My Heart In Parallel Universe

Par Vnoring

4.1K 520 51

My love is being well live in another world & other people who look like me! ∆Jay×Sunghoon(Benjamin)∆ Plus

Chapter-1. 0
Chapter-1. 1
Chapter-1. 2
Chapter-1. 3
Chapter-2. 1
Chapter-2. 2
Chapter-2. 3
Final Chapter

Chapter-2. 0

270 49 4
Par Vnoring

++Unicode++

"လွမ်းသူ့ဘဝင်"

သူမရှိတဲ့အခါ
‌နေမင်းကိုလည်း ဘဝင်မကျ
လမင်းကိုလည်း ရန်တွေ့ချင်တယ်
နေ,ဝင်ချိန်ရော၊လ,သာချိန်ရော
ရပ်တန့်ပေးပါအုံး
ငါ, အချစ်ကို လွမ်းလို့။

........................................................

ကမ်းမလော့နန်းတော်............

နေ့တိုင်းနီးပါးအလုပ်ရှုပ်နေရသော မိမိနိုင်ငံ့အရေးက ချစ်ရသူကိုလွမ်းခွင့်မပေးခဲ့။ လူခြေတိတ်ချိန်အိပ်ခန်းဆောင်အပြင်မှ လပြည့်ဝန်းကို တချက်သတိပြုမိတော့ ခိုးလွမ်းမိပါသည်။ပုံမှန်အခြေအနေသာဆို ဒီလိုလပြည့်ညမှာ ချစ်သူထံကိုအပြေးသွားမိမှာ။
ယခုညကိုကျော်လွန်ဖို့ အိပ်စက်ခြင်းကအခွင့်မပေး။

ညဘက် အခြားသောလူတွေအတွက် အိပ်စက်အနားယူချိန်ဖြစ်သော်ညားလည်း ဘန်ဂျမင် အတွက်တော့မဟုတ်ချေ။တနေ့လုံး အိမ်နီးချင်းနိုင်ငံဧည့်သည်များကို ဧည့်ဝတ်ကျေစေရပြီး နေရေး၊စားရေး ၊လုံခြုံရေးကအစ သူအထူးပင်ဂရုစိုက်ဆောင်ရွက်ရသည်။မယ်တော်ကတော့ အမျိုးသမီးဧည့်သည်များကို ဂရုတစိုက်ရှိလှသည်။အထူးသဖြင့် ဂေါ်ဒန်မင်းသမီး ရီယာနှင့် အလွန်ပင်ရင်းနှီးစွာနေသည်။

"သားတော်..မအိပ်သေးဘူးလား"

"မယ်တော်"

အခန်းအတွင်းသို့ဝင်လာသော မယ်တော် အန်နာ။

"ဘာတွေတွေးနေတာလဲ?၊ သားတော် ကအရာရာကို တွေးတွေးဆဆ လုပ်တတ်မှန်းသိပါတယ်၊

အခုလည်းနေ့မနားညမနားနဲ့ အနားယူပါအုံး သားတော်ရယ်၊

သဘက်ခါလည်း ညီလာခံနဲ့ နန်းတက်ပွဲ၊ သားတော်အတွက် အလုပ်တွေက များလွန်းတယ်လေ၊

ပင်ပန်းနေတယ်မလား? "

မယ်တော်က ထိုင်နေသော သူ့အနားတွင်ရပ်၍ ဂရုဏမျက်ဝန်းများဖြင့်ကြည့်၍ဆိုလာသည်။ မယ်တော်က ထက်မြတ်လွန်းသောမိန်းမသားတစ်ဦးပင်။ဖခင်ဘုရင်ကြီးကွယ်လွန်ပြီးချိန်မှစ၍ အန္တရာယ်များကြားမှ နိုင်ငံကိုမပျက်ဆီးမပြိုကွဲရန် သားသည်မိခင်က အုပ်ချုပ်ခဲ့သည်။ပင်ပန်းလွန်းနေသော မိခင်ကိုကူညီနိုင်ရန် ငယ်စဉ်ကပင် ဘုရင်တစ်ပါး၏ကျင့်ဝတ်များကို လျှင်မြန်စွာတတ်မြှောက်စေခဲ့သည်။

"မယ်တော်လည်းနားတော့မယ် သားတော်လည်း ကျန်းမာရေးထိခိုက်မယ်"

သူ့ပုခုံးကို ပွတ်သတ်ကာ အနားယူဖို့ တဖွဖွပြောနေသော မယ်တော့်ခါးကို သူဖက်တွယ်လိုက်သည်။

"ငယ်ငယ်ကလို ချော့သိပ်ပါဦး မယ်တော်"

မယ်တော်က သူ့ကိုပြန်လည်ဖက်တွယ်လာသည်။

"ဟုတ်ပါရဲ့ လာ , လာ"

သူ၏ကုတင်ရှိရာ ခေါ်ဆောင်ကာ သူ့ကိုအိပ်ပျော်စေရန် ခြုံစောင်ကိုလွှား၍ ရင်ငွေ့နွေးနွေးမှာ ချော့သိပ်လျက်။သူအိပ်ပျော်လုဆဲဆဲ နဖူးပေါ်သို့ကျရောက်လာသောအနမ်းတပွင့် စိတ်ထဲမှာတော့ ကောင်းသောညပါ နှုတ်ဆက်ချင်သော်လည်း မျက်လုံးများက သစ္စာရှိစွာပင်ဖွင့်မရ။

ထိုညက ခေါင်းမာမာဖြင့် မအိပ်စက်ခဲ့လျှင် ဘန်ဂျမင်အတွက် နောင်တ တရားများရရှိလိမ့်မည်မဟုတ်။

...........................................

