ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက်...

By SwimmingKitty01

54.9K 9.2K 267

I've got permission to translate from English Translator! You can read English version here: https://travistr... More

Description
Chapter 1.1: မင်္ဂလာ​ဆောင်ပွဲသို့ ဝိညာဥ်ကူး​ပြောင်းလာခြင်း (1)
Chapter 1.2: မင်္ဂလာ​ဆောင်ပွဲသို့ ဝိညာဥ်ကူး​ပြောင်းလာခြင်း (2)
Chapter 2: ကွာရှင်း​ပေးရမယ်? အဓိပ္ပါယ်မရှိလိုက်တာ!
Chapter 3: ငါ မင်းအနားမှာပဲ တွယ်ကပ်​နေမှာ
Chapter 4: တကယ် ငါမဟုတ်ပါဘူး
Chapter 5: အတင်း​ပြောခြင်းအတွက် အပြစ်​ပေးခြင်းမရှိ။
Chapter 6: တာဝန် - ​ရှောက်ယန်ရှီးအ​​ပေါ် ​ကောင်းရမယ်
Chapter 7: ငါမင်းကိုသ​ဘောကျတာ​ကြောင့် ကုမ္ပဏီကိုဝယ်ခဲ့တာ
Chapter 8: ငါမင်းကိုသ​ဘောကျတာ​ကြောင့် ငါ့နည်းငါ့ဟန်နဲ့ မင်းကိုဂရုစိုက်​ပေး​နေမယ်
Chapter 9: အလွယ်တကူ ရရှိလာသော အလုပ်တစ်ခု
Chapter 10: ကိုယ်ရည်မ​သွေးခင် ကိုယ့်ရဲ့အခွင့်ထူးခံအ​နေအထားကို ​လေ့လာပါ
Chapter 11: မထင်မှတ်ထားတဲ့ မျက်နှာဖြတ်ရိိုက်ခံရခြင်း
Chapter 12: ရင်းနှီးမြှုပ်နှံရခြင်း၏ အ​ကြောင်းအရင်း
Chapter 14 - မ​မျှော်လင့်ထား​သော အ​ခြေအ​နေများ
Chapter 15 - သရုပ်​ဆောင်စွမ်းရည် ​ကောင်းတာလား။ ညံ့တာလား။
Chapter 16.1: မင်းစားချင်တာမှန်သမျှ ငါမင်းကို​ပေးမယ် (1)
Chapter 16.2: မင်းစားချင်တာမှန်သမျှ ငါမင်းကို​ပေးမယ် (2)
Chapter 17: မ​ကောင်းဆိုးဝါးဧကရာဇ်
Chapter 18.1: မ​ကောင်းဆိုးဝါးဝတ်စုံ ဝတ်ထားစဥ် ​ရှောက်ယန်ရှီးနှင့်​တွေ့ခြင်း (1)
Chapter 18.2: မ​ကောင်းဆိုးဝါးဝတ်စုံ ဝတ်ထားစဥ် ​ရှောက်ယန်ရှီးနှင့်​တွေ့ခြင်း (2)

Chapter 13: ဘယ်တစ်​ယောက်က မင်းပုံစံအစစ်လဲ?

1.7K 406 2
By SwimmingKitty01

[Unicode]

နောက်တစ်နေ့တွင် လျှိုယွီအန်းသည် မနက်ခင်းပြေးပြီးနောက် မနက်စာဝယ်ကာ အိမ်သို့ပြန်လာချိန်တွင် ပုံမှန် ဒီအချိန်ဆို ရေမိုးချိုး အဝတ်အစားလဲပြီး အလုပ်သို့သွားရန် အဆင်သင့်ဖြစ်နေတတ်သော ရှောက်ယန်ရှီးက ညအိပ်ဝတ်စုံကို ဝတ်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဒီလိုအိမ်နေရင်းပုံစံမျိုးဖြင့် ရှောက်ယန်ရှီးကိုမြင်ရသည်မှာ သူ့အတွက် ရှားပါးသောအခိုက်အတန့်ဖြစ်သည်။

လျှိုယွီအန်း တံခါးကိုပိတ်ကာ ထမင်းစားခန်းထဲသို့ လျှောက်သွားရင်း မေးလိုက်သည်။

"ဒီနေ့ အလုပ်မသွားဘူးလား?"

"မသွားဘူး" ရှောက်ယန်ရှီးက ပြောလိုက်သည်။

လျှိုယွီအန်း အံ့အားသင့်သွားသည်။

သူ့အမေပြောစကားအရ ရှောက်ယန်ရှီးသည် တစ်နှစ်မှာ ၃၆၅ရက်ရှိလျှင် ၃၆၆ရက် အလုပ်လုပ်နေတတ်သူဖြစ်သည်။

အခု ဒီလိုလူမျိုးက အလုပ်မသွားဘူးလို့ သူ့ကိုပြောနေတာလား?

"တစ်ခုခုဖြစ်လို့လား?" လျှိုယွီအန်း မနက်စာကို စားပွဲပေါ်တင်ရင်း မေးလိုက်သည်။

 "အင်း" ရှောက်ယန်ရှီးက ပြန်ဖြေလာသည်။ သို့သော် အသေးစိတ်မပြောပြချေ။

လျှိုယွီအန်းလည်း ဆက်မမေးတော့ဘဲ 'ငါသိပြီ'ဟုသာ ပြောလိုက်ပြီး "မင်းမျက်နှာသစ်ပြီးပြီလား။ ပြီးသွားပြီဆိုရင် စားနှင့်တော့လေ။ ငါရေအရင်သွားချိုးလိုက်ဦးမယ်"

ဒီရက်ပိုင်း ရာသီဥတုပူလာသောကြောင့် သူပြေးပြီးပြန်လာသည့်အချိန်တိုင်း ချွေးများဖြင့်ရွှဲနစ်ကာ စေးကပ်နေသည်။

 "ကောင်းပြီ" လျှိုယွီအန်းအပြောကို ‌ရှောက်ယန်ရှီးက သူ့ကိုကြည့်ရင်း ပြန်ဖြေလာသည်။

လျှိုယွီအန်းက အားကစားဝတ်စုံကို ဝတ်ထားကြောင်း ရှောက်ယန်ရှီးတွေ့လိုက်ရသည်။ လေ့ကျင့်ခန်းလုပ်ထားခြင်းကြောင့် ဖြစ်နိုင်သည်။ လျှိုယွီအန်းကိုကြည့်ရတာ အရမ်းကိုတောက်ပနေပြီး၊ အရမ်းကိုသွက်လက်တက်ကြွကာ အထူးသဖြင့်...ယောက်ျားပီသသည်။

