Uni
"မောင်ရှင်းပြလိုက်လေ
မောင်က နှင်းကိုပဲချစ်တာပါလို့
ဒါ့ကြောင့် နှင်းတို့နှစ်ယောက် အမြန်ဆုံးလက်ထပ်ရအောင်နော်
ပုလဲနက်ကလည်း လူလိုနားလည်ပါတယ် သူကွာရှင်းပေးမှာပါ နော် "
နင်မျက်ရည်တွေနဲ့ ကိုကို့ကိုကြည့်လိုက်တယ် အမြင်တွေဝေဝါးနေလို့လားမသိဘူး
ကိုကိုက နက်ကို ခေါင်းခါပြတယ်
"နက် သူပြောတာတွေမယုံနဲ့နော် ကိုကိုက န့်ကိုပဲချစ်တာ နက်ကိုကို့ကိုကြည့်ပါဦးကွာ နက် နက်"
"မောင်ကလည်း ခုမှတော့ သနားပြီးပဲဖြစ်ဖြစ် အားနာပြီးပဲဖြစ်ဖြစ် လိမ်မနေပါနဲ့တော့ နက်ကနားလည်မှာပါနော် နက်ကမမွေးသေးတဲ့ကလေးက်ုတော့ အဖေမဲ့အောင်မလုပ်လောက်ပါဘူး"
"နက်ကိုခွင့်ပြုပါ "
နက်ပြေးထွက်လာတဲ့လမ်းတစ်လျောက်ငိုခဲ့မိလား အော်ခဲ့မိလားမသဲကွဲ
သတိထားမိတဲ့ အချိန်မှာ နက်တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီးကားလမ်းမဘေးမှာ ထိုင်နေမိတယ်
ရှေ့မှာကားတစ်စီးလာရပ်တော့ မော့လည်းမကြည့်ဖြစ်
"နက် ဟဲ့ဘာလုပ်နေတာလဲ လာပြန်မယ် မိုးတွေရွာနေတာကို လသာနေတယ်များထင်နေလားမသိဘူး "
နက်ကို ထီးလေးမိုးပေးရင်း ဆူနေတဲ့သွေးကိုကြည့်ကာ နက်မျက်ရည်မကျမိတော့
"ငါ့ကို အိမ်ပြန်လိုက်ပို့ပေးပါဟာ"
...........
ဒီနေ့မှ ဆောက်လုပ်ရေးကခြံတွေစာချုပ်ချုပ်ဖို့ ကိုယ်ရှိမှဖြစ်မှာဆိုတာနဲ့ နက်ကို ဟိုနှစ်ကောင်နဲ့ ကြိုခိုင်းလိုက်တာ
တစ်ကောင်တည်းဆို
နက်က တစ်ယောက်တည်းကိုစကားပြောပြီး ကြည့်နေရမှာ
မသကာ ကြည့်တာများပြီး ကြိုက်သွားမှာလဲစိုးရသေး
ဒါ့ကြောင့် နှစ်ယောက်လုံးလွှတ်လိုက်တာ
အခန်းတခါးလာခေါက်တော့ နက်ပဲဆိုပြီး ဝင်ခိုင်းလိုက်တာ နှင်းဖြူစင်ဖြစ်နေတယ်
"မောင် နေကောင်းသွားပြီလား"
"အင်းသက်သာပါတယ် နှင်းကျွန်တော့်ဆီလာတာဘာကိစ္စရှိလို့လဲ"
"မောင်ရယ်နှင်းက ကိစ္စရှိမှာလာရမှာလား ဟင်းဟင်း ဒါပေမယ့် ဒီခါတော့ ကိစ္စရှိတယ် ဒီမှာလေ မောင့်အတွက် လက်ဆောင်ပါတယ်"
နှင်းပေးလိုက်တဲ့ အထုတ်ထဲမှာ သူနဲ့နှင်း ကားပေါ်မှာနမ်းတဲ့ပုံတွေ မနေ့ကဆေးခန်းကထွက်လာတဲ့ပုံတွေ
"မင်း မင်း ဒါဘာသဘောလဲ"
"ဒီလောက်ဆို မောင်တို့လင်မယားကွဲဖို့လုံလောက်ပြီမောင် မောင်က မောင့်ညီမမို့ သနားပြီးမကွာနိုင်ပေမယ့် နှင်းကတော့ မောင့်ကို မစွန့်လွှတ်နိုင်တော့ဘူး အဲ့တော့ နှင်းကပဲ မောင်တို့နှစ်ယောက်ကြားမှာ လူကြမ်းကြီးလုပ်ပေးမယ်"
"မင်း မင်း"
!ဒေါက်ဒေါက်"
"ဝင်ခဲ့"
