Lawless Gangster (Myanmar Tra...

By ViVianKhin

41.7K 7.7K 491

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 32

546 133 16
By ViVianKhin

အပိုင္း ၃၂

Zawgyi

ေ႐ွာင္းလီက ခ်ီ႐ႈိ႕ယြမ္ကို သူ႔ေက်ာေပၚမွ လြယ္လြယ္ကူကူဆင္းေစၿပီး

" စုစုကို ဖုန္းေခၚလိုက္ပါဦး "

သူ႔ဖုန္းကို ထုတ္ေပးကာ ကမ္းေပးလိုက္ၿပီး ခပ္လွမ္းလွမ္းတစ္ေနရာကို ၫႊန္ျပတယ္။

" အဲ့နားမွာ သြားေျပာလိုက္ပါလား။ "

သူ ေ႐ွာင္းယန္ကို ေျပာစရာ႐ွိတာေၾကာင့္ ပ,ထုတ္ေနတယ္ဆိုတာ ခ်ီ႐ႈိ႕ယြမ္ေကာင္းေကာင္းသိလို႔ နာနာခံခံနဲ႔ပင္ ေျခကိုတစ္လွမ္းခ်င္း လွမ္းၿပီး ေဘးကို ထြက္သြားလိုက္တယ္။

သို႔ေသာ္ သူ ေ႐ွာင္းယန္မ်က္ႏွာကို ဖ်တ္ခနဲ တစ္ခ်က္ၾကည့္မိေတာ့ ဘယ္လိုမွ စိတ္မေအးႏိုင္ျဖစ္သြားရတယ္။ သူ ထြက္သြားရ ေကာင္းမလား ဆက္ေနရမလား တစ္စကၠန္႔ေလာက္ ေတြေဝၿပီးေနာက္မွာေတာ့ ခပ္ေဝးေဝးကို မသြားဖို႔ ဆံုးျဖတ္လိုက္တယ္။ 

ေ႐ွာင္းယန္က ထိုင္ေနရာမွ မတ္တပ္ထရပ္ကာ ကားကိုမီွထားရင္း သူ႔ဆီေလ်ွာက္လွမ္းလာတဲ့ ေ႐ွာင္းလီကို ၾကည့္ေနတယ္။ ေရွာင္းလီ သူ႔ရင္ဘတ္ကို ေဒါသထြက္စြာ မတ္ေနေအာင္ဆန္႔လိုက္ေပမယ့္ မ်က္ဝန္းေတြကေတာ့ ေၾကာက္စရာ ေကာင္းမေနပဲ ခ်ီတံုခ်တံုျဖစ္ေနပံုသာ ေပၚတယ္။
ထို႔ေနာက္ ေ႐ွာင္းယန္ေ႐ွ႕မွာ ရပ္လိုက္ၿပီး လက္ကိုေျမႇာက္လိုက္တယ္။

ေ႐ွာင္းယန္ကေတာ့ သူ႔လက္ကိုဖြက္ထားခ်င္ေနေပမယ့္ ေ႐ွာင္းလီက ဖ်တ္ခနဲ ဆြဲယူကာၾကည့္လိုက္ေတာ့ ဘာရယ္မသိ ေရွာင္းလီတစ္ေယာက္ စိတ္႐ႈပ္ေထြးေနတယ္လို႔ ေ႐ွာင္းယန္ခံစားမိတယ္။ ထို႔ေနာက္ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားပံုရတဲ့ေ႐ွာင္းလီ လက္ကိုလႊတ္ေပးၿပီး သက္ျပင္း႐ွည္ႀကီးခ်လိုက္ကာ

" ဟန္က်ားဘယ္မွာလဲ "

မ်က္ႏွာခ်င္းမဆိုင္ရဲတဲ့ ေ႐ွာင္းယန္က ေခါင္းကို တစ္ဘက္လွည့္လို႔

" ဘယ္လိုလုပ္သိမွာလဲ။ သူနဲ႔ ဖုန္းပဲေျပာလိုက္ရတာေလ။ ေတြ႔လိုက္ရတာမွ မဟုတ္တာ။ "

" မင္းသူနဲ႔ ဖုန္းေျပာတုန္းက ဘာအေၾကာင္းေျပာလိုက္တာလဲ။ "

ေ႐ွာင္းလီ သိခ်င္စိတ္နဲ႔အတူ မ်က္ေမွာင္ၾကံဳ႕ထားမိတယ္။
ေ႐ွာင္းယန္က ခပ္ျမန္ျမန္ပဲ ျပန္ေျဖတယ္။

" သူ႔ကို ဖုန္းေမာင္အိမ္ယာမွာ ေစာင့္ေနတဲ့သူ႐ွိတယ္...အဲ့ကိုလာခဲ့လို႔ပဲေျပာလိုက္တာ။ "

" သူက ဘာလို႔မင္းေျပာတိုင္း လုပ္ရမွာလဲ။ "

" သူ႔ရည္းစား ဘယ္သူလဲဆိုတာ သိထားလို႔ေလ။ သူသာ မလာရင္ ေလာ္တုန္းကို သူ႔ရည္းစားဘယ္သူလဲဆိုတာ ေျပာျပၿပီး သူ႔ရည္းစားကိုပဲ ဖမ္းထားခိုင္းလိုက္မွာေနာ္လို႔ ေျပာလိုက္လို႔။ "

" သူ႔မွာ ရည္းစား႐ွိတယ္? "

ၾကားရတဲ့နားကို မယံုျဖစ္သြားတဲ့ ေ႐ွာင္းလီ ေနာက္တစ္ဖန္ ျပန္ေမးရတယ္။

" သူ႔မွာ ရည္းစား႐ွိတာ မင္းက ဘယ္လိုသိလဲ။ "

" သူတို႔ကို ျမင္လိုက္လို႔ေပါ့ကြာ "

ေ႐ွာင္းယန္ သူ႔မ်က္ႏွာကို လက္နဲ႔အုပ္ကာ စိတ္အေျခအေနတည္ၿငိမ္ေအာင္ လုပ္လိုက္တယ္။

" လူကို တရားခံစစ္သလို စစ္ေနေတာ့မွာလား။ မင္းဒီလို ျဖစ္မယ္ဆိုတာ ငါသိသားပဲ။ အစ္ကိုခ်ီကို ဒီလာခိုင္းလိုက္ကြာ။ သူ႔ကိုပဲ ျဖစ္ေၾကာင္းကုန္စင္ ေျပာျပႏိုင္မယ္။ မင္းကို မျမင္ခ်င္ဘူး။ "

ေရွာင္းယန္မ်က္ႏွာကို အုပ္မိုးထားတဲ့လက္ကို ေ႐ွာင္းလီ အတင္းဆြဲဖယ္ကာ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ရင္း

" ငါေျပာခ်င္တာ အဲ့လိုမဟုတ္ဘူး။ မင္းေလာ္တုန္းကို သူ႔ရည္းစားအေၾကာင္းေျပာျပလိုက္ေသးလား။ "

" မေျပာလိုက္ဘူး။ "

" တကယ္လား။ ေလာ္တုန္းက မင္းကိုဘာမွ မေမးဘူးလား။ "

ေ႐ွာင္းလီ မ်က္ခံုးတို႔က ပိုလို႔ပင္ တြန္႔႐ႈံ႕လ်က္...

