အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွာ...
By Anna30Libra
656K 88.4K 1K
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိ... More
(၁) ပြန်လည်မွေးဖွားခြင်း
(၂) ငွေကြေးစုဆောင်းတက်ရန် သင်ယူခြင်း
3: ပိုင်ဆိုင်မှုများခွဲဝေခြင်း
(၄) မိသားစု၏ ဘိုးဘွားပိုင်အမွေအနှစ် လက်ရေးလှစုတ်တံ
(၅) အာလူးပူပူ
(၆) ကျိုးပဲ့နေသောစုတ်တံ၏ ကြီးမားသောပြောင်းလဲမှု
(၇) ထူးဆန်းသည့်နေရာမှ ဝါးအိမ်လေး
(၈) စာအိတ်သေတ္တာ
(၉) အလိုရှိသည့် ဖမ်းဝရမ်း
(၁၀) လုံကျန်းရီ
(၁၁) သူ၏နယ်မြေအား ရှင်းလင်းခြင်း
(၁၂) ၇မီလီယံဒေါ်လာ
(၁၃) သန့်စင်မွန်မြတ်သည့်နွေဦးနဂါးရေကန်
(၁၄) လေ့ကျင့်ရေးပစ္စည်းများ
(၁၅) ဆက်လက်ဈေးဝယ်ထွက်ခြင်း
(၁၆) မှောင်ခိုဈေး
(၁၇) သေးငယ်သော တောင်ပေါ်ရွာလေး
(၁၈) ခြောက်လ
(၁၉) ထွက်ခွာခြင်း
(၂၀) နောက်ဆုံးတော့ ပြန်ပေါ်လာပြီ
Boss, this "escaped criminal" is too cunning
Level 2 Taoist Arts
Smudges and stains
Prior to the Apocalypse
Surprise encounter with zombies
Devil ants' crystal nuclei
Holy dew, Holy brush and crystal
Usage of the crystal
The Apocalypse approaches
Deciding to leave (Little Long gong is here)
The drag racer soldier
Walking the road together
Abnormal conditions
Zombie base
The Armoury
Older brother will give you a family
A brother like this
Peach wood defensive talisman
Personal interdimensional space
Successfully repairing the car
Target practice
It is also possible to plant vegetables
Uninvited guests
Shoot anything that moves
Li Qing
Leaving the military district
Qin Jun
No update, Must read
Energy Congregation Array - 1
Energy Congregation Array - 2
You are Mine 1
🔞🔞You are Mine - 2🔞🔞
Don't disturb him
Emerging at last
Close-door cultivation and the space's big change
Terrifying special training routine
Commence departure
The smell of cigarettes
Ghost town
Suspicious scratches
Night Vigil
🌟Paid GP
(၆၀) မျိုးပြောင်းနတ်ဆိုးသစ်ပင်
(၆၁) အလိုအလျောက် ဖြစ်ပေါ်လာသည့် အဆိပ်နွံအိုင်
(၆၂) ချိတ်ပိတ်ခြင်း နှင့် ထွက်ခွာခြင်း
(၆၃) အဝေးပြေးလမ်းမ၌ လုယက်ခံရခြင်း
(၆၄) ထရပ်ကားအတွင်းမှ လူများ
(၆၅) သိုလှောင်လက်စွပ်
Note❗❗❗❗
(၆၆) Y မြို့လေး
(၆၇) မတူညီသည့် အမြုတေပုံဆောင်ခဲ အမျိုးအစားများ
About Telegram!!!
(၆၈) အသိစိတ်မှ အသံ
(၆၉) လူအများအား ကယ်တင်ခြင်း (၁)
(၇၀) လူအများအား ကယ်တင်ခြင်း (၂)
(၇၁) လူအများအား ကယ်တင်ခြင်း (၃)
(၇၂) လူအများအား ကယ်တင်ခြင်း (၄)
(၇၃) လေးစားရတဲ့ အဘွားကျန်း
(၇၄)နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခြင်း
(၇၅) ခြိမ်းခြောက်မှုများ
(၇၆) အထင်အမြင်လွဲမှားခြင်း
(၇၇) ဝန်ခံခြင်း
(၇၈) မလာခဲ့နဲ့
(၇၉) အတွင်းအမြုတေ၏ နိုးထမှု
(၈၀) သစ်ပင်ဝိဉာဏ်
(၈၁) ယာဉ်တန်းကြီး
(၈၂) အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခြင်း
(၈၃) ထွက်ခွာရန်ပြင်ဆင်ခြင်း
(၈၄) ညအိပ်ရန်နေရာ
(၈၅) အံ့အားသင့်ဖွယ် တိုက်ခိုက်မှု
(၈၆) တစ်ယောက်သောသူ၏ သေခြင်းသို့သွားရာလမ်း
Hello!!
