🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
Part 14
🖤…^~🖤…^~🖤
မြန်မာပြည်ကြီးရဲ့ စကြ်ယ်လမ်းမပေါ်
ခြေလှမ်းလိုက်တဲ့အခို နွေးထွေးမှုနဲ့အတူ
သာယာတဲ့လေညှင်းသဲ့သဲ့များသည်
ဘရိုက်ရဲ့ ဆံပင်တွေကို ညင်သာစွာ
တိုက်ခတ်လေတော့၏။
ပခုံးလေးကိုဖက်ပြီး ကားထဲဝင်ထိုင်စေပြီး
သူ ကားနောက်ကပတ်ပြီး ဘရိုက် ဘေး
ဝင်ထိုင်ရန် ခြေလှမ်းပြင်တုန်း အဝေးက
ချောင်းနေပြီးသား လူတစ်ဦးက
အခြေအနေအရ ဘရိုက်လက်တစ်ဖက်
ကို အမိအရဖမ်းဆွဲကာ တစ်ဝုန်ထိုးပြေး
ထွက်သွားတော့တယ်...
"ဟင်...အ့!''
လက်ကောက်ဝတ်လေးကို ဆွဲခေါ်သွားတာ
အားနဲ့မာန်နဲ့ဖြစ်ရာမှာ နုနယ်လွန်းတဲ့ ဘရိုက်လေ
မျက်ရည်ကြည်လေးတွေပင်ဝေ့ခဲ့ရသည်။
ကားတံခါးဖွင့်တုန်းမှာ ကောင်လေး ပါသွား
တာမို့ သူ မောင်းသူနေရာက နေညိုကို
ဆင်းနေခိုင်းပြီး သူမောင်း၍ ကောင်လေး
အနောက်လိုက်လာခဲ့သည်။
သူ့အားအကူအညီတောင်းနေတဲ့ ပုံရိပ်လေးနဲ့
ယက်ကန်ယက်ကန် လက်လှမ်းခေါ်နေမှုက
မျက်လုံးထဲကမထွက်...
မကြောက်နဲ့ ကိုယ်ရအောင်ပြန်ခေါ်မယ်...
ဦးထုပ်အနက်ကိုခပ်ငိုက်ငိုက်စောင်းထားပြီး
အမည်းရောင်mask တပ်ထားသူအား
V သေချာစူးကြည့်ပြီး အရှိန်ပြင်းပြင်းနဲ့
မောင်းခဲ့သည်။
လူကြားထဲကွေ့ဝိုက်ပြေးနေတော့ သူ့ကားအရှိန်
မြင့်မြင့်နဲ့ တာယာပွတ်သံစူးစူးကြောင့် လူတွေ
အလန့်တခြားချဲကုန်ကြသည်။ဒါပေမဲ့ လူတွေ
များစွာက ရစ်သီရစ်သီပြူတစ်ပြူတစ်နဲ့မို့
ကားပေါ်ကဆင်းလိုက်ပြီး ခြေလျင်လိုက်၏။
"လွှတ်!! ဘယ်သူလဲ လွှတ်!''
အကြောတွေနဲ့နီရဲနေတဲ့ လက်သီးစုပ်ကြီးကို
လက်သည်းသေးသေးတွေနဲ့ကုပ်ဖဲ့ရုန်းတော့
လက်သည်းလေးတွေပင် ကျိုးကြေတော့မည်
ထိုလူစိမ်းကမလွှတ်...
မလိုက်ချင်ဘဲ ပြေးလိုက်နေရတဲ့အတွက်
လူက မောလည်းမောနေပြီ ပြီးတော့
တစ်ကိုယ်လုံးလည်းကိုက်ခဲနေသေးတာ
ကြောင့် ပင်ပန်းလာကာ ချွေးတွေသီးလာ
ခဲ့၏။
"ဒယ်ဒီ...ဒယ်ဒီ...''
အနောက်က လိုက်ပါလာသူကို
အော်ခေါ်နေတဲ့ ကောင်လေးကို
လှည့်ကြည့်ပြီး...
"မင်းအကိုနဲ့ မတွေ့ချင်ဘူးလား''
"ဗျာ...''
