Zawgyi
Green Guardian ေ႐ွ႕တြင္ ထိုးရပ္လာေသာကားတစ္စီးေၾကာင့္ ခိုင္ေဇာ္လွမ္းျကည့္လိုက္သည္။ ဆိုင္ရဲ႕ဝင္ေပါက္ကိုပိတ္ရပ္ထားတာေၾကာင့္ ခိုင္ေဇာ္ ေဘာပင္ကို စာရင္းစာအုပ္ၾကားညႇပ္ကာ Laptopက Fileေတြကို saveလိုက္သည္။ Bossက တိက်သလိုေစ့စပ္တဲ့သူျဖစ္ေတာ့ အမွားမပါသည့္စာရင္းမ်ိဳးကိုသာလက္ခံတတ္၏။ ခိုင္ေဇာ္ အျပင္ထြက္ၿပီးစနည္းနာေတာ့ ကားကေ႐ွ႕တည့္တည့္မွာ ဟန္မပ်က္ရပ္ထားေလသည္။ ကားမွန္ကို အသာေခါက္လိုက္ေတာ့ မွန္ခ်ေပးလာသည္။
" ကိုခိုင္ေဇာ္ "
ေဝယံကိုေတြ႔လိုက္ရတာေၾကာင့္ ခိုင္ေဇာ္အံ့ျသသြား၏။ ေဝယံက မ်က္စေတြပစ္ပစ္ျပေနတာ မ်က္ျဖဴေတာင္လန္ေတာ့မည္။ အဲယားကြန္းဖြင့္ထားသည့္ ကားထဲမွာ သူကေခြၽးျပန္ေနေတာ့ တစ္ခုခုကထူးဆန္းေနသည္။ ဒါနဲ႔ ကားေနာက္ခန္းကိုလွမ္းၾကည့္လိုက္ေတာ့ ခိုင္ေဇာ္ပါေခြၽးျပန္သြား၏။
" ဟို Bossက ဆိုင္မွာမ႐ွိဘူးဗ် "
" ဘယ္သြားတာလဲ "
" ဟို အဲ့ဒါက "
ကိုခိုင္ေဇာ္ေျဖရမလားမေျဖရမလားဆံုးျဖတ္မရေတာ့ေပ။ Bossအမ်ိဴးသားအသံက သူ႔ခနၱာကိုယ္ေပၚ ေတာင္ႀကီးတစ္ေတာင္ဖိထားသလို ဖိအားသက္ေရာက္ေနတာေၾကာင့္ ခိုင္ေဇာ္ တံေတြးၿမိဳခ်မိသည္။ ကံေကာင္းသြားတာတစ္ခုက ဆိုင္အျပင္က ကားပါကင္ထိုးသည့္ လမ္းတစ္ဖက္ကေနရာတြင္ ကားအျဖဴေလးတစ္စီးထိုးရပ္လာသည္။ ကားနံပတ္ျပားႏွင့္ကားပံုစံေၾကာင့္ Bossတို႔မွန္းသိလိုက္၏။ သိပ္မၾကာလိုက္ပါ ၊ ခိုင္ေဇာ္ညီမေလးႏွင့္အတူ ကားလမ္းကူးလာေလသည္။
" ကိုႀကီး သမီး သူ႔လက္မွတ္ရခဲ့ၿပီသိလား အရင္ကဆိုင္လာရင္စကားမေျပာရဲဘူး အခုေျပာၾကည့္ေတာ့ အရမ္းသေဘာေကာင္းတာပဲ ဟိ ဟိ ေခ်ာလည္းေခ်ာတယ္ ၊ ေျသာ္ ၿပီးေတာ့ သူ႔မန္ေနဂ်ာကလည္း ေခ်ာတယ္ ၊ ဟင္ ကိုႀကီး ေခြၽးေတြထြက္ေနပါ့လား "
ညီမေလးက သူ႔အိတ္ထဲက တစ္႐ႈးထုတ္ကာ ခိုင္ေဇာ့္နဖူးကို သုတ္ေပးေနသည္။ ၿပီးမွ သူ႔အေ႐ွ႕မွ ကားကိုသတိထားမိကာ မ်က္ေမွာင္ကုပ္ၾကည့္ေန၏။ ေဝယံလည္း သြားၿဖီးၿပီးရယ္ျပလိုက္သည္။ သူရယ္ျပလိုက္ေတာ့မွ ေကာင္မေလးက ႏႈတ္ခမ္းစူၿပီး ေပေစာင္းေစာင္းႏွင့္ ဆိုင္ထဲဝင္သြားေလသည္။ သူတို႔ကားအနားကို ေလ်ွာက္လာသည့္ Bossအမ်ိဳးသားက တီ႐ွပ္နီညိဳေရာင္ကို style pant မီးခိုးနဲ႔တြဲဝတ္လာသည္။ ပိန္ပိန္ပါးပါးႏွင့္ လွလွေလးမို႔ ေကာင္မေလးတစ္ခ်ိဳ႕က ၾကည့္သြားေသး၏။
" ကိုခိုင္ေဇာ္ ဘာေတြျဖစ္ေနတာလဲ ဟမ္ "
ကားေမာင္းသူကိုၾကည့္လိုက္ေတာ့ ေမာင့္အတြင္းေရးမႉးျဖစ္ေနတာေၾကာင့္ မ်က္ခံုးပင့္သြားသည္။ ကားေနာက္ခန္းမွန္က ႐ုတ္တရက္ပြင့္သြားၿပီး အေၾကာစိမ္းေတြႏွင့္ လက္ဖမိုးတစ္ဖက္က မွန္ေဘာင္ကို ဆုပ္ကိုင္လာသည္။
" ကားထဲဝင္ခဲ့ "
ထိုမ်ွသာေျပာၿပီး ကားမွန္ကိုျပန္ပိတ္သြားသည္။ ေဝယံက တိုးတိုးေလးေျပာသည္။
" Boss စိတ္တိုေနတယ္ သခင္ေလး "
စိတ္တိုေနတယ္ဆိုေတာ့ ညိဳ႕ဘာမွန္းမသိေပမယ့္ ကားေပၚဝင္ထိုင္လိုက္သည္။ ကားေပၚေရာက္ေတာ့ ေမာင္က သူ႔ကိုပင္ၾကည့္မေနပါ။ ေမးေၾကာေတြေထာင္ေနတာေတာ့ေတြ႔၏။ ဘာျဖစ္ေနမွန္းေတာ့မသိေပမယ့္ အသာေလးသာၿငိမ္ေနလိုက္သည္။ ေဝယံက ကိုခိုင္ေဇာ္ကိုႏႈတ္ဆက္ၿပီးတာနဲ႔ ဆိုင္ေ႐ွ႕ကေနေမာင္းထြက္သည္။ ေမာင္းသာေမာင္းရတယ္ ၊ ဘယ္သြားရမွာလဲမေမးရဲေပ။ ေလထုက ဖိအားနည္းနည္းမ်ားေနသည္မဟုတ္ပါလား။
" ကြန္ဒိုကိုေမာင္း "
" ဗ်ာ ဟုတ္ကဲ့ "
ကြန္ဒိုသက္သက္ ဝယ္ထားေသးတာလား။ ဒါဆိုအိမ္ျပန္မလာတဲ့ ရက္ေတြက သူကြန္ဒိုမွာေနေနလို႔ေပါ့။ ညိဳ႕ စိတ္အလိုမက်ျဖစ္သြားရကာ သူ႔ကိုေစာင္းၾကည့္လိုက္သည္။ သူကေတာ့ မသိခ်င္ေယာင္ေဆာင္ထားကာ စကားတစ္ခြန္းမွမေျပာ။
" ငါ့ကိုဘယ္ေခၚသြားမလို႔လဲ ငါ့အလုပ္ေတြ႐ွိေသးတယ္ မေက်နပ္ရင္ မေက်နပ္တာကိုဒီမွာပဲေျပာလိုက္ "
