chapter ( 8 )

5.9K 174 0
                                    

Vampire ခြွေတဲ့အနမ်းကြမ်း🖤
                   Part 8

🖤…^~🖤…^~🖤
"ကိုကိုနဲ့ ဒယ်ဒီ က ပြသနာဖြစ်ထားကြတာလား
ဘာတွေဖြစ်ထားတာလဲ''

"အင်...ငယ်ငယ်က မင်းကိုလိုချင်တဲ့ကိစ္စ
ကနေဘဲ မြင်ရင် မတည့်ကြတော့တာ...''

"အော်...မတည့်တော့ကောင်းတယ်...ဒါမှ
ကိုကို က သားကို လာခေါ်မှာ''

"စိတ်ကူးယဥ်ပေါ့ ခလေးရယ်
ကိုယ်က အတ္တကြီးတယ်ဆိုတာ
မမေ့နဲ့ဦး...''

"ဘာဘဲဖြစ်ဖြစ်ဗျာ ကိုကို သားကို
ခဗျားထက်ပိုချစ်တာကြောင့် ရအောင်လာခေါ်မှာ
နောက်ပြီး ကိုကို နဲ့နေတာဘဲ သားပျော်တယ်
ပြီးတော့ သား ဒယ်ဒီ့ ဆီက ရသလိုထွက်ပြေးမှာ''

"ကြိုးစားကြည့်ပေါ့...ကိုယ်ကလည်း
အပြစ်ပေးဖို့ မိန့်မိန့်ကြီးစောင့်နေပါ့မယ်''

ကြီးမားတဲ့ ခြံကြီးရဲ့အရှေ့တံခါးကြီးကပင်
ကျော်ခွတက်ဖို့မလွယ်အောင် လူသုံးရပ်စာ
လောက်ကြီး ကြီးသည်။တံခါးချပ်ကြီး အလိုလို
ပွင့်သွားတာနဲ့ အမည်းရောင်အကောင်းစား
ကားကြီးအထဲဝင်လာခဲ့၏။
ရေကူးကန်နဲ့ ပန်းပင်တွေ သူ့နေရာသူ
သပ်သပ်ရပ်ရပ်ဖြင့်လှပနေကာ
မီးခိုရောင်နဲ့အနက်ရောင်ရောစပ်ထားတဲ့
အိမ်အကြီးကြီးက ​ကနုတ်ပန်းတွေလို
တခြားထူးဆန်းတဲ့ပုံစံတွေနဲ့မွန်းမံထားပြီး
အပြင်ကကြည့်လိုက်ထဲက အရမ်းအရမ်း
မိုက်လွန်း၏။အိမ်တံခါးမကြီးရှေ့
ယောကျ်ားလေးနှစ်ဦး ရင်ကော့ခါးမတ်ကာ
မားမားကြိီးရပ်နေကြမှာတော့ ကောင်လေး
ချိတုန်ချတုန်ဖြစ်သွားရ၏။
စောစောက ခြံတံခါးရှေ့မှာလည်း
ထိုကဲ့သို့လူနှစ်ဦးက ထီးထီးကြီးရပ်နေကြပါသည်။

လက်သီးလေးတွေဖိစုပ်နယ်နေသည့်
ကောင်လေးကို တစ်ချက်မျှကြည့်ပြီး
ကြိတ်ပြုံးလိုက်မိသည်။

ကားရပ်လိုက်တာနဲ့ ကောင်လေးကားတံခါး
အမြန်ဖွင့်နေတော့ ခါးပတ်ကြိုးဖြုတ်နေရင်းက
ကောင်လေး လက်ကို လှမ်းကိုင်ပြီး...

"ကိုယ့်လက်ထဲကပြေးနိုင်မှ ပြေးနော်
မိရင် ကိုယ်ညှာမှာမဟုတ်ဘူး''

သတိပေးသလို နှုတ်ခမ်းတစ်ဖက်ထဲ
စောင်းပြုံး၍ သူကားပေါ်ကဆင်းခဲ့
လိုက်သည်။
ကောင်လေး နှုတ်ခမ်းလေးကိုက်လိုက်
မျက်တောင်လေးတစ်ဖျက်ဖျက်ခတ်လိုက်
လျှာလေးသတ်လိုက်နဲ့ နေရာလေးက
မရွေ့ရဲလေ...။

Vampire ခြွေတဲ့ အနမ်းကြမ်းWhere stories live. Discover now