူ႕နားေတြက စြင့္ထားတယ္ဆိုတာပင္။ လူအိုႀကီးေျပာတဲ့ ေနာက္ထပ္ အလွေလးတစ္ေယာက္ ဆိုတဲ့စကားကို သူၾကားလိုက္သည္။
ခ်ီးစီသည္ သူ႕ထက္အရင္ တစ္ေယာက္ေယာက္ကို မီးပုံးပြဲေတာ္မွာ ေခၚလာဖူးပုံပင္။ အဲ့ဒီတစ္ေယာက္ကလည္း လူႀကီးေျပာပုံအရ လွပသူတစ္ေယာက္ပဲ ျဖစ္လိမ့္မည္။ ႐ႊမ္းယင္ သူ႕အေတြးေတြကို ခ်ီးစီ အနားေရာက္လာတဲ့ အခါမွသာ ရပ္တန့္လိုက္သည္။
မ်က္လုံးေတြကေတာ့ ၿမိဳ႕ေစ်းေတြထဲကို ငုံ႕ၾကည့္ေနဆဲ။
"ရွစ္ဇြင္း.... ဒီေနရာကို သေဘာက်လား?"
"အြန္း....."
("ဟုတ္တယ္ ငါကသူ႕ရဲ႕ဆရာပဲ.... ငါ့ခံစားခ်က္ေတြက ရႈပ္ေထြးေနတယ္ဆိုရင္ေတာင္ ငါကသူ႕ဆရာ")
႐ႊမ္းယင္ သူ႕အၾကည့္ေတြကို ခ်ီးစီဘက္ကို ျပန္လႊဲလိုက္သည္။
"မင္း ေစာေစာက ဘာသြားလုပ္တာလဲ?"
"ေလွငွားတာ.... မီးပုံးေတြ လႊတ္တဲ့အခါ ေရကန္ထဲကေနၾကည့္ရင္ အရမ္းလွတယ္ေလ... ကြၽန္ေတာ္ အရင္က အေမနဲ႕လာဖူးတယ္.... ေနာက္ၿပီး ကြၽန္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္ကိုလည္း အတူၾကည့္ဖို႔ ေခၚလာေပးဖူးတယ္.... သူတို႔ႏွစ္ေယာက္ကေတာ့ မီးပုံပြဲေတာ္ကို သေဘာက်တယ္တဲ့.... ရွစ္ဇြင္းကလည္း သေဘာက်တယ္ဆိုေတာ့ ကြၽန္ေတာ္ ဝမ္းသာတယ္"
သူကေျပာေနရင္း ႐ႊမ္းယင္အတြက္ လက္ဖက္ရည္တစ္ခြက္ ငွဲ႕ေပးသည္။
"မင္းရဲ႕သူငယ္ခ်င္းလား? သူကဘယ္သူလဲ?"
"သူ႕နာမည္က ဇီဖုန္းရယ္... သူက ကြၽန္ေတာ့္အေပၚ အရမ္းေကာင္းတယ္ ကြၽန္ေတာ္ အယုံၾကည္ရဆုံး မိတ္ေဆြတစ္ေယာက္ပဲ"
လူႀကီးေျပာတဲ့ အလွေလးဆိုတာ ဇီဖုန္းရယ္ကို ေျပာတာ ျဖစ္လိမ့္မယ္လို႔ ႐ႊမ္းယင္ ေတြးလိုက္သည္။ ဇီဖုန္းရယ္အေၾကာင္း ေျပာလိုက္တဲ့အခ်ိန္ ခ်ီးစီရဲ႕မ်က္လုံးေတြ သာမန္ထက္ လြန္ကဲေတာက္ပေနတာကို ႐ႊမ္းယင္ ေတြ႕ေနရ၏။ သူသိလိုက္တာက သူကခ်ီးစီအတြက္ ဆရာတစ္ေယာက္သက္သက္ပဲ။
သူ႕ခံစားခ်က္ေတြက ခ်ီးစီအေပၚမွာ ရႈပ္ေထြးေနတာ သူသိ၏။
"ဟုတ္လား.... ဒါဆိုသူက လူေကာင္းတစ္ေယာက္ ျဖစ္မွာေပါ့"