ထိုစကားတစ်ခွန်းနဲ့တင် ဘရိုက် ပင်ပန်းတာတွေ
ပျောက်သွားခဲ့ရ၏။
ကြောင်တောင်တောင်လေးဘဲ လိုက်ပါ
သွားခဲ့ရပြီး ဟိုလမ်းဝင် ဒီလမ်းဝင် နဲ့
အနောက်က လိုက်လာတဲ့ ဒယ်ဒ်ီ ကိုလည်း
မတွေ့ရတော့ တစ်နေရာချောင်အကွယ်မှာ
ရပ်ပြီး အသက်ပြင်းပြင်းရှူသွင်းနေတဲ့
မျက်နှာဝိုင်းဝိုင်းလေးကို သေချာစိုက်ကြည့်ကာ...
"V ရဲ့ ရတနာလေးက မင်းဆိုတာ
သေချာနေပြီဘဲ...ဟားဟား ငါမင်းကို
လွှတ်ပေးသင့်လား...''
ဦးထုပ်ကို အနည်းငယ်မြှင့်ပြလိုက်ရာ
စူးရှမည်းနက်တဲ့မျက်ဝန်းအိမ်က
ဘရိုက်ကို ထိုးဖောက်တော့မတက်
စိုက်ကြည့်နေသည်မို့ ကြက်သီးတွေ
တစ်ဖြန်းဖြန်းထလာရပြီး ရင်တွေ
တုန်လာခဲ့၏။
"ဟင့်အင်း...ဒယ်ဒီ နဲ့ ဘာပြသနာ
ရှိလို့လဲ...''
"မင်းသိစရာမလိုပါဘူး....
မင်းသိရမှာက မင်းငါနဲ့ အပျင်းပြေ
အိပ်ပေးရမယ်ဆိုတာဘဲ...''
တကိုယ်လုံးတုန်ယင်ကာ ကျောထဲရင်ထဲ
ချမ်းတက်ပြီး နှုတ်ခမ်းလေးမရဲတရဲဟကာ
တစ်စုံတစ်ရာပြန်ပြောဖို့ ပြင်လိုက်စဥ်
ဖျက်ခနဲငုံ့လာတဲ့ ထိုလူစိမ်းက ဘရိုက်
နှုတ်ခမ်းလေးထံ ကျူးကျော်တော့မည့်အသွင်..
နှုတ်ခမ်းအိအိလေးကို နမ်းဖို့ငုံ့လိုက်ရာ
အေးစက်စက် အရာကြီးနဲ့ထိတွေ့လိုက်ရတော့
ဖျက်ခနဲ မျက်လုံးဖွင့်လိုက်မှာ လက်ဝါးကြီး
တစ်ဖက် သူနဲ့ ကောင်လေး နှုတ်ခမ်း မထိတွေ့အောင်
ကြားခံနယ်အဖြစ်ကာရံထားသည်။
"မင်း...မင်း ဘယ်လို...''
!ခွပ်! ခွပ်!
စကားပင်မဆုံးချေ အကျီးကော်လံကို
စုကျုံ့ဆွဲဆုပ်ကိုင်ကာ မျက်နှာကိုနှစ်ချက်
ဆက်တိုက်ဆင့်ထိုးလိုက်မှာ လည်ထွက်သွားပြီး
ဦးထုပ်ပါ တစ်နေရာလွင့်သွား၏။
ကြောက်ကြောက်လန့်လန့်နဲ့ ဒယ်ဒီအနောက်မှာ
ပြေးကပ်ဝင်ပုန်းပြီး ကျောပြင်က အကျီးစလေးကို
အားကိုးတကြီးကိုင်ထားလိုက်မိသည်။
"မင်းဘယ်ကောင်လဲ...ခွေးမသား
ငါ့ခလေးကို တဇာခံလုပ်ချင်တာ ဟတ်လား..
ငါ့ခလေးကိုတော့ မရဘူး...F!! ခွေးမသား!''
လဲကျသွားတဲ့သူက ပြန်ကျုံးအထ အပေါ်က
သုံးလေးချက်လောက် ရင်ဘက်ကို စောင့်နင်း
ပြစ်ပြီး mask ကိုဆွဲချွတ်လိုက်တော့ V ဟွန်းခနဲ
မဲ့သွားသည်။
"မင်း ကုမ္ပဏီမှာပို့ထားတဲ့ သူသျှို ကတော့
ခွေးဖြစ်ပြီးပြီး မင်းကိုယ်တိုင်ပေါ်လာတော့
အဟွန်း ခွေးစာဖြစ်ရုံပေါ့...ဟျောင့်တွေ ''
အချက်ပေးလိုက်တာနဲ့ သူ့အနောက်မှာ
ဝန်းရံဝိုင်းပတ်ထားသည့် လူ ငါးယောက်
လောက် ပြေးဝင်လာကြပြီး လဲကျနေသူအား
အပေါ်ကစီးပြီးဝိုင်းထိုးကြသည်။
မျက်ရည်ကြည်လေးတွေနဲ့ ခလေးကို သူ
သက်ပြင်းတစ်ချက်နဲ့အတူ ဝမ်းနည်းစွာ
စိုက်ကြည့်ရင်း တစ်ကိုယ်လုံးကို စိုးရိမ်
တကြီးလိုက်ကြည့်ပြီး လက်ကောက်ဝတ်လေး
မှာ သူ့အကြည့်တွေရပ်တန့်သွား၏။
"ယုန်ပေါက်လေး နာနေမှာဘဲ လာ
ဆေးထည့်ရအောင်...''
