Royal Secret

By YeollieKristine

15.1K 867 74

Book One of the "Royal Romance Club Series" unicode ​ဒီဇာတ်လမ်းကို ၁၉၅၀ ပြည့်နှစ်ပိုင်းများအတွင်း၌ စော်ဘွားအ... More

Author's Note
Introduction
Chapter (1) Love Rivals
Chapter (2) Bounty
Notice 🚨(Important)
Chapter (3) Punch
Chapter (5) Friends with benefits?
Chapter (6) I have no girl
Chapter (7) Emily 🔞
Chapter (8) I kept your smile
Chapter (9) Beating Heart

Chapter (4) Miracle

738 60 4
By YeollieKristine

Unicode

သူ့လက်သီးက အရှိန်ပြင်းသွားကြောင့် စဝ်ခွန်စစ် တစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျလုနီးနီးပင် ယိုင်နဲ့သွားကာ နှုတ်ခမ်းထောင့်မှလည်း သွေးများစို့တက်လာလေသည်။

စဝ်ခွန်စစ် က ချက်ချင်းဆိုသလို သူ့နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်ပစ်ကာ သူ့အား ပြန်လည်စူးစိုက်၍ကြည့်လာသည်။ သို့သော် သူ့တွင် ပြန်လည် လက်တုံ့ပြန်ရန် အစီအစဉ်တော့ရှိဟန် မတူချေ။ စူးရှသောမျက်ဝန်းအစုံတို့ဖြင့် ဒီအတိုင်းသာ သူ့အား ငေးစိုက်ကြည့်နေလေသည်။

ထိုမျက်ဝန်းများ၏ အဓိပ္ပာယ်ကိုမူ စဝ်လွန်းရီ ပုံမဖော်တတ်။ သေချာသည်တစ်ခုကတော့ ထိုမျက်ဝန်းအစုံ၏ ပိုင်ရှင်အား သူ နောက်တစ်ကြိမ် ပိတ်ထိုးရန် မကြိုးစားမိတော့ချေ။

ထိုစဉ် ထိုးလားကြိတ်လားနှင့် ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားသည်မို့ သူတို့နှစ်ဦးအနားသို့ pub တစ်ခုလုံးနီးပါး ရောက်လာကြသည်။ ဤသို့ဖြင့် စဝ်ခွန်စစ် အား ဝိုင်းထိန်းပေးကြသူများက တစ်ဖွဲ့၊ သူ့အား ဝိုင်းဆွဲကြသူများက တစ်ဖွဲ့ နှင့် pub ထဲတွင် ပွဲတစ်လုံးဖြစ်သွားတော့သည်။

အရင်ဦးဆုံးရောက်လာကြ သူများကတော့ သူ့နားမှ သူငယ်ချင်းနှစ်ဦး ဖြစ်သော ဒန်နီရယ် နှင့် ဝီလီယံ တို့ဖြစ်ကာ သူ့ကို ဘေးတစ်ဘက်တစ်ချက်စီမှ ဝိုင်းဆွဲ၍ စဝ်ခွန်စစ် အား အားနာပါးနာနှင့် တောင်းပန်ကြလေတော့သည်။

"သူနဲ့ထိုက်တန်တာ သူ ပြန်ရတာလေ.. ဘာတောင်းပန်စရာလိုလို့လဲ?" စဝ်လွန်းရီ လည်း ပြောပြောဆိုဆိုဖြင့် သူ့အား ချုပ်ထားသော သူငယ်ချင်းနှစ်ယောက်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် ဝိုင်းဝန်းအကဲခတ်နေကြသော လူအုပ်ကြီး၏ အကြည့်များကို ဥပေက္ခာပြုကာ pub ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့လိုက်တော့သည်။

The Aristo Pub တွင် ထိုကိစ္စဖြစ်ခဲ့ပြီး နောက်ပိုင်းရက်များတွင်တော့ စဝ်ခွန်စစ် ၏ အရိပ်အယောင်ကို သူ တစိုးတစိမျှ မမြင်တွေ့ရတော့ချေ။ အတန်းဖော်များ၏ အကဲခတ်သော အကြည့်စိမ်းစိမ်းများမှာလည်း တစ်ရက်နှစ်ရက်လောက်ကြာပြီးသည့်နောက်တွင်တော့ အားလုံးမေ့မေ့ပျောက်ပျောက်ပြန်ဖြစ်သွားကြသည်။ ဒန်နီရယ် နှင့် ဝီလီယံ တို့ကလည်း အလိုက်သိစွာဖြင့် ထိုအကြောင်းကို တစ်ခွန်းတစ်လေမျှတောင် စကားမစ ကြသဖြင့် တစ်ပတ်လောက်ကြာသောအခါတွင်တော့ သူ ကိုယ်တိုင်သည်လည်း ဘာမှမဖြစ်ဖူးခဲ့သလို သတိတောင် မရတော့ချေ။

သို့သော်ငြား တစ်ပတ်ကျော်ကြာပြီးသည့် စနေနေ့ပိတ်ရက်တစ်ရက်တွင်တော့ စဝ်လွန်းရီ ထံသို့ မမျှော်လင့်ထားသော ဖုန်းတစ်လုံးက ဝင်လာလေသည်။

ထိုနေ့က ကျောင်းပိတ်ရက်လည်း ဖြစ်သလို ဘယ်မှလည်းမသွားဖြစ်တာမို့ စဝ်လွန်းရီတစ်ယောက် သူ့ဝါသနာအတိုင်း အိမ်အပေါ်ထပ်ရှိ ဓာတ်ပုံကူးသည့် အမှောင်ခန်းထဲတွင် Jazz သီချင်းသံလေး တငြိမ့်ငြိမ့်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ဓာတ်ပုံဖလင်လေးကူးလိုက်၊ သီချင်းလေး လိုက်ညည်းလိုက်၊ စားပွဲပေါ်က ဝီစကီလေးကို တစ်ချက်သွားသွားမော့လိုက်နှင့်လုပ်နေရသည်က သူ့အတွက်တော့ လောကနိဗ္ဗာန်ပင်ဖြစ်သည်။

စဝ်လွန်းရီ က လူတစ်ဦးတစ်ယောက်၏ သီးသန့် potrait ပုံများကို ရိုက်ရသည်ထက် နေ့စဉ်လှုပ်ရှားသွားလာနေသော လူအများ၏ သဘာဝဆန်ဆန် လျှပ်တပြတ် street photo များလိုက်ရိုက်ရသည်ကို ပိုသဘောကျသည်။ သို့သော် သူက သာမန်လူ မဟုတ်ဘဲ မင်းသားတစ်ပါးဖြစ်နေသည်မို့ လူကြားထဲသူကြားထဲက သွားချင်တိုင်း သိပ်သွားလို့မရ။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက်များမှသာ ဘေးနားမှ ကိုယ်ရံတော် ဦးအုန်းမောင် နှင့် မြို့ပတ်ပြီး ကားတစ်စီးဖြင့် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံလိုက်ရိုက်ရလေသည်။

ယခုတလောတွင်က သူ့တွင် ကျောင်းကိစ္စများရော လူမှုရေးရာကိစ္စများပါ ရှုပ်နေတာမလို့ ဟိုးအရင် ရှေ့နှစ်ပတ်ကျော် မြို့မစျေးဘက်သွားတုန်းက ရိုက်ထားသည့် ဓာတ်ပုံများကို ဒီကနေ့မှသာ ကူးရလေသည်။

ဖုန်းကိုင်ရန် ဒေါ်လုံး လာခေါ်တော့ သူ့မှာ ဓာတ်ပုံဆေးစိမ်ရင်း တန်းလန်းဖြစ်နေတာမလို့ "ဘယ်သူလဲ" ဟုသာ အခန်းထဲမှ လှမ်းအော်မေးလိုက်လေသည်။

"ဂျူလီယာ လို့ပြောပါတယ် ဘုရား"

တံခါးတစ်ဖက်ဆီမှ မမျှော်လင့်ထားသော အဖြေကို ကြားလိုက်ရသောကြောင့် သူ့ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး အနည်းငယ် အံ့အားသင့်သွားမိသည်။ ရုတ်တရက်မလို့ မည်သို့ တုံ့ပြန်ရမှန်း သူ မဆုံးဖြတ်တတ်။ 

"ကျွန်တော် မအားဘူးလို့ ပြောလိုက်"  အတန်ငယ်ကြာအောင်တွေဝေနေပြီးမှ သူ ပြောလိုက်သည်။

"ခဏ...."

"ထားခဲ့လိုက်တော့.. ကျွန်တော် ကိုင်လိုက်မယ်"

သူ ဖုန်းကိုင်လိုက်တော့ တစ်ဖက်က ရင်းနှီးသော အသံ ခပ်တိုးတိုးက တုံ့တုံ့ဆိုင်းဆိုင်းနှင့် ပြန်ဖြေလာသည်။

"ဟဲလို.. ဟင်နရီ.. တို့ပါ.. စကားခဏလောက်ပြောလို့ရမလား?"

"မင်းနဲ့ငါကြားမှာ ဘာကိစ္စများ ပြောစရာရှိသေးလို့လဲ?" သူ လေသံမာမာဖြင့် ပြန်တုံ့ပြန်လိုက်သည်။

"ဒါလင့်မှာ ပြောစရာမရှိဘူးဆိုရင်တောင် တို့ ပြောတာလေးတော့ ခဏလောက် နားထောင်ပေးလို့ မရဘူးလားဟင်?"

ဂျူလီယာစောတင် ၏ အသံကို ကြားလေလေ၊ သူ နှလုံးသားထဲက နာလေလေ၊ စိတ်တိုလာလေလေ ဖြစ်လာကာ ခတ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည်။

"မရဘူး"

ဘာကိုပဲလိုလို စိတ်တိုင်းကျ ရနေသော သူ့ဘဝတွင် ရုတ်တရက်ကြီး အပယ်ခံ၊ အစွန့်လွှတ်ခံ ဖြစ်သွားရသော ခံစားရချက်က ဘယ်လိုမှ သည်းခံနိုင်စရာ အကြောင်းပြချက်မရှိပေ။ သူ စိတ်တိုတိုဖြင့် ဖုန်းကို ချလိုက်တော့မည်အလုပ်တွင်တော့ တစ်ဖက်ဆီမှ တရှုံ့ရှုံ့ငိုကြွေးသံနှင့်အတူ တုန်တုန်ရီရီစကားသံကို ကြားလိုက်ရလေသည်။

"တို့ မှားတာပါ.. တို့ ​တောင်းပန်ပါတယ်"

"ဒါပဲမလား?" သူ ပြောပြောဆိုဆိုဖြင့် တစ်ဖက်မှပြောစကားကို ဆက်နားမထောင်တော့ပဲ ဖုန်းကို ချပစ်လိုက်တော့သည်။

သို့သော် ဖုန်းနားက သူ့လက်တောင် မခွာရသေးခင်မှာပင် ဖုန်းသံက ထပ်မြည်လာပြန်လေသည်။ သူလည်း စိတ်ရှုပ်ရှုပ်ဖြင့် မျက်မှောင်ကြုတ်၍ ဖုန်းကို ဆတ်ခနဲ ပြန်ကောက်ကိုင်တာ ပြောလိုက်လေသည်။

"မင်းက ဘာဖြစ်ချင်သေးလို့လဲ?"

"တို့ကို အဲ့လိုကြီး မလုပ်ပါနဲ့.. တို့နဲ့သူက ဘာမှရင်းနှီးတဲ့ပက်သက်မှုမျိုး မရှိပါဘူး.. ဒါလင် အထင်လွဲနေတာပါ"

"ဪ.. မရင်းနှီးဘူးကိုး.. ဟက်" ဘာမှပြန်တုံ့ပြန်မပြောတော့ဘူးဟု ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း သူ ခနဲ့တဲ့တဲ့ဖြင့် ပြန်ပြောလိုက်မိသည်။

"တို့ တဒင်္က မှားယွင်းသွားတာပါ.." ဂျူလီယာစောတင် က ထပ်မံ၍ ပြောလာပြန်သည်။

"ဟိုနေ့တုန်းက မင်းအချိုးက ဒါမျိုးမဟုတ်ပါဘူး။ဘာလဲ.. အခုမှ ဟိုကောင်က မင်းနဲ့ မအိပ်ချင်တော့ဘူးပြောလို့ ငါ့ဆီပြန်ရောက်လာတာလား?"

"တို့မှာ သူနဲ့ အဲ့လိုအဆင့်ထိ ပက်သက်မှုမျိုးတောင် မရှိခဲ့ဖူးပါဘူး.. တို့ ကျိန်ရဲတယ်"

"ရှိရှိ မရှိရှိ ငါ စိတ်မဝင်စားဘူး.. မင်းကိုလည်း ဟိုနေ့ကတည်းက စကားအကုန်ပြောပြီးသွားပြီ.. ငါ့ကို ထပ် လာမနှောင့်ယှက်နဲ့တော့"

သူတို့နှစ်ဦးကြားက ငြင်းခုန်မှုက စကားတစ်ခွန်းထုတ်ပြောလိုက်လေလေ ပိုမို၍ ပြင်းထန်လာလေလေ ဖြစ်လာလေသည်။ ခဏအကြာတွင်တော့ တစ်ဖက်မှ ဂျူလီယာစောတင် က လေသံကိုဖျော့ကာ အလျှော့ပေးလာလေသည်။

"ခဏ... ခဏလောက်ပါပဲ.. ခဏလောက်တော့ တွေ့လို့ရမယ်မလား?"

"မင်းကို နားလည်အောင် ဘယ်နှခါပြောရမလဲ? မင်းမှာ မာန မရှိဘူးလား?" တစ်ဖက်က ဘယ်လိုပဲပြောလာလာ စဝ်လွန်းရီဘက်ကတော့ အလျှော့ပေးရန် အစီအစဉ် လုံးဝ မရှိပေ။

"တို့ တောင်းပန်ပါတယ်.. ခဏလောက်တွေ့ပြီးရှင်းပြချင်လို့ပါ.. အဲ့ဒါပြီးရင် ဒါလင် ဘယ်လိုဆုံးဖြတ်ဖြတ် တို့ လက်ခံပါ့မယ်.. နော်?"

