မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးလေးသည် တရုတ်စကားပင်တွေကြားကနေ အခန်းတွင်းသို့ ဖြာကျနေတော့သည်။
အခန်းတွင်း၌ သူရဲ့ ချစ်ခင်ရပါသော ကြယ်လေးသည် အပူပင်ကင်းမဲ့စွာ စောင်ပုံထဲသို့ တိုးဝှေ့အိပ်နေသည်မှာ ကလေးပိစိလေးကဲ့သို့ပင် ဖြစ်နေတော့သည်။
မနက်စောစော ချစ်ရသူရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်ရခြင်းမှာလည်း အင်မတန်ကံကောင်းသော ဆုလာဘ်တစ်ခုကဲ့သို့ပင်။
နတ်ဘုရားတွေကများ သူ့ကိုချစ်လွန်းလို့ ကြယ်လေးဆိုတဲ့ ထိုလူသားလေးကို ကောင်းချီးပေးခဲ့သလားလို့ပင် မင်းသန့်ကျော်ဇင် ထိုင်တွေးနေမိတော့သည်။
ကြယ်လေးရဲ့ ဖြောင့်တန်းနေတဲ့ မျက်ခုံးမထူးမပါးလေးရယ်...အမြဲတမ်းလင်းလက်နေတဲ့ မျက်ဝန်းဝှိုင်းဝှိုင်းလေးရယ်...မထူမပါးထောင့်ချိုးကျနေတဲ့ နှုတ်ခမ်းသားအိအိလေးတွေကတော့ သူရဲ့အကြိုက်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့နေသည်။
"ဦးသန့်...ဘာဖြစ်လို့ ကျွန်တော့ကို မေးထောက်ပြီး ကြည့်နေရတာလဲ"
အိပ်ချင်မပြေသေးတဲ့ ကြယ်လေးသည် သူ့ကိုကြည့်နေသည်ကို သတိထားမိသွားတာမို့ သူ့နားသို့ကပ်လာကာ တိုးတိုးလေး မေးလို့လာသည်။
"ဒီအတိုင်းလေး ကြည့်နေရတာကို သဘောကျလို့"
"ကျွန်တော်လည်း ဦးသန့်ကို ဒီတိုင်းလေး ငေးကြည့်နေရတာကို သဘောကျတယ်"
ရင်ခွင်ထဲသို့ တိုးဝင်လာတဲ့ ကြယ်လေးသည် မနက်နိုးတာနဲ့ တီတီတာတာတွေပြောကာ ချွဲနွဲ့လို့နေတော့သည်။
မနက်၇နာရီလည်းခွဲနေပြီမို့ စစ်မင်းထက်တစ်ယောက် ဦးသန့်ရင်ခွင်ထဲက ထကာ မနက်စာပြင်ဆင်ဖို့ရန် မီးဖိုချောင်ထဲသို့ ထွက်လာလိုက်တော့သည်။
မနက်ဘယ်ချိန်ကတည်းကနှိုးနေလဲ မသိတဲ့ဦးသန့်သည် ဆေးအရှိန်ကြောင့် နောက်တစ်ကြိမ်ပြန်ပြီး အိပ်ပျော်သွားပြန်သည်။
ဦးသန့်ရဲ့ နဖူးထက်သို့ အနမ်းခြွေရင်း သူတိုးတိုးလေးရေရွတ်မိသည်။
"ဦးသန့်ကို ကျွန်တော် အရမ်းချစ်တယ်နော်"
ဦးသန့်သည် လဝက်လောက်ဆေးရုံတတ်လိုက်ရတဲ့အပြင် ကုမ္ပဏီရဲ့ ပြဿနာပေါင်းစုံကို ရှင်းလို့အပြီးမှာတော့ တစ်လတိတိ ခွင့်ယူ၍ အိမ်မှာသာ အနားယူနေခဲ့သည်။
"မောနင်း..အကိုလေး ဆရာရော နေရတာသက်သာရဲ့လား"
ဧည့်ခန်း၌ သတင်းစာထိုင်ဖတ်နေတဲ့ အကိုစွမ်းဆောင်သည် သူ့ကိုမြင်တာနဲ့ နှုတ်ဆက်လို့လာတော့သည်။
"မောနင်း အကိုစွမ်းဆောင်...ဦးသန့်က မနက်အစောကြီးကတည်းကနိူးနေတာ ဒါပေမဲ့ ခုပြန်အိပ်နေတယ်"
"အင်း..ဆရာအဆင်ပြေရင်ရပါတယ် ဒါနဲ့ အကိုလေး ကျွန်တော်တို့ကို မနက်စာ ဘာကျွေးမှာလဲဟင်"
"ကိုစစ်!! မနက်စာကို အကိုခန့်မှန်းလို့ရမလား"
အကိုစွမ်းဆောင်အခန်းထဲက ပြင်ပြင်ဆင်ဆင်နဲ့ထွက်လာတဲ့ အကိုမြတ်ခသည် မနက်စာအတွက် အရမ်းကိုမျှော်လင့်နေဟန်ရှိသည်။
"မနက်စာစားဖို့ ဘာလို့အဲ့လောက်တောင် တတ်ကြွနေကြတာလဲဟင်!!"
