ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

Av OpalHawthorn28

543K 78.1K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ Mer

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)

21.2K 1.4K 139
Av OpalHawthorn28

လင်းဇီမင် ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေတယ်။ဓာတုကုထုံးတွေကို ရေရှည်ခံယူခဲ့ရတဲ့အတွက် သူ့ခန္ဓာကိုယ်ကအတော်လေးချည့်နဲ့နေပြီ။နာကျင်မှုကသူ့ကိုလူသားလို့တောင်မမြင်နိုင်တော့တဲ့နှိပ်စက်နေခဲ့တယ်။အကုန်လုံးနီပါးကျွတ်ထွက်နေတဲ့ဆံပင်တွေကြောင့် ဉီးထုတ်တစ်လုံးနဲ့ ဖုံးကွယ်ထားရတယ်။

ရှင်းရှင်းပြောရရင် သူကဘဝရဲ့အထွတ်အထိပ်ကိုလျှောက်လှမ်းနတုန်းပဲရှိသေးတယ်။ဖြူဖျော့ပြီး ကြုံလှီပိန်ချုံးနေတဲ့ မျက်နှာမှာရှိတဲ့ အနက်ရောက်မျက်ဝန်းတစ်စုံက ခေါင်းမာပြီး အလျှော့မပေးတတ်တဲ့ တောက်ပမှုတွေနဲ့ ပြည့်နှက်နေတယ်။ဒါကသူ့ကိုဘယ်အရာကမှ အနိုင်မယူနိုင်ဘူးဆိုတာနဲ့တူနေတယ်။လှပတင့်တယ်တဲ့ပန်းလေးတစ်ပွင့်ညိုးနွမ်းသွားခြင်းနဲ့အလားသဏ္ဍာန်တူတဲ့ ကျိုးပဲ့ပျက်စီးလွယ်တဲ့အလှတရားတစ်ခုသာလျှင် တရိပ်ရိပ်တိုးလာနေတယ်။နောက်ဆုံးသော အလင်းရောင်မျှင်တန်းလေးကို တင်တကာထုတ်လွှတ်နေသလိုပေါ့.......

သို့ပါသော်လည်း ဆေးရုံကုတင်ရှေ့က လူကို ကြည့်မိလိုက်တဲ့အခိုက်အတန့်မှာ အလိုမကျမှု၊စိုးရိမ်ပူပန်မှု၊ချစ်ခြင်းတရားစတာတွေကို မျက်ဝန်းတွေထဲမှာ နက်နက်ရှိုင်းရှိုင်း ဖော်ပြလိုက်တယ်။

"မင်း...အခုထိ...လာ..."

လင်းဇီမင်းကွဲအက်နေတဲ့အသံနဲ့ပြောလိုက်တယ်။ပျော်ရွှင်မှု၊နာကျင်မှု၊အလိုမကျမှုတွေရောထွေးနေတဲ့ ခံစားချက်တွေက သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတယ်။ အဆုံးသတ်မှာတော့ သူ့ရှေ့ကလူကို ထိကိုင်ဖို့အတွက် သူ့ကိုယ်သူအတော်လေးရုန်းကန် ပြီး လက်လှမ်းနေရတယ်။

တစ်ခါလေးပဲဆိုရင်တောင်....သူမသေခင်လေးမှာ ဒီလူကိုတစ်ခါလောက်လေးတော့ ထိတွေ့သွားချင်သေးတယ်။

ရှဲ့ဟယ်က ကြိုတင်လက်ဉီးမှုယူတဲ့အနေတဲ့ လက်တွေကိုဆန့်ထုတ်ပြီး လင်းဇီမီရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်။သူ့မျက်ဝန်းတွေထဲမှာနာကျင်ဝမ်းနည်းနေမှုတွေဖြစ်ပေါ်နေတယ်။ဒီအချိန်မှာ ဖောက်ထွင်းမြင်ရတေယ့မတတ်ပါးလွှာတဲ့နှုတ်ခမ်းဖျားကနေ ထွက်ကျလာတဲ့စကားလုံးတွေက နက်နဲတဲ့ခံစားချက်တွေပြည့်လျှံနေတယ်။

"ငါရောက်လာပြီ"
ခွဲခွာဖို့အတွက် တွန့်ဆုတ်မိတာကြောင့် ဒီလူရဲ့ ချောမောခန့်ညားတဲ့မျက်နှာကို လင်းဇီမင် လောဘတကြီးကြည့်နေခဲ့တယ်။သူ့မှာပြောစရာတွေ ဆယ်သန်းကျော်လောက်ရှိနေပေမယ့် အဆုံးသတ်မှာတော့ ဘာတစ်ခွန်းမှ မပြောဖြစ်ဘဲ သက်ပြင်းချပြီး ခေါင်းကိုတစ်ဖက်လှည့်ထားလိုက်တယ်။

"ငါ မင်းကို ဒိီလိုပုံစံနဲ့မမြင်စေချင်ဘူး၊အခုအရမ်းရုပ်ဆိုးနေပြီ......."

ရှဲ့ဟယ်က လက်တစ်ဖက်နဲ့ လင်းဇီမင် ရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ လင်းဇီမင် ရဲ့ ပါးကို ကြင်နာစွာပွတ်သပ်ပေးနေတယ်။
ရှဲ့ဟယ်ရဲ့ ရှည်လျားတဲ့လက်ချောင်းတွေက တဖြည်းဖြည်းအောက်ဘက်ကိုဆင်းလာပြီး လင်းဇီမင် ရဲ့မေးစေ့ကို ညှစ်တးထားလိုက်တယ်။ပြီးတော့ ရုတ်တရက်ကြီး ခေါင်းကိုငုံ့ပြီး လင်းဇီမင် ကိုနမ်းလိုက်တယ်။

လင်းဇီမင် အံ့သြသွားတာကြောင့် မျက်လုံးတွေပြူးကျယ်သွားတာများ ဘယ်လို လှုပ်ရှားရမလဲဆိုတာမသိတော့တဲ့အတိုင်းပဲ.......

"ရုပ်မဆိုးပါဘူး"

ရှဲ့ဟယ် ကသူ့ရဲ့ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ယောက် ရဲ့နှလုံးသားထဲမှာ ကြိုးတပ်တူရိယာတွေတီးခတ်နေသလို ဆွဲငင်နိုင်တဲ့အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။

"ကိုယ် မင်းကိုချစ်တယ်"

လင်းဇီမင်ရဲ့ နှုတ်ခမ်းတွေ အနည်းငယ်တုန်သွားပြီးမယုံနိုင်သေးကြောင်းကို ပြသနေတယ်။

သူ စောင့်မျှော်နေခဲ့ရတဲ့ ဒီစကားလုံးတွေကို ​နောက်ဆုံးတော့ကြားခဲ့ရပြီလား?

[ System 234: ပစ်မှတ်ကို ဖမ်းစားနိုင်မှု ၉၉ အထိမြင့်တက်လာပါပြီ]

လင်းဇီမင် ခေါင်းထဲကနေ ဒီအကိုကြားနေရတယ်။နက်ရှိုင်းတဲ့ မျက်ဝန်းတွေထဲမှာ ပျော်ရွှင်မှုအလင်းတန်းတစ်ခုဖြတ်သန်းသွားတယ်။ဒါဟာတကယ်ကိုမလွယ်ကူခဲ့ပါဘူး။သူသေခါနီးနေပြီ၊  ၉၉ ပဲရှိသေးတယ်။မသေခင် နှစ်သက်မှုရမှတ် ၁၀၀ အပြည့်ရမှဖြစ်မယ်။လင်းဇီမင်က ရှဲ့ဟယ်သူ့ကိုရှာတွေ့အောင် သူနဲ့ပတ်သတ်တဲ့ သတင်းတွေကို တမင်တကာဖြန့်ခဲ့တာဖြစ်တယ်။ဒီအရာအားလုံးက ခါးသီးတဲ့ချစ်ခြင်းနှင့်ပူဆွေးမှုတွေ
ပြည့်နေတဲ့ နောက်ဆုံးသော ဖျော်ဖြေမှုအတွက်သာဖြစ်တယ်။ရှဲ့ဟယ်ရဲ့ မောက်မာထောင်လွှားတဲ့ကိုယ်ရည်ကိုယ်သွေးတွေကို လင်းဇီမင် ကောင်းကောင်းနားလည်တာပေါ့။ဒီလို လူစားမျိုးတွေက နာကြည်းမှုမရှိ၊နောင်တမရှိတဲ့ တစ်လမ်းသွားတွေလေ။အစပိုင်းကတည်းက ဒါကဘယ်လိုတွေတောင်ခက်ခဲမယ်ဆိုတာတွေးထားခဲ့ပြီးသားပါ။ဒါပေမယ့် အဆုံးသတ်ခါနီးထိ ဒီကောင့်ကို အမိမဖမ်းနိုင်သေးဘူးလား?

"ငါလဲမင်းကိုချစ်ပါတယ်"

လင်းဇီမင် က ရှဲ့ဟယ်ကိုကြည့်ဖို့ ချစ်ခြင်းတရားတွေပြည့်နှက်နေတဲ့ အကြည့်မျိုးကိုသုံးခဲ့တယ်။သို့ပေမယ့် ပျော်ရွှင်မှုတွေကို နာကျင်ဝမ်းနည်းမှုက လျင်မြန်စွာဖုံးလွှမ်းသွားခဲ့ပြီး အဆုံးမှာတော့ လေးလံနေတဲ့စိတ်အားငယ်မှုတွေသာကျန်ရစ်ခဲ့တယ်။လင်းဇီမင်ရဲ့အသံက အတော်ကိုတိုးလျနေတယ်။

"ဒါပေမယ့် ငါကသေတော့မယ့်လူလေ...."

