Part 95 ~ ~
တစ်ညတာ ကုန်ဆုံးပြီးသည့်နောက်တွင် သူနှလုံးသားကရေကဲ့သို့ ငြိမ်သက်နေသည်ကို ကျန်ချန် ရုတ်တရက်တွေ့ရှိလိုက်ရတယ်။
လီဟွေ့ဆီမှာ ဘာတွေဖြစ်ပျက်နေမှန်း သိရှိဖို့
ရန် သူမကြိုးစားခဲ့ပေမယ့်လည်း သံစက်ရုံလို
ပတ်ဝန်းကျင်၌ မည်သည့်သတင်းမဆိုအချိန်
တိုအတွင်း အိတ်သွန်ဖာမှောက် ပျံ့နှံ့လာလေ့ရှိသည်။
ကုဖေးတို့စတိုးဆိုင်ဖြစ်စေ၊စတိုးဆိုင်ဘေးရှိ
ရပ်ကွက်ဆေးခန်းဖြစ်စေ ၊ သူတို့တွေသည်အတင်းအဖျင်းသတင်းဆုံရာ ဗဟိုချက်တွေဖြစ်၏။
အစပိုင်းတွင်မူ, လီမိသားစုအကြီးသားအပြင်သူ့တစ်မိသားစုသေသည်အထိရိုက်နှိက်ခံရတယ်လို့ ကောလဟလ ထွက်လာခဲ့သည်။နောက်တော့....မဟုတ်ဘူး ,သူတို့ကလေး
မသေဘူးဆိုပြီး အခြားဇာစ်မြစ်တစ်ခုက မဟုတ်မမှန်ဖွင့်ချလာ၏။ ထို့နောက်တွင်
....သေသွားတဲ့လူက လီဟွေ့တစ်ယောက်
တည်းဆိုပြီး တစ်စုံတစ်ယောက်ကအခိုင်
အမာ ဆိုလာပြန်သည်။
သေဆုံးရသည့်အကြောင်းတရားက အမျိုးမျိုးအဖုံဖုံနှင့် လူသိထင်ရှားဖြစ်လာခဲ့တယ်။ သူတို့ထဲမှ လီဟွေ့တစ်ယောက် ငွေတိုးချေးစားသူတွေဆီမှာ ပိုက်ဆံတွေအကြွေးတင်ပြီး အကြွေးတောင်းသူတွေဆီမှ သေလုမြောပါးအရိုက်အနှက်ခံ ခဲ့ရကြောင်း၊ ဒါမှမဟုတ်
သူ့အပေါ်မှာဖောက်ပြန်နေတဲ့ဇနီးဖြစ်သူရဲ့အမျိုးသားဆီမှာ လီဟွေ့အသတ်ခံလိုက်ရသည်....ဟူသောအကြောင်းတရားနှစ်ခုမှာ
လူပြောအများဆုံးဖြစ်သည်။
ဒါပေမဲ့ တစ်ပတ်မပြည့်ခင်တွင် နောက်ထပ်
အမှန်တရားတစ်ခုထွက်လာပြန်၏။
လီဟွေ့က မသေပေမဲ့လည်း သစ်ပင်လူသားအခြေအနေထိရိုက်နှက်ခံခဲ့ရပြီး လက်သည်တရားခံတွေလည်း လွှတ်မြောက်နေဆဲသာရှိသည်ဟု ဆိုကြပြန်သည်။
ဤကဲ့သို့ စကားအချေအတင်ဆွေးနွေးငြင်း
ခုန်မှု၏ အဆုံးစွန်သောပမာဏကို ကျန်ချန်
မသိသလို ၊ကုဖေးကလည်း ပုံမှန်ဆိုရင်ဆိုင်မှာရှိနေတဲ့အချိန် နားနှင့်အပြည့် သွပ်သွင်းခံ
ရမည်ဆိုပေမဲ့သူ့ကိုပြောဖို့ရန်စိတ်မစားချေ။
