အခန်း (၉၄၆) : ထူးဆန်းသော လိပ်ခွံကျွန်း
ကျောက်ခဲမိုး သည်းသည်းထန်ထန် ရွာသွန်းလာကာ သင်္ဘောပျံ၏ ကာကွယ်ရေး အစီအရင်ကို ခြေမွသွားသည်။ ကျောက်ခဲကြီးများက မီတာအတော်ကြီးမားပြီး ကျောက်ခဲအသေးများမှာ တစ်ဆယ် စင်တီမီတာ ပတ်လည်လောက် ရှိ၏။
မိုဝူကျိ၏ သင်္ဘောပျံတွင် အဆင့် ၃ ကာကွယ်ရေး အစီအရင် ခင်းကျင်းထားသော်လည်း သင်္ဘောပျံက အချိန်မရွေး စတင် ပျက်စီးသွားမည့်အလား ယိမ်းယိုင်လာသည်။
တာ့ဟွမ်နှင့် ရွိုက်ကောတို့က သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်ကာ ကာကွယ်ရေး အစီအရင်ကို ဖြတ်ကျော်၍ ကျရောက်လာသော ကျောက်ခဲများကို ခုခံရန် ပြင်ဆင်လိုက်သည်။
" သခင်ကြီး .. အဲဒီကျောက်ခဲတွေက ဘယ်နေရာက ရောက်လာတယ် မသိဘူး။ စိတ်စွမ်းအားနဲ့ အာရုံခံလို့ မရဘူး " တာ့ဟွမ်က မိုဝူကျိ ထွက်လာသည်ကို မြင်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
မိုဝူကျိက စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည့်အခါ သူသည်လည်း ထိုကျောက်ခဲများ၏ ဇာစ်မြစ်ကို အာရုံမခံမိပေ။ သူ့စိတ်စွမ်းအား၌ ဝေဝေဝါးဝါးသာ မြင်ရသည်။
ချင်းဟိုင်လမ်းကြောင်း၏ မျက်နှာပြင်၌ မြူတစ်ထပ် ကာရံထားသလို ဖြစ်နေပြီး ပင်လယ်လမ်းကြောင်းကို မမြင်ရတော့ပေ။ အနီရင့်ရင့် နိဗာနတိတ်ဆိတ်မှု ပင်လယ်က ချင်းဟိုင်လမ်းကြောင်းကို တဖန် ပြန်လည် စိုးမိုးသွားသည့်နှယ် ပေါ်နေသည်။
ဤအရာက မိုဝူကျိအား မျက်မှောင်ကျုတ်သွားစေသည်။ သူ သိသလောက် ချင်းဟိုင်လမ်းကြောင်းသည် ပေါ်လာပြီး နှစ်တစ်ရာကြာပြီးမှ ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သိခဲ့သည်။ ယခုအခါ ငါးနှစ်မှ ခြောက်နှစ်ကြား ရှိသေးလေရာ အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း။
" သခင်ကြီး ဟိုးမှာ ကျွန်းလေး တစ်ကျွန်း ... " ရွိုက်ကောက ဝင်ပြောလိုက်သည်။
ရွိုက်ကောက မပြောခင််တကည်းက တာ့ဟွမ်နှင့် မိုဝူကျိတို့လည်း မြင်လိုက်ရသည်။ သင်္ဘောပျံ အရှေ့လက်ဝဲဘက်တွင် ကွန်းတစ်ကျွန်း အမှန်ပင် ရှိနေ၏။ ထိုကျွန်းမှာ ရေပြင်ပေါ် ချထားသည့် လိပ်ခွံနှင့် တူပြီး မျက်နှာပြင်၌ အက်ကြောင်းရာများ အနှံ့ ဖြစ်နေသည်။ ကျွန်းအလယ်၌ အောက်ထဲ ချိုင့်ဆင်းနေသည့် နေရာ ရှိပေသည်။
" ကျွန်းပေါ်မှာ ဆက်ပြောကြတာပေါ့ " မိုဝူကျိက သင်္ဘောပျံကို ကျွန်းဆီ မောင်းနှင်လိုက်သည်။ ကောင်းကင်ယံမှ ကျရောက်လာသည့် ကျောက်ခဲများ ဖိအားကြောင့် ချင်းဟိုင်လမ်းကြောင်း မပျောက်ကွယ်သွားလျှင်ပင် သင်္ဘောပျံအနေနှင့် ဆက်လက်၍ ရှေ့ဆက်သွားနိုင်မည် မဟုတ်ပေ။
တခြားသော ကျင့်ကြံသူများအတွက် ချင်းဟိုင်လမ်းကြောင်း ပျောက်ကွယ်သွားခြင်းသည် သေခြင်းတရားသာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိအတွက် သက်တောင့်သက်သာ မဖြစ်မှု တစ်ခုသာမျှသာ ဖြစ်၏။ သူက ပင်လယ်ထဲ ဆင်းနေနိုင်သည် မဟုတ်ပါလော။
တစ်ဖက်တွင် ရွိုက်ကောနှင့် တာ့ဟွမ်တို့က ဤသို့ မစွမ်းဆောင်နိုင်သောကြောင့် ချင်းဟိုင်လမ်းကြောင်း ပျောက်ကွယ်သွားသည်နှင့် နှစ်ယောက်လုံးက ထာဝရကမ္ဘာအတွင်းသို့ ပြန်ဝင်သွားကြရမည် ဖြစ်၏။
အကယ်၍ သူတို့က သင်္ဘောပျံကို ပဲ့ထိန်းမပေးဘဲ သူ့ဘာသာ လမ်းလျှောက်လာရလျှင် သူ့အချိန်မှာ ကြာမြင့်သွားရုံသာမက အစီအရင်တာအိုနှင့် အဆောင်တာအိုကို လေ့လာရန် အချိန်လည်း ရှိမည် မဟုတ်ပေ။
ထို့အပြင် တာ့ဟွမ်နှင့် ရွိုက်ကောတို့က အပြင်ဘက်၌ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ကြသည်။ ဤနှစ်ပိုင်းလေးအတွင်း တာ့ဟွမ်က ကနဦး နတ်ဘုရားအဆင့် ၃ သို့ ရောက်ရှိသွားပြီး ရွိုက်ကောက အဆင့် ၂ နတ်သားရဲ ဖြစ်လာသည်။
ကျွန်းမှာ သင်္ဘောပျံနှင့် သိပ်မကွာဝေးသောကြောင့် မကြာခင် ကျွန်းအစွန်းသို့ ရောက်ရှိလာသည်။ သူတို့ ဆင်းသက်လိုက်သည့်အခါ ကျောက်ခဲမိုးမှာလည်း လုံးဝ ပျောက်ကွယ်သွားသောကြောင့် မိုဝူကျိပင် တုန်လှုပ်အံ့အားသင့်မိသွားသည်။
ဘာတွေဖြစ်နေတာလဲ ...
