ရှမ်းအိုးစည် နှင့် မန္တလေးသား...

By suikasan1001

840K 63.1K 4K

စဝ်နောင့်ခွန်း :: ကောင်လေး~~~ ဒီချယ်ရီပန်းခက်လေးနဲ့အတူ ကိုယ့်အချစ်တွေပါ မင်းအတွက်ထည့်ပေးလိုက်တယ် ခွန်းစေကိုး... More

POV
Part - 1
Part - 2
Part - 3
Part - 4
ချလွင်ချလွင်လေးများနဲ့ ရှမ်းရိုးရာဝတ်စုံများ
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Mandalay Places
Part - 24
Sunday Bonus
Final
Extra (Uni)
New
Mini Story
Extra - 2
Places & Food
တောင်ကြီးမီးပုံးပျံပွဲ
Fullmoon Day🌕🌕
Foods
Book Instock 📌
📌 Attention Please📌
အချပ်ပို ( ၁ )
အချပ်ပို ( ၂)
အချပ်ပို ( ၃ )
အချပ်ပို (၄)
အချပ်ပို ( ၅ )
အချပ်ပို (၆)
အချပ်ပို (၇) ဇာတ်သိမ်းပိုင်း
နှုတ်ဆက်စကား နှင့် ကြေညာချက်တခု
Attention Please 📌

Extra (Zg)

6.4K 401 43
By suikasan1001

"စေကိုး ထတော့ လေယာဉ်စိုက်တော့မယ် "

"အွန်း ရောက်ပြီလား "

"မရောက်သေးဘူး စေကိုး "

"ဟာဗျာ အဲ့တာကို ဘာလို့ လာနှိုးနေတာလဲ"

"စေကိုးပဲ လေယာဉ်ပေါ်ကနေ ပင်လယ်ကိုကြည့်ချင်တယ်ဆို
အောက်မှာ ပက်လယ်ပြာပြာကြီးကို မြင်နေရပြီဗျ"

"ဟင် ဟုတ်လား ဘယ်မှာလည်း "

လေယာဉ် ပြတင်းပေါက်ဘက်မှာ ထိုင်နေတဲ့ နောင့်ခွန်းကို ကျော်ခွပြီးတော့ ပြတင်းပေါက်ကနေ ပင်လယ်ပြာကြီးကို လှမ်းငေးကြည့်ပြီး သဘောတေကျနေတဲ့ ‌စေကိုးရဲ့ မျက်နှာနုနုလေးက နောင့်ခွန်းရဲ့ မျက်နှာရှေ့တည့်တည့်မှာမို့ ပါးဖောင်းဖောင်းလေးကို အသည်းယားစွာ နှာတံချွန်ချွန်လေး နစ်ဝင်သွားတဲ့အထိ နမ်းပစ်လိုက်သည်။

"ဟာဗျာ ခင်ဗျားကြီး လူကိုအသားယူပြန်ပြီ"

"မောင့်အမျိုးသားလေး က ချစ်ဖို့ကောင်းနေတာကိုးဗျ
မောင်ကဘယ်လိုလုပ် စိတ်ထိန်းနိုင်မလဲ"

"ခင်ဗျား တော်တော် စကားတတ်"

စေကိုး မျက်နှာက ပြုံးယောင်ယောင်လေး ပြန်ပြောလာသည်မို့
နောင့်ခွန်းကို စိတ်မကောက်တာ သေချာပြီမို့ နောက်တခေါက် ထပ်‌နမ်းဖို့ အနားကပ်လိုက်ပေမဲ့

လေယာဉ်မယ်လေးရဲ့ လေယာဉ်ဆင်းသက်တော့မှာမို့ ထိုင်ခုံခါးပတ်တွေ သေချာပတ်ထားဖို့ သတိပေးတဲ့ အသံထွက်ပေါ်လာတာကြောင့် စေကိုးကလည်း သူ့ထိုင်ခုံဆီ သူနောက်ပြန်ဆုတ်သွားတာမို့
နောင့်ခွန်းကပဲ လက်လျှော့လိုက်ရတော့သည်။

အခုက နောင့်ခွန်းတို့ရဲ့ မင်္ဂလာဦး ဟန်နီးမွန်းအဖြစ်
စေကိုး အရမ်းသွားချင်နေခဲ့တဲ့ Maldives ကို ဟန်နီးမွန်းခရီးစဉ်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဒီကောင်လေး ဘယ်လောက်တောင် ပျော်နေလဲဆို လေယာဉ် 2 ခါလောက် ပြောင်းစီးလာရတာကို မပင်မပန်း ပြုံးပျော်နေတာကသက်သေပင် နောင့်ခွန်း ကိုယ်ပိုင် လေယာဉ်နဲ့သွားမယ်ဆိုတာကို လက်မခံပဲ ခရီးကို ပေါ့ပေါ့ပါးပါးလေးပဲ သွားချင်သည်ဆိုလာသည်မို့ လေယာဉ်လက်မှတ်တွေ တည်းဖို့ဟိုတယ်တွေ အကုန်စုံစမ်းခါ စေကိုးလေး စိတ်တိုင်းကျဖြစ်စေဖို့ နောင့်ခွန်း အကုန်စီစဉ်ရတော့သည်။

Maldives ကို သွားမည်ဆိုတည်းက စေကိုးလေးအပျော်တွေလွန်ပြီး အစားတောင် သေချာမစားတာမို့ နောင့်ခွန်းမှာ အစားအသောက်ကအစ သေချာဂရုစိုက်ပြီး ကျွေးရသည်။
အလုပ်တွေလက်စသတ်ပြီး လွှဲသင့်တာတွေ လွှဲနေရသည်မို့မင်္ဂလာပွဲအပြီး တပတ်လောက်နေမှ ဟန်းနီးမွန်းထွက်ဖြစ်တော့သည်။

Maldives ရောက်ရင် ဝတ်ဖို့ ဆိုပြီး ကမ်းခြေအဝတ်အစားတွေကို စိတ်တိုင်းကျ ဝယ်နေတဲ့ စေကိုး ကိုလည်း နောင့်ခွန်း မနိုင်ပါ သူတင်ဝယ်သည်မဟုတ်ပဲ နောင့်ခွန်းအတွက်ဆိုခါ ကမ်းခြေအင်္ကျီ အကြောင်အကျားကြီးတွေ ဝယ်လာတာမို့ နောင့်ခွန်း ဝတ်နေမကျတော့
မဝတ်ရဲကြောင်းပြောလိုက်တာကို စိတ်ကောက်သွားလို့ မနည်းပြန်ချော့ထားရသေးသည်။

နောင့်ခွန်းတို့ Maldives မသွားခင် မေမေနဲ့ ဖေဖေကို အရင်ဝင်ကန်တော့ပြီးမှ ထွက်လာတာမို့ ပစ္စည်းထုပ်တွေ မနိုင်မနင်းသယ်ချင်နေတဲ့ စေကိုးကို ဖေဖေကတောင် မင်း အိမ်‌ပြောင်းတော့မို့လား ငဂျစ်ကောင် ဟုမေးယူရသည်အထိပင်။

မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဘန်ကောက်ကို တခါစီးရသည် ဘန်ကောက်ကနေမှ တဆင့် Maldives ကို လေကြောင်းလိုင်း ပြန်ချိန်းပေးသည်။

နောင့်ခွန်းမှာ စေကိုး ကို ရာသီဥတုအပြောင်းအလဲကြောင့် နေမကောင်းဖြစ်မည်စိုးရိမ်ရ လေယာဉ်မူးမှာတွေးပြီး စိုးရိမ်ရ
လေယာဉ် တဆင့်ပြီးတဆင့်ပြောင်းစီးရလို့ ပင်ပန်းမှာ စိုးရိမ်ရနဲ့ စိတ်မောလူမောတွေသာဖြစ်နေတာ စေကိုးကတော့ အေးဆေးပင်
ပျော်လို့ပါးလို့ ဒီလိုမြင်ရမှပဲ နောင့်ခွန်းရင်ထဲကအလုံးကြီးကျသွားသလိုပင်။

