[ Happy 1st Anniversary to GLADIOLI... ]
.
.
.
.
.
" ပြည့်.. ကိုယ် ပြောမယ်... "
" မပြောနဲ့... "
" မင်းကွာ.. အဓိပ္ပာယ်မရှိတာ..."
" မလာခဲ့နဲ့.. သွား.. ကိုကို အခန်းထဲသွားနေလို့ "
" အရေးမပါတာအတွက်နဲ့ ... "
ပြည့်တို့ သမီးယောင်းမနှစ်ယောက် ဆိုဖာပေါ်မှာ တယောက်ကို တယောက်ဖက်ထားရင်း မျက်ရည်လည်ရွှဲနဲ့ ထိုင်ငိုနေကြတာဖြစ်သည်။
ကိုကိုကတော့ မနက်အစောထဲက အလုပ်သွားဖို့အရေးကို မသွားနိုင်ပဲ ပြည့်အနားနေပေးပေမယ့် ပြည့်က နှင်းသန့်က်ို ဖုန်းဆက်ခေါ်လိုက်တာ။ နှင်းသန့် ရောက်လာတော့လဲ နှစ်ယောက်သား မျက်ရည်တွေ လှိမ့်ကျလာတာ ဘယ်လိုမှထိန်းမရဘူး။
အကြောင်းအရင်းကတော့ အိုပါးတွေကြောင့်ပဲ ဖြစ်သည်။
Christmasညက Liveကြည့်ရင်း ငိုကျတော့ ကိုကိုက ပြည့်တို့ကို ဘာမှမပြောပေမဲ့ ဒီနေ့တော့ ကိုကိုလဲ စိတ်တိုနေသည်။
" အဲ့တော့ ဘာဆက်ဖြစ်မှာလဲ.. ဒါမျိုးတွေ ရှိနိုင်တာ သိပေမယ့် ညီမလေး မပြင်ဆင်ထားရသေးဘူး မမရဲ့... "
' JYP Entertainment Confirms All GOT7 Members Will Leave The Company ' ဆိုတာကြီးကို နားမလည်သလိုလို၊ ဘာသာမပြန်တက်သလိုလိုနဲ့ အခေါက်အခါ ဖတ်ကြည့်မိနေသည်။
အမှန်အတိုင်းပြောရရင် ရင်ထဲမှာ ဆို့နစ်နစ်နဲ့ ဦးနှောက်ထဲမှာလဲ ဗလာဖြစ်နေ၏။ ဒီ ခုနှစ်ယောက်ကို နောက်ထပ်အတူတူထပ်မတွေ့ရရင်ဆိုတာမျိုးက စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းသည်။
" ပြည့်.. တော်သင့်ပြီကွာ.. ကိုယ့်ကိုလဲ သနားပါဦး... "
" ကိုကို့ကို ဘာသနားစရာရှိလို့လဲ... "
" ကိုယ် ချစ်ပေးတာ မလုံလောက်သေးလို့လား ဟင်.. မင်း မနက်ထဲက အရမ်းငိုနေတော့ ကိုယ်လဲ ရုံးမသွားနိုင်ဘူး.. နေ့လည်ရောက်နေပြီ.. တခုခုသွားစားရအောင်နော်... "
ကိုကိုက ပြည့်ဘေးနားကနေ တချိန်လုံး ချော့နေတော့ အားနာလာတာနဲ့ မျက်ရည်ကြိုးစားသုတ်လိုက်ရသည်။ ပြီးတာနဲ့ ရင်ထဲဆို့နစ်လာပြန်ပြီး ငိုမိပြန်လေသည်။
" စိတ်တိုတယ် သိလား.. ညီမလေးရှ်ိသေးတာရော သိသေးလား... "
" နင် ရှိသေးတာလား.. မပြန်သေးဘူးလား.. မဟုတ်ဘဲနဲ့ ငိုမနေနဲ့.. ငါ မေမေနဲ့ တိုင်လိုက်ရမှာလား... "
" ဒေါသထွက်တယ်တော့ ... "
နှင်းသန့်ကလဲ သူ့အစ်ကိုလက်မောင်းကို ထုရိုက်ရင်း ငိုရှိုက်ပြန်သည်။
" ဘာ စားမလဲ.. ကိုယ်သွား၀ယ်လိုက်မယ်.. ပြန်လာရင် တိတ်ကြတော့နော်... "
" ညီမလေးက ပီဇာနဲ့ကြက်ကြော်... "
" ပြည့်ကရော... "
" အဆင်ပြေတာသာ၀ယ်ခဲ့ပါ... "
" ၀ယ်ခဲ့မယ်.. နှစ်ယောက်လုံး ကိုယ့်ကို ကြည့်စမ်း.. ထပ်မငိုနဲ့တော့နော်.. ကတိပေး... "
စိတ်မဖြောင့်သလိုနဲ့ ပြည့်တို့ကို ကြည့်ပြီး သက်ပြင်းချ၏။ ကိုကိုဘက်က အများကြီး အများကြီး လိုက်လျောပေးထားတာမို့ ပြည့်လဲ ကိုကို စိတ်မကောင်းဖြစ်အောင် မလုပ်ချင်တော့ပါဘူး။
" ကတိပေးတယ်.. ကတိပေးတာမို့ ဖြည်းဖြည်းသွား..."
ကိုကိုပြန်ရောက်လာတဲ့ အချိန်မှာတော့ ဒေါသတကြီးနဲ့ commentsတွေကို တုံ့ပြန်နေတဲ့ ပြည့်တို့နှစ်ယောက်ကို တွေ့ရမည် ဖြစ်သည်။
" ဟယ်.. ငါတို့ထက် ငါတို့လူတွေအကြောင်း ပိုစိတ်၀င်စားကြတယ်တော့... "
" နင့်ကြီးတော်ကို Di***dပါလား.. ကျက်သရေတုံးလိုက်တာ.. သောက်ပါးစပ်ပေါက်တွေက... "
" Entertainmentက ထွက်တာ ပျော်စရာကောင်းတာ.. ငိုမနေနဲ့ ပြောလိုက်.. ငါတို့လူတွေ အခုမှ လွတ်လွတ်လပ်လပ်နဲ့ အမြင့်ကို စိတ်ကြိုက်ပျံလို့ရပြီ... "
" 7 or Neverပါနော်.. ကွဲစေချင်ရင် ဆုတောင်းနေလိုက်... "
" ရုတ်တရက်ကြီး Albumထွက်ချလာမှ ပြောတဲ့ကောင်မတွေ အကုန် Albumနဲ့ လိုက်ချဦးမယ်... "
.
.
.
.
.
