~အရက်ကိုကြိုက်လို့သောက်တဲ့လူ
စိတ်ပျော်တတ်လို့သောက်တဲ့လူ
သောက်ပစ်လိုက်မယ် အရက်များ များ အူး အား အား အူး အား အား ~
ည ၁၂နာရီအချိန်၌ အော်ကြီးဟစ်ကျယ်ဖြင့် သီချင်းဆို၍ ကျူးကျော်ရပ်ကွက်ကလေး၏ အစွန်ဆုံး၌ရှိသော အိမ်ငယ်ကလေးဆီသို့ ဦးတည်နေသော ခြေလှမ်းများမှာ ယိုင်နဲ့နဲ့နှင့် ။
"ဟာ ဒီခွေးသားတွေကများ ငါ့လမ်းကို လာပိတ်ရဲသေးတယ်ပေါ့ ကဲကွာ ''
ဂိန် ဂိန်
လမ်း၌ပိတ်နေသော ခွေးများအား ခဲလုံးနှင့်ပေါက်ကာ ပါးစပ်၌လည်း ဆဲရေးတိုင်းထွာ၍ အရက်ပုလင်းကိုလဲ လက်တစ်ဖက်ကကိုင်ကာ ဒယိန်းဒယိုင်လမ်းလျှောက်နေသောသူက ကိုဘတုတ်ဆိုသည့် ဆန်ကုန်မြေလေး အရက်သမားပင်ဖြစ်သည် ။
"ဟဲ့ ရင်နွယ်! ရင်နွယ်! ဗိုင်းတာမ ငါ့ခေါ်နေတာကို ပြန်မထူးပြန်ဘူးလား! "
သွပ်အဟောင်းလေးများကို အမိုးရော အကာရော အိမ်လုံရုံမျှသာ ကာထားသော အိမ်ငယ်လေးရှေ့၌ ဆဲရေးတိုင်းထွာစွာဖြင့် ရင်နွယ်ဆိုသူအား အော်ခေါ်နေပြန်သည် ။
"ငါခေါ်တာ ပြန်မထူးတဲ့ဟာမ နေနှင့်ဦး ''
ယိုင်တိယိုင်တိုင်ခြေလှမ်းများဖြင့် အနီးနားရှိ တုတ်တစ်ချောင်းအားကောက်ယူကာ အိမ်ထဲသို့ ဝင်သွားလေသည် ။
"ကောင်မ ငါခေါ်နေတာပြန်မထူးရအောင် နင်ကဘာစောက်ဆင့်...အမ်...ဟဲ့ကောင်မ နင်ဘာဖြစ်နေတာလဲ ''
ကိုဘတုတ်အမေးကို ရင်နွယ်ဆိုသည့် မိန်းမပျိုကလေးမှာ ပြန်မဖြေနိုင် ။
နဖူးအထက်၌ ချွေးများစို့နေကာ ဝေဒနာကို အံတင်းတင်းကြိတ်ကာဖြင့် ခံစားနေသည် ။
"ကို...ကိုဘတုတ်....ရင်...ရင်နွယ့်ကို ဆေး...ဆေးရုံလိုက်ပို့ပေးပါ....ကလေး...ကလေးကထွက်ချင်နေပြီ ''
စကားတစ်လုံးချင်းစီကို အားစိုက်ပြောနေ၍ ဝေဒနာခံစားနေရသော်လည်း ရင်နွယ် ဆိုသူမိန်းမပျိုလေး၏ ချောမောလှပသော မျက်နှာကလေးမှာ ရုပ်မဆိုးသွားပေ ။
"-ီးမို့ ငါကလိုက်ပို့ရမလား ငါ့ကလေးလဲမဟုတ်ပဲနဲ့ ကောင်မ စောက်လုပ်ကိုရှုပ်တယ် ရော့ ''
နီးစပ်ရာ ပုဆိုးအစုတ် တစ်ထည်အားယူ၍ ရင်နွယ်၏ မျက်နှာထက်သို့ ပစ်ပေးကာ ရင်နွယ်၏ဘေး၌ပင် ပါလာသော အရက်ပုလင်းအားကောက်မော့နေသည့် ကိုဘတုတ်ဆိုသူက အကြင်နာကင်းမဲ့လှလွန်းသည် ။
ရင်နွယ်သည် အဖြစ်ဆိုးလွန်းလှသော ကိုယ့်ကံကိုယ်သာ အပြစ်ပုံချ၍ နာကျင်နေမှုကို အံကိုတင်းတင်းကြိတ်ကာဖြင့် သည်းခံနေရှာသည် ။
