#Unicode
ကျောင်းပြန်ဖွင့်နေပေမယ့် ကျောင်းမအပ်ရသေးတာကြောင့် အပ်တက်တက်ဖို့ ကျောင်းစဖွင့်သည့်ရက်ထဲက စောစောသွားရပေမည်။ ပြည်ကနေ ဟင်္သာတသို့ ကျောင်းသွားတက်ရသည့် ထူးခြားအတွက်ကတော့ ကျောင်းကို အပ်တက် တက်တာက ပို၍အဆင်ပြေပါသည်။
ထို့ကြောင့် ကျောင်းသွားတက်ဖို့ရာအတွက် လိုအပ်သည်များကို ထုတ်ပို့ပြင်ဆင်ရပေသည်။ ခါတိုင်းနှစ်တွေကတော့ ကျောင်းတက်ဖို့ ဆိုင်ကယ်ယူရသည်မို့ ပြည်မှ ဟင်္သာတသို့ ဆိုင်ကယ်မောင်းကာ သွားရသည်။ ခရီးတစ်ဝက်ဖြစ်တဲ့ မြန်အောင်မှာ လမ်းတစ်ထောက် ခဏ နားကာ ဟင်္သာတကို ခရီးဆက်ရသည်ပေါ့။
ဒီနှစ်တော့ ကိုယ့်ချစ်သူ သာထူးအောင်လေးက အဝေးကြီးကလာရတဲ့ ကိုယ့်ကို ဆိုင်ကယ် ယူမလာဖို့ပြောသည်မို့ ကားဖြင့် မြန်အောင်သို့သွားရမည်။ မြန်အောင်မှာနေတဲ့ သာထူးအိမ်မှာ ခဏနားပြီးမှ သာထူးဆိုင်ကယ်ဖြင့် ဟင်္သာတသို့ နှစ်ယောက်အတူ ခရီးဆက်ကြမည် ဖြစ်သည်။
မနက်အစောကြီးကားနှင့် ကားလက်မှတ်ဖြတ်ထားသည်မို့ ကားဂိတ်သို့ ဖေဖေက လိုက်ပို့ပေးလေသည်။
"ဖေဖေ"
"ဟေကွာ"
"ဂရုစိုက်နော်။ ဖေဖေ့ကို တစ်ယောက်ထဲ ထားခဲ့ရတာ စိတ်ပူတယ်"
"မပူပါနဲ့ဗျာ ဖေဖေက သန်တုန်းမြန်တုန်းပါ"
"ကိုလေးကို ဖေဖေနဲ့လာနေဖို့ ပြောထားတယ်။ ကိုလေးမလာရင် သားကို ဖုန်းဆက်နော်"
"ဟုတ်ကဲ့ပါဗျာ။ ဒါနဲ့ သားဆိုင်ကယ် ယူမသွားလို့ တကယ်ဖြစ်ပါတယ်နော်"
"ဟုတ် ဖြစ်တယ်ဖေဖေ။ သားကောင်လေးက ယူမလာနဲ့လို့ သေချာမှာထားတာ"
"ဟုတ်ပါပြီဗျာ။ ဖေ့သားလေး အဆင်ပြေရင် ပြီးတာပါပဲ။ ဖေသွားပြီနော်"
"ဟုတ်"
ငယ်စဉ်ထဲက မေမေမရှိတော့သည့် ထူးခြားအတွက်တော့ ဖေဖေကပဲ အဖေ၊ ဖေဖေကပဲ အမေ ဖြစ်ခဲ့သည်။ အဖေတစ်ခု သားတစ်ခုမို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကာ အချစ်ပိုခဲ့ရသည်။ ဖေဖေ့ကို နားလည်မှုအပြည့် အပေးနိုင်ဆုံး လူသားကလည်း ကိုယ်ပဲဖြစ်သလို ကိုယ့်ကို နားလည်မှုအပြည့် အပေးနိုင်ဆုံးသူကလည်း ဖေဖေပဲဖြစ်ခဲ့သည်။
သားချစ်သူက ကောင်လေးပါလို့ ပြောခဲ့တဲ့နေ့က ဖေဖေအံ့ဩလိမ့်မယ်လို့ ထင်ခဲ့မိပေမယ့် ဖေဖေပြန်ပြောခဲ့တဲ့ စကားက ကိုယ့်ကို ပြန်ပြီး မျက်ရည်ကျစေခဲ့သည်။
"ဖေဖေ့သားလေးက ဖေ့အတွက်တော့ အဖိုးတန်ရတနာလေးမို့ ဖေ့သားလေးရဲ့ ဖြစ်တည်မှုတိုင်းကလည်း ဖေဖေ့အတွက်တော့ အဖိုးတန်တယ်။ သားရဲ့ပျော်ရွှင်မှုက ဖေဖေ့ရဲ့ ပျော်ရွှင်မှုပါ။ သားပျော်ရွှင်ရမယ့် ချစ်ခြင်းတရားကို သားကိုယ်တိုင် ပြုစုပျိုးထောင်ပါ။ ဖေဖေက ဘေးကနေ ပံ့ပိုးပေးမှာ"
သုံးနှစ်သားအရွယ်မှာ ဖေဖေနဲ့ကိုယ့်ကို ပစ်ထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားခဲ့တဲ့ မေမေ့အပေါ်ထားရှိတဲ့ အမုန်းတရားတွေကလည်း ဖေဖေ့ကြောင့်ပဲ ပျောက်ကွယ်ခဲ့ရသည်။ အမေကအမေပဲမို့ အမုန်းတွေနဲ့ ငရဲကြီးမခံပါနဲ့လို့ အခါခါနားချသည်မို့ နောက်ဆုံးတော့ မေမေ့ကို ချစ်ခြင်းမုန်းခြင်း အလျဉ်းမရှိတော့တဲ့အထိ ဥပေက္ခာပြုထားနိုင်ခဲ့ပါသည်။
အရာရာကို ခွင့်လွှတ်တတ်သည့် လူအေးကြီး ဖေဖေကတော့ အမုန်းတွေကြောင့် မပူလောင်ချင်ဘူးတဲ့လေ။ လူ့ဘဝ နေရတဲ့ အခိုက်အတန့် ခဏလေးမှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ပဲ နေသွားချင်သည်တဲ့။
ကားစီသည့် တစ်လျှောက်လုံး အတွေးတွေနဲ့ လက်ပစ်ကူးနေခဲ့ပြီး မှေးခနဲ အိပ်ပျော်သွားရသည်။ မြန်အောင်ကားဂိတ်ကို ရောက်တော့မှ အိပ်ရာနိုးခဲ့သည်။
ကားပေါ်ကဆင်းတော့ ပထမဆုံးတွေ့ရသည်က ကိုယ့်ချစ်သူလေး၏ မျက်နှာပါ။ ကားပေါ်ကဆင်းလာတဲ့ ကိုယ့်အနားကို သာထူးက ပြေးလာလေသည်။
"ပေးအထုပ်"
"ရတယ် ငါနိုင်ပါတယ်"
"ဒီတစ်ထုပ်ထဲပဲလား"
"အင်း"
"နည်းနည်းလေးရယ်"
"ကျောင်းပိတ်တုန်းက အဆောင်မှာ အကုန်ထားခဲ့တာ ဘာမှ ယူမလာခဲ့ဘူး။ အဲ့ကြောင့် ယူရမှာက နည်းနည်းပဲရှိတာ"
"အင်း ဗိုက်ဆာနေပြီလား"
"ဟင့်အင် သိပ်မစာသေးဘူး"
"မင်း လာမယ်ဆိုလို့ မေမေက မင်းကြိုက်တဲ့ဟင်းတွေ ချက်ထားပေးတယ်"
"တကယ်"
"အင်း"
နှစ်ယောက်သား စကားလေးပြောရင်း ဆိုင်ကယ်မောင်းလာခဲ့ပြီး ခဏကြာတော့ သာထူးက မုန့်ဆိုင်ရှေ့မှာ ခဏရပ်ကာ ဆိုင်ထဲသို့ ဝင်သွားလေသည်။ ဆိုင်ထဲက ချက်ချင်း ပြန်ထွက်လာကာ ဆိုင်ကယ်မောင်းလာခဲ့ပြီး သိပ်မကြာခင်ပဲ သာထူးအိမ်ကို ခဏလေးဖြင့် ရောက်လာပေသည်။
"မင်းအိမ်က ကားဂိတ်နဲ့ နီးသားပဲ"
"အင်း နီးနီးလေးရယ်"
သာထူးတို့အိမ်ထဲကို ဝင်ဝင်ချင်း တွေ့ရသည်က သာထူးနဲ့ကိုယ့်ကို လူချင်းမှားပြီး ပြေးဖက်သည့် သာထူးညီ အငယ်ဆုံးလေးပင်။
"ကိုကို မုန့်ပါရား"
"အဟားးးး သားငယ်လေး အပေါ်ကိုလည်း သေချာမော့ကြည့်ပါဦး ဘယ်သူလဲလို့"
သာထူးစကားကြောင့် ကလေးလေးက အပေါ်ကို မော့လာကာ ကိုယ့်ကို တော်တော်ကြာသည်အထိ စိုက်ကြည့်ပြီးမှ လူမှားသွားမှန်း သိပုံရပေသည်။
"ကိုကိုရဲ မဟုတ်ဘူး"
"ကိုကိုက ဒီမှာလေဗျာ"
"မုန့်"
"အင့်"
ပဲနို့ဘူးလေး လက်ထဲထည့်ပေးလိုက်တော့ ကလေးလေးက ပဲနို့ဘူးလေးယူကာ အိမ်ထဲ ပြေးဝင်သွားလေသည်။
"ခုန မုန့်ဆိုင်ထဲ ဝင်သွားတာ အငယ်လေးဖို့လား"
"အင်း။ ငါအပြင်ကနေ ပြန်လာတာနဲ့ သူ့ဖို့ အမြဲမမေ့မလျော့ မုန့်ဝယ်ရတယ်။ ခဏလေးပဲထွက်ထွက် အကြာကြီးပဲ ထွက်ထွက် အိမ်ထဲက ထွက်သွားပြီး အိမ်ထဲပြန်ဝင်လာတာနဲ့ သူ့အတွက်မုန့်ပါလားလို့ မေးတတ်တာ"
"ဟမ် ဈေးသွားတာ မဟုတ်လည်းပဲ ဝယ်လာပေးရတယ်လား"
"အိမ်ထဲက ထွက်သွားတာနဲ့ ဘယ်အချိန်ပဲ ပြန်လာ ပြန်လာ သူဖို့ မုန့်ပါမှ"
"ဪ . . ."
