ဘုတ် !
"ဟို အကိုဂျောင်ကုနဲ့"
"အကိုလေ အကို ..."
"ပြောလေအကို"
"အကို အကို့ကိုလေ"
အိမ်ကိုရောက်တာနဲ့အိပ်ရာထဲပစ်လှဲပြီး မျက်ရည်တွေတာကျိုးသလိုငိုချပါတော့တယ်။
".... "
အရင်သူနဲ့ရန်ဖြစ်ရင်တောင်အဲ့လောက်ထိမအော်တတ်တဲ့ညီမကြောင့် သူနည်းနည်းဝမ်းနည်းသွားတယ် ဒါကြောင့်အပြင်ကိုထွက်လာခဲ့တယ်။
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
တစ်ပတ် အခုဆိုတစ်ပတ်လောက်ရှိပြီ ညီမလေးအခြားတစ်ယောက်ပြောင်းသွားသလိုဘဲ ကျွန်တ်ေကိုစကားတောင်သိပ်မပြောတော့ဘူး 'အင်း အွန်း' အဲ့လောက်ဘဲပြောတော့တယ်။
ကြီးအပြင်သွားဖို့လုပ်နေတဲ့ ဆိုမီကြိုမင်တော့
"ဂျီယောင်းအိမ်"
"ရတယ်"
"အင်း"
ဒီလိုနဲ့ထယ်ယောင်းလည်းprojectကိုပြန်လုပ်နေတယ် ဒါပေ့မဲ့စိတ်တွေကဆိုမီးဘဲရောက်နေတယ် နာရီကိုကြည့်တော့9နာရီထိုးတော့မယ်
တီ တီ တီ~ ~
"ဟယ်လို!"
"****** ဒီလမ်းမှာပါ"
"ဟင် ဘာစာအုပ်ကြီးလည်း"
unicode
ဒီနေ့ဂျောင်ကုနဲ့ချိန်းထားတာကြောင့် မနက်စောစောထပြီးပြင်ဆင်စရာရှိတာပြင်နေသောဆိုမီ
"အင်း အကိုအတွက်မနက်စာတော့လုပ်ခဲ့ပြီး ဘယ်နာရီရှိပြီးလည်းမသိဘူး 8နာရီခွဲဘဲရှိပါသေးတယ် အစောကြီးရှိပါသေးတယ် အကျီသွားလဲပီးနည်းနည်းပါးပါးပြင်လိုက်ဦးမယ်"
ကို့ချစ်တဲ့သူနဲ့သွားတွေ့တာဆိုတော့ လှနေသင့်တယ်မလား
ဆိုမီတစ်ယောက်လည်းအကျီလဲရန်အပေါ်တက်လာခဲ့တယ် ထိုစဉ်
အောက်ထပ်သို့ဆင်းလာသောထယ်
"အော် ဆိုမီအစောကြီးနိုးနေတာလား"
"ဟုတ်တယ်အကို အပြင်သွားစရာလေးရှိလို့ အကို့အတွက်မနက်ပြင်ထားပေးတယ်နော်"
"ဟုတ်ပါပြီဗျ ကျေးဇူးတင်ပါတယ်နော်" ထိုသို့ပြောကာဆိုမီခေါင်းကဆံပင်လေးတွေဖွကာပြောလိုက်သောထယ်ယောင်း
"အာရတယ် ရတယ် ဆံပင်တွေကဒီနေ့မနက်မှလျော်ထားတာကိုဖွနေတယ်"
"အော် ဒါကြောင့်shampooနံမွှေးနေတာကို နောက်ဆုံးတော့ဆိုမီခေါင်းလျော်ပြီ"
"yahhhဒီအကိုကတော့ တော်ပြီချိန်းထားတာနောက်ကြတော့မယ် သွားပြီး"ထို့သို့ပြောကာအပေါ်ကိုစောင့်စောင့်အောင့်အောင့်တက်သွားသောသူမ
နောက်ဆုံးတော့ညီမလေးရဲ့အပြုံးတွေ အဲ့ရန်ဖြစ်တဲ့အသံလေးကိုပြန်ကြရပြီး အမေမရှိတော့ထဲကညီမလေးကလုံးဝငြိမ်သွားတာ အကို့မှာညီမလေးတစ်ယောက်ဘဲရှိတော့တာ့ ညီမလေးကိုအကို့ စောင့်ရှောက်ပြီး ညီမလေးအမြဲပျော်အောင်ထားမယ်။
အခန်းထဲတွက်အကျီရွေးရင်အလုပ်ရှုပ်နေသောဆိုမီ
"ဒါဝတ်ရမလား ဒါမှမဟုတ်ဒါလေးရော သိပ်မလှသေးသလိုဘဲ"
ဘုတ် !
