Unicode...
ကားစီးလာတဲ့လမ်းတလျှောက်မှာ မြင်နေရတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ အမြင်အသစ်တွေက တကယ်ခံစားလို့ကောင်းနေသည်။ မြို့ထဲကိုပဲ သွားကြတာဆိုပေမယ့် မနက်ပိုင်းစောစောဖြစ်နေတာရယ်၊ လမ်းတွေက ထင်ထားတာထက် ရှင်းနေတာမို့ တစ်ခါတလေ ကျွန်တော် ဝိုးခနဲအော်ချင်မိသည်အထိ...။
ထိုကဲ့သို့ နှစ်ယောက်တည်း လှိမ့်လာရင်း သွားချင်နေသော Landon Eye သို့ရောက်လာခဲ့လေပြီ။ Landon Eye ဟု ကမ္ဘာကသိထားကြသော ချားရဟတ်ကြီးသည် လန်ဒန်၏ အထင်ကရလည်ပတ်စရာများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ညအချိန်ဆိုလျှင် ထိုကြီးမားလှသော ချားရဟတ်ကြီးက မီးရောင်စုံတို့ဖြင့် အလွန်လှပေသည်။
ဂျူဘလီဥယျာဥ်အနောက်စွန်းရှိ အထပ်များစွာပါဝင်သော သာမန်အဆောက်အအုံတစ်ခုထက်ပင် ပိုကြီးလှသော အမြင့်ရှိသည့် Landon Eye ၌ စီးနင်းလိုသည့်သူများအတွက် အလုံပိတ်ရထားလုံးအခု (30) ခန့်ပါဝင်ပြီး ထိုချားရဟတ်ကြီးအနီး၌ လန်ဒန်မြို့ကို ဖြတ်စီးနေသော သိမ်းမြစ်လည်း ရှိလေသည်။
( Landon Eye ၏ နေ့မြင်ကွင်းနှင့် ညမြင်ကွင်း )
ထို့ကြောင့်ပင် Landon Eye ကို စီးသူများသည် လန်ဒန်တစ်မြို့လုံးကို အပေါ်စီးမှ မြင်ရသောခံစားချက်ကို ရရှိနိုင်ပြီး ထိုအကြောင်းကို သိထားသော Gulf ကလည်း ဘာနဲ့မှမလဲနိုင်သော ရှုခင်းအရသာကို ခံစားကြည့်ချင်မိခြင်းဖြစ်သည်။
"ဝိုး..ဟူး...အာ...ဟား..ဟား..."
"ရေ့ရေး..."
အလုံပိတ်မှန်ရထားလုံးထဲ ထိုင်နေလျှက်သားမှ မနက်ပိုင်း၏ ဖြူဆွတ်ဆွတ်ကောင်းကင်တစ်ခွင်အပါအဝင် အပြင်ကမြင်ကွင်းကို ကြည့်ရင်း၊ အမြင့်ရောက်သွားတဲ့ ခံစားချက်အေးအေးကို နှစ်ယောက်သားသဘောကျနေမိတော့သည်။
"အာ လှလိုက်တာကွာ။ တကယ်နာမည်ကြီးတာနဲ့တန်လိုက်တာ"
"သဘောကျတယ်မို့လား"
"အင်း ဒါပေါ့"
ပြုံးပြုံးလေးနဲ့ သွားလေးတွေပါပေါ်နေတဲ့ ဂပ်ဖီက ကြည့်လို့မဝနိုင်အောင် အရမ်းကြည့်ကောင်းနေသည်။ ဘာလို့ချောလွန်းနေရတာလဲကွာ.. ရူးတော့မှာပဲ။
တကယ်တော့ မနက်ပိုင်းထက် ညပိုင်းက ပိုလှတာပေမယ့် ညဘက်ကြီးအပြင်မထွက်ချင်သော Gulf ကြောင့် မနက်ပိုင်းကိုသာရွေးကာ စီးကြခြင်းဖြစ်သည်။
သို့နှင့် တဖြည်းဖြည်းကြာလာတော့ Gulf တစ်ယောက် နှလုံးခုန်နှုန်းပုံမှန်မဟုတ်တော့...။ လူတွေအများကြီးကြားထဲမှာ ထိုင်နေရင်း တဖြည်းဖြည်းမြန်လာတဲ့ နှလုံးခုန်နှုန်းက လူကို မသိမသာကနေ သိသိသာသာမောပန်းလာစေပြီး ချွေးတွေထွက်လာသည်။
"အာ.. John ငါအရမ်းမောလာတယ်"
"ဟင်.. ဂပ်ဖီ ဘာဖြစ်တာလဲ"
ဘေးနားမှာပင် ထိုင်နေတဲ့ ဂပ်ဖီက ရင်ဘတ်ကိုဖိကာ မျက်နှာပျက်လာတာကြောင့် တစ်ခုခုဖြစ်နေမှန်း John နားလည်လိုက်သည်။ ဒုက္ခပါပဲ။ ဂပ်ဖီဘာဖြစ်နေတာလဲ။ စိုးရိမ်စိတ်က တစိမ့်စိမ့်ဝင်တာထက် ဒုန်းခနဲဆောင့်တက်လာတာကြောင့် John ရဲ့မျက်နှာထက်က အပြုံးတို့က တမဟုတ်ချင်းပျောက်ကွယ်သွားသည်။
ဂပ်ဖီရဲ့ပခုံးကို ဖျစ်ညှစ်ထားပြီး ချွေးတွေပြန်လာတဲ့ သူ့ကို ဆံပင်တွေသပ်ပေးနေရင်းမှ ခေါင်းထဲမှာပေါ်လာတာတစ်ခုက.. ဟာ.. ဂပ်ဖီမှာ နှလုံးရောဂါရှိတာပဲ။ ကျစ်.. ငါဘာလို့မေ့သွားရတာလဲကွာ။
"ဂပ်ဖီ.. ဂပ်ဖီ အဆင်ပြေရဲ့လားဟင်။ ငါ ဘာလုပ်ပေးရမလဲ"
လှုပ်လှုပ်ရှားရှားအမူအရာနဲ့ ကျားလိုက်သလိုမေးလာတဲ့ John ရဲ့အသံကို ရှိုက်သံထွက်သည်အထိ အသက်ရှူနေရတဲ့ Gulf တစ်ယောက် ပြန်မေးတာက...
"ဒီဟာက ရပ်တော့မှာလားဟင်"
"ရပ်တော့မယ်ထင်တယ်။ ခု ဘယ်လိုနေသေးလဲ။ အရမ်းခံရခက်နေရင် အကူအညီတောင်းလိုက်မယ်နော်"
"ဟင့်အင်း ရတယ်"
အကူအညီတောင်းဖို့ပြင်နေသည့် ကျွန်တော့်လက်ကို သူက ဆွဲတားကာ ငြင်းရှာသည်။ အတတ်နိုင်ဆုံး သူများနိုင်ငံမှာ အလုပ်မရှုပ်စေချင်တဲ့ပုံစံကို မြင်နေရတာမို့ သူ့စိတ်ကိုနားလည်ပါသည်။ ဒါပေမယ့်လည်း လူတစ်ယောက်အသက်က ဘာနဲ့မှလဲလို့မရဘူးမို့လား။ အထူးသဖြင့် ဒီလူသားအသက်က ကျွန်တော့်အတွက် တကယ်အဖိုးတန်လှတာမို့ ရင်တွေအရမ်းပူနေရသည်။
သို့သော်လည်း ရတယ်။ ငါအဆင်ပြေနေသေးတယ်ဆိုကာ အတင်းဆွဲတားနေတာကြောင့် သူတကယ်အများကြီးမဖြစ်လို့နေမှာပါဟု ဖြေတွေးတွေးကာ မျက်နှာမကောင်းစွာနဲ့ပဲ ပခုံးလေးကို ပုတ်ပေးနေရသည်။
အခုရေ (30) ခန့်ရှိသည့် မှန်အလုံပိတ်စီးနင်းစရာများသည် တစ်ခုကိုပင် လူဆယ်ယောက်ထက်မနည်းရှိနေကြတာမို့ သူတို့နှစ်ယောက်ကို နိုင်ငံသားပေါင်းစုံ လူမျိုးစုံတို့က ဝိုင်းကြည့်နေတော့သည်။ သို့သော်လည်း John ကတော့ မမြင်ဖူး၊ မသိဖူးတဲ့ လူတွေကို ဂရုစိုက်မနေနိုင်အားတော့ဘဲ ဘေးမှာရှိနေတဲ့ တိတ်တခိုးမြတ်နိုးနေရသူကိုပင် တကြည့်ကြည့်လုပ်နေမိသည်။
"ဟင်း..အင်း..."