ေမာင့္ရဲ႕ ေဒါသတႀကီးအၾကည့္က ညိဳ႕ဆီ ခ်က္ခ်င္းေရာက္လာသည္။ ၿပီးမွ သြားၾကားထဲကထြက္လာသည့္အသံႏွင့္ ေမးသည္။
" ဟိုေကာင့္ဆီသြားဖို႔ေတာ့ မင္းကအားတယ္ေပါ့ ၊ သူနဲ႔သြားေတြ႔တုန္းက မင္းအလုပ္ေတြမ်ားတယ္လို႔ ေျပာခဲ့လား "
" ဘာကိုေျပာခ်င္တာလဲ ေနပါဦး မင္းငါ့ကိုေနာက္ေယာင္ခံလိုက္ေနတယ္လို႔ေတာ့မေျပာနဲ႔ေနာ္ "
" အဟက္ မင္းကငါ့အာရံုထဲေရာက္လာဖို႔ေနေနသာသာ အေတြးထဲေတာင္မ႐ွိဘူး ၊ မင္းတို႔ပံုေတြ ဒီေလာက္တတ္လာေနေတာ့ ငါေသခ်ာေအာင္ေမးခ်င္လို႔လာလိုက္တာပဲ "
ေဝယံ မဲ့ရြဲ႔သြားသည္။ အစည္းအေဝးခန္းထဲမွာ ဖင္ကင္းကိုက္သလို ေဒါသထြက္ေနတာဘယ္သူလဲ။ Bossက စိတ္ႀကီးရံုမက လိမ္လည္းလိမ္တတ္ေသးတာကိုး။ အာရံုထဲေတာင္မ႐ွိတဲ့လူက ပံုတစ္ပံုျမင္တာနဲ႔ ထထြက္သြားတာ သခင္ေလးကိုေျပာသာျပလိုက္ခ်င္တယ္။ အလုပ္ျပဳတ္မွာေၾကာက္လို႔သာ။
" ေျသာ္ "
မထူးဆန္းသလိုခနဲ႔သည့္ အသံေၾကာင့္ တည္ျမဲ တင္းထားသည့္ေဒါသတို႔ေပါက္ထြက္ကုန္သည္။ ဒီေကာင္က အခုသူ႔ကိုရြဲ႔ေနတာလား။ ႐ုပ္ကိုၾကည့္ေတာ့ မ်က္ေမွာင္ကိုကုပ္ထားသည္။
" မင္း မလုပ္ "
ကိုယ္ေပၚအုပ္မိုးလာသည့္အရိပ္ႀကီးေၾကာင့္ ညိဳ႕ရင္ထဲဒိတ္ခနဲခုန္သြားသည္။ ညိဳ႕လက္ေတြကိုမွန္မွာ ဖိကပ္ၿပီး ငံု႔နမ္းလာသည္။ နမ္းတာထက္ ႏႈတ္ခမ္းေတြကို ကိုက္ခဲၿပီး နာေအာင္တမင္လုပ္ေနတာျဖစ္သည္။ သူ႔အတြင္းေရးမႉးေ႐ွ႕မွာ ညိဳ႕ကိုတမင္သက္သက္အ႐ွက္ကြဲေအာင္လုပ္ေနတာ။
" ဟင္ "
နမ္းကုန္ၿပီဟ။ ကားေနာက္ခန္းကအသံဗလံေတြေၾကာင့္ ေဝယံမွန္ထဲကေနေခ်ာင္းၾကည့္လိုက္သည္။ ျမင္လိုက္ရသည့္ျမင္ကြင္းက ေဝယ့ံကိုေခါင္းေမႊးေထာင္ေစသည္။ လန္႔ျဖန္႔ၿပီး မ်က္လံုးမွိတ္လိုက္ၿပီးမွ ကားေမာင္းေနတယ္ဆိုတာသတိရသြားသည္။ ဘုရားေရ! သူမေသခ်င္ေသးဘူး မိန္းမယူရဦးမယ္။ မ်က္လံုးကိုအခ်ိန္မွီျပန္ဖြင့္မိလို႔ေတာ္ေသးပါရဲ႕။ အေနာက္က နမ္းေနတဲ့အသံေတြ ႐ုန္းကန္ေနတဲ့အသံေတြေၾကာင့္ မ်က္ရည္က်ခ်င္ေနၿပီ။
" ေရာက္ ေရာက္ပါၿပီေနာ္ "
ကားေနာက္ခန္းက အနမ္းသံေတြအဆက္မျပတ္ထြက္ေနစဲ။ ေဝယံ႐ွက္႐ွက္ႏွင့္ ေခါင္းကုပ္ေနမိ၏။ သူ႔လိုရည္းစားမထားဘူးေသးတဲ့ လူ႐ိုးလူေျဖာင့္ေလးရဲ႕ေ႐ွ႕မွာ ဘာေတြလုပ္ျပေနတာတုန္း။
" ဟို ဒါဆို ကြၽန္ေတာ္ ရံုးကို Taxiနဲ႔ျပန္လိုက္ေတာ့မယ္ေနာ္ "
ေဝယံထြက္သြားေတာ့မွ ငံုခဲထားသည့္သူ႔ႏႈတ္ခမ္းေတြကိုလႊတ္ေပးလိုက္သည္။ မိႈင္းညိဳ႕က မ်က္ႏွာတစ္ခုလံုးရဲတြတ္ေနၿပီး ငိုေနသည္။ စိတ္တိုေနသည့္ပံုပင္ ၊ သူ႔မ်က္ႏွာကိုေသခ်ာၾကည့္ေနကာမွ ခြပ္ဆိုေသာအသံႏွင့္အတူ တည္ျမဲ အထိုးခံလိုက္ရသည္။
" မင္းတမင္လုပ္တာမလား မင္းအတြင္းေရးမႉးေ႐ွ႕ ငါ့ကို အင့္ အ႐ွက္ခြဲတာ မင္းအရမ္းမ်ားေနၿပီ ဘာျဖစ္ခ်င္တာလဲေျပာလိုက္ ငါ့အလုပ္ထိငါ့ကိုလာေႏွာက္ယွက္ေနစရာမလိုဘူး "
" ငါကမင္းကို အ႐ွက္ခြဲတယ္ဟုတ္လား သူ႔ေ႐ွ႕နမ္းေတာ့ဘာျဖစ္လို႔လဲ မင္းကဘာေတြနာျပေနတာလဲ ၊ တကယ္ဆို မင္းကိုနမ္းလို႔ ေပ်ာ္ေနသင့္တာ ၊ ငါ့ကိုအခုေျပာ မင္းနဲ႔ ဟိုmodelေကာင္က ဘယ္လိုပတ္သတ္တာလဲ "
ညိဳ႕ သူ႔မ်က္ႏွာႀကီးကို ထပ္ၿပီးထိုးခ်င္စိတ္ေတြျဖစ္လာရသည္။ ရင္ထဲကလည္းေအာင့္ေနၿပီး စိတ္လည္းတိုသည္။ လူကို သူ႔လိုေကာင္မ်ားထင္ေနတာလားမသိ။ လူတိုင္းကိုသူ႔စိတ္နဲ႔ႏိႈင္းၿပီး ေျပာတတ္ေသးသည္။ ႐ုပ္ကေခ်ာေပမယ့္ အက်င့္တစ္စပ္မွမေကာင္း။ ဒီလိုလူကို ဘာလို႔ခ်စ္မိမွန္းလည္း ညိဳ႕ ကိုယ့္ကိုကိုယ္မသိေတာ့ေပ။ သည္းခံတယ္ဆိုတာလည္း အတိုင္းအတာနဲ႔ျဖစ္သည္။ စြပ္စြပ္စြဲစြဲေတြေျပာၿပီး အ႐ွက္ခြဲလိုက္ရတာကို သူေက်နပ္ေနတာလား။
" ေျဖေလ ငါေက်နပ္မယ့္အေျဖကိုလိုခ်င္တယ္ ဒီပံုေတြကိုၾကည့္ မင္းနဲ႔အဲ့ဒီေကာင္ကို ေျပာေနၾကတာေတြ ျမင္ရဲ႕လား ငါတို႔လက္ထပ္ထားတာသိတဲ့သူေတြ ေတြ႔ရင္ ငါလည္းနာမည္ပ်က္တယ္ "