ညသန်ခေါင်ယံအချိန်မို့ နန်းတော်တခုလုံး တိတ်ဆိတ်လွန်းနေသည်။

လေပြေအေးအေးတိုက်ခတ်နေတာမို့ အအေးကြောက်သော မင်းသမီး ရီယာ  ပြတင်းတံခါးကို ပိတ်ဖို့ပြင်လိုက်သည်။ထိုစဉ် ပြတင်းတံခါးမှနန်းဆောင်အောက်ဘက်သို့ ငုံကြည့်ရာ အမှတ်မထင်တွေ့ရသော အနက်ရောင်ဝတ်စုံများဖြင့် လူလေးရောက်ထက်မနည်း ဘုရင်မ၏နန်းဆောင်ဘက်သို့ဦးတည်‌ေနကြဟန်။မိမိစိတ်ထင်သည်ပင်လား ဘုရင်မအန်နာ အတွက်စိုးရိမ်မိလေသည်။အပေါ်ဝတ်ရုံကိုခြုံကာ မိမိအခန်းမှ ဘုရင်မ၏နန်းဆောင်ဘက်သို့ အစောင့်အနည်းငယ်ကိုခေါ်ထွက်လာခဲ့လိုက်သည်။

......................................

အခန်းတံခါးပွင့်သံကြားသည်နှင့်တစ်ပြိုင်နက် သတိမြဲသည့် အန်နာက ခေါင်းအုံးအောက်မှဓါးကို အသင့်ဆုပ်ကိုင်ထားပြီးသားဖစ်လေ၏။အခန်းအတွင်းမှ ဝတ်ရုံနက်များဖြင့်လူ၆ယောက် ၊တစ်ယောက်က အန်နာကို တိုက်ခိုက်လာကာ ဘုရင်မတစ်ပါးဖြစ်သည့် အန်နာက တိုက်ရေးခိုက်ရေးကျွမ်းကျင်စွာ ပြန်ခုခံသည်။ သတိမထားမိချိန် အလစ်တိုက်ခံရခြင်းဖြစ်ပြီး သေချာကြံစည်ထားခြင်းလား
အန်နာ၏အစောင့်များပင် အသတ်ခံထားရသည်။ အားနွဲ့သောမိန်းမသားပေမို့ ထိူထဲမှတစ်ယောက်၏ ဓါးက အန်နာ၏ လည်ပင်းကိုတစ်ချက် ၊ကျောဖက်ကို တစ်ချက် ခုတ်ခံလိုက်ရသည်။ကြမ်းပြင်ပေါ်လဲကျသွားသော အန်နာ၏နောက်ဆုံးမြင်ကွင်း က အပြန်အလန်တိုက်ခိုက်နေသောလူတစ်စု ၊ဘန်ဂျမင် နှင့်ဂေါ်ဒန်မင်းသမီး ။

"မယ်တော်"

"ဘုရင်မ အန်နာ"

ဘန်ဂျမင် ကိုင်ထားသောဓါးကိုချကာ ဘုရင်မ အန်နာကိုရင်ခွင်အတွင်း ပွေ့ဖက်ထားမိသည်။

ပြိုကြလာတော့မည့် မျက်ရည်များကို ထိန်းကာ

"သမားတော် မြန်မြန်ခေါ်စမ်း, မယ်တော်,...မယ်တော်, အိပ်မသွားနဲ့အုံးနော်

မယ်တော် ကျတော့်ကိုမြင်လား ?
ခဏပဲတောင့်ခံပေး။"

မယ်တော်၏ငိုက်ကျသွားသော ခေါင်းက တောင့်မခံနိုင်တော့ကြောင်းကို သက်သေပြ‌လေ၏။
အသက်ငွေ့ငွေ့ပင်မရှိတော့သော
သော ခန္ဓာကိုယ်ကို တင်းကျပ်စွာပိုက်ထွေးရင်းအရူးလို အော်ပစ်လိုက်ချင်သည်။မျက်ရည်တွေကိုတော့ သူကျဆင်းခွင့်မပြုပဲ အံကိုကျိတ်ထားမိသည်။

"မယ်တော် ရယ်"

"အမ အန်နာ"

အနားသို့ ရောက်ရှိလာသော ဦးရီးတော် လူဝီနှင့် သမားတော် ‌ ။လူဝီက ဝမ်းနည်းစွာငိုကျွေးတော့သည်။

" ရာရာစစ ငါ့အမကို ဘယ်သူသတ်တာလဲ?"

လူဝီအသံကြောင့် ဘေးကအစောင့်တွေရော အသက်ဝင်လာသည့်သူတွေနှယ် လှုပ်ရှားလာကြသည်။

သေဆုံးနေသော လူ၆ယောက်ဘေးတွင် သွေးစွန်းနေသောဓါးကို မြင်တော့ ရီယာ အံ့ဩမှင်သက်ကာ ကောက်ကိုင်လိုက်သည်။ဂေါ်ဒန်နိုင်ငံ၏စည်းကမ်းအရ နိုင်ငံ၏အမှတ်အသားပါသော ဓါးကိုသာကိုင်ဆောင်ရပြီး မည်သည့်အပြင်လူမှကိုင်ဆောင်ခွင့်မရှိ။ ရီယာ ခေါင်းခြောက်ရ၏

'ဒါက မဖြစ်နိုင်ဘူး ဂေါ်ဒန်နဲ့ ကမ်းမလော့ မည်သည့်ရန်ငြိုးရန်စမှမရှိ'

လူဝီက မင်းသမီး ရီယာ လက်ထဲက ဓါးကိုယူ၍

"ဒါက ဒါက ဂေါ်ဒန်သူရဲကောင်းတွေကိုင်တဲ့ဓါးမလား မင်းသမီး"

မင်းသမီး ရီယာ က လူဝီ၏စကားကို ကြောင်အ,စွာ နားထောင်နေမိသည်။

"မင်းသမီး ရီယာ ဖြေပါ။ ဂေါ်ဒန်သူရဲကောင်းသာလျှင်ကိုင်ခွင့်ရတာမလား"

"ကျမလည်း ဒါကို မယုံနိုင်ဘူး ဒီဓါးတွေက......"

"မင်းသမီး ကရော ဘာလို့ ဒီမှာရှိနေတာလဲ"

လူဝီ၏ကြားဖြတ်စကားကြောင့် အနားမှာရှိသောလူများက  ရီယာကို သံသယမျက်လုံးများဖြင့်ကြည့်လာသည်။

"ကျမ.,...ကျမက....."

