YiZhan in the house 🏠 (Compl...
Av PaungPus
135K 15.2K 1K
ဇာတ်လမ်းက ဟာသပုံစံလေးပဲရေးထားတာမို့ နဲနဲတော့ပေါပါတယ်။ ပေါတာမကြိုက်ရင် ဒါကိုမဖတ်ပါနဲ့နော် ..🙏🙏🙏 ဇာတ္လမ္းက ဟ... Mer
House(1)
House(2)
House(3)
House(4)
House(5)
House(6)
House(7)
House(8)
House(9)
House(10)
House(11)
House(12)
House(13)
House(14)
House(15)
House(16)
House(17)
House(19)
House(20)
House(21)
House(22)
House(23) Final
House(18)
4.9K 596 55
Av PaungPus
Unicode
အိမ်ပြန်ရောက်တာနဲ့ အခန်းသန့်ရှင်းရေးလုပ်ရ ၊ အိပ်ရာခင်းတွေလဲရ၊ မြင်းစာဝယ်ရ ၊ကျွေးရ ၊နေရာချရ၊ ကြောင်စာကျွေးရ ၊  မြင်းက ထားစရာနေရာမရှိလို့ ကြံရာမရတဲ့အဆုံး ခြံထဲကြိုးချည်ထားရတယ်။မီးဖိုချောင်သန့်ရှင်းရေးလဲ ပြန်လုပ်ရတယ်။  ကိုယ်တိုင်လဲ ချွေးတွေနဲ့ပေတူးနေလို့ ရေချိုးကြရသေးတယ်။ ဒါတွေလုပ်နေတုန်းရှောင်းကျန့်က မျက်နှာကြီးမာထားပြီး စကားတခွန်းမှမပြောဘူး။ ရိပေါ်ကလဲကုပ်ကုပ်လေးပဲ လိုက်လုပ်ကူပေးရတယ်။  အားလုံးပြီးတော့ ညစာစားချိန်တောင်ရောက်နေပြီ။  onlineကနေပဲ မုန့်မှာစားလိုက်ရတယ်။
စားသောက်ပြီးတော့ ဖြစ်ကြောင်းကုန်စင်ကို ရှောင်းသုခမိန်ကြီးက စစ်ဆေးမေးမြန်းပါတော့တယ်။ အပြစ်သားလေးဝမ်ရိပေါ်ခမျာ မချောင်ရှာဘူး။
"ငါမင်းကို ဝက်ခေါင်းဓားဖြတ်စက်နဲ့ စီရင်လိုက်ရမလား ဟမ် !!! "
ရိပေါ်ဗိုက်ကို ဗိုက်ကြောပြတ်မတတ် လိမ်ဆွဲ ၊  လက်မောင်းကိုသွားရာအကွင်းလိုက်ကိုက်၊ နှာခေါင်းထိပ်လေးပါနီရဲတဲ့အထိ ယုန်သွားဖြင့် ကိုက်ဆွဲပြီးနောက် ရှောင်းကျန့်က စိတ်ဖြေသာသွားပြီ။ နှလုံးသားလေးထဲမှာတော့ ယွမ်ဆယ်သိန်းက သူ့ကိုတာ့တာပြနေတယ်။
" အဲ့ဒီတော့... မင်းက ငါနဲ့အတူနေချင်လို့
မင်းသူငယ်ချင်းမြောက်ပေးတဲ့အတိုင်းလိုက်လုပ်တယ်ဆိုပါတော့ "
"ဟုတ် "
ကုတင်အစွန်းနားထိုင်ပြီး ခေါင်းလေးငုံ့လို့ ဝမ်ရိပေါ်က အရမ်းကိုသနားစရာလေးလုပ်ပြနေတယ်။
"မင်း ငါ့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတာပဲလေ ဘာလို့မပြောလဲ "
"မင်းက ငါချစ်လားမေးတာ ပြန်မှမဖြေတာ "
"ငပိန်းကောင် !!! မချစ်ပဲ မင်းဖက်အိပ်တာ၊နမ်းတာ ငါခံနေစရာလား ။ တုံးတယ်လို့ပြောရင်လဲ မကြိုက်ဘူး "
ဝမ်ရိပေါ်က ပါပီမျက်ဝန်းလေးနဲ့ ရှောင်းကျန့်ကိုမော့ကြည့်တယ်။
"အဲ့ဒါဆို ...မင်းငါ့ကို ချစ်တယ်ပေါ့နော် "
"ချစ်တာပေါ့ ချစ်လို့လဲ မင်းပေါက်ကရလုပ်သမျှသည်းခံနေတာပေါ့ ...ဟူးးး ..."
