သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက...

By elisa_khin

56.1K 3.1K 79

If you fall in love with a person with different personalities or he shows you dark side or something... More

1.
2.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
One shot
16.
17.
18.
19.
20.
21.
22.
23.
24.
25.
26.
27.
28.
29.(Ending)
Charactersရှင်းလင်းခြင်း
New fic ✨
စျေးဗန်း 🙆

3.

2.7K 205 1
By elisa_khin


မနက်လင်းအားကြီးချိန်၌ ကပ္ပိယကြီးအုန်းဖေတစ်ယောက် ရေးကြီးသုတ်ပြာနှင့် ဆရာတော်ဘုရားသီတင်းသုံးရာကျောင်းဆောင်သို့အပြေးအလွှားတက်လာခဲ့သည် ။

"ဘဘုန်း ဘဘုန်း!!! "

"ဟေ အုန်းဖေ ဘယ်လိုဖြစ်လာတာလဲကွယ် မနက်အစောကြီးကို ရေးကြီးသုတ်ပြာဖြစ်နေတာ မင့်နှယ် ''

ဆရာတော်၏ အရှေ့၌ အုန်းဖေမှာ လက်အုပ်ချီ၍ ထိုင်ချလိုက်ပြီး လာရင်းကိစ္စအား အမောတကောနှင့်လျှောက်တင်ရလေသည် ။

"ကျောင်းရှေ့...ကျောင်းရှေ့မှာ မိန်းကလေးတစ်ယောက်နဲ့ မွေးကင်းစကလေးတစ်ယောက် လဲကျနေလို့ ပြီးတော့ မိခင်က အသက်မရှိတော့ဘူးထင်တယ်ဘုရား ''

"ဟေ ဟုတ်လား ဒါဆို လာ လာ အခုပဲသွားရအောင် ''

အုန်းဖေတစ်ယောက် မနက်၄နာရီ၌ အုန်းမောင်းခေါက်ပြီး ကျောင်းဝန်းထဲသို့ လိုက်လံစစ်ဆေးနေစဥ် ကျောင်းရှေ့၌ လဲကျနေသော သားအမိအားတွေ့သွားပြီး အလန့်တကြားဖြစ်ကာ ဆရာတော်အား အမြန်လာရောက် လျှောက်တင်ခြင်းဖြစ်သည် ။

ဆရာတော်နှင့် အုန်းဖေတို့ ကျောင်းဝန်းအရှေ့သို့ ရောက်တော့ အသက်မရှိတော့သော အမျိုးသမီးအလောင်းတစ်လောင်းနှင့် ပုဆိုးစုတ်လေးဖြင့်ပတ်ထားကာ ပြုံးခြင်း ငိုခြင်းမရှိဘဲ မျက်လုံးလေး ကလယ်ကလယ်ဖြင့် လျှောက်ကြည့်နေသော မွေးကင်းစ ကလေးငယ်တစ်ယောက်အားတွေ့ရလေသည် ။

"ဟေ့ အုန်းဖေ ကလေးရော အမေပါ ခေါ်ခဲ့ကွယ် စီစဥ်သင့်တာ စီစဥ်ပေးရမှာပေါ့....အိမ်း..ရေစက်တွေ...ရေစက်တွေ....''

ဆရာတော်ကပြောကာဖြင့် ကလေးလေးအား ကောက်ချီကာ ကျောင်းထဲသို့ ပြန်ဝင်သွားလေသည် ။
အုန်းဖေလဲ အနှီအသက်မရှိတော့သော မိန်းမငယ်၏ လက်မောင်းမှ မချီကာ ကျောင်းထဲသို့ဆွဲခေါ်လာခဲ့သည် ။
.
.
.
.
.
.
"အုန်းဖေ ရောက်ပြီလားဟဲ့ ''

"တင်ပါ့ ''

ကလေးလေးအားပွေ့ချီကာ မေးလာသောဆရာတော်ကြောင့် အုန်းဖေလည်း လျှောက်တင်လိုက်သည် ။
ကလေးလေးအား တစ်ချက်ကြည့်လိုက်တော့ ဆရာတော်၏ လက်ပေါ်၌ အိပ်မောကျသွားသည်ထင် မျက်လုံးလေးများပိတ်ထားလေသည် ။

"သက်ဆိုင်ရာကိုရော အကြောင်းကြားပြီးပြီလား ''

"တင်ပါ့ တပည့်တော် ဆက်သွယ်ထားပါတယ် မကြာခင်ရောက်လာတော့မှာပါ ''

"အိမ်း အိမ်း ရေစက်တွေက ဆုံချင်ရင် အကြောင်းအမျိုးမျိုးနဲ့လာဆုံတယ်ကွဲ့ ''

"တင်ပါ့ ''

"သက်ဆိုင်ရာကလာရင်လည်း သွားလေသူ မာတုကာမလေးရဲ့ နာမည်ကိုမေးထားလိုက်ဦးကွယ် ရက်လည်ဆွမ်းသွတ်လေး လုပ်ပေးရအောင်...ရေစက်တွေလာဆုံတော့ ဦးဇင်းတို့မှာ တာဝန်ရှိတယ်ကွဲ့ ''

"တင်ပါ့ဘုရား ကလေးလေးအတွက်လဲ တပည့်တော် ဆရာလေး မြင့်ဌေးကို အကြောင်းကြားထားတယ်ဘုရား မနက်လင်းရင် ဆရာလေး လှည့်လာပါလိမ့်မယ် ''

"ကောင်းတယ် ကောင်းတယ် ဒါဆို လုပ်စရာရှိတာ သွားလုပ်တော့ကွယ် ''

"တင်ပါ့ တပည့်တော်ကို ခွင့်ပြုပါဦး ''

အုန်းဖေလည်း ဆရာတော်အား လျှောက်ထားပြီး စီစဥ်စရာရှိသည်များ စီစဥ်ရန် ထွက်လာခဲ့သည် ။

အုန်းဖေထွက်သွားပြီးမှ ဘယ်တုန်းကရောက်နေမှန်းမသိဘဲ ဘေး၌ ကြုံ့ကြုံ့လေးထိုင်ကာ ကလေးလေးအား ​မျက်တောင်မခတ်ပဲကြည့်နေသော ဥာဏ်အား ဆရာတော် မြင်သွားတော့သည် ။

"ဟဲ့ ဥာဏ်ကလေး ဘယ်တုန်းကရောက်နေတာလဲကွဲ့ ''

ဆရာတော့်အသံကြားမှ ဥာဏ်လဲ သတိဝင်ကာဖြင့်

"သား ခုနက ကပ္ပိယကြီးနဲ့အတူလိုက်လာတာပါ ''

ဥာဏ်တစ်ယောက် သူငယ်ချင်းမလေးနှင့် ခွဲရတော့မည်ဖြစ်သောကြောင့် ဝမ်းနည်းနေ၍ မနက်အစောကြီးနိုးနေခြင်းဖြစ်သည် ။
နိုးနိုးချင်း မျက်နှာသစ်ရန် ရေကန်ဆီသို့ထွက်လာရာမှ ကပ္ပိယကြီး၏ အရေးတကြီးဖြစ်နေပုံကို မြင်ပြီး ကလေးပီပီ စပ်စုလိုသောကြောင့် လိုက်လာခဲ့ခြင်းဖြစ်သည် ။