စကားပြောနေတုန်းမှာပဲ သာထူးမေမေက အိမ်ထဲခန်းထဲက ထွက်လာလေသည်။
"ထူးခြားလေး ရောက်နေပြီလား"
"ဟုတ် မေချစ်"
"မေချစ်က အိမ်ထဲမှာ သားထူးအတွက် အထုပ်အပိုး ပြင်ပေးနေတာ"
"သာထူးက ကိုယ့်ဘာကို မထည့်ဘူးလား"
"မထည့်ပါဘူးသားရယ်။ သူဘယ်သွားသွား သူ့အထုပ်အပိုးကို မေချစ်ပဲ ပြင်ပေးရတာ"
"ဟင် ကိုယ်လိုအပ်တာကို ကိုယ်ပဲသိမှာပေါ့။ ကိုယ့်ဘာကို ထည့်တာမဟုတ်ဘူး"
"အဲ့တာပြောတာသားရေ။ ကိုယ့်ဘာကိုယ်လည်း မထည့်ဘူး။ မေချစ်ထည့်လို့ တစ်ခုခုလိုသွားရင်လည်း မေချစ်တို့ကဗျာ သေချာမထည့်ဘူး။ ဘာမပါလာဘူး ညာမပါလားဘူးနဲ့ စိတ်က ကောက်သေးတာ သားသူငယ်ချင်းက"
"မေချစ် သူ့ကို အလိုမလိုက်နဲ့တော့"
"နောက်မလိုက်တော့ပါဘူးတော်"
မေမေနဲ့ဖေဖေက သားထူးလို့ ခေါ်ကြပေမယ့် သူငယ်ချင်းတွေကတော့ နာမည်က သာထူးအောင်မို့ သာထူးဟူ၍သာ ခေါ်ကြလေသည်။ တကယ်တော့ မေမေက ငယ်ငယ်လေးပဲ ရှိသေးတာပါ။ အသက်၁၄နှစ်ကျော်မှာ အိမ်ထောင်ကျသည့်မေမေနဲ့ သာထူးနဲ့က အသက်၁၆နှစ်သာ ကွာပေသည်။ ဖေဖေကတော့ မေမေ့ထက် အသက်၉နှစ်ကြီးပါသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသည့်မေမေနဲ့ သာထူးနဲ့က အသက်သိပ်မကွာသည်မို့ မောင်နှစ်မတွေလို ဖြစ်နေပေသည်။ ဖေဖေနဲ့မေမေက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လူငယ်ဆန်စွာ နေကြသည်မို့ သာထူးကို သူငယ်ချင်းပေါင်းသာ ပေါင်းကြပေသည်။
မေမေ့နာမည်က ဒေါ်ချစ်နှင်းဝေမို့ တခြားသူတွေရှေ့မှာဆို မေမေ့ကို မေချစ်လို့ခေါ်ပြီး မိသားစုပဲ သီးသန့်ရှိတဲ့အခါမျိုးမှာမှ မေမေလို့ ခေါ်တာပါ။ အဆောင်ကို ခဏခဏ လိုက်လာတဲ့ မေမေ့ကို သူငယ်ချင်းတွေက ခင်မင်ရင်းနှီးနေကြတာမို့ သာထူးခေါ်သည့်အတိုင်း မေချစ်ဟူ၍သာ လိုက်ခေါ်ကြလေသည်။
မေမေက သာထူးတို့တစ်ဖွဲ့လုံးနဲ့ ခင်မင်ရင်းနှီးပေမယ့် သာထူးနဲ့ အတူတူနေတဲ့ လင်းရာကို ပို၍ ခင်လေသည်။
"သားလာ။ မေချစ်က သားကြိုက်တယ်ပြောတဲ့ ဟင်းတွေ အကုန်ချက်ထားပေးထားတာ"
"ကျေးဇူးပါ မေချစ်။ သားတော့ မေ့ချစ်လက်ရာကို စားရချည်သေးရဲ့"
"အားရပါးရသာစား။ နေ့ခင်းနေ့လယ် တရေးတမော အိပ်ပြီးမှ ဟင်္သာတကို သွားကြ။ ဟုတ်ပြီလား"
"ဟုတ် မေချစ်"
မေချစ်ပြင်ဆင်ပေးတဲ့ ထမင်းကို အားရပါးရစားပြီး ခဏ အနားယူဖြစ်ခဲ့သည်။ နေ့ခင်း ၂နာရီလောက်မှာ ဆိုင်ကယ်ပေါ် အထုပ်အပိုးများတင်ကာ ဟင်္သာတသို့ သွားဖို့ ပြင်ဆင်လိုက်သည်။
"ငါမောင်းမယ် သာထူး"
"အင်း လမ်းတစ်ဝက်လောက်ကြရင် ငါမောင်းပေးမယ်"
"Ok မေချစ် သွားပြီနော်"
"မေမေ သားသွားပြီနော်"
"ဆိုင်ကယ် ဂရုစိုက်ပြီး မောင်းကြနော် သားတို့"
"ဟုတ် မေချစ်"
"သားငယ်လေး ကိုကိုသွားပြီ"
"ပြန်ရာရင် မုန့်ဝယ်ခဲ့"
"အင်း ဝယ်ခဲ့မယ်။ မေမေ အလတ်ကောင်ဖို့ သားအခန်းထဲမှာ မုန့်ဖိုးထားခဲ့ပေးတယ်လို့ ပြောပေးနော်။ ထားနေကြနေရာမှာပဲလို့"
"အင်း ပြောလိုက်မယ်"
"သွားပြီ"
"အင်း"
မေချစ်ကိုနှုတ်ဆက်ပြီး ဆိုင်ကယ်ကို မောင်းထွက်လာခဲ့ကြသည်။ ခရီးကဝေးသည်မို့ မြန်မြန်မောင်းခဲ့လိုက်သည်။ ဆိုင်ကယ်မောင်းရင်း နားကြပ်လေး တစ်ယောက်တစ်ဖက်တပ်ကာ သီချင်းနားထောင်ဖြစ်သည်။ လမ်းမကြီးပေါ် လူရှင်းသည့်အခါ သီချင်းအော်ဆိုခဲ့ကြသလို တစ်ခါတလေမှာ သာထူးက ထူးခြားခါးလေးကို လာလာ ဖက်တတ်ပါသေးသည်။
ချစ်ရသူကို ဆိုင်ကယ်နောက်မှာတင်ကာ High Way လမ်းမကြီးပေါ် ဆိုင်ကယ်လေးမောင်းရင်း သီချင်းနားထောင်ပြီး သီချင်းတွေ အော်ဆိုရသည့် အရသာက ဘာနဲ့မှမတူပေ။ တစ်ခါတစ်လေမှာ ဆိုင်ကယ်မောင်းရင်းက ထူးခြားမျက်နှာလေးကို နောက်မှာကပ်ထိုင်နေသည့် သာထူးနှာခေါင်းလေးနှင့် အနီးဆုံးသို့ စောင်းငဲ့ပေးလိုက်သည့်အခါတိုင်း အနမ်းတစ်ပွင့် လက်ခံရရှိတတ်ပါသေးသည်။
ဆိုင်ကယ်မောင်းလို့ ညောင်းလာသည့်အခါတိုင်း တစ်ယောက်နှင့်တစ်ယောက်လဲလှယ်ပြီး ဆိုင်ကယ်မောင်းဖြစ်ခဲ့သည်။
"ထူးခြား"
"ဟင်"
"မင်း ငါ့အဆောင်မှာ တကယ်နေမှာပါနော်"
"တကယ်နေမှာပါဆိုကွာ။ အဆောင်မှာ ငါနဲ့ခင်တဲ့ ကိုကြီးစစ်ပိုင်ရော ကိုကြီးချမ်းမြေ့ရော မရှိတော့ဘူး။ ငါတစ်ယောက်ထဲရယ် ကျန်ခဲ့တာ။ အဲ့ကြောင့် စိတ်ချ မင်းနဲ့ လာနေမှာ"