ထိုအခါ မယ်တော်ရဲ့သက်မဲ့ခန္ဓာကိုယ်ကို ညင်သာစွာကုတင်ပေါ်သို့‌ပွေ့တင်ရင်း...

"မင်းသမီးရီယာ့ ဖြေရှင်းချက်ကို ကျတော်ကြားချင်တယ်

ကျတော့်ကို လာခေါ်တာလည်း မင်းသမီးပဲ ဒီလိုဖြစ်မယ်ဆိုတာ ဘာလို့သိထားနှင့်တာလဲ

မယ်တော်နဲ့မင်းသမီး က ရင်းနှီးတယ်ထင်ခဲ့တာ မယ်တော်က ဘာအပြစ်များလုပ်ခဲ့ပါသလဲ "

"မဟုတ်ဘူး ဒါက ကျမ နန်းဆောင်ပေါ်က မြင်လို့ ရှင့်ကို အရင်လာသတိပေးမိတာ...ကျမက...."

ရီယာ စကားမဆုံးခင် လူဝီ က

"အစောင့်တွေ ဘာလုပ်နေတာကြတာလဲ မင်းသမီးကို အချုပ်ထဲပို့လိုက်"

"မဟုတ်ဘူး ကျမ မသိဘူး"

အစောင့်နှစ်ယောက်က ရီယာကို ဖမ်းချုပ်ခေါ်ဆောင်သွားလေသည်။

အံကိုကြိတ်ကာ တရစ်ရစ်တက်လာသော ဝမ်းနည်းမှု ၊ ထိန်းချုပ်ထားသော ဒေါသတို့ကြောင့် မိမိလက်သီးကိုပဲကျစ်လစ်စွာဆုပ်ထားမိ၏။ယခု လုပ်ကြံသူအမှန်ပေါ်ပေါက်ရန် ဂေါ်ဒန်ဘုရင်ကိုစစ်ဆေးရမည်။

" ဂေါ်ဒန်ဘုရင် ကို ဆင့်ခေါ်လိုက် "

မယ်တော့်အသက်မဲ့ခန္ဓာကို မရှုစိမ့်စွာကြည့်လျက် ကျောခိုင်းခဲ့ပါသည်။

.................................

"ငါ့သမီးတော်ကိုပြန်လွှတ်ပေးပါ ဘန်ဂျမင်၊
အန်နာ့ကို ငါတို့မသတ်ဘူး ၊ ရီယာနဲ့ရင်းနှီးပြီး ဘာပြဿနာမှလည်းမရှိခဲ့ဘူး။
ငါပြောတာကို ယုံလို့ရတယ်။"

ရာဇပုလ္လင်ထက်တွင်ထိုင်‌နေသော ဘန်ဂျမင် မျက်နှာက ခံစားချက်မရှိ သွေးအေးစွာပင် စကားဆိုလာသည်။

"ဓါးကိစ္စကို ရှင်းပေးပါ အဲ့ဒါဆို ခင်ဗျားစကားကိုယုံမယ်၊
ဘာမှအပြစ်မှမရှိကြောင်းကို သက်သေပြပါ။မဟုတ်ရင် ခင်ဗျားတို့ဘာကြီးပဲဖြစ်နေဖြစ်နေ

ကျတော်ဂရုစိုက်မှမဟုတ်ဘူး။"

"ဟုတ်ပြီ ငါ့သမီးတော် နဲ့တွေ့ခွင့်ပေး
ရီယာက မလိမ်တတ်ဘူး ဆိုတာငါယုံတယ်။သူမ အမှန်ပြောဖို့ကို ငါ့အသက်နဲ့ကျိန်ဆိုမယ်။"

ဒေါသကို ထိန်းမနိုင်စွာ အနားရှိအစောင့်တဦးကိုင်ဆောင်ထားသော ဓါးအိမ်ထဲမှ ဓါးကို ထုတ်၍ ဂေါ်ဒန် ဘုရင်ကိုချိန်ရွယ်လိုက်သည်။တပြိုင်နက် ဂေါ်ဒန်ဘက်မှ စစ်မတ်များနှင့် သူ့ဘက်မှ အစောင့်များက ဓါးအသီးသီးကိုထုတ်၍ တိုက်ခိုက်ကြတော့မည့်အသွင်။

"ခင်ဗျား စကားတစ်ခွန်းထဲက လုံလောက်တဲ့သက်သေလို့ထင်နေတာလား ?
ဒါဆိုကမ္ဘာပေါ်က လူတိုင်းက ငါမဟုတ်ဘူး၊
မလုပ်ဘူးဆို‌တဲ့စကားတွေနဲ့ပဲ အပြစ်တွေအားလုံးက လျော့ပစ်ရမှာလား?"

"မင်းစောင့်ကြည့်နေလိုက် တခုပဲ ငါ့သမီး‌ကို ဆံချည်တမျှင်တောင် မထိခိုက်ပါစေနဲ့ ငါ့သမီးတခုခုဆို စစ်ခင်းပစ်ဖို့ဝန်မလေးဘူး"

နန်းဆောင်ခန်းမအတွင်းမှ ထွက်သွားသော ဂေါ်ဒန်ဘုရင်၏နောက်ကျောကိုကြည့်၍ ကျန်နေခဲ့သူက ဘန်ဂျမင်။သူအားတင်းထားဆဲ။

မယ်တော် ကွယ်လွန်ပြီဟု ကြေညာလိုက်တော့ ကမ်းမလော့တမြို့လုံးပွတ်လောရိုက်ကုန်သည်။ ဝမ်းနည်းဆုတောင်းပွဲများကျင်းပကြ၏ အခြားသော နိုင်ငံများကလည်းဝမ်းနည်းကြောင်းသဝဏ်လွှာပို့ပေးကြသည်။

မြို့ရိုးအပေါ်စီးမှ မြင်နေရသောကမ်းမလော့က ယခင်နေ့များထက် အထီးကျန်လှသည်။မယ်တော်မရှိတော့တဲ့နေ့မှစ၍ ကမ်းလော့၏
ဘုရင်တပါးအဖြစ် ပြည်သူပြည်သားများအတွက် သူကြံ့ခိုင်ရမည်။

