သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက...

By elisa_khin

56.1K 3.1K 79

If you fall in love with a person with different personalities or he shows you dark side or something... More

1.
2.
3.
4.
5.
6.
7.
8.
9.
10.
12.
13.
14.
15.
One shot
16.
17.
18.
19.
20.
21.
22.
23.
24.
25.
26.
27.
28.
29.(Ending)
Charactersရှင်းလင်းခြင်း
New fic ✨
စျေးဗန်း 🙆

11.

1.2K 94 0
By elisa_khin


ဒီနေ့က ပထမဆုံး အလုပ်စဆင်းရမယ့်နေ့မို့လို့ သက္ကရာ အနည်းငယ်တော့ ရွှင်မြူးနေသည် ။
မှန်ရှေ့၌ ခဏရပ်ကာ မိမိရဲ့ ပုံစံအသွင်အပြင်ကိုကြည့်ရင်း စိတ်တိုင်းကျပြီဆိုမှ အိမ်တံခါးနှင့် ခြံတံခါးလေးအား ပိတ်ကာ အလုပ်သို့ထွက်လာခဲ့သည် ။

ကိုကိုကတော့ မနက်အစောကြီးထဲက အလုပ်သွားပြီဖြစ်သည် ။

သက္ကရာတို့အိမ်နဲ့ဆေးခန်းက ရပ်ကွက်၂ခုပဲကွာတာမို့ ဆေးခန်းသို့ အေးအေးဆေးဆေးပင် လမ်းလျှောက်လာလိုက်သည် ။

"ကျော်စွာရာ တစ်ရပ်ကွက်ထဲသားချင်းတွေကို အနိုင်မကျင့်စမ်းပါနဲ့ ''

"အနိုင်ကျင့်တာမဟုတ်ဘူးလေ အေးအေးဆေးဆေး ပိုက်ဆံတောင်းနေတာ ''

"ဒါ ငါ့ပိုက်ဆံမဟုတ်ဘူးကွ ငါ့အဖေ အကြွေးသွားတောင်းခိုင်းထားတဲ့ ပိုက်ဆံတွေ ပေးလို့မရဘူး ''

"ဦးထင်အောင်ကို ငါယူသွားတယ်လို့ပြောလိုက်ကွာ ဟုတ်ပြီလား အခုတော့ ပါလာတာထဲက နည်းနည်းပေးလိုက် ''

"မပေးဘူးကွာ ဟာ ဟေ့ကောင် ကျော်စွာ မင်း အဲ့လိုမလုပ်နဲ့ ''

သက္ကရာ လမ်းလျှောက်လာတုန်း ရပ်ကွက် ဓမ္မာရုံနားက လမ်းကြားလေး၌ ကောင်လေး ၃ယောက် ရုန်းရင်းဆန်ခက် ဖြစ်နေကြသည်ကို တွေ့သောကြောင့် ဆက်ပဲသွားရမလို ရပ်ပဲကြည့်ရမလိုနှင့် ဗျာများသွားရသည် ။
ဒီနေ့မှ ဒီလမ်းက လူရှင်းနေသောကြောင့် ထိုလူငယ်လေး၃ယောက်နှင့်အတူ သက္ကရာသာ လမ်းထဲ၌ ရှိလေသည် ။

"ထင်လင်း!!! ငါက ကောင်းကောင်းဆက်ဆံနေလို့ မင်းက ရောင့်တက်နေတာပေါ့ဟုတ်လား မင်းလို့ မလောက်လေးမလောက်စား အဖေကိုသေအောင်ကြောက်ရတဲ့စောက်ကြောက်ကများ ''

"အာ့ !!! "

သက္ကရာကြည့်နေတုန်း ခပ်ထွားထွား ကောင်လေးက သက္ကရာထက် အနည်းငယ်ညှက်သော ကောင်လေး၏ မျက်နှာအား လက်သီးဖြင့် ထိုးချလိုက်လေသည် ။

အထိုးခံရသော ကောင်ငယ်လေးကပြန်မထနိုင်တော့ ခပ်ထွားထွားကောင်လေး ၂ယောက်က ထွက်သွားမည်အလုပ် အထိုးခံရသောကောင်လေးက ခြေထောက်ကိုဆွဲထားသောကြောင့် သွားမရပဲဖြစ်ကာ စိတ်တိုလာပုံပေါက်၍ ထိုကောင်ငယ်လေးအား ခြေထောက်ဖြင့် ကန်နေကြပြန်သည် ။

အောက်မှာ အလူးအလဲခံနေရတဲ့ကောင်လေးကိုကြည့်ပြီး သက္ကရာမျက်လုံးထဲ၌ တချိန်ကမြင်ခဲ့ဖူးသော အဖေနဲ့သားရဲ့ ရန်ပွဲအားပြန်မြင်ယောင်လာကာ တစ်ကိုယ်လုံး တုန်ယင်လာပြန်သည် ။

အထိုးခံရသောကောင်ငယ်လေးက သက္ကရာကိုမြင်သွားပြီး အကူအညီတောင်းဟန်မျက်လုံးများဖြင့် ကြည့်လာသော်လည်း သက္ကရာ ထိုကောင်လေး၏ အကြည့်များကိုရှောင်လွှဲကာ ဒီနေရာက အမြန်ထွက်သွားရန်သာ စိတ်လောနေမိသည် ။
ထိုအချိန်၌

"ဟိုကောင် မင်းကရောဘာလဲ ဝင်ပြီးheroလာလုပ်ချင်နေတာလား ''

သက္ကရာကို ထိုအနိုင်ကျင့်တဲ့ကောင်လေးတွေက မြင်သွားဟန် သက္ကရာဆီကို ဦးတည် လျှောက်လာနေကြသည် ။

*ဟင့်အင်း...မလာပါနဲ့.....ငါဘာမှမလုပ်ပါဘူး...*

"ငါမေးတာ မဖြေဘူးလား ဟမ် ဟေ့ကောင် မင်းကဘယ်သူလဲ ''

သက္ကရာရဲ့ အင်္ကျီကော်လံစအားဆွဲကာ ပြောလာသော ကောင်လေးအားကြည့်ပြီး သက္ကရာရဲ့ လက်ဖျားလေးတွေတစက်စက်တုန်လာပြန်သည် ။

*ငါဘာမှမလုပ်ပါဘူး....ငါ့ကိုလွှတ်ပေးပါ.....ငါတောင်းပန်ပါတယ် *

"မင်းက ငါမေးတာ မဖြေဘဲ ဇောင်းကြွနေတယ်ပေါ့ ဟုတ်လား ခွေးမသား!! "

ခွပ် ခွပ် ခွပ်

"အာ့! !!!! "
.
.
.
.
.
.
.
.
"ဟို ရပ် ရပ်ပါတော့ မဟုတ်ရင် အဲ့ကောင် သေသွားလိုက်မယ် ငါတောင်းပန်ပါတယ် ရပ်ပါတော့ ''

ထင်လင်းတစ်ယောက် ကျော်စွာကိုထိုးနေသော အမည်မသိ လူငယ်လေးအား ကြောင်ကြည့်နေမိသည် ။
အစကတော့ သူအကူအညီတောင်းတာကို မမြင်ချင်ယောင်ဆောင်ပြီး ထွက်သွားမလိုလုပ်လို့ ထင်လင်းမှာ ကူရာကယ်ရာမဲ့သလို ခံစားခဲ့ရသေးသည် ။

