"မျှော်လင့်ခြင်းဟာ ကမ္ဘာဖြစ်စေ...

By Han_Me7012

97.3K 9.2K 1.5K

မျှော်လင့်ခြင်းတွေနဲ့ရှင်သန်တတ်ဖို့ ကမ္ဘာကြီးက သင်ပေးခဲ့တယ်...။ မျှော်လင့်ခြင်းတွေနဲ့ရှင်သန်တတ်ဖို့ ကမ္ဘာကြီ... More

Author's Note
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Unicode)
Part 29(Zawgyi)
Part 30(Unicode)
Part 30(Zawgyi)
Part 31(Unicode)
Part 31(Zawgyi)
Part 32(Unicode)
Part 32(Zawgyi)
Part 33(Unicode)
Part 34(Unicode)
Part 34(Zawgyi)
Part 35(Unicode)
Part 35(Zawgyi)
Part 36(Unicode)
Part 36(Zawgyi)
Part 37(Unicode)
Part 37(Zawgyi)
Part 38(Unicode)
Part 38(Zawgyi)
Part 39(Unicode)
Part 39(Zawgyi)
Part 40(Unicode)
Part 40(Zawgyi)
Part 41(Unicode)
Part 41(Zawgyi)
Part 42(Unicode)
Part 42(Zawgyi)
Part 43(Unicode)
Part 43(Zawgyi)
Part 44(Unicode)
Part 44(Zawgyi)
Part 45 (Unicode)
Part 45 (Zawgyi)
Part 46(Unicode)
Part 46(Zawgyi)
Part 47(Unicode)
Part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Final(Unicode)
Final(Zawgyi)
💌Love Letter💌

Part 33(Zawgyi)

418 33 12
By Han_Me7012

နိုင်းစစ်တို့သွားတဲ့ ပရဟိတစာသင်ကျောင်းက ရွှေသာလျောင်းဘုရားအနီးတွင် ရှိသော ရပ်ကွက်တစ်ခုတွင် ဖြစ်သည်။ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်းမှ တာဝန်ရှိသူသုံးယောက်က ကားတစ်စီး၊ နိုင်းစစ်တို့သားအဖနှင့် စုချစ်ပိုင်က ကားတစ်စီးဖြင့် ရှေ့နောက်စဉ်ကာ ခပ်ဖြည်းဖြည်းပင် မောင်းလာကြသည်။

စာသင်ကျောင်းရှိရာ လမ်းခွဲထဲသို့ ချိုးဝင်လိုက်သည်နှင့် သစ်ပင်ကြီးငယ်အမျိုးအစား စုံလင်လှသော ပတ်ဝန်းကျင်က နိုင်းစစ်တို့ မျက်စိရှေ့တွင် စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်း ပေါ်လာပေသည်။ အနီးအနားဝန်းကျင်တွင် လူနေအိမ်ခြေ နည်းသောကြောင့်လည်း ကျောင်းကလေးရဲ့ အငွေ့အသက်က သီးသန့်ဆန်ကာ ငြိမ်းချမ်းနေသည်။ သို့သော်လည်း ကလေးငယ်များ၏ စာအံသံနှင့် ဆူညံသံလေးများကြောင့် ပျင်းရိစရာမကောင်းဘဲ ကြည်နူးပျော်ရွှင်ဖွယ်ဖြစ်နေခဲ့၏။

ဟောပြောပွဲလုပ်မယ့် ဆရာတွေ ကျောင်းကို
လာမယ်ဆိုတော့ ကျောင်းဝန်းအဝင်ဝမှာကတည်းက ပါလာသော ပစ္စည်းများကို ကူသယ်ပေးမည့် ကျောင်းသားအချို့နှင့် ဆရာတွေကို ဧည့်ထောက်ခံမည့် ဆရာ၊ဆရာမများက နိုင်းစစ်တို့အုပ်စုကို ကြိုစောင့်နေကြသည်။ နိုင်းစစ်မောင်းလာသော ကားအဖြူလေးက ရှေ့ဆုံးမှ ဖြစ်သောကြောင့် အရိပ်ရသော သစ်ပင်ကြီး တစ်ပင်အောက်တွင် ထိုးရပ်လိုက်တော့ အန်စာတုံးကားကလည်း မနီးမဝေးတွင် ရပ်လာသည်။