ရင်နွယ်က တစ်ကယ်တော့ မန္တလေးသူလေးဖြစ်သည် ။
မိဘများကလည်းအတော်အသင့်ချမ်းသာကြကာ ကျောင်းဆရာမလေးဖြစ်သော ရင်နွယ်သည် တစ်နေ့တော့ ရန်ကုန်မှ မန္တလေးသို့ အလုပ်လာလုပ်သော ကိုသက်မောင်ဆိုသူနှင့် ချစ်ကြိုက်မိသည် ။
မိဘများက သဘောမတူကြသောကြောင့် ချစ်သူနေထိုင်ရာ ရန်ကုန်သို့ ခိုးပြေးကြရာမှ မိမိတို့စီးလာသော ကားသည် လမ်းချော်ကာဖြင့် တိမ်းမှောက်လေသည် ။
ကားမှောက်တဲ့အထဲ ကိုသက်မောင်မှာ ပွဲချင်းပြီးဆုံးသွား၍ ရင်နွယ်မှာတော့ ကိုယ်ဝန် ၂လဖြင့်ကျန်ခဲ့ကာ မုဆိုးမ အသစ်စက်စက်ကလေးဖြစ်ခဲ့ရသည် ။
မိဘအိမ်လဲမပြန်ရဲသောကြောင့် ဆေးရုံ၌ ကိုသက်မောင်၏ အလောင်းအားလာကြည့်သော ကိုသက်မောင်၏ မွေးစားအကိုဖြစ်သူ ကိုဘတုတ်နှင့်တွေ့ပြီး ကိုဘတုတ်နောက်သို့လိုက်ခဲ့သည် ။
ထိုအချိန်မှစ၍ ရင်နွယ်၏ ကံဆိုးမိုးမှောင်ကျမှုများမှာ စတင်ခဲ့ခြင်းဖြစ်သည် ။
ကိုဘတုတ်က မိမိအား သူဌေးသမီးထင်၍ ခေါ်လာခဲ့ပြီး မိဘများအား ဆက်သွယ်ခဲ့သော်လည်း ခြေစုံကန်ခဲ့သော သမီးမိုက်အား လှည့်မကြည့်ခဲ့ကြသော မိဘများအား ရင်နွယ်စိတ်မနာပါ ။
ကိုဘတုတ်၏ အရက်ဖိုးအတွက် ရှာဖွေပေးရသည့်အပြင် တစ်ခါတစ်ရံအရိုက်ခံရသည်များပင်ရှိသည် ။
ရပ်ကွက်အစွန်ဆုံး၌ရှိသော အိမ်ဖြစ်၍ တခြားအိမ်များနှင့်လဲ အနည်းငယ်အလှမ်းဝေးသောကြောင့် တစ်ခုခုဆိုလျှင် အကူအညီတောင်း၍ မရခဲ့ပေ ။
ထို့ကြောင့် ယခုလဲ ပြင်းထန်သောဝေဒနာကို အံကြိတ်ခံရုံသာရှိတော့သည် ။
"အမလေး အမလေး နာလိုက်တာတော်...ကိုသက်မောင်ရေ...ကျွန်မနာလို့သေတော့မယ် ''
"ကောင်မ သေသွားတဲ့လင်ကို တ,မနေနဲ့ စောက်နားကိုငြီးတယ် ''
သွားလေသူယောင်္ကျားအား တ,ကာ အော်ငြီးနေသော ရင်နွယ်အား ကိုဘတုတ်က အရက်သောက်မပြတ်ပဲ ပစ်တင်ကြိမ်းမောင်နေလေသည် ။
ရေမြွှာများပင်ပေါက်လာသောကြောင့် ကလေးကမွေးတော့မည်မှန်း ရင်နွယ်သိလိုက်သည် ။
ဒီအချိန်မှဆေးရုံသွားရင်လဲ မမှီတော့မှန်းသိသောကြောင့် စိတ်ကိုဒုန်းဒုန်းချကာဖြင့် ဘေး၌အသင့်ရှိသော အရက်ပုလင်းခွံများထဲမှ တစ်ခုအား ကိုင်ကာ ကြမ်းပြင်၌ ရိုက်ခွဲလိုက်လေသည် ။
"အားးးး အမလေးးး ကလေးရယ် ထွက်လိုက်စမ်းပါ....အမေ့ကိုနာကျင်အောင်မလုပ်တော့ဘဲ ကိုယ့်ဘာသာတိုးထွက်ပေးပါ ''
"အမလေး အားးးးး နာလိုက်တာ....အီးးးးး အင့်.....''