ဲ့အကျီတွေရွေးနေတဲ့အချိန် ဗီဒိုထဲကပြုတ်ကြလာတဲ့စာအုပ်တစ်အုပ်
"ဟင်ဒါငါ Jungkook oppaအကြောင်းရေးထားတဲ့စာအုပ်ဘဲ
ဒီဗီဒိုထဲဘယ်လိုရောက် အာာ ဟုတ်သားဘဲငါဟိုတစ်ခါကအခန်းရှင်းရင်ဗီဒိုထဲမှားကောက်ထည့်မိလိုက်တာထင်တယ်"
ဒီစာအုပ်လေးကအကို့ကိုပေးဖို့ရည်ရွယ်ထားခဲ့တာ နောက်ပိုင်းအကိုနဲ့သူငယ်ချင်းဆက်ဆံပါပြတ်တောက်သွားမှာစိုးလို့ မပေးဘဲ
ခံစားချက်တွေကိုဖုံးကွယ်ထားခဲ့သည်။
အဲ့အချိန်မှာဘဲသူတွေးလိုက်မိတဲ့အတွေးကငါ့အကို့ကိုဖွင့်ပြောလိုက်ရင်ကောင်းမလား. . . . .
အကုန်ပြင်ဆင်ပြီးဂျောင်ကုနဲ့ချိန်းတဲ့နေရာသွားဖို့ အောက်ထပ်ဆင်းလာတဲ့ဆိုမီကို ထယ်ယောင်းမြင်သော်
"ဆိုမီ အဲ့မယ်ငါ့ညီမဒီနေ့အရမ်းတွေလှနေပါလား"
"အရင်နေ့တွေကရောမလှလို့လား ညီမနေ့တိုင်းလှနေတာ
"ဒါနဲ့ထားပါ ဘယ်သူနဲ့သွားတွေ့မလို့လည်း"
"ဟို အကိုဂျောင်ကုနဲ့"
"အေးနော် အသက်အရွယ်လည်းရလာပြီးဆိုတော့လွတ်ပေးထားလိုက်တယ်နော် စောစောတော့ပြန်လာ"
"သွားပြီ အကိုထယ်ထယ်မျောက်ရေ အကိုလည်းကောင်မလေးဘာလေးရှာFaကြီးရေ"
"yahh!! ဟိုအငယ်မနင်ပြောချင်ရပြောပြီးအပြင်ထွက်သွားတယ်
ပေါ့ ငါ့ကိုများ ငါ့ကကြိုက်တဲ့သူခေါင်းခေါက်တောင်ယူလို့ရတယ် ဟွန့်"
ကိုကဘဲတွေ့ချင်စောဘဲများနေလို့လား အချိန်တွေကဘဲနှေးနေတာလား ကိုယ်ကပန်းခြံကိုအစောကြီးရောက်သွားပြီး ခေါင်းထဲအတွေးပေါင်းစုံနဲ့သူ့ထိုင်စောင့်နေမိသည်။
နောက်မိနစ်နည်းနည်းကြားမှ အပြေးအလွားရောက်လာတဲ့သူ
"ဆောရီးဆိုမီရေ အကိုနည်းနည်းနောက်ကြသွားတယ်"
"ရပါတယ်။ ဆိုမီကိုချိန်းတာဘာပြောစရာရှိလို့လည်းဟင်?"