သူ ဖုန်းကိုကိုင်ထားရင်း စိတ်ရှုပ်ရှုပ်ဖြင့် သက်ပြင်းချကာ ဆံပင်များကို ခပ်ကြမ်းကြမ်းဖွာလိုက်မိသည်။ သူ ဘယ်လိုပြောပြော ဂျူလီယာစောတင် က လက်လျှော့မည့်ပုံ မပေါ်ချေ။

"ကောင်းပြီလေ.. မင်းစကား မင်း တည်ပါစေ"

သူ့စကားဆုံးသည်နှင့် ချက်ချင်းဆိုသလိုပင် တစ်ဖက်မှ ဂျူလီယာစောတင် က ဝမ်းသာအားရဖြင့် ပြန်တုံ့ပြန်လာလေသည်။  "တို့ အခု ချက်ချင်း ဒါလင့် အိမ်ရှေ့လာခဲ့မယ်"

စဝ်လွန်းရီ ဘာစကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ဖုန်းကို ချပစ်လိုက်သည်။

အိမ်ရှေ့တွင် ဂျူလီယာစောတင် ရောက်နေကြောင်း ဒေါ်လုံး လာပြောသောအခါတွင်တော့ အိမ်ပေါ်ထပ် မှန်ပြတင်းပေါက်မှ ခန်းဆီးလိုက်ကာကို လက်တစ်ဖက်ဖြင့် မ တင်လိုက်ပြီး ခြံထိပ်ကိုလှမ်းကြည့်လိုက်သည်။ အိမ်နှင့် ခြံအဝင်ဝ က အနည်းငယ်လှမ်းသော်လည်း အိမ်ပေါ်ထပ်မှကြည့်လျှင်တော့ လမ်းမဘက်ကို မြင်ရလေသည်။ ခါတိုင်းကဲ့သို့ပင် ခြံဝင်းတံတိုင်းနား၌ ကပ်ပြီးရပ်ထားသော ဂျူလီယာစောတင် ၏ စီးနေကျ ဝယ်ဂွန်ကား အနီရောင်လေးကို လှမ်းမြင်လိုက်သည့်အခါတွင်တော့ သူ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

ထိုမြင်ကွင်းက သူ မြင်ဖူးနေကျ ဖြစ်သော်လည်း ယခုတွင်တော့ ယခင်ကလို စိတ်ခံစားချက်မျိုးနှင့် ကြည့်မနေနိုင်တော့ချေ။ တစ်ချိန်က ဂျူလီယာစောတင် နှင့် ပက်သက်လာလျှင် ရင်ခုန်စိတ်လှုပ်ရှားခဲ့ဖူးသော သူ့ နှလုံးသားမှာ ယခုအခါတွင်တော့ ရေခဲတမျှ အေးစက်မာကြောနေခဲ့ပြီ။

အပြင်ဘက်တွင် ရာသီဥတုအေးသောကြောင့် ဆွယ်တာပါးပေါ်မှ အနွေးထည်နောက်တစ်ထပ်ကို ထပ်ဝတ်ကာ ခြံထိပ်သို့ စဝ်လွန်းရီ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။ ယခုလက်ရှိအချိန်တွင် သူ ဂျူလီယာစောတင် ကို အတော်ပင် စိတ်ကုန်လျက်ရှိပြီး ထိုမိန်းမ၏မျက်နှာအား မြင်တွေ့လိုသည့်စိတ် မရှိပေ။ သို့သော် ထိုသူက သူထွက်မတွေ့မချင်း လက်လျှော့လိုက်မည့် လူစားမျိုး မဟုတ်ကြောင်း သူ သိသည်။ ထို့အပြင် ထိုနေ့ညက စကားအကုန်ပြောပြီးနောက် ဤနေ့တွင်မှ ပြန်ဆက်သွယ်လာရခြင်း၏ နောက်ကွယ်မှ အကြောင်းတရားများကိုလည်း သူ သိချင်သေးသည်။

စဝ်လွန်းရီ ကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ဂျူလီယာစောတင် က ကားပေါ်မှ ချက်ချင်းပင် ဆင်းလာလေသည်။ သို့သော် ရှေ့သို့ နောက်ထပ်ခြေလှမ်း ထပ်လှမ်းမလာခင်မှာပင် ကားရှိရာဘက်သို့ သူ မေးငေါ့ကာ ကားထဲသို့ပြန်ဝင်ရန် အရိပ်အခြေပြလိုက်သည်။ ထို့နောက် ဂျူလီယာစောတင် ၏ ဝယ်ဂွန်ကားထဲသို့ သူပါ ဝင်ထိုင်လိုက်လေသည်။

"ပြောစရာရှိတာ မြန်မြန်ပြော" ဘေးမှ ဂျူလီယာစောတင် ၏ မျက်နှာကိုပင် မကြည့်တော့ပဲ သူ ဘက်ကနေ စပြီး ခပ်ပြတ်ပြတ် စကားဆိုလိုက်သည်။

သူ့အပြုအမူကို ကြည့်ပြီး ဂျူလီယာစောတင် က ခပ်အုပ်အုပ်ရယ်မောရင်း လက်ကိုင်ပုဝါဖြင့် မျက်ဝန်းနားက မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် သက်ပြင်းအရှည်ကြီးချကာ အချိန်အတန်ကြာအောင် တိတ်တဆိတ် အားယူလိုက်ပြီးမှ စကားကို အစချီလိုက်လေသည်။ "တို့ မမှားဘူးလို့ မပြောပါဘူး.. အဲ့အတွက်လည်း စိတ်ရင်းနဲ့ တို့ တောင်းပန်ပါတယ်.. ပြီးတော့ ဒါလင်ရှိနေမှန်း သိလျှက်နဲ့ စဝ်ခွန်စစ် ဘက်က စပြီး တို့ကို လိုက်ခဲ့တာလေ"

"မင်း ဟိုနေ့ကလည်း ဒီစကားပဲပြောတာပဲ.. အခုလည်း ထပ်ခေါ်ပြီး ဒါတွေပဲ ထပ်ပြောနေဦးမယ်ဆိုရင် ငါ ဆက် နားမထောင်နိုင်တော့ဘူး"

"တို့ တဒင်္က အတွေးမှားသွားတာပါ.. တို့ ပြောမယ် သေချာနားထောင်..  ဒါတွေအားလုံးဖြစ်ရတာ အမှန်တော့ ဒါလင့် ကြောင့်ပဲ.. ဒါလင့်ကို အရမ်းချစ်လို့ ဖြစ်ရတာ"

ဂျူလီယာစောတင် ၏ ရှင်းလင်းချက်မဆုံးသေးခင်မှာပင် စဝ်လွန်းရီတစ်ယောက် အသံအကျယ်ကြီးထွက်အောင် ရယ်မောလိုက်မိသည်။ သူ့ကို ဖောက်ပြန်ရတဲ့ ဂျူလီယာစောတင် ရဲ့ အကြောင်းပြချက်က သူ့ကို အရမ်းချစ် လို့တဲ့... ဘယ်လိုတောင် ရယ်ရလိုက်တဲ့ ဟာသမျိုးပါလိမ့်?

"မင်း ရူးနေပြီလား? မင်းပြောနေတာတွေက အဓိပ္ပာယ်ရှိရဲ့လားဆိုတာ ကိုယ့်ဘာကိုယ် ပြန်စဉ်းစားကြည့်ဦး"

"ဒါလင့် ဘက်ကလည်း မှားခဲ့တာပဲလေ.. ဒါလင့် ရဲ့သူငယ်ချင်းတွေအပေါ်ကို ဆက်ဆံသလောက်တောင် တို့ကို ဂရုစိုက်ခဲ့ဖူးလို့လား​? ပြန်တွေးကြည့်ပါဦး"

"မင်းရဲ့အမှားတွေကို ငါ့အပေါ် ဘာမှ လာပုံချမနေနဲ့ ။ ငါ့ဘက်က မှားမှားမှန်မှန် ငါ ဂရုမစိုက်ဘူး။ မင်း ဘာလုပ်လုပ်လည်း ငါ စောက် ဂရုမစိုက်ဘူး။" သူ အတော်လေး ဒေါသထွက်သွားသည်။ ဂျူလီယာစောတင် က သူခိုးလူပြန်ဟစ်သည့် စကားမျိုးကိုပါ သူ့အား အရှက်မရှိ လာပြောနေသေးသည်။

"ဒါလင့် ကို ချစ်ရတာ တို့အတွက် အရမ်းပင်ပန်းတယ်.. သိလား? ဒါလင့် နှလုံးသားထဲမှာ တို့ တကယ် မရှိဘူးလို့ပဲ အမြဲ ခံစားခဲ့ရတယ်... ဒါပေမဲ့ တို့ မရုန်းထွက်နိုင်ခဲ့ဘူး.. စဝ်ခွန်စစ် ကို ဒါလင့်ဆီကနေ တို့ ရုန်းထွက်ဖို့အတွက် ကူညီနိုင်မယ့်လူလို့ ထင်ခဲ့မိတယ်" ဂျူလီယာစောတင် ၏ စကားများမှာ တဖြည်းဖြည်းနှင့် ပို၍ပို၍ အဓိပ္ပာယ်ကင်းမဲ့လာလေသည်။

အစပိုင်းတွင်တော့ တစ်ဖက်မှ ထပ်မံဖြေရှင်းလာမယ့် စကားများကို သူ သိချင်လိုက်မိသော်လည်း ဤမျှလောက် ယုတ္တိမတန်လိမ့်မည်ဟုတော့ မထင်ထားမိခဲ့ပေ။ 'သိပ်ချစ်၍ဖောက်ပြန်မိပါသည်' ဆိုသော အဓိပ္ပာယ်မဲ့လွန်းသည့် စကားကြောင့် သူ့ဘက်ကနေ ခွင့်လွှတ်ပြီး ပြန်လက်ခံပေးရအောင်လည်း သူသည် ငတုံးငအ တစ်ယောက် မဟုတ်ချေ။

"ကူညီမယ့်လူတွေ့ပြီဆိုလည်း ရပြီမလား.. အခုက ဘာဖြစ်ချင်ပြန်ပြီလဲ?" စဝ်လွန်းရီ လည်း စိတ်မရှည်စွာဖြင့် စကားကို ဖြတ်မေးလိုက်သည်။ သူ့တွင် လုံးဝ စကားဆက်ပြောချင်စိတ် မရှိတော့။

"မရဘူးလေ.. တို့ ကြိုးစားကြည့်ပေမယ့် တို့ နှလုံးသားထဲမှာ ဒါလင် တစ်ယောက်ပဲရှိတာ" ပြောရင်းဆိုရင်းဖြင့် ဂျူလီယာစောတင် က တရှုံ့ရှုံ့ ငိုကြွေးလာပြန်လေသည်။

"ငါက မင်း စိတ်တိုင်းမကျရင် ထားခဲ့မယ်၊ သဘောကျရင် ပြန်လာမယ် ဆိုတိုင်း ရရအောင် အပေါစားကောင် မဟုတ်ဘူး.. စဝ်လွန်းရီ ဆိုတဲ့ ငါက ဘယ်သူလဲ ဆိုတာ မင်း ဦးနှောက်ရှိရင် နားလည်" ဒေါသထွက်နေတယ်ဆိုပေမဲ့လည်း သူ့စိတ်ထဲ ရှိတာအကုန်လုံးကို နှုတ်ကနေ ထုတ်ပြောလိုက်ရတာကြောင့်မလို့ စဝ်လွန်းရီ အနည်းငယ်တော့ စိတ်ပေါ့ပါးသယောင် ရှိသွားသည်။

"တို့တောင်းပန်ပြီးပြီပဲ.. ဘယ်လိုလုပ်ပေးမှ ကျေနပ်မှာလဲ? စဝ်ခွန်စစ် နဲ့ကလည်း တို့ သုံးလေးရက်လောက် ထမင်းတူတူစားမိတာကလွဲလို့ ဘာမှ ဖြစ်ခဲ့တာ မဟုတ်ဘူး.. မှားခဲ့တာတွေကိုမေ့ပြီး အသစ်ကနေ ပြန်စရအောင်လေ..နော်?"

"မင်းရဲ့ စဝ်ခွန်စစ် နဲ့ သွားစ ပါလား..  ငါကတော့ မင်းနဲ့ ဆိုရင်တော့ အဟောင်းလည်း ရှေ့မဆက်ချင်သလို အသစ်လည်း ပြန်မစချင်ဘူး"

"ဟုတ်ပြီ.. တို့ လိုရင်းကိုပဲပြောတော့မယ်.. တို့ဘက်က ဒါလင့်ကို အရမ်းချစ်ပေမယ့် ဒါလင့်ဘက်ကတော့ တို့ကို လုံးဝ မချစ်ခဲ့ဘူး ဆိုတာ ကိုယ့်ကိုကိုယ်ရော သိရဲ့လား?"

"အချစ်တွေဘာတွေ ကြီးကြီးကျယ်ကျယ်ပြောနေရအောင် မင်းကရော ဘာထူးလို့လဲ? စော်ဘွားကတော် ဖြစ်ချင်လို့ ငါနဲ့ တွဲခဲ့တာပဲလေ" သူ အတော့်ကိုပင် စိတ်မရှည်ဖြစ်နေလေပြီ။

"တို့အချစ်ကို မစော်ကားပါနဲ့..  ဒါလင် တို့ကို တွဲတယ်ဆိုတာလေ ပြောရရင် လချုပ်နဲ့ အပျော်မယ် ငှားထားသလိုပဲ.. ဒါလင့်ဘက်က တစ်ခုခု အလိုရှိရင်​တော့ တို့ကိုခေါ်တယ်.. တို့ဘက်က တစ်ခုခုတောင်းဆိုရင်တော့ ဘယ်တုန်းကများ ဖြည့်ဆည်းပေးဖူးလဲ? တို့ရုပ်ရှင်ကြည့်ချင်တယ်ဆိိုလို့ တစ်ခါလေးလိုက်ပြတာတောင် နှစ်ပတ်သုံးပတ်လောက် ပြောယူရတယ်.. ပြီးတော့ အတည်တွဲတယ်သာပြောတာ တရားဝင်ရည်စားအဖြစ် လူဘယ်နှယောက်ကိုများ မိတ်ဆက်ပေးခဲ့ဖူးလို့လဲ?"

