The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 34

1.3K 247 27
By Astronv_61

Unicode

နေ့စဥ်ရက်ဆက် လေ့ကျင့်မှုများသည် ဘခ်ဟျွန်းအတွက် တိုးတက်မှုရှိသည့်တိုင် နှေးကွေးနေဆဲဖြစ်သည်။ ဓားကိုစိတ်စွမ်းအားနှင့် ထိန်းချုပ်နိုင်သွားခြင်းက တစ်ပတ်ကြာလောက်မျှကျင့်ပြီး ကျွမ်းကျင်သွားပြီ ဖြစ်သော်ငြား အမိန့်ပေးရာတွင်တော့ အခက်အခဲ ရှိနေဆဲဖြစ်သည်။

ထိုဒုတိယအဆင့်ကို လေ့ကျင့်နေသည်မှာ သုံးရက်ခန့်မျှရှိပြီဖြစ်ပြီး ပထမနှစ်ရက်အထိ အဆင်ပြေချောမွေ့သော်ငြား တတိယရက်အထိ ဘာမျှမတိုးတက်လာတော့ သိပ်အခြေအနေမဟန်တော့။ ပုံမှန်ဆို သူ့အတွက် တိုးတက်ဖို့ကြာချိန်က တစ်ရက်သာဖြစ်သင့်သည်ပင်။ ကျန်သည့် ထိန်းချုပ်ရမည့် ပုံစံနှင့်နည်းလမ်းတွေကို ပိုင်နိုင်နေပြီဖြစ်သော်ငြား အဓိကအချက်မှာ ဓားကိုလုံလုံလောက်လောက် မကိုင်တွယ်နိုင်ခြင်းဖြစ်ပြီး လက်တစ်ဆုပ်စာ ထိုဓားက ဓားခုတ်ကောင်နှယ် လွတ်ထွက်ကာ ဖမ်းရပြုရလည်း ခက်ခဲသေးသည်မို့။

လက်ထဲပြန်ခေါ်ယူခြင်း အမိန့်ကိုသုံးတိုင်း ဘယ်သောအခါမှ လက်အတွင်းလှလှပပ ကျဆင်းသည်ဟူ၍မရှိ။ မြေကြီးတွင် ထိုးစိုက်၍တစ်ဖုံ၊ အပစ်ခံလိုက်ရသလို ခြေထောက်အောက် တချွင်ချွင် ပစ်ကျလာခြင်းကတစ်ဖုံ၊ ဖမ်းမည်ပြင်လိုက်သော်ငြား အာရုံနှစ်ခုစိုက်ရာမှ ထွေပြားပြီး ဓားကိုထိန်းချုပ်မှုလွတ်ကာ အန္တရာယ်ပြုခံရသည်က တစ်ဖုံ၊ စသဖြင့်။ တော်တော်ခက်ခဲလှ၏။ ဓားကသေးနေသည်မို့ ပိုဆိုးခြင်းဖြစ်ပြီး ချန်းယောလ်ကတော့ သူဤအဆင့်က မတက်မချင်းဓားကိုလည်း ပုံပြောင်းနေခွင့်ရှိမည်မဟုတ်ဟု ဆိုသည်မို့သာ ကြိတ်မှိတ်နေရခြင်းဖြစ်သည်။

မဟုတ်လျှင် ကိုင်ရပြုရလွယ်သည့် လက်နက်တစ်စုံတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးဖြစ်သော်ငြား သေချာပေါက်တော့ သူဤဓားကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်တတ်သေးသရွေ့ ချန်းယောလ်က တခြားလက်နက်တွေပြောင်းခွင့်ပြုမည်မဟုတ်ပါချေ။

အတွေးကို ခေတ္တဖြတ်ကာ စိတ်ပြန်စုစည်းပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။ လက်အနေအထားကို သင့်တော်သလို ပုံစံချကာ နောက်ဆုံးတစ်ချက် ပစ်လိုက်ရာမှ မိမိပစ်မှတ်ကိုထိဖို့ လက်တစ်ဆစ်အလိုလောက်ကို ရောက်သည်မို့ ဘခ်ဟျွန်းပျော်ရွှင်ကာ ဓားကိုပြန်လာရန်စိတ်အတွင်းမှ အမိန့်ပေးလိုက်သည်။ တစ်ဆက်တည်းဆိုသလို မရရအောင် လှလှပပဖမ်းပြမည်ဟူသော အတွေးနှင့်အတူ ပြင်ဆင်ထားရပြီး ဓားကိုလည်းထိန်းချုပ်မှုအာရုံ မလွတ်သွားစေရန် သတိထားရသည်။

ဓားခုတ်ကောင်သည် သခင်အမိန့်အတိုင်း ပြေးသွားသည်ကလည်း မြန်သလို အနားကိုပြန်လာသည်ကမြန်သည်။ တစ်စက္ကန့်ပင် ရှိလောက်မည်မဟုတ်သည့်အလား၊ ပုံမှန်ဆို ဤအလျင်နှုန်းကို ဘခ်ဟျွန်းမြင်လိုက်မှာတောင် မဟုတ်သော်ငြား တဖြည်းဖြည်း တိုးတက်လာသော အာရုံစူးစိုက်မှုနှင့် သတိတရားတို့ကြောင့် အကြည့်ဖြင့် လိုက်ဖမ်းနေနိုင်ပြီ။ ဝှစ်ကနဲ လေဟုန်ကို ထိုးခွင်းလာသည့်အသံနှင့်အတူ ဘခ်ဟျွန်းလက်ဆန့်ထုတ်ကာ ဖမ်းချလိုက်သော် ရှပ် ကနဲဖြတ်ထိသွားသော အသံနှင့်အတူ ဓားသည်လက်ထဲမရောက်ဘဲ အောက်ကိုချွင်ကနဲ ပြုတ်ကျသည်။

တစ်ဆက်တည်းဆိုသလို မြေပြင်ပေါ်ကျလာသည်က အနီရောင်သွေးစက်များ။ မျက်မှောင်ကြုတ်ကာ နာကျင်သွားသော လက်ကိုဆုပ်ကိုင်ရင်း ဒေါသနှင့်အတူ တိုင်ကြောထူသံကလည်း ပြဲကနဲထွက်လာ၏။

"ချန်းယောလ်ရှီ !!! ဒီဓားခုတ်ကောင် ကျွန်တော့်ကိုအနိုင်ကျင့်နေတယ် !!!"

ဓားခုတ်ကောင် : "....... ?......."

သူ့အဖြစ်အပျက်ကို မြင်သွားသည်မို့ အနားလျှောက်လာသော ချန်းယောလ်ကလည်း ဘခ်ဟျွန်းအတိုင်အတောကို ကြားသည်နှင့် သတိတရပင် မြေပြင်တစ်နေရာတွင် လဲလျောင်းနေရသော ဓားထံ စွမ်းအားတစ်ချို့ ပစ်သွင်းလိုက်သည်။ သေချာပေါက် ဘခ်ဟျွန်းကို ထိခိုက်အောင်လုပ်၍ အပြစ်ပေးခြင်းဖြစ်ပြီး ထိုအပြစ်သည် ချန်းယောလ်စွမ်းအားအောက် ချုပ်နှောင်ခြင်းဖြစ်သည်။ သို့တိုင် ချက်ချင်း မချုပ်နှောင်ခင်မှာတင် စိမ်းရင့်ရောင်အလင်းတန်းတစ်ချို့နှင့် ပစ်ပေါက်ခံရသည့်အလား ပေါက်ကွဲသကဲ့သို့ တစ်နေရာကို အရင်လွင့်ထွက်သွားရှာသည်။ ပြီးမှသာ ဘုတ်ကနဲပြန်ပြုတ်ကျသောဓားကို ပတ်ပတ်လည်စည်းခြုံကာ ရစ်ပတ်လိုက်ပုံက လည်ပင်းညှစ်လိုက်သည့်အလား။ နှစ်ခါနာသည့် အပြစ်ပေးနည်းပင်။

သနားကမား ဓားခုတ်ကောင်မှာ မည်သူ၏အထူးတလည် သနားမှုကိုမှ မရ။ ဘခ်ဟျွန်း၏ သွေးဒလဟောထွက်နေသည့် လက်ကတော့ ချန်းယောလ်၏ထွေးပွေ့မှုတွေထဲ ရောက်သွားပြီဖြစ်သည်။

"အ့ နာတယ်"

မျက်ခုံးတွေတွန့်ချိုးကာ ခပ်ဆတ်ဆတ်အသံထွက်လာပုံက ထိုကောင်လေး ဒေါသမပြေသေးမှန်းသိသာသည်။ သူစလေ့ကျင့်ကတည်းက ချန်းယောလ်ကြည့်နေတာ၊ ထိုဓားကို ဘခ်ဟျွန်းကောင်းကောင်း မကိုင်တွယ်နိုင်၍ ပြဿနာတက်နေပုံပေါ်ပြီး နောက်ဆုံးဒေါသထွက်လာပုံရသည်။ တမင် ကိုယ့်နည်းကိုယ့်ဟန်နှင့် ရှာတွေ့ရှိစေရန် လွှတ်ထားခြင်းဖြစ်သော်ငြား ယခုလိုအနာတရဖြစ်သည်ကိုတော့ သူရပ်ကြည့်မနေနိုင်ပါချေ။ စလေ့ကျင့်ပေးကတည်းက ဤဒဏ်ရာတွေသာမက ပိုဆိုးသည့်ဒဏ်ရာတွေပါ ရလာနိုင်သည်ကို ကြိုတင်ခန့်မှန်းထားပါသည့်တိုင် မြင်ရသည်နှင့်ပင် သူ့ရင်ထဲဆစ်ကနဲဖြစ်စေသည်။

တော်သေးသည်က ချန်းယောလ်အငွေ့အသက် တစ်ချက်လွှမ်းခြုံမှုအောက် သွေးတို့တဖြည်းဖြည်းတိတ်သွား၍။ လက်ဖဝါးတစ်လျှောက် ထောင့်ဖြတ်ရာအက်ကွဲကြောင်းက တဖြည်းဖြည်းပိတ်ကျသွားကာ သွေးတို့သာပေကျံနေခဲ့တော့၏။ ဆေးကြောရန်အတွေးနှင့်အတူ ဂိုထောင်နားရှိ ရေပိုက်စပ်ရာနေရာထံ ဆွဲခေါ်လာလိုက်သည်။

"ကျွန်တော်အဲ့ဒါကို ဘယ်နှရက်လောက် လုပ်နေရမှာလဲ"

စိတ်ပျက်လက်ပျက်အသံလေးက ချန်းယောလ်ကိုလည်း တည့်တည့်ရင်မဆိုင်ရဲသည့်ဟန်ဖြင့် ခပ်တိုးတိုးသာထွက်လာ၏။

"ခဏနားလိုက်၊ ပြီးရင် ငါသင်ပေးမယ်"

အပြောနှင့်အတူ ဆောင့်ကြောင့်ထိုင်စေလိုက်ကာ ချန်းယောလ်က မျက်နှာချင်းဆိုင်တွင် နေရာဝင်ယူလိုက်ပြီး အနားရှိရေပိုက်ငယ်ကိုဖွင့်ချလိုက်သည်။

"ကျွန်တော် သူ့ကိုအသွင်ပြောင်းကြည့်လို့ မရသေးဘူးလားဟင်၊ အဲ့ပုံစံသေးသေးလေးနဲ့ဆို ခဏခဏအမှားတွေပဲဖြစ်နေမှာ"

လက်ကိုရေဆေးချပေးနေရင်း ချန်းယောလ်ပြန်ဖြေလိုက်သည်။

"အမှားဖြစ်သမျှကို မှတ်ထားပြီး နောက်မဖြစ်အောင်သတိထားလေ"

ဘခ်ဟျွန်းနှုတ်ခမ်းလေးအနည်းငယ် မဲ့ကျချင်သွားသည်။

"တအားခက်လွန်းတယ်လို့"

"အရင်ဆုံးနားလိုက်"

ချန်းယောလ်နားခိုင်းခြင်းက ထိုကောင်လေးမောနေ၍ မဟုတ်သလို လက်ဒဏ်ရာကြောင့်လည်းမဟုတ်ပါချေ။ အစကတည်းက စိတ်မကြည်မလင်ဖြစ်နေလျှင် အမှားတွေသာ ဆက်တိုက်ပိုလုပ်နေမည်ကို သိ၍ စိတ်အနားပေးခိုင်းခြင်းသာ။

ဘခ်ဟျွန်းအကြည့်တို့က ရေစီးနှင့်အတူ သူ့လက်ကို ကိုင်တွယ်ပွတ်သပ်ပေးနေသော လက်ဖဝါးအကြီးကြီး တစ်စုံထံရောက်ရှိသွားသည်။ လက်ဖမိုးပေါ်တွင် သွေးကြောစိမ်းတို့ မြင်နေရပြီး အရွယ်အားဖြင့်လည်း ဘခ်ဟျွန်းထက် သိသိသာသာပိုကြီးသည်။ ထိုလက်နှစ်ဖက်ထဲ ဘခ်ဟျွန်းလက်သွယ်သွယ်ဟာ နစ်ဝင်လျက်သား။

"ကျွန်တော်အရင်က ဒဏ်ရာတွေရတုန်းကလည်း ခင်ဗျားစွမ်းအားနဲ့ ကုပေးခဲ့တာမဟုတ်လား"

အပြောနှင့်အတူ ချန်းယောလ်ကိုမော့ကြည့်လိုက်တော့ မျက်မှောင်ကြုတ်သွားသည်ကို တွေ့လိုက်ရသည်နှင့် မကြည်မလင်ဖြစ်နေသည့် သူ့စိတ်များအဝေးကို လွင့်ထွက်သွားသလိုပင်။ ချန်းယောလ်လို အေးတိအေးစက် စိတ်မရှည်တတ်သည့် လူကြီးကဘခ်ဟျွန်းကို စိတ်အပြောင်းအလဲ မြန်စေသည်မှာ ထူးဆန်း၏။ သူဒေါသထွက်မျက်မှောင်ကြုတ်နေလေ ဘခ်ဟျွန်းပျော်လေ။ ဘာမျှပြန်မဖြေသောကြောင့် ဘခ်ဟျွန်းထပ်ပြောသည်။