"ဂပ်ဖီ ဘယ်လိုနေလဲဟင်။ ရပ်တော့မှာနော်"
နဂိုတည်းက ချားရဟတ်က အရှိန်နဲ့သွားနေတာမှန်ပေမယ့် ငြိမ့်နေတာပဲမို့ တော်ရုံတန်ရုံ (အမြင့်ကြောက်တတ်သူက လွဲလို့) မူးမော်တာမျိုးမရှိပေ။ ထို့ကြောင့် Gulf က အမြင့်ကြောက်တာမျိုးမဟုတ်ပေမယ့် ခန္ဓာကိုယ်ကတော့ မခံနိုင်တာမို့ ထိုသို့ဖြစ်လာရခြင်းဖြစ်သည်။ အရမ်းကြီးစိုးရိမ်ရလောက်အောင် ဖြစ်နေတာမျိုးမဟုတ်ပေမယ့် John ကတော့ စိတ်ပူနေရသည်။
ခဏကြာတော့မှ အောက်ရောက်တော့ Gulf မျက်နှာမှာ ချွေးတွေအပြည့်မို့...
"လာ လာ။ ကားထဲပြန်မသွားနဲ့။ ဒီနားလူရှင်းတယ်။ ခဏနေခဲ့လို့ဖြစ်တယ်ဟုတ်။ ငါ တစ်ခုခုသွားဝယ်လာပေးမယ်။ စောင့်နေနော်"
"အင်း ရတယ် ရတယ်"
ကျွန်တော့်မှာ သူ့တစ်ယောက်တည်း စိတ်မချပေမယ့်လည်း စိတ်အေးသွားအောင် တစ်ခုခုသောက်စရာဝယ်ပေးဖို့ ခဏထားခဲ့ကာ ပြေးရပြန်သည်။ ပြန်လာတော့ ထားခဲ့တဲ့အတိုင်း ငုတ်တုတ်လေး..။
"ရော့ အအေးသောက်လိုက်"
တကယ်တော့ မနက်ပိုင်းကြီးဆိုပေမယ့် နွေးရာသီမို့ရော၊ ခုနက စိတ်မောသွားတာရောကြောင့် အအေးကပဲ ပိုကောင်းမယ်ထင်တာနဲ့ နှစ်ခွက်ဝယ်လာခဲ့လိုက်ခြင်းဖြစ်သည်။
ကျွန်တော်ပေးတဲ့ အအေးကို နှစ်ရှိုက်လောက်စုပ်သောက်ပြီးမှ သက်ပြင်းချလိုက်ကာ ချွေးတွေသုတ်ရင်း..
"ရပြီ။ လန်းသွားပြီ John ။ ခုမှပဲ အေးသွားတော့တယ်"
ထိုသို့ပြောမှ ကျွန်တော့်မှာ ဟင်းခနဲသက်ပြင်းချနိုင်ကာ သူ့ဘေးဝင်ထိုင်ရင်း ဒေါသမမည်သောအသံနဲ့ ပြောမိတော့သည်။
"တော်သေးတာပေါ့ကွာ။ ငါ့မှာလန့်သွားတာပဲ။ မင်းက နှလုံးရောဂါရှိနေတာ ဘာလို့သတိမပေးတာလဲ။ ငါကလည်း မေ့နေမိတာ။ ဒီလောက်လေးပဲဖြစ်သွားလို့ပေါ့။ မဟုတ်ရင် ဒုက္ခရောက်တော့မှာပဲ။ မင်းတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ တကယ်ပဲ"
ကျွန်တော့်ကို စိတ်ပူပြီး လူကြီးတစ်ယောက်လို ဆူလာတဲ့ John က ရယ်ချင်စရာကောင်းနေပေမယ့် ထိန်းထားရသည်။ ရယ်ချလိုက်မိရင် ပိုဆိုးသွားမှာလေ။ ခုတော့ ကျွန်တော်လည်း သက်သာပြီမို့ သူ့ပခုံးကို ပုတ်လိုက်ကာ...
"ဟုတ်ပါပြီကွာ။ ငါမှားတာပါ..နော်။ ငါလည်း ရမယ်ထင်လို့ပါ။ အမြင့်လည်းမကြောက်တတ်ဘူးဆိုတော့..."
ပြောလို့ပင် မဆုံးသေး ဖြတ်ဆူလာပြန်သည်။
"မင်းစိတ်က အမြင့်မကြောက်တတ်လည်း မင်းနှလုံးက ခံမှမခံနိုင်ဘဲ။ တော်ပြီ။ မင်းကို အန္တရာယ်များတာတွေပေးမလုပ်တော့ဘူး။ ခဏနေ လန်ဒန်တံတားကို ပို့ပေးပြီးရင် ဒီတိုင်းပဲလျှောက်ကြည့်ရတော့မယ် မှတ်။ ဟိုမိုးပျံရဟတ်တွေစီးချင်တယ်မလုပ်နဲ့နော်"
"အင်း အင်း မစီးတော့ဘူး။ တခြားနေရာတွေပဲ ပို့ပေးတော့"
ကျစ်.. ခေါင်းတငြိမ့်ငြိမ့်နဲ့ လုပ်ပြနေတဲ့ အဲ့ဒီပုံစံက တကယ်အသည်းယားစရာကောင်းနေတာ သူမသိတာလား။
ထိုကဲ့သို့ ဖြစ်ပျက်သွားသည်နှင့် ကျွန်တော့်ကို John စိတ်မချဖြစ်ကာ မိုးပျံရဟတ်ရောအပါအဝင် တခြားစီးလို့ရတဲ့ နေရာတွေမှန်သမျှပို့မပေးတော့သည့်အပြင် လန်ဒန်တံတားရောက်တဲ့အထိကို မျက်နှာက သုန်မှုန်နေတာမို့ မနည်းတောင်းပန်ရသည်အထိ..။
မိုးပျံရဟတ် (Landon Eye နဲ့ မိုးပျံရဟတ်က အပြင်မှာအဲ့လောက်မနီးပါဘူးနော်။ Camera Angle ကြောင့် ထင်တာပဲ။)
ဟင်း.. အသက်ရှူရတာ ခက်သွားတဲ့ကျွန်တော်က ဘေးကအဖော်ပါတဲ့သူ့ကို ချော့ပြီးတောင်းပန်နေရတာ တွေးကြည့်ရင် ရယ်စရာပင်ကောင်းနေသေးတော့သည်။ လန်ဒန်တံတားကိုရောက်တော့ ရှည်လျားတဲ့တံတားကြီးကို အဆုံးထိမလျှောက်တော့ဘဲ အလယ်ဗဟိုလောက်ရောက်တာနဲ့ လက်တန်းကနေ မှီရပ်ရင်း မြစ်ရေပြင်ကြီးကို ငေးပြီး လေအေးအေးလေးတွေကို ခံစားလိုက်သည်။
လန်ဒန်တံတား
ပြီးတော့ သူ့ရဲ့ကြောက်စရာမျက်နှာဆိုးကို ပျောက်အောင်လို့ ဓာတ်ပုံရိုက်ပေးခိုင်းရင်း သူနဲ့ပါအမှတ်တရရိုက်ဖြစ်သည်။ ခပ်ချောချောနဲ့ တစ်မျိုးစီကြည့်ကောင်းနေကြတဲ့ ကောင်လေးနှစ်ယောက်ကို လန်ဒန်သားတွေနဲ့ ဥရောပသားတွေက တကြည့်ကြည့်...။
"John ငါ့ကို စိတ်မဆိုးတော့ဘူးမို့လား"
"အင်း နောက်တစ်ခါဆို တကယ်စိတ်ဆိုးပြီ။ တစ်ခုခုဆို ငါ့ကိုကြိုပြောရမှာနော်"
"အင်းပါ ကတိပေးတယ်။ ပြောမယ် ပြောမယ်။ ခု ပြုံးပြုံးလေးနေတော့ကွာ"
တစ်ခါတလေ အလည်ရောက်လာတုန်း ကူညီပေးနေတဲ့ ငယ်ပေါင်းကြီးဖော်ကို စိတ်မဆိုးဖို့ချော့ရင်း မျက်နှာကို ကြည့်နေမိသည်။ John က တကယ်ချောပါသည်။ တကယ်ကို ယောကျ်ားပီသပြီး စွဲမက်လောက်တဲ့လူတစ်ယောက်လည်း ဖြစ်သည်။ နောက်တစ်ခုက ကျွန်တော့်အပေါ်မှာ ခံစားချက်တွေရှိနေတဲ့ John ရဲ့စိတ်တွေကိုလည်း မြင်နေရသည်။ ကျွန်တော်က ငတုံးမှမဟုတ်ဘဲလေ။
သဘာဝရဲ့နိယာမအရမှာ မိန်းကလေးတစ်ယောက်က သူမအပေါ်ခံစားချက်ရှိနေတဲ့ကောင်လေးတွေကို အကဲခတ်မြင်တတ်ကြသလို စိတ်ထဲမှာ သိရှိနေတတ်ကြသည်။ ထို့အတူ ယောကျာ်းလေးတစ်ယောက်ကလည်း မိန်းကလေးဖြစ်သူက ကိုယ့်ကိုကြိတ်သဘောကျနေတာမျိုးရှိရင်လည်း အလိုလိုသိတတ်ကြသည်က မဆန်းပေ။