"အိမ်း....ဒီမှာကြည့်စမ်း ဥာဏ်ကလေးတို့ ညီလေးအသစ်ရတော့မယ် ''

"ညီလေးက သားတို့နဲ့အတူနေမှာလားဟင် ဘဘုန်း ''

"ဒါပေါ့ကွယ့် ''

" ချစ်စရာလေးနော် ဘဘုန်း ညီလေးက အသားလေးကလဲဖွေးနေတာပဲ နှုတ်ခမ်းရဲရဲလေးနဲ့ ယုန်ကလေးကျနေတာပဲ ''

"ဟုတ်ပကွယ် ဥာဏ်ကလေးပြောမှ ဘဘုန်းကြည့်မိတော့တယ် ယုန်ကလေးနဲ့တူတာပဲကို ''

ဥာဏ်က ဆရာတော်အား ပြန်မပြောဘဲ ကလေးလေးကိုဘဲ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည် ။
ထို့နောက်မှ တစ်ခုခုကိုသတိရသွားဟန်နှင့် ဆရာတော်၏ သင်္ကန်းစလေးအား မရဲတရဲဆွဲကာ

"ငယ်သွေးကို ဟိုအန်တီကြီးတွေနောက်ကို မထည့်ပေးလို့မရဘူးလားဟင် ဘဘုန်း ''

မျက်နှာငယ်လေးဖြင့်ပြောနေသော ဥာဏ်အားကြည့်ကာ ဆရာတော်လဲ စိတ်မကောင်းဖြစ်ရသည် ။
ဒီကလေးတွေ သံယောဇဥ်လဲ တယ်ကြီးကြသကိုး....

"ငယ်သွေးက ဟိုကိုလိုက်သွားရင် အဝတ်ကောင်းကောင်းဝတ်ရမယ် ၊ အစားကောင်းကောင်းစားရမယ်လေ ၊ ဥာဏ်ကလေးက ငယ်သွေးကို အဆင်မပြေစေချင်ဘူးလား ''

"ဒါပေမဲ့ ဘဘုန်းရယ်.... ''

"လူ့ဘဝဆိုတာ ဒီလိုပဲ ဥာဏ်ကလေးရဲ့ လူတွေက ကိုယ့်ဘဝထဲကို အမြဲဝင်ချည်ထွက်ချည်လုပ်နေကြဦးမှာ တွေ့ဆုံကြုံကွဲရမှာ ဓမ္မတာပါပဲ  တသမတ်တည်းမရှိဘူးဆိုတာ မှတ်ပါလေ ''

ဆရာတော်၏ စကားအား ၅နှစ်အရွယ် ဥာဏ်ကလေးက နားလည်လေလား ၊ နားမလည်လေလားမသိပေ ၊
မျက်ရည်လေးဝဲကာဖြင့် ဆိတ်ဆိတ်နေကာ အနှီပေါက်စလေးကိုသာ တစိမ့်စိမ့်ကြည့်နေတော့သည် ။
.
.
.
.
.
.
.
"မောင်မြင့်ဌေး ဘာဖြစ်တာလဲတဲ့ကွယ် ကလေးက ရောက်ထဲက ရယ်လဲမရယ် ၊ ငိုလဲမငိုဘဲ ဟိုကြည့်ဒီကြည့်နဲ့ ဒီတိုင်းလေးပဲငြိမ်နေတာ ''

ကလေးအားစမ်းသပ်နေသော ဆရာဝန်မြင့်ဌေးအား ဆရာတော်မှာ စိုးရိမ်စွာမေးမြန်းရလေသည် ။

"တင်ပါ့ ကလေးက တပည့်တော် ခန့်မှန်းခြေအရ မွေးထားတာ ရက်ပိုင်းလောက်ပဲရှိဦးမယ်ထင်တယ် ၊  ကလေးကအနေအေးတာဖြစ်မှာပါဘုရား တကယ်လို့တခုခုဆိုရင်လဲ မွေးကင်းစလေးဆိုတော့ ဘာဖြစ်တယ်ဆိုတာ အတိအကျပြောလို့မရသေးပါဘူး ဘုရား ၊ ကလေးကတဖြေးဖြေးကြီးလာမှ ဘာဖြစ်တယ်ဆိုတာ တိတိကျကျ စစ်ဆေးလို့ရမှာမို့ တပည့်တော်တို့ အချိန်နည်းနည်းလောက်တော့ စောင့်ကြည့်ရဦးမယ် ဘုရား''

"အိမ်း ကောင်းပါပြီကွယ် ဒါဆို မကြာခဏတော့ လာကြည့်ပေးဦးနော် မောင်မြင့်ဌေး ''

"တင်ပါ့ တပည့်တော် ဆေးရုံမသွားခင်တိုင်း လှည့်ဝင်လာခဲ့မယ် ဘုရား ''

ကလေးကိုယ်ပေါ်၌ ပေကြံနေသော အညစ်အကြေးများအား ရေနွေးနွေးလေးဖြင့် ကပ္ပိယကြီးကိုယ်တိုင် ဆေးကြောပေးထားသောကြောင့် ကလေးငယ်၏ ချစ်စဖွယ်ရုပ်လုံးကလေးမှာ ပေါ်ထွက်လာလေသည် ။
ဆရာတော်ပြောပြသ​ည့် အကြောင်းအရာအား အကြမ်းဖျင်းသိထားသောကြောင့် ချစ်စဖွယ်ကလေးငယ်အတွက် မြင့်ဌေး စိတ်မကောင်းဖြစ်ရသည် ။
မြင့်ဌေးက ဒီ မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေး၌ တစ်လတစ်ခါ ကလေးတွေကျန်းမာရေးကို လာစစ်ဆေးပေးသော ပရဟိတ ဆရာဝန်ပင်ဖြစ်သည် ။

"ဒါဆို ဆေးရုံလဲသွားစရာရှိသေးလို့ တပည့်တော်ကို ခွင့်ပြုပါဦး ဘုရား  ''

"အေးအေး ကောင်းပြီကွယ် ''

ဆရာလေးမြင့်ဌေးထွက်သွားပြီးနောက် ဆရာတော်နှင့် ကပ္ပိယကြီးသာကျန်ခဲ့၍ ကလေးငယ်လေးအား ချော့မြူနေကြသည် ။

ထိုအချိန်၌ ဝါဆိုဦးတို့မိသားစု နှင့် ငယ်သွေးလေးတို့ ဝင်လာကာ ဆရာတော်အား ဦးချကန်တော့၍ ဝါဆိုဦးကပင်

"အိပ်လို့ပျော်ပါရဲ့လား ဘဘုန်း ''

"အေးကွယ် ပျော်ပါတယ် ''