ကျော်စွာက သူ့ကို တစ်ချက်ထိုးတုန်းက လဲကျသွားပြီး ပြန်မနိုးလာလို့ ထင်လင်းကပင် စိတ်ပူခဲ့ရသေးတာ ။
အခုတော့ ကျော်စွာမျက်နှာတစ်ခုလုံး ရစရာမရှိအောင် ထိုကောင်လေးက ပြန်ထိုးနေလို့ ထင်လင်းမှာ မနည်းတားရတော့သည် ။

ထင်လင်း တားသာတားရတယ် အနှီကောင်လေးက မျက်ထောင့်နီနဲ့ ထင်လင်းကိုလှည့်ကြည့်လို့ လန့်ကလဲလန့်ရသေးသည် ။

ထင်လင်းပြောလို့ ထိုးတာရပ်လိုက်ပြီး ထင်လင်းကို တစ်ချက်ပင်ကြည့်ကာ ထွက်သွားမယ်လုပ်နေတဲ့ အနှီကောင်လေးအား

"ဟို ခဏ ခဏ ဆိုင်ကို ခဏ လိုက်ခဲ့ပါလား ''

ထင်လင်းပြောတော့ ဘာမှပြန်မပြောဘဲ ထင်လင်းကိုပဲ စိုက်ကြည့်နေသောကောင်လေးကြောင့် ထင်လင်းမှာ ကျောပင်ချမ်းရသေးသည် ။

"ငါက ဒီနားက စျေးထဲက လက်ဘက်ရည်ဆိုင်ကပါ မင်း ကူညီပေးတာ ကျေးဇူးတင်လို့ တခုခု လိုက်စားပါလား ''

ထင်လင်းက မရဲတရဲလေးမေးတော့ အနှီကောင်လေးက တခုခုကို စဥ်းစားနေဟန် , ခဏလောက်စဥ်းစားပြီးမှ ခေါင်းညိတ်ပြသော အနှီကောင်လေးကြောင့် ထင်လင်းလဲ ပြုံးပြကာ ထိုကောင်လေးနဲ့အတူ ဆိုင်သို့ ပြန်လာခဲ့သည် ။

အထိုးခံရတဲ့ကျော်စွာနဲ့ နောက်တစ်ကောင်တော့ဘယ်လိုကျန်ခဲ့လဲမသိတော့ ။

*ဒီကောင်တွေက လူမိုက်နာမည်ခံပြီး သူများပိုက်ဆံ အချောင်လိုချင်တဲ့ကောင်တွေ ဒီလိုခံရမှ မှတ်မှာ...*

"အာ့ ကျွတ် ကျွတ် ''

ထင်လင်းတစ်ယောက် ကျေကျေနပ်နပ်တွေးရင်း ပြုံးလိုက်မိတာကြောင့် အထိုးခံရတဲ့ ပါးတစ်ဖက်မှာ နာလာ၍ ငြီးငြူလိုက်ရသည်အထိ ။
ဘေးနားကလမ်းအတူလျှောက်လာတဲ့ အနှီကောင်လေးကတော့ တစ်လောကလုံးက သူ့လုပ်စာ ထိုင်စားနေတဲ့ရုပ်မျိုးနှင့် ခပ်တည်တည်ပင် လိုက်လာသည် ။

***************************************************

"ဟယ် အမလေး ငါ့သားလေး ဘယ်လိုဖြစ်လာရတာလဲ ''

ထင်လင်းဆိုင်ရောက်ရောက်ချင်း အမေက ကောင်တာထိုင်နေရင်းမှ ထွက်လာကာ ထင်လင်းအားကြည့်ပြီး စိုးရိမ်တကြီးမေးတော့သည် ။
အဖေ့ကိုတော့ မတွေ့ရပေ ။

"ဘယ်လိုဖြစ်ရမှာလဲ ဟိုကောင် ကျော်စွာတို့ပေါ့ အဖေ အကြွေးတောင်းခိုင်းတဲ့ပိုက်ဆံကို ဖြတ်တောင်းတာ သားကမပေးလို့ သားကို ဒီလိုလုပ်လွှတ်လိုက်တာပဲ ''

"ဟမ် ဒီကောင်တွေ မိမဆုံးမ ဖမဆုံးမ ကလေကဝတွေ အခုပဲ အုပ်ချုပ်ရေးမှူးနဲ့သွားတိုင်မယ် ငါ့သားကိုများ အနိုင်ကျင့်ရတယ်လို့ ''

ဒေါကြီးမောကြီးဖြင့် ထင်လင်းလက်ကိုဆွဲကာ သွားတိုင်မယ်တကကဲလုပ်နေသော အမေအား ထင်လင်းမှာ မနည်းဆွဲထားရသည် ။

"နေပါဦး အမေရယ် အခုဆို ကျော်စွာလဲ တော်တော်နှာနှပ်ယူနေရလောက်ပြီး သားကို ဒီသူငယ်ချင်းက ကူညီပေးတာ ကျော်စွာကိုထိုးလိုက်တာများ အမေရေ အားရစရာပဲ ဟိုကောင်အခုလောက်ဆို ထောင်,ထောင်,ထောင်,ထောင် လုပ်ရဲမှာမဟုတ်တော့ဘူး ''

ထင်လင်းက မိမိအနောက်မှာ အခုထိစကားတခွန်းမှဝင်မပြောဘဲနေတဲ့ကောင်လေးအား အမေနှင့် မိတ်ဆက်ပေးရတော့သည် ။

"ဟယ် ဟုတ်လား သားရယ် ကျေးဇူးပါကွယ် သားနာမည် ဘယ်လိုခေါ်လဲ ဘယ်မှာနေတာလဲ ''

အမေ မေးတာကို ပြန်မပြောဘဲ အမေ့ကိုသာစိုက်ကြည့်နေတဲ့ကောင်လေးကြောင့် အမေရော ထင်လင်းပါ ကြောင်အမ်းအမ်းဖြစ်နေရသည် ။

"အမေ ဟိုမှာ ပိုက်ဆံရှင်းမလို့တဲ့ ကောင်တာမှာ လူလဲမရှိဘူး သွား သွား သား သူ့ကိုဧည့်ခံထားလိုက်မယ် ''

"အေးအေး သား လူလေး နောက်မှတွေ့မယ်နော် ''

အမေ့ကို ပထုတ်ပြီးမှ ထင်လင်း အသက်ရှုချောင်တော့သည် ။
အနှီကောင်လေးက ထူးဆန်းလိုက်တာ...

"ဟို ထိုင်လေ ဘာစားမလဲ လက်ဘက်ရည်ဆိုင်ဆိုတော့ အစုံရှိတယ် ကြိုက်တာမှာစားနော် ငါမင်းကိုကျေးဇူးတင်လို့ကျွေးတာ ''

ထင်လင်းပြောတော့လဲ အနှီကောင်လေးက ဘာမှမပြောပေ ။
ပြီးတော့မှ တစ်ခုခုကို လက်ညှိုးထိုးပြပြီး လက်နှစ်ချောင်းထောင်ပြသောကြောင့် ထင်လင်း ကျိတ်ရီလိုက်မိသည် ။

ဆိုင်က လက်ဘက်ရည်ပါဆယ်ဝယ်သွားတဲ့ ကာစတန်မာ(customer)ဆီက လက်ဘက်ရည်ထုပ်ကို လက်ညှိုးထိုးပြီး လက်နှစ်ချောင်းထောင်ပြတယ်လေ ဒါက သူနှစ်ခွက်လိုချင်တယ်ဆိုတဲ့ သဘောပေါ့...

