Uni
"မဟုတ်ပါဘူးကိုကိုရယ် နက်ရှင်းပြပါ့မယ် ဒါတွေက"
ဖြောင်း !
ခန့်ထယ်ဝါ ဘယ်လိုမှသည်းမခံနိုင်တော့ဘူး ခုလိုလက်ပူးလက်ကြပ်မိတာတောင် ပြောင်ငြင်းနေတာကြောင့်
ခန့်ထယ်ဝါ နက်ပါးကိုရိုက်ချလိုက်တယ်
"ကဲ ခုတော့သိပြီမလား သားခန့် အန်တီမေကဒီကောင်မကို သားလေးနဲ့ကြိုက်နေတယ်ဆိုတုန်းကတော့ ငါမှာသဘောတူလိုက်ပါမယ်ပေါ့ ဟွန်းခုတော့ ဒင်းက အကောင်ကြီးမြင်တော့ ငါ့သားကိုပလစ်လိုက်တာလေ"
"မဟုတ်ပါဘူး အန်တီမေရယ် နက်ရှင်းပြပါ့မယ် အဲ့နေ့က နက်ချော်လဲလို့ ကိုသတ္တိက နက်ကိုတွဲထားတာပါ နက်ကိုယုံပါနော် ကိုကိုရယ် နက်ကိုယုံပါ"
"ဒီလောက်လက်ပူးလက်ကျက်မိနေတာတောင် မင်းကငြင်းချင်သေးတာလား မင်းလိမ်နေတာမဟုတ်ရင် သတ္တိထောင်ကျနေတာက အမှန်မဟုတ်ဘူးလားအန်တီမေက လူကြီးတစ်ယောက်ဖြစ်ပြီး ငါတို့အိမ်ထောင်ရေးကိုခလောက်လာဆန်နေတာလားပြော မင်းပြောလေ"
"အန်တီမေ တောင်းပန်ပါတယ် ဒီကိစ္စမှာသားခန့်ရော သားသတ္တိပါခံလိုက်ရတာ ဒီကောင်မရှုပ်ထားတာ အန်တီမေက သားကိုလာသတိပေးတာ သတ္တိလိုခံရမှာစိုးလို့"
အန်တီမေပြောစကားကြားတော့ နက်ငုတ်တုပ်ထိုင်ကျသွားတယ် သွားပြီလေ ခုချိန်မှာ နက်ဘက်မှာ ဘယ်သူမှ ရှိမနေတာ သိလိုက်ပြီ သူတို့ပြောချင်ရာပြောကြတော့ နက်ရှင်းပြလို့မှမရတော့တာ နားပိတ်ပြီး မျက်လုံးပါမှိတ်ထားလိုက်တယ်
....
အန်တီမေကတော့ ပြောပြီးပြန်သွားတာပဲ ကိုယ့်မှာသာ ဘာကိုဝမ်းနည်းလို့ဝမ်းနည်းမှန်းမသိ
ယောက်ျားကြီးတန်မယ့် ငိုဖိုကြတော့လည်းမဖြစ်
မဟုတ်ပါဘူးလို့ကိုယ်တိုင်အတင်းအကြပ်ယုံပြီး ချစ်မိသွားတော့မှ လုပ်ရက်လိုက်တာကွာ
ခုထိဆိုဖာပေါ်မှာ မျက်လုံးမှိတ်နားပိတ်ပြီး ထိုင်နေတဲ့နက်ကို ကြည့်ပြီး ခန့်ထယ်ဝါ ဘယ်လိုကဘယ်လိုဒေါသတွေထွက်လာမှန်းမသိ
နက်ကိုပုခုံးကနေကိုင်ပြီး လှုပ်လိုက်တယ်
"ပြော ပြောလေ မင်းနဲ့သတ္တိက ချစ်သူတွေမဟုတ်ပါဘူးလို့ ငြင်းဦးလေ ပုလဲနက် ငြင်းပါဦး"
"အန်တီမေ ပြောတာတွေကို ယုံတယ် မလား "
"ဘာ"
"အန်တီမေပြောခဲ့တာတွေကိုယုံတယ်မလား နက်ရှင်းပြလည်းမယုံဘူးမလား အဲ့တော့ အဲ့အတိုင်းပဲပေါ့ နက်က ဘာကိုရှင်းရဦးမှာလဲ"
"မင်း မင်း "
"ရိုက်ဦးမလို့လား ရိုက်လိုက်တော့ ရိုက် နက်က ကိုကိုရိုက်ရင်ခံရမှာပဲလေ ရိုက်ပေါ့
ရော့ စိတ်ရှိရင်ဒီကတ်ကြေးနဲ့ပါထိုး မကျေနပ်သေးရင် အသေသတ်လိုက်နော် စိတ်မပူနဲ့ မပြေးဘူး ကိုကိုဖြစ်စေချင်သလိုလုပ်လိုက်"
