𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETE...

By Zoey_Glow

86.1K 9.7K 845

There are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story... More

REBIRTH
_1
_2
_3
_4
_5
_6
_7
_8
_9
_11
_12
_13
_14
_15
_16
_17
_18
_19
_20
_21
_22
_23
_24⚠
_25
_26
_27
_28
_29
_30
_31
_32
_33⚠
_34
_35
_36
_37
_38⚠
_FINAL
FMV

_10

1.9K 270 35
By Zoey_Glow

ZAW

ကုမၸဏီက ခဏတာရပ္နားထားရတယ္။မင္ေဟာ့ အသတ္ခံရတာနဲ႔ပတ္သတ္ၿပီး လီဂြၽန္ေဆာင္းက အခုေလာေလာဆယ္ အမႈကိစၥေတြနဲ႔တိုင္ပတ္ေနတယ္။ကုမၸဏီရဲ႕ ပံုၾကမ္းေတြခိုးေရာင္းတဲ့ သက္ေသ videoေလးကို ဘတ္ဟြၽန္းက တိတ္တိတ္ေလး ခ်န္းေယာလ္ဖိုင္ေတြၾကားညႇပ္ထားခဲ့တယ္။

ေနာက္ေန႔မွာပဲ သက္ေသေတြနဲ႔အတူတကြ လီဂြၽန္ေဆာင္းကို တရားစြဲေတာ့တယ္။ၿပီးေတာ့ လူသတ္မႈ။
အခန္းေဖာ္ျဖစ္တဲ့ မင္ေဟာ့ကိုေသဆံုးတဲ့ကိစၥမွာ ရဲေတြစံုစမ္းထားေတြတင္ျပတာက ေသာက္စားတယ္။အခ်င္းခ်င္းအျငင္းပြားရာကေန ရန္ျဖစ္ၿပီး လီဂြၽန္ေဆာင္းက မင္ေဟာ့ကိုဓားနဲ႔ထိုးလိုက္တယ္။

အိမ္နီးခ်င္းေတြကလည္း ရန္ျဖစ္သံေတြျကားတယ္လို႔ေျပာၾကတယ္။ပံုၾကမ္းေတြခိုးေရာင္းမႈ လူသတ္မႈေတြနဲ႔အတူ လီဂြၽန္ေဆာင္းက တစ္သက္တစ္ကြၽန္းက်တယ္။ေသဒဏ္ဆိုတဲ့ အေျခအေနထက္ပိုဆိုးတဲ့နွိပ္စက္ျခင္းေတြနဲ႔အပါအ၀င္ေပါ့။

အရင္တစ္ခါက ခိုးေရာင္းတဲ့ ကိစၥေတြပါ သက္ေသနဲ႔တကြထြက္လာတယ္။ဒါေပမယ့္ ထိုသက္ေသေတြက ဘယ္သူလာေပးတာလဲ။ဘတ္ဟြၽန္းေတာ့မဟုတ္ဘူး။သူစံုစမ္းေနတုန္းမွာပဲသက္ေသနဲ႔တကြထြက္ခ်လာတယ္။တစ္ေယာက္ေယာက္က ေနာက္ကြယ္ကေနသက္ေသေတြပို႔လိုက္တာ။

ဘတ္ဟြၽန္း ထိုလူကိုစဥ္းစားတယ္။သူကဘယ္သူလဲ?
ဘတ္ဟြၽန္းရဲ႕အေတြးထဲ စဥ္းစားလို႔မရဘူး။သူေနာက္ေတာ့ မစဥ္းစားေတာ့ဘူး။သူလိုခ်င္တဲ့ အရာကိုရဖို႔ အိမ္ေပၚထပ္ဆီက ခ်န္းေယာလ္ရဲ႕ အခန္းေရွ႕သြားၿပီး တံခါးေခါက္လိုက္တယ္။

"၀င္ခဲ့"

ဘတ္ဟြၽန္းတြန္းဖြင့္၀င္သြားေတာ့ လက္ေတာ့တစ္လံုးနဲ႔အလုပ္ရႈပ္ေနသူကိုေတြ႕ရတယ္။

"ဘာကိစၥလဲ"