အနှီကောင်လေး၏ အပြုအမူကြောင့် ထင်လင်းပြုံးမိရတော့သည် ။

"ဒီကို ချိုစိမ့် ရှယ်တူး သောက်မယ် ဟေ့!!!. ....ထိုင်လေ တခြားဘာစားဦးမလဲ မုန့်လား ဒါမှမဟုတ် အီကြာကွေး နံပြား အစုံရှိတယ် မင်းကြိုက်တာမှာ  ''

အဖျော်ဆရာကို ထင်လင်း လှမ်းအော်၍ ကောင်လေးအားထိုင်ခိုင်းသော်လည်း ကောင်လေးက မထိုင်ဘဲ ဒီအတိုင်းပင် ရပ်နေကာ ထင်လင်းအား မျက်မှောင်ကျုံ့ကာ ခေါင်းခါပြ၍ လက်နှစ်ချောင်းထောင်ပြနေလေသည် ။

စကားမပြောဘဲ အမူအရာနဲ့ပဲပြောနေတဲ့ကောင်လေးကြောင့် ထင်လင်းတခုခုကို သဘောပေါက်မိလိုက်သည် ။

"ဘာလို့လဲ မင်းပဲ လက်ဘက်ရည်နှစ်ခွက်ဆို ငါပြောတာ မှားလို့လား ''

ကောင်လေးက ထင်လင်းဘာပြောပြော မျက်မှောင်ကျုံ့ကာ ခေါင်းကိုခါ၍ လက်နှစ်ချောင်းပဲထောင်ပြနေသောကြောင့် ထင်လင်းမှာ အသန်းအသန်စဥ်းစားရတော့သည် ။
ပြီးတော့မှ ကောင်လေးပြောချင်တဲ့အဓိပ္ပါယ်ကို သိသွားတဲ့ ထင်လင်းတစ်ယောက် အသံထွက်သည်အထိ ရယ်မိတော့သည် ။

"သြော် ပါဆယ်နှစ်ခွက်ကိုပြောတာလား ဟားဟားဟား မင်းကွာ ငါရယ်ရလို့သေတော့မယ် အားးး ကျွတ် ကျွတ် ''

ထိုအခါမှ ထင်လင်းအား ရှုတည်တည်မျက်နှာဖြင့် စိုကြည့်နေသော ကောင်လေးကြောင့် ထင်လင်း မျက်နှာပိုးသတ်လိုက်ရသည် ။
သူများကိုရယ်မိလို့ အထိုးခံရတဲ့နေရာတွေက နာနေလေပြီလေ ။

"ချို့စိမ့် ရှယ်က မသောက်တော့ဘူးနော် ပါဆယ်တူးပဲ ပေးတော့ ကိုဖြိုး ''

အဖျော်ဆရာကိုဖြိုးအား လှမ်းအော်ပြီးနောက် ထင်လင်းလဲ စားပွဲထိုးကောင်လေး လာချပေးသော ရေခဲတုံးအား အထိုးခံရသောနေရာများ၌ ကပ်ကာ အရှေ့မှ ကောင်လေးအား မသိမသာ အကဲခက်နေလိုက်သည် ။

"အကို ပါဆယ်မှာထားတာ ရပြီ ''

စားပွဲထိုးကောင်လေးက မှာထားတာလာပေးသောကြောင့် ထင်လင်းလဲ အရှေ့ကကောင်လေးအား လက်ဘက်ရည်ပါဆယ်ထုပ်အား လှမ်းပေး၍

"ကဲ ရော့ ရပါပြီ ဒါနဲ့ မင်းနာမည်ဘယ်သူလဲ စာရေးပြလို့ရလား ငါ့နာမည်က ထင်လင်းပါ....ဟာ ဟေ့ ဟေ့ နေဦးလေ ''

ထင်လင်း မိတ်ဆက်လို့ပင်မပြီးသေး လက်ဘက်ရည်ထုပ်ဆွဲကာ ဆိုင်ထဲမှ ထွက်သွားသော ကောင်လေးအား ထင်လင်းလှမ်းခေါ်နေသော်လည်း အနှီကောင်လေးကတော့ လှည့်မကြည့်ပေ ။
ထင်လင်းကတော့ တစ်ယောက်ထဲ ရေခဲကပ်လိုက် ခေါင်းကုတ်လိုက်ဖြင့်သာ ကျန်ခဲ့တော့သည် ။

***************************************************

တည်တံ့မောင် ပထမဆုံး ဆေးခန်းဖွင့်ရက်မို့ စိတ်လှုပ်ရှားနေမိသည် ။
ဆေးခန်းဆိုတာမျိုးက လူမလာလေ ကောင်းလေဆိုပေမယ့် တစ်ဖက်ကလဲ ဆေးခန်းအသစ်စဖွင့်တာမို့ လူလာစေချင်သည် ။

*ဆရာဝန်အလုပ်ဆိုတာ ဒီလိုပဲ နေမကောင်းတဲ့လူများမှ ထမင်းစားရတဲ့အလုပ်လေ....အကုသိုလ်နည်းနည်းများတဲ့အလုပ်လို့ပဲခေါ်ရမလား...*

တည်တံ့မောင် ကိုယ်အတွေးကိုယ်သဘောကျနေမိပြီး လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၉နာရီပင်ကျော်နေပြီဖြစ်သည် ။

*သက္ကရာလဲ မလာသေးဘူးပဲ...*

တည်တံ့မောင် တွေးလို့ပင်မဆုံးသေး တံခါးလေးပွင့်လာပြီး ဝင်လာတဲ့ သက္ကရာက လက်ထဲမှာလဲ လက်ဘက်ရည်ပါဆယ်၂ထုပ်နှင့်

"သက္ကရာ လာပြီလား အကိုက၉နာရီချိန်းထားတာကို နောက်ကျတယ်နော် အချိန်မလေးစားတာလား ''

တည်တံ့မောင်က စ,သလိုလေးပြောတော့ သက္ကရာက မျက်ခုံးတန်းနှစ်ခုကိုတွန့်ချိုးပစ်၍ တည်တံ့မောင်ကို လက်ဘက်ရည်ပါဆယ်ထုပ်ကို ကမ်းပေးလာသည် ။

သက္ကရာ၏ အပြုအမူကြောင့် တည်တံ့မောင် သဘောတကျရယ်လိုက်မိသည် ။
ဒါက သူ့ကို နောက်ကျလို့ လာဘ်ထိုးတဲ့သဘောပေါ့လေ

"ဘာလဲ ဒါက အလုပ်နောက်ကျလို့ လာဘ်ထိုးတဲ့သဘောလား အဟက် ''

တည်တံ့မောင်က သဘောတကျရယ်နေသော်လည်း သက္ကရာကတော့ မျက်မှောင့်ကျုံ့ထားဆဲမို့လို့ တည်တံ့မောင် မျက်နှာပိုးသတ်လိုက်ရသည် ။

သက္ကရာနဲ့ တွေ့တာ ဘယ်နှခေါက်မှမရှိသေးပေမယ့် သက္ကရာရဲ့ အမူအရာတွေကို တည်တံ့မောင်ကသိနေပြီဖြစ်သည် ။
ဥပမာ သူစိတ်အလိုမကျရင် သက္ကရာက မျက်ခုံးကို ချက်ချင်း တွန့်ချိုးပစ်လိုက်တာမျိုးပေါ့...

သက္ကရာလက်ထဲက လက်ဘက်ရည်၂ခွက်အားယူလိုက်ကာ သောက်ရေခွက်ဖြင့်ပင် ၂ထုပ်လုံးအားပေါင်း၍ထည့်လိုက်ရသည် ။
ဆေးခန်းမှာ ဘယ်ကခွက်အပိုရှိလို့ ထည့်ရမှာလဲလေ...