(A/N:: ဘာအလုံးလဲသိချင်ရင် ကိုယ့်ဘာသာ သွားမေးကြပါ)

Maldives ရဲ့ Male အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ဆင်းသက်လာပြီးတဲ့အချိန်မှာတော့ နောင့်ခွန်းဘေးက စေကိုးကတော့ တက်တက်ကြွကြွပဲ အရှေ့ကနေ ဆောင့်ကြွားဆောင့်ကြွားသွားနေနိုင်ပေမဲ့ နောင့်ခွန်းမှာတော့ Luggage အိတ်တွေကော ကျောပိုးအိတ်တွေကောနဲ့ ကိုးယို့ကားယား ဖြစ်နေရပါသည်။

Maldives က လေဆိပ်ကြီးထဲမှာ အဲကွန်းမသုံးပဲ သဘာဝလေထု အေးစိမ့်စိမ့်လေးကို ခံစားနိုင်အောင် လုပ်ပေးထားပေမဲ့ နောင့်ခွန်းကတော့ ချွေးပြိုက်ပြိုက်ကျနေရပါသည်။

ပင်ပန်းလားမေးရင်တော့ ပင်ပန်းပါသည် ဒါပေမဲ့ စေကိုး အခုလို ပျော်နေတာကို မြင်ရတာနဲ့တင် နောင့်ခွန်း ပင်ပန်းသမျှက ပင်ပန်းရကျိုးနပ်ပါပြီ။

နောင့်ခွန်း တနှစ်လောက် ဆေးရုံမှာလဲနေတဲ့အချိန် ဒီကောင်လေးရဲ့ယုံကြည်မှုနဲ့စောင့်နေခဲ့တဲ့အချိန်တွေ အတွက် နောင့်ခွန်း ပြန်‌ပေးဆပ်ချင်သည် ပြန်လုပ်ပေးချင်သည်။

"မောင် မြန်မြန်လာလေဗျာ ကျွန်တော် ကမ်းခြေကို မြန်မြန်သွားကြည့်ချင်နေပြီ"

"မောင်လာနေပါတယ် စေကိုးရဲ့ မောင့်လက်ထဲကိုလည်း ကြည့်ဦးလေ"

ခွန်း မောင်ပြောမှ သတိရကာ မောင့်ကို လှည့်ကြည့်မိတော့ အထုတ်အပိုးတွေအပြည့်‌နဲ့ ချွေးသီးသီးထွက်နေတဲ့မောင့်ကိုကြည့်ပြီး သနားသွားရသည်။

"မောင် က လည်းဗျာ ကျွန်တော့်ကို မပြောဘူး ပေးပေး ကျွန်တော် ဆွဲကူမယ် "

"ရတယ် ရတယ် စေကိုး မောင် ဟိုတယ်က လာကြိုမယ့်ကားကို ဖုန်းဆက်ထားပြီ လေဆိပ်အပြင်မှာရောက်နေပြီတဲ့ မောင်ပဲ ဆွဲခဲ့လိုက်တော့မယ် ရတယ်"

ခွန်း မောင့်ကို တကယ်အံ့ဩသွားရသည် လေဆိပ်ကို ဆိုက်ပါပြီဆိုတည်းက Ph Simcard လဲတာအစ တန်းစီတာကော Luggage ရွေးတာကော အားလုံးမောင်တယောက်တည်း လုပ်သွားတာ
ခွန်းက ကင်မရာလေးလွယ်ပြီး ဟိုရိုက်ဒီရိုက် လုပ်နေတဲ့အချိန် မောင်က အထုတ်အပိုးအပြည့်နဲ့ကို ဟိုတယ်ကိုပါရအောင်ဖုန်းဆက်ပြီးပြီတဲ့လေ ‌ခွန်းရဲ့ မောင်က တကယ် အတော်ဆုံးပါပဲ

"စေကိုး ဟိုမှာ ...ဟိုမှာ မောင်တို့ကို လာကြိုတဲ့ကား အဲ့ကားနံပတ်ပဲ သွား သွား မောင် ပစ္စည်းတွေ တင်ဖို့ ပြောလိုက်ဦးမယ်"

"ဟုတ်.. မောင်"

စေကိုး ကားတဲ့အဆင်သင့်ဝင်ထိုင်ရန် လာကြိုတဲ့သူက ကားတံခါးဖွင့်ပေးသည်မို့ နောင့်ခွန်းလည်း အထုတ်တွေ တင်ကူဖို့ ကားသမားကိုပြောပြီး စေကိုး ဘေးမှာဝင်ထိုင်လိုက်သည်။

"ဟီးးး မောင် မောသွားပြီလား"

"မမောပါဘူးဗျာ မောင့်အမျိုးသားလေး
အတွက်ပဲ"

"ဟွန့် လူလိင် ဒီလောက်အထုတ်တွေအများကြီး ဆွဲလာတာကို.."

"ဟင်းး မောင့်အမျိုးသားလေးက ဘာလုပ်ပေးမလဲဗျ ..အဲ့တာဆို
မောင်..မောနေပြီ ဆိုရင်လေ"

"အွန်း.. ရွှတ်"

"ပါးပဲ လား မောင့်နှုတ်ခမ်းကိုကော
မနမ်းချင်ဘူးလား"

"ခင်ဗျားကြီးနော် ပိုမလာနဲ့ ကားပေါ်မှာ
ဟာကြီးကို "

"အဲ့တာဆို ဟိုတယ်ရောက်ရင်တော့
ရတယ်ပေါ့"

"မောင်နော်"

ကားသမားက ခွန်းတို့ပြောနေတာကို နားမ‌လည်ပေမဲ့ သူကပါ လိုက်ရီနေသည်။

ခွန်းတို့ မြန်မာမှာသာ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေကြတာ သူတို့ဆီမှာက
ဒါမျိုးတွေက မထူးဆန်းတော့ပေလေ။

ခွန်းလည်း မောင့်ကို စိတ်ကောက်ချင်
ယောင်ဆောင်ကာ
ကားမှန်ပြတင်းက တဆင့်ဝင်လာသော ပင်လယ်လေအေးအေးလေးကို ခံစားကာ ရှုခင်းတွေကိုသာ ငေးကြည့်နေလိုက်တော့သည်။

ဟိုတယ်ရောက်တော့လည်း နောင့်ခွန်းကို
မစောင့်ပဲ ဘောက်ဆက်ဆက်နဲ့ ဆင်းသွားတဲ့ ကောင်လေးကြောင့် နောင့်ခွန်း ကို တကယ်စိတ်ကောက်သွားသည်ထင်သည်။

နောင့်ခွန်း မှာ ကားပေါ်က ပစ္စည်းတွေကို အခန်းထဲလာပို့ပေးဖို့ ဟိုတယ်က ကောင်လေးတယောက်ကိုမှာကာဟိုတယ် ထဲဝင်သွားတဲ့ စေကိုးနောက်ကို အမြန်လိုက်ရသည်။

ကိုယ်တော်ချောက နောင့်ခွန်းကို ဟိုတယ်ရဲ့ Hall လိုနေရာမျိုးမှာထိုင်စောင့်နေသည်မို့
နောင့်ခွန်းလည်း Reception မှာ လိုအပ်တဲ့အချက်အလက်တွေဖြည့်စွက်ကာ ဘိုကင်လုပ်ထားတဲ့ဘန်ဂလိုရဲ့ သော့ကို တောင်းကာ
စေကိုး ဆီကို လျှောက်လာလိုက်သည်။

"စေကိုး မောင်.. သော့ တောင်းလာပြီ
မောင်က ဘန်ဂလိုပဲ မှာထားတယ် စေကိုး အဆင်ပြေလား"

"အင်း"

"ဟာ မောင့်ကို စိတ်ကောက်နေတာလား
မောင့်အမျိုးသားလေးက ညနေကျရင် Sea Food တွေ ပို့ပေးဖို့ မောင်က မှာထားတာ

အခုကျ မောင့်အမျိုးသားလေးက စိတ်ကောက်နေခါကျ မောင် Cancel လုပ်လိုက်ရတော့မှာလား မသိပါဘူးကွာ"