မိုဝူကျိက သင်္ဘောပျံမှ မထွက်ခွာသေးပေ။ ထို့အစား သူက သင်္ဘောပျံကို ကျွန်းပေါ်မှ ဆင်းဖို့ရာ ကြိုးစားလိုက်၏။ သို့သော်လည်း သူက အကွာအဝေးတစ်ခုသို့ ရောက်သွားသည်နှင့် ကျောက်ခဲမိုးများက ပြန်ကျရောက်လာပြန်သည်။
" သခင်ကြီး အဲဒီကျောက်ခဲတွေက ကျွန်တော်တို့ကို ဒီကျွန်းပေါ် ရပ်နားစေချင်တာ ထင်တယ် " ရွိုက်ကောက မိုဝူကျိနှင့် ကျင့်ကြံဆင့် ယှဉ်ဖို့ရာ စိတ်မပါတော့ဘဲ စိုးရိမ်စွာ ပြောလိုက်သည်။
အစပိုင်းတွင် ရွိုက်ကောက သူ့ကိုယ်သူ တာ့ဟွမ်နှင့် နှိုင်းယှဉ်ကြည့်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် တာ့ဟွမ်၏ ကျင့်ကြံနှုန်းမှာ အချိန်ကြာလာသည်နှင့် မြန်ဆန်လာသောကြောင့် ထိုအတွေးကို လက်လျော့လိုက်ပြီး မိုဝူကျိအား နောက်ပစ်မှတ်အဖြစ် သတ်မှတ်လိုက်သည်။ ကျင့်ကြံဆင့်ခြင်း နှိုင်းယှဉ်ကြည့်လျှင် သူက နည်းနည်း လိုနေသော်လည်း နောက်ဆုံးတွင် အမှီလိုက်နိုင်လာပြီ ဖြစ်၏။ ဤသည်မှာ အောင်ပွဲခံရမည့် ကိစ္စမျိုး ဖြစ်ကာ သခင်ကြီး ချီးကျူးသည့်အထိ စောင့်ဆိုင်းရန် ကြံစည်ထား၏။ သို့သော်လည်း လက်ရှိအခြေအနေအရ ထိုသို့အရာမျိုး လုပ်ဖို့ရာပင် စိုးရိမ်ကြီးနေမိသည်။
တာ့ဟွမ်က အသိဉာဏ် ရှိလာသော်လည်း မလုံလောက်သေးသောကြောင့် ရွိုက်ကောလောက် ဉာဏ်မကောင်းသေးပေ။ ရွိုက်ကော တွေ့ကြုံခဲ့ရသော ဘဝအတွေ့အကြုံများက သူ့ထက် ပိုများပေသည်။ တစ်ခါတုန်းက သွေးထုတ်ဖို့ရာအတွက်ပင် အဖမ်းခံခဲ့ရသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူက တစ်ခုခု မှားယွင်းနေကြောင်း မခံစားမိခင် ရွိုက်ကောက အရင်ဦးသွားခြင်း ဖြစ်၏။
" မင်း ပြောတာ မှန်တယ်။ အဲဒါက အစီအရင်ကြီး တစ်ခု ဖြစ်လိမ့်မယ်။ အဲဒီ အစီအရင်ရဲ့ ရည်ရွယ်ချက်က ငါတို့ကို လိပ်ခွံကျွန်းပေါ် ရောက်စေချင်တာပဲ။ မင်းတို့နှစ်ယောက်လုံး အရင်ဆုံး ကမ္ဘာလေးထဲ ပြန်ဝင်နေလိုက်ကြဦး .... " မိုဝူကျိက ရွိုက်ကောထက် ဘဝအတွေ့အကြုံ ပို၍ ကြွယ်ဝပေသည်။ သူက ကျင့်ကြံရေးလောကမှ အင်မော်တယ် တပိုင်းနယ်ပယ်၊ အင်မော်တယ် လောက အစရှိသဖြင့် သွားလာကြုံတွေ့ခဲ့ရသောကြောင့် ပို၍ ဉာဏ်များကာ လှည့်စားတတ်သော အခြေအနေမျိုးနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ သူက ဤကျွန်းနှင့် ပတ်သတ်၍ တစ်ခုခု မှားယွင်းနေကြောင်း မည်သို့ သတိမပြုမိဘဲ နေမည်နည်း။
ရွိုက်ကောနှင့် တာ့ဟွမ်တို့က သူတို့ကျင့်ကြံဆင့်သည် မိုဝူကျိနှင့် အတူတူ ဖြစ်နေသော်လည်း ဘာမှမပြောရဲကြပေ။ သူတို့က ဤသည်မှာ အန္တရာယ်ရှိနေလျှင် သူတို့လက်ရှိအနေအထားဖြင့် ကူညီပေးနိုင်မည် မဟုတ်ကြောင်း သိထားကြ၏။ သူတို့သခင်ကြီးက အနည်းဆုံးတော့ နိဗာနတိတ်ဆိတ်မှု ပင်လယ်ဆီ လွတ်မြောက်လာခဲ့သည် မဟုတ်ပါလော။
မိုဝူကျိက နှစ်ယောက်လုံးကို ထာဝရကမ္ဘာထဲ ထည့်လိုက်ပြီးနောက် သင်္ဘောပျံကို သိမ်းကာ လိပ်ခွံကျွန်းဆီ ဆင်းသက်လိုက်သည်။
ကျွန်းပေါ် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် မိုဝူကျိက ထူးထူးဆန်းဆန်း အငွေ့အသက်တို့ကို ခံစားမိလိုက်၏။
ဤကျွန်းမှာ ပုံမှန် မဟုတ်ပေ။ ကျောက်တုံးများ၊ သစ်ပင်များလည်း မရှိသလို မြက်ပင် တစ်ပင်ပင် ရှိမနေချေ။ ကျွန်းအပေါ်ယံ မျက်နှာပြင်၌ ကွက်ကျားအက်ရာများကို မြင်တွေ့နေရ၏။ မိုဝူကျိက စိတ်စွမ်းအား ဖြန့်ကျက်လိုက်သည့်အခါ အထဲရှိ အရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအက်ရာများထဲ၌ အရိုးစုများ၊ မှော်ရတနာများနှင့် လက်စွပ်တချို့ပင် ရှိနေသေး၏။
ထိုကျင့်ကြံသူများက နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ကျော်ဖြတ်မှု ကျရှုံးပြီး သေဆုံးသွားကြတဲ့သူတွေများလား ....
သူတို့အရိုးစုများက လေနှင့် ဤလိပ်ခွံ့ကျွန်းဆီ ရောက်လာတာလား ....