ရှဲ့ဟယ် ဘာမှမပြောခဲ့ဘူး။ဒါပေမယ့်ကိုင်ထားတဲ့လက်တွေက အားထည့်ထားသိလို လင်းဇီမင် ခံစားလိုက်ရတယ်။

စိတ်ထဲမှ​တော့ လင်းဇီမင်  သူ့ကိုယ်သူအရမ်းကိုဂုဏ်ယူနေတယ်။အပြင်မှာတော့ အရမ်းကို နာကျင်ဝမ်းနည်းနေရပုံနဲ့ပေါ့.....လေးနက်တဲ့ ချစ်ခြင်းတွေပြည့်လျှံနေပြီး ခွဲခွာဖို့အတွက် တုံ့ဆိုင်းနေတဲ့ အကြည့်တွေနဲ့ လင်းဇီမင် ရှဲ့ဟယ် ကိုငေးကြည့်လိုက်တယ်။လင်းဇီမင်ရဲ့အသံကအတော်လေးကို ဆို့နင့်နေတယ်။

"အနာဂတ်မှာ ငါမင်းကိုအဖော်မပြုပေးနိူင်တော့ဘူး။ကိုယ်ကိုကိုယ်ဂရုစိုက်ဖို့မမေ့ရဘူးနော်.....ပြီးတော့....အကယ်၍ မင်းအခြားတစ်ယောက်ယောက်ကိုချစ်မိသွားခဲ့ရင်၊ကျေးဇူးပြုပြီးသူ့ကို နည်းလမ်းကျကျချစ်ပေးလိုက်ပါနော်"

"မင်း....."

ရှဲ့ဟယ် ကသူ့ရဲ့ နှုတ်ခမ်းတွေကိုပိတ်လိုက်တယ်။

"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့"

လင်းဇီမင် ကခါးသက်တဲ့ရယ်သံတစ်ချို့ကိုထုတ်လွှင့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောလိုက်တယ်။

"မင်းပျော်ရွှင်ဖို့ ငါဆုတောင်းပေးပါတယ်။ငါဒီမှာရှိမနေနိုင်တော့ရင်တောင် ငါမင်းကိုမိုးကောင်းကင်ပေါ်ကနေ ကြည့်နေပေးမယ်။မင်းပျော်ရွှင်နေဖို့ဆိုတာ ငါ့ရဲ့အကြီးမားဆုံးသော ဆန္ဒပါပဲ"

"ဒါက...ဒါတွေက တကယ်ပဲ မင်းဒီလိုတွေးတာလား?"

ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ စတင်ရွေ့လျားနေတဲ့အပိုင်းအစလေးတစ်ခုရှိတယ်။

လင်းဇီမင် ကသူ့ရဲ့လက်ကို ပြန်ဆွဲလိုက်တယ်။သူ့ခန္ဓာကိုယ်ကဒီလောက်ထိမခံနိုင်တော့ဘူး။သူကနောက်ဆုံးစကားစုကိုပြောဖို့ သူ့ရဲ့ ခွန်အားအားလုံးကိုသုံးနေရပုံပေါက်နေတယ်။

"မင်း..ငါ့ကို...ကတိပေး..နိုင်မလား?မင်းပျော်ရွှင်...အောင်နေရမယ်......."

ရှဲ့ဟယ်ကသူ့ရဲ့အမူအရာကို စူးစိုက်ကြည့်ပြီးနောက်အချိန်အတော်ကြာတော့မှ ခေါင်းကိုညိတ်ပြလိုက်တယ်။

လင်းဇီမင် က ကျေနပ်ရောင့်ရဲတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်တယ်။ခွန်အားတွေမရှိတော့တဲ့အတွက်...ရှဲ့ဟယ်ရဲ့လက်ကိုဖြည်းဖြည်းချင်းလွှတ်ပေးလိုက်တယ်။

အခုနေမှာ မှန်တစ်ချပ်သာရှိနေလို့က​တော့ လင်းဇီမင် ကိုယ့်သရုပ်ဆောင်မှုကို ကိုယ်ပြန်ကြည့်နိုင်မှာဖြစ်တယ်။

အမှတ်ပြည့် ရလောက်တယ်!လုံးဝ Perfectပဲ!!အခုချိန်မှာ ရှဲ့ဟယ် ရဲ့ နှစ်သက်မှုရမှတ် ၁၀၀မှာ ၁၀၀အပြည့်ရမယ့်အချိန်ကို ထိုင်စောင့်နေလိုက်ရုံပဲကျန်တော့တယ်။သူက ဘယ်တော့မှ ဖျက်စီးပစ်လို့မရတော့မယ့်စစ်မှန်တဲ့ ရှဲ့ဟယ်ရဲ့နှလုံးသားထဲက နှလုံးသားထဲကချစ်ရသူတစ်ယောက်ဖြစ်လာတော့မယ်။System ဆီကနေ ဘာလို့ ဘာသံမှမကြားရသေးတာလဲ?

လင်းဇီမင် မရေရာမှုနဲ့ သံသယတွေကြားမှာနစ်မြောနေတုန်း Systemရဲ့ စူးရှတဲ့ အစီရင်ခံ သံတွေကိုကြားလိုက်ရတယ်။

[System 234: ပစ်မှတ်ရဲ့ နှစ်သက်မှုရမှတ်တွေကျဆင်းနေပါတယ်။ရမှတ်၈၀အထိကျဆင်း.....ရမှတ်၇၀အထိကျဆင်း....ရမှတ်၆၀အထိကျဆင်း.......]

လင်းဇီမင် shock ရသွားပြီး ရူးကြောင်ကြောင် ဖြစ်နေပြီ။သူ့ခေါင်းထဲက အချက်ပေးသံတတီတီကြောင့် သူမျက်နှာပေါ်မှာ စိတ်ရှုပ်နေတဲ့အမူအရာတွေပေါ်လာတယ်။

[System 234: ပစ်မှတ်ရဲ့ နှစ်သက်မှုရမှတ်တွေကျဆင်းနေပါတယ်။ရမှတ် ၂၀အထိကျဆင်း.......ကျဆင်း......ရမှတ် သုညအထိကျဆင်းသွားပါပြီ]

No!!!မဖြစ်နိူင်ဘူးးးးးး

လင်းဇီမင်ရဲ့ မျက်လုံးတွေပြူးကျယ်နေပြီ။​သူ့ရဲ့
နောက်ဆုံးထွက်သက်ကိုရှူထုတ်လိုက်ချိန်အထိဒါက
တုံ့ပြန်ဖို့အခွင့်ရေး မရသွားရှာခဲ့ပေ။သူက ဆေးရုံကုတင်ပေါ်မှာရှိတဲ့ခန္ဓာကိုယ်ထဲကနေ လွှင့်ထွက်သွားပြီး လက်ရှိအနေထားကနေ နတ်ဘုရားဆန်ဆန် ပြောင်းလဲသွားခဲ့တယ်။

ရှဲ့ဟယ်ကတော့ ဝမ်းနည်းမှုတွေပြည့်နှက်နေတဲ့မျက်ဝန်းတွေနဲ့ဆေးရုံကုတင်ရှေ့မှာထိုင်နေပြီး လင်းဇီမင်ရဲ့ လက်တွေကို ဆုပ်ကိုင်ထားနေတုန်းပဲ။

ရှဲ့ဟယ် နည်းနည်းလေးတောင် မလှုပ်ရှားခဲ့ဘူး။

[လင်းဇီမင်:System ရေ..မင်း Error တက်နေတာလား?သူငါ့ကို ဒီလောက်အများကြီးချစ်တယ်ဆိုတာအရှင်းသားကြီးပဲလေ၊ဘယ်လိုဖြစ်လို့ နှစ်သက်မှုရမှတ်ကညသုညဖြစ်နိူင်မှာလဲ?]

[System 234: ဒီမှာ ဘာ Error မှမတက်ဘူး။အကြိမ်ပေါင်းများစွာစစ်ဆေးပြီးပြီ။နှစ်သက်မှုရမှတ်က အမှားမရှိဘူး]

[လင်းဇီမင်:မဖြစ်နိူင်လိုက်တာ၊တစ်မိနစ်အတွင်း နှစ်သက်မှုရမှတ် ၉၉ ကနေ သုညကို ဘယ်လိုရောက်သွားရတာလဲ?ဒါက ယုတ္တိမရှိဘူးနော်။မင်းဆိုရင်ရော တစ်မိနစ်အတွင်း နက်နက်နဲနဲချစ်ရတဲ့ ချစ်သူအဖြစ်ကနေ သူစိမ်းတစ်ယောက်အဖြစ်ပြောင်းပစ်လိုက်နိူင်လား?]

[System 234: ငါက System လေ၊လူမှမဟုတ်တာ၊အဲ့တော့ ငါ့မှာ နက်နက်နဲနဲချစ်ရတဲ့ ချစ်သူမရှိဘူး]

[လုံးဝဉသုံစိတ်ပျက်လက်ပျက်ဖြစ်နေသောလင်းဇီမင်:
ခွေးကောင်!!!မင်းက လူမဟုတ်ဘူး။ဒါပေမယ့် သူက....]

[System 234:ဒီကမ္ဘာအတွက်ဖမ်းယူမှုကျရှုံးပါတယ်။ကျရှုံးတဲ့အတွက် Point တစ်သောင်းအကြွေးတင်နေပါပြီ။ Hostရေ...၃မိနစ်အတွင်းကူးပြောင်းရပါလိမ့်မယ်]

[လင်းဇီမင်: ဘယ်လိုငရဲလဲကွာ!!!WTF!!! ငါထွက်မသွားဘူးနော် ခဏလေး.......]

[System 234:ကူးပြောင်းခြင်းလုပ်ငန်းစဉ်.........]

[ဒေါသအိုးပေါက်ကွဲနေသောလင်းဇီမင်:ဒါက Bug နော်၊ဟုတ်တယ် သေချာပေါက် Bug ပဲ။တိုင်ကြားစာတင်မယ်!!]

