{Unicode}
ပိတ်ရက်နှစ်ရက်လုံးကို အိမ်တော်ကြီးထဲသာ နှစ်ယောက်သားအချိန်ကုန်ခဲ့ကြသည် ကျောင်းတက်ဖို့နေ့ရောက်လာတော့
"ဒီနေ့ ကျောင်းသွားရမှာဘဲနော်"
"အင်း မှီပါတယ် ကားမောင်းတာက သိပ်မှမကြာဘဲကို"
"အင်းပါ အင်းပါ"
စကားတစ်ပြောပြောနဲ့ ခါးကိုလာဖက်ရင်း ချွဲလာတဲ့Jeonကြောင့်
"လာ ချွဲနေပြန်ပြီ မြန်မြန်ရေချိုး ကျောင်းအကျီလဲ ပြီးရင်သွားရတော့မှာကို"
"အင်းပါ ခဏလေးနော် ဖက်ထားချင်လို့"
ဒီလူဆိုးလေးကြောင့် မဖက်နဲ့လို့လည်း မငြင်းရက်နိုင်တဲ့အဆုံး ခါးလေးကိုဖက်ထားတဲ့အတိုင်းသာ မတ်တပ်ရပ်ပေးနေရသည်
"ကဲ ရပြီနော် လိမ္မာတယ် ကိုကို့ကောင်လေးက"
နှုတ်ခမ်းလေးကိုဖိနမ်းလိုက်ရင်း ပြောလာတဲ့စကားကြောင့်
"ကိုကိုတဲ့ "
ဘာရယ်မဟုတ် ရီမိသွားတော့
"ဟမ် မကြိုက်ဘူးလား အဲ့တာဆိုလည်း မပြောဘူးကွာ"
"မဟုတ်တာ ကြိုက်တာပေါ့ အစ်ကိုကလည်း"
"အစ်ကို အစ်ကိုနဲ့ နားထောင်ရတာ ခါးလိုက်တာ"
မျက်မှောင်ကျုံ့ရင်းပြောလာတဲ့စကားကြောင့်
"အာ့ဆိုဘယ်လိုခေါ်ရမှာလဲ "
"ကိုကိုလို့ခေါ်လေ ဒါမှမဟုတ် အချစ်လို့ခေါ်မလား
ယောက်ကျားရော "
Taeပြောစကားကြောင့် ဟက်ဟက်ပက်ပက်ကိုရီမိ
သည်
"အာ သွားပါ အကျီလဲ မြန်မြန်လဲတော့ ကျောင်းနောက်ကျမယ်"
"မေးထားတာမဖြေရသေးဘူးနော် ပြီးရင်တော့ပြောရမယ် ဒါဘဲ "
ပြောချင်တာတွေပြောကာ အကျီလဲနေတဲ့အစ်ကိုပေါက်စကိုကြည့်ကာ အချစ်တွေတိုးရပြန်တယ်
စံအိမ်ကြီးကမြို့ပြင်မှာမို့ မြို့ထဲကကျောင်းကိုရောက်ဖို့အ ချိန်တော့ပေးရသည်။
ကျောင်းကိုသူတိူ့ရောက်သွားတဲ့အချိန် ကျောင်းမတက်သေးပေ ကားကိုကျောင်းဝင်းထဲမှကားထားရာနေရာတွင်ရပ်လိုက်ပြီး နှစ်ယောက်သား ကျောင်းဝင်းထဲသို့ဝင်လာတော့တီးတိုးပြောနေကြတဲ့ စကားသံတွေ
"ထယ်ယောင်းလေ ပိုက်ဆံကြောင့် ဂျောင်ကုနဲ့တွဲနေတာ"
"ဒါဘဲရှိတယ်လေ ယောက်ကျားချင်းတွဲပါတယ်ဆိုမှ
ပိုက်ဆံမက်လို့ပေါ့ကွာ ဂျောင်ကုက တော်တော်ချမ်းသာတယ်လေကွာ"
မိန်းကလေးအုပ်စုမှလည်း တီးတိုးသံတွေ
"မနေ့က စင်တာတစ်ခုမှာတွေ့လိုက်တယ် လက်စွပ်ဝယ်နေကြတာ "
"ပြောပါတယ် ပိုက်ဆံကြောင့်တွဲတာပါဆို"
"အရှက်မရှိဘူးဘဲ ကင်ထယ်ယောင်းက"
Tae Hyung တစ်ယောက်စကားသံတွေကိုကြားသလ်ို
ထိုတီးတိုးသံတွေကို Jeon လည်းကြားသည် စိတ်ထိခိုက်လွယ်လွန်းတဲ့ အစ်ကို့ရဲ့မျက်နှာလေးကို လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းကိုဖိကိုက်ထားတာ သွေးတွေတောင်ထွက်နေရဲ့နှုတ်ခမ်းကသွေးတွေက်ိုမြင်တော့Jeonတစ်ယောက်ပြာပြာသလဲလဲနှင့် Taeခန္ဓာကိုယ်လေးကိုသူ့ဘက်ဆွဲလှည့်လိုက်ရင်း