" ငိုလို့အားရပြီလား... "
" အွန်း.. ရှေ့ဆက် ဘာတွေဖြစ်လာပါစေ ကိုကြီးတို့ကိုပဲ ယုံကြည်လိုက်တော့မလို့... "
ကိုကို့ရင်ခွင်ထဲ မျက်နှာအပ်မိတော့ အလိုက်သင့် ထွေးပွေ့လာသည်။
" မော့ပါဦး.. ကိုယ် ကြည့်ဦးမယ်... "
" မကြည့်နဲ့ ကိုကို့ကို ဖက်ထားချင်လို့... "
" အိပ်ချင်ပြီလား.. အိပ်ကြစို့နော်... "
အိပ်ရာပေါ်မှာလဲ ကိုကို့ရင်ခွင်ထဲနေ ဖုန်းကြည့်မယ်လုပ်တော့ ကိုကိုက အကြည့်မခံ။
" တော်ပြီလေကွာ.. Postတွေ တက်လာရင် တခါထပ်ငိုဦးမယ်.. ကိုယ်နဲ့ စကားပြောကြမယ်လေနော်... "
" ကိုကိုဘာလို့ ရင်တွေအရမ်းခုန်နေတာလဲ... "
" ဟင် မခုန်ပါဘူး.. ပြည့်က ဘာလို့အရမ်းငိုနေတာလဲ... "
" အခု မငိုတော့ပါဘူး.. နည်းနည်းလောက် အတ္တကြီးတာလေးတွေ လျော့လိုက်ရင် ကောင်းမလားလို့.. Idolဆိုတာလဲ လူသားတွေပဲလေ.. Fanတွေကို ငဲ့ညာပြီး သူတို့တဘ၀လုံး ပေးဆပ်သွားဖို့ကတော့ သူတို့အတွက်လဲ မတရားဘူးမလား... "
" အင်းးး.... "
" ပြည့်က သူတို့ကို ချစ်တာထက် သူတို့အချင်းချင်းလဲ ပိုချစ် ပိုသံယောဇဉ်ရှိကြမှာပဲလေ.. အချိန်တွေ အကြာကြီး အတူသွား၊အတူစားနဲ့ ဘ၀ရဲ့ ပထမဆုံးတွေကို သူတို့ ၇ယောက်အတူတူခံစားခဲ့ရမှာပဲ.. အကောင်းဆုံးတွေပဲ ပြန်ပေးနိုင်ဖို့ သူတို့ ကြိုးစားနေကြမှာပါ၊ Enlistလဲ ရှိတော့ စောင့်နေပေးရမှာပေါ့.. တယောက်ချင်းစီ Soloထွက်လာရင်လဲ အများကြီး အားပေးရမှာပေါ့.. ဘယ်သွားသွား အနောက်က လိုက်နေမှာမို့ ပေါ့ပေါ့ပါးပါးနဲ့ ဖိအားမရှိပဲ သီချင်းတွေ ဖန်တီးစေချင်တယ်.. ပြည့်က အမြဲတမ်း သူတို့ fanဖြစ်ပေးမှာပေါ့... "
ကိုကို့လက်တွေက ပြည့်လက်မောင်းကို ပွတ်သပ်နေသည်။ ကိုကို့ မျက်နှာကို ကြည့်မိတော့ ပြည့် နဖူးကို ဖိကပ်နမ်းလာ၏။
" ဆောရီး... "
" ဘာအတွက်လဲ... "
" အိမ်ထောင်ကျပြီးတာတောင် ပြည့်က မရင့်ကျက်သေးဘူးမလား... "
" အိမ်ထောင်ကျပြီးတာနဲ့ ရင့်ကျက်ရမယ်လို့ ဘယ်သူက ပြောလိုက်တာလဲ... "
" ပြောတဲ့သူတွေ ရှိတယ်... "
" ပြောလဲ မင်းက နားထောင်တာမှ မဟုတ်ဘဲနဲ့ .. ဘာလို့အာရုံထဲထားနေတာလဲ... "
" အဲ့တာ ဘာစကားကြီးလဲ.. ကိုကိုက ပြည့်ကို အပြစ်တင်နေတာလား... "
" ဟောဗျာ.. ကိုယ်ဘယ်မှာ အပြစ်တင်လို့လဲ... "
ကိုကိုဖက်ထားတာကို ရုန်းထွက်လိုက်ပြီး နောက်ကျောပေးအိပ်လိုက်သည်။
ပြည့် သိတယ်။
ကိုကိုက နားလည်ပေးချင်ယောင်ဆောင်နေတယ်ဆိုတာ။ ကိုကိုလဲ မကောင်းတက်လို့ ပြည့်ကို သည်းခံနေရတာ။
" ဒီရက်ပိုင်း PMSက အရမ်းဆိုးလာတာလား... "
" အောင်မာ.. ကျွန်မ PMSက တခြားသူတွေကို မဆီမဆိုင် ရန်လုပ်တက်တဲ့ စတိုင် မဟုတ်ဘူးရှင့်... "
" အင်းလေ.. အဲ့ထဲမှာ ကိုယ်တော့မပါဘူးမလား... "
စိတ်တိုလာလို့ ကိုကို့ရင်ဘက်ကြီးကို ရိုက်ပစ်လိုက်သည်။ ကိုကိုက ခပ်တိုးတိုးရယ်ရင်း ပြည့် နားရွက်ဖျားတွေကို တတိတိကိုက်သည်။
" ပြည့်က သူတို့ ဘယ်သွားသွားအနောက်
က လိုက်ပြီး သူတို့ ဖန်ဖြစ်ပေးမှာဆိုရင် ကိုကိုကလဲ အမြဲတမ်း ပြည့်အနောက်မှာ ရှိပေးမယ်လေ... "
" နေပါစေ.. ကြောက်ပါတယ်... "
" အဲ့တာကြောင့် ကိုယ့်ကို ရန်မလုပ်စမ်းနဲ့ကွာ... "
" ဘယ်မှာရန်လုပ်လို့လဲ.. ပြောပုံကိုကနော်... ကိုကိုသာ လိုက်ရန်လုပ်နေတာပါနော်... "
" အင်း.. မင်းကို ကြည့်မရဖြစ်နေတာလေ.. မင်းကို စိတ်ဆိုးနေတာ သိသာအောင် ပေါ်တင်ကြီးလဲ စိတ်မဆိုးပြရဲဘူးလေ... "
" ကိုကိုရယ်.. ဘာနေနေ ကိုကိုက ပြည့်ဘေးမှာ ရှိနေပေးတာပဲ ကိုကို့ကို ပြည့်က အချစ်ဆုံးကို... "
" မဟုတ်ဘဲနဲ့... "
ကိုကို့ရယ်သံအောက်မှာ ပြည့်ကမ္ဘာကြီး တခုလုံး ပြီးပြည့်စုံသွားရပြန်သည်။
.
.
.