(၈၇) အဝါရောင်စာရွက်နှင့် မှင်များ
(၈၈) ကုန်တိုက်
(၈၉) အန္တရာယ်ဖယ်ရှားခြင်း
(၉၀) အသက်ရှင်ကျန်ရစ်သူများ
(၉၁) ဘေးကင်းဇုန်
(၉၂) ဘေးကင်းဇုန်အတွင်းသို့ ဝင်ရောက်ခြင်း
(၉၃) သတ္တိရှိခြင်း
(၉၄) လုံခြုံရေးအန္တရာယ်များ
(၉၅) မြေးအဖိုးနှစ်ဦး၏ စကားဝိုင်း
(၉၆) သူငယ်ချင်းဟောင်းတစ်ဦးနှင့် တွေ့ဆုံခြင်း
(၉၇) "ဇနီး" ဟု အဆင်အခြင်မဲ့ မခေါ်ရ
(၉၈) သာယာသောညလေး
(၉၉) ကျိုးရှင်းဖုန်း
🎆 About Paid Gp 🎆
(၁၀၀) ဆေးသွားရှာခြင်း
(၁၀၁) အမျိုးစုံလှသည့်ဖုတ်ကောင်များ
(၁၀၂) နောက်ထပ်နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခြင်း
(၁၀၃) အကိုက်ခံရခြင်း
(၁၀၄) တကယ်လို့ အကိုက ဖုတ်ကောင်ဖြစ်သွားရင် ကျွန်တော့်ကို ကိုက်လိုက်ပါ
🌟🌟🌟PDF File🌟🌟🌟
(၁၀၅) အကြောင်းပြချက်မရှိ ထိတ်လန့်နေခြင်း
(၁၀၆) တံခါးလာခေါက်သည့် ပြဿနာ
(၁၀၇)
(၁၀၈) လမ်းခွဲခြင်း
(၁၀၉) မိုးကြိုးမုန်တိုင်းသည် ကံဆိုးသောနေ့ကို ဖြစ်ပေါ်စေသည်
(၁၁၀) အောင်မြင်စွာ လွတ်မြောက်ခြင်း
(၁၁၁) အိပ်မက်
(၁၁၂) ရောဂါကူးစက်မှု ပျံ့နှံ့ခြင်း
(၁၁၃) ကျွန်တော် ကမ္ဘာပျက်ကပ်ကနေ ပြန်လာခဲ့တာ
(၁၁၄) ကွန်မန်ဒိုတပ်ဖွဲ့
(၁၁၅) ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များ
(၁၁၆) အဆင့်မြင့် သုတေသန တက္ကသိုလ်
(၁၁၇) တက္ကသိုလ်အတွင်းသို့ ဝင်ရောက်ခြင်း
(၁၁၈) ပစ္စည်းများရယူခြင်း
(၁၁၉) မြို့တော် E သို့ ရောက်ရှိခြင်း
(၁၂၀) တာအိုပညာရပ်ကျောင်းတော်
(၁၂၁) ကျိုးဟန်ယန်၏စွမ်းရည်
(၁၂၂) နောက်ဆုံးတော့ မြို့တော် A ကို ရောက်ခဲ့ပြီ
(၁၂၃) မြို့တော် A ၏ ဘေးကင်းဇုန်
(၁၂၄) အဖိုးလို့ ခေါ်ပါ
(၁၂၅) ငါတို့ရဲ့ဘောစ့်က လူတွေကို ရိုက်တက်တယ်
(၁၂၆) အကြီးဆုံး မရီး
1 +1 promo
(၁၂၇) ဟဲလျန်မင်
(၁၂၈) ထျန်းကျီဇီ
(၁၂၉) အကြီးအကဲ တာအိုဘုန်းတော်ကြီးနှင့် စကားပြောခြင်း
(၁၃၀) ဗိုလ်ချုပ်လုံ
(၁၃၁) နေ့စဉ်တာဝန်တွေ ပြီးစီးခြင်း၏ ပျော်ရွှင်မှု
(၁၃၂)ရွှီမင်ယီနှင့် ထပ်မံတွေ့ဆုံခြင်း
(၁၃၃)လုံယွမ်တပ်ဖွဲ့
(၁၃၄) လုံမိသားစုမှ ဝမ်းကွဲ
(၁၃၅) ညဘက်အနားယူခြင်း
(၁၃၆) အနက်ရောင်အဆောင်
(၁၃၇) ဖုတ်ကောင်များ၏ အကြီးအကျယ် တိုက်ခိုက်မှု
(၁၃၈) မှော်ဆရာ ကိုးကွယ်ယုံကြည်မှု၏ အဖွဲ့ဝင်
(၁၃၉) အသက်ရှင်ကျန်ရစ်သူများ
(၁၄၀) တာဝန်ပြီးမြောက်ခြင်း
(၁၄၁) ဓါးဝိညာဉ် လျိုယင်း
(၁၄၂) အကျဉ်းချခံထားရခြင်းမှ လွတ်မြောက်လာသည့် လီချင်း
(၁၄၃) အစွန်အဖျားရှိ ရွာ
(၁၄၄) အဆိပ်သင့်ရွှံနွံများ ပြန်လည်ထွက်ပေါ်လာခြင်း
(၁၄၅)နတ်ဆိုးပုရွက်ဆိတ်များ
(၁၄၆) မမြင်နိုင်သော အတားအဆီး
(၁၄၇) တိတ်တခိုး တဖက်သက်ကြိုက်နေသူ
(၁၄၈) တစ်နှစ်
(၁၄၉) စစ်ရေးညီလာခံ
First, to the garage
6.2K 965 9
By Anna30Libra
[Unicode]
အမ်း!....နွေးလိုက်တာ
ဒီလိုနွေးထွေးမှုမျိုးကို သူ မခံစားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ အမေဖြစ်သူ ကွယ်လွန်သွားပြီးတည်းက ဘဝတလျောက်လုံးမှာ သူ့ကို ဘယ်သူကမှ ဒီလိုမျိုး မပွေ့ဖက်ထားပေးဖူးဘူး။
ခဏလေး.... ပွေ့ဖက်တာ ? !....