သစ်ပင်ကြီးများကြောင့် အရိပ်ရသော်လည်း အပင်မရှိသော တချို့နေရာများတွင် ကွက်ကျနေသော နေရောင်ခြည်ကမူ သဲမြေဖုံးသော ကျောင်းပတ်ဝန်းကျင်ကို အနည်းနှင့် အများ​တော့ ပူပြင်းစေခဲ့သည်။ လေနုအေးကလေးတွေ တိုက်ခတ်နေစေကာမူ အေးမြခြင်း အငွေ့အသက်ကို မခံစားရသော ထိုလေထုထဲသို့ နိုင်းစစ်တို့ ထွက်လိုက်သည်နှင့် ခန္ဓာကိုယ်ကို တွန်းတိုက်လာသော အပူငွေ့ငွေ့က အသားထဲသို့ တရှိန်ထိုး စိမ့်ဝင်သွားကြသည်။ နည်းနည်းလေး လှုပ်ရှားလိုက်ရုံနှင့် ချွေးစို့လာကြသော်လည်း နိုင်းစစ်အပါအဝင် အားလုံးက မောသည်၊ပန်းသည်ဟူ၍ မညည်းညူနိုင်ကြဘဲ ပြင်ဆင်စရာရှိတာကိုသာ ဆက်၍ ပြင်ဆင်ကြ၏။

ဟောပြောပွဲလုပ်မည့် ခန်းမထဲသို့ နေရာရွှေ့ကြတော့ ခန်းမတွင် ခုံစီပေးနေကြသော ကျောင်းသားများထဲတွင် ချစ်ကို,ကို သွားတွေ့သည်။ ရှစ်တန်းကျောင်းသား ဖြစ်လာသော ချစ်ကိုက အရပ်ရှည်လာရုံကလွဲလျှင် ထူးထူးခြားခြား ပြောင်းလဲသွားသည့် အရာမျိုး မရှိ။ နိုင်းစစ်နဲ့ စုချစ်ပိုင်တို့ကို မြင်သည်နှင့် သူ့ရဲ့ ရှေ့သွားနှစ်ချောင်းကို ဝင်းခနဲလက်နေအောင် ထုတ်ပြရင်း အနားသို့ အပြေးရောက်လာသည်။

"သား ဘာကူရဦးမလဲ ဆရာ။"

"မရှိတော့ပါဘူး ချစ်ကိုရာ။ ခဏနေ
ဟောပြောပွဲကျရင်သာ အိပ်မငိုက်စေနဲ့။"

နိုင်းစစ်က ချစ်ကိုရဲ့ဆံပင်တွေကို ဆွဲဖွရင်း ပြောလိုက်ခြင်းဖြစ်သည်။  စာသင်ကျောင်းမှာ နိုင်းစစ်တို့အဖွဲ့ ဟောပြောပွဲလာလုပ်တိုင်း ချစ်ကိုက ရှေ့ဆုံးခုံမှာထိုင်ပြီး အိပ်ငိုက်တတ်စမြဲ။ လှုပ်ရှားရတဲ့ နေရာတွေမှာ ဖင်ပေါ့သလောက် ငြိမ်နေရမည့်နေရာဆိုလျှင် လေးကန်နေသော ချစ်ကိုသည်လည်း သူ့အကြောင်းသူ သိစွာဖြင့် နိုင်းစစ်ရဲ့အပြောကို အားရပါးရ ရယ်မောလေ၏။

"သားက မကြီးစုချစ်ပိုင်နဲ့ နေပေးလိုက်ဦး။ ဆရာ projectorဆင်တဲ့နား သွားကူလိုက်ဦးမယ်။"

နိုင်းစစ်ထွက်သွားပြီးနောက် ချစ်ကိုနှင့် စုချစ်ပိုင်တို့နှစ်ယောက်သာ ခန်းမထောင့်နားတွင် ကျန်ရစ်ခဲ့လေသည်။ ချစ်ကိုက စုချစ်ပိုင် ထိုင်ဖို့အတွက် ခုံတစ်ခုံဆွဲယူပေးပြီးနောက် စုချစ်ပိုင်အနားမှာပဲ မတ်တပ်ရပ်နေ၏။ ခုံစီပြီးသွားသော ကျောင်းသားလေးများက ချစ်ကို,ကို ပခုံးပုတ်၊ကျောပုတ် နှုတ်ဆက်သွားရင်း စုချစ်ပိုင်ကိုလည်း စပ်စုသွားကြသည်။