"မောင် သွားနားမယ်ဆို မောင့်ရဲ့ စေကိုးလေးကလေ အရမ်းပင်ပန်းနေပြီဗျ သွားနားမယ်နော် မောင် လာ လာ မောင်ကအကောင်းဆုံးပဲ "

ဒီကောင်လေးကို အစားအသောက်မျှားပြီး ချော့လိုက်ခါကျ ချက်ချင်းကြီး ပြောင်းလဲသွားတဲ့ စေကိုးပါပင်
နောင့်ခွန်းရဲ့ အသည်းနှလုံးလေးကလေ ဘယ်လိုနေနေကို ချစ်ဖို့ကောင်းနေတော့တာပဲ

ဟိုတယ်က ကောင်လေး တယောက်က နောင့်ခွန်းတို့နေရမဲ့ နေရာကို လိုက်ပို့ပေးသည်။

ရေပေါ်မှာ ဆောက်ထားတဲ့ ဘန်ဂလိုအစီအရီ လေးတွေကို တံတားလေးနဲ့ တွယ်ဆက်ပေးထားသည်မှာ အတော်ကြည့်ကောင်းသည်။
ပင်လယ်ရေ မျက်နှာပြင်အထက် 4ပေ 11 လက်မသာ မြင့်သော
Maldives ကမ်းခြေက ဖုန်းတွေ တီဗီတွေ စာအုပ်တွေထဲမှာ မြင်ခဲ့ရတုန်းက ထက် ကို
ပိုပြီးလှပလွန်းပါသည်။
ပင်လယ်လေထု အေးအေးမြမြလေးတွေကြောင့် စိတ်ကပိုပြီး ကြည်လာရသည်။

နောင့်ခွန်း တို့ နေရမဲ့ ဘန်ဂလိုလေးက နည်းနည်း အစွန်ကျသည်မို့ ပိုပြီး တိုက်ဆိတ်သည် လှိုင်းပုတ်သံနှင့် လေတိုးသံလေးတွေသာ ကြားရသည်။

"စေကိုး ခဏနားလိုက်ဦးလေ မနေ့က
ထွက်လာတည်းက အိပ်တာလည်း မဟုတ်ဘူး ဒီရောက်ခါနီးမှ လေယာဉ်ပေါ်မှာ ခဏလေး အိပ်တာပဲ ရှိတာကို အခုအိပ်လိုက်ပါလား
စေကိုး"

"ဟုတ်ကဲ့ပါ မောင်ရယ် မေမေ့အတိုင်းပဲ
မောင်လည်း ပွစိပွစိပြောတတ်လာပြီ"

"မောင့်စေကိုး ကို ပင်ပန်းမှာဆိုးလို့ပါကွာ မောင်က..."

"သိပါတယ်ဗျာ မောင်က ကျွန်တော့်ကိုသာ ပြောနေတာ မောင်ကော နားဦးလေ"

"အွန်း မောင် လည်း ပင်ပန်းနေလို့ နားတော့မှာ ရေအရင်ချိုးရမလား စဉ်းစားနေတာ"

"မချိုးပါနဲ့တော့ မောင်ရယ် အိပ်ယာနိုးမှ
ရေသွားကူးကြမယ်လေ လာအခုတော့
အိပ်တော့ "

"ဒေါက် ဒေါက် ဒေါက်"

ခွန်း စကားပြောနေတုန်း တံခါး လာခေါက်သံကြောင့် မောင် သွားဖွင့်လိုက်တော့ ခွန်းတို့ရဲ့ အိတ်တွေလာပို့ပေးတဲ့ ဟိုတယ်က ဝန်ထမ်းလေးနှစ်ယောက်ပင် မောင်က ကျေးဇူးတင်ကြောင်းပြောပြီး ဦးညွှတ်ပြပြီးပြောလိုက်တော့ သူတို့က မောက့်လက်ထဲကို စာရွက်တရွက်ပေးသွားပြီး ပြန်သွားကြသည်။

ခွန်းရဲ့မောင်ကလေ အဲ့လို လူတိုင်းအပေါ် Respect ထားသည် ။အဆင့်အတန်းခွဲခြားတာမျိုးလည်း မောင့်ဆီမှာ ခွန်းမတွေ့ခဲ့ဖူးပါ။
ခွန်းလည်း ကုတင်ပေါ်သို့တက်ပြီး ပစ်လှဲအိပ်ပစ်လိုက်ပြီး ပြန်ဝင်လာတဲ့မောင့်ကို ကြည့်ကာ

"မောင်ရယ် အဲ့အဝတ်တွေ အိပ်ယာနိုးမှ နေရာချပါဗျာ ကျွန်တော်တို့အေးဆေးနေမှာပဲဟာကို လာပါဗျာ ဒီမှာလာအိပ်"

ခွန်း ဘေးက နေရာကို လက်နဲ့ပုတ်ပြကာ မောင့်ကို တူတူလာအိပ်ဖို့ ခေါ်လိုက်သည်။

"အင်း အဲ့တာဆို အိပ်ယာနိုးမှ အဝတ်တွေထည့်တော့မယ် မောင်လည်း အိပ်တော့မယ်"

နောင့်ခွန်းလည်း ကုတင်ပေါ်က စေကိုးဘေးကနေရာလေးကို ဝင်လှဲလိုက်ပြီး စေကိုး ကို ရင်ခွင်ထဲဆွဲထည့်လိုက်သည်။

"မောင်ရာ ပင်ပန်းပါတယ်ဆို သက်သောင့်သက်သာနားပါဗျ
ကျွန်တော့်ခန္ဓာကိုယ်ကြီး ပွေ့ထားတော့ မောင် အဆင်မပြေဖြစ်နေမှာပေါ့ဗျ"

"ဟင့်အင်း နည်းနည်းလေးမှမဖြစ်ဘူး မောင့်အမျိုးသား လေးကိုဖြစ်နိုင်ရင်လေ မောင်က တချိန်လုံးပွေ့ချီထားချင်တာဗျ မောင့်အတွက်ကလေ စေကိုးကိုဖက်ထားရတဲ့အချိန်က တကယ် စိတ်အသက်သာရဆုံးအချိန်တွေပဲ အဲ့တာမို့ မောင့်ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးအိပ်တော့နော်"

"ဟုတ် မောင်ပင်ပန်းမှာဆိုးလို့ပါ
ကျွန်တော်က"

"မောင့်ကို အာ့ဆို မပင်ပန်းအောင်လုပ်ပေးလေစောနက ကားပေါ်မှာမို့ဆို အခုက အခန်းထဲမှာ မောင်နဲ့စေကိုး နှစ်ယောက်တည်း ရှိတာကို"

"မောင်.. မောင်နော် ဘာတွေလာပြောနေမှန်းမသိဘူး"

စေကိုးနားရွက်ဖျားလေးတွေ ရဲတက်လာ‌တာကြောင့် ဒီကောင်လေးရှက်သွားပြီမှန်း
နောင့်ခွန်းသိလိုက်သည်။

"ဘာတွေ တွေးနေတာလဲ စေကိုးရဲ့ မောင်က မောင့်ကို မနမ်းချင်ဘူးလားပြောတာကို ဟားးး ဟားးး "

"မောင်နော် လာစမနေနဲ့ မရီနဲ့လို့ "

ခွန်း မောင့်နှုတ်ခမ်းတွေကို လက်ညိုးလေးတချောင်းထောင်ကာ တားမြစ်သလို ပိတ်မိတော့

"အာ့ မောင်ဘာလို့ ကိုက်တာလဲ
မောင့်သားတွေနဲ့ နေတာများသွားလို့ မောင်ပါခွေးစိတ်ပေါက်သွားတာလား"

"ဟားးး ဟားးးး မဟုတ်ပါဘူး စေကိုးရယ် မောင်အူယားလို့ပါ"

"တော်ပြီ အိပ်တော့ ဒါနဲ့ကို အိပ်ရတော့မှာမဟုတ်ဘူး"

"အဲ့တာဆို မောင့်ကို နမ်းလေ"