" မေျပာလိုက္ဘူးလို႔ ေျပာၿပီးၿပီေလ။ "

ေ႐ွာင္းယန္ အသံက်ယ္က်ယ္နဲ႔ ေအာ္ေျပာလိုက္တယ္။

" ေလာ္တုန္းဆိုတဲ့လူက သူ႔ကိုေေျပာစရာမလိုဘူးတဲ့။ ဟန္က်ားကို မိၿပီဆိုမွ သူ႔ဟာသူ တစ္ခုခ်င္း ေမးမယ္တဲ့ေလ။ ၿပီးေတာ့ သူက....သူက....သူက ေျပာေသးတယ္။ အေျဖတစ္ခုခ်င္းစီကို ဆြဲထုတ္ရင္း အေတာ္ေလး အပ်င္းေျပေနေတာ့မွာပဲတဲ့။ "

ေ႐ွာင္းလီ မ်က္ႏွာ ျဖဴေဖ်ာ့သြားကာ ေ႐ွာင္းယန္ရဲ႕လက္ကို ဆုပ္ကိုင္ထားတဲ့ အားကလည္း ပိုမ်ားလာတယ္။ လက္က ပိုနာလာတာေၾကာင့္ ေ႐ွာင္းယန္က ထ,ေအာ္တယ္။

" လႊတ္ေပး... လႊတ္ေပးလို႔.. "

ေ႐ွာင္းလီရဲ႕လက္ကို ခါခ်လိုက္ကာ

" အဲ့တာ င့ါအျပစ္မွမဟုတ္တာ။ မင္းက ငါ့လက္ျပတ္သြားကို ပိုျမင္ခ်င္တာလား။ ဒါမွမဟုတ္ ငါ့ကိုေသသြားေစခ်င္တာလား။ ငါသာေသသြားရင္ မင္းပို စိတ္ေအးမွာလား။ မင္းေကာင္နဲ႔ ငါ့ကိုလဲလိုက္ရရင္ မင္းပိုစိတ္ခ်မ္းသာမွာလား... ဟုတ္တယ္မွတ္လား။ "

" မင္း! "

လက္ျပတ္တဲ့အေၾကာင္းၾကားရခ်ိန္ ေ႐ွာင္းယန္မ်က္ႏွာက ႐ုတ္တရက္ ပ်က္သြားေသာ္လည္း ေနာက္ဆံုးစကားကေတာ့ သူ႔ကိုေဒါသထြက္ေစတယ္။ ေ႐ွာင္းယန္ကို ထိုးဖို႔လက္ေျမႇာက္လိုက္ေပမယ့္ ေလထဲမွာ တန္းလန္း ရပ္တန္႔လိုက္တယ္။

" လုပ္စမ္းပါ... ထိုးလိုက္စမ္းပါ။ "

ေ႐ွာင္းယန္က ေဒါသတႀကီး သူ႔မ်က္ႏွာကို ေမာ့ကာေ႐ွာင္းလီေ႐ွ႕ကို ထိုးေပးတယ္။

" အဖမ္းခံရတုန္းကလည္း ေသေအာင္အ႐ိုက္ခံၿပီးၿပီ။ မင္းဆီမွာ ထပ္ အ႐ိုက္ခံရရံုနဲ႔ေတာ့ ဘာမွျဖစ္မသြားဘူး။ ငါသူ႔ကို က်ိန္ဆဲတာေလာက္ကို မင္းက ေသမလိုမုန္းေနတယ္..ဟုတ္လား။ အဲ့ေကာင္က မင္းေနာက္ကြယ္မွာေနာက္မီးလင္းေနတာေလ။ အဲ့လိုေကာင္မ်ိဳးအတြက္နဲ႔ မင္းက ငါ့ကို ႐ိုက္မယ္ေပါ့...ဟမ္။ ႐ွက္ရေကာင္းမွန္းကို မသိဘူးပဲ မင္းက "

" ငါတို႔က မင္းေျပာသလို ဆက္ဆံေရးမ်ိဳးမဟုတ္ဘူး။ "

ေ႐ွာင္းလီက ျပန္ေခ်ပတယ္။

" သူမင္းကို အရင္က ရန္ေစာင္တဲ့စကားေတြေျပာဖူးေပမယ့္လည္း မင္းကသာ သူ႕ေနာက္ေက်ာကိုဓားနဲ႔ထိုးတဲ့ သူရဲေဘာေၾကာင္ေကာင္။ အနည္းဆံုးေတာ့ မင္းသူ႔ကို ေလးစားသင့္တယ္။ "

" သူရဲေဘာေၾကာင္ေကာင္? "

ေ႐ွာင္းယန္ နာနာက်ည္းက်ည္း ရယ္လိုက္တယ္။

" မင္းက ငါ့ကိုအဲ့လိုျမင္တယ္ေပါ့။ မင္းတို႔လို အခ်င္းခ်င္းဇာတ္တူသားပတ္စားေနက်တဲ့ ဒုစ႐ိုက္ေလာကျကီးမွာ ငါကဘာလို႔ သူရဲေကာင္းပံုဖမ္းေနရမွာလဲ။ ဟန္က်ားကုိ ကာကြယ္ေပးရေလာက္ေအာင္ သူက ငါ့အေပၚ ဘယ္ေလာက္မ်ားေကာင္းလို႔လဲ။ ေ႐ွာင္းလီ.... သူတို႔ ငါ့ကိုလႊတ္ေပးေအာင္ ဟန္က်ားအစား မင္းကိုေခၚလိုက္ရမွာ။ ငါသူ႔ကို ဘာလို႔ေခၚလိုက္လဲ မင္းေတြးၾကည့္ဖူးလား။ အခု မင္းက ငါ့ကို႐ိုက္ဖို႔ေတာင္ ျပင္ေနတယ္။ "

ေ႐ွာင္းယန္တစ္ေယာက္ ခံစားခ်က္ေတြ မထိန္းခ်ဳပ္ႏိုင္ပဲ ေပါက္ကြဲထြက္လာတယ္။

" ကိုယ့္မ်က္ေခ်းေတာ့ ကိုယ္မျမင္ဘူး။ မင္းသာ အဲ့လိုေျမေအာက္ေလာက က လူေတြနဲ႔ သြားမ႐ႈပ္ရင္ ငါအဖမ္းခံရစရာ အေၾကာင္းမ႐ွိဘူး။ မင္းသာ ေျမေအာက္ေလာက လူေတြနဲ႔ သြားမ႐ႈပ္ရင္ ဒီလို စက္ဆုပ္စရာ ကိစၥေတြ ျဖစ္မလာဘူး။ ငါမင္းကို အေစာႀကီးတည္းက သူတို႔နဲ႔ သြားမ႐ႈပ္ပါနဲ႔လို႔ မေျပာခဲ့ဖူးလား။ မင္းတစ္ခါေလးေတာင္ နားေထာင္ခဲ့ဖူးလား။ "

ဘန္း!

ေ႐ွာင္းယန္က အလန္႔တၾကား သူ႔မ်က္ႏွာကို လက္နဲ႔အုပ္လိုက္တယ္။ ေ႐ွာင္းလီလည္း လက္သီးကို က်စ္က်စ္ဆုပ္ထားတဲ့လူကို လွည့္ၾကည့္ၿပီး လန္႔သြားတယ္။

ခ်ီ႐ႈိ႕ယြမ္ ေ႐ွာင္းယန္ရဲ႕ အက်ႌေကာ္လံကေန ကိုင္ကာ သူ႔မ်က္ႏွာနားကို ေဆာင့္ဆြဲလိုက္တယ္။

" ေ႐ွာင္းယန္.... တစ္ေလာကလံုးက လူေတြက ေ႐ွာင္းလီကို ရက္စက္ ၾကမ္းတမ္းတဲ့ လူဆိုး တစ္ေယာက္....ဘာေတြျဖစ္ျဖစ္ ျဖစ္တာေတာင္ နည္းေသးတယ္လို႔ေျပာႏိုင္တယ္။ ဒါေပမယ့္ မင္းကေတာ့ မရဘူး။ "

" ဘယ္သူ႔ကို လာၿပီး... "

လန္႔သြားၿပီးေနာက္ ႐ွက္ရမ္းရမ္းကာ ေ႐ွာင္းယန္ အသံကုန္ဟစ္ေလတယ္။

" ငါကလည္း တစ္စံုတစ္ေယာက္ရဲ႕ အစ္ကိုပါ။ "

ခ်ီ႐ႈိ႕ယြမ္ ေရွာင္းယန္ကို အၾကည့္ခ်င္းဆံုေစကာ

" မင္းက မင္းအစ္ကို သေဘာေကာင္းတာကို အသံုးခ်ေနတာ။ အစတည္းက သူမင္းအတြက္ အနစ္နာခံခဲ့တာေတြကို မျမင္ခ်င္ေယာင္ေနခဲ့တာပဲ။ မင္းကေတာ့ မာနေတြ အတၱေတြႀကီးၿပီး သူ႔အတြက္ ဘာမွျပန္မလုပ္ေပးခ်င္ဘူး။ မင္းက တကယ္ အၾကင္နာတရားေခါင္းပါးတဲ့ေကာင္.. အ႐ိုင္းအစိုင္း..... အရမ္းကေလးဆန္ၿပီး သူမ်ားကို စိတ္ဆင္းရဲေအာင္လုပ္တဲ့ေကာင္။
မင္းလို မာန္တက္ၿပီး ေထာင့္မက်ိဴးတဲ့ ေကာင္ေလးေတြ ငါအမ်ားႀကီးေတြ႔ဖူးသားပဲ။ ဒီလို စီးပြားပ်က္ေနတဲ့ ေခတ္ႀကီးထဲမွာ သူစိမ္းေတြနဲ႔ ႏွစ္ရက္ေလာက္ပဲ သြားေနၾကည့္လိုက္။ မင္းကို ဘယ္သူမွ အဖတ္လုပ္ၿပီး ဂ႐ုစိုက္ေနမွာမဟုတ္ဘူး။
ေလာကႀကီးက မင္းစိတ္ႀကိဳက္ လည္ပတ္ေနမွာမဟုတ္ဘူးဆိုတာ မင္းသိဖို႔က အေရးအႀကီးဆံုးပဲ။ ကမၻာႀကီး ဘယ္လိုလည္ပတ္ေနလဲဆိုတာ သြားျပန္သင္လိုက္ဦး။ မင္းအစ္ကိုကသာ မင္းကို အနစ္နာခံေပးေနတာ... ဘာလို႔လဲဆိုေတာ့ ပညာေတြတတ္သြားရင္ေက်းဇူးကန္းတတ္တာကိုသူမသိလို႔ "