"ကဲ ထိုင်ဦး အဲ့တော့ သက္ကရာက ဘယ်အချိန်ကနေ ဘယ်အချိန်ထိလုပ်နိုင်မလဲပေါ့ အကို့ဆေးခန်းက မနက် ၁၀ နာရီကနေ ၁၂နာရီထိက တစ်ချိန် ၊ ညနေ ၅နာရီကနေ ည ၇နာရီထိက တစ်ချိန် ၊ ၂ချိန်ဖွင့်မှာဆိုတော့ သက္ကရာက အကိုနဲ့တောက်လျှောက် အကူလုပ်ပေးနိုင်မလား ''

လက်ဘက်ရည်ခွက်ကို သက္ကရာရှေ့ကိုချပေး၍ တည်တံ့မောင်ကဆိုတော့ သက္ကရာ ခဏစဥ်းစားနေဟန်ရှိသည် ။
ခဏအကြာမှ လက်နှစ်ချောင်းထောင်ပြလေသည် ။

"အမ် ၂နာရီထဲလုပ်မှာလား ဒါဆို မနက်ပိုင်းပေါ့ ညနေပိုင်းကဘာလို့လဲ အဆင်မပြေဘူးလား ''

တည်တံ့မောင်ပြောတော့ သက္ကရာက ဘာမှမပြောဘဲ နေသောကြောင့် တည်တံ့မောင်လဲ ဆက်မပြောတော့ပေ ။

*မတက်နိုင်တော့ အကူနောက်တစ်ယောက် ထပ်ရှာရမှာပဲ *

တကယ်ဆိုရင် တည်တံ့မောင်ကလဲ သက္ကရာကို အလုပ်ခန့်ချင်၍တော့မဟုတ်ပေ....ဒီအတိုင်းပဲ ငယ်ငယ်တုန်းက ကလေးလေးကို ​အခုမှပြန်တွေ့ရလို့လား...စကားမပြောတတ်တာကို ကုပေးချင်လို့လား
...ဘာအကြောင်းပြချက်မှမရှိဘဲ တည်တံ့မောင်က သက္ကရာကို အနားမှာ ခေါ်ထားချင်နေမိသည် ။

"ဒါဆို အကိုပြောထားတာလေ သက္ကရာကို စကားပြန်ပြောနိုင်အောင် ကူညီပေးမယ်ဆိုတာ.....အကိုတို့ အခုပဲ စပြီး ဆွေးနွေးကြည့်ကြမလား ''

တည်တံ့မောင်ပြောတော့ သက္ကရာက ခေါင်းညိတ်ပြလေသည် ။

ထို့နောက် တည်တံ့မောင်က သက္ကရာအရှေ့သို့ စာရွက်လေးတစ်ရွက်အားချပေး၍

"သက္ကရာစိတ်ထဲမှာ အကြောက်ဆုံးနေရာတစ်ခု ဒါမှမဟုတ် အကြောက်ဆုံးလူဖြစ်ဖြစ် ပစ္စည်းဖြစ်ဖြစ် အကို့ကို ပုံဆွဲပြလို့ရလား ''

တည်တံ့မောင်ပြောတော့ သက္ကရာက စာရွက်ပေါ်၌ တစ်ခုခုကိုရေးနေဟန်မို့လို့ တည်တံ့မောင်လဲ စောင့်နေလိုက်သည် ။

ထို့နောက် သက္ကရာက တည်တံ့မောင်ကို စာရွက်ပြန်ပေးလာသောကြောင့် ကြည့်လိုက်တော့ ရေးထားသည်က

\\ မရှိဘူး \\

စာကိုဖတ်ပြီး သက္ကရာကိုကြည့်လိုက်တော့ တကယ်ပင် ကြောက်ရွံနေဟန်မရှိသောကြောင့် တည်တံ့မောင် အနည်းငယ်တော့ စဥ်းစားရကြပ်သွားသည် ။

သူက စိတ်ရောဂါဆရာဝန်မဟုတ်ပေမယ့် တက်သလောက် မှတ်သလောက်နှင့်တော့ သက္ကရာကို ကူညီပေးချင်မိသည် ။

"သက္ကရာ... ဘာကိုမှကြောက်နေစရာမလိုဘူးနော် အကိုရှိတာမို့လို့ အကို့ကိုယုံလို့ရတယ်သိလား လာ ပုံထပ်ဆွဲကြည့်ရအောင် သက္ကရာကြောက်တဲ့အရာကို အကို့ကိုပြောပြမယ်မလား ''

တည်တံ့မောင် ဘယ်လောက်ပြောပြော သက္ကရာက ခေါင်းကိုသာ ခါရမ်းနေသည် ။

ထို့နောက် သက္ကရာက စိတ်တိုလာဟန် လက်ဘက်ရည်ထည့်ထားသောဖန်ခွက်အား ကိုင်ကာ နံရံသို့ ပစ်ပေါက်လိုက်၍ တည်တံ့မောင်လဲ အနည်းငယ်တော့ လန့်သွားရသည် ။

"အာ ok ok ဆက်မမေးတော့ဘူးနော် ဟုတ်သားပဲ အကို့ရဲ့ သက္ကရာလေးက အခုဆို ကြံ့ခိုင်တဲ့ကောင်လေးဖြစ်နေပြီပဲ ဘယ်ကြောက်တော့မလဲ ဟုတ်တယ်မလား... နော် ''

တည်တံ့မောင်က လေသံအေးအေးလေးနဲ့ပြန်ပြောမှ သက္ကရာက ငြိမ်ကျသွားလေသည် ။
ထိုအခုမှ တည်တံ့မောင် သက်ပြင်းကိုခိုးချရသည် ။

*ဟူးး မလွယ်ဘူး အခြေအနေဆိုးတယ်ရင် ပါရဂူတွေနဲ့ ပြပေးရမယ် *

တည်တံ့မောင် တွေးရင် သက္ကရာကို တစ်ချက်ခိုးကြည့်ကာ တံတွေးတစ်ချက်ကို မသိမသာ မြိုချလိုက်မိသည် ။

***************************************************

#Zawgyi

ဒီေန႕က ပထမဆုံး အလုပ္စဆင္းရမယ့္ေန႕မို႔လို႔ သကၠရာ အနည္းငယ္ေတာ့ ႐ႊင္ျမဴးေနသည္ ။
မွန္ေရွ႕၌ ခဏရပ္ကာ မိမိရဲ႕ ပုံစံအသြင္အျပင္ကိုၾကည့္ရင္း စိတ္တိုင္းက်ၿပီဆိုမွ အိမ္တံခါးႏွင့္ ၿခံတံခါးေလးအား ပိတ္ကာ အလုပ္သို႔ထြက္လာခဲ့သည္ ။

ကိုကိုကေတာ့ မနက္အေစာႀကီးထဲက အလုပ္သြားၿပီျဖစ္သည္ ။

သကၠရာတို႔အိမ္နဲ႕ေဆးခန္းက ရပ္ကြက္၂ခုပဲကြာတာမို႔ ေဆးခန္းသို႔ ေအးေအးေဆးေဆးပင္ လမ္းေလွ်ာက္လာလိုက္သည္ ။

"ေက်ာ္စြာရာ တစ္ရပ္ကြက္ထဲသားခ်င္းေတြကို အနိုင္မက်င့္စမ္းပါနဲ႕ ''

"အနိုင္က်င့္တာမဟုတ္ဘူးေလ ေအးေအးေဆးေဆး ပိုက္ဆံေတာင္းေနတာ ''