ဂျူလီယာစောတင် ပြောသမျှသည် အကြောင်းအရာအားဖြင့် အမှန်များဖြစ်သော်လည်း စဝ်လွန်းရီ ဘက်ကတော့ ထိုကိစ္စများကြောင့် သူ့ကိုယ်သူ မှားသည် ဟု တစ်ခါမျှ မထင်ခဲ့ပေ။ ဂျူလီယာစောတင် ဘက်ကသာ ပုံမှန်ထက်ပိုပြီး လောဘကြီးနေသည်ဟု သူ ထင်သည်။ တွဲတာ ခြောက်လတောင် မပြည့်သေးသည့် ရည်းစားတစ်ယောက်ကို သူ့ဘက်က လူသိရှင်ကြားထုတ်ပြစရာလည်း မလိုသလို ၊ အခြား သမီးရည်းစားဇာတ်လမ်းတွေလို အားအားရှိ မုန့်ထွက်စား၊ ရုပ်ရှင်ကြည့်ရအောင်လည်း သူ သည် သွားချင်တိုင်းသွား လာချင်တိုင်းလာလို့ရသည့် သာမန်လူတစ်ဦး မဟုတ်ချေ။ ထို့အပြင် ယခင်က ဘယ်လိုပင် ပွေခဲ့ရှုပ်ခဲ့ပါစေ ဂျူလီယာစောတင် နှင့် အတည်တွဲမည်ဟု သူ့ဘက်မှ ဆုံးဖြတ်လိုက်ကတည်းက အခြားမည်သူနှင့်မျှ ဖောက်ပြားရှုပ်ပွေခြင်းမျိုး မရှိခဲ့ဖူးပေ။

နောက်ဆုံးတွင်တော့ သူ့စေတနာအား နားမလည်သည့်အပြင် စော်ကားသည့် မိန်းမမျိုးနှင့် အတည်တွဲရန် ရွေးချယ်ခဲ့မိသည့် သူ့ကိုယ်သူသာ စဝ်လွန်းရီ ရွံရှာလိုက်မိတော့သည်။

"အေး... ငါ မင်းကို လုံးဝ မချစ်ဘူး.. အဲ့တော့ သွားလိုက်တော့"

"တို့ကို မချစ်လည်း တို့ သည်းခံပေးမယ်.. ပြန်တွဲကြရအောင်" ထိုစကားကြောင့် သူ ဒေါသထွက်ရမည့်အစား အံ့ပင်ဩသွားလေသည်။ ထိုမိန်းမက ပါးစပ်မှ ဤကဲ့သို့ အရှက်မရှိသည့် စကားမျိုးထွက်လာနိုင်သေးသည်။

"မင်းရူးနေတာလား? စဝ်ခွန်စစ် ပစ်သွားလို့ ငါ့ဆီ ပြန်လာကပ်တဲ့ လူတစ်ယောက်ကို ငါ့ဘက်ကနေ ဘာမှ ပြန်လက်ခံစရာအကြောင်း မရှိဘူး"

"စဝ်ခွန်စစ် က တို့ကို ပစ်သွားတာမဟုတ်ပါဘူး.. တို့စိတ်နဲ့တို့ ဒါလင့်ဆီပြန်လာတာပါ" သူ့အား ဂျူလီယာစောတင် က ချက်ချင်းပင် အကြောက်အကန် ပြန်ငြင်းဆန်လေသည်။

"မပစ်ဘူးဆိုလည်း သူ့ဆီပြန်သွားလေ.. ငါကတော့ လုံးဝပဲ.. မင်းကိုအရမ်းရွံလို့ အရိပ်လေးတောင် မမြင်ချင်တော့ဘူး"

"အသည်းနှလုံးမရှိတဲ့လူ ... ရှင် ရော စဝ်ခွန်စစ် ရော.. ယောကျာ်းတွေအားလုံးတူတူပဲ... မိန်းခလေးတစ်ယောက်ကို လိုချင်တုန်းကတော့ အသည်းအသန်ပဲ.. ရသွားပြီးရင်တော့ အမှိုက်သာသာလို သဘောထားကြတယ်.." ထိုစကားကို ပြောရင်းနှင့် ဂျူလီယာစောတင် ၏ မျက်လုံးများမှ မျက်ရည်များ ဆက်တိုက်ကျဆင်းလာလေသည်။

"ငါ့ကို အဲ့ ကြောင်သူတော် ကြွက်သူခိုး ခွေးသူတောင်းစားကောင်နဲ့ တန်းလာမညှိနဲ့.. ပြီးတော့ နောက်ဆုံးအနေနဲ့ တစ်ခုပြောလိုက်မယ် ငါ့ဆီမှာ အမှားက တစ်ခုပဲ ရှိတယ်.. အဲ့ဒါ မင်းလို မိန်းမမျိုးနဲ့ ပက်သက်မိတာပဲ.. လောကကြီးမှာ မင်းလိုမိန်းမမျိုးကို ငါ အရွံဆုံးပဲ.. ငါ့ကို ထပ်ပြီး လာမနှောင့်ယှက်နဲ့တော့ .. မင်းနဲ့ပြောစရာ ငါ့မှာ ဘာအကြောင်းမှ မရှိတော့ဘူး"

စဝ်လွန်းရီ ဘက်ကလည်း ဒီ့ထက်ပိုပြီး သည်းခံနိုင်စွမ်း မရှိတော့ချေ။ သူ စိတ်တိုတိုဖြင့် စကားကိုအမြန် ဖြတ်ကာ ကားထဲမှထွက်ပြီး တံခါးကိုလည်း ဝုန်းခနဲမြည်အောင် ဆောင့်ပိတ်ပစ်ခဲ့လိုက်သည်။
"ဖာ့ခ်"

ထို့နောက် နောက်ဘက်သို့ တစ်ချက်တောင် ပြန်လှည့်မကြည့်တော့ဘဲ ခြေလှမ်းကျယ်ကြီးများဖြင့် ခြံထဲသို့ ကျောခိုင်းဝင်လာခဲ့လိုက်တော့သည်။

အကျိုးဆက် သတင်းကောင်းအနေနှင့်ကတော့ ထိုနေ့မှစ၍ ဂျူလီယာစောတင် ဘက်မှ သူ့အား ထပ်မံဆက်သွယ်လာခြင်း မရှိတော့ပေ။

စဝ်လွန်းရီ သည်လည်း အတိတ်ဒဏ်ရာများကို မေ့မေ့ပျောက်ပျောက်ဖြစ်ကာ သူငယ်ချင်းများ၏ အကူအညီဖြင့် နဂိုမူလဘဝထဲသို့ တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာခဲ့သည်။ အရာရာက တစ်ဖန် ပုံမှန် ဖြစ်လာခဲ့သည်။ အတန်းလေး တက်လိုက်၊ အပေါင်းအသင်းများနှင့် ပျော်ပါးလိုက်၊ ကောင်မလေးများစွာဖြင့် အရှုပ်ဇာတ်လမ်းပေါင်းစုံ ဖန်တီးလိုက် လုပ်ကာ သူ့ရဲ့ တစ်ပတ်ပြီးတစ်ပတ်က အချိန်ကုန်မှန်းမသိ ကုန်သွားလေသည်။ ထို့အပြင် သူ့မွေးနေ့ပွဲကလည်း ရက်ပိုင်းလောက်သာလိုတော့တာမလို့ အချို့သော လက်ဆောင်များက တစ်ခုပြီးတစ်ခုဆိုသလို ကြိုတင်ရောက်လာကြပြီး အစီအစဉ်ပေါင်း မြောက်မြားစွာဖြင့် အလုပ်ရှုပ်နေရလေသည်။

သို့သော် ကံကြမ္မာက သူ့အား အချိန်ကြာကြာ မျက်နှာသာ မပေးချေ။ အလုပ်ရှုပ်ရသည့်အထဲ နှစ်ဝက်စာမေးပွဲကလည်း နီးကပ်လာပြီး group project များစွာ ကလည်း စောင့်ဆိုင်းနေလေသည်။ ယနေ့တွင်လည်း အတန်းသုံးခုပေါင်းတက်ရသော combined lecture ရှိသောကြောင့် လိုအပ်သည့်စာအုပ်စာတမ်းများကို ပြင်ဆင်ကာ စာသင်ခန်းမ ဆီသို့ ဒန်နီရယ် နှင့်အတူ စက်ဘီးကိုယ်စီဖြင့််် ထွက်လာခဲ့ကြသည်။ စဝ်လွန်းရီ နှင့် ဒန်နီရယ် တို့ နှစ်ယောက်သားသည် ထုံးစံအတိုင်း ညက များသွားသဖြင့် အတန်းချိန်နောက်ကျနေကြပြီး ဘယ်လောက်သောက်သောက် တော်ရုံနဲ့ မမူးတတ်သော ဝီလီယံ ကမူ သူတို့နှစ်ယောက်ကို စောင့်မနေတော့ပဲ စောစောစီးစီးတည်းက သွားနှင့်နေလေပြီ။

သူတို့နှစ်ယောက် အခန်းထဲရောက်တော့ စာ စသင်ရန် ပါမောက္ခ က စင်မြင့်ထက်သို့ ရောက်​နေပြီဖြစ်ပြီး ကျောင်းသား တော်တော်များများမှာလည်း သက်ဆိုင်ရာ စားပွဲအသီးသီးတွင် နေရာယူထားကြပြီး ဖြစ်သည်။ combined lecuture က group project အနေနှင့် သင်မှာဖြစ်တာကြောင့် အဖွဲ့အလိုက် စားပွဲဝိုင်းတစ်ခုစီတွင် ဝင်ထိုင်ရန် အခန်းအဝင်ဝကောင်တာက ကျူတာဆရာတစ်ယောက်က သူတို့နှစ်ဦးအား ပြောလိုက်သောအခါတွင်တော့ စဝ်လွန်းရီ လည်း ခန်းမထဲသို့ ဝေ့ဝဲကြည့်ကာ နေရာလွတ်ကျန်ဦးမည့်စားပွဲအား လှမ်းရှာလိုက်မိသည်။ သူတို့နှစ်ဦးမှာ အတော်နောက်ကျနေတာမလို့ တစ်ခန်းလုံးမှာမှ စားပွဲခုံသုံးခုံတွင် နေရာလွတ်တစ်ခုစီသာ ကျန်တော့လေသည်။ တစ်နေရာက ဝီလီယံ၏ ဘေးတွင်ဖြစ်ပြီး နောက်တစ်နေရာက ကမ္ဘာပေါ်တွင် သူ မမြင်ချင်ဆုံးသောသူများထဲမှ တစ်ယောက်ဖြစ်သော စဝ်ခွန်စစ် ၏ ဘေးတွင်ဖြစ်လေသည်။ နောက်ထပ်တစ်နေရာကတော့ စင်မြင့်နှင့် အနီးဆုံး စားပွဲတွင် ဖြစ်လေသည်။

"မင်းတို့က first year တွေ ဟုတ်တယ်မလား? ခုံ နံပါတ် (၂) နဲ့ (၉) ကြိုက်တဲ့နေရာမှာ ဝင်ထိုင်လို့ ရတယ်" ကျူတာဆရာ က ဆက်ပြောလိုက်ရင်း ခုံနံပါတ်ပါသည့် လည်ဆွဲကတ်နှစ်ခုကို သူတို့နှစ်ဦးထံသို့ ကမ်းပေးလိုက်လေသည်။

သူ နောက်တစ်ကြိမ် သေချာပြန်ကြည့်လိုက်တော့ ဝီလီယံ ထိုင်နေသော စားပွဲမှာ သူတို့ရွေးရမည့်အထဲတွင် မပါဝင်သော စားပွဲနံပါတ် (၅) ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ စဝ်လွန်းရီ အတွက် သေချာသည်တစ်ခုကတော့ စဝ်ခွန်စစ် နှင့် ဘေးချင်းကပ်ရပ်တွင် ထိုင်ရမည်ကို မပြောနှင့် ထိုသူနှင့် တစ်ဖွဲ့တည်းတောင် မကျချင်။ ထို့ကြောင့် စဝ်ခွန်စစ် မရှိသည့် စားပွဲခုံနံပါတ် (၂) ဆီသို့ သာသွားရန် သူ ဆုံးဖြတ်လိုက်ပြီး နံပါတ် (၂) လည်ဆွဲကတ်ကို လှမ်းယူလိုက်လေသည်။ သို့ရာတွင် ရုတ်တရက် ဘေးမှ ဒန်နီရယ် က သူ့အား ခန္ဓာကိုယ်ဖြင့် တွန်းထုတ်ကာ ထိုကတ်ကို လှမ်းလုလိုက်ပြီး စားပွဲနံပါတ် (၂) ဆီသို့ တဟုန်ထိုး ပြေးဝင်ထိုင်လိုက်လေသည်။

'ခွေးသူတောင်းစား' စဝ်လွန်းရီ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိလေသည်။

"သွားတော့လေ.. ဘာလုပ်နေတာလဲ? ဟိုမှာ professor စာ စသင်နေပြီ" ထိုစဉ် ကျူတာဆရာ က စိတ်မရှည်သည့် အသံဖြင့် ဆက်ပြောလိုက်ပြီး သူ့လက်ထဲသို့ ကျန်သော လည်ဆွဲကတ်ကို အတင်းထည့်ပေးလာလေသည်။

"ခုံနံပါတ် (၅) က ထိုင်လို့ မရဘူးလား?" စဝ်လွန်းရီ လည်း လက်မလျှော့သေးဘဲ အထွန့်တက်ကာ ပြန်မေးလိုက်မိသည်။ သူတို့ကြားမှ ပြဿနာက ပြီးသွားပြီ ဖြစ်သော်လည်း လောလောဆယ်တွင်တော့ စဝ်ခွန်စစ် နှင့် သူ မျက်နှာချင်း မဆိုင်ချင်သေးပေ။ စဝ်ခွန်စစ် အား သူနှင့် ဘာပြဿနာမှ မဖြစ်ထားဖူးသော ပုံမှန်လူတစ်ယောက်လို မမြင်နိုင်သေးသလို၊ လောလောလတ်လတ် ရန်ပွဲဖြစ်ထားသည့်ကိစ္စကြောင့် သူတို့အား ကြည့်လာကြမည့် လူအများ၏ အကြည့်များကိုလည်း အနည်းနှင့်အများဆိုသလို ​အချိန်တစ်ခုကြာသည်အထိ သူ တတ်နိုင်သလောက် ရှောင်လွှဲလိုလေသည်။

"အဲ့ဒီခုံမှာက first year မလိုတော့ဘူး။ ပြည့်သွားပြီ"

"ဒါဆို အဲ့ခုံက တစ်ခြား first year တစ်ယောက်နဲ့ရော နေရာပြန်လဲလို့ ရလား?"

"အတန်းစနေပြီ.. မင်းမတက်ချင်ဘူးဆိုလည်း လာမရှုပ်နဲ့ .. ပြန်တော့" ကျူတာဆရာက သူ့အား ဆူပူကြိန်းမောင်းလိုက်ပြီး လက်ထဲမှ လည်ဆွဲကတ်ကိုလည်း ပြန်သိမ်းရန် လုပ်လိုက်လေသည်။

သူ့ဘဝတွင် ဤမျှလောက် အပေါက်အစပ်ဆိုးသော ကျူတာဆရာမျိုးကို မမြင်ဖူးသေးပေ။ သူတို့ကျောင်းရှိ ဆရာ၊ဆရာမများမှာ ကျောင်းသားများအပေါ်တွင် တော်ဝင်မင်းသားများအဖြစ် အထူးတလည် အလေးပေးဆက်ဆံခြင်းမျိုး မရှိသည့်တိုင် ဤမျှလောက် ဆူပူကြိန်းမောင်းတာမျိုးတော့ တော်ရုံတန်ရုံ လုပ်လေ့မရှိကြပေ။ ထို့ကြောင့်မလို့ပင် စဝ်လွန်းရီ လည်း ရုတ်တရက်ကြီး အဆူခံလိုက်ရတာကြောင့် အူကြောင်ကြောင်ပင်ဖြစ်သွားကာ လည်ဆွဲကတ်ကို ပြန်လှမ်းယူပြီး ထွက်လာခဲ့လိုက်လေသည်။ ထို့နောက် စားပွဲနံပါတ် (၉) ဆီသို့ ရောက်လာသောအခါတွင်တော့ ထိပ်က ခုံတွင် ထိုင်​နေသော supervisor ဆရာမ အား ဦးညွှတ်နှုတ်ဆက်လိုက်ပြီး စဝ်ခွန်စစ် ဘေးက ခုံလွတ်တွင် စိတ်မပါလက်မပါဖြင့်သာ ဝင်ထိုင်လိုက်လေသည်။ 