"မောင် ရာ ခင်ဗျားက တကယ် ကလေးဆိုးကြီးပဲ"

"အဲ့တာဆို စေကိုးက မောင့်ကို မချစ်ဘူးလားပြော"

စိတ်ကောက်နေတဲ့လေသံမျိုးနဲ့ပြောလာတဲ့ မောင်ကြောင့်
ခွန်းမှာ တကယ် ရီရခက် ငိုရခက် တကယ်ချစ်စရာကြီးဗျာ မောင်ကလေ

"ပြွတ်စ် "

"ရပြီလား မောင်"

"ဟီးးး ရပြီ စေကိုးလည်း အိပ်တော့"

မျက်ဝန်းညိုညိုတွေ ပိတ်ကျသွားသည်အထိ ပြန်ပြုံးလာတဲ့ မောင်ကြောင့် ခွန်းမှာ ရင်ခုန်‌သံတေတောင် မြန်လာရသလိုမို့ မျက်လုံးတွေ မှိတ်ကာ မောင့်ရင်ခွင်ထဲ တိုးဝင်ပြီး အတင်းကြိတ်မှိတ်အိပ်ပစ်လိုက်ရသည်။

ခွန်းအိပ်ယာက နိုးတော့ ခွန်းဘေးကနေရာမှာ မောင်က ရှိမနေတော့ ပါ အိပ်မှုန်စုန်မွှား ဖြစ်နေတဲ့ မျက်လုံးနှစ်လုံးကို လက်နဲ့အသာအယာ ဖိပွတ်ရင်း မောင့်ကို အော်ခေါ်လိုက်သည်။

"မောင်... မောင်ရေ "

"အာ စေကိုး နိုးပြီလား "

ကုတင်ခြေရင်းနားကကြမ်းပြင်မှာ ထိုင်နေတဲ့ မောင်ကပြန်ထူးလာတော့

"မောင် ဘာထိုင်လုပ်နေတာလဲ "

"မောင် အဝတ်တွေ စီထည့်ပြီး ပစ္စည်းအိတ်တွေနေရာချနေတာ"

"ဟာဗျာ မောင်ကလည်း ကျွန်တော်နိုးလာမှ အတူတူလုပ်လည်းရတာပဲဟာကို"

"ကဲ အခု မောင်ကထည့်ပြီးသွားပြီလေ မောင်လုပ်ပေးချင်လို့ပါ
အခု စေကိုး အိပ်ယာနိုးပြီးဆိုတော့ ရေသွားချိုးမလား ရေသွားကူးမလား"

"မောင်ကော ရေချိုးပြီးသွားပြီလား "

"ဟင့်အင်း စေကိုး ကို စောင့်နေတာ "

"အဲ့တာဆို ကျွန်တော် တို့ ရေချိုးမှာလား ရေကူးမှာလား"

"ခဏလေးနော် စေကိုး"

မောင့်ကသူ့လက်က နာရီကို ငုံ့ကြည့်ကာ
ဘန်ဂလိုရဲ့အပြင်ကို ထွက်ကြည့်ပြီး ပြန်ဝင်လာသည်။

"ဘာလုပ်နေတာလဲ မောင်"

"အခုက ညနေ လေးနာရီထိုးနေပြီ အပြင်မှာလည်း နေမပူတော့ဘူး
စေကိုး ရေကူးချင်တယ်ဆို ဘန်ဂလိုတွေရှေ့နားမှာ လုပ်ပေးထားတဲ့ ရေကူးကန်မှာ သွားကူးမယ်လေ"

"ဟွန့် ကျွန်တော်က ကမ်းစပ်မှာ သွားကူးချင်တာ "

"အဲ့တာက မနက်ဖြန်မှ ကူးပါမောင် လိုက်ပို့ပေးမယ် ဒီနေ့တော့ ဘန်ဂလိုရှေ့နားက ကန်မှာပဲ ကူးလိုက်တော့နော် ပြီးတော့ စေကိုး ဗိုက်ဆာနေပြီလား နေ့လည်စာလည်းမစားပဲ အိပ်သွားတာဆိုတော့ မောင် မှာထားတဲ့ Seafood ဗန်း လာပို့ခိုင်းလိုက်မယ် "

မောင်ကလေ တယောက်တည်းတွေမေး တယောက်တည်းဖြေသွားတာဆိုပေမဲ့ မောင်ပြောသမျှ စကားတွေအားလုံးက ခွန်းကို ဂရုစိုက်ပြီးလုပ်ပေးနေသည့် ဟာတွေမို့ ခွန်း စိတ်ထဲ ကြည်နူးမှုလေးတော့ဖြစ်သား

"ဟုတ်ပါပြီ မောင်ရယ် အဲ့တာဆိုလည်း ရေကူးမယ် မြန်မြန်လုပ်ဗျာကျွန်တော် ရေဆော့ချင်နေပြီ "

"ဟုတ်ကဲ့ပါဗျာ"

ဘန်ဂလိုတွေက ရေပေါ်မှာ ဆောက်ထားတာဆိုပေမဲ့ ရေကူးကန်ကိုကျ ဘန်ဂလိုတိုင်းရဲ့ရှေ့နားလေးမှာ ရေအောက်ကြမ်းပြင်နဲ့မထိစေပဲ ကန်အသေးလေးတွေပုံစံနဲ့ ပြန်လုပ်ပေးထားသည်။

ခွန်တို့ ဘန်ဂလိုက နည်းနည်းအစွန်ကျတာမို့ ပင်လယ်ပြင်ကျယ်ကြီးကိုလည်း သေချာမြင်ရသည်။ရေကူးကန်လေးက သေးတယ်ဆိုပေမဲ့ ခွန်းနဲ့မောင် နှစ်ယောက်လုံးအေးဆေးကူးလို့ရတဲ့အကျယ်အဝန်းတော့ရှိပါသည်။

ခွန်းတို့ ရေကူးနေစဉ် မောင်မှာပေးထားသော Seafood ဗန်းကလာပို့ပေးသည် ခွန်းအတွက် အစားအသောက်သည်သာ ပထမဖြစ်သည်မို့ ရေကူးနေရင်းမှ ကန်ဘောင်ပေါ်တွင် တက်ထိုင်ကာ မောင်မှာထားပေးသော Seafood တေကို အားနာပါးနာနှင့် ထိုင်စားနေလိုက်သည်။

"မောင် စားဦးမလား"

နောင့်ခွန်းကို စားဦးမလားသာမေးနေတာ ဗန်းထဲဝင်မထိုင်ရုံတမယ် အားရပါးရစားနေတဲ့ စေကိုးက နောင့်ခွန်းကို မကောင်းတတ်လို့
မေးရသည့်ပုံပင်

"အင်း စားမယ်လေ"

"တကယ် စားမှာလား မောင်"

မျက်နှာက မသိရင် သူ့ဆီက နောင့်ခွန်းကပဲ နယ်မြေလုစစ်ပွဲဆင်နွှဲတော့မည်ကို ကြောက်ရွံ့နေသည့်ပုံမျိုးနဲ့

"ဟားးး ဟားးး စေကိုး ရာ ကိုယ့်ဘာသာ
ဝအောင်စားပါ မောင် မစားပါဘူး ရုပ်ကလည်း ငိုတော့မဲ့အတိုင်းပဲ"

"ဟွန့် ဘာဖြစ်လဲ အဲ့တာဆို မောင့်ဘာသာမစားတာနော် ကျွန်တော်ကျွေးတယ်"

"ဟုတ်ပါတယ်ဗျာ ကျွန်တော်မျိုးကြီး
စဝ်နောင့်ခွန်း က မစားတာပါဗျာ"

"ဟီးးး "

နောင့်ခွန်းပြောသည်ကို သဘောကျတဲ့ပုံနဲ့ မျက်ဝန်းကြည်ကြည်နက်နက်လေးတွေ မှိတ်ကျသွားသည်အထိ ပြုံးပြလာသည်။