" မင်းတို့ ကလေးယူဖို့ စိတ်ကူးမရှ်ိသေးဘူးလား... "
" အင်း... "
" ဘာ အင်းလဲ.. မင်း အမေကရော ဘာမှမပြောဘူးလား... "
" မေမေကတော့ ပြောတာပေါ့.. ပြည့်က မယူချင်သေးဘူး... "
နေ့လည်စာစားရင်း အလင်းက သက်ပြင်းချသည်။
" ကိုယ့်ကိစ္စကို အာရုံစိုက်စမ်းပါ.. ဘယ်နှယ့် ထမင်းစားရင်း သက်ပြင်းချရတယ်လို့.. နွေးရော.. နေကောင်းတယ်မလား... "
" အင်း.. မွေးကာနီးဆိုတော့ နည်းနည်းတော့ ပင်ပန်းမှာပေါ့... "
ပြည့်က ဟိုနေ့က နွေးမွန်ဆီ အလည်သွားသည်။ အိမ်ပြန်လာတော့ စိတ်နဲ့လူနဲ့ပင် မကပ်တာကြောင့် မေးကြည့်တော့ ကြောက်လို့တဲ့၊ ဘာကြောက်တာလဲတော့ မမေးရက်ပါ။
" ဆေးရုံကြိုတက်မှာမလား... "
" အင်း သဘက်ခါလောက်.. ငါ့အလုပ်တွေ ကူထားပေးဦးနော်... "
" အေးပါ.. မင်းပြောစရာ မလိုပါဘူး... "
ထမင်းစားပြီး ရုံးခန်းထဲ ပြန်ရောက်တော့ ပြည့်ဆီ ဖုန်းဆက်ရသည်။ ဟိုတလောက တနေကုမ်ငိုနေလို့ စိတ်မချရပေမယ့် အခုက ပျော်နေပြီ။
Companyကထွက်လဲ နာမည်ပြန်သုံးလို့ရတယ်ဆိုလား။
အဲ့နေ့က ပြည့်ငိုတာ ကြည့်ပြီး သူပါ ငိုချင်လာသည်။ ပြည့်က အပိုဟန်လုပ်ငိုနေတာ မဟုတ်ပဲ ရင်ထဲနေ လှ်ိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါနဲ့ကို ငိုနေတာဖြစ်သည်။
သူ့အတွက်က ဘာမှမဟုတ်တဲ့ ကိစ္စဆိုပေမယ့် ပြည့်အတွက် ဘ၀ကြီးတခုလုံးလို ဖြစ်နေတော့ ပိုဒေါသထွက်သည်။
ဒါပေမယ့် တကယ်ကြေကွဲပြီး ၀မ်းနည်းပက်လက်ငိုနေတဲ့ ပြည့်ကို သူ့ဒေါသတွေတော့ ထုတ်မပြချင်ဘူး။
" အင်း.. ဘာလုပ်နေလဲ.. ထမင်းစားပြီးပြီလား... "
" ဟုတ်... "
" ကိုယ် အခုပဲ အလင်းနဲ့ ထမင်းစားပြီးတာ... "
" အင်း... "
" နေကောင်းရဲ့လား... "
" ကောင်းပါတယ်... "
" ဘာဖြစ်ရပြန်တာလဲ.. ဟင်.. ကိုကို့ကို ပြောပြပါဦး... "
ပြည့်အသံက တခုခုတော့ တခုခုပင်။ အတက်နိုင်ဆုံး အနူးညံ့ဆုံးလေသံဖြစ်အောင် ရယ်ရယ်မောမောနဲ့ ပြန်မေးရသည်။
" ကိုကို အိမ်ပြန်လာခဲ့မလားဟင်... "
" ကိုယ် အလုပ်ရှိသေးတယ်.. ရုံးဆင်းရင် ချက်ချင်းပြန်ခဲ့မယ်.. ဖြစ်တယ်မလား... "
" ဖြစ်ပါတယ်... "
" အင်း.. အဲ့တာဆို ဒါပဲနော်... "
ဟုတ် ဆိုတဲ့ အသံလေး အဆုံးမှာ ယောင်ရမ်းပြီး ကားသော့ကို ကိုင်မိပြီး မတ်တပ်ရပ်မိသည်။
မဖြစ်ဘူး။ စုပြည့်စုံလင်းကို ဒီထက်ပို အလိုလိုက် နားလည်ပေးလို့ မဖြစ်ဘူး။
သည်းခံစမ်းပါ အောင်မြင်ဖြိုးဦးရဲ့။
" ကိုကို... "
အိမ်ထဲကို ၀င်လိုက်တာနဲ့ ခါးကို ဖက်ထားပြီး ကိုကို ဟု ခေါ်လာသည်။
" ရေတခွက်လောက် ခပ်ပေးမလား... "
" ဟင့်အင်း... "
လျှာထုတ်ပြောင်ပြီး ထမင်းစားခန်းထဲ ပြေး၀င်သွားသည်။
ရိုက်ချင်လိုက်တာ။
အဟင်း။
" ရော့... "
" လာဦး.. ဘေးမှာ ထိုင်ဦး... "
ရေသောက်နေတဲ့ သူ့နဖူးကို လာနမ်းပြီး ဘေးမှာ ၀င်ထိုင်သည်။
" မျက်ခုံးတွေတောင် လှုပ်လာသလိုပဲ.. ပိုက်ဆံအိတ် ဘယ်ရောက်သွားလဲ.. ဖွက်ထားမှဖြစ်မယ်... "
" ကိုကိုနော်... "
ပြည့်က စိတ်ဆိုးချင်ယောင်ဆောင်သည်။
" နေ့လည်က ဘာဖြစ်တာလဲ... "
" နွေးဆီက ပြန်လာတာ... "
" ကြောက်တယ်ဆို မသွားနဲ့လေ... "
" ကြောက်ပေမယ့် သူငယ်ချင်းလေ... "
" ကိုယ့်ကို အော်လိုက်တာလား... "
" ကိုကိုကလဲ.. ရေချိုးတော့ ပြီးရင် ထမင်းစားကြစို့... "
ထမင်းစားခန်းမှာ ဘေးချင်းကပ်ထိုင်ရင်း သူချက်ထားတဲ့ ဟင်းတွေကို တခုချင်း ရှင်းပြလေသည်။
" စားလို့ရပြီမလား... "
" ရပြီ.. ဟွန်း... "
ဟင်းပန်းကန်ထဲက ကြက်သားတတုံးကို ထည့်ပေးလာရင်း မျက်စောင်းထိုးသည်။
ထမင်းအရင်မစားနိုင်ပဲ ပါးပြင်ကို အားရပါးရ မွှေးကြူလိုက်မိသည်။
