++Unicode++
ကမ်းမလော့နန်းတော်.......
"ဦးရီးတော် ကျတော့် စစ်သည်တွေက အဆင်သင့်ဖြစ်နေပေမယ့် ကျတော် ကြောက်နေမိတယ်"
"ဖြစ်လာမှတော့ ဘယ်အရာကတားဆီးလို့ရမှာလည်း နှစ်ဖက်လုံးကလည်း မဟာမိတ်ကနေ ရန်သူတွေဖြစ်ခဲ့ကြပြီ
ငါ့ရဲ့အမှားတွေလည်း ပါတာပေါ့။ငါသာ မင်းသမီး ရီယာကို မစွတ်စွဲခဲ့မိရင်။"
ဦးရီးတော်၏အသံကတိုးဝင်သွားကာ သူစိတ်မကောင်းဖြစ်ရသည်။
ဦးရီးတော်သာ သူ့ရဲ့တစ်ဦးတည်းဆွေးမျိုးတော်စပ်သူမို့ သူအရာရာကိုတိုင်ပင်ဖြစ်ခဲ့သည်။
"ကျတော်တို့ တားလို့မရပေမယ့် အထိအခိုက်နည်းမယ့် နည်းလမ်းကို ရွေးချယ်ချင်တယ်"
"ဦးရီးတော် စဉ်းစားမိတာတော့ရှိတယ်
ဒါက ဖြစ်နိုင်ရဲ့လားတော့....."
"ပြောပြပါ စဉ်းစားကြတာပေါ့"
သူ အဖြေကောင်းကိုမျှော်နေသည်မို့ စကားမဆုံးခင်ဖြတ်ပြောမိသည်။
"တစ်ဦးချင်း လက်ရုံးချင်ယှဥ်ကြည့်ရင်ကော
ရှုံးတဲ့ဘက်က လက်နက်ချအညံ့ခံတာပေါ့။
အနည်းဆုံးထိခိုက်ရင် တစ်ယောက်ပဲ ဒါကို နှစ်နိုင်ငံခေါင်းဆောင်တွေ
လုပ်ဖို့သင့်တော်တယ်။"
"ကျတော် သဘောတူတယ် "
"ဘန်ဂျမင်, မင်းကိုယ်တိုင်လုပ်ကြည့်မလား?
ငါက မင်းကိုပဲယုံကြည်တာမို့။"
"ဟုတ်ကဲ့ပါ ဦးရီးတော် ။ကျတော့်ကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။"
ဖြစ်သင့်တာကို ရွေးချယ်ရမည် မိမိပြည်သူတစ်ယောက်တိုင်းရဲ့အသက်အိုးအိမ်ကိုတန်ဖိုးထားတာမို့ မိမိကိုယ်တိုင်သာ စတေးဝံ့ပါသည်။
သို့သော် တိုင်းပြည်ရှင်သန်ရေးနှင့် မိမိအသက်ရှင်သန်ခွင့်က မိမိအပေါ်မူတည်နေသည်။ မသေချာတဲ့အနာဂတ်မို့ အချစ်၏မျက်နှာကို ခွန်အားအဖြစ်သော်လည်းကောင်း ၊တနည်း နှုတ်ဆက်ခြင်းဖြင့် လည်းကောင်း မြင်တွေ့စေလိုသည်။
မကြာခင်ရောက်လာတော့မည့် လပြည့်ကိုမျှော်ရမည်ပေါ့။
......................
တစ်နေ့ပြီးတနေ့ကုန်ဆုံးသွားသော်လည်း
မျှော်ရတဲ့ရက်တွေကတော့ ပိုတိုးလို့နေခဲ့သည်။
"ဂျုံဆောင်း
မနက်ဖန် တနင်္ဂနွေ ဘယ်သွားဖို့စဉ်းစားထားလဲ "
"မသိဘူး ဆောင်ဟွန်းရာ။ ဒီနှစ်နွေကျောင်းပိတ်ရက်က တအားပျင်းဖို့ကောင်းလိုက်တာ အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီကြားထဲ ခံစားချက်ကမကောင်း..."
"နေဦး မင်းကို ငါမေးတာက ဘယ်သွားမှာလဲ
မေးတာ မင်းရဲ့ခံစားချက်တွေကိုမဟုတ်ဘူး
တခါလာလည်း ဒီဓါတ်ပြားဟောင်းပဲလာဖွင့်"
ဆောင်ဟွန်းဆူလိုက်တော့ အသံတိတ်သွားသည့် ဂျုံဆောင်းက ကောင်းကင်ကိုမော့ရင်း အဆွေးသမားကြီးလို လမ်းလျှောက်နေသည်။
"ဟျောင့် လမ်းကူးရတော့မှာ ရှေ့ကိုကြည့် ကားတိုက်ပြီး အလွမ်းနတ်သားသွားဖြစ်နေမယ်"
"မီး နီပြရင်အေးဆေးကူးလို့ရတာပဲ။"
"မင်းဘိုးအေ ပွိုင့်ကိုလည်းကြည့်အုံး ပျက်နေတယ်။"
ဆောင်ဟွန်းပြောမှ ပွိုင့်ကိုကြည့်မိတော
ဝါ၊စိမ်း၊နီ တပြိုင်တည်း ပြနေသည့် မီးပွိုင့်က တကယ်ကိုစိတ်ရှုပ်စရာ။ ကားပိုင်ရှင်များကလည်း ခပ်ချေချေပင် တခါမှ မမောင်းဖူးသော တောသားများလို တတီတီမောင်းနှင်နေလေသည်။
ဆောင်ဟွန်းနဲ့ဂျုံဆောင်း လမ်းကူးရန် ရပ်ပေးမည့်စေတနာရှင် ကားများကိုစောင့်ဆိုင်းနေတော့သည်။
"ဂျုံဆောင်း"
"ဟင်"
"မင်းသဘောကျတဲ့သူက တစ်ခြားလူတစ်ယောက်ကို ချစ်နေရင် မင်းဘာဆက်လုပ်မလဲ"
"ငါ............."