အခုဆိုရင် ခွန်းပုံစံက တကယ်ကို သာသာယာယာပဲ Seafood ကို အရသာခံစားလိုက် အအေးသောက်လိုက်
ရေကူးနေတဲ့ မောင့် Body ကြီးကို ငမ်းလိုက်
ပင်လယ်ပြင်ကြီးရဲ့အလှကို ခံစားလိုက် နဲ့ အေးဆေးပဲ

"စေကိုး လေစိမ်းတွေတိုက်နေတာ အထဲဝင်ရအောင် စေကိုး ဖျားလိမ့်မယ် ရေကူးတာလည်း ကြာနေပြီ ဝင်ရအောင်နော် အအေးမိပြီး ဖျားသွားရင် နောက်ရက်တွေ မလည်နိုင်ပဲ နေမယ်"

"ဟုတ် ခဏလေးပါမောင် တကယ်
ခဏလေးပဲ"

နောင့်ခွန်း လည်း စေကိုး ကို ပြောမနိုင်သည်မို့ လွှတ်ထားပြီး ထိုင်ကြည့်နေလိုက်သည်။
သူလုပ်ချင်တာလုပ်ရတော့ ရုပ်ကပြုံးဖြဲနေတာပင် စေကိုး စိတ်ချမ်းသာနေတာ မြင်ရရင် နောင့်ခွန်း ကျေနပ်ပါပြီ။

"မောင် ...မောင် ဟိုမှာကြည့် ...ဟိုမှာကြည့်
နေဝင်နေပြီဗျ "

နောင့်ခွန်းလည်း စေကိုး လက်ညိုးညွှန်ရာ လှမ်းကြည့်လိုက်တော့
တကယ်ကို နေဝင်နေခြင်းဖြစ်သည်။

"လာ စေကိုး မောင်နဲ့အတူ ထိုင်ကြည့်မယ် "

ရေကူးကန်ထဲက စေကိုးကို ကန်ဘောင်မှာ လာထိုင်ခိုင်းပြီး
နေဝင်ချိန်ကို တူတူကြည့်ဖို့ ခေါ်လိုက်တော့ နောင့်ခွန်းထိုင်နေတဲ့အနား ကူးလာပြီး လာထိုင်ကြည့်သည် နောင့်ခွန်း ပုခုံးထက်ကိုပါ ခေါင်းလေးမှီလာတဲ့ စေကိုးကြောင့် နောင့်ခွန်းကလည်း စေကိုးရဲ့ပုခုံးစွန်းလေးကို ပြန်လည်ဆုပ်ကိုင် ထွေးဖက်ထားလိုက်သည်။

"အရမ်းလှတာပဲနော် မောင်"

"အွန်း မောင်ကတော့ စေကိုးနဲ့အတူတူ ကြည့်ရလို့ ပိုလှတယ်ထင်တာပဲ"

နေဝင်ချိန်ကိုသာ ငေးကြည့်ရင်း တယောက်မျက်နှာ တယောက်မကြည့်ဖြစ်ပေမဲ့ နှစ်ဦးလုံးမျက်နှာမှာတော့ အပြုံးပန်းကိုယ်စီနဲ့ သဘောတကျ နှစ်ခြိုက်စွာ ပြုံးနေကြသည်ဆိုတာကတော့ သေချာပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

"မောင် နော် ဒီနေ့ ကမ်းခြေမှာ ရေသွားကူးမယ်လို့ မောင်ကိုယ်တိုင် ပြောထားတာလေ"

"အင်း ဟုတ်တယ်လေ ဒါပေမဲ့ မနေ့ကညနေက စေကိုး ရေထဲမှာ အကြာကြီးနေထားတာလေ အခုမနက်ပါ ထပ်ကူးရင် ဖျားလိမ့်မယ် မနက်ဖြန်မှသွားမယ်နော် စေကိုးကလိမ်မာပါတယ်"

"မလိမ်မာဘူးဗျာ မလိမ်မာဘူး ကျွန်တော် ကမ်းခြေမှာ ရေကူးချင်လို့ လာပါတယ်ဆိုမှ ကမ်းခြေလာပြီး ရေမကူးလို့ ကျွန်တော်က တရားထိုင်နေရမှာလား မရဘူးနော် သွားမှာပဲ"

"စေကိုး မောင့်စကားနားထောင်ကွာ"

"မောင်လည်း စေကိုး စကားနားထောင်ကွာ"

ခွန်းနဲ့မောင်ကြားက အခြေအနေကတင်းမာလာသည်မို့ ခွန်း ဒီနေ့ တကယ်ကို ကမ်းခြေမှာ ရေကူးချင်နေတာပါ အဲ့တာမို့ နောက်ဆုံး လက်နက်အကုန် ထုတ်သုံးရတော့မည်

ခွန်းမောင့်အနားသို့ တိုးသွားကာ မောင့်ရင်ခွင်ထဲဝင်ကာ မောင့်ခါးကို ဖက်လိုက်ပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ကာ မောင့်ကိုမော့ကြည့်ပြီး

"မောင် သိလား စေကိုးကလေ မောင်နဲ့အတူတူ ကမ်းခြေမှာ လက်ချင်းတွဲပြီး လမ်းလျှောက်ချင်တာ ‌သောင်စပ်မှာတက်လာတဲ့ လှိုင်းလုံးတွေကြား မောင်နဲ့အတူတူ ပြေးပြီးဆော့ချင်တာ မောင်နဲ့အတူတူလုပ်မယ်ဆိုပြီး စေကိုးလေးက တွေးထားခဲ့တာသိလား "

နောင့်ခွန်း ကို အပီအပြင်ကပ်ချွဲပြီး လာပြောနေတဲ့ စေကိုးကြောင့် နောက်ဆုံးတင်းမခံနိုင်သူ နောင့်ခွန်းကပဲ အလျှော့ပေးရတော့သည်။

"အင်း အဲ့တာဆို အကြာကြီးရေမဆော့ရဘူးနော် စေကိုးလေး ဖျားမှာစိုးရိမ်လို့ပါမောင်က "

"ဟီး စိတ်ချမောင် ခဏပဲ ဆော့မှာ တကယ် ခဏပဲ ပြွတ်စ် ဒါမှ စေကိုးရဲ့မောင်ကွ"

နောင့်ခွန်းဆီက သူလိုချင်တဲ့ခွင့်ပြုချက်လည်းရကော နောင့်ခွန်းနှုတ်ခမ်းပါးတွေကို နမ်းကာ ‌အဝတ်လဲဖို့ ပြေးထွက်သွားတဲ့ စေကိုးကို ကြည့်ရင်း နောင့်ခွန်းကတော့ မနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းကို အသာအယာသာ ခါယမ်းမိသည်။

စေကိုး ကမ်းစပ်က ထိုင်ခုံလေးမှာ ရေဆော့ရင်း မောလာသည်မို့ အုန်းရည်ထိုင်သောက်နေစဉ်

"Wowww "

"အဟွတ် အဟွတ်"

လူတွေအော်သံကြောင့် သောက်လက်စ အုန်းရည်လေးတောင် သီးသွားရသည်။
ဘာများဖြစ်တာလဲ ဆိုပြီး ပျိုမဒီတသိုက် အော်ဟစ်နေသော နေရာသို့ လှမ်းကြည့်လိုက်ရာ

"အဟွတ် ...အဟွတ် "

"ဒီလူကြီးတွေ့မယ် ငါနဲ့ စောနကပြောခါကျတော့ ကမ်းစပ်ကိုမသွားချင်ဘူးလေး ဘာလေးနဲ့ အခုကျ အင်္ကျီချွတ်နဲ့ ကမ်းစပ်မှာတောင်လမ်းလျှောက်နေလိုက်သေးတယ် "

ခွန်း ဟိုလူကြီးကို အားရပါးရကို မျက်စောင်းလှမ်းထိုးပစ်သည်။
ကမ်းစပ်ကနေ ခွန်းဆီသို့လာနေသော မောင့်ကို မိန်းကလေးတွေဝိုင်းငမ်းနေကြတာပင် မောင့် body တောင့်တောင့်ကြီးရယ် ဆံပင်ရှည်ကြီးကလည်း ရေစိုနေခါကျ အပေါ်ပိုင်း ဗလာကျင်းနဲ့မောင်ဟာ လုံးဝ sexy ကျနေတာပင် မောင့်ပုံစံက အနောက်တိုင်းသူတွေအကြိုက်ပုံစံလုံးဝကွက်တိဝင်သည်မို့ ဥရောပသူလေးတွေဆိုတာ မောင့်ကို အကြည့်ကိုမလွှဲပေ

"အမယ် မသိရင် သူ့ကိုယ်သူ Aquaman များ မှတ်နေလား မသိဘူး ဟွန့် ဒီလူကြီး သူ့ကိုကြည့်နေမှန်းသိလို့ သတ်သတ်မဲ့ Slow Motion နဲ့လျှောက်နေတာ ဟွန်း ငါစိတ်ရှည်နေတယ်နော်"

ခွန်းတယောက် အံတကြိတ်ကြိတ်နဲ့
ဖြစ်နေရသည်။ တွေ့မယ် ဒီလူကြီး...