"တင်ပါ့ တပည့်တော်တို့ ပြန်တော့မယ့်အကြောင်း ဘဘုန်းကိုလာလျှောက်တာပါ ''

"ဟေ  ပြန်တော့မလို့လား ဒကာမကြီးတို့က ''

"တင်ပါ့ တပည့်တော်တို့ အလုပ်လေးလဲပေါ်လာလို့ အခုပြန်မှဖြစ်မှာမို့လို့ပါ ''

"ကောင်းပါပြီကွယ်....ငယ်သွေး အခုဆို သမီးကိုစောင့်ရှောက်မယ့်သူက ဘဘုန်း မဟုတ်တော့ဘူးနော် ဒီက သမီးမေမေတို့ဖြစ်သွားပြီဆိုတော့ ဘဘုန်းကိုရိုသေသလို မေမေတို့ကိုလဲရိုသေရမယ်ကြားရဲ့လား  ''

"ကြားပါတယ် ဘဘုန်းရဲ့ သမီးလိမ်လိမ်မာမာနေမှာပါ ''

ဆရာတော်၏စကားအား ငယ်သွေးလေးက ပြန်ဖြေနေသည်ကိုကြည့်၍ ဝါဆိုဦးမှာ ငယ်သွေးအား ချစ်မြတ်နိုးစွာ ပြုံး၍ ကြည့်နေလေသည် ။
မိမိ၏ သားကြီးမှာ အဖေဖြစ်သူနှင့်တူစွာ အေးဆေးတည်ငြိမ်လွန်းပြီး ၇နှစ်သာရှိသေးသော်လည်း လူကြီးလေးတစ်ယောက်လိုပင် ဖြစ်ကာ စကားပင်သိပ်မပြောပေ ။
အခုတော့ သူ(မ)နှင့်တူတဲ့ ငယ်သွေးလေးကို သမီးတော်ရတော့မည်ဖြစ်သောကြောင့် ဝါဆိုဦးမှာ ပျော်မဆုံးဖြစ်နေတော့သည် ။
ထို့နောက် ဝါဆိုဦးက ငယ်သွေး၏ ခေါင်းကလေးအား ဖွဖွလေးပွတ်ကာဖြင့်

"သမီးလေး သူငယ်ချင်းတွေနဲ့ သွားနှုတ်ဆက်လိုက်ဦး ပြီးရင် မေမေတို့ အိမ်ပြန်ကြမယ် ''

"ဟုတ်ကဲ့ မေမေ ''

ဝါဆိုဦးအား ချစ်ဖို့ကောင်းစွာပြုံးပြ၍ ထွက်သွားသော ငယ်သွေးလေးအားကြည့်ကာ ဆရာတော်မှာ စိတ်ချစွာဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေလေသည် ။

ဝါဆိုဦးလဲ အခုမှ ဆရာတော်လက်ထဲက ကလေးလေးအားမြင်သွားပြီး စိတ်မကောင်းစွာဖြင့်

"ဘဘုန်း ကလေးတစ်ယောက်ရောက်နေပြန်တာလား ''

"အေးကွယ် ရေစက်တွေရှိလို့ရောက်လာကြပြန်တာပေါ့ကွယ် ''

ဝါဆိုဦးလဲ စိတ်မကောင်းစွာ နှုတ်ဆိတ်နေမိသည် ။
မိဘမဲ့ကလေးများအားမြင်တိုင်း မိဘမဲ့ဖြစ်သော ဝါဆိုဦးမှာ ထပ်တူနာကျင်ရလေသည် ။

"ကလေးလေးက နာမည် ဘယ်လိုခေါ်လဲဘုရား ''

"သကြားခဲလေး ''

"ဟင်! "

ရောက်ထဲက စကားတခွန်းစ နှစ်ခွန်းစသာ ပြောသော သားတော်မောင်က မိမိ၏ အမေးအား ဖြတ်၍ ဖြေလာသောကြောင့် ဝါဆိုဦး အံ့သြနေရသည် ။
ဆရာတော်ကတော့ ခေါင်းတငြိမ့်ငြိမ့်နှင့်ပင် ။

"အိမ်း ဒီကလေးက မွေးထဲကဒုက္ခတွေကြုံလာတာဆိုတော့ ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းမှာ ချိုမြိန်မှုတွေနဲ့ပဲကြုံအောင် သက္ကရာ လို့ နာမည်ပေးမယ်ကွယ် ''

ဆရာတော်စကားအဆုံး တည်တံ့မောင်လေးမှာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်လေသည် ။

"ဒါဆို တပည့်တော်တို့ကို သွားခွင့်ပြုပါဦးဘုရား လတိုင်း ငယ်သွေးလေးနဲ့အတူ ပြန်လာခဲ့ပါ့မယ် ''

"အေးအေး ကောင်းပြီကွယ် ငယ်သွေးလေးကို သမီးအရင်းလိုစောင့်ရှောက်ပေးပြီး ဆုံးမစရာရှိတာ ဆုံးမကွယ် ဟုတ်ကဲ့လား ''

"စိတ်ချပါ ဘဘုန်း တပည့်တော်မ ငယ်သွေးလေးကို သမီးအရင်းလေးလို စောင့်ရှောက်ပါ့မယ် ''

ထို့နောက် ဆရာတော်အား နှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည် ။
ငယ်သွေးလေးနှင့် သူငယ်ချင်းများနှုတ်ဆက်နေသည်ကို ဝါဆိုဦးတို့မိသားစု ကားထဲမှကြည့်နေရင်း

"မေမေ သားတို့ ဘုန်းဘုန်းကြီးလက်ထဲက ကလေးလေးကိုပဲ မွေးစားလို့မရဘူးလား ''

ကားပေါ်ရောက်ရောက်ချင်း သားဖြစ်သူမှ တောင်းဆိုလာသောကြောင့် ဝါဆိုဦးမှာ အခက်တွေ့ရတော့သည် ။
သားဖြစ်သူက တော်ရုံလူကို မခင်တွယ်တတ်သော်လည်း ဒီကလေးလေးကိုကျ မြင်မြင်ချင်း ခင်တွယ်မိနေသည်မှာ ဆရာတော်ပြောနေကျ ရေစက်ပင်ဖြစ်မည်ဟု ဝါဆိုဦး တွေးမိသည် ။

"သားရယ် အဲ့ဒီကလေးလေးက ယောင်္ကျားလေးတဲ့ မေမေက သမီး မိန်းကလေးပဲ လိုချင်တာလေ ၊ သားရော ညီမလေး မလိုချင်ဘူးလား ငယ်သွေးလေးက ဘယ်လောက်ချစ်ဖို့ကောင်းလဲကြည့်ပါဦး ''

ပါးဖောင်းဖောင်းလေး၌ သနပ်ခါးအပြည့်လိမ်းထားပြီး ကြက်တောင်စီးလေးစီးထားကာ တုတ်တုတ်ဖွေးဖွေးလေးဖြစ်နေသော ငယ်သွေးအား ဝါဆိုဦး မြတ်နိုးစွာဖြင့်ကြည့်ကာ တည်တံ့မောင်လေးအား ပြောလိုက်သည် ။