တခါးခေါက်သံကြားတော့ နှင်းဖြူစင်က ခန့်ထယ်ဝါပေါင်ပေါ် လှမ်းထိုင်လိုက်ပြီး ပုခုံးကိုဖက်ကာ နမ်းလိုက်တယ်
ရုပ်တရက် နက်ဝင်လာတော့ အားလုံးရှုပ်ကုန်တယ်
နက် ခန့်တို့ကို ဒီလိုပုံစံမျိုးနဲ့မြင်လိုက်ရတော့ မျက်လုံးထဲက မျက်ရည်တွေကျလာတာ်
'မငိုပါနဲ့တော့ကွာ နက်ငိုတာ ကိုကိုမမြင်နိုင်တော့ဘူး'
ခန့်ပြောဖို့စကားတွေပြောက်ရှနေတုန်းမှာပဲ နက်က ဓာတ်ပုံတွေမြင်ပြီး အခန်းထဲကပြေးထွက်သွားတယ်
ဒီသောက်သုံးမကျတဲ့ ပါးစပ်က နက်ကိုဖြေရှင်းမပေးလိုက်နိုင်ဘူးလေ
"နှင်း မင်းကို ငါ အရင်ကချစ်ခဲ့ကောင်းချစ်ခဲ့လိမ့်မယ် ခုတော့ရွံသွားပြီ
တစ်ခါတည်းပြောလိုက်မယ်
ငါက ငါ့မိန်းမဖြစ်တဲ့ ပုလဲနက်ကိုပဲချစ်တာ
မင်းကိုလည်း ဘယ်တော့မှ ယူမှာမဟုတ်သလို နက်ကိုလည်း ဘယ်တော့မှ ကွာရှင်းမှာ မဟုတ်ဘူး "
"မောင်တကယ်ပြောလိုက်တာလား မောင်နှင်းကိုသစ္စာဖောက်တော့မှာပေါ့"
"ဒီမှာ နှင်းဖြူစင် ငါဘယ်တုန်းကမှ ဘယ်သူ့အပေါ်မှာမှသစ္စာမဖောက်ခဲ့ဘူး
မင်းနဲ့ချစ်သူတွေဖြစ်ခဲ့တုန်းကလည်း မင်းအပေါ် သစ္စာရှိခဲ့တယ် ခုနက်ရဲ့ခင်ပွန်းဖြစ်နေချိန်မှာလဲ မင်းအပေါ်နုတ်နဲ့ကော ကိုယ်နဲ့ကော ငါသစ္စာမဖောက်ခဲ့ဘူး"
"မောင်နှင်းကိုသစ္စာဖောက်လို့ ပုလဲနက်နဲ့လက်ထပ်ခဲ့တာပေါ့"
"မဟုတ်ဘူးနှင်းဖြူစင် အမှန်က မင်းကမှ ငါ့အချစ်နဲ့မထိုက်တန်ခဲ့တာ မင်းကမှသူများအချစ်ခံဖို့မထိုက်တန်ခဲ့တာပဲ ငါမင်းကိုတော်တော်စိတ်ပျက်သွားပြီ"
ခန့်ထယ်ဝါ နှင်းဖြူစင်ကိုရုံးခန်းထဲထားခဲ့ပြီး ပြေးထွက်လာခဲ့တယ် နက်ကိုရှာရမယ် သူလေးခုချိန် ဘယ်လောက်အားငယ်ပြီး ဝမ်းနည်းနေလိုက်မလဲ
"ခန့်ကြီး မင်းမိန်းမနဲ့မတွေ့ဘူးလား ငါတို့သွားကြိုပြီးပြီနော်"
ရာဇာတို့နှစ်ယောက် ကားထားပြီး အောက်မှာ ကော်ဖီကောက်ပြီး ပြန်ထွက်လာတော့ ခန့်ထာ်ဝါအလောတကောပြေးထွက်လာတာတွေ့ပြီး လှမ်းပြောလိုက်တာ
"မင်း မင်းတို့ နက်ထွက်သွားတာ မ မတွေ့လိုက်ဘူးလား"
ခန့်ထယ်ဝါမျက်ရည်တွေနဲ့ ပြောတဲ့စကားကို ရာဇာနဲ့မင်းခန့်ကြားတော့ နားမလည်သောကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေတုန်း ခန့်ဝယ်ဝါ အပြင်ကိုပြေးထွက်သွားတယ်
မိုးတွေတအားရွာချနေတာကြောင့် ခန့်ကားမောင်းပြီး လမ်းတစ်လျှောက်ရှာခဲ့ပါတယ် မတွေ့
နက်ဖုန်းကလည်း သူဆီမှာမို့ နက်ကို ဆက်သွယ်ဖို့လည်း မဖြစ်နိုင်
နောက်ဆုံးတော့ အိမ်မှာများရှိမလားလို့ မျှော်လင့်ချက်လေးနဲ့ ရောက်လာခဲ့တယ်
......
