For zgy
BAL 12
ေရာင္စံုမီးေတြ တဖ်က္ဖ်က္က်ေနတဲ့ လူကုန္ထံCLUB တစ္ခုမွာ ခႏၶာကိုယ္ကို လိႈင္းတြန္႔လို ယိမ္းႏြဲ႔ကာ ကေနသူတစ္ေယာက္ရယ္ အျပာေရာင္လဲ့လဲ့ ေကာ့ေတးတစ္ခြက္နဲ႔ တစ္စိမ့္စိမ့္ၾကည့္ေနသူတစ္ေယာက္ရယ္ဟာ မလွမ္းမကမ္းစီမွာ ရိွေနၾကသည္။ Baekhyun နားကို အနီေရာင္ ကိုယ္က်ပ္ဝတ္စံုနဲ႔ နတ္မိမယ္ေလးတစ္ေယာက္တိုးေဝ႔ွလာခ်ိန္မွာေတာ့ chanyeol လက္ကေကာ့ေတးခြက္ကို ေရ႔ွကစားပြဲေပၚခ်ကာ ထိုေနရာဆီေလ်ွာက္လာခဲ့လိုက္သည္။ Baekhyun လက္သြယ္သြယ္ေတြ သူမခါးစပ္ဆီဖက္တြယ္ေတာ့မယ့္အခ်ိန္မွာ အခ်ိန္မွီေလးတင္ chanyeol လွမ္းဆြဲလိုက္သည္။ ဆူညံေနတဲ့ အသံေတြေၾကာင့္ Chanyeol ေကာင္ေလးနားနဲ႔ ထိကပ္လုနီးပါးတိုးကာ တစ္စံုတစ္ခုေျပာလိုက္ေတာ့ Baekhyun မ်က္ခံုတန္းေလးေတြ ျမင့္တက္သြားသည္။ ထို႔ေနာက္ သူမဘက္လွည့္ကာ ဆူေနတဲ့အသံၾကား ၾကားႏိုင္ေလာက္ေအာင္ ေအာ္ေျပာလိုက္သည္။
"ဒီလူက ငါ့လူ
ဒါေၾကာင့္ တျခားတစ္ေယာက္နဲ႔ တြဲကလိုက္ပါ.."
Club ထဲမွာ Chanyeol ရဲ့ဟာ ၾကည္လင္စြာ ဟိန္းထြက္လာပါတယ္။ အေၾကာင္းကေတာ့ DJ ဆရာရဲ့ သီခ်င္းေျပာင္းခ်ိန္ ကြက္တိက်သြားေသာေၾကာင့္ပင္ ။ လူေပါင္းမ်ားစြာရဲ့ အာရံုေတြ Chanyeol ဆီၿပံဳက်လာခ်ိန္ Baekhyun ဟာ မထင္မွတ္ထားတဲ့အရာတစ္ခုကို လုပ္ခ်လိုက္ပါတယ္။ လည္ပင္းစပ္ကေနဆြဲခ်ကာ မ်က္ႏွာေတြကို အုပ္ကိုင္ကာ ႏႈတ္ခမ္းဖ်ားေတြဆီ ေလေငြ့ေနြးတစ္ခ်ိဳ႕ မထိတထိ က်ီစယ္သြားတယ္။ Chanyeol မ်က္ဝန္းေတြမိွတ္ကာ စိတ္လႈပ္ရွားဖြယ္အခိုက္အတန္႔ကို ေစာင့္စားေနလိုက္ေပမယ့္
"မနက္ျဖန္ သတင္းေခါင္းစီးမွာ ပါခ်င္ေနတာလား.."
သူထင္သလို လိပ္ျပာေလးေတြ နားခိုလာမယ့္အစား မ်က္ႏွာကို ကိုယ္ေသးေသးေလးနဲ႔ အကြယ္ခံလိုက္ရကာ ရင္ဘတ္နားထိ ဆြဲခ်ခံလိုက္ရသည္။ ထို႔ေနာက္မွာေတာ့ Club ရဲ့ ေနာက္ေဖးလမ္းၾကားေလးကေန ဆြဲေခၚကာ အျပင္သို႔သာ ေရာက္လာခဲ့သည္။
"Chanyeol ရူးသြားၿပီလား.."