" ကိုကို သိလား.. တကယ် အူယားစရာကြီး.. မတော်တဆများ လဲလိုက်ရင် မတွေးရဲစရာပဲ.. အိပ်တော့လဲ အဆင်မပြေဘူး.. ပြည့်လေ ကြည့်ပြီး ကြောက်တာ အရမ်းပဲ...ထိုင်ဖို့ထဖို့လဲ မလွယ်ဘူး... "
" အဆက်အစပ်မရှိ ဘာတွေပြောနေတာတုန်း... "
" သိရဲ့သားနဲ့နော်... "
" နွေးက သဘက်ခါ ဆေးရုံတက်မယ်တဲ့ သိပြီးပြီမလား... "
" ပြောတယ်.. နွေးကလေ လမ်းလဲ သိပ်မလျှောက်နိုင်ဘူး.. အစားလဲ သိပ်မစားနိုင်ဘူး.. သိလား.. ဗိုက်ခွဲမွေးမှာမို့ ဆင်ခြင်ရမှာတွေလဲ အမှားကြီး.. ရိုးရိုးမွေးလဲ ဆင်ခြင်ရမှာတွေ ရှိတာပါပဲလေ.. ကလေးက အရမ်းကန်တော့ အိပ်လို့လဲ မရဘူးတဲ့... "
" ဟုတ်မှာပေါ့... "
" အဲ့တာလေ.. သူ ဆေးရုံတက်ရင် ပြည့် လိုက်သွားလို့ ရမလားဟင်.. ကိုလင်းအမေကို ကလေးမွေးပြီးမှပဲ ညအိပ်စောင့်ခိုင်းလိုက်မယ်လေ မဟုတ်လဲ အိမ်ပြန်ရောက်ရင် အန်တီက ကလေးထိန်းရတာနဲ့ ပင်ပန်းမှာပဲ.. နွေး ညီမလေးတွေကျတော့ အပျိုလေးတွေမို့ သူ့အဖေက မလိုက်ရဘူးတဲ့.. ဘာမှလဲမဆိုင်ပဲနဲ့... "
" အားကျမှာ စိုးလို့နေမှာပေါ့... "
" အားကျစရာလား.. စိတ်ညစ်စရာကောင်းတာကို... "
ပြည့်က ပြောပြီးမှ သူ့ကိုလှမ်းကြည့်ပြီး ရယ်ပြသည်။ ပြီးတော့ ခေါင်းငုံ့ပြီး ထမင်းပဲ လှိမ့်ဝါးနေသည်။
ခါတိုင်းဆို စားပြီးသောက်ပြီးလို့ ပန်းကန်တွေ ဆေးပြီးရင် အသီးအနှံတမျိုးမျိုးနဲ့ ၀ရံတာမှာ ထိုင်ရင်း တနေ့တာ ဖြစ်သမျှအကုန် ပြောဖြစ်ကြသည်။
ဒီနေ့တော့ ပြည့်ကအရင် အိပ်ရာထဲ ၀င်လှဲနေတာမို့ လက်စသတ်စရာရှိတဲ့ အလုပ်တွေ အရင် ပြီးအောင်လုပ်နေလိုက်သည်။
ပြည့် ဘာဖြစ်သွားလဲ သူ ကောင်းကောင်းကြီး သိလိုက်ပေမယ့် ပြည့်ကို တယောက်ထဲ ခဏလွှတ်ထားပေးရမည်။ ဒီအချိန်မှာ သူ သွားချော့လဲ အကျိုးထူးမှာ မဟုတ်ဘူး။ အဲ့လို လွှတ်မထားပဲ အနားမှာ သွားကပ်နေမှ ပိုဆိုးမှာ။
" ကိုကို... "
" အင်း.. စိတ်ပြေသွားပြီလား... "
" အင်း... "
ပေါင်ပေါ် ထိုင်ခိုင်းရင်း ပွေ့ဖက်ထားလိုက်တော့ လည်ပင်းတွေကို ပြန်ဖက်တွယ်လာသည်။
" တောင်းပန်ပါတယ်.. ပြည့် ပြောချင်တာက အဲ့လိုသဘောမဟုတ်ဘူးဆိုတာ သိတယ်မလား... "
" သိတာပေါ့.. အင်း.. ကိုယ်ကတော့ ကလေးလေးတွေရှိရင် ကောင်းတာပေါ့.. လိုချင်တာပေါ့... ဒါပေမယ့် မင်းမမွေးပေးချင်ဘူးဆို ကိုယ်လဲ မလိုချင်ဘူး... "
" မမွေးချင်တာတော့ မဟုတ်ပါဘူး.. ကြောက်နေသေးတယ်.. အဲ့တာကြောင့်လဲမိဘကျေးဇူး အမေ့ကျေးဇူးက ကြီးမားတယ်ပြောတာ.. ကိုကိုက လိုချင်တယ်ဆိုရင်တော့ ပြည့် စဉ်းစားပေးပါ့မယ်... "
" မင်းBodyမို့၊ မင်းပဲ အပင်ပန်းခံရမှာမို့ မင်း ကလေးမလိုချင်ရင် ကိုယ် အတင်းအကြပ် မယူခိုင်းပါဘူး.. ကိုယ်စဥ်းစားကြည့်တော့ ကိုယ်က ခံစားပေးလို့ရတာလဲ တခုမှ မရှိဘူးမလား.. ဒါပေမယ့်.. အဲ့အချိန်ကျရင် မင်းစိတ်မဆင်းရဲရအောင်၊ အားမငယ်ရအောင်၊ လိုအပ်တာမရှိရအောင် ကိုယ် ဘေးမှာအဆင်သင့်ရှိနေပေးမယ်လေ... "
" ဒါပေမယ့်တွေ သိပ်များနေတယ် အစ်ကိုကြီး... "
ပြည်က နဖူးချင်းထိကပ်ထားရင်း အံကြိတ်သံလေးနဲ့ ပြောလာသည်။
" အဲ့တော့ စဉ်းစားပေးမယ်မလား... "
" ကိုကိုက တအားလူလည်ကျတာပဲ.. ပြည့်က အ'အလေးဆိုတော့ အင်း ဆိုပြီး ယောင်ယမ်းခေါင်းငြိမ့်ပေးမယ် ထင်နေတာလား... "
" ဟုတ်တယ်.. ကိုယ်သေချာပြောနိုင်တယ်.. မနက်ဖြန်ဆို မင်း ခေါင်းညိတ်တော့မှာ ... "
" နေပါဦးဆို... "
" ရတာပေါ့.. အရင်ကြိုးစားရဦးမယ်လေ... "
" ကိုကိုနော်... "
" အိပ်ရာပေါ်ရောက်မှ ခေါ်တော့... "
" ကိုကို! ... "
.
.
.