"ဒါ ငါ့ပိုက္ဆံမဟုတ္ဘူးကြ ငါ့အေဖ အေႂကြးသြားေတာင္းခိုင္းထားတဲ့ ပိုက္ဆံေတြ ေပးလို႔မရဘူး ''

"ဦးထင္ေအာင္ကို ငါယူသြားတယ္လို႔ေျပာလိုက္ကြာ ဟုတ္ၿပီလား အခုေတာ့ ပါလာတာထဲက နည္းနည္းေပးလိုက္ ''

"မေပးဘူးကြာ ဟာ ေဟ့ေကာင္ ေက်ာ္စြာ မင္း အဲ့လိုမလုပ္နဲ႕ ''

သကၠရာ လမ္းေလွ်ာက္လာတုန္း ရပ္ကြက္ ဓမၼာ႐ုံနားက လမ္းၾကားေလး၌ ေကာင္ေလး ၃ေယာက္ ႐ုန္းရင္းဆန္ခက္ ျဖစ္ေနၾကသည္ကို ေတြ႕ေသာေၾကာင့္ ဆက္ပဲသြားရမလို ရပ္ပဲၾကည့္ရမလိုႏွင့္ ဗ်ာမ်ားသြားရသည္ ။
ဒီေန႕မွ ဒီလမ္းက လူရွင္းေနေသာေၾကာင့္ ထိုလူငယ္ေလး၃ေယာက္ႏွင့္အတူ သကၠရာသာ လမ္းထဲ၌ ရွိေလသည္ ။

"ထင္လင္း!!! ငါက ေကာင္းေကာင္းဆက္ဆံေနလို႔ မင္းက ေရာင့္တက္ေနတာေပါ့ဟုတ္လား မင္းလို႔ မေလာက္ေလးမေလာက္စား အေဖကိုေသေအာင္ေၾကာက္ရတဲ့ေစာက္ေၾကာက္ကမ်ား ''

"အာ့ !!! "

သကၠရာၾကည့္ေနတုန္း ခပ္ထြားထြား ေကာင္ေလးက သကၠရာထက္ အနည္းငယ္ညွက္ေသာ ေကာင္ေလး၏ မ်က္ႏွာအား လက္သီးျဖင့္ ထိုးခ်လိဳက္ေလသည္ ။

အထိုးခံရေသာ ေကာင္ငယ္ေလးကျပန္မထနိုင္ေတာ့ ခပ္ထြားထြားေကာင္ေလး ၂ေယာက္က ထြက္သြားမည္အလုပ္ အထိုးခံရေသာေကာင္ေလးက ေျခေထာက္ကိုဆြဲထားေသာေၾကာင့္ သြားမရပဲျဖစ္ကာ စိတ္တိုလာပုံေပါက္၍ ထိုေကာင္ငယ္ေလးအား ေျခေထာက္ျဖင့္ ကန္ေနၾကျပန္သည္ ။

ေအာက္မွာ အလူးအလဲခံေနရတဲ့ေကာင္ေလးကိုၾကည့္ၿပီး သကၠရာမ်က္လုံးထဲ၌ တခ်ိန္ကျမင္ခဲ့ဖူးေသာ အေဖနဲ႕သားရဲ႕ ရန္ပြဲအားျပန္ျမင္ေယာင္လာကာ တစ္ကိုယ္လုံး တုန္ယင္လာျပန္သည္ ။

အထိုးခံရေသာေကာင္ငယ္ေလးက သကၠရာကိုျမင္သြားၿပီး အကူအညီေတာင္းဟန္မ်က္လုံးမ်ားျဖင့္ ၾကည့္လာေသာ္လည္း သကၠရာ ထိုေကာင္ေလး၏ အၾကည့္မ်ားကိုေရွာင္လႊဲကာ ဒီေနရာက အျမန္ထြက္သြားရန္သာ စိတ္ေလာေနမိသည္ ။
ထိုအခ်ိန္၌

"ဟိုေကာင္ မင္းကေရာဘာလဲ ဝင္ၿပီးheroလာလုပ္ခ်င္ေနတာလား ''

သကၠရာကို ထိုအနိုင္က်င့္တဲ့ေကာင္ေလးေတြက ျမင္သြားဟန္ သကၠရာဆီကို ဦးတည္ ေလွ်ာက္လာေနၾကသည္ ။

*ဟင့္အင္း...မလာပါနဲ႕.....ငါဘာမွမလုပ္ပါဘူး...*

"ငါေမးတာ မေျဖဘူးလား ဟမ္ ေဟ့ေကာင္ မင္းကဘယ္သူလဲ ''

သကၠရာရဲ႕ အကၤ်ီေကာ္လံစအားဆြဲကာ ေျပာလာေသာ ေကာင္ေလးအားၾကည့္ၿပီး သကၠရာရဲ႕ လက္ဖ်ားေလးေတြတစက္စက္တုန္လာျပန္သည္ ။

*ငါဘာမွမလုပ္ပါဘူး....ငါ့ကိုလႊတ္ေပးပါ.....ငါေတာင္းပန္ပါတယ္ *

"မင္းက ငါေမးတာ မေျဖဘဲ ေဇာင္းႂကြေနတယ္ေပါ့ ဟုတ္လား ေခြးမသား!! "

ခြပ္ ခြပ္ ခြပ္

"အာ့! !!!! "
.
.
.
.
.
.
.
.
"ဟို ရပ္ ရပ္ပါေတာ့ မဟုတ္ရင္ အဲ့ေကာင္ ေသသြားလိုက္မယ္ ငါေတာင္းပန္ပါတယ္ ရပ္ပါေတာ့ ''

ထင္လင္းတစ္ေယာက္ ေက်ာ္စြာကိုထိုးေနေသာ အမည္မသိ လူငယ္ေလးအား ေၾကာင္ၾကည့္ေနမိသည္ ။
အစကေတာ့ သူအကူအညီေတာင္းတာကို မျမင္ခ်င္ေယာင္ေဆာင္ၿပီး ထြက္သြားမလိုလုပ္လို႔ ထင္လင္းမွာ ကူရာကယ္ရာမဲ့သလို ခံစားခဲ့ရေသးသည္ ။

ေက်ာ္စြာက သူ႕ကို တစ္ခ်က္ထိုးတုန္းက လဲက်သြားၿပီး ျပန္မနိုးလာလို႔ ထင္လင္းကပင္ စိတ္ပူခဲ့ရေသးတာ ။
အခုေတာ့ ေက်ာ္စြာမ်က္ႏွာတစ္ခုလုံး ရစရာမရွိေအာင္ ထိုေကာင္ေလးက ျပန္ထိုးေနလို႔ ထင္လင္းမွာ မနည္းတားရေတာ့သည္ ။

ထင္လင္း တားသာတားရတယ္ အႏွီေကာင္ေလးက မ်က္ေထာင့္နီနဲ႕ ထင္လင္းကိုလွည့္ၾကည့္လို႔ လန့္ကလဲလန့္ရေသးသည္ ။

ထင္လင္းေျပာလို႔ ထိုးတာရပ္လိုက္ၿပီး ထင္လင္းကို တစ္ခ်က္ပင္ၾကည့္ကာ ထြက္သြားမယ္လုပ္ေနတဲ့ အႏွီေကာင္ေလးအား

"ဟို ခဏ ခဏ ဆိုင္ကို ခဏ လိုက္ခဲ့ပါလား ''

