Chapter ( 15 )

4.2K 142 2
                                    

🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
Part 15

🖤...^~🖤...^~🖤
"အေ မင်းတွေ့ချင်တဲ့နေရာကိုချိန်းလိုက်
ငါ လာခဲ့မယ်...''

"အေ...ကတိတော့တည်ပါစေ V''

"Vampire ပါကွာ...အာဏာဇိုး
မဟုတ်ဘူး...အဟက်...''

​လှောင်ရယ်သံနဲ့အတူ ဖုန်းပိတ်သွားခဲ့၍
ဇိုး စပ်ဖျင်းဖျင်းခံစားလိုက်ရကာ
ဖုန်းကိုကိုင်ထားတဲ့ လက်သီးကျစ်ကျစ်ပါ
ဆုပ်ကိုင်ထားတာ ဖုန်းပင်ကြေမွတော့မတက်...။

ဇိုး စေ နဲ့ ညှိနှိုင်းထားတဲ့ ကိစ္စ
အောင်မြင်အောင်လုပ်ဖို့အတွက်
V ကိုပထုပ်ခေါ်လိုက်သည်ဆိုတာ
V သိနိုင်ပါ့မလား...

ခနတာ လှောင်ပြောင်ခံရတာမို့
ကိုယ့်စိတ်ကို ပြန်တင်းပြီး မဲ့ပြစ်
လိုက်သည်။

Vampire...မင်း ငါ့ညိီကို ဘယ်လောက်
သိမ်းထားနိုင်မှာလည်း...ငါမင်းကို
ဒီ့ထက်ဆိုးတာတွေနဲ့ ရင်ဆိုင်ရအောင်
လုပ်ပြမယ် မင်းစောင့်ကြည့်နေလိုက်!!

🖤...^~🖤...^~🖤
စေ သူ့လူတွေနဲ့ အားလုံးတိုင်ပင်
ပြီးသားမို့ ဒီညနေဝင်စည်းဖို့ စိတ်အား
ထက်သန်နေခဲ့သည်။

မြန်မာပြည်ပြန်သွားပြီမှန်း သတင်းရလိုက်လို့
ချက်ချင်းမြန်မာပြည်​ခြေဦးစိုက်ပြီး ဇိုးနဲ့
တိုင်ပင်ခဲ့ကြခြင်း...

ဇိုး က V ကို သူ့ညီကိစ္စနဲ့မုန်းသလို
စေ ကလည်း အဲ့ခလေး ကိစ္စနဲ့ဘဲ
ဒေါသဖြစ်ခဲ့တာ...နောက်ပြီး အလုပ်ကိစ္စတွေ
ဖျက်သိမ်းပြစ်လိုက်တော့ သူ ပိုပြီး
မုန်းတီးသလို စိတ်ပျက်ခဲ့မိတာမလား...
ဒါ့ကြောင့် V စိတ်ညစ်အောင် ကျရှုံးအောင်
လုပ်ဖို့ တွန့်ဆုပ်စရာ ဘားမှမရှိခဲ့တော့ပေ။

🖤...^~🖤...^~🖤
နာမည်ကြီးစားသောက်ဆိုင် တစ်ဆိုင်တွင်
ဇိုး အရင် နာရီဝက်လောက်အထိ ထိုင်စောင့်
နေခဲ့ရပြီး နောက်မှ အေးဆေးV ရောက်လာခဲ့၏။

ကိုယ်က စိတ်လောလောနဲ့ စောင့်နေရတာ
ခပ်ချေချေပုံစံနဲ့ အလာကြီးပါလား...
ဘာဘဲဖြစ်ဖြစ် သိပ်မကြာခင် သူ ချေနိုင်တော့မယ်
မထင်ပါဘူး...။အဲ့တော့မှ ကိုယ့်အလှည့်ပေါ့...

Vampire ခြွေတဲ့ အနမ်းကြမ်းWhere stories live. Discover now