ဝိုးတဝါးဖြစ်တာကနေ အသိပြန်ဝင်လာတဲ့အချိန်မှာ သူ ရုတ်တရက် တစ်ခုခုကို သတိရလိုက်တယ်။ Huo Zaiyuan ရဲ့ မျက်လုံးတွေ ပွင့်လာပြီး နက်ရှိုင်းနက်မှောင်နေတဲ့ သူငယ်အိမ်တစ်စုံနဲ့ သွားတွေ့သည်။
" အား..…” ကြီးမားသော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးတုန်တက်သွားကာ ဖြူနုလှသည့် အသားအရည်က ရဲရဲတောက် နီနေတော့သည်။  “ အ..အ..အကို ...ဘာလို့ ကျွန်တော့်ကို ဖက်ထားတာလဲ  !! "
" ကိုယ့်အချစ်လေး ရှောင်ယွမ်..ကိုယ်က တကယ်ကို အပြစ်ကင်းပါတယ်...မနေ့ညက တစ်ညလုံး ကိုယ့်ကို မင်းဖက်ထားပြီး မလွှတ်ပေးခဲ့ဘူး..." အသံနိမ့်နိမ့်လေးနဲ့ ရယ်မောနေပြီး ဒီဆွဲဆောင်မှုရှိတဲ့အသံက လူတစ်ယောက်ရဲ့ နှလုံးသားလေးကို တုန်လှုပ်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ မျက်နှာနီနီလေးနှင့် လူငယ်လေးကိုကြည့်ပြီး Long Zhanye ၏ စိတ်အခြေအနေသည် ချက်ချင်း ကောင်းမွန်လာသည်။ " မြန်မြန်ထပြီး ပြင်ဆင်တော့..မနက်စာစားပြီးရင် လက်နက်သွားရွှေ့ရအောင် "
" အိုကေ.." Long Zhanye က သူ့ကို ဆက်လက်မစနောက်တော့တာကြောင့် Huo Zaiyuan သည် ခေါင်းငြိမ့်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး စောင်များကို သူ့နေရာလွတ်တွင် ပြန်သိမ်းထားလိုက်ကာ မနက်စာလုပ်ဖို့ ပြင်ဆင်တော့သည်။ " အကိုကြီးလုံ...အကို့ကားကရော...."
Hummer ကားက စစ်တပ်နယ်မြေရဲ့ဂိုဒေါင်ထဲမှာ ရပ်ထားတယ်လို့ အရင်တုန်းက Long Zhanye ပြောထားတာကို သူ မမေ့သေးဘူး။ အဲ့ဒီဂိုဒေါင်က ဒုတိယထပ် ဒါမှမဟုတ် တတိယထပ်မှာ ရှိဖို့ကတော့ မဖြစ်နိုင်ဘူး။  ပထမထပ် ဒါမှမဟုတ် မြေအောက်ထပ်မှာပဲ ထားကြမယ် ထင်တယ်။
Huo Zaiyuan စဉ်းစားထားသလိုပဲ  Long Zhanye သည်လည်း သဘာဝကျစွာပဲ တွေးထားပြီးသားဖြစ်သည်။ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်လျှင် အပြင်ဘက်ရှိ သတ္တဝါများက အရင်အတိုင်းရှိနေတာကို သတိပြုမိကာ ဘေးဘယ်ညာယိမ်းထိုးနေပြီး သူတို့ရဲ့ လည်ချောင်းထဲကနေ လေထုထဲကို ထွက်လာတဲ့ အော်သံနိမ့်တွေက လူတွေကို စိတ်လှုပ်ရှားစေတယ်။
" ကားဘီးတွေက နည်းနည်းတော့ ပျက်စီးနေတယ်... တနေ့က အဲ့ဒါကိုပြင်ဖို့ ကိုယ် ဒီကိုပို့လိုက်တာ...ဒါပေမယ့် မနေ့က ရုတ်တရက်ကြီး သူတို့တွေ ဖုတ်ကောင်ဖြစ်သွားကြတယ်...သူတို့ အဲ့ဒါကို ပြင်ပြီးသွားပြီလားဆိုတာတော့ ကိုယ် မသိဘူး... တကယ်လို့ ကိုယ့်ကားသာ မပြင်ရသေးဘူးဆိုရင် အဲ့ဒါက တကယ့်ကို ပြဿနာပဲ "
" အဲ့ဒီပျက်တာကို ဘယ်လိုပြင်ရမလဲ သိလား။ ”  မီးဖိုရှေ့တွင် ချက်ပြုတ်နေသော Huo Zaiyuan က မေးသည်။
" ဒါပေါ့..ဒါက မဖြစ်မနေ သိထားရမယ့် အရာပဲလေ ..."