ထင္လင္းေျပာေတာ့ ဘာမွျပန္မေျပာဘဲ ထင္လင္းကိုပဲ စိုက္ၾကည့္ေနေသာေကာင္ေလးေၾကာင့္ ထင္လင္းမွာ ေက်ာပင္ခ်မ္းရေသးသည္ ။

"ငါက ဒီနားက ေစ်းထဲက လက္ဘက္ရည္ဆိုင္ကပါ မင္း ကူညီေပးတာ ေက်းဇူးတင္လို႔ တခုခု လိုက္စားပါလား ''

ထင္လင္းက မရဲတရဲေလးေမးေတာ့ အႏွီေကာင္ေလးက တခုခုကို စဥ္းစားေနဟန္ , ခဏေလာက္စဥ္းစားၿပီးမွ ေခါင္းညိတ္ျပေသာ အႏွီေကာင္ေလးေၾကာင့္ ထင္လင္းလဲ ၿပဳံးျပကာ ထိုေကာင္ေလးနဲ႕အတူ ဆိုင္သို႔ ျပန္လာခဲ့သည္ ။

အထိုးခံရတဲ့ေက်ာ္စြာနဲ႕ ေနာက္တစ္ေကာင္ေတာ့ဘယ္လိုက်န္ခဲ့လဲမသိေတာ့ ။

*ဒီေကာင္ေတြက လူမိုက္နာမည္ခံၿပီး သူမ်ားပိုက္ဆံ အေခ်ာင္လိုခ်င္တဲ့ေကာင္ေတြ ဒီလိုခံရမွ မွတ္မွာ...*

"အာ့ ကြၽတ္ ကြၽတ္ ''

ထင္လင္းတစ္ေယာက္ ေက်ေက်နပ္နပ္ေတြးရင္း ၿပဳံးလိုက္မိတာေၾကာင့္ အထိုးခံရတဲ့ ပါးတစ္ဖက္မွာ နာလာ၍ ၿငီးျငဴလိုက္ရသည္အထိ ။
ေဘးနားကလမ္းအတူေလွ်ာက္လာတဲ့ အႏွီေကာင္ေလးကေတာ့ တစ္ေလာကလုံးက သူ႕လုပ္စာ ထိုင္စားေနတဲ့႐ုပ္မ်ိဳးႏွင့္ ခပ္တည္တည္ပင္ လိုက္လာသည္ ။

***************************************************

"ဟယ္ အမေလး ငါ့သားေလး ဘယ္လိုျဖစ္လာရတာလဲ ''

ထင္လင္းဆိုင္ေရာက္ေရာက္ခ်င္း အေမက ေကာင္တာထိုင္ေနရင္းမွ ထြက္လာကာ ထင္လင္းအားၾကည့္ၿပီး စိုးရိမ္တႀကီးေမးေတာ့သည္ ။
အေဖ့ကိုေတာ့ မေတြ႕ရေပ ။

"ဘယ္လိုျဖစ္ရမွာလဲ ဟိုေကာင္ ေက်ာ္စြာတို႔ေပါ့ အေဖ အေႂကြးေတာင္းခိုင္းတဲ့ပိုက္ဆံကို ျဖတ္ေတာင္းတာ သားကမေပးလို႔ သားကို ဒီလိုလုပ္လႊတ္လိုက္တာပဲ ''

"ဟမ္ ဒီေကာင္ေတြ မိမဆုံးမ ဖမဆုံးမ ကေလကဝေတြ အခုပဲ အုပ္ခ်ဳပ္ေရးမႉးနဲ႕သြားတိုင္မယ္ ငါ့သားကိုမ်ား အနိုင္က်င့္ရတယ္လို႔ ''

ေဒါႀကီးေမာႀကီးျဖင့္ ထင္လင္းလက္ကိုဆြဲကာ သြားတိုင္မယ္တကကဲလုပ္ေနေသာ အေမအား ထင္လင္းမွာ မနည္းဆြဲထားရသည္ ။

"ေနပါဦး အေမရယ္ အခုဆို ေက်ာ္စြာလဲ ေတာ္ေတာ္ႏွာႏွပ္ယူေနရေလာက္ၿပီး သားကို ဒီသူငယ္ခ်င္းက ကူညီေပးတာ ေက်ာ္စြာကိုထိုးလိုက္တာမ်ား အေမေရ အားရစရာပဲ ဟိုေကာင္အခုေလာက္ဆို ေထာင္,ေထာင္,ေထာင္,ေထာင္ လုပ္ရဲမွာမဟုတ္ေတာ့ဘူး ''

ထင္လင္းက မိမိအေနာက္မွာ အခုထိစကားတခြန္းမွဝင္မေျပာဘဲေနတဲ့ေကာင္ေလးအား အေမႏွင့္ မိတ္ဆက္ေပးရေတာ့သည္ ။

"ဟယ္ ဟုတ္လား သားရယ္ ေက်းဇူးပါကြယ္ သားနာမည္ ဘယ္လိုေခၚလဲ ဘယ္မွာေနတာလဲ ''

အေမ ေမးတာကို ျပန္မေျပာဘဲ အေမ့ကိုသာစိုက္ၾကည့္ေနတဲ့ေကာင္ေလးေၾကာင့္ အေမေရာ ထင္လင္းပါ ေၾကာင္အမ္းအမ္းျဖစ္ေနရသည္ ။

"အေမ ဟိုမွာ ပိုက္ဆံရွင္းမလို႔တဲ့ ေကာင္တာမွာ လူလဲမရွိဘူး သြား သြား သား သူ႕ကိုဧည့္ခံထားလိုက္မယ္ ''

"ေအးေအး သား လူေလး ေနာက္မွေတြ႕မယ္ေနာ္ ''

အေမ့ကို ပထုတ္ၿပီးမွ ထင္လင္း အသက္ရႈေခ်ာင္ေတာ့သည္ ။
အႏွီေကာင္ေလးက ထူးဆန္းလိုက္တာ...

"ဟို ထိုင္ေလ ဘာစားမလဲ လက္ဘက္ရည္ဆိုင္ဆိုေတာ့ အစုံရွိတယ္ ႀကိဳက္တာမွာစားေနာ္ ငါမင္းကိုေက်းဇူးတင္လို႔ေကြၽးတာ ''

ထင္လင္းေျပာေတာ့လဲ အႏွီေကာင္ေလးက ဘာမွမေျပာေပ ။
ၿပီးေတာ့မွ တစ္ခုခုကို လက္ညွိုးထိုးျပၿပီး လက္ႏွစ္ေခ်ာင္းေထာင္ျပေသာေၾကာင့္ ထင္လင္း က်ိတ္ရီလိုက္မိသည္ ။

ဆိုင္က လက္ဘက္ရည္ပါဆယ္ဝယ္သြားတဲ့ ကာစတန္မာ(customer)ဆီက လက္ဘက္ရည္ထုပ္ကို လက္ညွိုးထိုးၿပီး လက္ႏွစ္ေခ်ာင္းေထာင္ျပတယ္ေလ ဒါက သူႏွစ္ခြက္လိုခ်င္တယ္ဆိုတဲ့ သေဘာေပါ့...