ထို႔ေနာက္ ခ်ီ႐ႈိ႕ယြမ္ ေ႐ွာင္းယန္မ်က္ႏွာကို ပုတ္လိုက္ကာ

" မင္း ထပ္ၿပီး ကေလးဆန္ေနမယ္ဆိုရင္ စုစုကို ငါျပန္ေခၚသြားတဲ့အခါ  ငါ႔အဆိုးမဆိုနဲ႔။ ဘယ္အစ္ကိုကမွ သူတို႔ညီမကို မင္းလိုေကာင္ လက္ထဲထည့္မွာ မဟုတ္ဘူး။ "

ေ႐ွာင္းယန္ရဲ႕ ေဒါသနဲ႔ ပူေလာင္မႈေတြေၾကာင့္ သူ႔မ်က္ႏွာဟာ နီရဲတြတ္ေနေလရဲ႕။ သူတစ္ခုခုျပန္ေျပာမယ္လုပ္ခ်ိန္ ခ်ီ႐ႈိ႕ယြမ္က ရယ္ကာေမာကာနဲ႔ ပိတ္ပင္တယ္။

" မင္းအစ္ကိုကိုလည္း ျပန္မ႐ိုက္ႏိုင္။ ငါ့ကိုလည္း ျပန္မေျပာႏိုင္နဲ႔။ ကားထဲဝင္ထိုင္ၿပီး မင္းကိုယ္မင္း နည္းနည္းေလာက္ ျပန္သံုးသပ္ပါဦး။ ငါမင္းအစ္ကို စကားခဏေျပာလိုက္ဦးမယ္။ "

ေ႐ွာင္းယန္ ေဒါသနဲ႔ ေလအခ်ိဳ႕မႈတ္ထုတ္ကာ ေျမျပင္ေပၚ ထီြခနဲ တံေတြးေထြးခ်လိုက္တယ္။ ၿပီးေနာက္ ေ႐ွာင္းလီေ႐ွ႕ သူ႔လက္ကို ျဖန္႔ကာ

" ေသာ့! "

ေ႐ွာင္းလီ ေသာ့မေပးခင္ ခ်ီ႐ႈိ႕ယြမ္ကို မေနႏိုင္မထိုင္ႏိုင္တစ္ခ်က္ၾကည့္လိုက္မိတယ္။ ေ႐ွာင္းယန္ကားထဲ ေရာက္သြားတာနဲ႔ ေ႐ွာင္းလီ ကားေ႐ွ႕ခန္းတံခါးကို ဖြင့္ကာ အနက္ေရာင္ေသတၱာကို ထုတ္လိုက္တယ္။

ေ႐ွာင္းယန္က အသံခပ္အုပ္အုပ္နဲ႔

" ငါ႔ကို သတိထားေနစရာမလိုဘူး။ မင္းတို႔ ဒုစ႐ိုက္ေလာကရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြ ငါဘာမွ စိတ္မဝင္စားဘူး။ "

ေျပာၿပီးတာနဲ႔ ကားတံခါးကို ေဆာင့္ပိတ္တယ္။

ခ်ီ႐ႈိ႕ယြမ္ သက္ျပင္းေမာႀကီးခ်ကာ ေ႐ွာင္းလီနဲ႔ မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။

" ႏွစ္ရက္ေလာက္ ပင္ပန္းလိုက္တာ ကိုယ္ ဝိတ္ေတာင္နည္းနည္းက်သြားတယ္။ သူ႔ကို တျခား နယ္မွာသြားေနခိုင္းလိုက္တာလည္း သိပ္မဆိုးဘူးလားလို႔။ မင္း သေဘာကေရာ။ "

ေ႐ွာင္းလီကေတာ့ အျပံဳးေတြ ေဝျဖာလ်က္..

" မင္းက အဲ့လိုကိစၥေတြမွာ ပ႐ိုပဲဟာ။ "

ေ႐ွာင္းလီရဲ႕ အျပံဳးကို ျမင္လိုက္ရတဲ့ တစ္ခဏ စိတ္လႈပ္႐ွားလြန္းလို႔ ေကာင္းကင္ဘံုေရာက္ေနတယ္ေတာင္ ထင္ရတယ္။

" ပညာေရးနဲ႔ဆိုင္တာေတြသိခ်င္ရင္ေတာ့ ကိုယ့္ကိုေမးလို႔ရပါတယ္။ "

ေ႐ွာင္းလီက ေခါင္းငံု႔ကာ ေခတၱစဥ္းစားလိုက္ၿပီးေနာက္  ထပ္ ျပံဳးျပန္ကာ ခ်ိဳခ်ိဳသာသာ ေျပာတယ္။

" ဒါဆုိ ေနာက္က်ရင္ ေ႐ွာင္းယန္အတြက္ မင္းကိုပဲ အပ္ရမွာပဲ။ "

ဒီစကားကို ေ႐ွာင္းလီ ဘယ္လိုခံစားလ်က္မ်ိဳးနဲ႔ေျပာခဲ့တယ္ဆိုတာကေတာ့ ေနာက္၁၅နာရီေလာက္ၾကာတဲ့ အခ်ိန္မွ ခ်ီ႐ႈိ႕ယြမ္ သိလိုက္ရတယ္။

ခ်ီ႐ႈိ႕ယြမ္နဲ႔ေ႐ွာင္းယန္ကို ကားနဲ႔ျပန္ေခၚလာၿပီး ခ်ီ႐ႈိ႕ယြမ္ အိမ္ေ႐ွ႕ေရာက္လို႔ ကားေပၚကဆင္းတယ္ဆိုရင္ပဲ ေ႐ွာင္းလီက ဟန္က်ားရဲ႕ခ်စ္သူအေၾကာင္းကို ေ႐ွာင္းယန္ဆီမွာ မရမက ေမးေတာ့တယ္။

" အဲ့ေန႔က စုစုနဲ႔ ကစားကြင္းသြားမယ္လို႔လုပ္ေနတာ... "

ေနာက္ဆံုးေတာ့ ေ႐ွာင္းယန္လည္း ဟန္က်ားအေပၚ အျပစ္ျပဳမိတယ္လို႔ အနည္းငယ္ခံစားမိလို႔ ေခါင္းကို ကားျပတင္းေပါက္မွန္ေပၚမီွရင္း အျပင္ကိုၾကည့္ေနမိတယ္။

" သူက လံုးဝေပါ့ေပါ့ပါးပါးေလးဝတ္ထားလို႔ ေတာ္ေတာ္နဲ႔ မမွတ္မိလိုက္ဘူး။ အဲ့တုန္းက သူက ေကာင္မေလးပံုေပါက္ေနတဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ ပင္လယ္ဓားျပလက္မွတ္ဝယ္ဖို႔ တန္းစီးေနတာ။
ေနာက္ထပ္လည္း ႏွစ္ခါေလာက္ထပ္ေတြ႔ေသးတယ္။ သူတို႔ လူလုပ္ေတာင္အတု ေပၚက ျပန္ဆင္းလာၾကတုန္းက အဝတ္အစားေတြ ဖ႐ိုဖရဲနဲ႔ေလ။ မဟုတ္တာလုပ္လာတာ အသိသာခ်ည္းရယ္။ ေကာင္ေလးက စိတ္တိုေနတဲ့ပံုပဲ။
ဟန္က်ားကေတာ့ ပါး႐ိုက္ခံလာရတယ္ ထင္တယ္။ ဒါေပမယ့္လည္း ဝင္ေပါက္ျပန္ေရာက္ေတာ့ အဲ့ေကာင္ေလးက လူေ႐ွ႕သူေ႐ွ႕မွာပဲ ဟန္က်ားကို ဖက္နမ္းလိုက္ေသးတယ္။ ျပန္အဆင္ေျပသြားတဲ့ပံုပဲ။ "

