သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက...

By elisa_khin

56.1K 3.1K 79

If you fall in love with a person with different personalities or he shows you dark side or something... More

1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
One shot
16.
17.
18.
19.
21.
22.
23.
24.
25.
26.
27.
28.
29.(Ending)
Charactersရှင်းလင်းခြင်း
New fic ✨
စျေးဗန်း 🙆

20.

1K 55 0
By elisa_khin


"သက္ကရာလေးရေ ဗိုက်ဆာနေပြီလား ဟင်းကျက်ပြီမို့လို့ ထမင်းစားလို့ရပါပြီဗျာ ''

ဥာဏ်က မီးဖိုချောင်ထဲ၌ လက်စွမ်းပြပြီးနောက် ဧည့်ခန်းမှာထိုင်နေသော သက္ကရာဆီလျှောက်လာကာ ပြုံး၍ ပြောလိုက်သည် ။
သက္ကရာက ဥာဏ်ကို မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကြည့်လာပြီး 'သူမဆာသေးဘူး'ဆိုတဲ့သဘောနဲ့ ခေါင်းအသာခါပြလာသောကြောင့်

"ဟုတ်ပါပြီ ဒါဆို ကိုကိုရေအမြန်ချိုးလိုက်ဦးမယ်နော် ပြီးရင် ထမင်းစားကြတာပေါ့ ''

သက္ကရာက ခေါင်းညိတ်ပြသောကြောင့် ဥာဏ်လဲ ခြံထဲရှိ ရေကျောက်စည်နားသို့သွားကာ ရေအမြန်ချိုးလိုက်သည် ။
ဒီနေ့က အလုပ်ပိတ်ရက်မို့လို့ သက္ကရာကို ဖွယ်ဖွယ်ရာရာလေးချက်ကျွေးချင်သောကြောင့် မနက်အစောကြီးထဲက စျေးသွားပြီး ချက်ပြုတ်နေတာ အခုမှအလုပ်ပြီးတော့သည် ။
အဲ့ဒါထက် သက္ကရာရဲ့ အေးအေးချမ်းချမ်းမျက်နှာလေးကိုမြင်ရ၍ ဥာဏ်ပိုစိတ်ချမ်းသာရသည် ။
မဟုတ်ရင် သက္ကရာဇ်သာဆိုရင်.....
သူဆက်မတွေးရဲပါ...သက္ကရာသာ အခုလို အေးအေးချမ်းချမ်းလေးနေပြီး သူနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်ဆိုရင် သက္ကရာ တသက်လုံး စကားပြန်မပြောတော့ရင်တောင် ဥာဏ်ကျေနပ်မိမည်ထင်သည် ။
.
.
.
.
.
.
.
"သက္ကရာရေ ကိုကိုရေချိုးပြီးပါပြီဗျာ ''

ဥာဏ်ရေချိုးပြီးသောကြောင့် သက္ကရာကို အသံပေး၍ အိမ်ပေါ်သို့အပြေးတက်လာခဲ့သည် ။

"ဟင်...သက္ကရာ ဒါကဘယ်ကို.....''

သုံးဆင့်ချိုင့်တစ်လုံးဆွဲကာ အပြင်ထွက်ရန်ပြင်နေသော သက္ကရာကြောင့် ဥာဏ် အံ့သြစွာမေးမိတော့ စကားပင်မဆုံးလိုက် ပြန်ရလိုက်သည်က ခပ်လှောင်လှောင် အကြည့်တစ်ချက်သာ ။

"မင်း...မင်း...သက္ကရာဇ်! "

"အဟက် ဘာလဲ မမြင်ဖူးတဲ့လူတွေကျနေတာပဲ အထူးအဆန်းလုပ်လို့ ''

ဥာဏ် လက်သီးကို တင်းတင်းဆုပ်ထားမိသည် ။

"မင်း သက္ကရာဆီမှာ ဘာလို့ပေါ်လာပြန်တာလဲ အခု သက္ကရာက ငါ့အရိပ်အောက်မှာ အေးအေးချမ်းချမ်းနေနေတာလေ ဘာမှကြောက်စရာလဲမရှိဘူး ပြီးတော့ ငါတောင်းပန်ပါတယ် သက္ကရာဆီမှာ ထပ်ပေါ်မလာပါနဲ့တော့ သက္ကရာကို ငါကာကွယ်ပေးနိုင်တယ် မင်းကာကွယ်ပေးစရာမလိုတော့ဘူး ''

သက္ကရာဇ် ဟက်ဟက်ပက်ပက်ရယ်လိုက်သည် ။
ဒီကောင် ဘာတွေလာကြောင်နေတာလဲ...

"အဲ့ဒါကတော့ မင်းဘာသာ မင်းရဲ့ချစ်ညီလေးကို ပြောလေ သက္ကရာဇ်ဆိုတဲ့ကောင်ကို မခေါ်ထားပါနဲ့လို့ အဟက်...ပြီးတော့ သက္ကရာ ကူရာကယ်ရာမဲ့နေတဲ့အချိန်တိုင်း မင်း ဘယ်တုန်းက ပေါ်လာဖူးလို့လဲ ဟာသတွေလာပြောမနေနဲ့ ''

ဥာဏ် မျက်နှာကွက်ခနဲပျက်သွားသည် ။
တကယ်ဆို အားလုံးက သူ့အပြစ်တွေပဲ...