ဂျုံဆောင်း ကစားနေသောမျက်စိက တစ်ဖက်လမ်းမှာ ရပ်နေသော လူထံတွင် အကြည့်ရပ်သွားသည်။သူမြင်တာမမှားနိုင်ရင် ထိုလူဟာ ဘန်ဂျမင်ပဲဖြစ်မည်။
"ဘန်ဂျမင်?, ဆောင်ဟွန်း ဟိုမှာ ဘန်ဂျမင်မလား ?"
လမ်းတဖက်ကိုကြည့်ပြီး ဆောင်ဟွန်းက "အင်း'ဟုသောအသံကို လေးတွဲစွာ ပြောလာသည်။
ခဏအတွင်းမှာပင် ကားဟွန်းတီးသံများ၊ ကားမောင်သူများ၏ဆဲဆိုသံဆူညံစွာထွက်ပေါ်လာသည်။ဆောင်ဟွန်းဘေးမှ ဂျုံဆောင်းရှိမနေ။
"ပတ်ဂျုံဆောင်း"
ဆောင်ဟွန်း စိုးရိမ်စိတ်တို့ဖြင့် အသံကုန်ဟစ်၍ ခေါ်မိသည်။ဆောင်ဟွန်းအရိပ်တကြည့်ကြည့်နဲ့ချစ်ရသူက အန္တာရာယ်ကြားထဲက သူချစ်ရသူထံကိုအပြေးသွားနေတော့တာ။လမ်းတစ်ဖက်မှ ဆောင်ဟွန်းကို ထားခဲ့ပြီးတော့။
................................
ပတ်ဝန်းကျင်က ဘာတွေဖြစ်နေလည်း
ဂျုံဆောင်းမသိဘူး။ မျက်ရည်ကြည်များရစ်ဝိုင်းနေသော အမြင်အာရုံထဲ ဘန်ဂျမင်တစ်ယောက်ထဲကိုပဲ မြင်နေရသည်။ဂျုံဆောင်း ရဲ့လက်တွေက ဘန်ဂျမင်ရဲ့ကိုယ်ကို သိုင်းဖက်လိုက်တော့သည်။
အချိန်တွေရယ် ခဏရပ်ပေးကြပါ ၊ပတ်ဝန်းကျင်ကလည်း မသိချင်ယောင်ဆောင်ပေး သူတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်လို့။
သူအရမ်းလွမ်းနေခဲ့တာ၊တွေ့ချင်နေခဲ့တာ ဒီထူးဆန်းတဲ့လူကြီးကိုလေ။
မိမိကိုပြေး၍ဖက်တွယ်လာသည့် ဂျုံဆောင်းကြောင့် ဘန်ဂျမင်အနောက်သို့အနည်းငယ်မျှယိုင်သွားသည် ။ထို့နောက် ဂျုံဆောင်း၏ခါးသွယ်သွယ်ကို ပြန်လည်ပွေ့ဖက်လိုက်သည်။လွမ်းနေခဲ့သည်ပဲ။
လမ်းတဖက်မှာကျန်ခဲ့သော ဆောင်ဟွန်းကိုတော့ အိမ်ရောက်မှ အားနာစွာဖြင့်
ဂျုံဆောင်း ဖုန်းဆက်ချော့တော့မည်။
.................................
ဘန်ဂျမင် လက်ကိုဆွဲကာ အိမ်ခေါင်မိုးထပ်penthouseသေးသေးလေးဆီသို့
ခေါ်လာခဲ့သည်။
သူတို့နှစ်ယောက် ခေတ္တမျှ အကြည့်ချင်းဆုံသည်။ဘန်ဂျမင် က ဂျုံဆောင်းမျက်ဝန်းများထံမှ အကြည့်လွှဲလိုက်သည်။ ချောင်ကျသွားသော မျက်နှာလေးကို ကြည့်၍ ဂျုံဆောင်းဘက်မှစကားစလိုက်သည်။
"ဒီအတောတွင်း နေလို့ကောင်းရဲ့လား"
ဘန်ဂျမင်ခေါင်းညိတ်ပြသည်။
"ဒီတခါ ထွက်သွားရင် ငါ့ကိုသေချာပေါက်နှုတ်ဆက်ရမယ်"
ဘန်ဂျမင်ခေါင်း ထပ်ညိတ်ပြသည်။
"မင်းကိုကြည့်ရတာ ပင်ပန်းနေသလိုပဲ ၊ငါ့ကိုတခုခု ပြောပြချင်လား "
ဘန်ဂျမင်ရဲ့မျက်ဝန်းကြည်ကြည်လေးမှာ ရစ်ဝဲလာသော မျက်ရည်စများက ဂျုံဆောင်းစိတ်ကိုပူပင်စေသည်။
"ဘာဖြစ်နေလဲဆိုတာ ငါသိလို့ရောရလား"
"ဟင့်အင်း မင်းကိုလွမ်းနေခဲ့တာ"
အတန်ကြာတိတ်ဆိတ်သွားပြီး
"နောက်တခါ ငါ့ဆီက မင်းထွက်သွားမှာကိုကြောက်နေမိတယ်"
ဘန်ဂျမင်က ဂျုံဆောင်းမျက်ဝန်းတွေကိုငေးစိုက်ကြည့်ရင်း ပြုံးနေခဲ့သည်။
'ကိုယ့်မှာ ရွေးချယ်စရာမရှိဘူး။
ကိုယ့်နှလုံးသားတွေ ပေါက်ထွက်တော့မယ် အချစ်ရယ်၊
မင်းမျက်ဝန်းတွေကိုငေးရင်း ချစ်စကားတွေတသီကြီး ဖွဲ့ဆိုချင်ခဲ့တာ၊
အခုလို အဓိပ္ပါယ်မဲ့ ငေးကြည့်ရုံသပ်သပ်မဟုတ်ခဲ့ဘူး'