"အာဆို ခု ဟင်္သာတရောက်တာနဲ့ ငါ့အဆောင်ကို တစ်ခါထဲ လိုက်ခဲ့"
"Ok ဗျာ"
သာထူးရဲ့တောင်းဆိုမှုကြောင့် ဟင်္သာတကိုရောက်တဲ့အခါ သာထူးအဆောင်ကို တစ်ခါထဲ လိုက်လာခဲ့ရပေသည်။
အဆောင်ရောက်တော့ ညနေစောင်းပြီမို့ ရေမိုးချိုးကာ ညနေစာထွက်စားဖြစ်ခဲ့ကြသည်။ နှစ်လတာခွဲခဲ့ရတဲ့ ဦးပါရဲကန်ဘောင်ကိုလည်း အလွမ်းပြေ ရောက်ဖြစ်ခဲ့သည်။
"သာထူး"
"ဟင်"
"ဖေဖေက မင်းကို အပြင်မှာ မြင်ဘူးချင်နေတာ"
"ငါတော့ တွေ့ရမှာ ကြောက်တယ်"
"တွေ့ရမှာ ကြောက်လည်း တွေ့ရမှာပဲ။ ပထမနှစ်ဝက်ထဲမှာ ဟင်္သာတကို လိုက်လာခဲ့မယ်လို့ ပြောတယ်"
"ယောက္ခမကြီးနဲ့တွေ့ဖို့ ကြိုတင်အားမွေးထားရမှာပေါ့"
"အင်း"
"ဒါနဲ့ လင်းရာ အစုတ်ပလုတ်ကောင်က မလာသေးဘူးလား"
"မလာမယ့်အပြင် သူ့ကိုပါ ကျောင်းအပ်ပေးပါဆိုပြီး ငါ့ကို ဓာတ်ပုံတောင် လှမ်းပို့ထားလိုက်သေးတယ် ကိုယ်တော်ချောက။ ပိုက်ဆံလည်း စိုက်ထားပေးပါတဲ့"
လွန်ခဲ့တဲ့ နှစ်ရက်လောက်ထဲက လင်းရာက ထူးခြားကို ဖုန်းဆက်ပြီး ကျောင်းအပ်ပေးဖို့ ပြောခဲ့တာပါ။ ညကမှ ကျောင်းအပ်ဖို့အတွက် လိုအပ်တဲ့ Passport ပုံကို Gmailကနေ ပို့ပေးခဲ့တာပင်။
"သူကတော့ ဟိုမှာ သူ့လူကြီးနဲ့ သာယာနေတာကိုး ဘယ်လာမလဲ။ ဘယ်တော့ ပြန်လာမယ်ပြောလဲ"
"Welcome ရောက်ဖို့ လေးငါးရက်လောက်အလိုမှ လာခဲ့မယ်ပြောတာပဲ"
"သာယာလိုက်တာကွာ။ လင်းရာကို အားတောင်ကျတယ်"
"အားမကျနဲ့ မောင်သာထူးရဲ့။ သူက နှစ်လလောက်အတူနေပြီး လေးလလောက်ခွဲရမှာ။ ငါတို့က နှစ်လပဲခွဲပြီး လေးလလောက် အတူတူနေရမှာ။ အားကျမယ့်ကျ သူကငါတို့ကို ကျရမှာ"
"ဒါလည်း ဟုတ်တာပဲ"
"အင်း"
ထွေရာလေးပါ စကားတွေပြောရင်း ကန်ဘောင်က ပြန်လာဖြစ်ခဲ့ကြသည်။ အတူတူအိပ်ရမည်ဆိုတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရင်ခုန်ရပြန်သေးသည်။
"ငါတို့ တစ်ယောက်ကို တစ်ယောက် မထိဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အိပ်ရအောင်လေ"
သာထူးစကားကိုကြားတော့ နည်းနည်းလေးတော့ အံ့ဩသွားမိသည်။
"ဘာလို့လဲ"
"မင်းနဲ့ နှစ်ယောက်ထဲ ရှိတဲ့အချိန်ဆို ကိုယ့်စိတ်ကိုယ် ထိန်းလို့ မနိုင်ဘူး"
"ငါက မင်းကို နမ်းချင်နေတာ"
"ငါရောပဲ"
"ခဏလောက်ဖြစ်ဖြစ် နမ်းရအောင်လေ"
"ခဏလေးပဲနော်"
"အင်း"
နှစ်လတာ လွမ်းခဲ့ရတဲ့ ဒီနှုတ်ခမ်း နှစ်လတာဝေးခဲ့ရတဲ့ ဒီအထိအတွေ့က လူကိုဓာတ်လိုက်သလိုပဲ ခန္ဓာကိုယ်တစ်လျှောက် တောင့်တင်းပြီး ကျဉ်တက်လာသည်အထိ ခံစားရလေသည်။
ညှင်သာလွန်းတဲ့အနမ်း နွေးထွေးတဲ့နှုတ်ခမ်းပါးတစ်စုံ ယစ်မူးဖွယ် ရှိုက်သံသဲ့သဲ့ သာယာလွန်းတဲ့စိတ်က တပ်မက်မိတဲ့ တစ်စုံတစ်ရာကို ဦးတည်နေခဲ့မိသည်။
ဦးတည်ရာဆီကို လက်လှမ်းတဲ့အခါ ကြောက်လန့်စွာ လှမ်းကိုင်လိုက်တဲ့ လက်ဖဝါးလေးကြောင့် ခဏတာ ရပ်လိုက်ပြီး တောင်းခံသည့်မျက်ဝန်းတစ်စုံဖြင့် သူ့ကိုငေးကြည့်လိုက်မိသည်။
"ကိုယ့်ကို ရှေ့ဆက်ခွင့် ပြုမယ် မဟုတ်လားဟင်"
"ငါတို့ အဆင်ပြေပါ့မလား"
"အဆင်ပြေသွားမှာမို့ စိတ်ကို လျှော့ချထားပေးနော်"
ကိုယ့်စကားကို ခေါင့်ငြိမ့်ပြလာတဲ့ သူ့မျက်ဝန်းလေးတွေမှာ ကြောက်ရွံမှုတွေ အပြည့်ပင်။
သူအဆင်ပြေဖို့ရာ အစပျိုးပေးတော့ ရှက်ရွံစွာဖြင့် ကိုယ့်ကို ငုံ့ကြည့်လာလေသည်။ သူ့အကြည့်တွေကို လျစ်လျူရှုရင်း သူလေးကို အဆုံးထိ ဆွဲခေါ်ခဲ့လိုက်သည်။
သူ့ကို ချော့မြူရင်း စိတ်ကို ဆွပေးတဲ့အခါ ကိုယ့်ရဲ့ စိတ်တွေလည်း အဆုံးစွန်ထိ ရောက်ရှိနေခဲ့ပါပြီ။ သူပိုင်ဆိုင်ရာ အရပ်ဆီကို အလည်သွားတဲ့အခါ ကိုယ်ပိုင်ပစ္စည်းကို နေရာယူဖို့ အဆင်မပြေပြန်ပေ။
"ငါတို့ တခုခု လွဲနေသလားလို့"
"အင်း နေရာယူတာက အဆင်မပြေဘူး"
"တခုခုလိုအပ်တယ်လို့ မထင်ဘူးလား"
"ငါ့လွယ်အိတ်ထဲမှာ သံလွင်ဆီဘူးလေးရှိတယ်။ အဲ့တာကို သုံးလို့ရမယ်ထင်တယ်"
သူပြောတဲ့လွယ်အိတ်ထဲကို ရှာကြည့်ပြီး သံလွင်ဆီဘူးလေးကို ထုတ်ယူလိုက်သည်။ သံလွင်ဆီကို အသုံးပြုတဲ့အခါ အဆင်ပြေချောမွေ့စွာဖြင့် နေရာယူနိုင်ခဲ့လေသည်။
စည်းချက်ညီစွာ အလုပ်လုပ်တဲ့အခါ အကျောအချဉ်တွေ စုရုန်းကာ ပိုမိုသန်မာလာပြီး စိတ်ကို ခွန်အားတွေပေးလာခဲ့သည်မို့ ပို၍ ပို၍ မြန်ဆန်လာခဲ့ပေသည်။ စိတ်ရဲ့ အလိုကို လိုက်မိတဲ့အခါ ပိုမိုပြင်းထန်လာခဲ့ရသည်။
