Zawgyi
" ညိဳ႕ေလးက ဘယ္လိုျဖစ္တာလဲ မင္းကို ေမေမ ဂ႐ုစုိက္ဖို႔ေျပာခဲ့တယ္မဟုတ္လား အခု ဘယ္လိုျဖစ္ၿပီး ကေလးက လမ္းမွာဖ်ားလာရတာလဲ ၊ ညိဳ႕ေလးက အရင္တည္းက အေအးမိလြယ္တဲ့ကေလးေလ "
" ေမေမကလည္း သူ႔အသက္ပဲ 30 ျပည့္ျပီးေနျပီ ၊ ကေလး ကေလးနဲ႔ နားၾကားျပင္းကပ္ေအာင္ဗ်ာ ၊ သူဖ်ားတာက ဒီတိုင္း ဟို "
မနၱေလးကေနျပန္လာတဲ့ ခရီးတစ္ေလ်ွာက္လံုး မိႈင္းညိဳ႕က အိပ္လိုက္လာတာျဖစ္သည္။ သူအဆင္မေျပမွာစိုး၍ ေလေအးေပးစက္ကိုလည္းေလ်ာ့ၿပီးဖြင့္ထားသလို ၊ ေစာင္တစ္ထည္လည္း အသင့္ပါလာေသးသည္။ ရန္ကုန္ေရာက္တာနဲ႔ ခ်က္ခ်င္းအဖ်ားေတြတတ္ေတာ့ ၊ ေဒၚဝင္းက ေမေမ့ကိုလွမ္းတိုင္သည္ထင္ပါရဲ႕ ၊ ေမေမအိမ္အထိေရာက္ခ်လာကာ တည္ျမဲကို ေခါင္းေခါက္ေတာ့သည္။ ေမေမ့လက္သံေျပာင္ခ်က္က နဖူးမွာ ဘုသီးကိုထလို႔။ အခုလည္း တည္ျမဲ၏ မေရရာေသာ အေျဖကို ေစာင့္ဖို႔စိတ္မ႐ွည္ေတာ့ပံုေပၚသည္။ သူ႔သမက္႐ွိတဲ့ အခန္းထဲျပန္ဝင္သြား၏။
တကယ္ေတာ့ တည္ျမဲလည္း နည္းနည္း အျပစ္႐ွိသလိုခံစားရပါသည္။ သူ႔ေၾကာင့္ ဟိုတစ္ေယာက္ကဖ်ားသြားရတာဆိုေတာ့ မလံုမလဲျဖစ္ေန၏။ တကယ္လို႔ ေမေမသာ အဲ့ကိစၥသိသြားရင္ တည္ျမဲ ေသေအာင္႐ိုက္ခံရမွာျဖစ္သည္။ ေမေမက ငယ္ငယ္တည္းက တည္ျမဲမလိမၼာရင္ ႀကိမ္တုတ္ႏွင့္ေဆာ္တာ။ အခု အသက္ႀကီးတဲ့အထိ ေဆာ္ခံရတုန္းဆိုရင္ ၾကားမေကာင္းသလို မ်က္ႏွာပူတာေၾကာင့္ ေမေမ့စကားဆို ေတာ္ရံုျပန္မေျပာရဲ။ မေတာ္သကာ company အထိ လာ႐ိုက္ေနမွ အ႐ွက္ကြဲရေခ်ရဲ႕။
" တည္ျမဲ ေဒါက္တာ့ကို သြားႀကိဳေပးဦး "
ေဒါက္တာ မင္းခန္႔ေက်ာ္က ေမေမ့ငယ္သူငယ္ခ်င္းျဖစ္ကာ တည္ျမဲတို႔မိသားစု၏ ပင္တိုင္ဆရာဝန္ျဖစ္သည္။ ေဒါက္တာ့က တည္ျမဲကိုျမင္ေတာ့ လွမ္းျပံဳးျပသည္။ ၿပီးေနာက္ အခန္းထဲဝင္သြား၏။ တည္ျမဲလည္းေနာက္ကေနလိုက္ဝင္လာကာ အေျခအေနကိုေစာင့္ၾကည့္လိုက္သည္။ ေဖ်ာ့ေတာ့ေနသူကိုၾကည့္ၿပီး တည္ျမဲ သက္ျပင္းခ်သည္။ ႏုဖက္ေနတာကိုး ၊ ဖ်ားမွာေပါ့။ ေဒါက္တာက အိပ္ေပ်ာ္ေနသူကို စစ္ေဆးေနသည္။ ဝတ္ထားသည့္ လည္ပိတ္ေကာ္လံကို ဆြဲခ်ၿပီးတာႏွင့္ တည္ျမဲကိုလွမ္းၾကည့္သည္။ တည္ျမဲက မသက္မသာျဖစ္ကာ လည္ဂုတ္ကိုပြတ္ေနၿပီး မ်က္လံုးအၾကည့္ကိုေ႐ွာင္လႊဲလိုက္ေတာ့မွ ေဒါက္တာကသေဘာေပါက္သြားသည္။
" ကိုခန္႔ သားအေျခအေနဘယ္လို႐ွိလဲ "
" အဖ်ားက အရမ္းႀကီးမႀကီးပါဘူး ဒါေပမယ့္ သူအလုပ္ပင္ပန္းတာေရာ Stressေၾကာင့္ ၊ အနားယူဖို႔လိုေနပါတယ္ ေသခ်ာေလးဂ႐ုစိုက္ေပးရင္ ျမန္ျမန္သက္သာလာမွာပါ...အရမ္းစိတ္မပူပါနဲ႔ ႏြယ္ အဆင္ေျပသြားမွာပါ ၊ တည္ျမဲက ခဏေနခဲ့ဦးေနာ္ ငါမင္းကိုေျပာစရာ႐ွိေသးတယ္ "
" ဟုတ္ကဲ့ ဦးခန္႔ "
ေဒၚေလးႏြယ္ေရႊႏွင့္ ေဒၚဝင္းတို႔ ေအာက္ဆင္းသြားေတာ့ အခန္းထဲတြင္ ေဒါက္တာမင္းခန္႔ေက်ာ္ႏွင့္တည္ျမဲတို႔ႏွစ္ေယာက္တည္းက်န္ခဲ့သည္။
" တည္ျမဲ မင္းသူနဲ႔ အတူေနျဖစ္ၾကတာလား လည္ပင္းမွာညိဳပုတ္ေနတာပဲ ၊ လက္ေကာက္ဝတ္ေတြမွာေရာ လက္ေခ်ာင္းရာေတြနဲ႔ ၊ မင္းဘယ္လိုေကာင္လဲ သူ႔ကို ဘာလို႔အႏိုင္က်င့္တာလဲ "
ဦးခန္႔က စိတ္ဆိုးေနပံုေပၚသည္။ တည္ျမဲလည္း သူ႔အလြန္မို႔ ေခါင္းကိုတြင္တြင္ငံု႔ထားလိုက္၏။ ဦးခန္႔က သက္ျပင္းခ်သည္။
" ေယာက်ာ္းေလးႏွစ္ေယာက္အတူေနတယ္ဆိုတာ လိုက္နာရမယ့္ နည္းေတြ႐ွိတယ္ ၊ မင္းသူနဲ႔အတူေနတုန္းက ေခ်ာဆီသံုးလား ဒီတိုင္းအစိမ္းလိုက္သြင္းတာလား "
" ဟား..ဦးခန္႔ကလည္း ဘယ္လိုႀကီးေမးလိုက္တာလဲဗ်ာ "
ဦးခန္႔ရဲ႕ဒဲ့တိုးဆန္တဲ့အေမးေၾကာင့္ တည္ျမဲ မ်က္ႏွာဘယ္ထားရမယ္မသိ။ ဦးခန္႔ကေတာ့ မေျပာခ်င္ဘူးဆိုတဲ့အၾကည့္ႏွင့္တည္ျမဲကမၻာကိုၾကည့္ေနသည္။ ဒီေကာင္ လုပ္တုန္းကေတာ့မ႐ွက္ပဲ အခုမွလာ႐ွက္ျပေနတာ ျမင္မေကာင္း။ တည္ျမဲကမၻာကိုေစာင့္ေ႐ွာက္လာသူေတြထဲမွာ ဦးခန္႔လည္းပါသည္။ ဒီေကာင့္အေၾကာင္း အူမေခ်းခါးသိၿပီးသားျဖစ္သည္။
" ငါေမးတာသာေျဖစမ္းပါ အခုမွ႐ွက္မေနနဲ႔ "
" အင္ အင္း ဟုတ္တယ္ သူ႔ကိုဒီအတိုင္း..."
" ဟူး ထင္သားပဲ ၊ အခု ဘယ္လိုျဖစ္သြားရတာလဲ မင္းကညိဳ႕ဆိုရင္ အသားမထိခ်င္ေလာက္ေအာင္မုန္းတာမဟုတ္ဘူးလား မနၱေလးတစ္ခါသြားပါတယ္ အဆင့္ေတြေက်ာ္ခ်လိုက္တာဆိုတာ ၊ ႏြယ္သာသိရင္ Shockရသြားေတာ့မွာ "
" ဟို ဒါကေတာ့ သူက အျမင္ကပ္ေအာင္လာလာလုပ္ျပေနတာကို ၊ ေျပာရင္ၿငိမ္ခံမေနဘူး တစ္ခြန္းမက်န္ျပန္ပတ္ၿပီးေျပာေနေတာ့ ကြၽန္ေတာ္လည္းစိတ္မထိန္းႏိုင္ပဲ....."