{TN: Bug=Computer software တွေထဲက Virus လိုမျိုးကိုပြောတာ၊ကွကိုယ်ဆိုနားလည်ပေမယ့် ရှင်းမပြတတ်ဘူး😅😅😅}

အချိန် သုံးမိနစ်ကလျင်မြန်စွာကုန်ဆုံးသွားတယ်။လင်းဇီမင်နဲ့ သူ့ရဲ့ System ကတော့ ငြင်းရင်းခုန်ရင်းနဲ့ပဲကမ္ဘာ ကူးပြောင်းသွားကြပြီ။ဒါ့ကြောင့် ရှဲ့ဟယ်ရဲ့ နောင်ပိုင်းအပြုအမူတွေကိုမြင်တွေ့မသွားရရှာဘူး။

သေတဲ့လူကသေပြီးနေပြီလေ...ခံစားချက်တွေကို.... ယ
ဟုတ်တာပေါ့ ပြန်ရုတ်သိမ်းရမှာပေါ့။ဒီလို လူသေတစ်ယောက်အတွက် သူ့ရဲ့ ခံစားချက်တွေကိုဘာကြောင့်ဖြုန်းတီးနေရမှာလဲ?ပြီးတော့ သူအချစ်ရဆုံးသောသူကလဲ........သူကိုယ်တိုင်ပဲဖြစ်နေဉီးမှာပဲလေ။

ရှဲ့ဟယ် တည်ငြိမ်အေးဆေးစွာနဲ့ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ဆေးရုံကုတင်ပေါ်ကလူတစ်ကို တစ်ချက်ကြည့်လိုက်တယ်။လေးနက်တဲ့ခံစားချက်တွေနဲ့ စကားတစ်ခုပြောလိုက်တယ်။

"မင်း အေးအေးချမ်းချမ်း သေဆုံးနိူင်ဖို့အတွက် မင်းရဲ့တောင်းဆိုမှုကို ငါလိုက်ခံပေးလိုက်မယ်။အကယ်၍မင်းကငါ့ကို မိုးကောင်းကင်ပေါ်ကနေ စောင့်ကြည့်နေမယ်ဆို မင်းလဲ ငါ့အတွက် အရမ်းပျော်နေမှာနော်၊ဟုတ်တယ်မလား?"

သူ့ရဲ့ ရှင်းသန့်နေပြီးသား Suit ကို သေချာပြန့်အောင်လုပ်လိုက်ပြီး၊သူ့ရဲ့ရှည်လျားတဲ့ခြေထောက်တွေနဲ့ အခန်းထဲကနေ လှည့် ထွက်လိုက်တယ်။

အခန်းတံခါးကို မဖြတ်ရသေးခင်အခိုက်အတန့်လေးမှာ ကြက်သီးထစေလောက်တဲ့ အအေးလှိုင်းတစ်ခုကို ရှဲ့ဟယ်ခံစားလိုက်ရတယ်။သူ့ရဲ့သူငယ်အိမ်တွေ ကြုံ့ဝင်သွားတယ်။

အဲ့နောက်မှာ သူ့ရဲ့ ခေါင်းထဲကနေ အသံတစ်သံကြားလိုက်ရတယ်။

[Host အယောက်တစ်ရာကိုငြင်းလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ပထမဆုံးအောင်မြင်ခဲ့တဲ့ ပစ်မှတ်ဖြစ်တဲ့အတွက် ဆုကြေးအဖြစ် Transmigration Universe Technology company ကနေ ထုတ်လုပ်ထားတဲ့ ဂုဏ်ကျက်သရေကြီးမြတ်လှတဲ့ Host တစ်ယောက် ဖြစ်လာစေရေးဆိုတဲ့ System နဲ့ချိတ်ဆက်ပေးပါ့မယ်။သင့်အနေနဲ့ တခြားသောကမ္ဘာတွေထဲကို ဝင်ရောက်ပြီး ပစ်မှတ်ကို အမိဖမ်းရမှာပါ]

[လက်ရှိမှာ System က လုပ်ငန်းစဉ်တွေကို Download ဆွဲနေပါတယ်။........ခဏလောက်စောင့်ဆိုင်းပေးပါ...]

[System loading  Complet ဖြစ်ပါပြီ။သင့်ကို စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးမယ့် System 444 ပါ]

ရှဲ့ဟယ် မျက်လုံးတွေမှေးပြီးစဉ်းစားနေတယ်။

System? ???Host????ပစ်မှတ်ကို အမိဖမ်းရမယ်?????

သူ့ပါးစပ်ကိုဖွင့်တော့မယ့်အချိန်မှာခေါင်းထဲကနေ အီလက်ထရွန်အသံတစ်ခုကိုကြားလိုက်ရတယ်။

[System 444:မဂ်လာပါ Hostရေ....Host ပါးစပ်ကနေပြောစရာမလိုပါဘူး။စိတ်ထဲကနေ တွေးလိုက်ရုံနဲ့ကျွန်တော်နဲ့ဆက်သွယ်လို့ရပါပြီ]

စိတ်ထဲကနေဆက်သွယ်လို့ရတဲ့နည်းပညာလား??ဒါကတော်တော်ဆန်းကြယ်သွားပြီ။ရှဲ့ဟယ် နည်းနည်းလောက်စမ်းကြည့်ဖို့ ကြိုးစားလိုက်တယ်။

[ရှဲ့ဟယ်: ငါကမင်းနဲ့ ဒီလိုမျိုးဆက်သွယ်ရမှာလား?]

[System 444:ဟုတ်ပါတယ်]

[ရှဲ့ဟယ်:စိတ်ဝင်စားရာကောင်းသားပဲ၊ Host ဆိုတာဘာလဲ? ပစ်မှတ်ကို အမိဖမ်းရမယ်ဆိုတာဘာလဲ၊ရှင်းပြစမ်းပါဉီး]

[System 444:Host ဆိုတာ System နဲ့ချိတ်ဆက်ထားတဲ့ ဝိဉာဉ်ကူးပြောင်းသူကိုပြောတာပါ။Host တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ကမ္ဘာတွေဆီသွားပြီး ပစ်မှတ်တွေကို ဆွဲဆောင်ဖြား​ယောင်းအမိဖမ်းပြီး
အတွေ့ကြုံရမှတ်စုဆောင်းရမှာပါ။ကမ္ဘာတစ်ခုနဲ့တစ်ခုမတူကြတဲ့အတွက် ကမ္ဘာရဲ့ကံဆိုး၊ကံကောင်းပေါ်မူတည်ပြီး ပစ်မှတ်တွေကလဲ ကွဲပြားနိူင်တယ်။ပစ်မှတ်တွေကို သာမာန်ဆို ဇာတ်လိုက်၊ BOSS အဲ့လိုမျိုး ခေါ်တတ်ကြတယ်။အကယ်၍ ဇာတ်လိုက်တို့ BOSSတို့ဆီကနေ နှစ်သက်မှုရမှတ် အပြည့်ရမယ်ဆို အဲ့တာနဲ့ညီမျှတဲ့ အတွေ့အကြုံရမှတ်တွေကို ရလိမ့််]

ရှဲ့ဟယ် မျက်ခုံးတွေပင့်လိုက်မိတယ်။ သူ့ရဲ့ရှည်လျားသေးသွယ်တဲ့ ဖီးနစ်မျက်ဝန်းတွေထဲမှာ ဆော့ကစားချင်တဲ့ညစ်ကျယ်ကျယ်အလင်းတန်းလေးဖြတ်ပြေးသွားတယ်။

[ရှဲ့ဟယ်: ဒါဆို ငါက ဒီကမ္ဘာရဲ့ ပစ်မှတ်ပြီးတော့ လင်းဇီမင်က Host ပေါ့ ]

[444:ဟုတ်ပါတယ်]

[ရှဲ့ဟယ်:ဒါဆို လင်းဇီမင်က Mission Fail သွားတာပေါ့၊အဲ့တာဆို အပြစ်ပေး ခံရမှာလား?]

[444:.....ဟုတ်တယ်၊အပြစ်ဒဏ်ဆိုတာရှိတယ်]

ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းပါးလေးတွေ အပေါ်ဘက်ကိုကွေးတက်သွားတယ်။သူ့ရဲ့မျက်ဝန်းတွေက မြင်သူတကာကိုစိတ်လှုပ်ရှားသွားလောက်အောင် နူးညံ့သိမ်မွေ့နေတယ်။

[ရှဲ့ဟယ်: သနားပါတယ်ကွာ၊ငါသူ့ကိုအများကြီး သဘောကျပါတယ်။သူက နာခံတတ်ပြီး စဉ်းစားတွေခေါ်ဉာဏ်လဲရှိတယ်လေ။ပြီးတော့ သူ့ရဲ့ Bed Skill တွေကလဲ အတော်ကောင်းတာကွ၊နောက်ဆုံးတော့လဲ သူကငါချစ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်ကွာ]

444 လုံးဝဆက်စပ်တွေးခေါ်ကြည့်လို့မရတာ တစ်ခုရှိတယ်။သူ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာပါ၊မျက်တောက်တစ်ခတ်စာအချိန်အတွင်းမှာ နှစ်သက်မှုရမှတ် ၉၉ကနေ သုညအထိရောက်အောင်ခဲ့တဲ့လူရဲ့ပါးစပ်က အချစ်ဆိုတဲ့စကားလုံး ကိုဘယ်တွေတောင် ပြောထွက်ရဲတာလဲ?နည်းနည်းလေးတောင် စွရှက်မရှိဘူးလား?လင်းဇီမင် ဒေါသထွက်ပြီးသေသွားတာမ မြင်ဘူးလား?ဒါက အနာဂတ်အတွက် တောက်ပမှုတွေမှေးမှိန်တော့မလိုခံစားရတာလေ။ဘယ်သူကမှသူ့ကိုမလိုချင်တဲ့အတွက်ကြောင့် ဒီလိုပုံမှန်မဟုတ်တဲ့ Host မျိုးနဲ့မှလာပြီး ချိတ်ဆက်ရတယ်လို့ကွာ.....

[ရှဲ့ဟယ်: အိုးးကောင်းပြီလေ၊ဒါနဲ့ မင်းက System နံပါတ်444 မလား?ဒီနံပါတ်ကြီးက နမိတ်မရှိနမမရှိကြီးဆိုတော့ ?ငါ Systemပြောင်းဖို့ တောင်းဆိုလို့ရမလား?]

444 ဒေါသထွက်နေပြီ။ဒါကိုလဲ ပြောင်းပစ်လိုက်ချင်တယ်!!!

[444: မရဘူး။Host မရှိတဲ့ System တွေကို ကျပန်းရွေးချယ်ပြီး တွဲထားပေးတာ။ချိတ်ဆက်ပြီးတာနဲ့ ပြောင်းလို့မရတော့ဘူး]

ဟုတ်တာပေါ့..ဒါကအမှန်မဟုတ်ဘူးလေ။System ပြောင်းလို့မရဘူးဆိုတာ လုံးဝကြီးတော့မဟုတ်ပါဘူး။ဒါပေမယ့် ဒီကောင့်ကိုလက်ခံချင်တဲ့ တခြား System တွေမှမရှိတာ.......