အႏွီေကာင္ေလး၏ အျပဳအမူေၾကာင့္ ထင္လင္းၿပဳံးမိရေတာ့သည္ ။

"ဒီကို ခ်ိဳစိမ့္ ရွယ္တူး ေသာက္မယ္ ေဟ့!!!. ....ထိုင္ေလ တျခားဘာစားဦးမလဲ မုန့္လား ဒါမွမဟုတ္ အီၾကာေကြး နံျပား အစုံရွိတယ္ မင္းႀကိဳက္တာမွာ ''

အေဖ်ာ္ဆရာကို ထင္လင္း လွမ္းေအာ္၍ ေကာင္ေလးအားထိုင္ခိုင္းေသာ္လည္း ေကာင္ေလးက မထိုင္ဘဲ ဒီအတိုင္းပင္ ရပ္ေနကာ ထင္လင္းအား မ်က္ေမွာင္က်ဳံ႕ကာ ေခါင္းခါျပ၍ လက္ႏွစ္ေခ်ာင္းေထာင္ျပေနေလသည္ ။

စကားမေျပာဘဲ အမူအရာနဲ႕ပဲေျပာေနတဲ့ေကာင္ေလးေၾကာင့္ ထင္လင္းတခုခုကို သေဘာေပါက္မိလိုက္သည္ ။

"ဘာလို႔လဲ မင္းပဲ လက္ဘက္ရည္ႏွစ္ခြက္ဆို ငါေျပာတာ မွားလို႔လား ''

ေကာင္ေလးက ထင္လင္းဘာေျပာေျပာ မ်က္ေမွာင္က်ဳံ႕ကာ ေခါင္းကိုခါ၍ လက္ႏွစ္ေခ်ာင္းပဲေထာင္ျပေနေသာေၾကာင့္ ထင္လင္းမွာ အသန္းအသန္စဥ္းစားရေတာ့သည္ ။
ၿပီးေတာ့မွ ကောင်လေးပြောချင်တဲ့အဓိပ္ပါယ်ကို သိသြားတဲ့ ထင္လင္းတစ္ေယာက္ အသံထြက္သည္အထိ ရယ္မိေတာ့သည္ ။

"ေၾသာ္ ပါဆယ္ႏွစ္ခြက္ကိုေျပာတာလား ဟားဟားဟား မင္းကြာ ငါရယ္ရလို႔ေသေတာ့မယ္ အားးး ကြၽတ္ ကြၽတ္ ''

ထိုအခါမွ ထင္လင္းအား ရႈတည္တည္မ်က္ႏွာျဖင့္ စိုၾကည့္ေနေသာ ေကာင္ေလးေၾကာင့္ ထင္လင္း မ်က္ႏွာပိုးသတ္လိုက္ရသည္ ။
သူမ်ားကိုရယ္မိလို႔ အထိုးခံရတဲ့ေနရာေတြက နာေနေလၿပီေလ ။

"ခ်ိဳ႕စိမ့္ ရွယ္က မေသာက္ေတာ့ဘူးေနာ္ ပါဆယ္တူးပဲ ေပးေတာ့ ကိုၿဖိဳး ''

အေဖ်ာ္ဆရာကိုၿဖိဳးအား လွမ္းေအာ္ၿပီးေနာက္ ထင္လင္းလဲ စားပြဲထိုးေကာင္ေလး လာခ်ေပးေသာ ေရခဲတုံးအား အထိုးခံရေသာေနရာမ်ား၌ ကပ္ကာ အေရွ႕မွ ေကာင္ေလးအား မသိမသာ အကဲခက္ေနလိုက္သည္ ။

"အကို ပါဆယ္မွာထားတာ ရၿပီ ''

စားပြဲထိုးေကာင္ေလးက မွာထားတာလာေပးေသာေၾကာင့္ ထင္လင္းလဲ အေရွ႕ကေကာင္ေလးအား လက္ဘက္ရည္ပါဆယ္ထုပ္အား လွမ္းေပး၍

"ကဲ ေရာ့ ရပါၿပီ ဒါနဲ႕ မင္းနာမည္ဘယ္သူလဲ စာေရးျပလို႔ရလား ငါ့နာမည္က ထင္လင္းပါ....ဟာ ေဟ့ ေဟ့ ေနဦးေလ ''

ထင္လင္း မိတ္ဆက္လို႔ပင္မၿပီးေသး လက္ဘက္ရည္ထုပ္ဆြဲကာ ဆိုင္ထဲမွ ထြက္သြားေသာ ေကာင္ေလးအား ထင္လင္းလွမ္းေခၚေနေသာ္လည္း အႏွီေကာင္ေလးကေတာ့ လွည့္မၾကည့္ေပ ။
ထင္လင္းကေတာ့ တစ္ေယာက္ထဲ ေရခဲကပ္လိုက္ ေခါင္းကုတ္လိုက္ျဖင့္သာ က်န္ခဲ့ေတာ့သည္ ။

***************************************************

တည္တံ့ေမာင္ ပထမဆုံး ေဆးခန္းဖြင့္ရက္မို႔ စိတ္လႈပ္ရွားေနမိသည္ ။
ေဆးခန္းဆိုတာမ်ိဳးက လူမလာေလ ေကာင္းေလဆိုေပမယ့္ တစ္ဖက္ကလဲ ေဆးခန္းအသစ္စဖြင့္တာမို႔ လူလာေစခ်င္သည္ ။

*ဆရာဝန္အလုပ္ဆိုတာ ဒီလိုပဲ ေနမေကာင္းတဲ့လူမ်ားမွ ထမင္းစားရတဲ့အလုပ္ေလ....အကုသိုလ္နည္းနည္းမ်ားတဲ့အလုပ္လို႔ပဲေခၚရမလား...*

တည္တံ့ေမာင္ ကိုယ္အေတြးကိုယ္သေဘာက်ေနမိၿပီး လက္ပတ္နာရီကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ၉နာရီပင္ေက်ာ္ေနၿပီျဖစ္သည္ ။

*သကၠရာလဲ မလာေသးဘူးပဲ...*

တည္တံ့ေမာင္ ေတြးလို႔ပင္မဆုံးေသး တံခါးေလးပြင့္လာၿပီး ဝင္လာတဲ့ သကၠရာက လက္ထဲမွာလဲ လက္ဘက္ရည္ပါဆယ္၂ထုပ္ႏွင့္

"သကၠရာ လာၿပီလား အကိုက၉နာရီခ်ိန္းထားတာကို ေနာက္က်တယ္ေနာ္ အခ်ိန္မေလးစားတာလား ''

တည္တံ့ေမာင္က စ,သလိုေလးေျပာေတာ့ သကၠရာက မ်က္ခုံးတန္းႏွစ္ခုကိုတြန့္ခ်ိဳးပစ္၍ တည္တံ့ေမာင္ကို လက္ဘက္ရည္ပါဆယ္ထုပ္ကို ကမ္းေပးလာသည္ ။

သကၠရာ၏ အျပဳအမူေၾကာင့္ တည္တံ့ေမာင္ သေဘာတက်ရယ္လိုက္မိသည္ ။
ဒါက သူ႕ကို ေနာက္က်လိဳ႕ လာဘ္ထိုးတဲ့သေဘာေပါ့ေလ

"ဘာလဲ ဒါက အလုပ္ေနာက္က်လိဳ႕ လာဘ္ထိုးတဲ့သေဘာလား အဟက္ ''

တည္တံ့ေမာင္က သေဘာတက်ရယ္ေနေသာ္လည္း သကၠရာကေတာ့ မ်က္ေမွာင့္က်ဳံ႕ထားဆဲမို႔လို႔ တည္တံ့ေမာင္ မ်က္ႏွာပိုးသတ္လိုက္ရသည္ ။

သကၠရာနဲ႕ ေတြ႕တာ ဘယ္ႏွေခါက္မွမရွိေသးေပမယ့္ သကၠရာရဲ႕ အမူအရာေတြကို တည္တံ့ေမာင္ကသိေနၿပီျဖစ္သည္ ။
ဥပမာ သူစိတ္အလိုမက်ရင္ သကၠရာက မ်က္ခုံးကို ခ်က္ခ်င္း တြန့္ခ်ိဳးပစ္လိုက္တာမ်ိဳးေပါ့...