လူရွင္းတဲ့ေနရာအေရာက္မွာေတာ့ ထိုေပါက္စေလးဆီက chanyeol အဆူခံလိုက္ရေတာ့သည္။ ခပ္အုပ္အုပ္အသံနဲ႔ ဆူေနသူေလးဟာ ႏႈတ္ခမ္းရဲရဲေလးေတြေထာ္လာလိုက္။ မ်က္ေတာင္စိပ္စိပ္ေလးေတြ မိွတ္က်သြားလိုက္ ျပန္ဖြင့္လာလိုက္။ စကၠန္႔အလိုက္လႈပ္ရွားသြားလာေနတဲ့ စကားလံုးေတြရဲ့ ပေရာဂ ေၾကာင့္ ခပ္မို႔မို႔တက္လာတဲ့ ပါးရဲေလးေတြ လံုးတက္သြား ေျပေလ်ာ့သြားလိုက္။ မီးခိုးေရာင္ေခါင္လံုးလံုးေလးက ဆံႏြယ္ေတျြဖာထြက္သည္အထိ လႈပ္ခါ ဆူပူေနေပမယ့္ Chanyeol ကေတာ့ စကားသံေတြအစား လွပတဲ့ အစိတ္အပိုင္းေတြကိုသာ စကၠန္႔မလပ္ေငးေမာေနမိသည္။ ဒီေကာင္ေလး သိပ္ခ်စ္စရာေကာင္းလြန္းလွသည္။
"ဒီမွါ Park Chanyeol မတ္တပ္ႀကီးေမ့ေနတာလား ေျပာေနတာေရာ ၾကားလား.."
"အင္း အင္း သိၿပီ.."
"ဘာသိတာလဲ ေျပာတာေရာ နားေထာင္ေနရဲ့လား.."
"ေရခဲမုန္႔စားမလား.."
"ေနပါၪီး အခုဘယ္ကေန ဘယ္ေရာက္သြားတာလဲ .."
"ကဇြန္းဥ စားမလား ဟိုမွာ ကိုယ္သြားဝယ္ေပးမယ္.."
"ဒီမွါ Chanyeol "
"အင္း ငါးလံုးဝယ္ခဲ့မယ္.."
ေျပးထြက္သြားသူဟာ သူဝတ္ထားတဲ့ ဝတ္စံုကိုပဲ ေမ့ေနတာလား မသိခ်င္ေယာင္ပဲ ေဆာင္ေနေလသလား။ Baekhyun အတြက္ေတာ့ Park Group နဲ႔တြဲၿပီး မနက္ျဖန္ေခါင္းစည္းသတင္းမွာ မပါလာေစရန္ အာရံုေရာက္ေနေပမယ့္ သူကေတာ့ ကဇြန္းဥ စားရဖို႔သာ အားသန္ေနပါတယ္။ တခါတခါေတြးမိတယ္ ဒီ Park မ်ိဳးရိုးဟာ ဘာလို႔ ဒီေလါက္အေျပာင္းအလဲျမန္ေနရသလဲ။ ဒါမွမဟုတ္တကယ္ပဲ ၪီးေဏွာက္တစ္ေနရာရာက လြတ္ေနသလား။
ကန္ဇြန္းဥထုပ္ေလးကိုင္ကာ သြားတန္းျဖဴျဖဴေတြ ေပၚတဲ့အထိ ၿပံဳးၿဖဲေနတာ ခုနကဆူခံထားရမွန္းေတာင္ သိရဲ့လား။ ေဟာ ေျပးလာျပန္ပါၿပီ အေနာက္တိုင္းဝတ္စံုႀကီးမွ အားမနာ ေျခလွမ္းက်ဲႀကီးေတြနဲ႔။
"အြန္႔ ပူပူေလး ခ်ိဳမယ့္ပံုပဲ ဖူးးဖူးး.."
တဖူးဖူးမႈတ္ကာ ကန္ဇြန္းဥေတြကို အခြံႏႊာေပးရင္း တစ္ေယာက္တည္းအလုပ္ရႈပ္ေနေလသည္။
"အင့္ ရၿပီ စားလိုက္.."
ေပးေနတဲ့ ကန္ဇြန္းဥကို ယူကာ Baekhyun အသင့္စားလိုက္ေလသည္။ လ်ွာေပၚမွာ တင္လာတဲ့ ခ်ိဳစိမ့္စိမ့္အရသာ ဟာ တကယ္ခ်ိဳေနပါတယ္။ ေနြးေထြးတဲ့ မ်က္ဝန္းေတြနဲ႔ ေမ်ွာ္လင့္စြာ ၾကည့္ေနသူေၾကာင့္ Baekhyun အသိမွတ္ျပဳ ေခါင္းၿငိမ့္ကာ
"အင္း ခ်ိဳတယ္.."
"ဟုတ္တယ္မလား ငါေျပာသားပဲ
ထပ္ခြါေပးမယ္ေနာ္ စားလိုက္.."