ရဟန္ခြန္းသက ညိဳ႕လက္ကိုဆြဲထားတဲ့ပံုကို ကင္မရာ႐ႈေထာင့္အမ်ိဳးမ်ိဳးကေန႐ိုက္ၿပီး ဘာလိုလိုညာလိုလိုတင္ေနၾကတဲ့Postေတြ။ ဒါကထူးဆန္းေနလို႔လား ၊ ကိုယ္႐ိုးသားတာကိုယ္ပဲသိသည္။ ညိဳ႕က မွားေနတာကိုလုပ္ေနတာလည္းမဟုတ္ေပ။ ကိုယ့္လိပ္ျပာကိုယ္လံုသည္။
" အဲ့လိုေျပာေၾကးဆိုရင္ မင္းရဲ႕အဆက္ႀကီးနဲ႔ လူျမင္ကြင္းတြဲသြားတြဲလာ လုပ္ေနတာက်ေတာက်ေတာ့ေရာ ငါကမနာရဘူးလား ၊ ဒါကပံုေလးတစ္ပံုပဲေလ ရတဲ့နည္းနဲ႔ဖ်က္ေပါ့ ငါနဲ႔ဆိုင္လို႔လား "
" မင္း "
" ေျပာေလ ေျပာပါဦး ဘာလို႔စကားသံထြက္မလာေတာ့တာလဲ ငါေျပာတာ အ႐ႈိက္ထိသြားလို႔လား ေမာင္ကေလ ဘယ္ေတာ့မွေျပာင္းလဲမယ့္သူမဟုတ္ဘူး ေမာင္လုပ္တာေတြက်ေတာ့အေကာင္း ငါ့ကိုက်ေတာ့ အျပစ္ေတြပဲေျပာတယ္ ဒီထက္ပိုၿပီးလြန္လြန္မလာနဲ႔ "
တည္ျမဲ သူေျပာတာေတြကို တစ္ခုမွေခ်ပစရာစကားမ႐ွာႏိုင္ေပ။ တည္ျမဲ အၾကပ္႐ိုက္သြားတာ ဒါပထမဆံုးျဖစ္သည္။ ဒါေပမယ့္ သူနဲ႔ကိုယ္တူသလား။ ေဟမာန္စိုးက သူ႔ခ်စ္သူ ၊ ႏွစ္အေတာ္ၾကာတြဲလာတာ လူတိုင္းသိသည္။ ၿပီးေတာ့ ခ်စ္သူ႐ွိေနမွန္းသိသိႀကီးနဲ႔ လူကိုအတင္းအိမ္ေထာင္ခ်ေပးတာလည္း သူတို႔ပဲ။ တစ္သက္လံုး ကိုယ့္မ်က္ႏွာကုိပဲၾကည့္လာတဲ့ေကာင္က တစ္ျခားသူနဲ႔ ဟိုလိုလိုဒီလိုလိုျဖစ္ေနတာကို စိတ္မတို ေဒါသမထြက္ရဘူးတဲ့လား။ သူခ်စ္ပါတယ္ဆိုတာကို ဘယ္လိုယံုၾကည္ရမွာလဲ။
" တစ္ခါတစ္ေလ ေမာင့္ကိုစိတ္ပ်က္တယ္ ၊ ကိုယ့္ကိုကိုယ္ျပန္ေမးၾကည့္ဦး ငါလုပ္တာေတြကေရာ မွန္ေနရဲ႕လားလို႔ ျပန္ေမးၾကည့္ပါဦး ၊ ငါကေလ တစ္ေလ်ွာက္လံုး မင္းကိုပဲခ်စ္လာတဲ့ေကာင္မို႔ ငါစိတ္လံုတယ္ သိလား ေမာင္ငါ့ကိုစြပ္စြဲေနတာေတြက ငါ့အခ်စ္ေတြကို ေစာ္ကားေနသလို ခံစားရတယ္ "
သူေျပာတာေတြကို တည္ျမဲ ဘာတစ္ခုမွျပန္မေျပာမိေပ။ သူ႔အသံက တုန္ၿပီးငိုသံပါေန၏။
" ငါ့ကိုအႏိုင္ယူခ်င္ရင္တစ္ျခားနည္းလမ္းသံုးပါ စိတ္နာေအာင္ေတာ့မလုပ္ပါနဲ႔ ၊ ေမာင္မခ်စ္ႏိုင္ရင္ ေမ်ွာ္လင့္ခ်က္ေတြလည္းမေပးနဲ႔ ေမာင့္ဆီက ေမ်ွာ္လင့္ေနရတာ ငါပင္ပန္းတယ္ သိလား မင္းကိုခ်စ္ရတာ ငါပင္ပန္းေနၿပီ ဟင့္ မေကာင္းတဲ့ေကာင္ မင္းမဟုတ္တဲ့သူကို ငါခ်စ္မိခဲ့ရင္ေကာင္းမွာ ဒါဆို ငါစိတ္ဆင္းရဲရမွာမဟုတ္ဘူး အင့္ "
ရင္ဘက္ေတြကို တဘုန္းဘုန္းထုၿပီးငိုလာသည္။ ဒါသူ႔စိတ္ရင္းအမွန္ေတြလား။ ႐ႈိက္ငိုေနသူကိုၾကည့္ရင္း တည္ျမဲရင္ေမာလာသည္။ ဒီလိုခံစားခ်က္ႀကီးကို တည္ျမဲမႀကိဳက္ပါ။
" ႏွစ္ေတြအမ်ားႀကီးခ်စ္ခဲ့ၿပီးၿပီ ငါသည္းမခံႏိုင္ေတာ့တဲ့ေန႔ ငါထြက္သြားေတာ့မွာ အင့္ မင္းကို ဘာလို႔ခ်စ္မိမွန္းလည္းစဥ္းစားမတတ္ေတာ့ဘူး ငါပင္ပန္းတာပဲသိတယ္ ၊ မင္းငါ့ေ႐ွ႕ သူနဲ႔တြဲသြားတဲ့အခ်ိန္တိုင္း မင္းညဘက္ေတြအိမ္ျပန္မလာတဲ့အခ်ိန္တိုင္း ငါ့မွာစိုးရိမ္စိတ္ေတြနဲ႔႐ူးလို႔ ၊ မင္းကဘယ္နားလည္ပါ့မလဲ "
ေတာ္ေတာ္ၾကာ သူကိုယ့္ရင္ခြင္ထဲမ်က္ႏွာအပ္ၿပီးငိုသည္။ ငိုလို႔ဝေတာ့ မ်က္ရည္ေတြကိုလက္ခံုႏွင့္ပြတ္ကာ ကားေပၚကဆင္းသြား၏။ တည္ျမဲတစ္ေယာက္ထဲ ငူငူႀကီးက်န္ခဲ့သည္။ ခ်စ္ရတာ ပင္ပန္းတယ္တဲ့ ၊ သူတကယ္ပဲ ပင္ပန္းေနၿပီလား။ ဒါဆိုဘာလို႔ သူ႔ခံစားခ်က္ေတြကိုအစတည္းကထုတ္မျပခဲ့တာလဲ။ ဘာလို႔အၾကာႀကီးၿမိဳသိပ္ၿပီးေနေနရတာလဲ။ မေျပာမဆိုနဲ႔ လက္ထပ္ပြဲကိုလက္ခံလိုက္တည္းက သူကတည္ျမဲအတြက္ေတာ့ လူလိမ္တစ္ေယာက္ျဖစ္သြားခဲ့ၿပီ။
" အျပစ္႐ွိတဲ့သူက သူပဲမဟုတ္ဘူးလား ၊ သူခ်စ္မိေအာင္လည္း ငါမေနခဲ့သလို သူ႔ကိုေမ်ွာ္လင့္ခ်က္ေပးတာေတြေရာငါလုပ္ခဲ့လို႔လား သူကသာမွားတဲ့သူေလ ငါက ဒီတိုင္း "
ကားထဲမွာသက္ျပင္းခ်သံတစ္ခုကသာ လႊမ္းမိုးသြားသည္။
<<<<<<
>>>>>>
လမ္းတစ္ေလ်ွာက္လံုး ညိဳ႕ကိုၾကည့္သြားၾကသည့္သူေတြကေတာ့ ႐ူးေနတယ္ထင္ၾကမွာပဲ။ မ်က္ရည္ကအေတာမွမသတ္ႏိုင္ပဲကို။ ေျပာၿပီးမွလည္း ေနာင္တေတြရေနမိ၏။ အခုဆို သူ႔စိတ္ထဲ ကိုယ့္ကို ေလွာင္ရယ္ေနေလာက္ၿပီ။
