ZAW
ေန႔ရက္ေလးေတြက သာယာေနတယ္။နံနက္ခင္းမိုးလင္းလာရင္ အနီးနားက ေစ်းမွာဟင္းခ်က္စရာေတြ၀ယ္ၿပီး တစ္ေယာက္ထဲခ်က္စားတယ္။ေန႔လယ္ခင္းဘက္ဆိုရင္ သူကအကိုလုဟန္ရဲ႕ဆိုင္ကို အလည္သြားၿပီး ကူညီေပးတယ္။
ဗိုက္ကေလးက ေသးေသးေလးပူေနတယ္။သူရဲ႕ေန႔ရက္ေတြက ခ်န္းေယာလ္မပါ၀င္တာေၾကာင့္ ပိုေပ်ာ္စရာေကာင္းေနသလို။သူဒီေန႔ေတာ့ အိပ္ယာထနည္းနည္းေလးေနာက္က်သြားတယ္။
ပစၥည္းအခ်ိဳ႕၀ယ္စရာရွိတဲ့အျပင္ ေဆးခန္းလည္းသြားျပရအုန္းမွာမို႔ သြက္သြက္လပ္လပ္ေလးထၿပီး ျပင္ဆင္လိုက္တယ္။
ပိုက္ဆံအတြက္ေတာ့ သိပ္ပူစရာမလိုေတာ့ပါဘူး။နည္းနည္းပါးပါးေတာ့ က်န္ေသးတယ္။ေနာက္ဆို ကေလးေလးအတြက္ ဒိုက္ပါေတြ အက်ီေလးေတြေတာင္ ၀ယ္ထားရအုန္းမယ္။
လိုအပ္တာအခ်ိဳ႕သာ ျမန္ျမန္ေလး၀ယ္ခဲ့ၿပီး ေဆးခန္းကို Taxiနဲ႔သြားလိုက္တယ္။လူသိပ္မက်တာေၾကာင့္ သူအၾကာႀကီးထိုင္ေစာင့္စရာမလိုေတာ့ဘူး။
"ဒီရက္ပိုင္း အန္တာေတြ ေခါင္းမူးတာေတြရွိလား"
"ဟင့္အင္း ကြၽန္ေတာ္တစ္ခါမွမျဖစ္ဖူးဘူး"
"ဟင္း ေကာင္းၿပီ အာဟာရရွိတဲ့ အစားေလးေတြ မ်ားမ်ားစားေပး ေခါက္ဆြဲေျခာက္ထုပ္ေတြပဲ ျပဳတ္ေသာက္မေနနဲ႔ ေနာက္ထပ္၃ပတ္ေနရင္ ျပန္လာခဲ့ "
"ဟုတ္ကဲ့ ေက်းဇူးပါ ဆရာ"
ဆရာ၀န္ေပးလိုက္တဲ့ အာဟာရတိုးေဆးေတြကို ပိုက္ၿပီး ေဆးခန္းထဲကထြက္လာခဲ့တယ္။ေခါက္ဆြဲေျခာက္ထုပ္ေတြကို သူလည္းမစားခ်င္ပါဘူး။မျဖစ္လို႔သာ စားေနတာ။
ဘတ္ဟြၽန္းက စိတ္ထဲမွာ ဆူပုတ္ပုတ္နဲ႔ ေျပာၿပီး အိမ္ကိုျပန္လာခဲ့တယ္။သူအိမ္ျပန္ေရာက္ေတာ့ သူမဖိတ္ေခၚထားတဲ့ လူဟာအိမ္ကိုႀကိဳေရာက္ေနတယ္။
တန္ဖိုးႀကီးကားက သူ႔အိမ္ေရွ႕ထိုးရပ္ထားၿပီး နွစ္ေယာက္မရွိတဲ့ ခ်န္းေယာလ္ရဲ႕ကားျဖစ္တယ္။သူစစခ်င္း စိုးထိတ္သြားေပမယ့္ ဒီအေကာင္က ဘာလာလုပ္တာလဲ။သူ႔အိမ္ကို ဘယ္လိုသိတာလဲ။လက္ညိဳးတစ္ခ်က္ ေ၀့လိုက္ရံုနဲ႔တင္ ခ်က္ခ်င္းသိနိုင္တဲ့ ခ်န္းေယာလ္ရဲ႕အစြမ္းအဆကို သူေမ့သြားတယ္။