"အမလေး ဟင်းးးးးးးးးး''
အားကုန်ညစ်လိုက်ပြီးနောက် နောက်ဆုံး၌ ဗိုက်ထဲမှ ကလေးထွက်သွားမှ ရင်နွယ် သက်ပြင်းချနိုင်တော့သည် ။
ထို့နောက်လက်ထဲ၌ အသင့်ရှိသော ပုလင်းကွဲဖြင့် ချက်ကြိုးစအားကိုင်ကာ အားဖြင့်ဖြတ်ချလိုက်သည်မှာ အသည်းခိုက်မတက်ပင် နာကျင်ရသည် ။
သို့သော် ကလေးငယ်၏ မျက်နှာကလေးအား မြင်လိုက်ရသည့်အခါမှာတော့ နာကျင်မှုများကို သတိပင်မရနိုင်တော့ဘဲ မိမိ၏ကလေးငယ်အား အနီးရှိ ပုဆိုးစုတ်လေးဖြင့်ပတ်ကာ ရင်နွယ် အမြတ်တနိုး ပွေ့ချီလိုက်သည် ။
"သား...သားကလေးပေါ့လေ...ငါ့သားလေးရယ် အမေ ကျေးဇူးတင်ပါတယ် ''
သားဖြစ်သူအား ဖက်ကာ ပီတိမျက်ရည်များဖြင့် ရင်နွယ် ငိုကြွေးနေမိသည် ။
"ဟင် သား....မေ့သားလေး...ငိုပါဦး....ငါ့သားလေး အသံလေးကြားချင်လို့ပါ ''
"သား....သား!.......''
ကလေးက ဘယ်လောက်ခေါ်ခေါ် ၊ ဘယ်လောက်လှုပ်လှုပ် မငိုသောကြောင့် ရင်နွယ်မှာ စိုးရိမ်စိတ်များ တိုးလာရတော့သည် ။
"သား....အမေ့သားလေး....အမလေး ကိုဘတုတ် ကျွန်မသားလေးကိုလုပ်ပါဦး ခေါ်လို့မရတော့ဘူး ''
"ဟ! ခေါ်လို့မရရင် သေပြီနေမှာပေါ့ ''
ကိုဘတုတ်၏ ပေါ့ပျက်ပျက်စကားအား ရင်နွယ် သည်းမခံနိုင်စွာဖြင့်
"ကိုဘတုတ်!!!!! "
"ဟာ ဒီမသာမ စောက်နားလာငြီးနေတယ် ဘာဖြစ်နေတာလဲ ''
"အူဝဲ အူဝဲ! !!! "
သောက်လက်စအရက်ပုလင်းအား စိတ်တိုစွာဖြင့်ရိုက်ခွဲလိုက်သော ကိုဘတုတ်နှင့် တဆက်တည်း၌ ပုလင်းကွဲအစသည် ကလေးငယ်၏ မျက်ခုံးထောင့်နားသို့လွင့်စင်လာပြီး နုနယ်သောအသားအရည်ရှိသော ကလေးငယ်၏ မျက်ခုံးထောင့်၌ ကွဲသွားကာ သွေးများမှာဖြာခနဲနှင့် ကလေးငယ်သည်လဲ စူးစူးဝါးဝါးအော်ငိုလာလေသည် ။
သားဖြစ်သူ၏ သွေးများဖုံးနေသောမျက်နှာအားကြည့်၍ ရင်နွယ်မှာ အသိစိတ်လွတ်သွားသူကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်လာလေသည် ။
"ဟင် လူယုတ်မာ လူယုတ်မာကောင် နင်ကများ နင်ကများ ငါ့သားကိုထိရဲတယ်ပေါ့ သေစမ်း သေစမ်း ဟမ် ''
ရင်နွယ်မှာ ဒေါသထွက်လွန်းသောကြောင့် မျက်စိထဲ၌ ဘာမှမမြင်တော့ဘဲ ချက်ကြိုးဖြတ်ထားသော ပုလင်းကွဲအား ကောက်ကိုက်ကာ ကိုဘတုတ်၏ လည်ပင်းထက်သို့ ပုလင်းကွဲဖြင့် အကြိမ်ကြိမ်အခါခါထိုးနေမိသည် ။