တွေတွေကြီးကြည့်နေသော ဘန်ဂျမင်ကို
ဂျုံဆောင်းနင့်နေအောင်ထွေးပွေ့လိုက်သည်။
"မင်းပင်ပန်းနေတယ်မလား"
ဘန်ဂျမင်ရဲ့တင်းခံထားသော စိတ်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး ။ ဂျုံဆောင်းရင်ခွင်ထဲမှာ ခိုကိုးရာမဲ့ကလေးတစ်ယောက်က ပိုင်ရှင်တွေ့သွားသလို ဂျုံဆောင်းကိုပြန်လည်ဖက်တွယ်ကာ ရှိုက်သံများထွက်ပေါ်သည်အထိငိုသည်။မေးခွန်းတွေလည်း မရှိတော့ဘူး၊နှစ်ဦးကြားမှာအဖြေမဲ့လျက်သာ။
'မင်းအကြောင်းတွေ ငါမသိပေမယ့်
မင်းမျက်ဝန်းတွေကို ငါဖတ်တတ်တယ်၊ ဘယ်လိုအခက်အခဲတွေများ
ရင်ဆိုင်နေရလဲ ချစ်သူ '
.....................................
ဂျုံဆောင်း ဘန်ဂျမင်အတွက် အဝတ်တစုံကို အဝတ်ဗီရိုအတွင်းမှထုပ်၍ ကုတင်ပေါ်တင်ထားသည်။
သဘက်တစ်ထည်ကိုခါးမှာပတ်၍
ရေချိုးခန်းမှထွက်လာသော ဘန်ဂျမင်ကိုမြင်တော့ ဂျုံဆောင်းနားများနီရဲကာ တခြားတစ်ဖက်သို့အာရုံပြောင်းရ၏
ဂျုံဆောင်းကိုကျောပေး၍ ကိုယ်ပေါ်မှရေစက်များကိုသုတ်နေသော ဘန်ဂျမင်ကို ခိုးခိုးကြည့်နေမိသည်။ဘန်ဂျမင်က ကုတင်ပေါ်မှ အဝတ်တစ်စုံကိုကြည့်ကာ
"ဒါတွေ ကိုယ့်အတွက်လား?"
"အင်း"
ဂျုံဆောင်းအနီးက အဝတ်ကိုလှမ်းယူသော ဘန်ဂျမင်၏ပုခုံးကိုအနီးကပ်မြင်ရချိန်မှာ
ပုခုံးနောက်မှ အမာရွတ်နီနီ တခုကိုသတိထားမိသည်။ချက်ချင်းပင် ထိုအမာရွတ်ကို ထိတွေ့ချင်လာသည်။သို့သော် စိတ်ကနောက် ၊လက်က အရင်ရောက်သွားသည်။
အင်္ကျီဝတ်ရန်ပြင်နေသော ဘန်ဂျမင်က ရပ်တန့်သွားသည်။
"ဘာနဲ့ခိုက်မိထားတာလဲ?"
"ငယ်ငယ်က လေ့ကျင့်ရင်း ခိုက်မိထားတာ, အခုထိရှိနေသေးတာထင်တယ်"
"အရမ်းနာခဲ့မှာပဲ.."
"အခုတော့ မနာတော့ဘူးလေ"
အမာရွတ် ကိုထိတွေ့နေသည့် ဂျုံဆောင်းလက်ကို ဖွဖွထိကိုင်လာသော ဘန်ဂျမင်ကြောင့် ဂျုံဆောင်းမိမိလုပ်ရပ်ကို ရှက်ရွံ့သလိုဖြစ်မိ၏
"ငါ ဘာတွေလုပ်နေပါလိမ့်"
ဘန်ဂျမင် က ခပ်ပြုံးပြုံးဖြင့်သာ။
ထိုနောက် ဂျုံဆောင်း မှောင်နေသောမီးဖိုချောင်သို့ထွက်လာခဲ့သည်။
ရင်တွေပူလွန်းလို့ ဂျုံဆောင်းရေသောက်ဖို့လိုအပ်တယ်။ ရေခဲသေတ္တာထဲမှ ရေတစ်ဗူးယူ၍ ရင်တွင်းအပူလျော့စေရန် အကုန်သောက်ပစ်လိုက်သည်။
ရုပ်တရက် အခန်းတခုလုံးလင်းထိန်သွားပြီး ဟီဆွန်း၏အာမေဋိတ်အသံတဆက်တည်းပါလာသည်။
"လန့်လိုက်တာ ဂျုံဆောင်းရာ "
ရေခဲသေတ္တာဘေးမှ ဂျုံဆောင်းကိုကျော်၍ ရေတစ်ဗူးလှမ်းယူလိုက်သည်။
"ဆောင်ဟွန်း အိမ်မှာလာအိပ်တာလား"
ရေဗူးအဖုံးဖွင့်ရင်း ဟီဆွန်းကမေးသည်။
"သူက ဆောင်ဟွန်းမဟုတ်ဘူး"
ရေဗူးခွံကိုအမှိုက်တောင်ထဲထည့်လျက်
ဂျုံဆောင်းပြန်ဖြေသည်။
ဟီဆွန်းလက်မှာကိုင်ထားသော ရေဘူးကိုချ၍။
"ဟင် ငါက ဆောင်ဟွန်းထင်နေတာ, ဒါဆို
သူကဘယ်သူလဲ"
ထမင်းစားပွဲမှာထိုင်လိုက်သော ဂျုံဆောင်းရှေ့တွင် ဟီဆွန်း ဝင်ထိုင်ကာ သိချင်တဲ့အကြောင်းအရာကိုမေးသည်။
"သူ့နာမည်က ဘန်ဂျမင်တဲ့ သူပြောတာတော့ ကျတော်တို့ကမ္ဘာနဲ့ တူညီတဲ့နေရာတခုက လာတာ..