စဝ်ခွန်စစ် ကတော့ ဘာမှမဖြစ်သလိုပင် ခြေထောက်တစ်ဖက်ချိတ်ထိုင်လျှက် ပါမောက္ခစာသင်နေသော စင်မြင့်ထက်သို့သာ အာရုံစူးစိုက်၍ ကြည့်နေလေသည်။ သူ့ဘေးတွင် စဝ်လွန်းရီ လာထိုင်သည်ကို လှည့်လည်းမကြည့်သလို၊ ခန္ဓာကိုယ်ကို တစ်ဖက်သို့ တိုးရွှေ့ကာ နေရာဖယ်ပေးခြင်းမျိုးကိုလည်း မပြုလုပ်ခဲ့ပေ။ ကျောက်ဆစ်ရုပ်တစ်ရုပ်ကဲ့သို့သာ နဂိုမူလ ထိုင်နေသည့် ပုံစံအတိုင်း မလှုပ်မယှက် ထိုင်မြဲထိုင်နေလေသည်။ စဝ်လွန်းရီ ကသာ အရမ်းနီးကပ်နေပြီး နေရထိုင်ရကျဉ်းကြပ်သည်ဟု ခံစားရသဖြင့် ထိုင်ခုံကို တစ်ဖက်သို့ အနည်းဆွဲ၍ ရွှေ့ထိုင်လိုက်ရလေသည်။

စာသင်ခန်းမကြီး၏ရှေ့ စင်မြင့်ထက်တွင် စီးပွားရေး ပါမောက္ခ မစ္စတာ စမစ် က အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေး မဟာဗျူဟာတစ်ခု ကို အကျယ်တဝင့် ရှင်းပြနေပြီး ကျောင်းသား အများစုမှာလည်း စာအုပ်၊ဘောပင် ကိုယ်စီဖြင့် အသေအချာလိုက်မှတ်နေကြလေသည်။ စဝ်လွန်းရီ လည်း လက်တစ်ဖက်ဖြင့် အိတ်ထဲမှ စာအုပ်ကို ထုတ်ယူလိုက်ရင်း သူ့သူငယ်ချင်းများ ရှိရာဆီသို့ တစ်ချက်လှမ်း ကြည့်လိုက်မိသည်။ ဝီလီယံ က စာကို အာရုံစိုက် နားထောင်ပြီး မှတ်စုစာအုပ်တစ်ခုထဲတွင် ဟိုရေးဒီရေးဖြင့် လိုက်မှတ်နေလေသည်။ ဤသို့ဖြင့် ဒန်နီရယ် ရှိရာ စားပွဲဘက်သို့ သူ့အကြည့်ရောက်သွားသည့်အခါတွင်တော့ စာကို နားမထောင်ဘဲ သူ့အား ပြုံးစိစိဖြင့် လှမ်းကြည့်နေသာ ဒန်နီရယ် နှင့် အကြည့်ချင်း ဆုံသွားလေသည်။ စဝ်လွန်းရီ ၏ မအီမလည်ရုပ်ကို မြင်လိုက်ရသောအခါတွင်တော့ ဒန်နီရယ် က သွားများပေါ်အောင် ရယ်မောရင်း သူ့လည်ပင်းတွင် ဆွဲထားသော စားပွဲနံပါတ်လည်ဆွဲကတ်ပြားကို တဖျတ်ဖျတ် မြှောက်ပြကာ သူ ပို​ဒေါသထွက်လာအောင် စ လိုက်လေသည်။

စဝ်လွန်းရီ လည်း စိတ်တိုတိုနှင့် လက်ခလယ်ကို မသိမသာ ပြန်ထောင်ပြကာ ပါးစပ်မှလည်း မြင်သာထင်သာရှိအောင် နှုတ်ခမ်းလှုပ်၍ ဆဲရေးလိုက်ပြလိုက်လေသည်။ ထို့နောက် စားပွဲပေါ်ရှိစာအုပ်ကို လက်တစ်ဖက်ဖြင့် လှန်လှောလိုက်ရင်း ရေးမှတ်ရန်အတွက် ဘောပင်ကို ကျန်လက်တစ်ဖက်ဖြင့် အိတ်ထဲ မွှေနှောက် ရှာဖွေနေလိုက်သည်။ သို့သော် အချိန်အတန်ငယ်ကြာသည်အထိ ဘောပင်နှင့်တူသည့် မည်သည့်အရာကိုမျှ မစမ်းမိသောအခါတွင်တော့ သူ စိတ်မရှည်တော့ဘဲ အိတ်ကို ပေါင်ပေါ်သို့ တင်လိုက်ကာ အသေအချာ နောက်တစ်ကြိမ် ပြန်ငုံ့ရှာလိုက်လေသည်။ သူ့အိတ်ထဲ၌ ဘောပင်ရော ခဲတံပါ တစ်ချောင်းဆိုလို့ တစ်ချောင်းမှ ပါမလာပေ။

'အဲ့ကောင်နဲ့တွေ့လိုက်တိုင်း ကျက်သရေတုံးတာတွေချည်းပဲ ဖြစ်နေတာပဲ' စဝ်လွန်းရီ လည်း မကျေမနပ်နှင့် တွေးလိုက်ကာ ပေါင်ပေါ်မှ အိတ်ကို ဘေးတွင်ပြန်ချထားလိုက်လေသည်။ ထို့နောက် စိတ်ပျက်လက်ပျက်နှင့် ဘာစာကိုမှ လိုက်မမှတ်တော့ဘဲ ပါမောက္ခ စာသင်နေသည်ကို ဒီအတိုင်းသာ ထိုင်ငေးကြည့်နေလိုက်တော့သည်။

ထိုစဉ် သူ့မျက်လုံးထောင့်နားဆီမှ စဝ်ခွန်စစ် ၏ ပုံရိပ်က အနည်းငယ် လှုပ်ရှားသွားပြီးနောက်တွင်တော့ ဘောပင်တစ်ချောင်းက သူ့ရှေ့စားပွဲပေါ်သို့ ရုတ်တရက် ရောက်လာလေသည်။ စဝ်လွန်းရီ လည်း ထိုဘောပင်ကို ချက်ချင်း မကောက်ယူလိုက်သေးဘဲ သူ့ဘေးမှ စဝ်ခွန်စစ် အား 'ဘာလဲဟ' ဟူသောအကြည့်ဖြင့် မျက်မှောင်ကြုတ်ကာ ပြန်ကြည့်လိုက်လေသည်။ စဝ်ခွန်စစ် ကလည်း သူ့အား ပြန်လှည့်ကြည့်နေကာ နူးနူးညံ့ညံ့ပြုံးပြရင်း စားပွဲ​ပေါ်မှဘောပင်အားယူရန် ခေါင်းကို ခပ်သာသာတိမ်းစောင်း၍ ညွှန်ပြလိုက်လေသည်။ စဝ်ခွန်စစ် ဘက်က သူ့အား ဆက်ဆံလာသည့် အပြုအမူက သူ မျှော်လင့်မထားမိသည့်ပုံစံ ဖြစ်နေတာကြောင့် စဝ်လွန်းရီ တစ်ယောက် ရုတ်တရက် မတွေးတတ်ဖြစ်သွားသည်။ စဝ်ခွန်စစ် ၏ နှုတ်ခမ်းထောင့်မှ သူထိုးထားသောဒဏ်ရာမှာ အမာရွှတ်ပင် မကျန်တော့ကြောင်းကိုတော့ နီးကပ်နေသော အနေအထားကြောင့်  သူ သတိပြုမိလိုက်သည်။

ထို့နောက်တွင်တော့ စဝ်လွန်းရီ လည်း စကားအပို မပြောချင်တာကြောင့် အကြည့်ချင်းဆုံနေရာမှ ခပ်တည်တည်ဖြင့် ရှေ့ဘက်သို့ ပြန်လှည့်လိုက်ပြီး စားပွဲပေါ်မှ ဘောပင်ကိုလည်း စဝ်ခွန်စစ် ဘက်သို့ ပြန်တွန်းရွှေ့ပေးလိုက်လေသည်။ စဝ်ခွန်စစ် ကတော့ ထိုဘောပင်ကို ထပ်လည်း မပေးတော့သလို ပြန်လည်းမသိမ်းတော့ဘဲ သူ တွန်းရွှေ့လိုက်သောနေရာတွင်သာ လက်ရာမယွင်း ထားထားလိုက်ပြီး ဘာမှမဖြစ်သလိုပင် စာကိုသာ ဆက်နားထောင်နေလေသည်။

စဝ်လွန်းရီကတော့ သူ့ အခြားဘေးတစ်ဖက်မှ အတန်းဖော်တစ်ယောက်ကိုသာ ခပ်တိုးတိုး လှမ်းခေါ်လိုက်ပြီး ဘောပင်တစ်ချောင်းလောက် အပိုပါသေးလား ဟု လှမ်းမေးလိုက်လေသည်။ ထိုအတန်းဖော်က အားနာသည့် အပြုံးဖြင့် ပြန်ပြုံးပြ၍ ခေါင်းခါရမ်းလာသည့်အခါတွင်တော့ စဝ်လွန်းရီ တစ်ယောက် အောင့်သက်သက်ပင် ဖြစ်သွားလေသည်။ ဤသို့ဖြင့် အတန်းချိန် တစ်လျှောက်လုံး သူ ဘာကိုမှ လိုက်မရေးမှတ်ပဲနှင့်သာ နေနေလိုက်တော့သည်။

ပါမောက္ခ စမစ် ၏ သင်ခန်းစာ ပြီးသည့်အချိန်တွင်တော့ အားလပ်ချိန် ချက်ချင်းမပေးသေးဘဲ group project အတွက် သက်ဆိုင်ရာ supervisor နှင့် ဆွေးနွေးရန် အချိန် တစ်နာရီ ပေးလေသည်။ ထိုအချိန်၌ ကျောင်းသားများ အချင်းချင်း သင်ခန်းစာထဲမှ မရှင်းလင်းသော အကြောင်းအရာများကို အသေးစိတ် ပြန်လည်ဆွေးနွေးပြီးသည့်နောက်တွင်တော့ supervisor က project အတွက် အဖွဲ့လိုက် လုပ်ဆောင်ရမည့် အစီအစဉ်များကို ရှင်းပြလေသည်။

"ဆယ်ယောက်တစ်ဖွဲ့ကို ခေါင်းစဉ်တစ်ခုစီနဲ့ တစ်လ အတွင်း အပြီးလုပ်ရမယ်" supervisor ဆရာမ က ပြောလိုက်ရင်း သူတို့ရှေ့စားပွဲပေါ်သို့ စာရွက်စာတမ်းဖိုင် တစ်ယောက်တစ်ခုစီ ဝေပေးလိုက်သည်။

"အဓိကခေါင်းစဉ်ထဲက အကြောင်းအရာတစ်ခုစီကို အဖွဲ့ဝင်နှစ်ယောက်စီက ပြန်ခွဲပြီး တာဝန်ယူရမယ်" သူက ဆက်ပြောလိုက်သည်။

သူ့ရှေ့တွင်လာချထားသောဖိုင်ကို စဝ်လွန်းရီ လှမ်းယူကြည့်လိုက်သည့်အခါတွင်တော့ "National Economy Trade and Industrial Policies" ဟူသော ခေါင်းစဉ် ဖြစ်နေကြောင်း သိလိုက်ရသည်။ ကံမကောင်းစွာဖြင့် စဝ်ခွန်စစ် ၏ လက်ထဲတွင်လည်း ထိုခေါင်းစဉ်နှင့် ဖိုင်တွဲ ရှိနေခဲ့လေသည်။

*****************

Zawgyi

သူ႔လက္သီးက အရွိန္ျပင္းသြားေၾကာင့္ စဝ္ခြန္စစ္ တစ္ေယာက္ ၾကမ္းျပင္ေပၚသို႔ လဲက်လုနီးနီးပင္ ယိုင္နဲ႔သြားကာ ႏႈတ္ခမ္းေထာင့္မွလည္း ေသြးမ်ားစို႔တက္လာေလသည္။

စဝ္ခြန္စစ္ က ခ်က္ခ်င္းဆိုသလို သူ႔ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ားကို လက္ခုံျဖင့္သုတ္ပစ္ကာ သူ႔အား ျပန္လည္စူးစိုက္၍ၾကည့္လာသည္။ သို႔ေသာ္ သူ႔တြင္ ျပန္လည္ လက္တုံ႔ျပန္ရန္ အစီအစဥ္ေတာ့ရွိဟန္ မတူေခ်။ စူးရွေသာမ်က္ဝန္းအစုံတို႔ျဖင့္ ဒီအတိုင္းသာ သူ႔အား ေငးစိုက္ၾကည့္ေနေလသည္။

ထိုမ်က္ဝန္းမ်ား၏ အဓိပၸာယ္ကိုမူ စဝ္လြန္းရီ ပုံမေဖာ္တတ္။ ေသခ်ာသည္တစ္ခုကေတာ့ ထိုမ်က္ဝန္းအစုံ၏ ပိုင္ရွင္အား သူ ေနာက္တစ္ႀကိမ္ ပိတ္ထိုးရန္ မႀကိဳးစားမိေတာ့ေခ်။

ထိုစဥ္ ထိုးလားႀကိတ္လားႏွင့္ ႐ုတ္တရက္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားသည္မို႔ သူတို႔ႏွစ္ဦးအနားသို႔ pub တစ္ခုလုံးနီးပါး ေရာက္လာၾကသည္။ ဤသို႔ျဖင့္ စဝ္ခြန္စစ္ အား ဝိုင္းထိန္းေပးၾကသူမ်ားက တစ္ဖြဲ႕၊ သူ႔အား ဝိုင္းဆြဲၾကသူမ်ားက တစ္ဖြဲ႕ ႏွင့္ pub ထဲတြင္ ပြဲတစ္လုံးျဖစ္သြားေတာ့သည္။

အရင္ဦးဆုံးေရာက္လာၾက သူမ်ားကေတာ့ သူ႔နားမွ သူငယ္ခ်င္းႏွစ္ဦး ျဖစ္ေသာ ဒန္နီရယ္ ႏွင့္ ဝီလီယံ တို႔ျဖစ္ကာ သူ႔ကို ေဘးတစ္ဘက္တစ္ခ်က္စီမွ ဝိုင္းဆြဲ၍ စဝ္ခြန္စစ္ အား အားနာပါးနာႏွင့္ ေတာင္းပန္ၾကေလေတာ့သည္။

"သူနဲ႔ထိုက္တန္တာ သူ ျပန္ရတာေလ.. ဘာေတာင္းပန္စရာလိုလို႔လဲ?" စဝ္လြန္းရီ လည္း ေျပာေျပာဆိုဆိုျဖင့္ သူ႔အား ခ်ဳပ္ထားေသာ သူငယ္ခ်င္းႏွစ္ေယာက္ကို တြန္းထုတ္လိုက္သည္။ ထို႔ေနာက္ ဝိုင္းဝန္းအကဲခတ္ေနၾကေသာ လူအုပ္ႀကီး၏ အၾကည့္မ်ားကို ဥေပကၡာျပဳကာ pub ထဲမွ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ထြက္လာခဲ့လိုက္ေတာ့သည္။