ဘတ္ဟြၽန္း အတတ္နိုင္ဆံုးစိတ္ေလ်ာ့လိုက္တယ္။

"ငါ့ကို ကြာရွင္းေပး"

"ဘာ!! ျပန္ေျပာစမ္း ဘတ္ဟြၽန္း"

နားမလည္သလိုေမးလာတဲ့ စကားေၾကာင့္ သူထပ္ေျပာတယ္။

"ကြာရွင္းေပးလို႔ လူလိုေျပာေနတာ မင္းနားမလည္တာလား"

"ကြာရွင္းေပး ဟုတ္လား အရင္တုန္းက အေသရရအရွင္ရရ လိုက္ကပ္ေနတဲ့ဘတ္ဟြၽန္းက ဘယ္ေရာက္သြားတာလဲ"

"အတိတ္ကို အတိတ္မွာထား ငါ့ကိုကြာရွင္းေပး"

"မကြာေပးနိုင္ဘူး!"

"မင္း !!
ပတ္ခ်န္းေယာလ္ မင္းစိတ္တိုင္းက် အခုကြာရွင္းေပးေတာ့လည္း မင္းကအခက္ေတြ႕ေအာင္လုပ္ေနတာပဲ မင္းသိပ္ခ်စ္တဲ့ မင္းရဲ႕မိုရာဆိုတဲ့သူမနဲ႔လက္ထက္လို႔ရၿပီေလ ငါ့ကိုလြတ္လပ္ခြင့္ေပးပါေတာ့"

"မ ကြာ ေပး ႏိုင္ ဘူး"

"ပတ္ခ်န္းေယာလ္!!မင္းငါ့ကိုမခ်စ္ဖူးမို႔လား လြတ္လပ္ခြင့္ေပးလိုက္ေတာ့ေလ သိပ္မုန္းေနတယ္မဟုတ္လား ဟမ္ ငါ့ကိုအျမင္မၾကည္ဘူးမဟုတ္လား "

ဘတ္ဟြၽန္း ခ်န္းေယာလ္ရဲ႕ မ်က္နွာကို လက္သီးနဲ႔ခပ္ၾကမ္းၾကမ္းထိုးပစ္လိုက္တယ္။ရလဒ္အေနနဲ႔ သူပါ ေက်ာနဲ႔နံရံနဲ႔ ခပ္ၾကမ္းၾကမ္းမိတ္ဆက္သြားေအာင္ တြန္းခံလိုက္ရတယ္။

"မင္းထြက္သြားေတာ့ မင္းႀကိဳက္သေလာက္ေျပာ ငါကေတာ့ မကြာေပးနိုင္ဘူး"

"ဟက္ ရတယ္ေလ မင္းမကြာေပးႏိုင္ရင္ ငါအိမ္ေပၚကဆင္းတယ္"

"သြားေလ သြားစမ္းပါ "

*ဒုန္း*

အက်ယ္ေလာင္ဆံုးျမည္တဲ့ တံခါးပိတ္သံအဆံုး လူတစ္ေယာက္ေက်ာခိုင္းသြားတယ္။ရူးေၾကာင္ေၾကာင္ အေျခေနသို႔ေျပာင္းလဲၿပီး ကြာရွင္းေပးဖို႔ေတာင္ ေတာင္းဆိုေနေသးတယ္။

သူတစ္ကယ္နားမလည္ဘူး။

မိုရာနဲ႔လက္မထက္ရလို႔ သူမုန္းေနခဲ့တာမဟုတ္လား။
ကြာရွင္းခြင့္ေတာင္းတိုင္း ငိုယိုၿပီးေတာင္းပန္ကာ လက္မွတ္မထိုးေပးခဲ့တဲ့ေကာင္ဆီကေန ကြာရွင္းခြင့္ရေတာ့လည္း သူဘာေၾကာင့္ မကြာေပးနိုင္ဘူးဟု ေျပာမိခဲ့ပါသလဲ။