ေဒါက္တာမင္းခန္႔ေက်ာ္ မတ္တပ္ထရပ္လိုက္သည္။ ေခတ္လူငယ္ေတြ တယ္ခက္ပါ့လား ၊ စိတ္ကလည္းေျပာင္းလဲလြယ္တာအမ်ိဳးမ်ိဳး။ မနၱေလးမွာတစ္ခုခုျဖစ္လာပံုရပါသည္။ တည္ျမဲကမၻာ စိတ္မထိန္းႏိုင္ေလာက္ေအာင္ျဖစ္တယ္ဆိုတာ စိတ္တို၍မဟုတ္ အသည္းယားၿပီးျဖစ္တာပဲေနမွာ။ သူကိုယ္တိုင္ကလိုလားေနလို႔ု႔ျဖစ္ရတဲ့ကိစၥ။ ေဒါက္တာမင္းခန္႔ေက်ာ္က အနာဂတ္ကိုႀကိဳသိေနသလို ခပ္ပါးပါးျပံဳးေန၏။ တည္ျမဲကလည္း နားမလည္သလိုၾကည့္လာသည္။
" ဒီမယ္ ငါ့တူ ၊ မင္းတို႔အိမ္ေထာင္ေရးနဲ႔ပတ္သတ္ၿပီးငါဝင္မေျပာခ်င္ပါဘူး ဒါေပမယ့္ ညိဳ႕ကိုေတာ့ မင္းအတတ္ႏိုင္ဆံုးလက္မပါပါနဲ႔ကြာ သည္းခံလို႔ရရင္သည္းခံလိုက္ပါ ၊ ၿပီးေတာ့ ေယာက်ာ္းေလးႏွစ္ေယာက္အတူေနတဲ့အခါ သတိထားစရာအခ်က္ေတြအမ်ားႀကီး႐ွိတယ္ ၊ လက္ခံတဲ့ေနရာက ေျခာက္ေသြ႔ေနတာမို႔ မင္းကေခ်ာဆီသံုးေပးရမွာ ၊ ၿပီးရင္ အကာအကြယ္သံုး ၊ ညိဳ႕ကအကာအကြယ္စြပ္ဖို႔မလိုေပမယ့္ မင္းက်ေတာ့ "
ဦးခန္႔အၾကည့္ေတြကိုနားလည္လိုက္သည္။ တည္ျမဲအံ့ျသသြားရ၏။ ဦးခန္႔က သူ႔ကိုသူမ်ားေတြနဲ႔အိပ္ေလာက္တယ္ထင္ေနတာလား။ တည္ျမဲ႐ွဴး႐ွဴး႐ွား႐ွားျဖစ္သြားသည္။ သူကလည္း သိကၡာ႐ွိတဲ့ေယာက်ာ္းတစ္ေယာက္ပါ ၊ ဒီအသက္အရြယ္ထိ ဘယ္သူ႔ကိုမွလက္ဖ်ားနဲ႔ထိဖူးတာမဟုတ္။ ကိုယ့္ထိန္းခ်ဳပ္ႏိုင္စြမ္းကို ကိုယ္သိပါသည္။ တည္ျမဲကမၻာက အျမဲဆိုးသြမ္းေနတာမဟုတ္ေၾကာင္း ဦးခန္႔နဲ႔ေမေမ့ကို ဘယ္လို႐ွင္းျပရမလဲ။ အခုဦးခန္႔ ေျပာလိုက္တဲ့ပံုက ၊ တည္ျမဲကပဲ ဟိုဟာ သရမ္းေနတာၾကလို႔။
" ဦးခန္႔ ကြၽန္ေတာ္က ဦးခန္႔ထင္သလိုေကာင္မ်ိဳးမဟုတ္ဘူး ကြၽန္ေတာ့္ဒီအသက္ဒီအရြယ္အထိ ဘယ္သူ႔ကိုမွ လက္ဖ်ားနဲ႔ထိဖူးတာမဟုတ္ဘူးဗ် ယုတ္စြအဆံုး ေဟမာန္႔ကိုဆိုရင္ေတာင္မွ လက္ကိုင္တာကလြဲရင္ ကြၽန္ေတာ့္ဘက္က စည္းမေက်ာ္ဘူး...အခု သူနဲ႔က်မွ...ေတာ္ၿပီဗ်ာ သြားေတာ့မယ္ လူကိုဘာေကာင္ထင္ေနၾကတာလဲမသိဘူး "
စိတ္ဆိုးသြားေသာ တည္ျမဲကမၻာကိုၾကည့္ကာ ေဒါက္တာမင္းခန္႔ေက်ာ္က ေခါင္းယမ္းသည္။ ဒီစကားကိုညိဳ႕ေလးၾကားရင္ ေပ်ာ္ေနမွာပဲ။ ေဒါက္တာမင္းခန္႔ေက်ာ္က အိပ္ေပ်ာ္ေနသူကို ခဏၾကာေအာင္ၾကည့္ေနၿပီး အခန္းထဲမွထြက္သြား၏။
" ကိုခန္႔ ေကာ္ဖီေသာက္သြားဦး အခ်ိန္ရတယ္မလား "
ေဒါက္တာမင္းခန္႔ေက်ာ္က ေလးေထာင့္မ်က္မွန္ကို လက္ညိဳးႏွင့္တြန္းကာပင့္တင္သည္။ ႏုပ်ိဳၾကံ့ခိုင္ေသာ ေဒါက္တာမင္းခန္႔ေက်ာ္က လူပ်ိဳႀကီးျဖစ္ေနေသာ္ညား သူ႔အားသေဘာက်သည့္အမ်ိဴးသမီးမ်ား႐ွိသည္။ ေဒါက္တာမင္းခန္႔ေက်ာ္ကလည္း ႏြယ္ဆိုသည့္အမ်ိဳးသမီးကိုသာ ငယ္ငယ္ေလးတည္းကခ်စ္ခဲ့၏။ တစ္နည္းအားျဖင့္ ေဒၚေလးႏြယ္ေရႊက ေဒါက္တာ မင္းခန္႔ေက်ာ္၏ အခ်စ္ဦး။
" ကိုယ္မေသာက္ေတာ့ဘူးႏြယ္ အလုပ္႐ွိေသးလို႔ "
" ဟင္း ကိုခန္႔က တကယ့္အလုပ္ဂ်ိဳးပဲ...မရပါဘူး မသြားနဲ႔ဦး ႐ွင္ ေကာ္ဖီေသာက္ကိုေသာက္သြားရမယ္ ၊ နည္းနည္းပါးပါး အနားယူပါဦးလား တစ္ေန႔တစ္ေန႔ အလုပ္ေတြပဲဖိလုပ္ေနတာ...သား႐ွိမယား႐ွိရင္ ေတာ္ေသးရဲ႕.."
ေဒါက္တာမင္းခန္႔ေက်ာ္က ရယ္သည္။ ႏြယ္က အရင္ကအတိုင္း မေျပာင္းလဲေပ။ သားျဖစ္သူေတာင္အရြယ္ေရာက္ေနၿပီ ၊ ေဒါက္တာမင္းခန္႔ေက်ာ္၏ မ်က္လံုးထဲမွာေတာ့ ႏြယ္က စသိတုန္းကလို ကေလးဆန္စဲ။
" ႏြယ္ ကိုယ့္ကိုေဝဖန္လိုက္တာလား အဲ့ဒါ...အဟက္ ကိုယ္ဘာလို႔ အိမ္ေထာင္မျပဳတာလည္း ႏြယ္သိရဲ႕သားနဲ႔ "
ႏြယ္က အိုးတိုးအမ္းတမ္းျဖစ္သြားသည္။ ႏြယ့္အမ်ိဳးသား ဆံုးပါးသြားေတာ့ တည္ျမဲကမၻာေလးက 5 ႏွစ္ပဲ႐ွိေသးသည္။ ထိုအခ်ိန္တည္းက ေဒါက္တာမင္းခန္႔ေက်ာ္က အိမ္ေထာင္မျပဳေတာ့ပဲ ႏြယ္တို႔သားအမိကို ေစာင့္ေ႐ွာက္ေပးမည္ဟု ဆံုးျဖတ္ခ်က္ခ်ထားခဲ့ၿပီးသား။ ႏြယ္က သူနဲ႔လက္ထပ္ဖို႔ကိုေတာ့ ျငင္းခဲ့ေလသည္။
" အင္း ဒါနဲ႔ကိုခန္႔ သား ညိဳ႕ေလးက တကယ္ပဲအဆင္ေျပရဲ႕လား "
ေလးႏြယ္ေရႊက စကားလမ္းေၾကာင္းလႊဲလိုက္ေလသည္။ ေဒါက္တာမင္းခန္႔ေက်ာ္ကလည္း သေဘာေပါက္ပါ၏။ ထို႔ေၾကာင့္ ေကာ္ဖီတစ္ငံုေသာက္လိုက္ကာ
" အဆင္ေျပပါတယ္ ပင္ပန္းသြားတာေရာ အားနည္းတာေရာေပါင္းၿပီး ဖ်ားတာ ၊ အရမ္းႀကီးစိတ္မပူပါနဲ႔ ၊ ႏြယ္က ဘာလို႔အရမ္းစိုးရိမ္ေနရတာလဲ "
" စိုးရိမ္တယ္ဆိုတာကလည္း မျဖစ္သင့္တာမျဖစ္ေစခ်င္လို႔ပါ ကိုခန္႔သိတဲ့အတိုင္း ညိဳ႕ေလးက ႏြယ့္သားအရင္းေလးလိုပါပဲ ၊ ၿပီးေတာ့ ညိဳ႕ေလးက်န္းမာေရးက ကိုခန္႔လည္းသိပါတယ္ ၊ အဲ့ဒီကေလးက သူ႔ကိုယ္သူသန္မာတယ္ထင္ေနေပမယ့္ တကယ္တမ္းက်ေတာ့ အဲ့လိုမွမဟုတ္တာ ၊ ႏြယ့္သားကလည္း လူဆိုး ၊ ဘယ္အခ်ိန္ဘယ္လိုရန္ထျဖစ္ၾကမလဲမသိေတာ့ မ်က္ခံုးလႈပ္ေနရတယ္ေလ "
" စိတ္မပူပါနဲ႔ သူတို႔အခ်င္းခ်င္းက လက္မထပ္ခင္အခ်ိန္တည္းက သူငယ္ခ်င္းေတြျဖစ္ခဲ့တာပဲ တစ္ေယာက္အေၾကာင္းတစ္ေယာက္သိေနၾကေတာ့ အဆင္ေျပမွာပါ "
" အင္း ဒါေတာ့ဟုတ္ပါတယ္ေလ "