"ဟဲ့ ချစ်ကို နင့်သူငယ်ချင်းတွေက ငါ့ကိုများ ဂြိုလ်သားတစ်ကောင် တွေ့လိုက်ရသလိုပဲ စိုက်ကြည့်သွားလိုက်ကြတာ။"

"မစုက ဂြိုလ်သားပဲလေ။ မိန်းကလေးမျက်နှာနဲ့
ယောက်ျားဆန်နေတဲ့ ဂြိုလ်သားပဲကိုး။"

စုချစ်ပိုင်က ချစ်ကိုရဲ့ ပခုံးကို ဆွဲနှိမ့်ပြီး ချစ်ကိုမျက်နှာက သူနှင့် တန်းတူဖြစ်ဖြစ်ချင်း ထိုကောင်လေး၏ ပြောင်ရှင်းနေသော နဖူးကို ဆတ်ခနဲ တောက်ချလိုက်သည်။

"အား...နာလိုက်တာဗျာ ။ မစု အဲ့ဒါကြောင့် အခုအချိန်ထိ ရည်းစားမရ ဖြစ်နေတာ။ ဘယ်လိုမိန်းကလေးက ဒီလောက် ကြမ်းတမ်းနေမှာတဲ့လဲ။"

"ငါ့ကို ပြောချင်ဦးလေ။"

မတွေ့ရတော့ သတိရပြီး တွေ့ရတော့လည်း စုချစ်ပိုင်နှင့် ချစ်ကိုတို့ နှစ်ယောက်က သတ်နေရသည်။ ချစ်ကိုကလည်း စုချစ်ပိုင်ဆီမှာ နဖူးတောက်ခံရ၊ ခေါင်းခေါက်ခံရသည်ကို အမှတ်မရှိဘဲ စမြဲတိုင်းစသည်။ ကြာလာတော့ သူတို့နှစ်ယောက်က မောင်နှမအရင်းအချာတွေထက်ပင် သံယောဇဉ်ပိုလာသည်။

"မကြီးစု သားအတွက် ထမင်းပိုထည့်လာတယ်မလား။"

နဖူးလေးကို အုပ်ကာဖြင့် မျက်နှာချိုသွေးလျက် ပြောလိုက်သော စကားဖြစ်သောကြောင့် စုချစ်ပိုင်မှာ ချစ်ကို,ကိုကြည့်ပြီး ရယ်ချင်နေသော်လည်း အောင့်ထားလိုက်ရသည်။

သူလိုချင်တာရှိတော့ကျ လူကိုခေါ်တာ မကြီးစုတဲ့။

"တမင်ကို ထည့်မလာဘူး။ ငါတို့အတွက်ပဲ ပါတယ်။"

"မစုက အကျင့်ကို ပုတ်တယ်။ နောက်မှ ဆရာနဲ့ တိုင်ပြောဦးမယ်။"

"တိုင်ပေါ့ ငါက နင့်ဆရာကို ကြောက်မယ်ထင်နေတာလား။"

"ဆရာရေ...။"

ချစ်ကိုက စင်နားတွင် ရှိနေသော နိုင်းစစ်ကို လှမ်းအော်ခေါ်လိုက်ခြင်း ဖြစ်သည်။ နိုင်းစစ်တစ်ယောက် သူတို့ဘက်သို့ လှည့်ကြည့်လာတာကို မြင်တော့ စုချစ်ပိုင်က အံကြိတ်ရင်း ချစ်ကိုရဲ့ကျောကုန်းကို အသံမြည်အောင်ပင် ထုလိုက်မိ၏။ နိုင်းစစ်ကို ချစ်ကို လှမ်းခေါ်လိုက်မည်ဟူ၍ စုချစ်ပိုင်လည်း မထင်ထားခဲ့သည့်အတွက် အစ်ကိုဖြစ်သူက သူတို့အနားသို့ လျှောက်လာချိန်တွင် ရင်တုန်သွားသည်က တစ်ဖက်နှင့် ချစ်ကို,ကိုသာ ပို​၍ မာန်မဲမိလေသည်။