"........... ၿပီးေတာ့ မင္းက အဲ့ေကာင္ေလးကို ဘယ္လိုသိတာလဲ။ "

" ေနာက္ေတာ့ အဲ့ေကာင္ေလးကို ထပ္ေတြ႔ေသးတယ္ တျခားေနရာမွာ။ တကယ္ပဲ အဲ့ေကာင္ေလးျဖစ္ေနလိမ့္မယ္လို႔ ထင္ေတာင္မထားဘူး။ "

ေ႐ွာင္းယန္ကို ျပန္ပို႔ေပးၿပီးေနာက္ ေ႐ွာင္းလီတစ္ေယာက္ က်င္းတင္ကို ျမန္ျမန္ျပန္ရတယ္။ ဟန္က်ား႐ွိစဥ္ကေတာ့ ေ႐ွာင္းလီ အေနနဲ႔ ေတာ္ရိေရာ္ရိေလာက္ လုပ္လို႔ရခဲ့ေသာ္လည္း အခုေတာ့ သူတစ္ေယာက္တည္း ေသေသခ်ာခ်ာစီမံခန္႔ခြဲေနရတယ္။ တကယ္ကို လြယ္ကူမေနေခ်။

လီ႐ွီခ်င္း ဟန္က်ားအစား ယာယီတာဝန္ေပးထားတဲ့လူက ဟန္က်ားရဲ႕လက္ေအာက္က က်န္းရႊယ္မင္ဆိုတဲ့လူျဖစ္တယ္။ ပံုမွန္ဆိုရင္ အဲ့လူက အနက္ေရာင္ပဲဝတ္ကာ ဟန္က်ားေနာက္ကလိုက္ခဲ့တယ္ဆိုေပမယ့္ ဒီေန႔ေတာ့ ထူးထူးျခားျခား ေရႊေရာင္ေတာက္ေတာက္ ဝတ္ဆင္ထားေလတယ္။

အဲ့လို မေလ်ာ္မကန္အမူအရာနဲ႔လူကိုၾကည့္ၿပီး ေ႐ွာင္းလီ ပိတ္ထိုးခ်င္စိတ္ကို မနည္းထိန္းထားရတယ္။ ဘယ္တတ္ႏိုင္မလဲ... သူ႔မွာေမးရျမန္းရမွာေတြ႐ွိေသးတာျဖစ္လို႔ သူ႔ေဘးကိုလာဖို႔ ေခၚလိုက္ရတယ္။

" မင္းက အျမဲဟန္က်ားေနာက္ကလိုက္ေနၾကမို႔ သူနဲ႔ရင္းႏီွးတယ္မွတ္လား။ သူ႔မွာ ရည္းစား႐ွိတယ္ ဘာညာၾကားမိေသးလား။ "
က်န္းရႊယ္မင္ သူ႔မွတ္ဥာဏ္ကို တစ္ခုစီ ျပန္ေခၚရင္း

" ေထြေထြထူးထူးေတာ့ မ႐ွိပါဘူး။ ဟန္က်ားရည္းစားေတြက ေနရာအႏွံ႔မွာ႐ွိေနတာကို။ ကြၽန္ေတာ္က သူ႔ေနာက္ကို ၂၄နာရီလိုက္ေနတာမွမဟုတ္တာ။ အဲ့ေတာ့ ဟန္က်ားသာ ရည္းစားတစ္ေယာက္ေလာက္ လူမသိေအာင္ ထား,ထားမယ္ဆိုရင္ ကြၽန္ေတာ္လည္း ဘယ္လိုသိႏိုင္မွာလဲ။ "

ဟန္က်ားကေတာ့ တစ္ညတည္းနဲ႔တင္ ပလစ္ခံလိုက္ရၿပီပဲ။ အစကေတာ့ ေ႐ွာင္းလီ သူ႔ေ႐ွ႕ကလူကို ပိတ္ကန္လိုက္ဖို႔ျပင္လိုက္ေသာ္ျငား အခုေတာ့ မလိုေတာ့ဟု ေတြးမိတယ္။ လူတစ္ေယာက္က သူ႔ရဲ႕ အထက္လူႀကီး စီနီယာကို ေလးစားရေကာင္းမွန္းမသိ က်ိဳးႏြံရေကာင္းမွန္းမသိရင္ လူမိုက္ပဲျဖစ္ျဖစ္ လူဆိုးပဲျဖစ္ျဖစ္ ဘာမွ ေကာင္းတာျဖစ္လာမွာမဟုတ္။ ေနာက္က်ရင္ ဒီေကာင့္ကို ႐ိုက္ဖို႔ အခြင့္အေရးေတြ အမ်ားႀကီး႐ွိလာဦးမွာပင္။

ဟန္က်ားနဲ႔အနီးကပ္ဆံုး လက္ေအာက္ငယ္သားေတာင္ သူ႔ရည္းစားအေၾကာင္း ဘာမွမသိဘူးဆိုေတာ့ ေ႐ွာင္းလီ အနည္းငယ္ စိတ္ေအးသြားရတယ္။

သူ႔ဖုန္းကလည္း ဒီအခ်ိန္မွ ေရြးၿပီး ထျမည္ေလတယ္။ ေခၚတဲ့သူကေတာ့ လီ႐ွီခ်င္းေပါ့။

ေ႐ွာင္းလီ ဖုန္းကိုင္လိုက္တယ္။

" ခ်င္းရယ္... "

လီ႐ွီခ်င္း အသံက ျပာခ်င္ခ်င္ျဖစ္ေနတယ္။

" က်ီးခ်န္ မင္းကို အကုန္႐ွင္းျပၿပီးမွတ္လား။ "

" ဟုတ္ကဲ့ "

" ဒီတစ္ေခါက္က ေလာ္တုန္းက အရင္စိတ္မ႐ွည္ပဲ ဟန္က်ားကိုဖမ္းသြားတာ။ ေ႐ွာင္းလီေရ... က်ီးခ်န္နဲ႔ငါလည္း ဘာမွမတတ္ႏိုင္ဘူးျဖစ္သြားတယ္ကြာ။ "

" ကြၽန္ေတာ္နားလည္ပါတယ္ ခ်င္းရယ္ "

လီ႐ွီခ်င္း ခဏေတာ့ တိတ္သြားၿပီးမွ ဆက္ေမးတယ္။

" မေန႔က တာ့ေကြ႔နဲ႔ေတြ႔တယ္ဆို "

" ဟုတ္တယ္။ အဲ့တုန္းက ေ႐ွာင္းယန္က သူ႔ဟာသူ လြတ္သြားၿပီ။ "

"..... အဲ့ေတာ့လည္း ေကာင္းတာေပါ့ကြာ။ မင္းတစ္ညလံုး မအိပ္ရေသးဘူးမွတ္လား။ ငါ့ေနရာကို လာၿပီး အနားယူခ်င္လား။ ငါကေတာ့ အခုျပန္လာလို႔မရေသးေပမယ့္ အိမ္ေတာ္ထိန္းကို ေျပာထားလိုက္.... "

" မလိုပါဘူး ခ်င္းရယ္။ အခုက က်င္းတင္မွာ လုပ္စရာေလးေတြ႐ွိေသးလို႔။ "

ထို႔ေနာက္ ဆက္ေျပာဖို႔ရန္ ေ႐ွာင္းလီ ေခတၱမ်ွ ေသေသခ်ာခ်ာ ေတြးေတာလိုက္ၿပီးေနာက္

" ခ်င္းရယ္အတြက္လည္း ခက္ခဲေနမွာပဲေလ။ "

လီ႐ွီခ်င္းက သက္ျပင္းဖြဖြခ်လို႔

" ေ႐ွာင္းလီ... မင္းညီက သူ႔ဟာသူ လြတ္သြားတယ္ဆိုေတာ့ ငါ့ကိုေပးထားတဲ့ ကတိကို မတည္ခ်င္ေတာ့တာလား။ "

" ခ်င္းရယ္..... "

" အဲ့ေလာက္ ျမန္ျမန္ႀကီး ျပန္ေျဖစရာမလိုပါဘူး။ က်ီးခ်န္နဲ႔ငါ ဒီေန႔လုပ္စရာက်န္ေသးတယ္။ မနက္ျဖန္မွ ဖုန္းျပန္ေခၚလိုက္မယ္။ မ်က္ႏွာခ်င္းဆိုင္ ေျပာၾကတာေပါ့.. ဟုတ္ၿပီ လား။ "