ဒါတွေကို အကိုနားလည်လားတော့
မသိဘူး ။ဘယ်လိုခေါ်မလဲ...."
"Parallel... , Parallel Universe လိုမျိုးလား..?''
ကြားဖြတ်ပြောလာသော ဟီဆွန်းက စားပွဲပေါ်မှာ လက်ညှိုးနှစ်ဖက်ကိုတင်ကာ
ဟိုဘက်ဒီဘက်ပိုင်းခြားပြလာသည်။
"ငါစာဖတ်ဖူးတာရှိတယ်ကွာ ကမ္ဘာနှစ်ခုက တူညီစွာရှိတယ်
ဒီကမ္ဘာမှာ ငါနဲ့မင်းလိုတူတဲ့လူမျိုး သူတို့မှာလည်းရှိတယ်.။များသောအားဖြင့်တည်ရှိပုံခြင်း တူကြတယ်ကွာ။အဲ့ဒါကြောင့်သူက ဆောင်ဟွန်းနဲ့တော်တော်တူတာဖြစ်မယ်။
ဟိုတခေါက်ကသူ့အမူအရာကို
နည်းနည်းသတိထားမိတယ်။
ဒါနဲ့ အဲ့ဘက်မှာ ငါနဲ့တူတဲ့ သူက ဘယ်လိုလူမျိုးလည်းသိချင်လိုက်တာ။"
ဟီဆွန်းပြောသမျှကို
မျက်တောင်တဖျတ်ဖျတ် ခက်ကာနားထောင်နေသော ဂျုံဆောင်းက သူနဲ့တူတဲ့လူလည်းရှိမှာပဲဟု တွေးမိတော့ စိတ်ထဲအလိုမကျဖြစ်လာသည်။
"အကို ကျတော် လိုက်သွားရမလား"
"ဟမ်!"
"သူ့နောက်ကိုလေ"
"မင်းတို့က ရင်းနှီးလား? သူကရော ခေါ်ချင်ရဲ့လား"
"ရင်းနှီးတာထက်ပိုပေမယ့် သူခေါ်မခေါ်တော့မသိဘူး၊ သူ့အကြောင်းတွေကို ကျတော်အများကြီးမသိဘူး"
"ဘယ်လိုကြီးလဲ ?"
"ကျတော်သူ့ကိုပြောကြည့်အုံးမယ်"
ဂျုံဆောင်း ချက်ချင်းထကာ အခန်းအတွင်းသို့ဝင်သွားသည်။ အခန်းထဲရောက်တော့
ဘန်ဂျမင်က အိပ်ပျော်နေတာမို့ .ဂျုံဆောင်းမနှိုးရက်တော့။ဘေးမှ အိပ်နေသောဘန်ဂျမင် ကိုစောင်ပါးပါးလွှမ်းခြုံလိုက်ပြီး
မျက်နှာအစိပ်အပိုင်းတခုဆီကိုငေးကြည့်မိသည်။ ဘန်ဂျမင်၏ပန်းဆီရောင်နှုတ်ခမ်း ဆီသို့အကြည့်ပို့မိတော့
ဂျုံဆောင်း စိတ်ကထိန်းချုပ်မဲ့စွာ နှုတ်ခမ်းမထူမပါးလေးကို ခိုးနမ်းမိသည်။ထို့နောက် လှုပ်ရှားလာသော ဘန်ဂျမင်၏ လက်များက ဂျုံဆောင်းကိုရင်ခွင်ထဲဆွဲသွင်းကာ..
"လုပ်ချင်တာ လုပ်ပြီးရင် အိပ်တော့"
ရင်ခွင်ထဲမှာ ဂျုံဆောင်းကတော့မည်ကဲ့သို့ ဖြစ်နေမည်မသိ။
ဘန်ဂျမင်ထိုအခိုက်အတန့်လေးကို ရပ်တန့်ပစ်ချင်သည်။အသက်ရှင်ဖို့ မရေရာတဲ့မိမိအနာဂတ်ကို မတွေးတော့ဘူး။သူ့အတွက် ခွန်အားတွေက ဒီလူသားထံမှရရှိခဲ့ပြီဖြစ်သည်။အနာဂတ်မှာ ဒီလူသားနဲ့အတူနေထိုင်ဖို့ သူရှင်သန်မှရမည်။သူကြိုးစားအသက်ရှင်ခွင့် ရခဲ့ပါလျှင် ဒီလူသားအားချစ်ရေးဆိုပါအုံးမည်။
ကောင်းသောညပါ အချစ်။
..........................