" သူပဲမွန္ေနေတာ့တာပဲ "
လမ္းတစ္ဝက္ေရာက္ေတာ့ အုတ္ခံုေပၚထိုင္ခ်ကာ မ်က္ရည္ေတြကို စိတ္႐ွိသလိုက်ခြင့္ေပးလိုက္သည္။ ႏွလံုးသားထဲက စို႔တတ္လာတဲ့ခံစားခ်က္ကို ကိုယ္တိုင္သာနားလည္သည္။ ငိုေနသည့္သူ႔ကို တစ္ခ်ိဳ႕က အံ့ျသသလိုၾကည့္သည္။ တစ္ခ်ိဳ႕က အထင္ေသးသလိုၾကည့္သည္။ တစ္ခ်ိဳ႕က ထူးဆန္းသလိုၾကည့္သည္။ ဘာလို႔ၾကည့္ေနၾကတာလဲ ၊ သူတို႔ေရာ တစ္ခါမွမငိုဖူးလို႔လား။ လူကိုေလွာင္သလိုၾကည့္ၾကည့္သြားၾကတာ ၊ သူတို႔ေရာ အခ်စ္ေၾကာင့္ မနာက်င္ဖူးလို႔လား။
" အကို အကို အဆင္ေျပရဲ႕လားဟင္ ဒီမွာတစ္႐ွဴးယူလိုက္ပါ အားလံုးအဆင္ေျပသြားလိမ့္မယ္ေနာ္ "
ညိဳ႕လက္ထဲကို တစ္႐ွဴးထိုးေပးလာသူကို ညိဳ႕ေမာ့ၾကည့္လိုက္သည္။ အျမင္ေတြဝါးေနေပမယ့္ ေကာင္မေလးတစ္ေယာက္္ဆိုတာေသခ်ာသည္။ အဆင္ေျပသြားလိမ့္မယ္တဲ့ ၊ အဆင္ေျပဖို႔ကို ဘယ္ေလာက္ထိေစာင့္ရဦးမွာလဲ။ ေကာင္မေလးက အားေပးၿပီး ျပန္ထြက္သြားသည္။ ညိဳ႕မ်က္ရည္ေတြကိုသုတ္ပစ္လိုက္၏။ ဒါေပမယ့္ မ်က္ရည္က သူ႔ဘာသူက်ေနတာကို ဘယ္လိုတားရမလဲ။
" မငိုနဲ႔ေတာ့ ကားေပၚတတ္ "
ကားတစ္စီးကေ႐ွ႕မွာထိုးရပ္လာၿပီး ႐ွဴးဖိနပ္ အနက္တစ္စံုက ေ႐ွ႕မွာရပ္လာသည္။ အသံက ဘယ္သူမွန္းသိေနတာေၾကာင့္ လွည့္ထြက္သြားမယ္လုပ္ေတာ့ လက္ေမာင္းရင္းကဆြဲလာသည္။
" မ်က္ႏွာကို ျမင္ခ်င္စိတ္႐ွိမေနဘူး ငါ့ကိုမကိုင္နဲ႔ "
" ကားေပၚတတ္ လမ္းမႀကီးငိုေနတာ မ႐ွက္ဘူးလား "
" မ႐ွက္ဘူး ငါကအရင္တည္းက အ႐ွက္မရွိတဲ့လူေလ လႊတ္စမ္းပါ အင့္ "
သူ႔ကိုယ္ေလးကို ပုခံုးေပၚေကာက္ထမ္းကာ ေဘးခံုသို႔ပို႔၍ ခါးပတ္ပတ္ေပးလိုက္သည္။ အသာတၾကည္ေျပာေနရင္ အသာတၾကည္မွမလိုက္တာ။ သူကားေပၚကဆင္းသြားေတာ့ ဖုန္းေရာ ပိုက္ဆံအိတ္ေရာက်န္ခဲ့တာမို႔ စိုးရိမ္ၿပီးလိုက္လာခဲ့တာ။ လမ္းေဘးအုတ္ခံုမွာထိုင္ငိုေနသူကိုေတြ႔ေတာ့ ရင္ေမာရျပန္သည္။ ကားေပၚေရာက္တဲ့အထိ မရပ္မနားငိုေနျပန္တာေၾကာင့္ တည္ျမဲ သက္ျပင္းအႀကိမ္ႀကိမ္ခ်လိုက္သည္။
" မ်က္လံုးေတြေဖာင္းကုန္ရင္ ႐ုပ္ဆိုးလိမ့္မယ္ "
" ဆိုးဆိုးေပါ့ ႐ုပ္ေခ်ာေနတာေတာင္ ေမာင္ကခ်စ္လို႔လား "
" အဟက္ "
သူ႔ကိုရယ္လိုက္တာနဲ႔ လက္ေမာင္းကို လက္သီးတစ္လံုးပစ္ေကြၽးလာသည္။ ဆက္ရယ္ရင္ ေသၿပီသာမွတ္ဆိုတဲ့အၾကည့္နဲ႔ျဖစ္သည္။
" မငိုနဲ႔ေတာ့ ေတာ္ၿပီ ငါအေကာင္းေျပာေနတာ မင္းဆိုင္ကဝန္ထမ္းေတြ ဒီေၾကာင္ခ်ီး႐ုပ္ကိုေတြ႔သြားရင္ အ႐ိုအေသမဲ့ေနဦးမယ္ "
" ...... "
" တကယ္ေတာ့ ငါမင္းကိုေျပာမိတာ ေတာင္းပန္ခ်င္လို႔ ငါစကားေတြလြန္သြားတယ္ ငါမင္းကိုမငိုေစခ်င္ဘူး အိပ္ယာထဲမွာငိုရင္တစ္မ်ိဳးေပါ့ ငါေျပာတာၾကားလား ၊ တစ္ျခားအေၾကာင္းေတြေၾကာင့္ မငိုနဲ႔ ငါမႀကိဳက္ဘူး အမ္ "
လွည့္ၾကည့္လိုက္ေတာ့ သေကာင့္သားေလးကအိပ္ေပ်ာ္သြားၿပီျဖစ္သည္။ ငုိၿပီးရင္သူကခ်က္ခ်င္းအိပ္ေတာ့တာ။ တစ္ေယာက္ထဲေျပာမိတဲ့ကိုယ္က အ႐ူးႀကီးက်ေနတာပဲ။
ေကာင္းပါတယ္ေလ ၊ သူမၾကားတာပဲေကာင္းတယ္။ ၾကားလိုက္ရင္ သူ႔ကိုအေလ်ာ့ေပးတယ္ဆိုၿပီး မာန္တတ္ေနဦးမယ္။ ကြန္ဒိုျပန္ေရာက္တာႏွင့္ သူမႏိုးေအာင္ အသာေပြ႔ခ်ီကာ တိုက္ခန္းေပၚတတ္သြားလိုက္ေတာ့သည္။ ကြန္ဒိုက တည္ျမဲ လက္ယား၍ဝယ္ထားတာျဖစ္ၿပီး တစ္ခါတစ္ေလအိမ္ျပန္မလာခ်င္တဲ့ေန႔ေတြမွာဆိုရင္ ကြန္ဒိုမွာအိပ္ေလ့႐ွိ၏။ ၾကည့္ရတာ ခုဏက ကြန္ဒိုကိုေမာင္း ဆိုတဲ့ စကားေၾကာင့္ သူ႔စိတ္အေျခအေနပိုဆိုးသြားတာလည္းျဖစ္ႏိုင္သည္။ ထူးဆန္းသည္ သူအထင္လြဲသြားတာကိုျမင္ရတာ ေပ်ာ္ေနသင့္ေပမယ့္ တည္ျမဲ ႐ုတ္တရက္ႀကီး ကိုယ့္ကိုကိုယ္မွားေနတယ္လို႔ခံစားလိုက္တာေၾကာင့္ ေတြေဝသြားမိေတာ့သည္။
TBC~~~
19.9.2021
Unicode