"ခွေးကောင်လေး ဘာလို့ သွားခေါ်တာလဲ ။ နင့်ကိစ္စ နင်မရှင်းရင် ငါ နင့်ကို တကယ် ထမင်းမကျွေးတော့ဘူးနော်။"

နှစ်ယောက်သား တွန်းထိုးနေကြတုန်း နိုင်းစစ်က
သူတို့ဘေးတွင် လာရပ်လေ၏။ ဂဏာမငြိမ်ဖြစ်နေကြသူ နှစ်ယောက်ကို နိုင်းစစ်တစ်ယောက် ပြုံးတုံ့တုံ့ပင် စိုက်ကြည့်ရင်း ဘာဖြစ်နေကြတာလဲဟု မေးလိုက်သည်။ စုချစ်ပိုင်နှင့် ချစ်ကိုတို့က မတည့်အတူနေတွေ ဖြစ်ကြသော်လည်း နိုင်းစစ်ကို ကြောက်တာကတော့ တူသည်မို့ ချစ်ကိုကပင် စလိမ်ဖြစ်ခဲ့သည်။

"ဆရာတို့ ပွဲစတော့မှာလားလို့။ စတော့မယ်ဆိုရင် သား ဆရာမတွေကို သတင်းပို့ပြီး ကျောင်းသားတွေ ခေါ်လာပေးမလို့။"

သက်ပြင်းခိုးချနေသော စုချစ်ပိုင်ကို ချစ်ကိုက လျှာထုတ်ပြတော့ စုချစ်ပိုင်ကလည်း လက်သီးပြန်ပြသည်။ ထိုအချိန်၌ နိုင်းစစ်က ပွဲစလို့ရ၊မရကို စင်ဘက်သို့ လှည့်ကြည့်နေသည့်အတွက် သူတို့ရဲ့အပြုအမူတွေကို မမြင်လိုက်။ နိုင်းစစ်ပြန်လှည့်လာတော့ နှစ်ယောက်သားက နိုင်းစစ်ကို သာမန်ထက်ပိုကာ ပြုံးဖြီးပြနေခဲ့ကြ၏။ စိတ်ထဲတွင် ထူးဆန်းနေသည်ကို သတိပြုမိသော်လည်း သူရယ်ရင်းသာ ချစ်ကို,ကို ခေါင်းညိတ်ပြလိုက်သည်။

သိပ်မကြာခင်တွင်ပင် ခန်းမကျယ်ကြီးထဲ၌ ကျောင်းသူ၊ကျောင်းသားများဖြင့် ပြည့်နှက်သွားတော့သည်။ ငါးတန်းမှစပြီး ဆယ်တန်းအထိ အရွယ်စုံကို အတန်းပိုင်ဆရာမတွေက ဦးဆောင်ခေါ်လာကာ ကိုယ့်အစုနဲ့ကိုယ် နေရာချပေးကြသည်။ ချစ်ကိုကတော့ နိုင်းစစ်ရဲ့ လက်သုံးတော်မို့ စင်နှင့် သိပ်မဝေးသော အရှေ့ဆုံးခုံတွင် ဆရာ၊ဆရာမများနှင့်အတူ နေရာယူလေ၏။ စုချစ်ပိုင်ကမူ ဟောခန်းမ၏ နောက်ဆုံး၌သာ နေရာယူပြီး အရှေ့ပိုင်းက လူတွေကို ဖုန်းတစ်လုံးနှင့် ဓာတ်ပုံလိုက်ရိုက်နေသည်။

ဟောပြောပွဲစတော့ ဆရာဝန်ကြီးဦးအောင်စစ်က သူ့ကိုယ်သူမိတ်ဆက်ပြီးနောက် ပိတ်ကားဖြူပေါ်တွင် ပေါ်လာသော မူးယစ်ဆေးဝါး အမျိုးအစားများကို တစ်ခုချင်းစီ ရှင်းပြ၏။ ဘိန်းပင်ကစပြီး အရည်၊ အမှုန့်နှင့် အစိုင်အခဲများ ဖြစ်လာသည်အထိ  ပုံစံအဆင့်ဆင့်ကို ကျောင်းသားတွေမြင်သာအောင် ပုံနှင့်တကွ ဟောပြောပြီးမှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဆက်လက်ပြောပြသည်။ ဆရာဝန်ကြီး ဦးအောင်စစ်၏ နာရီဝက်ကြာ ဟောပြောမှုပြီးသည့်နောက် နိုင်းစစ်အလှည့်သို့ ရောက်လာသည်။