"ဟုတ္တယ္ သူကေလလြင့္ေနတဲ့ က်င့္ႀကံသူ တစ္ေယာက္ဆိုေတာ့ တစ္ခါတေလ သူ႕ကိုေတြ႕ရဖို႔က မလြယ္ကူဘူးေလ.... အခြင့္အေရးရရင္ ကြၽန္ေတာ္ ရွစ္ဇြင္းကို သူနဲ႕မိတ္ဆက္ေပးမယ္.... ရွစ္ဇြင္းသူ႕ကို သေဘာက်မွာ ေသခ်ာတယ္"
"ၾကည့္ရတာ မင္းကို သေဘာက်ေနပုံပဲ"
႐ႊမ္းယင္ လက္ဖက္ရည္ေသာက္ရင္း ခ်ီးစီစကားျပန္လာမွာကို ေစာင့္ေနသည္။ ခ်ီးစီက အနည္းငယ္ ရွက္သြားပုံေပၚ၏။ သူက နားထင္ကိုကုတ္ရင္း ရယ္ေနသည္။
"ဟဲဟဲ.... ေျပာရရင္ ကြၽန္ေတာ္ သူ႕အေပၚ စိတ္ဝင္စားဖူးတယ္ သူကသေဘာေကာင္းသလို အရမ္းလည္းလွတယ္ေလ..... ကြၽန္ေတာ္ နဲ႕သူ လြန္ခဲ့တဲ့ ၂ႏွစ္လေလာက္က ဒီမီးပုံးပြဲေတာ္ကို လာဖူးတယ္ အဲ့တုန္းက အတူတူ ေရကန္ထဲမွာ မီးပုံးေတြ ေကာင္းကင္မွာ ပ်ံဝဲေနတာကို ၾကည့္ခဲ့တာ..... "
႐ႊမ္းယင္ ၿပဳံး၍ ေခါင္းညိတ္ျပေနသည္။ ႐ႊမ္းယင္ရင္ထဲ ဘာေတြျဖစ္ေနလဲ ဆိုတာကိုေတာ့ သူသိမည္မဟုတ္။
"ဇီဖုန္းရယ္က ေတာ္ေတာ္ကို သြတ္တာ.... သူက မေတာ္တဆ လိုလိုနဲ႕ ကြၽန္ေတာ့္ပါးကို နမ္းသြားတယ္ေလ....ဟားဟားဟား "
ခ်ီးစီ ရယ္ရယ္ေမာေမာနဲ႕ ေျပာလိုက္သလို ႐ႊမ္းယင္ကလည္း အလိုက္တသင့္ ျပန္ရယ္ေပးလိုက္သည္။ ဒီလိုဆိုမွေတာ့ ဇီဖုန္းရယ္ကလည္း ခ်ီးစီကို သေဘာက်ေနတယ္ဆိုတာ ထင္ရွားေနၿပီ။ ႐ႊမ္းယင္ သူ႕ကိုယ္သူ သတိေပးလိုက္ေတာ့သည္။
သူက ခ်ီးစီရဲ႕ ဆရာတစ္ေယာက္ပဲ။
မုန့္ပြဲေတြေရာက္လာတဲ့ အခါမွာ သူတို႔ႏွစ္ေယာက္ စကားလတ္စျပတ္သြားၿပီး ခ်ီးစီက ေအာက္ဘုံၿမိဳ႕ေတာ္ရဲ႕ မုန့္ေတြအေၾကာင္း စတင္ေျပာျပလာေလရာ ႐ႊမ္းယင္လည္း ထိုဘက္ကိုသာ အာ႐ုံလႊဲလိုက္ေတာ့၏။ မုန့္ေတြစားၿပီးေတာ့ ခ်ီးစီငွားထားတဲ့ ေလွနဲ႕ ေရကန္ႀကီးထဲ ေလွာ္ခတ္လာခဲ့သည္။
ခ်ီးစီက ေလွာ္တက္ကိုကိုင္၍ ေလွေလွာ္ေနစဥ္ ႐ႊမ္းယင္သည္ ေကာင္းကင္တြင္ ဝဲပ်ံေနေသာ မီးပုံးေတြကို ေမာ့ၾကည့္ေနေလသည္။ ေအာက္ဘုံၿမိဳ႕ေတာ္ရဲ႕ မီးပုံးပြဲေတာ္က အေတာ္လွပတာကို ေတြ႕ရ၏။