" ............. ေကာင္းပါၿပီ ခ်င္းရယ္ "

ေ႐ွာင္းလီ ဖုန္းခ်ၿပီးေနာက္ လင္းက်ီကို ထပ္ေခၚကာ သူေနသိပ္မေကာင္းလို႔ အိပ္ျပန္နားခ်င္တယ္ဟုေျပာလိုက္တယ္။ ေလာေလာဆယ္ေတာ့ သူက်င္းတင္ကို ေစာင့္ၾကည့္ရမယ္။

အိမ္ျပန္ေရာက္တာနဲ႔ သူလုပ္စရာ႐ွိတာ လုပ္ၿပီးေနာက္ စားေသာက္ေရခ်ိဳးကာ အိပ္ရာဝင္လိုက္တယ္။ ဒီလိုနည္းနဲ႔ သူ႔ကိုယ္သူအားျဖည့္မွပဲ ရင္ဆိုင္ရမယ့္ကိစၥေတြကို ရင္ဆိုင္ဖို႔ ခြန္အားေတြျပည့္ေနမွာျဖစ္တယ္။

--------------------------------
Translator's Note :

ဒီအပိုင္းမွာေျပာတဲ့ ဟန္က်ားရဲ႕ခ်စ္သူက ဘယ္သူလဲ မသိေပမယ့္ Shameless Gangster ဆိုျပီး ဟန္က်ားနဲ႔ က်န္႔ေ႐ွာင္းက်ဴးရဲ႕ side story သပ္သပ္႐ွိပါေသးတယ္။ ဟန္က်ားက seme လို႔ထင္ရတာပဲ 😅 အဲ့ side story ကို မူရင္းစာေရးသူက အဆံုးသတ္ထိမေရးထားပါဘူးတဲ့။ တစ္ဝက္တစ္ပ်က္ရယ္ပါ။ E-translator ဆီက ခြင့္ျပဳခ်က္ရရင္ေတာ့ အဲ့ side-storyကို ဘာသာဆက္ျပန္ပါမယ္႐ွင္။
ဖတ္ေပးတဲ့သူေတြ အကုန္လံုးကို ေက်းဇူးတင္ပါတယ္႐ွင္။

--------------------------------------------

အပိုင်း ၃၂

Unicode

ရှောင်းလီက ချီရှို့ယွမ်ကို သူ့ကျောပေါ်မှ လွယ်လွယ်ကူကူဆင်းစေပြီး

" စုစုကို ဖုန်းခေါ်လိုက်ပါဦး "

သူ့ဖုန်းကို ထုတ်ပေးကာ ကမ်းပေးလိုက်ပြီး ခပ်လှမ်းလှမ်းတစ်နေရာကို ညွှန်ပြတယ်။

" အဲ့နားမှာ သွားပြောလိုက်ပါလား။ "

သူ ရှောင်းယန်ကို ပြောစရာရှိတာကြောင့် ပ,ထုတ်နေတယ်ဆိုတာ ချီရှို့ယွမ်ကောင်းကောင်းသိလို့ နာနာခံခံနဲ့ပင် ခြေကိုတစ်လှမ်းချင်း လှမ်းပြီး ဘေးကို ထွက်သွားလိုက်တယ်။

သို့သော် သူ ရှောင်းယန်မျက်နှာကို ဖျတ်ခနဲ တစ်ချက်ကြည့်မိတော့ ဘယ်လိုမှ စိတ်မအေးနိုင်ဖြစ်သွားရတယ်။ သူ ထွက်သွားရ ကောင်းမလား ဆက်နေရမလား တစ်စက္ကန့်လောက် တွေဝေပြီးနောက်မှာတော့ ခပ်ဝေးဝေးကို မသွားဖို့ ဆုံးဖြတ်လိုက်တယ်။ 

ရှောင်းယန်က ထိုင်နေရာမှ မတ်တပ်ထရပ်ကာ ကားကိုမှီထားရင်း သူ့ဆီလျှောက်လှမ်းလာတဲ့ ရှောင်းလီကို ကြည့်နေတယ်။ ရှောင်းလီ သူ့ရင်ဘတ်ကို ဒေါသထွက်စွာ မတ်နေအောင်ဆန့်လိုက်ပေမယ့် မျက်ဝန်းတွေကတော့ ကြောက်စရာ ကောင်းမနေပဲ ချီတုံချတုံဖြစ်နေပုံသာ ပေါ်တယ်။
ထို့နောက် ရှောင်းယန်ရှေ့မှာ ရပ်လိုက်ပြီး လက်ကိုမြှောက်လိုက်တယ်။

ရှောင်းယန်ကတော့ သူ့လက်ကိုဖွက်ထားချင်နေပေမယ့် ရှောင်းလီက ဖျတ်ခနဲ ဆွဲယူကာကြည့်လိုက်တော့ ဘာရယ်မသိ ရှောင်းလီတစ်ယောက် စိတ်ရှုပ်ထွေးနေတယ်လို့ ရှောင်းယန်ခံစားမိတယ်။ ထို့နောက် စိတ်ပျက်လက်ပျက် ဖြစ်သွားပုံရတဲ့ရှောင်းလီ လက်ကိုလွှတ်ပေးပြီး သက်ပြင်းရှည်ကြီးချလိုက်ကာ

" ဟန်ကျားဘယ်မှာလဲ "

မျက်နှာချင်းမဆိုင်ရဲတဲ့ ရှောင်းယန်က ခေါင်းကို တစ်ဘက်လှည့်လို့

" ဘယ်လိုလုပ်သိမှာလဲ။ သူနဲ့ ဖုန်းပဲပြောလိုက်ရတာလေ။ တွေ့လိုက်ရတာမှ မဟုတ်တာ။ "

" မင်းသူနဲ့ ဖုန်းပြောတုန်းက ဘာအကြောင်းပြောလိုက်တာလဲ။ "

ရှောင်းလီ သိချင်စိတ်နဲ့အတူ မျက်မှောင်ကြုံ့ထားမိတယ်။
ရှောင်းယန်က ခပ်မြန်မြန်ပဲ ပြန်ဖြေတယ်။

" သူ့ကို ဖုန်းမောင်အိမ်ယာမှာ စောင့်နေတဲ့သူရှိတယ်...အဲ့ကိုလာခဲ့လို့ပဲပြောလိုက်တာ။ "

" သူက ဘာလို့မင်းပြောတိုင်း လုပ်ရမှာလဲ။ "

" သူ့ရည်းစား ဘယ်သူလဲဆိုတာ သိထားလို့လေ။ သူသာ မလာရင် လော်တုန်းကို သူ့ရည်းစားဘယ်သူလဲဆိုတာ ပြောပြပြီး သူ့ရည်းစားကိုပဲ ဖမ်းထားခိုင်းလိုက်မှာနော်လို့ ပြောလိုက်လို့။ "

" သူ့မှာ ရည်းစားရှိတယ်? "

ကြားရတဲ့နားကို မယုံဖြစ်သွားတဲ့ ရှောင်းလီ နောက်တစ်ဖန် ပြန်မေးရတယ်။

" သူ့မှာ ရည်းစားရှိတာ မင်းက ဘယ်လိုသိလဲ။ "

" သူတို့ကို မြင်လိုက်လို့ပေါ့ကွာ "

ရှောင်းယန် သူ့မျက်နှာကို လက်နဲ့အုပ်ကာ စိတ်အခြေအနေတည်ငြိမ်အောင် လုပ်လိုက်တယ်။

" လူကို တရားခံစစ်သလို စစ်နေတော့မှာလား။ မင်းဒီလို ဖြစ်မယ်ဆိုတာ ငါသိသားပဲ။ အစ်ကိုချီကို ဒီလာခိုင်းလိုက်ကွာ။ သူ့ကိုပဲ ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်မယ်။ မင်းကို မမြင်ချင်ဘူး။ "

ရှောင်းယန်မျက်နှာကို အုပ်မိုးထားတဲ့လက်ကို ရှောင်းလီ အတင်းဆွဲဖယ်ကာ သူ့ကိုယ်သူ ထိန်းချုပ်ရင်း

" ငါပြောချင်တာ အဲ့လိုမဟုတ်ဘူး။ မင်းလော်တုန်းကို သူ့ရည်းစားအကြောင်းပြောပြလိုက်သေးလား။ "

" မပြောလိုက်ဘူး။ "

" တကယ်လား။ လော်တုန်းက မင်းကိုဘာမှ မမေးဘူးလား။ "

ရှောင်းလီ မျက်ခုံးတို့က ပိုလို့ပင် တွန့်ရှုံ့လျက်...