ထို့ထက်ပင် ကျွန်တော့်လို ယောကျ်ားလေးတစ်ယောက်ကို တခြားသောယောကျ်ားတစ်ယောက်က ခံစားချက်ရှိနေတာလားဆိုတာက ခန့်မှန်းအကဲခတ်ဖို့ ခက်ခဲမနေပါလေ။ ယောကျ်ားချင်းမို့ ပိုလို့ပင် သိပါသေးသည်။
ဒါပေမယ့်လည်း ကျွန်တော်ကိုယ်တိုင်က သူ့ကိုအဆင့်ကျော််ပြီး စဥ်းစားလို့မရမယ့်အတူတူ သူဖွင့်ပြောတာကိုလည်း စောင့်မနေမိပါ။ ဖွင့်မပြောစေချင်ဘူးဆိုရင် ပိုမှန်လိမ့်မည်။ နှစ်ယောက်ကြားထဲ အနေရခက်စေမယ့် အခြေအနေတစ်ခုကို ကျွန်တော်မလိုချင်တာက စိတ်ရင်းနဲ့ပါပေ။
ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ စိတ်ဆိုးတာမျိုးမလိုချင်လို့ ချော့နေတာတစ်ခုတည်းမို့ ကျွန်တော့်စိတ်က ဖြူစင်တာ ကိုယ်တိုင်သာ အသိဆုံးပင်။ သူကတော့.. အင်း..သူကတော့ ဘယ်လိုတွေးနေမလဲမသိဘူးပေါ့လေ။
ဤသို့ဖြင့် လန်ဒန်တံတားမှာ ဓာတ်ပုံရိုက်ပြီးသည့်နောက် ဆိုင်တစ်ဆိုင်မှာဝင်ကာ ဗိုက်ဖြည့်ကြသည်။ စားလို့ဝသွားသည်အထိ ဆက်ထိုင်နေကြရင်း John ကို လန်ဒန်အကြောင်း သိချင်တာတွေ မေးမိသည်။ တကယ်တော့ သိချင်စိတ်က နည်းနည်းရယ်.. စားနေတာကို ဂရုတစိုက်နဲ့ကြည့်လွန်းတဲ့ သူ့ပုံစံကြောင့် မြန်မြန်လက်စသတ်ကာ စကားစရှာခြင်းဆို ပိုမှန်ပါလိမ့်မည်။
တွေးကြည့်ရင် ငယ်ယ်တည်းက လေးယောက်သားက တစ်ယောက်နဲ့တစ်ယောက် ကြည့်ပေး၊ စောင့်ရှောက်ပေးနဲ့ ရင်းနှီးလာကြပေမယ့် (ခုထိလည်း Mist တောင် မိန်းကလေးဖြစ်ပြီး လက်ပွန်းတတီးရင်းနှီးပေမယ့်လို့) စိတ်ထဲမှာတော့ ရိုးသားကြသည်မို့ ထူးထူးဆန်းဆန်းမဖြစ်မိ...။ John ကတော့ အရွယ်ရောက်လာမှ ခုလိုမျက်နှာချင်းဆိုင် ရင်းနှီးလာပြီး စတွေ့ကတည်းက သူငယ်ချင်းထက်ပိုနေမှန်း ရိပ်မိနေတော့ တစ်ခါတလေ ပေါ့ပေါ့ပါးပါးမရှိသလို ခံစားရသည်။
"ငါသိချင်တာတွေရှိတယ်"
"အင်း မေးလေ။ ငါသိတာတွေမှန်သမျှ ပြောပြမယ်"
"အင်း ဟို.. Landon Eye နဲ့ လန်ဒန်တံတာအကြောင်း"
ကျွန်တော်ပြောလိုက်တော့ စားပွဲပေါ်က တစ်ရှူးဘူးလှလှလေးထဲက တစ်ရွက်ထုတ်ကာ နှုတ်ခမ်းကို သုတ်ပြီးမှ..
"မင်းဟာလေ မကြာသေးခင်ကကို ထိခိုက်တော့မလို ဖြစ်လာတာကို မမှတ်သေးဘူးသိလား"
"မဆိုင်ပါဘူး။ ငါဒီတိုင်း သိချင်လို့မေးတာကို။ ငါ လန်ဒန်မှာစိတ်အဝင်စားဆုံးက အဲ့နှစ်ခုပဲမို့"
"ပြီးရော ပြီးရော။ ပြောပြမယ်"
ကျွန်တော်က မရမက ဒီအကြောင်းပဲ မေးတော့ မတတ်သာတဲ့အဆုံး သူက သိသလောက်ပြောပြသည်။ ကျွန်တော်ကိုယ်တိုင်က စကားလမ်းကြောင်းလွှဲချင်တာပါပေမယ့် ဒီနှစ်ခုကို အမှန်တကယ်လည်း စိတ်ဝင်စားတဲ့စိတ်က ရှိနေတော့ တစ်ခွန်းမှဝင်မထောက်ဘဲ သူပြောတာကိုပဲ နားထောင်နေမိသည်။
ထို့ကြောင့်ပင် ကျွန်တော့်နှလုံးခုန်နှုန်းတွေ မူမမှန်ဖြစ်ခဲ့ရသော Landon Eye (Millennium Wheel - ထောင်ပြည့်နှစ်ချားရဟတ်) က အမြင့်ပေ 443 ပေ (135 မီတာခန့်) မြင့်ပြီး ဥရောပမှာအမြင့်ဆုံးဖြစ်မှန်းသိရသည်။ ဟူး.. ဥရောပမှာ အမြင့်ဆုံးဆိုမှတော့ လန်ဒန်တစ်ခုလုံးကို မြင်ရတာ ဘာမှတောင် မဟုတ်တော့သလိုဘဲ။
"ဒါဆို ခုရော အဲ့ဒါက အမြင့်ဆုံးပဲပေါ့။ စဆောက်ကတည်းကလေ"
"အင်း စဆောက်တဲ့ 1999 လောက်ကတော့ အမြင့်ဆုံးတဲ့။ ဒါပေမယ့် ခုကျတော့ တရုတ်က "နန်ချန်းစတား" နဲ့ "စင်ကာပူဖလိုင်ယာ" က ကျော်တက်သွားတယ်။ တစ်ကမ္ဘာလုံးမှာ ဖလိုင်ယာအမြင့်ဆုံးဖြစ်သွားတာ"
"အိုးဟို.. အဲ့ဒါက ဘယ်လောက်မြင့်တာလဲ"
"ဖလိုင်ယာက 541 တောင်မြင့်တာ"
အမလေး.. တကယ်ပဲ အာရုံစိုက်ခံရမှုရဖို့ကို တီထွင်လိုက်ကြတာနော်။ အဲ့ဒီဖလိုင်ယာကိုသာ ရောက်ရင် ကျွန်တော်ခုနကထက် ပိုဆိုးမှာသေချာတယ်။ တစ်ခါတည်းနဲ့ရပ်ပြီးတောင် သေသွားမလားဘဲ။
"ဒါပေမယ့်လည်း Landon Eye က လူတွေအရမ်းစိတ်ဝင်စားကြတာပါပဲ။ နှစ်တိုင်း 3.5 သန်းလောက်လာကြတယ်။ နိုင်ငံပေါင်းစုံကဆိုတော့ အများကြီးပဲရယ်"
"ငါ တကယ်စိတ်ဝင်စားလာပြီ။ ဒါနဲ့ အဲ့ဒါဆောက်တုန်းက အရမ်းခေါင်းရှုပ်ရမှာပဲနော်"
"ဒါပေါ့ကွ။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အထင်ကရတွေက နိုင်ငံအနှံ့မှာရှိကြတာပဲလေ။ စိတ်ဝင်စားမှုနဲ့ နိုင်ငံခြားဝင်ငွေရဖို့ ကြိုးစားရတာပေါ့။ ငါသိသလောက်ဆို Landon Eye ဆောက်တာက 70 Millions လောက်ကုန်တယ်ဆိုလားပဲ။ ပညာရှင်ကတော့ 7 ယောက်တဲ့။ ငါကတော့ David Marks တစ်ယောက်ပဲမှတ်မိတော့တယ်"
( A/N - Landon Eye ကို တာဝန်ယူတည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်တွေကတော့ David Marks, Josvoll Oslo, Malcolm Cook, Mark Sparrowhawk, Steven Chilton, Frank Anatole & Nic Bailey တို့ (7) ဦး ဖြစ်ပါတယ်။ တရုတ်က နန်ချန်းစတားကတော့ 525 ပေမြင့်ပြီး 2006 က တည်ဆောက်ခဲ့ပါတယ်။ စင်ကာပူဖလိုင်ယာကတော့ 2008 ကတည်ဆောက်ခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးဖြစ်သွားတာပါ။)