မနက်စာအတွက် အရမ်းကိုတတ်ကြွနေတဲ့ အရှေ့ကစုံတွဲကိုကြည့်ပြီး စစ်မင်းထက် မေးခွန်းထုတ်မိသည်။ မသိရင် သုံးနှစ်သုံးမိုးလုံး မနက်စာကို မစားခဲ့ရသူလေးတွေကျနေတာပဲ!!!
"စပွိုင်လာ ပေးပါလား ခန့်မှန်းတဲ့အခါကြ အထောက်အကူပြုတယ်လေ"
"ဟုတ်ပါပြီဗျာ....မုန့်နဲ့ကော်ဖီ"
"မုန့်နဲ့ကော်ဖီ... ဒါဆို ပေါင်မုန့်မီးကင်နဲ့ ကော်ဖီပူပူလေးလား!!"
ဦးစွာဖြေကြားသူမှာ အကိုစွမ်းဆောင်ဖြစ်နေလေရဲ့....
"ကိုယ့်အထင် ကိတ်မုန့်ဖြစ်ဖို့များတယ်...Cheese Cake!! Browne Cake!!! Lemon Cake!! "
"တော်ပါတော့...အကိုမြတ်ခရယ် မဟုတ်ရင်ရှိရှိသမျှ ကိတ်မျိုးစုံကို ရွတ်ပြနေတော့မှာမလား!! တကယ်ပဲ ဘယ်လိုတွေတောင် တတ်ကြွနေလဲမသိဘူး"
သူပြောပြီးတာတောင် အကိုမြတ်ခသည် အကိုစွမ်းဆောင်နားသွားကာ တိုးတိုးလေး ကိတ်နာမည်ကို ရေရွတ်ပြနေသေးသည်။
ဒီအတွဲကိုတော့ တကယ်နားမလည်နိုင်တော့ဘူး!!!
ဧည့်ခန်းထဲက အတွဲကိုလျစ်လျူရှူပြီး မနက်စာအတွက် စစ်မင်းထက် ပြင်ဆင်ရန် Apronကို ဝတ်ဆင်လိုက်တော့သည်။
ဒီနေ့မနက်စာ မီနူးကတော့...
Kiwi Raspberry Green Tea Cup Cakeလေးလုပ်ရန်အတွက် မနေ့ကတည်းက သူလိုအပ်တာတွေကို ဝယ်ထားပြီးသားဖြစ်သည်။
ပထမဦးဆုံး အိုးတစ်အိုးထဲ ဟင်းရွက်ဆီ၊ ထောပတ်နှင့် သကြားဖြူတို့ကို ရောထည့်လိုက်ပြီး လျှပ်စစ်လက်မွှေတံလေးနဲ့ ၄/၅မိနစ်ခန့်မွှေပေးပြီးနောက် ဖြူပြီးပွလာတော့သည်။မွှေပေးပြီးတာနဲ့ကြက်ဥကို တစ်လုံးချင်းခေါက်ထည့်ပြီး သမအောင်မွှေရင်း ဗနီလာအနံ့ရည်ကိုလည်း ရောထည့်ကာ ထပ်ပြီးမွှေနေလိုက်သည်။
"ဘာလုပ်နေလဲ ကိုစစ်"
မျက်နှာသစ်ပြီး အောက်ထပ်သို့ဆင်းလာဟန်ရှိတဲ့ ဦးသန့်ရဲ့မျက်နှာလေးသည် ပကတိ အေးချမ်းလို့နေသည်။
"ကော်ဖီနဲ့ cupcake လုပ်နေတာလေ ပြီးတော့ ဦးသန့်ကြိုက်တဲ့ ကီဝီသီးလည်းပါသေးတယ်"