" ကိုယ္ေတာ့ အကုန္ေသာက္လိုက္ၿပီ ေက်နပ္ၿပီလားႏြယ္ "
" ေက်နပ္တယ္ ေက်နပ္တယ္ ၊ အလုပ္ကိုအတင္းဖိလုပ္မေနနဲ႔ေနာ္ ကိုခန္႔ ကိုယ့္က်န္းမာေရးလည္းကိုယ္ဂ႐ုစိုက္ဦး "
ေဒါက္တာမင္းခန္႔ေက်ာ္က ေခါင္းၿငိမ့္ကာ ျပံဳးသည္။ ၿပီးေနာက္ ေဆးအိတ္ကိုဆြဲကာ အိမ္ထဲမွထြက္သြား၏။ မၾကာခင္မွာ ျခံဝန္းေလးထဲမွ ေမာင္းထြက္သြားသည့္ ကားသံကိုၾကားလိုက္ရေလသည္။
<<<<<<
>>>>>>
တည္ျမဲ အခန္းထဲမွာေရသြားခ်ိဳးၿပီးျပန္ထြက္လာနဲ႔တစ္ၿပိဳင္နက္ သက္ႏိုင္ဦးဆီက ဖုန္းဝင္လာသည္။ ဖုန္းကိုလက္ကကိုင္မထားခ်င္တာေၾကာင့္ Speaker ဖြင့္လိုက္၏။
" ေအးေျပာ "
" မင္း ရန္ကုန္ျပန္ေရာက္ၿပီလား အရင္လိုပဲဆံုၾကရေအာင္ေလ ဟိုေကာင္ တိမ္ယံက ဘိုေတာက္တို႔ အဖြဲ႔နဲ႔ခ်ိန္းၿပီးကားၿပိဳင္တာ ႏိုင္သြားလို႔ Treatမယ္တဲ့ "
" ဟုတ္လား ဘယ္ေလာက္ေၾကးေလာင္းထားလို႔ မင္းအသံက ကာယကံ႐ွင္ထက္ေတာင္ ပိုၿပီးေပ်ာ္ေနတဲ့ပံုေပါက္ေနရတာလဲ "
" 100 ေၾကး ေလာင္းတာေဟ့ ငါလည္းဒီေကာင္ခြပ္ခြပ္လံ႐ႈံးမယ္ထင္ခဲ့တာ အခုေတာ့ ကံေတြေကာင္းၿပီးႏိုင္သြားတယ္ ၊ ဘိုေတာက္တို႔ကားက အင္ဂ်င္ေပါက္ၿပီး ႐ႈံးတာ ၊ သူကလည္းသူ႔အ႐ႈံးကိုလက္ခံပါတယ္ သိန္း100 ခ်က္ခ်င္းထုတ္ေပးလိုက္တယ္ေလ သူ႔ဘက္ကေကာင္ေတြကေတာ့ တင္းေနၾကတာေပါ့ ဘယ္လိုလဲ ၊ မင္းလာမွာလား "
" ဒီညေတာ့ လာဖို႔မျဖစ္ႏိုင္ဘူး မနၱေလးကေန မနားပဲဆက္တိုက္ေမာင္းလာတာဆိုေတာ့ ငါနည္းနည္းပင္ပန္းေနလို႔ ေစာေစာအိပ္ဖို႔စီစဥ္ထားတယ္ မင္းတို႔ ငါ့အစားပိုေသာက္ေပးၾကေပါ့ "
" ဟမ္ ေဟ့ေကာင္ ငါတို႔ခ်ိန္းရင္မင္းဘယ္တုန္းကမလာပဲေနလို႔လဲ အခုက်မွ ဆင္ေျခဆင္လက္ေတြေပးမေနစမ္းပါနဲ႔ လာခဲ့စမ္းပါ "
တည္ျမဲကမၻာဆက္မေျပာေတာ့ပဲ ဖုန္းခ်လိုက္သည္။ ပင္ပန္းတယ္ဆို ပင္ပန္းတယ္သိထားလိုက္ေပါ့။ သက္ႏိုင္ဦးဆိုတဲ့အေကာင္ လ်ွာကို႐ွည္တယ္။ ဖုန္းကိုအခန္းထဲမွာထားခဲ့ၿပီး ဟိုတစ္ေယာက္ရဲ႕အခန္းထဲဝင္သြားလိုက္သည္။ ေဒၚဝင္းကအရင္ေရာက္ႏွင့္ေနၿပီး သူ႔ကိုျမင္ေတာ့ ေခါင္းငံု႔သြား၏၊ ဆန္ျပဳတ္ပန္းကန္ကလည္း ဒီအတိုင္း စားပြဲေပၚမွာ။
" မစားဘူးလား "
ေဒၚဝင္းကေခါင္းယမ္းသည္။ တည္ျမဲ သူ႔အိပ္ယာေဘးဝင္ထိုင္လိုက္ကာ နဖူးကိုစမ္းၾကည့္ေတာ့ ပူျခစ္ေနသည္။
" ေဒၚဝင္းသြားလို႔ရၿပီ ကြၽန္ေတာ္ေကြၽးလိုက္မယ္ "
" ဟို ျဖစ္ပါ့မလား...သခင္ေလးတည္ျမဲ "
" အင္း ရတယ္ ေဒၚဝင္းလုပ္စရာ႐ွိတာသြားလုပ္လိုက္ပါ "
ေဒၚဝင္းက တြန္႔ဆုတ္တြန္႔ဆုတ္ထြက္သြားသည္။ အဟက္ ကိုယ္က သူတို႔သခင္ေလးကို မေကာင္းၾကံမွာက်ေနတာပဲ။ ေမေမေရာ ေဒၚဝင္းေရာ ပိုကိုပိုသည္။ တည္ျမဲ အိပ္ေပ်ာ္ေနသူကို ငံု႔ၾကည့္လိုက္ေတာ့ ျဖဴဖက္ျဖဴေရာ္ႏွင့္ ၊ ႏႈတ္ခမ္းေတြကပါ ေျခာက္ေသြ႔ေနသည္။
" အိပ္ခ်င္ေယာင္ေဆာင္မေနနဲ႔ ေနမေကာင္းတဲ့ဟာကို ဆန္ျပဳတ္မေသာက္လို႔မရဘူး ေသာက္ရမယ္ "
သူမွိန္းေနမွန္းတည္ျမဲသိသည္။ ဝင္လာတုန္းကေတာင္ မ်က္လံုးဖြင့္ၾကည့္ေနေသးတာ အနားလာထိုင္ေတာ့မွ ျပန္မွိတ္ၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနသည္တဲ့။ ႐ိုက္ခ်င္စရာ။
" ၾကားလား ဆန္ျပဳတ္ေသာက္ၿပီးရင္ ေဆးတစ္ခါတည္းေသာက္ရမယ္ ၿပီးမွျပန္အိပ္ "
ပက္လက္အိပ္ေနသူဆီ ငံု႔မိုးလိုက္ကာ ေက်ာေအာက္လက္လ်ိဳ၍ ထူလိုက္သည္။ ေနာက္ေက်ာမွာ ေခါင္းအံုးတစ္လံုး ေဒါင္လိုက္ေထာင္ေပးလိုက္ေတာ့ သက္ေတာင့္သက္သာ႐ွိသြားပံုေပၚသည္။
" ဆန္ျပဳတ္မေသာက္ခ်င္ဘူး "
" မေသာက္လို႔မရဘူး လူမမာက လူမမာစာစားရမွာေပါ့ ဆန္ျပဳတ္မေသာက္ခ်င္ရင္ ကိုယ့္ကိုကိုယ္ၾကံ့ခိုင္ေအာင္လုပ္ေလ အခုဟာက ဘာလုပ္လုပ္အထိမခံဘူး ေပ်ာ့ဖက္ဖက္နဲ႔ "
" ေနမေကာင္းရတဲ့အထဲ အဘြားႀကီးလိုပြစိပြစိမေျပာနဲ႔ နားညီးတယ္ "
တည္ျမဲေျပာေနတာကို မၾကားခ်င္သည့္ပံုစံက ႐ႈံ့မဲ့လာသည္။ သက္ျပင္းကိုပါ ဟူးခနဲခ်လိုက္ေသး၏။ အရမ္းကိုစိတ္ဆင္းရဲေနသည့္ပံုစံျဖင့္ သက္ျပင္းခ်တာေတာင္ အခန္းဆက္ႏွင့္ျဖစ္သည္။ ထားမိတဲ့ေစတနာေလးေတာင္ ဘယ္ေရာက္တယ္မသိ။ သူကပဲနားညီးတယ္႐ွိရေသး။ ဆန္ျပဳတ္ပန္းကန္ကို ခြဲပစ္ၿပီး ထထြက္သြားခ်င္စိတ္ကို ထိန္းထားရသည္။ စိတ္တို၍ တည္ျမဲေမးေၾကာေတြ နားထင္ေၾကာေတြပါေထာင္ထေနၿပီျဖစ္သည္။
" ပါးစပ္ဟ အကုန္မေသာက္ႏိုင္ရင္ေတာင္ တစ္ဝက္ေလာက္ေတာ့ ကုန္ေအာင္ေသာက္ရမယ္ ျမန္ျမန္ေနေကာင္းမွ မင္းစားခ်င္တာစားလို႔ရမွာေပါ့ ပူတင္းစားခ်င္ေသးလား ေဒၚဝင္းကိုယူလာခိုင္းလိုက္မယ္ "
ညင္ညင္သာသာေခ်ာ့ေျပာေနတဲ့ ေမာင့္အသံေၾကာင့္ ညိဳ႕မ်က္လံုးမ်ားဝိုင္းစက္သြားသည္။ သူေမာ့ၾကည့္ေတာ့ ျမင္လိုက္ရသည့္ေမာင့္မ်က္ႏွာက မဆိုစေလာက္ေလးႏူးည့ံေန၏၊ ညိဳ႕ဖ်ားတဲ့အခါတိုင္း ပူတင္းေပ်ာ့ေပ်ာ့ေလးစားတတ္တယ္ဆိုတာလည္း သူအမွတ္ရေနတုန္းပဲလား။