" ကျွန်တော်သွားပြီးတော့ အကို့ကားနဲ့ ပြင်ဖို့လိုတဲ့အရာ‌တွေအကုန်လုံး ကျွန်တော့်နေရာလွတ်ထဲ ထည့်ယူလာပြီး ဒီဒုတိယထပ်မှာ ပြင်မယ်ဆိုရင်ရော..." ခေါက်ဆွဲနှစ်ပန်းကန်ကို သယ်လာပြီး Huo Zaiyuan က အကြံပေးလိုက်တယ်။
" အင်း...အကြံကောင်းပဲ " Long Zhanye က သဘောတူကြောင်း ခေါင်းငြိမ့်သည်။ " ပြင်တဲ့ဂိုဒေါင်က မျက်နှာချင်းဆိုင်မှာရှိတဲ့ အဆောက်အဦးရဲ့ မြေညီထပ်မှာရှိတယ်...ဆက်ထားတဲ့တံတားကနေ ကိုယ်တို့ လမ်းလျှောက်သွားလို့ရတယ်...ပြီးရင် ပထမထပ်ကိုဆင်းပြီး ကိုယ့်ကားကို ယူလိုက်လို့ရပြီ "
" အိုကေ " Huo Zaiyuan သည် အဆောက်အဦးနှစ်ခုကြား တံတားဖြင့်ဆက်သွယ်ထားသော အကွာအဝေးနှင့် ၎င်းအပေါ်တွင် ဟိုဘက်ဒီဘက် သွားလာနေသည့် ဖုတ်ကောင်များကို ပြတင်းပေါက်မှ ကြည့်လိုက်သည်။ " အကိုကြီးလုံ...နောက်မှ လုပ်ရအောင်...ကျွန်တော်တို့ တတိယထပ်က လက်နက်တိုက်မှာရှိတဲ့ ပစ္စည်းတွေကို အရင်ယူရအောင်..."
သူ မနက်စာလုပ်နေတုန်းမှာပဲ ကန်တင်းမှာရှိတဲ့ အစားအစာတွေ၊ ဂက်စ်အရည်တွေ၊ အိုးတွေ၊ မီးဖိုတွေ အကုန်လုံးကို သူ့နေရာလွတ်နယ်မြေထဲ ရွှေ့လိုက်ပြီ။ အခုတော့ သူ လက်နက်ဂိုဒေါင်ကို ရှင်းလင်းဖို့ပဲ ကျန်တော့တယ်။ ပြီးရင် အကိုကြီးလုံနဲ့သူ နှစ်ယောက်လုံးက အရေးကြီးပစ္စည်းတွေ ကျန်ခဲ့မှာကို စိတ်ပူစရာမလိုပဲ ကားကို သွားယူနိုင်လိမ့်မယ်။ ဒါပေါ့..သူတို့က ကားကိုပြန်ယူလာနိုင်ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်..ဒါပေမယ့် အမြဲတမ်း ကြိုတင်ကာကွယ်ထားတာက ပိုကောင်းတာပေါ့။
~~~~~
နံနက်စာစားပြီးနောက် သူတို့နှစ်ဦးသည် လက်နက်တိုက်ကိုရှင်းလင်းဖို့ တိုက်ရိုက်ပဲသွားခဲ့သည်။ Long Zhanye သည် ကျည်ဆန်များများဆန့်သည့် ပိုပြီးပေါ့ပါးတဲ့ ပစ္စတိုတစ်လက်ကို ကောက်ယူကာ ထိန်းချုပ်ပစ္စည်းမတပ်ဆင်ခင် သေနတ်ကို တပ်ဆင်ခြင်းနှင့် ထိန်းညှိခြင်းများ ပြုလုပ်ဖို့အတွက် အချိန်အနည်းငယ်ယူလိုက်သည်။ ထို့နောက် သေနတ်ကို Huo Zaiyuan အား ပေးလိုက်သည်။
" ဒါကိုယူလိုက်...တစ်ခုခုဆို သေနတ်ဘယ်လိုပစ်ရမလဲ သိတယ်မလား...လုပ်နိုင်တယ် ဟုတ် "
" ကျွန်တော် သိပြီ" Huo Zaiyuan သည် ခေါင်းငြိမ့်လိုက်ကာ သူ၏လက်ထဲ သေနတ်ရောက်သည်နှင့် ပစ္စတို၏လုံခြုံရေးခလုတ်ကို ဖွင့်လိုက်သည်။
တာဝေးပစ်မှတ်ဆိုရင် ဘယ်လိုပစ်ရမလဲ သူ မသိဘူးဆိုပေမယ့် အခြေခံကျကျ ခလုတ်လေးဆွဲညှစ်လိုက်ရုံကတော့ သူ အပြင်းအထန်ကြိုးစားနေစရာ မလိုဘူး။