Green Guardian ရှေ့တွင် ထိုးရပ်လာသောကားတစ်စီးကြောင့် ခိုင်ဇော်လှမ်းကြည့်လိုက်သည်။ ဆိုင်ရဲ့ဝင်ပေါက်ကိုပိတ်ရပ်ထားတာကြောင့် ခိုင်ဇော် ဘောပင်ကို စာရင်းစာအုပ်ကြားညှပ်ကာ Laptopက Fileတွေကို saveလိုက်သည်။ Bossက တိကျသလိုစေ့စပ်တဲ့သူဖြစ်တော့ အမှားမပါသည့်စာရင်းမျိုးကိုသာလက်ခံတတ်၏။ ခိုင်ဇော် အပြင်ထွက်ပြီးစနည်းနာတော့ ကားကရှေ့တည့်တည့်မှာ ဟန်မပျက်ရပ်ထားလေသည်။ ကားမွန္ကို အသာခေါက်လိုက်တော့ မှန်ချပေးလာသည်။
" ကိုခိုင်ဇော် "
ဝေယံကိုတွေ့လိုက်ရတာကြောင့် ခိုင်ဇော်အံ့သြသွား၏။ ဝေယံက မျက်စတွေပစ်ပစ်ပြနေတာ မျက်ဖြူတောင်လန်တော့မည်။ အဲယားကွန်းဖွင့်ထားသည့် ကားထဲမွာ သူကချွေးပြန်နေတော့ တစ်ခုခုကထူးဆန်းနေသည်။ ဒါနဲ့ ကားနောက်ခန်းကိုလှမ်းကြည့်လိုက်တော့ ခိုင်ဇော်ပါချွေးပြန်သွား၏။
" ဟို Bossက ဆိုင်မှာမရှိဘူးဗျ "
" ဘယ္သြားတာလဲ "
" ဟို အဲ့ဒါက "
ကိုခိုင်ဇော်ဖြေရမလားမဖြေရမလားဆုံးဖြတ်မရတော့ပေ။ Bossအမျိူးသားအသံက သူ့ခန္တာကိုယ်ပေါ် တောင်ကြီးတစ်တောင်ဖိထားသလို ဖိအားသက်ရောက်နေတာကြောင့် ခိုင်ဇော် တံတွေးမြိုချမိသည်။ ကံကောင်းသွားတာတစ်ခုက ဆိုင်အပြင်က ကားပါကင်ထိုးသည့် လမ်းတစ်ဖက်ကနေရာတွင် ကားအဖြူလေးတစ်စီးထိုးရပ်လာသည်။ ကားနံပတ်ပြားနှင့်ကားပုံစံကြောင့် Bossတို့မှန်းသိလိုက်၏။ သိပ်မကြာလိုက်ပါ ၊ ခိုင်ဇော်ညီမလေးနှင့်အတူ ကားလမ်းကူးလာလေသည်။
" ကိုကြီး သမီး သူ့လက်မှတ်ရခဲ့ပြီသိလား အရင်ကဆိုင်လာရင်စကားမပြောရဲဘူး အခုပြောကြည့်တော့ အရမ်းသဘောကောင်းတာပဲ ဟိ ဟိ ချောလည်းချောတယ် ၊ သြော် ပြီးတော့ သူ့မန်နေဂျာကလည်း ချောတယ် ၊ ဟင် ကိုကြီး ချွေးတွေထွက်နေပါ့လား "
ညီမေလးက သူ့အိတ်ထဲက တစ်ရှုးထုတ်ကာ ခိုင်ဇော့်နဖူးကို သုတ်ပေးနေသည်။ ပြီးမှ သူ့အရှေ့မှ ကားကိုသတိထားမိကာ မျက်မှောင်ကုပ်ကြည့်နေ၏။ ဝေယံလည်း သွားဖြီးပြီးရယ်ပြလိုက်သည်။ သူရယ်ပြလိုက်တော့မှ ကောင်မလေးက နှုတ်ခမ်းစူပြီး ပေစောင်းစောင်းနှင့် ဆိုင်ထဲဝင်သွားလေသည်။ သူတို့ကားအနားကို လျှောက်လာသည့် Bossအမျိုးသားက တီရှပ်နီညိုရောင်ကို style pant မီးခိုးနဲ့တွဲဝတ်လာသည်။ ပိန်ပိန်ပါးပါးနှင့် လှလှလေးမို့ ကောင်မလေးတစ်ချို့က ကြည့်သွားသေး၏။
" ကိုခိုင်ဇော် ဘာတွေဖြစ်နေတာလဲ ဟမ် "
ကားမောင်းသူကိုကြည့်လိုက်တော့ မောင့်အတွင်းရေးမှူးဖြစ်နေတာကြောင့် မျက်ခုံးပင့်သွားသည်။ ကားနောက်ခန်းမှန်က ရုတ်တရက်ပွင့်သွားပြီး အကြောစိမ်းတွေနှင့် လက္ဖမိုးတစ္ဖက္က မှန်ဘောင်ကို ဆုပ်ကိုင်လာသည်။
" ကားထဲဝင်ခဲ့ "
ထိုမျှသာပြောပြီး ကားမှန်ကိုပြန်ပိတ်သွားသည်။ ဝေယံက တိုးတိုးလေးပြောသည်။
" Boss စိတ်တိုနေတယ် သခင်လေး "
စိတ်တိုနေတယ်ဆိုတော့ ညို့ဘာမှန်းမသိပေမယ့် ကားပေါ်ဝင်ထိုင်လိုက်သည်။ ကားပေါ်ရောက်တော့ မောင်က သူ့ကိုပင်ကြည့်မနေပါ။ မေးကြောတွေထောင်နေတာတော့တွေ့၏။ ဘာဖြစ်နေမှန်းတော့မသိပေမယ့် အသာလေးသာငြိမ်နေလိုက်သည်။ ဝေယံက ကိုခိုင်ဇော်ကိုနှုတ်ဆက်ပြီးတာနဲ့ ဆိုင်ရှေ့ကနေမောင်းထွက်သည်။ မောင်းသာမောင်းရတယ် ၊ ဘယ်သွားရမှာလဲမမေးရဲပေ။ လေထုက ဖိအားနည်းနည်းများနေသည်မဟုတ်ပါလား။
" ကွန်ဒိုကိုမောင်း "
" ဗ်ာ ဟုတ်ကဲ့ "
ကွန်ဒိုသက်သက် ဝယ်ထားသေးတာလား။ ဒါဆိုအိမ်ပြန်မလာတဲ့ ရက်တွေက သူကွန်ဒိုမှာနေနေလို့ပေါ့။ ညို့ စိတ်အလိုမကျဖြစ်သွားရကာ သူ့ကိုစောင်းကြည့်လိုက်သည်။ သူကေတာ့ မသိချင်ယောင်ဆောင်ထားကာ စကားတစ်ခွန်းမှမပြော။
" ငါ့ကိုဘယ်ခေါ်သွားမလို့လဲ ငါ့အလုပ်တွေရှိသေးတယ် မကျေနပ်ရင် မကျေနပ်တာကိုဒီမှာပဲပြောလိုက် "
မောင့်ရဲ့ ဒေါသတကြီးအကြည့်က ညို့ဆီ ချက်ချင်းရောက်လာသည်။ ပြီးမှ သွားကြားထဲကထွက်လာသည့်အသံနှင့် မေးသည်။