" အင့္ "
ဆန္ျပဳတ္ကိုစားေနရင္းနဲ႔ တအီအီငိုလာသူေၾကာင့္ ေၾကာင္အသြားရသည္။ ဘာျဖစ္သြားတာလဲအဲ့ဒါ ။ မ်က္ရည္ေတြကလည္းမရပ္မနားက်ေနၿပီး ကေလးလိုငိုလာသည္။ နဂိုတည္းကမွဖ်ားေနတာဆိုေတာ့ ငိုရင္ ႏွာေခါင္းပိတ္ၿပီး အသက္႐ူၾကပ္ဦးမည္။ ဆန္ျပဳတ္ပန္းကန္ကိုခံုေပၚခ်လိုက္ကာ ငိုေနသူ၏မ်က္ႏွာကိုဆြဲေမာ့လိုက္သည္။ မ်က္ရည္ဥႀကီးေတြတလွိမ့္ျခင္းက်ေနၿပီး ဝမ္းနည္းပက္လက္ငိုေနလိုက္တာ။
" ဘာထေဖာက္တာလဲ ဘာျဖစ္လို႔ငိုတာလဲ ဆန္ျပဳတ္မစားခ်င္လို႔လား ဒါဆို ေဒၚဝင္းကိုထမင္းေပ်ာ့ေပ်ာ့ခ်က္ခိုင္းလိုက္မယ္ ဟမ္? "
" အဟင့္ ဟင့္ ေမာင့္ကိုမုန္းတယ္ ဘာလို႔ေမ်ွာ္လင့္ခ်က္ေတြလာလာေပးေနတာလဲ လူဆိုးေကာင္ရဲ႕ "
ရင္ဘက္ကိုတဘုန္းဘုန္းထု႐ိုက္လာသည္။ လက္ေတြကေတာ့ အားမ႐ွိသလို ေပ်ာ့ဖက္ေနသည္။ လက္သီးဆုပ္ေတြကိုဖမ္းခ်ဳပ္လုိက္ၿပီး နဖူးကိုစမ္းၾကည့္ေတာ့ ခုဏကထက္ေတာင္အပူ႐ွိန္တတ္လာေသးသည္။
" ေတာ္ေတာ့ မငိုနဲ႔ေတာ့ အဖ်ားပိုတတ္လိမ့္မယ္ မင္းေဆးေတြေသာက္ရတာ မုန္းတယ္မလား ထပ္ငိုရင္ ဦးခန္႔ကို ငါေဆးေတြပိုေပးဖို႔ေျပာလိုက္မွာေနာ္ "
တည္ျမဲသက္ျပင္းခ်လိုက္ကာ ေဘးဝင္ထိုင္လိုက္ၿပီး ငိုေနသူကိုပါေပြ႔ကာ ေပါင္ေပၚတင္ထားလိုက္သည္။ ေသးေသးေကြးေကြးႏွင့္ ရင္ခြင္ထဲျမဳပ္ေနတာေၾကာင့္ အပူ႐ွိန္က တည္ျမဲခနၱာကိုယ္ကိုပါ ပူေစသည္။ အငိုကေတာ့တစ္စက္မွမေလ်ာ့ ႏွာေခါင္းကလည္းပိတ္သြားပံုေပၚသည္ ၊ တရြတ္ရြတ္ႏွင့္ျဖစ္ေနၿပီး ၾကာေတာ့ ပါးစပ္ကိုအသံုးျပဳကာ အသက္႐ွဴေန၏။
" ငါေျပာသားပဲ ႏွာေခါင္းပိတ္မယ္လို႔ စကားကိုဘယ္ေတာ့မွနားမေထာင္ဘူး မင္းဘယ္လိုေကာင္လဲ ! ဟမ္ ျပန္ေျပာဦးေလ အဲ့ဒီပါးစပ္က တစ္ခြန္းမက်န္ျပန္ေျပာဦး ဟြန္း "
တစ္႐ွဴးေတြသူ႔လက္ထဲထည့္ေပးလိုက္ေတာ့ ႏွာညႇစ္သည္ ၿပီးေနာက္ တည္ျမဲ အက်ီကိုဆြဲကာ အထဲပစ္ထည့္၏။ ဘယ္လိုေတာင္ ယုတ္မာတာ!!
" မင္း! တမင္လုပ္တာမဟုတ္လား..."
တည္ျမဲ၏ နီရဲသြားသည့္မ်က္ႏွာကိုျမင္ေတာ့ ငိုေနရင္းတန္းလန္းနဲ႔ ရယ္လာျပန္သည္။ စိတ္ေတြလည္းဆင္းရဲပါတယ္။ ဘယ္လိုအ႐ူးကို လင္ေတာ္ထားရတာပါလိမ့္။ စိတ္ကိုအတတ္ႏိုင္ဆံုးေလ်ာ့ကာ ထိုတစ္ေယာက္၏ ပါးကိုလိမ္ဆြဲပစ္လိုက္သည္။ အသားအေရကေဖြးေနတာေၾကာင့္ ပါးျပင္မွာနီရဲသြား၏။
" ဒီေန႔ေတာ့အေလ်ာ့ေပးလိုက္မယ္ေနာ္ ၾကားလား...အျမင္ကပ္ေအာင္လာလာမလုပ္နဲ႔ "
ကိုယ္ကသာေျပာေနတာ ၊ သူက ငိုၿပီးေတာ့မ်က္ေတာင္ေတြစင္းက်လာကာ မ်က္ေတာင္႐ွည္ေတြကပုတ္ခတ္ပုတ္ခတ္။ အိပ္ခ်င္ေနၿပီဆိုတာသိလိုက္တာေၾကာင့္ တည္ျမဲအျမန္ျပန္ႏႈိးကာ ေဆးတိုက္ရေတာ့သည္။ ေဆးကိုပါးစပ္ထဲက ျပန္ေထြးထုတ္လိုက္တဲ့ တစ္ေယာက္က ေနမေကာင္းရင္ သူငယ္မ်ားျပန္သြားသလားဟု တည္ျမဲေတြးလိုက္မိသည္။ ေနေကာင္းရင္မ်ား ဆက္ဆက္ထိမခံ အရြဲ႔တိုက္တတ္ေသးတာ။
" ဟူး မတတ္ႏိုင္ေတာ့ဘူး "
တည္ျမဲေဆးကို ပါးစပ္ထဲထည့္ကာ ေရကိုပါတစ္ခါတည္းငံုလိုက္သည္။ ၿပီးေနာက္ သူ႔ပါးစပ္ကိုဟကာ ေဆးႏွင့္ေရကိုတစ္ခါတည္း ထည့္ေပးလိုက္၏။ ေဆးသံုးလံုးကို ထိုနည္းနဲ႔ပဲတိုက္လိုက္သည္။ ဟိုတစ္ေယာက္ကေတာ့ ျပန္အိပ္ေပ်ာ္သြားသည္။
" ခါးလိုက္တာ အခ်ိဳလိုအပ္ေနၿပီ မင္းႏႈတ္ခမ္းေတြကိုပဲ အားကိုးရေတာ့မွာေပါ့ တစ္မ်ိဳးမထင္နဲ႔ေနာ္ မင္းငါ့အေပၚအိပ္ေနေတာ့ ငါထလို႔အဆင္မေျပလို႔ "
အိပ္ေနသူ၏ မ်က္ႏွာကိုေပြ႔မလိုက္ရင္း ခပ္စိုစိုျဖစ္သြားေသာ ႏႈတ္ခမ္းတစ္စံုကို ဖိနမ္းကာ ငံုစုပ္လိုက္သည္။ အေတာ္ၾကာနမ္းၿပီးေတာ့မွ လႊတ္ေပးလိုက္သည္။ ႏႈတ္ခမ္းေလးကေတာ့ နီရဲကာက်န္ခဲ့ေလ၏။ ခနၱာကိုယ္ေပၚကေန အသာေပြ႔ကာ ေဘးဘက္ကိုခ်ေပးရင္း တစ္ကိုယ္လံုးကိုေစာင္ႏွင့္ေထြးေပးလိုက္သည္။ ၿပီးမွသူ႔ေဘးဝင္လွဲရင္း မို႔အစ္ေနေသာ မ်က္ႏွာေဖာင္းေဖာင္းကို ေမးေထာက္ၾကည့္လိုက္သည္။
" အိပ္ေနတဲ့တစ္ခ်ိန္ပဲ အျပစ္ကင္းတယ္ ၊ က်န္တဲ့အခ်ိန္ဆို မ်က္စိထဲ ကန္႔လန္႔ကန္႔လန္႔ ၊ တတ္လည္းတတ္ႏိုင္တဲ့ေကာင္ပဲ မင္းက ၊ ေနပါဦး သူ႔မ်က္ႏွာကဘာလို႔ ဒီေလာက္လွေနရတာလဲ ဒီမ်က္ႏွာေၾကာင့္ လူေတြကသူ႔ကိုသည္းသည္းလႈပ္ခ်စ္ေနၾကတာလား? "
မ်က္ခြံကလည္း ပါးပါးေလးျဖစ္ကာ အေၾကာစိမ္းမ်ွင္မ်ွင္ေလးေတြေတာင္ ေတြ႔ေနရသည္။ မွဲ႔ေသးေသးေလးႏွစ္ခုကလည္း အထက္ေအာက္ဆင့္လ်ွက္။ မ်က္ေတာင္႐ွည္ေတြေအာက္က မ်က္လံုးေတြက ဘယ္ေလာက္ေတာင္ေပကပ္ကပ္အၾကည့္ေတြလုပ္တတ္လည္းဆိုတာ တည္ျမဲအသိဆံုးျဖစ္သည္။ ၿပီးေတာ့ အဲ့ဒီမ်က္လံုးေတြကေန မ်က္ရည္ေတြထြက္လာတာကိုတည္ျမဲသိပ္ႀကိဳက္သည္။ အရင္က သူ႔ကိုမသိခ်င္ေယာင္ေဆာင္ထားခဲ့တာ အၾကံေကာင္းလို႔ထင္ေပမယ့္ ၊ အခုေတာ့ သူ႔ကိုငိုေအာင္စရတာက ပိုေကာင္းေနတာကို ေတြ႔လာရသည္။
" ဘယ္လိုလုပ္မလဲ ၊ ငါကမင္းကို ေ႐ွ႕ေလ်ွာက္ ငါ့ေ႐ွ႕မွာ ငိုၿပီးအသနားခံေနတာကို ျမင္ရေအာင္လုပ္ေတာ့မွာေလ