ရှောင်းကျန့်က ခါးလေးထောက်လို့ သက်ပြင်းချတယ်။သူသက်ပြင်းချတဲ့ပုံလေးက ခေါင်းတခါခါနဲ့ နှုတ်ခမ်းဆူဆူလေး။
ဝမ်ရိပေါ်က မျက်နှာအမူအရာဘလင်းဘလင်းဖြစ်သွားပြီး ရပ်နေတဲ့ရှောင်းကျန့်ကိုခါးကဆွဲချတယ်။ သူ့ကိုယ်ပေါ်ခွလျက်သားလေးဖြစ်သွားမှ့ ခေါင်းလေးစောင်းလို့ နှုတ်ခမ်းလေးတွေကိုနမ်းရှိုက်တယ်။
"ကိုယ့်ကိုချစ်လားဟင် ..."
"ချစ်တယ်လို့ ဘယ်နခါမေး...အင့် "
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ခုတင်ပေါ်လဲချလို့ အပေါ်ကဖိပြီး ရှယ်ပလန်နဲ့နမ်းတော့တယ်။ ဒီစကားစောင့်နေတာ ဘဝအဆက်ဆက်ကြာနေပြီ။ ဒီနေ့တော့ တစစီဖြစ်ပြီသာမှတ်။
"ရိ..."
ပြွတ်စ် ~~~
"ခဏ...အွန့် "
ပြွတ်စ် ~~~
"မားမား! ကယ်ပါ "
ပြွတ်စ် ~~~ပြွတ်စ် ~~~
"......."
" ရိပေါ် ဒီအကျီက ငါအကြိုက်ဆုံး အိမ်နေရင်းအကျီကွ ၊ မပြဲစေနဲ့ ဖြေးဖြေးချွတ်ပါ "
"အင့် ! "
ဝမ်ရိပေါ်က စကားပြန်ပြောဖို့တောင်အားမနေဘူး။ သူက အလွန်အလုပ်များနေတယ်။ ပုခုံးလုံးလုံးလေးတွေကို ဖိနမ်းလိုက် ၊ ကိုက်လိုက်နဲ့ အရသာခံနေတယ် ။လက်တွေကလဲ သိ့တယ်မလား။ အငြိမ်ကိုမနေတာ။ ညပ်ရိုးလေးတွေထဲ နှာခေါင်းလေးနစ်ပြီး နမ်းရှိုက်တယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ဆံပင်တွေကိုဆွဲထားတယ်။
"မကိုက်နဲ့ ရိပေါ် ... အာ့! အဲ့နေရာကိုမကိုက်နဲ့လို့ "
တကိုယ်လုံးနေရာလပ်မကျန်အောင် နီရဲသည်အထိ့နမ်းခံရတယ်။ ထိုစဥ် ဖျတ်ခနဲ တရုတ်ပြည်ကြီးမီးပြတ်သွားတယ်။ အိမ်အသေးလေးထဲက ကျင်းကော်က ကြားရတဲ့အသံတွေကြောင့် ကြောက်ပြီးအခင်းအောက်ထိ့ခေါင်းတိုးအိပ်တယ်။ မှောင်မဲနေတာမို့ ဘာဆက်ဖြစ်သွားလဲ စာရေးသူလဲ ဘာမှမသိလိုက်ရဘူး။
******************************
နောက်တနေ့မနက် .....
သူ့ကိုယ်ပေါ်ဖိ့အိပ်နေတဲ့ ဝမ်ရိပေါ်ကိုတွန်းထုတ်လိုက်တယ်။ အားနည်းနည်းစိုက်လိုက်တာနဲ့ သူ့ကိုယ်ကကိုက်ခဲနာကျင်လာတာမို့ အသံထွက်ညည်းမိ့တယ်။ ရှောင်းကျန့်ရဲ့အသံကြောင့် ဝမ်ရိပေါ်ကနိုးလာတယ်
"အချစ် !!! ဘာဖြစ်လို့လဲ "
"ရိပေါ် ငါ့တကိုယ်လုံးနာနေတယ် ငါ့ကိုဆေးသွားဝယ်ပေး"
"ကိုယ်မကောင်းတာ ကိုယ့်အမှားတွေ ...