" မင်း ပြန်ရင် ပြန်လေ... "
" ဟ ရုံးတောင်မရောက်သေးဘူး ... "
" နွေးနဲ့ နေပေးလိုက်ဦးလေ... "
" သူက ငါမရှိတာ ပို အဆင်ပြေတယ်... "
" ဟမ်... "
အလင်းက လက်ဖက်ရည်သောက်နေရင်း ရယ်နေသည်။
" ဟုတ်တယ်.. သူ့ထက် ငါက ပိုကြောက်နေတယ်.. နွေး တခုခုခိုင်းရင် ငါက တလွဲတွေကြည့် လုပ်တာ.. နွေးကို ကြည့်ရင်း အူယားပြီး ကြောက်နေလို့ နွေးက ငါ သူ့နားလာမှာကို ကြောက်နေတာ... "
" ဟောဗျာ... "
" သနားလဲ သနားတယ်.. စိုးလဲစိုးရိမ်တယ်.. ကလေးမွေးပြီးရင် ဘယ်လိုလာမလဲ မပြောတက်ပေမယ့်.. ငါတော့ တယောက်ဆို တော်ပြီ... "
ထက်နေက လက်ဖက်ရည်ဆိုင်မှာ လာခဲ့ဆိုတာနဲ့ ရုံးမရောက်သေးပဲ လက်ဖက်ရည်ဆိုင်မှာတင် သုံးယောက်သား သောင်တင်နေတာ။ အလင်းကို ကြည့်ပြီး ဘာပြန်ပြောရမှန်းမသိဖြစ်ရသည်။
" သွားမယ်လေ.. သောက်လို့ပြီးပြီမလား... "
ထက်နေ ပိုက်ဆံရှင်းနေတဲ့ အချိန်မှာပဲ ပြည့်ဆီက ဖုန်း၀င်လာသည်။ မနက်က ပြည့်ကို နွေးဆီ ၀င်ပို့ခဲ့ပြီး ညနေအပြန်မှ ၀င်ခေါ်မယ် ပြောခဲ့တာ။
" အင်း.. မိန်းမ.. ပြော... "
" ကိုကို... "
" ပြည့်.. ဘာဖြစ်ဝာာလဲ... "
ပြည့်က ရှိုက်သံလေးနဲ့ စကားပြောလာသည်။ သူတယောက်ထဲ စိုးရိမ်တကြီးနဲ့ သူကိုယ်တိုင်တောင် သတိမထားမိပဲ လက်ဖက်ရည်ဆိုင်ထဲမှာ မတ်တပ်ထရပ်မိရင်း ပြည့်စကားကို နားထောင်ရ၏။
" နွေး ဗိုက်အရမ်းနာလို့ ဆေးရုံခေါ်သွားပြီ.. ကိုလင်းကိုခေါ်ပြီး လိုက်လာခဲ့တော့နော်... "
" ဟေ့ကောင် မင်းမိန်းမ မွေးတော့မယ်တဲ့... "
သုံးယောက်သား ခုံတွေ ၀င်တိုက်ပြီး ၀ရုန်းသုံးကားပြေးထွက်လာကြသည်။
Operationခန်းရှေ့မှာ ပြည့်ရယ် အလင်းမေမေရယ် မတ်တပ်ရပ်နေကြသည်။ ပြည့်က သူ့ကိုတွေ့တာနဲ့ ပြေးလာပြီး ရင်ခွင်ထဲ အတင်းတိုး၀င်လာ၏။ ပြည့် မျက်နှာကိုကြည့်တာနဲ့ စိုးရိမ်နေတာ သိသာလှသည်။
" နွေး သနားပါတယ်... "
" အဆင်ပြေသွားမှာ.. ဘာမှမဖြစ်ဘူးနော်..."
ပြည့် ခေါင်းကို ခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်စကားဆိုရသည်။ အသစ်စက်စက် ကလေးအဖေဖြစ်လာတော့မယ့် သူကို ကြည့်တော့ ထိုင်ခုံမှာတောင် မထိုင်နိုင်ပဲ အောက်ကြမ်းပြင်မှာ ငူငူကြီး ထိုင်နေ၏။
သူကတော့ ပြည့်လက်တွေကို ဆုပ်ကိုင်ထားရင်း အဆင်ပြေ ချောမွေ့စွာ မွေးလာဖို့ ဆုတောင်းရသည်။
.
.
.
.
.
ကလေးက ပါးနှစ်ဖက်လုံးနီရဲအိစက်နေပြီး မျက်လုံးဝိုင်းဝိုင်းနဲ့ အခုမှ မွေးကာစပေမဲ့ ဆံပင်နဲ့မျက်ခုံးက နက်မှောင်နေသည်။
ပြည့်ကို ချီခိုင်းပေမဲ့ လွတ်ကျမှာစိုးရိမ်ပြီး မချီပဲ ဘေးကနေသာ ကြည့်နေသည်။
သားဦးယောက်ျားလေးမို့ နှစ်ဖက်မိဘကလဲ ပျော်မဆုံး။ အားလုံး ပျော်ရွှင်ကြည်နူးကြပေမယ့် အထွန့်တက်သူကတော့ ထုံးစံအတိုင်း ပြည့်ပါပဲ။
" ကိုကိုရယ် အဓိပ္ပာယ်မရှိလိုက်တာ.. သမီးမိန်းကလေး မွေးလာရင်ရော ဘာဖြစ်လဲ လူတွေက မဟုတ်တာတွေ ပြောဖို့ပဲ... "
စိတ်ဆိုးပြီး ဆေးရုံကို လုံး၀မသွားတော့ပဲ နေသည်။ ဆေးရုံကနေ အိမ်ပြန်ရောက်ပြီဆိုတော့လဲ သွားမကြည့်ဘူးဆိုလို့
နွေး ဖုန်းဆက်ခေါ်တော့မှ အင်တင်တင်နဲ့ လိုက်ပို့ခိုင်းသည်။
ပြန်လာတော့လဲ ကလေးဝေယျာဝေစ္စတွေ လုပ်ရတာ ပင်ပန်းလို့ နွေးက မငိုရပဲ ပြည့်ကအရင် ငိုပြသည်။
ပြည့်ကို ဒီတသက်တော့ ကလေးယူဖို့ စည်းရုံးရမယ် မထင်ပါဘူး။
ကလေးရက်တရာပြည့်မွေးနေ့မှာ အလင်းကတော့ သူ့သားသူ သည်းသည်းလှုပ်နေပြီး သူက တဦးတည်းသောသားမို့ သူ့လို မပျင်းရအောင် နောက်တယောက်လောက် ထပ်ယူမယ်ပြောနေသည်။
သူ့အတွက်ကတော့ ပစ္စုပန်ရော အနာဂတ်မှာပါ ပြည့်ရှိနေရင် အဆင်ပြေတာမို့ ကျန်တာတော့ သိပ်အာရုံမစိုက်ချင်ပါဘူး။
.
.
.