The Aristo Pub တြင္ ထိုကိစၥျဖစ္ခဲ့ၿပီး ေနာက္ပိုင္းရက္မ်ားတြင္ေတာ့ စဝ္ခြန္စစ္ ၏ အရိပ္အေယာင္ကို သူ တစိုးတစိမွ် မျမင္ေတြ႕ရေတာ့ေခ်။ အတန္းေဖာ္မ်ား၏ အကဲခတ္ေသာ အၾကည့္စိမ္းစိမ္းမ်ားမွာလည္း တစ္ရက္ႏွစ္ရက္ေလာက္ၾကာၿပီးသည့္ေနာက္တြင္ေတာ့ အားလုံးေမ့ေမ့ေပ်ာက္ေပ်ာက္ျပန္ျဖစ္သြားၾကသည္။ ဒန္နီရယ္ ႏွင့္ ဝီလီယံ တို႔ကလည္း အလိုက္သိစြာျဖင့္ ထိုအေၾကာင္းကို တစ္ခြန္းတစ္ေလမွ်ေတာင္ စကားမစ ၾကသျဖင့္ တစ္ပတ္ေလာက္ၾကာေသာအခါတြင္ေတာ့ သူ ကိုယ္တိုင္သည္လည္း ဘာမွမျဖစ္ဖူးခဲ့သလို သတိေတာင္ မရေတာ့ေခ်။

သို႔ေသာ္ျငား တစ္ပတ္ေက်ာ္ၾကာၿပီးသည့္ စေနေန႔ပိတ္ရက္တစ္ရက္တြင္ေတာ့ စဝ္လြန္းရီ ထံသို႔ မေမွ်ာ္လင့္ထားေသာ ဖုန္းတစ္လုံးက ဝင္လာေလသည္။

ထိုေန႔က ေက်ာင္းပိတ္ရက္လည္း ျဖစ္သလို ဘယ္မွလည္းမသြားျဖစ္တာမို႔ စဝ္လြန္းရီတစ္ေယာက္ သူ႔ဝါသနာအတိုင္း အိမ္အေပၚထပ္ရွိ ဓာတ္ပုံကူးသည့္ အေမွာင္ခန္းထဲတြင္ Jazz သီခ်င္းသံေလး တၿငိမ့္ၿငိမ့္ျဖင့္ အလုပ္ရႈပ္ေနခဲ့သည္။ ဓာတ္ပုံဖလင္ေလးကူးလိုက္၊ သီခ်င္းေလး လိုက္ညည္းလိုက္၊ စားပြဲေပၚက ဝီစကီေလးကို တစ္ခ်က္သြားသြားေမာ့လိုက္ႏွင့္လုပ္ေနရသည္က သူ႔အတြက္ေတာ့ ေလာကနိဗၺာန္ပင္ျဖစ္သည္။

စဝ္လြန္းရီ က လူတစ္ဦးတစ္ေယာက္၏ သီးသန႔္ potrait ပုံမ်ားကို ႐ိုက္ရသည္ထက္ ေန႔စဥ္လႈပ္ရွားသြားလာေနေသာ လူအမ်ား၏ သဘာဝဆန္ဆန္ လွ်ပ္တျပတ္ street photo မ်ားလိုက္႐ိုက္ရသည္ကို ပိုသေဘာက်သည္။ သို႔ေသာ္ သူက သာမန္လူ မဟုတ္ဘဲ မင္းသားတစ္ပါးျဖစ္ေနသည္မို႔ လူၾကားထဲသူၾကားထဲက သြားခ်င္တိုင္း သိပ္သြားလို႔မရ။ တစ္ခါတစ္ရံ ေက်ာင္းပိတ္ရက္မ်ားမွသာ ေဘးနားမွ ကိုယ္ရံေတာ္ ဦးအုန္းေမာင္ ႏွင့္ ၿမိဳ႕ပတ္ၿပီး ကားတစ္စီးျဖင့္ ခိုးေၾကာင္ခိုးဝွက္ ဓာတ္ပုံလိုက္႐ိုက္ရေလသည္။

ယခုတေလာတြင္က သူ႔တြင္ ေက်ာင္းကိစၥမ်ားေရာ လူမႈေရးရာကိစၥမ်ားပါ ရႈပ္ေနတာမလို႔ ဟိုးအရင္ ေရွ႕ႏွစ္ပတ္ေက်ာ္ ၿမိဳ႕မေစ်းဘက္သြားတုန္းက ႐ိုက္ထားသည့္ ဓာတ္ပုံမ်ားကို ဒီကေန႔မွသာ ကူးရေလသည္။

ဖုန္းကိုင္ရန္ ေဒၚလုံး လာေခၚေတာ့ သူ႔မွာ ဓာတ္ပုံေဆးစိမ္ရင္း တန္းလန္းျဖစ္ေနတာမလို႔ "ဘယ္သူလဲ" ဟုသာ အခန္းထဲမွ လွမ္းေအာ္ေမးလိုက္ေလသည္။

"ဂ်ဴလီယာ လို႔ေျပာပါတယ္ ဘုရား"

တံခါးတစ္ဖက္ဆီမွ မေမွ်ာ္လင့္ထားေသာ အေျဖကို ၾကားလိုက္ရေသာေၾကာင့္ သူ႔ရဲ႕ လႈပ္ရွားမႈေတြ ရပ္တန႔္သြားၿပီး အနည္းငယ္ အံ့အားသင့္သြားမိသည္။ ႐ုတ္တရက္မလို႔ မည္သို႔ တုံ႔ျပန္ရမွန္း သူ မဆုံးျဖတ္တတ္။ 

"ကြၽန္ေတာ္ မအားဘူးလို႔ ေျပာလိုက္"  အတန္ငယ္ၾကာေအာင္ေတြေဝေနၿပီးမွ သူ ေျပာလိုက္သည္။

"ခဏ...."

"ထားခဲ့လိုက္ေတာ့.. ကြၽန္ေတာ္ ကိုင္လိုက္မယ္"

သူ ဖုန္းကိုင္လိုက္ေတာ့ တစ္ဖက္က ရင္းႏွီးေသာ အသံ ခပ္တိုးတိုးက တုံ႔တုံ႔ဆိုင္းဆိုင္းႏွင့္ ျပန္ေျဖလာသည္။

"ဟဲလို.. ဟင္နရီ.. တို႔ပါ.. စကားခဏေလာက္ေျပာလို႔ရမလား?"

"မင္းနဲ႔ငါၾကားမွာ ဘာကိစၥမ်ား ေျပာစရာရွိေသးလို႔လဲ?" သူ ေလသံမာမာျဖင့္ ျပန္တုံ႔ျပန္လိုက္သည္။

"ဒါလင့္မွာ ေျပာစရာမရွိဘူးဆိုရင္ေတာင္ တို႔ ေျပာတာေလးေတာ့ ခဏေလာက္ နားေထာင္ေပးလို႔ မရဘူးလားဟင္?"

ဂ်ဴလီယာေစာတင္ ၏ အသံကို ၾကားေလေလ၊ သူ ႏွလုံးသားထဲက နာေလေလ၊ စိတ္တိုလာေလေလ ျဖစ္လာကာ ခတ္ျပတ္ျပတ္ပင္ ျပန္ေျဖလိုက္သည္။

"မရဘူး"

ဘာကိုပဲလိုလို စိတ္တိုင္းက် ရေနေသာ သူ႔ဘဝတြင္ ႐ုတ္တရက္ႀကီး အပယ္ခံ၊ အစြန႔္လႊတ္ခံ ျဖစ္သြားရေသာ ခံစားရခ်က္က ဘယ္လိုမွ သည္းခံႏိုင္စရာ အေၾကာင္းျပခ်က္မရွိေပ။ သူ စိတ္တိုတိုျဖင့္ ဖုန္းကို ခ်လိုက္ေတာ့မည္အလုပ္တြင္ေတာ့ တစ္ဖက္ဆီမွ တရႈံ႕ရႈံ႕ငိုေႂကြးသံႏွင့္အတူ တုန္တုန္ရီရီစကားသံကို ၾကားလိုက္ရေလသည္။

"တို႔ မွားတာပါ.. တို႔ ​ေတာင္းပန္ပါတယ္"

"ဒါပဲမလား?" သူ ေျပာေျပာဆိုဆိုျဖင့္ တစ္ဖက္မွေျပာစကားကို ဆက္နားမေထာင္ေတာ့ပဲ ဖုန္းကို ခ်ပစ္လိုက္ေတာ့သည္။

သို႔ေသာ္ ဖုန္းနားက သူ႔လက္ေတာင္ မခြာရေသးခင္မွာပင္ ဖုန္းသံက ထပ္ျမည္လာျပန္ေလသည္။ သူလည္း စိတ္ရႈပ္ရႈပ္ျဖင့္ မ်က္ေမွာင္ၾကဳတ္၍ ဖုန္းကို ဆတ္ခနဲ ျပန္ေကာက္ကိုင္တာ ေျပာလိုက္ေလသည္။

"မင္းက ဘာျဖစ္ခ်င္ေသးလို႔လဲ?"

"တို႔ကို အဲ့လိုႀကီး မလုပ္ပါနဲ႔.. တို႔နဲ႔သူက ဘာမွရင္းႏွီးတဲ့ပက္သက္မႈမ်ိဳး မရွိပါဘူး.. ဒါလင္ အထင္လြဲေနတာပါ"

"ဪ.. မရင္းႏွီးဘူးကိုး.. ဟက္" ဘာမွျပန္တုံ႔ျပန္မေျပာေတာ့ဘူးဟု ဆုံးျဖတ္ထားၿပီးျဖစ္ေသာ္လည္း သူ ခနဲ႔တဲ့တဲ့ျဖင့္ ျပန္ေျပာလိုက္မိသည္။

"တို႔ တဒကၤ မွားယြင္းသြားတာပါ.." ဂ်ဴလီယာေစာတင္ က ထပ္မံ၍ ေျပာလာျပန္သည္။

"ဟိုေန႔တုန္းက မင္းအခ်ိဳးက ဒါမ်ိဳးမဟုတ္ပါဘူး။ဘာလဲ.. အခုမွ ဟိုေကာင္က မင္းနဲ႔ မအိပ္ခ်င္ေတာ့ဘူးေျပာလို႔ ငါ့ဆီျပန္ေရာက္လာတာလား?"

"တို႔မွာ သူနဲ႔ အဲ့လိုအဆင့္ထိ ပက္သက္မႈမ်ိဳးေတာင္ မရွိခဲ့ဖူးပါဘူး.. တို႔ က်ိန္ရဲတယ္"

"ရွိရွိ မရွိရွိ ငါ စိတ္မဝင္စားဘူး.. မင္းကိုလည္း ဟိုေန႔ကတည္းက စကားအကုန္ေျပာၿပီးသြားၿပီ.. ငါ့ကို ထပ္ လာမေႏွာင့္ယွက္နဲ႔ေတာ့"

သူတို႔ႏွစ္ဦးၾကားက ျငင္းခုန္မႈက စကားတစ္ခြန္းထုတ္ေျပာလိုက္ေလေလ ပိုမို၍ ျပင္းထန္လာေလေလ ျဖစ္လာေလသည္။ ခဏအၾကာတြင္ေတာ့ တစ္ဖက္မွ ဂ်ဴလီယာေစာတင္ က ေလသံကိုေဖ်ာ့ကာ အေလွ်ာ့ေပးလာေလသည္။

"ခဏ... ခဏေလာက္ပါပဲ.. ခဏေလာက္ေတာ့ ေတြ႕လို႔ရမယ္မလား?"

"မင္းကို နားလည္ေအာင္ ဘယ္ႏွခါေျပာရမလဲ? မင္းမွာ မာန မရွိဘူးလား?" တစ္ဖက္က ဘယ္လိုပဲေျပာလာလာ စဝ္လြန္းရီဘက္ကေတာ့ အေလွ်ာ့ေပးရန္ အစီအစဥ္ လုံးဝ မရွိေပ။

"တို႔ ေတာင္းပန္ပါတယ္.. ခဏေလာက္ေတြ႕ၿပီးရွင္းျပခ်င္လို႔ပါ.. အဲ့ဒါၿပီးရင္ ဒါလင္ ဘယ္လိုဆုံးျဖတ္ျဖတ္ တို႔ လက္ခံပါ့မယ္.. ေနာ္?"

သူ ဖုန္းကိုကိုင္ထားရင္း စိတ္ရႈပ္ရႈပ္ျဖင့္ သက္ျပင္းခ်ကာ ဆံပင္မ်ားကို ခပ္ၾကမ္းၾကမ္းဖြာလိုက္မိသည္။ သူ ဘယ္လိုေျပာေျပာ ဂ်ဴလီယာေစာတင္ က လက္ေလွ်ာ့မည့္ပုံ မေပၚေခ်။

"ေကာင္းၿပီေလ.. မင္းစကား မင္း တည္ပါေစ"

သူ႔စကားဆုံးသည္ႏွင့္ ခ်က္ခ်င္းဆိုသလိုပင္ တစ္ဖက္မွ ဂ်ဴလီယာေစာတင္ က ဝမ္းသာအားရျဖင့္ ျပန္တုံ႔ျပန္လာေလသည္။ "တို႔ အခု ခ်က္ခ်င္း ဒါလင့္ အိမ္ေရွ႕လာခဲ့မယ္"

စဝ္လြန္းရီ ဘာစကားတစ္ခြန္းမွ ထပ္မေျပာေတာ့ဘဲ ဖုန္းကို ခ်ပစ္လိုက္သည္။

အိမ္ေရွ႕တြင္ ဂ်ဴလီယာေစာတင္ ေရာက္ေနေၾကာင္း ေဒၚလံုး လာေျပာေသာအခါတြင္ေတာ့ အိမ္ေပၚထပ္ မွန္ျပတင္းေပါက္မွ ခန္းဆီးလိုက္ကာကို လက္တစ္ဖက္ျဖင့္ မ တင္လိုက္ၿပီး ၿခံထိပ္ကို စဝ္လြန္းရီ လွမ္းၾကည့္လိုက္သည္။ အိမ္ႏွင့္ ၿခံအဝင္ဝ က အနည္းငယ္လွမ္းေသာ္လည္း အိမ္ေပၚထပ္မွၾကည့္လွ်င္ေတာ့ လမ္းမဘက္ကို ျမင္ရေလသည္။ ခါတိုင္းကဲ့သို႔ပင္ ၿခံဝင္းတံတိုင္းနား၌ ကပ္ၿပီးရပ္ထားေသာ ဂ်ဴလီယာေစာတင္ ၏ စီးေနက် ဝယ္ဂြန္ကား အနီေရာင္ေလးကို လွမ္းျမင္လိုက္သည့္အခါတြင္ေတာ့ သူ သက္ျပင္းအရွည္ႀကီး ခ်လိုက္မိသည္။

ထိုျမင္ကြင္းက သူ ျမင္ဖူးေနက် ျဖစ္ေသာ္လည္း ယခုတြင္ေတာ့ ယခင္ကလို စိတ္ခံစားခ်က္မ်ိဳးႏွင့္ ၾကည့္မေနႏိုင္ေတာ့ေခ်။ တစ္ခ်ိန္က ဂ်ဴလီယာေစာတင္ ႏွင့္ ပက္သက္လာလွ်င္ ရင္ခုန္စိတ္လႈပ္ရွားခဲ့ဖူးေသာ သူ႔ ႏွလုံးသားမွာ ယခုအခါတြင္ေတာ့ ေရခဲတမွ် ေအးစက္မာေၾကာေနခဲ့ၿပီ။