စင်ပေါ်မတက်ခင် ကလေးတွေဘက်သို့ အကဲခတ်ကြည့်မိတော့ စကားများသူက များ၊ အိပ်ငိုက်သူက အိပ်ငိုက်နှင့် ဟောပြောပွဲကို အမှန်တကယ် စိတ်ဝင်စားသူမှာ အနည်းအကျဉ်းမျှသာ ရှိလေ၏။ နိုင်းစစ်အရှေ့တွင် ဖခင်ဖြစ်သူက စာအုပ်ကြီးအတိုင်းသာ ပြောပြသွားခြင်း ဖြစ်သောကြောင့် ကလေးတွေလည်း စိတ်ပန်းနေလောက်ပြီ။ နဂိုကတည်းက ဟောပြောပွဲရှိတယ်ဆိုပြီး ဆရာ၊ဆရာမတွေက ဆွဲခေါ်လို့သာ ရောက်လာရသော ကလေးတွေမို့ ဟောပြောပွဲကို သူတို့စိတ်ဝင်စားလာအောင် ဆွဲဆောင်ဖို့က နိုင်းစစ်တို့ စီစဉ်သူများထံတွင်လည်း တာဝန်ရှိပေ၏။ ထို့ကြောင့်လည်း နိုင်းစစ်က ဟောပြောမည့်စင်ပေါ်သို့ တက်သွားကတည်းက မျက်နှာကို အစွမ်းကုန်ပင် ပြုံးသွားခဲ့သည်။

ထို့နောက် စင်အလယ်တွင် နေရာယူလိုက်ပြီး စင်အောက်တွင် ရှိနေသော ကျောင်းသားများကို နေရာအနှံ့လိုက်ကြည့်ပြီးမှ ရယ်သံသွေး၍ မေးလိုက်၏။

"အိပ်ချင်နေကြပြီလားကွ။"

"မအိပ်ချင်ပါဘူး။"

ပြန်ဖြေသံလေးများက တချို့နေရာတွင် တိုးလှပြီး
တချို့နေရာ၌ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။ အတန်းကြီး ကျောင်းသားများကတော့ နိုင်းစစ်ကို မသိသူမရှိမို့ အကြည့်ချင်းဆုံသွားလျှင် ပြုံးပြနှုတ်ဆက်ကြသော်လည်း အငယ်တန်းများကတော့ စူးစမ်းနေသော မျက်လုံး လက်လက်ကလေးများဖြင့်သာ နိုင်းစစ်ဆီသို့ ပြန်ငေးနေကြသည်။

"မအိပ်ချင်ဘူးဆိုရင် အခုကစပြီး မျက်လုံး​ရော၊ နားကိုပါ သေချာစွင့်ထားကြတော့။ ဆရာပြောပြီးတဲ့ အကြောင်းအရာတွေကို နောက်ဆုံးကျရင် မင်းတို့ကို အကုန်ပြန်မေးမှာ။ ဥပမာကွာ ဘယ်လိုအရာတွေကို ​မူးယစ်ဆေးဝါးလို့ခေါ်လဲဆိုပြီး မေးလိုက်တယ် ဆိုပါတော့။ အဖြေသိတဲ့သူရှိရင် ဆရာ့ကို ထဖြေပေး။ အဖြေမှန်တဲ့သူကို ဆရာက ဗလာစာအုပ်တစ်ဒါဇင်နဲ့ ဘော့ပင်ဆယ့်နှစ်ချောင်း ပြန်ဆုချမယ်။ ဂိမ်းကစားသလိုမျိုးပေါ့ကွာ။ ဘယ်လိုလဲ စိတ်ဝင်စားကြလားဟေ့။"

"စိတ်ဝင်စားပါတယ်။"