"အ . . . ဖြည်းဖြည်း"
"နာနေပြီလား"
"ဟင့်အင် စိတ်သိပ်ထိန်းလို့ မရတော့လို့"
ပူလောင်မှုက တစ်ဆထက်တစ်ဆ တိုးလာတဲ့အခါ စိတ်ခံစားမှုက တစ်ဆထက်တစ်ဆ မြင့်တက်လာခဲ့သည်။
စည်းချက်တွေမြန်ဆန်လာတဲ့အခါ ခံစားမှုက အထွဋ်အထိပ်ဆီသို့ ရောက်လာခဲ့ပြီး နောက်ဆုံးမှာ လေဟာနယ်ထဲ ရောက်သွားခဲ့ရပါတော့သည်။ ပြီးမြောက်သွားတဲ့ ခံစားမှုက အဆုံးအစမဲ့။
စိတ်ဆန္ဒတွေ ပြည့်စုံသွားတဲ့အခါ မောဟိုက်မှုက နေရာယူလာခဲ့လေသည်။
"ငါတို့ တူတူအိပ်လို့ မဖြစ်ဘူး"
"အင်း နောက်နေ့ကစပြီး အိပ်ရာခွဲအိပ်သင့်ပြီ"
"တစ်ယောက်တစ်ခန်း ခွဲနေရအောင်"
"အင်း . . . မနက်ဖြန်ကစပြီး ခွဲအိပ်ကြတာပေါ့"
ခဏလေးဆိုသော အနမ်းကနေ အဆုံးအစမဲ့တဲ့ ခံစားမှုသို့ ရောက်ရှိခဲ့ပြီး မောပန်းစွာ အိပ်ရာဝင်ခဲ့ကြရသည်။ ချိုမြိန်ခဲ့တာတော့ အမှန်။ ဘာနဲ့မှ လဲလို့မရတဲ့ ချိုမြိန်မှုကို ခံစားခဲ့ရလေသည်။
နောက်တစ်နေ့ မနက်မိုးလင်းတဲ့အခါ တစ်စုံတစ်ယောက်သောသူက မထနိုင်တော့သည်မို့ တစ်စုံတစ်ယောက်သောသူကပဲ ကျောင်းသွားအပ်ခဲ့ရပေသည်။
ကျောင်းကို တစ်ယောက်ထဲလာခဲ့ပြီး သုံးယောက်စာ ကျောင်းအပ်ခဲ့ရသည်မို့ နည်းနည်းလေးတော့ ဗျာများခဲ့ရသည်။ ကျောင်းအပ်ပြီးတဲ့အခါ တစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေတာမို့ ကျောင်းမတက်ချင်သလို ခါးကိုက်၍ အဆောင်မှာ ကျန်ခဲ့ရသည့် နေမကောင်းသည့်သူကို စိတ်မချတာမို့ အဆောင်ကို အမြန်ပြန်လာခဲ့လိုက်သည်။
"အဆင်ပြေရဲ့လား"
"အင်း"
"ခါးရော ကိုက်သေးလား"
"အင်း"
"ကိုယ်ဝယ်ပေးထားခဲ့တဲ့ မနက်စာရော စားဖြစ်လား"
"အင်း"
"ဆေးတွေရော သောက်ဖြစ်လား"
"အင်း"
"ကိုယ်ပူသေးလား"
"ဟင့်အင်"
"အင်း နဲ့ ဟင့်အင်ပဲ ပြောတော့မှာလား"
"ခုနကမှ မင်းဝယ်ပေးခဲ့တဲ့ မုန့်ကိုစားပြီး ဆေးသောက်ထားတာ။ ခုအရမ်းအိပ်ချင်နေပြီမို့ အိပ်တော့မယ်။ ဘာမှမပြောဘဲ ငြိမ်ငြိမ်နေပေးပါ"
"အင်း ချစ်တယ်"
အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ နဖူးကို အနမ်းလေးပေးပြီး အိပ်ရာပေါ်မှာ ဝင်လှဲလိုက်သည်။
"မင်းအခန်း မင်းပြန်အိပ်"
"တစ်ယောက်ထဲနေရမှာ အထီးကျန်တယ်"
"အမခေါ်ထားလေ"
"ဒီအထီးလေး အနားမှာပဲ နေချင်တာ"
"ငါ အိပ်ချင်ပြီ"
"ကိုယ့်ရင်ခွင်ထဲမှာ အိပ်လေ"
"အင်း"
ရင်ခွင်ထဲကို တိုးဝင်လာတဲ့ကောင်လေးကို ဖက်ထားပြီး အိပ်စက်လိုက်သည်။ ချစ်ရသူကို ရင်ခွင်ထဲထည့်ပြီး အိပ်ရတာကလည်း သာယာတစ်မျိုးပင်။ ဒီကောင်လေးနဲ့ ပတ်သက်တဲ့ အရာမှန်သမျှက ကိုယ့်အတွက်တော့ ချိုမြိန်ခြင်းတွေချည်းပါပဲ။ တစ်ခါတစ်ခါ ရန်ဖြစ်ရတာက လွဲလို့ပေါ့။ ဒါပေမဲ့ ပြောမယ့်သာ ပြောရတာ ကျွန်တော်သူနဲ့ ရန်ဖြစ်ရတာကို ပျော်ပါသည်။ ရန်ဖြစ်ပြီး ပြန်ချစ်ရတဲ့အချိန်ကို ပိုသဘောကျသည်။ ကျွန်တော်တို့ ခဏလောက် အိပ်စက်လိုက်ဦးမယ်နော်။
[A/N] => ဘယ်သူက အပေါ်ရောက်သွားတာပါလဲရှင်။
Sat, Sep 11 ( 11/9/2021/Sat)
************
#Zawgyi
ေက်ာင္းျပန္ဖြင့္ေနေပမယ့္ ေက်ာင္းမအပ္ရေသးတာေၾကာင့္ အပ္တက္တက္ဖို႔ ေက်ာင္းစဖြင့္သည့္ရက္ထဲက ေစာေစာသြားရေပမည္။ ျပည္ကေန ဟသၤာတသို႔ ေက်ာင္းသြားတက္ရသည့္ ထူးျခားအတြက္ကေတာ့ ေက်ာင္းကို အပ္တက္ တက္တာက ပို၍အဆင္ေျပပါသည္။
ထို႔ေၾကာင့္ ေက်ာင္းသြားတက္ဖို႔ရာအတြက္ လိုအပ္သည္မ်ားကို ထုတ္ပို႔ျပင္ဆင္ရေပသည္။ ခါတိုင္းႏွစ္ေတြကေတာ့ ေက်ာင္းတက္ဖို႔ ဆိုင္ကယ္ယူရသည္မို႔ ျပည္မွ ဟသၤာတသို႔ ဆိုင္ကယ္ေမာင္းကာ သြားရသည္။ ခရီးတစ္ဝက္ျဖစ္တဲ့ ျမန္ေအာင္မွာ လမ္းတစ္ေထာက္ ခဏ နားကာ ဟသၤာတကို ခရီးဆက္ရသည္ေပါ့။
ဒီႏွစ္ေတာ့ ကိုယ့္ခ်စ္သူ သာထူးေအာင္ေလးက အေဝးႀကီးကလာရတဲ့ ကိုယ့္ကို ဆိုင္ကယ္ ယူမလာဖို႔ေျပာသည္မို႔ ကားျဖင့္ ျမန္ေအာင္သို႔သြားရမည္။ ျမန္ေအာင္မွာေနတဲ့ သာထူးအိမ္မွာ ခဏနားၿပီးမွ သာထူးဆိုင္ကယ္ျဖင့္ ဟသၤာတသို႔ ႏွစ္ေယာက္အတူ ခရီးဆက္ၾကမည္ ျဖစ္သည္။
မနက္အေစာႀကီးကားႏွင့္ ကားလက္မွတ္ျဖတ္ထားသည္မို႔ ကားဂိတ္သို႔ ေဖေဖက လိုက္ပို႔ေပးေလသည္။
"ေဖေဖ"
"ေဟကြာ"
"ဂ႐ုစိုက္ေနာ္။ ေဖေဖ့ကို တစ္ေယာက္ထဲ ထားခဲ့ရတာ စိတ္ပူတယ္"