ကိုယ့်ရဲ့ရှောင်းရှောင်းလေး နာနေပြီ ...
အခု ...သွား ဝယ်ပေးမယ် ...နော်  "
ဝမ်ရိပေါ်က ရှောင်းကျန့်ကိုယ်ကို လှည့်လိုက်ပြီး ဒဏ်ရာကိုကြည့်တယ်။
"နီရဲနေတာပဲ သနားပါတယ်
နာနေမှာပဲနော် ..."
မျက်လုံးလေးက ပါပီလေးလိုအပြစ်ကင်းတဲ့ပုံလုပ်ပြနေပြန်ပြီ။ ညက ထိန်းသိမ်းမရအောင်ဖြစ်နေတာဒင်းမဟုတ်တဲ့အတိုင်းပဲ ။
"ကိုယ်အခုပြန်လာခဲ့မယ်နော် အချစ် "
"လှည့်လှည့်ကြည့်မနေနဲ့ သွားပါတော့ကွာ
အဲ့လောက်ဖြစ်နေရင်လဲ နောက်မလုပ်နဲ့တော့ပေါ့ "
"နောက်မလုပ်လို့တော့မရဘူးလေ
အခုသွားပြီ အခုသွားပါပြီ "
***********************************
ရှောင်းကျန့်က မထနိုင်တာကိုအကြောင်းပြပြီး ဝမ်ရိပေါ်ကိုကောင်းကောင်းခိုင်းစားလေတော့တယ် ။သွားတောင် တိုက်ပေးရတယ်။ ယုန်ငပျင်းလေးက အိပ်ရာကကိုထ့မလာတော့။ ဆေးလိမ်းပေးထားတာကြောင့် မှောက်ခုံလေးလုပ်ပြီး ၊ ကာတွန်းကားကြည့်လိုက် ဟာသတွေဖတ်လိုက်နဲ့ ဇိမ်ကျနေတယ်။ ဘေးမှာလဲ အမျိုးမျိုးပူဆာလို့ ဝယ်ကျွေးထားရတဲ့ မုန့်တွေက အိပ်ရာထက်ပြန့်ကျဲလို့ ...
ဝမ်ရိပေါ်ကတော့ သူပစ်ချထားတဲ့ ကြမ်းပြင်က မုန့်ခွံ ၊ အမှိုက်ခွံတွေကိုလှဲကျင်းနေရတယ်။ ကျင်းကော်ကိုလဲအစာကျွေးရတယ်။ ညကညစ်ပေသွားတဲ့ အိပ်ယာခင်းကိုလဲလျှော်ရတယ်။
"ချစ်ဆုံးလေး ကိုယ်မောနေပြီ မဖွနဲ့တော့ ..."
"မဖွပါဘူး ဟားဟား ရယ်ရတယ် ဟိုဘက်ကိုပြေးလေ ဟားဟား ဟိး ဟိး ..."
အော်...ကိုယ့်မှာတော့ ဖက်ဖက်မောလို့ သူကတော့ကာတွန်းကားကြည့်ပြီးမြူးနေသေး။ အိမ်ထောင်သည်ဘဝ မလွယ်ကူဘူးပဲ။
"ရိပေါ်... ငါ့ကို အာလူးကြော်နဲ့ ဖက်ထုပ်အိုးကပ်သွားဝယ်ပေး၊ ဒေါ်လေးယုံယုံရဲ့ ဆိုင်ကလက်ရာပဲစား‌မှာနော် ၊ အဲ့အရသာပဲကြိုက်တာ "
"အာ သူ့ဆိုင်က ဒီချိန်ဆိုလူတွေပြည့်နေမှာ
တခြားဆိုင်ကစားပါလား... နော် "
"ဪ ...ဝမ်ရိပေါ်က ငါ့ကိုမချစ်တော့ဘူးပဲ "
ရှောင်းကျန့် ပြောလိုက်တာတော့ ခပ်တိုးတိုးလေးပဲ။ ရိပေါ်ရဲ့နားမှာတော့ ဗုံးတစ်လုံးလာကျဲသွားသလို တုန်ခါသွားတယ်။
"အချစ်ကလဲ ချစ်တာပေါ့ ၊  ချစ်တာမှတုန်လို့...ချစ်လွန်းလို့လဲ ကိုယ်တသက်လုံးထိန်းသိမ်းလာတဲ့လူပျိုဘဝလေး အချစ်ကိုပေးလိုက်ပြီပဲလေ ၊ပြန်တွေးကြည့်တော့နမြောစရာကြီး၊အဲ့ဒါကကိုယ့်အချစ်ရဲ့ သက်သေပဲပေါ့ "
ချော့တော့ချော့တာပဲ ၊ ဒါပေမဲ့ ဝမ်ရိပေါ်ချော့တာကြီးက ရှောင်းကျန့်ကိုရန်စ့နေသလိုပဲ။ အပြောမတတ်တော့ ဆဲသလို ဆိုတာ ဒါမျိုး.....