"အခုကရော ဘယ်သွားမလို့လဲ ''

"ငါ့ရဲ့အချစ်ဆီလေ ထမင်းချိုင့်သွားပို့မလို့.... အဟက် ထမင်းချိုင့်အတွက် ကျေးဇူးပဲနော် ကိုကို  သွားလိုပါဦးမယ်ခင်ဗျာ ''

တောက်ခ်

သူ့ကိုရွဲ့ကာ ဟက်ဟက်ပက်ပက်ရယ်ပြီး ထွက်သွားသော သက္ကရာဇ်၏ ကျောပြင်ကိုကြည့်ပြီး ဥာဏ် တောက်ခ်တစ်ချက်ပြင်းပြင်းခေါက်ကာ လက်သီးကိုဆုပ်၍ အံကိုတင်းတင်းကျိတ်ထားမိသည် ။

*သက္ကရာဇ်ဆိုတဲ့ကောင် သက္ကရာရဲ့ဘဝက ထွက်သွားအောင် သူဘာလုပ်သင့်လဲ...သူဘာလုပ်ရမလဲ....*

***************************************************

"ဆရာ free hug campaign အတွက် လုပ်အားပေးပါဦး အပြင်မှာ ဆရာဝန် တော်တော်များများတောင်ရောက်နေပြီ ''

"ဟုတ်ကဲ့ ဆရာမ ကျွန်တော် အလုပ်လေး လက်စသတ်ပြီး ထွက်လာခဲ့မယ်နော် ''

သူနာပြုဆရာမလေးကလာပြောသောကြောင့် တည်တံ့မောင် လုပ်လက်စအလုပ်အားလတ်စသတ်၍ လုပ်အားပေးရန်ပြင်ရသည် ။
သူအခုလုပ်နေတဲ့ ပုဂ္ဂလိကဆေးရုံက အဲ့လို activities တွေ ခဏခဏလုပ်တတ်သည် ။
ဥပမာ cancerရောဂါသည်ကလေးတွေအတွက် ပုံပြင်ပြောပြတဲ့အစီအစဥ်တို့ ၊ နာတာရှည်လူနာတွေအတွက်  ၆လတစ်ခါ အဆိုတော်ခေါ်ပြီး ဖျော်ဖြေပွဲအသေးစားလေးတွေလုပ်ပေးတာမျိုးပေါ့ ။

ပြောရရင် ဆေးရုံကြော်ငြာသလိုပဲ 'ကျွန်တော်တို့ဆေးရုံမှာ ဒီလို activities တွေလဲရှိလို့ ကျွန်တော်တို့ဆေးရုံကို လာတတ်ပါ'ဆိုတဲ့ patients' attraction ပုံစံနဲ့ကြော်ငြာနေကြတာ ။
တကယ်တော့ ပုဂ္ဂလိက ဆေးရုံတွေကလဲ ရွှေဆိုင်ကြီးတွေလိုပဲ ....ပြောခဲ့ဖူးသလိုပဲ ဆေးရုံ ဆေးခန်း ဆိုတာ လူမလာလေ ကောင်းလေဆိုပေမယ့် အခုတော့ သူ့ထက်ငါအပြိုင် ဆေးရုံကိုလူလာအောင် ကြော်ငြာနေကြတဲ့ခေတ်ဖြစ်နေသည် ။

တည်တံ့မောင်တို့လိုဆရာဝန်တွေကလဲ အဲ့ဒီ activities တွေမှာ တစ်မျိုးတစ်ဖုံပါဝင်ကြရတော့တာပဲ အခုလိုမျိုး free hug campaign လိုမျိုးတွေမှာပေါ့ ။
ဒီလိုနာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေမှာ အလုပ်ဝင်ဖို့ဆိုတာ တည်တံ့မောင်တို့လို ဆရာဝန်ပေါက်စလေးတွေအတွက် တကယ်မလွယ်ကူပေ ။
အစိုးရဆေးရုံတွေမှာ လစာနည်းသောကြောင့် ဆရာဝန်အတော်များများက လစာကောင်းပြီး အလုပ်သက်သာတဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာပဲ အလုပ်လုပ်လိုကြသောကြောင့် ပုဂ္ဂလိကဆေးရုံတွေမှာ ဝင်တိုးကြပေမယ့် အလုပ်ရဖို့မလွယ်ကူကြပေ ။
တည်တံ့မောင်အလုပ်ရတယ်ဆိုတာကလဲ ပြောရရင် အကပ်လေးနဲ့ဝင်တာပေါ့ ။
ကျောင်းတုန်းကရှားရှားပါးပါးခင်ဖူးတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ရဲ့အဖေက ဒီဆေးရုံမှာ ရာထူးကြီးကြီးပိုင်းထဲကမို့လို့သာ တည်တံ့မောင်က သူငယ်ချင်း အကူအညီနဲ့ အလုပ်ရခဲ့ခြင်းပင် ။

"ဆရာတည်တံ့မောင်ရှင့် ကျွန်မ ခဏဝင်ခဲ့လို့ရမလား ''

တည်တံ့မောင် အလုပ်ကို လတ်စသတ်၍ စဥ်းစားနေရင်း တံခါးပေါက်မှ အသံကြားသောကြောင့် ကြည့်လိုက်တော့

"ဟင် ဒီဒီ ! "

ဆံပင်အရှည်လေးကို ဝဲနေအောင်ဖားလျားလေးချကာ ကိုယ်လေးတစ်ခြမ်းစောင်း၍ တံခါးပေါက်ကနေ ချောင်းကြည့်နေသူက တခြားသူမဟုတ်ပေ ။
သူ့ကိုဒီဆေးရုံမှာ အလုပ်ရအောင်လုပ်ပေးခဲ့တဲ့ သူ့ရဲ့ သူငယ်ချင်းမလေး သံသာဒီဒီ ဖြစ်သည် ။

"ဝင်လာလို့ရတယ်မလား  "