သူအရင်က လျှိုယွီအန်းကို ကြိုက်ခဲ့ဖူးတာ မဆန်းပါဘူး။ ဤကဲ့သို့သော လျှိုယွီအန်းသည် တကယ်ကို ဆွဲဆောင်မှုရှိသည်ပင်။

ရှောက်ယန်ရှီး ထိုကဲ့သို့တွေးရင်း သူ့အကြည့်များကို ရုတ်သိမ်းလိုက်သည်။

သူ စားပွဲနားသို့ လျှောက်သွားလိုက်သော်လည်း မစားသေးဘဲ လျှိုယွီအန်း ရေချိုးပြီးထွက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

စားပွဲပေါ်ရှိ မထိရသေးသော မနက်စာများကို မြင်သောအခါ လျှိုယွီအန်းမေးလိုက်သည်။

"မင်းဘာလို့မစားသေးတာလဲ"

လျှိုယွီအန်း၏မေးခွန်းကို ကြားပြီးနောက် ရှောက်ယန်ရှီး ခဏမျှငြိမ်သွားသည်။ သူဘာစဥ်းစားနေသလဲဆိုတာကို လျှိုယွီအန်းမသိသော်လည်း အချိန်အတော်ကြာမှ ပြန်ဖြေလာသည်။

"အတူတူစားမယ်"

"ကောင်းပြီ" လျှိုယွီအန်း ပြုံးလိုက်ရင်း ရှောက်ယန်ရှီး မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။

မနက်စာစားပြီးနောက် ၁၀နာရီခန့်တွင် ရှောက်ယန်ရှီး အပြင်သို့ထွက်သွားသည်။ ထိုအချိန်တွင် လျှိုယွီအန်းကိုလည်း ရန်ကျန့်ကျန်းက ဖုန်းခေါ်လာပြီး ရိကျားကုမ္ပဏီက ဓာတ်ပုံအချို့ကို ပြန်ရိုက်ချင်ကြောင်း ပြောလာသဖြင့် လျှိုယွီအန်းလည်း အပြင်သို့သွားခဲ့သည်။

လျှိုယွီအန်း အိမ်ပြန်ရောက်လာချိန်တွင် နေ့လည်၃နာရီ နည်းနည်းကျော်နေပြီဖြစ်သည်။ 

သိပ်မကြာခင် ရှောက်ယန်ရှီးသည်လည်း အိမ်ပြန်ရောက်လာပြီး သူ့တစ်ကိုယ်လုံး၌ ဒဏ်ရာဒဏ်ချက်များ အပြည့်နှင့်။

တိတိကျကျပြောရလျှင် ကုတ်ခြစ်ခံထားရသော ဒဏ်ရာများဖြစ်သည်။ အထူးသဖြင့် မျက်နှာပေါ်၊ လက်ပေါ် နှင့် တခြားမြင်သာသောနေရာများပေါ်တွင်။

ကြည့်ရတာ တော်တော်လေးကို ဆိုးဆိုးရွားရွားပင်။

လျှိုယွီအန်းလည်း ထိတ်လန့်သွားပြီး အခန်းထဲသို့ အလျင်အမြန်ဝင်ကာ ဆေးသေတ္တာသွားယူပြီး ရှောက်ယန်ရှီးအား ဆိုဖာဆီသို့ဆွဲခေါ်သွားရင်း မေးလိုက်သည်။

"ဘာဖြစ်လာတာလဲ? မင်းဘာလုပ်ခဲ့တာလဲ?"

ရှောက်ယန်ရှီးက ပြန်မဖြေပေ။ သူ့မျက်လုံးများသည်လည်း နီရဲနေသည်ကို လျှိုယွီအန်းသတိထားမိလိုက်သည်။

သူမေးမယ့်မေးခွန်းတွေအားလုံး လည်ချောင်းထဲ၌တစ်သွားရသည်။ အဆုံး၌ သူစကားတစ်ခွန်းသာ မေးနိုင်ခဲ့သည်။

"နာနေလား?"

မျက်နှာပေါ်ရှိဒဏ်ရာများကို သူပိုးသတ်ပေးလိုက်သည်။ ကုတ်ခြစ်ရာများက မနက်သော်လည်း တော်တော်လေးများသည်။ ဒဏ်ရာတစ်ခုပြီးတစ်ခုကို လျှိုယွီအန်း ညင်သာစွာဖြင့် ဆေးထည့်ပေးလိုက်သည်။ အရမ်းကိုနီးကပ်နေသောကြောင့် သူ့၏ဝင်လေထွက်လေတို့က ရှောက်ယန်ရှီး၏မျက်နှာပေါ်သို့ ကျရောက်လာသည်။

ရှောက်ယန်ရှီးသည် အနည်းငယ် အနေရခက်လာသောကြောင့် ခေါင်းကို နောက်သို့ နည်းနည်းဆုတ်လိုက်သည်။

သို့သော် သူလှုပ်လိုက်သည်နှင့် လျှိုယွီအန်းက သူ့ကိုတားလိုက်သည်။

"မလှုပ်နဲ့။ ခဏနေရင်ပြီးတော့မယ်။ နည်းနည်းပဲကျန်တော့တယ်"

သူစကားပြောလိုက်သည့်အချိန်တွင် သူ့၏ဝင်သက်ထွက်သက်ကို ရှောက်ယန်ရှီးတစ်ယောက် ပို၍ပင် ရှင်းရှင်းလင်းလင်း ခံစားလို့ရနေသည်။

အနေရခက်လိုက်တာ!

ရှောက်ယန်ရှီး တိတ်တိတ်လေး အသက်အောင့်ထားလိုက်သည်။

ကံကောင်းစွာနှင့် လျှိုယွီအန်းပြောသည့်အတိုင်း ခဏအကြာတွင် ပြီးသွားလေသည်။ မဟုတ်လျှင် သူဘာဆက်လုပ်ရမှန်း သိမည်မဟုတ်တော့။

"မင်းလက်ပေး" မျက်နှာကိုဆေးထည့်ပြီးသွားပြီးနောက် လျှိုယွီအန်းက ပြောလာသည်။

‌ရှောက်ယန်ရှီး၏လက်များက အလွန်လှပသည်။ အရိုးအဆစ်များကထင်ရှားပြီး ရှည်လျားသွယ်လျကာ နူးညံ့သည်။

သို့သော် အခုတော့ ကုတ်ခြစ်ရာများနှင့် ပြည့်နှက်နေလေ၏။ ဘယ်လိုနည်းနှင့်မှ လှပသည်ဟု ပြော၍မရနိုင်တော့ချေ။

လျှိုယွီအန်း ထပ်မေးလိုက်သည်။ "နာလား?"