"သေစမ်း သေစမ်း နင်ကများ ငါ့သားကို........ဟမ်.....မဟုတ်.....မဟုတ်ဘူး......အားးးးးးးး''
မျက်နှာနှင့် အင်္ကျီတွေပါမကျန် တစ်ကိုယ်လုံး သွေးများပေကြံလာကာမှ ရင်နွယ်မှာ အသိဝင်လာပြီး ပုလင်းကွဲအား ကြောက်ကြောက်လန့်လန့်နှင့် လွှတ်ချ၍ မဟုတ်ဘူးဟူ၍သာ တွင်တွင်ငြင်းနေမိသည် ။
သွေးနုသားနုကြောင့် လန့်ဖြန့်ကာဖြင့် ကလေးအားကောက်ချီကာ ဖိနပ်ပင်မပါတော့ဘဲ ထိုနေရာနှင့် ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးတော့သည် ။
"မဟုတ်ဘူး မဟုတ်ဘူး ငါသတ်တာ မဟုတ်ဘူး...အီးးး ဟီးးးးး ''
ညသန်းခေါင်ယံအချိန် လမ်းမထက်၌ ငိုယိုကာပြေးလွှားနေသော သွေးများစိုရွှဲနေသော မိန်းမတစ်ယောက်နှင့် အသံတစက်မှမထွက်သော မွေးကင်းစ ကလေးငယ်တစ်ယောက်တို့၏ အသွင်အပြင်မှာကြောက်မက်ဖွယ်ရာပင် ။
လမ်းတစ်လျှောက်လုံး၌ မဟုတ်ဘူးဟုသာ တွင်တွင်ငြင်း၍ ပြေးနေသည်မှာ မည်မျှကြာသွားသည်ပင်မသိပေ ။
ပတ်ဝန်းကျင်၌ အလင်းရောင်ဖြဖြလင်းလာသည့်အချိန်၌ ရင်နွယ်မှာ ခြေကုန်လက်ပန်းကျလာပြီး သွေးလန့်လာတော့သည် ။
ရှေ့ရှိ လင်းထိန်နေသော ခြံဝန်းကြီးအားမြင်မှ ရင်နွယ် အားအကုန်လျှော့ချကာ သက်ပြင်းချ၍ ထိုခြံဝန်းကြီးရှေ့၌ ထိုင်ချလိုက်တော့သည် ။
"ငါ့သားလေး ဒီအမေ မရှိလဲ ကောင်းကောင်းမွန်မွန်ကြီးပြင်းရမယ်နော်...သားနဲ့အတူမနေနိုင်တော့တာ အမေ့ကိုခွင့်လွှတ်ပါ ငါ့သားရယ် ''
ကလေးငယ်၏ မျက်နှာရှိသွေးများအား လက်ဝါးဖြင့် ခပ်ဖွဖွ ပွတ်သုတ်ကာ မိမိ၏သားလေးအား မျက်ရည်များဖြင့်ကြည့်နေရင်းမှ မျက်လုံးဖွင့်လျက်နှင့်ပင် ရင်နွယ်မှာ လောကကြီးအား နှုတ်ဆက်ထွက်ခွာသွားတော့သည် ။
***************************************************
#Zawgyi
~အရက္ကိုႀကိဳက္လို႔ေသာက္တဲ့လူ
စိတ္ေပ်ာ္တတ္လို႔ေသာက္တဲ့လူ
ေသာက္ပစ္လိုက္မယ္ အရက္မ်ား မ်ား အူး အား အား အူး အား အား ~
ည ၁၂နာရီအခ်ိန္၌ ေအာ္ႀကီးဟစ္က်ယ္ျဖင့္ သီခ်င္းဆို၍ က်ဴးေက်ာ္ရပ္ကြက္ကေလး၏ အစြန္ဆုံး၌ရွိေသာ အိမ္ငယ္ကေလးဆီသို႔ ဦးတည္ေနေသာ ေျခလွမ္းမ်ားမွာ ယိုင္နဲ႕နဲ႕ႏွင့္ ။