ဒီဒီက ပြုံးပြကာ ဝင်ခွင့်တောင်းနေသောကြောင့် တည်တံ့မောင် အံ့သြနေရာမှ ခေါင်းညိတ်ပြလိုက်သည် ။

"နင် ဘယ်တုန်းက ပြန်ရောက်တာလဲ ငါ့ကိုလဲ ကြိုမပြောဘူး ''

ဒီဒီက ကျောင်းပြီးထဲက ထိုင်းမှာနေတဲ့ သူ့အမေဆီသွားနေသောကြောင့် တည်တံ့မောင်က မေးလိုက်ခြင်းပင် ။

"အင်း Mae(အမေ)က ​ဒီကိုလာလည်ချင်တယ်ဆိုလို့ ပြောရရင် ဖေဖေကအခုတလောအလုပ်ရှုပ်နေလို့ အိမ်ပြန်မလာတာကြာပြီလေ အဲ့ဒါ ဖေဖေ့ကိုလွမ်းလို့ သူ့မိန်းမက လိုက်လာတာဟေ့ ''

တည်တံ့မောင် ခေါင်းညိတ်ပြလိုက်သည် ။
ဒီဒီ့အဖေက ဗမာဖြစ်ပြီး အမေက ထိုင်းလူမျိုးဖြစ်သောကြောင့် ဒီဒီက ထိုင်း-ဗမာ ကပြားမလေးဖြစ်သည် ။
ဒီဒီ့အမေက သူ့မွေးရပ်မြေကိုမခွဲနိုင်တဲ့အပြင် ဒီဒီ့အဖေရဲ့အလုပ်တွေကလဲ မြန်မာမှာရှိနေ၍ ဒီဒီတို့သားအဖက မြန်မာနဲ့ ထိုင်းကို သွားလိုက်ပြန်လိုက်လုပ်နေကြသည် ။

"ဒီမှာဘယ်လောက်ကြာကြာနေမှာလဲ ''

"ဘာလဲ နင်က ငါ့ကို ခရီးရောက်မဆိုက် နှင်လွှတ်နေတာလား ''

ဒီဒီက မျက်စောင်းလေ့ဝင့်ကာပြောတော့ တည်တံ့မောင်မှာ ပြာပြာသလဲ ငြင်းရသည် ။

"အာ မဟုတ်တာဟာ ငါကသိချင်လို့ပါ ပြီးတော့ နင့်ကိုကျေးဇူးတင်လို့ မုန့်လဲလိုက်ကျွေးချင်သေးတယ် ''

တည်တံ့မောင်စကားကြောင့် ဒီဒီ့က မျက်မှောင့်ကျုံ့ကာ သူ့ကိုယ်သူလက်ညှိုးလေးထိုးပြီး

"ငါ့ကို? မုန့်လိုက်ကျွေးချင်လို့? "

"အင်းလေ ဟုတ်တယ် ''

တည်တံ့မောင်က ခေါင်းညိတ်ပြတော့ ဒီဒီက နားမလည်ဟန်နှင့်

"ဘာလို့ ''

"အလုပ်သွင်းပေးထားလို့လေ ငါ့အပေါ်ကျေးဇူးရှိလို့ ''

ဒီဒီက အနီးရှိ တစ်ရှူးဘူးနှင့် ကောက်ပေါက်လာသောကြောင့် တည်တံ့မောင် အလျင်အမြန် ရှောင်တိမ်းလိုက်သည် ။
တည်တံ့မောင်ကသာ ကျောင်းထဲက အနေအေးတာ သံသာဒီဒီတို့ကတော့ လက်သံပြောင်ချက်ပဲ ။

"ဘာလို့ပေါက်တာလဲဟ မတော်တဆထိသွားရင် ဘယ်လိုလုပ်မလဲ ''

"ထိအောင်ပေါက်တာလေ ''

"ငါဘာလုပ်လို့လဲ!  "

တည်တံ့မောင်က မကျေနပ်သလိုပြောတော့ ဒီဒီက

"ဒီလူ နဲ့ ဒီလူ ကျေးဇူးတင်စရာလားဟဲ့ ကျောင်းတက်တုန်းက နင့်အမေထည့်ပေးတဲ့ ထမင်းချိုင့်ကထမင်းတွေကို ၇နှစ်လုံးကပ်စားလာတာနဲ့တင် ကျေနေပြီကို ဘာမှကျေးဇူးတင်စရာမလိုဘူး...အဲ အဲ့လိုမဟုတ်ဘဲ နင်ကမုန့်အတင်းလိုက်ကျွေးချင်တယ်ဆိုရင်တော့ ငါက စိတ်ချမ်းသာစွာနဲ့ လက်ခံရမှာပေါ့ ''

မျက်ခုံးပင့်ကာ ပြောင်စပ်စပ်ပြောလာသော ဒီဒီကြောင့် တည်တံ့မောင်လဲ လိုက်ရယ်လိုက်သည် ။
ဒီလို သူငယ်ချင်းကောင်း တစ်ယောက်ရထားတာ တည်တံ့မောင်အတွက် တကယ်ကို ကံကောင်းခြင်းပင် ။

"သြော် နင် အိမ်ပြန်တော့မှာလား ''

တည်တံ့မောင်က တစ်ခုခုကို သတိရသွားဟန်ဖြင့်ပြောလာတော့ ဒီဒီက

"ဟင့်အင်း ခဏနေဦးမှာ နင်ကဘာလုပ်မို့လဲ လူနာကြည့်စရာရှိလို့လား ''

"မဟုတ်ဘူးဟ free hug campaign အတွက် လုပ်အားပေးသွားရဦးမယ် ''

"အာ ဟုတ်သားပဲ ငါ ဆေးရုံအဝင်ဝမှာတွေ့ခဲ့တယ် ဆရာဝန်တွေအများကြီးပဲ ငါကဘာလုပ်နေမှန်းမသိလို့ အဲ့ဒါ free hug campaign အတွက်လား ''