" စုပြည့်.. ညည်းတို့ ကလေး မယူသေးဘူးလား... "
" မေမေကလဲ.. သမီးကို ဒီစကားပြောစရာလား.. မေမေနဲ့တော့ မပြောချင်ပါဘူး... "
" ဟဲ့.. ညည်းက အမေနဲ့မပြောချင်လို့ ဘယ်မိထွေးနဲ့ ပြောချင်လို့လဲ... "
ပါးစပ်ကလဲ ပြောရင်း ကိုက်တံနဲ့ လက်မောင်းကိုလဲ ရိုက်ပြန်သည်။
" မေမေ အဲ့လိုကြမ်းတမ်းလို့ ဖေဖေက ဟိုမှာပဲ အနေများပြီး မေမေ့ဆီပြန်မလာတာ... "
" ရူးတောတော ပေါကြောင်ကြောင်မလုပ်နဲ့.. ယောက်ျားရတာလဲ နှစ်နှစ်ပြည့်တော့မယ်.. ညည်းယောက်ျားက ဘာမှ မပြောဘူးလား ဟမ်... "
" ကိုကိုက ဘာပြောရမှာလဲ... "
" အေးပေါ့ ပြောမရလို့ လွှတ်ထားတာနေမှာပါ.. ယောက္ခမတွေဆီ အလည်မသွားဘူးလား... "
" မသွားပါဘူး.. ဘာလို့သွားရမှာလဲ... "
ဟုတ်တယ်လေ။
ဘာလို့ သွားရမှာလဲ၊ မသွားချင်ပါဘူး။
မေမေက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းအရှည်ကြီးချသည်။ လက်ထဲက ကိုက်တံနဲ့ အင်္ကျီအစတွေကို ဘေးချပြီး ပြည့်ဘေးနား ၀င်ထိုင်သည်။
" ငါ့အမှားတွေပါ.. ငါ့အပြစ်တွေကြည့်ပဲ... "
" မေမေကလဲ ပြည့်က ဘာဖြစ်နေလို့လဲ... "
" ညည်းယောက်ျားကို နောက်ထပ်မိန်းမပေးစားမလို့တဲ့.. ညည်းက ကလေးမလိုချင်၊ သူတို့က မြေးလိုချင်တာ ရူးလို့လေ သိတယ်မလား.. အောင်မြင်ဖြိုးဦးခမျာ မိဘနဲ့ မိန်းမကြား ဗျာများနေတယ်... "
" မေမေကလဲ မဖြစ်နိုင်တာတွေ လျှောက်ပြောမနေပါနဲ့... "
ပြည့် အကျယ်ကြီး အော်ရယ်မိလေသည်။
မေမေက လက်မောင်းကို ဆွဲလိမ်ရင်း တိုးတိုး နင့်အသံအကျယ်ကြီးနဲ့ မအော်စမ်းနဲ့ဟု ပြောလာပြန်သည်။
" ငါက နင့်အမေဆိုတာရော သိသေးရဲ့လား.. မခန့်လေးစား.. ငါ့များ လျှောက်ပြောတယ်လေး ဘာလေးနဲ့... "
" ကိုကိုက ယူမှာတဲ့လား.. မဖြစ်နိုင်တာကြီးကို... "
" ခေတ်ကြီးက နည်းပညာတွေ ဆေးဝါးတွေ ဒီလောက်တိုးတက်နေတာပဲ.. အငှားက်ိုယ်၀န်ဆောင်ခိုင်းရင်လဲဆောင်ခိုင်းလို့ ပြောလိုက်တယ်.. ညည်းမှ မမွေးချင်ပဲ ညည်း သက်သာတာပဲ အားလုံးအဆင်ပြေတာပဲ မလား... "
မမွေးချင်ပေမဲ့ အဲ့လိုကတော့ မဖြစ်နိုင်ဘူးလေ။ သဘောမတူဘူး။
မေမေ့ကိုကြည့်တော့လဲ အတည်ကြီး ပြောနေတဲ့ မျက်နှာအနေအထားနဲ့မို့ လက်ဖျားတွေ အေးစက်လာရသည်။
" မေမေနော် မဟုတ်တာတွေ မပြောနဲ့... "
" ငါ့ကိုများ မဟုတ်တာ မပြောနဲ့တဲ့ လုပ်လိုက်ရ... "
" မေမေက ဘယ်သူ့ကို ပြောလိုက်တာလဲ.. ကိုကို့ အမေကိုလား.. မေမေနော် ဘယ်လိုပဲ သမီး အမေဖြစ်ပါစေ အဲ့လို၀င်စွက်ဖက်တာတော့ မကောင်းပါဘူး... "
ပြည့် ပြောချင်တာပြောပြီး မေမေဆီက ပြန်လာခဲ့သည်။ ကျလာတဲ့ မျက်ရည်တွေကို အားတင်းသုတ်ရင်း ကိုကို့ဆီ ဖုန်းဆက်ပေမဲ့ ဖုန်းမကိုင်ဘူး။
သွား... အားလုံးက မုန်းစရာကြီး။
.
.
.