အဲ့ဒီလိုပဲ...သူတို့ ကားဂိုဒေါင်ကိုသွားနေတဲ့ လမ်းတလျောက်မှာ သူတို့ကန်တင်းကို ပြန်လာတဲ့အချိန် လုံခြုံတဲ့လမ်းကြောင်းဖြစ်စေဖို့အတွက် အစီအရင်တွေကို ကြိုပြီးပြုလုပ်ထားခဲ့မှာပဲ။ အစီအရင်တွေပြုလုပ်နေတုန်းတော့ လက်ထဲ ဓားကိုင်ထားဖို့က အဆင်မပြေဘူးပဲ။
" သွားစို့...” ရိုင်ဖယ်ကို ကိုင်ဆောင်ထားသည့် Long Zhanye သည် Huo Zaiyuan အားသူ၏အခြားလက်တစ်ဖက်ကို မနေ့ကလိုပဲ ကမ်းပေးခဲ့သည်။
" ကောင်းပါပြီ "
ဒုတိယထပ်မှာရှိတဲ့ ဖုတ်ကောင်တွေအကုန်လုံးကို အခြေခံအားဖြင့် မနေ့က သူတို့ ရှင်းလင်းခဲ့ပြီးပြီ။ အဲ့ဒါအပြင် Huo Zaiyuan ပြုလုပ်ထားတဲ့ အစီအရင် ကာကွယ်မှုကို အပိုထပ်ဆောင်း ပြုလုပ်ပေးတယ်။ ဒါကြောင့် ဒီအထပ်က အရမ်းကိုအန္တရာယ်ကင်းပြီး လုံခြုံတယ်။ ဒါ့အပြင် မျက်နှာချင်းဆိုင်က အဆောက်အဦးနဲ့ ဆက်သွယ်ထားတဲ့ တံတားဆီကိုသွားတဲ့လမ်းမှာ စင်္ကြံအနည်းငယ် ရှိတယ်။ စင်္ကြံတစ်ခုချင်းစီမှာ စတီးသံတန်းတွေနဲ့ တံခါးတွေ ကာရံထားတယ်။ ဒီအတားအဆီးတွေရဲ့အနောက်မှာ ဖုတ်ကောင်တွေရှိမယ်ဆိုတာ အသေအချာပဲ။ ပြီးတော့ ဒီသံပန်းတွေကို ကာရံပြီးပိတ်ထားသူက ဒီဒုတိယထပ်မှာ ခိုလှုံမယ့်နေရာအဖြစ် ပြုလုပ်ထားတယ်ဆိုတာ သိသာတယ်။ သူတို့ ကံအရမ်းဆိုးလွန်းလို့သာ ဖုတ်ကောင်တွေဖြစ်လာမယ့် နောက်ဆုံးကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။
Huo Zaiyuan ကိုကြည့်ကာ Long Zhanye သည် ရှေ့သို့တိုးသွားပြီး တံခါးကို ပိတ်ဆို့ထားသည့် သံမဏိတန်းများကို ဖယ်ရှားလိုက်သည်။ ဖုတ်ကောင်တွေက တံခါးကို ဘယ်လိုဆွဲဖွင့်ရမယ်ဆိုတာ မသိပဲ ကုတ်ခြစ်ပြီးတော့ ထုရိုက်တာသာ ပြုလုပ်နေသည်။ တံခါးကိုကာကွယ်ထားသည့် သံမဏိတန်းများကို ဖယ်ရှားလိုက်သည့် ထိုလူက အခြေအနေတွေ ရှုပ်ထွေးနေတဲ့ကြား ခေါင်းအေးစွာဖြင့် ရှင်းရှင်းလင်းလင်း လုပ်ဆောင်နိုင်ခဲ့သည်။
သံမဏိတန်းများ ဖယ်ရှားပြီးနောက် တံခါးရဲ့ သူ့နဂိုမူလပျက်စီးမှုကြောင့် တဖြည်းဖြည်းချင်း ပွင့်လာသည်။ ချက်ချင်းဆိုသလို အနက်ရောင်အရိပ်တစ်ခုက ရှေ့သို့တိုးထွက်လာပြီး လည်ချောင်းထဲမှ ဖိနှိပ်ခံထားရသည့် အော်ဟစ်ညည်းညူသံများ ထွက်ပေါ်နေသည်။
ငွေရောင်အလင်းတန်းတစ်ခု လက်သွားပြီး ဖုတ်ကောင်ရဲ့ဦးခေါင်းက သူ့ပခုံးပေါ်ကနေ ပြုတ်ကျသွားတယ်။ ခန္ဓာကိုယ်က စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ပခုံးတွေကတော့ မြေကြီးပေါ်ကိုပြုတ်ကျသွားတဲ့ အရာကနေ သွေးတွေ ရွှဲစိုနေတယ်။ စင်္ကြံလေးထဲမှာ အနံ့ဆိုးကြီးတစ်ခုက ထွက်ပေါ်လာပြီး ဒီမှာ နှစ်ရက်အပိတ်ခံထားရတဲ့ ဖုတ်ကောင်ဆီကလား ...ဒါမှမဟုတ် သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ အနံ့အသက်လားဆိုတာ မသဲကွဲဘူး....