"ဟာ ဒီေခြးသားေတြကမ်ား ငါ့လမ္းကို လာပိတ္ရဲေသးတယ္ေပါ့ ကဲကြာ ''
ဂိန္ ဂိန္
လမ္း၌ပိတ္ေနေသာ ေခြးမ်ားအား ခဲလုံးႏွင့္ေပါက္ကာ ပါးစပ္၌လည္း ဆဲေရးတိုင္းထြာ၍ အရက္ပုလင္းကိုလဲ လက္တစ္ဖက္ကကိုင္ကာ ဒယိန္းဒယိုင္လမ္းေလွ်ာက္ေနေသာသူက ကိုဘတုတ္ဆိုသည့္ ဆန္ကုန္ေျမေလး အရက္သမားပင္ျဖစ္သည္ ။
"ဟဲ့ ရင္ႏြယ္! ရင္ႏြယ္! ဗိုင္းတာမ ငါ့ေခၚေနတာကို ျပန္မထူးျပန္ဘူးလား! "
သြပ္အေဟာင္းေလးမ်ားကို အမိုးေရာ အကာေရာ အိမ္လုံ႐ုံမွ်သာ ကာထားေသာ အိမ္ငယ္ေလးေရွ႕၌ ဆဲေရးတိုင္းထြာစြာျဖင့္ ရင္ႏြယ္ဆိုသူအား ေအာ္ေခၚေနျပန္သည္ ။
"ငါေခၚတာ ျပန္မထူးတဲ့ဟာမ ေနႏွင့္ဦး ''
ယိုင္တိယိုင္တိုင္ေျခလွမ္းမ်ားျဖင့္ အနီးနားရွိ တုတ္တစ္ေခ်ာင္းအားေကာက္ယူကာ အိမ္ထဲသို႔ ဝင္သြားေလသည္ ။
"ေကာင္မ ငါေခၚေနတာျပန္မထူးရေအာင္ နင္ကဘာေစာက္ဆင့္...အမ္...ဟဲ့ေကာင္မ နင္ဘာျဖစ္ေနတာလဲ ''
ကိုဘတုတ္အေမးကို ရင္ႏြယ္ဆိုသည့္ မိန္းမပ်ိဳကေလးမွာ ျပန္မေျဖနိုင္ ။
နဖူးအထက္၌ ေခြၽးမ်ားစို႔ေနကာ ေဝဒနာကို အံတင္းတင္းႀကိတ္ကာျဖင့္ ခံစားေနသည္ ။
"ကို...ကိုဘတုတ္....ရင္...ရင္ႏြယ့္ကို ေဆး...ေဆး႐ုံလိုက္ပို႔ေပးပါ....ကေလး...ကေလးကထြက္ခ်င္ေနၿပီ ''
စကားတစ္လုံးခ်င္းစီကို အားစိုက္ေျပာေန၍ ေဝဒနာခံစားေနရေသာ္လည္း ရင္ႏြယ္ ဆိုသူမိန္းမပ်ိဳေလး၏ ေခ်ာေမာလွပေသာ မ်က္ႏွာကေလးမွာ ႐ုပ္မဆိုးသြားေပ ။
"-ီးမို႔ ငါကလိုက္ပို႔ရမလား ငါ့ကေလးလဲမဟုတ္ပဲနဲ႕ ေကာင္မ ေစာက္လုပ္ကိုရႈပ္တယ္ ေရာ့ ''
နီးစပ္ရာ ပုဆိုးအစုတ္ တစ္ထည္အားယူ၍ ရင္ႏြယ္၏ မ်က္ႏွာထက္သို႔ ပစ္ေပးကာ ရင္ႏြယ္၏ေဘး၌ပင္ ပါလာေသာ အရက္ပုလင္းအားေကာက္ေမာ့ေနသည့္ ကိုဘတုတ္ဆိုသူက အၾကင္နာကင္းမဲ့လွလြန္းသည္ ။
ရင္ႏြယ္သည္ အျဖစ္ဆိုးလြန္းလွေသာ ကိုယ့္ကံကိုယ္သာ အျပစ္ပုံခ်၍ နာက်င္ေနမႈကို အံကိုတင္းတင္းႀကိတ္ကာျဖင့္ သည္းခံေနရွာသည္ ။
ရင္ႏြယ္က တစ္ကယ္ေတာ့ မႏၱေလးသူေလးျဖစ္သည္ ။
မိဘမ်ားကလည္းအေတာ္အသင့္ခ်မ္းသာၾကကာ ေက်ာင္းဆရာမေလးျဖစ္ေသာ ရင္ႏြယ္သည္ တစ္ေန႕ေတာ့ ရန္ကုန္မွ မႏၱေလးသို႔ အလုပ္လာလုပ္ေသာ ကိုသက္ေမာင္ဆိုသူႏွင့္ ခ်စ္ႀကိဳက္မိသည္ ။