[ရှဲ့ဟယ်: တကယ်တော့ မင်းကို ဘယ်သူမှလက်မခံချင်ကြလို့မလား? ပုံမှတ်ဆို 666တို့ 888တို့ ဆိုတာပိုပြီးတောင် နမိတ်ကောင်းသေးတယ်။ဒါမှမဟုတ် 1314 တို့ 520တို့ဆို ပို​တောင်လက်ခံလိုက်ဉီးမယ်။ငါက System
တစ်ခုနဲ့ ပထမဆုံးချိတ်ဆက်ခွင့်ရတဲ့ပစ်မှတ်လို့မင်းပြောခဲ့တယ်မဟုတ်လား?သူတို့က System တစ်ခုကို ကြုံရကျပန်းရွေးချယ်ခဲ့တယ်ဆိုရင်တောင် ငါ့နဲ့တွဲပေးဖို့အတွက် မင်းကိုရွေးမိဖို့ဆိုတာ အခွင့်ရေးအရမ်းနည်းလွန်းမနေဘူးလား?ဒါက ကြုံရကျပန်းရွေးပြီးတွဲပေးလိုက်တယ်လို့ ငါတော့ မထင်ရေးချမထင်ပဲ]

444 ကတော့ ရုတ်တရက်ကြီး ကြောက်ရွံထိတ်လန့်လာတယ်။ System ရဲ့အတွင်းစိတ်ထဲကစကားတွေကို Host တွေမကြားသိနိုင်ဘူးဆိုတဲ့ အချက်ကိုသာ သူသေချာမသိထားခဲ့ရင် ဒါက Virus ကြောင့် အခုလိုဖြစ်နေတာလို့ပဲ ထင်နေမိမှာ.........

[ရှဲ့ဟယ်: ဒါကကောင်းတဲ့အရာတော့မဟုတ်ပေမယ့် ဘယ်သူမှမလိုချင်တဲ့ သနားစဖွယ်ကောင်းလှတဲ့မင်းကို
ဒီတာဝန်ပေးလိုက်တယ်ဆိုတာ ဖြစ်နိုင်ချေအရှိဆုံးပဲ။
သက်ရှိလူသားတွေရဲ့အမိန့်တွေဆိုတာပေါက်ကြားလို့မရဘူးလေ။အရမ်းကြောက်မနေနဲ့ ငါအခုနကပြောတာတွေက ငါမင်းအစားပြောပေးတာ😁]

ဘယ်သူကမလိုလားတာလဲ???ဘယ်သူက ကြောက်ရမှာလဲ???? 444 ​ဒေါသထွက်နေတယ်။ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတော့ဘူး.....

[ရှဲ့ဟယ်: မင်းတို့ပြောနေတဲ့ "ဆုကြေး"ဆိုတာကြီးက ကုရာကယ်ရာမဲ့နေတဲ့ Main System က ချမှတ်လိုက်တဲ့ ဆုံးဖြတ်မှုကြီးပေါ့။တခြားစကားနဲ့ပြောင်းပြောရရင် Host တွေတော်တော်များများက ငါ့ကိုအမိဖမ်းဖို့ မအောင်မြင်ကြတဲ့အတွက် ငါ့ကို ဒီကမ္ဘာမှာ ဆက်မနေစေချင်တော့လို့ ဝိဉာဉ်ကူးပြောင်းရေး System တစ်ခုနဲ့ ချိတ်ပေးလိုက်တာမဟုတ်လား? ငါက ဒီကမ္ဘာရဲ့ ဇာတ်လိုက် ဖြစ်နေတဲ့အတွက် ငါ့ကိုအတင်းအကြပ်ဖိအားပေးလို့မရဘူးလေ။အဲ့တော့ ငါငြင်းလိုက်မှာစိုးလို့ ဆွဲဆောင်တဲ့အနေနဲ့ "ဆုလာဘ်"ဆိုတာကြီးကိုထည့်ပြောတာမလား?ကဲ... ကဲ..မူလခေါင်းစဉ်အကြောင်းလေးဆက်ပြောရအောင်...ငါသေချာစဉ်းစားကြည့်ပြီးပြီ၊ဒီကမ္ဘာမှာနေရတာကို ငါအရမ်းသဘောကျတယ်၊အဲ့တော့ System နဲ့အချိတ်ဆက်ချင်ဘူး။မင်းကို ငါငြင်းပယ်တယ်၊မင်းအခု Uninstall လုပ်လို့ရပြီ]

[444: ကျွန်တော် မှားသွားပါတယ်။နောက်ဆိုရင် ကြုံသလိုပြန်ခံမပြောတော့ပါဘူး။စကားလေးတစ်ခွန်းထဲကနေ ဒီလောက်များတဲ့အချက်အလက်တွေကို ဘယ်လိုတောင်ရှာတွေ့သွားနိုင်ရတာလဲ?ဒီ Host စွရမ်းကြေက်ဖို့ကောင်းတယ်😭😭]

သူ့ရဲ့ခေါင်းထဲမှာ အသံတွေတိတ်သွားတဲ့အတွက် ရှဲ့ဟယ်ပြုံးလိုက်မိတယ်။ညှိနှိုင်းမှုလုပ်ချင်တယ်ဆိုရင် တစ်ဖက်သားရဲ့ ပျော့ကွက်ကိုသိနေမှဖြစ်မှာပေါ့။ဒီလို ချစ်စရာငဒူ System လေးကတော့ ဘယ်လိုလိမ်ရမလဲဆိုတာ ဘယ်သိပါ့မလဲ။ဒီလို အချက်လက်တွေကို အစ်ထုတ်ဖို့ဆိုတာ အရမ်းလွယ်ကူတယ်လေ။နောက်ခြေလှမ်းတစ်ခုက ဘယ်လိုညှိနှိုင်းကြမလဲဆိုတာဆွေးနွေးလိုက်ရုံပဲလေ။ဒီလိုနည်းလမ်းသုံးပြီး တစ်ဖက်သားကို အဆက်မပြတ်နောက်ဆုတ်စေ
ပြီး အလျှော့အတင်းလွယ်လုပ်လို့ရတယ်။ရှဲ့ဟယ်က အစကတည်းက အသာစီးရနေပြီးသားဖြစ်နေပြီ.......

[TN: 4 ဆိုတာ တရုတ်အသံထွက်အရ သေတယ်ဆိုတဲ့စကားလုံးနဲ့အသံထွက်ဆင်တယ်။ 8 ကျတော့ကြွယ်ဝချမ်းသာတာနဲ့အသံထွက်ဆင်တယ်။6 ကျတော့ awesome ဆိုတာကိုသုံးတဲ့ ဘန်းစကားပါ။ 520 က​တော့ I love you ကိုရည်ညွှန်းပြီး ၊ 1314 ကတော့ ဘဝတစ်သက်တာဆိုတာကိုရည်ညွှန်းပါတယ်။
ပထမအပိုင်းကတင် သူများ ၃ ပိုင်းစာလောက်ရှိတဲ့အတွက် အပိုင်းခဏခွဲမယ်နော် ၂ ပိုင်းလောက်ပဲခွဲမှာပါ😁😁]

Zawgyi

လင္းဇီမင္ ေဆး႐ုံကုတင္ေပၚမွာလွဲေလ်ာင္းေနတယ္။ဓာတုကုထုံးေတြကို ေရ႐ွည္ခံယူခဲ့ရတဲ့အတြက္ သူ႕ခႏၶာကိုယ္ကအေတာ္ေလးခ်ည့္နဲ႔ေနၿပီ။နာက်င္မႈကသူ႕ကိုလူသားလို႔ေတာင္မျမင္ႏိုင္ေတာ့တဲ့ႏွိပ္စက္ေနခဲ့တယ္။အကုန္လုံးနီပါးကြၽတ္ထြက္ေနတဲ့ဆံပင္ေတြေၾကာင့္ ဉီးထုတ္တစ္လုံးနဲ႔ ဖုံးကြယ္ထားရတယ္။

႐ွင္း႐ွင္းေျပာရရင္ သူကဘဝရဲ႕အထြတ္အထိပ္ကိုေလွ်ာက္လွမ္းနတုန္းပဲ႐ွိေသးတယ္။ျဖဴေဖ်ာ့ၿပီး ၾကဳံလွီပိန္ခ်ံဳးေနတဲ့ မ်က္ႏွာမွာ႐ွိတဲ့ အနက္ေရာက္မ်က္ဝန္းတစ္စုံက ေခါင္းမာၿပီး အေလွ်ာ့မေပးတတ္တဲ့ ေတာက္ပမႈေတြနဲ႔ ျပည့္ႏွက္ေနတယ္။ဒါကသူ႕ကိုဘယ္အရာကမွ အႏိုင္မယူႏိုင္ဘူးဆိုတာနဲ႔တူေနတယ္။လွပတင့္တယ္တဲ့ပန္းေလးတစ္ပြင့္ညိဳးႏြမ္းသြားျခင္းနဲ႔အလားသ႑ာန္တူတဲ့ က်ိဳးပဲ့ပ်က္စီးလြယ္တဲ့အလွတရားတစ္ခုသာလွ်င္ တရိပ္ရိပ္တိုးလာေနတယ္။ေနာက္ဆုံးေသာ အလင္းေရာင္မွ်င္တန္းေလးကို တင္တကာထုတ္လႊတ္ေနသလိုေပါ့.......

သို႔ပါေသာ္လည္း ေဆး႐ုံကုတင္ေ႐ွ႕က လူကို ၾကည့္မိလိုက္တဲ့အခိုက္အတန္႔မွာ အလိုမက်မႈ၊စိုးရိမ္ပူပန္မႈ၊ခ်စ္ျခင္းတရားစတာေတြကို မ်က္ဝန္းေတြထဲမွာ နက္နက္႐ိႈင္း႐ိႈင္း ေဖာ္ျပလိုက္တယ္။

"မင္း...အခုထိ...လာ..."