ဝါး.. John က တော်တော်သိထားတာပဲ။ ကျွန်တော်သာဆို ကိုယ့်အလုပ်နဲ့လည်း မဆိုင်တာမို့ စိတ်ဝင်စားမိလို့ လိုက်ရှာကြည့်တာတောင် ဒီလိုထိ ပြန်မပြောတတ်သလို မှတ်လည်းမမှတ်မိပါ။ မှတ်မထားတာဆို ပိုမှန်လိမ့်မယ်။ အသုံးမှမလိုဘဲကိုး...။
John ကတော့ လန်ဒန်တံတားနဲ့ပတ်သက်တာတွေပါ ပြောပြပါသည်။ သိမ်းမြစ်ကို ဖြတ်ပြီးဆောက်ထားတဲ့ တံတားက လန်ဒန်အလယ်မှာရှိနေတာကိုတော့ ကိုယ်တိုင်လည်းမြင်တွေ့ပြီးပြီဖြစ်သည်။ တံတားရဲ့တောင်ဘက်က ဘုရားကျောင်းကိုတော့ "Southwark Cathedral" လို့ခေါ်ပြီး အဲ့နားမှာပဲရှိတဲ့ ဘူတာရုံကိုတော့ "London Bridge" ဘူတာရုံလို့ ခေါ်ကြောင်း ပြောပြသည်။
ထို့နောက် လန်ဒန်တံတားနဲ့ပတ်သက်ပြီး သမိုင်းကြောင်းရှိသေးကြောင်းနဲ့ စိတ်ဝင်စားရင် ရှာဖတ်ဖို့ပြောသည်။ သူကတော့ အရမ်းရှည်လို့ မမှတ်မိဘူးတဲ့လေ။
စားသောက်ပြီးတော့ နားပြီးတာနဲ့ နေရာအနှံ့ကို လျှောက်လည်ကြကာ လန်ဒန်ရဲ့အဓိက အမွေဆက်ခံတဲ့နေရာလေးခုအနက် လန်ဒန်တံတာမျှော်စင်ကိုတော့ ရောက်ပြီးပြီမို့ ကူးဥယျာဥ်၊ ဂရင်းဝစ်ချ်ရှိ သမိုင်းဝင်အခြေချနေထိုင်ရာနေရာတို့ကို လိုက်ပြပေးသည်။ ပြီးတော့ နောက်ဆုံးတစ်ခုဖြစ်တဲ့ ဝက်မင်စတာနန်းတော်၊ ဝက်မင်စတာဘုန်းကြီးကျောင်း၊ စိန့်မာဂရက်ဘုရားကျောင်းတို့စုပေါင်းပါဝင်နေတဲ့နေရာကို လိုက်ပို့သည်။
ထို့နောက် တစ်နေကုန်တစ်နေခမ်း ကားရောလူပါ မနားလှိမ့်ကြရာ တကယ်ကိုအထင်ကရနေရာတွေဖြစ်တဲ့ ဘက်ကင်ဟမ်နန်းတော်၊ ပီကာဒေးလီဆားကစ်၊ စိန့်ပေါလ်ဘုရားကျောင်း၊ ထရာဖဲလ်ဂါရင်ပြင် စတဲ့နေရာအကုန်ရောက်ဖူးသွားပြီဖြစ်သည်။
ထိုအခါ ကားပေါ်မှာတင် ညစာအတွက် တွေးမိသော Gulf က..
"John.. ညစာအတွက် တစ်ခုခုဝယ်သွားကြရအောင်။ မင်းအဆင်ပြေတဲ့ Market ဖြစ်ဖြစ် ဝင်ရအောင်လေ"
"အင်း ငါတွေးထားတယ်။ အပြန်ကျ ဟားရော့မှာဝင်ဝယ်ကြတာပေါ့"
ထိုသို့စီစဥ်ထားပြီးသည့်နောက် တစ်နေ့တည်းနဲ့ မလောက်တာမို့ ဗြိတိသျှပြတိုက်၊ အမျိုးသားအနုပညာပြခန်းတွေကိုဆို ရောက်တယ်ဆိုရုံလေးခဏသာ လှည့်ပတ်ကြည့်ပြီး ပြန်ထွက်ရသည်။ ထို့ကြောင့် အဝမကြည့်ရလို့ ဆူပုတ်နေတဲ့ Gulf တစ်ယောက်ကို John မှာ နောက်နေ့ အားတဲ့နေ့ထပ်စောင့်ပြီး 40 ဝက်စ်အင်းန်းပြဇာတ်ရုံနဲ့ Madame Tussaud's မှာ လက်မှတ်ဝယ်ပြပါ့မယ်လို့ ကတိပေးရသေးသည်။
တကယ် ကလေးလိုပဲ ဂပ်ဖီက။ အမြင်ဆန်းဆန်းလေးတွေဆို တအံ့တသြငေးနေပုံလေးတွေက အရမ်းချစ်စရာကောင်းတဲ့ပုံဖြစ်နေပြီး သွားဖြူတန်းညီညီလေးပါ ပေါ်အောင်ပြုံးပြီး..
"John ဒီဟာက တကယ်မိုက်တယ်ကွ"
"ဝါး.. ဒါက အရမ်းလက်ရာမြောက်တာပဲ"
"အိုးဟွေး.. လှလိုက်တာ"
စသဖြင့် အသံချိုချိုလေးက လွင်လွင်လေးနဲ့ ပျော်ရွှင်နေမှန်းသိသာနေတာမို့ စိတ်ချမ်းသာရသည်။ သူလေးကို အပြီးသာခေါ်ထားလိုက်ချင်တော့တယ်။ အတွေးနဲ့အတူ သူမလာခင်က ကြိုအကြောင်းကြားခဲ့ချိန် စဥ်းစားထားတာကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်မိတော့သည်။
ညနေနေဝင်တော့ ရှာ့ဒ်မိုးမျှော်တိုက်ကို ကားပေါ်ကဆင်းကာ မြေပြင်ကနေပဲ ရပ်ကြည့်ပြီး မိုးချုပ်တော့ ဟားရော့ကုန်တိုက်မှာ စျေးဝင်ဝယ်ကြကာ အိမ်ရောက်လျှင် နှစ်အိမ်ပေါင်းပြီးချက်စားဖို့ စီစဥ်လိုက်ကြတေ့သည်။
Madame Tussaud's လက်မှတ်
ဟားရော့ကုန်တိုက်
💖.•°°°•.💖.•°°°•.💖.•°°°•.💖.•°°°•.💖
Love all my readers 😘😘😘
စာလုံးရေ - 12161
#MayHninThazin
_________________________________
Zawgyi...
ကားစီးလာတဲ့လမ္းတေလွ်ာက္မွာ ျမင္ေနရတဲ့ ပတ္ဝန္းက်င္အသစ္နဲ႕ အျမင္အသစ္ေတြက တကယ္ခံစားလို႔ေကာင္းေနသည္။ ၿမိဳ႕ထဲကိုပဲ သြားၾကတာဆိုေပမယ့္ မနက္ပိုင္းေစာေစာျဖစ္ေနတာရယ္၊ လမ္းေတြက ထင္ထားတာထက္ ရွင္းေနတာမို႔ တစ္ခါတေလ ကြၽန္ေတာ္ ဝိုးခနဲေအာ္ခ်င္မိသည္အထိ...။
ထိုကဲ့သို႔ ႏွစ္ေယာက္တည္း လွိမ့္လာရင္း သြားခ်င္ေနေသာ Landon Eye သို႔ေရာက္လာခဲ့ေလၿပီ။ Landon Eye ဟု ကမာၻကသိထားၾကေသာ ခ်ားရဟတ္ႀကီးသည္ လန္ဒန္၏ အထင္ကရလည္ပတ္စရာမ်ားထဲမွ တစ္ခုအပါအဝင္ျဖစ္ၿပီး ညအခ်ိန္ဆိုလွ်င္ ထိုႀကီးမားလွေသာ ခ်ားရဟတ္ႀကီးက မီးေရာင္စုံတို႔ျဖင့္ အလြန္လွေပသည္။
ဂ်ဴဘလီဥယ်ာဥ္အေနာက္စြန္းရွိ အထပ္မ်ားစြာပါဝင္ေသာ သာမန္အေဆာက္အအုံတစ္ခုထက္ပင္ ပိုႀကီးလွေသာ အျမင့္ရွိသည့္ Landon Eye ၌ စီးနင္းလိုသည့္သူမ်ားအတြက္ အလုံပိတ္ရထားလုံးအခု (30) ခန့္ပါဝင္ၿပီး ထိုခ်ားရဟတ္ႀကီးအနီး၌ လန္ဒန္ၿမိဳ႕ကို ျဖတ္စီးေနေသာ သိမ္းျမစ္လည္း ရွိေလသည္။


Landon Eye ၏ ေန႕ျမင္ကြင္းႏွင့္ ညျမင္ကြင္း
ထို႔ေၾကာင့္ပင္ Landon Eye ကို စီးသူမ်ားသည္ လန္ဒန္တစ္ၿမိဳ႕လုံးကို အေပၚစီးမွ ျမင္ရေသာခံစားခ်က္ကို ရရွိနိုင္ၿပီး ထိုအေၾကာင္းကို သိထားေသာ Gulf ကလည္း ဘာနဲ႕မွမလဲနိုင္ေသာ ရႈခင္းအရသာကို ခံစားၾကည့္ခ်င္မိျခင္းျဖစ္သည္။
"ဝိုး..ဟူး...အာ...ဟား..ဟား..."
