'' အဖေ ။ အမေ ´´
'' သား . . . ပြေး ´´
ဂျေ အိပ်မက်ကနေ လန့်နိုးလာတယ်။
လက်ကလဲ ပိုက်တန်းလန်းနဲ့ စလိုင်းချိတ်ထားခံရတယ်။
ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ လူနာတွေ ဝတ်ရတဲ့
ဝမ်းဆက်အင်္ကျီ၊ ဘောင်းဘီနဲ့။
ဆေးရုံရောက်နေတာပဲ။
အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ဘယ်သူမှမရှိ။
ကိုယ့်ကိုကိုယ် အားတင်းပြီး ထတယ်။
ထိုင်နိုင်သွားတဲ့ အချိန်မှာပဲ ...
''သတိရလာပြီလား ´´
မာန်ခ အခန်းထဲကို ဝင်လာတယ်။
'' မင်း ဘယ်သွားနေတာလဲ ´´
'' ဆရာဝန်ကြီးနဲ့ ခဏသွားတွေ့တာ
ခင်ဗျား သတိမရသေးလို့လေ ´´
ဂျေက လက်က စလိုင်းချိတ်ထားတဲ့ အပ်ကိုဆွဲဖြုတ်ပစ်တယ်။
'' အခု ဘယ်အချိန်ရှိပြီလဲ ´´
မာန်ခက လက်မှာပတ်ထားတဲ့ နာရီကိုကြည့်တယ်။
'' ၁၁ နာရီ ၁၅ ။ ခင်ဗျားသတိမေ့သွားတာ
၁၀ နာရီလောက်ရှိပြီ ´´
ပြောပြီး မာန်ခက လိုက်ကာကြီးကို ဖွင့်လိုက်ရင်ပဲ
မှန်နံရံတွေရဲ့ တဖက်က မီးရောင်စုံနဲ့ လှပနေတဲ့မြို့ပြရဲ့
ညအလှကို ဂျေ တွေ့ရတယ်။ တကယ်ပဲ ညပါပဲလား။
''ခင်ဗျား သက်သာရဲ့လား။ ခေါင်းကိုက်တာတွေ ဘာတွေ ရှိလား ´
´မာန်ခက ဂျေ့ရဲ့ နဖူးကို စမ်းကြည့်ရင်းပြောတယ်။
'' မရှိဘူး ´´
''မဖြစ်ပါဘူး ။ ဆရာဝန်ကြီးတွေကို သွားခေါ်လိုက်မယ် ´´
အပြင်ထွက်ဖို့ ခြေလှမ်းပြင်တော့
ဂျေက လျင်မြန်သွက်လက်စွာနဲ့ မာန်ခကို
ကုတင်ပေါ်ဆွဲချလိုက်ပြီး သူ့ခန္ဓာကိုယ်ကြီးနဲ့
အုပ်မိုးပစ်လိုက်တယ်။
'' မသွားနဲ့ ။ ဒီအတိုင်း ငါ့ဘေးမှာနေ ´´
မာန်ခ က မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ကြည့်နေတယ်။
''ဘာဖြစ်လို့လဲ။ ဆရာဝန်ကြီးတွေက မှာထားတယ် ခင်ဗျား သတိရလာရင် လာပြောဖို့ ´´
''မလိုပါဘူးကွာ ။ ငါခေါင်းလည်း မကိုက်ဘူး ´´
''အခုမကိုက်ပေမဲ့ နောက်ကိုက်လာရင် ဘယ်လိုလုပ်မလဲ ´´
'' ကျွတ် . . . စကားများတယ် ´´
ဂျေက စိတ်မရှည်သလိုမျိုးပြောရင်း
မာန်ခရဲ့ နဖူးပေါ်ကဆံမျှင်လေးတွေကို သပ်တင်ပေးနေတယ်။
''နေပါဦး ။ ခင်ဗျားဘာလို့ ကျွန်တော့်ကို ဖက်ထားတာလဲလွှတ် ´´
နွေးနွေးထွးထွေး ရှိလှတဲ့ ပွေ့ဖက်မှုတွေထဲက
မာန်ခ အတင်းရုန်းတယ်။ ဒါပေမဲ့ ဘယ်နှစ်ကြိမ်များ
ဂျေ့ရဲ့ လက်ထဲကနေ ရုန်းလို့ လွတ်ဖူးလို့လဲ ။
ဒီလိုပဲ တစ်ခါနှစ်ခါရုန်းပြီး ဂျေ လွှတ်မပေးရင် ဒီတိုင်းပဲ ငြိမ်ပေးလိုက်တော့တာ အကျင့်ပါနေခဲ့ပြီ ။ ကြာလာတော့လည်း မာန်ခဟာ ဂျေ့ရဲ့ အထိအတွေ့လေးတွေနဲ့
ခပ်ဆိုးဆိုးအပြုအမူလေးတွေ အပေါ်မှာသာယာစ
ပြုနေမိတယ်။
'' ဒီည မင်းငါနဲ့ တူတူအိပ်ပေးပါလား ´´