"အဲ့တုန်းက ကျွန်တော်အမြဲထူးဆန်းနေခဲ့တာ၊ ဒဏ်ရာတွေက ပျောက်ပျောက်ကုန်လို့လေ"

"မင်းကိုက နမော်နမဲ့"

အကြည့်တစ်ချက်မဆုံဘဲ ပြောလာသောစကားကြောင့် ဘခ်ဟျွန်းရှက်ရယ် ရယ်မိကာ စကားလမ်းကြောင်းပြောင်းစေရန် တောက်လျှောက်ခေါင်းထဲစိုးမိုးနေသည့် စကားစုကို လွှတ်ကနဲထုတ်ပြောလိုက်မိသည်။

"ချန်းယောလ် လက်ကအကြီးကြီးပဲနော်"

ချန်းယောလ်ကတော့ မည်သည့်စကားဖြင့်မှ ပြန်မတုန့်ပြန်သည့်တိုင် ကိစ္စပြီးသည့်နှယ် လက်ကိုလွှတ်ချဖို့ပြင်၏။ ဘခ်ဟျွန်း ချက်ချင်းပင် ထိုလက်ကိုပြန်ဆုပ်ကိုင်လိုက်သည်။

"နာနေတုန်းပဲလို့"

ချန်းယောလ် နားမလည်သည့်နှယ် လှည့်ကြည့်လာ၏။ ထို့နောက် အမာရွတ်လေးတောင် မကျန်ခဲ့သော လက်ဝါးပြင်ကိုပြန်ကြည့်သည်။ ဘခ်ဟျွန်းအနည်းငယ် ထပ်ပေါင်းပြောလိုက်သည်။

"အဲ့ဓားက နဂိုတည်းကကျွန်တော့်ကို ထိခိုက်စေချင်နေတာလေ၊ နောက်ပြီး သူကစောင့်ရှောက်သူတွေထက်တောင် ပိုအစွမ်းကြီးတယ်ဆို နာသေးတယ်ဗျ"

"ကောင်းပြီ"

ပြောပြီးသည်နှင့် အနွေးဓာတ်က လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွား၏။ သဘောကျစွာပင် ပြုံးလိုက်ပြီးမှ အခြေအနေလေး ကုန်ဆုံးမသွားစေရန် စကားစရသည်။

"ချန်းယောလ်ကျ ဘာလို့အဲ့ကောင်ကို နိုင်တာလဲဟင်"

ချန်းယောလ်အကြည့်က သူ့ခက်ဖဝါးထံမှမခွာဘဲ ပြန်ဖြေလာသည်။

"အစက မနိုင်ဘူး၊ ဟိုတလောက တိုက်တော့သူရှုံးသွားတာကြောင့် နာခံနေတာ"

"သြော် ? အဲ့လိုလည်း လိုလိုလားလားနာခံသေးတယ်လား"

"စွမ်းအားရှင်တွေကြားထဲက ထုတ်ဖော်မပြထားတဲ့ စည်းကမ်းလို့ ပြောလို့ရတယ်၊ တစ်ခါရှုံးပြီးသွားရင် ကိုယ့်အရှက်ကိုယ် လိုက်ခွဲမနေဘဲ အလိုလိုအရှုံးပေးနာခံတတ်ကြလို့၊ စည်းမရှိတဲ့ကောင်တွေတော့ မပါဘူးပေါ့"

ဆိုလိုသည်မှာရှင်းသည်၊ မိမိသိက္ခာတန်ဖိုးထားသည့် စွမ်းအားရှင်တိုင်းက တစ်ခါရှုံးဖူးပြီးသားလူထံ ယုံကြည်ချက်မရှိဘဲ နောက်တစ်ခါစိန်ခေါ်မည်မဟုတ်ဟု ဆိုလိုခြင်းပင်။ အကုန်လုံးမဟုတ်သည့်တိုင် အဆင့်မြင့်စွမ်းအားရှင်အများစုကတော့ ထိုအတိုင်းပင်။ ထို့နည်းတူ ဓားခုတ်ကောင်လည်း အပါအဝင်။

ဒီတစ်ခါတော့ ပြီးပြီ ဆိုကာ လက်ကိုလွှတ်ချလာသည်နှင့် ဘခ်ဟျွန်းထပ်ဆွဲ၍မရတော့။ ပေကပ်ကပ်ဖြင့်သာ အသာလွှတ်ပေးလိုက်ရသည်မို့ အနွေးဓာတ်ဟာလည်း လစ်ဟာသွားသယောင်။

"ကျွန်တော် ရေသွားသောက်လိုက်ဦးမယ်"

ဆောင့်ကြောင့်ထိုင်နေရာမှ ထရပ်ကာ အိမ်ထဲပြေးဝင်သွားလိုက်သည်။ ချန်းယောလ်ကတော့ အနောက်ကလိုက်လာကာ ကွတ်ပျစ်တွင်ဝင်ထိုင်သွား၏၊ အထဲထိလိုက်မလာ။

ဘခ်ဟျွန်း ရေသောက်ပြီးသည်နှင့် တစ်ဆက်တည်းဆိုသလို ဧည့်ခန်းထဲအိပ်နေမည်ထင်ရသည့် ကျားပေါက်စကိုလည်း ချောင်းကြည့်သေးသည်။ ထိုကျားပေါက်စသည် ရောက်လာသည့်နေ့ကတည်းကနှင့်ဆိုလျှင် သုံး၊ လေးရက်နီးပါးရှိနေပြီ ဖြစ်သည့်တိုင် ယခုအချိန်ထိ သတိပြန်မလည်လာသေးပါချေ။ ချန်းယောလ်ကတော့ စွမ်းအားတော်တော်အထိနာသွားခြင်းဟုသာ ဆို၏။

ဘခ်ဟျွန်း၏ မနေနိုင်သည့် လက်က ထိုအနားတွင်ဆောင့်ကြောင့် သွားထိုင်ကာ ရွှေဝါရောင်အမွှေးများကို တစ်ချက်နှစ်ချက် ပွတ်သပ်ပေးမိပြန်သည်။ အမွှေးအရောင်တို့က ပထမရောက်ကာစထက် အနည်းငယ် တောက်ပြောင်လာသည်ကိုတော့ သိသိသာသာ သတိထားမိသလို ပထမဆုံးအကြိမ်တုန်းကလောက်လည်း သိပ်မကြမ်းတမ်းတော့သလိုပါပင်။ အဝပွတ်ပြီးမှသာ ကျေနပ်စွာပင် အိမ်ရှေ့အမြန်ပြန်ထွက်လာတော့ ကွတ်ပျစ်၌ထိုင်နေသော ချန်းယောလ်ကိုတွေ့လိုက်ရသည်မို့ ဘေးဝင်ထိုင်ချလိုက်သည်။

"ချန်းယောလ်ရှီ အဲ့ကျားကရော ဘယ်အဆင့်ထဲ ပါတာလဲ"

ချန်းယောလ် သူ့ထံတစ်ချက်လှည့်ကြည့်လာသည်။

"အဆင့်မြင့်ထဲပါတယ်၊ ပထမအဆင့်"

ဘခ်ဟျွန်းအံ့ဩသွားသည်။

"တကယ်ကြီး ! အဲ့တော့သူအသွင်ပြောင်းလို့ရတယ်ပေါ့ !? ကျွန်တော်က ဒီတိုင်းတတိယအဆင့်လောက်ပဲ ထင်နေတာ"

"တတိယအဆင့်သာဆို စည်းနားကိုတောင် ကပ်လို့ရမှာမဟုတ်ဘူး၊ ပြီးတော့ အသွင်က အခုပြောင်းလို့ရမှာမဟုတ်လောက်ဘူး ဒဏ်ရာကပြင်းတယ်"

ဘခ်ဟျွန်းခေါင်းသာတဆတ်ဆတ်ညိတ်ပြလိုက်သည်။

"အဲ့ကျားကို တကယ်ပဲကျွန်တော်ထိန်းရမှာလားဟင် ထိန်းမနိုင်ရင် ဘယ်လိုလုပ်မလဲ"

လှည့်ကြည့်လာသော ချန်းယောလ်က ဘာမှမဆိုသည့်တိုင် အခုမှမေးဖို့သတိရလား ဟူသောအကြည့်မျိုး။ ဘခ်ဟျွန်းသွားဖြဲပြမိသည်။

"ဘယ်လိုပဲ ပထမအဆင့်ဆိုဆို ချန်းယောလ်ကိုတော့ မှီမှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား"

ချန်းယောလ်ထံမှ ခပ်ဖွဖွသက်ပြင်းချသံကြားရပြီးနောက် စကားသံထွက်လာ၏။

"ပထမအဆင့်ဆိုပေမယ့် သူအခုလောလောဆယ် ဒဏ်ရာရထားတာမို့ မင်းထိန်းလို့နိုင်တယ်"

"ကျွန်တော်က ဘယ်လိုထိန်းရမှာလဲ"

ထပ်မေးချင်သည်ကား ထိန်းဖို့ရောလိုရဲ့လားဟူ၍။ မည်သို့ပင်ဆိုစေ ထိုသတ္တဝါသည် အသိလည်းရှိမည်ဖြစ်သလို စွမ်းအားလည်းကြီးဦးမည်မဟုတ်ပေလား။

"မင်းကိုသစ္စာခံလာအောင် ကြိုးစားကြည့်"

ဘခ်ဟျွန်းရယ်မိသည်။

"ဘယ်ပထမအဆင့်စွမ်းအားရှင်က လူသားတစ်ယောက်ဆီမှာ သစ္စာခံမှာတုန်း၊ စွမ်းအားကြီးတဲ့သူတွေကိုပဲ လိုလိုလားလား သစ္စာခံနေကြတဲ့အချိန်မှာ ကျွန်တော့်လို"

"အဲ့ဒါကြောင့် ငါမင်းကိုကြိုးစားခိုင်းနေတာလေ"

"........ ကျွန်တော်က ...... လူသားတစ်ယောက်ပဲကို"

လူသားတစ်ယောက်က ကြိုးစားရင်တောင် ချန်းယောလ်မပြောနှင့်၊ ထိုကျားပေါက်၏ ​ခြေဖျားတောင်မှီပါ့မလားပင်။ ထုတ်မပြောလိုက်မိပေမယ့် မျက်နှာအမူအရာနှင့်ပင် ချန်းယောလ်ကနားလည်ပုံပေါ်ပြီး သူနှင့်အကြည့်ချင်းဆုံလာသည်။

"ဘခ်ဟျွန်း၊ မင်းကကြင်ရာတော်အဖြစ်မွေးဖွားလာတာ၊ အဲ့တစ်ချက်ကတင် အားလုံးထက်သာလွန်နေပြီ"

ထို့နောက်အကြည့်လွှဲကာ ဆက်ပြောသည်။

"မင်းကိုယ်မင်း ခုခံကာကွယ်ရုံလောက် ရရင်တော်ပြီလို့သာ ငါပြောနေပေမယ့် မင်းအစွမ်းက အဆုံးအစမရှိတက်ဦးမှာ၊ အဲ့အခါကျရင် မင်းကြိုးစားရင်ကြိုးစားသလောက် စွမ်းအားကြီးလာမှာပဲ၊ အဲ့ရှေးဟောင်းဝိဉာဥ်ဓားကလည်း ဘာမဟုတ်တဲ့လူတစ်ယောက်ကို သွေးသစ္စာမခံဘူး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ထားစမ်းပါ"

ဘခ်ဟျွန်းမင်သက်နေရင်းမှ တစ်ခွန်းထုတ်မေးလိုက်သည်။

"စွမ်းအားကြီးလာရင် လုပ်ချင်တာလုပ်လို့ရမှာလား"

ချန်းယောလ်ခပ်ဖျော့ဖျော့ပြုံးသွားသည်။

"အနည်းဆုံး မင်းချစ်တဲ့သူတွေကို စောင့်ရှောက်နိုင်တာပေါ့"

ဘာမှပြန်မဖြေတော့သောကြောင့် ဘေးဘက်ကို အသာငဲ့ကြည့်လိုက်တော့ ဘာကိုတွေဝေနေမှန်းမသိ၊ စက္ကန့်အချို့ မင်သေနေရာမှ ရုတ်ချည်းခေါင်းထောင်လာပြီး ပြုံးပြကာဆို၏။

"ဆက်လေ့ကျင့်မယ်"

ချန်းယောလ်စိတ်ထဲ၌သာ သက်ပြင်းရှိုက်မိပြီး ခေါင်းညိတ်ပြလိုက်ပြီး စွမ်းအားဖြင့်ချုပ်နှောင်ထားသော ဓားကိုလွှတ်ပေးလိုက်သည်။ ချက်ချင်းပင် ဘခ်ဟျွန်းအခေါ်ကြောင့် အနားသက်ဆင်းကျလာသော ဓားခုတ်ကောင်က ပထမဆုံးအကြိမ်တွေတုန်းကထက်စာလျှင် နည်းနည်းပါးပါးတော့ အချိုးပြေလာပြီဖြစ်သည်။

ချန်းယောလ်ဆိုလိုက်သည်။

"မင်း ဓားကိုမဖမ်းတတ်ဘူးဖြစ်နေတာမလား"

မော့ကြည့်လာသော ကြွက်ကထောက်ခံကြောင်း ခေါင်းတဆတ်ဆတ်ညိတ်ပြလာ၏။

"ဒီကိုလာ"

ပါးစပ်ကအပြောနှင့်အတူ လက်မောင်းကိုခပ်သာသာဆွဲကာ အိမ်ရှေ့နားအလယ်တွင် ရပ်စေလိုက်သည်။ ထို့နောက် ဓားကိုင်ထားသော ဘခ်ဟျွန်းလက်အပေါ် အုပ်ကိုင်ကာ စည်းစနစ်တစ်ချို့ကို ပြရသည်။

"ဓားကိုကြိုက်သလို ကိုင်တွယ်လို့ရတယ်ဆိုပေမယ့် ကိုင်ပုံကိုင်နည်းက နေရာမကျရင် မင်းဘယ်လိုဖမ်းဖမ်း ရမှာမဟုတ်ဘူး"

ထိကိုင်ထားရာ လက်မောင်းနေရာမှ အနည်းငယ်တောင့်တင်းနေသည်ကို ခံစားမိသည်မို့ ချန်းယောလ်ထပ်ပေါင်းပြောလိုက်သည်။

"စိတ်လျှော့ထား၊ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး ဘာလို့အဲ့လောက်ကြွက်သားတွေတောင့်ထားတာလဲ"

"ဟုတ် ဟို ....."