"သားက သားနဲ့အတူတူဆော့မယ့် ညီလေးပဲလိုချင်တာကို ''

ဆူဆူပုတ်ပုတ်လေးဖြစ်နေသော တည်တံ့မောင်အား ဝါဆိုဦးမှာ ချစ်မဝစွာဖြင့် ပါးဖောင်းဖောင်းလေးအား အသည်းယားစွာ ဆွဲလိမ်၍

"သားရယ် အဲ့လိုမပြောရဘူးလေ ငယ်သွေးလေးကြားရင် စိတ်မကောင်းဖြစ်နေပါဦးမယ် ငယ်သွေးလေးရှေ့မှာ အဲ့လိုမပြောရဘူးနော် သားလေးကလိမ်မာပါတယ် ''

မိမိအလိုကျ မဖြစ်သောကြောင့် တည်တံ့မောင်လဲ ဘာမှဆက်မပြောတော့ဘဲ သက်ပြင်းလေးချကာဖြင့် ထိုင်နေလိုက်တော့သည် ။

လူကြီးလေးပုံစံဖမ်းကာ သက်ပြင်းလေးချနေသော တည်တံ့မောင်ကို တစ်လှည့် သူငယ်ချင်းများအား နှုတ်ဆက်နေသော ငယ်သွေးလေးအားတစ်လှည့်ကြည့်ကာ ဝါဆိုဦး စိတ်ချမ်းသာရတော့သည် ။
ချစ်ရသော ယောင်္ကျားအပြင် ဒီသားနဲ့ သမီးရှိရင် သူ့ဘဝပြည့်စုံပါပြီလေ ။
.
.
.
.
.
.
.
.
"ဥာဏ် ငါ့ကို စိတ်မဆိုးပါနဲ့တော့ ငါတစ်လတစ်ခါပြန်လာမယ်လေဟာ နော် နော် ''

"..............''

"ရော့ ရော့ ငါအရမ်းကြိုက်တဲ့သကြားလုံးနင့်ကိုကျွေးမယ်လေဟာ နော် စိတ်မဆိုးပါနဲ့ဆို ''

သကြားလုံးလေးအား အိတ်ထဲကထုတ်ကာ ချော့နေသော ငယ်သွေးနှင့် စိတ်ကောက်နေသော ဥာဏ်ကလေးမှာ အလွန်ပင်ချစ်ဖို့ကောင်းလှပေသည် ။

မိမိပြောသမျှအားပြန်မဖြေဘဲ စိတ်ကောက်နေသော ဥာဏ်ကြောင့် ငယ်သွေးမှာ ဝမ်းနည်းကာဖြင့် မျက်ဝန်းအိမ်ထဲ၌ မျက်ရည်အပြည့်ဖြစ်လာရသည် ။

"အီးးးး ဟီးးးးးး ဥာဏ်က ငါ့ကိုမခင်တော့ဘူး အီးးးးး ''

"ဟာ ငယ်သွေး ဘာလို့ငိုတာလဲ ''

"နင်မှငါ့ကိုမခေါ်တာ အီးးးးးး ဟီးးးးးးး အင့်......''

"တိတ် တိတ် မငိုနဲ့တော့ အခုခေါ်နေပြီပဲဟာကို ''

ပြောပြောဆိုဆိုနှင့် ငယ်သွေး၏ မျက်ရည်များအား ကူသုတ်ပေးနေသော ဥာဏ်ပင်ဖြစ်သည် ။
ငယ်သွေးငိုလျှင် ဥာဏ်က လုံးဝမကြိုက်ပေ ။
ငယ်သွေး၏ မျက်ရည်က ဥာဏ်၏ အားနည်းချက်မှန်းသိသော ငယ်သွေးက လိုချင်တာမရလျှင် ဥာဏ်အား ထိုသို့အမြဲငိုပြတတ်သည် ။

"ဟီး တကယ်နော် ပြန်ခေါ်ပြီနော် ''

ငိုလိုက်ရီလိုက်ဖြစ်နေသော ငယ်သွေးအား ဥာဏ် ရင်ထဲ၌ စိတ်မကောင်းဖြစ်နေသော်လည်း ပြန်ရယ်ပြလိုက်သည် ။

"အင်း ''

"ငါ လတိုင်း နင့်ဆီ လာခဲ့မယ်နော် ''

"တကယ်လား ''

"တကယ်ပေါ့ ရော့ ကတိယူ ''

"အင်း ကတိ ''

"ဒါဆို ငါသွားတော့မယ်နော် တာ့တာ ''

လက်သန်းလေးအချင်းချင်းချိတ်ကာဖြင့် ကတိစကားတောင်းဆိုပြီးနောက် တာ့တာပင်ပြကာဖြင့် ပြုံးရွှင်စွာ ပြေးထွက်သွားသော ငယ်သွေးအား ဥာဏ် မျက်စိတဆုံးလိုက်ကြည့်နေမိသည် ။
ငယ်သွေးပျော်ရင် သူပျော်ပါတယ်လေ....

***************************************************

A/N

သက္ကရာဆိုတာ ပါဠိလိုပါ မြန်မာလိုတော့ သကာခဲ ၊ သကြားခဲလို့ခေါ်ပါတယ် ချိုတဲ့အဓိပ္ပါယ်လေးပေါ့ <3

#Zawgyi

မနက္လင္းအားႀကီးခ်ိန္၌ ကပၸိယႀကီးအုန္းေဖတစ္ေယာက္ ေရးႀကီးသုတ္ျပာႏွင့္ ဆရာေတာ္ဘုရားသီတင္းသုံးရာေက်ာင္းေဆာင္သို႔အေျပးအလႊားတက္လာခဲ့သည္ ။

"ဘဘုန္း ဘဘုန္း!!! "

"ေဟ အုန္းေဖ ဘယ္လိုျဖစ္လာတာလဲကြယ္ မနက္အေစာႀကီးကို ေရးႀကီးသုတ္ျပာျဖစ္ေနတာ မင့္ႏွယ္ ''

ဆရာေတာ္၏ အေရွ႕၌ အုန္းေဖမွာ လက္အုပ္ခ်ီ၍ ထိုင္ခ်လိဳက္ၿပီး လာရင္းကိစၥအား အေမာတေကာႏွင့္ေလွ်ာက္တင္ရေလသည္ ။

"ေက်ာင္းေရွ႕...ေက်ာင္းေရွ႕မွာ မိန္းကေလးတစ္ေယာက္နဲ႕ ေမြးကင္းစကေလးတစ္ေယာက္ လဲက်ေနလို႔ ၿပီးေတာ့ မိခင္က အသက္မရွိေတာ့ဘူးထင္တယ္ဘုရား ''

"ေဟ ဟုတ္လား ဒါဆို လာ လာ အခုပဲသြားရေအာင္ ''