အဲ့ဒီအခါက်ရင္ မင္းငါ့ဆီက ေဝးေဝးကိုေျပးခ်င္လာလိမ့္မယ္
မင္းဆိုတာကလည္း အလိမ္အညာေတြျပည့္ေနတဲ့ လူတစ္ေယာက္သက္သက္ပါ ၊ တစ္ေန႔ေန႔ေရာက္ရင္ မင္းလည္းငါ့အနားၾကာၾကာ႐ွိေနႏိုင္မွာမဟုတ္ဘူး မႈိင္းညိဳ႕ "
အိပ္ေပ်ာ္ေနသူကို ၾကာၾကာၾကည့္ေနၿပီးကာမွ တည္ျမဲ ထထိုင္လိုက္သည္။ ေလေအးေပးစက္ကိုပိတ္ၿပီးေနာက္ အခန္းထဲကထြက္လာခဲ့လိုက္ၿပီး တည္ျမဲ၏ အိပ္ခန္းထဲက ဖုန္းနဲ႔ Laptopကို ယူကာ ညိဳ႕အခန္းထဲတစ္ဖန္ျပန္ဝင္လာခဲ့၏။ အသက္႐ွဴသံမ်င္းမ်င္းထြက္ေနသူကို အကဲခတ္လိုက္ၿပီးကာမွ ကုတင္ေျခရင္းကဆိုဖာတြင္ထိုင္ကာ မၿပီးေသးသည့္ project ေတြကို စၿပီး စစ္ေဆးေတာ့သည္။
ဒီညလည္း မိုးလင္းေပါက္ အလုပ္လုပ္ရဦးမွာပဲ။
TBC~~~
15.9.2021
Unicode
" ညို့လေးက ဘယ်လိုဖြစ်တာလဲ မင်းကို မေမေ ဂရုစိုက်ဖို့ပြောခဲ့တယ်မဟုတ်လား အခု ဘယ်လိုဖြစ်ပြီး ကေလးက လမ်းမှာဖျားလာရတာလဲ ၊ ညို့လေးက အရင်တည်းက အအေးမိလွယ်တဲ့ကလေးလေ "
" မေမေကလည်း သူ့အသက်ပဲ 30 ပြည့်ပြီးနေပြီ ၊ ကေလး ကလေးနဲ့ နားကြားပြင်းကပ်အောင်ဗျာ ၊ သူဖ်ားတာက ဒီတိုင်း ဟို "
မန္တလေးကနေပြန်လာတဲ့ ခရီးတစ်လျှောက်လုံး မှိုင်းညို့က အိပ်လိုက်လာတာဖြစ်သည်။ သူအဆင်မပြေမှာစိုး၍ လေအေးပေးစက်ကိုလည်းလျော့ပြီးဖွင့်ထားသလို ၊ စောင်တစ်ထည်လည်း အသင့်ပါလာသေးသည်။ ရန်ကုန်ရောက်တာနဲ့ ချက်ချင်းအဖျားတွေတတ်တော့ ၊ ဒေါ်ဝင်းက မေမေ့ကိုလှမ်းတိုင်သည်ထင်ပါရဲ့ ၊ မေမေအိမ်အထိရောက်ချလာကာ တည်မြဲကို ခေါင်းခေါက်တော့သည်။ မေမေ့လက်သံပြောင်ချက်က နဖူးမွာ ဘုသီးကိုထလို့။ အခုလည်း တည်မြဲ၏ မရေရာသော အဖြေကို စောင့်ဖို့စိတ်မရှည်တော့ပုံပေါ်သည်။ သူ့သမက်ရှိတဲ့ အခန်းထဲပြန်ဝင်သွား၏။
တကယ်တော့ တည်မြဲလည်း နည်းနည်း အပြစ်ရှိသလိုခံစားရပါသည်။ သူ့ကြောင့် ဟိုတစ်ယောက်ကဖျားသွားရတာဆိုတော့ မလုံမလဲဖြစ်နေ၏။ တကယ်လို့ မေမေသာ အဲ့ကိစ္စသိသွားရင် တည်မြဲ သေအောင်ရိုက်ခံရမှာဖြစ်သည်။ မေမေက ငယ်ငယ်တည်းက တည်မြဲမလိမ္မာရင် ကြိမ်တုတ်နှင့်ဆော်တာ။ အခု အသက်ကြီးတဲ့အထိ ဆော်ခံရတုန်းဆိုရင် ကြားမကောင်းသလို မျက်နှာပူတာကြောင့် မေမေ့စကားဆို တော်ရုံပြန်မပြောရဲ။ မတော်သကာ company အထိ လာရိုက်နေမှ အရှက်ကွဲရချေရဲ့။
" တည်မြဲ ဒေါက်တာ့ကို သွားကြိုပေးဦး "
ဒေါက်တာ မင်းခန့်ကျော်က မေမေ့ငယ်သူငယ်ချင်းဖြစ်ကာ တည်မြဲတို့မိသားစု၏ ပင်တိုင်ဆရာဝန်ဖြစ်သည်။ ဒေါက်တာ့က တည်မြဲကိုမြင်တော့ လှမ်းပြုံးပြသည်။ ပြီးနောက် အခန်းထဲဝင်သွား၏။ တည်မြဲလည်းနောက်ကနေလိုက်ဝင်လာကာ အခြေအနေကိုစောင့်ကြည့်လိုက်သည်။ ဖျော့တော့နေသူကိုကြည့်ပြီး တည်မြဲ သက်ပြင်းချသည်။ နုဖက်နေတာကိုး ၊ ဖျားမှာပေါ့။ ဒေါက်တာက အိပ်ပျော်နေသူကို စစ်ဆေးနေသည်။ ဝတ်ထားသည့် လည်ပိတ်ကော်လံကို ဆွဲချပြီးတာနှင့် တည်မြဲကိုလှမ်းကြည့်သည်။ တည်မြဲက မသက်မသာဖြစ်ကာ လည်ဂုတ်ကိုပွတ်နေပြီး မျက်လုံးအကြည့်ကိုရှောင်လွှဲလိုက်တော့မှ ဒေါက်တာကသဘောပေါက်သွားသည်။
" ကိုခန့် သားအခြေအနေဘယ်လိုရှိလဲ "
" အဖ်ားက အရမ်းကြီးမကြီးပါဘူး ဒါပေမယ့် သူအလုပ်ပင်ပန်းတာရော Stressကြောင့် ၊ အနားယူဖို့လိုနေပါတယ် သေချာလေးဂရုစိုက်ပေးရင် မြန်မြန်သက်သာလာမှာပါ...အရမ်းစိတ်မပူပါနဲ့ နွယ် အဆင်ပြေသွားမှာပါ ၊ တည်မြဲက ခဏနေခဲ့ဦးနော် ငါမင်းကိုပြောစရာရှိသေးတယ် "
" ဟုတ်ကဲ့ ဦးခန့် "
ဒေါ်လေးနွယ်ရွှေနှင့် ဒေါ်ဝင်းတို့ အောက်ဆင်းသွားတော့ အခန်းထဲတွင် ဒေါက်တာမင်းခန့်ကျော်နှင့်တည်မြဲတို့နှစ်ယောက်တည်းကျန်ခဲ့သည်။
" တည်မြဲ မင်းသူနဲ့ အတူနေဖြစ်ကြတာလား လည်ပင်းမှာညိုပုတ်နေတာပဲ ၊ လက်ကောက်ဝတ်တွေမှာရော လက်ချောင်းရာတွေနဲ့ ၊ မင်းဘယ်လိုကောင်လဲ သူ့ကို ဘာလို့အနိုင်ကျင့်တာလဲ "
ဦးခန့်က စိတ်ဆိုးနေပုံပေါ်သည်။ တည်မြဲလည်း သူ့အလွန်မို့ ခေါင်းကိုတွင်တွင်ငုံ့ထားလိုက်၏။ ဦးခန့်က သက်ပြင်းချသည်။
" ယောကျာ်းလေးနှစ်ယောက်အတူနေတယ်ဆိုတာ လိုက်နာရမယ့် နည်းတွေရှိတယ် ၊ မင်းသူနဲ့အတူနေတုန်းက ချောဆီသုံးလား ဒီတိုင်းအစိမ်းလိုက်သွင်းတာလား "
" ဟား..ဦးခန့်ကလည်း ဘယ်လိုကြီးမေးလိုက်တာလဲဗျာ "
ဦးခန့်ရဲ့ဒဲ့တိုးဆန်တဲ့အမေးကြောင့် တည်မြဲ မျက်နှာဘယ်ထားရမယ်မသိ။ ဦးခန့်ကတော့ မပြောချင်ဘူးဆိုတဲ့အကြည့်နှင့်တည်မြဲကမ်ဘာကိုကြည့်နေသည်။ ဒီကောင် လုပ်တုန်းကတော့မရှက်ပဲ အခုမှလာရှက်ပြနေတာ မြင်မကောင်း။ တည်မြဲကမ်ဘာကိုစောင့်ရှောက်လာသူတွေထဲမှာ ဦးခန့်လည်းပါသည်။ ဒီကောင့်အကြောင်း အူမချေးခါးသိပြီးသားဖြစ်သည်။
" ငါမေးတာသာဖြေစမ်းပါ အခုမှရှက်မနေနဲ့ "
" အင် အင်း ဟုတ်တယ် သူ့ကိုဒီအတိုင်း..."