"ဓားက သေးလို့ထိန်းရခက်တယ်ဆိုပေမယ့် မင်းဒါကိုကျွမ်းသွားရင် ကျန်တဲ့ပုံစံတွေကိုလည်း အေးဆေးကိုင်တွယ်နိုင်လိမ့်မယ်"

လက်ပုံစံကိုသေချာနေရာ ချပေးပြီးသည်နှင့် ထပ်ပြောလိုက်သည်။

"အာရုံစိုက်၊ ဒါလေးတွေတစ်ဆင့်တစ်ဆင့်လောက်ကို တစ်ပတ်နီးပါးလောက် အချိန်ယူမနေနဲ့"

"........."

"အခုစိတ်ကိုငြိမ်ငြိမ်ထားပြီး ချိတ်ဆက်လိုက်တော့"

"ဟုတ်"

ဟုတ် ဟုသာဆိုသော်ငြား စိတ်ငြိမ်ဖို့နေနေသာသာ တုန်ရီနေသည်ကို ခံစားလိုက်ရသည်မို့ ချန်းယောလ်မျက်ခုံးတွေတွန့်ချိုးကာ ငုံ့ကြည့်လိုက်သည်။

"ဘယ်လိုဖြစ်လို့ အဲ့လောက် -"

ချန်းယောလ်စကား တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်က အနည်းငယ်ရဲစွေးနေသော ဂုပ်သားလေးကိုမြင်လိုက်ရ၍။ ထို့အတူ နားရွက်များအထိပါ ရဲတောက်မှုက တဖြည်းဖြည်းကူးလူးတက်လာသလို၊ လှပသည့်တိုင် ယခုမှ ဘခ်ဟျွန်းအခြေအနေကို သူသဘောပေါက်မိလိုက်သည်။ သင်ပြချင်ဇောနှင့် ဆရာလုပ်နေသည့်တိုင် ထိုကောင်လေးက ဆရာပေါ်သာပြစ်မှားနေသည့် ကျောင်းသားလိုမျိုး၊ စာတွင်အာရုံမစိုက်နိုင်ရှာ။ ဤသည်ကား ကျောင်းသားအပြစ်လည်းမဟုတ်ပါချေ၊ ချန်းယောလ်ကိုယ်တိုင်ကိုက အနောက်တည့်တည့်တွင် နေရာဝင်ယူကာ တစ်ဖက်က လက်မောင်းသားတွေ တောင့်နေသည့် အကြောင်းပြချက်ကြောင့် ထိန်းကိုင်ပေးထားသလို တစ်ဖက်ကလည်း ဓားကိုင်ထားသည့် လက်အပေါ်အုပ်မိုးပေးထားသေးသည်မို့။

အလိုက်တသိ ထိုလက်တို့ကိုဖယ်ချကာ ဘေးတွင်တစ်လှမ်းဆုတ် ရပ်လိုက်သည်။

"အခုငါပြထားတဲ့အတိုင်း ပြန်လုပ်ကြည့်"

ထိုနောက်ပိုင်းမှ စိတ်ငြိမ်သွားသော ဘခ်ဟျွန်းက တဖြည်းဖြည်းလည်းကျွမ်းကျင်လာ၏။ သူမကြာသေးခင်က ပြောခဲ့သော စကားကြောင့်လားတော့မသိ၊ သေချာအာရုံစူးစိုက်ပြီး ကြိုးစားနေသည်ကို မြင်ရသည်မှာလည်း တစ်နည်းတစ်ဖုံတော့ စိတ်ကျေနပ်စရာ ကောင်းသည်။

တဖြည်းဖြည်းနေဝင်လာသည့်တိုင် မရပ်ချင်သေးဘဲ နောက်တစ်ဆင့်ထပ်တက်ချင်နေသော ဘခ်ဟျွန်းအား အမိန့်ပေးသလိုပြောတော့မှ လက်ခံရှာသည်။ ယခင်ကဆိုလျှင် ရပ်ချင်လွန်းနေ၍ တွန်းတိုက်ပြောနေရသော်ငြား ယခုတော့ ပြောင်းပြန်ဖြစ်သွားသလိုပင်။ သူပြောလိုက်သည့်စကားတွေထဲ မည်သို့သော ရည်မှန်းချက်တွေ ပေါက်ဖွားစေခဲ့လဲတော့ မသိသော်ငြား ကောင်းတာတော့ကောင်းသည်။

သို့တိုင်၊ ဓားကိုကိုင်တွယ်သည်က ကျွမ်းကျင်သွားပြီ ဆိုသော်ငြား ချက်ချင်းလက်ငင်းကြီး နောက်တစ်ဆင့်တက်ရမည်ဟုတော့ မဆိုလို။ သူသိသည်၊ ဘခ်ဟျွန်းသည်ကား လေ့ကျင့်ရသည့် အဆင့်ဆင့်တွေများထဲကမျှ လက်နက်အသွင်ပြောင်းခြင်း ဟူသည့် ခေါင်းစဥ်ကိုသာ စိတ်ဝင်စားနေတာဖြစ်သည်။ ဓားသေးသေးလေးသည် ပုံဖျက်ထားခြင်းကြောင့်သာ မခန့်မထည်ဖြစ်နေသော်ငြား မူရင်းအသွင်သဏ္ဍာန်နှင့်သာဆို ဘခ်ဟျွန်းမည်သို့ထိန်းရခက်ဦးမလဲမသိပါချေ။

"နားတော့"

အနည်းငယ်အထွန့်တက်ချင်နေသေးသည်မို့ လက်ထဲကဓားကိုဆွဲထုတ်ယူကာ ပုခုံးကိုဆွဲကိုင်ပြီး အိမ်ပေါက်ဝဘက် လှည့်ပေးလိုက်သည်။ ဂုပ်သားပေါ်ရှိ ချွေးစတို့သည် နေဝင်လုဆဲရောင်နီအောက်တွင် တလတ်လတ်တောက်နေသည့်အလား။ သုတ်ပေးချင်မိသည့်တိုင် သူမဝံ့ရဲ။

"ခဏနားပြီးမှ ရေချိုး"

ပြောလိုက်တော့ အိမ်ထဲခပ်သွက်သွက်ပြေးဝင်သွားသည်။ သူလိုက်ဝင်လာတော့ ဧည့်ခန်းက ဆိုဖာပေါ်ခြေကားယား လက်ကားယားဖြင့် လှဲနေသော ဘခ်ဟျွန်းကို တွေ့လိုက်ရသည်။ မျက်နှာချင်းဆိုင်က တီဗွီစခရင်ကိုလည်း ဖွင့်ထားပြီးခေါင်းစောင်းကာ အကြည့်မပျက်။

"သေချာထိုင်ကြည့် ဇက်နာမယ်"

ပြောလိုက်တော့ သူ့ထံအကြည့်ရောက်လာသော ကောင်လေးက ဟီးကနဲရယ်ပြရင်း ပြောလာ၏။

"ချန်းယောလ်ရှီ ကျွန်တော် spicy စားချင်တယ်"

တောင်းဆိုသလို မျက်ဝန်းလေးတွေနှင့်မို့ ခေါင်းသာညိတ်ပြပြီး အနောက်ဖေးထဲ ခြေလှမ်းတို့ဦးတည်လိုက်သည်။

"သုံးထုပ်နော်"

လှမ်းအော်ပြောသော ကောင်လေးကို ပြန်ဖြေမနေတော့။ မီးဖိုချောင်ထဲဝင်ကာ တစ်ယောက်သောသူ အလိုရှိသော အစားအစာကိုသာ စတင်ချက်ပြုတ်ရသည်။ သေချာပေါက်တော့ spicy ဟု ဆိုတိုင်း spicy တစ်ခုတည်းနှင့် မပြီးပါချေ။ ထို့အတူ ချန်းယောလ်သည်လည်း စားဖို့လိုအပ်လှသည် မဟုတ်သော်ငြား တခြားဟင်းအမယ်တစ်ခုတော့ ချက်စမြဲမို့။

ထိုစဥ် အနောက်ပါးမှ နီးကပ်လာနေသော အသက်ရှူသံသဲ့သဲ့ကို ကြားနေရသည်မို့ လှည့်ကြည့်လိုက်တော့ မီးဖိုချောင်ထဲ ခြေဖျားထောက်ဝင်လာသော ဘခ်ဟျွန်းနှင့် တည့်တည့်အကြည်ဆုံသည်။ ခိုးကြောင်ခိုးဝှက်နှင့် ထိုကြွက်ဘာလုပ်နေသည်လဲ။ အတွေးနှင့်အတူ မျက်မှောင်ကြုတ်မိလိုက်စဥ်ပင် ထိုကြွက်ကသူ့ထက်ပို စိတ်တိုသွားသည့်နှယ်၊ ခြေဆောင့်ချကာ ဟစ်အော်လာ၏။

"ခင်ဗျား ဘာလို့အဲ့လောက် နားပါးနေရတာလဲ !!!"

ချန်းယောလ်ရှေ့ပြန်လှည့်ကာ အသီးအရွက်လှီးနေသည့်ဘက်တွင် အာရုံပြန်စိုက်လိုက်သည်။

"ဘာလိုချင်လို့တုန်း"

ခပ်အေးအေးမေးလိုက်သော်ငြား ကြွက်ကတော့သူ့အာရုံထဲကသူ မထွက်နိုင်သေးသည့်အလား။

"ကျွန်တော် ဒီလောက်ခြေသံဖျောက်ထားတာကို၊ တိုးတက်မှုမရှိဘူးလားဟင်"

ချန်းယောလ် ကူကယ်ရာမဲ့စွာ လှည့်ကြည့်မိသည်။ ခါတိုင်း လေ့ကျင့်ချိန်ပြီးသွားတိုင်း အေးဆေးသက်သောင့်သက်သာ နေနေတတ်သည့် ဘခ်ဟျွန်းမဟုတ်တော့သည့်နှယ်။ ယခုကဲ့သို့ လေ့ကျင့်ချိန်ပြီးသွားသည့်တိုင် သူ့တိုးတက်မှုတွေကို ဆန်းစစ်နေလိမ့်မည်ဟု မမျှော်လင့်ထား။ စိတ်ထဲ၌သာ သက်ပြင်းရှိုက်မိသော်ငြား ကျေနပ်စေရန် ပြန်ဖြေပေးလိုက်သည်။

"အရင်ကထက်တော့ ခြေသံဖျော့သွားတယ်ဆိုပေမယ့် သိသာတုန်းပဲ၊ အဓိကက မင်းရဲ့အသက်ရှူသံပဲ အဝေးကနေတောင် ကြားနေရတယ်"

"ခင်ဗျားက အသက်ရှူသံပါကြားရတယ်လား"

"မင်းရော ကြားလာရပြီမဟုတ်ဘူးလား"

အပြောနှင့်အတူ မျက်နှာချင်းဆိုင်လှည့်ကြည့်လိုက်တော့ ကြောင်အသွားသော ဘခ်ဟျွန်းကိုတွေ့ရသည်။ အနီးအနားရှိ အသံပလံတို့ကို အာရုံစိုက်နေပုံအရ စစ်ဆေးနေတာဖြစ်မည်။

"နည်းနည်းပဲ ကြားရသေးတယ်"

လက်ညိုးနှင့်လက်မသုံးကာ အနည်းငယ်ပမာဏကိုဖော်ပြလာသော ဘခ်ဟျွန်းက စိတ်ပျက်ခြင်းတစ်မျိုးနှင့်။

"အပြင်က အကောင်ပလောင်တွေ အသံလောက်ပဲ အာရုံစိုက်လို့ရတယ် ခင်ဗျားလောက်အသေးစိတ်ကြီး မရဘူး"

ပြောပြီးသည်နှင့် လက်ပြန်ချကာ သက်ပြင်းရှိုက်ရင်း အနားရောက်လာသည်။

"ခြေသံဖျောက်နည်းပြီးတော့ အသက်ရှူသံထိန်းနည်းဆိုတာပါ ရှိသေးတာလား အာ တကယ်ပါပဲ ကျွန်တော်ခင်ဗျားကိုမှီဖို့ အဝေးကြီးလိုသေးတာပဲ"

ချန်းယောလ်ခပ်ဖွဖွပြုံးလိုက်မိသည်။ အပြုံးထဲတွင် ဘခ်ဟျွန်းအပြောကို သဘောကျမှုလည်းပါသလို မာနတစ်မျိုးလည်းပါဝင်နေသည်။

"မင်းက ငါ့ကိုမှီချင်တာပေါ့"

ဘေးကိုငဲ့ကြည့်ကာမေးတော့ ချက်ချင်းခေါင်းညိတ်ပြသော ကြွက်ကတွေဝေမှုမရှိ။

"မှီချင်တယ် ဘာဆေးစားရင် မြန်မြန်တိုးတက်မလဲမသိဘူး"

သနားကမားမျက်နှာပေးလေးနှင့် ပြောပြီးအကြည့်လွှဲသွားသည်မို့ ချန်းယောလ်နှုတ်ကလည်း လွှတ်ကနဲ။

"သွေးနှောလိုက်ရင်"