"ေရ႕ေရး..."
အလုံပိတ္မွန္ရထားလုံးထဲ ထိုင္ေနလွ်က္သားမွ မနက္ပိုင္း၏ ျဖဴဆြတ္ဆြတ္ေကာင္းကင္တစ္ခြင္အပါအဝင္ အျပင္ကျမင္ကြင္းကို ၾကည့္ရင္း၊ အျမင့္ေရာက္သြားတဲ့ ခံစားခ်က္ေအးေအးကို ႏွစ္ေယာက္သားသေဘာက်ေနမိေတာ့သည္။
"အာ လွလိုက္တာကြာ။ တကယ္နာမည္ႀကီးတာနဲ႕တန္လိုက္တာ"
"သေဘာက်တယ္မို႔လား"
"အင္း ဒါေပါ့"
ၿပဳံးၿပဳံးေလးနဲ႕ သြားေလးေတြပါေပၚေနတဲ့ ဂပ္ဖီက ၾကည့္လို႔မဝနိုင္ေအာင္ အရမ္းၾကည့္ေကာင္းေနသည္။ ဘာလို႔ေခ်ာလြန္းေနရတာလဲကြာ.. ႐ူးေတာ့မွာပဲ။
တကယ္ေတာ့ မနက္ပိုင္းထက္ ညပိုင္းက ပိုလွတာေပမယ့္ ညဘက္ႀကီးအျပင္မထြက္ခ်င္ေသာ Gulf ေၾကာင့္ မနက္ပိုင္းကိုသာေ႐ြးကာ စီးၾကျခင္းျဖစ္သည္။
သို႔ႏွင့္ တျဖည္းျဖည္းၾကာလာေတာ့ Gulf တစ္ေယာက္ ႏွလုံးခုန္ႏႈန္းပုံမွန္မဟုတ္ေတာ့...။ လူေတြအမ်ားႀကီးၾကားထဲမွာ ထိုင္ေနရင္း တျဖည္းျဖည္းျမန္လာတဲ့ ႏွလုံးခုန္ႏႈန္းက လူကို မသိမသာကေန သိသိသာသာေမာပန္းလာေစၿပီး ေခြၽးေတြထြက္လာသည္။
"အာ.. John ငါအရမ္းေမာလာတယ္"
"ဟင္.. ဂပ္ဖီ ဘာျဖစ္တာလဲ"
ေဘးနားမွာပင္ ထိုင္ေနတဲ့ ဂပ္ဖီက ရင္ဘတ္ကိုဖိကာ မ်က္ႏွာပ်က္လာတာေၾကာင့္ တစ္ခုခုျဖစ္ေနမွန္း John နားလည္လိုက္သည္။ ဒုကၡပါပဲ။ ဂပ္ဖီဘာျဖစ္ေနတာလဲ။ စိုးရိမ္စိတ္က တစိမ့္စိမ့္ဝင္တာထက္ ဒုန္းခနဲေဆာင့္တက္လာတာေၾကာင့္ John ရဲ႕မ်က္ႏွာထက္က အၿပဳံးတို႔က တမဟုတ္ခ်င္းေပ်ာက္ကြယ္သြားသည္။
ဂပ္ဖီရဲ႕ပခုံးကို ဖ်စ္ညွစ္ထားၿပီး ေခြၽးေတြျပန္လာတဲ့ သူ႕ကို ဆံပင္ေတြသပ္ေပးေနရင္းမွ ေခါင္းထဲမွာေပၚလာတာတစ္ခုက.. ဟာ.. ဂပ္ဖီမွာ ႏွလုံးေရာဂါရွိတာပဲ။ က်စ္.. ငါဘာလို႔ေမ့သြားရတာလဲကြာ။
"ဂပ္ဖီ.. ဂပ္ဖီ အဆင္ေျပရဲ႕လားဟင္။ ငါ ဘာလုပ္ေပးရမလဲ"
လႈပ္လႈပ္ရွားရွားအမူအရာနဲ႕ က်ားလိုက္သလိုေမးလာတဲ့ John ရဲ႕အသံကို ရွိုက္သံထြက္သည္အထိ အသက္ရႉေနရတဲ့ Gulf တစ္ေယာက္ ျပန္ေမးတာက...
"ဒီဟာက ရပ္ေတာ့မွာလားဟင္"
"ရပ္ေတာ့မယ္ထင္တယ္။ ခု ဘယ္လိုေနေသးလဲ။ အရမ္းခံရခက္ေနရင္ အကူအညီေတာင္းလိုက္မယ္ေနာ္"
"ဟင့္အင္း ရတယ္"
အကူအညီေတာင္းဖို႔ျပင္ေနသည့္ ကြၽန္ေတာ့္လက္ကို သူက ဆြဲတားကာ ျငင္းရွာသည္။ အတတ္နိုင္ဆုံး သူမ်ားနိုင္ငံမွာ အလုပ္မရႈပ္ေစခ်င္တဲ့ပုံစံကို ျမင္ေနရတာမို႔ သူ႕စိတ္ကိုနားလည္ပါသည္။ ဒါေပမယ့္လည္း လူတစ္ေယာက္အသက္က ဘာနဲ႕မွလဲလို႔မရဘူးမို႔လား။ အထူးသျဖင့္ ဒီလူသားအသက္က ကြၽန္ေတာ့္အတြက္ တကယ္အဖိုးတန္လွတာမို႔ ရင္ေတြအရမ္းပူေနရသည္။
သို႔ေသာ္လည္း ရတယ္။ ငါအဆင္ေျပေနေသးတယ္ဆိုကာ အတင္းဆြဲတားေနတာေၾကာင့္ သူတကယ္အမ်ားႀကီးမျဖစ္လို႔ေနမွာပါဟု ေျဖေတြးေတြးကာ မ်က္ႏွာမေကာင္းစြာနဲ႕ပဲ ပခုံးေလးကို ပုတ္ေပးေနရသည္။
အခုေရ (30) ခန့္ရွိသည့္ မွန္အလုံပိတ္စီးနင္းစရာမ်ားသည္ တစ္ခုကိုပင္ လူဆယ္ေယာက္ထက္မနည္းရွိေနၾကတာမို႔ သူတို႔ႏွစ္ေယာက္ကို နိုင္ငံသားေပါင္းစုံ လူမ်ိဳးစုံတို႔က ဝိုင္းၾကည့္ေနေတာ့သည္။ သို႔ေသာ္လည္း John ကေတာ့ မျမင္ဖူး၊ မသိဖူးတဲ့ လူေတြကို ဂ႐ုစိုက္မေနနိုင္အားေတာ့ဘဲ ေဘးမွာရွိေနတဲ့ တိတ္တခိုးျမတ္နိုးေနရသူကိုပင္ တၾကည့္ၾကည့္လုပ္ေနမိသည္။
"ဟင္း..အင္း..."
"ဂပ္ဖီ ဘယ္လိုေနလဲဟင္။ ရပ္ေတာ့မွာေနာ္"
နဂိုတည္းက ခ်ားရဟတ္က အရွိန္နဲ႕သြားေနတာမွန္ေပမယ့္ ၿငိမ့္ေနတာပဲမို႔ ေတာ္႐ုံတန္႐ုံ (အျမင့္ေၾကာက္တတ္သူက လြဲလို႔) မူးေမာ္တာမ်ိဳးမရွိေပ။ ထို႔ေၾကာင့္ Gulf က အျမင့္ေၾကာက္တာမ်ိဳးမဟုတ္ေပမယ့္ ခႏၶာကိုယ္ကေတာ့ မခံနိုင္တာမို႔ ထိုသို႔ျဖစ္လာရျခင္းျဖစ္သည္။ အရမ္းႀကီးစိုးရိမ္ရေလာက္ေအာင္ ျဖစ္ေနတာမ်ိဳးမဟုတ္ေပမယ့္ John ကေတာ့ စိတ္ပူေနရသည္။
ခဏၾကာေတာ့မွ ေအာက္ေရာက္ေတာ့ Gulf မ်က္ႏွာမွာ ေခြၽးေတြအျပည့္မို႔...