"Chanyeol.."
"ဟင္ ဘာျဖစ္လို႔လဲ.."
"အာ .."
ပါးစပ္နားတိုးကပ္ကာ သူေကြၽးလိုက္တာက တစ္ဖက္က Baekhyun မကိုက္ရေသးတဲ့ဘက္ကို ေပးလိုက္ေပမယ့္ သူက ေခါင္းကို ေစာင္းကာ Baekhyun ကိုက္ထားၿပီးသားေနရာကေနပဲ ဆက္ကိုက္လိုက္ေလသည္။
"ခ်ိဳတယ္"
ဒီတစ္ခါ Baekhyun တကယ္ရယ္လိုက္မိသည္။ ဘယ္လိုေတာင္ မရြံမရွာနဲ႔။ သူရယ္လိုက္တာကို ဘုမသိဘမသိနဲ႔ သူကပါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရယ္ေမာျပလာတဲ့အခါ ႏွစ္ေယာက္သား အဓိပၸါယ္မဲ့စြာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ရယ္ေမာေနမိေတာ့သည္။ ဒီအခ်ိန္ေလးမွာ ႏွစ္ေယာက္သား စိတ္ထဲ ဘာဆိုဘာမွ မရိွ။ ၾကည္ႏူးေနစိတ္သာ အတိုင္းအဆမဲ့ ျဖစ္ထြန္းေနသည္။
"အင့္ ထပ္စားၪီး.."
"အင္း မင္းေရာစားေလ.."
"အာ "
ဟေပးလာတဲ့ ပါးစပ္အႀကီးႀကီးထဲ Baekhyun ကိုက္ထားၿပီးသားေနရာကေနပင္ ေတ့ေပးလိုက္ေတာ့ သူက သေဘာတက်ကိုက္ခ်လိုက္ေလသည္။ အဲ့လိုနဲ႔ပဲသူတို႔ႏွစ္ေယာက္ အရာအားလံုးေမ့ကာ ကဇြန္းဥေတြ ခြါလိုက္စားလိုက္ႏွင့္ပင္ တစ္ထုပ္လံုး ဘယ္အခ်ိန္ ဘယ္လိုကုန္သြားမွန္းမသိလိုက္။
ေဘးခ်င္းယွဥ္ေလ်ာက္လာတဲ့ လမ္းတစ္ေလ်ာက္ ခ်ထားတဲ့ လက္ဖ်ားသြယ္သြယ္ေလးေတြကို ကိုင္ဖို႔အေရး chanyeol အလုပ္မ်ားေနသည္။ ေဘးကေကာင္ေလးကေတာ့ မသိတတ္စြာပဲ ခပ္သြက္သြက္သြားေနေလသည္။ မထိတထိ က်ီစယ္ေနတဲ့ လက္ဖ်ားရဲ့ အထိအေတြ့ေလးကို Chanyeol ဆုပ္ကိုင္ထားခ်င္မိသည္။ ေဆာင္းၪီးမို႔ ထိုလက္ဖ်ားေလး ေအးေနေလာက္မလား။ ေရ႔ွဆက္ေလ်ွာက္ေနေပမယ့္ Chanyeol မ်က္ဝန္းဝိုင္းဝိုင္းေတြရဲ့ အာရံုစူးစိုက္ရာဟာ အနားသတ္ေကာ့ၫြတ္ေနတဲ့ အၾကည္ေရာင္ လက္ဖ်ားေလးေတြဆီမွာသာ။ ထိသြားလိာက္တိုင္း လ်ွပ္စစ္ဓာတ္လို ဆြဲငင္ေနကာ တစ္ကိုယ္လံုးက ေသြးေၾကာေလးေတြက ေသြးေတျြဖာထြက္ေနသလို ျဖစ္ေနေပမယ့္ သူ႔ေဘးက ႏိုင္ငံျခားသားေလးကေတာ့ မသိတတ္ဆိုးရြားစြာ။
👇👇👇
ဘိုေယာင္းအာရံုေတြ ေနာက္က်ိလာရသည္။ သူမသိကိုယ္မသိနဲ႔ ဘာေတြေျပာေနမွန္းမသိစြာ အခ်ိန္ၾကာျမင့္ေနရသည္။
"ဒီမွါ မင္းဘာေတြေျပာေနတာလဲ နားမလည္ဘူးလို႔.."
"I want to have a dinner with you
Are you okay???"
"Hay I Don´t Under stand.."