ရှောက်ယန်ရှီး ခေါင်းခါပြလိုက်သော်လည်း လျှိုယွီအန်းက ခေါင်းငုံ့ကာ ‌သူ့လက်များကို ဆေးထည့်ပေးနေသဖြင့် မြင်မည်မဟုတ်ကြောင်း သတိပြုမိလိုက်သောကြောင့် သူ တိုးတိုးလေး ပြောလိုက်သည်။ "မနာပါဘူး"

ထိုသို့ပြောပြီးနောက် လျှိုယွီအန်းအား သတိလက်လွတ် ငေးကြည့်နေမိသည်။

လျှို ယွီ အန်း... တကယ်ပဲ ဘယ်တစ်ယောက်က....မင်းရဲ့ပုံစံအစစ်အမှန်လဲ။

လျှိုယွီအန်းကတော့ သူဘာအကြောင်းစဥ်းစားနေသည်ကို သိလိမ့်မည်မဟုတ်ချေ။ ဒဏ်ရာများအားလုံးကို ပိုးသတ်၊ ဆေးထည့်ပေးပြီးနောက် လျှိုယွီအန်းသည် အရက်ပြန်များဖုံးလွှမ်းနေသော သူ့မျက်နှာကိုကြည့်ကာ ပြောလာသည်။

"ငါတို့ဆေးရုံသွားရအောင်။ ဒီလောက်လေးနဲ့ အဆင်ပြေမှာမဟုတ်ဘူး။ အရမ်းမပြင်းထန်ပေမယ့် အမာရွတ်ကျန်ခဲ့ရင်မကောင်းဘူး"

ရှောက်ယန်ရှီးထံမှ ပြန်ဖြေလာသည်ကို အချိန်အတော်ကြာအထိ မကြားရသောကြောင့် လျှိုယွီအန်း ခေါင်းမော့ကာ ကြည့်လိုက်ချိန်တွင် ရှောက်ယန်ရှီး၏မျက်လုံးများက အာရုံစူးစိုက်မှုမရှိဘဲ ငိုင်တွေနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် လျှိုယွီအန်းက သူ့ပုခုံးကိုပုတ်ကာ ခုနကပြောလိုက်သောစကားကို ထပ်ပြောလိုက်သည်။

ထိုအခါမှ ရှောက်ယန်ရှီးက ပြန်ဖြေလာသည်။ "မသွားဘူး"

သူရုပ်ဆိုးသွားလည်း အရေးမှမကြီးတာ။

လျှိုယွီအန်းလည်း ရှောက်ယန်ရှီး မသွားချင်ကြောင်း သတိထားမိသဖြင့် အနည်းငယ်တုံ့ဆိုင်းနေခဲ့ပြီးမှ ပြောလိုက်သည်။

"ကောင်းပြီ။ ရက်နည်းနည်းကြာလို့မှ အမာရွတ်ကျန်နေခဲ့တယ်ဆိုရင်လည်း ငါတို့တွေ ဆေးရုံသွားပြီး ဖျက်လို့ရတယ်"

ဇာတ်လမ်းထဲတွင် ဇာတ်လိုက်ယွဲ့ကျွင်းက ရုပ်ရှင်ရိုက်ရင်း မျက်နှာပေါ်၌ ဒဏ်ရာရခဲ့ဖူးပြီး စာရေးဆရာက ဤကမ္ဘာ၌ မည်သို့သောအမာရွတ်မျိုးကိုမဆို ဖယ်ရှားနိုင်သည့် ထူးခြားသောနည်းပညာမျိုးရှိကြောင်း ထည့်သွင်းရေးသားထားဖူးသည်။

ရှောက်ယန်ရှီးက ငြင်းလည်းမငြင်းသလို သဘောလည်းမတူချေ။ ထိုအစား "ငါနည်းနည်းပင်ပန်းနေလို့၊ အနားယူချင်တယ်" ဟူ၍သာ ပြန်ဖြေလာသည်။

"ကောင်းပြီ" လျှိုယွီအန်း ဘေးသို့တိုးကာ လမ်းဖယ်ပေးလိုက်သည်။

ရှောက်ယန်ရှီး အပေါ်ထပ်သို့တက်ကာ သူ့အခန်းထဲသို့ဝင်သွားလေ၏။

လျှိုယွီအန်း ဖုန်းကိုထုတ်ကာ ရှောက်ယန်ရှီး၏ဒရိုင်ဘာအား ဖုန်းခေါ်လိုက်သည်။ ရှောက်ယန်ရှီး ဘယ်သွားခဲ့လဲဆိုတာကို ဒရိုင်ဘာသိလိမ့်မည်‌မဟုတ်ကြောင်း သူတွေးမိသော်လည်း သေချာအောင်တော့ မေးကြည့်ချင်သေးသည်။

သူထင်ထားသလိုပဲ ဒရိုင်ဘာက ဒီနေ့ သူ့အလုပ်နားရက်ဖြစ်ကြောင်း ပြန်ပြောလာသည်။

ဒရိုင်ဘာနှင့်အတူတူ သွားတာမဟုတ်ဘူးဆိုတော့ ရှောက်ယန်ရှီးက ဒရိုင်ဘာကိုတောင် ဒီကိစ္စအကြောင်း ပေးမသိစေချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဒါဆို ကိုယ်ရေးကိုယ်တာတစ်ခုခု ဖြစ်ရမည်။

ရှောက်ယန်ရှီး၌ သူငယ်ချင်းဟု ခေါ်စရာလူတစ်ယောက်မှ မရှိသောကြောင့် ဒီကိစ္စသည် သူငယ်ချင်းကိစ္စမဖြစ်နိုင်ချေ။

ဒါဆို မိသားစုကိစ္စလား?

တကယ်တမ်း ရှောက်ယန်ရှီးတွင် မိသားစုဟု ပြောရမည့်သူလည်း တစ်ယောက်မှမရှိပေ။

သူ့အမေက ရူးသွားပြီးနောက် စိတ်ကျန်းမာရေးဆေးရုံတွင် နေနေရသည်။ သူ့မောင်နှမတွေကလည်း ထောင်ကျသူက ကျ၊ စိတ်ကျန်းမာရေးဆေးရုံရောက်သူက ရောက်နေကြပြီး သူတို့အားလုံးကလည်း အချင်းချင်းမုန်းတီးနေကြသည်။

ဒါဆို သူ့အမေဘက်က ဆွေမျိုးတွေကရော?