အျပင္ဘက္တြင္ ရာသီဥတုေအးေသာေၾကာင့္ ဆြယ္တာပါးေပၚမွ အေႏြးထည္ေနာက္တစ္ထပ္ကို ထပ္ဝတ္ကာ ၿခံထိပ္သို႔ စဝ္လြန္းရီ တစ္ေယာက္တည္း ထြက္လာခဲ့လိုက္သည္။ ယခုလက္ရွိအခ်ိန္တြင္ သူ ဂ်ဴလီယာေစာတင္ ကို အေတာ္ပင္ စိတ္ကုန္လ်က္ရွိၿပီး ထိုမိန္းမ၏မ်က္ႏွာအား ျမင္ေတြ႕လိုသည့္စိတ္ မရွိေပ။ သို႔ေသာ္ ထိုသူက သူထြက္မေတြ႕မခ်င္း လက္ေလွ်ာ့လိုက္မည့္ လူစားမ်ိဳး မဟုတ္ေၾကာင္း သူ သိသည္။ ထို႔အျပင္ ထိုေန႔ညက စကားအကုန္ေျပာၿပီးေနာက္ ဤေန႔တြင္မွ ျပန္ဆက္သြယ္လာရျခင္း၏ ေနာက္ကြယ္မွ အေၾကာင္းတရားမ်ားကိုလည္း သူ သိခ်င္ေသးသည္။

စဝ္လြန္းရီ ကို ေတြ႕လိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ ဂ်ဴလီယာေစာတင္ က ကားေပၚမွ ခ်က္ခ်င္းပင္ ဆင္းလာေလသည္။ သို႔ေသာ္ ေရွ႕သို႔ ေနာက္ထပ္ေျခလွမ္း ထပ္လွမ္းမလာခင္မွာပင္ ကားရွိရာဘက္သို႔ သူ ေမးေငါ့ကာ ကားထဲသို႔ျပန္ဝင္ရန္ အရိပ္အေျချပလိုက္သည္။ ထို႔ေနာက္ ဂ်ဴလီယာေစာတင္ ၏ ဝယ္ဂြန္ကားထဲသို႔ သူပါ ဝင္ထိုင္လိုက္ေလသည္။

"ေျပာစရာရွိတာ ျမန္ျမန္ေျပာ" ေဘးမွ ဂ်ဴလီယာေစာတင္ ၏ မ်က္ႏွာကိုပင္ မၾကည့္ေတာ့ပဲ သူ ဘက္ကေန စၿပီး ခပ္ျပတ္ျပတ္ စကားဆိုလိုက္သည္။

သူ႔အျပဳအမူကို ၾကည့္ၿပီး ဂ်ဴလီယာေစာတင္ က ခပ္အုပ္အုပ္ရယ္ေမာရင္း လက္ကိုင္ပုဝါျဖင့္ မ်က္ဝန္းနားက မ်က္ရည္မ်ားကို သုတ္လိုက္သည္။ ထို႔ေနာက္ သက္ျပင္းအရွည္ႀကီးခ်ကာ အခ်ိန္အတန္ၾကာေအာင္ တိတ္တဆိတ္ အားယူလိုက္ၿပီးမွ စကားကို အစခ်ီလိုက္ေလသည္။ "တို႔ မမွားဘူးလို႔ မေျပာပါဘူး.. အဲ့အတြက္လည္း စိတ္ရင္းနဲ႔ တို႔ ေတာင္းပန္ပါတယ္.. ၿပီးေတာ့ ဒါလင္ရွိေနမွန္း သိလွ်က္နဲ႔ စဝ္ခြန္စစ္ ဘက္က စၿပီး တို႔ကို လိုက္ခဲ့တာေလ"

"မင္း ဟိုေန႔ကလည္း ဒီစကားပဲေျပာတာပဲ.. အခုလည္း ထပ္ေခၚၿပီး ဒါေတြပဲ ထပ္ေျပာေနဦးမယ္ဆိုရင္ ငါ ဆက္ နားမေထာင္ႏိုင္ေတာ့ဘူး"

"တို႔ တဒကၤ အေတြးမွားသြားတာပါ.. တို႔ ေျပာမယ္ ေသခ်ာနားေထာင္..  ဒါေတြအားလုံးျဖစ္ရတာ အမွန္ေတာ့ ဒါလင့္ ေၾကာင့္ပဲ.. ဒါလင့္ကို အရမ္းခ်စ္လို႔ ျဖစ္ရတာ"

ဂ်ဴလီယာေစာတင္ ၏ ရွင္းလင္းခ်က္မဆုံးေသးခင္မွာပင္ စဝ္လြန္းရီတစ္ေယာက္ အသံအက်ယ္ႀကီးထြက္ေအာင္ ရယ္ေမာလိုက္မိသည္။ သူ႔ကို ေဖာက္ျပန္ရတဲ့ ဂ်ဴလီယာေစာတင္ ရဲ႕ အေၾကာင္းျပခ်က္က သူ႔ကို အရမ္းခ်စ္ လို႔တဲ့... ဘယ္လိုေတာင္ ရယ္ရလိုက္တဲ့ ဟာသမ်ိဳးပါလိမ့္?

"မင္း ႐ူးေနၿပီလား? မင္းေျပာေနတာေတြက အဓိပၸာယ္ရွိရဲ႕လားဆိုတာ ကိုယ့္ဘာကိုယ္ ျပန္စဥ္းစားၾကည့္ဦး"

"ဒါလင့္ ဘက္ကလည္း မွားခဲ့တာပဲေလ.. ဒါလင့္ ရဲ႕သူငယ္ခ်င္းေတြအေပၚကို ဆက္ဆံသေလာက္ေတာင္ တို႔ကို ဂ႐ုစိုက္ခဲ့ဖူးလို႔လား​? ျပန္ေတြးၾကည့္ပါဦး"

"မင္းရဲ႕အမွားေတြကို ငါ့အေပၚ ဘာမွ လာပုံခ်မေနနဲ႔ ။ ငါ့ဘက္က မွားမွားမွန္မွန္ ငါ ဂ႐ုမစိုက္ဘူး။ မင္း ဘာလုပ္လုပ္လည္း ငါ ေစာက္ ဂ႐ုမစိုက္ဘူး။" သူ အေတာ္ေလး ေဒါသထြက္သြားသည္။ ဂ်ဴလီယာေစာတင္ က သူခိုးလူျပန္ဟစ္သည့္ စကားမ်ိဳးကိုပါ သူ႔အား အရွက္မရွိ လာေျပာေနေသးသည္။

"ဒါလင့္ ကို ခ်စ္ရတာ တို႔အတြက္ အရမ္းပင္ပန္းတယ္.. သိလား? ဒါလင့္ ႏွလုံးသားထဲမွာ တို႔ တကယ္ မရွိဘူးလို႔ပဲ အၿမဲ ခံစားခဲ့ရတယ္... ဒါေပမဲ့ တို႔ မ႐ုန္းထြက္ႏိုင္ခဲ့ဘူး.. စဝ္ခြန္စစ္ ကို ဒါလင့္ဆီကေန တို႔ ႐ုန္းထြက္ဖို႔အတြက္ ကူညီႏိုင္မယ့္လူလို႔ ထင္ခဲ့မိတယ္" ဂ်ဴလီယာေစာတင္ ၏ စကားမ်ားမွာ တျဖည္းျဖည္းႏွင့္ ပို၍ပို၍ အဓိပၸာယ္ကင္းမဲ့လာေလသည္။

အစပိုင္းတြင္ေတာ့ တစ္ဖက္မွ ထပ္မံေျဖရွင္းလာမယ့္ စကားမ်ားကို သူ သိခ်င္လိုက္မိေသာ္လည္း ဤမွ်ေလာက္ ယုတၱိမတန္လိမ့္မည္ဟုေတာ့ မထင္ထားမိခဲ့ေပ။ 'သိပ္ခ်စ္၍ေဖာက္ျပန္မိပါသည္' ဆိုေသာ အဓိပၸာယ္မဲ့လြန္းသည့္ စကားေၾကာင့္ သူ႔ဘက္ကေန ခြင့္လႊတ္ၿပီး ျပန္လက္ခံေပးရေအာင္လည္း သူသည္ ငတုံးငအ တစ္ေယာက္ မဟုတ္ေခ်။

"ကူညီမယ့္လူေတြ႕ၿပီဆိုလည္း ရၿပီမလား.. အခုက ဘာျဖစ္ခ်င္ျပန္ၿပီလဲ?" စဝ္လြန္းရီ လည္း စိတ္မရွည္စြာျဖင့္ စကားကို ျဖတ္ေမးလိုက္သည္။ သူ႔တြင္ လုံးဝ စကားဆက္ေျပာခ်င္စိတ္ မရွိေတာ့။

"မရဘူးေလ.. တို႔ ႀကိဳးစားၾကည့္ေပမယ့္ တို႔ ႏွလုံးသားထဲမွာ ဒါလင္ တစ္ေယာက္ပဲရွိတာ" ေျပာရင္းဆိုရင္းျဖင့္ ဂ်ဴလီယာေစာတင္ က တရႈံ႕ရႈံ႕ ငိုေႂကြးလာျပန္ေလသည္။

"ငါက မင္း စိတ္တိုင္းမက်ရင္ ထားခဲ့မယ္၊ သေဘာက်ရင္ ျပန္လာမယ္ ဆိုတိုင္း ရရေအာင္ အေပါစားေကာင္ မဟုတ္ဘူး.. စဝ္လြန္းရီ ဆိုတဲ့ ငါက ဘယ္သူလဲ ဆိုတာ မင္း ဦးေႏွာက္ရွိရင္ နားလည္" ေဒါသထြက္ေနတယ္ဆိုေပမဲ့လည္း သူ႔စိတ္ထဲ ရွိတာအကုန္လုံးကို ႏႈတ္ကေန ထုတ္ေျပာလိုက္ရတာေၾကာင့္မလို႔ စဝ္လြန္းရီ အနည္းငယ္ေတာ့ စိတ္ေပါ့ပါးသေယာင္ ရွိသြားသည္။

"တို႔ေတာင္းပန္ၿပီးၿပီပဲ.. ဘယ္လိုလုပ္ေပးမွ ေက်နပ္မွာလဲ? စဝ္ခြန္စစ္ နဲ႔ကလည္း တို႔ သုံးေလးရက္ေလာက္ ထမင္းတူတူစားမိတာကလြဲလို႔ ဘာမွ ျဖစ္ခဲ့တာ မဟုတ္ဘူး.. မွားခဲ့တာေတြကိုေမ့ၿပီး အသစ္ကေန ျပန္စရေအာင္ေလ..ေနာ္?"

"မင္းရဲ႕ စဝ္ခြန္စစ္ နဲ႔ သြားစ ပါလား..  ငါကေတာ့ မင္းနဲ႔ ဆိုရင္ေတာ့ အေဟာင္းလည္း ေရွ႕မဆက္ခ်င္သလို အသစ္လည္း ျပန္မစခ်င္ဘူး"

"ဟုတ္ၿပီ.. တို႔ လိုရင္းကိုပဲေျပာေတာ့မယ္.. တို႔ဘက္က ဒါလင့္ကို အရမ္းခ်စ္ေပမယ့္ ဒါလင့္ဘက္ကေတာ့ တို႔ကို လုံးဝ မခ်စ္ခဲ့ဘူး ဆိုတာ ကိုယ့္ကိုကိုယ္ေရာ သိရဲ႕လား?"

"အခ်စ္ေတြဘာေတြ ႀကီးႀကီးက်ယ္က်ယ္ေျပာေနရေအာင္ မင္းကေရာ ဘာထူးလို႔လဲ? ေစာ္ဘြားကေတာ္ ျဖစ္ခ်င္လို႔ ငါနဲ႔ တြဲခဲ့တာပဲေလ" သူ အေတာ့္ကိုပင္ စိတ္မရွည္ျဖစ္ေနေလၿပီ။

"တို႔အခ်စ္ကို မေစာ္ကားပါနဲ႔..  ဒါလင္ တို႔ကို တြဲတယ္ဆိုတာေလ ေျပာရရင္ လခ်ဳပ္နဲ႔ အေပ်ာ္မယ္ ငွားထားသလိုပဲ.. ဒါလင့္ဘက္က တစ္ခုခု အလိုရွိရင္​ေတာ့ တို႔ကိုေခၚတယ္.. တို႔ဘက္က တစ္ခုခုေတာင္းဆိုရင္ေတာ့ ဘယ္တုန္းကမ်ား ျဖည့္ဆည္းေပးဖူးလဲ? တို႔႐ုပ္ရွင္ၾကည့္ခ်င္တယ္ဆိိုလို႔ တစ္ခါေလးလိုက္ျပတာေတာင္ ႏွစ္ပတ္သုံးပတ္ေလာက္ ေျပာယူရတယ္.. ၿပီးေတာ့ အတည္တြဲတယ္သာေျပာတာ တရားဝင္ရည္စားအျဖစ္ လူဘယ္ႏွေယာက္ကိုမ်ား မိတ္ဆက္ေပးခဲ့ဖူးလို႔လဲ?"