သူ႔လက္ထဲက ေဆးေတြကို အက်ီၾကားထဲ ထိုးထည့္ဖြတ္လိုက္ၿပီး အိမ္ထဲကို၀င္လာေတာ့ သူ႔အိမ္သူ႔ယာလို အခန္႔သားထိုင္ေနတဲ့ ခ်န္းေယာလ္ကိုေတြ႕ရတယ္။ယဥ္ေက်းမႈမရွိလိုက္တာ ဖိနပ္ေတာင္ မခြၽတ္ဘူး။
"မင္းဘာကိစၥလာတာလဲ"
"ဘာလို႔လဲ လာလို႔မရဘူးလား"
"ဒါေပါ့ သြားျပန္ေတာ့ မင္းကိုမႀကိဳဆိုဘူး"
"ဟက္ ေျဗာင္ဘတ္ဟြၽန္း ငါသာမသိခဲ့ရင္ မင္းကငါ့ရင္ေသြးကို ဘယ္ခ်ိန္ထိ သို၀ွက္ထားဖို႔စဥ္းစားထားတာလဲ ငါ့ကေလး မဂၤလာေဆာင္မွ ငါကဂုဏ္လာျပဳေပးရမွာလား"
သူ သူဘယ္လိုလုပ္သိသြားတာလဲ။ငါ့ကေလး
ဟင့္အင္း မေပးဘူး။ဒါငါ့ကေလး ဘယ္သူနဲ႔မွမေပးနိုင္ဘူး။
ၿပီးေတာ့ အေနွးအျမန္ေပၚလာတဲ့ အကြက္ေတြ။သူ႔ဗိုက္ေလးကို ကန္တယ္။နာက်င္မႈေတြနဲ႔ ႀကိတ္ခံေနတဲ့ သူ႔ပံုစံ။စီးက်လာတဲ့ ေသြးနီနီပ်စ္ပ်စ္ေတြ။
ကေလးေလး သူ႔ကေလးေလးက သူတစ္ေယာက္တည္းဟာ
စိတ္ထဲမွာ ကမာၻပ်က္ေနေပမယ့္ အျပင္ပိုင္းကေတာ့ တစ္ခ်က္မွ ရုပ္ကိုမေျပာင္းလဲပဲ သူေမးမိတယ္။
"ဘယ္ကကေလးလဲ"
"ရူးေၾကာင္ေၾကာင္ေတြ လာလုပ္မေနနဲ႔ မင္းဗိုက္ထဲက မင္းကေလး ငါနဲ႔ရတဲ့ မင္းကေလး"
"မဟုတ္ဘူး မင္းကေလးလို႔ဘယ္သူေျပာလဲ ကေလးရဲ႕အေဖက ငါတစ္ေယာက္တည္းပဲ "
"မင္းကိုတက္မလုပ္ပဲနဲ႔ မင္းကေလးက ဘယ္ကေန ေပၚလာမွာလဲ"
"မဟုတ္ဘူးလို႔ေျပာၿပီးေနၿပီေလ မင္းနဲ႔ဘာမွမသက္ဆိုင္ဘူး"
"ပတ္မ်ိဳးရိုးရဲ႕ဆက္ခံသူကို မင္းကသို၀ွက္ခ်င္ေနတာပဲ အျပစ္ဘယ္ေလာက္ႀကီးလဲ မင္းမသိဘူးလား"
ဘတ္ဟြၽန္းမရေတာ့ဘူး။ကိုယ္၀န္ေဆာင္ခ်ိန္ကာလျဖစ္တာအပါအ၀င္ စိတ္ဖိစီးမႈေတြ မ်ားတာေၾကာင့္ ေမ့လဲက်သြားသည္။စိတ္ထဲမွာေတာ့ သူ႔ကေလးကို ဘယ္မွမေပးနိုင္ေၾကာင္း အတန္တန္ျငင္းပယ္ေနတုန္း။