သူစဥ္းစားရင္း ေခါင္းကမူးေ၀လာကာ ပ်ိဳ႕တက္လာတဲ့ အန္ခ်င္စိတ္ေၾကာင့္ ခ်က္ခ်င္းထကာ ေရခ်ိဳးခန္းကိုေျပးရသည္။
အခုတေလာ သူဘာျဖစ္ေနမွန္းမသိဘူး။ထံုမိႈင္းမိႈင္းနဲ႔ မူးေ၀ကာ ခဏခဏအန္ေနတယ္။အစားအစာေတြဆို အနံ႔ေတာင္မခံနိုင္ေတာ့တဲ့အထိ။

အန္ရင္ ေလေတြပဲ အန္ကာ အစာတစ္ခုမွမပါ။
ခ်က္ခ်င္းပဲ မိသားစုဆရာ၀န္ကိုဖုန္းဆက္လိုက္တယ္။



"အစာမေၾကတာမ်ိဳးလည္း မဟုတ္ပါဘူး "

ေသြးေပါင္ခ်ိန္စက္ကိုသိမ္းရင္းေျပာလာတဲ့ ဆရာ၀န္ ၀ူရိဖန္ရဲ႕ စကားကို အိပ္ယာေပၚ ေလ်ာ့ရဲရဲထိုင္ရင္း အေျဖေပးလိုက္တယ္။

"မသိပါဘူးကြာ ဒီရက္ပိုင္းအန္ခ်င္သလိုလိုပဲျဖစ္ေနတာ"

"ေလေတြပဲ အန္မို႔လား မူးေ၀တာေတြေရာရွိလား"

"ထံုမွိုင္းမိႈင္းနဲ႔ပါပဲကြာ"

"အစာမေၾကတယ္လို႔ သတ္မွတ္နိုင္ေပမယ့္ မင္းအခုလကၡာေတြက မိန္းမျဖစ္သူကိုယ္၀န္ရွိရင္ ေယာက်ာ္းျဖစ္သူျပတတ္တဲ့လကၡာေတြပဲ"

"ဘာ!!!"

"ဟုတ္တယ္ မိန္းမကို ခ်စ္လြန္းတဲ့ေယာက်ာ္းက မိန္းမျဖစ္သူခံစားရမယ့္ ေ၀ဒနာေတြ အစားယူေပးလိုက္သလိုမ်ိဳးပဲ "

"၀ူရိဖန္ မင္းျပန္လိုက္ေတာ့ သြားစမ္း"

"ေအးပါကြာ ဒါနဲ႔ ဘယ္သူနဲ႔တုန္း"

"၀ူရိဖန္ သြားလိုက္ေတာ့"

တစ္ဟားဟားေအာ္ရယ္ကာ ထြက္သြားတဲ့ေကာင္ေၾကာင့္ ေခါင္းကပိုမူးလာသလို..။ကိုယ္၀န္?မိုရာလား။မဟုတ္ေသးဘူး
မိုရာနဲ႔သူနဲ႔က လက္ကိုင္တာ ဖက္တာအျပင္ ထိုအဆင့္ထိမေရာက္ဖူးဘူး။အဖြင့္လမ္းလာလာလုပ္ေပမယ့္ ခ်န္းေယာလ္ကလက္မထက္ရေသးဘူးဆိုတဲ့စကားနဲ႔ပဲစည္းေစာင့္ၿပီး ျငင္းဆန္ခဲ့တာ။

ဘတ္ဟြၽန္း?ေယာက်ာ္းေလးက ကိုယ္၀န္ေဆာင္နိုင္လို႔လား။
ထိုအခါမွ အိမ္မက္အေၾကာင္းေတြးမိျပန္တယ္။ခ်က္ခ်င္းပဲ သူေခါင္းခါလိုက္တယ္။မဟုတ္ဘူး။

ဒီတိုင္း ဟိုေကာင္က ေနာက္သြားရံုသပ္သပ္သာပဲ။
ဘယ္ေယာက်ာ္းက ကိုယ္၀န္ေဆာင္နိုင္လို႔လဲ?