သက်သေပင်မယူလာနိုင်သေးသော်လည်းဂေါ်ဒန်ဘုရင်က သမီးဖြစ်သူကို လွတ်ပေးရန် ခဏခဏပြောလာသည်။

နောက်ဆုံးမှာ ဂေါ်ဒန်ဘုရင်က ရီယာဟာ လုပ်ကြံသူမဟုတ်ကြောင်း ‌ပျောက်ဆုံးနေသော ဂေါ်ဒန်သူရဲကောင်းနှစ်ဦး၏အလောင်းများကို ကမ်းမလော့နယ်နမိတ်အတွင်း   တွေ့ရှိကြောင်း သက်သေကိုရှာနိုင်ခဲ့သည်။လုပ်ကြံသူအစစ်အမှန်ကို ဘန်ဂျမင် ထပ်မံရှာဖွေရအုံးမည်။ထို့နောက် မင်းသမီးရီယာအား ဂေါ်ဒန်ဘုရင်ကို လာခေါ်ရန်သဝဏ်လွှာပို့ခဲ့သည်။

............................

"အထင်လွဲမှားမှုများအတွက် ကမ်းမလော့ဘုရင်တပါးအနေဖြင့် ဒူးထောက်တောင်းပန်ပါရစေ"

"မလိုတော့ဘူး ရှင်လဲ ဆုံးရှုံးခဲ့ရတာပဲမလား"

"ဟုတ်ပါတယ် ။မနက်ဖန် ဂေါ်ဒန်ဘုရင်နဲ့မင်းသမီးကို လူအများထဲမှ ထပ်ပီးတောင်းပန်ပါရစေ။"

"ရှင်က ကြင်နာတတ်တဲ့သူပဲ ကျမကို ဖမ်းချုပ်ထားတုန်းကလည်း နှိပ်စက်ခဲ့တာမှမဟုတ်တာ ကျမအဆင်ပြေအောင် ထားပေးခဲ့တာပဲ ရှင်တောင်းပန်ဖို့မလိုပါဘူး"

"ဒါဆို မင်းသမီး ကောင်းကောင်းအနားယူလိုက်ပါအုံး ကျတော် သွားပါအုံးမယ်"

အရိုအသေပြုကာ မင်းသမီးရီယာ ရှေ့မှ ထွက်လာခဲ့သည်။

..........................................

နန်းဆောင်အတွင်းမှ အခင်းအကျင်းများပြုလုပ်ပြင်ဆင်ကာ ဂေါ်ဒန်ဘုရင် လာမည်ကိုစောင့်‌နေရသည်။

"ဦး‌ရီးတော်,..ဦးရီးတော်,"

"‌ပြောပါ မင်းသား"
ဦးရီးတော်၏ပုံစံက တခုခုကိုတွေးပူနေပြီး စိုးရိမ်နေသလို မှိုင်တွေနေ၏

"မင်းသမီးက ဘာလို့မလာသေးတာလဲ?စောစောစီးစီးပြင်ဆင်ပြီး သူ့ဖခင်ကို ထွက်ကြိုသင့်တယ်မလား"

"ဪ ငါ ခေါ်ခိုင်းလိုက်မယ်"

ဦးရီးတော်က အစေခံတဦးကို ခေါ်ခိုင်းလိုက်သည်။
ခဏအကြာ ထိုအစေခံက တုန်လှုပ်စွာပြန်ပြောလာတာကာ ...

"အရှင်, အရှင်..., မင်းသမီးရီယာ

မင်းသမီးရီယာ သေဆုံးနေပါတယ် ကျမသွားခေါ်တော့ သူမ အသက်မရှိတော့ဘူး"

"ဘာ။ ဘယ်လိုဖြစ်လို့......"

သူအပြေးတစ်ပိုင်း မင်းသမီးရှိရာအခန်းကို သွားကြည့်မိသည်။အစေခံ၏ပြောစကားအတိုင်းပင် မင်းသမီးက အဆိပ်မိ၍သေဆုံးနေလေသည်။ဒါဟာ သူတို့နိုင်ငံ၏ ကပ်ဆိုးဆိုက်ရောက်ခြင်းပင်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်း၍ ဘာတွေဖြစ်ကုန်ပြီလဲ သူမသိ။ယခင်ကတည်းက သူကိုယ်တိုင်
အန္တာရယ်များရင်ဆိုင်ဖူးသော်လည်း သူတို့နိုင်ငံဟာ အခြားသောဆူပူမှုများမရှိခဲ့။ကတိတစ်လုံးတန်ဖိုးထားသော သူတို့လိုဘုရင်တွေအတွက် ကတိဖောက်ဖျက်ခဲ့ခြင်းမျိုး။

'ဂေါ်ဒန် ဘုရင် နန်းတော်ကို ရောက်ရှိနေပါပြီ'ဆိုသောစကားက ဘန်ဂျမင်ခေါင်းကို မိုးကြိုးအစင်းတစ်ရာပစ်သကဲ့သို့။

ကူရာမဲ့လွန်းတဲ့သူက လောကဓံကို ခါးစည်းခံနေရပြီ။
၁၉နှစ်အရွယ် မိဘမဲ့ဘုရင်တစ်ပါး။
အားကိုးရာက ဦးရီးတော်တစ်ယာက်သာရှိ‌ေတာ့သည်။မိခင်ဖြစ်သူသာ ရှိခဲ့လျှင် သူကလေးတစ်ယောက်ကဲ့သို့သာ ငိုကြွေးပစ်မိမယ်ထင်ပါရဲ့။

သူ့နိုင်ငံက စစ်ကိုဖန်တီးလိုက်ပြီလေ။

.........................