နက် စနေသွေးကားပေါ်မှာတည်းက စကားလည်းမပြောနိုင် အတွေးပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတယ်
စနေသွေးကလည်း အလိုက်သိစွာ ဘာမှမမေး
ကိုကိုနက်ကို ခုလိုရက်စက်လိမ့်မယ်လို့မမျှော်လင့်မိလို့ပါ ဒါနက်ရဲ့အမှားပဲ
နက်မှားတာ နက်ကိုကို့ဆီက ဘာမှမျှော်လင့်လို့မရတာသိသိကြီးနဲ့ နက်ပဲမှားတာပါ
......
နက်ရဲ့ အိမ်ရှေ့ရောက်တော့လည်း သူ့ကိုတောင်မနုတ်ဆက်ပဲ အရုပ်လေးလို တောင့်တောင့်လေး အိမ်ထဲဝင်သွားတယ်
သွေးစိတ်ထဲမှာ မကောင်းပေမယ့် ကိုယ်မေးလိုက်လို့ သူလေးပိုစိတ်ညစ်သွားမှာကို မလိုလားတာကြောင့် သူလိုအပ်တာကိုပဲ ဖြည့်စည်းပေးဖို့ ဆန္ဒရှိနေခဲ့ပြီလေ
နောက်ဆုံး နက်အိမ်ထဲဝင်သွားမှပဲ သွေးလည်း ကိုယ့်အိမ်ကိုယ်ပြန်သွားတယ်
ချစ်ရသူရဲ့ မျက်ရည်တွေကိုမမြင်ရပေမယ့် သူ့ရင်ထဲ ဘယ်လောက်ကြေကွဲနေလဲဆိုတာ သူလေးရဲ့ အရိပ်အကဲ အမြဲကြည့်ပြီး ရှင်သန်လာရတဲ့ ကိုယ့်အတွက်တော့ သိနေတာမဆန်းပါဘူး
'နက်ရယ် နက်တစ်နေ့ တအားပင်ပန်းလာတဲ့ အခါ ကိုယ့်ရင်ခွင်ထဲ ခဏဖြစ်ဖြစ် ဝင်နားလှည့်ပါ'
............
သွေးလိုက်ပို့လို့ အိမ်ရောက်လာပေမယ့်
နက်သိတယ်
ဒီအိမ်က နက်နဲ့ မဆိုင်တော့ဘူး ကိုကိုနဲ့မမနှင်းတို့ရဲ့ အိမ်ဖြစ်တော့မှာ
နက်ကမိဘမဲ့ဖြစ်တဲ့အတွက် ကိုကိုရဲ့ကလေးလေးကို မိစုံဖစုံဖြစ်ဖို့ နက်ကိုကို့ကိုလက်လွှတ်ရတော့မယ်
နက်အခန်းထဲသွားပြီး ရေစိုဝတ်ကို မလဲနိုင် အဝတ်တွေထုတ်ပိုးပြီး နက်အတွက် လိုအပ်မယ်ထင်တဲ့ မှတ်ပုံတင်နဲ့ ပိုက်ဆံအနဲငယ်ယူလိုက်တယ်
ကိုကိုက နက်အတွက် လိုတာသုံးဖို့ ထည့်ပေးထားတဲ့ ဆယ်သိန်းအုပ်ပေါင်းများစွာထဲက တစ်အုပ်ကိုယူလိုက်တယ်
'နက် အခွင့်ကြုံတဲ့ အခါ ပြန်လာဆပ်ပါ့မယ်ကိုကို'
.......
နက် အိပ်လေးတစ်လုံးထဲကို လိုအပ်တာတွေ ထည့်ပြီး
အခန်းထဲကထွက်လာတဲ့ အချိန် ကိုကိုနက်အခန်းထဲဝင်လာတာတွေ့တယ်
"နက် နက် ဒါဘာလုပ်တာလဲ နက်ဘယ်သွားမလို့လဲ"
"နက် ကိုကိုထားပေးထားတဲ့
ပိုက်ဆံသေတ္တာထဲက တစ်အုပ်ယူသွားတယ်ကိုကို
နက်နောက်ရက်တွေမှာ ကွာရှင်းစာချုပ်ပို့ပေးလိုက်ပါ့မယ် ပိုက်ဆံကတော့
အဆင်ပြေတဲ့ထိ ခဏစောင့်ပေးပါ"
"နက်ဘာတွေပြောနေတာလဲ ကိုကိုက ဘာလို့နက်ကိုကွာရှင်းပေးရမှာလဲ နက်ရူးနေလား ကိုကိုကွာမပေးဘူးနော်"
"ဘာလဲကိုကို ကိုကိုက နက်ကိုရော မမနှင်းကိုပါ လိုချင်တာလား မရဘူးကိုကို မမနှင်းဆီမှာ ကိိုကိုရဲ့~"
"မဟုတ်ဘူးနက် ကိုကိုနဲ့ နှင်းနဲ့ က ဘာမှမကျူးလွန်ခဲ့ဘူး သူ့မှာ ဘာမှမရှိဘူး
ကိုကို ဝန်ခံပါတယ်ကွာ ကိုကို နက်ကိုပဲချစ်တာပါ နက်ကိုကို့ကို ထားမသွားပါနဲ့ ကိုကိုနက်ကိုချစ်တယ်"
ခန့်ထယ်ဝါ နက်ကို အတင်းဖက်ဖို့လုပ်လိုက်တာကြောင့်
!ဖြန်း!