"အင်း ဟုတ်တယ် ဒါဆို ခဏစောင့်လေ ငါအဲ့ကပြန်လာရင် မုန့်သွားစားကြတာပေါ့ ''

"အင်း ရတယ်လေ စောင့်နေမယ် ''

"ဒါဆိုပြီးရော သွားလိုက်ဦးမယ် ''

တည်တံ့မောင်ကသွားရန်ပြင်တော့ ဒီဒီကလှမ်းတားလာသည် ။

"နေဦး free hug campaign အတွက် ဒီသူငယ်ချင်းလေးကို အရင်နှစ်သိမ့်ပြီးဖက်ပေးသွားပါဦး Maeနဲ့ ဖေဖေ roနေတာမြင်ပြီး နှလုံးသားလေး နာကျင်နေလို့ ''

နှုတ်ခမ်းလေးဆူကာ ကလေးဆန်ဆန်ပြောနေသော သူငယ်ချင်းမလေးကြောင့် တည်တံ့မောင်ရယ်မိလိုက်သည် ။

"ဟုတ်ပြီ လာ လာ သနားစရာအရမ်းကောင်းနေတဲ့ ငါ့သူငယ်ချင်းလေးကို နှစ်သိမ့်ပေးရမှာပေါ့ ''

ထို့နောက် နှစ်ယောက်သားပြုံးရယ်ပြီး စ,နောက်ကာ တစ်ယောက်နှင့်တစ်ယောက် စက္ကန့်အနည်းငယ်ကြာမျှဖက်ထားလိုက်ကြသည် ။
ထိုအချိန်၌

"အဲ့ဒါ ဘာလုပ်နေကြတာလဲ !!!!!! "

***************************************************

A/N

အော်လိုက်တာဘယ်သူဖြစ်မယ်ထင်လဲ 😗

ကဲ သက္ကရာတို့အကြောင်းနည်းနည်းရှင်းရအောင်နော်
သက္ကရာက ဒါဒါတို့ထင်တဲ့အတိုင်းပဲ DIDလူနာပါ
ပြောရရင် ဇာတ်နာတယ်လို့မထင်စေချင်ပေမယ့် selective mutismဖြစ်တဲ့အပြင် DIDပါဖြစ်နေတဲ့လူနာပေါ့
Selective mutism က ကုသလို့ရပေမယ့် DIDကတော့ စိတ်မကောင်းစွာနဲ့ ကုလို့မရပါဘူးတဲ့
DIDဆိုတာကတော့ အားလုံးသိတဲ့အတိုင်း လူတစ်ယောက်ကနေ character အမျိုးမျိုးကွဲထွက်နေတာပါ
သက္ကရာက အရမ်းကြောက်လန့်နေတဲ့အချိန်မှာ သူ့ကိုတစ်ချိန်က ကာကွယ်ပေးဖူးတဲ့ ဥာဏ့်လို ၊ သူမြင်ဖူးတဲ့ အဖေကိုပြန်ချနေတဲ့ ကောင်လေးလို အဲ့လိုလူတွေကို အားကျပြီး သူ့ကိုယ်ကိုယ်ကာကွယ်ဖို့ သက္ကရာဇ်ကို ဖန်တီးမိတာပေါ့နော်
အဲ့ဒါမို့ သက္ကရာဇ်က ဥာဏ်နဲ့ အသက်တူတယ်လို့ပြောပြီး လက်ရဲဇက်ရဲရှိနေတာပါ
အဲ့လိုနဲ့မပြီးသေးဘဲ သက္ကရာဇ်လို ဖန်တီးထားတဲ့ character က တည်တံ့မောင်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာဆိုရင် ဘာတွေဆက်ဖြစ်လာမှာလဲ???
DIDလူနာတွေက ကုသလို့မရပေမယ့် ထိန်းချုပ်တဲ့ကုထုံးတွေနဲ့ ကုသနိုင်ရင် ထိန်းချုပ်လို့တော့ရပါတယ်တဲ့
ဒါဆို သက္ကရာကရော သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပါ့မလား????
တည်တံ့မောင်သိရင်ရော ဘာတွေဆက်ဖြစ်မှာလဲ???ဥာဏ်ကရော သက္ကရာကိုပြန်ရဖို့ ဘာတွေလုပ်မှာလဲဆိုတာ Eliနဲ့အတူ ဆက်စောင့်ကြည့်ကြတာပေါ့နော် 😗

#Zawgyi

"သကၠရာေလးေရ ဗိုက္ဆာေနၿပီလား ဟင္းက်က္ၿပီမို႔လို႔ ထမင္းစားလို႔ရပါၿပီဗ်ာ ''

ဥာဏ္က မီးဖိုေခ်ာင္ထဲ၌ လက္စြမ္းျပၿပီးေနာက္ ဧည့္ခန္းမွာထိုင္ေနေသာ သကၠရာဆီေလွ်ာက္လာကာ ၿပဳံး၍ ေျပာလိုက္သည္ ။
သကၠရာက ဥာဏ္ကို မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕ ေမာ့ၾကည့္လာၿပီး 'သူမဆာေသးဘူး'ဆိုတဲ့သေဘာနဲ႕ ေခါင္းအသာခါျပလာေသာေၾကာင့္

"ဟုတ္ပါၿပီ ဒါဆို ကိုကိုေရအျမန္ခ်ိဳးလိုက္ဦးမယ္ေနာ္ ၿပီးရင္ ထမင္းစားၾကတာေပါ့ ''