နက်က ကပ်ကြေးပါထိုးပေးနေတာ
ခန့်ကြောင်ကြည့်နေတော့နက်ကဆက်ပြောတယ်
"ဟုတ်တယ် ကိုသတ္တိက နက်ချစ်သူ နက်ချစ်ရတဲ့ချစ်သူ အမှန်ပဲ အဲ့တော့နက်ကိုသတ်လိုက်တော့"
မျက်လုံးမှိတ်ပြီး ခေါင်းမော့ပေးနေတဲ့ နက်ကိုကြည့်ပြီး ခန့်ထယ်ဝါ ပြောလိုက်တာက
"မင်းက ငါ့အချစ်နဲ့လုံးဝမထိုက်တန်တဲ့မိန်းမပဲနက် "
"ဟုတ်တယ် ပုလဲနက်ကို ကိုကိုချစ်စရာမလိုပါဘူး ကိုကိုချစ်လည်း မချစ်ဘူးမလားနက်ကိုကို့ကိုချစ်သလောက် ကိုကိုကနက်ကိုပြန်မှမချစ်တာ"
"ဟုတ်တယ် မင်းကိုမင်းသေသွားရင်တောင် ပြန်ချစ်မှာမဟုတ်ဘူး"
"ရတယ် မချစ်နဲ့ ကိုကိုလည်းနက်ကိုမချစ်နဲ့ နက်လည်းကိုကို့ကို မချစ်တော့အောင်ကျိုးစားတော့မယ် နက်ခုကစပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တော့မယ် "
ဘယ်လို နက်ကထွက်သွားတော့မယ်ပေါ့ ခန့်ရင်တွေပူလာတယ် ဒါပေမယ့် ပြောမိတဲ့စကားက စိတ်နဲ့ဆန့်ကျင်စွာ
"ဘယ်လို မင်းက ဟားဟားမင်းမှာဘာအစွမ်းအစရှိလို့လဲ ဘာလဲ မင်းအကောင်အားကိုးနဲ့လား မင်းအကောင်ကထောင်ထဲမှာနော်နက် မင်းမေ့သွားတာလား"
"ကိုကိုပြောပေါ့ နက်ကသူများပေါ်မှီခိုနေရတဲ့သူဆိုတော့ ပြောပေါ့ ဒါပေမယ့် ကိုကို့အပေါ်မှာတော့မမှီခိုတော့ဘူး နက်သွားတော့မယ် နက်ကိုကို့အိမ်မှာမနေဘူး"
နက်ကိုပြောရင်တစ်ကယ်လုပ်မှာ မဖြစ်ဘူး ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တာူမှဖြစ်မယ်
"ပုလဲနက် မင်းပါးစပ်ကိုပိတ်ထားနော် "
"ဟင့်အင်းမပိတ်ဘူး နက်ကိုကိုနဲ့တူတူမနေနိုင်တော့ဘူး ကိုကိုနဲ့တူတူနေရင် နက်ကိုကိုချစ်တာခံချင်နေလိမ့်မယ် အဲ့တော့ နက်မနေနိုင်ဘူး"
"မင်းကိုငါပိတ်ထားလို့ပြောနေတယ်နော် မင်းအိမ်ထဲကနေခြေတစ်လှမ်းရွှေ့ကြည့်စမ်း မင်းအသက်ကိုငါအာမမခံဘူးနော်"
"အ အစ် လွှတ် ကိိုကိုလွှတ်နော် လွှတ် "
ခန့် နက်ရဲ့လည်ပင်းကိုညစ်ပြီး ပြောလိုင်တယ်
"သွားဦးမလား ပြော ဒီအိမ်ပေါ်က သွားမယ်လို့ပြောဦးမလား"
နက်အသက်ရှူတွေပါကျပ်ပြီးမျက်နှာတစ်ခုလုံးနီလာကာ မျက်ရည်တွေကျလာတော့မှ ခန့်သတိပြန်ဝင်လာပြီး နက်ကိုလွှတ်ပေးလိုက်တယ်
"ဟွတ် ဟွတ် အဟွတ် "
"နက် နက် ဘယ်လိုနေသေးလဲ ဘာဖြစ်သွားတာလဲ ကိုကို ကိုတောင်းပန်ပါတယ်နော်"
နက်အသက်ကိုလုရှူရင်းက ခန့်ကိုင်လာတဲ့လက်ကို ပုတ်ချလိုက်ပြီး
"ဖယ် လာမထိနဲ့ တောင်းပန်ပါတယ် မထိပါနဲ့တော့ ကြောက်ပါပြီ