မူးေ၀ေနတဲ့ ခံစားခ်က္နဲ႔အတူ မ်က္စိကိုဖြင့္လိုက္တယ္။
သူျမင္လႊာထဲကို ပထမဦးဆံုး၀င္လာတာက သူ႔အခန္းမဟုတ္တဲ့ အျဖဴေရာင္ေတြ အသားေပးထားတဲ့ အခန္းတစ္ခု။ေ၀့၀ဲၾကည့္မိကာမွ ေဘးနားမွာ လက္ပိုက္ၿပီး ရုပ္တည္ႀကီးနဲ႔ ထိုင္ေနတဲ့ ခ်န္းေယာလ္။
သူခ်က္ခ်င္း ကေလးကိစၥကိုသတိရၿပီး ထထိုင္လိုက္တယ္။
"မင္းၿငိမ္ၿငိမ္ေနစမ္း"
အာဏာပါ၀ါေတြလာျပတဲ့ ခ်န္းေယာလ္က ထိလုဆဲဆဲ တြန္႔ခ်ိဳးထားတဲ့ မ်က္ခံုးေတြကမျပယ္ေသးဘူး။
"ငါ့ကို လႊတ္ေပး"
"မင္းကို ဘယ္သူမွဖမ္းမထားဘူး ငါ့ရင္ေသြးေၾကာင့္သာ မင္းကို ေပြ႕ေခၚလာေပးတယ္မွတ္"
ဘတ္ဟြၽန္း ခ်န္းေယာလ္မ်က္နွာကိုမၾကည့္ခ်င္ရန္ ေခါင္းကိုတစ္ဖက္ကိုလႊဲထားတယ္။သူ႔အတြက္ ဒီကိစၥေတြဘယ္လိုသိသြားတာလဲ။သူ႔ကေလးကိုေလ။
"မင္းဗိုက္ထဲကရင္ေသြးက ငါ့နဲ႔ရတာ ငါအေဖတစ္ေယာက္အေနနဲ႔ တာ၀န္ယူဖို႔ရွိတယ္ ဆိုတာမေမ့နဲ႔"
"မလိုအပ္ဘူး"
"က်စ္ မင္းေခါင္းမမာေနစမ္းနဲ႔ Baekhyun ေအးငါေျပာထားၿပီးသား မင္းျငင္းဆန္ခြင့္မရွိဘူး"
ေျပာၿပီးထသြားတဲ့ ခ်န္းေယာလ္ကို တစ္ခ်က္ၾကည့္ၿပီး သက္ျပင္းခ်လိုက္တယ္။ဒီဘ၀မွာေတာ့သူ႔ကေလးကို ခ်န္းေယာလ္ကသိၿပီးသြားၿပီ။ဘယ္ကေန ဘယ္လိုသိသြားလဲ။
သူတစ္ကယ္မစဥ္းစားခ်င္ေတာ့ဘူး။သူ႔ကေလးအတြက္ သူႀကိတ္မွိတ္သည္းခံရအုန္းမယ္။
သူအနာဂတ္ကိုေသခ်ာေလးစဥ္းစားၿပီး ရင္ေမာစြာ ထပ္မံသက္ျပင္းခ်မိျပန္တယ္။ဘာမွကိုဆက္မေတြးခ်င္ေတာ့တာေၾကာင့္ မ်က္လံုးမွိတ္ၿပီး အိပ္ေနဖို႔ပဲ ေတြးလိုက္တယ္။
သူအိပ္ယာကနိုးလာေတာ့ အိမ္ေတာ္ထိန္းက ေဘးနားမွာရွိေနတယ္။လက္ထဲမွာ အစားအေသာက္အစံုအလင္နဲ႔ ဗန္းတစ္ခုကိုင္ထားၿပီး သူနိုးလာတာျမင္ေတာ့ ၿပံဳးကာ ဆိုတယ္
"သခင္ေလး ႏိုးၿပီလား ညေနစာစားရေအာင္"