"သား မနာပါဘူး ဒယ်ဒီ အဆင်ပြေရဲ့လားဟင်
မောနေမှာပေါ့ သားကို အဲ့လောက် စိတ်မပူပါနဲ့
ဒယ်ဒီကိုယ် ဒယ်ဒီ စိတ်ပူပါဗျ...''
"လာပါကွာ...ကိုယ်မင်းမရှိရင်
ဒီထက်မောရမှာ...ကိုယ်သေရမှာ...''
လက်ကလေးတွဲပြီး အတူယှဥ်လျှောက်ဖို့
ဟန်ပြင်လိုက်ရာ ခြေနှစ်လှမ်းလောက်မှာတင်
မူးလဲကျလာတဲ့ ကောင်လေး ကို ရင်ခွင်နဲ့
လှမ်းထိန်းပြီး ပွေ့ချီခဲ့သည်။
ပြောလိုက်ရင် သားဘာမှမဖြစ်ဘူးနဲ့
အဲ့လောက်အားနည်းရလားကွာ...
🖤…^~🖤…^~🖤
ဆောင်ထူထူကြီးကြားထဲက နစ်ဝင်နေတဲ့
ကိုယ်လုံးသေးသေးလေး လူးလွန့်လာတော့
ရေချိုးပြီးခါစ ခါးတင်လောက်အထိတဘတ်
တိုတိုနဲ့ ရေသီးတွေခန္ဓာကိုယ်ပေါ်ကစီးလျား
နေဆဲ V ကောင်လေး ဘေးဝင်ထိုင်လိုက်သည်။
မျက်တောင်လေးတွေ လှုပ်ရှားနေတော့
အနားလေးကပ် ငုံ့ကြည့်လိုက်တော့
သူ့ဆံပင်ပေါ်ကရေသီး ကောင်လေး မျက်ခွံပေါ်
ပေါက်ခနဲ စီးကျသွားတော့ ဖျက်ခနဲ မျက်လုံး
ပွင့်လာချင်း လေးထောင့်ကျကျ မေးနှစ်ခွနဲ့
နှုတ်ခမ်းထူထူ ကိုအရင်ဦးဆုံးမြင်တွေ့
လိုက်ရတော့ ရင်ထဲလှပ်ခနဲတုန်လှုပ်သွားခဲ့သည်။
"အာ...ဒယ်ဒီ ဘာလို့ကြည့်နေတာလည်း
သွားကွာ...''
"ချစ်စရာလေးမို့ ချစ်လို့ကြည့်တာလေဗျာ
ဘာလို့လဲ ရှက်လို့လား''
"ဘာလို့ရှက်ရမှာလဲဗျ...ဖယ်ဗျာ''
မရှက်ဘူးလို့သာပြောပြီး ဆောင်နဲ့
မျက်နှာလေးကွယ်အုပ်လိုက်ကာ
ခပ်တိုးတိုးလေးပြောနေသည်။
"ပြပါဦး ကြည့်မဝသေးလို့
ကိုယ့်ရဲ့ကမ္ဘာကြီးရယ်...ခနလောက်ထပ်ကြည့်
ချင်လို့ပါဗျာ...''
"ဟာ...ဒယ်ဒီ...ဖယ်လို့...
ဘယ်နှစ်နာရီထိုးကုန်ပြီလဲ''
"အဟွန်း ည၈နာရီ ထိုးကုန်ပြီ
ဗိုက်ဆာပြီလား...''
"ဟုတ်''
"ရေချိုးချင်လား...အေးရင်မချိုးနဲ့
ကိုယ်ရေပတ်တိုက်ပေးမယ် ထမင်း
သွားစားမယ်လာ...ကိုယ့်ဗိုက်ထဲ
ဘယ်နှစ်ခုနှစ်ကမ္ဘာစစ် ဖြစ်နေလဲတော့မသိဘူး
အဟွန်း...''