ေျခာက္ကပ္တိတ္ဆိတ္ေနတဲ့ သူ႕ရဲ႕ က်င္းေစြေတာင္နဲ႕ ယွဥ္ရင္ အမ်ားႀကီး ကြာျခားသည္။ ႐ႊမ္းယင္ေခါင္းထဲကို ပုံရိပ္တစ္ခ်ိဳ႕ ဝင္လာ၏။ ခ်ီးစီနဲ႕ ဇီဖုန္းရယ္တို႔ ေလွေပၚမွာ ေပ်ာ္႐ႊင္ေနၾကပုံေတြ၊ ဇီဖုန္းရယ္က ခ်ီးစီပါးကို နမ္းလိုက္တဲ့ ပုံေတြ။
႐ႊမ္းယင္ႏွလုံးသားက ဆစ္ခနဲ နာက်င္လာသည္။
("ေလွ်ာက္မေတြးနဲ႕... ႐ႊမ္းယင္ မင္းကသူ႕ရဲ႕ဆရာသက္သက္ပဲ မင္းမွာသူ႕အေပၚ မွားယြင္းတဲ့ ခံစားခ်က္ေတြထားလို႔ မရဘူး")
႐ႊမ္းယင္ သူ႕ကိုယ္သူ သတိေပးရင္း မီးပုံပြဲေတာ္ ၿပီးတဲ့အထိ တိတ္ဆိတ္ေနခဲ့သည္။
"အား....... ကြၽန္မကေလးေလး....."
ေရကန္စပ္တြင္ ရပ္ေနတဲ့ လူအုပ္ေတြၾကားမွ အမ်ိဳးသမီးတစ္ဦး၏ စူးစူးရွရွ ေအာ္ဟစ္သံႀကီး ထြက္ေပၚလာေလသည္။ ထိုအခ်ိန္တြင္ ခ်ီးစီတို႔ကလည္း ေလွကို ကမ္းကပ္ေနတဲ့ အခ်ိန္ျဖစ္သည္။ ေအာ္သံၾကားေတာ့ လူေတြအားလုံးက ေကာင္းကင္သို႔ ေမာ့ၾကည့္လိုက္တဲ့အခါ လင္းနို႔နတ္ဆိုးတစ္ေကာင္က ကေလးငယ္ကို ခ်ီသြားတာ ေတြ႕ရေလ၏။
'ဝွစ္......'
႐ႊမ္းယင္ ေကာင္းကင္ေပၚကို ခုန္တက္ပ်ံသန္းသြားၿပီး လက္တစ္ဖက္ ေဝွ႕ရမ္းလိုက္တဲ့အခါ အျပာေရာင္ အလင္းေငြ႕ေတြ ျဖာထြက္သြားကာ လင္းနို႔နတ္ဆိုးကို ထိရိုက္သြားသည္။ လင္းနို႔နတ္ဆိုးလည္း ရိုက္ခ်က္ေၾကာင့္ အထိနာသြားၿပီး ကေလးငယ္ကို လႊတ္ခ်လိဳက္ေလေတာ့သည္။
ကေလးငယ္က အေၾကာက္လြန္ၿပီး သတိလစ္ေနၿပီ။ ႐ႊမ္းယင္ ကေလးကို အျပာေရာင္ စြမ္းအင္ေတြျဖင့္ ရစ္ပတ္ကာ ခ်ီးစီဆီကိုပစ္ေပးလိုက္သည္။ ခ်ီးစီသည္လည္း ႐ႊမ္းယင္ ပ်ံတက္သြားကတည္းက လိုက္လာခဲ့တာ ျဖစ္ရာ ပစ္ေပးလာတဲ့ ကေလးကို အသာထိန္းဖမ္းရင္း မိခင္ျဖစ္သူလက္ထဲ ျပန္ထည့္ေပးလိုက္သည္။
"သတိလစ္သြားတာ.... ျမန္ျမန္ သမားေတာ္နဲ႕ျပလိုက္"
"ဟုတ္ ဟုတ္ကဲ့... ေက်းဇူးတင္ပါတယ္ "
မိခင္က ခ်က္ခ်င္း ေျပးသြား၏။ ၿမိဳ႕သားေတြကလည္း သူမအတြက္ အသင့္လမ္းဖယ္ေပးသည္။ သူတို႔အာ႐ုံက ႐ုတ္တရက္ ေပၚထြက္လာေသာ နတ္ဆိုးနဲ႕ နတ္ဘုရားဆီကို ေရာက္ေနတယ္ ဆိုေပမယ့္လို႔ေလ။