ကျောင်းသားများက အစောပိုင်းကနှင့် မတူတော့ဘဲ ချက်ချင်းပင် တက်ကြွလာကြသည်။ နိုင်းစစ်ကလည်း တစ်နေရာတည်းတွင် ငြိမ်မနေဘဲ နေရာအမျိုးမျိုးရွှေ့ကာ အားတက်သရော ပြောနေခြင်းကြောင့်လည်း အငယ်တန်းကလေးတွေပါ စိတ်ဝင်တစား နားထောင်လာကြသည်။

"အဲ့တော့ မူးယစ်ဆေးကြောင့် စိတ်ကျန်းမာရေး ပျက်စီးလာတဲ့အခါကျ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူး။ ဝါသနာနဲ့ရည်မှန်းချက်တွေအပေါ်မှာလည်း အာရုံမစိုက်နိုင်တော့ဘူး။ ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာကျဆင်းလာမယ်။ မိသားစုနဲ့လည်း အဆင်မပြေတော့ဘူး။ နောက်ဆုံး ဘယ်သူနဲ့မှ အဆင်မပြေဘဲ တစ်ယောက်တည်း သီးသန့်ဖြစ်လာမယ်။ စိတ်အလိုမကျတိုင်း ကိုယ့်ပတ်ဝန်းကျင်က သူတွေကို ပြဿနာရှာမယ်။ နောက်ဆုံးမှာ ရာဇဝတ်ကောင်ဖြစ်သွားပြီး ထောင်ထဲမှာပဲ ဘဝကို အဆုံးသတ်ရတော့မှာပေါ့ကွာ။ တချို့ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတာတွေလည်း ရှိတယ်။ ဆရာက မင်းတို့ကို ကြောက်အောင် ခြောက်ပြောနေတာ မဟုတ်ဘူး။ မင်းတို့ကလည်း ဆရာခြောက်တိုင်း ကြောက်မယ့်ကလေးတွေမှ မဟုတ်တာဘဲ။ စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့ ကလေးတွေမို့ မူးယစ်ဆေးဝါး အန္တရာယ်ကို ပြောပြပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်ဝန်းကျင်က လူတွေကိုပါ ကာကွယ်နိုင်အောင် အသိပညာပေးရတာပေါ့။ ဒါဆိုရင် မေးခွန်းတွေ မေးပြီးတာနဲ့ ဆရာရဲ့ဟောပြောမှုကို အဆုံးသတ်ပါမယ်။ ဆရာက ဖြေလို့ရပြီ ပြောတာနဲ့ ဖြေချင်တဲ့သူက လက်ထောင်လိုက်နော်။"

မေးခွန်းတွေကို နိုင်းစစ် စမေးလိုက်ချိန်ကတည်းက တစ်ယောက်ပြီး တစ်ယောက် အလုအယက် ဖြေကြတော့သည်။ မေးခွန်းများ မေးပြီးနောက် အဖြေမှန်သူများကို နိုင်းစစ်က စင်ပေါ်သို့ ခေါ်ကာ တစ်ယောက်ချင်းစီကို ကိုယ်တိုင်ကိုယ်ကျ ဆုချပေးသည်။ လက်ခုပ်သံများ ဆူညံသွားချိန်တွင် ဆုရသော ကလေးများ၏ မျက်နှာပေါ်မှ အပြုံးနုနုကလေးများ ဝေဆာစွာ ထွက်ပေါ်လာကြပုံမှာ ကြည်နူးစရာ။

ထို့အပြင် ကလေးများကို မုန့်ကျွေးရန်အတွက် ကြိုတင်စီစဉ်ထားပြီး ဖြစ်သောကြောင့် ​အသင်းမှ
မိ​တ်ဆွေများက ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အကြောင်း ရှင်းလင်း ပြောဆိုပြီးနောက်တွင် မုန့်နှင့်အအေး ဝေကာ ဟောပြောပွဲကို ပျော်ပျော်ရွှင်ရွှင်  အဆုံးသတ်နိုင်ခဲ့ကြ၏။

ပွဲပြီးတော့ ကျောင်းအုပ်ဆရာမကြီးက နိုင်းစစ်တို့ကို ကျေးဇူးတင်စကားပြောပြီး နေ့လည်စာ စားရန်အတွက် ဖိတ်ခေါ်သည်။ ကမ္ဘာသစ်ကလည်း စားစရာတွေအများကြီး ထည့်လာသေးသည့်အတွက် ဦးအောင်စစ်က ဆရာ၊ဆရာမတွေကိုပါ အတူတူ စုပေါင်းစားကြရန် ပြောလိုက်တော့ စာသင်ကျောင်းမှ ထမင်းဝိုင်းလေးက ပို၍ပင် မြိုင်မြိုင်ဆိုင်ဆိုင် ရှိသွားတော့၏။