ဂ်ဴလီယာေစာတင္ ေျပာသမွ်သည္ အေၾကာင္းအရာအားျဖင့္ အမွန္မ်ားျဖစ္ေသာ္လည္း စဝ္လြန္းရီ ဘက္ကေတာ့ ထိုကိစၥမ်ားေၾကာင့္ သူ႔ကိုယ္သူ မွားသည္ ဟု တစ္ခါမွ် မထင္ခဲ့ေပ။ ဂ်ဴလီယာေစာတင္ ဘက္ကသာ ပုံမွန္ထက္ပိုၿပီး ေလာဘႀကီးေနသည္ဟု သူ ထင္သည္။ တြဲတာ ေျခာက္လေတာင္ မျပည့္ေသးသည့္ ရည္းစားတစ္ေယာက္ကို သူ႔ဘက္က လူသိရွင္ၾကားထုတ္ျပစရာလည္း မလိုသလို ၊ အျခား သမီးရည္းစားဇာတ္လမ္းေတြလို အားအားရွိ မုန႔္ထြက္စား၊ ႐ုပ္ရွင္ၾကည့္ရေအာင္လည္း သူ သည္ သြားခ်င္တိုင္းသြား လာခ်င္တိုင္းလာလို႔ရသည့္ သာမန္လူတစ္ဦး မဟုတ္ေခ်။ ထို႔အျပင္ ယခင္က ဘယ္လိုပင္ ေပြခဲ့ရႈပ္ခဲ့ပါေစ ဂ်ဴလီယာေစာတင္ ႏွင့္ အတည္တြဲမည္ဟု သူ႔ဘက္မွ ဆုံးျဖတ္လိုက္ကတည္းက အျခားမည္သူႏွင့္မွ် ေဖာက္ျပားရႈပ္ေပြျခင္းမ်ိဳး မရွိခဲ့ဖူးေပ။

ေနာက္ဆုံးတြင္ေတာ့ သူ႔ေစတနာအား နားမလည္သည့္အျပင္ ေစာ္ကားသည့္ မိန္းမမ်ိဳးႏွင့္ အတည္တြဲရန္ ေ႐ြးခ်ယ္ခဲ့မိသည့္ သူ႔ကိုယ္သူသာ စဝ္လြန္းရီ ႐ြံရွာလိုက္မိေတာ့သည္။

"ေအး... ငါ မင္းကို လုံးဝ မခ်စ္ဘူး.. အဲ့ေတာ့ သြားလိုက္ေတာ့"

"တို႔ကို မခ်စ္လည္း တို႔ သည္းခံေပးမယ္.. ျပန္တြဲၾကရေအာင္" ထိုစကားေၾကာင့္ သူ ေဒါသထြက္ရမည့္အစား အံ့ပင္ဩသြားေလသည္။ ထိုမိန္းမက ပါးစပ္မွ ဤကဲ့သို႔ အရွက္မရွိသည့္ စကားမ်ိဳးထြက္လာႏိုင္ေသးသည္။

"မင္း႐ူးေနတာလား? စဝ္ခြန္စစ္ ပစ္သြားလို႔ ငါ့ဆီ ျပန္လာကပ္တဲ့ လူတစ္ေယာက္ကို ငါ့ဘက္ကေန ဘာမွ ျပန္လက္ခံစရာအေၾကာင္း မရွိဘူး"

"စဝ္ခြန္စစ္ က တို႔ကို ပစ္သြားတာမဟုတ္ပါဘူး.. တို႔စိတ္နဲ႔တို႔ ဒါလင့္ဆီျပန္လာတာပါ" သူ႔အား ဂ်ဴလီယာေစာတင္ က ခ်က္ခ်င္းပင္ အေၾကာက္အကန္ ျပန္ျငင္းဆန္ေလသည္။

"မပစ္ဘူးဆိုလည္း သူ႔ဆီျပန္သြားေလ.. ငါကေတာ့ လုံးဝပဲ.. မင္းကိုအရမ္း႐ြံလို႔ အရိပ္ေလးေတာင္ မျမင္ခ်င္ေတာ့ဘူး"

"အသည္းႏွလုံးမရွိတဲ့လူ ... ရွင္ ေရာ စဝ္ခြန္စစ္ ေရာ.. ေယာက်ာ္းေတြအားလုံးတူတူပဲ... မိန္းခေလးတစ္ေယာက္ကို လိုခ်င္တုန္းကေတာ့ အသည္းအသန္ပဲ.. ရသြားၿပီးရင္ေတာ့ အမႈိက္သာသာလို သေဘာထားၾကတယ္.." ထိုစကားကို ေျပာရင္းႏွင့္ ဂ်ဴလီယာေစာတင္ ၏ မ်က္လုံးမ်ားမွ မ်က္ရည္မ်ား ဆက္တိုက္က်ဆင္းလာေလသည္။

"ငါ့ကို အဲ့ ေၾကာင္သူေတာ္ ႂကြက္သူခိုး ေခြးသူေတာင္းစားေကာင္နဲ႔ တန္းလာမညႇိနဲ႔.. ၿပီးေတာ့ ေနာက္ဆုံးအေနနဲ႔ တစ္ခုေျပာလိုက္မယ္ ငါ့ဆီမွာ အမွားက တစ္ခုပဲ ရွိတယ္.. အဲ့ဒါ မင္းလို မိန္းမမ်ိဳးနဲ႔ ပက္သက္မိတာပဲ.. ေလာကႀကီးမွာ မင္းလိုမိန္းမမ်ိဳးကို ငါ အ႐ြံဆုံးပဲ.. ငါ့ကို ထပ္ၿပီး လာမေႏွာင့္ယွက္နဲ႔ေတာ့ .. မင္းနဲ႔ေျပာစရာ ငါ့မွာ ဘာအေၾကာင္းမွ မရွိေတာ့ဘူး"

စဝ္လြန္းရီ ဘက္ကလည္း ဒီ့ထက္ပိုၿပီး သည္းခံႏိုင္စြမ္း မရွိေတာ့ေခ်။ သူ စိတ္တိုတိုျဖင့္ စကားကိုအျမန္ ျဖတ္ကာ ကားထဲမွထြက္ၿပီး တံခါးကိုလည္း ဝုန္းခနဲျမည္ေအာင္ ေဆာင့္ပိတ္ပစ္ခဲ့လိုက္သည္။
"ဖာ့ခ္"

ထို႔ေနာက္ ေနာက္ဘက္သို႔ တစ္ခ်က္ေတာင္ ျပန္လွည့္မၾကည့္ေတာ့ဘဲ ေျခလွမ္းက်ယ္ႀကီးမ်ားျဖင့္ ၿခံထဲသို႔ ေက်ာခိုင္းဝင္လာခဲ့လိုက္ေတာ့သည္။

အက်ိဳးဆက္ သတင္းေကာင္းအေနႏွင့္ကေတာ့ ထိုေန႔မွစ၍ ဂ်ဴလီယာေစာတင္ ဘက္မွ သူ႔အား ထပ္မံဆက္သြယ္လာျခင္း မရွိေတာ့ေပ။

စဝ္လြန္းရီ သည္လည္း အတိတ္ဒဏ္ရာမ်ားကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ကာ သူငယ္ခ်င္းမ်ား၏ အကူအညီျဖင့္ နဂိုမူလဘဝထဲသို႔ တျဖည္းျဖည္း ျပန္လည္ ဝင္ေရာက္လာခဲ့သည္။ အရာရာက တစ္ဖန္ ပုံမွန္ ျဖစ္လာခဲ့သည္။ အတန္းေလး တက္လိုက္၊ အေပါင္းအသင္းမ်ားႏွင့္ ေပ်ာ္ပါးလိုက္၊ ေကာင္မေလးမ်ားစြာျဖင့္ အရႈပ္ဇာတ္လမ္းေပါင္းစုံ ဖန္တီးလိုက္ လုပ္ကာ သူ႔ရဲ႕ တစ္ပတ္ၿပီးတစ္ပတ္က အခ်ိန္ကုန္မွန္းမသိ ကုန္သြားေလသည္။ ထို႔အျပင္ သူ႔ေမြးေန႔ပြဲကလည္း ရက္ပိုင္းေလာက္သာလိုေတာ့တာမလို႔ အခ်ိဳ႕ေသာ လက္ေဆာင္မ်ားက တစ္ခုၿပီးတစ္ခုဆိုသလို ႀကိဳတင္ေရာက္လာၾကၿပီး အစီအစဥ္ေပါင္း ေျမာက္ျမားစြာျဖင့္ အလုပ္ရႈပ္ေနရေလသည္။

သို႔ေသာ္ ကံၾကမၼာက သူ႔အား အခ်ိန္ၾကာၾကာ မ်က္ႏွာသာ မေပးေခ်။ အလုပ္ရႈပ္ရသည့္အထဲ ႏွစ္ဆုံးစာေမးပြဲကလည္း နီးကပ္လာၿပီး group project မ်ားစြာ ကလည္း ေစာင့္ဆိုင္းေနေလသည္။ ယေန႔တြင္လည္း အတန္းသုံးခုေပါင္းတက္ရေသာ combined lecture ရွိေသာေၾကာင့္ လိုအပ္သည့္စာအုပ္စာတမ္းမ်ားကို ျပင္ဆင္ကာ စာသင္ခန္းမ ဆီသို႔ ဒန္နီရယ္ ႏွင့္အတူ စက္ဘီးကိုယ္စီျဖင့္္္ ထြက္လာခဲ့ၾကသည္။ စဝ္လြန္းရီ ႏွင့္ ဒန္နီရယ္ တို႔ ႏွစ္ေယာက္သားသည္ ထုံးစံအတိုင္း ညက မ်ားသြားသျဖင့္ အတန္းခ်ိန္ေနာက္က်ေနၾကၿပီး ဘယ္ေလာက္ေသာက္ေသာက္ ေတာ္႐ုံနဲ႔ မမူးတတ္ေသာ ဝီလီယံ ကမူ သူတို႔ႏွစ္ေယာက္ကို ေစာင့္မေနေတာ့ပဲ ေစာေစာစီးစီးတည္းက သြားႏွင့္ေနေလၿပီ။

သူတို႔ႏွစ္ေယာက္ အခန္းထဲေရာက္ေတာ့ စာ စသင္ရန္ ပါေမာကၡ က စင္ျမင့္ထက္သို႔ ေရာက္​ေနၿပီျဖစ္ၿပီး ေက်ာင္းသား ေတာ္ေတာ္မ်ားမ်ားမွာလည္း သက္ဆိုင္ရာ စားပြဲအသီးသီးတြင္ ေနရာယူထားၾကၿပီး ျဖစ္သည္။ combined lecuture က group project အေနႏွင့္ သင္မွာျဖစ္တာေၾကာင့္ အဖြဲ႕အလိုက္ စားပြဲဝိုင္းတစ္ခုစီတြင္ ဝင္ထိုင္ရန္ အခန္းအဝင္ဝေကာင္တာက က်ဴတာဆရာတစ္ေယာက္က သူတို႔ႏွစ္ဦးအား ေျပာလိုက္ေသာအခါတြင္ေတာ့ စဝ္လြန္းရီ လည္း ခန္းမထဲသို႔ ေဝ့ဝဲၾကည့္ကာ ေနရာလြတ္က်န္ဦးမည့္စားပြဲအား လွမ္းရွာလိုက္မိသည္။ သူတို႔ႏွစ္ဦးမွာ အေတာ္ေနာက္က်ေနတာမလို႔ တစ္ခန္းလုံးမွာမွ စားပြဲခုံသုံးခုံတြင္ ေနရာလြတ္တစ္ခုစီသာ က်န္ေတာ့ေလသည္။ တစ္ေနရာက ဝီလီယံ၏ ေဘးတြင္ျဖစ္ၿပီး ေနာက္တစ္ေနရာက ကမာၻေပၚတြင္ သူ မျမင္ခ်င္ဆုံးေသာသူမ်ားထဲမွ တစ္ေယာက္ျဖစ္ေသာ စဝ္ခြန္စစ္ ၏ ေဘးတြင္ျဖစ္ေလသည္။ ေနာက္ထပ္တစ္ေနရာကေတာ့ စင္ျမင့္ႏွင့္ အနီးဆုံး စားပြဲတြင္ ျဖစ္ေလသည္။

"မင္းတို႔က first year ေတြ ဟုတ္တယ္မလား? ခုံ နံပါတ္ (၂) နဲ႔ (၉) ႀကိဳက္တဲ့ေနရာမွာ ဝင္ထိုင္လို႔ ရတယ္" က်ဴတာဆရာ က ဆက္ေျပာလိုက္ရင္း ခုံနံပါတ္ပါသည့္ လည္ဆြဲကတ္ႏွစ္ခုကို သူတို႔ႏွစ္ဦးထံသို႔ ကမ္းေပးလိုက္ေလသည္။

သူ ေနာက္တစ္ႀကိမ္ ေသခ်ာျပန္ၾကည့္လိုက္ေတာ့ ဝီလီယံ ထိုင္ေနေသာ စားပြဲမွာ သူတို႔ေ႐ြးရမည့္အထဲတြင္ မပါဝင္ေသာ စားပြဲနံပါတ္ (၅) ျဖစ္ေနေၾကာင္း ေတြ႕လိုက္ရေလသည္။ စဝ္လြန္းရီ အတြက္ ေသခ်ာသည္တစ္ခုကေတာ့ စဝ္ခြန္စစ္ ႏွင့္ ေဘးခ်င္းကပ္ရပ္တြင္ ထိုင္ရမည္ကို မေျပာႏွင့္ ထိုသူႏွင့္ တစ္ဖြဲ႕တည္းေတာင္ မက်ခ်င္။ ထို႔ေၾကာင့္ စဝ္ခြန္စစ္ မရွိသည့္ စားပြဲခုံနံပါတ္ (၂) ဆီသို႔ သာသြားရန္ သူ ဆုံးျဖတ္လိုက္ၿပီး နံပါတ္ (၂) လည္ဆြဲကတ္ကို လွမ္းယူလိုက္ေလသည္။ သို႔ရာတြင္ ႐ုတ္တရက္ ေဘးမွ ဒန္နီရယ္ က သူ႔အား ခႏၶာကိုယ္ျဖင့္ တြန္းထုတ္ကာ ထိုကတ္ကို လွမ္းလုလိုက္ၿပီး စားပြဲနံပါတ္ (၂) ဆီသို႔ တဟုန္ထိုး ေျပးဝင္ထိုင္လိုက္ေလသည္။

'ေခြးသူေတာင္းစား' စဝ္လြန္းရီ စိတ္ထဲတြင္ တိတ္တဆိတ္ က်ိန္ဆဲလိုက္မိေလသည္။

"သြားေတာ့ေလ.. ဘာလုပ္ေနတာလဲ? ဟိုမွာ professor စာ စသင္ေနၿပီ" ထိုစဥ္ က်ဴတာဆရာ က စိတ္မရွည္သည့္ အသံျဖင့္ ဆက္ေျပာလိုက္ၿပီး သူ႔လက္ထဲသို႔ က်န္ေသာ လည္ဆြဲကတ္ကို အတင္းထည့္ေပးလာေလသည္။

"ခုံနံပါတ္ (၅) က ထိုင္လို႔ မရဘူးလား?" စဝ္လြန္းရီ လည္း လက္မေလွ်ာ့ေသးဘဲ အထြန႔္တက္ကာ ျပန္ေမးလိုက္မိသည္။ သူတို႔ၾကားမွ ျပႆနာက ၿပီးသြားၿပီ ျဖစ္ေသာ္လည္း ေလာေလာဆယ္တြင္ေတာ့ စဝ္ခြန္စစ္ ႏွင့္ သူ မ်က္ႏွာခ်င္း မဆိုင္ခ်င္ေသးေပ။ စဝ္ခြန္စစ္ အား သူႏွင့္ ဘာျပႆနာမွ မျဖစ္ထားဖူးေသာ ပုံမွန္လူတစ္ေယာက္လို မျမင္ႏိုင္ေသးသလို၊ ေလာေလာလတ္လတ္ ရန္ပြဲျဖစ္ထားသည့္ကိစၥေၾကာင့္ သူတို႔အား ၾကည့္လာၾကမည့္ လူအမ်ား၏ အၾကည့္မ်ားကိုလည္း အနည္းႏွင့္အမ်ားဆိုသလို ​အခ်ိန္တစ္ခုၾကာသည္အထိ သူ တတ္ႏိုင္သေလာက္ ေရွာင္လႊဲလိုေလသည္။

"အဲ့ဒီခုံမွာက first year မလိုေတာ့ဘူး။ ျပည့္သြားၿပီ"

"ဒါဆို အဲ့ခုံက တစ္ျခား first year တစ္ေယာက္နဲ႔ေရာ ေနရာျပန္လဲလို႔ ရလား?"