ရူးေၾကာင္ေၾကာင္အေတြးေတြပဲ။




လက္ထဲကပါလာတဲ့အထုတ္ေတြခ်ၿပီး အေရွ႕ကအ၀ါေရာင္လံုးခ်င္းအိမ္ေလးကို ၾကည့္လိုက္တယ္။ၿခံထဲမွာ ျမက္ရွည္ေတြနဲ႔ ၿခံဳေတြရွိေနေပမယ့္လည္း အားတဲ့တစ္ရက္က်မွပဲ ရွင္းေတာ့မယ္။သူ႔ရဲ႕ေန႔ရက္ေတြ အသစ္ျပန္စၿပီ။
နာက်င္စရာေတြမရွိပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး။
လြတ္လပ္မႈေတြကေတာ့ စာခ်ဳပ္တစ္ခုေအာက္မွာ ဒူးေထာက္ေနရတုန္းပဲ။

အထုတ္ေတြကိုျပန္ကိုင္ၿပီး အိမ္ထဲသာ၀င္ခဲ့တယ္။
အကိုလုဟန္က ေငြအျပည့္မေပးရေသးေတာင္ အိမ္ေသာ့ေပးလိုက္တယ္။သူအကိုလုဟန္ဆီ၀င္ခဲ့တယ္။

သူတစ္ေန႔ခင္းလံုး အိမ္တစ္အိမ္လံုး လွည့္ပတ္သန္႔ရွင္းေရးလုပ္ၿပီးေတာ့တဲ့အခါမွ သက္ျပင္းခ်လိုက္တယ္။
သူ႔ဆီမွာေလာေလာလတ္လတ္ရွိေနတဲ့ ေခါက္ဆြဲေျခာက္ထုပ္ေလးသာအမွီျပဳၿပီး ညေနစာကို ျဖစ္သလို စားခဲ့လိုက္တယ္။

ေအးေဆးၿငိမ္သက္တဲ့မရင္းနွီးတဲ့ပတ္၀န္းက်င္မွာေတာင္ သူေန႔လည္က သန္႔ရွင္းေရးလုပ္တာက ရလာတဲ့ပင္ပန္းမႈေတြေၾကာင့္ သူစိတ္ခ်လက္ခ် အိပ္ေပ်ာ္သြားတယ္။

သူ႔ဗိုက္ကေလးထဲက ကေလးေလးရယ္ သူရယ္နွစ္ေယာက္ထဲ ဒီအိမ္ေလးထဲမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနမယ္။
ရိုးရွင္းတဲ့ဘ၀ေလးမွာ အာဏာ ဂုဏ္ ေတြမပါဘူး။
အဓိကက ေပ်ာ္႐ႊင္ရဖို႔ပဲ...။
လက္မွတ္ေလးတစ္ခုလိုအပ္ေနေသးတဲ့ စာခ်ဳပ္မွာ
သူ႔ရဲ႕မူပိုင္လြတ္လပ္ခြင့္က ခ်ဳပ္ေနွာင္ထားခံရတုန္းပဲ။

လက္စားေခ်တဲ့ အစီအစဥ္မွာ နွစ္ေယာက္ကိုေတာ့ အျပတ္ရွင္းၿပီးၿပီ။မွင္နီတားထားတဲ့ ဓာတ္ပံုေလးနွစ္ပံုက မီးေလာင္ကြၽမ္းသြားသလို။နံပါတ္စဥ္ ၂ခုကလည္း အမွန္ျခစ္ၿပီးၿပီ။က်န္ေနေသးတဲ့ ၈ ေယာက္ကေတာ့ ေပ်ာ္ေပ်ာ္ႀကီး အခ်ိန္ေတြကုန္ဆံုးထားအုန္းေပါ့။

အိမ္မက္ကေလးက သိပ္လွေနတယ္။သူရယ္ ေမြးမလာေသးတဲ့ကေလးေလးရယ္ ၿပီးေတာ့ ၿပီးေတာ့ သူမျမင္ခ်င္တဲ့လူတစ္ေယာက္ရယ္က ေပ်ာ္႐ႊင္ေနတယ္တဲ့။အိမ္မက္သာသာထဲမွာေပ်ာ္႐ႊင္ခဲ့ပံုရတယ္။အျပင္ပိုင္းမွာေတာ့ သူနဲ႔ကေလးေလးနဲ႔ပဲ ရွိတယ္။

ပါးပါးေတာင္းပန္ပါတယ္ ကေလးေလး....။
ဒယ္ဒီလို႔ေခၚနိုင္ဖို႔ ပါးပါးမလုပ္ေပးနိုင္ခဲ့ဘူး။