ပြောရင်း ဂျေက မာန်ခကို ဖက်လုံးတစ်လုံးလိုပဲ
ခွတယ်။
'' ခင်ဗျားသေချင်လို့လား ´´
'' အင်း ငါသေချင်တယ် ။ ဒါပေမဲ့ မင်းကို ငါ့ Uke လုပ်ပြီးမှပဲ ငါသေမယ် ´´
'' Uke က ဘာလဲ ´´ မာန်ခ အဲစကားကို နားမလည်ဘူး။
'' မင်း တကယ်မသိဘူးလား ´´
'' အင်း ဘာလဲ ´´
ထိုအခါ ဂျေက မာန်ခရဲ့ နားနားလေးကို တိုးတိုးလေး
ကပ်ပြောတယ်။ ဘယ်လိုပြောလိုက်သလဲတော့မသိ။
စကားအဆုံးမှာ မာန်ခရဲ့ မျက်နှာ ဖြန်းခနဲ ပူနွေးသွားပြီး ပန်းရောင် ချက်ချင်းသမ်းလာတယ်။
မာန်ခက ဂျေ့ကို အားရပါးရ ကျိန်ဆဲတော့တယ်။
'' တဏှာရူး ´´
''ဟ. . .ဟ !! ငါပြောပြီးသားလေ ။ ငါက တဏှာရူးပါလို့ ။ ဒါပေမဲ့ မင်းတစ်ယောက်တည်းကိုပဲ ရူးတာ ´´
ဂျေ့ရဲ့ စကားတွေအပေါ်မှာ မာန်ခ ကျိတ်ကျေနပ်နေမိတယ် ။ ကိုယ့်ကိုကိုယ်တောင် မသိလိုက်ဘဲ နှုတ်ခမ်းတွေက ကွေးညွတ်ပြီး ပြုံးနေတယ်။ဒါပေမယ့် မာန်ခ အဲဒီသာယာမှုတွေထဲက အလန့်တကြားပဲနိုးထရပါတယ်။
အရင်တုန်းက သိပ်မသာယာခဲ့တာတောင် ဂျေဆိုတဲ့
သိပ်ထန်နေတဲ့ကောင်က အတင့်ရဲနေရင်
အခုကိုယ့်ဘက်က သူ့အပေါ်မှာ နဲနဲလေးသာယာမိတာလေးများ ရိပ်မိသွားခဲ့ရင် ... ။ ဘုရား .. ဘုရား။
မတွေးရဲစရာပါလား ။
'' ငါသာ မင်းကိုဟိုဟွာလုပ်ခဲ့ရင် မင်းအခုချိန် လမ်းတောင်ကောင်းကောင်းလျောက်နိုင်မှာ မဟုတ်ဘူး ´´ တဲ့။
ဟိုတစ်ခါ ဂျေပြောခဲ့တဲ့ ကြောက်စရာစကားကို
ပြန်သတိရသွားမိပြီး မာန်ခ ကြက်သီးတောင်ထလာရတယ်။
''ငါနဲ့ တူတူအိပ်ပါ .… နော် ´´
ဂျေက ချိုချိုသာသာနဲ့ စည်းရုံးရှာတယ်။
'' မအိပ်ဘူး ´´ လို့ မာန်ခ အပြတ်ပဲ ငြင်းတယ်။
'' ဖက်ထားရုံကလွဲလို့ ဘာမှမလုပ်ဘူးလို့ ကတိပေးတယ် ။ငါနဲ့ တူတူအိပ်ပါ … ´´
''ဖက်တာလည်း မရဘူး ´´
ဂျေက ခပ်မဲ့မဲ့နဲ့ တစ်ဆင့်လျော့ပေးတယ်။
'' ဟုတ်ပြီ။ အဲတာဆို လက်ပဲကိုင်အိပ်မယ် ဖြစ်လား ´´
မာန်ခ က ဒီလောက်တော့ လိုက်လျောလိုက်မယ်လို့ စဉ်းစားတယ်။ မဟုတ်ရင် ဒီလက်သရဲက
တခြားနေရာတွေ ကိုင်မယ် လုပ်လာရင် ဒုက္ခပဲမဟုတ်လား။
'' ဟုတ်ပြီ လက်ပဲ ကိုင်ခွင့်ပေးလိုက်မယ်။
အဲဒီအစား တခြားနေရာတွေလာကိုင်တာ
လာထိတာတွေ လုပ်ရင် သေမယ် ´´
''ကောင်းပြီ ။ သဘောတူတယ် ´´
မာန်ခဟာ ကိုယ့်ကိုကိုယ် အံ့သြလို့ မဆုံးဘူး။
တူတူမအိပ်နိုင်ဘူးလို့ ဇွတ်ငြင်းနေရာကနေ ဘယ်လိုလုပ် လိုက်လျောမိသွားပါလိမ့်။
ဒါဟာ ဂျေက သူ့ကို ကယ်တင်ထားလို့ အားနာနာနဲ့
လုပ်ပေးတာမျိုး မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကိုက စိတ်ပါသွားတာမျိုးပဲ။