သူ့အစ်မ လှေကားပေါ်မှပြုတ်ကျကာ သေဆုံးသွားပြီးနောက် အသက်၄၀အရွယ် သူ့အမေကရူးသွားခဲ့သော်လည်း အသက်၈နှစ်အရွယ် ရှောက်ယန်ရှီးက လုံးဝကို တုန်လှုပ်ချောက်ချားခြင်းမရှိသောကြောင့် ဆွေမျိုးများက သူ့အဖေကဲ့သို့ပင် သွေးအေးပြီး ရက်စက်သောသူဟု သတ်မှတ်လိုက်ကြကာ သူနှင့် ဘယ်တော့မှ အရောတဝင်မရှိကြချေ။

ဒီလိုဆို... ဖြစ်နိုင်ချေအရှိဆုံးက ရှောက်ယန်ရှီးသည် သူ့အမေဆီသို့ သွားခဲ့ခြင်း ဖြစ်လိမ့်မည်။

ရူးသွပ်နေသော သူ့အမေက သူ့ကိုမမှတ်မိဘဲ ကုတ်လိုက်ခြင်းဖြစ်မည်။ 

....ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ကံကြမ္မာကို ကြုံခဲ့ရတာလဲ! 

ဒါ့အပြင် ဒီစာရေးဆရာကြောင့် အနာဂတ်တွင်လည်း ကံတရားက သူ့အတွက် ကောင်းမွန်လာလိမ့်မည်မဟုတ်၊ ဇာတ်လိုက်Gongကို ဆန့်ကျင်တိုက်ခိုက်ခြင်းကြောင့် တန်ပြန်သက်ရောက်မှုများနှင့်အတူ သူ့ကမ္ဘာတစ်ခုလုံး ပျက်စီး‌ပြိုကွဲသွားရဦးမည်။

ပထမဆုံးအနေနှင့် လျှိုယွီအန်း တွေးမိသွားသည်မှာ... ရှောက်ယန်ရှီးသာ ဇာတ်ကြောင်းကနေ လွတ်​မြောက်သွားမယ်ဆိုရင် သိပ်ကောင်းမှာပဲ!

သေချာပေါက်ကို ဒါက သူလိုလူမျိုး စဥ်းစားသင့်သည့်အရာ မဟုတ်ချေ။ ထိုအတွေးကြောင့် လျှိုယွီအန်း သူ့ကိုယ်သူပင် အံ့သြမိသွားသည်။ 

သို့သော် သူသည် တစ်စုံတစ်ရာအပေါ် ဤကဲ့သို့ စွဲလမ်းတတ်သည့်သူမျိုး မဟုတ်ပေ။ သူဒီလိုမျိုးခံစားနေရခြင်းမှာ ရှောက်ယန်ရှီးသည် ဒီထက်ပိုကောင်းသောအခြေအနေမျိုးနှင့် ထိုက်တန်သည်ဟု သူထင်သောကြောင့်ဖြစ်သည်။

ထိုသူသည် ဤကမ္ဘာ၌ ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခံရဖို့ ထိုက်တန်လေသည်။

ထို့ကြောင့် သူမီးဖိုချောင်ထဲသို့သွားကာ ကြက်ဥပူတင်းတစ်ဗန်းအပြည့်နှင့် ပန်းသီးပိုင်မုန့် တစ်ခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် ပဲနီပူတင်းပါဝင်သည့် နို့လက်ဖက်ရည်နှစ်ခွက်ကိုပါ ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ရှောက်ယန်ရှီးသည် အိပ်ရာမှနိုးလာပြီး မီးဖိုချောင်ကောင်တာပေါ်တွင် ပျင်းတိပျင်းရွဲမှီကာ သူနို့လက်ဖက်ရည်လုပ်နေသည်ကို ကြည့်နေလေ၏။

လျှိုယွီအန်းလည်း မုန့်ဖုတ်ထားသောမီးဖိုကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။

"ငါကြက်ဥပူတင်းရယ်၊ ပန်းသီးပိုင်မုန့်ရယ် လုပ်ထားတယ်။ အခုဆို ရလောက်ပြီ။ မင်းငါ့ကိုကူပြီး မြည်းကြည့်ပေးပါလား"

ရှောက်ယန်ရှီးက သူ့ကိုကြည့်ရင်း ပြောလာသည်။ "ကျေးဇူး"

ထို့နောက် သူမီးဖိုနားသွားကာ အရသာမြည်းကြည့်လိုက်သည်။ "အရသာရှိတယ်" ထို့နောက် သူဆက်ပြောလာသည်မှာ "ကျေးဇူးတင်ပါတယ်"

"ရပါတယ်။ ငါ မင်းဆီကနေ အံ့အားသင့်စရာ အလုပ်စာချုပ်တွေရဖို့ စောင့်နေမယ်နော်"

လျှိုယွီအန်းအား ကျင်းအန်းနှင့် မိတ်ဆက်ပေးရခြင်းမှာ သူ့အတွက် ထမင်းဟင်းချက်ပေးသောကြောင့် ဟူ၍ ရှောက်ယန်ရှီး မနေ့က ပြောခဲ့သည်ကို ပြန်သတိရမိလိုက်သောကြောင့် သူရယ်ရင်း ပြောလိုက်သည်။

သို့ပေသည့် အနှီပုဂ္ဂိုလ်က ဒီလောက် ဟာသဉာဏ်နည်းလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ 

လျှိုယွီအန်း စကားကိုကြားသောအခါ ရှောက်ယန်ရှီးသည် အလေးအနက်ဖြင့် ပြန်ဖြေလာသည်။

"ကောင်းပြီ...ဒါပေမယ့် အနုပညာလောကနဲ့ ပတ်သက်ပြီး ငါသိပ်နားမလည်ဘူး။ မင်းအတွက် အလုပ်တွေကို တာဝန်ယူစီမံပေးဖို့ နားလည်တဲ့လူတစ်ယောက် ငှားပေးမယ်"

လျှိုယွီအန်း "..."

မင်းက ရန်ကျန့်ကျန်းကို အလုပ်ထုတ်ပစ်ဖို့များ စဥ်းစားနေတာလားကွာ?