" မပြောလိုက်ဘူးလို့ ပြောပြီးပြီလေ။ "

ရှောင်းယန် အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်တယ်။

" လော်တုန်းဆိုတဲ့လူက သူ့ကိုပြောစရာမလိုဘူးတဲ့။ ဟန်ကျားကို မိပြီဆိုမှ သူ့ဟာသူ တစ်ခုချင်း မေးမယ်တဲ့လေ။ ပြီးတော့ သူက....သူက....သူက ပြောသေးတယ်။ အဖြေတစ်ခုချင်းစီကို ဆွဲထုတ်ရင်း အတော်လေး အပျင်းပြေနေတော့မှာပဲတဲ့။ "

ရှောင်းလီ မျက်နှာ ဖြူဖျော့သွားကာ ရှောင်းယန်ရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ အားကလည်း ပိုများလာတယ်။ လက်က ပိုနာလာတာကြောင့် ရှောင်းယန်က ထ,အော်တယ်။

" လွှတ်ပေး... လွှတ်ပေးလို့.. "

ရှောင်းလီရဲ့လက်ကို ခါချလိုက်ကာ

" အဲ့တာ ငါ့အပြစ်မှမဟုတ်တာ။ မင်းက ငါ့လက်ပြတ်သွားကို ပိုမြင်ချင်တာလား။ ဒါမှမဟုတ် ငါ့ကိုသေသွားစေချင်တာလား။ ငါသာသေသွားရင် မင်းပို စိတ်အေးမှာလား။ မင်းကောင်နဲ့ ငါ့ကိုလဲလိုက်ရရင် မင်းပိုစိတ်ချမ်းသာမှာလား... ဟုတ်တယ်မှတ်လား။ "

" မင်း! "

လက်ပြတ်တဲ့အကြောင်းကြားရချိန် ရှောင်းယန်မျက်နှာက ရုတ်တရက် ပျက်သွားသော်လည်း နောက်ဆုံးစကားကတော့ သူ့ကိုဒေါသထွက်စေတယ်။ ရှောင်းယန်ကို ထိုးဖို့လက်မြှောက်လိုက်ပေမယ့် လေထဲမှာ တန်းလန်း ရပ်တန့်လိုက်တယ်။

" လုပ်စမ်းပါ... ထိုးလိုက်စမ်းပါ။ "

ရှောင်းယန်က ဒေါသတကြီး သူ့မျက်နှာကို မော့ကာရှောင်းလီရှေ့ကို ထိုးပေးတယ်။

" အဖမ်းခံရတုန်းကလည်း သေအောင်အရိုက်ခံပြီးပြီ။ မင်းဆီမှာ ထပ် အရိုက်ခံရရုံနဲ့တော့ ဘာမှဖြစ်မသွားဘူး။ ငါသူ့ကို ကျိန်ဆဲတာလောက်ကို မင်းက သေမလိုမုန်းနေတယ်..ဟုတ်လား။ အဲ့ကောင်က မင်းနောက်ကွယ်မှာနောက်မီးလင်းနေတာလေ။ အဲ့လိုကောင်မျိုးအတွက်နဲ့ မင်းက ငါ့ကို ရိုက်မယ်ပေါ့...ဟမ်။ ရှက်ရကောင်းမှန်းကို မသိဘူးပဲ မင်းက "

" ငါတို့က မင်းပြောသလို ဆက်ဆံရေးမျိုးမဟုတ်ဘူး။ "

ရှောင်းလီက ပြန်ချေပတယ်။

" သူမင်းကို အရင်က ရန်စောင်တဲ့စကားတွေပြောဖူးပေမယ့်လည်း မင်းကသာ သူ့နောက်ကျောကိုဓားနဲ့ထိုးတဲ့ သူရဲဘောကြောင်ကောင်။ အနည်းဆုံးတော့ မင်းသူ့ကို လေးစားသင့်တယ်။ "

" သူရဲဘောကြောင်ကောင်? "

ရှောင်းယန် နာနာကျည်းကျည်း ရယ်လိုက်တယ်။

" မင်းက ငါ့ကိုအဲ့လိုမြင်တယ်ပေါ့။ မင်းတို့လို အချင်းချင်းဇာတ်တူသားပတ်စားနေကျတဲ့ ဒုစရိုက်လောကကြီးမှာ ငါကဘာလို့ သူရဲကောင်းပုံဖမ်းနေရမှာလဲ။ ဟန်ကျားကို ကာကွယ်ပေးရလောက်အောင် သူက ငါ့အပေါ် ဘယ်လောက်များကောင်းလို့လဲ။ ရှောင်းလီ.... သူတို့ ငါ့ကိုလွှတ်ပေးအောင် ဟန်ကျားအစား မင်းကိုခေါ်လိုက်ရမှာ။ ငါသူ့ကို ဘာလို့ခေါ်လိုက်လဲ မင်းတွေးကြည့်ဖူးလား။ အခု မင်းက ငါ့ကိုရိုက်ဖို့တောင် ပြင်နေတယ်။ "

ရှောင်းယန်တစ်ယောက် ခံစားချက်တွေ မထိန်းချုပ်နိုင်ပဲ ပေါက်ကွဲထွက်လာတယ်။

" ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်ဘူး။ မင်းသာ အဲ့လိုမြေအောက်လောက က လူတွေနဲ့ သွားမရှုပ်ရင် ငါအဖမ်းခံရစရာ အကြောင်းမရှိဘူး။ မင်းသာ မြေအောက်လောက လူတွေနဲ့ သွားမရှုပ်ရင် ဒီလို စက်ဆုပ်စရာ ကိစ္စတွေ ဖြစ်မလာဘူး။ ငါမင်းကို အစောကြီးတည်းက သူတို့နဲ့ သွားမရှုပ်ပါနဲ့လို့ မပြောခဲ့ဖူးလား။ မင်းတစ်ခါလေးတောင် နားထောင်ခဲ့ဖူးလား။ "

ဘန်း!

ရှောင်းယန်က အလန့်တကြား သူ့မျက်နှာကို လက်နဲ့အုပ်လိုက်တယ်။ ရှောင်းလီလည်း လက်သီးကို ကျစ်ကျစ်ဆုပ်ထားတဲ့လူကို လှည့်ကြည့်ပြီး လန့်သွားတယ်။

ချီရှို့ယွမ် ရှောင်းယန်ရဲ့ အင်္ကျီကော်လံကနေ ကိုင်ကာ သူ့မျက်နှာနားကို ဆောင့်ဆွဲလိုက်တယ်။

" ရှောင်းယန်.... တစ်လောကလုံးက လူတွေက ရှောင်းလီကို ရက်စက် ကြမ်းတမ်းတဲ့ လူဆိုး တစ်ယောက်....ဘာတွေဖြစ်ဖြစ် ဖြစ်တာတောင် နည်းသေးတယ်လို့ပြောနိုင်တယ်။ ဒါပေမယ့် မင်းကတော့ မရဘူး။ "

" ဘယ်သူ့ကို လာပြီး... "

လန့်သွားပြီးနောက် ရှက်ရမ်းရမ်းကာ ရှောင်းယန် အသံကုန်ဟစ်လေတယ်။

" ငါကလည်း တစ်စုံတစ်ယောက်ရဲ့ အစ်ကိုပါ။ "

ချီရှို့ယွမ် ရှောင်းယန်ကို အကြည့်ချင်းဆုံစေကာ

" မင်းက မင်းအစ်ကို သဘောကောင်းတာကို အသုံးချနေတာ။ အစတည်းက သူမင်းအတွက် အနစ်နာခံခဲ့တာတွေကို မမြင်ချင်ယောင်နေခဲ့တာပဲ။ မင်းကတော့ မာနတွေ အတ္တတွေကြီးပြီး သူ့အတွက် ဘာမှပြန်မလုပ်ပေးချင်ဘူး။ မင်းက တကယ် အကြင်နာတရားခေါင်းပါးတဲ့ကောင်.. အရိုင်းအစိုင်း..... အရမ်းကလေးဆန်ပြီး သူများကို စိတ်ဆင်းရဲအောင်လုပ်တဲ့ကောင်။
မင်းလို မာန်တက်ပြီး ထောင့်မကျိူးတဲ့ ကောင်လေးတွေ ငါအများကြီးတွေ့ဖူးသားပဲ။ ဒီလို စီးပွားပျက်နေတဲ့ ခေတ်ကြီးထဲမှာ သူစိမ်းတွေနဲ့ နှစ်ရက်လောက်ပဲ သွားနေကြည့်လိုက်။ မင်းကို ဘယ်သူမှ အဖတ်လုပ်ပြီး ဂရုစိုက်နေမှာမဟုတ်ဘူး။
လောကကြီးက မင်းစိတ်ကြိုက် လည်ပတ်နေမှာမဟုတ်ဘူးဆိုတာ မင်းသိဖို့က အရေးအကြီးဆုံးပဲ။ ကမ္ဘာကြီး ဘယ်လိုလည်ပတ်နေလဲဆိုတာ သွားပြန်သင်လိုက်ဦး။ မင်းအစ်ကိုကသာ မင်းကို အနစ်နာခံပေးနေတာ... ဘာလို့လဲဆိုတော့ ပညာတွေတတ်သွားရင်ကျေးဇူးကန်းတတ်တာကိုသူမသိလို့ "