"ျပန္ယူသြားလိုက္ပါ အိမ္ေတာ္ထိန္း ကြၽန္ေတာ္မစားခ်င္ဘူး"
"သခင္ေလး နည္းနည္းေလးျဖစ္ျဖစ္စား၀င္ေအာင္စားလိုက္ပါလား ကေလးအတြက္လည္း"
"ကြၽန္ေတာ္ေျပာၿပီးၿပီ မစားခ်င္ဘူးလို႔ ျပန္ယူသြားလိုက္ပါ"
"မင္းထမစားရင္ ငါမင္းကို ထိုးသြတ္ေကြၽးရလိမ့္မယ္ ဘတ္ဟြၽန္း"
အခန္းတံခါး၀က ခ်န္းေယာလ္အသံေၾကာင့္ အိမ္ေတာ္ထိန္းကပါ လွည့္ၾကည့္ၿပီး အထစ္ထစ္အအေခၚလာတယ္။
"သ သခင္ႀကီး"
"အိမ္ေတာ္ထိန္းသြားေတာ့ ကြၽန္ေတာ့္ေပးခဲ့"
အိမ္ေတာ္ထိန္းက လက္ထဲကဗန္းကို ခ်န္းေယာလ္ကိုေပးခဲ့ၿပီး ထြက္သြားတယ္။
"ထစား"
"မစားဘူး"
ဘတ္ဟြၽန္းက ေခါင္းမာေနဆဲ..
"မင္းကိုေကြၽးခ်င္လို႔ ေကြၽးေနတယ္မွတ္မေနနဲ႔ ငါ့ကေလးအတြက္"
"မစားဘူး !"
"ရတယ္ေလ N ၀င္ခဲ့စမ္း"
ခ်န္းေယာလ္ေခၚသံေၾကာင့္ အျပင္ဘက္ကေန အေနာက္တိုင္း၀တ္စံုျပည့္နဲ႔ လူ၂ေယာက္က ၀င္လာတယ္။
"သူကိုခ်ဳပ္ထားစမ္း"
ရုန္းကန္ေနတဲ့ ဘတ္ဟြၽန္းကို လူ၂ေယာက္က တစ္ေယာက္တစ္ဖက္ဆီကေန ခ်ဳပ္ကိုင္ထားတယ္။ခ်န္းေယာလ္က ထမင္းတစ္လုပ္ကိုဇြန္းနဲ႔ခပ္ယူၿပီး
"ဟ"
တင္းတင္းေစ့ထားတဲ့ ဘတ္ဟြၽန္းနႈတ္ခမ္းေၾကာင့္ ခ်န္းေယာလ္က ဘတ္ဟြၽန္းရဲ႕ ပါးနွစ္ဖက္ကို အားနဲ႔ဖ်စ္ညစ္ကာ ေျပာေနေပမယ့္ ဘတ္ဟြၽန္းကေတာ့ ေခါင္းမာကာ ပြင့္ဟလာျခင္းမရွိပါ။
ခ်န္းေယာလ္က ထမင္းတစ္လုပ္ကို သူ႔ပါးစပ္ထဲထည့္ကာ ဘတ္ဟြၽန္းရဲ႕ နႈတ္ခမ္းေပၚထိကပ္လိုက္တယ္။ဘတ္ဟြၽန္းနႈတ္ခမ္းကိုတစ္ခ်က္ကိုက္လိုက္ေတာ့ နာက်င္မႈေၾကာင့္ ပြင့္ဟလာတဲ့ ဘတ္ဟြၽန္းနႈတ္ခမ္းၾကားကေနတစ္ဆင့္ ပါးစပ္ထဲကထမင္းအခ်ိဳ႕ကို ေတ့ကာသြင္းထည့္ေပးလိုက္တယ္။
ေဘးနားကခ်ဳပ္ထားတဲ့လူ၂ေယာက္က မ်က္နွာလႊဲထားၿပီး ဘတ္ဟြၽန္းကေက်ာက္ရုပ္ႀကီးကို ၿငိမ္သက္သြားတယ္။
"မင္းမစားရင္ ငါဒီလိုေကြၽးရလိမ့္မယ္"
"ေပး!"