ပြောပြီးကာမှ ရင်ထဲတင်းကျပ်မှုတစ်မျိုးနှင့်အတူ သူမျက်မှောင်ကြုတ်မိလိုက်သည်။ ဘခ်ဟျွန်းကတော့ သူ့ထံအရိုးသားဆုံးမျက်ဝန်းများနှင့် မော့ကြည့်လာသည်။ ချန်းယောလ် အနောက်ကိုမှီနေရာမှ ပြန်မတ်ကာ စဥ့်တီတုံးပေါ်ရှိဓားကို ပြန်ကောက်ကိုင်ပြီး လုပ်လက်စတွင်သာ အာရုံပြန်စိုက်လိုက်သည်။ ယခင်ကသာဆိုလျှင် ကြင်ရာတော်နှင့် ပတ်သက်သည့်အကြောင်းအရာ သေးသေးမွှားမွှားလေးတွေ အစဖော်မိလျှင်တောင် စိတ်ဆိုးတတ်သော ဘခ်ဟျွန်းက ယခုနောက်ပိုင်း လက်ခံလာနိုင်ပုံရသည်။

"ကျွန်တော် ခင်ဗျားဖုန်းအားသွင်းထားတာတွေ့လို့ ဒါလေ"

စကားလမ်းကြောင်းလွှဲကာ မျက်စိရှေ့ပြလာသော ကီးပတ်လေးက တကယ်သူ့ဖုန်းဖြစ်သည်။ ဘာကိုပြောချင်သည်လဲ အတွေးနှင့်အတူ ငဲ့ကြည့်လိုက်တော့ ထိုကြွက်ပေါက်စက အကြောက်အလန့်မရှိ နှုတ်ခမ်းတထော်ထော်နှင့် ဆက်တိုက်ပြောလာတော့၏။

"ဒါကြီးက ပျက်နေပြီကို ဘာလို့အခုထိသုံးနေသေးတာလဲ ! ဟိုတစ်လောကလည်း ကျွန်တော်ခင်ဗျားကိုဖုန်းဆက်တုန်းက မကိုင်တာ ဒီဖုန်းစုတ်နေလို့ပဲနေမှာပေါ့ ခင်ဗျား ဒီလောက်ချမ်းသာနေပြီး ဖုန်းကောင်းကောင်းလေး တစ်လုံးလောက်တော့ ဝယ်ပါ့လား ဒါကြီးပဲဆက်သုံးနေတော့ တစ်ခုခုဆို ကျွန်တော်ကဘယ်လိုဆက်သွယ်ရမှာလဲ"

ချန်းယောလ် ကြောင်အသွားသော်ငြား နှစ်စက္ကန့်မျှသာ။

"ကောင်းပြီ လဲလိုက်မယ်"

ထိုအခါမှ အရှိန်သေသွားသောကြွက်က ဆက်မပြောတော့သည့်တိုင် ပွစိပွစိဖြင့် ရွတ်တုန်း။

"ကျွန်တော့်မှာတော့ အဲ့နေ့က ငိုလိုက်ရတာ ဒီဖုန်းမကောင်းတာကြောင့်နဲ့"

"မင်းငါ့နာမည်ခေါ်ရင် လာမယ်လို့ပြောထားတာပဲ မဟုတ်လား"

"....... ဟင်"

သူ့အာရုံနှင့်သူထွေပြားနေသော ဘခ်ဟျွန်းက ထိုအခါမှ အူကြောင်ကြောင်လှည့်ကြည့်လာသည်။

"နာမည် ?"

ချန်းယောလ်မေးလိုက်သည်။

"မင်းငါ့နာမည်ခေါ်ခဲ့လို့လား အဲ့နေ့က"

ဘခ်ဟျွန်းခပ်ထွေထွေလေး ခေါင်းခါပြသည်။ ချန်းယောလ်သိသည်။ သူပြောဖူးပေမယ့် ထိုကောင်လေးတမင်မခေါ်တာမဟုတ်၊ မေ့နေခြင်းသာဖြစ်သည်။ အကြောင်းပြချက်သည် မယုံ၍။ ထိုအတွေးက နည်းနည်းတော့ခံရခက်စေသော်ငြား နဂိုတည်းက ကိုယ်စောင့်နတ်အဖြစ် အထင်ခံထားရသည်မို့ ထိုသို့နာမည်ခေါ်တိုင်း ရောက်လာပေးမည်ဟူသည့် အပြောက ဘခ်ဟျွန်းအတွက် ယုံချင်စရာမဟုတ်ပါချေ။ တိတ်တဆိတ်သာ လက်ခံလိုက်ပြီး ယခုတော့မှ ထပ်ပြောပေးလိုက်သည်။

"မင်းတစ်ခုခုဖြစ်တိုင်း ငါ့နာမည်ခေါ်လိုက်လို့ရတယ်၊ ဘယ်နေရာပဲရောက်ရောက် လာခဲ့ပေးမယ်"

ဘခ်ဟျွန်းအနည်းငယ် တွေသွားသောအမူအရာကြောင့် နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးကာ ရှေ့ပြန်လှည့်လိုက်သည်။

"တကယ်လားဟင်"

တော်တော်ကြာမှ ထွက်လာသောအသံလေးက တိုးညှင်းစွာ။

"အင်း"

လက်ခံသံပြုလိုက်တော့ ထပ်မေးလာ၏။

"ကိုကိုလို့ခေါ်ရင်ရော"

ရင်ထဲဒိန်းကနဲဆောင့်တက်မှုနှင့်အတူ ဓားကိုင်ထားသည့် လက်ကချွတ်ချော်တော့ ဖိချမိသည်က လက်ညှိုးပေါ်တည့်တည့်။ သို့တိုင် သွေးမထွက်၊ ဓားသာကျိုးသွား၏။ သူ့ဘေးက ရယ်သံခပ်ဖျော့ဖျော့လေး ထွက်လာသည်မို့ ချန်းယောလ်ရှက်စိတ်နှင့်အတူ ဒေါသပါပါလာ၏။

"မင်း"

"ကျွန်တော်ဗိုက်ဆာနေပြီ" ဆိုကာဖြင့် အရယ်ပိုးမသေဘဲ အိမ်ရှေ့ကိုပြေးထွက်သွားသည်မို့ ချန်းယောလ်အံကြိတ်ပြီးသား ကျန်ခဲ့ရသည်။ မျက်စိရှေ့ပြန်ကြည့်လိုက်တော့ ထက်ဝက်ကျိုးနေသော ဓားကပြောင်ပြနေသည့်နှယ်။ ကျိုးနေသော ဓားကိုဘေးပစ်ချကာ နောက်တစ်ချောင်းထုတ်ယူပြီး လက်ထဲကအစာကိုသာ တဇွက်ဇွက်နှင့် လှီးချနေလိုက်တော့၏။ ထိုတစ်ခွန်းတည်းနှင့် တစ်ကိုယ်လုံးပူတက်သွားရသည်လို့၊ အရေးမပါလိုက်တာ။

_

စားပြီးသောက်ပြီးချိန်တွင် ဘခ်ဟျွန်းသည် သူသတ်မှတ်ပေးထားသည့် အချိန်အတိုင်း စောစောအိပ်ရာဝင်သွား၏။ အိပ်ရာထဲ သေချာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကြွက်ကိုစိတ်ချပြီဆိုကာမှ မီးအလင်းရောင်ဖျော့ပေးလိုက်ကာ အခန်းထဲက အသာထွက်လာလိုက်သည်။ ထို့နောက် ခြေလှမ်းတို့သည် ဧည့်ခန်းထံ ဦးတည်လျက်။

ကွက်တိပင်၊ သူခန့်မှန်းထားခဲ့သည့်အတိုင်း မီးလင်းဖိုဘေးတွင်အိပ်ပျော်နေရမည့် အဝါရောင်အဆင်းရှိကျားက ပျောက်နေခဲ့၏။ လှဲအိပ်ထားသည့် အဝတ်စသာ ကျန်ခဲ့ပြီးပိပြားနေရာက သူအိပ်ထားသည့်အတိုင်း ပုံသေတကျ။ အနားသွားကာ ဆောင့်ကြောင့်ထိုင်ပြီး ထိုအဝတ်ပေါ်လက်တင်ကြည့်တော့ ပူနွေး​နေသေးသည်မို့ ထသွားတာမကြာလောက်သေး။ တွေးနေစဥ်တွင်ပင် မီးလင်းဖိုထံမှ မီးတောက်သံတဖျစ်ဖျစ်မှအပ ဧည့်ခန်းထဲ တစ်ခြားအသက်ရှူသံတစ်ခု ရှိနေသေးသည်ကို သတိပြုမိလိုက်သည်။

အတွေးနှင့်အတူ ထိုအသံရှိရာဘက် လှည့်ကြည့်လိုက်သော ချန်းယောလ်မျက်ဝန်းစိမ်းတို့သည် အမှောင်ရိပ်ထဲတွင်မို့ ပိုမိုစိမ်းတောက်လျက်၊ မီးတောက်စိမ်းတစ်ခုက ဝင်ရောက်ခိုအောင်းနေသည့်နှယ်။

"ထွက်ခဲ့"

လေသံအေးနှင့်ဆိုလိုက်တော့ အမှောင်ထဲချောင်တစ်နေရာမှာ ပုန်းနေသည့်ကျားက အထဲပိုတိုးဝင်သွားသည်။ အသံကလည်း ထိန်းချုပ်မထားတော့ဘဲ ပို၍ပင်ကျယ်လောင်လာပြီး ရှင်းလင်းလာသည့်အသံအရ မာန်ဖီနေခြင်းဖြစ်သည်။ ရန်လို၍မာန်ဖီနေခြင်းမဟုတ်ဘဲ သူ့ကိုယ်သူခုခံကာကွယ်သည့်ဟန်ဖြင့် ကြောက်လန့်တကြား မာန်ဖီနေခြင်းဖြစ်သည်။

ချန်းယောလ်ဆောင့်ကြောင့်ထိုင်နေရာမှ အေးဆေးထရပ်ကာ ထိုနေရာထံလျှောက်သွားလိုက်သည်။ သူ့လက်တစ်ဆုပ်စာသာ ရှိသောကျားတစ်ကောင်ကို လက်ဗလာနှင့်ဖမ်းဖို့ဆိုသည်ကား ချန်းယောလ်အတွက် ပျင်းစရာသာသာဖြစ်သည်။ အမှောင်ထဲပုန်းနေသော ကျားကိုမျက်နှာချင်းဆိုင် စိုက်ကြည့်လိုက်တော့ အဝါရောင်သမ်းနေသည့်မျက်ဝန်းများနှင့် ဆုံသည်။

အညှို့ခံထားရသည်ပင်။ အမှန်ပင်၊ မျက်ဝန်းများ မှင်သေနေပုံအရ အညှို့ခံထားရသည့်အပြင် ပါဝင်နေသော အဆိပ်တစ်မျိုးကိုပါ သတိထားမိလိုက်သည်။ သူနှင့်မစိမ်းသည့် အဆိပ်ဖြစ်သည်ကို သတိထားမိသည်နှင့် ဟက်ကနဲထုတ်ရယ်စေမိတော့၏။

"ဟက် လီချန်းဝူး၊ ငါ့အိမ်ကို ပေါက်လွှတ်ပဲစားကောင်တွေ လွှတ်နေတာပဲ"

___•°•°•°•

Zawgyi

ေန့စဥ္ရက္ဆက္ ေလ့က်င့္မႈမ်ားသည္ ဘခ္ဟြၽန္းအတြက္ တိုးတက္မႈရိွသည့္တိုင္ ေနွးေကြးေနဆဲျဖစ္သည္။ ဓားကိုစိတ္စြမ္းအားႏွင့္ ထိန္းခ်ဳပ္ႏိုင္သြားျခင္းက တစ္ပတ္ၾကာေလာက္မ်ွက်င့္ၿပီး ကြၽမ္းက်င္သြားၿပီ ျဖစ္ေသာ္ျငား အမိန္႔ေပးရာတြင္ေတာ့ အခက္အခဲ ရိွေနဆဲျဖစ္သည္။

ထိုဒုတိယအဆင့္ကို ေလ့က်င့္ေနသည္မွာ သံုးရက္ခန္႔မ်ွရိွၿပီျဖစ္ၿပီး ပထမႏွစ္ရက္အထိ အဆင္ေျပေခ်ာေမြ့ေသာ္ျငား တတိယရက္အထိ ဘာမ်ွမတိုးတက္လာေတာ့ သိပ္အေျခအေနမဟန္ေတာ့။ ပံုမွန္ဆို သူ႔အတြက္ တိုးတက္ဖို႔ၾကာခ်ိန္က တစ္ရက္သာျဖစ္သင့္သည္ပင္။ က်န္သည့္ ထိန္းခ်ဳပ္ရမည့္ ပံုစံႏွင့္နည္းလမ္းေတြကို ပိုင္ႏိုင္ေနၿပီျဖစ္ေသာ္ျငား အဓိကအခ်က္မွာ ဓားကိုလံုလံုေလာက္ေလာက္ မကိုင္တြယ္ႏိုင္ျခင္းျဖစ္ၿပီး လက္တစ္ဆုပ္စာ ထိုဓားက ဓားခုတ္ေကာင္ႏွယ္ လြတ္ထြက္ကာ ဖမ္းရျပဳရလည္း ခက္ခဲေသးသည္မို႔။

လက္ထဲျပန္ေခၚယူျခင္း အမိန္႔ကိုသံုးတိုင္း ဘယ္ေသာအခါမွ လက္အတြင္းလွလွပပ က်ဆင္းသည္ဟူ၍မရိွ။ ေျမၾကီးတြင္ ထိုးစိုက္၍တစ္ဖံု၊ အပစ္ခံလိုက္ရသလို ေျခေထာက္ေအာက္ တခြၽင္ခြၽင္ ပစ္က်လာျခင္းကတစ္ဖံု၊ ဖမ္းမည္ျပင္လိုက္ေသာ္ျငား အာရံုႏွစ္ခုစိုက္ရာမွ ေထျြပားၿပီး ဓားကိုထိန္းခ်ဳပ္မႈလြတ္ကာ အႏၲရာယ္ျပဳခံရသည္က တစ္ဖံု၊ စသျဖင့္။ ေတာ္ေတာ္ခက္ခဲလွ၏။ ဓားကေသးေနသည္မို႔ ပိုဆိုးျခင္းျဖစ္ၿပီး ခ်န္းေယာလ္ကေတာ့ သူဤအဆင့္က မတက္မခ်င္းဓားကိုလည္း ပံုေျပာင္းေနခြင့္ရိွမည္မဟုတ္ဟု ဆိုသည္မို႔သာ ႀကိတ္မိွတ္ေနရျခင္းျဖစ္သည္။