သကၠရာလက္ထဲက လက္ဘက္ရည္၂ခြက္အားယူလိုက္ကာ ေသာက္ေရခြက္ျဖင့္ပင္ ၂ထုပ္လုံးအားေပါင္း၍ထည့္လိုက္ရသည္ ။
ေဆးခန္းမွာ ဘယ္ကခြက္အပိုရွိလို႔ ထည့္ရမွာလဲေလ...

"ကဲ ထိုင္ဦး အဲ့ေတာ့ သကၠရာက ဘယ္အခ်ိန္ကေန ဘယ္အခ်ိန္ထိလုပ္နိုင္မလဲေပါ့ အကို႔ေဆးခန္းက မနက္ ၁၀ နာရီကေန ၁၂နာရီထိက တစ္ခ်ိန္ ၊ ညေန ၅နာရီကေန ည ၇နာရီထိက တစ္ခ်ိန္ ၊ ၂ခ်ိန္ဖြင့္မွာဆိုေတာ့ သကၠရာက အကိုနဲ႕ေတာက္ေလွ်ာက္ အကူလုပ္ေပးနိုင္မလား ''

လက္ဘက္ရည္ခြက္ကို သကၠရာေရွ႕ကိုခ်ေပး၍ တည္တံ့ေမာင္ကဆိုေတာ့ သကၠရာ ခဏစဥ္းစားေနဟန္ရွိသည္ ။
ခဏအၾကာမွ လက္ႏွစ္ေခ်ာင္းေထာင္ျပေလသည္ ။

"အမ္ ၂နာရီထဲလုပ္မွာလား ဒါဆို မနက္ပိုင္းေပါ့ ညေနပိုင္းကဘာလို႔လဲ အဆင္မေျပဘူးလား ''

တည္တံ့ေမာင္ေျပာေတာ့ သကၠရာက ဘာမွမေျပာဘဲ ေနေသာေၾကာင့္ တည္တံ့ေမာင္လဲ ဆက္မေျပာေတာ့ေပ ။

*မတက္နိုင္ေတာ့ အကူေနာက္တစ္ေယာက္ ထပ္ရွာရမွာပဲ *

တကယ္ဆိုရင္ တည္တံ့ေမာင္ကလဲ သကၠရာကို အလုပ္ခန့္ခ်င္၍ေတာ့မဟုတ္ေပ....ဒီအတိုင္းပဲ ငယ္ငယ္တုန္းက ကေလးေလးကို အခုမွျပန္ေတြ႕ရလို႔လား...စကားမေျပာတတ္တာကို ကုေပးခ်င္လို႔လား
...ဘာအေၾကာင္းျပခ်က္မွမရွိဘဲ တည္တံ့ေမာင္က သကၠရာကို အနားမွာ ေခၚထားခ်င္ေနမိသည္ ။

"ဒါဆို အကိုေျပာထားတာေလ သကၠရာကို စကားျပန္ေျပာနိုင္ေအာင္ ကူညီေပးမယ္ဆိုတာ.....အကိုတို႔ အခုပဲ စၿပီး ေဆြးႏြေးၾကည့္ၾကမလား ''

တည္တံ့ေမာင္ေျပာေတာ့ သကၠရာက ေခါင္းညိတ္ျပေလသည္ ။

ထို႔ေနာက္ တည္တံ့ေမာင္က သကၠရာအေရွ႕သို႔ စာ႐ြက္ေလးတစ္႐ြက္အားခ်ေပး၍

"သကၠရာစိတ္ထဲမွာ အေၾကာက္ဆုံးေနရာတစ္ခု ဒါမွမဟုတ္ အေၾကာက္ဆုံးလူျဖစ္ျဖစ္ ပစၥည္းျဖစ္ျဖစ္ အကို႔ကို ပုံဆြဲျပလို႔ရလား ''

တည္တံ့ေမာင္ေျပာေတာ့ သကၠရာက စာ႐ြက္ေပၚ၌ တစ္ခုခုကိုေရးေနဟန္မို႔လို႔ တည္တံ့ေမာင္လဲ ေစာင့္ေနလိုက္သည္ ။

ထို႔ေနာက္ သကၠရာက တည္တံ့ေမာင္ကို စာ႐ြက္ျပန္ေပးလာေသာေၾကာင့္ ၾကည့္လိုက္ေတာ့ ေရးထားသည္က

\\ မရွိဘူး \\

စာကိုဖတ္ၿပီး သကၠရာကိုၾကည့္လိုက္ေတာ့ တကယ္ပင္ ေၾကာက္႐ြံေနဟန္မရွိေသာေၾကာင့္ တည္တံ့ေမာင္ အနည္းငယ္ေတာ့ စဥ္းစားရၾကပ္သြားသည္ ။

သူက စိတ္ေရာဂါဆရာဝန္မဟုတ္ေပမယ့္ တက္သေလာက္ မွတ္သေလာက္ႏွင့္ေတာ့ သကၠရာကို ကူညီေပးခ်င္မိသည္ ။

"သကၠရာ... ဘာကိုမွေၾကာက္ေနစရာမလိုဘူးေနာ္ အကိုရွိတာမို႔လို႔ အကို႔ကိုယုံလို႔ရတယ္သိလား လာ ပုံထပ္ဆြဲၾကည့္ရေအာင္ သကၠရာေၾကာက္တဲ့အရာကို အကို႔ကိုေျပာျပမယ္မလား ''

တည္တံ့ေမာင္ ဘယ္ေလာက္ေျပာေျပာ သကၠရာက ေခါင္းကိုသာ ခါရမ္းေနသည္ ။

ထို႔ေနာက္ သကၠရာက စိတ္တိုလာဟန္ လက္ဘက္ရည္ထည့္ထားေသာဖန္ခြက္အား ကိုင္ကာ နံရံသို႔ ပစ္ေပါက္လိုက္၍ တည္တံ့ေမာင္လဲ အနည္းငယ္ေတာ့ လန့္သြားရသည္ ။

"အာ ok ok ဆက္မေမးေတာ့ဘူးေနာ္ ဟုတ္သားပဲ အကို႔ရဲ႕ သကၠရာေလးက အခုဆို ႀကံ့ခိုင္တဲ့ေကာင္ေလးျဖစ္ေနၿပီပဲ ဘယ္ေၾကာက္ေတာ့မလဲ ဟုတ္တယ္မလား... ေနာ္ ''

တည္တံ့ေမာင္က ေလသံေအးေအးေလးနဲ႕ျပန္ေျပာမွ သကၠရာက ၿငိမ္က်သြားေလသည္ ။
ထိုအခုမွ တည္တံ့ေမာင္ သက္ျပင္းကိုခိုးခ်ရသည္ ။

*ဟူးး မလြယ္ဘူး အေျခအေနဆိုးတယ္ရင္ ပါရဂူေတြနဲ႕ ျပေပးရမယ္ *

တည္တံ့ေမာင္ ေတြးရင္ သကၠရာကို တစ္ခ်က္ခိုးၾကည့္ကာ တံေတြးတစ္ခ်က္ကို မသိမသာ ၿမိဳခ်လိဳက္မိသည္ ။

***************************************************


Continue Reading

You'll Also Like

328K 26.2K 29
Mini Story Uni Life Style Sweet Romance
961K 50.2K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
18.6K 2K 47
Covid 19 Quarantine Memory
199K 4.9K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်