"လာ လာ။ ကားထဲျပန္မသြားနဲ႕။ ဒီနားလူရွင္းတယ္။ ခဏေနခဲ့လို႔ျဖစ္တယ္ဟုတ္။ ငါ တစ္ခုခုသြားဝယ္လာေပးမယ္။ ေစာင့္ေနေနာ္"
"အင္း ရတယ္ ရတယ္"
ကြၽန္ေတာ့္မွာ သူ႕တစ္ေယာက္တည္း စိတ္မခ်ေပမယ့္လည္း စိတ္ေအးသြားေအာင္ တစ္ခုခုေသာက္စရာဝယ္ေပးဖို႔ ခဏထားခဲ့ကာ ေျပးရျပန္သည္။ ျပန္လာေတာ့ ထားခဲ့တဲ့အတိုင္း ငုတ္တုတ္ေလး..။
"ေရာ့ အေအးေသာက္လိုက္"
တကယ္ေတာ့ မနက္ပိုင္းႀကီးဆိုေပမယ့္ ေႏြးရာသီမို႔ေရာ၊ ခုနက စိတ္ေမာသြားတာေရာေၾကာင့္ အေအးကပဲ ပိုေကာင္းမယ္ထင္တာနဲ႕ ႏွစ္ခြက္ဝယ္လာခဲ့လိုက္ျခင္းျဖစ္သည္။
ကြၽန္ေတာ္ေပးတဲ့ အေအးကို ႏွစ္ရွိုက္ေလာက္စုပ္ေသာက္ၿပီးမွ သက္ျပင္းခ်လိဳက္ကာ ေခြၽးေတြသုတ္ရင္း..
"ရၿပီ။ လန္းသြားၿပီ John ။ ခုမွပဲ ေအးသြားေတာ့တယ္"
ထိုသို႔ေျပာမွ ကြၽန္ေတာ့္မွာ ဟင္းခနဲသက္ျပင္းခ်နိဳင္ကာ သူ႕ေဘးဝင္ထိုင္ရင္း ေဒါသမမည္ေသာအသံနဲ႕ ေျပာမိေတာ့သည္။
"ေတာ္ေသးတာေပါ့ကြာ။ ငါ့မွာလန့္သြားတာပဲ။ မင္းက ႏွလုံးေရာဂါရွိေနတာ ဘာလို႔သတိမေပးတာလဲ။ ငါကလည္း ေမ့ေနမိတာ။ ဒီေလာက္ေလးပဲျဖစ္သြားလို႔ေပါ့။ မဟုတ္ရင္ ဒုကၡေရာက္ေတာ့မွာပဲ။ မင္းတစ္ခုခုျဖစ္ရင္ ဘယ္လိုလုပ္မလဲ၊ တကယ္ပဲ"
ကြၽန္ေတာ့္ကို စိတ္ပူၿပီး လူႀကီးတစ္ေယာက္လို ဆူလာတဲ့ John က ရယ္ခ်င္စရာေကာင္းေနေပမယ့္ ထိန္းထားရသည္။ ရယ္ခ်လိဳက္မိရင္ ပိုဆိုးသြားမွာေလ။ ခုေတာ့ ကြၽန္ေတာ္လည္း သက္သာၿပီမို႔ သူ႕ပခုံးကို ပုတ္လိုက္ကာ...
"ဟုတ္ပါၿပီကြာ။ ငါမွားတာပါ..ေနာ္။ ငါလည္း ရမယ္ထင္လို႔ပါ။ အျမင့္လည္းမေၾကာက္တတ္ဘူးဆိုေတာ့..."
ေျပာလို႔ပင္ မဆုံးေသး ျဖတ္ဆူလာျပန္သည္။
"မင္းစိတ္က အျမင့္မေၾကာက္တတ္လည္း မင္းႏွလုံးက ခံမွမခံနိုင္ဘဲ။ ေတာ္ၿပီ။ မင္းကို အႏၲရာယ္မ်ားတာေတြေပးမလုပ္ေတာ့ဘူး။ ခဏေန လန္ဒန္တံတားကို ပို႔ေပးၿပီးရင္ ဒီတိုင္းပဲေလွ်ာက္ၾကည့္ရေတာ့မယ္ မွတ္။ ဟိုမိုးပ်ံရဟတ္ေတြစီးခ်င္တယ္မလုပ္နဲ႕ေနာ္"
"အင္း အင္း မစီးေတာ့ဘူး။ တျခားေနရာေတြပဲ ပို႔ေပးေတာ့"
က်စ္.. ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ လုပ္ျပေနတဲ့ အဲ့ဒီပုံစံက တကယ္အသည္းယားစရာေကာင္းေနတာ သူမသိတာလား။
ထိုကဲ့သို႔ ျဖစ္ပ်က္သြားသည္ႏွင့္ ကြၽန္ေတာ့္ကို John စိတ္မခ်ျဖစ္ကာ မိုးပ်ံရဟတ္ေရာအပါအဝင္ တျခားစီးလို႔ရတဲ့ ေနရာေတြမွန္သမွ်ပို႔မေပးေတာ့သည့္အျပင္ လန္ဒန္တံတားေရာက္တဲ့အထိကို မ်က္ႏွာက သုန္မႈန္ေနတာမို႔ မနည္းေတာင္းပန္ရသည္အထိ..။

မိုးပ်ံရဟတ္ (Landon Eye နဲ႕ မိုးပ်ံရဟတ္က အျပင္မွာအဲ့ေလာက္မနီးပါဘူးေနာ္။ Camera Angle ေၾကာင့္ ထင္တာပဲ။)
ဟင္း.. အသက္ရႉရတာ ခက္သြားတဲ့ကြၽန္ေတာ္က ေဘးကအေဖာ္ပါတဲ့သူ႕ကို ေခ်ာ့ၿပီးေတာင္းပန္ေနရတာ ေတြးၾကည့္ရင္ ရယ္စရာပင္ေကာင္းေနေသးေတာ့သည္။ လန္ဒန္တံတားကိုေရာက္ေတာ့ ရွည္လ်ားတဲ့တံတားႀကီးကို အဆုံးထိမေလွ်ာက္ေတာ့ဘဲ အလယ္ဗဟိုေလာက္ေရာက္တာနဲ႕ လက္တန္းကေန မွီရပ္ရင္း ျမစ္ေရျပင္ႀကီးကို ေငးၿပီး ေလေအးေအးေလးေတြကို ခံစားလိုက္သည္။


လန္ဒန္တံတား
ၿပီးေတာ့ သူ႕ရဲ႕ေၾကာက္စရာမ်က္ႏွာဆိုးကို ေပ်ာက္ေအာင္လို႔ ဓာတ္ပုံရိုက္ေပးခိုင္းရင္း သူနဲ႕ပါအမွတ္တရရိုက္ျဖစ္သည္။ ခပ္ေခ်ာေခ်ာနဲ႕ တစ္မ်ိဳးစီၾကည့္ေကာင္းေနၾကတဲ့ ေကာင္ေလးႏွစ္ေယာက္ကို လန္ဒန္သားေတြနဲ႕ ဥေရာပသားေတြက တၾကည့္ၾကည့္...။
"John ငါ့ကို စိတ္မဆိုးေတာ့ဘူးမို႔လား"
"အင္း ေနာက္တစ္ခါဆို တကယ္စိတ္ဆိုးၿပီ။ တစ္ခုခုဆို ငါ့ကိုႀကိဳေျပာရမွာေနာ္"
"အင္းပါ ကတိေပးတယ္။ ေျပာမယ္ ေျပာမယ္။ ခု ၿပဳံးၿပဳံးေလးေနေတာ့ကြာ"
တစ္ခါတေလ အလည္ေရာက္လာတုန္း ကူညီေပးေနတဲ့ ငယ္ေပါင္းႀကီးေဖာ္ကို စိတ္မဆိုးဖို႔ေခ်ာ့ရင္း မ်က္ႏွာကို ၾကည့္ေနမိသည္။ John က တကယ္ေခ်ာပါသည္။ တကယ္ကို ေယာက်္ားပီသၿပီး စြဲမက္ေလာက္တဲ့လူတစ္ေယာက္လည္း ျဖစ္သည္။ ေနာက္တစ္ခုက ကြၽန္ေတာ့္အေပၚမွာ ခံစားခ်က္ေတြရွိေနတဲ့ John ရဲ႕စိတ္ေတြကိုလည္း ျမင္ေနရသည္။ ကြၽန္ေတာ္က ငတုံးမွမဟုတ္ဘဲေလ။
သဘာဝရဲ႕နိယာမအရမွာ မိန္းကေလးတစ္ေယာက္က သူမအေပၚခံစားခ်က္ရွိေနတဲ့ေကာင္ေလးေတြကို အကဲခတ္ျမင္တတ္ၾကသလို စိတ္ထဲမွာ သိရွိေနတတ္ၾကသည္။ ထို႔အတူ ေယာက်ာ္းေလးတစ္ေယာက္ကလည္း မိန္းကေလးျဖစ္သူက ကိုယ့္ကိုႀကိတ္သေဘာက်ေနတာမ်ိဳးရွိရင္လည္း အလိုလိုသိတတ္ၾကသည္က မဆန္းေပ။