"အစ်ကို သတိထားအုန်း သွေးတွေထွက်နေပြီ"
နှုတ်ခမ်းမှသွေးတွေကိုသုတ်ကာ
"Jeon မင်းအရင်သွားနှင့်တော့ ငါနောက်မှလိုက်လာမယ်"
"ဟင်"
ရုတ်တရက် ကြောင်သွားရသည်ပြောနေကျ နာမ်စားလေး
"ကိုယ်" ဆိုတာကိုမသုံးတော့ဘဲ "ငါ"တဲ့
"ကလေး"ဆိုတဲ့နာမ်စားလေးရော အဲ့အစား "Jeon"တဲ့
"အစ်ကို ပတ်ဝန်းကျင်ကိုဂရုစိုက်နေစရာမလိုဘူး အစ်ကိုကအဲ့လိုမဟုတ်ဘူးဆိုတာလည်း ကျွန်တော်သိတာဘဲလေ"
"သွားပါတော့ မင်းအရင်သွားတော့ ငါနောက်မှလိုက်လာမယ်လို့ "
ခေါင်းမာလွန်းတဲ့အစ်ကို့ကို ဖြောင့်ဖြလို့ရမယ်မထင်ပါ
ဒါကြောင့် သူ့ကိုစိတ်အနားပေးရန် အရင်ထွက်သွားဖို့
ဆုံးဖြတ်လိုက်သည်
"မြန်မြန်လိုက်လာခဲ့နော် စောင့်နေမယ်"
ငယ်ငယ်ထဲကအချိန်တွေအတူတူကုန်ဆုံးခဲ့ဖူးတာကြောင့် အစ်ကို့အကြောင်းကိုသူသိတယ် အစ်ကိုကခေါင်းမာတယ်
ခေါင်းမာသလောက်စိတ်ထားလေးကအရမ်းနူးညံ့တယ်
မဟုတ်တာစွဲစွပ်ခံရရင်သူအရမ်းဝမ်းနည်းတက်တာ
အစ်ကိုကသူ့တန်ဖိုးကိုအရမ်းဂရုစိုက်တက်တာ သူ့အပေါ်လူတွေအထင်သေးမှာကိုလည်းမလိုလားဘူး ဒါတွေက ငယ်ငယ်ထဲက အစ်ကို့ရဲ့ပုံစံ
အစ်ကိုတို့မိသားစုဆိုတာကလည်း ဆွေကြီးမျိုးကြီးထဲကဘဲလေ အခြေအနေတစ်ခုခုကြောင့်သာ အစ်ကိုတို့က အထည်ကြီးပျက် ဖြစ်သွားတယ်ဆိုပေမဲ့လည်းပေါ့ဗျာ
.
.
.
ချစ်ရလွန်းတဲ့အစ်ကို့ကိုတစ်ယောက်ထဲထားခဲ့ရင်းထွက်လာခဲ့ရပေမဲ့ သူစိတ်တွေပူသည် အတန်းထဲကိုရောက်မလာမှာစိုးတယ် အတန်းပျက်ပြီး အပြင်တွေထွက်သွားမှာစိုးတယ်
Jeonတစ်ယောက်အခန်းထဲဝင်လာရင်း ရုတ်တရက်
"ကျွန်တော်တစ်ခုလောက်ပြောထားချင်တယ် ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါကြပါနဲ့ ခင်ဗျားတို့ရဲ့စကားတစ်ခုခုကြောင့် အစ်ကို တစ်ခုခုဖြစ်ရင်မလွယ်ဘူးမှတ် "
အစ်ကိုစာသင်အခန်းထဲဝင်လာရင်တီးတိုးပြောသံတွေကိုထပ်ပြီးမကြားစေချင်လို့ Jeonတစ်ယောက် အခန်းထဲဝင်ဝင်ချင်း မျက်နှာထားတည်တည်နှင့်သာ ပြောလိုက်ရသည်
အစ်ကိုဟာသူ့အတွက် အရာရာမို့ အစ်ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရ ရင်ဆိုင်ရ သူအဆင်ပြေသည်
Jeonအဖေရဲ့ရှယ်ယာဟာ ဒီကျောင်းမှာအများဆုံးမို့
ပိုက်ဆံအားကိုးနဲ့ Jeon ဟာဆိုးချင်တိုင်းဆိုးသည်