ဒီအပိုင်းကပျင်းစရာကောင်းနေမလားပဲ။နည်းနည်းလည်းရှည်သွားတယ်။
အချိုတွေမပါဘူး။ဂျုံဆောင်းလေးလည်းမပါလာဘူး။

++Zawgyi++

"လွမ်းသူ့ဘဝင်"

သူမရှိတဲ့အခါ
‌နေမင်းကိုလည်း ဘဝင်မကျ
လမင်းကိုလည်း ရန်တွေ့ချင်တယ်
နေ,ဝင်ချိန်ရော၊လ,သာချိန်ရော
ရပ်တန့်ပေးပါအုံး
ငါ အချစ်ကိုလွမ်းလို့။

........................................................

ကမ်းမလော့နန်းတော်............

နေ့တိုင်းနီးပါးအလုပ်ရှုပ်နေရသော မိမိနိုင်ငံ့အရေးက ချစ်ရသူကိုလွမ်းခွင့်မပေးခဲ့။ လူခြေတိတ်ချိန်အိပ်ခန်းဆောင်အပြင်မှ လပြည့်ဝန်းကို တချက်သတိပြုမိတော့ ခိုးလွမ်းမိပါသည်။ပုံမှန်အခြေအနေသာဆို ဒီလိုလပြည့်ညမှာ ချစ်သူထံကိုအပြေးသွားမိမှာ။
ယခုညကိုကျော်လွန်ဖို့ အိပ်စက်ခြင်းကအခွင့်မပေး။

ညဘက် အခြားသောလူတွေအတွက် အိပ်စက်အနားယူချိန်ဖြစ်သော်ညားလည်း ဘန်ဂျမင် အတွက်တော့မဟုတ်ချေ။တနေ့လုံး အိမ်နီးချင်းနိုင်ငံဧည့်သည်များကို ဧည့်ဝတ်ကျေစေရပြီး နေရေး၊စားရေး ၊လုံခြုံရေးကအစ သူအထူးပင်ဂရုစိုက်ဆောင်ရွက်ရသည်။မယ်တော်ကတော့ အမျိုးသမီးဧည့်သည်များကို ဂရုတစိုက်ရှိလှသည်။အထူးသဖြင့် ဂေါ်ဒန်မင်းသမီး ရီယာနှင့် အလွန်ပင်ရင်းနှီးစွာနေသည်။

"သားတော်..မအိပ်သေးဘူးလား"

"မယ်တော်"

အခန်းအတွင်းသို့ဝင်လာသော မယ်တော် အန်နာ။

"ဘာတွေတွေးနေတာလဲ?၊ သားတော် ကအရာရာကို တွေးတွေးဆဆ လုပ်တတ်မှန်းသိပါတယ်၊

အခုလည်းနေ့မနားညမနားနဲ့ အနားယူပါအုံး သားတော်ရယ်၊

သဘက်ခါလည်း ညီလာခံနဲ့ နန်းတက်ပွဲ၊ သားတော်အတွက် အလုပ်တွေက များလွန်းတယ်လေ၊

ပင်ပန်းနေတယ်မလား? "

မယ်တော်က ထိုင်နေသော သူ့အနားတွေရပ်၍ ဂရုဏမျက်ဝန်းများဖြင့်ကြည့်၍ဆိုလာသည်။ မယ်တော်က ထက်မြတ်လွန်းသောမိန်းမသားတစ်ဦးပင်။ဖခင်ဘုရင်ကြီးကွယ်လွန်ပြီးချိန်မှစ၍ အန္တရာယ်များကြားမှ နိုင်ငံကိုမပျက်ဆီးမပြိုကွဲရန် သားသည်မိခင်က အုပ်ချုပ်ခဲ့သည်။ပင်ပန်းလွန်းနေသော မိခင်ကိုကူညီနိုင်ရန် ငယ်စဉ်ကပင် ဘုရင်တပါး၏ကျင့်ဝတ်များကို လျှင်မြန်စွာတတ်မြှောက်စေခဲ့သည်။

"မယ်တော်လည်းနားတော့မယ် သားတော်လည်း ကျန်းမာရေးထိခိုက်မယ်"

သူ့ပုခုံးကို ပွတ်သတ်ကာ အနားယူဖို့ တဖွဖွပျော်နေသော မယ်တော့်ခါးကို သူဖက်တွယ်လိုက်သည်။

"ငယ်ငယ်ကလို ချော့သိပ်ပါဦး မယ်တော်"

မယ်တော်က သူ့ကိုပြန်လည်ဖက်တွယ်လာသည်။

"ဟုတ္ပါရဲ႕ လာ , လာ"

သူ၏ကုတင်ရှိရာ ခေါ်ဆောင်ကာ သူ့ကိုအိပ်ပျော်စေရန် ခြုံစောင်ကိုလွှား၍ ရင်ငွေ့နွေးနွေးမှာ ချော့သိပ်လျက်။သူအိပ်ပျော်လုဆဲဆဲ နဖူးပေါ်သို့ကျရောက်လာသောအနမ်းတပွင့် စိတ်ထဲမှာတော့ ကောင်းသောညပါ နှုတ်ဆက်ချင်သော်လည်း မျက်လုံးများက သစ္စာရှိစွာပင်ဖွင့်မရ။

ထိုညက ခေါင်းမာမာဖြင့် မအိပ်စက်ခဲ့လျှင် ဘန်ဂျမင်အတွက် နောင်တ တရားများရရှိလိမ့်မည်မဟုတ်။

...........................................

ညသန်ခေါင်ယံအချိန်မို့ နန်းတော်တခုလုံး တိတ်ဆိတ်လွန်းနေသည်။

လေပြေအေးအေးတိုက်ခတ်နေတာမို့ အအေးကြောက်သော မင်းသမီး ရီယာ  ပြတင်းတံခါးကို ပိတ်ဖို့ပြင်လိုက်သည်။ထိုစဉ် ပြတင်းတံခါးမှနန်းဆောင်အောက်ဘက်သို့ ငုံကြည့်ရာ အမှတ်မထင်တွေ့ရသော အနက်ရောင်ဝတ်စုံများဖြင့် လူလေးရောက်ထက်မနည်း ဘုရင်မ၏နန်းဆောင်ဘက်သို့ဦးတည်‌နေကြဟန်။မိမိစိတ်ထင်သည်ပင်လား ဘုရင်မအန်နာ အတွက်စိုးရိမ်မိလေသည်။အပေါ်ဝတ်ရုံကိုခြုံကာ မိမိအခန်းမှ ဘုရင်မ၏နန်းဆောင်ဘက်သို့ အစောင့်အနည်းငယ်ကိုခေါ်ထွက်လာခဲ့လိုက်သည်။

......................................