မိုဝူကျိက သတိထားကြည့်လိုက်ပြီး လက်စွပ်တစ်ကွင်းကို ယူလိုက်သော်လည်း ထိုလက်စွပ်၏ အတားအဆီးကို မချိုးဖောက်နိုင်ခင် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားသည်။ မမြင်နိုင်သည့် ရေခဲမျှင်များက သူ့အား ရစ်ပတ်ကာ ဆွဲယူသလို ခံစားလိုက်ရ၏။
စပ်ဖျဉ်းဖျဉ်း ခံစားချက်က ပြန့်နှံ့လာသောကြောင့် မိုဝူကျိက လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့ဖြင့် အသိစိတ်ပင်လယ်အား ကာကွယ်ထားလိုက်ပြီး ခွန်းဝူဓားကို ခရမ်းရေကန်အား စောင့်ကြပ်စေလိုက်သည်။
မိုဝူကျိက သူ့နေရာသို့ ဆွဲငင်အား တစ်ခု ရောက်ရှိလာစဉ် သူ့အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်သည် စုပ်ယူခံရသည့်အလား ခံစားလိုက်မိသောကြောင့် မနေနိုင်တော့ဘဲ ထိုဦးတည်ရာအတိုင်း လိုက်သွားလိုက်တော့သည်။
သူ့အသိစိတ်ပင်လယ်အတွင်း ကျရောက်လာသည့် အေးစက်စက် အငွေ့အသက်များကို ပညာရှိတာအိုအဆောင်နှင့် လော့ကျမ်းစာရွက်တို့က ကာကွယ်ပေးထားသောကြောင့် သူ့ခန္ဓာကိုယ်သူ ပြန်လည် ထိန်းချုပ်နိုင်သွားသည်။ ထိုအေးစက်စက်အမျှင်များက မဆွဲငင်နိုင်တော့မှန်း သိရှိပြီးနောက် ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိက အသက်ပြင်းပြင်းရှုကာ အဖြစ်အပျက်ကို နားလည်သွားလေ၏။
ဤသည်မှာ ချင်းဟိုင်လမ်းကြောင်း ပေါ်မလာခင်နှင့် အခြေအနေအတူတူ ဖြစ်၏။ သူ့အပေါ် ကျရောက်လာသော ထိုအေးစက်စက် အမျှင်လိုမျိုးအရာများသည် တာအိုအငွေ့အသက် တမျိုး ဖြစ်၏။ သို့သော်လည်း သူ့တွင် ဝိညာဉ်လမ်းကြောင်းလည်း မရှိသလို ဝိညာဉ်ကြောလည်း မရှိသည့်အတွက် ထိုအငွေ့အသက်က သူ့ကို တွယ်ကပ်ဖို့ နေရာ ရှာမတွေ့ခြင်း ဖြစ်၏။
သူ့အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသည့် စုပ်ယူအားက သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဆွဲယူပြီး သူ့အသိစိတ်ပင်လယ်အား ဖျက်စီးဖို့ရာ ကြိုးစားနေသည်။ သို့သော် သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် ရှိမနေဘဲ ခရမ်းရေကန်သာ ရှိ၏။ ထို့အပြင် သူ့အား လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့က ကာကွယ်ပေးထားသေး၏။ ခွန်းဝူဓားသည် ရှိနေသေးသည် မဟုတ်ပါလော။
ထိုမှော်ရတနာများကြောင့် သူက သူ့ခန္ဓာကိုယ်သူ ပြန်လည် ထိန်းချုပ်နိုင်သွားလေ၏။
သူက ကျွန်းအစွန်းတွင် ရပ်နေရင်း ကျွန်းအလယ်ရှိ ချိုင့်ကြီးကို ကြည့်လိုက်သည်။ အထဲရှိ ပစ္စည်းကို မြင်လိုစိတ်က သူ့စိတ်ထဲ ကြီးစိုးလာသည်။
သူက ကျွန်းအလယ်ခေါင်းတွင် ပစ္စည်းကောင်း ရှိနေကြောင်း ခံစားမိနေ၏။
ဆယ်ရှိုက်စာလောက် စောင့်ဆိုင်းပြီးနောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ မြင်းတစ်ကောင်က မြက်ရိုင်းမရှိဘဲ ကြီးထွားလာမည် မဟုတ်ပေ။ သူက ပစ္စည်းကောင်းလေးကို တခြားသူလက်ထဲ အဘယ်ကြောင့် အပါခံရမည်နည်း။
မိုဝူကျိ၏ မှန်းဆချက်အရ တစ်စုံတစ်ယောက်က ဤလိပ်ခွံကျွန်းပေါ်သို့ ရောက်လာပြီး လွတ်လွတ်လပ်လပ် မသွားလာနိုင်လောက်ပေ။ အကယ်၍ ထိုလူသာ လှုပ်ရှားနိုင်လျှင် ဤကဲ့သို့ ကမ္ဘာဦး စိတ်ဝိညာဉ် လုယူမည့် နည်းလမ်းမျိုး သုံးမည် မဟုတ်ချေ။ ထို့အစား မိုဝူကျိထံ သဘာဝစွမ်းအား လက်ဝါးချက်သာ ပို့လွှတ်လိုက်လိမ့်မည်။
မိုဝူကျိ သိချင်နေသည့်အရာမှာ သူက အန္တရာယ်ကို မခံစားမိသည့် အကြောင်းအရင်း ဖြစ်၏။ သူ့ကျင့်ကြံရေးက အင်မော်တယ် မော်တယ်ကျင့်စဉ်ပေါ်တွင် အခြေခံထားသောကြောင့် သူ သေဆုံးဖို့ရာ နီးကပ်လာသည့်အချိန်တိုင်း အာရုံခြောက်ပါးက စူးရှလာသည်။
မိုဝူကျိက ထိုအတွေးဖြင့် မြင်ကွင်းများက ဝေဝါးလာတော့သည်။ သူ့ဝိညာဉ်လမ်းကြောင်းများက ပိတ်ဆို့ခံလိုက်ရပြီး ကမ္ဘာဦး စိတ်ဝိညာဉ်ကိုလည်း ထိန်းချုပ်ခံလိုက်ရသလို ဖြစ်သွားသော်လည်း သူက ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်သည်။