ပါးတစ်ဖက်ပူခနဲဖြစ်သွားတယ်
သူ့ရှေ့မှာရပ်နေတဲ့မိန်းကလေးက
စေ့စေ့ကြည့်ပြီး အားပါပါနဲ့လွှဲရိုက်လိုက်တာသိလျက်နဲ့ ရှောင်ရကောင်းမှန်းမသိလောက်အောင် တမင်သကာ ကျေကျေနပ်နပ်ခံယူလိုက်တာပါ
ပါးတစ်ဖက်ကို လက်ခုံနဲ့ဖိကပ်လိုက်ရင်းနဲ့ သူနက်ကိုငေးကြည့်နေစဲမှာပဲ
နက်က သူ့ကိုဘယ်လိုတုံ့ပြန်ပြန် ဂရုမစိုက်တော့ဘူးဆိုတဲ့ ပုံစံနဲ့
ခန့်ထယ်ဝါကို စေ့စေ့ကြည့်စွာ တစ်လုံးချင်းသေမိန့်သေးတဲ့ တရားသူကြီးလို
ပျက်သားစွာပြောတော့တယ်
"မပြောနဲ့ ချစ်တယ်ဆိုတဲ့စကားက ရှင်နဲ့မတန်ဘူးခန့်ထယ်ဝါ ကျွန်မရှင့်ကို သိပ်မုန်းသွားပြီ"
နက်ပြောပြီးလှည့်ထွက်သွားပေမယ့် ခန့်ကတော့ နက်လက်မောင်းကို ဆွဲလိုက်တာကြောင့်
"ဟင့်အင်းမကိုင်နဲ့ လွှတ်"
အတင်းပြန်ရုန်းပေမယ့် ပုလဲနက်ကိုယ်လေး ခန့်ရင်ခွင်ထဲပါသွားတယ်
နက်ဘယ်လိုပဲထုရိုက်နေပါစေ
ခန့်ထယ်ဝါကတော့ သူ့ရဲ့သန်မာလှတဲ့ လက်တွေနဲ့ ပုလဲနက်ရဲ့ ကိုယ်လေးကို သိမ်းပိုက်လိုက်တော့တယ်
တအားအော်ဟစ်ထုရိုက်နေပါသော်လည်း ပုလဲနက်ကို လွှတ်ပေးဖို့နေနေသာသာ တိုးတိုးပြီးကျူးလွန်မိခဲ့တဲ့ ခန့်ထယ်ဝါ အချစ်နွံထဲက မရုံးထွက်နိုင်တော့ပေ
'ခွင့်လွှတ်ပါတော့ ချစ်ရသူရယ်'
Thank for reading26sebtember2021
vote20မပြည့်သေးပေမယ့်လည်းကတိအတိုင်းတင်လိုက်တယ်နော်
စာတွေ အများကြီးရေးထားတာနော် ပင်ပန်းနေပြီဟွန့်
Uni
"ေမာင္ရွင္းျပလိုက္ေလ
ေမာင္က ႏွင္းကိုပဲခ်စ္တာပါလို႔
ဒါ႔ေၾကာင့္ ႏွင္းတို႔ႏွစ္ေယာက္ အျမန္ဆုံးလက္ထပ္ရေအာင္ေနာ္
ပုလဲနက္ကလည္း လူလိုနားလည္ပါတယ္ သူကြာရွင္းေပးမွာပါ ေနာ္ "
နင္မ်က္ရည္ေတြနဲ႔ ကိုကို႔ကိုၾကည့္လိုက္တယ္ အျမင္ေတြေဝဝါးေနလို႔လားမသိဘူး
ကိုကိုက နက္ကို ေခါင္းခါျပတယ္
"နက္ သူေျပာတာေတြမယုံနဲ႔ေနာ္ ကိုကိုက န္႔ကိုပဲခ်စ္တာ နက္ကိုကို႔ကိုၾကည့္ပါဦးကြာ နက္ နက္"
"ေမာင္ကလည္း ခုမွေတာ့ သနားၿပီးပဲျဖစ္ျဖစ္ အားနာၿပီးပဲျဖစ္ျဖစ္ လိမ္မေနပါနဲ႔ေတာ့ နက္ကနားလည္မွာပါေနာ္ နက္ကမေမြးေသးတဲ့ကေလးက္ုေတာ့ အေဖမဲ့ေအာင္မလုပ္ေလာက္ပါဘူး"
"နက္ကိုခြင့္ျပဳပါ "