ဘတ္ဟြၽန္းက ဗန္းကိုယူၿပီး ကိုယ္ပါသာကိုယ္စားတယ္။ခ်န္းေယာလ္က ပါးစပ္ထဲထိုးသြပ္ေနတဲ့ ဘတ္ဟြၽန္းကို ရပ္ၾကည့္ေနၿပီး အကုန္လံုးေျပာင္သလင္းခါသြားမွ ပန္းကန္ကို ခုနကလူေတြကိုေပးကာထြက္သြားတယ္။က်န္ခဲ့တဲ့ ဘတ္ဟြၽန္းက ခ်န္းေယာလ္ကို တိတ္တဆိတ္ဆဲဆိုၿပီး ခုနကခ်န္းေယာလ္နမ္းလိုက္တဲ့နႈတ္ခမ္းကို လက္နဲ႔အၾကမ္းပတမ္းဖိသုတ္ေနတယ္။
UNI
နေ့ရက်လေးတွေက သာယာနေတယ်။နံနက်ခင်းမိုးလင်းလာရင် အနီးနားက ဈေးမှာဟင်းချက်စရာတွေဝယ်ပြီး တစ်ယောက်ထဲချက်စားတယ်။နေ့လယ်ခင်းဘက်ဆိုရင် သူကအကိုလုဟန်ရဲ့ဆိုင်ကို အလည်သွားပြီး ကူညီပေးတယ်။
ဗိုက်ကလေးက သေးသေးလေးပူနေတယ်။သူရဲ့နေ့ရက်တွေက ချန်းယောလ်မပါဝင်တာကြောင့် ပိုပျော်စရာကောင်းနေသလို။သူဒီနေ့တော့ အိပ်ယာထနည်းနည်းလေးနောက်ကျသွားတယ်။
ပစ္စည်းအချို့ဝယ်စရာရှိတဲ့အပြင် ဆေးခန်းလည်းသွားပြရအုန်းမှာမို့ သွက်သွက်လပ်လပ်လေးထပြီး ပြင်ဆင်လိုက်တယ်။
ပိုက်ဆံအတွက်တော့ သိပ်ပူစရာမလိုတော့ပါဘူး။နည်းနည်းပါးပါးတော့ ကျန်သေးတယ်။နောက်ဆို ကလေးလေးအတွက် ဒိုက်ပါတွေ အကျီလေးတွေတောင် ၀ယ်ထားရအုန်းမယ်။
လိုအပ်တာအချို့သာ မြန်မြန်လေးဝယ်ခဲ့ပြီး ဆေးခန်းကို Taxiနဲ့သွားလိုက်တယ်။လူသိပ်မကျတာကြောင့် သူအကြာကြီးထိုင်စောင့်စရာမလိုတော့ဘူး။
"ဒီရက်ပိုင်း အန်တာတွေ ခေါင်းမူးတာတွေရှိလား"
"ဟင့်အင်း ကျွန်တော်တစ်ခါမှမဖြစ်ဖူးဘူး"
"ဟင်း ကောင်းပြီ အာဟာရရှိတဲ့ အစားလေးတွေ များများစားပေး ခေါက်ဆွဲခြောက်ထုပ်တွေပဲ ပြုတ်သောက်မနေနဲ့ နောက်ထပ်၃ပတ်နေရင် ပြန်လာခဲ့ "
"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ"
ဆရာဝန်ပေးလိုက်တဲ့ အာဟာရတိုးဆေးတွေကို ပိုက်ပြီး ဆေးခန်းထဲကထွက်လာခဲ့တယ်။ခေါက်ဆွဲခြောက်ထုပ်တွေကို သူလည်းမစားချင်ပါဘူး။မဖြစ်လို့သာ စားနေတာ။
ဘတ်ဟျွန်းက စိတ်ထဲမှာ ဆူပုတ်ပုတ်နဲ့ ပြောပြီး အိမ်ကိုပြန်လာခဲ့တယ်။သူအိမ်ပြန်ရောက်တော့ သူမဖိတ်ခေါ်ထားတဲ့ လူဟာအိမ်ကိုကြိုရောက်နေတယ်။