မျဖတ္အေတာက္မမွန္စြာ နားမလည္ေၾကာင္းေျပာေနတဲ့ တံုးအအလူႀကီးေၾကာင့္ Niki စိတ္အိုက္လာရသည္။ ကိုယ္မွားထားတာမို႔လို႔ ထမင္းေကြၽးမလို႔ကို။ Blade ေျပာဖူးတဲ့ စကားအရ ကိုးရီးယားေတြအေပၚ အမွားလုပ္ၿပီးရင္ ထမင္းတစ္နပ္ျပန္ေကြၽးၿပီး ေတာင္းပန္ရတယ္ ဆိုတာေၾကာင့္ ေခၚေနေပမယ့္ သူမေရ႔ွက နဖူးတိ ဆံပင္တံုးတိႀကီးနဲ႔ အနီေရာင္စင္းၾကား နက္ခ္တိုင္ႀကီးကို အနက္ေရာက္ အေနာက္တိုင္းဝတ္စံုမွာ မလိုက္မဖက္ ဝတ္ထားသူကေတာ့ နားမလည္စြာ ။ ဘယ္လိုေတာင္ ဖက္ရွင္အျမင္မရိွသူလဲ။ ေနာက္ဆံုးေတာ့ မတတ္တတတ္ ကိုးရီးယားစကားစြမ္းရည္ကို ေျခေရာလက္ေရာေပါင္းၿပီး ထုတ္သံုးရေတာ့သည္။
"ထမင္း..."
"ဟမ္ ထမင္း ဘာျဖစ္တာလဲ မင္းဗိုက္ဆာလို႔လား ပိုက္ဆံမပါလို႔လား.."
"ေအာ ပိုက္ဆံ ငါ..
I give money for dinner
Did You understand???"
"Yes ... Yes ok ok"
ဟူးေမာလိုက္တာ ေတာင္းပန္ဖို႔အေရး Niki ေခြၽးေတြပါျပန္လာရသည္။ တစ္ကိုယ္လံုး အမူအရာစံုထုတ္ျပကာမွ နားလည္သြားေတာ့သည္။
နားလည္သြားတယ္ထင္လိုက္ေပမယ့္
"အင့္ ညစာေကာင္းေကာင္းစား ဟုတ္ၿပီလား ေရာ့ေရာ့."
"What is this? "
"Money Money ေလ မင္ပဲ ဗိုက္ဆာတာမဟုတ္ဘူးလား.."
နားလည္သြားတယ္ထင္လိုက္ေပမယ့္ အူေၾကာင္ေၾကာင္လူက ပိုက္ဆံထုတ္ေပးလာတဲ့အခါ Niki လက္ေျမႇာက္လိုက္ရေတာ့သည္။
"Oh GOD
PLZ.. Help me.."
"အင္းေလ ဘုရားကိုေက်းဇူးတင္သင့္တာေပါ့ ငါ့လိုလူနဲ႔ေတြ့တာကို ေရာ့ပိုက္ဆံ ဒီေလါက္ဆို ေလာက္ေလာက္ၿပီ ငါသြားၿပီေနာ္..
ဒါနဲ႔ သူေ႒းက ဘယ္သြားလိုက္တာလဲ မသိဘူး"
ကိုယ့္ဟာကိုေရရြတ္ကာ ဘိုေယာင္း ကားေပၚတက္ေတာ့ ထိုခ်ာတိတ္မက တစ္ဖက္ကေန အိကနဲ ခုန္တက္လာပါသည္။ ဟာ တကယ္ပဲ ဒီအဂၤလိပ္မနဲ႔ေတာ့ ခက္ေနပါၿပီ။ သူတည္းတဲ့ ေနရာမ်ား မမွတ္မိလို႔လား။
"ဘယ္ ဘယ္လိုက္္မလို႔လဲ."
"Restaurent"
"ဟင္ ဘယ္ကို Hotel ကိုလား.."
"Hotel???"
ဘာလဲ ဟိုတည္မွာ အစားအေသာက္ေကာင္းလို႔လား
"Okay
As you like "
အာ မသိေတာ့ဘူးကြာ ရဲစခန္းပဲ ပို႔ေပးခဲ့လိုက္ေတာ့မယ္ ရဲစခန္းမွာ ေျပာၿပီး သူ႔ဟာသူျပန္ပို႔ခိုင္းပါေစေတာ့။ သူေ႒းကိုေပ်ာက္လို႔ ရွာရၪီးပါမယ္ဆို ဒီတစ္ေယာက္က တစ္မ်ိဳး။
အဲ့လိုနဲ႔ အနက္ေရာင္ ကားမည္းႀကီးရဲ့ ၪီးတည္ရာဟာ ရဲစခန္းဆီ ၪီးတည္ရင္း။
တစ္ဖက္က ခ်ာတိတ္မေလးကေတာ့ Rock သီခ်င္းတစ္ပုဒ္ကို အပီအျပင္ဟဲရင္း soul ရဲ့ ညဘက္လမ္းမေပၚမွာ အဆီအေငၚမတည့္စြာ...