နက္ေျပးထြက္လာတဲ့လမ္းတစ္ေလ်ာက္ငိုခဲ့မိလား ေအာ္ခဲ့မိလားမသဲကြဲ
သတိထားမိတဲ့ အခ်ိန္မွာ နက္တစ္ကိုယ္လုံးရႊဲရႊဲစိုေနၿပီးကားလမ္းမေဘးမွာ ထိုင္ေနမိတယ္
ေရွ႕မွာကားတစ္စီးလာရပ္ေတာ့ ေမာ့လည္းမၾကည့္ျဖစ္
"နက္ ဟဲ့ဘာလုပ္ေနတာလဲ လာျပန္မယ္ မိုးေတြရြာေနတာကို လသာေနတယ္မ်ားထင္ေနလားမသိဘူး "
နက္ကို ထီးေလးမိုးေပးရင္း ဆူေနတဲ့ေသြးကိုၾကည့္ကာ နက္မ်က္ရည္မက်မိေတာ့
"ငါ႔ကို အိမ္ျပန္လိုက္ပို႔ေပးပါဟာ"
...........
ဒီေန႔မွ ေဆာက္လုပ္ေရးကၿခံေတြစာခ်ဳပ္ခ်ဳပ္ဖို႔ ကိုယ္ရွိမွျဖစ္မွာဆိုတာနဲ႔ နက္ကို ဟိုႏွစ္ေကာင္နဲ႔ ႀကိဳခိုင္းလိုက္တာ
တစ္ေကာင္တည္းဆို
နက္က တစ္ေယာက္တည္းကိုစကားေျပာၿပီး ၾကည့္ေနရမွာ
မသကာ ၾကည့္တာမ်ားၿပီး ႀကိဳက္သြားမွာလဲစိုးရေသး
ဒါ႔ေၾကာင့္ ႏွစ္ေယာက္လုံးလႊတ္လိုက္တာ
အခန္းတခါးလာေခါက္ေတာ့ နက္ပဲဆိုၿပီး ဝင္ခိုင္းလိုက္တာ ႏွင္းျဖဴစင္ျဖစ္ေနတယ္
"ေမာင္ ေနေကာင္းသြားၿပီလား"
"အင္းသက္သာပါတယ္ ႏွင္းကြၽန္ေတာ့္ဆီလာတာဘာကိစၥရွိလို႔လဲ"
"ေမာင္ရယ္ႏွင္းက ကိစၥရွိမွာလာရမွာလား ဟင္းဟင္း ဒါေပမယ့္ ဒီခါေတာ့ ကိစၥရွိတယ္ ဒီမွာေလ ေမာင့္အတြက္ လက္ေဆာင္ပါတယ္"
ႏွင္းေပးလိုက္တဲ့ အထုတ္ထဲမွာ သူနဲ႔ႏွင္း ကားေပၚမွာနမ္းတဲ့ပုံေတြ မေန႔ကေဆးခန္းကထြက္လာတဲ့ပုံေတြ
"မင္း မင္း ဒါဘာသေဘာလဲ"
"ဒီေလာက္ဆို ေမာင္တို႔လင္မယားကြဲဖို႔လုံေလာက္ၿပီေမာင္ ေမာင္က ေမာင့္ညီမမို႔ သနားၿပီးမကြာႏိုင္ေပမယ့္ ႏွင္းကေတာ့ ေမာင့္ကို မစြန္႔လႊတ္ႏိုင္ေတာ့ဘူး အဲ့ေတာ့ ႏွင္းကပဲ ေမာင္တို႔ႏွစ္ေယာက္ၾကားမွာ လူၾကမ္းႀကီးလုပ္ေပးမယ္"
"မင္း မင္း"
!ေဒါက္ေဒါက္"
"ဝင္ခဲ့"
တခါးေခါက္သံၾကားေတာ့ ႏွင္းျဖဴစင္က ခန္႔ထယ္ဝါေပါင္ေပၚ လွမ္းထိုင္လိုက္ၿပီး ပုခုံးကိုဖက္ကာ နမ္းလိုက္တယ္
႐ုပ္တရက္ နက္ဝင္လာေတာ့ အားလုံးရႈပ္ကုန္တယ္
နက္ ခန္႔တို႔ကို ဒီလိုပုံစံမ်ိဳးနဲ႔ျမင္လိုက္ရေတာ့ မ်က္လုံးထဲက မ်က္ရည္ေတြက်လာတာ္
'မငိုပါနဲ႔ေတာ့ကြာ နက္ငိုတာ ကိုကိုမျမင္ႏိုင္ေတာ့ဘူး'