မုန့်အနှစ်ကိုမွှေနေတာမို့ မအားလပ်နေတဲ့ ကိုစစ်ကိုအခွင့်ကောင်းယူကာ ဦးသန့်သည် အနောက်ကနေထွေးပွေ့လို့လာပြီး လည်ကုပ်နားသို့ အနမ်းတစ်ပွင့်ခြွေလာသည်။
ကိုစစ်ရဲ့ မုန့်မွှေနေခြင်းသည် ၃စက္ကန့် လောက် ရပ်တန့်သွားခဲ့သည်။
"ကိုစစ်ရဲ့ ကိုယ်သင်းနံ့က ကိုယ့်ရဲ့စိတ်ကို လန်းဆန်းသွားတာပဲ"
"မနောက်ပါနဲ့ဗျာ"
ခါးနားတစ်ဝိုက်ကို တင်းကျပ်စွာ ထွေးပွေ့ထားရင်းကနေ လည်တိုင်တွင်းသို့ ခေါင်းတိုးဝှေ့လို့လာသည်။
"ဟောဗျာ...ဘယ်လိုဖြစ်ပြီး ကျွန်တော့်နားအဲ့လောက်တောင်ကပ်နေရတာလဲ!!! ဒါကို ချွဲတယ်လို့ ပြောရမလား"
ဦးသန့်သည် တိုးတိုးလေး ရေရွတ်လာပြန်သည်။
"အင်း~~ ကိုယ်မင်းကို ချွဲနေတာလေ "
စစ်မင်းထက်သည် မယုံကြည်နိုင်စွာဖြင့် ဦးသန့်ရှိရာသို့ မျက်နှာချင်းဆိုင် လှည့်လိုက်တော့သည်။
"ပြပါဦး...ဦးသန့်ရဲ့ ချွဲနေတဲ့မျက်နှာလေးကို"
လက်ဖဝါးနှစ်ဖက်ဖြင့် ဦးသန့်ရဲ့မျက်နှာလေးကို ထိတွေ့လိုက်သောအခါ ဦးသန့်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် သူချွဲ ပြနေကြောင်း သရုပ်ပြလေသည်။
"ကျွန်တော် ဦးသန့်ကို ခုချိန်မှာ နမ်းလိုက်ရင် ဘာဖြစ်သွားနိုင်လဲ"
"ကိုယ်ကျေနပ်စွာနဲ့ အနမ်းခံမယ်လေ"
မဖြစ်ချေတော့...သူ့ရဲ့ဦးသန့်သည် လူစားထိုးခံလိုက်ရပြီလားမသိ!!! အရမ်းကို နူးညံ့ကာ ချစ်စရာ ကောင်းလွန်းနေသည်။
ဒါဟာ စစ်မင်းထက်အနေနဲ့ ပထမဦးဆုံး ဦးသန့်ကို ချစ်စရာကောင်းတယ်လို့ ထင်မိခြင်းဖြစ်သည်။
"မုန့်လုပ်နေတာမပြီးသေးတာမို့ ပြီးမှ အတိုးနဲ့အရင်းပေါင်းပြီး ခင်ဗျားကို နမ်းပစ်ဦးမယ်"
"အတိုးများများနဲ့ နမ်းရင် ပိုအဆင်ပြေတယ်နော်"
"ဦးသန့်!!!"
"အိုကေ...ကိုယ်ကစတာပါကွာ ကိုစစ်လုပ်စရာရှိတာဆက်လုပ်လိုက်....ကိုယ်ကော်ဖီ ကူဖျော်ပေးမယ်လေ"
ကော်ဖီကူဖျော်ပေးမယ်ဆိုပြီး လူချင်းခွာလိုက်မှပဲ စစ်မင်းထက် ရယ်မိတော့သည်။
ဘယ်လိုတွေတောင် ချစ်စရာကောင်းနေမှန်းကို မသိတော့ဘူး!!!