ပြောဖို့မလိုအောင် , ဒီကောလဟလ အရင်း
အမြစ်တွေက သူ့ကိုတွေ့တဲ့အခါတိုင်း ရှောင်ကွင်းသွားဖို့ရန်ဂရုစိုက်လိမ့်မည် ။
ကျန်ချန်၏စိတ်ထဲတွင်မူ , ဘယ်လိုသတင်းမျိုးကမှသူ့အတွက်အရေးမပါချေ။ သူနှင့်သွေးချင်းအနီးကပ်ဆုံးဖြစ်ခဲ့သောသူသည်အနာဂတ်၌ သူ့လမ်းကြောင်းကိုဘယ်တော့
မှဆန့်ကျင်ရဲလိမ့်မည်မဟုတ်တော့ပေ။
သူ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သည့် ဖုန်းနံပါတ်ကို ကျန်ချန် ပြောင်းလိုက်တယ်။
ထိုပြောင်းလဲမှုနှင့်အတူ သူ့ဘဝထဲမှပျောက်ကွယ်သွားမဲ့လူတွေက လီဟွေ့ပဲမဟုတ်ဘူး။
အပူရှိန် တစ်နေ့ထက်တစ်နေ့ ကျဆင်းလာသည်နှင့်အမျှ သစ်ပင်ပေါ်ရှိအရွက်တွေက
လည်း ကျိုးတိုးကျဲတဲဖြစ်လာသည်။ ယခု
ရက်ပိုင်းအတွင်း တိုက်ခတ်တဲ့ခြောက်သွေ့အေးစက်တဲ့လေက တစ်စုံတစ်ယောက်၏ နှာခေါင်းကိုယားကျိကျိဖြစ်စေပြီး၊ထိန်းမ
နိုင်သိမ်းမနိုင်လောက်အောင်ငိုက်မျဉ်းလာ
စေ၏။ စီကျုံးကျောင်းရှိ စီနီယာများသည်နောက်ဆုံးတွင် စည်းစနစ်တကျဖြစ်သောစာမေးပွဲအခြေအနေကိုတွေ့ကြုံကြရတော့မည်။
ကော်ရစ်တာလမ်းတစ်လျှောက်ရှိ အုတ်နံရံ
နှင့် စာသင်ခန်းအတွင်းရှိ အုတ်နံရံများပေါ်တွင် စိတ်ဓာတ်ခွန်အား လှုံ့ဆော်ပေးသည့်ဆောင်ပုဒ်တွေကို အာမေဋိတ်သင်္ကေတကြီးများနှင့်အတူအနီရောင်နောက်ခံများပေါ်တွင်အနက်ရောင်ဖြင့်ရေး၍လည်းကောင်း၊အဖြူရောင်နောက်ခံတွင် အနက်ရောင် ဖြင့်ရေး၍
တစ်ဖုံကပ်ထား၏။ ကျန်ချန် ထိုဆောင်ပုဒ်
တွေကို မြင်သည့် အချိန်တိုင်း ကူကယ်ရာမဲ့စွာနှင့်စိတ်ထဲတွင် ကြွေးကြော်အော်ဟစ်နေမိသည်။ယင်းဆောင်ပုဒ်များအပြင် 'အချိန်
တွေကကုန်ဆုံးနေသည် 'ဟူသောအချက်ကိုမီးမောင်းထိုးပြနေတဲ့ သတိပေး နှိုးဆော်စာများလည်းရှိနေ၏။
ငါတို့အားလုံး အချိန်တွေကုန်နေပြီနော် !
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ရောက်ခါနီးနေပြီ!
အာ.., ရှေ့တင် ရောက်နေပြီနော် !