"Daddy. ."

ခွန်း ပဲများနေတဲ့ဟိုလူကြီး ကို Daddy လို့ ခေါ်ချပလိုက်သည် ။
ထိုအခါ လူကြီးကို ငမ်းနေတဲ့ မဒီတွေ ဆီမှ
ပိုပြီးတောင် အသံတွေ ထွတ်လာသေးတယ်

"Woww. ..Amazing.. So cute.. "

နောင့်ခွန်း ကို လူကြားထဲ Daddy လို့အော်ခေါ်တဲ့ ကောင်လေးဟာ သဝန်တိုနေပြန်ပြီထင်တယ် ။

"အဟက် "

နောင့်ခွန်း သဘောကျစွာနဲ့ ရယ်မိသွားသည်။

ကြည့်စမ်း ရယ်နေသေးတယ်ပေါ့လေ အေး တွေ့မယ် ခွန်းစေကိုး ဘာကောင်လဲ ခင်ဗျားကြီး ​သိစေရမယ်။

" အင့် "

နောင့်ခွန်း ဆီကို ရုတ်တရက်ကြီး ပြေးလာပြီး လူပေါ်ခုန်တက်လာတဲ့ စေကိုး ကြောင့် အမြန် ဖမ်းထိန်းလိုက်ရသည် ။

" Daddy... Babe က စောင့်နေတာကြာလှပြီကို မြန်မြန်မလာဘူး Daddy က "

ခုပုံစံက ဘယ်လိုလဲဆိုရင် စေကိုး ခြေထောက်သွယ်သွယ်များက နောင့်ခွန်း ကို ခွရက်သားနဲ့ ရှိနေပြီး လက်များက လည်တိုင်ကို တွယ်ဖက်ထားသည် ။ ထို့နောက် နား နားသို့ ကပ်ကာ Daddy လို့ အစချီပြီး ပြောလာတဲ့ စေကိုးကြောင့် ပြုတ်ကျမသွားစေရန် ဖမ်းထိန်းထားမိတဲ့ ခါးပေါ်မှ လက်တစုံက ပိုမိုတင်းကျပ်သွားရသည် ။

" အာ့ "

"စေကိုး ..အတော်အတင့်ရဲနေတယ်ပေါ့လေ ဟုတ်လား.."

" Daddy ..ကစပြီး ပဲများနေတာလေ"

" အဟက်.. မောင် က အလျော့ပေးထားတာကို
စေကိုး ဘက်က စလာမှတော့ အပြစ်မဆိုနဲ့တော့... "

နောင့်ခွန်း.....စေကိုးကို ချီလျက်သားနဲ့
ဘန်ဂလိုရှိရာကို ခြေဦးတည်လိုက်တယ် ။

ခွန်း မောင် ချီထားရာမှ အနောက်တိုင်းသူလေးတွေကို မျက်စောင်းလှမ်းထိုးပြီး အပြုံးကြီးကြီး ပြုံးပြလိုက်တယ် ။

ဟမ့် ...ဒါ ငါ့ယောကျာ်း ....

လူပေါ်မှ ကောင်လေး က ခုထိ ဂျိုသွေးလို့မပြီးသေးပေ မကြာခင် သူအစားခံရတော့မယ်ဆိုတာ လဲ အာရုံမရဘူး..။

ဘန်ဂလိုကို ပြန်ရောက်တာနဲ့ စေကိုး ကို
ကုတင်ပေါ်သို့ ချပေးလိုက်ပြီး နောင့်ခွန်း ပါ အပေါ်က အုပ်မိုးပစ်လိုက်သည် ။
ခုမှ သူ့အန္တရယ်ကို သိသွားတဲ့ ယုန်သူငယ်က
မျက်နှာချိုသွေးလာတယ်...

"မောင်..ဖယ်..ဖယ်ဦးလေဗျ အဝတ်တွေကစိုနေတာ လဲလိုက်ဦးမယ်လေ ဟဲဟဲ "

"မောင် မဟုတ်ပါဘူး ခုနက ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်.."

"အာ..အဲ့တာကလေ မ..မမှတ်မိတော့ဘူးရယ်
အဟဲ အပေါ်က ဖယ်ပေးနော်.မောင်.."

ခွန်း သတိထားမိတဲ့ချိန်မှာ သားရဲတွင်းထဲသို့ ခုန်ချမိပြီးဖြစ်နေလေပြီ...နဲနဲ တော့ ပြောကြည့်ရမှာပဲ လွတ်လို လွတ်ငှားပေါ့....

ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံ သုံးပြီး လွတ်ဖို့ကြိုးစားနေတဲ့ စေကိုး ကို တချက်စိုက်ကြည့်ပေးလိုက်တော့ မျက်လွှာလေးချပြီး ပါးစပ်ပိတ်သွားသည်။

ငြိမ်သက်သွားသူထံပါး ခေါင်းငုံချကာ လည်တိုင်ကို တဖွဖွနမ်းရင်း ခါးကို ပိုတိုးဖက်လိုက်တယ်...

"အင်းးး မောင် အရာထင်အောင် မလုပ်နဲ့နော်"

"Call Me Daddy. ..Babe "

ခွန်း ကို စိုက်ကြည့်ပြီး ပြောလာတဲ့
မျက်ဝန်းညိုညိုတွေကြောင့် ခေါင်းက အလိုလိုငြိမ့်ပြီးသဘောတူမိတယ်...

"Daddy.. "

ခွန်း ကို စကားဆုံးအောင် ပြောခွင့်မပေးတော့ပဲ နှုတ်ခမ်းပါးများကို ထိကပ်လာသည်...

Strawberry လို နီထွေးအိစက်တဲ့ နှုတ်ခမ်းများကို အပေါ်တလှည့် အောက်တလှည့်
ငုံထွေး နမ်းရှိုက်ရင်း ခန္ဓာကိုယ်ပေါ်မှ လက်ကျန်အဝတ်များကို ဖယ်ရှားလိုက်သည်

နှုတ်ခမ်းများမှ...လည်တိုင်သို့...တဖန်
လည်တိုင်မှ...ပန်းနုရောင်ပွင့်ချပ်များသို့
တဖြည်းဖြည်း နိမ့်ဆင်းလာမိတော့ .....

စေကိုး လက်ချောင်းများက နောင့်ခွန်း ဆံပင်ကို ထိုးဖွလာရင်း နှုတ်မှ မပီမသ ညည်းသံများထွတ်ကျလာသည်....

ပိုမိုရင်းနှီးရန် ကြိုးပမ်းမိချိန် ချစ်ရသူထံမှ
နာကျင်ကြောင်း အရိပ်အမြွတ် ပြလာသည်မို့
ခေတ္တရပ်နားကာ နှုတ်ခမ်းများကို ပြန်လည်နမ်းရှိုက်ရင်း အာရုံလွှဲမိသည်..

ခွန်း အနဲငယ် နာကျင်ပင်မဲ့ ချစ်ရသူနဲ့မို့
သည်းခံနိုင်ပါတယ်လေ.....