သကၠရာက ေခါင္းညိတ္ျပေသာေၾကာင့္ ဥာဏ္လဲ ၿခံထဲရွိ ေရေက်ာက္စည္နားသို႔သြားကာ ေရအျမန္ခ်ိဳးလိုက္သည္ ။
ဒီေန႕က အလုပ္ပိတ္ရက္မို႔လို႔ သကၠရာကို ဖြယ္ဖြယ္ရာရာေလးခ်က္ေကြၽးခ်င္ေသာေၾကာင့္ မနက္အေစာႀကီးထဲက ေစ်းသြားၿပီး ခ်က္ျပဳတ္ေနတာ အခုမွအလုပ္ၿပီးေတာ့သည္ ။
အဲ့ဒါထက္ သကၠရာရဲ႕ ေအးေအးခ်မ္းခ်မ္းမ်က္ႏွာေလးကိုျမင္ရ၍ ဥာဏ္ပိုစိတ္ခ်မ္းသာရသည္ ။
မဟုတ္ရင္ သကၠရာဇ္သာဆိုရင္.....
သူဆက္မေတြးရဲပါ...သကၠရာသာ အခုလို ေအးေအးခ်မ္းခ်မ္းေလးေနၿပီး သူနဲ႕ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနနိုင္မယ္ဆိုရင္ သကၠရာ တသက္လုံး စကားျပန္မေျပာေတာ့ရင္ေတာင္ ဥာဏ္ေက်နပ္မိမည္ထင္သည္ ။
.
.
.
.
.
.
.
"သကၠရာေရ ကိုကိုေရခ်ိဳးၿပီးပါၿပီဗ်ာ ''

ဥာဏ္ေရခ်ိဳးၿပီးေသာေၾကာင့္ သကၠရာကို အသံေပး၍ အိမ္ေပၚသို႔အေျပးတက္လာခဲ့သည္ ။

"ဟင္...သကၠရာ ဒါကဘယ္ကို.....''

သုံးဆင့္ခ်ိဳင့္တစ္လုံးဆြဲကာ အျပင္ထြက္ရန္ျပင္ေနေသာ သကၠရာေၾကာင့္ ဥာဏ္ အံ့ၾသစြာေမးမိေတာ့ စကားပင္မဆုံးလိုက္ ျပန္ရလိုက္သည္က ခပ္ေလွာင္ေလွာင္ အၾကည့္တစ္ခ်က္သာ ။

"မင္း...မင္း...သကၠရာဇ္! "

"အဟက္ ဘာလဲ မျမင္ဖူးတဲ့လူေတြက်ေနတာပဲ အထူးအဆန္းလုပ္လို႔ ''

ဥာဏ္ လက္သီးကို တင္းတင္းဆုပ္ထားမိသည္ ။

"မင္း သကၠရာဆီမွာ ဘာလို႔ေပၚလာျပန္တာလဲ အခု သကၠရာက ငါ့အရိပ္ေအာက္မွာ ေအးေအးခ်မ္းခ်မ္းေနေနတာေလ ဘာမွေၾကာက္စရာလဲမရွိဘူး ၿပီးေတာ့ ငါေတာင္းပန္ပါတယ္ သကၠရာဆီမွာ ထပ္ေပၚမလာပါနဲ႕ေတာ့ သကၠရာကို ငါကာကြယ္ေပးနိုင္တယ္ မင္းကာကြယ္ေပးစရာမလိုေတာ့ဘူး ''

သကၠရာဇ္ ဟက္ဟက္ပက္ပက္ရယ္လိုက္သည္ ။
ဒီေကာင္ ဘာေတြလာေၾကာင္ေနတာလဲ...

"အဲ့ဒါကေတာ့ မင္းဘာသာ မင္းရဲ႕ခ်စ္ညီေလးကို ေျပာေလ သကၠရာဇ္ဆိုတဲ့ေကာင္ကို မေခၚထားပါနဲ႕လို႔ အဟက္...ၿပီးေတာ့ သကၠရာ ကူရာကယ္ရာမဲ့ေနတဲ့အခ်ိန္တိုင္း မင္း ဘယ္တုန္းက ေပၚလာဖူးလို႔လဲ ဟာသေတြလာေျပာမေနနဲ႕ ''

ဥာဏ္ မ်က္ႏွာကြက္ခနဲပ်က္သြားသည္ ။
တကယ္ဆို အားလုံးက သူ႕အျပစ္ေတြပဲ...

"အခုကေရာ ဘယ္သြားမလို႔လဲ ''

"ငါ့ရဲ႕အခ်စ္ဆီေလ ထမင္းခ်ိဳင့္သြားပို႔မလို႔.... အဟက္ ထမင္းခ်ိဳင့္အတြက္ ေက်းဇူးပဲေနာ္ ကိုကို သြားလိုပါဦးမယ္ခင္ဗ်ာ ''

ေတာက္ခ္

သူ႕ကို႐ြဲ႕ကာ ဟက္ဟက္ပက္ပက္ရယ္ၿပီး ထြက္သြားေသာ သကၠရာဇ္၏ ေက်ာျပင္ကိုၾကည့္ၿပီး ဥာဏ္ ေတာက္ခ္တစ္ခ်က္ျပင္းျပင္းေခါက္ကာ လက္သီးကိုဆုပ္၍ အံကိုတင္းတင္းက်ိတ္ထားမိသည္ ။

*သကၠရာဇ္ဆိုတဲ့ေကာင္ သကၠရာရဲ႕ဘဝက ထြက္သြားေအာင္ သူဘာလုပ္သင့္လဲ...သူဘာလုပ္ရမလဲ....*

***************************************************

"ဆရာ free hug campaign အတြက္ လုပ္အားေပးပါဦး အျပင္မွာ ဆရာဝန္ ေတာ္ေတာ္မ်ားမ်ားေတာင္ေရာက္ေနၿပီ ''