ပါးပါးကိုစိတ္မဆိုးပါနဲ႔။
မင္းရဲ႕ ဒယ္ဒီအစား ပါးပါးကပိုခ်စ္ေပးပါ့မယ္...။
ျပန္လည္ေမြးဖြားလာၿပီးေနာက္မွာ ပါးပါးက မင္းကိုအဆံုးရွံုးမခံနိုင္ေတာ့ဘူး။













UNI

ကုမ္ပဏီက ခဏတာရပ်နားထားရတယ်။မင်ဟော့ အသတ်ခံရတာနဲ့ပတ်သတ်ပြီး လီဂျွန်ဆောင်းက အခုလောလောဆယ် အမှုကိစ္စတွေနဲ့တိုင်ပတ်နေတယ်။ကုမ္ပဏီရဲ့ ပုံကြမ်းတွေခိုးရောင်းတဲ့ သက်သေ videoလေးကို ဘတ်ဟျွန်းက တိတ်တိတ်လေး ချန်းယောလ်ဖိုင်တွေကြားညှပ်ထားခဲ့တယ်။

နောက်နေ့မှာပဲ သက်သေတွေနဲ့အတူတကွ လီဂျွန်ဆောင်းကို တရားစွဲတော့တယ်။ပြီးတော့ လူသတ်မှု။
အခန်းဖော်ဖြစ်တဲ့ မင်ဟော့ကိုသေဆုံးတဲ့ကိစ္စမှာ ရဲတွေစုံစမ်းထားတွေတင်ပြတာက သောက်စားတယ်။အချင်းချင်းအငြင်းပွားရာကနေ ရန်ဖြစ်ပြီး လီဂျွန်ဆောင်းက မင်ဟော့ကိုဓားနဲ့ထိုးလိုက်တယ်။

အိမ်နီးချင်းတွေကလည်း ရန်ဖြစ်သံတွေကြားတယ်လို့ပြောကြတယ်။ပုံကြမ်းတွေခိုးရောင်းမှု လူသတ်မှုတွေနဲ့အတူ လီဂျွန်ဆောင်းက တစ်သက်တစ်ကျွန်းကျတယ်။သေဒဏ်ဆိုတဲ့ အခြေအနေထက်ပိုဆိုးတဲ့နှိပ်စက်ခြင်းတွေနဲ့အပါအ၀င်ပေါ့။

အရင်တစ်ခါက ခိုးရောင်းတဲ့ ကိစ္စတွေပါ သက်သေနဲ့တကွထွက်လာတယ်။ဒါပေမယ့် ထိုသက်သေတွေက ဘယ်သူလာပေးတာလဲ။ဘတ်ဟျွန်းတော့မဟုတ်ဘူး။သူစုံစမ်းနေတုန်းမှာပဲသက်သေနဲ့တကွထွက်ချလာတယ်။တစ်ယောက်ယောက်က နောက်ကွယ်ကနေသက်သေတွေပို့လိုက်တာ။

ဘတ်ဟျွန်း ထိုလူကိုစဉ်းစားတယ်။သူကဘယ်သူလဲ?
ဘတ်ဟျွန်းရဲ့အတွေးထဲ စဉ်းစားလို့မရဘူး။သူနောက်တော့ မစဉ်းစားတော့ဘူး။သူလိုချင်တဲ့ အရာကိုရဖို့ အိမ်ပေါ်ထပ်ဆီက ချန်းယောလ်ရဲ့ အခန်းရှေ့သွားပြီး တံခါးခေါက်လိုက်တယ်။

"၀င်ခဲ့"

ဘတ်ဟျွန်းတွန်းဖွင့်ဝင်သွားတော့ လက်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေသူကိုတွေ့ရတယ်။

"ဘာကိစ္စလဲ"

ဘတ်ဟျွန်း အတတ်နိုင်ဆုံးစိတ်လျော့လိုက်တယ်။

"ငါ့ကို ကွာရှင်းပေး"

"ဘာ!! ပြန်ပြောစမ်း ဘတ်ဟျွန်း"

နားမလည်သလိုမေးလာတဲ့ စကားကြောင့် သူထပ်ပြောတယ်။

"ကွာရှင်းပေးလို့ လူလိုပြောနေတာ မင်းနားမလည်တာလား"

"ကွာရှင်းပေး ဟုတ်လား အရင်တုန်းက အသေရရအရှင်ရရ လိုက်ကပ်နေတဲ့ဘတ်ဟျွန်းက ဘယ်ရောက်သွားတာလဲ"

"အတိတ်ကို အတိတ်မှာထား ငါ့ကိုကွာရှင်းပေး"

"မကွာပေးနိုင်ဘူး!"