ထို႔ထက္ပင္ ကြၽန္ေတာ့္လို ေယာက်္ားေလးတစ္ေယာက္ကို တျခားေသာေယာက်္ားတစ္ေယာက္က ခံစားခ်က္ရွိေနတာလားဆိုတာက ခန့္မွန္းအကဲခတ္ဖို႔ ခက္ခဲမေနပါေလ။ ေယာက်္ားခ်င္းမို႔ ပိုလို႔ပင္ သိပါေသးသည္။
ဒါေပမယ့္လည္း ကြၽန္ေတာ္ကိုယ္တိုင္က သူ႕ကိုအဆင့္ေက်ာ္္ၿပီး စဥ္းစားလို႔မရမယ့္အတူတူ သူဖြင့္ေျပာတာကိုလည္း ေစာင့္မေနမိပါ။ ဖြင့္မေျပာေစခ်င္ဘူးဆိုရင္ ပိုမွန္လိမ့္မည္။ ႏွစ္ေယာက္ၾကားထဲ အေနရခက္ေစမယ့္ အေျခအေနတစ္ခုကို ကြၽန္ေတာ္မလိုခ်င္တာက စိတ္ရင္းနဲ႕ပါေပ။
ရင္းႏွီးတဲ့ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕ စိတ္ဆိုးတာမ်ိဳးမလိုခ်င္လို႔ ေခ်ာ့ေနတာတစ္ခုတည္းမို႔ ကြၽန္ေတာ့္စိတ္က ျဖဴစင္တာ ကိုယ္တိုင္သာ အသိဆုံးပင္။ သူကေတာ့.. အင္း..သူကေတာ့ ဘယ္လိုေတြးေနမလဲမသိဘူးေပါ့ေလ။
ဤသို႔ျဖင့္ လန္ဒန္တံတားမွာ ဓာတ္ပုံရိုက္ၿပီးသည့္ေနာက္ ဆိုင္တစ္ဆိုင္မွာဝင္ကာ ဗိုက္ျဖည့္ၾကသည္။ စားလို႔ဝသြားသည္အထိ ဆက္ထိုင္ေနၾကရင္း John ကို လန္ဒန္အေၾကာင္း သိခ်င္တာေတြ ေမးမိသည္။ တကယ္ေတာ့ သိခ်င္စိတ္က နည္းနည္းရယ္.. စားေနတာကို ဂ႐ုတစိုက္နဲ႕ၾကည့္လြန္းတဲ့ သူ႕ပုံစံေၾကာင့္ ျမန္ျမန္လက္စသတ္ကာ စကားစရွာျခင္းဆို ပိုမွန္ပါလိမ့္မည္။
ေတြးၾကည့္ရင္ ငယ္ယ္တည္းက ေလးေယာက္သားက တစ္ေယာက္နဲ႕တစ္ေယာက္ ၾကည့္ေပး၊ ေစာင့္ေရွာက္ေပးနဲ႕ ရင္းႏွီးလာၾကေပမယ့္ (ခုထိလည္း Mist ေတာင္ မိန္းကေလးျဖစ္ၿပီး လက္ပြန္းတတီးရင္းႏွီးေပမယ့္လို႔) စိတ္ထဲမွာေတာ့ ရိုးသားၾကသည္မို႔ ထူးထူးဆန္းဆန္းမျဖစ္မိ...။ John ကေတာ့ အ႐ြယ္ေရာက္လာမွ ခုလိုမ်က္ႏွာခ်င္းဆိုင္ ရင္းႏွီးလာၿပီး စေတြ႕ကတည္းက သူငယ္ခ်င္းထက္ပိုေနမွန္း ရိပ္မိေနေတာ့ တစ္ခါတေလ ေပါ့ေပါ့ပါးပါးမရွိသလို ခံစားရသည္။
"ငါသိခ်င္တာေတြရွိတယ္"
"အင္း ေမးေလ။ ငါသိတာေတြမွန္သမွ် ေျပာျပမယ္"
"အင္း ဟို.. Landon Eye နဲ႕ လန္ဒန္တံတာအေၾကာင္း"
ကြၽန္ေတာ္ေျပာလိုက္ေတာ့ စားပြဲေပၚက တစ္ရႉးဘူးလွလွေလးထဲက တစ္႐ြက္ထုတ္ကာ ႏႈတ္ခမ္းကို သုတ္ၿပီးမွ..
"မင္းဟာေလ မၾကာေသးခင္ကကို ထိခိုက္ေတာ့မလို ျဖစ္လာတာကို မမွတ္ေသးဘူးသိလား"
"မဆိုင္ပါဘူး။ ငါဒီတိုင္း သိခ်င္လို႔ေမးတာကို။ ငါ လန္ဒန္မွာစိတ္အဝင္စားဆုံးက အဲ့ႏွစ္ခုပဲမို႔"
"ၿပီးေရာ ၿပီးေရာ။ ေျပာျပမယ္"
ကြၽန္ေတာ္က မရမက ဒီအေၾကာင္းပဲ ေမးေတာ့ မတတ္သာတဲ့အဆုံး သူက သိသေလာက္ေျပာျပသည္။ ကြၽန္ေတာ္ကိုယ္တိုင္က စကားလမ္းေၾကာင္းလႊဲခ်င္တာပါေပမယ့္ ဒီႏွစ္ခုကို အမွန္တကယ္လည္း စိတ္ဝင္စားတဲ့စိတ္က ရွိေနေတာ့ တစ္ခြန္းမွဝင္မေထာက္ဘဲ သူေျပာတာကိုပဲ နားေထာင္ေနမိသည္။
ထို႔ေၾကာင့္ပင္ ကြၽန္ေတာ့္ႏွလုံးခုန္ႏႈန္းေတြ မူမမွန္ျဖစ္ခဲ့ရေသာ Landon Eye (Millennium Wheel - ေထာင္ျပည့္ႏွစ္ခ်ားရဟတ္) က အျမင့္ေပ 443 ေပ (135 မီတာခန့္) ျမင့္ၿပီး ဥေရာပမွာအျမင့္ဆုံးျဖစ္မွန္းသိရသည္။ ဟူး.. ဥေရာပမွာ အျမင့္ဆုံးဆိုမွေတာ့ လန္ဒန္တစ္ခုလုံးကို ျမင္ရတာ ဘာမွေတာင္ မဟုတ္ေတာ့သလိုဘဲ။
"ဒါဆို ခုေရာ အဲ့ဒါက အျမင့္ဆုံးပဲေပါ့။ စေဆာက္ကတည္းကေလ"
"အင္း စေဆာက္တဲ့ 1999 ေလာက္ကေတာ့ အျမင့္ဆုံးတဲ့။ ဒါေပမယ့္ ခုက်ေတာ့ တ႐ုတ္က "နန္ခ်န္းစတား" နဲ႕ "စင္ကာပူဖလိုင္ယာ" က ေက်ာ္တက္သြားတယ္။ တစ္ကမာၻလုံးမွာ ဖလိုင္ယာအျမင့္ဆုံးျဖစ္သြားတာ"
"အိုးဟို.. အဲ့ဒါက ဘယ္ေလာက္ျမင့္တာလဲ"
"ဖလိုင္ယာက 541 ေတာင္ျမင့္တာ"
အမေလး.. တကယ္ပဲ အာ႐ုံစိုက္ခံရမႈရဖို႔ကို တီထြင္လိုက္ၾကတာေနာ္။ အဲ့ဒီဖလိုင္ယာကိုသာ ေရာက္ရင္ ကြၽန္ေတာ္ခုနကထက္ ပိုဆိုးမွာေသခ်ာတယ္။ တစ္ခါတည္းနဲ႕ရပ္ၿပီးေတာင္ ေသသြားမလားဘဲ။
"ဒါေပမယ့္လည္း Landon Eye က လူေတြအရမ္းစိတ္ဝင္စားၾကတာပါပဲ။ ႏွစ္တိုင္း 3.5 သန္းေလာက္လာၾကတယ္။ နိုင္ငံေပါင္းစုံကဆိုေတာ့ အမ်ားႀကီးပဲရယ္"
"ငါ တကယ္စိတ္ဝင္စားလာၿပီ။ ဒါနဲ႕ အဲ့ဒါေဆာက္တုန္းက အရမ္းေခါင္းရႈပ္ရမွာပဲေနာ္"