မိဘမ်ားက သေဘာမတူၾကေသာေၾကာင့္ ခ်စ္သူေနထိုင္ရာ ရန္ကုန္သို႔ ခိုးေျပးၾကရာမွ မိမိတို႔စီးလာေသာ ကားသည္ လမ္းေခ်ာ္ကာျဖင့္ တိမ္းေမွာက္ေလသည္ ။
ကားေမွာက္တဲ့အထဲ ကိုသက္ေမာင္မွာ ပြဲခ်င္းၿပီးဆုံးသြား၍ ရင္ႏြယ္မွာေတာ့ ကိုယ္ဝန္ ၂လျဖင့္က်န္ခဲ့ကာ မုဆိုးမ အသစ္စက္စက္ကေလးျဖစ္ခဲ့ရသည္ ။
မိဘအိမ္လဲမျပန္ရဲေသာေၾကာင့္ ေဆး႐ုံ၌ ကိုသက္ေမာင္၏ အေလာင္းအားလာၾကည့္ေသာ ကိုသက္ေမာင္၏ ေမြးစားအကိုျဖစ္သူ ကိုဘတုတ္ႏွင့္ေတြ႕ၿပီး ကိုဘတုတ္ေနာက္သို႔လိုက္ခဲ့သည္ ။
ထိုအခ်ိန္မွစ၍ ရင္ႏြယ္၏ ကံဆိုးမိုးေမွာင္က်မႈမ်ားမွာ စတင္ခဲ့ျခင္းျဖစ္သည္ ။
ကိုဘတုတ္က မိမိအား သူေဌးသမီးထင္၍ ေခၚလာခဲ့ၿပီး မိဘမ်ားအား ဆက္သြယ္ခဲ့ေသာ္လည္း ေျခစုံကန္ခဲ့ေသာ သမီးမိုက္အား လွည့္မၾကည့္ခဲ့ၾကေသာ မိဘမ်ားအား ရင္ႏြယ္စိတ္မနာပါ ။
ကိုဘတုတ္၏ အရက္ဖိုးအတြက္ ရွာေဖြေပးရသည့္အျပင္ တစ္ခါတစ္ရံအရိုက္ခံရသည္မ်ားပင္ရွိသည္ ။
ရပ္ကြက္အစြန္ဆုံး၌ရွိေသာ အိမ္ျဖစ္၍ တျခားအိမ္မ်ားႏွင့္လဲ အနည္းငယ္အလွမ္းေဝးေသာေၾကာင့္ တစ္ခုခုဆိုလွ်င္ အကူအညီေတာင္း၍ မရခဲ့ေပ ။
ထို႔ေၾကာင့္ ယခုလဲ ျပင္းထန္ေသာေဝဒနာကို အံႀကိတ္ခံ႐ုံသာရွိေတာ့သည္ ။
"အမေလး အမေလး နာလိုက္တာေတာ္...ကိုသက္ေမာင္ေရ...ကြၽန္မနာလို႔ေသေတာ့မယ္ ''
"ေကာင္မ ေသသြားတဲ့လင္ကို တ,မေနနဲ႕ ေစာက္နားကိုၿငီးတယ္ ''
သြားေလသူေယာကၤ်ားအား တ,ကာ ေအာ္ၿငီးေနေသာ ရင္ႏြယ္အား ကိုဘတုတ္က အရက္ေသာက္မျပတ္ပဲ ပစ္တင္ႀကိမ္းေမာင္ေနေလသည္ ။
ေရႁမႊာမ်ားပင္ေပါက္လာေသာေၾကာင့္ ကေလးကေမြးေတာ့မည္မွန္း ရင္ႏြယ္သိလိုက္သည္ ။
ဒီအခ်ိန္မွေဆး႐ုံသြားရင္လဲ မမွီေတာ့မွန္းသိေသာေၾကာင့္ စိတ္ကိုဒုန္းဒုန္းခ်ကာျဖင့္ ေဘး၌အသင့္ရွိေသာ အရက္ပုလင္းခြံမ်ားထဲမွ တစ္ခုအား ကိုင္ကာ ၾကမ္းျပင္၌ ရိုက္ခြဲလိုက္ေလသည္ ။
"အားးးး အမေလးးး ကေလးရယ္ ထြက္လိုက္စမ္းပါ....အေမ့ကိုနာက်င္ေအာင္မလုပ္ေတာ့ဘဲ ကိုယ့္ဘာသာတိုးထြက္ေပးပါ ''
"အမေလး အားးးးး နာလိုက္တာ....အီးးးးး အင့္.....''