သူ့အမြန်နှုန်းမှာ အတော်လေး နှေးကွေးလွန်းလှသည်။ သူက ခြေလှမ်းတစ်လှမ်း လှမ်းသည့်အခါတိုင်း စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် အစီအရင် သင်္ကေတများ ရေးထွင်းနေလေ၏။ ထို့အပြင် သူက အချိန်မရွေး လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးနိုင်ဖို့ အသင့်ပြင်ထားသည်။ သူ့လက်ထဲ၌ အဆင့် ၃ လွတ်မြောက်ရေးအဆောင် ရှိပြီး ထိုအဆောင်မှာ ပညာရှိတာအိုအဆောင်မှ ရရှိလာခြင်း ဖြစ်၏။
လိပ်ခွံကျွန်းမှာ မကြီးမားသော်လည်း သူ့အနေနှင့် အလယ်သို့ ရောက်ဖို့ရာ နှစ်နာရီ ကြာမြင့်ပေသည်။
မိုဝူကျိက အစွန်းမှ အလယ်သို့ သွားဖို့ရာ ကြံစည်ထားသော်လည်း သူ့ခြေထောက် ချလိုက်သည်နှင့် ကြောက်မက်ဖွယ် အားကြီးက ရောက်ရှိလာကာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ တန်းကျရောက်သွားတော့သည်။
မိုဝူကျိ ရှေ့တွင် ဧရာမဆေးလုံးကြီး လွှင့်မျှောနေသည်။ ထိုအရာမှာ ဘတ်စကတ်ဘောလုံး အရွယ်အစားလောက် ရှိပြီး သူ့အနေနှင့် ဤမျှကြီးမားသော ဆေးလုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ဆေးလုံး၏ မျက်နှာပြင်တွင် သွေးအငွေ့အသက်ဖြင့် အနည်းငယ် နီရဲနေသည်။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုမျက်နှာပြင်သို့ ကျရောက်လာသည့်အခါ အသက်ဓာတ် သဘာဝရိုင်း စွမ်းအားတို့က အပြေးအလွှား ရောက်လာသည်။
မိုဝူကျိက ချက်ချင်းဆိုသလို သူ့စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းကာ ဆေးလုံးအောက်ခြေကို ကြည့်လိုက်၏။
ဆေးလုံးအောက်တွင် ကျောက်အင်္ဂတေတစ်ခု ရှိနေပြီး ဘေးတွင် အရိုးစုများစွာလည်း ရှိနေသည်။ တချို့လက်စွပ်များက အရိုးပုံအောက် ရောက်ရှိနေကြသည်။
အရိုးတစ်ခုချင်းစီက အားကောင်းသည့် အငွေ့အသက်တို့ကို ပေးစွမ်းနေသောကြောင့် မိုဝူကျိအနေနှင့် သေလူများကို မသိသော်လည်း သူတို့အသက်ရှိစဉ်အခါက ထိပ်တန်း ပါရမီရှင်များ ဖြစ်နိုင်ကြောင်း မှန်းဆမိလိုက်သည်။
သူက လော့ကျမ်းစာရွက်နှင့် ပညာရှိတာအိုအဆောင်တို့ဖြင့် အကာအကွယ်ယူထားပြီး သူ့ချီသွေးကြော ၁၀၈ ခုလုံးမှာ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို လှည့်ပတ်နေနိုင်ခြင်းကို ကျေးဇူးတင်ရပေမည်။ ဤကျောက်အင်္ဂတေက စိတ်စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိဟန် ပေါ်ပေ၏။ သို့သော်လည်း သူ့အပေါ်တွင် သက်ရောက်မှု နည်းပါးပေသည်။ အနည်းဆုံးတော့ သူ မတောင့်ခံနိုင်သည့်အရာ မဟုတ်ချေ။
နောက်ထပ်တစ်ကြော့ပြန် စစ်ဆေးပြီးသွားနောက် မိုဝူကျိက အစီအရင်အလံများကို ပစ်လွှတ်ကာ မည်သည့်အရာမှ မရှိကြောင်း အတည်ပြုလိုက်သည်။
အသက်ဓာတ် ပြည့်ဝနေသည့် ထိုဆေးလုံးကြီးက သေချာပေါက် အဖိုးတန် ရတနာသာ ဖြစ်ရမည်။ ထို့ကြောင့် သူက ယူသွားရမည်။ တွယ်ဆက်ထားသော ကျောက်အင်္ဂတေနှင့် စိတ်စွမ်းအား စုပ်ယူနိုင်ခြင်းမှာ ရိုးရှင်းခြင်းတော့ မဟုတ်ပေ။
" မင်းက မရိုးရှင်းဘူးပဲ။ မင်းဆီမှာ ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိသလို ဝိညာဉ်ကြောလည်း မရှိဘူး။ မင်းက ဒီအထိတောင် ရောက်လာသေးတယ်" အရိုးတွင်းဖောက်လုမတတ် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ သို့သော် မိုဝူကျိကို အံ့အားသင့်သွားစေသည်က ထိုအသံသည် ကျောက်အင်္ဂတေမှ ထွက်လာခြင်း ဖြစ်နေသည်။
" ခင်ဗျားက ဘယ်သူလဲ " သူက ထိုအန္တရာယ်ကို ထည့်မတွက်နိုင်တော့ဘဲ လက်တစ်ချက်အဝှေ့ဖြင့် ခွန်းဝူဓားက သူ့လက်အတွင်းသို့ ရောက်ရှိလာသည်။
"ခွန်းဝူဓားလား " အသံပိုင်ရှင်က ပို၍ စိတ်လှုပ်ရှားလာသော်လည်း ထိုစိတ်လှုပ်ရှားမှုမှာ သိပ်၍ မကြာမြင့်လိုက်ပေ။ သူက ထပ်ပြောလိုက်ပြန်၏ " ကောင်လေး ... ခွန်းဝူဓားကို ချပြီး ဒီနေရာကို ၄၉ ကြိမ် ဂါရဝပြုလိုက် ... အဲဆို မင်းအသက်ကို ချမ်းသာပေးမယ် "