အခုဆိုရင် ဇာတ်သိမ်းပိုင်းဟာ နီးကပ်လို့လာပါပြီ။
Drama ခင်းဖို့ကို မခင်းတတ်ဘူး။
Ro ဖို့လည်းကောင်းကောင်း မရေးတတ်ပြန်။
ဒီစာရေးသူကတော့ ဂွကျပြီ။😀😀😀
ဒါနဲ့ ဆောင်ဟွန်းနှစ်ကိုယ်ခွဲ မှာ Jayကို ဘယ်သူနဲ့သဘောတူပြီး ၊ဘယ်သူနဲ့ဇာတ်သိမ်းမယ်ထင်ပါသလဲ?
A.Sunghoon
B.Benjamin
C.Anybody
++Zawgyi++
ကမ်းမလော့နန်းတော်.......
"ဦးရီးတော် ကျတော့် စစ်သည်တွေက အဆင်သင့်ဖြစ်နေပေမယ့် ကျတော် ကြောက်နေမိတယ်"
"ဖြစ်လာမှတော့ ဘယ်အရာကတားဆီးလို့ရမှာလည်း နှစ်ဖက်လုံးကလည်း မဟာမိတ်ကနေ ရန်သူတွေဖြစ်ခဲ့ကြပြီ
ငါ့ရဲ့အမှားတွေလည်း ပါတာပေါ့။ငါသာ မင်းသမီး ရီယာကို မစွတ်စွဲခဲ့မိရင်။"
ဦးရီးတော်၏အသံကတိုးဝင်သွားကာ သူစိတ်မကောင်းဖြစ်ရသည်။
ဦးရီးတော်သာ သူ့ရဲ့တစ်ဦးတည်းဆွေးမျိုးတော်စပ်သူမို့ သူအရာရာကိုတိုင်ပင်ဖြစ်ခဲ့သည်။
"ကျတော်တို့ တားလို့မရပေမယ့် အထိအခိုက်နည်းမယ့် နည်းလမ်းကို ရွေးချယ်ချင်တယ်"
"ဦးရီးတော် စဉ်းစားမိတာတော့ရှိတယ်
ဒါက ဖြစ်နိုင်ရဲ့လားတော့....."
"ပြောပြပါ စဉ်းစားကြတာပေါ့"
သူ အဖြေကောင်းကိုမျှော်နေသည်မို့ စကားမဆုံးခင်ဖြတ်ပြောမိသည်။
"တစ်ဦးချင်း လက်ရုံးချင်ယှဉ်ကြည့်ရင်ကော
ရှုံးတဲ့ဘက်က လက်နက်ချအညံ့ခံတာပေါ့။
အနည်းဆုံးထိခိုက်ရင် တစ်ယောက်ပဲ ဒါကို နှစ်နိုင်ငံခေါင်းဆောင်တွေ
လုပ်ဖို့သင့်တော်တယ်။"
"ကျတော် သဘောတူတယ် "
"ဘန်ဂျမင်, မင်းကိုယ်တိုင်လုပ်ကြည့်မလား?
ငါက မင်းကိုပဲယုံကြည်တာမို့။"
"ဟုတ်ကဲ့ပါ ဦးရီးတော် ။ကျတော့်ကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်။"
ဖြစ်သင့်တာကို ရွေးချယ်ရမည် မိမိပြည်သူတစ်ယောက်တိုင်းရဲ့အသက်အိုးအိမ်ကိုတန်ဖိုးထားတာမို့ မိမိကိုယ်တိုင်သာ စတေးဝံ့ပါသည်။
သို့သော် တိုင်းပြည်ရှင်သန်ရေးနှင့် မိမိအသက်ရှင်သန်ခွင့်က မိမိအပေါ်မူတည်နေသည်။ မသေချာတဲ့အနာဂတ်မို့ အချစ်၏မျက်နှာကို ခွန်အားအဖြစ်သော်လည်းကောင်း ၊တနည်း နှုတ်ဆက်ခြင်းဖြင့် လည်းကောင်း မြင်တွေ့စေလိုသည်။
မကြာခင်ရောက်လာတော့မည့် လပြည့်ကိုမျှော်ရမည်ပေါ့။
......................
တစ်နေ့ပြီးတနေ့ကုန်ဆုံးသွားသော်လည်း
မျှော်ရတဲ့ရက်တွေကတော့ ပိုတိုးလို့နေခဲ့သည်။
"ဂျုံဆောင်း
မနက်ဖန် တနင်္ဂနွေ ဘယ်သွားဖို့စဉ်းစားထားလဲ "
"မသိဘူး ဆောင်ဟွန်းရာ။ ဒီနှစ်နွေကျောင်းပိတ်ရက်က တအားပျင်းဖို့ကောင်းလိုက်တာ အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီကြားထဲ ခံစားချက်ကမကောင်း..."