------------------------------------

[Zawgyi]

ေနာက္တစ္ေန႔တြင္ လွ်ိဳယြီအန္းသည္ မနက္ခင္းေျပးၿပီးေနာက္ မနက္စာဝယ္ကာ အိမ္သို႔ျပန္လာခ်ိန္တြင္ ပုံမွန္ ဒီအခ်ိန္ဆို ေရမိုးခ်ိဳး အဝတ္အစားလဲၿပီး အလုပ္သို႔သြားရန္ အဆင္သင့္ျဖစ္ေနတတ္ေသာ ေရွာက္ယန္ရွီးက ညအိပ္ဝတ္စုံကို ဝတ္ထားဆဲျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။

ဒီလိုအိမ္ေနရင္းပုံစံမ်ိဳးျဖင့္ ေရွာက္ယန္ရွီးကိုျမင္ရသည္မွာ သူ႔အတြက္ ရွားပါးေသာအခိုက္အတန႔္ျဖစ္သည္။

လွ်ိဳယြီအန္း တံခါးကိုပိတ္ကာ ထမင္းစားခန္းထဲသို႔ ေလွ်ာက္သြားရင္း ေမးလိုက္သည္။

"ဒီေန႔ အလုပ္မသြားဘူးလား?"

"မသြားဘူး" ေရွာက္ယန္ရွီးက ေျပာလိုက္သည္။

လွ်ိဳယြီအန္း အံ့အားသင့္သြားသည္။

သူ႔အေမေျပာစကားအရ ေရွာက္ယန္ရွီးသည္ တစ္ႏွစ္မွာ ၃၆၅ရက္ရွိလွ်င္ ၃၆၆ရက္ အလုပ္လုပ္ေနတတ္သူျဖစ္သည္။

အခု ဒီလိုလူမ်ိဳးက အလုပ္မသြားဘူးလို႔ သူ႔ကိုေျပာေနတာလား?

"တစ္ခုခုျဖစ္လို႔လား?" လွ်ိဳယြီအန္း မနက္စာကို စားပြဲေပၚတင္ရင္း ေမးလိုက္သည္။

 "အင္း" ေရွာက္ယန္ရွီးက ျပန္ေျဖလာသည္။ သို႔ေသာ္ အေသးစိတ္မေျပာျပေခ်။

လွ်ိဳယြီအန္းလည္း ဆက္မေမးေတာ့ဘဲ 'ငါသိၿပီ'ဟုသာ ေျပာလိုက္ၿပီး "မင္းမ်က္ႏွာသစ္ၿပီးၿပီလား။ ၿပီးသြားၿပီဆိုရင္ စားႏွင့္ေတာ့ေလ။ ငါေရအရင္သြားခ်ိဳးလိုက္ဦးမယ္"

ဒီရက္ပိုင္း ရာသီဥတုပူလာေသာေၾကာင့္ သူေျပးၿပီးျပန္လာသည့္အခ်ိန္တိုင္း ေခြၽးမ်ားျဖင့္႐ႊဲနစ္ကာ ေစးကပ္ေနသည္။

 "ေကာင္းၿပီ" လွ်ိဳယြီအန္းအေျပာကို ‌ေရွာက္ယန္ရွီးက သူ႔ကိုၾကည့္ရင္း ျပန္ေျဖလာသည္။

လွ်ိဳယြီအန္းက အားကစားဝတ္စုံကို ဝတ္ထားေၾကာင္း ေရွာက္ယန္ရွီးေတြ႕လိုက္ရသည္။ ေလ့က်င့္ခန္းလုပ္ထားျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။ လွ်ိဳယြီအန္းကိုၾကည့္ရတာ အရမ္းကိုေတာက္ပေနၿပီး၊ အရမ္းကိုသြက္လက္တက္ႂကြကာ အထူးသျဖင့္...ေယာက္်ားပီသသည္။

သူအရင္က လွ်ိဳယြီအန္းကို ႀကိဳက္ခဲ့ဖူးတာ မဆန္းပါဘူး။ ဤကဲ့သို႔ေသာ လွ်ိဳယြီအန္းသည္ တကယ္ကို ဆြဲေဆာင္မႈရွိသည္ပင္။

ေရွာက္ယန္ရွီး ထိုကဲ့သို႔ေတြးရင္း သူ႔အၾကည့္မ်ားကို ႐ုတ္သိမ္းလိုက္သည္။

သူ စားပြဲနားသို႔ ေလွ်ာက္သြားလိုက္ေသာ္လည္း မစားေသးဘဲ လွ်ိဳယြီအန္း ေရခ်ိဳးၿပီးထြက္လာမည့္အခ်ိန္ကို ေစာင့္ေနလိုက္သည္။

စားပြဲေပၚရွိ မထိရေသးေသာ မနက္စာမ်ားကို ျမင္ေသာအခါ လွ်ိဳယြီအန္းေမးလိုက္သည္။

"မင္းဘာလို႔မစားေသးတာလဲ"

လွ်ိဳယြီအန္း၏ေမးခြန္းကို ၾကားၿပီးေနာက္ ေရွာက္ယန္ရွီး ခဏမွ်ၿငိမ္သြားသည္။ သူဘာစဥ္းစားေနသလဲဆိုတာကို လွ်ိဳယြီအန္းမသိေသာ္လည္း အခ်ိန္အေတာ္ၾကာမွ ျပန္ေျဖလာသည္။

"အတူတူစားမယ္"

"ေကာင္းၿပီ" လွ်ိဳယြီအန္း ၿပဳံးလိုက္ရင္း ေရွာက္ယန္ရွီး မ်က္ႏွာခ်င္းဆိုင္ရွိ ထိုင္ခုံ၌ ဝင္ထိုင္လိုက္သည္။

မနက္စာစားၿပီးေနာက္ ၁၀နာရီခန႔္တြင္ ေရွာက္ယန္ရွီး အျပင္သို႔ထြက္သြားသည္။ ထိုအခ်ိန္တြင္ လွ်ိဳယြီအန္းကိုလည္း ရန္က်န္႔က်န္းက ဖုန္းေခၚလာၿပီး ရိက်ားကုမၸဏီက ဓာတ္ပုံအခ်ိဳ႕ကို ျပန္႐ိုက္ခ်င္ေၾကာင္း ေျပာလာသျဖင့္ လွ်ိဳယြီအန္းလည္း အျပင္သို႔သြားခဲ့သည္။

လွ်ိဳယြီအန္း အိမ္ျပန္ေရာက္လာခ်ိန္တြင္ ေန႔လည္၃နာရီ နည္းနည္းေက်ာ္ေနၿပီျဖစ္သည္။ 

သိပ္မၾကာခင္ ေရွာက္ယန္ရွီးသည္လည္း အိမ္ျပန္ေရာက္လာၿပီး သူ႔တစ္ကိုယ္လုံး၌ ဒဏ္ရာဒဏ္ခ်က္မ်ား အျပည့္ႏွင့္။