မဟုတ္လ်ွင္ ကိုင္ရျပဳရလြယ္သည့္ လက္နက္တစ္စံုတစ္ခုအျဖစ္ ေျပာင္းလဲလိုက္ၿပီးျဖစ္ေသာ္ျငား ေသခ်ာေပါက္ေတာ့ သူဤဓားကို ကြၽမ္းကြၽမ္းက်င္က်င္ မကိုင္တြယ္တတ္ေသးသေရြ့ ခ်န္းေယာလ္က တျခားလက္နက္ေတြေျပာင္းခြင့္ျပဳမည္မဟုတ္ပါေခ်။

အေတြးကို ေခတၲျဖတ္ကာ စိတ္ျပန္စုစည္းၿပီး သက္ျပင္းမႈတ္ထုတ္လိုက္သည္။ လက္အေနအထားကို သင့္ေတာ္သလို ပံုစံခ်ကာ ေနာက္ဆံုးတစ္ခ်က္ ပစ္လိုက္ရာမွ မိမိပစ္မွတ္ကိုထိဖို႔ လက္တစ္ဆစ္အလိုေလာက္ကို ေရာက္သည္မို႔ ဘခ္ဟြၽန္းေပ်ာ္ရႊင္ကာ ဓားကိုျပန္လာရန္စိတ္အတြင္းမွ အမိန္႔ေပးလိုက္သည္။ တစ္ဆက္တည္းဆိုသလို မရရေအာင္ လွလွပပဖမ္းျပမည္ဟူေသာ အေတြးႏွင့္အတူ ျပင္ဆင္ထားရၿပီး ဓားကိုလည္းထိန္းခ်ဳပ္မႈအာရံု မလြတ္သြားေစရန္ သတိထားရသည္။

ဓားခုတ္ေကာင္သည္ သခင္အမိန္႔အတိုင္း ေျပးသြားသည္ကလည္း ျမန္သလို အနားကိုျပန္လာသည္ကျမန္သည္။ တစ္စကၠန္႔ပင္ ရိွေလာက္မည္မဟုတ္သည့္အလား၊ ပံုမွန္ဆို ဤအလ်င္ႏႈန္းကို ဘခ္ဟြၽန္းျမင္လိုက္မွာေတာင္ မဟုတ္ေသာ္ျငား တျဖည္းျဖည္း တိုးတက္လာေသာ အာရံုစူးစိုက္မႈႏွင့္ သတိတရားတို႔ေၾကာင့္ အၾကည့္ျဖင့္ လိုက္ဖမ္းေနႏိုင္ၿပီ။ ဝွစ္ကနဲ ေလဟုန္ကို ထိုးခြင္းလာသၫ့္အသံႏွင့္အတူ ဘခ္ဟြၽန္းလက္ဆန္႔ထုတ္ကာ ဖမ္းခ်လိုက္ေသာ္ ရွပ္ ကနဲျဖတ္ထိသြားေသာ အသံႏွင့္အတူ ဓားသည္လက္ထဲမေရာက္ဘဲ ေအာက္ကိုခြၽင္ကနဲ ျပဳတ္က်သည္။

တစ္ဆက္တည္းဆိုသလို ေျမျပင္ေပၚက်လာသည္က အနီေရာင္ေသြးစက္မ်ား။ မ်က္ေမွာင္ၾကဳတ္ကာ နာက်င္သြားေသာ လက္ကိုဆုပ္ကိုင္ရင္း ေဒါသႏွင့္အတူ တိုင္ေၾကာထူသံကလည္း ၿပဲကနဲထြက္လာ၏။

"ခ်န္းေယာလ္ရွီ !!! ဒီဓားခုတ္ေကာင္ ကြၽန္ေတာ့္ကိုအႏိုင္က်င့္ေနတယ္ !!!"

ဓားခုတ္ေကာင္ : "....... ?......."

သူ႔အျဖစ္အပ်က္ကို ျမင္သြားသည္မို႔ အနားေလ်ွာက္လာေသာ ခ်န္းေယာလ္ကလည္း ဘခ္ဟြၽန္းအတိုင္အေတာကို ၾကားသည္ႏွင့္ သတိတရပင္ ေျမျပင္တစ္ေနရာတြင္ လဲေလ်ာင္းေနရေသာ ဓားထံ စြမ္းအားတစ္ခ်ိဳ႕ ပစ္သြင္းလိုက္သည္။ ေသခ်ာေပါက္ ဘခ္ဟြၽန္းကို ထိခိုက္ေအာင္လုပ္၍ အျပစ္ေပးျခင္းျဖစ္ၿပီး ထိုအျပစ္သည္ ခ်န္းေယာလ္စြမ္းအားေအာက္ ခ်ဳပ္ေနွာင္ျခင္းျဖစ္သည္။ သို႔တိုင္ ခ်က္ခ်င္း မခ်ဳပ္ေနွာင္ခင္မွာတင္ စိမ္းရင့္ေရာင္အလင္းတန္းတစ္ခ်ိဳ႕ႏွင့္ ပစ္ေပါက္ခံရသည့္အလား ေပါက္ကြဲသကဲ့သို႔ တစ္ေနရာကို အရင္လြင့္ထြက္သြားရွာသည္။ ၿပီးမွသာ ဘုတ္ကနဲျပန္ျပဳတ္က်ေသာဓားကို ပတ္ပတ္လည္စည္းၿခံဳကာ ရစ္ပတ္လိုက္ပံုက လည္ပင္းၫွစ္လိုက္သည့္အလား။ ႏွစ္ခါနာသည့္ အျပစ္ေပးနည္းပင္။

သနားကမား ဓားခုတ္ေကာင္မွာ မည္သူ၏အထူးတလည္ သနားမႈကိုမွ မရ။ ဘခ္ဟြၽန္း၏ ေသြးဒလေဟာထြက္ေနသည့္ လက္ကေတာ့ ခ်န္းေယာလ္၏ေထြးေပြ့မႈေတြထဲ ေရာက္သြားၿပီျဖစ္သည္။

"အ့ နာတယ္"

မ်က္ခံုးေတြတြန္႔ခ်ိဳးကာ ခပ္ဆတ္ဆတ္အသံထြက္လာပံုက ထိုေကာင္ေလး ေဒါသမေျပေသးမွန္းသိသာသည္။ သူစေလ့က်င့္ကတည္းက ခ်န္းေယာလ္ၾကည့္ေနတာ၊ ထိုဓားကို ဘခ္ဟြၽန္းေကာင္းေကာင္း မကိုင္တြယ္ႏိုင္၍ ျပႆနာတက္ေနပံုေပၚၿပီး ေနာက္ဆံုးေဒါသထြက္လာပံုရသည္။ တမင္ ကိုယ့္နည္းကိုယ့္ဟန္ႏွင့္ ရွာေတြ့ရိွေစရန္ လႊတ္ထားျခင္းျဖစ္ေသာ္ျငား ယခုလိုအနာတရျဖစ္သည္ကိုေတာ့ သူရပ္ၾကည့္မေနႏိုင္ပါေခ်။ စေလ့က်င့္ေပးကတည္းက ဤဒဏ္ရာေတြသာမက ပိုဆိုးသည့္ဒဏ္ရာေတြပါ ရလာႏိုင္သည္ကို ႀကိဳတင္ခန္႔မွန္းထားပါသည့္တိုင္ ျမင္ရသည္ႏွင့္ပင္ သူ႔ရင္ထဲဆစ္ကနဲျဖစ္ေစသည္။

ေတာ္ေသးသည္က ခ်န္းေယာလ္အေငြ့အသက္ တစ္ခ်က္လႊမ္းၿခံဳမႈေအာက္ ေသြးတို႔တျဖည္းျဖည္းတိတ္သြား၍။ လက္ဖဝါးတစ္ေလ်ွာက္ ေထာင့္ျဖတ္ရာအက္ကြဲေၾကာင္းက တျဖည္းျဖည္းပိတ္က်သြားကာ ေသြးတို႔သာေပက်ံေနခဲ့ေတာ့၏။ ေဆးေၾကာရန္အေတြးႏွင့္အတူ ဂိုေထာင္နားရိွ ေရပိုက္စပ္ရာေနရာထံ ဆြဲေခၚလာလိုက္သည္။

"ကြၽန္ေတာ္အဲ့ဒါကို ဘယ္ႏွရက္ေလာက္ လုပ္ေနရမွာလဲ"

စိတ္ပ်က္လက္ပ်က္အသံေလးက ခ်န္းေယာလ္ကိုလည္း တည့္တည့္ရင္မဆိုင္ရဲသည့္ဟန္ျဖင့္ ခပ္တိုးတိုးသာထြက္လာ၏။

"ခဏနားလိုက္၊ ၿပီးရင္ ငါသင္ေပးမယ္"

အေျပာႏွင့္အတူ ေဆာင့္ေၾကာင့္ထိုင္ေစလိုက္ကာ ခ်န္းေယာလ္က မ်က္ႏွာခ်င္းဆိုင္တြင္ ေနရာဝင္ယူလိုက္ၿပီး အနားရိွေရပိုက္ငယ္ကိုဖြင့္ခ်လိုက္သည္။

"ကြၽန္ေတာ္ သူ႔ကိုအသြင္ေျပာင္းၾကည့္လို႔ မရေသးဘူးလားဟင္၊ အဲ့ပံုစံေသးေသးေလးနဲ႔ဆို ခဏခဏအမွားေတြပဲျဖစ္ေနမွာ"

လက္ကိုေရေဆးခ်ေပးေနရင္း ခ်န္းေယာလ္ျပန္ေျဖလိုက္သည္။

"အမွားျဖစ္သမ်ွကို မွတ္ထားၿပီး ေနာက္မျဖစ္ေအာင္သတိထားေလ"

ဘခ္ဟြၽန္းႏႈတ္ခမ္းေလးအနည္းငယ္ မဲ့က်ခ်င္သြားသည္။

"တအားခက္လြန္းတယ္လို႔"

"အရင္ဆံုးနားလိုက္"

ခ်န္းေယာလ္နားခိုင္းျခင္းက ထိုေကာင္ေလးေမာေန၍ မဟုတ္သလို လက္ဒဏ္ရာေၾကာင့္လည္းမဟုတ္ပါေခ်။ အစကတည္းက စိတ္မၾကည္မလင္ျဖစ္ေနလ်ွင္ အမွားေတြသာ ဆက္တိုက္ပိုလုပ္ေနမည္ကို သိ၍ စိတ္အနားေပးခိုင္းျခင္းသာ။

ဘခ္ဟြၽန္းအၾကည့္တို႔က ေရစီးႏွင့္အတူ သူ႔လက္ကို ကိုင္တြယ္ပြတ္သပ္ေပးေနေသာ လက္ဖဝါးအႀကီးႀကီး တစ္စံုထံေရာက္ရိွသြားသည္။ လက္ဖမိုးေပၚတြင္ ေသြးေၾကာစိမ္းတို႔ ျမင္ေနရၿပီး အရြယ္အားျဖင့္လည္း ဘခ္ဟြၽန္းထက္ သိသိသာသာပိုႀကီးသည္။ ထိုလက္ႏွစ္ဖက္ထဲ ဘခ္ဟြၽန္းလက္သြယ္သြယ္ဟာ နစ္ဝင္လ်က္သား။

"ကြၽန္ေတာ္အရင္က ဒဏ္ရာေတြရတုန္းကလည္း ခင္ဗ်ားစြမ္းအားနဲ႔ ကုေပးခဲ့တာမဟုတ္လား"

အေျပာႏွင့္အတူ ခ်န္းေယာလ္ကိုေမာ့ၾကည့္လိုက္ေတာ့ မ်က္ေမွာင္ၾကဳတ္သြားသည္ကို ေတြ့လိုက္ရသည္ႏွင့္ မၾကည္မလင္ျဖစ္ေနသည့္ သူ႔စိတ္မ်ားအေဝးကို လြင့္ထြက္သြားသလိုပင္။ ခ်န္းေယာလ္လို ေအးတိေအးစက္ စိတ္မရွည္တတ္သၫ့္ လူႀကီးကဘခ္ဟြၽန္းကို စိတ္အေျပာင္းအလဲ ျမန္ေစသည္မွာ ထူးဆန္း၏။ သူေဒါသထြက္မ်က္ေမွာင္ၾကဳတ္ေနေလ ဘခ္ဟြၽန္းေပ်ာ္ေလ။ ဘာမ်ျွပန္မေျဖေသာေၾကာင့္ ဘခ္ဟြၽန္းထပ္ေျပာသည္။

"အဲ့တုန္းက ကြၽန္ေတာ္အၿမဲထူးဆန္းေနခဲ့တာ၊ ဒဏ္ရာေတြက ေပ်ာက္ေပ်ာက္ကုန္လို႔ေလ"

"မင္းကိုက နေမာ္နမဲ့"

အၾကည့္တစ္ခ်က္မဆံုဘဲ ေျပာလာေသာစကားေၾကာင့္ ဘခ္ဟြၽန္းရွက္ရယ္ ရယ္မိကာ စကားလမ္းေၾကာင္းေျပာင္းေစရန္ ေတာက္ေလ်ွာက္ေခါင္းထဲစိုးမိုးေနသည့္ စကားစုကို လႊတ္ကနဲထုတ္ေျပာလိုက္မိသည္။

"ခ်န္းေယာလ္ လက္ကအႀကီးႀကီးပဲေနာ္"

ခ်န္းေယာလ္ကေတာ့ မည္သည့္စကားျဖင့္မွ ျပန္မတုန္႔ျပန္သည့္တိုင္ ကိစၥၿပီးသည့္ႏွယ္ လက္ကိုလႊတ္ခ်ဖို႔ျပင္၏။ ဘခ္ဟြၽန္း ခ်က္ခ်င္းပင္ ထိုလက္ကိုျပန္ဆုပ္ကိုင္လိုက္သည္။

"နာေနတုန္းပဲလို႔"