"ဟုတ္ကဲ့ ဆရာမ ကြၽန္ေတာ္ အလုပ္ေလး လက္စသတ္ၿပီး ထြက္လာခဲ့မယ္ေနာ္ ''

သူနာျပဳဆရာမေလးကလာေျပာေသာေၾကာင့္ တည္တံ့ေမာင္ လုပ္လက္စအလုပ္အားလတ္စသတ္၍ လုပ္အားေပးရန္ျပင္ရသည္ ။
သူအခုလုပ္ေနတဲ့ ပုဂၢလိကေဆး႐ုံက အဲ့လို activities ေတြ ခဏခဏလုပ္တတ္သည္ ။
ဥပမာ cancerေရာဂါသည္ကေလးေတြအတြက္ ပုံျပင္ေျပာျပတဲ့အစီအစဥ္တို႔ ၊ နာတာရွည္လူနာေတြအတြက္ ၆လတစ္ခါ အဆိုေတာ္ေခၚၿပီး ေဖ်ာ္ေျဖပြဲအေသးစားေလးေတြလုပ္ေပးတာမ်ိဳးေပါ့ ။

ေျပာရရင္ ေဆး႐ုံေၾကာ္ျငာသလိုပဲ 'ကြၽန္ေတာ္တို႔ေဆး႐ုံမွာ ဒီလို activities ေတြလဲရွိလို႔ ကြၽန္ေတာ္တို႔ေဆး႐ုံကို လာတတ္ပါ'ဆိုတဲ့ patients' attraction ပုံစံနဲ႕ေၾကာ္ျငာေနၾကတာ ။
တကယ္ေတာ့ ပုဂၢလိက ေဆး႐ုံေတြကလဲ ေ႐ႊဆိုင္ႀကီးေတြလိုပဲ ....ေျပာခဲ့ဖူးသလိုပဲ ေဆး႐ုံ ေဆးခန္း ဆိုတာ လူမလာေလ ေကာင္းေလဆိုေပမယ့္ အခုေတာ့ သူ႕ထက္ငါအၿပိဳင္ ေဆး႐ုံကိုလူလာေအာင္ ေၾကာ္ျငာေနၾကတဲ့ေခတ္ျဖစ္ေနသည္ ။

တည္တံ့ေမာင္တို႔လိုဆရာဝန္ေတြကလဲ အဲ့ဒီ activities ေတြမွာ တစ္မ်ိဳးတစ္ဖုံပါဝင္ၾကရေတာ့တာပဲ အခုလိုမ်ိဳး free hug campaign လိုမ်ိဳးေတြမွာေပါ့ ။
ဒီလိုနာမည္ႀကီး ပုဂၢလိက ေဆး႐ုံေတြမွာ အလုပ္ဝင္ဖို႔ဆိုတာ တည္တံ့ေမာင္တို႔လို ဆရာဝန္ေပါက္စေလးေတြအတြက္ တကယ္မလြယ္ကူေပ ။
အစိုးရေဆး႐ုံေတြမွာ လစာနည္းေသာေၾကာင့္ ဆရာဝန္အေတာ္မ်ားမ်ားက လစာေကာင္းၿပီး အလုပ္သက္သာတဲ့ ပုဂၢလိက ေဆး႐ုံေတြမွာပဲ အလုပ္လုပ္လိုၾကေသာေၾကာင့္ ပုဂၢလိကေဆး႐ုံေတြမွာ ဝင္တိုးၾကေပမယ့္ အလုပ္ရဖို႔မလြယ္ကူၾကေပ ။
တည္တံ့ေမာင္အလုပ္ရတယ္ဆိုတာကလဲ ေျပာရရင္ အကပ္ေလးနဲ႕ဝင္တာေပါ့ ။
ေက်ာင္းတုန္းကရွားရွားပါးပါးခင္ဖူးတဲ့ မိန္းကေလးသူငယ္ခ်င္းတစ္ေယာက္ရဲ႕အေဖက ဒီေဆး႐ုံမွာ ရာထူးႀကီးႀကီးပိုင္းထဲကမို႔လို႔သာ တည္တံ့ေမာင္က သူငယ္ခ်င္း အကူအညီနဲ႕ အလုပ္ရခဲ့ျခင္းပင္ ။

"ဆရာတည္တံ့ေမာင္ရွင့္ ကြၽန္မ ခဏဝင္ခဲ့လို႔ရမလား ''

တည္တံ့ေမာင္ အလုပ္ကို လတ္စသတ္၍ စဥ္းစားေနရင္း တံခါးေပါက္မွ အသံၾကားေသာေၾကာင့္ ၾကည့္လိုက္ေတာ့

"ဟင္ ဒီဒီ ! "

ဆံပင္အရွည္ေလးကို ဝဲေနေအာင္ဖားလ်ားေလးခ်ကာ ကိုယ္ေလးတစ္ျခမ္းေစာင္း၍ တံခါးေပါက္ကေန ေခ်ာင္းၾကည့္ေနသူက တျခားသူမဟုတ္ေပ ။
သူ႕ကိုဒီေဆး႐ုံမွာ အလုပ္ရေအာင္လုပ္ေပးခဲ့တဲ့ သူ႕ရဲ႕ သူငယ္ခ်င္းမေလး သံသာဒီဒီ ျဖစ္သည္ ။

"ဝင္လာလို႔ရတယ္မလား "

ဒီဒီက ၿပဳံးျပကာ ဝင္ခြင့္ေတာင္းေနေသာေၾကာင့္ တည္တံ့ေမာင္ အံ့ၾသေနရာမွ ေခါင္းညိတ္ျပလိုက္သည္ ။

