{Unicode}
နှိုးစက်အသံကြောင့် Tae Hyung တစ်ယောက် နိုးလာခဲ့သည် သူ့လက်မောင်းပေါ် အရာတစ်ခုတင်နေတာကို သတိထားမိပြီး ကြည့်လိုက်တော့ ခေါင်းလုံးလုံးလေး
"ဟုတ်သားဘဲ သူငါ့လက်မောင်းပေါ်မှာအိပ်ပျော်သွား
တာဘဲ နှိုးစက်မြည်တာတောင် သူမနိုးဘူးဘဲ"
ဒါကြောင့်Jkကိုလည်းမနိုးစေချင်တာကြောင့် ခေါင်းလေးကိုအသာအယာ သူ့လက်မောင်းပေါ်ကနေ ခေါင်းအုံးပေါ်ကိုတင်ပေးလိုက်တော့
"တော်သေးတာပေါ့ မနိုးဘူး"
Tae တစ်ယောက် ကုတင်ပေါ်မှJkမသိအောင်တိုးတိုးတိတ်တိတ်ဆင်းရန်ကြံစည်ပြီး ထလိုက်ခါမှ
အနောက်ကနေ ခါးကိုသိုင်းဖက်လာသောလက်တစ်စုံကြောင့်
"အစ်ကို မသွားပါနဲ့ ကျွန်တော်နဲ့ခဏလောက်တူတူထပ်နေပေးပါ အစ်ကို့ ကိုယ်သင်းနံ့လေးတွေကြားထဲမှာနေချင်သေးတယ် ဖက်ထားပေးပါ"
Jkပြောစကားကြောင့် Taeရှက်သွားမိတာအမှန်ပါ
"အမ် ထရတော့မယ်လေ မနက်စာစားရမယ် အခုချိန် ကားအမြန်မောင်းရင်ကျောင်းကိုအချိန်မှီသေးတယ်"
"ဟင့်အင်း မထချင်ဘူး ဒီတစ်ခုလေးတော့ဖြည့်ဆည်းပေးပါ အစ်ကိုရာ နော်"
ထိုကောင်လေး ငယ်ငယ်တုန်းကအတိုင်း တစ်ပုံစံထဲဘဲ
လိုချင်တာဆို ကျွန်တော့်ကိုမရရအောင်တောင်းတက်တာကျွန်တော်ကလည်းသူတောင်းဆိုတာမှန်သမျှ မငြင်းနိုင်ဘူးဆိုတာ သူသိနေတယ်လေ ဒါ့ကြောင့်လည်း အနိုင်ယူနေတာနေမှာ
"ဟုတ်ပြီ ဟုတ်ပြီ ခဏဘဲနော်"
ရင်ခွင်ထဲတိုးဝင်လာတဲ့ ယုန်ပေါက်လေးကို ကျွန်တော်ဖက်ထားပေးမိတယ် ခဏဆိုပေမဲ့ သူရင်ခွင်ထဲက မထွက်မချင်း ကျွန်တော်လည်းဖက်ထားပေးနေမိတယ်
ရင်ခွင်ထဲကကောင်လေးက ခေါင်းလေးမော့ကာကျွန်တော့်ကိုစကားပြောလာတယ်
"အစ်ကိုမှတ်မိသေးလား ငယ်ငယ်က ကျွန်တော့်အဖေ
ကျွန်တော့်ကိုရိုက်ပြီဆို အစ်ကိုအမြဲကာကွယ်ပေးခဲ့တာလေ အစ်ကိုတ်ို့အိမ်ပြောင်းသွားပြီးတဲ့နောက်ပိုင်း အရမ်းလွမ်းနေခဲ့တာ အရမ်းအထီးကျန်တယ် ကာကွယ်ပေးမဲ့သူလည်းမရှိခဲ့ဘူး"
"မှတ်မ်ိတယ် Hyungမှတ်မိပါတယ် အိမ်ပြောင်းတာဆက်သွယ်ဖို့လုပ်ခဲ့ပါသေးတယ် "
"အခုနောက်တစ်ခါထပ်ပြီးထွက်မသွားပါနဲ့တော့နော်