" ဟိုကောင့်ဆီသွားဖို့တော့ မင်းကအားတယ်ပေါ့ ၊ သူနဲ့သွားတွေ့တုန်းက မင်းအလုပ်တွေများတယ်လို့ ပြောခဲ့လား "
" ဘာကိုပြောချင်တာလဲ နေပါဦး မင်းငါ့ကိုနောက်ယောင်ခံလိုက်နေတယ်လို့တော့မပြောနဲ့နော် "
" အဟက် မင်းကငါ့အာရုံထဲရောက်လာဖို့နေနေသာသာ အတွေးထဲတောင်မရှိဘူး ၊ မင်းတို့ပုံတွေ ဒီလောက်တတ်လာနေတော့ ငါသေချာအောင်မေးချင်လို့လာလိုက်တာပဲ "
ဝေယံ မဲ့ရွဲ့သွားသည်။ အစည်းအဝေးခန်းထဲမှာ ဖင်ကင်းကိုက်သလို ဒေါသထွက်နေတာဘယ်သူလဲ။ Bossက စိတ်ကြီးရုံမက လိမ်လည်းလိမ်တတ်သေးတာကိုး။ အာရုံထဲတောင်မရှိတဲ့လူက ပုံတစ်ပုံမြင်တာနဲ့ ထထြက္သြားတာ သခင်လေးကိုပြောသာပြလိုက်ချင်တယ်။ အလုပ်ပြုတ်မှာကြောက်လို့သာ။
" သြော် "
မထူးဆန်းသလိုခနဲ့သည့် အသံကြောင့် တည်မြဲ တင်းထားသည့်ဒေါသတို့ပေါက်ထွက်ကုန်သည်။ ဒီကောင်က အခုသူ့ကိုရွဲ့နေတာလား။ ရုပ်ကိုကြည့်တော့ မျက်မှောင်ကိုကုပ်ထားသည်။
" မင်း မလုပ် "
ကိုယ်ပေါ်အုပ်မိုးလာသည့်အရိပ်ကြီးကြောင့် ညို့ရင်ထဲဒိတ်ခနဲခုန်သွားသည်။ ညို့လက်တွေကိုမှန်မှာ ဖိကပ်ပြီး ငုံ့နမ်းလာသည်။ နမ်းတာထက် နှုတ်ခမ်းတွေကို ကိုက်ခဲပြီး နာအောင်တမင်လုပ်နေတာဖြစ်သည်။ သူ့အတွင်းရေးမှူးရှေ့မှာ ညို့ကိုတမင်သက်သက်အရှက်ကွဲအောင်လုပ်နေတာ။
" ဟင် "
နမ်းကုန်ပြီဟ။ ကားနောက်ခန်းကအသံဗလံတွေကြောင့် ဝေယံမှန်ထဲကနေချောင်းကြည့်လိုက်သည်။ မြင်လိုက်ရသည့်မြင်ကွင်းက ဝေယ့ံကိုခေါင်းမွှေးထောင်စေသည်။ လန့်ဖြန့်ပြီး မျက်လုံးမှိတ်လိုက်ပြီးမှ ကားမောင်းနေတယ်ဆိုတာသတိရသွားသည်။ ဘုရားရေ! သူမသေချင်သေးဘူး မိန်းမယူရဦးမယ်။ မျက်လုံးကိုအချိန်မှီပြန်ဖွင့်မိလို့တော်သေးပါရဲ့။ အေနာက္က နမ်းနေတဲ့အသံတွေ ရုန်းကန်နေတဲ့အသံတွေကြောင့် မျက်ရည်ကျချင်နေပြီ။
" ရောက် ရောက်ပါပြီနော် "
ကားနောက်ခန်းက အနမ်းသံတွေအဆက်မပြတ်ထွက်နေစဲ။ ဝေယံရှက်ရှက်နှင့် ခေါင်းကုပ်နေမိ၏။ သူ့လိုရည်းစားမထားဘူးသေးတဲ့ လူရိုးလူဖြောင့်လေးရဲ့ရှေ့မှာ ဘာတွေလုပ်ပြနေတာတုန်း။
" ဟို ဒါဆို ကျွန်တော် ရုံးကို Taxiနဲ့ပြန်လိုက်တော့မယ်နော် "
ဝေယံထွက်သွားတော့မှ ငုံခဲထားသည့်သူ့နှုတ်ခမ်းတွေကိုလွှတ်ပေးလိုက်သည်။ မှိုင်းညို့က မျက်နှာတစ်ခုလုံးရဲတွတ်နေပြီး ငိုနေသည်။ စိတ်တိုနေသည့်ပုံပင် ၊ သူ့မျက်နှာကိုသေချာကြည့်နေကာမှ ခွပ်ဆိုသောအသံနှင့်အတူ တည်မြဲ အထိုးခံလိုက်ရသည်။
" မင်းတမင်လုပ်တာမလား မင်းအတွင်းရေးမှူးရှေ့ ငါ့ကို အင့် အရှက်ခွဲတာ မင်းအရမ်းများနေပြီ ဘာဖြစ်ချင်တာလဲပြောလိုက် ငါ့အလုပ်ထိငါ့ကိုလာနှောက်ယှက်နေစရာမလိုဘူး "
" ငါကမင်းကို အရှက်ခွဲတယ်ဟုတ်လား သူ့ရှေ့နမ်းတော့ဘာဖြစ်လို့လဲ မင်းကဘာတွေနာပြနေတာလဲ ၊ တကယ္ဆို မင်းကိုနမ်းလို့ ပျော်နေသင့်တာ ၊ ငါ့ကိုအခုပြော မင်းနဲ့ ဟိုmodelကောင်က ဘယ္လိုပတ္သတ္တာလဲ "
ညို့ သူ့မျက်နှာကြီးကို ထပ်ပြီးထိုးချင်စိတ်တွေဖြစ်လာရသည်။ ရင်ထဲကလည်းအောင့်နေပြီး စိတ်လည်းတိုသည်။ လူကို သူ့လိုကောင်များထင်နေတာလားမသိ။ လူတိုင်းကိုသူ့စိတ်နဲ့နှိုင်းပြီး ပြောတတ်သေးသည်။ ရုပ်ကချောပေမယ့် အကျင့်တစ်စပ်မှမကောင်း။ ဒီလိုလူကို ဘာလို့ချစ်မိမှန်းလည်း ညို့ ကိုယ့်ကိုကိုယ်မသိတော့ပေ။ သည်းခံတယ်ဆိုတာလည်း အတိုင်းအတာနဲ့ဖြစ်သည်။ စွပ်စွပ်စွဲစွဲတွေပြောပြီး အရှက်ခွဲလိုက်ရတာကို သူကျေနပ်နေတာလား။
" ဖြေလေ ငါကျေနပ်မယ့်အဖြေကိုလိုချင်တယ် ဒီပုံတွေကိုကြည့် မင်းနဲ့အဲ့ဒီကောင်ကို ပြောနေကြတာတွေ မြင်ရဲ့လား ငါတို့လက်ထပ်ထားတာသိတဲ့သူတွေ တွေ့ရင် ငါလည်းနာမည်ပျက်တယ် "