တန်ဖိုးကြီးကားက သူ့အိမ်ရှေ့ထိုးရပ်ထားပြီး နှစ်ယောက်မရှိတဲ့ ချန်းယောလ်ရဲ့ကားဖြစ်တယ်။သူစစချင်း စိုးထိတ်သွားပေမယ့် ဒီအကောင်က ဘာလာလုပ်တာလဲ။သူ့အိမ်ကို ဘယ်လိုသိတာလဲ။လက်ညိုးတစ်ချက် ဝေ့လိုက်ရုံနဲ့တင် ချက်ချင်းသိနိုင်တဲ့ ချန်းယောလ်ရဲ့အစွမ်းအဆကို သူမေ့သွားတယ်။
သူ့လက်ထဲက ဆေးတွေကို အကျီကြားထဲ ထိုးထည့်ဖွတ်လိုက်ပြီး အိမ်ထဲကိုဝင်လာတော့ သူ့အိမ်သူ့ယာလို အခန့်သားထိုင်နေတဲ့ ချန်းယောလ်ကိုတွေ့ရတယ်။ယဉ်ကျေးမှုမရှိလိုက်တာ ဖိနပ်တောင် မချွတ်ဘူး။
"မင်းဘာကိစ္စလာတာလဲ"
"ဘာလို့လဲ လာလို့မရဘူးလား"
"ဒါပေါ့ သွားပြန်တော့ မင်းကိုမကြိုဆိုဘူး"
"ဟက် ဗြောင်ဘတ်ဟျွန်း ငါသာမသိခဲ့ရင် မင်းကငါ့ရင်သွေးကို ဘယ်ချိန်ထိ သိုဝှက်ထားဖို့စဉ်းစားထားတာလဲ ငါ့ကလေး မင်္ဂလာဆောင်မှ ငါကဂုဏ်လာပြုပေးရမှာလား"
သူ သူဘယ်လိုလုပ်သိသွားတာလဲ။ငါ့ကလေး
ဟင့်အင်း မပေးဘူး။ဒါငါ့ကလေး ဘယ်သူနဲ့မှမပေးနိုင်ဘူး။
ပြီးတော့ အနှေးအမြန်ပေါ်လာတဲ့ အကွက်တွေ။သူ့ဗိုက်လေးကို ကန်တယ်။နာကျင်မှုတွေနဲ့ ကြိတ်ခံနေတဲ့ သူ့ပုံစံ။စီးကျလာတဲ့ သွေးနီနီပျစ်ပျစ်တွေ။
ကလေးလေး သူ့ကလေးလေးက သူတစ်ယောက်တည်းဟာ
စိတ်ထဲမှာ ကမ္ဘာပျက်နေပေမယ့် အပြင်ပိုင်းကတော့ တစ်ချက်မှ ရုပ်ကိုမပြောင်းလဲပဲ သူမေးမိတယ်။
"ဘယ်ကကလေးလဲ"
"ရူးကြောင်ကြောင်တွေ လာလုပ်မနေနဲ့ မင်းဗိုက်ထဲက မင်းကလေး ငါနဲ့ရတဲ့ မင်းကလေး"
"မဟုတ်ဘူး မင်းကလေးလို့ဘယ်သူပြောလဲ ကလေးရဲ့အဖေက ငါတစ်ယောက်တည်းပဲ "
"မင်းကိုတက်မလုပ်ပဲနဲ့ မင်းကလေးက ဘယ်ကနေ ပေါ်လာမှာလဲ"
"မဟုတ်ဘူးလို့ပြောပြီးနေပြီလေ မင်းနဲ့ဘာမှမသက်ဆိုင်ဘူး"
"ပတ်မျိုးရိုးရဲ့ဆက်ခံသူကို မင်းကသိုဝှက်ချင်နေတာပဲ အပြစ်ဘယ်လောက်ကြီးလဲ မင်းမသိဘူးလား"
ဘတ်ဟျွန်းမရတော့ဘူး။ကိုယ်ဝန်ဆောင်ချိန်ကာလဖြစ်တာအပါအ၀င် စိတ်ဖိစီးမှုတွေ များတာကြောင့် မေ့လဲကျသွားသည်။စိတ်ထဲမှာတော့ သူ့ကလေးကို ဘယ်မှမပေးနိုင်ကြောင်း အတန်တန်ငြင်းပယ်နေတုန်း။
မူးဝေနေတဲ့ ခံစားချက်နဲ့အတူ မျက်စိကိုဖွင့်လိုက်တယ်။
သူမြင်လွှာထဲကို ပထမဦးဆုံးဝင်လာတာက သူ့အခန်းမဟုတ်တဲ့ အဖြူရောင်တွေ အသားပေးထားတဲ့ အခန်းတစ်ခု။ဝေ့၀ဲကြည့်မိကာမှ ဘေးနားမှာ လက်ပိုက်ပြီး ရုပ်တည်ကြီးနဲ့ ထိုင်နေတဲ့ ချန်းယောလ်။