"ဒါေပါ့ကြ။ ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး အထင္ကရေတြက နိုင္ငံအႏွံ႕မွာရွိၾကတာပဲေလ။ စိတ္ဝင္စားမႈနဲ႕ နိုင္ငံျခားဝင္ေငြရဖို႔ ႀကိဳးစားရတာေပါ့။ ငါသိသေလာက္ဆို Landon Eye ေဆာက္တာက 70 Millions ေလာက္ကုန္တယ္ဆိုလားပဲ။ ပညာရွင္ကေတာ့ 7 ေယာက္တဲ့။ ငါကေတာ့ David Marks တစ္ေယာက္ပဲမွတ္မိေတာ့တယ္"
( A/N - Landon Eye ကို တာဝန္ယူတည္ေဆာက္ခဲ့တဲ့ ဗိသုကာပညာရွင္ေတြကေတာ့ David Marks, Josvoll Oslo, Malcolm Cook, Mark Sparrowhawk, Steven Chilton, Frank Anatole & Nic Bailey တို႔ (7) ဦး ျဖစ္ပါတယ္။ တ႐ုတ္က နန္ခ်န္းစတားကေတာ့ 525 ေပျမင့္ၿပီး 2006 က တည္ေဆာက္ခဲ့ပါတယ္။ စင္ကာပူဖလိုင္ယာကေတာ့ 2008 ကတည္ေဆာက္ခဲ့ၿပီး ကမာၻ႔အျမင့္ဆုံးျဖစ္သြားတာပါ။)
ဝါး.. John က ေတာ္ေတာ္သိထားတာပဲ။ ကြၽန္ေတာ္သာဆို ကိုယ့္အလုပ္နဲ႕လည္း မဆိုင္တာမို႔ စိတ္ဝင္စားမိလို႔ လိုက္ရွာၾကည့္တာေတာင္ ဒီလိုထိ ျပန္မေျပာတတ္သလို မွတ္လည္းမမွတ္မိပါ။ မွတ္မထားတာဆို ပိုမွန္လိမ့္မယ္။ အသုံးမွမလိုဘဲကိုး...။
John ကေတာ့ လန္ဒန္တံတားနဲ႕ပတ္သက္တာေတြပါ ေျပာျပပါသည္။ သိမ္းျမစ္ကို ျဖတ္ၿပီးေဆာက္ထားတဲ့ တံတားက လန္ဒန္အလယ္မွာရွိေနတာကိုေတာ့ ကိုယ္တိုင္လည္းျမင္ေတြ႕ၿပီးၿပီျဖစ္သည္။ တံတားရဲ႕ေတာင္ဘက္က ဘုရားေက်ာင္းကိုေတာ့ "Southwark Cathedral" လို႔ေခၚၿပီး အဲ့နားမွာပဲရွိတဲ့ ဘူတာ႐ုံကိုေတာ့ "London Bridge" ဘူတာ႐ုံလို႔ ေခၚေၾကာင္း ေျပာျပသည္။
ထို႔ေနာက္ လန္ဒန္တံတားနဲ႕ပတ္သက္ၿပီး သမိုင္းေၾကာင္းရွိေသးေၾကာင္းနဲ႕ စိတ္ဝင္စားရင္ ရွာဖတ္ဖို႔ေျပာသည္။ သူကေတာ့ အရမ္းရွည္လို႔ မမွတ္မိဘူးတဲ့ေလ။
စားေသာက္ၿပီးေတာ့ နားၿပီးတာနဲ႕ ေနရာအႏွံ႕ကို ေလွ်ာက္လည္ၾကကာ လန္ဒန္ရဲ႕အဓိက အေမြဆက္ခံတဲ့ေနရာေလးခုအနက္ လန္ဒန္တံတာေမွ်ာ္စင္ကိုေတာ့ ေရာက္ၿပီးၿပီမို႔ ကူးဥယ်ာဥ္၊ ဂရင္းဝစ္ခ်္ရွိ သမိုင္းဝင္အေျခခ်ေနထိုင္ရာေနရာတို႔ကို လိုက္ျပေပးသည္။ ၿပီးေတာ့ ေနာက္ဆုံးတစ္ခုျဖစ္တဲ့ ဝက္မင္စတာနန္းေတာ္၊ ဝက္မင္စတာဘုန္းႀကီးေက်ာင္း၊ စိန့္မာဂရက္ဘုရားေက်ာင္းတို႔စုေပါင္းပါဝင္ေနတဲ့ေနရာကို လိုက္ပို႔သည္။
ထို႔ေနာက္ တစ္ေနကုန္တစ္ေနခမ္း ကားေရာလူပါ မနားလွိမ့္ၾကရာ တကယ္ကိုအထင္ကရေနရာေတြျဖစ္တဲ့ ဘက္ကင္ဟမ္နန္းေတာ္၊ ပီကာေဒးလီဆားကစ္၊ စိန့္ေပါလ္ဘုရားေက်ာင္း၊ ထရာဖဲလ္ဂါရင္ျပင္ စတဲ့ေနရာအကုန္ေရာက္ဖူးသြားၿပီျဖစ္သည္။
ထိုအခါ ကားေပၚမွာတင္ ညစာအတြက္ ေတြးမိေသာ Gulf က..
"John.. ညစာအတြက္ တစ္ခုခုဝယ္သြားၾကရေအာင္။ မင္းအဆင္ေျပတဲ့ Market ျဖစ္ျဖစ္ ဝင္ရေအာင္ေလ"
"အင္း ငါေတြးထားတယ္။ အျပန္က် ဟားေရာ့မွာဝင္ဝယ္ၾကတာေပါ့"
ထိုသို႔စီစဥ္ထားၿပီးသည့္ေနာက္ တစ္ေန႕တည္းနဲ႕ မေလာက္တာမို႔ ၿဗိတိသွ်ျပတိုက္၊ အမ်ိဳးသားအႏုပညာျပခန္းေတြကိုဆို ေရာက္တယ္ဆို႐ုံေလးခဏသာ လွည့္ပတ္ၾကည့္ၿပီး ျပန္ထြက္ရသည္။ ထို႔ေၾကာင့္ အဝမၾကည့္ရလို႔ ဆူပုတ္ေနတဲ့ Gulf တစ္ေယာက္ကို John မွာ ေနာက္ေန႕ အားတဲ့ေန႕ထပ္ေစာင့္ၿပီး 40 ဝက္စ္အင္းန္းျပဇာတ္႐ုံနဲ႕ Madame Tussaud's မွာ လက္မွတ္ဝယ္ျပပါ့မယ္လို႔ ကတိေပးရေသးသည္။
တကယ္ ကေလးလိုပဲ ဂပ္ဖီက။ အျမင္ဆန္းဆန္းေလးေတြဆို တအံ့တၾသေငးေနပုံေလးေတြက အရမ္းခ်စ္စရာေကာင္းတဲ့ပုံျဖစ္ေနၿပီး သြားျဖဴတန္းညီညီေလးပါ ေပၚေအာင္ၿပဳံးၿပီး..
"John ဒီဟာက တကယ္မိုက္တယ္ကြ"
"ဝါး.. ဒါက အရမ္းလက္ရာေျမာက္တာပဲ"
"အိုးေဟြး.. လွလိုက္တာ"
စသျဖင့္ အသံခ်ိဳခ်ိဳေလးက လြင္လြင္ေလးနဲ႕ ေပ်ာ္႐ႊင္ေနမွန္းသိသာေနတာမို႔ စိတ္ခ်မ္းသာရသည္။ သူေလးကို အၿပီးသာေခၚထားလိုက္ခ်င္ေတာ့တယ္။ အေတြးနဲ႕အတူ သူမလာခင္က ႀကိဳအေၾကာင္းၾကားခဲ့ခ်ိန္ စဥ္းစားထားတာကို အေကာင္အထည္ေဖာ္ဖို႔ ဆုံးျဖတ္လိုက္မိေတာ့သည္။
ညေနေနဝင္ေတာ့ ရွာ့ဒ္မိုးေမွ်ာ္တိုက္ကို ကားေပၚကဆင္းကာ ေျမျပင္ကေနပဲ ရပ္ၾကည့္ၿပီး မိုးခ်ဳပ္ေတာ့ ဟားေရာ့ကုန္တိုက္မွာ ေစ်းဝင္ဝယ္ၾကကာ အိမ္ေရာက္လွ်င္ ႏွစ္အိမ္ေပါင္းၿပီးခ်က္စားဖို႔ စီစဥ္လိုက္ၾကေတ့သည္။



Madame Tussaud's လက္မွတ္

ဟားေရာ့ကုန္တိုက္
💖.•°°°•.💖.•°°°•.💖.•°°°•.💖.•°°°•.💖
Love all my readers 😘😘😘
စာလုံးေရ - 12161
#MayHninThazin
_____________________________