"ဝမ်ရိပေါ် !!! မင်းကများ အရမ်းနစ်နာသွားသလိုပြောနေတယ်ပေါ့လေ ။ မင်း ....မင်း ငါ့နားမကပ်နဲ့ ၊ ငါအသားကိုမထိနဲ့ !!! ဟုတ်တယ် မင်းပဲနမြောနေလိုက် ငါကတော့ ငါ့ဘဝကိုဗန်းထဲထည့် ခေါင်းပေါ်ရွက်ပြီး ယူကြပါဦးဆိုပြီး လိုက်ရောင်းနေတာလေ ၊ အဲ့ဒါကြောင့်နမြောစရာမရှိဘူး၊ မင်းကလဲလုပ်သေးတယ်  မြွေလိုကောင် ၊ ဝက်လိုကောင် ၊ လိပ်လိုကောင်၊ သရဲလိုကောင်  !!! "
ရှောင်းကျန့်က အရမ်းစိတ်ဆိုးပြီး မုန့်ထုတ်တွေနဲ့ပစ်ပေါက်တော့တာကြောင့် မနည်းချော့ရတယ် ။
" အချစ်ပြောတာအားလုံး ခုသွားဝယ်ပေးမယ်နော်...ဒေါ်လေးယုံယုံဆိုင်က ဝယ်ပေးမှာ
တခြားကော ဘာရချင်သေးလဲ ၊ စိတ်မဆိုးနဲ့ တော့ နော် ...ကိုယ်မှားပါတယ် "
"ကော်ဖီအေးတစ်ခွက် ၊ မုန့်ကျွတ်သကြားကပ်တဘူး၊ ပူရှိန်းချိုချဉ်၊ ချောကလက်ဘီစကစ် ၊ ဂဏန်းသားဆူရှီတပွဲ .."
"သခင်လေးရဲ့ အမိန့်တော်အတိုင်းပါ ၊ ကျွန်တော်မျိုး အခုပဲသွားဝယ်ခဲ့ပါမယ် "
"ဟွန်းး ! "
တရှူးရှူး ဟန်လုပ် နှာမှုတ်ပြီး စိတ်‌ဆိုးပြနေတဲ့ ယုန်ဖြူလေးက အိပ်ရာထက်မှာ လုံးလုံးလေးရယ် ..။
************************************
Paung~pus ♡.
(17.9.2021)
Zawgyi
"ဟုတ် "
"ကိုယ့်ကိုချစ်လားဟင် ..."
"ရိ..."
ပြွတ်စ် ~~~
"ခဏ...အွန့် "
ပြွတ်စ် ~~~
"မားမား! ကယ်ပါ "
ပြွတ်စ် ~~~ပြွတ်စ် ~~~
"......."
"အင့် ! "
******************************
နောက်တနေ့မနက် .....
"အချစ် !!! ဘာဖြစ်လို့လဲ "
"နီရဲနေတာပဲ သနားပါတယ်
နာနေမှာပဲနော် ..."
***********************************
"ဟွန်းး ! "
************************************
Paung~pus ♡.
(17.9.2021)
Fortsett å les
You'll Also Like
29.7K 3.8K 13
Zhanyi || Mystery || Romance
5.6K 849 5
Collaboration Fanfiction with @Blue_Cloud_88 - System Fic - 2 Main Couples ^Yizhan^ & ^Feiyunxi^
147K 19.8K 14
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
9.1K 1.1K 26
ဝမ်ရိပေါ်!!! မင်းငါ့နောက်ကို ဘာလို့ဆက်လိုက်နေသေးတာလဲ!? Xiao Zhan ကျွန်တော်က ကိုကို့ရဲ့ အရိပ်မလို့လေ။ ...