"အဟင်းဟင်း...''
ရယ်ကျဲကျဲနဲ့ ဆောင်ထဲက လွှာခနဲ
ထလိုက်တော့ကုတင်ပေါ်က ဇောက်ထိုး
လေးပြုတ်ကျတော့မတက် သူ့မှာ
စိုးရိမ်တကြီး လိုက်ဖမ်းထားပြီးမှ
ထိတ်လန့်သွားပုံရတဲ့မျက်နှာလေးကို
ငုံ့ကြည့်ပြီး မဆူရက်တော့ပေ။
"ဖြေးဖြေးလုပ်ပါကွာ...လာ..''
သူ့လက်လာတွဲတော့ အသာဆင်းခဲ့ရင်း
ကိုယ့်ကိုယ်အခုမှသတိထားကြည့်လိုက်တော့
နဂိုဝတ်ထားတဲ့ အကျီးနဲ့ဘောင်းဘီ မဟုတ်ဘဲ
အစိမ်းရင့်ရောင် ညဝတ်ဘောင်းဘီရှည်နဲ့
အကျီးလက်ရှည်ဖြစ်နေမှာတော့ နှုတ်ခမ်းလေး
ဆူသွားပြီး တိခနဲရပ်ပြစ်လိုက်ရာ ဘာများ
ဖြစ်တာလဲလို့ စိုးရိမ်စွာလှည့်ကြည့်လာတဲ့ V...
"ဘာဖြစ်လို့လဲ ယုန်ပေါက်လေး''
"ဒါဘယ်လိုဖြစ်သွားတာ
မူးလဲသွားတော့ အဝတ်တွေပါ
မူးသွားကုန်တာလား...''
"အဟက်...ဟုတ်တယ်...
ကိုယ်လဲ အဲ့တာဘဲပြောမလို့
ထူးဆန်းတယ်သိလား...ခလေးမူးလဲ
သွားတော့လေး ဆေးလိမ်းပေးပြီး
အိပ်ရာပေါ်တင်လိုက်တော့ အဝတ်စားက
အလိုလိုပြောင်းသွားတယ်ကွာ..အံ့သြစရာကြီး''
"ဘာ အံ့သြစရာလဲ...ဘာ ပြောင်းသွားတာ
လဲပေးထားတာမလား...ဘယ်မှမကြည့်
လိုက်ဘူးမလား...ဟိတ်လူရီး...မှန်မှန်ဖြေ''
"ဘယ်လိုခေါ်လိုက်တယ်...''
"ဒယ်ဒီ...ဒယ်ဒီ...အဟင်း...ဖြေဟာ''
"အင်း...sorry ကိုယ်အကုန်ကြည့်ခဲ့တယ်..''
"ဒယ်ဒီ...ဒယ်ဒီကလေ...နေ...နေဦး
ဆေးလူးပေးတာက...အမ်!! ဟုတ်တယ်မလား..
ဒယ်ဒီ...အကျင့်မကောင်းဘူးကွာ...ဟာ
ကိုယ့်ဘာသာလူးမယ်ဆိုတာကို ဘာလို့
အဲ့လိုယုတ်မာရတာလည်း...လွှတ်...မစားတော့ဘူး''
တင်ပါးလေးကို ပြန်လှည့်ကြည့်ပြီး
ကိုယ်လေးမြောက်ကြွမြောက်ကြွဖြင့်
သူ့လက်မောင်းကို ထုထုပြီးပြောနေ၏။
ဘာမှပြန်မပြောဘဲ ထုတိုင်းခံပြီး
အသဲယားစွာပြုံးပြီးကြည့်နေရင်း
နောက်ဆုံး ပွေ့ချီကာ အောက်သို့
ခေါ်လာခဲ့လိုက်တော့၏။
ဒေါ်ကြွယ်ကြွယ် က ပြူပြူပြာပြာနဲ့
ဒေါ်မြနွယ် ကို လှမ်းခေါ်ပြီး ထမင်းခူး
ခပ်ရင်းက V ကို တောင်းဆို သလို
မျက်နှာမျိုးနဲ့ ငဲ့ကြည့်ပြီး
" သ...သခင်လေး ကျွန်မတို့ကို
အလုပ်အသစ်ရှာခိုင်းတယ်ဆိုတဲ့ကိစ္စ
အဲ့တာ ရုတ်သိမ်းတယ်မလားဟင်''
"မနေ့က ဥိီးဟန်ငြိမ်းထွဋ် ကိုဖုန်းဆက်ပြောတုန်းက
မနေ့ညနောက်ဆုံးနော်... ဘာလို့ရှိနေသေးတာလဲ
၆လစာလဲပေးပြီးသား...''