"မင်း !!
ပတ်ချန်းယောလ် မင်းစိတ်တိုင်းကျ အခုကွာရှင်းပေးတော့လည်း မင်းကအခက်တွေ့အောင်လုပ်နေတာပဲ မင်းသိပ်ချစ်တဲ့ မင်းရဲ့မိုရာဆိုတဲ့သူမနဲ့လက်ထက်လို့ရပြီလေ ငါ့ကိုလွတ်လပ်ခွင့်ပေးပါတော့"

"မ ကွာ ပေး နိုင် ဘူး"

"ပတ်ချန်းယောလ်!!မင်းငါ့ကိုမချစ်ဖူးမို့လား လွတ်လပ်ခွင့်ပေးလိုက်တော့လေ သိပ်မုန်းနေတယ်မဟုတ်လား ဟမ် ငါ့ကိုအမြင်မကြည်ဘူးမဟုတ်လား "

ဘတ်ဟျွန်း ချန်းယောလ်ရဲ့ မျက်နှာကို လက်သီးနဲ့ခပ်ကြမ်းကြမ်းထိုးပစ်လိုက်တယ်။ရလဒ်အနေနဲ့ သူပါ ကျောနဲ့နံရံနဲ့ ခပ်ကြမ်းကြမ်းမိတ်ဆက်သွားအောင် တွန်းခံလိုက်ရတယ်။

"မင်းထွက်သွားတော့ မင်းကြိုက်သလောက်ပြော ငါကတော့ မကွာပေးနိုင်ဘူး"

"ဟက် ရတယ်လေ မင်းမကွာပေးနိုင်ရင် ငါအိမ်ပေါ်ကဆင်းတယ်"

"သွားလေ သွားစမ်းပါ "

*ဒုန်း*

အကျယ်လောင်ဆုံးမြည်တဲ့ တံခါးပိတ်သံအဆုံး လူတစ်ယောက်ကျောခိုင်းသွားတယ်။ရူးကြောင်ကြောင် အခြေနေသို့ပြောင်းလဲပြီး ကွာရှင်းပေးဖို့တောင် တောင်းဆိုနေသေးတယ်။

သူတစ်ကယ်နားမလည်ဘူး။

မိုရာနဲ့လက်မထက်ရလို့ သူမုန်းနေခဲ့တာမဟုတ်လား။
ကွာရှင်းခွင့်တောင်းတိုင်း ငိုယိုပြီးတောင်းပန်ကာ လက်မှတ်မထိုးပေးခဲ့တဲ့ကောင်ဆီကနေ ကွာရှင်းခွင့်ရတော့လည်း သူဘာကြောင့် မကွာပေးနိုင်ဘူးဟု ပြောမိခဲ့ပါသလဲ။

သူစဉ်းစားရင်း ခေါင်းကမူးဝေလာကာ ပျို့တက်လာတဲ့ အန်ချင်စိတ်ကြောင့် ချက်ချင်းထကာ ရေချိုးခန်းကိုပြေးရသည်။
အခုတလော သူဘာဖြစ်နေမှန်းမသိဘူး။ထုံမှိုင်းမှိုင်းနဲ့ မူးဝေကာ ခဏခဏအန်နေတယ်။အစားအစာတွေဆို အနံ့တောင်မခံနိုင်တော့တဲ့အထိ။

အန်ရင် လေတွေပဲ အန်ကာ အစာတစ်ခုမှမပါ။
ချက်ချင်းပဲ မိသားစုဆရာဝန်ကိုဖုန်းဆက်လိုက်တယ်။



"အစာမကြေတာမျိုးလည်း မဟုတ်ပါဘူး "