ဟွတ်ဟွတ် ထွက်လည်းမပြေးတော့ပါဘူး ဟွတ်ဟွတ် အီးဟီး လာမထိပါနဲ့တော့ ဟီးအီး"
ဘယ်လိုမှအထိမခံတော့တဲ့နက်က သူ့ကိုလည်းမကြည့်တော့ဘဲ ဆိုဖာပေါ်မှာ အော်ငိုနေတယ်
အသက်ရှူကျပ်သွားလို့ထင်တယ် ချောင်းတွေကလည်းစိုးနေတာတအားပဲ
သနားလွန်းလို့ ရင်ခွင်ထဲထည့်ဖက်ဖို့လုပ်တော့
"ကိုကိုရယ် နက်ကိုသနား ဟွတ်ဟွတ် ပါနော် နက်ထွက်မသွားတော့ပါဘူးနော် နက်ကိုကိုပြောသလိုပဲနေပါတော့မယ် ဟီးအီး"
ခန့်လည်း ဘာမှမပြောတော့ပဲ အခန်းထဲဝင်လာလိုက်တော့တယ်
အခန်းတခါးပိတ်ပြီး ငိုနေတဲ့ကောင်လေးတစ်ယောက်နဲ့ ဧည့်ခန်းထဲမှာငုတ်တုပ်ထိုင်ပြီးငိုနေတဲ့ကောင်မလေးတို့က ဘယ်သူကမှ မသိနိုင်အောင် သိုဝှက်လွန်းတဲ့ခံစားချက်တွေကိုယ်စီနဲ့ပါ
......
📲📲📲📲📲
"ဟယ်လို ဟုတ်ကဲ့ပြောပါ"
ခန့်ဖုန်းကိုင်လိုက်တော့ ညနေကဝယ်ထားတဲ့ ပစ္စည်းတွေလာပို့တာမို့ ဖုန်းဆက်တာဖြစ်တယ်
ခုမှသတိရတာ နက် နက်ဧည့်ခန်းထဲမှာပဲလား ခန့် အခန်းထဲဝင်နေတာ
တော်တော်ကြာသွားပြီ
အခန်းထဲကထွက်ပြီး အောက်ထပ်ဆင်းလာတော့ နက်ကိုမတွေ့တော့ စိတ်ထဲထူပူသွားတယ်
ဒီကလေး အပြင်ထွက်သွားတာဖြစ်မယ်
တခါးခေါက်လို့သွားဖွင့်တော့ ပစ္စည်းပို့သူတွေရောက်လာတယ်
"ညီလေးတို့ စ်ိတ်မရှိပါနဲ့ကွာ အစ်ကို အစ်ကို အပြင်ခဏသွားလိုက်ဦးမယ် မကြာပါဘူးနော် ဒီမှာ အီမ်သော့ ညီလေးတို့ထားစရာရှိတာထားပြီး စောင့်ပေးပါကွာ အစ်ကို အရေးကြီးလို့ပါ"
"ဟုတ်~"
နောက်ပိုင်းသူတို့ဘာပြောမှန်းမသိချင်တော့ ခုချိန်မှာ နက် နက်ကပိုအရေးကြီးတယ် ဘယ်သွားနေမှန်းမသိ ညကြီးမိုးချုပ် ထွက်သွားတာ အန္တရာယ်ဘယ်လောက်များမလဲ
ခန့်အပြင်ကိုပြေးထွက်ပြီးရှာပေမယ့်မတွေ့ လမ်းထိပ်မှာများလားဆိုပြိး လမ်းထိပ်ထွက်ရှာတယ် မရှိ နောက်ဆုံးခြံထဲကကားကိုသတိရသွားတယ်
'ငါတော်တော်ဦးနှောက်နည်းပါလား ကားနဲ့လိုက်ရှာရမယ့်ဟာကို'
ခန့်ထယ်ဝါ ခြံထဲပြေးဝင်လာပြီး ကားထုတ်တော့ ကားသော့ကအိမ်ထဲမှာမို့ အိမ်ထဲပြန်ဝင်ယူရမယ်
အိမ်ထဲဆိုပေမယ့် အပေါက်ဝတင်ပဲမို့ ဝင်ယူပြီးအထွက်
"ညကြီးမင်းကြီး အပြင်ထွက်မို့လားဟင်"
ရုတ်တရပ်ကြားလိုက်ရတဲ့ အသံကြောင့် အလန့်တကြားအိမ်ဘက်ကိုလှည့်ကြည့်လိုက်တော့ ပုလဲနက်ရယ်ပါ
Thanks for reading 20September2021
Double update နော်
ချစ်ဆုံးဒါဒါလေးတောင်းဆိုလို့ သာသာတင်ပေးလိုက်တယ် ပိုချစ်သွားကြဦး😁