ရဟန်ခွန်းသက ညို့လက်ကိုဆွဲထားတဲ့ပုံကို ကင်မရာရှုထောင့်အမျိုးမျိုးကနေရိုက်ပြီး ဘာလိုလိုညာလိုလိုတင်နေကြတဲ့Postတွေ။ ဒါကထူးဆန်းနေလို့လား ၊ ကိုယ်ရိုးသားတာကိုယ်ပဲသိသည်။ ညို့က မှားနေတာကိုလုပ်နေတာလည်းမဟုတ်ပေ။ ကိုယ့်လိပ်ပြာကိုယ်လုံသည်။
" အဲ့လိုပြောကြေးဆိုရင် မင်းရဲ့အဆက်ကြီးနဲ့ လူမြင်ကွင်းတွဲသွားတွဲလာ လုပ်နေတာကျတောကျတော့ရော ငါကမနာရဘူးလား ၊ ဒါကပုံလေးတစ်ပုံပဲလေ ရတဲ့နည်းနဲ့ဖျက်ပေါ့ ငါနဲ့ဆိုင်လို့လား "
" မင်း "
" ပြောလေ ပြောပါဦး ဘာလို့စကားသံထွက်မလာတော့တာလဲ ငါပြောတာ အရှိုက်ထိသွားလို့လား မောင်ကလေ ဘယ်တော့မှပြောင်းလဲမယ့်သူမဟုတ်ဘူး မောင်လုပ်တာတွေကျတော့အကောင်း ငါ့ကိုကျတော့ အပြစ်တွေပဲပြောတယ် ဒီထက်ပိုပြီးလွန်လွန်မလာနဲ့ "
တည်မြဲ သူပြောတာတွေကို တစ်ခုမှချေပစရာစကားမရှာနိုင်ပေ။ တည်မြဲ အကြပ်ရိုက်သွားတာ ဒါပထမဆုံးဖြစ်သည်။ ဒါပေမယ့် သူနဲ့ကိုယ်တူသလား။ ဟေမာန်စိုးက သူ့ချစ်သူ ၊ နှစ်အတော်ကြာတွဲလာတာ လူတိုင်းသိသည်။ ပြီးတော့ ချစ်သူရှိနေမှန်းသိသိကြီးနဲ့ လူကိုအတင်းအိမ်ထောင်ချပေးတာလည်း သူတို့ပဲ။ တစ်သက်လုံး ကိုယ့်မျက်နှာကိုပဲကြည့်လာတဲ့ကောင်က တစ်ခြားသူနဲ့ ဟိုလိုလိုဒီလိုလိုဖြစ်နေတာကို စိတ်မတို ဒေါသမထွက်ရဘူးတဲ့လား။ သူချစ်ပါတယ်ဆိုတာကို ဘယ်လိုယုံကြည်ရမှာလဲ။
" တစ်ခါတစ်လေ မောင့်ကိုစိတ်ပျက်တယ် ၊ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ဦး ငါလုပ်တာတွေကရော မှန်နေရဲ့လားလို့ ပြန်မေးကြည့်ပါဦး ၊ ငါကေလ တစ်လျှောက်လုံး မင်းကိုပဲချစ်လာတဲ့ကောင်မို့ ငါစိတ်လုံတယ် သိလား မောင်ငါ့ကိုစွပ်စွဲနေတာတွေက ငါ့အချစ်တွေကို စော်ကားနေသလို ခံစားရတယ် "
သူပြောတာတွေကို တည်မြဲ ဘာတစ်ခုမှပြန်မပြောမိပေ။ သူ့အသံက တုန်ပြီးငိုသံပါနေ၏။
" ငါ့ကိုအနိုင်ယူချင်ရင်တစ်ခြားနည်းလမ်းသုံးပါ စိတ်နာအောင်တော့မလုပ်ပါနဲ့ ၊ မောင်မချစ်နိုင်ရင် မျှော်လင့်ချက်တွေလည်းမပေးနဲ့ မောင့်ဆီက မျှော်လင့်နေရတာ ငါပင်ပန်းတယ် သိလား မင်းကိုချစ်ရတာ ငါပင်ပန်းနေပြီ ဟင့် မကောင်းတဲ့ကောင် မင်းမဟုတ်တဲ့သူကို ငါချစ်မိခဲ့ရင်ကောင်းမှာ ဒါဆို ငါစိတ်ဆင်းရဲရမှာမဟုတ်ဘူး အင့် "
ရင်ဘက်တွေကို တဘုန်းဘုန်းထုပြီးငိုလာသည်။ ဒါသူ့စိတ်ရင်းအမှန်တွေလား။ ရှိုက်ငိုနေသူကိုကြည့်ရင်း တည်မြဲရင်မောလာသည်။ ဒီလိုခံစားချက်ကြီးကို တည်မြဲမကြိုက်ပါ။
" နှစ်တွေအများကြီးချစ်ခဲ့ပြီးပြီ ငါသည်းမခံနိုင်တော့တဲ့နေ့ ငါထွက်သွားတော့မှာ အင့် မင်းကို ဘာလို့ချစ်မိမှန်းလည်းစဉ်းစားမတတ်တော့ဘူး ငါပင်ပန်းတာပဲသိတယ် ၊ မင်းငါ့ရှေ့ သူနဲ့တွဲသွားတဲ့အချိန်တိုင်း မင်းညဘက်တွေအိမ်ပြန်မလာတဲ့အချိန်တိုင်း ငါ့မှာစိုးရိမ်စိတ်တွေနဲ့ရူးလို့ ၊ မင်းကဘယ်နားလည်ပါ့မလဲ "
တော်တော်ကြာ သူကိုယ့်ရင်ခွင်ထဲမျက်နှာအပ်ပြီးငိုသည်။ ငိုလို့ဝတော့ မျက်ရည်တွေကိုလက်ခုံနှင့်ပွတ်ကာ ကားပေါ်ကဆင်းသွား၏။ တည်မြဲတစ်ယောက်ထဲ ငူငူကြီးကျန်ခဲ့သည်။ ချစ်ရတာ ပင်ပန်းတယ်တဲ့ ၊ သူတကယ်ပဲ ပင်ပန်းနေပြီလား။ ဒါဆိုဘာလို့ သူ့ခံစားချက်တွေကိုအစတည်းကထုတ်မပြခဲ့တာလဲ။ ဘာလို့အကြာကြီးမြိုသိပ်ပြီးနေနေရတာလဲ။ မပြောမဆိုနဲ့ လက်ထပ်ပွဲကိုလက်ခံလိုက်တည်းက သူကတည်မြဲအတွက်တော့ လူလိမ်တစ်ယောက်ဖြစ်သွားခဲ့ပြီ။
" အပြစ်ရှိတဲ့သူက သူပဲမဟုတ္ဘူးလား ၊ သူချစ်မိအောင်လည်း ငါမေနခဲ့သလို သူ့ကိုမျှော်လင့်ချက်ပေးတာတွေရောငါလုပ်ခဲ့လို့လား သူကသာမှားတဲ့သူလေ ငါက ဒီတိုင်း "
ကားထဲမှာသက်ပြင်းချသံတစ်ခုကသာ လွှမ်းမိုးသွားသည်။
<<<<<<
>>>>>>
လမ်းတစ်လျှောက်လုံး ညို့ကိုကြည့်သွားကြသည့်သူတွေကတော့ ရူးနေတယ်ထင်ကြမှာပဲ။ မျက်ရည်ကအတောမှမသတ်နိုင်ပဲကို။ ပြောပြီးမှလည်း နောင်တတွေရနေမိ၏။ အခုဆို သူ့စိတ်ထဲ ကိုယ့်ကို လှောင်ရယ်နေလောက်ပြီ။