အုန္းေဖတစ္ေယာက္ မနက္၄နာရီ၌ အုန္းေမာင္းေခါက္ၿပီး ေက်ာင္းဝန္းထဲသို႔ လိုက္လံစစ္ေဆးေနစဥ္ ေက်ာင္းေရွ႕၌ လဲက်ေနေသာ သားအမိအားေတြ႕သြားၿပီး အလန့္တၾကားျဖစ္ကာ ဆရာေတာ္အား အျမန္လာေရာက္ ေလွ်ာက္တင္ျခင္းျဖစ္သည္ ။

ဆရာေတာ္ႏွင့္ အုန္းေဖတို႔ ေက်ာင္းဝန္းအေရွ႕သို႔ ေရာက္ေတာ့ အသက္မရွိေတာ့ေသာ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းႏွင့္ ပုဆိုးစုတ္ေလးျဖင့္ပတ္ထားကာ ၿပဳံးျခင္း ငိုျခင္းမရွိဘဲ မ်က္လုံးေလး ကလယ္ကလယ္ျဖင့္ ေလွ်ာက္ၾကည့္ေနေသာ ေမြးကင္းစ ကေလးငယ္တစ္ေယာက္အားေတြ႕ရေလသည္ ။

"ေဟ့ အုန္းေဖ ကေလးေရာ အေမပါ ေခၚခဲ့ကြယ္ စီစဥ္သင့္တာ စီစဥ္ေပးရမွာေပါ့....အိမ္း..ေရစက္ေတြ...ေရစက္ေတြ....''

ဆရာေတာ္ကေျပာကာျဖင့္ ကေလးေလးအား ေကာက္ခ်ီကာ ေက်ာင္းထဲသို႔ ျပန္ဝင္သြားေလသည္ ။
အုန္းေဖလဲ အႏွီအသက္မရွိေတာ့ေသာ မိန္းမငယ္၏ လက္ေမာင္းမွ မခ်ီကာ ေက်ာင္းထဲသို႔ဆြဲေခၚလာခဲ့သည္ ။
.
.
.
.
.
.
"အုန္းေဖ ေရာက္ၿပီလားဟဲ့ ''

"တင္ပါ့ ''

ကေလးေလးအားေပြ႕ခ်ီကာ ေမးလာေသာဆရာေတာ္ေၾကာင့္ အုန္းေဖလည္း ေလွ်ာက္တင္လိုက္သည္ ။
ကေလးေလးအား တစ္ခ်က္ၾကည့္လိုက္ေတာ့ ဆရာေတာ္၏ လက္ေပၚ၌ အိပ္ေမာက်သြားသည္ထင္ မ်က္လုံးေလးမ်ားပိတ္ထားေလသည္ ။

"သက္ဆိုင္ရာကိုေရာ အေၾကာင္းၾကားၿပီးၿပီလား ''

"တင္ပါ့ တပည့္ေတာ္ ဆက္သြယ္ထားပါတယ္ မၾကာခင္ေရာက္လာေတာ့မွာပါ ''

"အိမ္း အိမ္း ေရစက္ေတြက ဆုံခ်င္ရင္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕လာဆုံတယ္ကြဲ႕ ''

"တင္ပါ့ ''

"သက္ဆိုင္ရာကလာရင္လည္း သြားေလသူ မာတုကာမေလးရဲ႕ နာမည္ကိုေမးထားလိုက္ဦးကြယ္ ရက္လည္ဆြမ္းသြတ္ေလး လုပ္ေပးရေအာင္...ေရစက္ေတြလာဆုံေတာ့ ဦးဇင္းတို႔မွာ တာဝန္ရွိတယ္ကြဲ႕ ''

"တင္ပါ့ဘုရား ကေလးေလးအတြက္လဲ တပည့္ေတာ္ ဆရာေလး ျမင့္ေဌးကို အေၾကာင္းၾကားထားတယ္ဘုရား မနက္လင္းရင္ ဆရာေလး လွည့္လာပါလိမ့္မယ္ ''

"ေကာင္းတယ္ ေကာင္းတယ္ ဒါဆို လုပ္စရာရွိတာ သြားလုပ္ေတာ့ကြယ္ ''

"တင္ပါ့ တပည့္ေတာ္ကို ခြင့္ျပဳပါဦး ''

အုန္းေဖလည္း ဆရာေတာ္အား ေလွ်ာက္ထားၿပီး စီစဥ္စရာရွိသည္မ်ား စီစဥ္ရန္ ထြက္လာခဲ့သည္ ။

အုန္းေဖထြက္သြားၿပီးမွ ဘယ္တုန္းကေရာက္ေနမွန္းမသိဘဲ ေဘး၌ ႀကဳံ႕ႀကဳံ႕ေလးထိုင္ကာ ကေလးေလးအား မ်က္ေတာင္မခတ္ပဲၾကည့္ေနေသာ ဥာဏ္အား ဆရာေတာ္ ျမင္သြားေတာ့သည္ ။

"ဟဲ့ ဥာဏ္ကေလး ဘယ္တုန္းကေရာက္ေနတာလဲကြဲ႕ ''

ဆရာေတာ့္အသံၾကားမွ ဥာဏ္လဲ သတိဝင္ကာျဖင့္

"သား ခုနက ကပၸိယႀကီးနဲ႕အတူလိုက္လာတာပါ ''

ဥာဏ္တစ္ေယာက္ သူငယ္ခ်င္းမေလးႏွင့္ ခြဲရေတာ့မည္ျဖစ္ေသာေၾကာင့္ ဝမ္းနည္းေန၍ မနက္အေစာႀကီးနိုးေနျခင္းျဖစ္သည္ ။
နိုးနိုးခ်င္း မ်က္ႏွာသစ္ရန္ ေရကန္ဆီသို႔ထြက္လာရာမွ ကပၸိယႀကီး၏ အေရးတႀကီးျဖစ္ေနပုံကို ျမင္ၿပီး ကေလးပီပီ စပ္စုလိုေသာေၾကာင့္ လိုက္လာခဲ့ျခင္းျဖစ္သည္ ။

"အိမ္း....ဒီမွာၾကည့္စမ္း ဥာဏ္ကေလးတို႔ ညီေလးအသစ္ရေတာ့မယ္ ''

"ညီေလးက သားတို႔နဲ႕အတူေနမွာလားဟင္ ဘဘုန္း ''

"ဒါေပါ့ကြယ့္ ''

" ခ်စ္စရာေလးေနာ္ ဘဘုန္း ညီေလးက အသားေလးကလဲေဖြးေနတာပဲ ႏႈတ္ခမ္းရဲရဲေလးနဲ႕ ယုန္ကေလးက်ေနတာပဲ ''

"ဟုတ္ပကြယ္ ဥာဏ္ကေလးေျပာမွ ဘဘုန္းၾကည့္မိေတာ့တယ္ ယုန္ကေလးနဲ႕တူတာပဲကို ''

ဥာဏ္က ဆရာေတာ္အား ျပန္မေျပာဘဲ ကေလးေလးကိုဘဲ မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည္ ။
ထို႔ေနာက္မွ တစ္ခုခုကိုသတိရသြားဟန္ႏွင့္ ဆရာေတာ္၏ သကၤန္းစေလးအား မရဲတရဲဆြဲကာ

"ငယ္ေသြးကို ဟိုအန္တီႀကီးေတြေနာက္ကို မထည့္ေပးလို႔မရဘူးလားဟင္ ဘဘုန္း ''

မ်က္ႏွာငယ္ေလးျဖင့္ေျပာေနေသာ ဥာဏ္အားၾကည့္ကာ ဆရာေတာ္လဲ စိတ္မေကာင္းျဖစ္ရသည္ ။
ဒီကေလးေတြ သံေယာဇဥ္လဲ တယ္ႀကီးၾကသကိုး....