လင္းဇီမင္းကြဲအက္ေနတဲ့အသံနဲ႔ေျပာလိုက္တယ္။ေပ်ာ္႐ႊင္မႈ၊နာက်င္မႈ၊အလိုမက်မႈေတြေရာေထြးေနတဲ့ ခံစားခ်က္ေတြက သူ႕မ်က္ႏွာေပၚမွာ ထင္ဟပ္ေနတယ္။ အဆုံးသတ္မွာေတာ့ သူ႕ေ႐ွ႕ကလူကို ထိကိုင္ဖို႔အတြက္ သူ႕ကိုယ္သူအေတာ္ေလး႐ုန္းကန္ ၿပီး လက္လွမ္းေနရတယ္။

တစ္ခါေလးပဲဆိုရင္ေတာင္....သူမေသခင္ေလးမွာ ဒီလူကိုတစ္ခါေလာက္ေလးေတာ့ ထိေတြ႕သြားခ်င္ေသးတယ္။

႐ွဲ႕ဟယ္က ႀကိဳတင္လက္ဉီးမႈယူတဲ့အေနတဲ့ လက္ေတြကိုဆန္႔ထုတ္ၿပီး လင္းဇီမီရဲ႕လက္ကိုလွမ္းကိုင္လိုက္တယ္။သူ႕မ်က္ဝန္းေတြထဲမွာနာက်င္ဝမ္းနည္းေနမႈေတြျဖစ္ေပၚေနတယ္။ဒီအခ်ိန္မွာ ေဖာက္ထြင္းျမင္ရေတယ့မတတ္ပါးလႊာတဲ့ႏႈတ္ခမ္းဖ်ားကေန ထြက္က်လာတဲ့စကားလုံးေတြက နက္နဲတဲ့ခံစားခ်က္ေတြျပည့္လွ်ံေနတယ္။

"ငါေရာက္လာၿပီ"
ခြဲခြာဖို႔အတြက္ တြန္႔ဆုတ္မိတာေၾကာင့္ ဒီလူရဲ႕ ေခ်ာေမာခန္႔ညားတဲ့မ်က္ႏွာကို လင္းဇီမင္ ေလာဘတႀကီးၾကည့္ေနခဲ့တယ္။သူ႕မွာေျပာစရာေတြ ဆယ္သန္းေက်ာ္ေလာက္႐ွိေနေပမယ့္ အဆုံးသတ္မွာေတာ့ ဘာတစ္ခြန္းမွ မေျပာျဖစ္ဘဲ သက္ျပင္းခ်ၿပီး ေခါင္းကိုတစ္ဖက္လွည့္ထားလိုက္တယ္။

"ငါ မင္းကို ဒိီလိုပုံစံနဲ႔မမွငစွခငွေဘႉး၊အခုအရမွး႐ုပဆိႈးနေပွီ......."

႐ွဲ႕ဟယ္က လက္တစ္ဖက္နဲ႔ လင္းဇီမင္ ရဲ႕လက္ကိုခပ္တင္းတင္းဆုပ္ကိုင္ထားၿပီး က်န္တဲ့လက္တစ္ဖက္နဲ႔ လင္းဇီမင္ ရဲ႕ ပါးကို ၾကင္နာစြာပြတ္သပ္ေပးေနတယ္။
႐ွဲ႕ဟယ္ရဲ႕ ႐ွည္လ်ားတဲ့လက္ေခ်ာင္းေတြက တျဖည္းျဖည္းေအာက္ဘက္ကိုဆင္းလာၿပီး လင္းဇီမင္ ရဲ႕ေမးေစ့ကို ညႇစ္တးထားလိုက္တယ္။ၿပီးေတာ့ ႐ုတ္တရက္ႀကီး ေခါင္းကိုငုံ႔ၿပီး လင္းဇီမင္ ကိုနမ္းလိုက္တယ္။

လင္းဇီမင္ အံ့ၾသသြားတာေၾကာင့္ မ်က္လုံးေတြျပဴးက်ယ္သြားတာမ်ား ဘယ္လို လႈပ္႐ွားရမလဲဆိုတာမသိေတာ့တဲ့အတိုင္းပဲ.......

"႐ုပ္မဆိုးပါဘူး"

႐ွဲ႕ဟယ္ ကသူ႕ရဲ႕ မ်က္ဝန္းေတြကို တည့္တည့္စိုက္ၾကည့္လိုက္ၿပီး တစ္စုံတစ္ေယာက္ ရဲ႕ႏွလုံးသားထဲမွာ ႀကိဳးတပ္တူရိယာေတြတီးခတ္ေနသလို ဆြဲငင္ႏိုင္တဲ့အသံနိမ့္နိမ့္နဲ႔ေျပာလိုက္တယ္။

"ကိုယ္ မင္းကိုခ်စ္တယ္"

လင္းဇီမင္ရဲ႕ ႏႈတ္ခမ္းေတြ အနည္းငယ္တုန္သြားၿပီးမယုံႏိုင္ေသးေၾကာင္းကို ျပသေနတယ္။

သူ ေစာင့္ေမွ်ာ္ေနခဲ့ရတဲ့ ဒီစကားလုံးေတြကို ေနာက္ဆုံးေတာ့ၾကားခဲ့ရၿပီလား?

[ System 234: ပစ္မွတ္ကို ဖမ္းစားႏိုင္မႈ ၉၉ အထိျမင့္တက္လာပါၿပီ]

လင္းဇီမင္ ေခါင္းထဲကေန ဒီအကိုၾကားေနရတယ္။နက္႐ိႈင္းတဲ့ မ်က္ဝန္းေတြထဲမွာ ေပ်ာ္႐ႊင္မႈအလင္းတန္းတစ္ခုျဖတ္သန္းသြားတယ္။ဒါဟာတကယ္ကိုမလြယ္ကူခဲ့ပါဘူး။သူေသခါနီးေနၿပီ၊  ၉၉ ပဲ႐ွိေသးတယ္။မေသခင္ ႏွစ္သက္မႈရမွတ္ ၁၀၀ အျပည့္ရမွျဖစ္မယ္။လင္းဇီမင္က ႐ွဲ႕ဟယ္သူ႕ကို႐ွာေတြ႕ေအာင္ သူနဲ႔ပတ္သတ္တဲ့ သတင္းေတြကို တမင္တကာျဖန္႔ခဲ့တာျဖစ္တယ္။ဒီအရာအားလုံးက ခါးသီးတဲ့ခ်စ္ျခင္းႏွင့္ပူေဆြးမႈေတြ
ျပည့္ေနတဲ့ ေနာက္ဆုံးေသာ ေဖ်ာ္ေျဖမႈအတြက္သာျဖစ္တယ္။႐ွဲ႕ဟယ္ရဲ႕ ေမာက္မာေထာင္လႊားတဲ့ကိုယ္ရည္ကိုယ္ေသြးေတြကို လင္းဇီမင္ ေကာင္းေကာင္းနားလည္တာေပါ့။ဒီလို လူစားမ်ိဳးေတြက နာၾကည္းမႈမ႐ွိ၊ေနာင္တမ႐ွိတဲ့ တစ္လမ္းသြားေတြေလ။အစပိုင္းကတည္းက ဒါကဘယ္လိုေတြေတာင္ခက္ခဲမယ္ဆိုတာေတြးထားခဲ့ၿပီးသားပါ။ဒါေပမယ့္ အဆုံးသတ္ခါနီးထိ ဒီေကာင့္ကို အမိမဖမ္းႏိုင္ေသးဘူးလား?

"ငါလဲမင္းကိုခ်စ္ပါတယ္"

လင္းဇီမင္ က ႐ွဲ႕ဟယ္ကိုၾကည့္ဖို႔ ခ်စ္ျခင္းတရားေတြျပည့္ႏွက္ေနတဲ့ အၾကည့္မ်ိဳးကိုသုံးခဲ့တယ္။သို႔ေပမယ့္ ေပ်ာ္႐ႊင္မႈေတြကို နာက်င္ဝမ္းနည္းမႈက လ်င္ျမန္စြာဖုံးလႊမ္းသြားခဲ့ၿပီး အဆုံးမွာေတာ့ ေလးလံေနတဲ့စိတ္အားငယ္မႈေတြသာက်န္ရစ္ခဲ့တယ္။လင္းဇီမင္ရဲ႕အသံက အေတာ္ကိုတိုးလ်ေနတယ္။

"ဒါေပမယ့္ ငါကေသေတာ့မယ့္လူေလ...."

႐ွဲ႕ဟယ္ ဘာမွမေျပာခဲ့ဘူး။ဒါေပမယ့္ကိုင္ထားတဲ့လက္ေတြက အားထည့္ထားသိလို လင္းဇီမင္ ခံစားလိုက္ရတယ္။

စိတ္ထဲမွေတာ့ လင္းဇီမင္  သူ႕ကိုယ္သူအရမ္းကိုဂုဏ္ယူေနတယ္။အျပင္မွာေတာ့ အရမ္းကို နာက်င္ဝမ္းနည္းေနရပုံနဲ႔ေပါ့.....ေလးနက္တဲ့ ခ်စ္ျခင္းေတြျပည့္လွ်ံေနၿပီး ခြဲခြာဖို႔အတြက္ တုံ႔ဆိုင္းေနတဲ့ အၾကည့္ေတြနဲ႔ လင္းဇီမင္ ႐ွဲ႕ဟယ္ ကိုေငးၾကည့္လိုက္တယ္။လင္းဇီမင္ရဲ႕အသံကအေတာ္ေလးကို ဆို႔နင့္ေနတယ္။

"အနာဂတ္မွာ ငါမင္းကိုအေဖာ္မျပဳေပးႏိူင္ေတာ့ဘူး။ကိုယ္ကိုကိုယ္ဂ႐ုစိုက္ဖို႔မေမ့ရဘူးေနာ္.....ၿပီးေတာ့....အကယ္၍ မင္းအျခားတစ္ေယာက္ေယာက္ကိုခ်စ္မိသြားခဲ့ရင္၊ေက်းဇူးျပဳၿပီးသူ႕ကို နည္းလမ္းက်က်ခ်စ္ေပးလိုက္ပါေနာ္"

"မင္း....."