ကိုကိုက ရေစိုနေတဲ့ ဆံပင်တွေကို တပတ်တထည်နဲ့ သုတ်နေသည်။ ရေချိုးပြီးကာစ အင်္ကျီမ၀တ်ရသေးတဲ့ ကိုကို့နောက်ကျောပြင်အကျယ်ကြီးကို ပွေ့ဖက်လိုက်တော့ ကိုကိုက အဖက်မခံ။
" ကိုယ် အင်္ကျီ၀တ်လိုက်ဦးမယ်... "
" မ၀တ်နဲ့တော့ မဟုတ်လဲ ပြန်ချွတ်ရမှာပဲ... "
" ပြည့်... "
ကိုကိုက ပြည့်ကို စိတ်မရှည်သလို ကြည့်လာပြီး အင်္ကျီတထည်ကောက်၀တ်သည်။
" ကိုကို... "
" ဘာလဲကွာ ... "
" ဘာမှမဟုတ်ဘူး... "
အဲ့တာကြောင့် လောကကြီးမှာ ဘယ်သူမှက မယုံရဘူးလို့ပြောတာ။ ယောက်ျားတွေကို တဘ၀လုံး မပုံအပ်မိစေနဲ့။
" ပင်ပန်းတယ်မလား.. အမေနဲ့မိန်းမကြားမှာ ကိုကိုပဲ စိတ်ပင်ပန်းရတယ်မလား... "
" ဘာတုန်းဟ... "
" တကယ်ဆို ကိုကိုရာ.. ဖြစ်သင့်တာက ပြည့်က ကလေးမလိုချင်ဘူး.. မွေးရမှာ ကြောက်တယ်ဆိုရင် မကြောက်ပါနဲ့ သမီးရယ်.. မေမေတို့လဲ ရှိနေတာပဲ ဘာမှကြောက်စရာမလိုဘူး.. ကမ္ဘာပေါ်က မိခင်တိုင်း ဒီဟာကို ကျော်ဖြတ်လာခဲ့တာပဲ ဘာမှ စိုးရိမ်စရာ မလိုဘူး လို့ နှစ်သိမ့်အားပေးရမှာ မဟုတ်ဘူးလား.. အခုကျ အပြစ်တင်ဖို့ ကြည့်ပဲ စိတ်တိုတယ်တော့... "
" ဘယ်သူက ဘာပြောနေလို့လဲ... "
" ပြောတဲ့သူတွေ ရှိပါတယ်ဆို... "
" အေးလေ.. ရှိလဲ မင်းက နားထောင်တာမှ မဟုတ်ပဲ.. ပြောလဲပြောပါစေပေါ့ .. သူတို့ပြောမပေးလဲ မင်းပဲ အကုန်သိ အကုန်တက်နေတာပဲမလား.. သူတို့ ပြောပေးဖို့ လိုသေးလို့လား... "
" စိတ်တိုတယ်နော်.. ကိုကိုကပါ ဘာတွေ လာပြောနေမှန်း မသိဘူး... "
ကိုကိုက ရေချိုးခန်းထဲ ပြန်၀င်သွားတော့ ပြည့်လဲ အိပ်ရာပေါ် ၀မ်းလျားမှောက်အိပ်ရင်း တယောက်ထဲ ဒေါသထွက်နေရသည်။
ဘယ်ရှု့ထောင့်က စဉ်းစား စဉ်းစား ပြည့်အတွက် ကလေးတယောက်ကို လူတလုံးသူတလုံးဖြစ်အောင် အရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက် ပြုစုပျိုးထောင်ဖို့ ဆိုတာ တွေးကြည့်ယုံနဲ့တင် တော်တော်အဆင်မပြေတဲ့ ကိစ္စပဲ။
ကိုကိုက ဘာလုပ်နေတာလဲ။
" ကိုကို.. ဘာလုပ်နေဝာာလဲ... "
" ရေပိုက်ခေါင်းပြုတ်နေလို့ ပြန်တပ်နေဝာာ.. ပြီးပြီ လာခဲ့မယ်... "
" ကိုကိုကရော မေမေတို့က အတင်းအကြပ် ကလေးယူဖို့ ပြောလာရင် ဘယ်လိုလုပ်မလဲ.. ဟင်... "
" ကိုယ့် အိမ်က ကိုယ့်ကို မနိုင်ပါဘူး.. မင်းစိတ်ပူရမယ့် ကိစ္စမဟုတ်ဘူး... "
" အဲ့လိုတော့ မပြောနဲ့လေ.. ပြည့်က ဘာလို့စိတ်မပူရမှာလဲ... "
ကိုကိုမှာ လက်ဆေးနေရင်းနဲ့ ပြည့်ကို ရေနဲ့ လှမ်းပက်သည်။
" လာ အိပ်ယာပေါ် သွားစို့... "
" ချီ... "
" မချီနိုင်ဘူး... "
ဒီလူကြီးက ဘယ်တော့မှ ချွဲလို့မရဘူးဆိုတာ သိရဲ့သားနဲ့။
" ကုန်းပိုးမယ်.. တက်... "
" ဟင်... "
ကိုကို ကျောပြင်အကျယ်ကြီးပေါ် ၀မ်းသာအားရ ခုန်တက်လိုက်တော့သည်။
" ကိုယ်ပြောမယ်.. ကာယကံရှင်ဖြစ်တဲ့ ကိုယ်နဲ့မင်းက အဆင်ပြေတယ်ဆို ပြီးတာပဲ.. ဘေးလူတွေက ဘာပြောပြော ကိုယ်ဂရုမစိုက်ဘူး... "
" မစိုက်လို့ မရဘူးလေ... "
" မင်းက အဲ့တာပဲကွာ.. အဲ့တာဆို ကလေးယူမှာလား.. မယူချင်ဘူးမလား.. မင်း နားလည်ရဲ့သားနဲ့ ဘာလို့ဆိုးနေတာလဲ.. ကိုယ် အဲ့လိုကိစ္စအတွက်နဲ့ အာရုံနောက်မခံနိုင်ဘူး.. ထပ်မပြောနဲ့တော့... "
" ကိုကို တကယ်ပဲ အဆင်ပြေလို့လား.. မေမေတို့က အငှားကိုယ်၀န်ဆောင်ခိုင်းမယ် ဆိုရင်ရော... "
" ဟ.. ဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်တဲ့ စကားလဲ.. ငါက ရူးနေလို့လား... "
" ပြည့် မေမေပြောတာ ... "
" ဟာ.. မဖြစ်နိုင်တာတွေ.. အဲ့အစား ငါပဲ ကိုယ်၀န်ဆောင်လိုက်မယ်.. မဟုတ်တာတွေ လာမပြောနဲ့... "
" မပြောလို့မှ မရပဲ... "
ကိုကိုက ဒေါသထွက်နေပြီ။
ပြည့်လဲ ငိုချင်လာပြီ။
" သဲ.. တခုခုဆို ငိုဖို့ပဲ မစဉ်းစားနဲ့.. ကိုယ့်ကို ကြည့်စမ်း... "
" ဘယ်သူကလဲ ငိုချင်လွန်းလို့ ငိုတာမလို့လဲ... "
ဆိုဖာပေါ်မှာ ဘေးချင်းယှဉ်ထိုင်နေရာကနေ ကိုကိုက သူ့ပေါ် ပွေ့ချီလာသည်။ ပြည့်က ကိုကို့ပေါင်ပေါ် ခွထိုင်လိုက်ရင်း ကိုကို့ပုခုံးပေါ် မေးတင်ထားလိုက်သည်။