"မလုပ်ပါနဲ ဒါလေးနဲ့ဘဲစား...''
"ခေါ်ထုပ်သွား ဦးဟန်ငြိမ်း...''
"တောင်းပန်ပါတယ် သခင်လေးရယ်
ကျွန်မတို့...လွှတ်!!''ဟီး...ဟိီး အဟင့်...
တောင်းပန်ပါတယ်...''
နှစ်ယောက်လုံးကို ဆွဲထုပ်သွားပုံကို
မျက်နှာငယ်လေး ကြည့်နေတဲ့ ဘရိုက် ကို
V မျက်ခုံးတစ်ဖက်ပင့်ကြည့်ပြီး မေးငေါ့
မေးလိုက်သည်။
ချင်ချင်းနှုတ်ခမ်းလေးစုပြပြီး ခေါင်းလေး
ခါပွ၏။
နွားနို့နဲ့ ကိတ်ခြောက်ဘူးကို ဘရိုက် ထံ
သူရွေ့ပေးပြီး ဦးဟန်ငြိမ်း ကို မျက်ဆပြစ်
မေးလိုက်တော့ အထာသိတဲ့ ဦးဟန်ငြိမ်း က
ခေါင်းပြန်ငြိမ့်ပြသည်။
" ဒယ်ဒီ သားထမင်းစားလို့မရဘူးလား''
" အင် အစကတော့ ထမင်းကျွေးမလို့ဘဲ
နွားနို့တစ်ခွက်ကုန်အောင်သောက်
ကိတ်ခြောက်ကတော့ ဗိုက်လေးပြည့်အောင်စား''
"ကျစ်...သား ထမင်းစားချင်တာကို''
"ထမင်းစားရင် နေမကောင်းဖြစ်သွားလိမ့်မယ်လေ''
"မလိုဘူး...ထမင်းစားမယ်ကွာ''
"မရဘူးလို့''
"သူကျစားတယ်...သူများကျမရဘူးတဲ့
လူယုတ်မာ ယူညစ်ပတ် အစုပ်ပလုပ်ကြီး
မုန်းစရာကောင်းတဲ့လူကြီး...အကျင့်ပုတ်ကြီး''
"နာမည်တွေကလဲ များလိုက်တာကွာ...
ကဲ စိတ်မဆိုးပါနဲ့ ကိုယ့်အသက်လေးရယ်...
အင် ဒီလိုလုပ် ထမင်းမစားဘဲ ဆန်ပြုတ်
သောက်ရမယ်ဆိုရင်ရော...''
"အွန်း ဆန်ပြုတ်သောက်မယ်...
ဝက်သားဆန်ပြုတ်နော်...''
"ကြက်သားက ပိုအရသာရှိတယ်လေ
အားလဲရှိတယ်လေကွာ...''
"ဘဲသား...''
"အိုခေပါဗျာ...ဘဲသားနော်...''
"ကျွန်တော် သွားပြင်လိုက်ပါ့မယ် သခင်လေ''
"နေနေ...ကျွန်တော်လုပ်လိုက်မယ်...''
သူ ထသွား၍ ဘရိုက် မျက်လုံးလေး
ဝိုင်းဝိုင်းလေးနဲ့ ကျန်ခဲ့၏။ဦးဟန်ငြိမ်းထွဋ်
ဆိုတဲ့ လူကလည်း ခြံထဲဆင်းသွား၍
ထမင်းစားခန်းထဲ တစ်ယောက်ထဲကျန်ရစ်
ခဲ့တာကြောင့် သူ့ပန်ကန်ထဲကို အသာလေး
စွေကြည့်ပြီး ဟင်းတွေအကြိုက်လောင်းထည့်ကာ
မိန်မိန်ကြီးနဲ့ ပလုပ်ပလောင်းစားလိုက်ပြီး
ကြက်ပေါင်ကိုခပ်ထည့်ကာ လက်တစ်ဖက်မှာ
တစ်ခုစီကိုင်ပြီး ဟိုဘက် ဒီဘက် မြိန်ရေယှက်ရေ
ကိုက်စားနေတာ ပလုပ်ပလောင်းလေး..။
မိနစ်၃၀လောက်အကြာ အငွေ့တစ်ထောင်းထောင်း
အနံ့ကောင်းကောင်းဆန်ပြုတ်ပန်းကန်ကိုကိုင်ပြီး
ထမင်းဝိုင်းဆီပြန်လျှောက်လာသူ V ပလုပ်ပလောင်း
စားနေတဲ့ ကောင်လေးအားကြည့်ပြီး မင်သက်သွား၏။
V ကိုမြင်တော့ စားနေတာသီးပြီး တစ်ဟွတ်ဟွတ်
နဲ့ချောင်းဆိုးရာ ဆန်ပြုတ်ပန်းကန်ကို ဂွက် ခနဲ
ချပြီး ဘေးနားဝင်ထိုင်၍ ရေငှဲ့တိုက်ပြီး ကျောပြင်
လေးကိုယုယုယယလေး ပွတ်သပ်ပေးနေ၏။
"အဟီး...သား...အဟွတ်!''