#Heki
#24.9.2021
ႀကိဳက္တယ္ဆိုလို႔ ေပ်ာ္ရပါတယ္ Reader ေလးေတြေရ ။ မနက္ျဖန္နဲ႔ သဘက္ခါေတာ့ ေစာင့္ရေတာ့မွာပဲ။ wall ထဲက fic ေလးေတြလဲ ခ်စ္ေပးၾကပါၪီး။
ၿပီးေတာ့ Acc ေလးလဲ Follow ၾကပါၪီး plz....
For Uni
BAL 12
ရောင်စုံမီးတွေ တဖျက်ဖျက်ကျနေတဲ့ လူကုန်ထံCLUB တစ်ခုမှာ ခန္ဓာကိုယ်ကို လှိုင်းတွန့်လို ယိမ်းနွဲ့ကာ ကနေသူတစ်ယောက်ရယ် အပြာရောင်လဲ့လဲ့ ကော့တေးတစ်ခွက်နဲ့ တစ်စိမ့်စိမ့်ကြည့်နေသူတစ်ယောက်ရယ်ဟာ မလှမ်းမကမ်းစီမှာ ရှိနေကြသည်။ Baekhyun နားကို အနီရောင် ကိုယ်ကျပ်ဝတ်စုံနဲ့ နတ်မိမယ်လေးတစ်ယောက်တိုးဝှေ့လာချိန်မှာတော့ chanyeol လက်ကကော့တေးခွက်ကို ရှေ့ကစားပွဲပေါ်ချကာ ထိုနေရာဆီလျှောက်လာခဲ့လိုက်သည်။ Baekhyun လက်သွယ်သွယ်တွေ သူမခါးစပ်ဆီဖက်တွယ်တော့မယ့်အချိန်မှာ အချိန်မှီလေးတင် chanyeol လှမ်းဆွဲလိုက်သည်။ ဆူညံနေတဲ့ အသံတွေကြောင့် Chanyeol ကောင်လေးနားနဲ့ ထိကပ်လုနီးပါးတိုးကာ တစ်စုံတစ်ခုပြောလိုက်တော့ Baekhyun မျက်ခုံတန်းလေးတွေ မြင့်တက်သွားသည်။ ထို့နောက် သူမဘက်လှည့်ကာ ဆူနေတဲ့အသံကြား ကြားနိုင်လောက်အောင် အော်ပြောလိုက်သည်။
"ဒီလူက ငါ့လူ
ဒါကြောင့် တခြားတစ်ယောက်နဲ့ တွဲကလိုက်ပါ.."
Club ထဲမှာ Chanyeol ရဲ့ဟာ ကြည်လင်စွာ ဟိန်းထွက်လာပါတယ်။ အကြောင်းကတော့ DJ ဆရာရဲ့ သီချင်းပြောင်းချိန် ကွက်တိကျသွားသောကြောင့်ပင် ။ လူပေါင်းများစွာရဲ့ အာရုံတွေ Chanyeol ဆီပြုံကျလာချိန် Baekhyun ဟာ မထင်မှတ်ထားတဲ့အရာတစ်ခုကို လုပ်ချလိုက်ပါတယ်။ လည်ပင်းစပ်ကနေဆွဲချကာ မျက်နှာတွေကို အုပ်ကိုင်ကာ နှုတ်ခမ်းဖျားတွေဆီ လေငွေ့နွေးတစ်ချို့ မထိတထိ ကျီစယ်သွားတယ်။ Chanyeol မျက်ဝန်းတွေမှိတ်ကာ စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်ကို စောင့်စားနေလိုက်ပေမယ့်
"မနက်ဖြန် သတင်းခေါင်းစီးမှာ ပါချင်နေတာလား.."
သူထင်သလို လိပ်ပြာလေးတွေ နားခိုလာမယ့်အစား မျက်နှာကို ကိုယ်သေးသေးလေးနဲ့ အကွယ်ခံလိုက်ရကာ ရင်ဘတ်နားထိ ဆွဲချခံလိုက်ရသည်။ ထို့နောက်မှာတော့ Club ရဲ့ နောက်ဖေးလမ်းကြားလေးကနေ ဆွဲခေါ်ကာ အပြင်သို့သာ ရောက်လာခဲ့သည်။
"Chanyeol ရူးသွားပြီလား.."