တိတိက်က်ေျပာရလွ်င္ ကုတ္ျခစ္ခံထားရေသာ ဒဏ္ရာမ်ားျဖစ္သည္။ အထူးသျဖင့္ မ်က္ႏွာေပၚ၊ လက္ေပၚ ႏွင့္ တျခားျမင္သာေသာေနရာမ်ားေပၚတြင္။

ၾကည့္ရတာ ေတာ္ေတာ္ေလးကို ဆိုးဆိုး႐ြား႐ြားပင္။

လွ်ိဳယြီအန္းလည္း ထိတ္လန႔္သြားၿပီး အခန္းထဲသို႔ အလ်င္အျမန္ဝင္ကာ ေဆးေသတၱာသြားယူၿပီး ေရွာက္ယန္ရွီးအား ဆိုဖာဆီသို႔ဆြဲေခၚသြားရင္း ေမးလိုက္သည္။

"ဘာျဖစ္လာတာလဲ? မင္းဘာလုပ္ခဲ့တာလဲ?"

ေရွာက္ယန္ရွီးက ျပန္မေျဖေပ။ သူ႔မ်က္လုံးမ်ားသည္လည္း နီရဲေနသည္ကို လွ်ိဳယြီအန္းသတိထားမိလိုက္သည္။

သူေမးမယ့္ေမးခြန္းေတြအားလုံး လည္ေခ်ာင္းထဲ၌တစ္သြားရသည္။ အဆုံး၌ သူစကားတစ္ခြန္းသာ ေမးႏိုင္ခဲ့သည္။

"နာေနလား?"

မ်က္ႏွာေပၚရွိဒဏ္ရာမ်ားကို သူပိုးသတ္ေပးလိုက္သည္။ ကုတ္ျခစ္ရာမ်ားက မနက္ေသာ္လည္း ေတာ္ေတာ္ေလးမ်ားသည္။ ဒဏ္ရာတစ္ခုၿပီးတစ္ခုကို လွ်ိဳယြီအန္း ညင္သာစြာျဖင့္ ေဆးထည့္ေပးလိုက္သည္။ အရမ္းကိုနီးကပ္ေနေသာေၾကာင့္ သူ႔၏ဝင္ေလထြက္ေလတို႔က ေရွာက္ယန္ရွီး၏မ်က္ႏွာေပၚသို႔ က်ေရာက္လာသည္။

ေရွာက္ယန္ရွီးသည္ အနည္းငယ္ အေနရခက္လာေသာေၾကာင့္ ေခါင္းကို ေနာက္သို႔ နည္းနည္းဆုတ္လိုက္သည္။

သို႔ေသာ္ သူလႈပ္လိုက္သည္ႏွင့္ လွ်ိဳယြီအန္းက သူ႔ကိုတားလိုက္သည္။

"မလႈပ္နဲ႔။ ခဏေနရင္ၿပီးေတာ့မယ္။ နည္းနည္းပဲက်န္ေတာ့တယ္"

သူစကားေျပာလိုက္သည့္အခ်ိန္တြင္ သူ႔၏ဝင္သက္ထြက္သက္ကို ေရွာက္ယန္ရွီးတစ္ေယာက္ ပို၍ပင္ ရွင္းရွင္းလင္းလင္း ခံစားလို႔ရေနသည္။

အေနရခက္လိုက္တာ!

ေရွာက္ယန္ရွီး တိတ္တိတ္ေလး အသက္ေအာင့္ထားလိုက္သည္။

ကံေကာင္းစြာႏွင့္ လွ်ိဳယြီအန္းေျပာသည့္အတိုင္း ခဏအၾကာတြင္ ၿပီးသြားေလသည္။ မဟုတ္လွ်င္ သူဘာဆက္လုပ္ရမွန္း သိမည္မဟုတ္ေတာ့။

"မင္းလက္ေပး" မ်က္ႏွာကိုေဆးထည့္ၿပီးသြားၿပီးေနာက္ လွ်ိဳယြီအန္းက ေျပာလာသည္။

‌ေရွာက္ယန္ရွီး၏လက္မ်ားက အလြန္လွပသည္။ အ႐ိုးအဆစ္မ်ားကထင္ရွားၿပီး ရွည္လ်ားသြယ္လ်ကာ ႏူးညံ့သည္။

သို႔ေသာ္ အခုေတာ့ ကုတ္ျခစ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနေလ၏။ ဘယ္လိုနည္းႏွင့္မွ လွပသည္ဟု ေျပာ၍မရႏိုင္ေတာ့ေခ်။

လွ်ိဳယြီအန္း ထပ္ေမးလိုက္သည္။ "နာလား?"

ေရွာက္ယန္ရွီး ေခါင္းခါျပလိုက္ေသာ္လည္း လွ်ိဳယြီအန္းက ေခါင္းငုံ႔ကာ ‌သူ႔လက္မ်ားကို ေဆးထည့္ေပးေနသျဖင့္ ျမင္မည္မဟုတ္ေၾကာင္း သတိျပဳမိလိုက္ေသာေၾကာင့္ သူ တိုးတိုးေလး ေျပာလိုက္သည္။ "မနာပါဘူး"

ထိုသို႔ေျပာၿပီးေနာက္ လွ်ိဳယြီအန္းအား သတိလက္လြတ္ ေငးၾကည့္ေနမိသည္။

လွ်ိဳ ယြီ အန္း... တကယ္ပဲ ဘယ္တစ္ေယာက္က....မင္းရဲ႕ပုံစံအစစ္အမွန္လဲ။

လွ်ိဳယြီအန္းကေတာ့ သူဘာအေၾကာင္းစဥ္းစားေနသည္ကို သိလိမ့္မည္မဟုတ္ေခ်။ ဒဏ္ရာမ်ားအားလုံးကို ပိုးသတ္၊ ေဆးထည့္ေပးၿပီးေနာက္ လွ်ိဳယြီအန္းသည္ အရက္ျပန္မ်ားဖုံးလႊမ္းေနေသာ သူ႔မ်က္ႏွာကိုၾကည့္ကာ ေျပာလာသည္။

"ငါတို႔ေဆး႐ုံသြားရေအာင္။ ဒီေလာက္ေလးနဲ႔ အဆင္ေျပမွာမဟုတ္ဘူး။ အရမ္းမျပင္းထန္ေပမယ့္ အမာ႐ြတ္က်န္ခဲ့ရင္မေကာင္းဘူး"

