Part 1(Zawgyi)
3K 115 11
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ
မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း တစ်ခုတွင်ဖြစ်သည်။
"ဆရာ...မနေ့ညနေက ဖုန်းဆက်ထားတဲ့လူနာရှင်တွေ ရောက်လာပြီ ဒါပေမယ့် လူနာက ဆေးမဖြတ်ချင်လို့တဲ့.. သောင်းကျန်းနေတာ ဘယ်သူမှလည်းပြောလို့မနိုင်ဘူး... ဆရာလိုက်ခဲ့မှဖြစ်မယ်..." ဟူ၍
ချစ်ကိုက အလောတကြီးလာပြောသောကြောင့် ဒေါက်တာနိုင်းစစ်သည် လူနာတစ်ယောက်နှင့် ဆွေးနွေးနေရင်း ခပ်သုတ်သုတ် ပြေးထွက်လာခဲ့ရသည်။
ကမ္ဘာသစ်ဆိုသည့် မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် ယခုကဲ့သို့ ရောက်လာသူပေါင်း မနည်းတော့ပေ။ အထူးသဖြင့် အသက်၁၈နှစ်နှင့် ၂၅နှစ်ကြားက လူငယ်လေးတွေ အများဆုံးရောက်လာကြသည်။
မူးယစ်ဆေး၏ သားကောင်ဖြစ်ခဲ့ကြရသော အညွှန့်တလူလူနှင့်အနာဂတ်၏ သားကောင်းလေးများကို လမ်းမှန်သို့ပြန်ရောက်အောင် လုပ်ပေးရန်မှာ မိမိရဲ့သမိုင်းပေးတာဝန်ဖြစ်သည်ဟု နိုင်းစစ် သတ်မှတ်ထားလေသည်။ အတိတ်တွင် ဘာတွေပဲဖြစ်ခဲ့၊ဖြစ်ခဲ့ ပစ္စုပ္ပန်မှာကောင်းအောင် နေထိုင်သွားမည်ဟု ဆုံးဖြတ်နိုင်ကြသည့် လူငယ်လေးတွေကိုတော့ နိုင်းစစ်ချီးကျူးမိသည်။
ဆေးမဖြတ်ချင်ဘူးဆိုပြီး သောင်းကျန်းကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း နိုင်းစစ်ရဲ့ psychiatrist သက်တမ်းတစ်လျှောက်တွင် မရေမတွက်နိုင်အောင် တွေ့ကြုံခဲ့ရဖူးသည်။ ထို့ကြောင့် သူတို့အား ကိုင်တွယ်ရမည့်နည်းလမ်းမှာ နိုင်းစစ်အတွက်တော့ မခက်ခဲလှပါ။
လူနာရှိနေသည့်နေရာနှင့် နီးလာသောကြောင့် ဆူညံသံများမှာ ပို၍ကျယ်လောင်လာသည်။ ရောက်လာသူမှာ စုစုပေါင်းမှ မိသားစုသုံးယောက်တည်းရယ်။ ထို့နောက် ဆေးဖြတ်မည့်ကလေးကို ဝိုင်းဆွဲထားကြသည့် ကမ္ဘာသစ်မှ ဝန်ထမ်းနှစ်ယောက်။
ကလေးဟု သုံးနှုန်းရလောက်အောင် ငယ်ရွယ်နုနယ်နေသော ပိန်ပိန်သေးသေးနဲ့ လူငယ်လေးဟာ အလွန်ဆုံးရှိလှ ဆယ့်ရှစ်၊ဆယ့်ကိုးလောက်ပေါ့။
ကောင်လေးမှာ ချမ်းသာသည့်အသိုင်းအဝိုင်းမှ ဆင်းသက်လာသော မျိုးရိုးကောင်းလေးဖြစ်ပုံရသည်။ မိဘတွေကလည်း အလိုလိုက်မည့်ပုံ။ သူတို့သားငယ်ကို လူနှစ်ယောက် ဝိုင်းချုပ်ထားတာမြင်ပြီး မျက်ရည်လည်ရွဲနှင့် စိတ်မကောင်းဖြစ်နေခြင်းအား ကြည့်လျှင် ရွှေလိုဥထားခံရမည့် ကလေးငယ်လေးဖြစ်လိမ့်မည်။