"ငယ္ေသြးက ဟိုကိုလိုက္သြားရင္ အဝတ္ေကာင္းေကာင္းဝတ္ရမယ္ ၊ အစားေကာင္းေကာင္းစားရမယ္ေလ ၊ ဥာဏ္ကေလးက ငယ္ေသြးကို အဆင္မေျပေစခ်င္ဘူးလား ''

"ဒါေပမဲ့ ဘဘုန္းရယ္.... ''

"လူ႕ဘဝဆိုတာ ဒီလိုပဲ ဥာဏ္ကေလးရဲ႕ လူေတြက ကိုယ့္ဘဝထဲကို အၿမဲဝင္ခ်ည္ထြက္ခ်ည္လုပ္ေနၾကဦးမွာ ေတြ႕ဆုံႀကဳံကြဲရမွာ ဓမၼတာပါပဲ တသမတ္တည္းမရွိဘူးဆိုတာ မွတ္ပါေလ ''

ဆရာေတာ္၏ စကားအား ၅ႏွစ္အ႐ြယ္ ဥာဏ္ကေလးက နားလည္ေလလား ၊ နားမလည္ေလလားမသိေပ ၊
မ်က္ရည္ေလးဝဲကာျဖင့္ ဆိတ္ဆိတ္ေနကာ အႏွီေပါက္စေလးကိုသာ တစိမ့္စိမ့္ၾကည့္ေနေတာ့သည္ ။
.
.
.
.
.
.
.
"ေမာင္ျမင့္ေဌး ဘာျဖစ္တာလဲတဲ့ကြယ္ ကေလးက ေရာက္ထဲက ရယ္လဲမရယ္ ၊ ငိုလဲမငိုဘဲ ဟိုၾကည့္ဒီၾကည့္နဲ႕ ဒီတိုင္းေလးပဲၿငိမ္ေနတာ ''

ကေလးအားစမ္းသပ္ေနေသာ ဆရာဝန္ျမင့္ေဌးအား ဆရာေတာ္မွာ စိုးရိမ္စြာေမးျမန္းရေလသည္ ။

"တင္ပါ့ ကေလးက တပည့္ေတာ္ ခန့္မွန္းေျခအရ ေမြးထားတာ ရက္ပိုင္းေလာက္ပဲရွိဦးမယ္ထင္တယ္ ၊ ကေလးကအေနေအးတာျဖစ္မွာပါဘုရား တကယ္လို႔တခုခုဆိုရင္လဲ ေမြးကင္းစေလးဆိုေတာ့ ဘာျဖစ္တယ္ဆိုတာ အတိအက်ေျပာလို႔မရေသးပါဘူး ဘုရား ၊ ကေလးကတေျဖးေျဖးႀကီးလာမွ ဘာျဖစ္တယ္ဆိုတာ တိတိက်က် စစ္ေဆးလို႔ရမွာမို႔ တပည့္ေတာ္တို႔ အခ်ိန္နည္းနည္းေလာက္ေတာ့ ေစာင့္ၾကည့္ရဦးမယ္ ဘုရား''

"အိမ္း ေကာင္းပါၿပီကြယ္ ဒါဆို မၾကာခဏေတာ့ လာၾကည့္ေပးဦးေနာ္ ေမာင္ျမင့္ေဌး ''

"တင္ပါ့ တပည့္ေတာ္ ေဆး႐ုံမသြားခင္တိုင္း လွည့္ဝင္လာခဲ့မယ္ ဘုရား ''

ကေလးကိုယ္ေပၚ၌ ေပႀကံေနေသာ အညစ္အေၾကးမ်ားအား ေရႏြေးႏြေးေလးျဖင့္ ကပၸိယႀကီးကိုယ္တိုင္ ေဆးေၾကာေပးထားေသာေၾကာင့္ ကေလးငယ္၏ ခ်စ္စဖြယ္႐ုပ္လုံးကေလးမွာ ေပၚထြက္လာေလသည္ ။
ဆရာေတာ္ေျပာျပသည့္ အေၾကာင္းအရာအား အၾကမ္းဖ်င္းသိထားေသာေၾကာင့္ ခ်စ္စဖြယ္ကေလးငယ္အတြက္ ျမင့္ေဌး စိတ္မေကာင္းျဖစ္ရသည္ ။
ျမင့္ေဌးက ဒီ မိဘမဲ့ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေလး၌ တစ္လတစ္ခါ ကေလးေတြက်န္းမာေရးကို လာစစ္ေဆးေပးေသာ ပရဟိတ ဆရာဝန္ပင္ျဖစ္သည္ ။

"ဒါဆို ေဆး႐ုံလဲသြားစရာရွိေသးလို႔ တပည့္ေတာ္ကို ခြင့္ျပဳပါဦး ဘုရား ''

"ေအးေအး ေကာင္းၿပီကြယ္ ''

ဆရာေလးျမင့္ေဌးထြက္သြားၿပီးေနာက္ ဆရာေတာ္ႏွင့္ ကပၸိယႀကီးသာက်န္ခဲ့၍ ကေလးငယ္ေလးအား ေခ်ာ့ျမဴေနၾကသည္ ။

ထိုအခ်ိန္၌ ဝါဆိုဦးတို႔မိသားစု ႏွင့္ ငယ္ေသြးေလးတို႔ ဝင္လာကာ ဆရာေတာ္အား ဦးခ်ကန္ေတာ့၍ ဝါဆိုဦးကပင္

"အိပ္လို႔ေပ်ာ္ပါရဲ႕လား ဘဘုန္း ''

"ေအးကြယ္ ေပ်ာ္ပါတယ္ ''

"တင္ပါ့ တပည့္ေတာ္တို႔ ျပန္ေတာ့မယ့္အေၾကာင္း ဘဘုန္းကိုလာေလွ်ာက္တာပါ ''

"ေဟ ျပန္ေတာ့မလို႔လား ဒကာမႀကီးတို႔က ''

"တင္ပါ့ တပည့္ေတာ္တို႔ အလုပ္ေလးလဲေပၚလာလို႔ အခုျပန္မွျဖစ္မွာမို႔လို႔ပါ ''

"ေကာင္းပါၿပီကြယ္....ငယ္ေသြး အခုဆို သမီးကိုေစာင့္ေရွာက္မယ့္သူက ဘဘုန္း မဟုတ္ေတာ့ဘူးေနာ္ ဒီက သမီးေမေမတို႔ျဖစ္သြားၿပီဆိုေတာ့ ဘဘုန္းကိုရိုေသသလို ေမေမတို႔ကိုလဲရိုေသရမယ္ၾကားရဲ႕လား ''