႐ွဲ႕ဟယ္ ကသူ႕ရဲ႕ ႏႈတ္ခမ္းေတြကိုပိတ္လိုက္တယ္။

"အဓိပၸာယ္မ႐ွိတာေတြမေျပာနဲ႔ေတာ့"

လင္းဇီမင္ ကခါးသက္တဲ့ရယ္သံတစ္ခ်ိဳ႕ကိုထုတ္လႊင့္ၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ ဆက္ေျပာလိုက္တယ္။

"မင္းေပ်ာ္႐ႊင္ဖို႔ ငါဆုေတာင္းေပးပါတယ္။ငါဒီမွာ႐ွိမေနႏိုင္ေတာ့ရင္ေတာင္ ငါမင္းကိုမိုးေကာင္းကင္ေပၚကေန ၾကည့္ေနေပးမယ္။မင္းေပ်ာ္႐ႊင္ေနဖို႔ဆိုတာ ငါ့ရဲ႕အႀကီးမားဆုံးေသာ ဆႏၵပါပဲ"

"ဒါက...ဒါေတြက တကယ္ပဲ မင္းဒီလိုေတြးတာလား?"

႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ စတင္ေ႐ြ႕လ်ားေနတဲ့အပိုင္းအစေလးတစ္ခု႐ွိတယ္။

လင္းဇီမင္ ကသူ႕ရဲ႕လက္ကို ျပန္ဆြဲလိုက္တယ္။သူ႕ခႏၶာကိုယ္ကဒီေလာက္ထိမခံႏိုင္ေတာ့ဘူး။သူကေနာက္ဆုံးစကားစုကိုေျပာဖို႔ သူ႕ရဲ႕ ခြန္အားအားလုံးကိုသုံးေနရပုံေပါက္ေနတယ္။

"မင္း..ငါ့ကို...ကတိေပး..ႏိုင္မလား?မင္းေပ်ာ္႐ႊင္...ေအာင္ေနရမယ္......."

႐ွဲ႕ဟယ္ကသူ႕ရဲ႕အမူအရာကို စူးစိုက္ၾကည့္ၿပီးေနာက္အခ်ိန္အေတာ္ၾကာေတာ့မွ ေခါင္းကိုညိတ္ျပလိုက္တယ္။

လင္းဇီမင္ က ေက်နပ္ေရာင့္ရဲတဲ့အျပဳံးတစ္ခုကိုျပဳံးျပလိုက္တယ္။ခြန္အားေတြမ႐ွိေတာ့တဲ့အတြက္...႐ွဲ႕ဟယ္ရဲ႕လက္ကိုျဖည္းျဖည္းခ်င္းလႊတ္ေပးလိုက္တယ္။

အခုေနမွာ မွန္တစ္ခ်ပ္သာ႐ွိေနလို႔ကေတာ့ လင္းဇီမင္ ကိုယ့္သ႐ုပ္ေဆာင္မႈကို ကိုယ္ျပန္ၾကည့္ႏိုင္မွာျဖစ္တယ္။

အမွတ္ျပည့္ ရေလာက္တယ္!လုံးဝ Perfectပဲ!!အခုခ်ိန္မွာ ႐ွဲ႕ဟယ္ ရဲ႕ ႏွစ္သက္မႈရမွတ္ ၁၀၀မွာ ၁၀၀အျပည့္ရမယ့္အခ်ိန္ကို ထိုင္ေစာင့္ေနလိုက္႐ုံပဲက်န္ေတာ့တယ္။သူက ဘယ္ေတာ့မွ ဖ်က္စီးပစ္လို႔မရေတာ့မယ့္စစ္မွန္တဲ့ ႐ွဲ႕ဟယ္ရဲ႕ႏွလုံးသားထဲက ႏွလုံးသားထဲကခ်စ္ရသူတစ္ေယာက္ျဖစ္လာေတာ့မယ္။System ဆီကေန ဘာလို႔ ဘာသံမွမၾကားရေသးတာလဲ?

လင္းဇီမင္ မေရရာမႈနဲ႔ သံသယေတြၾကားမွာနစ္ေျမာေနတုန္း Systemရဲ႕ စူး႐ွတဲ့ အစီရင္ခံ သံေတြကိုၾကားလိုက္ရတယ္။

[System 234: ပစ္မွတ္ရဲ႕ ႏွစ္သက္မႈရမွတ္ေတြက်ဆင္းေနပါတယ္။ရမွတ္၈၀အထိက်ဆင္း.....ရမွတ္၇၀အထိက်ဆင္း....ရမွတ္၆၀အထိက်ဆင္း.......]

လင္းဇီမင္ shock ရသြားၿပီး ႐ူးေၾကာင္ေၾကာင္ ျဖစ္ေနၿပီ။သူ႕ေခါင္းထဲက အခ်က္ေပးသံတတီတီေၾကာင့္ သူမ်က္ႏွာေပၚမွာ စိတ္႐ႈပ္ေနတဲ့အမူအရာေတြေပၚလာတယ္။

[System 234: ပစ္မွတ္ရဲ႕ ႏွစ္သက္မႈရမွတ္ေတြက်ဆင္းေနပါတယ္။ရမွတ္ ၂၀အထိက်ဆင္း.......က်ဆင္း......ရမွတ္ သုညအထိက်ဆင္းသြားပါၿပီ]

No!!!မျဖစ္ႏိူင္ဘူးးးးးး

လင္းဇီမင္ရဲ႕ မ်က္လုံးေတြျပဴးက်ယ္ေနၿပီ။သူ႕ရဲ႕
ေနာက္ဆုံးထြက္သက္ကို႐ွဴထုတ္လိုက္ခ်ိန္အထိဒါက
တုံ႔ျပန္ဖို႔အခြင့္ေရး မရသြား႐ွာခဲ့ေပ။သူက ေဆး႐ုံကုတင္ေပၚမွာ႐ွိတဲ့ခႏၶာကိုယ္ထဲကေန လႊင့္ထြက္သြားၿပီး လက္႐ွိအေနထားကေန နတ္ဘုရားဆန္ဆန္ ေျပာင္းလဲသြားခဲ့တယ္။

႐ွဲ႕ဟယ္ကေတာ့ ဝမ္းနည္းမႈေတြျပည့္ႏွက္ေနတဲ့မ်က္ဝန္းေတြနဲ႔ေဆး႐ုံကုတင္ေ႐ွ႕မွာထိုင္ေနၿပီး လင္းဇီမင္ရဲ႕ လက္ေတြကို ဆုပ္ကိုင္ထားေနတုန္းပဲ။

႐ွဲ႕ဟယ္ နည္းနည္းေလးေတာင္ မလႈပ္႐ွားခဲ့ဘူး။

[လင္းဇီမင္:System ေရ..မင္း Error တက္ေနတာလား?သူငါ့ကို ဒီေလာက္အမ်ားႀကီးခ်စ္တယ္ဆိုတာအ႐ွင္းသားႀကီးပဲေလ၊ဘယ္လိုျဖစ္လို႔ ႏွစ္သက္မႈရမွတ္ကညသုညျဖစ္ႏိူင္မွာလဲ?]

[System 234: ဒီမွာ ဘာ Error မွမတက္ဘူး။အႀကိမ္ေပါင္းမ်ားစြာစစ္ေဆးၿပီးၿပီ။ႏွစ္သက္မႈရမွတ္က အမွားမ႐ွိဘူး]

[လင္းဇီမင္:မျဖစ္ႏိူင္လိုက္တာ၊တစ္မိနစ္အတြင္း ႏွစ္သက္မႈရမွတ္ ၉၉ ကေန သုညကို ဘယ္လိုေရာက္သြားရတာလဲ?ဒါက ယုတၱိမ႐ွိဘူးေနာ္။မင္းဆိုရင္ေရာ တစ္မိနစ္အတြင္း နက္နက္နဲနဲခ်စ္ရတဲ့ ခ်စ္သူအျဖစ္ကေန သူစိမ္းတစ္ေယာက္အျဖစ္ေျပာင္းပစ္လိုက္ႏိူင္လား?]

[System 234: ငါက System ေလ၊လူမွမဟုတ္တာ၊အဲ့ေတာ့ ငါ့မွာ နက္နက္နဲနဲခ်စ္ရတဲ့ ခ်စ္သူမ႐ွိဘူး]

[လုံးဝဉသုံစိတ္ပ်က္လက္ပ်က္ျဖစ္ေနေသာလင္းဇီမင္:
ေခြးေကာင္!!!မင္းက လူမဟုတ္ဘူး။ဒါေပမယ့္ သူက....]

[System 234:ဒီကမ႓ာအတြက္ဖမ္းယူမႈက်႐ႈံးပါတယ္။က်႐ႈံးတဲ့အတြက္ Point တစ္ေသာင္းအေႂကြးတင္ေနပါၿပီ။ Hostေရ...၃မိနစ္အတြင္းကူးေျပာင္းရပါလိမ့္မယ္]

[လင္းဇီမင္: ဘယ္လိုငရဲလဲကြာ!!!WTF!!! ငါထြက္မသြားဘူးေနာ္ ခဏေလး.......]

[System 234:ကူးေျပာင္းျခင္းလုပ္ငန္းစဥ္.........]

[ေဒါသအိုးေပါက္ကြဲေနေသာလင္းဇီမင္:ဒါက Bug ေနာ္၊ဟုတ္တယ္ ေသခ်ာေပါက္ Bug ပဲ။တိုင္ၾကားစာတင္မယ္!!]