အခန္း (၉၄၆) : ထူးဆန္းေသာ လိပ္ခြံကြၽန္း
ေက်ာက္ခဲမိုး သည္းသည္းထန္ထန္ ႐ြာသြန္းလာကာ သေဘၤာပ်ံ၏ ကာကြယ္ေရး အစီအရင္ကို ေျခမြသြားသည္။ ေက်ာက္ခဲႀကီးမ်ားက မီတာအေတာ္ႀကီးမားၿပီး ေက်ာက္ခဲအေသးမ်ားမွာ တစ္ဆယ္ စင္တီမီတာ ပတ္လည္ေလာက္ ရွိ၏။
မိုဝူက်ိ၏ သေဘၤာပ်ံတြင္ အဆင့္ ၃ ကာကြယ္ေရး အစီအရင္ ခင္းက်င္းထားေသာ္လည္း သေဘၤာပ်ံက အခ်ိန္မေ႐ြး စတင္ ပ်က္စီးသြားမည့္အလား ယိမ္းယိုင္လာသည္။
တာ့ဟြမ္ႏွင့္ ႐ြိဳက္ေကာတို႔က သူတို႔၏ ေမွာ္ရတနာ အသီးသီးကို ထုတ္ကာ ကာကြယ္ေရး အစီအရင္ကို ျဖတ္ေက်ာ္၍ က်ေရာက္လာေသာ ေက်ာက္ခဲမ်ားကို ခုခံရန္ ျပင္ဆင္လိုက္သည္။
" သခင္ႀကီး .. အဲဒီေက်ာက္ခဲေတြက ဘယ္ေနရာက ေရာက္လာတယ္ မသိဘူး။ စိတ္စြမ္းအားနဲ႔ အာ႐ုံခံလို႔ မရဘူး " တာ့ဟြမ္က မိုဝူက်ိ ထြက္လာသည္ကို ျမင္ကာ သက္ျပင္းခ်ရင္း ေျပာလိုက္သည္။
မိုဝူက်ိက စိတ္စြမ္းအားကို ထုတ္လႊင့္လိုက္သည့္အခါ သူသည္လည္း ထိုေက်ာက္ခဲမ်ား၏ ဇာစ္ျမစ္ကို အာ႐ုံမခံမိေပ။ သူ႔စိတ္စြမ္းအား၌ ေဝေဝဝါးဝါးသာ ျမင္ရသည္။
ခ်င္းဟိုင္လမ္းေၾကာင္း၏ မ်က္ႏွာျပင္၌ ျမဴတစ္ထပ္ ကာရံထားသလို ျဖစ္ေနၿပီး ပင္လယ္လမ္းေၾကာင္းကို မျမင္ရေတာ့ေပ။ အနီရင့္ရင့္ နိဗာနတိတ္ဆိတ္မႈ ပင္လယ္က ခ်င္းဟိုင္လမ္းေၾကာင္းကို တဖန္ ျပန္လည္ စိုးမိုးသြားသည့္ႏွယ္ ေပၚေနသည္။
ဤအရာက မိုဝူက်ိအား မ်က္ေမွာင္က်ဳတ္သြားေစသည္။ သူ သိသေလာက္ ခ်င္းဟိုင္လမ္းေၾကာင္းသည္ ေပၚလာၿပီး ႏွစ္တစ္ရာၾကာၿပီးမွ ေပ်ာက္ကြယ္သြားမည္ ျဖစ္ေၾကာင္း သိခဲ့သည္။ ယခုအခါ ငါးႏွစ္မွ ေျခာက္ႏွစ္ၾကား ရွိေသးေလရာ အဘယ္ေၾကာင့္ ေပ်ာက္ကြယ္သြားရသနည္း။
" သခင္ႀကီး ဟိုးမွာ ကြၽန္းေလး တစ္ကြၽန္း ... " ႐ြိဳက္ေကာက ဝင္ေျပာလိုက္သည္။
႐ြိဳက္ေကာက မေျပာခင္္တကည္းက တာ့ဟြမ္ႏွင့္ မိုဝူက်ိတို႔လည္း ျမင္လိုက္ရသည္။ သေဘၤာပ်ံ အေရွ႕လက္ဝဲဘက္တြင္ ကြန္းတစ္ကြၽန္း အမွန္ပင္ ရွိေန၏။ ထိုကြၽန္းမွာ ေရျပင္ေပၚ ခ်ထားသည့္ လိပ္ခြံႏွင့္ တူၿပီး မ်က္ႏွာျပင္၌ အက္ေၾကာင္းရာမ်ား အႏွံ႔ ျဖစ္ေနသည္။ ကြၽန္းအလယ္၌ ေအာက္ထဲ ခ်ိဳင့္ဆင္းေနသည့္ ေနရာ ရွိေပသည္။
" ကြၽန္းေပၚမွာ ဆက္ေျပာၾကတာေပါ့ " မိုဝူက်ိက သေဘၤာပ်ံကို ကြၽန္းဆီ ေမာင္းႏွင္လိုက္သည္။ ေကာင္းကင္ယံမွ က်ေရာက္လာသည့္ ေက်ာက္ခဲမ်ား ဖိအားေၾကာင့္ ခ်င္းဟိုင္လမ္းေၾကာင္း မေပ်ာက္ကြယ္သြားလွ်င္ပင္ သေဘၤာပ်ံအေနႏွင့္ ဆက္လက္၍ ေရွ႕ဆက္သြားႏိုင္မည္ မဟုတ္ေပ။
တျခားေသာ က်င့္ႀကံသူမ်ားအတြက္ ခ်င္းဟိုင္လမ္းေၾကာင္း ေပ်ာက္ကြယ္သြားျခင္းသည္ ေသျခင္းတရားသာ ျဖစ္၏။ သို႔ေသာ္လည္း မိုဝူက်ိအတြက္ သက္ေတာင့္သက္သာ မျဖစ္မႈ တစ္ခုသာမွ်သာ ျဖစ္၏။ သူက ပင္လယ္ထဲ ဆင္းေနႏိုင္သည္ မဟုတ္ပါေလာ။
တစ္ဖက္တြင္ ႐ြိဳက္ေကာႏွင့္ တာ့ဟြမ္တို႔က ဤသို႔ မစြမ္းေဆာင္ႏိုင္ေသာေၾကာင့္ ခ်င္းဟိုင္လမ္းေၾကာင္း ေပ်ာက္ကြယ္သြားသည္ႏွင့္ ႏွစ္ေယာက္လုံးက ထာဝရကမာၻအတြင္းသို႔ ျပန္ဝင္သြားၾကရမည္ ျဖစ္၏။
အကယ္၍ သူတို႔က သေဘၤာပ်ံကို ပဲ့ထိန္းမေပးဘဲ သူ႔ဘာသာ လမ္းေလွ်ာက္လာရလွ်င္ သူ႔အခ်ိန္မွာ ၾကာျမင့္သြား႐ုံသာမက အစီအရင္တာအိုႏွင့္ အေဆာင္တာအိုကို ေလ့လာရန္ အခ်ိန္လည္း ရွိမည္ မဟုတ္ေပ။
ထို႔အျပင္ တာ့ဟြမ္ႏွင့္ ႐ြိဳက္ေကာတို႔က အျပင္ဘက္၌ ျမန္ျမန္ဆန္ဆန္ က်င့္ႀကံႏိုင္ၾကသည္။ ဤႏွစ္ပိုင္းေလးအတြင္း တာ့ဟြမ္က ကနဦး နတ္ဘုရားအဆင့္ ၃ သို႔ ေရာက္ရွိသြားၿပီး ႐ြိဳက္ေကာက အဆင့္ ၂ နတ္သားရဲ ျဖစ္လာသည္။
ကြၽန္းမွာ သေဘၤာပ်ံႏွင့္ သိပ္မကြာေဝးေသာေၾကာင့္ မၾကာခင္ ကြၽန္းအစြန္းသို႔ ေရာက္ရွိလာသည္။ သူတို႔ ဆင္းသက္လိုက္သည့္အခါ ေက်ာက္ခဲမိုးမွာလည္း လုံးဝ ေပ်ာက္ကြယ္သြားေသာေၾကာင့္ မိုဝူက်ိပင္ တုန္လႈပ္အံ့အားသင့္မိသြားသည္။
ဘာေတြျဖစ္ေနတာလဲ ...