"ၾကားပါတယ္ ဘဘုန္းရဲ႕ သမီးလိမ္လိမ္မာမာေနမွာပါ ''

ဆရာေတာ္၏စကားအား ငယ္ေသြးေလးက ျပန္ေျဖေနသည္ကိုၾကည့္၍ ဝါဆိုဦးမွာ ငယ္ေသြးအား ခ်စ္ျမတ္နိုးစြာ ၿပဳံး၍ ၾကည့္ေနေလသည္ ။
မိမိ၏ သားႀကီးမွာ အေဖျဖစ္သူႏွင့္တူစြာ ေအးေဆးတည္ၿငိမ္လြန္းၿပီး ၇နှစ်သာရှိသေးသော်လည်း လူႀကီးေလးတစ္ေယာက္လိုပင္ ျဖစ္ကာ စကားပင္သိပ္မေျပာေပ ။
အခုေတာ့ သူ(မ)ႏွင့္တူတဲ့ ငယ္ေသြးေလးကို သမီးေတာ္ရေတာ့မည္ျဖစ္ေသာေၾကာင့္ ဝါဆိုဦးမွာ ေပ်ာ္မဆုံးျဖစ္ေနေတာ့သည္ ။
ထို႔ေနာက္ ဝါဆိုဦးက ငယ္ေသြး၏ ေခါင္းကေလးအား ဖြဖြေလးပြတ္ကာျဖင့္

"သမီးေလး သူငယ္ခ်င္းေတြနဲ႕ သြားႏႈတ္ဆက္လိုက္ဦး ၿပီးရင္ ေမေမတို႔ အိမ္ျပန္ၾကမယ္ ''

"ဟုတ္ကဲ့ ေမေမ ''

ဝါဆိုဦးအား ခ်စ္ဖို႔ေကာင္းစြာၿပဳံးျပ၍ ထြက္သြားေသာ ငယ္ေသြးေလးအားၾကည့္ကာ ဆရာေတာ္မွာ စိတ္ခ်စြာျဖင့္ ေခါင္းတၿငိမ့္ၿငိမ့္ျဖစ္ေနေလသည္ ။

ဝါဆိုဦးလဲ အခုမွ ဆရာေတာ္လက္ထဲက ကေလးေလးအားျမင္သြားၿပီး စိတ္မေကာင္းစြာျဖင့္

"ဘဘုန္း ကေလးတစ္ေယာက္ေရာက္ေနျပန္တာလား ''

"ေအးကြယ္ ေရစက္ေတြရွိလို႔ေရာက္လာၾကျပန္တာေပါ့ကြယ္ ''

ဝါဆိုဦးလဲ စိတ္မေကာင္းစြာ ႏႈတ္ဆိတ္ေနမိသည္ ။
မိဘမဲ့ကေလးမ်ားအားျမင္တိုင္း မိဘမဲ့ျဖစ္ေသာ ဝါဆိုဦးမွာ ထပ္တူနာက်င္ရေလသည္ ။

"ကေလးေလးက နာမည္ ဘယ္လိုေခၚလဲဘုရား ''

"သၾကားခဲေလး ''

"ဟင္! "

ေရာက္ထဲက စကားတခြန္းစ ႏွစ္ခြန္းစသာ ေျပာေသာ သားေတာ္ေမာင္က မိမိ၏ အေမးအား ျဖတ္၍ ေျဖလာေသာေၾကာင့္ ဝါဆိုဦး အံ့ၾသေနရသည္ ။
ဆရာေတာ္ကေတာ့ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ပင္ ။

"အိမ္း ဒီကေလးက ေမြးထဲကဒုကၡေတြႀကဳံလာတာဆိုေတာ့ ေရွ႕ဆက္ေလွ်ာက္ရမယ့္ ဘဝခရီးလမ္းမွာ ခ်ိဳၿမိန္မႈေတြနဲ႕ပဲႀကဳံေအာင္ သကၠရာ လို႔ နာမည္ေပးမယ္ကြယ္ ''

ဆရာေတာ္စကားအဆုံး တည္တံ့ေမာင္ေလးမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္ေလသည္ ။

"ဒါဆို တပည့္ေတာ္တို႔ကို သြားခြင့္ျပဳပါဦးဘုရား လတိုင္း ငယ္ေသြးေလးနဲ႕အတူ ျပန္လာခဲ့ပါ့မယ္ ''

"ေအးေအး ေကာင္းၿပီကြယ္ ငယ္ေသြးေလးကို သမီးအရင္းလိုေစာင့္ေရွာက္ေပးၿပီး ဆုံးမစရာရွိတာ ဆုံးမကြယ္ ဟုတ္ကဲ့လား ''

"စိတ္ခ်ပါ ဘဘုန္း တပည့္ေတာ္မ ငယ္ေသြးေလးကို သမီးအရင္းေလးလို ေစာင့္ေရွာက္ပါ့မယ္ ''

ထို႔ေနာက္ ဆရာေတာ္အား ႏႈတ္ဆက္ၿပီး ထြက္လာခဲ့ၾကသည္ ။
ငယ္ေသြးေလးႏွင့္ သူငယ္ခ်င္းမ်ားႏႈတ္ဆက္ေနသည္ကို ဝါဆိုဦးတို႔မိသားစု ကားထဲမွၾကည့္ေနရင္း

"ေမေမ သားတို႔ ဘုန္းဘုန္းႀကီးလက္ထဲက ကေလးေလးကိုပဲ ေမြးစားလို႔မရဘူးလား ''

ကားေပၚေရာက္ေရာက္ခ်င္း သားျဖစ္သူမွ ေတာင္းဆိုလာေသာေၾကာင့္ ဝါဆိုဦးမွာ အခက္ေတြ႕ရေတာ့သည္ ။
သားျဖစ္သူက ေတာ္႐ုံလူကို မခင္တြယ္တတ္ေသာ္လည္း ဒီကေလးေလးကိုက် ျမင္ျမင္ခ်င္း ခင္တြယ္မိေနသည္မွာ ဆရာေတာ္ေျပာေနက် ေရစက္ပင္ျဖစ္မည္ဟု ဝါဆိုဦး ေတြးမိသည္ ။

"သားရယ္ အဲ့ဒီကေလးေလးက ေယာကၤ်ားေလးတဲ့ ေမေမက သမီး မိန္းကေလးပဲ လိုခ်င္တာေလ ၊ သားေရာ ညီမေလး မလိုခ်င္ဘူးလား ငယ္ေသြးေလးက ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲၾကည့္ပါဦး ''

ပါးေဖာင္းေဖာင္းေလး၌ သနပ္ခါးအျပည့္လိမ္းထားၿပီး ၾကက္ေတာင္စီးေလးစီးထားကာ တုတ္တုတ္ေဖြးေဖြးေလးျဖစ္ေနေသာ ငယ္ေသြးအား ဝါဆိုဦး ျမတ္နိုးစြာျဖင့္ၾကည့္ကာ တည္တံ့ေမာင္ေလးအား ေျပာလိုက္သည္ ။