" ဟူး ထင်သားပဲ ၊ အခု ဘယ်လိုဖြစ်သွားရတာလဲ မင်းကညို့ဆိုရင် အသားမထိချင်လောက်အောင်မုန်းတာမဟုတ်ဘူးလား မန္တလေးတစ်ခါသွားပါတယ် အဆင့်တွေကျော်ချလိုက်တာဆိုတာ ၊ နွယ်သာသိရင် Shockရသွားတော့မှာ "
" ဟို ဒါကေတာ့ သူက အမြင်ကပ်အောင်လာလာလုပ်ပြနေတာကို ၊ ပြောရင်ငြိမ်ခံမနေဘူး တစ်ခွန်းမကျန်ပြန်ပတ်ပြီးပြောနေတော့ ကျွန်တော်လည်းစိတ်မထိန်းနိုင်ပဲ....."
ဒေါက်တာမင်းခန့်ကျော် မတ်တပ်ထရပ်လိုက်သည်။ ခေတ်လူငယ်တွေ တယ်ခက်ပါ့လား ၊ စိတ်ကလည်းပြောင်းလဲလွယ်တာအမျိုးမျိုး။ မန္တလေးမှာတစ်ခုခုဖြစ်လာပုံရပါသည်။ တည်မြဲကမ်ဘာ စိတ်မထိန်းနိုင်လောက်အောင်ဖြစ်တယ်ဆိုတာ စိတ်တို၍မဟုတ် အသည်းယားပြီးဖြစ်တာပဲနေမှာ။ သူကိုယ်တိုင်ကလိုလားနေလို့့ဖြစ်ရတဲ့ကိစ္စ။ ဒေါက်တာမင်းခန့်ကျော်က အနာဂတ်ကိုကြိုသိနေသလို ခပ်ပါးပါးပြုံးနေ၏။ တည်မြဲကလည်း နားမလည်သလိုကြည့်လာသည်။
" ဒီမယ် ငါ့တူ ၊ မင်းတို့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးငါဝင်မပြောချင်ပါဘူး ဒါပေမယ့် ညို့ကိုတော့ မင်းအတတ်နိုင်ဆုံးလက်မပါပါနဲ့ကွာ သည်းခံလို့ရရင်သည်းခံလိုက်ပါ ၊ ပြီးတော့ ယောကျာ်းလေးနှစ်ယောက်အတူနေတဲ့အခါ သတိထားစရာအချက်တွေအများကြီးရှိတယ် ၊ လက်ခံတဲ့နေရာက ခြောက်သွေ့နေတာမို့ မင်းကချောဆီသုံးပေးရမှာ ၊ ပြီးရင် အကာအကွယ်သုံး ၊ ညို့ကအကာအကွယ်စွပ်ဖို့မလိုပေမယ့် မင်းကျတော့ "
ဦးခန့်အကြည့်တွေကိုနားလည်လိုက်သည်။ တည်မြဲအံ့သြသွားရ၏။ ဦးခန့်က သူ့ကိုသူများတွေနဲ့အိပ်လောက်တယ်ထင်နေတာလား။ တည်မြဲရှူးရှူးရှားရှားဖြစ်သွားသည်။ သူကလည်း သိက္ခာရှိတဲ့ယောကျာ်းတစ်ယောက်ပါ ၊ ဒီအသက်အရွယ်ထိ ဘယ်သူ့ကိုမှလက်ဖျားနဲ့ထိဖူးတာမဟုတ်။ ကိုယ့်ထိန်းချုပ်နိုင်စွမ်းကို ကိုယ်သိပါသည်။ တည်မြဲကမ်ဘာက အမြဲဆိုးသွမ်းနေတာမဟုတ်ကြောင်း ဦးခန့်နဲ့မေမေ့ကို ဘယ်လိုရှင်းပြရမလဲ။ အခုဦးခန့် ပြောလိုက်တဲ့ပုံက ၊ တည်မြဲကပဲ ဟိုဟာ သရမ်းနေတာကြလို့။
" ဦးခန့် ကျွန်တော်က ဦးခန့်ထင်သလိုကောင်မျိုးမဟုတ်ဘူး ကျွန်တော့်ဒီအသက်ဒီအရွယ်အထိ ဘယ်သူ့ကိုမှ လက်ဖျားနဲ့ထိဖူးတာမဟုတ်ဘူးဗျ ယုတ်စွအဆုံး ဟေမာန့်ကိုဆိုရင်တောင်မှ လက်ကိုင်တာကလွဲရင် ကျွန်တော့်ဘက်က စည်းမကျော်ဘူး...အခု သူနဲ့ကျမှ...တော်ပြီဗျာ သွားတော့မယ် လူကိုဘာကောင်ထင်နေကြတာလဲမသိဘူး "
စိတ်ဆိုးသွားသော တည်မြဲကမ်ဘာကိုကြည့်ကာ ဒေါက်တာမင်းခန့်ကျော်က ခေါင်းယမ်းသည်။ ဒီစကားကိုညို့လေးကြားရင် ပျော်နေမှာပဲ။ ဒေါက်တာမင်းခန့်ကျော်က အိပ်ပျော်နေသူကို ခဏကြာအောင်ကြည့်နေပြီး အခန်းထဲမှထွက်သွား၏။
" ကိုခန့် ကော်ဖီသောက်သွားဦး အချိန်ရတယ်မလား "
ဒေါက်တာမင်းခန့်ကျော်က လေးထောင့်မျက်မှန်ကို လက်ညိုးနှင့်တွန်းကာပင့်တင်သည်။ နုပျိုကြံ့ခိုင်သော ဒေါက်တာမင်းခန့်ကျော်က လူပျိုကြီးဖြစ်နေသော်ညား သူ့အားသဘောကျသည့်အမျိူးသမီးများရှိသည်။ ဒေါက်တာမင်းခန့်ကျော်ကလည်း နွယ်ဆိုသည့်အမျိုးသမီးကိုသာ ငယ်ငယ်လေးတည်းကချစ်ခဲ့၏။ တစ်နည်းအားဖြင့် ဒေါ်လေးနွယ်ရွှေက ဒေါက်တာ မင်းခန့်ကျော်၏ အချစ်ဦး။
" ကိုယ်မသောက်တော့ဘူးနွယ် အလုပ်ရှိသေးလို့ "
" ဟင်း ကိုခန့်က တကယ့်အလုပ်ဂျိုးပဲ...မရပါဘူး မသွားနဲ့ဦး ရှင် ကော်ဖီသောက်ကိုသောက်သွားရမယ် ၊ နည်းနည်းပါးပါး အနားယူပါဦးလား တစ်နေ့တစ်နေ့ အလုပ်တွေပဲဖိလုပ်နေတာ...သားရှိမယားရှိရင် တော်သေးရဲ့.."
ဒေါက်တာမင်းခန့်ကျော်က ရယ်သည်။ နွယ်က အရင်ကအတိုင်း မပြောင်းလဲပေ။ သားဖြစ်သူတောင်အရွယ်ရောက်နေပြီ ၊ ဒေါက်တာမင်းခန့်ကျော်၏ မျက်လုံးထဲမှာတော့ နွယ်က စသိတုန်းကလို ကလေးဆန်စဲ။
" နွယ် ကိုယ့်ကိုဝေဖန်လိုက်တာလား အဲ့ဒါ...အဟက် ကိုယ်ဘာလို့ အိမ်ထောင်မပြုတာလည်း နွယ်သိရဲ့သားနဲ့ "
နွယ်က အိုးတိုးအမ်းတမ်းဖြစ်သွားသည်။ နွယ့်အမျိုးသား ဆုံးပါးသွားတော့ တည်မြဲကမ်ဘာလေးက 5 နှစ်ပဲရှိသေးသည်။ ထိုအချိန်တည်းက ဒေါက်တာမင်းခန့်ကျော်က အိမ်ထောင်မပြုတော့ပဲ နွယ်တို့သားအမိကို စောင့်ရှောက်ပေးမည်ဟု ဆုံးဖြတ်ချက်ချထားခဲ့ပြီးသား။ နွယ်က သူနဲ့လက်ထပ်ဖို့ကိုတော့ ငြင်းခဲ့လေသည်။
" အင်း ဒါနဲ့ကိုခန့် သား ညို့လေးက တကယ်ပဲအဆင်ပြေရဲ့လား "
လေးနွယ်ရွှေက စကားလမ်းကြောင်းလွှဲလိုက်လေသည်။ ဒေါက်တာမင်းခန့်ကျော်ကလည်း သဘောပေါက်ပါ၏။ ထို့ကြောင့် ကော်ဖီတစ်ငုံသောက်လိုက်ကာ
" အဆင်ပြေပါတယ် ပင်ပန်းသွားတာရော အားနည်းတာရောပေါင်းပြီး ဖ်ားတာ ၊ အရမ်းကြီးစိတ်မပူပါနဲ့ ၊ နွယ်က ဘာလို့အရမ်းစိုးရိမ်နေရတာလဲ "
" စိုးရိမ်တယ်ဆိုတာကလည်း မဖြစ်သင့်တာမဖြစ်စေချင်လို့ပါ ကိုခန့်သိတဲ့အတိုင်း ညို့လေးက နွယ့်သားအရင်းလေးလိုပါပဲ ၊ ပြီးတော့ ညို့လေးကျန်းမာရေးက ကိုခန့်လည်းသိပါတယ် ၊ အဲ့ဒီကေလးက သူ့ကိုယ်သူသန်မာတယ်ထင်နေပေမယ့် တကယ်တမ်းကျတော့ အဲ့လိုမွမဟုတ္တာ ၊ နွယ့်သားကလည်း လူဆိုး ၊ ဘယ်အချိန်ဘယ်လိုရန်ထဖြစ်ကြမလဲမသိတော့ မျက်ခုံးလှုပ်နေရတယ်လေ "
" စိတ်မပူပါနဲ့ သူတို့အချင်းချင်းက လက်မထပ်ခင်အချိန်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့တာပဲ တစ်ယောက်အကြောင်းတစ်ယောက်သိနေကြတော့ အဆင်ပြေမှာပါ "
" အင်း ဒါတော့ဟုတ်ပါတယ်လေ "
" ကိုယ်တော့ အကုန်သောက်လိုက်ပြီ ကျေနပ်ပြီလားနွယ် "
" ကျေနပ်တယ် ကျေနပ်တယ် ၊ အလုပ်ကိုအတင်းဖိလုပ်မနေနဲ့နော် ကိုခန့် ကိုယ့်ကျန်းမာရေးလည်းကိုယ်ဂရုစိုက်ဦး "
ဒေါက်တာမင်းခန့်ကျော်က ခေါင်းငြိမ့်ကာ ပြုံးသည်။ ပြီးနောက် ဆေးအိတ်ကိုဆွဲကာ အိမ်ထဲမှထွက်သွား၏။ မကြာခင်မှာ ခြံဝန်းလေးထဲမှ မောင်းထွက်သွားသည့် ကားသံကိုကြားလိုက်ရလေသည်။
<<<<<<
>>>>>>
တည်မြဲ အခန်းထဲမှာရေသွားချိုးပြီးပြန်ထွက်လာနဲ့တစ်ပြိုင်နက် သက်နိုင်ဦးဆီက ဖုန်းဝင်လာသည်။ ဖုန်းကိုလက်ကကိုင်မထားချင်တာကြောင့် Speaker ဖွင့်လိုက်၏။
" အေးပြော "