"အမေလး ဟင္းးးးးးးးးး''
အားကုန္ညစ္လိုက္ၿပီးေနာက္ ေနာက္ဆုံး၌ ဗိုက္ထဲမွ ကေလးထြက္သြားမွ ရင္ႏြယ္ သက္ျပင္းခ်နိဳင္ေတာ့သည္ ။
ထို႔ေနာက္လက္ထဲ၌ အသင့္ရွိေသာ ပုလင္းကြဲျဖင့္ ခ်က္ႀကိဳးစအားကိုင္ကာ အားျဖင့္ျဖတ္ခ်လိဳက္သည္မွာ အသည္းခိုက္မတက္ပင္ နာက်င္ရသည္ ။
သို႔ေသာ္ ကေလးငယ္၏ မ်က္ႏွာကေလးအား ျမင္လိုက္ရသည့္အခါမွာေတာ့ နာက်င္မႈမ်ားကို သတိပင္မရနိုင္ေတာ့ဘဲ မိမိ၏ကေလးငယ္အား အနီးရွိ ပုဆိုးစုတ္ေလးျဖင့္ပတ္ကာ ရင္ႏြယ္ အျမတ္တနိုး ေပြ႕ခ်ီလိုက္သည္ ။
"သား...သားကေလးေပါ့ေလ...ငါ့သားေလးရယ္ အေမ ေက်းဇူးတင္ပါတယ္ ''
သားျဖစ္သူအား ဖက္ကာ ပီတိမ်က္ရည္မ်ားျဖင့္ ရင္ႏြယ္ ငိုေႂကြးေနမိသည္ ။
"ဟင္ သား....ေမ့သားေလး...ငိုပါဦး....ငါ့သားေလး အသံေလးၾကားခ်င္လို႔ပါ ''
"သား....သား!.......''
ကေလးက ဘယ္ေလာက္ေခၚေခၚ ၊ ဘယ္ေလာက္လႈပ္လႈပ္ မငိုေသာေၾကာင့္ ရင္ႏြယ္မွာ စိုးရိမ္စိတ္မ်ား တိုးလာရေတာ့သည္ ။
"သား....အေမ့သားေလး....အမေလး ကိုဘတုတ္ ကြၽန္မသားေလးကိုလုပ္ပါဦး ေခၚလို႔မရေတာ့ဘူး ''
"ဟ! ေခၚလို႔မရရင္ ေသၿပီေနမွာေပါ့ ''
ကိုဘတုတ္၏ ေပါ့ပ်က္ပ်က္စကားအား ရင္ႏြယ္ သည္းမခံနိုင္စြာျဖင့္
"ကိုဘတုတ္!!!!! "
"ဟာ ဒီမသာမ ေစာက္နားလာၿငီးေနတယ္ ဘာျဖစ္ေနတာလဲ ''
"အူဝဲ အူဝဲ! !!! "
ေသာက္လက္စအရက္ပုလင္းအား စိတ္တိုစြာျဖင့္ရိုက္ခြဲလိုက္ေသာ ကိုဘတုတ္ႏွင့္ တဆက္တည္း၌ ပုလင္းကြဲအစသည္ ကေလးငယ္၏ မ်က္ခုံးေထာင့္နားသို႔လြင့္စင္လာၿပီး ႏုနယ္ေသာအသားအရည္ရွိေသာ ကေလးငယ္၏ မ်က္ခုံးေထာင့္၌ ကြဲသြားကာ ေသြးမ်ားမွာျဖာခနဲႏွင့္ ကေလးငယ္သည္လဲ စူးစူးဝါးဝါးေအာ္ငိုလာေလသည္ ။
သားျဖစ္သူ၏ ေသြးမ်ားဖုံးေနေသာမ်က္ႏွာအားၾကည့္၍ ရင္ႏြယ္မွာ အသိစိတ္လြတ္သြားသူကဲ့သို႔ တစ္ကိုယ္လုံး တုန္ယင္လာေလသည္ ။
"ဟင္ လူယုတ္မာ လူယုတ္မာေကာင္ နင္ကမ်ား နင္ကမ်ား ငါ့သားကိုထိရဲတယ္ေပါ့ ေသစမ္း ေသစမ္း ဟမ္ ''