ထို့နောက် ချီရှို့ယွမ် ရှောင်းယန်မျက်နှာကို ပုတ်လိုက်ကာ

" မင်း ထပ်ပြီး ကလေးဆန်နေမယ်ဆိုရင် စုစုကို ငါပြန်ခေါ်သွားတဲ့အခါ  ငါ့အဆိုးမဆိုနဲ့။ ဘယ်အစ်ကိုကမှ သူတို့ညီမကို မင်းလိုကောင် လက်ထဲထည့်မှာ မဟုတ်ဘူး။ "

ရှောင်းယန်ရဲ့ ဒေါသနဲ့ ပူလောင်မှုတွေကြောင့် သူ့မျက်နှာဟာ နီရဲတွတ်နေလေရဲ့။ သူတစ်ခုခုပြန်ပြောမယ်လုပ်ချိန် ချီရှို့ယွမ်က ရယ်ကာမောကာနဲ့ ပိတ်ပင်တယ်။

" မင်းအစ်ကိုကိုလည်း ပြန်မရိုက်နိုင်။ ငါ့ကိုလည်း ပြန်မပြောနိုင်နဲ့။ ကားထဲဝင်ထိုင်ပြီး မင်းကိုယ်မင်း နည်းနည်းလောက် ပြန်သုံးသပ်ပါဦး။ ငါမင်းအစ်ကို စကားခဏပြောလိုက်ဦးမယ်။ "

ရှောင်းယန် ဒေါသနဲ့ လေအချို့မှုတ်ထုတ်ကာ မြေပြင်ပေါ် ထွီခနဲ တံတွေးထွေးချလိုက်တယ်။ ပြီးနောက် ရှောင်းလီရှေ့ သူ့လက်ကို ဖြန့်ကာ

" သော့! "

ရှောင်းလီ သော့မပေးခင် ချီရှို့ယွမ်ကို မနေနိုင်မထိုင်နိုင်တစ်ချက်ကြည့်လိုက်မိတယ်။ ရှောင်းယန်ကားထဲ ရောက်သွားတာနဲ့ ရှောင်းလီ ကားရှေ့ခန်းတံခါးကို ဖွင့်ကာ အနက်ရောင်သေတ္တာကို ထုတ်လိုက်တယ်။

ရှောင်းယန်က အသံခပ်အုပ်အုပ်နဲ့

" ငါ့ကို သတိထားနေစရာမလိုဘူး။ မင်းတို့ ဒုစရိုက်လောကရဲ့ လျှို့ဝှက်ချက်တွေ ငါဘာမှ စိတ်မဝင်စားဘူး။ "

ပြောပြီးတာနဲ့ ကားတံခါးကို ဆောင့်ပိတ်တယ်။

ချီရှို့ယွမ် သက်ပြင်းမောကြီးချကာ ရှောင်းလီနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။

" နှစ်ရက်လောက် ပင်ပန်းလိုက်တာ ကိုယ် ဝိတ်တောင်နည်းနည်းကျသွားတယ်။ သူ့ကို တခြား နယ်မှာသွားနေခိုင်းလိုက်တာလည်း သိပ်မဆိုးဘူးလားလို့။ မင်း သဘောကရော။ "

ရှောင်းလီကတော့ အပြုံးတွေ ဝေဖြာလျက်..

" မင်းက အဲ့လိုကိစ္စတွေမှာ ပရိုပဲဟာ။ "

ရှောင်းလီရဲ့ အပြုံးကို မြင်လိုက်ရတဲ့ တစ်ခဏ စိတ်လှုပ်ရှားလွန်းလို့ ကောင်းကင်ဘုံရောက်နေတယ်တောင် ထင်ရတယ်။

" ပညာရေးနဲ့ဆိုင်တာတွေသိချင်ရင်တော့ ကိုယ့်ကိုမေးလို့ရပါတယ်။ "

ရှောင်းလီက ခေါင်းငုံ့ကာ ခေတ္တစဉ်းစားလိုက်ပြီးနောက်  ထပ် ပြုံးပြန်ကာ ချိုချိုသာသာ ပြောတယ်။

" ဒါဆို နောက်ကျရင် ရှောင်းယန်အတွက် မင်းကိုပဲ အပ်ရမှာပဲ။ "

ဒီစကားကို ရှောင်းလီ ဘယ်လိုခံစားလျက်မျိုးနဲ့ပြောခဲ့တယ်ဆိုတာကတော့ နောက်၁၅နာရီလောက်ကြာတဲ့ အချိန်မှ ချီရှို့ယွမ် သိလိုက်ရတယ်။

ချီရှို့ယွမ်နဲ့ရှောင်းယန်ကို ကားနဲ့ပြန်ခေါ်လာပြီး ချီရှို့ယွမ် အိမ်ရှေ့ရောက်လို့ ကားပေါ်ကဆင်းတယ်ဆိုရင်ပဲ ရှောင်းလီက ဟန်ကျားရဲ့ချစ်သူအကြောင်းကို ရှောင်းယန်ဆီမှာ မရမက မေးတော့တယ်။

" အဲ့နေ့က စုစုနဲ့ ကစားကွင်းသွားမယ်လို့လုပ်နေတာ... "

နောက်ဆုံးတော့ ရှောင်းယန်လည်း ဟန်ကျားအပေါ် အပြစ်ပြုမိတယ်လို့ အနည်းငယ်ခံစားမိလို့ ခေါင်းကို ကားပြတင်းပေါက်မှန်ပေါ်မှီရင်း အပြင်ကိုကြည့်နေမိတယ်။

" သူက လုံးဝပေါ့ပေါ့ပါးပါးလေးဝတ်ထားလို့ တော်တော်နဲ့ မမှတ်မိလိုက်ဘူး။ အဲ့တုန်းက သူက ကောင်မလေးပုံပေါက်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ပင်လယ်ဓားပြလက်မှတ်ဝယ်ဖို့ တန်းစီးနေတာ။
နောက်ထပ်လည်း နှစ်ခါလောက်ထပ်တွေ့သေးတယ်။ သူတို့ လူလုပ်တောင်အတု ပေါ်က ပြန်ဆင်းလာကြတုန်းက အဝတ်အစားတွေ ဖရိုဖရဲနဲ့လေ။ မဟုတ်တာလုပ်လာတာ အသိသာချည်းရယ်။ ကောင်လေးက စိတ်တိုနေတဲ့ပုံပဲ။
ဟန်ကျားကတော့ ပါးရိုက်ခံလာရတယ် ထင်တယ်။ ဒါပေမယ့်လည်း ဝင်ပေါက်ပြန်ရောက်တော့ အဲ့ကောင်လေးက လူရှေ့သူရှေ့မှာပဲ ဟန်ကျားကို ဖက်နမ်းလိုက်သေးတယ်။ ပြန်အဆင်ပြေသွားတဲ့ပုံပဲ။ "

"........... ပြီးတော့ မင်းက အဲ့ကောင်လေးကို ဘယ်လိုသိတာလဲ။ "

" နောက်တော့ အဲ့ကောင်လေးကို ထပ်တွေ့သေးတယ် တခြားနေရာမှာ။ တကယ်ပဲ အဲ့ကောင်လေးဖြစ်နေလိမ့်မယ်လို့ ထင်တောင်မထားဘူး။ "

ရှောင်းယန်ကို ပြန်ပို့ပေးပြီးနောက် ရှောင်းလီတစ်ယောက် ကျင်းတင်ကို မြန်မြန်ပြန်ရတယ်။ ဟန်ကျားရှိစဉ်ကတော့ ရှောင်းလီ အနေနဲ့ တော်ရိရော်ရိလောက် လုပ်လို့ရခဲ့သော်လည်း အခုတော့ သူတစ်ယောက်တည်း သေသေချာချာစီမံခန့်ခွဲနေရတယ်။ တကယ်ကို လွယ်ကူမနေချေ။