ခ်န္းေယာလ္ နားမလည္သည့္ႏွယ္ လွည့္ၾကည့္လာ၏။ ထို႔ေနာက္ အမာရြတ္ေလးေတာင္ မက်န္ခဲ့ေသာ လက္ဝါးျပင္ကိုျပန္ၾကည့္သည္။ ဘခ္ဟြၽန္းအနည္းငယ္ ထပ္ေပါင္းေျပာလိုက္သည္။

"အဲ့ဓားက နဂိုတည္းကကြၽန္ေတာ့္ကို ထိခိုက္ေစခ်င္ေနတာေလ၊ ေနာက္ၿပီး သူကေစာင့္ေရွာက္သူေတြထက္ေတာင္ ပိုအစြမ္းႀကီးတယ္ဆို နာေသးတယ္ဗ်"

"ေကာင္းၿပီ"

ေျပာၿပီးသည္ႏွင့္ အေနြးဓာတ္က လက္ဖဝါးမွတစ္ဆင့္ ခႏၶာကိုယ္တစ္ေလ်ွာက္ စီးဆင္းသြား၏။ သေဘာက်စြာပင္ ၿပံဳးလိုက္ၿပီးမွ အေျခအေနေလး ကုန္ဆံုးမသြားေစရန္ စကားစရသည္။

"ခ်န္းေယာလ္က် ဘာလို႔အဲ့ေကာင္ကို ႏိုင္တာလဲဟင္"

ခ်န္းေယာလ္အၾကည့္က သူ႔ခက္ဖဝါးထံမွမခြာဘဲ ျပန္ေျဖလာသည္။

"အစက မႏိုင္ဘူး၊ ဟိုတေလာက တိုက္ေတာ့သူရႈံးသြားတာေၾကာင့္ နာခံေနတာ"

"ေၾသာ္ ? အဲ့လိုလည္း လိုလိုလားလားနာခံေသးတယ္လား"

"စြမ္းအားရွင္ေတြၾကားထဲက ထုတ္ေဖာ္မျပထားတဲ့ စည္းကမ္းလို႔ ေျပာလို႔ရတယ္၊ တစ္ခါရႈံးၿပီးသြားရင္ ကိုယ့္အရွက္ကိုယ္ လိုက္ခြဲမေနဘဲ အလိုလိုအရႈံးေပးနာခံတတ္ၾကလို႔၊ စည္းမရိွတဲ့ေကာင္ေတြေတာ့ မပါဘူးေပါ့"

ဆိုလိုသည္မွာရွင္းသည္၊ မိမိသိကၡာတန္ဖိုးထားသည့္ စြမ္းအားရွင္တိုင္းက တစ္ခါရႈံးဖူးၿပီးသားလူထံ ယံုၾကည္ခ်က္မရိွဘဲ ေနာက္တစ္ခါစိန္ေခၚမည္မဟုတ္ဟု ဆိုလိုျခင္းပင္။ အကုန္လံုးမဟုတ္သည့္တိုင္ အဆင့္ျမင့္စြမ္းအားရွင္အမ်ားစုကေတာ့ ထိုအတိုင္းပင္။ ထို႔နည္းတူ ဓားခုတ္ေကာင္လည္း အပါအဝင္။

ဒီတစ္ခါေတာ့ ၿပီးၿပီ ဆိုကာ လက္ကိုလႊတ္ခ်လာသည္ႏွင့္ ဘခ္ဟြၽန္းထပ္ဆြဲ၍မရေတာ့။ ေပကပ္ကပ္ျဖင့္သာ အသာလႊတ္ေပးလိုက္ရသည္မို႔ အေနြးဓာတ္ဟာလည္း လစ္ဟာသြားသေယာင္။

"ကြၽန္ေတာ္ ေရသြားေသာက္လိုက္ၪီးမယ္"

ေဆာင့္ေၾကာင့္ထိုင္ေနရာမွ ထရပ္ကာ အိမ္ထဲေျပးဝင္သြားလိုက္သည္။ ခ်န္းေယာလ္ကေတာ့ အေနာက္ကလိုက္လာကာ ကြတ္ပ်စ္တြင္ဝင္ထိုင္သြား၏၊ အထဲထိလိုက္မလာ။

ဘခ္ဟြၽန္း ေရေသာက္ၿပီးသည္ႏွင့္ တစ္ဆက္တည္းဆိုသလို ဧည့္ခန္းထဲအိပ္ေနမည္ထင္ရသည့္ က်ားေပါက္စကိုလည္း ေခ်ာင္းၾကည့္ေသးသည္။ ထိုက်ားေပါက္စသည္ ေရာက္လာသည့္ေန့ကတည္းကႏွင့္ဆိုလ်ွင္ သံုး၊ ေလးရက္နီးပါးရိွေနၿပီ ျဖစ္သည့္တိုင္ ယခုအခ်ိန္ထိ သတိျပန္မလည္လာေသးပါေခ်။ ခ်န္းေယာလ္ကေတာ့ စြမ္းအားေတာ္ေတာ္အထိနာသြားျခင္းဟုသာ ဆို၏။

ဘခ္ဟြၽန္း၏ မေနႏိုင္သည့္ လက္က ထိုအနားတြင္ေဆာင့္ေၾကာင့္ သြားထိုင္ကာ ေရႊဝါေရာင္အေမႊးမ်ားကို တစ္ခ်က္ႏွစ္ခ်က္ ပြတ္သပ္ေပးမိျပန္သည္။ အေမႊးအေရာင္တို႔က ပထမေရာက္ကာစထက္ အနည္းငယ္ ေတာက္ေျပာင္လာသည္ကိုေတာ့ သိသိသာသာ သတိထားမိသလို ပထမဆံုးအႀကိမ္တုန္းကေလာက္လည္း သိပ္မၾကမ္းတမ္းေတာ့သလိုပါပင္။ အဝပြတ္ၿပီးမွသာ ေက်နပ္စြာပင္ အိမ္ေရ႔ွအျမန္ျပန္ထြက္လာေတာ့ ကြတ္ပ်စ္၌ထိုင္ေနေသာ ခ်န္းေယာလ္ကိုေတြ့လိုက္ရသည္မို႔ ေဘးဝင္ထိုင္ခ်လိုက္သည္။

"ခ်န္းေယာလ္ရွီ အဲ့က်ားကေရာ ဘယ္အဆင့္ထဲ ပါတာလဲ"

ခ်န္းေယာလ္ သူ႔ထံတစ္ခ်က္လွည့္ၾကည့္လာသည္။

"အဆင့္ျမင့္ထဲပါတယ္၊ ပထမအဆင့္"

ဘခ္ဟြၽန္းအံ့ဩသြားသည္။

"တကယ္ႀကီး ! အဲ့ေတာ့သူအသြင္ေျပာင္းလို႔ရတယ္ေပါ့ !? ကြၽန္ေတာ္က ဒီတိုင္းတတိယအဆင့္ေလာက္ပဲ ထင္ေနတာ"

"တတိယအဆင့္သာဆို စည္းနားကိုေတာင္ ကပ္လို႔ရမွာမဟုတ္ဘူး၊ ၿပီးေတာ့ အသြင္က အခုေျပာင္းလို႔ရမွာမဟုတ္ေလာက္ဘူး ဒဏ္ရာကျပင္းတယ္"

ဘခ္ဟြၽန္းေခါင္းသာတဆတ္ဆတ္ညိတ္ျပလိုက္သည္။

"အဲ့က်ားကို တကယ္ပဲကြၽန္ေတာ္ထိန္းရမွာလားဟင္ ထိန္းမႏိုင္ရင္ ဘယ္လိုလုပ္မလဲ"

လွည့္ၾကည့္လာေသာ ခ်န္းေယာလ္က ဘာမွမဆိုသည့္တိုင္ အခုမွေမးဖို႔သတိရလား ဟူေသာအၾကည့္မ်ိဳး။ ဘခ္ဟြၽန္းသြားၿဖဲျပမိသည္။

"ဘယ္လိုပဲ ပထမအဆင့္ဆိုဆို ခ်န္းေယာလ္ကိုေတာ့ မွီမွာမဟုတ္ဘူးေလ၊ ဟုတ္တယ္မလား"

ခ်န္းေယာလ္ထံမွ ခပ္ဖြဖြသက္ျပင္းခ်သံၾကားရၿပီးေနာက္ စကားသံထြက္လာ၏။

"ပထမအဆင့္ဆိုေပမယ့္ သူအခုေလာေလာဆယ္ ဒဏ္ရာရထားတာမို႔ မင္းထိန္းလို႔ႏိုင္တယ္"

"ကြၽန္ေတာ္က ဘယ္လိုထိန္းရမွာလဲ"

ထပ္ေမးခ်င္သည္ကား ထိန္းဖို႔ေရာလိုရဲ့လားဟူ၍။ မည္သို႔ပင္ဆိုေစ ထိုသတၲဝါသည္ အသိလည္းရိွမည္ျဖစ္သလို စြမ္းအားလည္းႀကီးၪီးမည္မဟုတ္ေပလား။

"မင္းကိုသစၥာခံလာေအာင္ ႀကိဳးစားၾကၫ့္"

ဘခ္ဟြၽန္းရယ္မိသည္။

"ဘယ္ပထမအဆင့္စြမ္းအားရွင္က လူသားတစ္ေယာက္ဆီမွာ သစၥာခံမွာတုန္း၊ စြမ္းအားႀကီးတဲ့သူေတြကိုပဲ လိုလိုလားလား သစၥာခံေနၾကတဲ့အခ်ိန္မွာ ကြၽန္ေတာ့္လို"

"အဲ့ဒါေၾကာင့္ ငါမင္းကိုႀကိဳးစားခိုင္းေနတာေလ"

"........ ကြၽန္ေတာ္က ...... လူသားတစ္ေယာက္ပဲကို"

လူသားတစ္ေယာက္က ႀကိဳးစားရင္ေတာင္ ခ်န္းေယာလ္မေျပာႏွင့္၊ ထိုက်ားေပါက္၏ ​ေျခဖ်ားေတာင္မွီပါ့မလားပင္။ ထုတ္မေျပာလိုက္မိေပမယ့္ မ်က္ႏွာအမူအရာႏွင့္ပင္ ခ်န္းေယာလ္ကနားလည္ပံုေပၚၿပီး သူႏွင့္အၾကည့္ခ်င္းဆံုလာသည္။

"ဘခ္ဟြၽန္း၊ မင္းကၾကင္ရာေတာ္အျဖစ္ေမြးဖြားလာတာ၊ အဲ့တစ္ခ်က္ကတင္ အားလံုးထက္သာလြန္ေနၿပီ"

ထို႔ေနာက္အၾကၫ့္လႊဲကာ ဆက္ေျပာသည္။

"မင္းကိုယ္မင္း ခုခံကာကြယ္ရံုေလာက္ ရရင္ေတာ္ၿပီလို႔သာ ငါေျပာေနေပမယ့္ မင္းအစြမ္းက အဆံုးအစမရိွတက္ၪီးမွာ၊ အဲ့အခါက်ရင္ မင္းႀကိဳးစားရင္ႀကိဳးစားသေလာက္ စြမ္းအားႀကီးလာမွာပဲ၊ အဲ့ေရွးေဟာင္းဝိဉာဥ္ဓားကလည္း ဘာမဟုတ္တဲ့လူတစ္ေယာက္ကို ေသြးသစၥာမခံဘူး ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ခ်က္ထားစမ္းပါ"

ဘခ္ဟြၽန္းမင္သက္ေနရင္းမွ တစ္ခြန္းထုတ္ေမးလိုက္သည္။

"စြမ္းအားႀကီးလာရင္ လုပ္ခ်င္တာလုပ္လို႔ရမွာလား"

ခ်န္းေယာလ္ခပ္ေဖ်ာ့ေဖ်ာ့ၿပံဳးသြားသည္။

"အနည္းဆံုး မင္းခ်စ္တဲ့သူေတြကို ေစာင့္ေရွာက္ႏိုင္တာေပါ့"

ဘာမျွပန္မေျဖေတာ့ေသာေၾကာင့္ ေဘးဘက္ကို အသာငဲ့ၾကည့္လိုက္ေတာ့ ဘာကိုေတြေဝေနမွန္းမသိ၊ စကၠန္႔အခ်ိဳ႕ မင္ေသေနရာမွ ရုတ္ခ်ည္းေခါင္းေထာင္လာၿပီး ၿပံဳးျပကာဆို၏။

"ဆက္ေလ့က်င့္မယ္"

ခ်န္းေယာလ္စိတ္ထဲ၌သာ သက္ျပင္းရိႈက္မိၿပီး ေခါင္းညိတ္ျပလိုက္ၿပီး စြမ္းအားျဖင့္ခ်ဳပ္ေနွာင္ထားေသာ ဓားကိုလႊတ္ေပးလိုက္သည္။ ခ်က္ခ်င္းပင္ ဘခ္ဟြၽန္းအေခၚေၾကာင့္ အနားသက္ဆင္းက်လာေသာ ဓားခုတ္ေကာင္က ပထမဆံုးအႀကိမ္ေတြတုန္းကထက္စာလ်ွင္ နည္းနည္းပါးပါးေတာ့ အခ်ိဳးေျပလာၿပီျဖစ္သည္။

ခ်န္းေယာလ္ဆိုလိုက္သည္။

"မင္း ဓားကိုမဖမ္းတတ္ဘူးျဖစ္ေနတာမလား"

ေမာ့ၾကည့္လာေသာ ႂကြက္ကေထာက္ခံေၾကာင္း ေခါင္းတဆတ္ဆတ္ညိတ္ျပလာ၏။

"ဒီကိုလာ"

ပါးစပ္ကအေျပာႏွင့္အတူ လက္ေမာင္းကိုခပ္သာသာဆြဲကာ အိမ္ေရ႔ွနားအလယ္တြင္ ရပ္ေစလိုက္သည္။ ထို႔ေနာက္ ဓားကိုင္ထားေသာ ဘခ္ဟြၽန္းလက္အေပၚ အုပ္ကိုင္ကာ စည္းစနစ္တစ္ခ်ိဳ႕ကို ျပရသည္။

"ဓားကိုႀကိဳက္သလို ကိုင္တြယ္လို႔ရတယ္ဆိုေပမယ့္ ကိုင္ပံုကိုင္နည္းက ေနရာမက်ရင္ မင္းဘယ္လိုဖမ္းဖမ္း ရမွာမဟုတ္ဘူး"

ထိကိုင္ထားရာ လက္ေမာင္းေနရာမွ အနည္းငယ္ေတာင့္တင္းေနသည္ကို ခံစားမိသည္မို႔ ခ်န္းေယာလ္ထပ္ေပါင္းေျပာလိုက္သည္။

"စိတ္ေလ်ွာ့ထား၊ ပထမဆံုးအႀကိမ္လည္းမဟုတ္ဘူး ဘာလို႔အဲ့ေလာက္ႂကြက္သားေတြေတာင့္ထားတာလဲ"

"ဟုတ္ ဟို ....."