သူချက်ချင်း ကလေးကိစ္စကိုသတိရပြီး ထထိုင်လိုက်တယ်။
"မင်းငြိမ်ငြိမ်နေစမ်း"
အာဏာပါဝါတွေလာပြတဲ့ ချန်းယောလ်က ထိလုဆဲဆဲ တွန့်ချိုးထားတဲ့ မျက်ခုံးတွေကမပြယ်သေးဘူး။
"ငါ့ကို လွှတ်ပေး"
"မင်းကို ဘယ်သူမှဖမ်းမထားဘူး ငါ့ရင်သွေးကြောင့်သာ မင်းကို ပွေ့ခေါ်လာပေးတယ်မှတ်"
ဘတ်ဟျွန်း ချန်းယောလ်မျက်နှာကိုမကြည့်ချင်ရန် ခေါင်းကိုတစ်ဖက်ကိုလွှဲထားတယ်။သူ့အတွက် ဒီကိစ္စတွေဘယ်လိုသိသွားတာလဲ။သူ့ကလေးကိုလေ။
"မင်းဗိုက်ထဲကရင်သွေးက ငါ့နဲ့ရတာ ငါအဖေတစ်ယောက်အနေနဲ့ တာဝန်ယူဖို့ရှိတယ် ဆိုတာမမေ့နဲ့"
"မလိုအပ်ဘူး"
"ကျစ် မင်းခေါင်းမမာနေစမ်းနဲ့ Baekhyun အေးငါပြောထားပြီးသား မင်းငြင်းဆန်ခွင့်မရှိဘူး"
ပြောပြီးထသွားတဲ့ ချန်းယောလ်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ဒီဘ၀မှာတော့သူ့ကလေးကို ချန်းယောလ်ကသိပြီးသွားပြီ။ဘယ်ကနေ ဘယ်လိုသိသွားလဲ။
သူတစ်ကယ်မစဉ်းစားချင်တော့ဘူး။သူ့ကလေးအတွက် သူကြိတ်မှိတ်သည်းခံရအုန်းမယ်။
သူအနာဂတ်ကိုသေချာလေးစဉ်းစားပြီး ရင်မောစွာ ထပ်မံသက်ပြင်းချမိပြန်တယ်။ဘာမှကိုဆက်မတွေးချင်တော့တာကြောင့် မျက်လုံးမှိတ်ပြီး အိပ်နေဖို့ပဲ တွေးလိုက်တယ်။
သူအိပ်ယာကနိုးလာတော့ အိမ်တော်ထိန်းက ဘေးနားမှာရှိနေတယ်။လက်ထဲမှာ အစားအသောက်အစုံအလင်နဲ့ ဗန်းတစ်ခုကိုင်ထားပြီး သူနိုးလာတာမြင်တော့ ပြုံးကာ ဆိုတယ်
"သခင်လေး နိုးပြီလား ညနေစာစားရအောင်"
"ပြန်ယူသွားလိုက်ပါ အိမ်တော်ထိန်း ကျွန်တော်မစားချင်ဘူး"
"သခင်လေး နည်းနည်းလေးဖြစ်ဖြစ်စားဝင်အောင်စားလိုက်ပါလား ကလေးအတွက်လည်း"
"ကျွန်တော်ပြောပြီးပြီ မစားချင်ဘူးလို့ ပြန်ယူသွားလိုက်ပါ"
"မင်းထမစားရင် ငါမင်းကို ထိုးသွတ်ကျွေးရလိမ့်မယ် ဘတ်ဟျွန်း"
အခန်းတံခါးဝက ချန်းယောလ်အသံကြောင့် အိမ်တော်ထိန်းကပါ လှည့်ကြည့်ပြီး အထစ်ထစ်အအခေါ်လာတယ်။
"သ သခင်ကြီး"
"အိမ်တော်ထိန်းသွားတော့ ကျွန်တော့်ပေးခဲ့"
အိမ်တော်ထိန်းက လက်ထဲကဗန်းကို ချန်းယောလ်ကိုပေးခဲ့ပြီး ထွက်သွားတယ်။
"ထစား"
"မစားဘူး"
ဘတ်ဟျွန်းက ခေါင်းမာနေဆဲ..
