House(18)

4.9K 595 54
                                    

Unicode

အိမ်ပြန်ရောက်တာနဲ့ အခန်းသန့်ရှင်းရေးလုပ်ရ ၊ အိပ်ရာခင်းတွေလဲရ၊ မြင်းစာဝယ်ရ ၊ကျွေးရ ၊နေရာချရ၊ ကြောင်စာကျွေးရ ၊  မြင်းက ထားစရာနေရာမရှိလို့ ကြံရာမရတဲ့အဆုံး ခြံထဲကြိုးချည်ထားရတယ်။မီးဖိုချောင်သန့်ရှင်းရေးလဲ ပြန်လုပ်ရတယ်။  ကိုယ်တိုင်လဲ ချွေးတွေနဲ့ပေတူးနေလို့ ရေချိုးကြရသေးတယ်။ ဒါတွေလုပ်နေတုန်းရှောင်းကျန့်က မျက်နှာကြီးမာထားပြီး စကားတခွန်းမှမပြောဘူး။ ရိပေါ်ကလဲကုပ်ကုပ်လေးပဲ လိုက်လုပ်ကူပေးရတယ်။  အားလုံးပြီးတော့ ညစာစားချိန်တောင်ရောက်နေပြီ။  onlineကနေပဲ မုန့်မှာစားလိုက်ရတယ်။

စားသောက်ပြီးတော့ ဖြစ်ကြောင်းကုန်စင်ကို ရှောင်းသုခမိန်ကြီးက စစ်ဆေးမေးမြန်းပါတော့တယ်။ အပြစ်သားလေးဝမ်ရိပေါ်ခမျာ မချောင်ရှာဘူး။

"ငါမင်းကို ဝက်ခေါင်းဓားဖြတ်စက်နဲ့ စီရင်လိုက်ရမလား ဟမ် !!! "

ရိပေါ်ဗိုက်ကို ဗိုက်ကြောပြတ်မတတ် လိမ်ဆွဲ ၊  လက်မောင်းကိုသွားရာအကွင်းလိုက်ကိုက်၊ နှာခေါင်းထိပ်လေးပါနီရဲတဲ့အထိ ယုန်သွားဖြင့် ကိုက်ဆွဲပြီးနောက် ရှောင်းကျန့်က စိတ်ဖြေသာသွားပြီ။ နှလုံးသားလေးထဲမှာတော့ ယွမ်ဆယ်သိန်းက သူ့ကိုတာ့တာပြနေတယ်။

" အဲ့ဒီတော့... မင်းက ငါနဲ့အတူနေချင်လို့
မင်းသူငယ်ချင်းမြောက်ပေးတဲ့အတိုင်းလိုက်လုပ်တယ်ဆိုပါတော့ "

"ဟုတ် "

ကုတင်အစွန်းနားထိုင်ပြီး ခေါင်းလေးငုံ့လို့ ဝမ်ရိပေါ်က အရမ်းကိုသနားစရာလေးလုပ်ပြနေတယ်။

"မင်း ငါ့ကိုပွင့်ပွင့်လင်းလင်းပြောလို့ရတာပဲလေ ဘာလို့မပြောလဲ "

"မင်းက ငါချစ်လားမေးတာ ပြန်မှမဖြေတာ "

"ငပိန်းကောင် !!! မချစ်ပဲ မင်းဖက်အိပ်တာ၊နမ်းတာ ငါခံနေစရာလား ။ တုံးတယ်လို့ပြောရင်လဲ မကြိုက်ဘူး "

ဝမ်ရိပေါ်က ပါပီမျက်ဝန်းလေးနဲ့ ရှောင်းကျန့်ကိုမော့ကြည့်တယ်။

"အဲ့ဒါဆို ...မင်းငါ့ကို ချစ်တယ်ပေါ့နော် "

"ချစ်တာပေါ့ ချစ်လို့လဲ မင်းပေါက်ကရလုပ်သမျှသည်းခံနေတာပေါ့ ...ဟူးးး ..."

YiZhan in the house 🏠 (Completed)Where stories live. Discover now