သွေးပေါင်ချိန်စက်ကိုသိမ်းရင်းပြောလာတဲ့ ဆရာဝန် ၀ူရိဖန်ရဲ့ စကားကို အိပ်ယာပေါ် လျော့ရဲရဲထိုင်ရင်း အဖြေပေးလိုက်တယ်။

"မသိပါဘူးကွာ ဒီရက်ပိုင်းအန်ချင်သလိုလိုပဲဖြစ်နေတာ"

"လေတွေပဲ အန်မို့လား မူးဝေတာတွေရောရှိလား"

"ထုံမှိုင်းမှိုင်းနဲ့ပါပဲကွာ"

"အစာမကြေတယ်လို့ သတ်မှတ်နိုင်ပေမယ့် မင်းအခုလက္ခာတွေက မိန်းမဖြစ်သူကိုယ်ဝန်ရှိရင် ယောကျာ်းဖြစ်သူပြတတ်တဲ့လက္ခာတွေပဲ"

"ဘာ!!!"

"ဟုတ်တယ် မိန်းမကို ချစ်လွန်းတဲ့ယောကျာ်းက မိန်းမဖြစ်သူခံစားရမယ့် ဝေဒနာတွေ အစားယူပေးလိုက်သလိုမျိုးပဲ "

"၀ူရိဖန် မင်းပြန်လိုက်တော့ သွားစမ်း"

"အေးပါကွာ ဒါနဲ့ ဘယ်သူနဲ့တုန်း"

"၀ူရိဖန် သွားလိုက်တော့"

တစ်ဟားဟားအော်ရယ်ကာ ထွက်သွားတဲ့ကောင်ကြောင့် ခေါင်းကပိုမူးလာသလို..။ကိုယ်ဝန်?မိုရာလား။မဟုတ်သေးဘူး
မိုရာနဲ့သူနဲ့က လက်ကိုင်တာ ဖက်တာအပြင် ထိုအဆင့်ထိမရောက်ဖူးဘူး။အဖွင့်လမ်းလာလာလုပ်ပေမယ့် ချန်းယောလ်ကလက်မထက်ရသေးဘူးဆိုတဲ့စကားနဲ့ပဲစည်းစောင့်ပြီး ငြင်းဆန်ခဲ့တာ။

ဘတ်ဟျွန်း?ယောကျာ်းလေးက ကိုယ်ဝန်ဆောင်နိုင်လို့လား။
ထိုအခါမှ အိမ်မက်အကြောင်းတွေးမိပြန်တယ်။ချက်ချင်းပဲ သူခေါင်းခါလိုက်တယ်။မဟုတ်ဘူး။

ဒီတိုင်း ဟိုကောင်က နောက်သွားရုံသပ်သပ်သာပဲ။
ဘယ်ယောကျာ်းက ကိုယ်ဝန်ဆောင်နိုင်လို့လဲ?

ရူးကြောင်ကြောင်အတွေးတွေပဲ။




လက်ထဲကပါလာတဲ့အထုတ်တွေချပြီး အရှေ့ကအ၀ါရောင်လုံးချင်းအိမ်လေးကို ကြည့်လိုက်တယ်။ခြံထဲမှာ မြက်ရှည်တွေနဲ့ ခြုံတွေရှိနေပေမယ့်လည်း အားတဲ့တစ်ရက်ကျမှပဲ ရှင်းတော့မယ်။သူ့ရဲ့နေ့ရက်တွေ အသစ်ပြန်စပြီ။
နာကျင်စရာတွေမရှိပဲ ပျော်ပျော်ရွှင်ရွှင်လေး။
လွတ်လပ်မှုတွေကတော့ စာချုပ်တစ်ခုအောက်မှာ ဒူးထောက်နေရတုန်းပဲ။

အထုတ်တွေကိုပြန်ကိုင်ပြီး အိမ်ထဲသာဝင်ခဲ့တယ်။
အကိုလုဟန်က ငွေအပြည့်မပေးရသေးတောင် အိမ်သော့ပေးလိုက်တယ်။သူအကိုလုဟန်ဆီဝင်ခဲ့တယ်။