{TN: Bug=Computer software ေတြထဲက Virus လိုမ်ိဳးကိုေျပာတာ၊ကြကိုယ္ဆိုနားလည္ေပမယ့္ ႐ွင္းမျပတတ္ဘူး😅😅😅}

အခ်ိန္ သုံးမိနစ္ကလ်င္ျမန္စြာကုန္ဆုံးသြားတယ္။လင္းဇီမင္နဲ႔ သူ႕ရဲ႕ System ကေတာ့ ျငင္းရင္းခုန္ရင္းနဲ႔ပဲကမ႓ာ ကူးေျပာင္းသြားၾကၿပီ။ဒါ့ေၾကာင့္ ႐ွဲ႕ဟယ္ရဲ႕ ေနာင္ပိုင္းအျပဳအမူေတြကိုျမင္ေတြ႕မသြားရ႐ွာဘူး။

ေသတဲ့လူကေသၿပီးေနၿပီေလ...ခံစားခ်က္ေတြကို.... ယ
ဟုတ္တာေပါ့ ျပန္႐ုတ္သိမ္းရမွာေပါ့။ဒီလို လူေသတစ္ေယာက္အတြက္ သူ႕ရဲ႕ ခံစားခ်က္ေတြကိုဘာေၾကာင့္ျဖဳန္းတီးေနရမွာလဲ?ၿပီးေတာ့ သူအခ်စ္ရဆုံးေသာသူကလဲ........သူကိုယ္တိုင္ပဲျဖစ္ေနဉီးမွာပဲေလ။

႐ွဲ႕ဟယ္ တည္ၿငိမ္ေအးေဆးစြာနဲ႔ ျဖည္းျဖည္းခ်င္း မတ္တပ္ရပ္လိုက္ၿပီး ေဆး႐ုံကုတင္ေပၚကလူတစ္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ေလးနက္တဲ့ခံစားခ်က္ေတြနဲ႔ စကားတစ္ခုေျပာလိုက္တယ္။

"မင္း ေအးေအးခ်မ္းခ်မ္း ေသဆုံးႏိူင္ဖို႔အတြက္ မင္းရဲ႕ေတာင္းဆိုမႈကို ငါလိုက္ခံေပးလိုက္မယ္။အကယ္၍မင္းကငါ့ကို မိုးေကာင္းကင္ေပၚကေန ေစာင့္ၾကည့္ေနမယ္ဆို မင္းလဲ ငါ့အတြက္ အရမ္းေပ်ာ္ေနမွာေနာ္၊ဟုတ္တယ္မလား?"

သူ႕ရဲ႕ ႐ွင္းသန္႔ေနၿပီးသား Suit ကို ေသခ်ာျပန္႔ေအာင္လုပ္လိုက္ၿပီး၊သူ႕ရဲ႕႐ွည္လ်ားတဲ့ေျခေထာက္ေတြနဲ႔ အခန္းထဲကေန လွည့္ ထြက္လိုက္တယ္။

အခန္းတံခါးကို မျဖတ္ရေသးခင္အခိုက္အတန္႔ေလးမွာ ၾကက္သီးထေစေလာက္တဲ့ အေအးလိႈင္းတစ္ခုကို ႐ွဲ႕ဟယ္ခံစားလိုက္ရတယ္။သူ႕ရဲ႕သူငယ္အိမ္ေတြ ၾကဳံ႕ဝင္သြားတယ္။

အဲ့ေနာက္မွာ သူ႕ရဲ႕ ေခါင္းထဲကေန အသံတစ္သံၾကားလိုက္ရတယ္။

[Host အေယာက္တစ္ရာကိုျငင္းလိုက္ႏိုင္တဲ့အတြက္ ဂုဏ္ယူပါတယ္။ပထမဆုံးေအာင္ျမင္ခဲ့တဲ့ ပစ္မွတ္ျဖစ္တဲ့အတြက္ ဆုေၾကးအျဖစ္ Transmigration Universe Technology company ကေန ထုတ္လုပ္ထားတဲ့ ဂုဏ္က်က္သေရႀကီးျမတ္လွတဲ့ Host တစ္ေယာက္ ျဖစ္လာေစေရးဆိုတဲ့ System နဲ႔ခ်ိတ္ဆက္ေပးပါ့မယ္။သင့္အေနနဲ႔ တျခားေသာကမ႓ာေတြထဲကို ဝင္ေရာက္ၿပီး ပစ္မွတ္ကို အမိဖမ္းရမွာပါ]

[လက္႐ွိမွာ System က လုပ္ငန္းစဥ္ေတြကို Download ဆြဲေနပါတယ္။........ခဏေလာက္ေစာင့္ဆိုင္းေပးပါ...]

[System loading  Complet ျဖစ္ပါၿပီ။သင့္ကို ေစတနာအျပည့္နဲ႔ ဝန္ေဆာင္မႈေပးမယ့္ System 444 ပါ]

႐ွဲ႕ဟယ္ မ်က္လုံးေတြေမွးၿပီးစဥ္းစားေနတယ္။

System? ???Host????ပစ္မွတ္ကို အမိဖမ္းရမယ္?????

သူ႕ပါးစပ္ကိုဖြင့္ေတာ့မယ့္အခ်ိန္မွာေခါင္းထဲကေန အီလက္ထ႐ြန္အသံတစ္ခုကိုၾကားလိုက္ရတယ္။

[System 444:မဂ္လာပါ Hostေရ....Host ပါးစပ္ကေနေျပာစရာမလိုပါဘူး။စိတ္ထဲကေန ေတြးလိုက္႐ုံနဲ႔ကြၽန္ေတာ္နဲ႔ဆက္သြယ္လို႔ရပါၿပီ]

စိတ္ထဲကေနဆက္သြယ္လို႔ရတဲ့နည္းပညာလား??ဒါကေတာ္ေတာ္ဆန္းၾကယ္သြားၿပီ။႐ွဲ႕ဟယ္ နည္းနည္းေလာက္စမ္းၾကည့္ဖို႔ ႀကိဳးစားလိုက္တယ္။

[႐ွဲ႕ဟယ္: ငါကမင္းနဲ႔ ဒီလိုမ်ိဳးဆက္သြယ္ရမွာလား?]

[System 444:ဟုတ္ပါတယ္]

[႐ွဲ႕ဟယ္:စိတ္ဝင္စားရာေကာင္းသားပဲ၊ Host ဆိုတာဘာလဲ? ပစ္မွတ္ကို အမိဖမ္းရမယ္ဆိုတာဘာလဲ၊႐ွင္းျပစမ္းပါဉီး]

[System 444:Host ဆိုတာ System နဲ႔ခ်ိတ္ဆက္ထားတဲ့ ဝိဉာဥ္ကူးေျပာင္းသူကိုေျပာတာပါ။Host ေတြက အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ ကမ႓ာေတြဆီသြားၿပီး ပစ္မွတ္ေတြကို ဆြဲေဆာင္ျဖားေယာင္းအမိဖမ္းၿပီး
အေတြ႕ၾကဳံရမွတ္စုေဆာင္းရမွာပါ။ကမ႓ာတစ္ခုနဲ႔တစ္ခုမတူၾကတဲ့အတြက္ ကမ႓ာရဲ႕ကံဆိုး၊ကံေကာင္းေပၚမူတည္ၿပီး ပစ္မွတ္ေတြကလဲ ကြဲျပားႏိူင္တယ္။ပစ္မွတ္ေတြကို သာမာန္ဆို ဇာတ္လိုက္၊ BOSS အဲ့လိုမ်ိဳး ေခၚတတ္ၾကတယ္။အကယ္၍ ဇာတ္လိုက္တို႔ BOSSတို႔ဆီကေန ႏွစ္သက္မႈရမွတ္ အျပည့္ရမယ္ဆို အဲ့တာနဲ႔ညီမွ်တဲ့ အေတြ႕အၾကဳံရမွတ္ေတြကို ရလိမ့္္]

႐ွဲ႕ဟယ္ မ်က္ခုံးေတြပင့္လိုက္မိတယ္။ သူ႕ရဲ႕႐ွည္လ်ားေသးသြယ္တဲ့ ဖီးနစ္မ်က္ဝန္းေတြထဲမွာ ေဆာ့ကစားခ်င္တဲ့ညစ္က်ယ္က်ယ္အလင္းတန္းေလးျဖတ္ေျပးသြားတယ္။

[႐ွဲ႕ဟယ္: ဒါဆို ငါက ဒီကမ႓ာရဲ႕ ပစ္မွတ္ၿပီးေတာ့ လင္းဇီမင္က Host ေပါ့ ]

[444:ဟုတ္ပါတယ္]

[႐ွဲ႕ဟယ္:ဒါဆို လင္းဇီမင္က Mission Fail သြားတာေပါ့၊အဲ့တာဆို အျပစ္ေပး ခံရမွာလား?]

[444:.....ဟုတ္တယ္၊အျပစ္ဒဏ္ဆိုတာ႐ွိတယ္]

႐ွဲ႕ဟယ္ရဲ႕ ႏႈတ္ခမ္းပါးေလးေတြ အေပၚဘက္ကိုေကြးတက္သြားတယ္။သူ႕ရဲ႕မ်က္ဝန္းေတြက ျမင္သူတကာကိုစိတ္လႈပ္႐ွားသြားေလာက္ေအာင္ ႏူးညံ့သိမ္ေမြ႕ေနတယ္။

[႐ွဲ႕ဟယ္: သနားပါတယ္ကြာ၊ငါသူ႕ကိုအမ်ားႀကီး သေဘာက်ပါတယ္။သူက နာခံတတ္ၿပီး စဥ္းစားေတြေခၚဉာဏ္လဲ႐ွိတယ္ေလ။ၿပီးေတာ့ သူ႕ရဲ႕ Bed Skill ေတြကလဲ အေတာ္ေကာင္းတာကြ၊ေနာက္ဆုံးေတာ့လဲ သူကငါခ်စ္တဲ့လူတစ္ေယာက္ျဖစ္ခဲ့ပါတယ္ကြာ]

444 လုံးဝဆက္စပ္ေတြးေခၚၾကည့္လို႔မရတာ တစ္ခု႐ွိတယ္။သူ တစ္ခ်ိန္လုံး ေစာင့္ၾကည့္ေနခဲ့တာပါ၊မ်က္ေတာက္တစ္ခတ္စာအခ်ိန္အတြင္းမွာ ႏွစ္သက္မႈရမွတ္ ၉၉ကေန သုညအထိေရာက္ေအာင္ခဲ့တဲ့လူရဲ႕ပါးစပ္က အခ်စ္ဆိုတဲ့စကားလုံး ကိုဘယ္ေတြေတာင္ ေျပာထြက္ရဲတာလဲ?နည္းနည္းေလးေတာင္ စြ႐ွက္မ႐ွိဘူးလား?လင္းဇီမင္ ေဒါသထြက္ၿပီးေသသြားတာမ ျမင္ဘူးလား?ဒါက အနာဂတ္အတြက္ ေတာက္ပမႈေတြေမွးမွိန္ေတာ့မလိုခံစားရတာေလ။ဘယ္သူကမွသူ႕ကိုမလိုခ်င္တဲ့အတြက္ေၾကာင့္ ဒီလိုပုံမွန္မဟုတ္တဲ့ Host မ်ိဳးနဲ႔မွလာၿပီး ခ်ိတ္ဆက္ရတယ္လို႔ကြာ.....