........တော်တော် ကြောက်ဖို့ကောင်းတဲ့ နှိုးဆော်ချက်တွေပါ့လား
အချိန် , အမှန်တကယ်ပင် အချိန်တွေသည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။နောက်
ပြန်လှည့်ကြည့်လိုက်ချိန်မှာသာ "အချိန်တွေတော်တော်ကြာသွားခဲ့ပြီ "ဆိုတာကို ထိတ်
ထိတ်ပျာပျာနှင့် သူ နားလည်လိုက်ရသည်။
ကျန်ချန်သည် စားပွဲခုံပေါ်မှာ မှောက်အိပ်၍
လက်ထဲရှိ ဘောပင်ကို လှည့်နေရင်း၊ ယနေ့မှ
တစ်ချို့သော အကြောင်းတွေကြောင့် တည့်
တည့်မတ်မတ်ထိုင်နေတဲ့ ကျိုးကျင့်နားရွက်
အဟ ကြားမှတစ်ဆင့်သင်္ချာဆရာကို ကြည့်နေလိုက်တယ်။
အတန်းထဲရှိ လူတိုင်း လူတိုင်းအတွက်တော့ သင်္ချာအချိန်တွင် အချိန်တွေကနှေးကွေးစွာ
ကုန်ဆုံးနေပေလိမ့်မည်။ နောက်နှစ် ဒီအချိန်
၌ သူတို့တွေ နောက်ကြောင်းပြန်တွေးကြည့်ချိန်တွင် အထက်တန်းကျောင်းစီနီယာနှစ်က
မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်
ကို သူတို့တွေနားလည်လာလိမ့်မည်။အချိန်
တွေကုန်သွားတာမြန်လွန်း၍ဘာအမှတ်တရမှမကျန်ရစ်ခဲ့ကြောင်းပေါ့။
ဤအချက်ကြောင့် အချိန်တွေကုန်ဆုံးတာ
နှေးကွေးတယ်လို့ ကျန်ချန် မခံစားမိဘူး ။
အချိန်တွေကအရမ်းမြန်မြန်ကုန်ဆုံးနေလို့
မလုံလောက်ဘူးလို့သာ သူ ခံစားမိသည်။
သင်ခန်းစာတွေ အလွတ်ကျက်မှတ်ဖို့
အချိန်မလုံလောက်ဘူး ။
မေးခွန်းဟောင်းတွေ ဖြေရှင်းဖို့ အချိန်
မလုံလောက်ဘူး ။
လက်ချာတွေ နားထောင်ဖို့လည်း အချိန်
မလုံလောက်ဘူး။
ချစ်သူကောင်လေး နဲ့ လမ်းလျှောက်ထွက်ဖို့ အချိန်မလုံလောက်ဘူး ။
ချစ်သူကောင်လေး ရိုက်ထားတဲ့ ဓာတ်ပုံအသစ်တွေကြည့်ဖို့ အချိန်မလုံလောက်ဘူး
ခယ်မပေါက်စလေးရဲ့ ဆံပင်ပုံစံအသစ်ကို
ကြည့်ဖို့အတွက်လည်း...အချိန်မလုံလောက်ဘူး
...
နောက်နှစ် ဒီလိုအချိန် , သူ နောက်ပြန်လှည့်
ချိန်တွင် .....မဟုတ်ဘူး...နောက်နှစ်ဖြစ်စေ
ဒါမှမဟုတ် နောက်နှစ်ရဲ့ နောက်တစ်နှစ်....