"အကိုလေ အကို ..."
"ပြောလေအကို"
ရင်ထဲမှာတော့အကောင်ပေါက်ငယ်ကခုန်ပေါက်လို့ အကိုပြောမဲ့စကားကိုမျက်ဝန်းတွေကအရောင်လက်ကာစောင့်နေမိသည်။
"အကိုနိုင်ငံခြားသွားရတော့မယ် ဂျာမနီကို"
"ရှင့် .... " မဟုတ်ဘူးလေဆိုမီကြားချင်ခဲ့တာဒီစကားမဟုတ်ဘူး
လေ အကိုမသွားခင်လေးတော်အကိုကိုချစ်တယ်ဆိုတာလေးပြောချင်တယ်
"အကို အကို့ကိုလေ"
"ပြောလေဆိုမီ အကိုနားထောင်နေတယ်"
"အကို ကိုလေ ချစ်မိနေပြီ"
"ဟမ် မရဘူးလေ! ချစ်လို့မရဘူး မရဘူးလေ"
ဆိုမီထိုနေရမှာကြောင်ကာ ဂျောင်ဂုကိုရပ်ကြည့်နေမိသည်။
ထိုနောက်ဂျောင်ကုတစ်ယောက်ဖုန်းဆက်ကာ လူတစ်ယောက်ကိုခေါ်နေသည်။
ခဏနေတော့ကောင်မလေးတစ်ယောက်ရောက်လာတယ်
'ဟင်အဲ့တာ ဟိုတစ်ခါကကျောင်းမှာ အကို့ကိုဆွဲခေါ်သွားတဲ့တစ်ယောက်မလား' ဆိုမီစိတ်ထဲတွေပြောနေမိသည်
အမှန်တကယ်အပြင်မှာတော့ဂျောင်ကုလုပ်သမျကိုကြောင်အမ်းအမ်းနဲ့ကြည့်နေမိသည်။
အဲ့အကောင်မလေးကသူ့ကိုစာအိတ်လေးထုတ်ပေးတယ် သူအဲ့တာကိုကြည့်ပြီးထဲသူဘာမှမပြောနိုင်အောင်ဆွံအသွားခဲ့တဲ့... ။
အိမ်ကိုလေးလံတဲ့ခြေလမ်းတွေနဲ့ပြန်လာခဲ့တယ် တစ်လမ်းလုံးလည်းဘာကိုမှအာရုံမစိုက်မိဘဲ ဖြစ်နိုင်ရင်သေသွားချင်တယ် မုန်းတယ်
ကို့ကိုယ်ကိုအရမ်းမုန်းတယ်။
အိမ်ကိုရောက်တာနဲ့အိပ်ရာထဲပစ်လှဲပြီး မျက်ရည်တွေတာကျိူးသလိုငိုချပါတော့တယ်။
ထယ်ယောင်းတစ်ယာက် storeမှာအလုပ်ပြီးတာနဲ့မုန့်လေးနည်းနည်းဝယ်ပြီးဆိုင်ရှေ့မှာထိုင်စားနေတယ်
"ဟင် အဲ့တာဂျောင်ကုမလား သူကငါ့ညီမနဲ့သွားတွေ့တာမဟုတ်ဘူး"
ထယ်အလုပ်လုပ်တဲ့ storeဆိုင်အရှေ့ကစားသာက်ဆိုင်မှာထိုင်နေတဲ့ဂျောင်ကု
"ဟင်ဘေးမှာလည်း ကောင်မလေး ဘယ်ကကောင်မလေးလည်း"
ထယ်ယောင်းလည်းသူ့ကိုဒေါသထွက်တဲ့စိတ်ရော သူညီမကိုစိတ်ပူတဲ့စိတ်နဲ့ရောအိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တာနဲ့ညီမအခန်းကိုသွားကြည့်တဲ့ဂျောင်ကု
"ညီမလေး အကိုဝင်လာမယ်နော်"
အခန်းထဲရောက်တော့တွေ့လိုက်ရတာတော်ရုံတန်ရုံဆိုငိုလေမရှိတဲ့ညီမလေး အခန်းဒေါင့်မှာဒူးခေါင်းကိုပိုက်ကာခေါင်းစိုက်ချပြီးငိုနေလေတယ်။
"ညီမလေးဆင်ပြေရဲ့လား အကို့ဘာလုပ်ပေးရမလည်း "
".... "
ထယ်အနားသွားကာဖက်မယ်လုပ်တော့