"နင္ ဘယ္တုန္းက ျပန္ေရာက္တာလဲ ငါ့ကိုလဲ ႀကိဳမေျပာဘူး ''

ဒီဒီက ေက်ာင္းၿပီးထဲက ထိုင္းမွာေနတဲ့ သူ႕အေမဆီသြားေနေသာေၾကာင့္ တည္တံ့ေမာင္က ေမးလိုက္ျခင္းပင္ ။

"အင္း Mae(အေမ)က ဒီကိုလာလည္ခ်င္တယ္ဆိုလို႔ ေျပာရရင္ ေဖေဖကအခုတေလာအလုပ္ရႈပ္ေနလို႔ အိမ္ျပန္မလာတာၾကာၿပီေလ အဲ့ဒါ ေဖေဖ့ကိုလြမ္းလို႔ သူ႕မိန္းမက လိုက္လာတာေဟ့ ''

တည္တံ့ေမာင္ ေခါင္းညိတ္ျပလိုက္သည္ ။
ဒီဒီ့အေဖက ဗမာျဖစ္ၿပီး အေမက ထိုင္းလူမ်ိဳးျဖစ္ေသာေၾကာင့္ ဒီဒီက ထိုင္း-ဗမာ ကျပားမေလးျဖစ္သည္ ။
ဒီဒီ့အေမက သူ႕ေမြးရပ္ေျမကိုမခြဲနိုင္တဲ့အျပင္ ဒီဒီ့အေဖရဲ႕အလုပ္ေတြကလဲ ျမန္မာမွာရွိေန၍ ဒီဒီတို႔သားအဖက ျမန္မာနဲ႕ ထိုင္းကို သြားလိုက္ျပန္လိုက္လုပ္ေနၾကသည္ ။

"ဒီမွာဘယ္ေလာက္ၾကာၾကာေနမွာလဲ ''

"ဘာလဲ နင္က ငါ့ကို ခရီးေရာက္မဆိုက္ ႏွင္လႊတ္ေနတာလား ''

ဒီဒီက မ်က္ေစာင္းေလ့ဝင့္ကာေျပာေတာ့ တည္တံ့ေမာင္မွာ ျပာျပာသလဲ ျငင္းရသည္ ။

"အာ မဟုတ္တာဟာ ငါကသိခ်င္လို႔ပါ ၿပီးေတာ့ နင့္ကိုေက်းဇူးတင္လို႔ မုန့္လဲလိုက္ေကြၽးခ်င္ေသးတယ္ ''

တည္တံ့ေမာင္စကားေၾကာင့္ ဒီဒီ့က မ်က္ေမွာင့္က်ဳံ႕ကာ သူ႕ကိုယ္သူလက္ညွိုးေလးထိုးၿပီး

"ငါ့ကို? မုန့္လိုက္ေကြၽးခ်င္လို႔? "

"အင္းေလ ဟုတ္တယ္ ''

တည္တံ့ေမာင္က ေခါင္းညိတ္ျပေတာ့ ဒီဒီက နားမလည္ဟန္ႏွင့္

"ဘာလို႔ ''

"အလုပ္သြင္းေပးထားလို႔ေလ ငါ့အေပၚေက်းဇူးရွိလို႔ ''

ဒီဒီက အနီးရွိ တစ္ရႉးဘူးႏွင့္ ေကာက္ေပါက္လာေသာေၾကာင့္ တည္တံ့ေမာင္ အလ်င္အျမန္ ေရွာင္တိမ္းလိုက္သည္ ။
တည္တံ့ေမာင္ကသာ ေက်ာင္းထဲက အေနေအးတာ သံသာဒီဒီတို႔ကေတာ့ လက္သံေျပာင္ခ်က္ပဲ ။

"ဘာလို႔ေပါက္တာလဲဟ မေတာ္တဆထိသြားရင္ ဘယ္လိုလုပ္မလဲ ''

"ထိေအာင္ေပါက္တာေလ ''

"ငါဘာလုပ္လို႔လဲ! "

တည္တံ့ေမာင္က မေက်နပ္သလိုေျပာေတာ့ ဒီဒီက

"ဒီလူ နဲ႕ ဒီလူ ေက်းဇူးတင္စရာလားဟဲ့ ေက်ာင္းတက္တုန္းက နင့္အေမထည့္ေပးတဲ့ ထမင္းခ်ိဳင့္ကထမင္းေတြကို ၇နှစ်လုံးကပ်စားလာတာနဲ့တင် ေက်ေနၿပီကို ဘာမွေက်းဇူးတင္စရာမလိုဘူး...အဲ အဲ့လိုမဟုတ္ဘဲ နင္ကမုန့္အတင္းလိုက္ေကြၽးခ်င္တယ္ဆိုရင္ေတာ့ ငါက စိတ္ခ်မ္းသာစြာနဲ႕ လက္ခံရမွာေပါ့ ''

မ်က္ခုံးပင့္ကာ ေျပာင္စပ္စပ္ေျပာလာေသာ ဒီဒီေၾကာင့္ တည္တံ့ေမာင္လဲ လိုက္ရယ္လိုက္သည္ ။
ဒီလို သူငယ္ခ်င္းေကာင္း တစ္ေယာက္ရထားတာ တည္တံ့ေမာင္အတြက္ တကယ္ကို ကံေကာင္းျခင္းပင္ ။

"ေၾသာ္ နင္ အိမ္ျပန္ေတာ့မွာလား ''

တည္တံ့ေမာင္က တစ္ခုခုကို သတိရသြားဟန္ျဖင့္ေျပာလာေတာ့ ဒီဒီက

"ဟင့္အင္း ခဏေနဦးမွာ နင္ကဘာလုပ္မို႔လဲ လူနာၾကည့္စရာရွိလို႔လား ''