"အတန္းစေနၿပီ.. မင္းမတက္ခ်င္ဘူးဆိုလည္း လာမရႈပ္နဲ႔ .. ျပန္ေတာ့" က်ဴတာဆရာက သူ႔အား ဆူပူႀကိန္းေမာင္းလိုက္ၿပီး လက္ထဲမွ လည္ဆြဲကတ္ကိုလည္း ျပန္သိမ္းရန္ လုပ္လိုက္ေလသည္။

သူ႔ဘဝတြင္ ဤမွ်ေလာက္ အေပါက္အစပ္ဆိုးေသာ က်ဴတာဆရာမ်ိဳးကို မျမင္ဖူးေသးေပ။ သူတို႔ေက်ာင္းရွိ ဆရာ၊ဆရာမမ်ားမွာ ေက်ာင္းသားမ်ားအေပၚတြင္ ေတာ္ဝင္မင္းသားမ်ားအျဖစ္ အထူးတလည္ အေလးေပးဆက္ဆံျခင္းမ်ိဳး မရွိသည့္တိုင္ ဤမွ်ေလာက္ ဆူပူႀကိန္းေမာင္းတာမ်ိဳးေတာ့ ေတာ္႐ုံတန္႐ုံ လုပ္ေလ့မရွိၾကေပ။ ထို႔ေၾကာင့္မလို႔ပင္ စဝ္လြန္းရီ လည္း ႐ုတ္တရက္ႀကီး အဆူခံလိုက္ရတာေၾကာင့္ အူေၾကာင္ေၾကာင္ပင္ျဖစ္သြားကာ လည္ဆြဲကတ္ကို ျပန္လွမ္းယူၿပီး ထြက္လာခဲ့လိုက္ေလသည္။ ထို႔ေနာက္ စားပြဲနံပါတ္ (၉) ဆီသို႔ ေရာက္လာေသာအခါတြင္ေတာ့ ထိပ္က ခုံတြင္ ထိုင္​ေနေသာ supervisor ဆရာမ အား ဦးၫႊတ္ႏႈတ္ဆက္လိုက္ၿပီး စဝ္ခြန္စစ္ ေဘးက ခုံလြတ္တြင္ စိတ္မပါလက္မပါျဖင့္သာ ဝင္ထိုင္လိုက္ေလသည္။ 

စဝ္ခြန္စစ္ ကေတာ့ ဘာမွမျဖစ္သလိုပင္ ေျခေထာက္တစ္ဖက္ခ်ိတ္ထိုင္လွ်က္ ပါေမာကၡစာသင္ေနေသာ စင္ျမင့္ထက္သို႔သာ အာ႐ုံစူးစိုက္၍ ၾကည့္ေနေလသည္။ သူ႔ေဘးတြင္ စဝ္လြန္းရီ လာထိုင္သည္ကို လွည့္လည္းမၾကည့္သလို၊ ခႏၶာကိုယ္ကို တစ္ဖက္သို႔ တိုးေ႐ႊ႕ကာ ေနရာဖယ္ေပးျခင္းမ်ိဳးကိုလည္း မျပဳလုပ္ခဲ့ေပ။ ေက်ာက္ဆစ္႐ုပ္တစ္႐ုပ္ကဲ့သို႔သာ နဂိုမူလ ထိုင္ေနသည့္ ပုံစံအတိုင္း မလႈပ္မယွက္ ထိုင္ၿမဲထိုင္ေနေလသည္။ စဝ္လြန္းရီ ကသာ အရမ္းနီးကပ္ေနၿပီး ေနရထိုင္ရက်ဥ္းၾကပ္သည္ဟု ခံစားရသျဖင့္ ထိုင္ခုံကို တစ္ဖက္သို႔ အနည္းဆြဲ၍ ေ႐ႊ႕ထိုင္လိုက္ရေလသည္။

စာသင္ခန္းမႀကီး၏ေရွ႕ စင္ျမင့္ထက္တြင္ စီးပြားေရး ပါေမာကၡ မစၥတာ စမစ္ က အာရွပစိဖိတ္ေဒသဆိုင္ရာ စီးပြားေရး မဟာဗ်ဴဟာတစ္ခု ကို အက်ယ္တဝင့္ ရွင္းျပေနၿပီး ေက်ာင္းသား အမ်ားစုမွာလည္း စာအုပ္၊ေဘာပင္ ကိုယ္စီျဖင့္ အေသအခ်ာလိုက္မွတ္ေနၾကေလသည္။ စဝ္လြန္းရီ လည္း လက္တစ္ဖက္ျဖင့္ အိတ္ထဲမွ စာအုပ္ကို ထုတ္ယူလိုက္ရင္း သူ႔သူငယ္ခ်င္းမ်ား ရွိရာဆီသို႔ တစ္ခ်က္လွမ္း ၾကည့္လိုက္မိသည္။ ဝီလီယံ က စာကို အာ႐ုံစိုက္ နားေထာင္ၿပီး မွတ္စုစာအုပ္တစ္ခုထဲတြင္ ဟိုေရးဒီေရးျဖင့္ လိုက္မွတ္ေနေလသည္။ ဤသို႔ျဖင့္ ဒန္နီရယ္ ရွိရာ စားပြဲဘက္သို႔ သူ႔အၾကည့္ေရာက္သြားသည့္အခါတြင္ေတာ့ စာကို နားမေထာင္ဘဲ သူ႔အား ၿပဳံးစိစိျဖင့္ လွမ္းၾကည့္ေနသာ ဒန္နီရယ္ ႏွင့္ အၾကည့္ခ်င္း ဆုံသြားေလသည္။ စဝ္လြန္းရီ ၏ မအီမလည္႐ုပ္ကို ျမင္လိုက္ရေသာအခါတြင္ေတာ့ ဒန္နီရယ္ က သြားမ်ားေပၚေအာင္ ရယ္ေမာရင္း သူ႔လည္ပင္းတြင္ ဆြဲထားေသာ စားပြဲနံပါတ္လည္ဆြဲကတ္ျပားကို တဖ်တ္ဖ်တ္ ေျမႇာက္ျပကာ သူ ပို​ေဒါသထြက္လာေအာင္ စ လိုက္ေလသည္။

စဝ္လြန္းရီ လည္း စိတ္တိုတိုႏွင့္ လက္ခလယ္ကို မသိမသာ ျပန္ေထာင္ျပကာ ပါးစပ္မွလည္း ျမင္သာထင္သာရွိေအာင္ ႏႈတ္ခမ္းလႈပ္၍ ဆဲေရးလိုက္ျပလိုက္ေလသည္။ ထို႔ေနာက္ စားပြဲေပၚရွိစာအုပ္ကို လက္တစ္ဖက္ျဖင့္ လွန္ေလွာလိုက္ရင္း ေရးမွတ္ရန္အတြက္ ေဘာပင္ကို က်န္လက္တစ္ဖက္ျဖင့္ အိတ္ထဲ ေမႊေႏွာက္ ရွာေဖြေနလိုက္သည္။ သို႔ေသာ္ အခ်ိန္အတန္ငယ္ၾကာသည္အထိ ေဘာပင္ႏွင့္တူသည့္ မည္သည့္အရာကိုမွ် မစမ္းမိေသာအခါတြင္ေတာ့ သူ စိတ္မရွည္ေတာ့ဘဲ အိတ္ကို ေပါင္ေပၚသို႔ တင္လိုက္ကာ အေသအခ်ာ ေနာက္တစ္ႀကိမ္ ျပန္ငုံ႔ရွာလိုက္ေလသည္။ သူ႔အိတ္ထဲ၌ ေဘာပင္ေရာ ခဲတံပါ တစ္ေခ်ာင္းဆိုလို႔ တစ္ေခ်ာင္းမွ ပါမလာေပ။

'အဲ့ေကာင္နဲ႔ေတြ႕လိုက္တိုင္း က်က္သေရတုံးတာေတြခ်ည္းပဲ ျဖစ္ေနတာပဲ' စဝ္လြန္းရီ လည္း မေက်မနပ္ႏွင့္ ေတြးလိုက္ကာ ေပါင္ေပၚမွ အိတ္ကို ေဘးတြင္ျပန္ခ်ထားလိုက္ေလသည္။ ထို႔ေနာက္ စိတ္ပ်က္လက္ပ်က္ႏွင့္ ဘာစာကိုမွ လိုက္မမွတ္ေတာ့ဘဲ ပါေမာကၡ စာသင္ေနသည္ကို ဒီအတိုင္းသာ ထိုင္ေငးၾကည့္ေနလိုက္ေတာ့သည္။

ထိုစဥ္ သူ႔မ်က္လုံးေထာင့္နားဆီမွ စဝ္ခြန္စစ္ ၏ ပုံရိပ္က အနည္းငယ္ လႈပ္ရွားသြားၿပီးေနာက္တြင္ေတာ့ ေဘာပင္တစ္ေခ်ာင္းက သူ႔ေရွ႕စားပြဲေပၚသို႔ ႐ုတ္တရက္ ေရာက္လာေလသည္။ စဝ္လြန္းရီ လည္း ထိုေဘာပင္ကို ခ်က္ခ်င္း မေကာက္ယူလိုက္ေသးဘဲ သူ႔ေဘးမွ စဝ္ခြန္စစ္ အား 'ဘာလဲဟ' ဟူေသာအၾကည့္ျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ ျပန္ၾကည့္လိုက္ေလသည္။ စဝ္ခြန္စစ္ ကလည္း သူ႔အား ျပန္လွည့္ၾကည့္ေနကာ ႏူးႏူးညံ့ညံ့ၿပဳံးျပရင္း စားပြဲ​ေပၚမွေဘာပင္အားယူရန္ ေခါင္းကို ခပ္သာသာတိမ္းေစာင္း၍ ၫႊန္ျပလိုက္ေလသည္။ စဝ္ခြန္စစ္ ဘက္က သူ႔အား ဆက္ဆံလာသည့္ အျပဳအမူက သူ ေမွ်ာ္လင့္မထားမိသည့္ပုံစံ ျဖစ္ေနတာေၾကာင့္ စဝ္လြန္းရီ တစ္ေယာက္ ႐ုတ္တရက္ မေတြးတတ္ျဖစ္သြားသည္။ စဝ္ခြန္စစ္ ၏ ႏႈတ္ခမ္းေထာင့္မွ သူထိုးထားေသာဒဏ္ရာမွာ အမာ႐ႊတ္ပင္ မက်န္ေတာ့ေၾကာင္းကိုေတာ့ နီးကပ္ေနေသာ အေနအထားေၾကာင့္  သူ သတိျပဳမိလိုက္သည္။

ထို႔ေနာက္တြင္ေတာ့ စဝ္လြန္းရီ လည္း စကားအပို မေျပာခ်င္တာေၾကာင့္ အၾကည့္ခ်င္းဆုံေနရာမွ ခပ္တည္တည္ျဖင့္ ေရွ႕ဘက္သို႔ ျပန္လွည့္လိုက္ၿပီး စားပြဲေပၚမွ ေဘာပင္ကိုလည္း စဝ္ခြန္စစ္ ဘက္သို႔ ျပန္တြန္းေ႐ႊ႕ေပးလိုက္ေလသည္။ စဝ္ခြန္စစ္ ကေတာ့ ထိုေဘာပင္ကို ထပ္လည္း မေပးေတာ့သလို ျပန္လည္းမသိမ္းေတာ့ဘဲ သူ တြန္းေ႐ႊ႕လိုက္ေသာေနရာတြင္သာ လက္ရာမယြင္း ထားထားလိုက္ၿပီး ဘာမွမျဖစ္သလိုပင္ စာကိုသာ ဆက္နားေထာင္ေနေလသည္။

စဝ္လြန္းရီကေတာ့ သူ႔ အျခားေဘးတစ္ဖက္မွ အတန္းေဖာ္တစ္ေယာက္ကိုသာ ခပ္တိုးတိုး လွမ္းေခၚလိုက္ၿပီး ေဘာပင္တစ္ေခ်ာင္းေလာက္ အပိုပါေသးလား ဟု လွမ္းေမးလိုက္ေလသည္။ ထိုအတန္းေဖာ္က အားနာသည့္ အၿပဳံးျဖင့္ ျပန္ၿပဳံးျပ၍ ေခါင္းခါရမ္းလာသည့္အခါတြင္ေတာ့ စဝ္လြန္းရီ တစ္ေယာက္ ေအာင့္သက္သက္ပင္ ျဖစ္သြားေလသည္။ ဤသို႔ျဖင့္ အတန္းခ်ိန္ တစ္ေလွ်ာက္လုံး သူ ဘာကိုမွ လိုက္မေရးမွတ္ပဲႏွင့္သာ ေနေနလိုက္ေတာ့သည္။

ပါေမာကၡ စမစ္ ၏ သင္ခန္းစာ ၿပီးသည့္အခ်ိန္တြင္ေတာ့ အားလပ္ခ်ိန္ ခ်က္ခ်င္းမေပးေသးဘဲ group project အတြက္ သက္ဆိုင္ရာ supervisor ႏွင့္ ေဆြးေႏြးရန္ အခ်ိန္ တစ္နာရီ ေပးေလသည္။ ထိုအခ်ိန္၌ ေက်ာင္းသားမ်ား အခ်င္းခ်င္း သင္ခန္းစာထဲမွ မရွင္းလင္းေသာ အေၾကာင္းအရာမ်ားကို အေသးစိတ္ ျပန္လည္ေဆြးေႏြးၿပီးသည့္ေနာက္တြင္ေတာ့ supervisor က project အတြက္ အဖြဲ႕လိုက္ လုပ္ေဆာင္ရမည့္ အစီအစဥ္မ်ားကို ရွင္းျပေလသည္။

"ဆယ္ေယာက္တစ္ဖြဲ႕ကို ေခါင္းစဥ္တစ္ခုစီနဲ႔ တစ္လ အတြင္း အၿပီးလုပ္ရမယ္" supervisor ဆရာမ က ေျပာလိုက္ရင္း သူတို႔ေရွ႕စားပြဲေပၚသို႔ စာ႐ြက္စာတမ္းဖိုင္ တစ္ေယာက္တစ္ခုစီ ေဝေပးလိုက္သည္။

"အဓိကေခါင္းစဥ္ထဲက အေၾကာင္းအရာတစ္ခုစီကို အဖြဲ႕ဝင္ႏွစ္ေယာက္စီက ျပန္ခြဲၿပီး တာဝန္ယူရမယ္" သူက ဆက္ေျပာလိုက္သည္။

သူ႔ေရွ႕တြင္လာခ်ထားေသာဖိုင္ကို စဝ္လြန္းရီ လွမ္းယူၾကည့္လိုက္သည့္အခါတြင္ေတာ့ "National Economy Trade and Industrial Policies" ဟူေသာ ေခါင္းစဥ္ ျဖစ္ေနေၾကာင္း သိလိုက္ရသည္။ ကံမေကာင္းစြာျဖင့္ စဝ္ခြန္စစ္ ၏ လက္ထဲတြင္လည္း ထိုေခါင္းစဥ္ႏွင့္ ဖိုင္တြဲ ရွိေနခဲ့ေလသည္။

*************

Continue Reading

You'll Also Like

171K 24.4K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
4.4M 501K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
225K 23.1K 105
ဘာသာပြန်သူ - စွဲညို့အသင်း
753K 82.9K 158
system ficလေးပါ အနေအေးတဲ့ မိဘမဲ့ဂေဟာမှူးလေး ဝတ္ထုကမ္ဘာထဲ ရောက်သွားသောအခါ (own creation) system ficေလးပါ အေနေအးတဲ့ မိဘမဲ့ေဂဟာမႉးေလး ဝတၳဳကမၻာထဲ ေရာက္သ...