မိုဝူက်ိက သေဘၤာပ်ံမွ မထြက္ခြာေသးေပ။ ထို႔အစား သူက သေဘၤာပ်ံကို ကြၽန္းေပၚမွ ဆင္းဖို႔ရာ ႀကိဳးစားလိုက္၏။ သို႔ေသာ္လည္း သူက အကြာအေဝးတစ္ခုသို႔ ေရာက္သြားသည္ႏွင့္ ေက်ာက္ခဲမိုးမ်ားက ျပန္က်ေရာက္လာျပန္သည္။
" သခင္ႀကီး အဲဒီေက်ာက္ခဲေတြက ကြၽန္ေတာ္တို႔ကို ဒီကြၽန္းေပၚ ရပ္နားေစခ်င္တာ ထင္တယ္ " ႐ြိဳက္ေကာက မိုဝူက်ိႏွင့္ က်င့္ႀကံဆင့္ ယွဥ္ဖို႔ရာ စိတ္မပါေတာ့ဘဲ စိုးရိမ္စြာ ေျပာလိုက္သည္။
အစပိုင္းတြင္ ႐ြိဳက္ေကာက သူ႔ကိုယ္သူ တာ့ဟြမ္ႏွင့္ ႏႈိင္းယွဥ္ၾကည့္ရန္ ရည္႐ြယ္ထားခဲ့သည္။ သို႔ေသာ္ တာ့ဟြမ္၏ က်င့္ႀကံႏႈန္းမွာ အခ်ိန္ၾကာလာသည္ႏွင့္ ျမန္ဆန္လာေသာေၾကာင့္ ထိုအေတြးကို လက္ေလ်ာ့လိုက္ၿပီး မိုဝူက်ိအား ေနာက္ပစ္မွတ္အျဖစ္ သတ္မွတ္လိုက္သည္။ က်င့္ႀကံဆင့္ျခင္း ႏႈိင္းယွဥ္ၾကည့္လွ်င္ သူက နည္းနည္း လိုေနေသာ္လည္း ေနာက္ဆုံးတြင္ အမွီလိုက္ႏိုင္လာၿပီ ျဖစ္၏။ ဤသည္မွာ ေအာင္ပြဲခံရမည့္ ကိစၥမ်ိဳး ျဖစ္ကာ သခင္ႀကီး ခ်ီးက်ဴးသည့္အထိ ေစာင့္ဆိုင္းရန္ ႀကံစည္ထား၏။ သို႔ေသာ္လည္း လက္ရွိအေျခအေနအရ ထိုသို႔အရာမ်ိဳး လုပ္ဖို႔ရာပင္ စိုးရိမ္ႀကီးေနမိသည္။
တာ့ဟြမ္က အသိဉာဏ္ ရွိလာေသာ္လည္း မလုံေလာက္ေသးေသာေၾကာင့္ ႐ြိဳက္ေကာေလာက္ ဉာဏ္မေကာင္းေသးေပ။ ႐ြိဳက္ေကာ ေတြ႕ႀကဳံခဲ့ရေသာ ဘဝအေတြ႕အႀကဳံမ်ားက သူ႔ထက္ ပိုမ်ားေပသည္။ တစ္ခါတုန္းက ေသြးထုတ္ဖို႔ရာအတြက္ပင္ အဖမ္းခံခဲ့ရေသးသည္ မဟုတ္ပါေလာ။ ထို႔ေၾကာင့္ သူက တစ္ခုခု မွားယြင္းေနေၾကာင္း မခံစားမိခင္ ႐ြိဳက္ေကာက အရင္ဦးသြားျခင္း ျဖစ္၏။
" မင္း ေျပာတာ မွန္တယ္။ အဲဒါက အစီအရင္ႀကီး တစ္ခု ျဖစ္လိမ့္မယ္။ အဲဒီ အစီအရင္ရဲ႕ ရည္႐ြယ္ခ်က္က ငါတို႔ကို လိပ္ခြံကြၽန္းေပၚ ေရာက္ေစခ်င္တာပဲ။ မင္းတို႔ႏွစ္ေယာက္လုံး အရင္ဆုံး ကမာၻေလးထဲ ျပန္ဝင္ေနလိုက္ၾကဦး .... " မိုဝူက်ိက ႐ြိဳက္ေကာထက္ ဘဝအေတြ႕အႀကဳံ ပို၍ ႂကြယ္ဝေပသည္။ သူက က်င့္ႀကံေရးေလာကမွ အင္ေမာ္တယ္ တပိုင္းနယ္ပယ္၊ အင္ေမာ္တယ္ ေလာက အစရွိသျဖင့္ သြားလာႀကဳံေတြ႕ခဲ့ရေသာေၾကာင့္ ပို၍ ဉာဏ္မ်ားကာ လွည့္စားတတ္ေသာ အေျခအေနမ်ိဳးႏွင့္လည္း ႀကဳံေတြ႕ခဲ့ရသည္။ သူက ဤကြၽန္းႏွင့္ ပတ္သတ္၍ တစ္ခုခု မွားယြင္းေနေၾကာင္း မည္သို႔ သတိမျပဳမိဘဲ ေနမည္နည္း။
႐ြိဳက္ေကာႏွင့္ တာ့ဟြမ္တို႔က သူတို႔က်င့္ႀကံဆင့္သည္ မိုဝူက်ိႏွင့္ အတူတူ ျဖစ္ေနေသာ္လည္း ဘာမွမေျပာရဲၾကေပ။ သူတို႔က ဤသည္မွာ အႏၲရာယ္ရွိေနလွ်င္ သူတို႔လက္ရွိအေနအထားျဖင့္ ကူညီေပးႏိုင္မည္ မဟုတ္ေၾကာင္း သိထားၾက၏။ သူတို႔သခင္ႀကီးက အနည္းဆုံးေတာ့ နိဗာနတိတ္ဆိတ္မႈ ပင္လယ္ဆီ လြတ္ေျမာက္လာခဲ့သည္ မဟုတ္ပါေလာ။
မိုဝူက်ိက ႏွစ္ေယာက္လုံးကို ထာဝရကမာၻထဲ ထည့္လိုက္ၿပီးေနာက္ သေဘၤာပ်ံကို သိမ္းကာ လိပ္ခြံကြၽန္းဆီ ဆင္းသက္လိုက္သည္။
ကြၽန္းေပၚ ေျခတစ္လွမ္း လွမ္းလိုက္ၿပီးေနာက္ မိုဝူက်ိက ထူးထူးဆန္းဆန္း အေငြ႕အသက္တို႔ကို ခံစားမိလိုက္၏။
ဤကြၽန္းမွာ ပုံမွန္ မဟုတ္ေပ။ ေက်ာက္တုံးမ်ား၊ သစ္ပင္မ်ားလည္း မရွိသလို ျမက္ပင္ တစ္ပင္ပင္ ရွိမေနေခ်။ ကြၽန္းအေပၚယံ မ်က္ႏွာျပင္၌ ကြက္က်ားအက္ရာမ်ားကို ျမင္ေတြ႕ေနရ၏။ မိုဝူက်ိက စိတ္စြမ္းအား ျဖန႔္က်က္လိုက္သည့္အခါ အထဲရွိ အရာမ်ားကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။
ထိုအက္ရာမ်ားထဲ၌ အ႐ိုးစုမ်ား၊ ေမွာ္ရတနာမ်ားႏွင့္ လက္စြပ္တခ်ိဳ႕ပင္ ရွိေနေသး၏။
ထိုက်င့္ႀကံသူမ်ားက နိဗာနတိတ္ဆိတ္မႈ ပင္လယ္ကို ေက်ာ္ျဖတ္မႈ က်ရႈံးၿပီး ေသဆုံးသြားၾကတဲ့သူေတြမ်ားလား ....
သူတို႔အ႐ိုးစုမ်ားက ေလႏွင့္ ဤလိပ္ခြံ႕ကြၽန္းဆီ ေရာက္လာတာလား ....