လူရှင်းတဲ့နေရာအရောက်မှာတော့ ထိုပေါက်စလေးဆီက chanyeol အဆူခံလိုက်ရတော့သည်။ ခပ်အုပ်အုပ်အသံနဲ့ ဆူနေသူလေးဟာ နှုတ်ခမ်းရဲရဲလေးတွေထော်လာလိုက်။ မျက်တောင်စိပ်စိပ်လေးတွေ မှိတ်ကျသွားလိုက် ပြန်ဖွင့်လာလိုက်။ စက္ကန့်အလိုက်လှုပ်ရှားသွားလာနေတဲ့ စကားလုံးတွေရဲ့ ပရောဂ ကြောင့် ခပ်မို့မို့တက်လာတဲ့ ပါးရဲလေးတွေ လုံးတက်သွား ပြေလျော့သွားလိုက်။ မီးခိုးရောင်ခေါင်လုံးလုံးလေးက ဆံနွယ်တွေဖြာထွက်သည်အထိ လှုပ်ခါ ဆူပူနေပေမယ့် Chanyeol ကတော့ စကားသံတွေအစား လှပတဲ့ အစိတ်အပိုင်းတွေကိုသာ စက္ကန့်မလပ်ငေးမောနေမိသည်။ ဒီကောင်လေး သိပ်ချစ်စရာကောင်းလွန်းလှသည်။
"ဒီမှါ Park Chanyeol မတ်တပ်ကြီးမေ့နေတာလား ပြောနေတာရော ကြားလား.."
"အင်း အင်း သိပြီ.."
"ဘာသိတာလဲ ပြောတာရော နားထောင်နေရဲ့လား.."
"ရေခဲမုန့်စားမလား.."
"နေပါဦး အခုဘယ်ကနေ ဘယ်ရောက်သွားတာလဲ .."
"ကဇွန်းဥ စားမလား ဟိုမှာ ကိုယ်သွားဝယ်ပေးမယ်.."
"ဒီမှါ Chanyeol "
"အင်း ငါးလုံးဝယ်ခဲ့မယ်.."
ပြေးထွက်သွားသူဟာ သူဝတ်ထားတဲ့ ဝတ်စုံကိုပဲ မေ့နေတာလား မသိချင်ယောင်ပဲ ဆောင်နေလေသလား။ Baekhyun အတွက်တော့ Park Group နဲ့တွဲပြီး မနက်ဖြန်ခေါင်းစည်းသတင်းမှာ မပါလာစေရန် အာရုံရောက်နေပေမယ့် သူကတော့ ကဇွန်းဥ စားရဖို့သာ အားသန်နေပါတယ်။ တခါတခါတွေးမိတယ် ဒီ Park မျိုးရိုးဟာ ဘာလို့ ဒီလေါက်အပြောင်းအလဲမြန်နေရသလဲ။ ဒါမှမဟုတ်တကယ်ပဲ ဦးဏှောက်တစ်နေရာရာက လွတ်နေသလား။
ကန်ဇွန်းဥထုပ်လေးကိုင်ကာ သွားတန်းဖြူဖြူတွေ ပေါ်တဲ့အထိ ပြုံးဖြဲနေတာ ခုနကဆူခံထားရမှန်းတောင် သိရဲ့လား။ ဟော ပြေးလာပြန်ပါပြီ အနောက်တိုင်းဝတ်စုံကြီးမှ အားမနာ ခြေလှမ်းကျဲကြီးတွေနဲ့။
"အွန့် ပူပူလေး ချိုမယ့်ပုံပဲ ဖူးးဖူးး.."
တဖူးဖူးမှုတ်ကာ ကန်ဇွန်းဥတွေကို အခွံနွှာပေးရင်း တစ်ယောက်တည်းအလုပ်ရှုပ်နေလေသည်။
"အင့် ရပြီ စားလိုက်.."
ပေးနေတဲ့ ကန်ဇွန်းဥကို ယူကာ Baekhyun အသင့်စားလိုက်လေသည်။ လျှာပေါ်မှာ တင်လာတဲ့ ချိုစိမ့်စိမ့်အရသာ ဟာ တကယ်ချိုနေပါတယ်။ နွေးထွေးတဲ့ မျက်ဝန်းတွေနဲ့ မျှော်လင့်စွာ ကြည့်နေသူကြောင့် Baekhyun အသိမှတ်ပြု ခေါင်းငြိမ့်ကာ
"အင်း ချိုတယ်.."
"ဟုတ်တယ်မလား ငါပြောသားပဲ
ထပ်ခွါပေးမယ်နော် စားလိုက်.."