"နေဦး မင်းကို ငါမေးတာက ဘယ်သွားမှာလဲ
မေးတာ မင်းရဲ့ခံစားချက်တွေကိုမဟုတ်ဘူး
တခါလာလည်း ဒီဓါတ်ပြားဟောင်းပဲလာဖွင့်"
ဆောင်ဟွန်းဆူလိုက်တော့ အသံတိတ်သွားသည့် ဂျုံဆောင်းက ကောင်းကင်ကိုမော့ရင်း အဆွေးသမားကြီးလို လမ်းလျှောက်နေသည်။
"ဟျောင့် လမ်းကူးရတော့မှာ ရှေ့ကိုကြည့် ကားတိုက်ပြီး အလွမ်းနတ်သားသွားဖြစ်နေမယ်"
"မီး နီပြရင်အေးဆေးကူးလို့ရတာပဲ။"
"မင်းဘိုးအေ ပွိုင့်ကိုလည်းကြည့်အုံး ပျက်နေတယ်။"
ဆောင်ဟွန်းပြောမှ ပွိုင့်ကိုကြည့်မိတော
ဝါ၊စိမ်း၊နီ ပြနေသည် မီးပွိုင့်က တကယ်ကိုစိတ်ရှုပ်စရာ။ ကားပိုင်ရှင်များကလည်း ခပ်ချေချေပင် တခါမှ မမောင်းဖူးသော တောသားများလို တတီတီမောင်းနှင်နေလေသည်။
ဆောင်ဟွန်းနဲ့ဂျုံဆောင်း လမ်းကူးရန် ရပ်ပေးမည့်စေတနာရှင် ကားများကိုစောင့်ဆိုင်းနေတော့သည်။
"ဂျုံဆောင်း"
"ဟင္"
"မင်းသဘောကျတဲ့သူက တစ်ခြားလူတစ်ယောက်ကို ချစ်နေရင် မင်းဘာဆက်လုပ်မလဲ"
"ငါ............."
ဂျုံဆောင်း ကစားနေသောမျက်စိက တစ်ဖက်လမ်းမှာ ရပ်နေသော လူထံတွင် အကြည့်ရပ်သွားသည်။သူမြင်တာမမှားနိုင်ရင် ထိုလူဟာ ဘန်ဂျမင်ပဲဖြစ်မည်။
"ဘန်ဂျမင်?, ဆောင်ဟွန်း ဟိုမှာ ဘန်ဂျမင်မလား ?"
လမ်းတဖက်ကိုကြည့်ပြီး ဆောင်ဟွန်းက "အင်း'ဟုသောအသံကို လေးတွဲစွာ ပြောလာသည်။
ခဏအတွင်းမှာပင် ကားဟွန်းတီးသံများ၊ ကားမောင်သူများ၏ဆဲဆိုသံဆူညံစွာထွက်ပေါ်လာသည်။ဆောင်ဟွန်းဘေးမှ ဂျုံဆောင်းရှိမနေ။
"ပတ်ဂျုံဆောင်း"
ဆောင်ဟွန်း စိုးရိမ်စိတ်တို့ဖြင့် အသံကုန်ဟစ်၍ ခေါ်မိသည်။ဆောင်ဟွန်းအရိပ်တကြည့်ကြည့်နဲ့ချစ်ရသူက အန္တာရာယ်ကြားထဲက သူချစ်ရသူထံကိုအပြေးသွားနေတော့တာ။လမ်းတစ်ဖက်မှ ဆောင်ဟွန်းကို ထားခဲ့ပြီးတော့။
................................
ပတ်ဝန်းကျင်က ဘာတွေဖြစ်နေလည်း
ဂျုံဆောင်းမသိဘူး။ မျက်ရည်ကြည်များရစ်ဝိုင်းနေသော အမြင်အာရုံထဲ ဘန်ဂျမင်တစ်ယောက်ထဲကိုပဲ မြင်နေရသည်။ဂျံုဆောင်း ရဲ့လက်တွေက ဘန်ဂျမင်ရဲ့ကိုယ်ကို သိုင်းဖက်လိုက်တော့သည်။
အချိန်တွေရယ် ခဏရပ်ပေးကြပါ ၊ပတ်ဝန်းကျင်ကလည်း မသိချင်ယောင်ဆောင်ပေး သူတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်လို့။
သူအရမ်းလွမ်းနေခဲ့တာ၊တွေ့ချင်နေခဲ့တာ ဒီထူးဆန်းတဲ့လူကြီးကိုလေ။
မိမိကိုပြေး၍ဖက်တွယ်လာသည့် ဂျုံဆောင်းကြောင့် ဘန်ဂျမင်အနောက်သို့အနည်းငယ်မျှယိုင်သွားသည် ။ထို့နောက် ဂျံုဆောင်း၏ခါးသွယ်သွယ်ကို ပြန်လည်ပွေ့ဖက်လိုက်သည်။လွမ်းနေခဲ့သည်ပဲ။
လမ်းတဖက်မှာကျန်ခဲ့သော ဆောင်ဟွန်းကိုတော့ အိမ်ရောက်မှ အားနာစွာဖြင့်
ဂျုံဆောင်း ဖုန်းဆက်ချော့တော့မည်။
.................................