" မင်းက ကလေးမယူချင်သေးဘူးမလား.. ကိုယ်ကလဲ မင်း မယူချင်သေးဘူးဆို ယူဖို့ဇွတ်မပြောဘူး.. ကိုယ်တို့နှစ်ယောက်အဆင်ပြေနေပြီပဲ.. ဘာမှစကားများ ရန်ဖြစ်ဖို့ မလိုအပ်ဘူးကွာ.. မေမေတို့က ဘာပြောပြော ကိုယ် ဂရုမစိုက်ဘူး.. ကိုယ့်အိမ်က ကိုယ့်ကို ဘယ်တော့မှ မနိုင်ဘူး ဆိုတာ မသိဘူးလား... "
" ကိုကိုက ဂရုမစိုက်ပေမယ့် သဲက ဂရုစိုက်တယ်လေ... "
" ကဲ.. အဲ့တာဆို ကလေးယူမှာလား ... "
" အခု မဟုတ်သေးဘူး... "
ကိုကိုက ရယ်ရင်း ပြည့်နဖူးကို လက်နဲ့အသာတောက်သည်။
" သဲရယ် ဘာတွေ အဲ့လောက် စိတ်ပင်ပန်းခံနေတာလဲ.. ကိုယ်က မင်း ဖြစ်ချင်တာ အကုန် လုပ်ပေးမှာပဲ.. အခုထိ ကိုယ့်ကို မယုံသေးတာလား... "
" မယုံတာ မဟုတ်ပါဘူး.. ကိုကိုက ပစ်သွားရင် ဘယ်လိုလုပ်မလဲ... "
" မင်းက ကိုယ့်ကို ပစ်သွားရင် ဘယ်လိုလုပ်မလဲ.. မင်းက ကိုယ့်ကို မချစ်နိုင်တော့ရင် ဘယ်လိုလုပ်ရမလဲ ပြောင်းစဉ်းစားကြည့်... "
မြင်နေရတဲ့ ကိုကို့မျက်လုံး၊ မျက်ခုံး၊နှာခေါင်း၊ ပါးစပ်နဲ့ ကြားနေရတဲ့ ကိုကို့အသံ၊ ကိုကို့ရဲ့အရာအားလုံးဂာ ပြည့်ကို ရင်ခုန်စေသည်။
" အဲ့တာတော့ လုံး၀မဖြစ်နိုင်ဘူး.. ပြည့်က ကိုကို့ကို အများကြီးချစ်တာ.. "
" အဲ့တာဆို ဘာလိုသေးလို့လဲ... "
" ကလေးလေးတွေ... "
" ဟော.. ပြောနေရင်းနဲ့ကို... "
" တကယ်ပြောတာ.. ကိုကို့အတွက် အပင်ပန်းခံပေးမယ် ... "
မယုံသလို အံ့ဩသွားတဲ့ မျက်၀န်းတွေကနေ တဖြည်းဖြည်း ပျော်ရွှင်ကြည်နူးရိပ်တွေအဖြစ် ကူးပြောင်းသွားသည်။ ဘာစကားမှ မပြောနိုင်ပဲ ဖြစ်နေတဲ့ ကိုကို့နှုတ်ခမ်းတွေကို ဖိကပ်နမ်းလိုက်သည်။
" ၀မ်းသာသွားတာလား.. ကိုကိုက ဘယ်လိုပဲ ပြည့် မလိုချင်သေးရင် မယူချင်ဘူး ပြောပေမဲ့ ပြည့်က ယူမယ်ပြောတော့ ကိုကို ပျော်သွားတယ်မလား.. ဒီလိုမှန်းသိရင် ကိုကို့အတွက် အစောကြီးထဲက ပျော်အောင်လုပ်ပေးပါတယ်.. ပြည့်က ပတ်၀န်းကျင်ထက် ကိုကို့ကို ပိုပြီး အာရုံစိုက်ပါတယ်.. ကိုကို ဟန်ဆောင်နေရမှန်း သိလို့... "
ကိုကိုက စကားဆုံးအောင် အပြောမခံ။ ကိုကို့ရဲ့ အကြည့်တွေ၊အပြောတွေက ရင်ခုန်ရသလို ကိုကို့ရဲ့ လက်တွေကြောင့်လဲ ရင်တုန်ရသည်။
" ကိုကို... "
ပြင်းရှတဲ့အနမ်းတွေကြောင့် အသက်ရှုမ၀ဖြစ်လာတော့ ပြည့် ပုခုံးသား၊ လည်ပင်းသားတွေကို လျှာနဲ့ပွတ်သပ်ရင်း နမ်းရှိုက်လာသည်။
လက်တွေကလဲ ခန္တာကိုယ် တခုလုံးကို ပွတ်သပ်နေရင်း အင်္ကျီတထည်လုံးလဲ ဘယ်ချိန်က ခန္တာကိုယ်နဲ့ ကင်းကွာသွားမှန်း မသိ။
ကိုကို့ပေါင်ပေါ်ထိုင်နေမိတာ အန္တရာယ်များလွန်းတာမို့ ထဖို့ကြိုးစားပေမယ့် ခါးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာမို့ ရုန်းဖို့တောင် မလွယ်ဘူး။
" ကိုကို... "
" အိပ်ရာပေါ်သွားမလား... "
နား'နားကပ်ပြီး ခပ်တိုးတိုးပြောလိုက်တော့ ကြက်သီးထသွားရသည်။ ပြည့်ကို ပွေ့ချီရက်သားနဲ့ မတ်တပ်ရပ်လိုက်တော့ ပြုတ်ကျမှာစိုးတာနဲ့ ကိုကို့ကို အတင်းဖက်တွယ်ထားတာ နံရံမှာ ကပ်နေတဲ့ အိမ်မြှောင်နဲ့တောင် ဆင်တူနေမည်။
" ဘာလို့ အတွေ့အကြုံမရှိသလို လုပ်နေတာလဲ... "
" ကိုကိုနော်... "
" ဘာတွေ ရှက်နေတာလဲ.. မရှက်ပါနဲ့.. ကိုယ့်ယောက်ျားကို ပွင့်ပွင့်လင်းလင်းပေါ့... "
ကိုကိုက ပြည့်ကို စနောက်နေရင်း ရှေ့ဆက်ဖို့ပြင်သည်။
" ကိုယ့်ကို ချစ်လား ဖြေပါဦး... "
" ချစ်တယ်.. ကိုကို့ကို အချစ်ဆုံးက ပြည့်ပဲ ... "
" ကိုယ့်ကိုပဲ အရင်ကထက်ပိုပြီး အများကြီး အာရုံစိုက်ထားပေး.. ဟုတ်ပြီလား... "
ချစ်ရသူကပေးတဲ့ ပင်ပန်းဆင်းရဲဆိုတာ ရှိပါ့မလား။ ချစ်ရသူက အရာဖြည့်ဆည်းပေးပြီး နားလည်ဂရုစိုက်ပေးတော့မှတော့ မရင်ဆိုင်ရဲတဲ့ အခက်အခဲဆိုတာ ဘယ်မှာ ရှိတော့မှာလဲ။ ချစ်သူက ပေးသမျှဟာ သုခဘုံကြည့်ပဲလေ။
💚 Thanks For Reading 💚
15.9.2021
(Wednesday)
{စာလုံးရေ အများကြီးနဲ့ သေချာလှလှပပ Extraလေး ရေးပေးဖို့ကို စာရေးတဲ့ စွမ်းရည်က တိုးတက်မလာဘူး။ Extraရေးဖို့လဲ မနေ့ကမှ စဉ်းစားမိတာမို့ မသပ်မရပ်ဖြစ်သွားရင် ဆောရီးပါ 😁
အသစ်တပုဒ် ရှိပါသေးတယ်၊ အချိန်ရရင် ကြည့်ပေးပါဦးရှင့်။}