မိုဝူက်ိက သတိထားၾကည့္လိုက္ၿပီး လက္စြပ္တစ္ကြင္းကို ယူလိုက္ေသာ္လည္း ထိုလက္စြပ္၏ အတားအဆီးကို မခ်ိဳးေဖာက္ႏိုင္ခင္ တစ္ကိုယ္လုံး ၾကက္သီးတျဖန္းျဖန္း ထသြားသည္။ မျမင္ႏိုင္သည့္ ေရခဲမွ်င္မ်ားက သူ႔အား ရစ္ပတ္ကာ ဆြဲယူသလို ခံစားလိုက္ရ၏။
စပ္ဖ်ဥ္းဖ်ဥ္း ခံစားခ်က္က ျပန႔္ႏွံ႔လာေသာေၾကာင့္ မိုဝူက်ိက ေလာ့က်မ္းစာ႐ြက္ႏွင့္ ပညာရွိတာအိုအေဆာင္တို႔ျဖင့္ အသိစိတ္ပင္လယ္အား ကာကြယ္ထားလိုက္ၿပီး ခြန္းဝူဓားကို ခရမ္းေရကန္အား ေစာင့္ၾကပ္ေစလိုက္သည္။
မိုဝူက်ိက သူ႔ေနရာသို႔ ဆြဲငင္အား တစ္ခု ေရာက္ရွိလာစဥ္ သူ႔အသိစိတ္ပင္လယ္အတြင္းရွိ ခရမ္းေရကန္သည္ စုပ္ယူခံရသည့္အလား ခံစားလိုက္မိေသာေၾကာင့္ မေနႏိုင္ေတာ့ဘဲ ထိုဦးတည္ရာအတိုင္း လိုက္သြားလိုက္ေတာ့သည္။
သူ႔အသိစိတ္ပင္လယ္အတြင္း က်ေရာက္လာသည့္ ေအးစက္စက္ အေငြ႕အသက္မ်ားကို ပညာရွိတာအိုအေဆာင္ႏွင့္ ေလာ့က်မ္းစာ႐ြက္တို႔က ကာကြယ္ေပးထားေသာေၾကာင့္ သူ႔ခႏၶာကိုယ္သူ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္သြားသည္။ ထိုေအးစက္စက္အမွ်င္မ်ားက မဆြဲငင္ႏိုင္ေတာ့မွန္း သိရွိၿပီးေနာက္ ေပ်ာက္ကြယ္သြားေတာ့သည္။
မိုဝူက်ိက အသက္ျပင္းျပင္းရႈကာ အျဖစ္အပ်က္ကို နားလည္သြားေလ၏။
ဤသည္မွာ ခ်င္းဟိုင္လမ္းေၾကာင္း ေပၚမလာခင္ႏွင့္ အေျခအေနအတူတူ ျဖစ္၏။ သူ႔အေပၚ က်ေရာက္လာေသာ ထိုေအးစက္စက္ အမွ်င္လိုမ်ိဳးအရာမ်ားသည္ တာအိုအေငြ႕အသက္ တမ်ိဳး ျဖစ္၏။ သို႔ေသာ္လည္း သူ႔တြင္ ဝိညာဥ္လမ္းေၾကာင္းလည္း မရွိသလို ဝိညာဥ္ေၾကာလည္း မရွိသည့္အတြက္ ထိုအေငြ႕အသက္က သူ႔ကို တြယ္ကပ္ဖို႔ ေနရာ ရွာမေတြ႕ျခင္း ျဖစ္၏။
သူ႔အသိစိတ္ပင္လယ္ထဲ ဝင္ေရာက္လာသည့္ စုပ္ယူအားက သူ႔ကမာၻဦး စိတ္ဝိညာဥ္ကို ဆြဲယူၿပီး သူ႔အသိစိတ္ပင္လယ္အား ဖ်က္စီးဖို႔ရာ ႀကိဳးစားေနသည္။ သို႔ေသာ္ သူ႔တြင္ ကမာၻဦး စိတ္ဝိညာဥ္ ရွိမေနဘဲ ခရမ္းေရကန္သာ ရွိ၏။ ထို႔အျပင္ သူ႔အား ေလာ့က်မ္းစာ႐ြက္ႏွင့္ ပညာရွိတာအိုအေဆာင္တို႔က ကာကြယ္ေပးထားေသး၏။ ခြန္းဝူဓားသည္ ရွိေနေသးသည္ မဟုတ္ပါေလာ။
ထိုေမွာ္ရတနာမ်ားေၾကာင့္ သူက သူ႔ခႏၶာကိုယ္သူ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္သြားေလ၏။
သူက ကြၽန္းအစြန္းတြင္ ရပ္ေနရင္း ကြၽန္းအလယ္ရွိ ခ်ိဳင့္ႀကီးကို ၾကည့္လိုက္သည္။ အထဲရွိ ပစၥည္းကို ျမင္လိုစိတ္က သူ႔စိတ္ထဲ ႀကီးစိုးလာသည္။
သူက ကြၽန္းအလယ္ေခါင္းတြင္ ပစၥည္းေကာင္း ရွိေနေၾကာင္း ခံစားမိေန၏။
ဆယ္ရႈိက္စာေလာက္ ေစာင့္ဆိုင္းၿပီးေနာက္ သြားၾကည့္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္။ ျမင္းတစ္ေကာင္က ျမက္႐ိုင္းမရွိဘဲ ႀကီးထြားလာမည္ မဟုတ္ေပ။ သူက ပစၥည္းေကာင္းေလးကို တျခားသူလက္ထဲ အဘယ္ေၾကာင့္ အပါခံရမည္နည္း။
မိုဝူက်ိ၏ မွန္းဆခ်က္အရ တစ္စုံတစ္ေယာက္က ဤလိပ္ခြံကြၽန္းေပၚသို႔ ေရာက္လာၿပီး လြတ္လြတ္လပ္လပ္ မသြားလာႏိုင္ေလာက္ေပ။ အကယ္၍ ထိုလူသာ လႈပ္ရွားႏိုင္လွ်င္ ဤကဲ့သို႔ ကမာၻဦး စိတ္ဝိညာဥ္ လုယူမည့္ နည္းလမ္းမ်ိဳး သုံးမည္ မဟုတ္ေခ်။ ထို႔အစား မိုဝူက်ိထံ သဘာဝစြမ္းအား လက္ဝါးခ်က္သာ ပို႔လႊတ္လိုက္လိမ့္မည္။
မိုဝူက်ိ သိခ်င္ေနသည့္အရာမွာ သူက အႏၲရာယ္ကို မခံစားမိသည့္ အေၾကာင္းအရင္း ျဖစ္၏။ သူ႔က်င့္ႀကံေရးက အင္ေမာ္တယ္ ေမာ္တယ္က်င့္စဥ္ေပၚတြင္ အေျခခံထားေသာေၾကာင့္ သူ ေသဆုံးဖို႔ရာ နီးကပ္လာသည့္အခ်ိန္တိုင္း အာ႐ုံေျခာက္ပါးက စူးရွလာသည္။
မိုဝူက်ိက ထိုအေတြးျဖင့္ ျမင္ကြင္းမ်ားက ေဝဝါးလာေတာ့သည္။ သူ႔ဝိညာဥ္လမ္းေၾကာင္းမ်ားက ပိတ္ဆို႔ခံလိုက္ရၿပီး ကမာၻဦး စိတ္ဝိညာဥ္ကိုလည္း ထိန္းခ်ဳပ္ခံလိုက္ရသလို ျဖစ္သြားေသာ္လည္း သူက ဆက္လက္ ေလွ်ာက္လွမ္းေနဆဲ ျဖစ္သည္။