"စကားမပြောနဲ့ဦး ရေထပ်သောက် ခလေးလေး
ဖြေးဖြေးမျိုချ ''
ဇက်လေးပုတက်သွားတဲ့အထိ အသည်းအသန်
မျိုချနေတာကြောင့် ရင်ဘက်လေးကိုပြန်ဖိ
ပေးပြီး လက်ထဲကရေခွက်ကို ပြန်ပေးလိုက်၏။
လက်နှစ်ဖက်လုံးညှစ်ပတ်နေတာကြောင့် သူ
ဘဲ ထပ်ခွံတိုက်လိုက်သည်။
"အဆင်ပြေလာ...ရေထပ်သောက်မလားဟမ်း
ဖြေးဖြေးလေးဝါး ညက်အောင်ဝါး ဖြေးဖြေး
ဘဲ မျိုးချလေ လည်ချောင်းနာမှာပေါ့ကွာ...''
ကျောပြင်လေးကိုပြန်ပွတ်ပြီး ရေခွက်ကို
ပြန်ချကာ ဘူးထဲက တစ်သျှူးတွေထုပ်ပြီး
လက်ထဲက အသားနဲနဲကျန်တဲ့ ကြက်ပေါင်
နှစ်ချောင်းလုံးကိုကိုင်ပြီး ပန်ကန်မှာတင်၍
ဟင်းဆီတွေပေကျန်နေတဲ့ လက်လေးတွေကို
သေချာသုပ်သပ်ပေးပြီး နှုတ်ခမ်းလေးကို
သုပ်ပေးနေရင်း သူ့စိတ်တွေ ထိန်းချုပ်လို့
မရအောင် နှုတ်ခမ်းပါးပါးရဲရဲလေးအား
နမ်းချင်စိတ်တွေပြင်းထန်လာခဲ့သည်။
အဆီတွေပြောင်သွားတဲ့နှုတ်ခမ်းလေး
ရဲပြောင်ပြီးစိုစိုလေးရှိနေသည်။
သူ့ စိတ်သူထိန်းပြီး မျက်နှာလွှဲကာ
ဆန်ပြုတ်ပန်းကန်ကိုဆွဲယူလိုက်၏။
"သောက်နိုင်သေးရဲ့လား အဲ့ဗိုက်သေးသေး
လေးက...''
"သားကို မဆူဘူးလား ထမင်းခိုးစားတာ''
"ဆန်ပြုတ်သောက်ပြီး နွားနို့နဲ့ ဆေးသောက်ရမယ်
ကိုယ်ခွံရမလား...''
"ရတယ်...ဒယ်ဒီ အဝတ်အစားသွားမလဲ
သေးဘူးလား...''
"အင်း ယုန်ပေါက်လေးနဲ့အပေါ်အတူ
တက်မှဝတ်တော့မယ်လေး...''
"သဘော်းဘယ်နေ့စီးရမှာ...''
"စီးရမှာပါကွာ...ကိုယ့်ပေါ်ရော
တက်မစီးချင်ဘူးလား...''
"ဟာ ဒယ်ဒီ...''
"အဟွန်း...အလကားပေးစီးပါမယ်လို့''
"ဟာကွာ...သွား...သွား...ဝေးဝေးသွား''
"အဟွန်း...''
ထမင်းစားဝိုင်းလေးက ရယ်သံလေးတွေ
တစ်လွင့်လွင့်ပျံ့လွင့်သွားခဲ့၏။
🖤…^~🖤…^~🖤
Part 15ဆက်ရန်...
🖤Vampire🖤