ဘန်ဂျမင် လက်ကိုဆွဲကာ အိမ်ခေါင်မိုးထပ်penthouseသေးသေးလေးဆီသို့
ခေါ်လာခဲ့သည်။
သူတို့နှစ်ယောက် ခေတ္တမျှ အကြည့်ချင်းဆုံသည်။ဘန်ဂျမင် က ဂျုံဆောင်းမျက်ဝန်းများထံမှ အကြည့်လွှဲလိုက်သည်။ ချောင်ကျသွားသော မျက်နှာလေးကို ကြည့်၍ ဂျံုဆောင်းဘက်မှစကားစလိုက်သည်။
"ဒီအတောတွင်း နေလို့ကောင်းရဲ့လား"
ဘန်ဂျမင်ခေါင်းညိတ်ပြသည်။
"ဒီတခါ ထွက်သွားရင် ငါ့ကိုသေချာပေါက်နှုတ်ဆက်ရမယ်"
ဘန်ဂျမင်ခေါင်း ထပ်ညိတ်ပြသည်။
"မင်းကိုကြည့်ရတာ ပင်ပန်းနေသလိုပဲ ၊ငါ့ကိုတခုခု ပြောပြချင်လား "
ဘန်ဂျမင်ရဲ့မျက်ဝန်းကြည်ကြည်လေးမှာ ရစ်ဝဲလာသော မျက်ရည်စများက ဂျုံဆောင်းစိတ်ကိုပူပင်စေသည်။
"ဘာဖြစ်နေလဲဆိုတာ ငါသိလို့ရောရလား"
"ဟင့်အင်း မင်းကိုလွမ်းနေခဲ့တာ"
အတန်ကြာတိတ်ဆိတ်သွားပြီး
"နောက်တခါ ငါ့ဆီက မင်းထွက်သွားမှာကိုကြောက်နေမိတယ်"
ဘန်ဂျမင်က ဂျုံဆောင်းမျက်ဝန်းတွေငေးစိုက်ကြည့်ရင်း ပြုံးနေခဲ့သည်။
'ကိုယ့်မှာ ရွေးချယ်စရာမရှိဘူး။
ကိုယ့်နှလုံးသားတွေ ပေါက်ထွက်တော့မယ် အချစ်ရယ်၊
မင်းမျက်ဝန်းတွေကိုငေးရင်း ချစ်စကားတွေတသီကြီး ဖွဲ့ဆိုချင်ခဲ့တာ၊
အခုလို အဓိပ္ပါယ်မဲ့ ငေးကြည့်ရုံသပ်သပ်မဟုတ်ခဲ့ဘူး'
တွေတွေကြီးကြည့်နေသော ဘန်ဂျမင်ကို
ဂျုံဆောင်းနင့်နေအောင်ထွေးပွေ့လိုက်သည်။
"မင်းပင်ပန်းနေတယ်မလား"
ဘန်ဂျမင်ရဲ့တင်းခံထားသော စိတ်က ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး ။ ဂျုံဆောင်းရင်ခွင်ထဲမှာ ခိုကိုးရာမဲ့ကလေးတစ်ယောက်က ပိုင်ရှင်တွေ့သွားသလို ဂျံုဆောင်းကိုပြန်လည်ဖက်တွယ်ကာ ရှိုက်သံများထွက်ပေါ်သည်အထိငိုသည်။မေးခွန်းတွေလည်း မရှိတော့ဘူး၊နှစ်ဦးကြားမှာအဖြေမဲ့လျက်သာ။
'မင်းအကြောင်းတွေ ငါမသိပေမယ့်
မင်းမျက်ဝန်းတွေကို ငါဖတ်တတ်တယ်၊ ဘယ်လိုအခက်အခဲတွေများ
ရင်ဆိုင်နေရလဲ ချစ်သူ '
.....................................
ဂျုံဆောင်း ဘန်ဂျမင်အတွက် အဝတ်တစုံကို အဝတ်ဗီရိုအတွင်းမှထုပ်၍ ကုတင်ပေါ်တင်ထားသည်။
တပတ်တစ်ထည်ကိုခါးမှာပတ်၍
ရေချိုးခန်းမှထွက်လာသော ဘန်ဂျမင်ကိုမြင်တော့ ဂျုံဆောင်းနားများနီရဲကာ တခြားတစ်ဖက်သို့အာရုံပြောင်းရ၏
ဂျုံဆောင်းကိုကျောပေး၍ ကိုယ်ပေါ်မှရေစက်များကိုသုတ်နေသော ဘန်ဂျမင်ကို ခိုးခိုးကြည့်နေမိသည်။ဘန်ဂျမင်က ကုတင်ပေါ်မှ အဝတ်တစ်စုံကိုကြည့်ကာ
"ဒါတွေ ကိုယ့်အတွက်လား?"
"အင်း"
ဂျုံဆောင်းအနီးက အဝတ်ကိုလှမ်းယူသော ဘန်ဂျမင်၏ပုခုံးကိုအနီးကပ်မြင်ရချိန်မှာ
ပုခုံးနောက်မှ အမာရွတ်နီနီ တခုကိုသတိထားမိသည်။ချက်ချင်းပင် ထိုအမာရွတ်ကို ထိတွေ့ချင်လာသည်။သို့သော် စိတ်ကနောက် ၊လက်က အရင်ရောက်သွားသည်။
အကျႌဝတ်ရန်ပြင်နေသော ဘန်ဂျမင်က ရပ်တန့်သွားသည်။
"ဘာနဲ့ခိုက်မိထားတာလဲ?"
"ငယ်ငယ်က လေ့ကျင့်ရင်း ခိုက်မိထားတာ, အခုထိရှိနေသေးတာထင်တယ်"
"အရမ်းနာခဲ့မှာပဲ.."