ကျွန်တော့်နားမှာရှိနေပေးပါ ပြီးတော့ ဒီအိမ်က hyung အတွက်ဝယ်ပေးထားတာ hyung အပိုင်"
"ကျေးဇူးပါ ဒီလောက်ကြီးတဲ့အိမ်ကြီး လက်ခံရဖို့အရမ်းအားနာတယ် ပြီးတော့Hyungရဲ့ညီလေးကို အရင်ကလို ကာကွယ်ပေးပါ့မယ်"
"အစ်ကို့ကို ကျွန်တော်ချစ်တယ် "
"ဟင် ... အာ အစ်ကိုတစ်ယောက်လိုမလား Hyung လည်း ချစ်ပါတယ်"
"အစ်ကိုတစ်ယောက်လိုချစ်တာထက်ပိုတယ် Hyung
ငယ်ငယ်ထဲက ကျွန်တော့်ကိုကာကွယ်ပေးခဲ့တဲ့ အစ်ကို့ကိုအရမ်းချစ်တယ်"
"Hyung လည်းမင်းကို ညီအရင်းတစ်ယောက်လိုတကယ်ချစ်ပါတယ်"
"ညီအရင်းတစ်ယောက်ထက်ပိုပေးပါလား"
"အာ Hyung မှာချစ်ရတဲ့သူရှိတယ်လေ"
တကယ်တော့ သူလိမ်လိုက်တာပါ Jeonနဲ့ရှိနေတဲ့အချိန်ဆိုYoonji ကိုသူမေ့နေခဲ့တာ အမှန်ပါ
Jeon တစ်ယောက် Tae Hyung ရင်ခွင်ထဲမှထွက်လိုက်ပြီး
"ရပါပြီ ကျေးဇူးတင်ပါတယ် ခုလိုကြင်နာမှုတွေအတွက်အစ်ကိုပြန်ချင်တယ်ဆ်ို လိုက်ပို့ပေးမယ်လေ ပြန်တော့မလား"
Tae Hyung တစ်ယောက်ကြောင်သွားတာတော့အမှန်ဘဲရုတ်တရက်ကြီး ပြန်ဖို့အကြောင်းကိုပြောလာတယ်ဆိုတော့
"အ အင်းး.. ကျေးဇူးပါ"
"စိတ်ဆိုးသွားတာများလား"
ပြောမဲ့သာပြောလိုက်တာ စိတ်ထဲတော့မကောင်းဘူးရယ်သူမပြန်ချင်သေးဘူး Jeon နဲ့သူ အတူတူနေချင်သေးသည်
__________________________________________
"ကားပေါ်တက် hyung "
"အင်း ဒါနဲ့ ငါကမင်းဆီကိုအိမ်ရောင်းလိုက်တော့ငါဘယ်မှာသွားနေရမှာလဲ"
"hyung ကိုစရံငွေတွေကော အကုန်ချေပြီးပြီမလား
ပေးထားတာက အိမ်ရဲ့တန်ဖ်ိုးနှစ်ဆလောက်ပေးထားတာလေ အိမ်အသစ်တောင်ဝယ်လို့ရတယ်"
"ကုန်သွားပြီလေ ကုန်တိုက်မှာ အကျီနဲ့အသုံးအဆောင်တွေဝယ်လိုက်ပြီလေ မင်းတောင်ရှငိးပေးခဲ့ရတာကို"
"ထားပါထားပါ အဲ့အိမ်မှာဘဲနေ ဒါမဲ့အဲ့အိမ်က ကျွန်တော့်အိမ်ဖြစ်သွားပြီနော် hyung အိမ်မဟုတ်တော့ဘူး"
"အိုခေပါ ကျေးဇူးကွာ"
စကားစပြတ်သွားပြီး ကားလမ်းတစ်လျှောက် သူတ်ို့ဘာစကားမှ ဆက်မပြောဖြစ်တော့ဘူး အဝေးပြေးလမ်းမပေါ်ကတိတ်ဆိတ်ခြင်းများနှင့်အတူ ...