ခန္႔ေျပာဖို႔စကားေတြေျပာက္ရွေနတုန္းမွာပဲ နက္က ဓာတ္ပုံေတြျမင္ၿပီး အခန္းထဲကေျပးထြက္သြားတယ္
ဒီေသာက္သုံးမက်တဲ့ ပါးစပ္က နက္ကိုေျဖရွင္းမေပးလိုက္ႏိုင္ဘူးေလ
"ႏွင္း မင္းကို ငါ အရင္ကခ်စ္ခဲ့ေကာင္းခ်စ္ခဲ့လိမ့္မယ္ ခုေတာ့ရြံသြားၿပီ
တစ္ခါတည္းေျပာလိုက္မယ္
ငါက ငါ႔မိန္းမျဖစ္တဲ့ ပုလဲနက္ကိုပဲခ်စ္တာ
မင္းကိုလည္း ဘယ္ေတာ့မွ ယူမွာမဟုတ္သလို နက္ကိုလည္း ဘယ္ေတာ့မွ ကြာရွင္းမွာ မဟုတ္ဘူး "
"ေမာင္တကယ္ေျပာလိုက္တာလား ေမာင္ႏွင္းကိုသစၥာေဖာက္ေတာ့မွာေပါ႔"
"ဒီမွာ ႏွင္းျဖဴစင္ ငါဘယ္တုန္းကမွ ဘယ္သူ့အေပၚမွာမွသစၥာမေဖာက္ခဲ့ဘူး
မင္းနဲ႔ခ်စ္သူေတြျဖစ္ခဲ့တုန္းကလည္း မင္းအေပၚ သစၥာရွိခဲ့တယ္ ခုနက္ရဲ႕ခင္ပြန္းျဖစ္ေနခ်ိန္မွာလဲ မင္းအေပၚႏုတ္နဲ႔ေကာ ကိုယ္နဲ႔ေကာ ငါသစၥာမေဖာက္ခဲ့ဘူး"
"ေမာင္ႏွင္းကိုသစၥာေဖာက္လို႔ ပုလဲနက္နဲ႔လက္ထပ္ခဲ့တာေပါ႔"
"မဟုတ္ဘူးႏွင္းျဖဴစင္ အမွန္က မင္းကမွ ငါ႔အခ်စ္နဲ႔မထိုက္တန္ခဲ့တာ မင္းကမွသူမ်ားအခ်စ္ခံဖို႔မထိုက္တန္ခဲ့တာပဲ ငါမင္းကိုေတာ္ေတာ္စိတ္ပ်က္သြားၿပီ"
ခန္႔ထယ္ဝါ ႏွင္းျဖဴစင္ကို႐ုံးခန္းထဲထားခဲ့ၿပီး ေျပးထြက္လာခဲ့တယ္ နက္ကိုရွာရမယ္ သူေလးခုခ်ိန္ ဘယ္ေလာက္အားငယ္ၿပီး ဝမ္းနည္းေနလိုက္မလဲ
"ခန္႔ႀကီး မင္းမိန္းမနဲ႔မေတြ႕ဘူးလား ငါတို႔သြားႀကိဳၿပီးၿပီေနာ္"
ရာဇာတို႔ႏွစ္ေယာက္ ကားထားၿပီး ေအာက္မွာ ေကာ္ဖီေကာက္ၿပီး ျပန္ထြက္လာေတာ့ ခန္႔ထာ္ဝါအေလာတေကာေျပးထြက္လာတာေတြ႕ၿပီး လွမ္းေျပာလိုက္တာ
"မင္း မင္းတို႔ နက္ထြက္သြားတာ မ မေတြ႕လိုက္ဘူးလား"
ခန္႔ထယ္ဝါမ်က္ရည္ေတြနဲ႔ ေျပာတဲ့စကားကို ရာဇာနဲ႔မင္းခန္႔ၾကားေတာ့ နားမလည္ေသာေၾကာင့္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ေနတုန္း ခန္႔ဝယ္ဝါ အျပင္ကိုေျပးထြက္သြားတယ္
မိုးေတြတအားရြာခ်ေနတာေၾကာင့္ ခန္႔ကားေမာင္းၿပီး လမ္းတစ္ေလွ်ာက္ရွာခဲ့ပါတယ္ မေတြ႕
နက္ဖုန္းကလည္း သူဆီမွာမို႔ နက္ကို ဆက္သြယ္ဖို႔လည္း မျဖစ္ႏိုင္
ေနာက္ဆုံးေတာ့ အိမ္မွာမ်ားရွိမလားလို႔ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ေရာက္လာခဲ့တယ္
......