ေရွာက္ယန္ရွီးထံမွ ျပန္ေျဖလာသည္ကို အခ်ိန္အေတာ္ၾကာအထိ မၾကားရေသာေၾကာင့္ လွ်ိဳယြီအန္း ေခါင္းေမာ့ကာ ၾကည့္လိုက္ခ်ိန္တြင္ ေရွာက္ယန္ရွီး၏မ်က္လုံးမ်ားက အာ႐ုံစူးစိုက္မႈမရွိဘဲ ငိုင္ေတြေနသည္ကို ေတြ႕လိုက္ရသည္။

ထို႔ေၾကာင့္ လွ်ိဳယြီအန္းက သူ႔ပုခုံးကိုပုတ္ကာ ခုနကေျပာလိုက္ေသာစကားကို ထပ္ေျပာလိုက္သည္။

ထိုအခါမွ ေရွာက္ယန္ရွီးက ျပန္ေျဖလာသည္။ "မသြားဘူး"

သူ႐ုပ္ဆိုးသြားလည္း အေရးမွမႀကီးတာ။

လွ်ိဳယြီအန္းလည္း ေရွာက္ယန္ရွီး မသြားခ်င္ေၾကာင္း သတိထားမိသျဖင့္ အနည္းငယ္တုံ႔ဆိုင္းေနခဲ့ၿပီးမွ ေျပာလိုက္သည္။

"ေကာင္းၿပီ။ ရက္နည္းနည္းၾကာလို႔မွ အမာ႐ြတ္က်န္ေနခဲ့တယ္ဆိုရင္လည္း ငါတို႔ေတြ ေဆး႐ုံသြားၿပီး ဖ်က္လို႔ရတယ္"

ဇာတ္လမ္းထဲတြင္ ဇာတ္လိုက္ယြဲ႕ကြၽင္းက ႐ုပ္ရွင္႐ိုက္ရင္း မ်က္ႏွာေပၚ၌ ဒဏ္ရာရခဲ့ဖူးၿပီး စာေရးဆရာက ဤကမာၻ၌ မည္သို႔ေသာအမာ႐ြတ္မ်ိဳးကိုမဆို ဖယ္ရွားႏိုင္သည့္ ထူးျခားေသာနည္းပညာမ်ိဳးရွိေၾကာင္း ထည့္သြင္းေရးသားထားဖူးသည္။

ေရွာက္ယန္ရွီးက ျငင္းလည္းမျငင္းသလို သေဘာလည္းမတူေခ်။ ထိုအစား "ငါနည္းနည္းပင္ပန္းေနလို႔၊ အနားယူခ်င္တယ္" ဟူ၍သာ ျပန္ေျဖလာသည္။

"ေကာင္းၿပီ" လွ်ိဳယြီအန္း ေဘးသို႔တိုးကာ လမ္းဖယ္ေပးလိုက္သည္။

ေရွာက္ယန္ရွီး အေပၚထပ္သို႔တက္ကာ သူ႔အခန္းထဲသို႔ဝင္သြားေလ၏။

လွ်ိဳယြီအန္း ဖုန္းကိုထုတ္ကာ ေရွာက္ယန္ရွီး၏ဒ႐ိုင္ဘာအား ဖုန္းေခၚလိုက္သည္။ ေရွာက္ယန္ရွီး ဘယ္သြားခဲ့လဲဆိုတာကို ဒ႐ိုင္ဘာသိလိမ့္မည္‌မဟုတ္ေၾကာင္း သူေတြးမိေသာ္လည္း ေသခ်ာေအာင္ေတာ့ ေမးၾကည့္ခ်င္ေသးသည္။

သူထင္ထားသလိုပဲ ဒ႐ိုင္ဘာက ဒီေန႔ သူ႔အလုပ္နားရက္ျဖစ္ေၾကာင္း ျပန္ေျပာလာသည္။

ဒ႐ိုင္ဘာႏွင့္အတူတူ သြားတာမဟုတ္ဘူးဆိုေတာ့ ေရွာက္ယန္ရွီးက ဒ႐ိုင္ဘာကိုေတာင္ ဒီကိစၥအေၾကာင္း ေပးမသိေစခ်င္ဘူးဆိုတဲ့ အဓိပၸါယ္ေပါ့။ ဒါဆို ကိုယ္ေရးကိုယ္တာတစ္ခုခု ျဖစ္ရမည္။

ေရွာက္ယန္ရွီး၌ သူငယ္ခ်င္းဟု ေခၚစရာလူတစ္ေယာက္မွ မရွိေသာေၾကာင့္ ဒီကိစၥသည္ သူငယ္ခ်င္းကိစၥမျဖစ္ႏိုင္ေခ်။

ဒါဆို မိသားစုကိစၥလား?

တကယ္တမ္း ေရွာက္ယန္ရွီးတြင္ မိသားစုဟု ေျပာရမည့္သူလည္း တစ္ေယာက္မွမရွိေပ။

သူ႔အေမက ႐ူးသြားၿပီးေနာက္ စိတ္က်န္းမာေရးေဆး႐ုံတြင္ ေနေနရသည္။ သူ႔ေမာင္ႏွမေတြကလည္း ေထာင္က်သူက က်၊ စိတ္က်န္းမာေရးေဆး႐ုံေရာက္သူက ေရာက္ေနၾကၿပီး သူတို႔အားလုံးကလည္း အခ်င္းခ်င္းမုန္းတီးေနၾကသည္။

ဒါဆို သူ႔အေမဘက္က ေဆြမ်ိဳးေတြကေရာ?

သူ႔အစ္မ ေလွကားေပၚမွျပဳတ္က်ကာ ေသဆုံးသြားၿပီးေနာက္ အသက္၄၀အ႐ြယ္ သူ႔အေမက႐ူးသြားခဲ့ေသာ္လည္း အသက္၈ႏွစ္အ႐ြယ္ ေရွာက္ယန္ရွီးက လုံးဝကို တုန္လႈပ္ေခ်ာက္ခ်ားျခင္းမရွိေသာေၾကာင့္ ေဆြမ်ိဳးမ်ားက သူ႔အေဖကဲ့သို႔ပင္ ေသြးေအးၿပီး ရက္စက္ေသာသူဟု သတ္မွတ္လိုက္ၾကကာ သူႏွင့္ ဘယ္ေတာ့မွ အေရာတဝင္မရွိၾကေခ်။

ဒီလိုဆို... ျဖစ္ႏိုင္ေခ်အရွိဆုံးက ေရွာက္ယန္ရွီးသည္ သူ႔အေမဆီသို႔ သြားခဲ့ျခင္း ျဖစ္လိမ့္မည္။

႐ူးသြပ္ေနေသာ သူ႔အေမက သူ႔ကိုမမွတ္မိဘဲ ကုတ္လိုက္ျခင္းျဖစ္မည္။ 

....ဘယ္လိုေတာင္ ေၾကာက္စရာေကာင္းတဲ့ ကံၾကမၼာကို ႀကဳံခဲ့ရတာလဲ! 