သူ႔အျမန္ႏႈန္းမွာ အေတာ္ေလး ေႏွးေကြးလြန္းလွသည္။ သူက ေျခလွမ္းတစ္လွမ္း လွမ္းသည့္အခါတိုင္း စိတ္ဝိညာဥ္သိုေလွာင္ေရး လမ္းေၾကာင္းမွ စိတ္စြမ္းအားျဖင့္ အစီအရင္ သေကၤတမ်ား ေရးထြင္းေနေလ၏။ ထို႔အျပင္ သူက အခ်ိန္မေ႐ြး ေလလြတ္ေျမာက္ေရး နည္းစနစ္ကို ထုတ္သုံးႏိုင္ဖို႔ အသင့္ျပင္ထားသည္။ သူ႔လက္ထဲ၌ အဆင့္ ၃ လြတ္ေျမာက္ေရးအေဆာင္ ရွိၿပီး ထိုအေဆာင္မွာ ပညာရွိတာအိုအေဆာင္မွ ရရွိလာျခင္း ျဖစ္၏။
လိပ္ခြံကြၽန္းမွာ မႀကီးမားေသာ္လည္း သူ႔အေနႏွင့္ အလယ္သို႔ ေရာက္ဖို႔ရာ ႏွစ္နာရီ ၾကာျမင့္ေပသည္။
မိုဝူက်ိက အစြန္းမွ အလယ္သို႔ သြားဖို႔ရာ ႀကံစည္ထားေသာ္လည္း သူ႔ေျခေထာက္ ခ်လိုက္သည္ႏွင့္ ေၾကာက္မက္ဖြယ္ အားႀကီးက ေရာက္ရွိလာကာ ျပန္လည္ တိုက္ခိုက္ႏိုင္စြမ္း မရွိေတာ့ဘဲ တန္းက်ေရာက္သြားေတာ့သည္။
မိုဝူက်ိ ေရွ႕တြင္ ဧရာမေဆးလုံးႀကီး လႊင့္ေမွ်ာေနသည္။ ထိုအရာမွာ ဘတ္စကတ္ေဘာလုံး အ႐ြယ္အစားေလာက္ ရွိၿပီး သူ႔အေနႏွင့္ ဤမွ်ႀကီးမားေသာ ေဆးလုံးကို ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း ျဖစ္၏။
ေဆးလုံး၏ မ်က္ႏွာျပင္တြင္ ေသြးအေငြ႕အသက္ျဖင့္ အနည္းငယ္ နီရဲေနသည္။ မိုဝူက်ိ၏ စိတ္စြမ္းအားက ထိုမ်က္ႏွာျပင္သို႔ က်ေရာက္လာသည့္အခါ အသက္ဓာတ္ သဘာဝ႐ိုင္း စြမ္းအားတို႔က အေျပးအလႊား ေရာက္လာသည္။
မိုဝူက်ိက ခ်က္ခ်င္းဆိုသလို သူ႔စိတ္စြမ္းအားကို ျပန္႐ုတ္သိမ္းကာ ေဆးလုံးေအာက္ေျခကို ၾကည့္လိုက္၏။
ေဆးလုံးေအာက္တြင္ ေက်ာက္အဂၤေတတစ္ခု ရွိေနၿပီး ေဘးတြင္ အ႐ိုးစုမ်ားစြာလည္း ရွိေနသည္။ တခ်ိဳ႕လက္စြပ္မ်ားက အ႐ိုးပုံေအာက္ ေရာက္ရွိေနၾကသည္။
အ႐ိုးတစ္ခုခ်င္းစီက အားေကာင္းသည့္ အေငြ႕အသက္တို႔ကို ေပးစြမ္းေနေသာေၾကာင့္ မိုဝူက်ိအေနႏွင့္ ေသလူမ်ားကို မသိေသာ္လည္း သူတို႔အသက္ရွိစဥ္အခါက ထိပ္တန္း ပါရမီရွင္မ်ား ျဖစ္ႏိုင္ေၾကာင္း မွန္းဆမိလိုက္သည္။
သူက ေလာ့က်မ္းစာ႐ြက္ႏွင့္ ပညာရွိတာအိုအေဆာင္တို႔ျဖင့္ အကာအကြယ္ယူထားၿပီး သူ႔ခ်ီေသြးေၾကာ ၁၀၈ ခုလုံးမွာ အင္ေမာ္တယ္ ေမာ္တယ္က်င့္စဥ္ကို လွည့္ပတ္ေနႏိုင္ျခင္းကို ေက်းဇူးတင္ရေပမည္။ ဤေက်ာက္အဂၤေတက စိတ္စြမ္းအားမ်ားကို စုပ္ယူႏိုင္စြမ္း ရွိဟန္ ေပၚေပ၏။ သို႔ေသာ္လည္း သူ႔အေပၚတြင္ သက္ေရာက္မႈ နည္းပါးေပသည္။ အနည္းဆုံးေတာ့ သူ မေတာင့္ခံႏိုင္သည့္အရာ မဟုတ္ေခ်။
ေနာက္ထပ္တစ္ေၾကာ့ျပန္ စစ္ေဆးၿပီးသြားေနာက္ မိုဝူက်ိက အစီအရင္အလံမ်ားကို ပစ္လႊတ္ကာ မည္သည့္အရာမွ မရွိေၾကာင္း အတည္ျပဳလိုက္သည္။
အသက္ဓာတ္ ျပည့္ဝေနသည့္ ထိုေဆးလုံးႀကီးက ေသခ်ာေပါက္ အဖိုးတန္ ရတနာသာ ျဖစ္ရမည္။ ထို႔ေၾကာင့္ သူက ယူသြားရမည္။ တြယ္ဆက္ထားေသာ ေက်ာက္အဂၤေတႏွင့္ စိတ္စြမ္းအား စုပ္ယူႏိုင္ျခင္းမွာ ႐ိုးရွင္းျခင္းေတာ့ မဟုတ္ေပ။
" မင္းက မ႐ိုးရွင္းဘူးပဲ။ မင္းဆီမွာ ကမာၻဦး စိတ္ဝိညာဥ္လည္း မရွိသလို ဝိညာဥ္ေၾကာလည္း မရွိဘူး။ မင္းက ဒီအထိေတာင္ ေရာက္လာေသးတယ္" အ႐ိုးတြင္းေဖာက္လုမတတ္ ေအးစက္စက္ အသံတစ္သံ ထြက္ေပၚလာ၏။ သို႔ေသာ္ မိုဝူက်ိကို အံ့အားသင့္သြားေစသည္က ထိုအသံသည္ ေက်ာက္အဂၤေတမွ ထြက္လာျခင္း ျဖစ္ေနသည္။
" ခင္ဗ်ားက ဘယ္သူလဲ " သူက ထိုအႏၲရာယ္ကို ထည့္မတြက္ႏိုင္ေတာ့ဘဲ လက္တစ္ခ်က္အေဝွ႔ျဖင့္ ခြန္းဝူဓားက သူ႔လက္အတြင္းသို႔ ေရာက္ရွိလာသည္။
"ခြန္းဝူဓားလား " အသံပိုင္ရွင္က ပို၍ စိတ္လႈပ္ရွားလာေသာ္လည္း ထိုစိတ္လႈပ္ရွားမႈမွာ သိပ္၍ မၾကာျမင့္လိုက္ေပ။ သူက ထပ္ေျပာလိုက္ျပန္၏ " ေကာင္ေလး ... ခြန္းဝူဓားကို ခ်ၿပီး ဒီေနရာကို ၄၉ ႀကိမ္ ဂါရဝျပဳလိုက္ ... အဲဆို မင္းအသက္ကို ခ်မ္းသာေပးမယ္ "