" မင်း ရန်ကုန်ပြန်ရောက်ပြီလား အရင်လိုပဲဆုံကြရအောင်လေ ဟိုကောင် တိမ်ယံက ဘိုတောက်တို့ အဖွဲ့နဲ့ချိန်းပြီးကားပြိုင်တာ နိုင်သွားလို့ Treatမယ်တဲ့ "
" ဟုတ္လား ဘယ်လောက်ကြေးလောင်းထားလို့ မင်းအသံက ကာယကံရှင်ထက်တောင် ပိုပြီးပျော်နေတဲ့ပုံပေါက်နေရတာလဲ "
" 100 ကြေး လောင်းတာဟေ့ ငါလည်းဒီကောင်ခွပ်ခွပ်လံရှုံးမယ်ထင်ခဲ့တာ အခုတော့ ကံတွေကောင်းပြီးနိုင်သွားတယ် ၊ ဘိုတောက်တို့ကားက အင်ဂျင်ပေါက်ပြီး ရှုံးတာ ၊ သူကလည်းသူ့အရှုံးကိုလက်ခံပါတယ် သိန်း100 ချက်ချင်းထုတ်ပေးလိုက်တယ်လေ သူ့ဘက်ကကောင်တွေကတော့ တင်းနေကြတာပေါ့ ဘယ္လိုလဲ ၊ မင်းလာမှာလား "
" ဒီညေတာ့ လာဖို့မဖြစ်နိုင်ဘူး မန္တလေးကနေ မနားပဲဆက်တိုက်မောင်းလာတာဆိုတော့ ငါနည်းနည်းပင်ပန်းနေလို့ စောစောအိပ်ဖို့စီစဉ်ထားတယ် မင်းတို့ ငါ့အစားပိုသောက်ပေးကြပေါ့ "
" ဟမ် ဟေ့ကောင် ငါတို့ချိန်းရင်မင်းဘယ်တုန်းကမလာပဲနေလို့လဲ အခုက်မွ ဆင်ခြေဆင်လက်တွေပေးမနေစမ်းပါနဲ့ လာခဲ့စမ်းပါ "
တည်မြဲကမ်ဘာဆက်မပြောတော့ပဲ ဖုန်းချလိုက်သည်။ ပင်ပန်းတယ်ဆို ပင်ပန်းတယ်သိထားလိုက်ပေါ့။ သက်နိုင်ဦးဆိုတဲ့အကောင် လျှာကိုရှည်တယ်။ ဖုန်းကိုအခန်းထဲမှာထားခဲ့ပြီး ဟိုတစ်ယောက်ရဲ့အခန်းထဲဝင်သွားလိုက်သည်။ ဒေါ်ဝင်းကအရင်ရောက်နှင့်နေပြီး သူ့ကိုမြင်တော့ ခေါင်းငုံ့သွား၏၊ ဆန်ပြုတ်ပန်းကန်ကလည်း ဒီအတိုင်း စားပွဲပေါ်မှာ။
" မစားဘူးလား "
ဒေါ်ဝင်းကခေါင်းယမ်းသည်။ တည်မြဲ သူ့အိပ်ယာဘေးဝင်ထိုင်လိုက်ကာ နဖူးကိုစမ်းကြည့်တော့ ပူခြစ်နေသည်။
" ဒေါ်ဝင်းသွားလို့ရပြီ ကျွန်တော်ကျွေးလိုက်မယ် "
" ဟို ဖြစ်ပါ့မလား...သခင်လေးတည်မြဲ "
" အင်း ရတယ် ဒေါ်ဝင်းလုပ်စရာရှိတာသွားလုပ်လိုက်ပါ "
ဒေါ်ဝင်းက တွန့်ဆုတ်တွန့်ဆုတ်ထွက်သွားသည်။ အဟက် ကိုယ္က သူတို့သခင်လေးကို မကောင်းကြံမှာကျနေတာပဲ။ မေမေရော ဒေါ်ဝင်းရော ပိုကိုပိုသည်။ တည်မြဲ အိပ်ပျော်နေသူကို ငုံ့ကြည့်လိုက်တော့ ဖြူဖက်ဖြူရော်နှင့် ၊ နှုတ်ခမ်းတွေကပါ ခြောက်သွေ့နေသည်။
" အိပ်ချင်ယောင်ဆောင်မနေနဲ့ နေမကောင်းတဲ့ဟာကို ဆန်ပြုတ်မသောက်လို့မရဘူး သောက်ရမယ် "
သူမှိန်းနေမှန်းတည်မြဲသိသည်။ ဝင်လာတုန်းကတောင် မျက်လုံးဖွင့်ကြည့်နေသေးတာ အနားလာထိုင်တော့မှ ပြန်မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေသည်တဲ့။ ရိုက်ချင်စရာ။
" ကြားလား ဆန်ပြုတ်သောက်ပြီးရင် ဆေးတစ်ခါတည်းသောက်ရမယ် ပြီးမှပြန်အိပ် "
ပက်လက်အိပ်နေသူဆီ ငုံ့မိုးလိုက်ကာ ကျောအောက်လက်လျို၍ ထူလိုက်သည်။ နောက်ကျောမှာ ခေါင်းအုံးတစ်လုံး ဒေါင်လိုက်ထောင်ပေးလိုက်တော့ သက်တောင့်သက်သာရှိသွားပုံပေါ်သည်။
" ဆန်ပြုတ်မသောက်ချင်ဘူး "
" မသောက်လို့မရဘူး လူမမာက လူမမာစာစားရမှာပေါ့ ဆန်ပြုတ်မသောက်ချင်ရင် ကိုယ့်ကိုကိုယ်ကြံ့ခိုင်အောင်လုပ်လေ အခုဟာက ဘာလုပ်လုပ်အထိမခံဘူး ပျော့ဖက်ဖက်နဲ့ "
" နေမကောင်းရတဲ့အထဲ အဘွားကြီးလိုပွစိပွစိမပြောနဲ့ နားညီးတယ် "
တည်မြဲပြောနေတာကို မကြားချင်သည့်ပုံစံက ရှုံ့မဲ့လာသည်။ သက်ပြင်းကိုပါ ဟူးခနဲချလိုက်သေး၏။ အရမ်းကိုစိတ်ဆင်းရဲနေသည့်ပုံစံဖြင့် သက်ပြင်းချတာတောင် အခန်းဆက်နှင့်ဖြစ်သည်။ ထားမိတဲ့စေတနာလေးတောင် ဘယ်ရောက်တယ်မသိ။ သူကပဲနားညီးတယ်ရှိရသေး။ ဆန်ပြုတ်ပန်းကန်ကို ခွဲပစ်ပြီး ထထွက်သွားချင်စိတ်ကို ထိန်းထားရသည်။ စိတ္တို၍ တည်မြဲမေးကြောတွေ နားထင်ကြောတွေပါထောင်ထနေပြီဖြစ်သည်။
" ပါးစပ်ဟ အကုန်မသောက်နိုင်ရင်တောင် တစ်ဝက်လောက်တော့ ကုန်အောင်သောက်ရမယ် မြန်မြန်နေကောင်းမှ မင်းစားချင်တာစားလို့ရမှာပေါ့ ပူတင်းစားချင်သေးလား ဒေါ်ဝင်းကိုယူလာခိုင်းလိုက်မယ် "
ညင်ညင်သာသာချော့ပြောနေတဲ့ မောင့်အသံကြောင့် ညို့မျက်လုံးများဝိုင်းစက်သွားသည်။ သူမော့ကြည့်တော့ မြင်လိုက်ရသည့်မောင့်မျက်နှာက မဆိုစလောက်လေးနူးည့ံနေ၏၊ ညို့ဖျားတဲ့အခါတိုင်း ပူတင်းပျော့ပျော့လေးစားတတ်တယ်ဆိုတာလည်း သူအမှတ်ရနေတုန်းပဲလား။
" အင့် "
ဆန်ပြုတ်ကိုစားနေရင်းနဲ့ တအီအီငိုလာသူကြောင့် ကြောင်အသွားရသည်။ ဘာဖြစ်သွားတာလဲအဲ့ဒါ ။ မျက်ရည်တွေကလည်းမရပ်မနားကျနေပြီး ကလေးလိုငိုလာသည်။ နဂိုတည်းကမှဖျားနေတာဆိုတော့ ငိုရင် နှာခေါင်းပိတ်ပြီး အသက်ရူကြပ်ဦးမည်။ ဆန်ပြုတ်ပန်းကန်ကိုခုံပေါ်ချလိုက်ကာ ငိုနေသူ၏မျက်နှာကိုဆွဲမော့လိုက်သည်။ မျက်ရည်ဥကြီးတွေတလှိမ့်ခြင်းကျနေပြီး ဝမ်းနည်းပက်လက်ငိုနေလိုက်တာ။
" ဘာထေဖာက္တာလဲ ဘာဖြစ်လို့ငိုတာလဲ ဆန်ပြုတ်မစားချင်လို့လား ဒါဆို ဒေါ်ဝင်းကိုထမင်းပျော့ပျော့ချက်ခိုင်းလိုက်မယ် ဟမ်? "
" အဟင့် ဟင့် မောင့်ကိုမုန်းတယ် ဘာလို့မျှော်လင့်ချက်တွေလာလာပေးနေတာလဲ လူဆိုးကောင်ရဲ့ "
ရင်ဘက်ကိုတဘုန်းဘုန်းထုရိုက်လာသည်။ လက်တွေကတော့ အားမရှိသလို ပျော့ဖက်နေသည်။ လက်သီးဆုပ်တွေကိုဖမ်းချုပ်လိုက်ပြီး နဖူးကိုစမ်းကြည့်တော့ ခုဏကထက်တောင်အပူရှိန်တတ်လာသေးသည်။
" တော်တော့ မငိုနဲ့တော့ အဖျားပိုတတ်လိမ့်မယ် မင်းဆေးတွေသောက်ရတာ မုန်းတယ်မလား ထပ်ငိုရင် ဦးခန့်ကို ငါဆေးတွေပိုပေးဖို့ပြောလိုက်မှာနော် "
တည်မြဲသက်ပြင်းချလိုက်ကာ ဘေးဝင်ထိုင်လိုက်ပြီး ငိုနေသူကိုပါပွေ့ကာ ပေါင်ပေါ်တင်ထားလိုက်သည်။ သေးသေးကွေးကွေးနှင့် ရင်ခွင်ထဲမြုပ်နေတာကြောင့် အပူရှိန်က တည်မြဲခန္တာကိုယ်ကိုပါ ပူစေသည်။ အငိုကတော့တစ်စက်မှမလျော့ နှာခေါင်းကလည်းပိတ်သွားပုံပေါ်သည် ၊ တရွတ်ရွတ်နှင့်ဖြစ်နေပြီး ကြာတော့ ပါးစပ်ကိုအသုံးပြုကာ အသက်ရှူနေ၏။
" ငါပြောသားပဲ နှာခေါင်းပိတ်မယ်လို့ စကားကိုဘယ်တော့မှနားမထောင်ဘူး မင်းဘယ်လိုကောင်လဲ ! ဟမ် ပြန်ပြောဦးလေ အဲ့ဒီပါးစပ္က တစ်ခွန်းမကျန်ပြန်ပြောဦး ဟွန်း "
တစ်ရှူးတွေသူ့လက်ထဲထည့်ပေးလိုက်တော့ နှာညှစ်သည် ပြီးနောက် တည်မြဲ အကျီကိုဆွဲကာ အထဲပစ်ထည့်၏။ ဘယ်လိုတောင် ယုတ်မာတာ!!