လီရှီချင်း ဟန်ကျားအစား ယာယီတာဝန်ပေးထားတဲ့လူက ဟန်ကျားရဲ့လက်အောက်က ကျန်းရွှယ်မင်ဆိုတဲ့လူဖြစ်တယ်။ ပုံမှန်ဆိုရင် အဲ့လူက အနက်ရောင်ပဲဝတ်ကာ ဟန်ကျားနောက်ကလိုက်ခဲ့တယ်ဆိုပေမယ့် ဒီနေ့တော့ ထူးထူးခြားခြား ရွှေရောင်တောက်တောက် ဝတ်ဆင်ထားလေတယ်။

အဲ့လို မလျော်မကန်အမူအရာနဲ့လူကိုကြည့်ပြီး ရှောင်းလီ ပိတ်ထိုးချင်စိတ်ကို မနည်းထိန်းထားရတယ်။ ဘယ်တတ်နိုင်မလဲ... သူ့မှာမေးရမြန်းရမှာတွေရှိသေးတာဖြစ်လို့ သူ့ဘေးကိုလာဖို့ ခေါ်လိုက်ရတယ်။

" မင်းက အမြဲဟန်ကျားနောက်ကလိုက်နေကြမို့ သူနဲ့ရင်းနှီးတယ်မှတ်လား။ သူ့မှာ ရည်းစားရှိတယ် ဘာညာကြားမိသေးလား။ "
ကျန်းရွှယ်မင် သူ့မှတ်ဉာဏ်ကို တစ်ခုစီ ပြန်ခေါ်ရင်း

" ထွေထွေထူးထူးတော့ မရှိပါဘူး။ ဟန်ကျားရည်းစားတွေက နေရာအနှံ့မှာရှိနေတာကို။ ကျွန်တော်က သူ့နောက်ကို ၂၄နာရီလိုက်နေတာမှမဟုတ်တာ။ အဲ့တော့ ဟန်ကျားသာ ရည်းစားတစ်ယောက်လောက် လူမသိအောင် ထား,ထားမယ်ဆိုရင် ကျွန်တော်လည်း ဘယ်လိုသိနိုင်မှာလဲ။ "

ဟန်ကျားကတော့ တစ်ညတည်းနဲ့တင် ပလစ်ခံလိုက်ရပြီပဲ။ အစကတော့ ရှောင်းလီ သူ့ရှေ့ကလူကို ပိတ်ကန်လိုက်ဖို့ပြင်လိုက်သော်ငြား အခုတော့ မလိုတော့ဟု တွေးမိတယ်။ လူတစ်ယောက်က သူ့ရဲ့ အထက်လူကြီး စီနီယာကို လေးစားရကောင်းမှန်းမသိ ကျိုးနွံရကောင်းမှန်းမသိရင် လူမိုက်ပဲဖြစ်ဖြစ် လူဆိုးပဲဖြစ်ဖြစ် ဘာမှ ကောင်းတာဖြစ်လာမှာမဟုတ်။ နောက်ကျရင် ဒီကောင့်ကို ရိုက်ဖို့ အခွင့်အရေးတွေ အများကြီးရှိလာဦးမှာပင်။

ဟန်ကျားနဲ့အနီးကပ်ဆုံး လက်အောက်ငယ်သားတောင် သူ့ရည်းစားအကြောင်း ဘာမှမသိဘူးဆိုတော့ ရှောင်းလီ အနည်းငယ် စိတ်အေးသွားရတယ်။

သူ့ဖုန်းကလည်း ဒီအချိန်မှ ရွေးပြီး ထမြည်လေတယ်။ ခေါ်တဲ့သူကတော့ လီရှီချင်းပေါ့။

ရှောင်းလီ ဖုန်းကိုင်လိုက်တယ်။

" ချင်းရယ်... "

လီရှီချင်း အသံက ပြာချင်ချင်ဖြစ်နေတယ်။

" ကျီးချန် မင်းကို အကုန်ရှင်းပြပြီးမှတ်လား။ "

" ဟုတ်ကဲ့ "

" ဒီတစ်ခေါက်က လော်တုန်းက အရင်စိတ်မရှည်ပဲ ဟန်ကျားကိုဖမ်းသွားတာ။ ရှောင်းလီရေ... ကျီးချန်နဲ့ငါလည်း ဘာမှမတတ်နိုင်ဘူးဖြစ်သွားတယ်ကွာ။ "

" ကျွန်တော်နားလည်ပါတယ် ချင်းရယ် "

လီရှီချင်း ခဏတော့ တိတ်သွားပြီးမှ ဆက်မေးတယ်။

" မနေ့က တာ့ကွေ့နဲ့တွေ့တယ်ဆို "

" ဟုတ်တယ်။ အဲ့တုန်းက ရှောင်းယန်က သူ့ဟာသူ လွတ်သွားပြီ။ "

"..... အဲ့တော့လည်း ကောင်းတာပေါ့ကွာ။ မင်းတစ်ညလုံး မအိပ်ရသေးဘူးမှတ်လား။ ငါ့နေရာကို လာပြီး အနားယူချင်လား။ ငါကတော့ အခုပြန်လာလို့မရသေးပေမယ့် အိမ်တော်ထိန်းကို ပြောထားလိုက်.... "

" မလိုပါဘူး ချင်းရယ်။ အခုက ကျင်းတင်မှာ လုပ်စရာလေးတွေရှိသေးလို့။ "

ထို့နောက် ဆက်ပြောဖို့ရန် ရှောင်းလီ ခေတ္တမျှ သေသေချာချာ တွေးတောလိုက်ပြီးနောက်

" ချင်းရယ်အတွက်လည်း ခက်ခဲနေမှာပဲလေ။ "

လီရှီချင်းက သက်ပြင်းဖွဖွချလို့

" ရှောင်းလီ... မင်းညီက သူ့ဟာသူ လွတ်သွားတယ်ဆိုတော့ ငါ့ကိုပေးထားတဲ့ ကတိကို မတည်ချင်တော့တာလား။ "

" ချင်းရယ်..... "

" အဲ့လောက် မြန်မြန်ကြီး ပြန်ဖြေစရာမလိုပါဘူး။ ကျီးချန်နဲ့ငါ ဒီနေ့လုပ်စရာကျန်သေးတယ်။ မနက်ဖြန်မှ ဖုန်းပြန်ခေါ်လိုက်မယ်။ မျက်နှာချင်းဆိုင် ပြောကြတာပေါ့.. ဟုတ်ပြီ လား။ "

" ............. ကောင်းပါပြီ ချင်းရယ် "

ရှောင်းလီ ဖုန်းချပြီးနောက် လင်းကျီကို ထပ်ခေါ်ကာ သူနေသိပ်မကောင်းလို့ အိပ်ပြန်နားချင်တယ်ဟုပြောလိုက်တယ်။ လောလောဆယ်တော့ သူကျင်းတင်ကို စောင့်ကြည့်ရမယ်။

အိမ်ပြန်ရောက်တာနဲ့ သူလုပ်စရာရှိတာ လုပ်ပြီးနောက် စားသောက်ရေချိုးကာ အိပ်ရာဝင်လိုက်တယ်။ ဒီလိုနည်းနဲ့ သူ့ကိုယ်သူအားဖြည့်မှပဲ ရင်ဆိုင်ရမယ့်ကိစ္စတွေကို ရင်ဆိုင်ဖို့ ခွန်အားတွေပြည့်နေမှာဖြစ်တယ်။

--------------------------------
Translator's Note :

ဒီအပိုင်းမှာပြောတဲ့ ဟန်ကျားရဲ့ချစ်သူက ဘယ်သူလဲ မသိပေမယ့် Shameless Gangster ဆိုပြီး ဟန်ကျားနဲ့ ကျန့်ရှောင်းကျူးရဲ့ side story သပ်သပ်ရှိပါသေးတယ်။ ဟန်ကျားက seme လို့ထင်ရတာပဲ 😅 အဲ့ side story ကို မူရင်းစာရေးသူက အဆုံးသတ်ထိမရေးထားပါဘူးတဲ့။ တစ်ဝက်တစ်ပျက်ရယ်ပါ။ E-translator ဆီက ခွင့်ပြုချက်ရရင်တော့ အဲ့ side-storyကို ဘာသာဆက်ပြန်ပါမယ်ရှင်။
ဖတ်ပေးတဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Continue Reading

You'll Also Like

562K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
504K 11.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
565K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
406K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