ရင္ႏြယ္မွာ ေဒါသထြက္လြန္းေသာေၾကာင့္ မ်က္စိထဲ၌ ဘာမွမျမင္ေတာ့ဘဲ ခ်က္ႀကိဳးျဖတ္ထားေသာ ပုလင္းကြဲအား ေကာက္ကိုက္ကာ ကိုဘတုတ္၏ လည္ပင္းထက္သို႔ ပုလင္းကြဲျဖင့္ အႀကိမ္ႀကိမ္အခါခါထိုးေနမိသည္ ။
"ေသစမ္း ေသစမ္း နင္ကမ်ား ငါ့သားကို........ဟမ္.....မဟုတ္.....မဟုတ္ဘူး......အားးးးးးးး''
မ်က္ႏွာႏွင့္ အကၤ်ီေတြပါမက်န္ တစ္ကိုယ္လုံး ေသြးမ်ားေပႀကံလာကာမွ ရင္ႏြယ္မွာ အသိဝင္လာၿပီး ပုလင္းကြဲအား ေၾကာက္ေၾကာက္လန့္လန့္ႏွင့္ လႊတ္ခ်၍ မဟုတ္ဘူးဟူ၍သာ တြင္တြင္ျငင္းေနမိသည္ ။
ေသြးႏုသားႏုေၾကာင့္ လန့္ျဖန့္ကာျဖင့္ ကေလးအားေကာက္ခ်ီကာ ဖိနပ္ပင္မပါေတာ့ဘဲ ထိုေနရာႏွင့္ ေဝးနိုင္သမွ်ေဝးေအာင္ ထြက္ေျပးေတာ့သည္ ။
"မဟုတ္ဘူး မဟုတ္ဘူး ငါသတ္တာ မဟုတ္ဘူး...အီးးး ဟီးးးးး ''
ညသန္းေခါင္ယံအခ်ိန္ လမ္းမထက္၌ ငိုယိုကာေျပးလႊားေနေသာ ေသြးမ်ားစို႐ႊဲေနေသာ မိန္းမတစ္ေယာက္ႏွင့္ အသံတစက္မွမထြက္ေသာ ေမြးကင္းစ ကေလးငယ္တစ္ေယာက္တို႔၏ အသြင္အျပင္မွာေၾကာက္မက္ဖြယ္ရာပင္ ။
လမ္းတစ္ေလွ်ာက္လုံး၌ မဟုတ္ဘူးဟုသာ တြင္တြင္ျငင္း၍ ေျပးေနသည္မွာ မည္မွ်ၾကာသြားသည္ပင္မသိေပ ။
ပတ္ဝန္းက်င္၌ အလင္းေရာင္ျဖျဖလင္းလာသည့္အခ်ိန္၌ ရင္ႏြယ္မွာ ေျခကုန္လက္ပန္းက်လာၿပီး ေသြးလန့္လာေတာ့သည္ ။
ေရွ႕ရွိ လင္းထိန္ေနေသာ ၿခံဝန္းႀကီးအားျမင္မွ ရင္ႏြယ္ အားအကုန္ေလွ်ာ့ခ်ကာ သက္ျပင္းခ်၍ ထိုၿခံဝန္းႀကီးေရွ႕၌ ထိုင္ခ်လိဳက္ေတာ့သည္ ။
"ငါ့သားေလး ဒီအေမ မရွိလဲ ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းရမယ္ေနာ္...သားနဲ႕အတူမေနနိုင္ေတာ့တာ အေမ့ကိုခြင့္လႊတ္ပါ ငါ့သားရယ္ ''
ကေလးငယ္၏ မ်က္ႏွာရွိေသြးမ်ားအား လက္ဝါးျဖင့္ ခပ္ဖြဖြ ပြတ္သုတ္ကာ မိမိ၏သားေလးအား မ်က္ရည္မ်ားျဖင့္ၾကည့္ေနရင္းမွ မ်က္လုံးဖြင့္လ်က္ႏွင့္ပင္ ရင္ႏြယ္မွာ ေလာကႀကီးအား ႏႈတ္ဆက္ထြက္ခြာသြားေတာ့သည္ ။
***************************************************