"မပူပါနဲ႔ဗ်ာ ေဖေဖက သန္တုန္းျမန္တုန္းပါ"
"ကိုေလးကို ေဖေဖနဲ႔လာေနဖို႔ ေျပာထားတယ္။ ကိုေလးမလာရင္ သားကို ဖုန္းဆက္ေနာ္"
"ဟုတ္ကဲ့ပါဗ်ာ။ ဒါနဲ႔ သားဆိုင္ကယ္ ယူမသြားလို႔ တကယ္ျဖစ္ပါတယ္ေနာ္"
"ဟုတ္ ျဖစ္တယ္ေဖေဖ။ သားေကာင္ေလးက ယူမလာနဲ႔လို႔ ေသခ်ာမွာထားတာ"
"ဟုတ္ပါၿပီဗ်ာ။ ေဖ့သားေလး အဆင္ေျပရင္ ၿပီးတာပါပဲ။ ေဖသြားၿပီေနာ္"
"ဟုတ္"
ငယ္စဥ္ထဲက ေမေမမရွိေတာ့သည့္ ထူးျခားအတြက္ေတာ့ ေဖေဖကပဲ အေဖ၊ ေဖေဖကပဲ အေမ ျဖစ္ခဲ့သည္။ အေဖတစ္ခု သားတစ္ခုမို႔ တစ္ေယာက္ကို တစ္ေယာက္ ဂ႐ုစိုက္ကာ အခ်စ္ပိုခဲ့ရသည္။ ေဖေဖ့ကို နားလည္မႈအျပည့္ အေပးနိုင္ဆုံး လူသားကလည္း ကိုယ္ပဲျဖစ္သလို ကိုယ့္ကို နားလည္မႈအျပည့္ အေပးနိုင္ဆုံးသူကလည္း ေဖေဖပဲျဖစ္ခဲ့သည္။
သားခ်စ္သူက ေကာင္ေလးပါလို႔ ေျပာခဲ့တဲ့ေန႔က ေဖေဖအံ့ဩလိမ့္မယ္လို႔ ထင္ခဲ့မိေပမယ့္ ေဖေဖျပန္ေျပာခဲ့တဲ့ စကားက ကိုယ့္ကို ျပန္ၿပီး မ်က္ရည္က်ေစခဲ့သည္။
"ေဖေဖ့သားေလးက ေဖ့အတြက္ေတာ့ အဖိုးတန္ရတနာေလးမို႔ ေဖ့သားေလးရဲ့ ျဖစ္တည္မႈတိုင္းကလည္း ေဖေဖ့အတြက္ေတာ့ အဖိုးတန္တယ္။ သားရဲ့ေပ်ာ္ရႊင္မႈက ေဖေဖ့ရဲ့ ေပ်ာ္ရႊင္မႈပါ။ သားေပ်ာ္ရႊင္ရမယ့္ ခ်စ္ျခင္းတရားကို သားကိုယ္တိုင္ ျပဳစုပ်ိဳးေထာင္ပါ။ ေဖေဖက ေဘးကေန ပံ့ပိုးေပးမွာ"
သုံးႏွစ္သားအရြယ္မွာ ေဖေဖနဲ႔ကိုယ့္ကို ပစ္ထားခဲ့ၿပီး ေနာက္အိမ္ေထာင္ျပဳသြားခဲ့တဲ့ ေမေမ့အေပၚထားရွိတဲ့ အမုန္းတရားေတြကလည္း ေဖေဖ့ေၾကာင့္ပဲ ေပ်ာက္ကြယ္ခဲ့ရသည္။ အေမကအေမပဲမို႔ အမုန္းေတြနဲ႔ ငရဲႀကီးမခံပါနဲ႔လို႔ အခါခါနားခ်သည္မို႔ ေနာက္ဆုံးေတာ့ ေမေမ့ကို ခ်စ္ျခင္းမုန္းျခင္း အလ်ဥ္းမရွိေတာ့တဲ့အထိ ဥေပကၡာျပဳထားနိုင္ခဲ့ပါသည္။
အရာရာကို ခြင့္လႊတ္တတ္သည့္ လူေအးႀကီး ေဖေဖကေတာ့ အမုန္းေတြေၾကာင့္ မပူေလာင္ခ်င္ဘူးတဲ့ေလ။ လူ႔ဘဝ ေနရတဲ့ အခိုက္အတန႔္ ခဏေလးမွာ စိတ္ခ်မ္းသာေပ်ာ္ရႊင္စြာနဲ႔ပဲ ေနသြားခ်င္သည္တဲ့။
ကားစီသည့္ တစ္ေလၽွာက္လုံး အေတြးေတြနဲ႔ လက္ပစ္ကူးေနခဲ့ၿပီး ေမွးခနဲ အိပ္ေပ်ာ္သြားရသည္။ ျမန္ေအာင္ကားဂိတ္ကို ေရာက္ေတာ့မွ အိပ္ရာနိုးခဲ့သည္။
ကားေပၚကဆင္းေတာ့ ပထမဆုံးေတြ႕ရသည္က ကိုယ့္ခ်စ္သူေလး၏ မ်က္ႏွာပါ။ ကားေပၚကဆင္းလာတဲ့ ကိုယ့္အနားကို သာထူးက ေျပးလာေလသည္။
"ေပးအထုပ္"
"ရတယ္ ငါနိုင္ပါတယ္"
"ဒီတစ္ထုပ္ထဲပဲလား"
"အင္း"
"နည္းနည္းေလးရယ္"
"ေက်ာင္းပိတ္တုန္းက အေဆာင္မွာ အကုန္ထားခဲ့တာ ဘာမွ ယူမလာခဲ့ဘူး။ အဲ့ေၾကာင့္ ယူရမွာက နည္းနည္းပဲရွိတာ"
"အင္း ဗိုက္ဆာေနၿပီလား"
"ဟင့္အင္ သိပ္မစာေသးဘူး"
"မင္း လာမယ္ဆိုလို႔ ေမေမက မင္းႀကိဳက္တဲ့ဟင္းေတြ ခ်က္ထားေပးတယ္"
"တကယ္"
"အင္း"
ႏွစ္ေယာက္သား စကားေလးေျပာရင္း ဆိုင္ကယ္ေမာင္းလာခဲ့ၿပီး ခဏၾကာေတာ့ သာထူးက မုန႔္ဆိုင္ေရွ႕မွာ ခဏရပ္ကာ ဆိုင္ထဲသို႔ ဝင္သြားေလသည္။ ဆိုင္ထဲက ခ်က္ခ်င္း ျပန္ထြက္လာကာ ဆိုင္ကယ္ေမာင္းလာခဲ့ၿပီး သိပ္မၾကာခင္ပဲ သာထူးအိမ္ကို ခဏေလးျဖင့္ ေရာက္လာေပသည္။
"မင္းအိမ္က ကားဂိတ္နဲ႔ နီးသားပဲ"
"အင္း နီးနီးေလးရယ္"
သာထူးတို႔အိမ္ထဲကို ဝင္ဝင္ခ်င္း ေတြ႕ရသည္က သာထူးနဲ႔ကိုယ့္ကို လူခ်င္းမွားၿပီး ေျပးဖက္သည့္ သာထူးညီ အငယ္ဆုံးေလးပင္။
"ကိုကို မုန႔္ပါရား"
"အဟားးးး သားငယ္ေလး အေပၚကိုလည္း ေသခ်ာေမာ့ၾကည့္ပါဦး ဘယ္သူလဲလို႔"
သာထူးစကားေၾကာင့္ ကေလးေလးက အေပၚကို ေမာ့လာကာ ကိုယ့္ကို ေတာ္ေတာ္ၾကာသည္အထိ စိုက္ၾကည့္ၿပီးမွ လူမွားသြားမွန္း သိပုံရေပသည္။
"ကိုကိုရဲ မဟုတ္ဘူး"
"ကိုကိုက ဒီမွာေလဗ်ာ"
"မုန႔္"
"အင့္"
ပဲနို႔ဘူးေလး လက္ထဲထည့္ေပးလိုက္ေတာ့ ကေလးေလးက ပဲနို႔ဘူးေလးယူကာ အိမ္ထဲ ေျပးဝင္သြားေလသည္။
"ခုန မုန႔္ဆိုင္ထဲ ဝင္သြားတာ အငယ္ေလးဖို႔လား"
"အင္း။ ငါအျပင္ကေန ျပန္လာတာနဲ႔ သူ႔ဖို႔ အျမဲမေမ့မေလ်ာ့ မုန႔္ဝယ္ရတယ္။ ခဏေလးပဲထြက္ထြက္ အၾကာႀကီးပဲ ထြက္ထြက္ အိမ္ထဲက ထြက္သြားၿပီး အိမ္ထဲျပန္ဝင္လာတာနဲ႔ သူ႔အတြက္မုန႔္ပါလားလို႔ ေမးတတ္တာ"
"ဟမ္ ေဈးသြားတာ မဟုတ္လည္းပဲ ဝယ္လာေပးရတယ္လား"
"အိမ္ထဲက ထြက္သြားတာနဲ႔ ဘယ္အခ်ိန္ပဲ ျပန္လာ ျပန္လာ သူဖို႔ မုန႔္ပါမွ"
"ဪ . . ."