သူတစ်နေ့ခင်းလုံး အိမ်တစ်အိမ်လုံး လှည့်ပတ်သန့်ရှင်းရေးလုပ်ပြီးတော့တဲ့အခါမှ သက်ပြင်းချလိုက်တယ်။
သူ့ဆီမှာလောလောလတ်လတ်ရှိနေတဲ့ ခေါက်ဆွဲခြောက်ထုပ်လေးသာအမှီပြုပြီး ညနေစာကို ဖြစ်သလို စားခဲ့လိုက်တယ်။

အေးဆေးငြိမ်သက်တဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာတောင် သူနေ့လည်က သန့်ရှင်းရေးလုပ်တာက ရလာတဲ့ပင်ပန်းမှုတွေကြောင့် သူစိတ်ချလက်ချ အိပ်ပျော်သွားတယ်။

သူ့ဗိုက်ကလေးထဲက ကလေးလေးရယ် သူရယ်နှစ်ယောက်ထဲ ဒီအိမ်လေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နေမယ်။
ရိုးရှင်းတဲ့ဘ၀လေးမှာ အာဏာ ဂုဏ် တွေမပါဘူး။
အဓိကက ပျော်ရွှင်ရဖို့ပဲ...။
လက်မှတ်လေးတစ်ခုလိုအပ်နေသေးတဲ့ စာချုပ်မှာ
သူ့ရဲ့မူပိုင်လွတ်လပ်ခွင့်က ချုပ်နှောင်ထားခံရတုန်းပဲ။

လက်စားချေတဲ့ အစီအစဉ်မှာ နှစ်ယောက်ကိုတော့ အပြတ်ရှင်းပြီးပြီ။မှင်နီတားထားတဲ့ ဓာတ်ပုံလေးနှစ်ပုံက မီးလောင်ကျွမ်းသွားသလို။နံပါတ်စဉ် ၂ခုကလည်း အမှန်ခြစ်ပြီးပြီ။ကျန်နေသေးတဲ့ ၈ ယောက်ကတော့ ပျော်ပျော်ကြီး အချိန်တွေကုန်ဆုံးထားအုန်းပေါ့။

အိမ်မက်ကလေးက သိပ်လှနေတယ်။သူရယ် မွေးမလာသေးတဲ့ကလေးလေးရယ် ပြီးတော့ ပြီးတော့ သူမမြင်ချင်တဲ့လူတစ်ယောက်ရယ်က ပျော်ရွှင်နေတယ်တဲ့။အိမ်မက်သာသာထဲမှာပျော်ရွှင်ခဲ့ပုံရတယ်။အပြင်ပိုင်းမှာတော့ သူနဲ့ကလေးလေးနဲ့ပဲ ရှိတယ်။

ပါးပါးတောင်းပန်ပါတယ် ကလေးလေး....။
ဒယ်ဒီလို့ခေါ်နိုင်ဖို့ ပါးပါးမလုပ်ပေးနိုင်ခဲ့ဘူး။

ပါးပါးကိုစိတ်မဆိုးပါနဲ့။
မင်းရဲ့ ဒယ်ဒီအစား ပါးပါးကပိုချစ်ပေးပါ့မယ်...။
ပြန်လည်မွေးဖွားလာပြီးနောက်မှာ ပါးပါးက မင်းကိုအဆုံးရှုံးမခံနိုင်တော့ဘူး။
























Continue Reading

You'll Also Like

15.4K 550 14
I know you also felt the same feelings as me Short Fic of Winrina Music: Feels by Twice
34.3K 3K 24
Nineteen year old Asania leaves an abusive relationship with her ex boyfriend and focuses on school where she met her bestfriend Zenya. Asa isn't loo...
188K 8.5K 39
{مُكتَملة} "سيداتي و سادتي الكرام، أنا تايهيونغ و لن أدخل منزل رجلاً غير السيد المحقق جيون" ♦كوبل رئيسي • 𝑻𝑨𝑬𝑲𝑶𝑶𝑲 ♦• َ𝒕𝒐𝒑 • َ𝒋𝒆𝒐𝒏 𝒋...
7.9K 641 28
The story of two people who are dying to destroy anything for their revenge. **** "What do you think you are doing ?" My whole b...