"ဓားက ေသးလို႔ထိန္းရခက္တယ္ဆိုေပမယ့္ မင္းဒါကိုကြၽမ္းသြားရင္ က်န္တဲ့ပံုစံေတြကိုလည္း ေအးေဆးကိုင္တြယ္ႏိုင္လိမ့္မယ္"

လက္ပံုစံကိုေသခ်ာေနရာ ခ်ေပးၿပီးသည္ႏွင့္ ထပ္ေျပာလိုက္သည္။

"အာရံုစိုက္၊ ဒါေလးေတြတစ္ဆင့္တစ္ဆင့္ေလာက္ကို တစ္ပတ္နီးပါးေလာက္ အခ်ိန္ယူမေနနဲ႔"

"........."

"အခုစိတ္ကိုၿငိမ္ၿငိမ္ထားၿပီး ခ်ိတ္ဆက္လိုက္ေတာ့"

"ဟုတ္"

ဟုတ္ ဟုသာဆိုေသာ္ျငား စိတ္ၿငိမ္ဖို႔ေနေနသာသာ တုန္ရီေနသည္ကို ခံစားလိုက္ရသည္မို႔ ခ်န္းေယာလ္မ်က္ခံုးေတြတြန္႔ခ်ိဳးကာ ငံု႔ၾကည့္လိုက္သည္။

"ဘယ္လိုျဖစ္လို႔ အဲ့ေလာက္ -"

ခ်န္းေယာလ္စကား တစ္ဝက္တစ္ပ်က္ႏွင့္ ရပ္တန္႔သြားသည္က အနည္းငယ္ရဲေစြးေနေသာ ဂုပ္သားေလးကိုျမင္လိုက္ရ၍။ ထို႔အတူ နားရြက္မ်ားအထိပါ ရဲေတာက္မႈက တျဖည္းျဖည္းကူးလူးတက္လာသလို၊ လွပသည့္တိုင္ ယခုမွ ဘခ္ဟြၽန္းအေျခအေနကို သူသေဘာေပါက္မိလိုက္သည္။ သင္ျပခ်င္ေဇာႏွင့္ ဆရာလုပ္ေနသည့္တိုင္ ထိုေကာင္ေလးက ဆရာေပၚသာျပစ္မွားေနသည့္ ေက်ာင္းသားလိုမ်ိဳး၊ စာတြင္အာရံုမစိုက္ႏိုင္ရွာ။ ဤသည္ကား ေက်ာင္းသားအျပစ္လည္းမဟုတ္ပါေခ်၊ ခ်န္းေယာလ္ကိုယ္တိုင္ကိုက အေနာက္တည့္တည့္တြင္ ေနရာဝင္ယူကာ တစ္ဖက္က လက္ေမာင္းသားေတြ ေတာင့္ေနသည့္ အေၾကာင္းျပခ်က္ေၾကာင့္ ထိန္းကိုင္ေပးထားသလို တစ္ဖက္ကလည္း ဓားကိုင္ထားသည့္ လက္အေပၚအုပ္မိုးေပးထားေသးသည္မို႔။

အလိုက္တသိ ထိုလက္တို႔ကိုဖယ္ခ်ကာ ေဘးတြင္တစ္လွမ္းဆုတ္ ရပ္လိုက္သည္။

"အခုငါျပထားတဲ့အတိုင္း ျပန္လုပ္ၾကည့္"

ထိုေနာက္ပိုင္းမွ စိတ္ၿငိမ္သြားေသာ ဘခ္ဟြၽန္းက တျဖည္းျဖည္းလည္းကြၽမ္းက်င္လာ၏။ သူမၾကာေသးခင္က ေျပာခဲ့ေသာ စကားေၾကာင့္လားေတာ့မသိ၊ ေသခ်ာအာရံုစူးစိုက္ၿပီး ႀကိဳးစားေနသည္ကို ျမင္ရသည္မွာလည္း တစ္နည္းတစ္ဖံုေတာ့ စိတ္ေက်နပ္စရာ ေကာင္းသည္။

တျဖည္းျဖည္းေနဝင္လာသည့္တိုင္ မရပ္ခ်င္ေသးဘဲ ေနာက္တစ္ဆင့္ထပ္တက္ခ်င္ေနေသာ ဘခ္ဟြၽန္းအား အမိန္႔ေပးသလိုေျပာေတာ့မွ လက္ခံရွာသည္။ ယခင္ကဆိုလ်ွင္ ရပ္ခ်င္လြန္းေန၍ တြန္းတိုက္ေျပာေနရေသာ္ျငား ယခုေတာ့ ေျပာင္းျပန္ျဖစ္သြားသလိုပင္။ သူေျပာလိုက္သည့္စကားေတြထဲ မည္သို႔ေသာ ရည္မွန္းခ်က္ေတြ ေပါက္ဖြားေစခဲ့လဲေတာ့ မသိေသာ္ျငား ေကာင္းတာေတာ့ေကာင္းသည္။

သို႔တိုင္၊ ဓားကိုကိုင္တြယ္သည္က ကြၽမ္းက်င္သြားၿပီ ဆိုေသာ္ျငား ခ်က္ခ်င္းလက္ငင္းႀကီး ေနာက္တစ္ဆင့္တက္ရမည္ဟုေတာ့ မဆိုလို။ သူသိသည္၊ ဘခ္ဟြၽန္းသည္ကား ေလ့က်င့္ရသည့္ အဆင့္ဆင့္ေတြမ်ားထဲကမ်ွ လက္နက္အသြင္ေျပာင္းျခင္း ဟူသည့္ ေခါင္းစဥ္ကိုသာ စိတ္ဝင္စားေနတာျဖစ္သည္။ ဓားေသးေသးေလးသည္ ပံုဖ်က္ထားျခင္းေၾကာင့္သာ မခန္႔မထည္ျဖစ္ေနေသာ္ျငား မူရင္းအသြင္သ႑ာန္ႏွင့္သာဆို ဘခ္ဟြၽန္းမည္သို႔ထိန္းရခက္ၪီးမလဲမသိပါေခ်။

"နားေတာ့"

အနည္းငယ္အထြန္႔တက္ခ်င္ေနေသးသည္မို႔ လက္ထဲကဓားကိုဆြဲထုတ္ယူကာ ပုခံုးကိုဆြဲကိုင္ၿပီး အိမ္ေပါက္ဝဘက္ လွည့္ေပးလိုက္သည္။ ဂုပ္သားေပၚရိွ ေခြၽးစတို႔သည္ ေနဝင္လုဆဲေရာင္နီေအာက္တြင္ တလတ္လတ္ေတာက္ေနသည့္အလား။ သုတ္ေပးခ်င္မိသည့္တိုင္ သူမဝံ့ရဲ။

"ခဏနားၿပီးမွ ေရခ်ိဳး"

ေျပာလိုက္ေတာ့ အိမ္ထဲခပ္သြက္သြက္ေျပးဝင္သြားသည္။ သူလိုက္ဝင္လာေတာ့ ဧည့္ခန္းက ဆိုဖာေပၚေျခကားယား လက္ကားယားျဖင့္ လွဲေနေသာ ဘခ္ဟြၽန္းကို ေတြ့လိုက္ရသည္။ မ်က္ႏွာခ်င္းဆိုင္က တီဗြီစခရင္ကိုလည္း ဖြင့္ထားၿပီးေခါင္းေစာင္းကာ အၾကည့္မပ်က္။

"ေသခ်ာထိုင္ၾကည့္ ဇက္နာမယ္"

ေျပာလိုက္ေတာ့ သူ႔ထံအၾကည့္ေရာက္လာေသာ ေကာင္ေလးက ဟီးကနဲရယ္ျပရင္း ေျပာလာ၏။

"ခ်န္းေယာလ္ရွီ ကြၽန္ေတာ္ spicy စားခ်င္တယ္"

ေတာင္းဆိုသလို မ်က္ဝန္းေလးေတြႏွင့္မို႔ ေခါင္းသာညိတ္ျပၿပီး အေနာက္ေဖးထဲ ေျခလွမ္းတို႔ၪီးတည္လိုက္သည္။

"သံုးထုပ္ေနာ္"

လွမ္းေအာ္ေျပာေသာ ေကာင္ေလးကို ျပန္ေျဖမေနေတာ့။ မီးဖိုေခ်ာင္ထဲဝင္ကာ တစ္ေယာက္ေသာသူ အလိုရိွေသာ အစားအစာကိုသာ စတင္ခ်က္ျပဳတ္ရသည္။ ေသခ်ာေပါက္ေတာ့ spicy ဟု ဆိုတိုင္း spicy တစ္ခုတည္းႏွင့္ မၿပီးပါေခ်။ ထို႔အတူ ခ်န္းေယာလ္သည္လည္း စားဖို႔လိုအပ္လွသည္ မဟုတ္ေသာ္ျငား တျခားဟင္းအမယ္တစ္ခုေတာ့ ခ်က္စၿမဲမို႔။

ထိုစဥ္ အေနာက္ပါးမွ နီးကပ္လာေနေသာ အသက္ရႉသံသဲ့သဲ့ကို ၾကားေနရသည္မို႔ လွည့္ၾကည့္လိုက္ေတာ့ မီးဖိုေခ်ာင္ထဲ ေျခဖ်ားေထာက္ဝင္လာေသာ ဘခ္ဟြၽန္းႏွင့္ တည့္တည့္အၾကည္ဆံုသည္။ ခိုးေၾကာင္ခိုးဝွက္ႏွင့္ ထိုႂကြက္ဘာလုပ္ေနသည္လဲ။ အေတြးႏွင့္အတူ မ်က္ေမွာင္ၾကဳတ္မိလိုက္စဥ္ပင္ ထိုႂကြက္ကသူ႔ထက္ပို စိတ္တိုသြားသည့္ႏွယ္၊ ေျခေဆာင့္ခ်ကာ ဟစ္ေအာ္လာ၏။

"ခင္ဗ်ား ဘာလို႔အဲ့ေလာက္ နားပါးေနရတာလဲ !!!"

ခ်န္းေယာလ္ေရ႔ျွပန္လွည့္ကာ အသီးအရြက္လွီးေနသည့္ဘက္တြင္ အာရံုျပန္စိုက္လိုက္သည္။

"ဘာလိုခ်င္လို႔တုန္း"

ခပ္ေအးေအးေမးလိုက္ေသာ္ျငား ႂကြက္ကေတာ့သူ႔အာရံုထဲကသူ မထြက္ႏိုင္ေသးသည့္အလား။

"ကြၽန္ေတာ္ ဒီေလာက္ေျခသံေဖ်ာက္ထားတာကို၊ တိုးတက္မႈမရိွဘူးလားဟင္"

ခ်န္းေယာလ္ ကူကယ္ရာမဲ့စြာ လွည့္ၾကည့္မိသည္။ ခါတိုင္း ေလ့က်င့္ခ်ိန္ၿပီးသြားတိုင္း ေအးေဆးသက္ေသာင့္သက္သာ ေနေနတတ္သည့္ ဘခ္ဟြၽန္းမဟုတ္ေတာ့သည့္ႏွယ္။ ယခုကဲ့သို႔ ေလ့က်င့္ခ်ိန္ၿပီးသြားသည့္တိုင္ သူ႔တိုးတက္မႈေတြကို ဆန္းစစ္ေနလိမ့္မည္ဟု မေမ်ွာ္လင့္ထား။ စိတ္ထဲ၌သာ သက္ျပင္းရိႈက္မိေသာ္ျငား ေက်နပ္ေစရန္ ျပန္ေျဖေပးလိုက္သည္။

"အရင္ကထက္ေတာ့ ေျခသံေဖ်ာ့သြားတယ္ဆိုေပမယ့္ သိသာတုန္းပဲ၊ အဓိကက မင္းရဲ့အသက္ရႉသံပဲ အေဝးကေနေတာင္ ၾကားေနရတယ္"

"ခင္ဗ်ားက အသက္ရႉသံပါၾကားရတယ္လား"

"မင္းေရာ ၾကားလာရၿပီမဟုတ္ဘူးလား"

အေျပာႏွင့္အတူ မ်က္ႏွာခ်င္းဆိုင္လွည့္ၾကည့္လိုက္ေတာ့ ေၾကာင္အသြားေသာ ဘခ္ဟြၽန္းကိုေတြ့ရသည္။ အနီးအနားရိွ အသံပလံတို႔ကို အာရံုစိုက္ေနပံုအရ စစ္ေဆးေနတာျဖစ္မည္။

"နည္းနည္းပဲ ၾကားရေသးတယ္"

လက္ညိုးႏွင့္လက္မသံုးကာ အနည္းငယ္ပမာဏကိုေဖာ္ျပလာေသာ ဘခ္ဟြၽန္းက စိတ္ပ်က္ျခင္းတစ္မ်ိဳးႏွင့္။

"အျပင္က အေကာင္ပေလာင္ေတြ အသံေလာက္ပဲ အာရံုစိုက္လို႔ရတယ္ ခင္ဗ်ားေလာက္အေသးစိတ္ႀကီး မရဘူး"