စကားေျပာေနတုန္းမွာပဲ သာထူးေမေမက အိမ္ထဲခန္းထဲက ထြက္လာေလသည္။
"ထူးျခားေလး ေရာက္ေနၿပီလား"
"ဟုတ္ ေမခ်စ္"
"ေမခ်စ္က အိမ္ထဲမွာ သားထူးအတြက္ အထုပ္အပိုး ျပင္ေပးေနတာ"
"သာထူးက ကိုယ့္ဘာကို မထည့္ဘူးလား"
"မထည့္ပါဘူးသားရယ္။ သူဘယ္သြားသြား သူ႔အထုပ္အပိုးကို ေမခ်စ္ပဲ ျပင္ေပးရတာ"
"ဟင္ ကိုယ္လိုအပ္တာကို ကိုယ္ပဲသိမွာေပါ့။ ကိုယ့္ဘာကို ထည့္တာမဟုတ္ဘူး"
"အဲ့တာေျပာတာသားေရ။ ကိုယ့္ဘာကိုယ္လည္း မထည့္ဘူး။ ေမခ်စ္ထည့္လို႔ တစ္ခုခုလိုသြားရင္လည္း ေမခ်စ္တို႔ကဗ်ာ ေသခ်ာမထည့္ဘူး။ ဘာမပါလာဘူး ညာမပါလားဘူးနဲ႔ စိတ္က ေကာက္ေသးတာ သားသူငယ္ခ်င္းက"
"ေမခ်စ္ သူ႔ကို အလိုမလိုက္နဲ႔ေတာ့"
"ေနာက္မလိုက္ေတာ့ပါဘူးေတာ္"
ေမေမနဲ႔ေဖေဖက သားထူးလို႔ ေခၚၾကေပမယ့္ သူငယ္ခ်င္းေတြကေတာ့ နာမည္က သာထူးေအာင္မို႔ သာထူးဟူ၍သာ ေခၚၾကေလသည္။ တကယ္ေတာ့ ေမေမက ငယ္ငယ္ေလးပဲ ရွိေသးတာပါ။ အသက္၁၄ႏွစ္ေက်ာ္မွာ အိမ္ေထာင္က်သည့္ေမေမနဲ႔ သာထူးနဲ႔က အသက္၁၆ႏွစ္သာ ကြာေပသည္။ ေဖေဖကေတာ့ ေမေမ့ထက္ အသက္၉ႏွစ္ႀကီးပါသည္။
ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်သည့္ေမေမနဲ႔ သာထူးနဲ႔က အသက္သိပ္မကြာသည္မို႔ ေမာင္ႏွစ္မေတြလို ျဖစ္ေနေပသည္။ ေဖေဖနဲ႔ေမေမက လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါး လူငယ္ဆန္စြာ ေနၾကသည္မို႔ သာထူးကို သူငယ္ခ်င္းေပါင္းသာ ေပါင္းၾကေပသည္။
ေမေမ့နာမည္က ေဒၚခ်စ္ႏွင္းေဝမို႔ တျခားသူေတြေရွ႕မွာဆို ေမေမ့ကို ေမခ်စ္လို႔ေခၚၿပီး မိသားစုပဲ သီးသန႔္ရွိတဲ့အခါမ်ိဳးမွာမွ ေမေမလို႔ ေခၚတာပါ။ အေဆာင္ကို ခဏခဏ လိုက္လာတဲ့ ေမေမ့ကို သူငယ္ခ်င္းေတြက ခင္မင္ရင္းႏွီးေနၾကတာမို႔ သာထူးေခၚသည့္အတိုင္း ေမခ်စ္ဟူ၍သာ လိုက္ေခၚၾကေလသည္။
ေမေမက သာထူးတို႔တစ္ဖြဲ႕လုံးနဲ႔ ခင္မင္ရင္းႏွီးေပမယ့္ သာထူးနဲ႔ အတူတူေနတဲ့ လင္းရာကို ပို၍ ခင္ေလသည္။
"သားလာ။ ေမခ်စ္က သားႀကိဳက္တယ္ေျပာတဲ့ ဟင္းေတြ အကုန္ခ်က္ထားေပးထားတာ"
"ေက်းဇူးပါ ေမခ်စ္။ သားေတာ့ ေမ့ခ်စ္လက္ရာကို စားရခ်ည္ေသးရဲ့"
"အားရပါးရသာစား။ ေန႔ခင္းေန႔လယ္ တေရးတေမာ အိပ္ၿပီးမွ ဟသၤာတကို သြားၾက။ ဟုတ္ၿပီလား"
"ဟုတ္ ေမခ်စ္"
ေမခ်စ္ျပင္ဆင္ေပးတဲ့ ထမင္းကို အားရပါးရစားၿပီး ခဏ အနားယူျဖစ္ခဲ့သည္။ ေန႔ခင္း ၂နာရီေလာက္မွာ ဆိုင္ကယ္ေပၚ အထုပ္အပိုးမ်ားတင္ကာ ဟသၤာတသို႔ သြားဖို႔ ျပင္ဆင္လိုက္သည္။
"ငါေမာင္းမယ္ သာထူး"
"အင္း လမ္းတစ္ဝက္ေလာက္ၾကရင္ ငါေမာင္းေပးမယ္"
"Ok ေမခ်စ္ သြားၿပီေနာ္"
"ေမေမ သားသြားၿပီေနာ္"
"ဆိုင္ကယ္ ဂ႐ုစိုက္ၿပီး ေမာင္းၾကေနာ္ သားတို႔"
"ဟုတ္ ေမခ်စ္"
"သားငယ္ေလး ကိုကိုသြားၿပီ"
"ျပန္ရာရင္ မုန႔္ဝယ္ခဲ့"
"အင္း ဝယ္ခဲ့မယ္။ ေမေမ အလတ္ေကာင္ဖို႔ သားအခန္းထဲမွာ မုန႔္ဖိုးထားခဲ့ေပးတယ္လို႔ ေျပာေပးေနာ္။ ထားေနၾကေနရာမွာပဲလို႔"
"အင္း ေျပာလိုက္မယ္"
"သြားၿပီ"
"အင္း"
ေမခ်စ္ကိုႏႈတ္ဆက္ၿပီး ဆိုင္ကယ္ကို ေမာင္းထြက္လာခဲ့ၾကသည္။ ခရီးကေဝးသည္မို႔ ျမန္ျမန္ေမာင္းခဲ့လိုက္သည္။ ဆိုင္ကယ္ေမာင္းရင္း နားၾကပ္ေလး တစ္ေယာက္တစ္ဖက္တပ္ကာ သီခ်င္းနားေထာင္ျဖစ္သည္။ လမ္းမႀကီးေပၚ လူရွင္းသည့္အခါ သီခ်င္းေအာ္ဆိုခဲ့ၾကသလို တစ္ခါတေလမွာ သာထူးက ထူးျခားခါးေလးကို လာလာ ဖက္တတ္ပါေသးသည္။
ခ်စ္ရသူကို ဆိုင္ကယ္ေနာက္မွာတင္ကာ High Way လမ္းမႀကီးေပၚ ဆိုင္ကယ္ေလးေမာင္းရင္း သီခ်င္းနားေထာင္ၿပီး သီခ်င္းေတြ ေအာ္ဆိုရသည့္ အရသာက ဘာနဲ႔မွမတူေပ။ တစ္ခါတစ္ေလမွာ ဆိုင္ကယ္ေမာင္းရင္းက ထူးျခားမ်က္ႏွာေလးကို ေနာက္မွာကပ္ထိုင္ေနသည့္ သာထူးႏွာေခါင္းေလးႏွင့္ အနီးဆုံးသို႔ ေစာင္းငဲ့ေပးလိုက္သည့္အခါတိုင္း အနမ္းတစ္ပြင့္ လက္ခံရရွိတတ္ပါေသးသည္။