" မင်း! တမင်လုပ်တာမဟုတ်လား..."
တည်မြဲ၏ နီရဲသွားသည့်မျက်နှာကိုမြင်တော့ ငိုနေရင်းတန်းလန်းနဲ့ ရယ်လာပြန်သည်။ စိတ်တွေလည်းဆင်းရဲပါတယ်။ ဘယ်လိုအရူးကို လင်တော်ထားရတာပါလိမ့်။ စိတ်ကိုအတတ်နိုင်ဆုံးလျော့ကာ ထိုတစ်ယောက်၏ ပါးကိုလိမ်ဆွဲပစ်လိုက်သည်။ အသားအရေကဖွေးနေတာကြောင့် ပါးပြင်မှာနီရဲသွား၏။
" ဒီနေ့တော့အလျော့ပေးလိုက်မယ်နော် ကြားလား...အမြင်ကပ်အောင်လာလာမလုပ်နဲ့ "
ကိုယ်ကသာပြောနေတာ ၊ သူက ငိုပြီးတော့မျက်တောင်တွေစင်းကျလာကာ မျက်တောင်ရှည်တွေကပုတ်ခတ်ပုတ်ခတ်။ အိပ်ချင်နေပြီဆိုတာသိလိုက်တာကြောင့် တည်မြဲအမြန်ပြန်နှိုးကာ ဆေးတိုက်ရတော့သည်။ ဆေးကိုပါးစပ်ထဲက ပြန်ထွေးထုတ်လိုက်တဲ့ တစ်ယောက်က နေမကောင်းရင် သူငယ်များပြန်သွားသလားဟု တည်မြဲတွေးလိုက်မိသည်။ နေကောင်းရင်များ ဆက္ဆက္ထိမခံ အရွဲ့တိုက်တတ်သေးတာ။
" ဟူး မတတ်နိုင်တော့ဘူး "
တည်မြဲဆေးကို ပါးစပ်ထဲထည့်ကာ ရေကိုပါတစ်ခါတည်းငုံလိုက်သည်။ ပြီးနောက် သူ့ပါးစပ်ကိုဟကာ ဆေးနှင့်ရေကိုတစ်ခါတည်း ထည့်ပေးလိုက်၏။ ဆေးသုံးလုံးကို ထိုနည်းနဲ့ပဲတိုက်လိုက်သည်။ ဟိုတစ်ယောက်ကတော့ ပြန်အိပ်ပျော်သွားသည်။
" ခါးလိုက္တာ အချိုလိုအပ်နေပြီ မင်းနှုတ်ခမ်းတွေကိုပဲ အားကိုးရတော့မှာပေါ့ တစ်မျိုးမထင်နဲ့နော် မင်းငါ့အပေါ်အိပ်နေတော့ ငါထလို့အဆင်မပြေလို့ "
အိပ်နေသူ၏ မျက်နှာကိုပွေ့မလိုက်ရင်း ခပ်စိုစိုဖြစ်သွားသော နှုတ်ခမ်းတစ်စုံကို ဖိနမ်းကာ ငုံစုပ်လိုက်သည်။ အတော်ကြာနမ်းပြီးတော့မှ လွှတ်ပေးလိုက်သည်။ နှုတ်ခမ်းလေးကတော့ နီရဲကာကျန်ခဲ့လေ၏။ ခန္တာကိုယ်ပေါ်ကနေ အသာပွေ့ကာ ဘေးဘက်ကိုချပေးရင်း တစ်ကိုယ်လုံးကိုစောင်နှင့်ထွေးပေးလိုက်သည်။ ပြီးမှသူ့ဘေးဝင်လှဲရင်း မို့အစ်နေသော မျက်နှာဖောင်းဖောင်းကို မေးထောက်ကြည့်လိုက်သည်။
" အိပ်နေတဲ့တစ်ချိန်ပဲ အပြစ်ကင်းတယ် ၊ ကျန်တဲ့အချိန်ဆို မ်က္စိထဲ ကန့်လန့်ကန့်လန့် ၊ တတ်လည်းတတ်နိုင်တဲ့ကောင်ပဲ မင်းက ၊ နေပါဦး သူ့မျက်နှာကဘာလို့ ဒီလောက်လှနေရတာလဲ ဒီမျက်နှာကြောင့် လူတွေကသူ့ကိုသည်းသည်းလှုပ်ချစ်နေကြတာလား? "
မျက်ခွံကလည်း ပါးပါးလေးဖြစ်ကာ အကြောစိမ်းမျှင်မျှင်လေးတွေတောင် တွေ့နေရသည်။ မှဲ့သေးသေးလေးနှစ်ခုကလည်း အထက်အောက်ဆင့်လျှက်။ မျက်တောင်ရှည်တွေအောက်က မျက်လုံးတွေက ဘယ်လောက်တောင်ပေကပ်ကပ်အကြည့်တွေလုပ်တတ်လည်းဆိုတာ တည်မြဲအသိဆုံးဖြစ်သည်။ ပြီးတော့ အဲ့ဒီမျက်လုံးတွေကနေ မျက်ရည်တွေထွက်လာတာကိုတည်မြဲသိပ်ကြိုက်သည်။ အရင်က သူ့ကိုမသိချင်ယောင်ဆောင်ထားခဲ့တာ အကြံကောင်းလို့ထင်ပေမယ့် ၊ အခုတော့ သူ့ကိုငိုအောင်စရတာက ပိုကောင်းနေတာကို တွေ့လာရသည်။
" ဘယ္လိုလုပ္မလဲ ၊ ငါကမင်းကို ရှေ့လျှောက် ငါ့ရှေ့မှာ ငိုပြီးအသနားခံနေတာကို မြင်ရအောင်လုပ်တော့မှာလေအဲ့ဒီအခါကျရင် မင်းငါ့ဆီက ဝေးဝေးကိုပြေးချင်လာလိမ့်မယ် မင်းဆိုတာကလည်း အလိမ်အညာတွေပြည့်နေတဲ့ လူတစ်ယောက်သက်သက်ပါ ၊ တစ်နေ့နေ့ရောက်ရင် မင်းလည်းငါ့အနားကြာကြာရှိနေနိုင်မှာမဟုတ်ဘူး မှိုင်းညို့ "
အိပ်ပျော်နေသူကို ကြာကြာကြည့်နေပြီးကာမှ တည်မြဲ ထထိုင်လိုက်သည်။ လေအေးပေးစက်ကိုပိတ်ပြီးနောက် အခန်းထဲကထွက်လာခဲ့လိုက်ပြီး တည်မြဲ၏ အိပ်ခန်းထဲက ဖုန်းနဲ့ Laptopကို ယူကာ ညို့အခန်းထဲတစ်ဖန်ပြန်ဝင်လာခဲ့၏။ အသက်ရှူသံမျင်းမျင်းထွက်နေသူကို အကဲခတ်လိုက်ပြီးကာမှ ကုတင်ခြေရင်းကဆိုဖာတွင်ထိုင်ကာ မပြီးသေးသည့် project တွေကို စပြီး စစ်ဆေးတော့သည်။
ဒီညလည်း မိုးလင်းပေါက် အလုပ်လုပ်ရဦးမှာပဲ။
TBC~~~
15.9.2021