" သူပဲမှန်နေတော့တာပဲ "
လမ်းတစ်ဝက်ရောက်တော့ အုတ်ခုံပေါ်ထိုင်ချကာ မျက်ရည်တွေကို စိတ်ရှိသလိုကျခွင့်ပေးလိုက်သည်။ နှလုံးသားထဲက စို့တတ်လာတဲ့ခံစားချက်ကို ကိုယ်တိုင်သာနားလည်သည်။ ငိုနေသည့်သူ့ကို တစ်ချို့က အံ့သြသလိုကြည့်သည်။ တစ်ချို့က အထင်သေးသလိုကြည့်သည်။ တစ်ချို့က ထူးဆန်းသလိုကြည့်သည်။ ဘာလို့ကြည့်နေကြတာလဲ ၊ သူတို့ရော တစ်ခါမှမငိုဖူးလို့လား။ လူကိုလှောင်သလိုကြည့်ကြည့်သွားကြတာ ၊ သူတို့ရော အချစ်ကြောင့် မနာကျင်ဖူးလို့လား။
" အကို အကို အဆင်ပြေရဲ့လားဟင် ဒီမှာတစ်ရှူးယူလိုက်ပါ အားလုံးအဆင်ပြေသွားလိမ့်မယ်နော် "
ညို့လက်ထဲကို တစ်ရှူးထိုးပေးလာသူကို ညို့မော့ကြည့်လိုက်သည်။ အမြင်တွေဝါးနေပေမယ့် ကောင်မလေးတစ်ယောက််ဆိုတာသေချာသည်။ အဆင်ပြေသွားလိမ့်မယ်တဲ့ ၊ အဆင်ပြေဖို့ကို ဘယ်လောက်ထိစောင့်ရဦးမှာလဲ။ ကောင်မလေးက အားပေးပြီး ပြန်ထွက်သွားသည်။ ညို့မျက်ရည်တွေကိုသုတ်ပစ်လိုက်၏။ ဒါပေမယ့် မျက်ရည်က သူ့ဘာသူကျနေတာကို ဘယ္လိုတားရမလဲ။
" မငိုနဲ့တော့ ကားပေါ်တတ် "
ကားတစ်စီးကရှေ့မှာထိုးရပ်လာပြီး ရှူးဖိနပ် အနက်တစ်စုံက ရှေ့မှာရပ်လာသည်။ အသံက ဘယ်သူမှန်းသိနေတာကြောင့် လှည့်ထွက်သွားမယ်လုပ်တော့ လက်မောင်းရင်းကဆွဲလာသည်။
" မျက်နှာကို မြင်ချင်စိတ်ရှိမနေဘူး ငါ့ကိုမကိုင်နဲ့ "
" ကားပေါ်တတ် လမ်းမကြီးငိုနေတာ မရှက်ဘူးလား "
" မရှက်ဘူး ငါကအရင်တည်းက အရှက်မရှိတဲ့လူလေ လွှတ်စမ်းပါ အင့် "
သူ့ကိုယ်လေးကို ပုခုံးပေါ်ကောက်ထမ်းကာ ဘေးခုံသို့ပို့၍ ခါးပတ်ပတ်ပေးလိုက်သည်။ အသာတကြည်ပြောနေရင် အသာတကြည်မှမလိုက်တာ။ သူကားပေါ်ကဆင်းသွားတော့ ဖုန်းရော ပိုက်ဆံအိတ်ရောကျန်ခဲ့တာမို့ စိုးရိမ်ပြီးလိုက်လာခဲ့တာ။ လမ်းဘေးအုတ်ခုံမှာထိုင်ငိုနေသူကိုတွေ့တော့ ရင်မောရပြန်သည်။ ကားပေါ်ရောက်တဲ့အထိ မရပ်မနားငိုနေပြန်တာကြောင့် တည်မြဲ သက်ပြင်းအကြိမ်ကြိမ်ချလိုက်သည်။
" မျက်လုံးတွေဖောင်းကုန်ရင် ရုပ်ဆိုးလိမ့်မယ် "
" ဆိုးဆိုးပေါ့ ရုပ်ချောနေတာတောင် မောင်ကချစ်လို့လား "
" အဟက် "
သူ့ကိုရယ်လိုက်တာနဲ့ လက်မောင်းကို လက်သီးတစ်လုံးပစ်ကျွေးလာသည်။ ဆက်ရယ်ရင် သေပြီသာမှတ်ဆိုတဲ့အကြည့်နဲ့ဖြစ်သည်။
" မငိုနဲ့တော့ တော်ပြီ ငါအကောင်းပြောနေတာ မင်းဆိုင်ကဝန်ထမ်းတွေ ဒီကြောင်ချီးရုပ်ကိုတွေ့သွားရင် အရိုအသေမဲ့နေဦးမယ် "
" ...... "
" တကယ်တော့ ငါမင်းကိုပြောမိတာ တောင်းပန်ချင်လို့ ငါစကားတွေလွန်သွားတယ် ငါမင်းကိုမငိုစေချင်ဘူး အိပ်ယာထဲမှာငိုရင်တစ်မျိုးပေါ့ ငါပြောတာကြားလား ၊ တစ်ခြားအကြောင်းတွေကြောင့် မငိုနဲ့ ငါမကြိုက်ဘူး အမ် "
လှည့်ကြည့်လိုက်တော့ သကောင့်သားလေးကအိပ်ပျော်သွားပြီဖြစ်သည်။ ငိုပြီးရင်သူကချက်ချင်းအိပ်တော့တာ။ တစ်ယောက်ထဲပြောမိတဲ့ကိုယ်က အရူးကြီးကျနေတာပဲ။
ကောင်းပါတယ်လေ ၊ သူမကြားတာပဲကောင်းတယ်။ ကြားလိုက်ရင် သူ့ကိုအလျော့ပေးတယ်ဆိုပြီး မာန်တတ်နေဦးမယ်။ ကွန်ဒိုပြန်ရောက်တာနှင့် သူမနိုးအောင် အသာပွေ့ချီကာ တိုက်ခန်းပေါ်တတ်သွားလိုက်တော့သည်။ ကြန္ဒိုက တည်မြဲ လက်ယား၍ဝယ်ထားတာဖြစ်ပြီး တစ်ခါတစ်လေအိမ်ပြန်မလာချင်တဲ့နေ့တွေမှာဆိုရင် ကွန်ဒိုမှာအိပ်လေ့ရှိ၏။ ကြည့်ရတာ ခုဏက ကွန်ဒိုကိုမောင်း ဆိုတဲ့ စကားကြောင့် သူ့စိတ်အခြေအနေပိုဆိုးသွားတာလည်းဖြစ်နိုင်သည်။ ထူးဆန်းသည် သူအထင်လွဲသွားတာကိုမြင်ရတာ ပျော်နေသင့်ပေမယ့် တည်မြဲ ရုတ်တရက်ကြီး ကိုယ့်ကိုကိုယ်မှားနေတယ်လို့ခံစားလိုက်တာကြောင့် တွေဝေသွားမိတော့သည်။
TBC~~~
19.9.2021