"သားက သားနဲ႕အတူတူေဆာ့မယ့္ ညီေလးပဲလိုခ်င္တာကို ''

ဆူဆူပုတ္ပုတ္ေလးျဖစ္ေနေသာ တည္တံ့ေမာင္အား ဝါဆိုဦးမွာ ခ်စ္မဝစြာျဖင့္ ပါးေဖာင္းေဖာင္းေလးအား အသည္းယားစြာ ဆြဲလိမ္၍

"သားရယ္ အဲ့လိုမေျပာရဘူးေလ ငယ္ေသြးေလးၾကားရင္ စိတ္မေကာင္းျဖစ္ေနပါဦးမယ္ ငယ္ေသြးေလးေရွ႕မွာ အဲ့လိုမေျပာရဘူးေနာ္ သားေလးကလိမ္မာပါတယ္ ''

မိမိအလိုက် မျဖစ္ေသာေၾကာင့္ တည္တံ့ေမာင္လဲ ဘာမွဆက္မေျပာေတာ့ဘဲ သက္ျပင္းေလးခ်ကာျဖင့္ ထိုင္ေနလိုက္ေတာ့သည္ ။

လူႀကီးေလးပုံစံဖမ္းကာ သက္ျပင္းေလးခ်ေနေသာ တည္တံ့ေမာင္ကို တစ္လွည့္ သူငယ္ခ်င္းမ်ားအား ႏႈတ္ဆက္ေနေသာ ငယ္ေသြးေလးအားတစ္လွည့္ၾကည့္ကာ ဝါဆိုဦး စိတ္ခ်မ္းသာရေတာ့သည္ ။
ခ်စ္ရေသာ ေယာကၤ်ားအျပင္ ဒီသားနဲ႕ သမီးရွိရင္ သူ႕ဘဝျပည့္စုံပါၿပီေလ ။
.
.
.
.
.
.
.
.
"ဥာဏ္ ငါ့ကို စိတ္မဆိုးပါနဲ႕ေတာ့ ငါတစ္လတစ္ခါျပန္လာမယ္ေလဟာ ေနာ္ ေနာ္ ''

"..............''

"ေရာ့ ေရာ့ ငါအရမ္းႀကိဳက္တဲ့သၾကားလုံးနင့္ကိုေကြၽးမယ္ေလဟာ ေနာ္ စိတ္မဆိုးပါနဲ႕ဆို ''

သၾကားလုံးေလးအား အိတ္ထဲကထုတ္ကာ ေခ်ာ့ေနေသာ ငယ္ေသြးႏွင့္ စိတ္ေကာက္ေနေသာ ဥာဏ္ကေလးမွာ အလြန္ပင္ခ်စ္ဖို႔ေကာင္းလွေပသည္ ။

မိမိေျပာသမွ်အားျပန္မေျဖဘဲ စိတ္ေကာက္ေနေသာ ဥာဏ္ေၾကာင့္ ငယ္ေသြးမွာ ဝမ္းနည္းကာျဖင့္ မ်က္ဝန္းအိမ္ထဲ၌ မ်က္ရည္အျပည့္ျဖစ္လာရသည္ ။

"အီးးးး ဟီးးးးးး ဥာဏ္က ငါ့ကိုမခင္ေတာ့ဘူး အီးးးးး ''

"ဟာ ငယ္ေသြး ဘာလို႔ငိုတာလဲ ''

"နင္မွငါ့ကိုမေခၚတာ အီးးးးးး ဟီးးးးးးး အင့္......''

"တိတ္ တိတ္ မငိုနဲ႕ေတာ့ အခုေခၚေနၿပီပဲဟာကို ''

ေျပာေျပာဆိုဆိုႏွင့္ ငယ္ေသြး၏ မ်က္ရည္မ်ားအား ကူသုတ္ေပးေနေသာ ဥာဏ္ပင္ျဖစ္သည္ ။
ငယ္ေသြးငိုလွ်င္ ဥာဏ္က လုံးဝမႀကိဳက္ေပ ။
ငယ္ေသြး၏ မ်က္ရည္က ဥာဏ္၏ အားနည္းခ်က္မွန္းသိေသာ ငယ္ေသြးက လိုခ်င္တာမရလွ်င္ ဥာဏ္အား ထိုသို႔အၿမဲငိုျပတတ္သည္ ။

"ဟီး တကယ္ေနာ္ ျပန္ေခၚၿပီေနာ္ ''

ငိုလိုက္ရီလိုက္ျဖစ္ေနေသာ ငယ္ေသြးအား ဥာဏ္ ရင္ထဲ၌ စိတ္မေကာင္းျဖစ္ေနေသာ္လည္း ျပန္ရယ္ျပလိုက္သည္ ။

"အင္း ''

"ငါ လတိုင္း နင့္ဆီ လာခဲ့မယ္ေနာ္ ''

"တကယ္လား ''

"တကယ္ေပါ့ ေရာ့ ကတိယူ ''

"အင္း ကတိ ''

"ဒါဆို ငါသြားေတာ့မယ္ေနာ္ တာ့တာ ''

လက္သန္းေလးအခ်င္းခ်င္းခ်ိတ္ကာျဖင့္ ကတိစကားေတာင္းဆိုၿပီးေနာက္ တာ့တာပင္ျပကာျဖင့္ ၿပဳံး႐ႊင္စြာ ေျပးထြက္သြားေသာ ငယ္ေသြးအား ဥာဏ္ မ်က္စိတဆုံးလိုက္ၾကည့္ေနမိသည္ ။
ငယ္ေသြးေပ်ာ္ရင္ သူေပ်ာ္ပါတယ္ေလ....

***************************************************

A/N

သကၠရာဆိုတာ ပါဠိလိုပါ ျမန္မာလိုေတာ့ သကာခဲ ၊ သၾကားခဲလို႔ေခၚပါတယ္ ချိုတဲ့အဓိပ္ပါယ်လေးပေါ့ <3










Continue Reading

You'll Also Like

321K 25.8K 29
Mini Story Uni Life Style Sweet Romance
470K 33.1K 44
ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ Sissy type ဂိုက်လေးတို့ရဲ့ချစ်စရာရိုမန့်လေးကိုမှ နူးနူးညံ့ညံ့လေးပါ ။ Cover ကို Pinterestမှယူသုံးထားခြင်းဖြစ်သောကြောင့် P...
42.8K 3.4K 26
ရည္​းစား​ေတြနဲ႔ ခဏခဏျပတ္​ၿပီး အခ်စ္​​ေရးကံမ​ေကာင္​း႐ွာ​ေသာ ​ေကာင္​​ေလးတစ္​​ေယာက္​၏ ဖူးစာ႐ွင္​ရွာပံုေတာ္ဖြင့္ခန္း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးက...
80.2K 6.1K 29
အတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}