ချစ်ကိုကလည်း ပွဲပြီးကတည်းက စုချစ်ပိုင်အနားတွင်သာ
ကပ်နေပြီး အစားအသောက်များ ပြင်ဆင်ခြင်းကို ဝိုင်းကူပေးသည်။ အားလုံး ပြီးဆုံးသွားချိန်မှာ နားနေခန်းက စားပွဲရှည်ကြီးပေါ်တွင် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားပြီးဖြစ်သော ထမင်းနှင့် ဟင်းများကို အတူတူ စုပေါင်းစားကြတော့၏။

စာသင်ကျောင်းသို့ ရောက်ချိန်ကတည်းက မကိုင်ဖြစ်သောဖုန်းကို ထမင်းစားချိန်ကျမှ ဖွင့်ကြည့်မိတော့ message boxတွင် ပြနေသော အနီလုံးလေးထဲမှ နံပါတ်များကြောင့် နိုင်းစစ် ပြုံးမိသွားသည်။ ဝင်နေသော messageစောင်ရေက ကိုးဆယ်ကျော်ကာ တစ်ရာနားသို့ပင် ကပ်နေပြီဖြစ်သည်။

စာမပြန်ဖြစ်တဲ့ အချိန်နှစ်နာရီအတွင်းမှာ သလင်းနီက နိုင်းစစ်ကို ဘာတွေများ ဒီလောက်တောင် ပို့ထားလေသလဲ။ သိချင်စိတ်နှင့်အတူ စာကို ဖွင့်ဖတ်မိချိန် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဖခင်ဖြစ်သူက သူ့ကို စိုက်ကြည့်နေသည်ကိုပင် ဂရုမစိုက်မိတော့ဘဲ အားရပါးရ ပြုံးချလိုက်မိ၏။

ဘယ်အချိန်မှာ နိုးပြီး မနက်စာကို ဘာစားတယ်
ဆိုတာကအစ သူလုပ်သမျှကို နိုင်းစစ်ဆီသို့ အသေးစိတ် ပို့ထားခြင်းဖြစ်သည်။ သို့သော်လည်း ထိုစာများထဲမှ နိုင်းစစ်တစ်ယောက် ပြုံးမိရခြင်း အကြောင်းအရင်းကတော့ သီးသန့်ရှိလေ၏။

သလင်းနီက "ချစ်တယ် ကိုနိုင်း" ဆိုသော စကားကိုပဲ အစောင်ရှစ်ဆယ်ကျော် ပို့ထားခဲ့ခြင်းဖြစ်၏။

ဒီကောင်လေး လက်မညောင်းဘူးလား မသိဟု တွေးမိမိချင်း သဘောကျစွာ ပြုံးလိုက်ခြင်းက ဖေဖေ့ထံတွင် စိုက်ကြည့်ခံရဖို့အတွက် ဖြစ်သွားခဲ့ခြင်း။

ဖေဖေက နိုင်းစစ်ကို "မင်း ရောက်နေတာက ဆရာမတွေရော၊ဧည့်သည်ပါ ရှိနေတဲ့ ထမင်းဝိုင်းနော်" ဆိုပြီး ပြောချင်နေပုံမျိုးဖြင့် ဘေးက လူတွေကို ငဲ့ကြည့်ကာ မျက်မှောင်ကြုတ်ပြသောကြောင့် နိုင်းစစ်လည်း သလင်းနီဆီသို့ စာမပြန်ဖြစ်တော့ဘဲ ဖုန်းကိုသာ ချက်ချင်း ပြန်သိမ်းလိုက်ရ၏။

ထမင်းစားပြီးတော့ နိုင်းစစ်မှာ ဖုန်းမကိုင်အားတော့။ စာသင်ကျောင်းက ပြန်ထွက်လာပြီးနောက်ပိုင်းတွင်လည်း အသင်းမှ မိတ်ဆွေများနဲ့အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးကြရပြန်သည်။