ဆိုင္ကယ္ေမာင္းလို႔ ေညာင္းလာသည့္အခါတိုင္း တစ္ေယာက္ႏွင့္တစ္ေယာက္လဲလွယ္ၿပီး ဆိုင္ကယ္ေမာင္းျဖစ္ခဲ့သည္။
"ထူးျခား"
"ဟင္"
"မင္း ငါ့အေဆာင္မွာ တကယ္ေနမွာပါေနာ္"
"တကယ္ေနမွာပါဆိုကြာ။ အေဆာင္မွာ ငါနဲ႔ခင္တဲ့ ကိုႀကီးစစ္ပိုင္ေရာ ကိုႀကီးခ်မ္းေျမ့ေရာ မရွိေတာ့ဘူး။ ငါတစ္ေယာက္ထဲရယ္ က်န္ခဲ့တာ။ အဲ့ေၾကာင့္ စိတ္ခ် မင္းနဲ႔ လာေနမွာ"
"အာဆို ခု ဟသၤာတေရာက္တာနဲ႔ ငါ့အေဆာင္ကို တစ္ခါထဲ လိုက္ခဲ့"
"Ok ဗ်ာ"
သာထူးရဲ့ေတာင္းဆိုမႈေၾကာင့္ ဟသၤာတကိုေရာက္တဲ့အခါ သာထူးအေဆာင္ကို တစ္ခါထဲ လိုက္လာခဲ့ရေပသည္။
အေဆာင္ေရာက္ေတာ့ ညေနေစာင္းၿပီမို႔ ေရမိုးခ်ိဳးကာ ညေနစာထြက္စားျဖစ္ခဲ့ၾကသည္။ ႏွစ္လတာခြဲခဲ့ရတဲ့ ဦးပါရဲကန္ေဘာင္ကိုလည္း အလြမ္းေၿပ ေရာက္ျဖစ္ခဲ့သည္။
"သာထူး"
"ဟင္"
"ေဖေဖက မင္းကို အျပင္မွာ ျမင္ဘူးခ်င္ေနတာ"
"ငါေတာ့ ေတြ႕ရမွာ ေၾကာက္တယ္"
"ေတြ႕ရမွာ ေၾကာက္လည္း ေတြ႕ရမွာပဲ။ ပထမႏွစ္ဝက္ထဲမွာ ဟသၤာတကို လိုက္လာခဲ့မယ္လို႔ ေျပာတယ္"
"ေယာကၡမႀကီးနဲ႔ေတြ႕ဖို႔ ႀကိဳတင္အားေမြးထားရမွာေပါ့"
"အင္း"
"ဒါနဲ႔ လင္းရာ အစုတ္ပလုတ္ေကာင္က မလာေသးဘူးလား"
"မလာမယ့္အျပင္ သူ႔ကိုပါ ေက်ာင္းအပ္ေပးပါဆိုၿပီး ငါ့ကို ဓာတ္ပုံေတာင္ လွမ္းပို႔ထားလိုက္ေသးတယ္ ကိုယ္ေတာ္ေခ်ာက။ ပိုက္ဆံလည္း စိုက္ထားေပးပါတဲ့"
လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ထဲက လင္းရာက ထူးျခားကို ဖုန္းဆက္ၿပီး ေက်ာင္းအပ္ေပးဖို႔ ေျပာခဲ့တာပါ။ ညကမွ ေက်ာင္းအပ္ဖို႔အတြက္ လိုအပ္တဲ့ Passport ပုံကို Gmailကေန ပို႔ေပးခဲ့တာပင္။
"သူကေတာ့ ဟိုမွာ သူ႔လူႀကီးနဲ႔ သာယာေနတာကိုး ဘယ္လာမလဲ။ ဘယ္ေတာ့ ျပန္လာမယ္ေျပာလဲ"
"Welcome ေရာက္ဖို႔ ေလးငါးရက္ေလာက္အလိုမွ လာခဲ့မယ္ေျပာတာပဲ"
"သာယာလိုက္တာကြာ။ လင္းရာကို အားေတာင္က်တယ္"
"အားမက်နဲ႔ ေမာင္သာထူးရဲ့။ သူက ႏွစ္လေလာက္အတူေနၿပီး ေလးလေလာက္ခြဲရမွာ။ ငါတို႔က ႏွစ္လပဲခြဲၿပီး ေလးလေလာက္ အတူတူေနရမွာ။ အားက်မယ့္က် သူကငါတို႔ကို က်ရမွာ"
"ဒါလည္း ဟုတ္တာပဲ"
"အင္း"
ေထြရာေလးပါ စကားေတြေျပာရင္း ကန္ေဘာင္က ျပန္လာျဖစ္ခဲ့ၾကသည္။ အတူတူအိပ္ရမည္ဆိုေတာ့ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ ရင္ခုန္ရျပန္ေသးသည္။
"ငါတို႔ တစ္ေယာက္ကို တစ္ေယာက္ မထိဘဲ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း အိပ္ရေအာင္ေလ"
သာထူးစကားကိုၾကားေတာ့ နည္းနည္းေလးေတာ့ အံ့ဩသြားမိသည္။
"ဘာလို႔လဲ"
"မင္းနဲ႔ ႏွစ္ေယာက္ထဲ ရွိတဲ့အခ်ိန္ဆို ကိုယ့္စိတ္ကိုယ္ ထိန္းလို႔ မနိုင္ဘူး"
"ငါက မင္းကို နမ္းခ်င္ေနတာ"
"ငါေရာပဲ"
"ခဏေလာက္ျဖစ္ျဖစ္ နမ္းရေအာင္ေလ"
"ခဏေလးပဲေနာ္"
"အင္း"
ႏွစ္လတာ လြမ္းခဲ့ရတဲ့ ဒီႏႈတ္ခမ္း ႏွစ္လတာေဝးခဲ့ရတဲ့ ဒီအထိအေတြ႕က လူကိုဓာတ္လိုက္သလိုပဲ ခႏၶာကိုယ္တစ္ေလၽွာက္ ေတာင့္တင္းၿပီး က်ဥ္တက္လာသည္အထိ ခံစားရေလသည္။
ညႇင္သာလြန္းတဲ့အနမ္း ေႏြးေထြးတဲ့ႏႈတ္ခမ္းပါးတစ္စုံ ယစ္မူးဖြယ္ ရွိုက္သံသဲ့သဲ့ သာယာလြန္းတဲ့စိတ္က တပ္မက္မိတဲ့ တစ္စုံတစ္ရာကို ဦးတည္ေနခဲ့မိသည္။
ဦးတည္ရာဆီကို လက္လွမ္းတဲ့အခါ ေၾကာက္လန႔္စြာ လွမ္းကိုင္လိုက္တဲ့ လက္ဖဝါးေလးေၾကာင့္ ခဏတာ ရပ္လိုက္ၿပီး ေတာင္းခံသည့္မ်က္ဝန္းတစ္စုံျဖင့္ သူ႔ကိုေငးၾကည့္လိုက္မိသည္။
"ကိုယ့္ကို ေရွ႕ဆက္ခြင့္ ျပဳမယ္ မဟုတ္လားဟင္"
"ငါတို႔ အဆင္ေျပပါ့မလား"
"အဆင္ေျပသြားမွာမို႔ စိတ္ကို ေလၽွာ့ခ်ထားေပးေနာ္"
ကိုယ့္စကားကို ေခါင့္ၿငိမ့္ျပလာတဲ့ သူ႔မ်က္ဝန္းေလးေတြမွာ ေၾကာက္ရြံမႈေတြ အျပည့္ပင္။
သူအဆင္ေျပဖို႔ရာ အစပ်ိဳးေပးေတာ့ ရွက္ရြံစြာျဖင့္ ကိုယ့္ကို ငုံ႔ၾကည့္လာေလသည္။ သူ႔အၾကည့္ေတြကို လ်စ္လ်ဴရႈရင္း သူေလးကို အဆုံးထိ ဆြဲေခၚခဲ့လိုက္သည္။