"Chanyeol.."
"ဟင် ဘာဖြစ်လို့လဲ.."
"အာ .."
ပါးစပ်နားတိုးကပ်ကာ သူကျွေးလိုက်တာက တစ်ဖက်က Baekhyun မကိုက်ရသေးတဲ့ဘက်ကို ပေးလိုက်ပေမယ့် သူက ခေါင်းကို စောင်းကာ Baekhyun ကိုက်ထားပြီးသားနေရာကနေပဲ ဆက်ကိုက်လိုက်လေသည်။
"ချိုတယ်"
ဒီတစ်ခါ Baekhyun တကယ်ရယ်လိုက်မိသည်။ ဘယ်လိုတောင် မရွံမရှာနဲ့။ သူရယ်လိုက်တာကို ဘုမသိဘမသိနဲ့ သူကပါ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောပြလာတဲ့အခါ နှစ်ယောက်သား အဓိပ္ပါယ်မဲ့စွာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောနေမိတော့သည်။ ဒီအချိန်လေးမှာ နှစ်ယောက်သား စိတ်ထဲ ဘာဆိုဘာမှ မရှိ။ ကြည်နူးနေစိတ်သာ အတိုင်းအဆမဲ့ ဖြစ်ထွန်းနေသည်။
"အင့် ထပ်စားဦး.."
"အင်း မင်းရောစားလေ.."
"အာ "
ဟပေးလာတဲ့ ပါးစပ်အကြီးကြီးထဲ Baekhyun ကိုက်ထားပြီးသားနေရာကနေပင် တေ့ပေးလိုက်တော့ သူက သဘောတကျကိုက်ချလိုက်လေသည်။ အဲ့လိုနဲ့ပဲသူတို့နှစ်ယောက် အရာအားလုံးမေ့ကာ ကဇွန်းဥတွေ ခွါလိုက်စားလိုက်နှင့်ပင် တစ်ထုပ်လုံး ဘယ်အချိန် ဘယ်လိုကုန်သွားမှန်းမသိလိုက်။
ဘေးချင်းယှဥ်လျောက်လာတဲ့ လမ်းတစ်လျောက် ချထားတဲ့ လက်ဖျားသွယ်သွယ်လေးတွေကို ကိုင်ဖို့အရေး chanyeol အလုပ်များနေသည်။ ဘေးကကောင်လေးကတော့ မသိတတ်စွာပဲ ခပ်သွက်သွက်သွားနေလေသည်။ မထိတထိ ကျီစယ်နေတဲ့ လက်ဖျားရဲ့ အထိအတွေ့လေးကို Chanyeol ဆုပ်ကိုင်ထားချင်မိသည်။ ဆောင်းဦးမို့ ထိုလက်ဖျားလေး အေးနေလောက်မလား။ ရှေ့ဆက်လျှောက်နေပေမယ့် Chanyeol မျက်ဝန်းဝိုင်းဝိုင်းတွေရဲ့ အာရုံစူးစိုက်ရာဟာ အနားသတ်ကော့ညွတ်နေတဲ့ အကြည်ရောင် လက်ဖျားလေးတွေဆီမှာသာ။ ထိသွားလိာက်တိုင်း လျှပ်စစ်ဓာတ်လို ဆွဲငင်နေကာ တစ်ကိုယ်လုံးက သွေးကြောလေးတွေက သွေးတွေဖြာထွက်နေသလို ဖြစ်နေပေမယ့် သူ့ဘေးက နိုင်ငံခြားသားလေးကတော့ မသိတတ်ဆိုးရွားစွာ။
👇👇👇
ဘိုယောင်းအာရုံတွေ နောက်ကျိလာရသည်။ သူမသိကိုယ်မသိနဲ့ ဘာတွေပြောနေမှန်းမသိစွာ အချိန်ကြာမြင့်နေရသည်။
"ဒီမှါ မင်းဘာတွေပြောနေတာလဲ နားမလည်ဘူးလို့.."
"I want to have a dinner with you
Are you okay???"
"Hay I Don´t Under stand.."