'' ကျွန်တော့်အပေါ်ကို ခွထားတဲ့ ခင်ဗျားခြေထောက်ကြီး ဖယ်လေ ´´
''Oh !! Sorry ´´
ဂျေက ခြေထောက်ကို ပြန်ရုတ်တယ်။ ထို့နောက်
မာန်ခ လက်ကို ဆုပ်ကိုင်ပြီး မာန်ခမျက်နှာကိုပဲ
တည့်တည့်စိုက်ကြည့်နေတယ်။
သူနဲ့ မာန်ခ တို့နှစ်ယောက်အကြား ခြောက်လက်မ
အကွာအဝေးလောက်ပဲရှိတဲ့ မျက်နှာချင်းဆိုင် အနေအထားကို ရောက်သွားတယ် ။
'' ဟိုဘက်ကို လှည့် ´´ မာန်ခက အံကျိတ်ပြီး ပြောတယ်။
'' ဟာ ... ဘယ်လိုလှည့်လို့ရမလဲ။
မင်းကို ကျောပေးလိုက်ရင် ငါဘယ်လို
မင်းလက်ကို ကိုင်ရမှာလဲ ´´
''ဒါပေမဲ့ အဲလိုကြီး စိုက်ကြည့်မနေနဲ့ ။ ကျွန်တော့်ကို ကြက်သီးထအောင် ´´
ဂျေက ပြုံးစိစိနဲ့ ပြောတယ်။
'' ဟာ ... ငါ့အကြည့်က ဘာဖြစ်လို့လဲ ´´
''အဲအကြည့်က မရိုးမသားနဲ့ တဏှာအကြည့်တွေ ´´
'' ရော် . .ခက်ပီ ´´
'' ကျွန်တော် အိပ်တော့မယ် ။ ခင်ဗျားဘာသာ ဆက်ကြည့်ကြည့် မကြည့်ကြည့် ။ တစ်နေ့ခင်းလုံး ခင်ဗျားဘေးမှာထိုင်ပြီး ခင်ဗျား သတိရလာတဲ့အထိ စောင့်ပေးနေတာ အိပ်ချင်နေပြီ ´´
မာန်ခရဲ့ စကားကြောင့် ဂျေဟာ မှိုရသွားသလိုမျိုး ကျေနပ်သွားတယ်။
'' တကယ်လား။ တကယ်စောင့်ပေးနေတာလား ´´
''ကျွန်တော် မစောင့်လို့ ဘယ်သူက စောင့်မှာလဲ ။
စကားမများနဲ့ အိပ်တော့ ´´
မာန်ခက မျက်စိမဖွင့်ဘဲ ပြောနေတယ်။ ထို့နောက် ...
''မအိပ်ခင် ကျွန်တော့်ကို ကတိပေး ´´
''ဘာကတိလဲ ´´
'' ကျွန်တော်အိပ်နေတုန်း ကျွန်တော့်ကို ခင်ဗျားရဲ့ Uke
မလုပ်ပစ်ပါဘူး ဆိုတဲ့ ကတိ ´´
'' ဟမ် ´´
ဂျေ တစ်ခဏတာဆွံ့အသွားတယ်။
အဲဒီနောက် ရယ်ချင်စိတ်ကို မနည်းထိန်းပြီးပြောလိုက်တယ်။
'' ဒီညတော့ ပေးတယ် ။ နောက်ဆိုရင်တော့ မပြောတတ်ဘူး ´´
မာန်ခ ဘာစကားမှပြန်မပြောပဲ တိတ်ဆိတ်နေတယ်။
'' မာန်ခ … အိပ်သွားပြီလား ´´
ဂျေ , မာန်ခ မျက်နှာနား လက်ဝဲကြည့်တယ်။
'' တကယ်အိပ်သွားပြီပဲ ။ မြန်လိုက်တာ ´´
ဂျေက မာန်ခကို စောင်ဆွဲခြုံပေးပြီး ချစ်ရည်ရွှန်းလဲ့စွာ ပြုံးကြည့်တယ်။
''Good Night မာန်ခ ။ ကိုယ့်ရဲ့ တစ်ဦးတည်းသော ချစ်စရာကောင်လေး ”
ထို့နောက် မာန်ခရဲ့ နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်တယ်။
တစ်ခဏအကြာမှာတော့ ဂျေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတော့တယ်။
ဂျေ့ဘက်က ငြိမ်သွားတော့မှ မာန်ခမျက်လုံးဖွင့်လာပြီး
ဂျေ့ ရင်ခွင်ထဲကို ပိုတိုးဝှေ့လိုက်တယ်။ ထို့နောက်
စောင် တစ်ထည်တည်း အောက်မှာ သူတို့ နှစ်ယောက်လုံး အိပ်မောကျ သွားပါတော့တယ်။
နောက်တစ်နေ့ နေရောင်ခြည်လာတဲ့အထိပေါ့။