နက္ စေနေသြးကားေပၚမွာတည္းက စကားလည္းမေျပာႏိုင္ အေတြးေပါင္းမ်ားစြာနဲ႔ အလုပ္ရႈပ္ေနတယ္
စေနေသြးကလည္း အလိုက္သိစြာ ဘာမွမေမး
ကိုကိုနက္ကို ခုလိုရက္စက္လိမ့္မယ္လို႔မေမွ်ာ္လင့္မိလို႔ပါ ဒါနက္ရဲ႕အမွားပဲ
နက္မွားတာ နက္ကိုကို႔ဆီက ဘာမွေမွ်ာ္လင့္လို႔မရတာသိသိႀကီးနဲ႔ နက္ပဲမွားတာပါ
......
နက္ရဲ႕ အိမ္ေရွ႕ေရာက္ေတာ့လည္း သူ့ကိုေတာင္မႏုတ္ဆက္ပဲ အ႐ုပ္ေလးလို ေတာင့္ေတာင့္ေလး အိမ္ထဲဝင္သြားတယ္
ေသြးစိတ္ထဲမွာ မေကာင္းေပမယ့္ ကိုယ္ေမးလိုက္လို႔ သူေလးပိုစိတ္ညစ္သြားမွာကို မလိုလားတာေၾကာင့္ သူလိုအပ္တာကိုပဲ ျဖည့္စည္းေပးဖို႔ ဆႏၵရွိေနခဲ့ၿပီေလ
ေနာက္ဆုံး နက္အိမ္ထဲဝင္သြားမွပဲ ေသြးလည္း ကိုယ့္အိမ္ကိုယ္ျပန္သြားတယ္
ခ်စ္ရသူရဲ႕ မ်က္ရည္ေတြကိုမျမင္ရေပမယ့္ သူ့ရင္ထဲ ဘယ္ေလာက္ေၾကကြဲေနလဲဆိုတာ သူေလးရဲ႕ အရိပ္အကဲ အၿမဲၾကည့္ၿပီး ရွင္သန္လာရတဲ့ ကိုယ့္အတြက္ေတာ့ သိေနတာမဆန္းပါဘူး
'နက္ရယ္ နက္တစ္ေန႔ တအားပင္ပန္းလာတဲ့ အခါ ကိုယ့္ရင္ခြင္ထဲ ခဏျဖစ္ျဖစ္ ဝင္နားလွည့္ပါ'
............
ေသြးလိုက္ပို႔လို႔ အိမ္ေရာက္လာေပမယ့္
နက္သိတယ္
ဒီအိမ္က နက္နဲ႔ မဆိုင္ေတာ့ဘူး ကိုကိုနဲ႔မမႏွင္းတို႔ရဲ႕ အိမ္ျဖစ္ေတာ့မွာ
နက္ကမိဘမဲ့ျဖစ္တဲ့အတြက္ ကိုကိုရဲ႕ကေလးေလးကို မိစုံဖစုံျဖစ္ဖို႔ နက္ကိုကို႔ကိုလက္လႊတ္ရေတာ့မယ္
နက္အခန္းထဲသြားၿပီး ေရစိုဝတ္ကို မလဲႏိုင္ အဝတ္ေတြထုတ္ပိုးၿပီး နက္အတြက္ လိုအပ္မယ္ထင္တဲ့ မွတ္ပုံတင္နဲ႔ ပိုက္ဆံအနဲငယ္ယူလိုက္တယ္
ကိုကိုက နက္အတြက္ လိုတာသုံးဖို႔ ထည့္ေပးထားတဲ့ ဆယ္သိန္းအုပ္ေပါင္းမ်ားစြာထဲက တစ္အုပ္ကိုယူလိုက္တယ္
'နက္ အခြင့္ႀကဳံတဲ့ အခါ ျပန္လာဆပ္ပါ႔မယ္ကိုကို'
.......