ပြတင်းပေါက်ဘေးနားလေးမှခုံလေး အစ်ကို့ရဲ့ထိုင်ခုံလေးကနေရာလွတ်နေတာကြောင့် မနေနိုင်မထိုင်နိုင် ဖြစ်ကာအခန်းဝလေးကိုဘဲမျှော်နေမိသည် ဖုန်းဆက်ချင်တယ် အခုချိန် အစ်ကိုအရမ်းစိတ်ရှုပ်နေမှာသိတာကြောင့် ဖုန်းဆက်လိုက်ရင် အနှောင့်အယှက်ဖြစ်သွားမှာစိုးရိမ်၍ ငြိမ်ငြိမ်လေးထိုင်နေရင်းသာ အခန်းဝကိုမျှော်နေမိသည်စာသင်ချိန်တစ်ချ်ိန်တောင်ပြီးပြီ အစ်ကိုမလာသေးဘူးစာသင်ချိန်ဒုတိယအချိန်ရောက်တော့ အခန်းဝမှာပေါ်လာတဲ့ အစ်ကိုကြောင့် JEON တစ်ယောက် ရင်ထဲမှ စိုးရိမ်ပူပင်မှု
အလုံးကြီးကျကာ အခန်းဝကိုပြေးသွားလေရဲ့
Jeonတစ်ယောက် Taeကိုဖက်လိုက်ရင်း
"ပေါ်မလာတော့ဘူးထင်နေတာ အဲ့လိုပျောက်မသွားပါနဲ့"
ဖက်ထားတဲ့လက်ကိုတွန်းထုတ်လိုက်ရင်း
"စကားမပြောချင်သေးလို့ အိမ်ရောက်မှပြောရအောင်"
ဆွံ့အသွားမိသည် သူကြားနေရတဲ့စကားတွေ တကယ်ရောဟုတ်ရဲ့လား အစ်ကို့ရဲ့ခါးခါးသီးသီးငြင်းဆန်မှုတွေ
တစ်ယောက်ထဲအခန်းဝမှာကျန်ခဲ့ရင်း Taeကတော့ ပုံမှန်ထိုင်နေကျ ပြတင်းပေါက်မဟုတ်တဲ့ ထောင့်တစ်နေရာမှာသွားထိုင်လိုက်ရင်း
အခန်းဝမှာကျန်ခဲ့တဲ့ကောင်လေးတစ်ယောက်ကတော့
မျက်ဝန်းထဲမျက်ရည်အပြည့်နဲ့ပေါ့...
__________________________________________
တိုသွားလား > _ <
{Zawgyi}
UNICODE
"အင်းပါ အင်းပါ"
"ကိုကိုတဲ့ "
ယောက်ကျားရော "
သည်
ကျောင်းကိုသူတို့ရောက်သွားတဲ့အချိန် ကျောင်းမတက်သေးပေ ကားကိုကျောင်းဝင်းထဲမှကားထားရာနေရာတွင်ရပ်လိုက်ပြီး နှစ်ယောက်သား ကျောင်းဝင်းထဲသို့ဝင်လာတော့တီးတိုးပြောနေကြတဲ့ စကားသံတွေ
Tae Hyung တစ်ယောက်စကားသံတွေကိုကြားသလို
ထိုတီးတိုးသံတွေကို Jeon လည်းကြားသည် စိတ်ထိခိုက်လွယ်လွန်းတဲ့ အစ်ကို့ရဲ့မျက်နှာလေးကို လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းကိုဖိကိုက်ထားတာ သွေးတွေတောင်ထွက်နေရဲ့နှုတ်ခမ်းကသွေးတွေကိုမြင်တော့Jeonတစ်ယောက်ပြာပြာသလဲလဲနှင့် Taeခန္ဓာကိုယ်လေးကိုသူ့ဘက်ဆွဲလှည့်လိုက်ရင်း
"ဟင်"
.
.
.
ပြတင်းပေါက်ဘေးနားလေးမှခုံလေး အစ်ကို့ရဲ့ထိုင်ခုံလေးကနေရာလွတ်နေတာကြောင့် မနေနိုင်မထိုင်နိုင် ဖြစ်ကာအခန်းဝလေးကိုဘဲမျှော်နေမိသည် ဖုန်းဆက်ချင်တယ် အခုချိန် အစ်ကိုအရမ်းစိတ်ရှုပ်နေမှာသိတာကြောင့် ဖုန်းဆက်လိုက်ရင် အနှောင့်အယှက်ဖြစ်သွားမှာစိုးရိမ်၍ ငြိမ်ငြိမ်လေးထိုင်နေရင်းသာ အခန်းဝကိုမျှော်နေမိသည်စာသင်ချိန်တစ်ခ်ျိန်တောင်ပြီးပြီ အစ်ကိုမလာသေးဘူးစာသင်ချိန်ဒုတိယအချိန်ရောက်တော့ အခန်းဝမှာပေါ်လာတဲ့ အစ်ကိုကြောင့် JEON တစ်ယောက် ရင်ထဲမှ စိုးရိမ်ပူပင်မှု
__________________________________________
တိုသွားလား > _ <