သူ႔ကို ေခ်ာ့ျမဴရင္း စိတ္ကို ဆြေပးတဲ့အခါ ကိုယ့္ရဲ့ စိတ္ေတြလည္း အဆုံးစြန္ထိ ေရာက္ရွိေနခဲ့ပါၿပီ။ သူပိုင္ဆိုင္ရာ အရပ္ဆီကို အလည္သြားတဲ့အခါ ကိုယ္ပိုင္ပစၥည္းကို ေနရာယူဖို႔ အဆင္မေျပျပန္ေပ။
"ငါတို႔ တခုခု လြဲေနသလားလို႔"
"အင္း ေနရာယူတာက အဆင္မေျပဘူး"
"တခုခုလိုအပ္တယ္လို႔ မထင္ဘူးလား"
"ငါ့လြယ္အိတ္ထဲမွာ သံလြင္ဆီဘူးေလးရွိတယ္။ အဲ့တာကို သုံးလို႔ရမယ္ထင္တယ္"
သူေျပာတဲ့လြယ္အိတ္ထဲကို ရွာၾကည့္ၿပီး သံလြင္ဆီဘူးေလးကို ထုတ္ယူလိုက္သည္။ သံလြင္ဆီကို အသုံးျပဳတဲ့အခါ အဆင္ေျပေခ်ာေမြ႕စြာျဖင့္ ေနရာယူနိုင္ခဲ့ေလသည္။
စည္းခ်က္ညီစြာ အလုပ္လုပ္တဲ့အခါ အေက်ာအခ်ဥ္ေတြ စု႐ုန္းကာ ပိုမိုသန္မာလာၿပီး စိတ္ကို ခြန္အားေတြေပးလာခဲ့သည္မို႔ ပို၍ ပို၍ ျမန္ဆန္လာခဲ့ေပသည္။ စိတ္ရဲ့ အလိုကို လိုက္မိတဲ့အခါ ပိုမိုျပင္းထန္လာခဲ့ရသည္။
"အ . . . ျဖည္းျဖည္း"
"နာေနၿပီလား"
"ဟင့္အင္ စိတ္သိပ္ထိန္းလို႔ မရေတာ့လို႔"
ပူေလာင္မႈက တစ္ဆထက္တစ္ဆ တိုးလာတဲ့အခါ စိတ္ခံစားမႈက တစ္ဆထက္တစ္ဆ ျမင့္တက္လာခဲ့သည္။
စည္းခ်က္ေတြျမန္ဆန္လာတဲ့အခါ ခံစားမႈက အထြဋ္အထိပ္ဆီသို႔ ေရာက္လာခဲ့ၿပီး ေနာက္ဆုံးမွာ ေလဟာနယ္ထဲ ေရာက္သြားခဲ့ရပါေတာ့သည္။ ၿပီးေျမာက္သြားတဲ့ ခံစားမႈက အဆုံးအစမဲ့။
စိတ္ဆႏၵေတြ ျပည့္စုံသြားတဲ့အခါ ေမာဟိုက္မႈက ေနရာယူလာခဲ့ေလသည္။
"ငါတို႔ တူတူအိပ္လို႔ မျဖစ္ဘူး"
"အင္း ေနာက္ေန႔ကစၿပီး အိပ္ရာခြဲအိပ္သင့္ၿပီ"
"တစ္ေယာက္တစ္ခန္း ခြဲေနရေအာင္"
"အင္း . . . မနက္ျဖန္ကစၿပီး ခြဲအိပ္ၾကတာေပါ့"
ခဏေလးဆိုေသာ အနမ္းကေန အဆုံးအစမဲ့တဲ့ ခံစားမႈသို႔ ေရာက္ရွိခဲ့ၿပီး ေမာပန္းစြာ အိပ္ရာဝင္ခဲ့ၾကရသည္။ ခ်ိဳၿမိန္ခဲ့တာေတာ့ အမွန္။ ဘာနဲ႔မွ လဲလို႔မရတဲ့ ခ်ိဳၿမိန္မႈကို ခံစားခဲ့ရေလသည္။
ေနာက္တစ္ေန႔ မနက္မိုးလင္းတဲ့အခါ တစ္စုံတစ္ေယာက္ေသာသူက မထနိုင္ေတာ့သည္မို႔ တစ္စုံတစ္ေယာက္ေသာသူကပဲ ေက်ာင္းသြားအပ္ခဲ့ရေပသည္။
ေက်ာင္းကို တစ္ေယာက္ထဲလာခဲ့ၿပီး သုံးေယာက္စာ ေက်ာင္းအပ္ခဲ့ရသည္မို႔ နည္းနည္းေလးေတာ့ ဗ်ာမ်ားခဲ့ရသည္။ ေက်ာင္းအပ္ၿပီးတဲ့အခါ တစ္ေယာက္ထဲ ေယာင္လည္လည္ျဖစ္ေနတာမို႔ ေက်ာင္းမတက္ခ်င္သလို ခါးကိုက္၍ အေဆာင္မွာ က်န္ခဲ့ရသည့္ ေနမေကာင္းသည့္သူကို စိတ္မခ်တာမို႔ အေဆာင္ကို အျမန္ျပန္လာခဲ့လိုက္သည္။
"အဆင္ေျပရဲ့လား"
"အင္း"
"ခါးေရာ ကိုက္ေသးလား"
"အင္း"
"ကိုယ္ဝယ္ေပးထားခဲ့တဲ့ မနက္စာေရာ စားျဖစ္လား"
"အင္း"
"ေဆးေတြေရာ ေသာက္ျဖစ္လား"
"အင္း"
"ကိုယ္ပူေသးလား"
"ဟင့္အင္"
"အင္း နဲ႔ ဟင့္အင္ပဲ ေျပာေတာ့မွာလား"
"ခုနကမွ မင္းဝယ္ေပးခဲ့တဲ့ မုန႔္ကိုစားၿပီး ေဆးေသာက္ထားတာ။ ခုအရမ္းအိပ္ခ်င္ေနၿပီမို႔ အိပ္ေတာ့မယ္။ ဘာမွမေျပာဘဲ ၿငိမ္ၿငိမ္ေနေပးပါ"
"အင္း ခ်စ္တယ္"
အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးရဲ့ နဖူးကို အနမ္းေလးေပးၿပီး အိပ္ရာေပၚမွာ ဝင္လွဲလိုက္သည္။
"မင္းအခန္း မင္းျပန္အိပ္"
"တစ္ေယာက္ထဲေနရမွာ အထီးက်န္တယ္"
"အမေခၚထားေလ"
"ဒီအထီးေလး အနားမွာပဲ ေနခ်င္တာ"
"ငါ အိပ္ခ်င္ၿပီ"
"ကိုယ့္ရင္ခြင္ထဲမွာ အိပ္ေလ"
"အင္း"
ရင္ခြင္ထဲကို တိုးဝင္လာတဲ့ေကာင္ေလးကို ဖက္ထားၿပီး အိပ္စက္လိုက္သည္။ ခ်စ္ရသူကို ရင္ခြင္ထဲထည့္ၿပီး အိပ္ရတာကလည္း သာယာတစ္မ်ိဳးပင္။ ဒီေကာင္ေလးနဲ႔ ပတ္သက္တဲ့ အရာမွန္သမၽွက ကိုယ့္အတြက္ေတာ့ ခ်ိဳၿမိန္ျခင္းေတြခ်ည္းပါပဲ။ တစ္ခါတစ္ခါ ရန္ျဖစ္ရတာက လြဲလို႔ေပါ့။ ဒါေပမဲ့ ေျပာမယ့္သာ ေျပာရတာ ကၽြန္ေတာ္သူနဲ႔ ရန္ျဖစ္ရတာကို ေပ်ာ္ပါသည္။ ရန္ျဖစ္ၿပီး ျပန္ခ်စ္ရတဲ့အခ်ိန္ကို ပိုသေဘာက်သည္။ ကၽြန္ေတာ္တို႔ ခဏေလာက္ အိပ္စက္လိုက္ဦးမယ္ေနာ္။
[A/N] => ဘယ္သူက အေပၚေရာက္သြားတာပါလဲရွင္။
Sat, Sep 11 ( 11/9/2021/Sat)
************