ေကာင္းကင္ထက္မွာ လူခႏၶာကိုယ္နဲ႕ လင္းနို႔နတ္ဆိုးက ေျပးလႊားေနၿပီး ႐ႊမ္းယင္က အေနာက္မွလိုက္သည္။ တျဖည္းျဖည္း ႐ႊမ္းယင္ သူ႕ရဲ႕နဂိုမူလ ပုံစံကို ေျပာင္းလဲသြားၿပီးေတာ့ ၿမိဳ႕အျပင္က ေတာင္တန္းတစ္ခုေပၚကို ေရာက္တဲ့အခါ ဖ်တ္ခနဲ ေပ်ာက္သြား၏။
သူက လင္းနို႔နတ္ဆိုးေရွ႕တြင္ ေပၚလာၿပီးေတာ့ ေျခေထာက္တစ္ေခ်ာင္းက လင္းနို႔နတ္ဆိုးကို ကန္ထုတ္လိုက္ေတာ့သည္။ လင္းနို႔နတ္ဆိုးလည္း အားျပင္းေသာ ကန္ခ်က္ေၾကာင့္ ေတာင္တန္း၏ ေက်ာက္သားကမ္းပါးယံ တစ္ခုႏွင့္ အရွိန္ျပင္းျပင္း မိတ္ဆက္လိုက္ရ၏။
'ဝုန္း.....'
ဝင္တိုက္ပစ္တဲ့အားေၾကာင့္ ေက်ာက္သားမ်ားပင္ လြင့္စင္သြားသည္။ ႐ႊမ္းယင္ရဲ႕ တိုက္ကြက္ေတြက လြန္စြာလ်င္ျမန္ၿပီး အားလည္းျပင္းလွ၏။ တစ္ခ်က္တည္းနဲ႕ လင္းနို႔နတ္ဆိုး မလႈပ္နိုင္ေတာ့ေပ။
သူက ေတာင္ကမ္းပါးယံထဲမွာ နစ္ဝင္ေနၿပီး ေသြးႏွစ္လုတ္ကို ဆက္တိုက္ပဲ အန္ပစ္လိုက္သည္။ ထိုအခ်ိန္တြင္ ေကာင္းကင္ထက္က ႐ႊမ္းယင္သည္ မ်က္ေတာင္တစ္ခ်က္ခတ္ အတြင္း လင္းနို႔နတ္ဆိုးေရွ႕ကို ေရာက္လာကာ လက္တစ္ဖက္ကို ဆန့္ထုတ္၍ ရွင္းပစ္မည္အျပဳတြင္။
"သားေဖေဖကို မသတ္ပါနဲ႕"
လင္းနို႔ကေလး ေသးေသးေလးတစ္ေကာင္က ထြက္လာၿပီး လင္းနို႔နတ္ဆိုးရဲ႕ ရင္ဘတ္ကိုဖက္လ်က္ ေအာ္ဟစ္လိုက္ေတာ့သည္။ ႐ႊမ္းယင္လက္ေတြလည္း ရပ္သြား၏။
"သားေဖေဖကို မသတ္ပါနဲ႕"
"အဟြတ္ အဟြတ္.... သား သူ႕ကိုမေတာင္းပန္နဲ႕ သူတို႔လို နတ္မ်ိဳးႏြယ္ေတြက စြမ္းအားနိမ့္တဲ့သူကို အနိုင္က်င့္တတ္သူပဲ.... "
ထိုအခ်ိန္တြင္ ခ်ီးစီလည္း ေရာက္လာ၏။ သူနဲ႕ ႐ႊမ္းယင္က ေလထုအလယ္တြင္ ရပ္တန့္ေနခ်ိန္ လင္းနို႔သားအဖက ေက်ာက္သားေတြထဲတြင္ နစ္ဝင္ေနေလသည္။ လင္းနို႔ကေလးေလးက လက္ေသးေသးေလးေတြနဲ႕ သူ႕အေဖကို ဖက္ထား၏။
"သားဗိုက္ဆာတယ္လို႔ ေျပာမိလို႔ ေဖေဖက အသားရွာေပးတာပါ..... အဲ့ဒါ သားအျပစ္ပါ ေဖေဖ့ကို မသတ္ပါနဲ႕လို႔.... အူဝါး.......ဝါး....."