"ထွက်သွားပေးပါ ! ထွက်သွားပေးပါ တစ်ယောက်ထဲနေချင်တယ်"
အရင်သူနဲ့ရန်ဖြစ်ရင်တောင်အဲ့လောက်ထိမအော်တတ်တဲ့ညီမေကြောင့် သူနည်းနည်းဝမ်းနည်းသွားတယ် ဒါကြောင့်အပြင်ကိုထွက်လာခဲ့တယ်။
အခန်းထဲဂျောင်ထဲမှာလည်း တစ်ညလုံးငိုကာ မျက်လုံးတွေနီရဲပြီး အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်။
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
တစ်ပတ် အခုဆိုတစ်ပတ်လောက်ရှိပြီ ညီမလေးအခြားတစ်ယောက်ပြောင်းသွားသလိုဘဲ ကျွန်တေ်ကိုစကားတောင်သိပ်မပြောတော့ဘူး 'အင်း အွန်း' အဲ့လောက်ဘဲပြောတော့တယ်။
ကျောင်းပိတ်ရက်ည7နာရီခွဲလောက် ဆိုဖာမှာထိုင်ကာ projectလုပ်နေတဲ့ထယ်ယောင်း
ဘာမှမပြောမဆိုဘဲhoodieအမဲဝတ်ကာ အောက်ဆင်းလာပြီးည
ကြီးအပြင်သွားဖို့လုပ်နေတဲ့ ဆိုမီကုြိမင်တော့
"ညီမလေး ဘယ်သွားမလို့လည်း"
"ဂျီယောင်းအိမ်"
"ညကြီးအကိုလိုက်ခဲ့ရမလား"
"ရတယ်"
"အဲ့ဆိုနောက်မကျစေနဲ့စောစောပြန်လာခဲ့နော် မဟုတ်ရင်အကို့ဖုန်းဆက်ခေါ်လိုက်နော်"
"အင်း"
ဒီလိုနဲ့ထယ်ယောင်းလည်းprojectကိုပြန်လုပ်နေတယ် ဒါပေ့မဲ့စိတ်တွေကဆိုမီးီဘဲရောက်နေတယ် နာရီကိုကြည့်တော့9နာရီထိုးတော့မယ်
"ဟာစောစောပြန်လာပါဆို ဒီကောင်မလေးကလည်း"
ထယ်ယောင်းလည်းစိုးရိမ်စိတ်တွေဖြစ်လာပြီး ဆိုမီကိုထွက်ရှာဖို့ထွက်လာခဲ့တယ်
ဂျီယောင်းကိုဖုန်းဆက်ကြည့်ပြန်တော့လည်း သူဆီမလားဘူးတဲ့ စိုရိမ်မှူကအထွတ်အထိပ်ကိုရောက်သွားတော့တယ်
တီ တီ တီ~ ~
ဒီအချိန်ဘယ်ကဖုန်းလည်းကွာ
"ဟယ်လို!"
"ဒီက ကားတိုက်ခံရကောင်မလေးရဲ့ဖုန်းထဲတွေ့လို့ဆက်လိုက်တာပါ"
"ဗျာ. . ဘယ်နားမှာတိုက်ခံရတာလည်းဗျ"
"****** ဒီလမ်းမှာပါ"
"ဟုတ် ကျွန်တော်အခုချက်ချင်းလာလိုက်ပါမယ်"
ညီမလေးမင်းဘာမှဖြစ်လို့်မရဘူးနော် အကိုမှာမိသားစုဝင်ဆိုလို့ ဆို မျက်ရည်များဖြင့်ဆုတောင်းကာအမောတကြီးပြေးနေသောကောင်လေးတစ်ယောက်
ထိုနေရာရောက်တော့ လူအုပ်ကြားထဲကသွေးပုံထဲမှာလဲနေသောကောင်မလေးတစ်ယောက်
"ညီမလေး!! ခင်ဗျားတို့ဆေးရုံမပို့ကြဘူးလား"
"အသက်မရှူတော့ဘူး ကျွန်တော်တို့ရောက်ထဲက သေ သေနေတာ"
"ဘာဘဲဖြစ်ဖြစ်ဆေးရုံကားခေါ်ပေးကြဗျာ!!"