အခန်းတံခါးပွင့်သံကြားသည်နှင့်တစ်ပြိုင်နက် သတိမြဲသည့် အန်နာက ခေါင်းအုံးအောက်မှဓါးကို အသင့်ဆုပ်ကိုင်ထားပြီးသားဖစ်လေ၏။အခန်းအတွင်းမှ ဝတ်ရုံနက်များဖြင့်လူ၆ယောက် ၊တစ်ယောက်က အန်နာကို တိုက်ခိုက်လာကာ ဘုရင်မတစ်ပါးဖြစ်သည့် အန်နာက တိုက်ရေးခိုက်ရေးကျွမ်းကျင်စွာ ပြန်ခုခံသည်။ သတိမထားမိချိန် အလစ်တိုက်ခံရခြင်းဖြစ်ပြီး သေချာကြံစည်ထားခြင်းလား
အန်နာ၏အစောင့်များပင် အသတ်ခံထားရသည်။ အားနွဲ့သောမိန်းမသားပေမို့ ထိူထဲမှတစ်ယောက်၏ ဓါးက အန်နာ၏ လည်ပင်းကိုတစ်ချက် ၊ကျောဖက်ကို တစ်ချက် ခုတ်ခံလိုက်ရသည်။ကြမ်းပြင်ပေါ်လဲကျသွားသော အန်နာ၏နောက်ဆုံးမြင်ကွင်း က အပြန်အလန်တိုက်ခိုက်နေသောလူတစ်စု ၊ဘန်ဂျမင် နှင့်ဂေါ်ဒန်မင်းသမီး ။

"မယ်တော်"

"ဘုရင္မ အန္နာ"

ဘန်ဂျမင် ကိုင်ထားသောဓါးကိုချကာ ဘုရင်မ အန်နာကိုရင်ခွင်အတွင်း ပွေ့ဖက်ထားမိသည်။

ပြိုကြလာတော့မည့် မျက်ရည်များကို ထိန်းကာ

"သမားတော် မြန်မြန်ခေါ်စမ်း, မယ်တော်,...မယ်တော်, အိပ်မသွားနဲ့အုံးနော်

မယ်တော် ကျတော့်ကိုမြင်လား ?
ခဏပဲတောင့်ခံပေး။"

မယ်တော်၏ငိုက်ကျသွားသော ခေါင်းက တောင့်မခံနိုင်တော့ကြောင်းကို သက်သေပြ‌လေ၏။
အသက်ငွေ့ငွေ့ပင်မရှိတော့သော
သော ခန္ဓာကိုယ်ကို တင်းကျပ်စွာပိုက်ထွေးရင်းအရူးလို အော်ပစ်လိုက်ချင်သည်။မျက်ရည်တွေကိုတော့ သူကျဆင်းခွင့်မပြုပဲ အံကိုကျိတ်ထားမိသည်။

"မယ်တော် ရယ်"

"အမ အန္နာ"

အနားသို့ ရောက်ရှိလာသော ဦးရီးတော် လူဝီနှင့် သမားတော် ‌ ။လူဝီက ဝမ်းနည်းစွာငိုကျွေးတော့သည်။

" ရာရာစစ ငါ့အမကို ဘယ္သူသတ္တာလဲ?"

လူဝီအသံကြောင့် ဘေးကအစောင့်တွေရော အသက်ဝင်လာသည့်သူတွေနှယ် လှုပ်ရှားလာကြသည်။

သေဆုံးနေသော လူ၆ယောက်ဘေးတွင် သွေးစွန်းနေသောဓါးကို မြင်တော့ ရီယာ အံ့ဩမှင်သက်ကာ ကောက်ကိုင်လိုက်သည်။ဂေါ်ဒန်နိုင်ငံ၏စည်းကမ်းအရ နိုင်ငံ၏အမှတ်အသားပါသော ဓါးကိုသာကိုင်ဆောင်ရပြီး မည်သည့်အပြင်လူမှကိုင်ဆောင်ခွင့်မရှိ။ ရီယာ ခေါင်းခြောက်ရ၏

'ဒါက မဖြစ်နိုင်ဘူး ဂေါ်ဒန်နဲ့ ကမ်းမလော့ မည်သည့်ရန်ငြိုးရန်စမှမရှိ'

လူဝီက မင်းသမီး ရီယာ လက်ထဲက ဓါးကိုယူ၍

"ဒါက ဒါက ဂေါ်ဒန်သူရဲကောင်းတွေကိုင်တဲ့ဓါးမလား မင်းသမီး"

မင်းသမီး ရီယာ က လူဝီ၏စကားကို ကြောင်အ,စွာ နားထောင်နေမိသည်။

"မင်းသမီး ရီယာ ဖြေပါ။ ဂေါ်ဒန်သူရဲကောင်းသာလျှင်ကိုင်ခွင့်ရတာမလား"

"ကျမလည်း ဒါကို မယုံနိုင်ဘူး ဒီဓါးတွေက......"

"မင်းသမီး ကရော ဘာလို့ ဒီမှာရှိနေတာလဲ"

လူဝီ၏ကြားဖြတ်စကားကြောင့် အနားမှာရှိသောလူများက  ရီယာကို သံသယမျက်လုံးများဖြင့်ကြည့်လာသည်။

"က်မ.,...က်မက....."

ထိုအခါ မယ်တော်ရဲ့သက်မဲ့ခန္ဓာကိုယ်ကို ညင်သာစွာကုတင်ပေါ်သို့‌ပွေ့တင်ရင်း...