"မင်းကိုကျွေးချင်လို့ ကျွေးနေတယ်မှတ်မနေနဲ့ ငါ့ကလေးအတွက်"
"မစားဘူး !"
"ရတယ်လေ N ၀င်ခဲ့စမ်း"
ချန်းယောလ်ခေါ်သံကြောင့် အပြင်ဘက်ကနေ အနောက်တိုင်းဝတ်စုံပြည့်နဲ့ လူ၂ယောက်က ၀င်လာတယ်။
"သူကိုချုပ်ထားစမ်း"
ရုန်းကန်နေတဲ့ ဘတ်ဟျွန်းကို လူ၂ယောက်က တစ်ယောက်တစ်ဖက်ဆီကနေ ချုပ်ကိုင်ထားတယ်။ချန်းယောလ်က ထမင်းတစ်လုပ်ကိုဇွန်းနဲ့ခပ်ယူပြီး
"ဟ"
တင်းတင်းစေ့ထားတဲ့ ဘတ်ဟျွန်းနှုတ်ခမ်းကြောင့် ချန်းယောလ်က ဘတ်ဟျွန်းရဲ့ ပါးနှစ်ဖက်ကို အားနဲ့ဖျစ်ညစ်ကာ ပြောနေပေမယ့် ဘတ်ဟျွန်းကတော့ ခေါင်းမာကာ ပွင့်ဟလာခြင်းမရှိပါ။
ချန်းယောလ်က ထမင်းတစ်လုပ်ကို သူ့ပါးစပ်ထဲထည့်ကာ ဘတ်ဟျွန်းရဲ့ နှုတ်ခမ်းပေါ်ထိကပ်လိုက်တယ်။ဘတ်ဟျွန်းနှုတ်ခမ်းကိုတစ်ချက်ကိုက်လိုက်တော့ နာကျင်မှုကြောင့် ပွင့်ဟလာတဲ့ ဘတ်ဟျွန်းနှုတ်ခမ်းကြားကနေတစ်ဆင့် ပါးစပ်ထဲကထမင်းအချို့ကို တေ့ကာသွင်းထည့်ပေးလိုက်တယ်။
ဘေးနားကချုပ်ထားတဲ့လူ၂ယောက်က မျက်နှာလွှဲထားပြီး ဘတ်ဟျွန်းကကျောက်ရုပ်ကြီးကို ငြိမ်သက်သွားတယ်။
"မင်းမစားရင် ငါဒီလိုကျွေးရလိမ့်မယ်"
"ပေး!"
ဘတ်ဟျွန်းက ဗန်းကိုယူပြီး ကိုယ်ပါသာကိုယ်စားတယ်။ချန်းယောလ်က ပါးစပ်ထဲထိုးသွပ်နေတဲ့ ဘတ်ဟျွန်းကို ရပ်ကြည့်နေပြီး အကုန်လုံးပြောင်သလင်းခါသွားမှ ပန်းကန်ကို ခုနကလူတွေကိုပေးကာထွက်သွားတယ်။ကျန်ခဲ့တဲ့ ဘတ်ဟျွန်းက ချန်းယောလ်ကို တိတ်တဆိတ်ဆဲဆိုပြီး ခုနကချန်းယောလ်နမ်းလိုက်တဲ့နှုတ်ခမ်းကို လက်နဲ့အကြမ်းပတမ်းဖိသုတ်နေတယ်။