"အခုတော့ မနာတော့ဘူးလေ"
အမာရွတ် ကိုထိတွေ့နေသည့် ဂျုံဆောင်းလက်ကို ဖွဖွထိကိုင်လာသော ဘန်ဂျမင်ကြောင့် ဂျံုဆောင်းမိမိလုပ်ရပ်ကို ရှက်ရွံ့သလိုဖြစ်မိ၏
"ငါ ဘာတွေလုပ်နေပါလိမ့်"
ဘန်ဂျမင် က ခပ်ပြုံးပြုံးဖြင့်သာ။
ထိုနောက် ဂျုံဆောင်း မှောင်နေသောမီးဖိုချောင်သို့ထွက်လာခဲ့သည်။
ရင်တွေပူလွန်းလို့ ဂျုံဆောင်းရေသောက်ဖို့လိုအပ်တယ်။ ရေခဲသေတ္တာထဲမှ ရေတစ်ဗူးယူ၍ ရင်တွင်းအပူလျော့စေရန် အကုန်သောက်ပစ်လိုက်သည်။
ရုပ်တရက် အခန်းတခုလုံးလင်းထိန်သွားပြီး ဟီဆွန်း၏အာမေဋိတ်အသံတဆက်တည်းပါလာသည်။
"လန့်လိုက်တာ ဂျုံဆောင်းရာ "
ရေခဲသေတ္တာဘေးမှ ဂျုံဆောင်းကိုကျော်၍ ရေတစ်ဗူးလှမ်းယူလိုက်သည်။
"ဆောင်ဟွန်း အိမ်မှာလာအိပ်တာလား"
ရေဗူးအဖုံးဖွင့်ရင်း ဟီဆွန်းကမေးသည်။
"သူက ဆောင်ဟွန်းမဟုတ်ဘူး"
ရေဗူးခွံကိုအမှိုက်တောင်ထဲထည့်လျက်
ဂျုံဆောင်းပြန်ဖြေသည်။
ဟီဆွန်းလက်မှာကိုင်ထားသော ရေဘူးကိုချ၍။
"ဟင် ငါက ဆောင်ဟွန်းထင်နေတာ, ဒါဆို
သူကဘယ္သူလဲ"
ထမင်းစားပွဲမှာထိုင်လိုက်သော ဂျုံဆောင်းရှေ့တွင် ဟီဆွန်း ဝင်ထိုင်ကာ သိချင်တဲ့အကြောင်းအရာကိုမေးသည်။
"သူ့နာမညကြ ဘနဂြမွငတြဲ့ သူပှောတာတော့ ကတွောတြို့ကမ႓ာနဲ့ တူညီတဲ့နရောတခုက လာတာ..
ဒါတွေကို အကိုနားလည်လားတော့
မသိဘူး ။ဘယ်လိုခေါ်မလဲ...."
"Parallel... , Parallel Universe လိုမျိုးလား..?''
ကြားဖြတ်ပြောလာသော ဟီဆွန်းက စားပွဲပေါ်မှာ လက်ညှိုးနှစ်ဖက်ကိုတင်ကာ
ဟိုဘက်ဒီဘက်ပိုင်းခြားပြလာသည်။
"ငါစာဖတဖြူးတာရှိတယကြှာ ကမ႓ာနှစခြုက တူညီစှာရှိတယြ
ဒီကမ႓ာမှာ ငါနဲ့မငြးလိုတူတဲ့လူမွိုး သူတို့မှာလညြးရှိတယြ.။မွားသောအားဖှငြ့တညရြှိပုံခှငြး တူကှတယကြှာ။အဲ့ဒါကှောငြ့သူက ဆောငဟြှနြးနဲ့တောတြောတြူတာဖှစမြယြ။
ဟိုတေခါက္ကသူ႕အမူအရာကို
နည်းနည်းသတိထားမိတယ်။
ဒါနဲ့ အဲ့ဘက်မှာ ငါနဲ့တူတဲ့ သူက ဘယ်လိုလူမျိုးလည်းသိချင်လိုက်တာ။"
ဟီဆွန်းပြောသမျှကို
မျက်တောင်တဖျတ်ဖျတ် ခက်ကာနားထောင်နေသော ဂျုံဆောင်းက သူနဲ့တူတဲ့လူလည်းရှိမှာပဲဟု တွေးမိတော့ စိတ်ထဲအလိုမကျဖြစ်လာသည်။
"အကို ကျတော် လိုက်သွားရမလား"
"ဟမ္!"
"သူ့နောက်ကိုလေ"
"မင်းတို့က ရင်းနှီးလား? သူကရော ခေါ်ချင်ရဲ့လား"
"ရင်းနှီးတာထက်ပိုပေမယ့် သူခေါ်မခေါ်တော့မသိဘူး၊ သူ့အကြောင်းတွေကို ကျတော်အများကြီးမသိဘူး"
"ဘယ္လိုႀကီးလဲ ?"
"ကျတော်သူ့ကိုပြောကြည့်အုံးမယ်"
ဂျုံဆောင်း ချက်ချင်းထကာ အခန်းအတွင်းသို့ဝင်သွားသည်။ အခန်းထဲရောက်တော့
ဘန်ဂျမင်က အိပ်ပျော်နေတာမို့ .ဂျုံဆောင်းမနှိုးရက်တော့။ဘေးမှ အိပ်နေသောဘန်ဂျမင် ကိုစောင်ပါးပါးလွှမ်းခြုံလိုက်ပြီး
မျက်နှာအစိပ်အပိုင်းတခုဆီကိုငေးကြည့်မိသည်။ ဘန်ဂျမင်၏ပန်းဆီရောင်နှုတ်ခမ်း ဆီသို့အကြည့်ပို့မိတော့
ဂျုံဆောင်း စိတ်ကထိန်းချုပ်မဲ့စွာ နှုတ်ခမ်းမထူမပါးလေးကို ခိုးနမ်းမိသည်။ထို့နောက် လှုပ်ရှားလာသော ဘန်ဂျမင်၏ လက်များက ဂျံုဆောင်းကိုရင်ခွင်ထဲဆွဲသွင်းကာ..