မျက်မှောင်တချက်ကြုံ့လိုက်၍ လက်တစ်ဖက်လှုပ်ရှားလိုက်ပြီး အဆောင်တစ်ခုက အလောင်းပေါ်သို့ ကျသွားကာ ရွှေရောင်မီးတောက်များဖြင့် လွှမ်းခြုံသွားသည်။ စိတ်မကောင်းစွာပဲ ဒီဖုတ်ကောင်ကနေ အမြုတေမရဘူး။
" ရှောင်ယွမ်..ကိုယ် တစ်ခုခုတွေ့လိုက်တယ် " Long Zhanye သည် တံခါးဝမှာ အဆောင်သုံးခုကို နေရာချနေသည့်အလယ်မှ လူငယ်လေးဆီကို အကြည့်ပို့လိုက်သည်။
" အဲ့ဒါ...ဘာလဲ "
" နတ်ဆိုးပုရွက်ဆိတ်အမြုတေ ရှိတဲ့ ဖုတ်ကောင်တွေက များသောအားဖြင့် သူတို့ကိုယ်ပေါ်မှာ မြင်နိုင်တဲ့ဒဏ်ရာတွေ မရှိကြဘူး...ကုတ်ခံရပြီး...ဒါမှမဟုတ် အကိုက်ခံရလို့ ပြောင်းသွားကြတဲ့ ဖုတ်ကောင်တွေကျတော့ အမြုတေမရှိကြဘူး..." Huo Zaiyuan က ဖုတ်ကောင်အလောင်းတွေကို ရွှေရောင်မီးတောက်နဲ့ လောင်ကျွမ်းပစ်တာမျိုးကို တစ်ကြိမ်၊နှစ်ကြိမ်ပဲ သူမြင်ဖူးတယ်ဆိုပေမယ့် မနေ့က လသာဆောင်မှာတွေ့ခဲ့တဲ့ ဖုတ်ကောင်နှစ်ကောင်နဲ့ ပတ်သတ်သမျှကို သေချာလေ့လာကြည့်ခဲ့တယ်။
ဒါကိုကြားကာ Huo Zaiyuan သည် စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားပြီး သေချာစဉ်းစားလိုက်ပြီးနောက် လက်ခံလိုက်သည်...." အဲ့ဒီလိုဖြစ်မယ်ထင်တယ်...."
" H မြို့အနားမှာရှိတဲ့ မီးတောင် စပြီးပေါက်ကွဲတုန်းက မီးတောင်ပြာတွေထဲမှာ နတ်ဆိုးပုရွက်ဆိတ်တွေ အများကြီးပါနေပြီးတော့ တစ်ယောက်ယောက်ကို ဖုတ်ကောင်ဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်....တကယ်လို့ ဒီလူတွေက အဲ့ဒီနေ့မှာ H မြို့ထဲမှာရှိခဲ့ပြီးတော့ သူတို့မြို့တွေကို ပြန်ရောက်တဲ့အချိန်မှာ ကူးစက်မှုက လုံးဝကိုပေါက်ကွဲထွက်သွားမှာပဲ.... အဲ့နောက်ပိုင်းကျတော့ ပုန်းကွယ်နေတဲ့ နတ်ဆိုးပုရွက်ဆိတ်တွေက တစ်ယောက်စီတိုင်းကို ဖုတ်ကောင်ဖြစ်အောင် ပြောင်းလဲပေးပြီး တခြားသူတွေကို တိုက်ခိုက်စေလိမ့်မယ်.... ဒါက ဘယ်လိုဖြစ်လို့ ဒီလောက်ထိ ပြန့်နှံ့သွားရတယ်ဆိုတဲ့ အကြောင်းပဲ..." Long Zhanye က သူ့ရဲ့ထင်မြင်ချက်ကို ဖြည်းညှင်းစွာ ရှင်းပြနေတယ်။
" အမ်း! ဒါက အဓိပ္ပာယ်ရှိတယ်...ဒါဆို အကိုကြီးလုံပြောတဲ့ ဖြစ်နိုင်ချေအရဆို H မြို့မှာရှိတဲ့ ဖုတ်ကောင်တွေရဲ့ခေါင်းထဲမှာ အမြုတေရှိဖို့က အခြားမြို့က ဖုတ်ကောင်တွေထက်  ပိုများလိမ့်မယ် "
" တော်တယ်..." Long Zhanye သည် Huo Zaiyuan ၏ခေါင်းကို ပွတ်သပ်ကာ ချီးမွမ်းလိုက်သည်။
တောက်...ဉာဏ်ကောင်းတယ်..အာရုံစူးစိုက်မှုလည်းရှိတယ်...ဆင်ခြင်ဉာဏ်ရှိပြီးတော့ တည်ငြိမ်အေးဆေးသေးတယ်...သတ္တိလည်းရှိသလို တုန့်ပြန်နိုင်စွမ်းက မြန်ဆန်တယ်...ထင်ရှားပေါ်လွင်တဲ့ ကိုယ်နေဟန်ထားကိုလည်း ပိုင်ဆိုင်ထားတယ်...ဒီကလေးကို ကမ္ဘာပျက်ကပ်မတိုင်ခင်က သူ ရှာမတွေ့ခဲ့ရတာလဲ...သူ့ကိုသာ စစ်တပ်ထဲ စာရင်းသွင်းပေးနိုင်ခဲ့မယ်ဆိုရင် အခုဆို သူ( HZY ) ဘယ်ရာထူးထိ ရောက်နေမလဲဆိုတာ ဘယ်သူကသိမှာလဲ....