ဒါ့အျပင္ ဒီစာေရးဆရာေၾကာင့္ အနာဂတ္တြင္လည္း ကံတရားက သူ႔အတြက္ ေကာင္းမြန္လာလိမ့္မည္မဟုတ္၊ ဇာတ္လိုက္Gongကို ဆန႔္က်င္တိုက္ခိုက္ျခင္းေၾကာင့္ တန္ျပန္သက္ေရာက္မႈမ်ားႏွင့္အတူ သူ႔ကမာၻတစ္ခုလုံး ပ်က္စီး‌ၿပိဳကြဲသြားရဦးမည္။

ပထမဆုံးအေနႏွင့္ လွ်ိဳယြီအန္း ေတြးမိသြားသည္မွာ... ေရွာက္ယန္ရွီးသာ ဇာတ္ေၾကာင္းကေန လြတ္​ေျမာက္သြားမယ္ဆိုရင္ သိပ္ေကာင္းမွာပဲ!

ေသခ်ာေပါက္ကို ဒါက သူလိုလူမ်ိဳး စဥ္းစားသင့္သည့္အရာ မဟုတ္ေခ်။ ထိုအေတြးေၾကာင့္ လွ်ိဳယြီအန္း သူ႔ကိုယ္သူပင္ အံ့ၾသမိသြားသည္။ 

သို႔ေသာ္ သူသည္ တစ္စုံတစ္ရာအေပၚ ဤကဲ့သို႔ စြဲလမ္းတတ္သည့္သူမ်ိဳး မဟုတ္ေပ။ သူဒီလိုမ်ိဳးခံစားေနရျခင္းမွာ ေရွာက္ယန္ရွီးသည္ ဒီထက္ပိုေကာင္းေသာအေျခအေနမ်ိဳးႏွင့္ ထိုက္တန္သည္ဟု သူထင္ေသာေၾကာင့္ျဖစ္သည္။

ထိုသူသည္ ဤကမာၻ၌ ဒီထက္ပိုၿပီး ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခံရဖို႔ ထိုက္တန္ေလသည္။

ထို႔ေၾကာင့္ သူမီးဖိုေခ်ာင္ထဲသို႔သြားကာ ၾကက္ဥပူတင္းတစ္ဗန္းအျပည့္ႏွင့္ ပန္းသီးပိုင္မုန႔္ တစ္ခုလုပ္ရန္ ဆုံးျဖတ္လိုက္သည္။ ထို႔ျပင္ ပဲနီပူတင္းပါဝင္သည့္ ႏို႔လက္ဖက္ရည္ႏွစ္ခြက္ကိုပါ ျပင္ဆင္လိုက္သည္။

ထိုအခ်ိန္တြင္ ေရွာက္ယန္ရွီးသည္ အိပ္ရာမွႏိုးလာၿပီး မီးဖိုေခ်ာင္ေကာင္တာေပၚတြင္ ပ်င္းတိပ်င္း႐ြဲမွီကာ သူႏို႔လက္ဖက္ရည္လုပ္ေနသည္ကို ၾကည့္ေနေလ၏။

လွ်ိဳယြီအန္းလည္း မုန႔္ဖုတ္ထားေသာမီးဖိုကို လက္ညိဳးထိုးျပကာ ေျပာလိုက္သည္။

"ငါၾကက္ဥပူတင္းရယ္၊ ပန္းသီးပိုင္မုန႔္ရယ္ လုပ္ထားတယ္။ အခုဆို ရေလာက္ၿပီ။ မင္းငါ့ကိုကူၿပီး ျမည္းၾကည့္ေပးပါလား"

ေရွာက္ယန္ရွီးက သူ႔ကိုၾကည့္ရင္း ေျပာလာသည္။ "ေက်းဇူး"

ထို႔ေနာက္ သူမီးဖိုနားသြားကာ အရသာျမည္းၾကည့္လိုက္သည္။ "အရသာရွိတယ္" ထို႔ေနာက္ သူဆက္ေျပာလာသည္မွာ "ေက်းဇူးတင္ပါတယ္"

"ရပါတယ္။ ငါ မင္းဆီကေန အံ့အားသင့္စရာ အလုပ္စာခ်ဳပ္ေတြရဖို႔ ေစာင့္ေနမယ္ေနာ္"

လွ်ိဳယြီအန္းအား က်င္းအန္းႏွင့္ မိတ္ဆက္ေပးရျခင္းမွာ သူ႔အတြက္ ထမင္းဟင္းခ်က္ေပးေသာေၾကာင့္ ဟူ၍ ေရွာက္ယန္ရွီး မေန႔က ေျပာခဲ့သည္ကို ျပန္သတိရမိလိုက္ေသာေၾကာင့္ သူရယ္ရင္း ေျပာလိုက္သည္။

သို႔ေပသည့္ အႏွီပုဂၢိဳလ္က ဒီေလာက္ ဟာသဉာဏ္နည္းလိမ့္မယ္လို႔ ဘယ္သူကထင္မွာလဲ။ 

လွ်ိဳယြီအန္း စကားကိုၾကားေသာအခါ ေရွာက္ယန္ရွီးသည္ အေလးအနက္ျဖင့္ ျပန္ေျဖလာသည္။

"ေကာင္းၿပီ...ဒါေပမယ့္ အႏုပညာေလာကနဲ႔ ပတ္သက္ၿပီး ငါသိပ္နားမလည္ဘူး။ မင္းအတြက္ အလုပ္ေတြကို တာဝန္ယူစီမံေပးဖို႔ နားလည္တဲ့လူတစ္ေယာက္ ငွားေပးမယ္"

လွ်ိဳယြီအန္း "..."

မင္းက ရန္က်န္႔က်န္းကို အလုပ္ထုတ္ပစ္ဖို႔မ်ား စဥ္းစားေနတာလားကြာ?

- 10 Sep 2021 -

Thanks for reading!!!

Continue Reading

You'll Also Like

378K 28.4K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
195K 21.9K 58
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
10M 302K 52
Anna Krause is in her senior year and more than ready to leave high school behind and start a new fresh life without homework, what she didn't expect...
286K 4K 30
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...