နက္ အိပ္ေလးတစ္လုံးထဲကို လိုအပ္တာေတြ ထည့္ၿပီး
အခန္းထဲကထြက္လာတဲ့ အခ်ိန္ ကိုကိုနက္အခန္းထဲဝင္လာတာေတြ႕တယ္
"နက္ နက္ ဒါဘာလုပ္တာလဲ နက္ဘယ္သြားမလို႔လဲ"
"နက္ ကိုကိုထားေပးထားတဲ့
ပိုက္ဆံေသတၱာထဲက တစ္အုပ္ယူသြားတယ္ကိုကို
နက္ေနာက္ရက္ေတြမွာ ကြာရွင္းစာခ်ဳပ္ပို႔ေပးလိုက္ပါ႔မယ္ ပိုက္ဆံကေတာ့
အဆင္ေျပတဲ့ထိ ခဏေစာင့္ေပးပါ"
"နက္ဘာေတြေျပာေနတာလဲ ကိုကိုက ဘာလို႔နက္ကိုကြာရွင္းေပးရမွာလဲ နက္႐ူးေနလား ကိုကိုကြာမေပးဘူးေနာ္"
"ဘာလဲကိုကို ကိုကိုက နက္ကိုေရာ မမႏွင္းကိုပါ လိုခ်င္တာလား မရဘူးကိုကို မမႏွင္းဆီမွာ ကိိုကိုရဲ႕~"
"မဟုတ္ဘူးနက္ ကိုကိုနဲ႔ ႏွင္းနဲ႔ က ဘာမွမက်ဴးလြန္ခဲ့ဘူး သူ့မွာ ဘာမွမရွိဘူး
ကိုကို ဝန္ခံပါတယ္ကြာ ကိုကို နက္ကိုပဲခ်စ္တာပါ နက္ကိုကို႔ကို ထားမသြားပါနဲ႔ ကိုကိုနက္ကိုခ်စ္တယ္"
ခန္႔ထယ္ဝါ နက္ကို အတင္းဖက္ဖို႔လုပ္လိုက္တာေၾကာင့္
!ျဖန္း!
ပါးတစ္ဖက္ပူခနဲျဖစ္သြားတယ္
သူ့ေရွ႕မွာရပ္ေနတဲ့မိန္းကေလးက
ေစ့ေစ့ၾကည့္ၿပီး အားပါပါနဲ႔လႊဲ႐ိုက္လိုက္တာသိလ်က္နဲ႔ ေရွာင္ရေကာင္းမွန္းမသိေလာက္ေအာင္ တမင္သကာ ေက်ေက်နပ္နပ္ခံယူလိုက္တာပါ
ပါးတစ္ဖက္ကို လက္ခုံနဲ႔ဖိကပ္လိုက္ရင္းနဲ႔ သူနက္ကိုေငးၾကည့္ေနစဲမွာပဲ
နက္က သူ့ကိုဘယ္လိုတုံ႔ျပန္ျပန္ ဂ႐ုမစိုက္ေတာ့ဘူးဆိုတဲ့ ပုံစံနဲ႔
ခန္႔ထယ္ဝါကို ေစ့ေစ့ၾကည့္စြာ တစ္လုံးခ်င္းေသမိန္႔ေသးတဲ့ တရားသူႀကီးလို
ပ်က္သားစြာေျပာေတာ့တယ္
"မေျပာနဲ႔ ခ်စ္တယ္ဆိုတဲ့စကားက ရွင္နဲ႔မတန္ဘူးခန္႔ထယ္ဝါ ကြၽန္မရွင့္ကို သိပ္မုန္းသြားၿပီ"
နက္ေျပာၿပီးလွည့္ထြက္သြားေပမယ့္ ခန္႔ကေတာ့ နက္လက္ေမာင္းကို ဆြဲလိုက္တာေၾကာင့္
"ဟင့္အင္းမကိုင္နဲ႔ လႊတ္"
အတင္းျပန္႐ုန္းေပမယ့္ ပုလဲနက္ကိုယ္ေလး ခန္႔ရင္ခြင္ထဲပါသြားတယ္
နက္ဘယ္လိုပဲထု႐ိုက္ေနပါေစ
ခန္႔ထယ္ဝါကေတာ့ သူ့ရဲ႕သန္မာလွတဲ့ လက္ေတြနဲ႔ ပုလဲနက္ရဲ႕ ကိုယ္ေလးကို သိမ္းပိုက္လိုက္ေတာ့တယ္
တအားေအာ္ဟစ္ထု႐ိုက္ေနပါေသာ္လည္း ပုလဲနက္ကို လႊတ္ေပးဖို႔ေနေနသာသာ တိုးတိုးၿပီးက်ဴးလြန္မိခဲ့တဲ့ ခန္႔ထယ္ဝါ အခ်စ္ႏြံထဲက မ႐ုံးထြက္ႏိုင္ေတာ့ေပ
'ခြင့္လႊတ္ပါေတာ့ ခ်စ္ရသူရယ္'
Thank for reading26sebtember2021
vote20မျပည့္ေသးေပမယ့္လည္းကတိအတိုင္းတင္လိုက္တယ္ေနာ္
စာေတြ အမ်ားႀကီးေရးထားတာေနာ္ ပင္ပန္းေနၿပီဟြန္႔