မျက်ဝန်းညိုတွေနဲ့ ခွန်း ရဲ့ ပျားရည်နွံလေး

"အင့် Daddy. .ဖြေးဖြေး.. အာ့"

"အင်းး Babe. .. "

တူနှစ်ကိုယ် ချစ်ခရီး အဆုံးသတ်ပြီးချိန်
မောပန်းစွာ အသက်ရှုနေတဲ့ နောင့်ခွန်းအမျိုးသားလေး နဖူးကို ကြင်နာစွာ နမ်းတော့
မျက်ဝန်းကြည်ကြည်လေးများကို မှိတ်ပြီး
ငြိမ်သက်ပေးသည်...

"မောင် ဖယ်တော့လေ ရေချိုးတော့မယ်"

"မောင် ချိုးပေးမယ်...."

စေကိုး ခန္ဓာကိုယ်လေး ကို အသာကောက်ပွေ့တော့ နောင့်ခွန်း လည်တိုင်သို့ လက်များက
တွယ်ဖက်လာတယ်...။

"အော် ပြီးတော့ ဒီနေ့ နားဖို့ မစဉ်းစားနဲ့တော့"

"အမ်...ခင်.ခင်ဗျားကြီး တော်စမ်း "

"No ...I'm Daddy today. .."

"အားးးး ကယ်ကြပါဦးးးး "

"အဟက် "

ထို့နောက် ရေချိုးခန်းဆီမှ အသံမျိုးစုံ
ထပ်မံ လွှင့်ပါးလာတယ်.......

----------------------------------------

မနက် အလင်းရောင်နှင့် နေရောင်ခြည် နွေးနွေးက ဖြန့်ကျက်လာလေပြီ။

နောင့်ခွန်း အိပ်ယာနိုးတော့ ရင်ခွင်ထဲမှ အကောင်ပေါက်လေးအိပ်ပျော်နေတာကို ချစ်မဝစွာ ငေးကြည့်နေမိသည်။

"ဝါးးးး အင့်"

နောင့်ခွန်းကြည့်နေရင်းမှ ရင်ခွင်ထဲကအကောင်ပေါက်က လွန့်လူးကာနိုးလာလေသည်။

"အင့် မောင် နိုးနေတာ ကြာပြီလား"

"ဟင့်အင်း မောင်လည်း စောနကမှ နိုးတာ
စေကိုး ထနိုင်လား ဒီနေ့ မြို့ထဲသွားလည်မှာဆို သွားနိုင်ပါ့မလား
နောက်ရက်မှ သွားမလား"

"မောင် ဘာတွေပြောနေတာလဲ ထနိုင်တယ်
ထနိုင်တယ်နော်"

"မောင် က စေကိုး ပင်ပန်းမှာဆိုးလို့ပါ"

"ရ.. ရတယ်.. ရတယ်လို့ သွား သွား ခင်ဗျားကြီး မျက်နှာသွားသစ်ချေ "

"စေကိုးနဲ့တူတူသစ်မယ်လေ ‌မောင်လုပ်ပေးမယ်လေ စေကိုးမနေ့ညက ပင်ပန်းထားတယ်မလား ဟင်.."

ခွန်း နား နားကပ်ကာ Deep Voice ကြီးနဲ့ လာပြောနေတဲ့ လူကြီးကြောင့် အမြန်ပြန်အော်ပစ်လိုက်တယ်...

"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ အဲ့တာပဲပြောနေတာ ရပါတယ်ဆို သွား "

ခွန်း မောင့်ရင်ခွင်ထဲမှာ ရုန်းထွက်ကာ မောင့်ကို တွန်းထုတ်ပစ်လိုက်သည်။

"ခုကျ ခင်ဗျား ဖြစ်သွားပြီလား..မနေ့ကတော့
Daddy ..ဆို "

နောင့်ခွန်းကို ကုတင်ပေါ်မှ အတင်းတွန်းထုတ်ကာ အရှက်သည်းနေတဲ့ စေကိုးက တကယ်ကို အူယားစရာလေး ဘာကောင်လေးမှန်းကိုမသိဘူး ။ ထပ်စမိတော့ စောင်ခေါင်းမြှီးခြုံပြီး
တဖက်သို့လှည့်သွားတယ် ..

"အဟက်.. "

ထပ်မစတော့ပဲ ရေချိုးခန်းသို့သာ ဦးတည်လိုက်သည်.. ကြာရင် တကယ်စိတ်ကောက်ပြီး
ပြသာနာတက်လာတော့မည်မို့...

မောင်ရေချိုးပြီးထွက်လာမှ ခွန်းလည်း ရေချိုးခန်းထဲသို့အမြန်ပြေးဝင်ခဲ့သည်။
မောင်က ခွန်းရှက်နေမှန်းသိလို့ လိုက်ပြီးစနေတာပဲ။ခွန်းရေချိုးပြီးထွက်လာတော့ မောင်က မနက်စာပြင်ပေးထားသည်
ခွန်းကြိုက်တတ်တဲ့ဟာတွေကို သေချာမှာပေးထားတာပင်

"စေကိုး အစားစားပြီးရင် ဆေးသောက်လိုက်‌ဦးနော်
အဲ့တာမှအဆင်ပြေမှာ မဟုတ်ရင် ...."

"မောင်...."

ခွန်း ရှက်ပါတယ်ဆိုမှ ဒါပဲလာပြောနေတဲ့
မောင့်ကို အော်ပစ်လိုက်တော့ အစားစားရင်းက ခွန်းကို ပြုံးစိစိနဲ့ထိုင်ကြည့်နေသည်။

"စေကိုး ရော့ ...ရေ ဒီမှာဆေး"

နောင့်ခွန်းကို ရှက်နေတဲ့ကောင်လေးက ဆေးတိုက်တာကို မကြည်တဲ့အကြည့်နဲ့ကြည့်သွားသေးသည်။

ဒီနေ့ နောင့်ခွန်းတို့ မော်ဒိုက်ရဲ့ မြို့တော်ဖြစ်တဲ့ male မြို့ကို အလည်ရောက်နေကြသည်။
စေကိုးကတော့ ကင်မရာလေးလည်ပင်းချိတ်ပြီး ဓာတ်ပုံတေရိုက်လိုက် အမှတ်တရပစ္စည်းတွေဝယ်လိုက် သူသဘောကျတဲ့ ထူးထူးဆန်းဆန်းလေးတွေ ဝယ်လိုက်နှင့် သာယာနေပေမဲ့ နောင့်ခွန်းကတော့ နောက်ကနေ စေကိုးဝယ်သမျှ အထုတ်လိုက်ဆွဲနေရသည်။

"မောင် ..မောနေပြီလား"

"မမောပါဘူး စေကိုး ပျော်တယ်မလား စေကိုးပျော်ရင်ရပြီ"

"ဟီးး ဟုတ် ပျော်တယ် အဲ့တာမို့ မောင့်ကိုချစ်တာ"

နောင့်ခွန်းကို အနားကပ်ကာ ရအောင်ချွဲသွားသေးသည်။သူစိတ်တိုင်းကျ လုပ်နေရတော့ ပျော်နေတာပင်။

"မောင်.. ဗိုက်ဆာပြီ "

"စေကိုး သွားချင်နေတဲ့ ရေအောက်ဆိုင်လေးမှာ သွားစားမလား
ကိုယ် ဟိုတယ်ကကောင်လေးဆီက လမ်းမေးပြီး လမ်းညွှန်မြေပုံလေးတောင်းလာတယ် "

"ဟုတ် ဟုတ် သွားမယ် ကျွန်တော် အဲ့ကို တကယ်သွားချင်နေတာ"

ခွန်းရဲ့မောင်ကလေ တကယ်ကို အလိုက်သိပြီး ချစ်တတ်လွန်းပါသည်။ခွန်း ပြောသမျှ အကုန်မှတ်ထားပြီး လိုက်လုပ်ပေးရှာသည်။ဒီလို ဘဲကြီးမျိုးရထားတဲ့ ခွန်းက တကယ်ကို ကံကောင်းတာပဲ ဟဲ ဟဲ။

ခွန်းတို့ နေ့လည်စာကို ရေအောက်စားသောက်ဆိုင်လေးမှာ စားခဲ့ကြသည်။

"မောင် ဒါပြီးရင် ဘယ်သွားမလဲဟင်"

"စေကိုး ဘယ်သွားချင်လဲ"

"ကျွန်တော် က ရွာလေးတွေဆီကို သွားလည်ချင်တာ"

"အင်း မောင့်အမျိုးသားလေး..သဘော"

"ဟီးဟီး.. မောင်က အကောင်းဆုံး ပဲ"

"ငချွဲလေး.."