ေျပာၿပီးသည္ႏွင့္ လက္ျပန္ခ်ကာ သက္ျပင္းရိႈက္ရင္း အနားေရာက္လာသည္။

"ေျခသံေဖ်ာက္နည္းၿပီးေတာ့ အသက္ရႉသံထိန္းနည္းဆိုတာပါ ရိွေသးတာလား အာ တကယ္ပါပဲ ကြၽန္ေတာ္ခင္ဗ်ားကိုမွီဖို႔ အေဝးႀကီးလိုေသးတာပဲ"

ခ်န္းေယာလ္ခပ္ဖြဖြၿပံဳးလိုက္မိသည္။ အၿပံဳးထဲတြင္ ဘခ္ဟြၽန္းအေျပာကို သေဘာက်မႈလည္းပါသလို မာနတစ္မ်ိဳးလည္းပါဝင္ေနသည္။

"မင္းက ငါ့ကိုမွီခ်င္တာေပါ့"

ေဘးကိုငဲ့ၾကည့္ကာေမးေတာ့ ခ်က္ခ်င္းေခါင္းညိတ္ျပေသာ ႂကြက္ကေတြေဝမႈမရိွ။

"မွီခ်င္တယ္ ဘာေဆးစားရင္ ျမန္ျမန္တိုးတက္မလဲမသိဘူး"

သနားကမားမ်က္ႏွာေပးေလးႏွင့္ ေျပာၿပီးအၾကည့္လႊဲသြားသည္မို႔ ခ်န္းေယာလ္ႏႈတ္ကလည္း လႊတ္ကနဲ။

"ေသြးေနွာလိုက္ရင္"

ေျပာၿပီးကာမွ ရင္ထဲတင္းက်ပ္မႈတစ္မ်ိဳးႏွင့္အတူ သူမ်က္ေမွာင္ၾကဳတ္မိလိုက္သည္။ ဘခ္ဟြၽန္းကေတာ့ သူ႔ထံအရိုးသားဆံုးမ်က္ဝန္းမ်ားႏွင့္ ေမာ့ၾကည့္လာသည္။ ခ်န္းေယာလ္ အေနာက္ကိုမွီေနရာမွ ျပန္မတ္ကာ စဥ့္တီတံုးေပၚရိွဓားကို ျပန္ေကာက္ကိုင္ၿပီး လုပ္လက္စတြင္သာ အာရံုျပန္စိုက္လိုက္သည္။ ယခင္ကသာဆိုလ်ွင္ ၾကင္ရာေတာ္ႏွင့္ ပတ္သက္သည့္အေၾကာင္းအရာ ေသးေသးမႊားမႊားေလးေတြ အစေဖာ္မိလ်ွင္ေတာင္ စိတ္ဆိုးတတ္ေသာ ဘခ္ဟြၽန္းက ယခုေနာက္ပိုင္း လက္ခံလာႏိုင္ပံုရသည္။

"ကြၽန္ေတာ္ ခင္ဗ်ားဖုန္းအားသြင္းထားတာေတြ့လို႔ ဒါေလ"

စကားလမ္းေၾကာင္းလႊဲကာ မ်က္စိေရ႔ျွပလာေသာ ကီးပတ္ေလးက တကယ္သူ႔ဖုန္းျဖစ္သည္။ ဘာကိုေျပာခ်င္သည္လဲ အေတြးႏွင့္အတူ ငဲ့ၾကည့္လိုက္ေတာ့ ထိုႂကြက္ေပါက္စက အေၾကာက္အလန္႔မရိွ ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္ ဆက္တိုက္ေျပာလာေတာ့၏။

"ဒါႀကီးက ပ်က္ေနၿပီကို ဘာလို႔အခုထိသံုးေနေသးတာလဲ ! ဟိုတစ္ေလာကလည္း ကြၽန္ေတာ္ခင္ဗ်ားကိုဖုန္းဆက္တုန္းက မကိုင္တာ ဒီဖုန္းစုတ္ေနလို႔ပဲေနမွာေပါ့ ခင္ဗ်ား ဒီေလာက္ခ်မ္းသာေနၿပီး ဖုန္းေကာင္းေကာင္းေလး တစ္လံုးေလာက္ေတာ့ ဝယ္ပါ့လား ဒါႀကီးပဲဆက္သံုးေနေတာ့ တစ္ခုခုဆို ကြၽန္ေတာ္ကဘယ္လိုဆက္သြယ္ရမွာလဲ"

ခ်န္းေယာလ္ ေၾကာင္အသြားေသာ္ျငား ႏွစ္စကၠန္႔မ်ွသာ။

"ေကာင္းၿပီ လဲလိုက္မယ္"

ထိုအခါမွ အရိွန္ေသသြားေသာႂကြက္က ဆက္မေျပာေတာ့သည့္တိုင္ ပြစိပြစိျဖင့္ ရြတ္တုန္း။

"ကြၽန္ေတာ့္မွာေတာ့ အဲ့ေန့က ငိုလိုက္ရတာ ဒီဖုန္းမေကာင္းတာေၾကာင့္နဲ႔"

"မင္းငါ့နာမည္ေခၚရင္ လာမယ္လို႔ေျပာထားတာပဲ မဟုတ္လား"

"....... ဟင္"

သူ႔အာရံုႏွင့္သူေထျြပားေနေသာ ဘခ္ဟြၽန္းက ထိုအခါမွ အူေၾကာင္ေၾကာင္လွည့္ၾကည့္လာသည္။

"နာမည္ ?"

ခ်န္းေယာလ္ေမးလိုက္သည္။

"မင္းငါ့နာမည္ေခၚခဲ့လို႔လား အဲ့ေန့က"

ဘခ္ဟြၽန္းခပ္ေထြေထြေလး ေခါင္းခါျပသည္။ ခ်န္းေယာလ္သိသည္။ သူေျပာဖူးေပမယ့္ ထိုေကာင္ေလးတမင္မေခၚတာမဟုတ္၊ ေမ့ေနျခင္းသာျဖစ္သည္။ အေၾကာင္းျပခ်က္သည္ မယံု၍။ ထိုအေတြးက နည္းနည္းေတာ့ခံရခက္ေစေသာ္ျငား နဂိုတည္းက ကိုယ္ေစာင့္နတ္အျဖစ္ အထင္ခံထားရသည္မို႔ ထိုသို႔နာမည္ေခၚတိုင္း ေရာက္လာေပးမည္ဟူသည့္ အေျပာက ဘခ္ဟြၽန္းအတြက္ ယံုခ်င္စရာမဟုတ္ပါေခ်။ တိတ္တဆိတ္သာ လက္ခံလိုက္ၿပီး ယခုေတာ့မွ ထပ္ေျပာေပးလိုက္သည္။

"မင္းတစ္ခုခုျဖစ္တိုင္း ငါ့နာမည္ေခၚလိုက္လို႔ရတယ္၊ ဘယ္ေနရာပဲေရာက္ေရာက္ လာခဲ့ေပးမယ္"

ဘခ္ဟြၽန္းအနည္းငယ္ ေတြသြားေသာအမူအရာေၾကာင့္ ႏႈတ္ခမ္းတစ္ဖက္တြန္႔ၿပံဳးကာ ေရ႔ျွပန္လွည့္လိုက္သည္။

"တကယ္လားဟင္"

ေတာ္ေတာ္ၾကာမွ ထြက္လာေသာအသံေလးက တိုးၫွင္းစြာ။

"အင္း"

လက္ခံသံျပဳလိုက္ေတာ့ ထပ္ေမးလာ၏။

"ကိုကိုလို႔ေခၚရင္ေရာ"

ရင္ထဲဒိန္းကနဲေဆာင့္တက္မႈႏွင့္အတူ ဓားကိုင္ထားသည့္ လက္ကခြၽတ္ေခ်ာ္ေတာ့ ဖိခ်မိသည္က လက္ၫွိုးေပၚတည့္တည့္။ သို႔တိုင္ ေသြးမထြက္၊ ဓားသာက်ိဳးသြား၏။ သူ႔ေဘးက ရယ္သံခပ္ေဖ်ာ့ေဖ်ာ့ေလး ထြက္လာသည္မို႔ ခ်န္းေယာလ္ရွက္စိတ္ႏွင့္အတူ ေဒါသပါပါလာ၏။

"မင္း"

"ကြၽန္ေတာ္ဗိုက္ဆာေနၿပီ" ဆိုကာျဖင့္ အရယ္ပိုးမေသဘဲ အိမ္ေရ႔ွကိုေျပးထြက္သြားသည္မို႔ ခ်န္းေယာလ္အံႀကိတ္ၿပီးသား က်န္ခဲ့ရသည္။ မ်က္စိေရ႔ျွပန္ၾကည့္လိုက္ေတာ့ ထက္ဝက္က်ိဳးေနေသာ ဓားကေျပာင္ျပေနသည့္ႏွယ္။ က်ိဳးေနေသာ ဓားကိုေဘးပစ္ခ်ကာ ေနာက္တစ္ေခ်ာင္းထုတ္ယူၿပီး လက္ထဲကအစာကိုသာ တဇြက္ဇြက္ႏွင့္ လွီးခ်ေနလိုက္ေတာ့၏။ ထိုတစ္ခြန္းတည္းႏွင့္ တစ္ကိုယ္လံုးပူတက္သြားရသည္လို႔၊ အေရးမပါလိုက္တာ။

_

စားၿပီးေသာက္ၿပီးခ်ိန္တြင္ ဘခ္ဟြၽန္းသည္ သူသတ္မွတ္ေပးထားသည့္ အခ်ိန္အတိုင္း ေစာေစာအိပ္ရာဝင္သြား၏။ အိပ္ရာထဲ ေသခ်ာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ ႂကြက္ကိုစိတ္ခ်ၿပီဆိုကာမွ မီးအလင္းေရာင္ေဖ်ာ့ေပးလိုက္ကာ အခန္းထဲက အသာထြက္လာလိုက္သည္။ ထို႔ေနာက္ ေျခလွမ္းတို႔သည္ ဧည့္ခန္းထံ ၪီးတည္လ်က္။

ကြက္တိပင္၊ သူခန္႔မွန္းထားခဲ့သည့္အတိုင္း မီးလင္းဖိုေဘးတြင္အိပ္ေပ်ာ္ေနရမည့္ အဝါေရာင္အဆင္းရိွက်ားက ေပ်ာက္ေနခဲ့၏။ လွဲအိပ္ထားသည့္ အဝတ္စသာ က်န္ခဲ့ၿပီးပိျပားေနရာက သူအိပ္ထားသည့္အတိုင္း ပံုေသတက်။ အနားသြားကာ ေဆာင့္ေၾကာင့္ထိုင္ၿပီး ထိုအဝတ္ေပၚလက္တင္ၾကည့္ေတာ့ ပူေနြး​ေနေသးသည္မို႔ ထသြားတာမၾကာေလာက္ေသး။ ေတြးေနစဥ္တြင္ပင္ မီးလင္းဖိုထံမွ မီးေတာက္သံတဖ်စ္ဖ်စ္မွအပ ဧၫ့္ခန္းထဲ တစ္ျခားအသက္ရႉသံတစ္ခု ရိွေနေသးသည္ကို သတိျပဳမိလိုက္သည္။

အေတြးႏွင့္အတူ ထိုအသံရိွရာဘက္ လွည့္ၾကည့္လိုက္ေသာ ခ်န္းေယာလ္မ်က္ဝန္းစိမ္းတို႔သည္ အေမွာင္ရိပ္ထဲတြင္မို႔ ပိုမိုစိမ္းေတာက္လ်က္၊ မီးေတာက္စိမ္းတစ္ခုက ဝင္ေရာက္ခိုေအာင္းေနသည့္ႏွယ္။

"ထြက္ခဲ့"

ေလသံေအးႏွင့္ဆိုလိုက္ေတာ့ အေမွာင္ထဲေခ်ာင္တစ္ေနရာမွာ ပုန္းေနသည့္က်ားက အထဲပိုတိုးဝင္သြားသည္။ အသံကလည္း ထိန္းခ်ဳပ္မထားေတာ့ဘဲ ပို၍ပင္က်ယ္ေလာင္လာၿပီး ရွင္းလင္းလာသည့္အသံအရ မာန္ဖီေနျခင္းျဖစ္သည္။ ရန္လို၍မာန္ဖီေနျခင္းမဟုတ္ဘဲ သူ႔ကိုယ္သူခုခံကာကြယ္သည့္ဟန္ျဖင့္ ေၾကာက္လန္႔တၾကား မာန္ဖီေနျခင္းျဖစ္သည္။

ခ်န္းေယာလ္ေဆာင့္ေၾကာင့္ထိုင္ေနရာမွ ေအးေဆးထရပ္ကာ ထိုေနရာထံေလ်ွာက္သြားလိုက္သည္။ သူ႔လက္တစ္ဆုပ္စာသာ ရိွေသာက်ားတစ္ေကာင္ကို လက္ဗလာႏွင့္ဖမ္းဖို႔ဆိုသည္ကား ခ်န္းေယာလ္အတြက္ ပ်င္းစရာသာသာျဖစ္သည္။ အေမွာင္ထဲပုန္းေနေသာ က်ားကိုမ်က္ႏွာခ်င္းဆိုင္ စိုက္ၾကည့္လိုက္ေတာ့ အဝါေရာင္သမ္းေနသည့္မ်က္ဝန္းမ်ားႏွင့္ ဆံုသည္။

အၫွို႔ခံထားရသည္ပင္။ အမွန္ပင္၊ မ်က္ဝန္းမ်ား မွင္ေသေနပံုအရ အၫွို႔ခံထားရသည့္အျပင္ ပါဝင္ေနေသာ အဆိပ္တစ္မ်ိဳးကိုပါ သတိထားမိလိုက္သည္။ သူႏွင့္မစိမ္းသၫ့္ အဆိပ္ျဖစ္သည္ကို သတိထားမိသည္ႏွင့္ ဟက္ကနဲထုတ္ရယ္ေစမိေတာ့၏။

"ဟက္ လီခ်န္းဝူး၊ ငါ့အိမ္ကို ေပါက္လႊတ္ပဲစားေကာင္ေတြ လႊတ္ေနတာပဲ"

___•°•°•°•

Continue Reading

You'll Also Like

109K 4.8K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
273K 6.4K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
17.3K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
554K 33.4K 67
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...