မဖြတ်အတောက်မမှန်စွာ နားမလည်ကြောင်းပြောနေတဲ့ တုံးအအလူကြီးကြောင့် Niki စိတ်အိုက်လာရသည်။ ကိုယ်မှားထားတာမို့လို့ ထမင်းကျွေးမလို့ကို။ Blade ပြောဖူးတဲ့ စကားအရ ကိုးရီးယားတွေအပေါ် အမှားလုပ်ပြီးရင် ထမင်းတစ်နပ်ပြန်ကျွေးပြီး တောင်းပန်ရတယ် ဆိုတာကြောင့် ခေါ်နေပေမယ့် သူမရှေ့က နဖူးတိ ဆံပင်တုံးတိကြီးနဲ့ အနီရောင်စင်းကြား နက်ခ်တိုင်ကြီးကို အနက်ရောက် အနောက်တိုင်းဝတ်စုံမှာ မလိုက်မဖက် ဝတ်ထားသူကတော့ နားမလည်စွာ ။ ဘယ်လိုတောင် ဖက်ရှင်အမြင်မရှိသူလဲ။ နောက်ဆုံးတော့ မတတ်တတတ် ကိုးရီးယားစကားစွမ်းရည်ကို ခြေရောလက်ရောပေါင်းပြီး ထုတ်သုံးရတော့သည်။
"ထမင်း..."
"ဟမ် ထမင်း ဘာဖြစ်တာလဲ မင်းဗိုက်ဆာလို့လား ပိုက်ဆံမပါလို့လား.."
"အော ပိုက်ဆံ ငါ..
I give money for dinner
Did You understand???"
"Yes ... Yes ok ok"
ဟူးမောလိုက်တာ တောင်းပန်ဖို့အရေး Niki ချွေးတွေပါပြန်လာရသည်။ တစ်ကိုယ်လုံး အမူအရာစုံထုတ်ပြကာမှ နားလည်သွားတော့သည်။
နားလည်သွားတယ်ထင်လိုက်ပေမယ့်
"အင့် ညစာကောင်းကောင်းစား ဟုတ်ပြီလား ရော့ရော့."
"What is this? "
"Money Money လေ မင်ပဲ ဗိုက်ဆာတာမဟုတ်ဘူးလား.."
နားလည်သွားတယ်ထင်လိုက်ပေမယ့် အူကြောင်ကြောင်လူက ပိုက်ဆံထုတ်ပေးလာတဲ့အခါ Niki လက်မြှောက်လိုက်ရတော့သည်။
"Oh GOD
PLZ.. Help me.."
"အင်းလေ ဘုရားကိုကျေးဇူးတင်သင့်တာပေါ့ ငါ့လိုလူနဲ့တွေ့တာကို ရော့ပိုက်ဆံ ဒီလေါက်ဆို လောက်လောက်ပြီ ငါသွားပြီနော်..
ဒါနဲ့ သူေဋ္ဌးက ဘယ်သွားလိုက်တာလဲ မသိဘူး"
ကိုယ့်ဟာကိုရေရွတ်ကာ ဘိုယောင်း ကားပေါ်တက်တော့ ထိုချာတိတ်မက တစ်ဖက်ကနေ အိကနဲ ခုန်တက်လာပါသည်။ ဟာ တကယ်ပဲ ဒီအင်္ဂလိပ်မနဲ့တော့ ခက်နေပါပြီ။ သူတည်းတဲ့ နေရာများ မမှတ်မိလို့လား။
"ဘယ် ဘယ်လိုက််မလို့လဲ."
"Restaurent"
"ဟင် ဘယ်ကို Hotel ကိုလား.."
"Hotel???"
ဘာလဲ ဟိုတည်မှာ အစားအသောက်ကောင်းလို့လား
"Okay
As you like "
အာ မသိတော့ဘူးကွာ ရဲစခန်းပဲ ပို့ပေးခဲ့လိုက်တော့မယ် ရဲစခန်းမှာ ပြောပြီး သူ့ဟာသူပြန်ပို့ခိုင်းပါစေတော့။ သူေဋ္ဌးကိုပျောက်လို့ ရှာရဦးပါမယ်ဆို ဒီတစ်ယောက်က တစ်မျိုး။
အဲ့လိုနဲ့ အနက်ရောင် ကားမည်းကြီးရဲ့ ဦးတည်ရာဟာ ရဲစခန်းဆီ ဦးတည်ရင်း။
တစ်ဖက်က ချာတိတ်မလေးကတော့ Rock သီချင်းတစ်ပုဒ်ကို အပီအပြင်ဟဲရင်း soul ရဲ့ ညဘက်လမ်းမပေါ်မှာ အဆီအငေါ်မတည့်စွာ...
#Heki
#24.9.2021
ကြိုက်တယ်ဆိုလို့ ပျော်ရပါတယ် Reader လေးတွေရေ ။ မနက်ဖြန်နဲ့ သဘက်ခါတော့ စောင့်ရတော့မှာပဲ။ wall ထဲက fic လေးတွေလဲ ချစ်ပေးကြပါဦး။
ပြီးတော့ Acc လေးလဲ Follow ကြပါဦး plz....