လက်ထပ်ပြီးနောက်ပိုင်း ပြောင်းလဲလာတာကိုပြပါဆို ..မောင့် အမျိုးသားလေး ဆိုတဲ့ အခေါ်အဝေါ်ကိုသာ ပြစရာရှိတယ် ။

ဘာကြောင့် အဲ့လိုခေါ်ရသလဲမေးတော့
'စေကိုး က ခု မောင့်အမျိုးသား ဖြစ်လာပြီမို့
ခုလိုခေါ်တာပါ' တဲ့ ချစ်သူဘဝတုန်းက
'မောင့်ကောင်လေး ' လို့ခေါ်ခဲ့ပြီး အိမ်ထောင်သည်ဘဝကျ 'မောင့်အမျိုးသားလေး' လို့ ခေါ်ကာ အလိုလိုက်တဲ့ မောင့်ကို ခင်ပွန်းသည် တော်ထားရတာက ခွန်းအတွက် အကောင်းဆုံးဆု ပင် ။

စေကိုး သဘောကျ ရွာဘက်သို့ သွားလည်ပြီး ဘန်ဂလိုပြန်ရောက်တော့ ညနေတောင်စောင်းနေပြီ ။ နောင့်ခွန်း တို့ ညစာ တခါတည်း စားခဲ့လိုက်ပြီး ဒီညတော့ စောစောအနားယူလိုက်တယ် ။

"စေကိုး "

"ဗျာ "

"အရမ်းပင်ပန်းနေလား ဆေး ထပ်သောက်
မလားဟင် စေကိုး"

"ဟင့်အင်း ဆေးမသောက်ချင်ဘူး "

"မနက်ကျ ဖျားသွားရင် ဘယ်နှယ့်လုပ်မလဲ စေကိုးရဲ့.. လိမ္မာပါတယ် ဒီည ဆေးသောက်အိပ်လိုက်နော် "

"အွန်း ဒါဆိုလဲ ပေး "

"အင်း မောင့်အမျိုးသားလေးက လိမ္မာလိုက်တာဗျာ ..ပြွတ်စ် ...ဆုချတာ"

"ခင်ဗျားနော်..နစ်နာနေဦးမယ် "

"လာ မောင့်ရင်ခွင်ထဲ ကို ဖက်ထားပေးမယ်"

"အွန်း ...မောင် ချော့သိပ်."

"အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ်...အိပ်ရာကနိုးရင်.. ကျောင်းသွားရဦးမယ်.. "

"မောင်..ခင်ဗျား ကျွန်တော့်ကို ၃နှစ်သား မှတ်နေသလား.. ဘာတွေဆိုနေတာလဲ "

"ချော့သိပ်ဆိုလို့.. မောင်ရတာ ဆိုပြတာလေကွာ..ပြီးတော့ စေကိုး က မောင့်အတွက် ၃နှစ်သားလေးပဲလေ "

"ဟွန့်.. ၃နှစ်သားလဲ ဆိုသေး မနေ့ညက
အဝစားသွားတာ သူမဟုတ်တဲ့ အတိုင်းပဲ "

"အဝမစားရပါဘူးဗျာ...၃ခါထဲစားရတာကို ၃နှစ်သားမို့ ၃ခါစားတာလေ ..အဟီး "

"ခင်ဗျား ၃ခါက လူကိုမသေရုံတမယ်ပဲလေ"

"စေကိုး မအိပ်သေးဘူးဆို ..မောင် ထပ်စားပစ်မိတော့မယ်နော် "

"ခင်ဗျားကြီးနော်.. အိပ်ပြီ အိပ်ပြီ.."

ရင်ခွင်ထဲ တိုးဝင်ကာ အတင်းမျက်စိမှိတ်ထားတဲ့ နောင့်ခွန်း အမျိုးသားလေး ကို ချစ်မဝစွာ ကြည့်ရင်း နဖူးလေးကို နမ်းလိုက်တယ်။

"Goodnight မောင့်အမျိုးသားလေး "

"အွန်း Goodnight. . ကျောက်ဝ်ဖို "

Maldives ကမ်းခြေရဲ့ ညအမှောင်ယံထု ကြားထဲမှာတော့ ကောင်းကင်ယံထက်တွင် ကြယ်ရောင်လေးတေက ဟိုတစ ဒီတစ
မှိတ်တုတ် မှိတ်တုတ် နဲ့ သူတို့စွမ်းသလောက် အလင်းရောင်လေးတေကို ထွန်းလင်းပေးထားကြပြီး လမင်းရဲ့အလင်းရောင်ဟာလည်း အေးချမ်းမှုတေ သယ်ဆောင်လာပေးပြီး ကြယ်လေးတေရဲ့အလင်းရောင်ကိုပံ့ပိုးပေးထားတာ ကောင်းကင်ယံမှာ စုံညီစွာလင်းလက်တောက်ပနေကြသည် ။

နောင့်ခွန်း တို့ Maldives မှာ တရက်ထပ်နေပြီးနောက် မန္တလေးသို့ ပြန်ဖို့လုပ်ရတယ် ။ အလုပ်တွေက အကြာကြီး ပြစ်ထားလို့ မရတာကြောင့် စိတ်တိုင်းကျ ပျော်သလောက်နေဖို့က အဆင်မပြေပေ ။

"Bye Bye Maldives..နှုတ်ဆက်ပါတယ်"

ခွန်း လေယာဉ်ပြတင်းမှ ပင်လယ်ကြီးကို ငုံ့ကြည့်ရင်း နှုတ်ဆက်မိတယ် ။ မောင် နဲ့ အတူထပ်လာနိုင်အောင် ခွန်း ကြိုးစားမှာပါ ခုတော့ ခနနှုတ်ဆက်ကြတာပေါ့.....။ ပင်လယ်ကြီးဆီမှအကြည့်လွှဲကာ မျက်လုံးများ အနားယူရန် မှိတ်စက်လိုက်တယ်။

8-10-2021 (Friday)

Hello Long Time No See Poppy 💛
We Miss You So Much.. .

Happy Birthday To Koe 🍉🍉

ဒီနေ့က ဖရဲသီးလေး အသက် ၂၁နှစ် ပြည့်တဲ့ နေ့လေးပါဗျ.. ။ ဟဲဟဲ လူပျိုဖြစ်ပြီ ..။
မွေးနေ့လက်ဆောင် အဖြစ် ပိုင်နဲ့ကိုးက
Extra ရေးပေးလိုက်ပါတယ် ။

#Maldives ကို မရောက်ဖူးတဲ့အတွက် Goggle က အချက်အလက်တွေကိုပဲ မှီခိုပြီး ရေးထားရတာကြောင့် ဖတ်ရတာပေါ့သွားရင် တောင်းပန်ပါတယ်...

Thanks For Reading.

@Paing & Koe 🌸🍉

Love You All....💛💛💛

Continue Reading

You'll Also Like

910K 54K 30
[Unicode]အဖေမရှိတော့ဘဲ မိထွေးရဲ့အရိပ်အောက်မှာကြီးပြင်းလာတဲ့ကောင်လေးနဲ့မိဘရဲ့အရိပ်အာဝါသအောက်မှာနွေးထွေးမှုအပြည့်နဲ့ကြီးပြင်းလာတဲ့ကောင်လေး ထိုကောင်လေးန...
121K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
55.8K 3.6K 36
ကလေးဘဝတည်းက ကိုရီးယားရောက်သွားပြီး Idol တစ်ယောက်ရဲ့အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အကပညာရှင် ငွေရောင်ဆံပင်တွေနဲ့ကောင်လေး 👱 မိန်းကလေးတွေရဲ့ စိတ်ကူးထဲကချစ...