"မင်းသမီးရီယာ့ ဖြေရှင်းချက်ကို ကျတော်ကြားချင်တယ်

ကျတော့်ကို လာခေါ်တာလည်း မင်းသမီးပဲ ဒီလိုဖြစ်မယ်ဆိုတာ ဘာလို့သိထားနှင့်တာလဲ

မယ်တော်နဲ့မင်းသမီး က ရင်းနှီးတယ်ထင်ခဲ့တာ မယ်တော်က ဘာအပြစ်များလုပ်ခဲ့ပါသလဲ "

"မဟုတ်ဘူး ဒါက ကျမ နန်းဆောင်ပေါ်က မြင်လို့ ရှင့်ကို အရင်လာသတိပေးမိတာ...ကျမက...."

ရီယာ စကားမဆုံးခင် လူဝီ က

"အစောင့်တွေ ဘာလုပ်နေတာကြတာလဲ မင်းသမီးကို အချုပ်ထဲပို့လိုက်"

"မဟုတ္ဘူး က်မ မသိဘူး"

အစောင့်နှစ်ယောက်က ရီယာကို ဖမ်းချုပ်ခေါ်ဆောင်သွားလေသည်။

အံကိုကြိတ်ကာ တရစ်ရစ်တက်လာသော ဝမ်းနည်းမှု ၊ ထိန်းချုပ်ထားသော ဒေါသတို့ကြောင့် မိမိလက်သီးကိုပဲကျစ်လစ်စွာဆုပ်ထားမိ၏။ယခု လုပ်ကြံသူအမှန်ပေါ်ပေါက်ရန် ဂေါ်ဒန်ဘုရင်ကိုစစ်ဆေးရမည်။

" ဂေါ်ဒန်ဘုရင် ကို ဆင့်ခေါ်လိုက် "

မယ်တော့်အသက်မဲ့ခန္ဓာကို မရှုစိမ့်စွာကြည့်လျက် ကျောခိုင်းခဲ့ပါသည်။

.................................

"ငါ့သမီးတော်ကိုပြန်လွှတ်ပေးပါ ဘန်ဂျမင်၊
အန်နာ့ကို ငါတို့မသတ်ဘူး ၊ ရီယာနဲ့ရင်းနှီးပြီး ဘာပြဿနာမှလည်းမရှိခဲ့ဘူး။
ငါပြောတာကို ယုံလို့ရတယ်။"

ရာဇပုလ္လင်ထက်တွင်ထိုင်‌နေသော ဘန်ဂျမင် မျက်နှာက ခံစားချက်မရှိ သွေးအေးစွာပင် စကားဆိုလာသည်။

"ဓါးကိစ္စကို ရှင်းပေးပါ အဲ့ဒါဆို ခင်ဗျားစကားကိုယုံမယ်၊
ဘာမှအပြစ်မှမရှိကြောင်းကို သက်သေပြပါ။မဟုတ်ရင် ခင်ဗျားတို့ဘာကြီးပဲဖြစ်နေဖြစ်နေ

ကျတော်ဂရုစိုက်မှမဟုတ်ဘူး။"

"ဟုတ်ပြီ ငါ့သမီးတော် နဲ့တွေ့ခွင့်ပေး
ရီယာက မလိမ်တတ်ဘူး ဆိုတာငါယုံတယ်။သူမ အမှန်ပြောဖို့ကို ငါ့အသက်နဲ့ကျိန်ဆိုမယ်။"

ဒေါသကို ထိန်းမနိုင်စွာ အနားရှိအစောင့်တဦးကိုင်ဆောင်ထားသော ဓါးအိမ်ထဲမှ ဓါးကို ထုတ်၍ ဂေါ်ဒန် ဘုရင်ကိုချိန်ရွယ်လိုက်သည်။တပြိုင်နက် ဂေါ်ဒန်ဘက်မှ စစ်မတ်များနှင့် သူ့ဘက်မှ အစောင့်များက ဓါးအသီးသီးကိုထုတ်၍ တိုက်ခိုက်ကြတော့မည့်အသွင်။

"ခင်ဗျား စကားတစ်ခွန်းထဲက လုံလောက်တဲ့သက်သေလို့ထင်နေတာလား ?
ဒါဆိုကမ႓ာပေါျက လူတိုငျးက ငါမဟုတျဘူး၊
မလုပ်ဘူးဆို‌တဲ့စကားတွေနဲ့ပဲ အပြစ်တွေအားလုံးက လျော့ပစ်ရမှာလား?"

"မင်းစောင့်ကြည့်နေလိုက် တခုပဲ ငါ့သမီး‌ကို ဆံချည်တမျှင်တောင် မထိခိုက်ပါစေနဲ့ ငါ့သမီးတခုခုဆို စစ်ခင်းပစ်ဖို့ဝန်မလေးဘူး"

နန်းဆောင်ခန်းမအတွင်းမှ ထွက်သွားသော ဂေါ်ဒန်ဘုရင်၏နောက်ကျောကိုကြည့်၍ ကျန်နေခဲ့သူက ဘန်ဂျမင်။သူအားတင်းထားဆဲ။

မယ်တော် ကွယ်လွန်ပြီဟု ကြေညာလိုက်တော့ ကမ်းမလော့တမြို့လုံးပွတ်လောရိုက်ကုန်သည်။ ဝမ်းနည်းဆုတောင်းပွဲများကျင်းပကြ၏ အခြားသော နိုင်ငံများကလည်းဝမ်းနည်းကြောင်းသဝဏ်လွှာပို့ပေးကြသည်။

မြို့ရိုးအပေါ်စီးမှ မြင်နေရသောကမ်းမလော့က ယခင်နေ့များထက် အထီးကျန်လှသည်။မယ်တော်မရှိတော့တဲ့နေ့မှစ၍ ကမ်းလော့၏
ဘုရင်တပါးအဖြစ် ပြည်သူပြည်သားများအတွက် သူကြံ့ခိုင်ရမည်။

သက်သေပင်မယူလာနိုင်သေးသော်လည်းဂေါ်ဒန်ဘုရင်က သမီးဖြစ်သူကို လွတ်ပေးရန် ခဏခဏပြောလာသည်။

နောက်ဆုံးမှာ ဂေါ်ဒန်ဘုရင်က ရီယာဟာ လုပ်ကြံသူမဟုတ်ကြောင်း ‌ပျောက်ဆုံးနေသော ဂေါ်ဒန်သူရဲကောင်းနှစ်ဦး၏အလောင်းများကို ကမ်းမလော့နယ်နမိတ်အတွင်း   တွေ့ရှိကြောင်း သက်သေကိုရှာနိုင်ခဲ့သည်။လုပ်ကြံသူအစစ်အမှန်ကို ဘန်ဂျမင် ထပ်မံရှာဖွေရအုံးမည်။ထို့နောက် မင်းသမီးရီယာအား ဂေါ်ဒန်ဘုရင်ကို လာခေါ်ရန်သဝဏ်လွှာပို့ခဲ့သည်။

............................