" အကိုကြီးလုံက A မြို့ရဲ့ စစ်တပ်နယ်မြေကို ပြန်မှာလား " သူ မှတ်မိနေသေးတယ်...သူ့အရင်ဘဝတုန်းက A မြို့၊ B မြို့၊ E မြို့နှင့် K မြို့များသည် ဘေစ့်တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပြီး အကြီးမားဆုံး အန္တရာယ်ကင်းမဲ့ဇုန်အဖြစ် ဖြစ်ပေါ်လာခဲ့သည်။ အဲ့ဒီအချိန်တုန်းက Huo Zaiyuan သည် V မြို့၏ သေးငယ်လှသည့် ဘေစ့်ထဲမှာ ယောင်ပေပေလုပ်ကာ အချိန်ဖြုန်းနေခဲ့သည်။ နောက်ဆုံးမှာတော့ V မြို့ကို ထွက်ပြေးလာခဲ့တဲ့ သူ့မိထွေးနဲ့ တွေ့တော့သည်။ ကူးစက်မှုကပြန့်ပွားလာခဲ့တဲ့အချိန် သူသည် အခြားအသက်ရှင်ကျန်ရစ်သူများနှင့်အတူဘထွက်ပြေးရန်ကြိုးစားခဲ့သည်။ အဲ့‌ဒီနောက်မှာ သူ့ကို နတ်ဆိုးပုရွက်ဆိတ်အုံထဲသို့ ကန်ချခြင်းခံခဲ့ရသည်။
" ပြန်မှာ...ရှောင်ယွမ်လည်း ကိုယ်နဲ့ ပြန်လိုက်ခဲ့ရမယ်..." ဒါက မေးခွန်းတစ်ခု မဟုတ်ပဲ အမိန့်တစ်ခုသာ ဖြစ်သည်။
" ကောင်းပြီ "
တံခါးကို ပိုကျယ်အောင် တွန်းဖွင့်လိုက်ပြီး ပစ္စည်းမျိုးစုံနှင့် ပိတ်ဆို့ထားသည်။ Huo Zaiyuan သည် ဆက်သွယ်ထားသည့်တံတားကို ဦးတည်ထားသည့် တံခါးကိုဆွဲမဖွင့်မီ စင်္ကြံလမ်းပေါ်မှာ နောက်ထပ်အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။ ခုနတုန်းက သူတို့ပြုလုပ်ခဲ့သည့် အရှုပ်အထွေးများက ဖုတ်ကောင်များကို ဆွဲဆောင်ထားခဲ့သည်။ သဲသဲကွဲကွဲမကြားရတဲ့ ကျယ်လောင်သည့်အော်ဟစ်သံများမှတဆင့် ဒီဖုတ်ကောင်တွေက သူတို့နှစ်ယောက်ကို တိုက်ခိုက်ချင်တာကလွဲလို့ ဘာမှမလိုတာ အသေအချာပဲ ဖြစ်သည်။ ဒါပေမယ့် အဆောင်တွေက ဒီအပြုအမူတွေကနေ ကာကွယ်ထားပေးသည်။ Long Zhanye က အစီအရင်ထဲမှာ ပိတ်မိနေတဲ့ အဲ့ဒီလက်တဆုပ်စာ ဖုတ်ကောင်တွေကို အလွယ်တကူပဲ ရှင်းလင်းပစ်လိုက်တယ်။ သူ့ရဲ့ထင်မြင်ချက်ကို အတည်ပြုလိုက်သလိုပဲ ဒဏ်ရာတွေရှိနေပြီးသား ဒီဖုတ်ကောင်တွေက လောင်ကျွမ်းခံလိုက်ရတဲ့အချိန်မှာ ဘာမှမကျန်ရစ်ခဲ့ဘူး။
နောက်ဆုံးမှာ တံခါးပြန်မပိတ်သွားအောင် နောက်ထပ်ပစ္စည်းတွေနဲ့ ပိတ်ဆို့ထားပြီး တံတားပေါ်သို့ သူတို့တက်လာကြသည်။ သက်ရှိတွေရဲ့အနံ့က တံတားပတ်လည်မှာ လှည့်လည်သွားလာနေတဲ့ ဖုတ်ကောင်တွေကို ဆွဲဆောင်သွားပြီး တိုက်ခိုက်မှုများကို အလျင်အမြန်ပြုလုပ်လာကြသည်။ Long Zhanye သည် သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားကိုလွှဲယမ်းကာ ဟိုဟိုဒီဒီ ခုတ်ဖြတ်ထိုးသွင်းနေသည်။ Huo Zaiyuan သည်လည်း သူ့ရဲ့အဆောင်အသုံးပြုမှုကို ရပ်နားကာ တဖက်သူလိုပဲ သူ၏ဓားဖြင့် ဖုတ်ကောင်များကို သတ်ဖြတ်‌နေသည်။