ဒီနေ့ကကျွန်တော်ဘဝမှာအဆိုးဆုံးနေဘဲ ကျွန်တော်ညီမလေးကိုကာကွယ်ဆိုတဲ့ကတိကိုလည်းမတည်နိုင်ခဲ့ဘူး အကိုတောင်းပန်ပါတယ်
ညီမလေးရဲ့အသုဘကို့လည်းရင်းနှီတဲ့သူတွေနဲ့ဘဲလုပ်ဖြစ်ခဲ့တယ် သူ့သူငယ်ချင်းဂျီယောင်းကလည်း ငိုလွန်းလို့မေ့ပါလဲသွားတဲ့အထိ။
ညီမလေးဆုံးပြီးနည်းနည်းကြားတော့ ညီမလေးရဲ့အခန်းထဲကိုကျွတ်တော်ဝင်ကြည့်ခဲ့တယ် ညီမလေးရဲ့အငွေ့အသက်တွေအပြည့်ဘဲ
မျက်လုံးအိမ်ထဲကနေအရည်ကြည့်လေးတွေက ပါးပြင်ပေါ်သို့တသွင်သွင် အကိုတောင်းပန်ပါတယ်။
နောက်တော့ကျွန်တော်လည်း ကျွန်တော်အဖေရဲ့အမ ကျွန်တော်အဒေါ်ဆီပြောင်းနေခဲ့တယ်
မပြောင်းခင်ညီမလေးနဲံပတ်သတ်တဲ့ပစ္စည်းလေးနည်းနည်းပါသိမ်းရင်း စားပွဲအံဆွဲထဲကစာအုပ်တစ်အုပ်။
"ဟင် ဘာစာအုပ်ကြီးလည်း"
ဒီနေ့ကအကိုနဲ့တွေ့တဲ့ပထမဆုံးနေ့ အကိုကအရမ်းချောတာဘဲ
ပြုံးလိုက်ရင်ယုန်သွားလေးတွေနဲ့ အကိုနာမည်ကဂျောင်ကုတဲ့
ဆိုပြီးရေးထားတဲ့စာလေ
အကိုကိုချစ်မိနေပြီးထင်တယ်
"ဟင် ညီမလေးကဂျောင်ကုကိုချစ်မိနေတာလား"
စာရွက်တွေတစ်ရွက်ပြီးတစ်ရွတ်ကြည့်ပြီး ညီမလေးသူနဲ့ချိန်းထားတဲ့နေ့ကရေးထားတဲ့စာလေးက
ချစ်တယ်အကိုအရမ်းချစ်တယ် ညီမမှားပြီးလား ညီမအကို့ကိုအရမ်းချစ်တယ် ဒီဘဝတော့ညီမတို့ကံမပါဘူးထင်တယ်
"ဟင် ဘာလည်းသူကငါ့ညီမကိုအပျော်တွဲသွားတာလား အဲ့ကောင်က play boyဘဲအချစ်ကိုနားမလည်သေးတဲ့ငါ့ညီမလေးကို ကစားသွားတာာလား shitt"
ညီမလေးစိတ်ချပါညီမလေးကို အကိုမကာကွယ်နိုင်ခဲ့ဘူး ဒါပေ့မဲ့ညီမလေးအစားအကိုလက်စားချေပေးမယ်
ဂျောင်ကုမင်းဘဝကိုငါနင်းချေပြမယ်။
updateလေးနောက်ကျသွားလို့အားလုံး မီးရာနဲ💜