ကားတော်တော်မောင်းလာပြီး Tae Hyung တို့အိမ်ရှေ့ရောက်တော့ ကားပေါ်ကဆင်းလိုက်ပြီး
"ဒီနေ့အတွက် ကျေးဇူးကွာ နောက်နေ့ ကျောင်းမှာတွေ့
မယ်"
"အင်း "
အရီအပြုံးမရှိ တုန့်ပြန်လာမှုကြောင့် Kim Tae Hyung
တစ်ယောက် အောင့်သက်သက်
"စိတ်ဆိုးသွားပြီထင်ပါတယ် ငါပြောတာအရမ်းများသွားလားမသိဘူး"
စိတ်ညစ်ညစ်နဲ့ Tae Hyung တစ်ယောက်အိမ်ထဲဝင်လာကာစိတ်နဲ့လူနဲ့မကပ် လူကသာအိမ်မှာရှိနေတာ စိတ်က Jeon ဆီပါသွားလေရဲ့ ...
သူဝန်ခံဖို့ခက်ခဲနေတာ သူလည်း Jeon အပေါ်ခံစားချက်ရှိတယ်ဆိုတာ သူသိတယ် ဒါပေမဲ့ ငယ်ငယ်တုန်းထဲက သံယောဇဉ်ကြောင့် ခံစားချက်အမှားတွေဖြစ်နေမလားလည်းသူစိုးရိမ်နေတယ်
Jeon ဘက်ကလည်းသူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ
ငယ်ငယ်က သူ့ကိုကျွန်တော်ကာကွယ်ပေးခဲ့လို့ သူ့ဘက်မှာရပ်တည်ခဲ့လို ကျွန်တော့်ကို ခင်တွယ်နေတာဆိုရင်ရော
ဒီခံစားချက်တွေကိုသေချာရှင်းလင်းအောင်လုပ်ချင်တယ်
ခံစားချက်တွေထပ်တူကျတဲ့တစ်နေ့ ...
အရောက်လာခဲ့မယ် ကလေးငယ် ...
___________________________________________
>_<
ရေးသာရေးရတယ် အားမရှိဘူးရယ် ~_~
{Zawgyi}
ကျွန်တော့်ကိုရိုက်ပြီဆို အစ်ကိုအမြဲကာကွယ်ပေးခဲ့တာလေ အစ်ကိုတို့အိမ်ပြောင်းသွားပြီးတဲ့နောက်ပိုင်း အရမ်းလွမ်းနေခဲ့တာ အရမ်းအထီးကျန်တယ် ကာကွယ်ပေးမဲ့သူလည်းမရှိခဲ့ဘူး"
"မှတ်မိတယ် Hyungမှတ်မိပါတယ် အိမ်ပြောင်းတာဆက်သွယ်ဖို့လုပ်ခဲ့ပါသေးတယ် "
"ရပါပြီ ကျေးဇူးတင်ပါတယ် ခုလိုကြင်နာမှုတွေအတွက်အစ်ကိုပြန်ချင်တယ်ဆို လိုက်ပို့ပေးမယ်လေ ပြန်တော့မလား"
"အ အင်းး.. ကျေးဇူးပါ"
__________________________________________
"ကားပေါ်တက် hyung "
ပေးထားတာက အိမ်ရဲ့တန်ဖိုးနှစ်ဆလောက်ပေးထားတာလေ အိမ်အသစ်တောင်ဝယ်လို့ရတယ်"
"အိုခေပါ ကျေးဇူးကွာ"
စကားစပြတ်သွားပြီး ကားလမ်းတစ်လျှောက် သူတို့ဘာစကားမှ ဆက်မပြောဖြစ်တော့ဘူး အဝေးပြေးလမ်းမပေါ်ကတိတ်ဆိတ်ခြင်းများနှင့်အတူ ...
မယ်"
"အင်း "
___________________________________________
>_<