အဆင်သင့်ဖြစ်နေပြီ ဖြစ်တဲ့မုန့်နှစ်ရည် အရောအနှောကို စက္ကူခွက်ခင်းထားတဲ့ Cupcake Pan ထဲ အညီအမျှလောင်းထည့်ပြီးတာနဲ့ ကီဝီသီးတစ်ချပ်စီနဲ့ Raspberry တစ်လုံးစီကို Cupcake ခွက်တစ်ခုစီပေါ်သို့ တင်လိုက်သည်။ ထို့နောက် အာဗင်ကို 350F (180C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို မိနစ် ၂၀ ခန့် ဖုတ်ပေးရသည်။
မိနစ်၂၀ခန့်ကြာပြီးချိန်တွင် တုတ်တံချောင်းလေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်တဲ့အခါ တုတ်တံမှာ မုန့်သားကပ်မပါလာတာမို့ ဗန်းကိုထုတ်ကာ အအေးခံလိုက်သည်။
ဒါဆို သူ့ရဲ့ မနက်စာKiwi Raspberry Green Tea Cup Cakeလေး ရပြီဖြစ်သည်။
"Wow...အနံံ့လေးက မွှေးနေတာပဲ!!! ဒါဘာမုန့်လဲ ကိုစစ်"
အနံ့ခံကောင်းတဲ့ အကိုမြတ်ခသည် မုန့်နံ့ရတာနဲ့ မီးဖိုးချောင်ထဲသို့ အပြေးတပိုင်း ဝင်လို့လာသည်။
"Kiwi Raspberry Green Tea Cup Cakeလေ"
"လူစုံပြီဆိုတော့ မနက်စာ စားကြတာပေါ့"
အကိုစွမ်းဆောင်ရဲ့ ဆော်သြသံနဲ့အတူ သူတို့ရဲ့မနက်ခင်းလေးသည် သာယာလှပလို့နေတော့သည်။
"ရောက်လာပြီလား!!"
မင်းသစ်ပိုင်ရဲ့ အောင်မြင်လှတဲ့အသံပါဝါကြောင့် စစ်မင်းထက်မှာ တုန်တတ်တဲ့အထိကို လန့်သွားရသည်။
"ဘာကိစ္စ အဲ့သလောက်စွတ်အော်နေရတာလဲ!!! မတွေ့တာ တစ်ပတ်လောက်ပဲရှိသေးတာကို"
"ဒီက မင်းသစ်လေးက အကိုစစ်မင်းထက်ကို အများကြီးလွမ်းနေတာ"
အတင်ပြေးကာ လာရောက်ဖက်တွယ်ထားတာမို့ စစ်မင်းထက်သည် မင်းသစ်ပိုင်ရဲ့ ကျောကုန်းကို ၃ချက်လောက် နာနာလေးထုပေးလိုက်သည်။
"အာ့!! အာ့!! နာလိုက်တာကွာ...ရှိတာမှ ဒီသူငယ်ချင်းလေးကို မစာမနာနဲ့ လူစိတ်မရှိတဲ့ကောင်"
"ကျေးဇူးပြုပြီး အရှေ့ကနေ ဖယ်ပေးနိုင်မလား"
အေးစက်တည်ငြိမ်လွန်းတဲ့ လေသံကြောင့် မင်းသစ်ပိုင်၏ ခြေလှမ်းတို့သည် နောက်သို့ ဆုတ်မိသွားတော့သည်။
"ဘာလို့အဲ့လောက်ကြောက်စရာကောင်းတဲ့ လေသံနဲ့ပြောရတာလဲ"
ကျောခိုင်းထွက်ခွာသွားတဲ့ ဦးသန့်ရဲ့ နောက်ကျောပြင်သည် အရမ်းကို အေးစက်လွန်းသည်။
"ဘာလို့ကြောက်စရာကောင်းသလဲဆို....သူ့ကောင်လေးဖြစ်တဲ့ ငါ့ကို မင်းကအားကြီးနဲ့ လာဖက်လိုက်လို့လေ!!! ဦးသန့်စိတ်လျော့ထားလို့နော် မဟုတ်ရင် မင်းတော့ မတွေးရဲစရာပဲ"
ခေါင်းတခါခါနဲ့ မီးဖိုဆောင်အတွင်းသို့ ဝင်သွားတဲ့စစ်မင်းထက်ကို ကြည့်နေရင်း သူ့နောက်ကျော မလုံသလိုခံစားလိုက်ရသည်။
"Fu.k!!! ဘာလို့ အဲ့သလောက်စိုက်ကြည့်နေရတာလဲဟ!!!"
သူ့နောက်ကျောကို ပေါက်ထွက်မတတ် ကြည့်နေတဲ့ မင်းသန့်ကျော်ဇင်ကြောင့် မင်းသစ်ပိုင်လေးခဗျာ မီးဖိုဆောင်အတွင်းသို့ အလစ်ပြေးထွက်လာခဲ့ရတော့သည်။
T~ B~ C......
ဦးသန့်ရဲ့ ပြောင်းလဲလာတာလေးတွေက တကယ်ကိုအများကြီးချစ်စရာကောင်းနေရော😆
ဒီပုံလေးကKiwi Raspberry Green Tea Cup Cake ရဲ့ပုံစံလေးပါနော်❤
လုပ်နည်းက လွယ်လွယ်လေးမို့ လုပ်စားကြည့်လို့ရတယ်နော်