"မဟုတ္ဘူးဟ free hug campaign အတြက္ လုပ္အားေပးသြားရဦးမယ္ ''

"အာ ဟုတ္သားပဲ ငါ ေဆး႐ုံအဝင္ဝမွာေတြ႕ခဲ့တယ္ ဆရာဝန္ေတြအမ်ားႀကီးပဲ ငါကဘာလုပ္ေနမွန္းမသိလို႔ အဲ့ဒါ free hug campaign အတြက္လား ''

"အင္း ဟုတ္တယ္ ဒါဆို ခဏေစာင့္ေလ ငါအဲ့ကျပန္လာရင္ မုန့္သြားစားၾကတာေပါ့ ''

"အင္း ရတယ္ေလ ေစာင့္ေနမယ္ ''

"ဒါဆိုၿပီးေရာ သြားလိုက္ဦးမယ္ ''

တည္တံ့ေမာင္ကသြားရန္ျပင္ေတာ့ ဒီဒီကလွမ္းတားလာသည္ ။

"ေနဦး free hug campaign အတြက္ ဒီသူငယ္ခ်င္းေလးကို အရင္ႏွစ္သိမ့္ၿပီးဖက္ေပးသြားပါဦး Maeနဲ႕ ေဖေဖ roေနတာျမင္ၿပီး ႏွလုံးသားေလး နာက်င္ေနလို႔ ''

ႏႈတ္ခမ္းေလးဆူကာ ကေလးဆန္ဆန္ေျပာေနေသာ သူငယ္ခ်င္းမေလးေၾကာင့္ တည္တံ့ေမာင္ရယ္မိလိုက္သည္ ။

"ဟုတ္ၿပီ လာ လာ သနားစရာအရမ္းေကာင္းေနတဲ့ ငါ့သူငယ္ခ်င္းေလးကို ႏွစ္သိမ့္ေပးရမွာေပါ့ ''

ထို႔ေနာက္ ႏွစ္ေယာက္သားၿပဳံးရယ္ၿပီး စ,ေနာက္ကာ တစ္ေယာက္ႏွင့္တစ္ေယာက္ စကၠန့္အနည္းငယ္ၾကာမွ်ဖက္ထားလိုက္ၾကသည္ ။
ထိုအခ်ိန္၌

"အဲ့ဒါ ဘာလုပ္ေနၾကတာလဲ !!!!!! "

***************************************************

A/N

ေအာ္လိုက္တာဘယ္သူျဖစ္မယ္ထင္လဲ 😗

ကဲ သကၠရာတို႔အေၾကာင္းနည္းနည္းရွင္းရေအာင္ေနာ္
သကၠရာက ဒါဒါတို႔ထင္တဲ့အတိုင္းပဲ DIDလူနာပါ
ေျပာရရင္ ဇာတ္နာတယ္လို႔မထင္ေစခ်င္ေပမယ့္ selective mutismျဖစ္တဲ့အျပင္ DIDပါျဖစ္ေနတဲ့လူနာေပါ့
Selective mutism က ကုသလို႔ရေပမယ့္ DIDကေတာ့ စိတ္မေကာင္းစြာနဲ႕ ကုလို႔မရပါဘူးတဲ့
DIDဆိုတာကေတာ့ အားလုံးသိတဲ့အတိုင္း လူတစ္ေယာက္ကေန character အမ်ိဳးမ်ိဳးကြဲထြက္ေနတာပါ
သကၠရာက အရမ္းေၾကာက္လန့္ေနတဲ့အခ်ိန္မွာ သူ႕ကိုတစ္ခ်ိန္က ကာကြယ္ေပးဖူးတဲ့ ဥာဏ့္လို ၊ သူျမင္ဖူးတဲ့ အေဖကိုျပန္ခ်ေနတဲ့ ေကာင္ေလးလို အဲ့လိုလူေတြကို အားက်ၿပီး သူ႕ကိုယ္ကိုယ္ကာကြယ္ဖို႔ သကၠရာဇ္ကို ဖန္တီးမိတာေပါ့ေနာ္
အဲ့ဒါမို႔ သကၠရာဇ္က ဥာဏ္နဲ႕ အသက္တူတယ္လို႔ေျပာၿပီး လက္ရဲဇက္ရဲရွိေနတာပါ
အဲ့လိုနဲ႕မၿပီးေသးဘဲ သကၠရာဇ္လို ဖန္တီးထားတဲ့ character က တည္တံ့ေမာင္ကို ခ်စ္ႀကိဳက္မိသြားတဲ့အခါမွာဆိုရင္ ဘာေတြဆက္ျဖစ္လာမွာလဲ???
DIDလူနာေတြက ကုသလို႔မရေပမယ့္ ထိန္းခ်ဳပ္တဲ့ကုထုံးေတြနဲ႕ ကုသနိုင္ရင္ ထိန္းခ်ဳပ္လို႔ေတာ့ရပါတယ္တဲ့
ဒါဆို သကၠရာကေရာ သူ႕ကိုယ္သူ ထိန္းခ်ဳပ္နိုင္ပါ့မလား????
တည္တံ့ေမာင္သိရင္ေရာ ဘာေတြဆက္ျဖစ္မွာလဲ???ဥာဏ္ကေရာ သကၠရာကိုျပန္ရဖို႔ ဘာေတြလုပ္မွာလဲဆိုတာ Eliနဲ႕အတူ ဆက္ေစာင့္ၾကည့္ၾကတာေပါ့ေနာ္ 😗

Continue Reading

You'll Also Like

80.2K 6.1K 29
အတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}
1.1M 46.5K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
186K 4.6K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်