"အထင်လွဲမှားမှုများအတွက် ကမ်းမလော့ဘုရင်တပါးအနေဖြင့် ဒူးထောက်တောင်းပန်ပါရစေ"

"မလိုတော့ဘူး ရှင်လဲ ဆုံးရှုံးခဲ့ရတာပဲမလား"

"ဟုတ်ပါတယ် ။မနက်ဖန် ဂေါ်ဒန်ဘုရင်နဲ့မင်းသမီးကို လူအများထဲမှ ထပ်ပီးတောင်းပန်ပါရစေ။"

"ရှင်က ကြင်နာတတ်တဲ့သူပဲ ကျမကို ဖမ်းချုပ်ထားတုန်းကလည်း နှိပ်စက်ခဲ့တာမှမဟုတ်တာ ကျမအဆင်ပြေအောင် ထားပေးခဲ့တာပဲ ရှင်တောင်းပန်ဖို့မလိုပါဘူး"

"ဒါဆို မင်းသမီး ကောင်းကောင်းအနားယူလိုက်ပါအုံး ကျတော် သွားပါအုံးမယ်"

အရိုအသေပြုကာ မင်းသမီးရီယာ ရှေ့မှ ထွက်လာခဲ့သည်။

..........................................

နန်းဆောင်အတွင်းမှ အခင်းအကျင်းများပြုလုပ်ပြင်ဆင်ကာ ဂေါ်ဒန်ဘုရင် လာမည်ကိုစောင့်‌နေရသည်။

"ဦး‌ရီးတော်,..ဦးရီးတော်,"

"‌ပြောပါ မင်းသား"
ဦးရီးတော်၏ပုံစံက တခုခုကိုတွေးပူနေပြီး စိုးရိမ်နေသလို မှိုင်တွေနေ၏

"မင်းသမီးက ဘာလို့မလာသေးတာလဲ?စောစောစီးစီးပြင်ဆင်ပြီး သူ့ဖခင်ကို ထွက်ကြိုသင့်တယ်မလား"

"ဪ ငါ ခေါ်ခိုင်းလိုက်မယ်"

ဦးရီးတော်က အစေခံတဦးကို ခေါ်ခိုင်းလိုက်သည်။
ခဏအကြာ ထိုအစေခံက တုန်လှုပ်စွာပြန်ပြောလာတာကာ ...

"အရှင်, အရှင်..., မင်းသမီးရီယာ

မင်းသမီးရီယာ သေဆုံးနေပါတယ် ကျမသွားခေါ်တော့ သူမ အသက်မရှိတော့ဘူး"

"ဘာ။ ဘယ်လိုဖြစ်လို့......"

သူအပြေးတစ်ပိုင်း မင်းသမီးရှိရာအခန်းကို သွားကြည့်မိသည်။အစေခံ၏ပြောစကားအတိုင်းပင် မင်းသမီးက အဆိပ်မိ၍သေဆုံးနေလေသည်။ဒါဟာ သူတို့နိုင်ငံ၏ ကပ်ဆိုးဆိုက်ရောက်ခြင်းပင်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်း၍ ဘာတွေဖြစ်ကုန်ပြီလဲ သူမသိ။ယခင်ကတည်းက သူကိုယ်တိုင်
အန္တာရယ်များရင်ဆိုင်ဖူးသော်လည်း သူတို့နိုင်ငံဟာ အခြားသောဆူပူမှုများမရှိခဲ့။ကတိတစ်လုံးတန်ဖိုးထားသော သူတို့လိုဘုရင်တွေအတွက် ကတိဖောက်ဖျက်ခဲ့ခြင်းမျိုး။

'ဂေါ်ဒန် ဘုရင် နန်းတော်ကို ရောက်ရှိနေပါပြီ'ဆိုသောစကားက ဘန်ဂျမင်ခေါင်းကို မိုးကြိုးအစင်းတစ်ရာပစ်သကဲ့သို့။

ကူရာမဲ့လွန်းတဲ့သူက လောကဓံကို ခါးစည်းခံနေရပြီ။
၁၉နှစ်အရွယ် မိဘမဲ့ဘုရင်တစ်ပါး။
အားကိုးရာက ဦးရီးတော်တစ်ယာက်သာရှိ‌တော့သည်။မိခင်ဖြစ်သူသာ ရှိခဲ့လျှင် သူကလေးတစ်ယောက်ကဲ့သို့သာ ငိုကြွေးပစ်မိမယ်ထင်ပါရဲ့။

သူ့နိုင်ငံက စစ်ကိုဖန်တီးလိုက်ပြီလေ။

.........................

ဒီအပိုင်းကပျင်းစရာကောင်းနေမလားပဲ။နည်းနည်းလည်းရှည်သွားတယ်။
အချိုတွေမပါဘူး။ဂျုံဆောင်းလေးလည်းမပါလာဘူး။

Continuer la Lecture

Vous Aimerez Aussi

2.1K 254 9
"I hate you but l won't stop falling for you"
1.7K 267 7
' He won't ever love you like I do... ' • Written in Burmese Genre - exes to friends to lovers
708 73 5
☆゚ⁱᵐ ᵘʳˢ , ᵘʳ ᵐⁱⁿᵉ*⁠・⁠。゚
231K 16.9K 21
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...