ကမ္ဘာသစ်ကို ပြန်ရောက်တော့ပင် ညနေစောင်းလုနီးပါး ဖြစ်နေခဲ့ပြီ။ စိတ်ပန်း၊လူပန်းဖြစ်လာသော နိုင်းစစ်သည် သူ့နေရာသို့ ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်ချင်သော်လည်း မချိုးဖြစ်ဘဲ ဖုန်းကိုသာ အရင်ကိုင်မိ၏။ ဟိုအရင်တုန်းက နိုင်းစစ် အလုပ်ခိုင်းတဲ့အချိန်မှာ ခိုင်းတာကို သေချာမလုပ်ဘဲ ဖုန်းတကိုင်ကိုင် ဖြစ်နေသော စုချစ်ပိုင်ကို စိတ်တိုတိုနှင့် ဆူခဲ့ဖူးသည်။ ယခုကျ နိုင်းစစ်လည်း ဖေဖေ့ဆီမှာ အငြိုငြင်ခံခဲ့ရတာပဲ မဟုတ်လား။

"ကိုယ် အခုမှ ပြန်ရောက်တယ် ချာတိတ်ရယ်။"

"တစ်နေကုန် မင်းကို စာမပြန်မိလို့ ရေချိုးခါနီးလေး အချိန်ခိုးပြီး လှမ်းပို့လိုက်တာ။ "

"ညရောက်ဖို့ကလည်း ကြာလိုက်တာ ချာတိတ်ရာ။ ကိုယ် မင်းအသံလေးကို ကြားချင်နေပြီ။"

Sendကို နှိပ်ပြီးပြီးချင်း နိုင်းစစ် ဖုန်းက တုန်လာသည်။ မျက်နှာပြင်ပေါ်တွင် ပေါ်လာသော contact nameကို မြင်တိုင်း နိုင်းစစ်အပြုံးတွေက လူရှေ့မှာပါ ဖုံးဖိမရခဲ့တာ တစ်ယောက်တည်း ရှိနေချိန်မှာဆို ပို၍ပင် ဆိုးနေတော့သည်။

ဖုန်းကိုင်လိုက်ချိန် ကြားလိုက်ရသော
အသံလေးကလည်း ပင်ပန်းသမျှကို နေဝင်ချိန်နှင့်အတူ လွင့်ပါးပျောက်ကွယ်စေခဲ့၏။

"ဟဲလို ကိုနိုင်း။ ကျွန်တော့်အသံကို ကြားချင်လို့ဆို။ အခု ကြားပြီဆိုတော့ ရေချိုးလိုက်တော့နော်။ ညကျမှ ကိုနိုင်း အလုပ်နားချိန်စောရင် နည်းနည်းစောဆက်ပေါ့။ ဒါပဲ ဒါပဲ ကျွန်တော့်ကြောင့် ကိုနိုင်းအလုပ်တွေ ပိုနောက်ကျကုန်မယ်။"

သလင်းနီက သူတစ်ယောက်တည်း တရစပ်ပြောပြီး ဖုန်းချသွားလေသည်။ နိုင်းစစ်မှာတော့ ဟဲလိုဟုပင်
ဆုံးအောင် မ​ထူးလိုက်ရ။

ဒီကောင်လေးကတော့ နိုင်းစစ်ကို
ဟက်ကော့ကြီးဖြစ်အောင် လုပ်သွားပြန်တာပဲ။

>>>>>>>>>>>>>>>>>>>>>>>>>>>>

See you💗
Love you all😘
Han_Me
(13.9.2021)



Continue Reading

You'll Also Like

2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
6.7K 441 52
Started - 15.3.2022 { Tue } Zawgyi ချစ်ခြင်းမေတ္တာ ဟူသည် အသွားရှိရင် အပြန်ရှိသလို ချစ်ခြင်းမေတ္တာ သည်လည်း စစ်မှန်ရင် တစ်နေ့ ကိုယ့်ဆီ ပြန်လာပါလိမ့်မည...
328K 32.1K 139
အချစ်ဆိုတဲ့အရာကို နှလုံးသားနာကျင်မှုအတွက် ကုသရာဆေးအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် အလွမ်းတွေကတော့ နောက်ဆက်တွဲဆိုးကျိုးတွေပဲပေါ့ ... ❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️...
1.3M 95K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.