House(15)

5K 643 36
                                    

Unicode

"ချစ်လား ...ကိုယ့်ကိုချစ်လားလို့ "

"မချစ်ဘူး "

"မချစ်ရင်နမ်းတယ်ကွာ ..."

"....."

တ‌စ်နေ့တစ်နေ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဒီမေးခွန်းပဲအားတိုင်းမေးနေတော့တာ။ မချစ်မနှစ်သက်ပဲနဲ့ ဘယ်သူက အိပ်ရာပေါ်တက်အိပ်ဖို့ခွင့်ပြုထားမှာလဲ ။ ဝမ်ရိပေါ်ဟာ လည်မလိုနဲ့ တော်တော်ပိန်းတဲ့သူပဲလို့ ရှောင်းကျန့်ကထင်တယ်။

"မင်းရုံးပြန်သွားရတော့မှာလား "

"အင်း ..၃လပြည့်ပြီလေ ပါးပါးက ၃လပဲနားခွင့်ပေးထားတာ ၊ ညနေစောစောပြန်ခဲ့မယ်
ညစာအတူစားပြီးမှ ကလပ်သွားနော် "

ဒီလိုပုံစံနဲ့ကျတော့ ဝမ်ရိပေါ်က သန့်ပြန့်ပြီး‌ချောနေရောပဲ။ ရှောင်းကျန့်က suit အနက်နဲ့ရိပေါ်ကိုတိတ်တိတ်လေးခိုးကြည့်တယ်။ ရိပေါ်က သူပြင်ဆင်ထားပေးတဲ့မနက်စာ ထမင်းကြော်ကို ခေါင်းငုံ့လို့အားရပါးရစားနေတယ်။ ဝမ်ရိပေါ်အစားစားရင် ဘေးကလူပါသရေကျလာအောင် ဟန်မဆောင်စတမ်း စားတတ်တယ်။ သူစားနေတာကြည့်ရတာ ဒီထမင်းကြော်ရိုးရိုးလေးကတောင်အရမ်းအရသာရှိမလိုပဲ။

အဖျားလုံးသွားတဲ့နှာခေါင်းချွန်ချွန်လေး နဲ့ ထင်းနေတဲ့လည်ဇလုပ်လေးက ရှောင်းကျန့်အရမ်းသဘောကျ‌ရတဲ့အစိတ်အပိုင်းလေးတွေပေါ့။ မျက်တောင်တိုတိုလေးတွေနဲ့ မျက်ပေတုံးလေးကလဲ အင်းး...သူများမျက်နှာမှာပေါက်နေရင် ဘယ်လိုနေမယ်မသိပေမဲ့ ရိပေါ်မျက်နှာမှာကျတော့ ကြည့်ကောင်းနေတာပဲ။

"စားကောင်းလား "

"အွန်း.."

"ရိပေါ်..နေ့လည်စာ ရုံးမှာပဲစားတာလား "

"အင်း ရုံးကန်တင်းမှာစားတာ "

ရှောင်းကျန့်က ခဏတိတ်သွားတယ်။

"ငါ ..နေ့လည်စာ လာပို့ပေးရမလား ..."

ချလွမ် ~~~

ဝမ်ရိပေါ်လက်က ဇွန်းကလွှတ်ကျတယ်။ ဝမ်ရိပေါ်က သူဘာကြားလိုက်လဲဆိုတာကိုဇဝေဇဝါတောင်ဖြစ်သွားတယ်။

"အချစ် ..မင်း ဘာပြောလိုက်တာလဲ ..."

"နေ့လည်စာ လာပို့မယ်လို့ ၊မင်းနားကန်းတာလား ၊မလိုဘူးဆိုလဲ မပို့တော့ဘူး "

YiZhan in the house 🏠 (Completed)Where stories live. Discover now