ဓားက လေထဲတွင် အလျားလိုက်ဖြတ်သန်းသွားကာ အူတွေနှစ်ပိုင်းထွက်ပြီး တရွတ်တိုက်ဆွဲလာသည့် ဖုတ်ကောင်၏ဦးခေါင်းကို ပိုင်းဖြတ်လိုက်သည်။ Long Zhanye သည် ရှေ့ကနေ တံတားပေါ်သို့ တရွေ့ရွေ့တိုးလာပြီး လှေကားရဲ့အရိပ်အောက်ကနေ လမ်းလျှောက်ထွက်လာကာ ငွေရောင်တောက်နေတဲ့ အဆောင်တွေကို သူ့လက်ထဲမှာ ညှပ်ထားတဲ့ Huo Zaiyuan နဲ့ နီးနီးကပ်ကပ် ရှိနေတယ်။
" အကိုကြီးလုံ...ဒါက ကျွန်တော်လုပ်ရမယ့် နောက်ဆုံးအစီအရင်ပဲ...ဂိုဒေါင်က ဘယ်နားမှာလဲ "
" အဲ့ဒါက မျက်နှာချင်းဆိုင်က အဆောက်အဦးထဲမှာ... ဒါပေမယ့် အတော်လေး ထူးဆန်းနေတယ်...ဒီမှာ ဖုတ်ကောင်တွေ မတွေ့ရဘူး..." သွေးများစွန်းထင်းနေသည့် ကြမ်းပြင်ပေါ်သို့ သူ၏အကြည့်များကိုပို့လိုက်ပြီး မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားကာ သူ့ကိုယ်ပေါ်ကထွက်ပေါ်နေတဲ့ဖိအားက လွယ်ကူမနေဘူး။
" အဲ့ဒါက ထူးဆန်းနေတယ်...ဒါပေမယ့် အကိုကြီးလုံ...ဒီမှာရှိတဲ့ လေထုက ကြောက်စရာကောင်းတယ်လို့ အကို ခံစားရလား " ဒါက သူ့ကျင့်ကြံမှုရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်...ဒါပေမယ့် Huo Zaiyuan ကတော့ သူ့ရဲ့ဆဌမအာရုံက ပိုပြီးကောင်းလာတယ်လို့ ခံစားနေရတယ်။
အပျက်အစီးတွေနဲ့ သွေးစီးကြောင်းတွေကိုကြည့်ပြီး သူ့စိတ်ထဲမှာ အတော်လေးကို မသက်မသာ ဖြစ်နေတယ်....ဒီနေရာမှာ တစ်ခုခု ပုန်းကွယ်နေသလို ရှိနေတာမျိုး....
" ရှောင်ယွမ်..မင်းသေနတ်ကို သုံးတော့...ဘာကောင်ပဲထွက်လာ ထွက်လာ...သေနတ်နဲ့ပစ်ချလိုက်ရုံပဲ " Long Zhanye သည့် သူ့ဓားကို Huo Zaiyuan ဆီသို့ ပေးလိုက်ပြီး သူ့ကျောပေါ်မှာရှိတဲ့ ရိုင်ဖယ်သေနတ်ကို အသုံးမပြုခင် နေရာလွတ်နယ်မြေထဲကို ပြန်သိမ်းခိုင်းလိုက်တယ်။
သူ့နယ်မြေထဲကို ဓားနှစ်ချောင်းလုံး ပစ်ထည့်လိုက်ပြီး Huo Zaiyuan သည် ထိန်းချုပ်မှုကိရိယာပါဝင်သည့် ပစ္စတိုကိုဆွဲယူလိုက်ကာ သူ့ခေါင်းကို Long Zhanye ဘက်သို့ စောင်းလိုက်ပြီး " သွားကြရအောင် .."
[Zawgyi]
အမ်း!....နွေးလိုက်တာ
ခဏလေး.... ပွေ့ဖက်တာ ? !....
~~~~~
" ကောင်းပါပြီ "
" အဲ့ဒါ...ဘာလဲ "
" ကောင်းပြီ "
Continue Reading
You'll Also Like
11.8K 378 29
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
1.6M 198K 160
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
25.8K 2.7K 84
မိတ်ဆက် "စုတ်ချက်တိုင်းမှာ မြစ်ချောင်းနဲ့ ပင်လယ်ကို ရေးဆွဲတယ်..ပြီးတော့ စုတ်တံနဲ့ပဲ ‌တောင်နဲ့ မြစ်တွေကို အဆုံးအဖြတ်ပေးတယ်" တချို့လူတွေကတော့ တောင်ထိပ်...