[႐ွဲ႕ဟယ္: အိုးးေကာင္းၿပီေလ၊ဒါနဲ႔ မင္းက System နံပါတ္444 မလား?ဒီနံပါတ္ႀကီးက နမိတ္မ႐ွိနမမ႐ွိႀကီးဆိုေတာ့ ?ငါ Systemေျပာင္းဖို႔ ေတာင္းဆိုလို႔ရမလား?]

444 ေဒါသထြက္ေနၿပီ။ဒါကိုလဲ ေျပာင္းပစ္လိုက္ခ်င္တယ္!!!

[444: မရဘူး။Host မ႐ွိတဲ့ System ေတြကို က်ပန္းေ႐ြးခ်ယ္ၿပီး တြဲထားေပးတာ။ခ်ိတ္ဆက္ၿပီးတာနဲ႔ ေျပာင္းလို႔မရေတာ့ဘူး]

ဟုတ္တာေပါ့..ဒါကအမွန္မဟုတ္ဘူးေလ။System ေျပာင္းလို႔မရဘူးဆိုတာ လုံးဝႀကီးေတာ့မဟုတ္ပါဘူး။ဒါေပမယ့္ ဒီေကာင့္ကိုလက္ခံခ်င္တဲ့ တျခား System ေတြမွမ႐ွိတာ.......

[႐ွဲ႕ဟယ္: တကယ္ေတာ့ မင္းကို ဘယ္သူမွလက္မခံခ်င္ၾကလို႔မလား? ပုံမွတ္ဆို 666တို႔ 888တို႔ ဆိုတာပိုၿပီးေတာင္ နမိတ္ေကာင္းေသးတယ္။ဒါမွမဟုတ္ 1314 တို႔ 520တို႔ဆို ပိုေတာင္လက္ခံလိုက္ဉီးမယ္။ငါက System
တစ္ခုနဲ႔ ပထမဆုံးခ်ိတ္ဆက္ခြင့္ရတဲ့ပစ္မွတ္လို႔မင္းေျပာခဲ့တယ္မဟုတ္လား?သူတို႔က System တစ္ခုကို ၾကဳံရက်ပန္းေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာင္ ငါ့နဲ႔တြဲေပးဖို႔အတြက္ မင္းကိုေ႐ြးမိဖို႔ဆိုတာ အခြင့္ေရးအရမ္းနည္းလြန္းမေနဘူးလား?ဒါက ၾကဳံရက်ပန္းေ႐ြးၿပီးတြဲေပးလိုက္တယ္လို႔ ငါေတာ့ မထင္ေရးခ်မထင္ပဲ]

444 ကေတာ့ ႐ုတ္တရက္ႀကီး ေၾကာက္႐ြံထိတ္လန္႔လာတယ္။ System ရဲ႕အတြင္းစိတ္ထဲကစကားေတြကို Host ေတြမၾကားသိႏိုင္ဘူးဆိုတဲ့ အခ်က္ကိုသာ သူေသခ်ာမသိထားခဲ့ရင္ ဒါက Virus ေၾကာင့္ အခုလိုျဖစ္ေနတာလို႔ပဲ ထင္ေနမိမွာ.........

[႐ွဲ႕ဟယ္: ဒါကေကာင္းတဲ့အရာေတာ့မဟုတ္ေပမယ့္ ဘယ္သူမွမလိုခ်င္တဲ့ သနားစဖြယ္ေကာင္းလွတဲ့မင္းကို
ဒီတာဝန္ေပးလိုက္တယ္ဆိုတာ ျဖစ္ႏိုင္ေခ်အ႐ွိဆုံးပဲ။
သက္႐ွိလူသားေတြရဲ႕အမိန္႔ေတြဆိုတာေပါက္ၾကားလို႔မရဘူးေလ။အရမ္းေၾကာက္မေနနဲ႔ ငါအခုနကေျပာတာေတြက ငါမင္းအစားေျပာေပးတာ😁]

ဘယ္သူကမလိုလားတာလဲ???ဘယ္သူက ေၾကာက္ရမွာလဲ???? 444 ေဒါသထြက္ေနတယ္။ၿပီးေတာ့ ကိုယ့္ကိုကိုယ္ ယုံၾကည္ခ်က္မ႐ွိေတာ့ဘူး.....

[႐ွဲ႕ဟယ္: မင္းတို႔ေျပာေနတဲ့ "ဆုေၾကး"ဆိုတာႀကီးက ကုရာကယ္ရာမဲ့ေနတဲ့ Main System က ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္မႈႀကီးေပါ့။တျခားစကားနဲ႔ေျပာင္းေျပာရရင္ Host ေတြေတာ္ေတာ္မ်ားမ်ားက ငါ့ကိုအမိဖမ္းဖို႔ မေအာင္ျမင္ၾကတဲ့အတြက္ ငါ့ကို ဒီကမ႓ာမွာ ဆက္မေနေစခ်င္ေတာ့လို႔ ဝိဉာဥ္ကူးေျပာင္းေရး System တစ္ခုနဲ႔ ခ်ိတ္ေပးလိုက္တာမဟုတ္လား? ငါက ဒီကမ႓ာရဲ႕ ဇာတ္လိုက္ ျဖစ္ေနတဲ့အတြက္ ငါ့ကိုအတင္းအၾကပ္ဖိအားေပးလို႔မရဘူးေလ။အဲ့ေတာ့ ငါျငင္းလိုက္မွာစိုးလို႔ ဆြဲေဆာင္တဲ့အေနနဲ႔ "ဆုလာဘ္"ဆိုတာႀကီးကိုထည့္ေျပာတာမလား?ကဲ... ကဲ..မူလေခါင္းစဥ္အေၾကာင္းေလးဆက္ေျပာရေအာင္...ငါေသခ်ာစဥ္းစားၾကည့္ၿပီးၿပီ၊ဒီကမ႓ာမွာေနရတာကို ငါအရမ္းသေဘာက်တယ္၊အဲ့ေတာ့ System နဲ႔အခ်ိတ္ဆက္ခ်င္ဘူး။မင္းကို ငါျငင္းပယ္တယ္၊မင္းအခု Uninstall လုပ္လို႔ရၿပီ]

[444: ကြၽန္ေတာ္ မွားသြားပါတယ္။ေနာက္ဆိုရင္ ၾကဳံသလိုျပန္ခံမေျပာေတာ့ပါဘူး။စကားေလးတစ္ခြန္းထဲကေန ဒီေလာက္မ်ားတဲ့အခ်က္အလက္ေတြကို ဘယ္လိုေတာင္႐ွာေတြ႕သြားႏိုင္ရတာလဲ?ဒီ Host စြရမ္းေၾကက္ဖို႔ေကာင္းတယ္😭😭]

သူ႕ရဲ႕ေခါင္းထဲမွာ အသံေတြတိတ္သြားတဲ့အတြက္ ႐ွဲ႕ဟယ္ျပဳံးလိုက္မိတယ္။ညႇိႏိႈင္းမႈလုပ္ခ်င္တယ္ဆိုရင္ တစ္ဖက္သားရဲ႕ ေပ်ာ့ကြက္ကိုသိေနမွျဖစ္မွာေပါ့။ဒီလို ခ်စ္စရာငဒူ System ေလးကေတာ့ ဘယ္လိုလိမ္ရမလဲဆိုတာ ဘယ္သိပါ့မလဲ။ဒီလို အခ်က္လက္ေတြကို အစ္ထုတ္ဖို႔ဆိုတာ အရမ္းလြယ္ကူတယ္ေလ။ေနာက္ေျခလွမ္းတစ္ခုက ဘယ္လိုညႇိႏိႈင္းၾကမလဲဆိုတာေဆြးေႏြးလိုက္႐ုံပဲေလ။ဒီလိုနည္းလမ္းသုံးၿပီး တစ္ဖက္သားကို အဆက္မျပတ္ေနာက္ဆုတ္ေစ
ၿပီး အေလွ်ာ့အတင္းလြယ္လုပ္လို႔ရတယ္။႐ွဲ႕ဟယ္က အစကတည္းက အသာစီးရေနၿပီးသားျဖစ္ေနၿပီ.......

[TN: 4 ဆိုတာ တ႐ုတ္အသံထြက္အရ ေသတယ္ဆိုတဲ့စကားလုံးနဲ႔အသံထြက္ဆင္တယ္။ 8 က်ေတာ့ႂကြယ္ဝခ်မ္းသာတာနဲ႔အသံထြက္ဆင္တယ္။6 က်ေတာ့ awesome ဆိုတာကိုသုံးတဲ့ ဘန္းစကားပါ။ 520 ကေတာ့ I love you ကိုရည္ၫႊန္းၿပီး ၊ 1314 ကေတာ့ ဘဝတစ္သက္တာဆိုတာကိုရည္ၫႊန္းပါတယ္။
ပထမအပိုင္းကတင္ သူမ်ား ၃ ပိုင္းစာေလာက္႐ွိတဲ့အတြက္ အပိုင္းခဏခြဲမယ္ေနာ္ ၂ ပိုင္းေလာက္ပဲခြဲမွာပါ😁😁]

Fortsett å les

You'll Also Like

60.1K 5.9K 97
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
313K 15.5K 65
Love is a thing that if you'll find, never can see it but you will meet this nearly or by chance.
595K 41K 41
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
361K 10.1K 16
ခရမ်းရောင်ဟာ အာရှတိုက်ရဲ့ မဟာအဆန်ဆုံးအရောင်တစ်ရောင်တဲ့။​ခရမ်းရောင် မိဖုရားကတော့ကိုယ့်တစ်ဘဝလုံးအတွက် မဟာအဆန်ဆုံး ပိုင်စိုးသူပေါ့ ဒေါ်ခင်မင်းရှိန်။