နောက်ငါးနှစ် ဒါမှမဟုတ် နောက်ဆယ်နှစ်
ဖြစ်စေ သူ နောက်ပြန်လှည့် ကြည့်ချိန်တိုင်း
ဒီနှစ်ရဲ့အမှတ်တရတွေကအမြဲတမ်းပြည့်စုံပြီးရင်း ပြီးပြည့်စုံနေလိမ့်မယ်။
အတန်းချိန်အကူးအပြောင်းတွင် ပြီးခဲ့သည့်
လက်ချာချိန်မှ သူ လိုက်မှတ်ထားတဲ့မှတ်စုတွေကို စနစ်တကျစီနေရင်းနှင့်ကျန်ချန်မေးလိုက်တယ်။
"အစိမ်းရောင်ယုန်ပုံကနေ မင်းရဲ့chat icon ကို ပြောင်းလိုက်တာကို ကုမြောင် နားပူနားဆာ လုပ်သေးတာလား?။ "
ကုဖေးက သူ့ chat iconကိုအစိမ်းရောင်ယုန်
ပုံမှ ကုမြောင်ပုံပြောင်းထားပြီး၊ ကလေးမလေးရဲ့ဆံပင်ပုံစံအသစ်ဖြစ်၏။သူမ ဆံပင်တွေသိသိသာသာရှည်လာသည့်နောက်တွင်
လီယန်က သူမကိုဆံပင်ကုပ်ဝဲအတိုညှပ်ပေး
လိုက်ပြီး သူမရဲ့ဆံမြိတ်အဖျားသည် သူမရဲ့မျက်ခုံးတစ်စုံနှင့်မိုင်တစ်ရာဝေးကွာနေလျှက်ရှိသည်။
ကုဖေးက ပြန်ဖြေလာတယ်။
"အားလုံး အဆင်ပြေပါတယ်။ငါ့ကို အဲ့ပုံပြောင်းပေးတဲ့သူက သူ(မ)ပဲလေ။ မင်းရှုး
ပေါက်သွားချင်လား?။ "
"အာ , ငါ....."
"မင်း မသိပြန်ဘူး , ဟုတ်တယ်မလား?။ "
ကုဖေးက သက်ပြင်းချပြီး မတ်တပ်ထရပ်
လာသည်။
" ရှုးသွားပေါက်ရအောင်။ "
" ငါက ငါရှုးပေါက်ဖို့လိုတယ် မထင်ဘူးလို့ ပြောတော့မလို့လေ။ "
ကျန်ချန် ကျစ်သပ်ပြီး မတ်တပ်ထရပ်လိုက်
တယ်။
"မင်း အိမ်သာသွားချင်တာကို ငါ့ကို အဖော်လိုက်စေချင်တယ်လို့ ဘာလို့မပြောတာလဲ။"
ကုဖေးက ချက်ချင်းပင် တုံ့ပြန်လာ၏။
" မင်း ငါ့ကို အဖော်လိုက်ပေးဖို့မလိုဘူးနော်။
တကယ် , မလိုဘူး။မင်း အတန်းထဲ ပြန်သွားလို့ရတယ်။ "
ကျန်ချန်ရဲ့မျက်လုံးတွေကမှေးကျဉ်းသွား
၏။
"ပြန်သွားလိုက်ပါ။ တောင်းပန်တယ်နော်။"
ကုဖေးက ဆက်ပြောလာတယ်။
"ကျေးဇူးပြုပြီး ,ငါ့ကိုအိမ်သာဆီတယောက်
တည်းသွားခွင့်ပြုပါ၊ ငါ့ရဲ့အထီးကျန်ဆန်မှုတွေနဲ့ပတ်သတ်လို့ အိမ်သာဆီကိုသတ္တိရှိရှိလျှောက်လှမ်းခွင့်ပြုပါနော်။ "
" အရူး..! "
ကျန်ချန် သူနှင့်အတူတူ လှေကားပေါ်မှဆင်း
လာခဲ့လိုက်တယ်။
" ငါ ဗိုက်နည်းနည်းဆာတယ်။ပြီးရင်စားစရာတစ်ခုခုဝယ်ဖို့ ဆိုင်ခန်းဘက် သွားမလား?။ကျိုးကျင့်ပြောတာတော့ သူတို့တွေက oden
ရောင်းဖို့ စလုပ်နေပြီတဲ့။ "
[TN oden ကဂျပန်အစားစာတစ်မျိုးပါ။ ]
ကုဖေးက " ကောင်းပြီ " ဟုဆိုကာ ခေါင်း
ငြိမ့်ပြလာသည်။
"ဒါက စီကျုံးကျောင်းရဲ့ ကောင်းတဲ့အရာတွေထဲကတစ်ခုပဲ။"
ကျန်ချန် တံတွေးမျိုချပြီး ပြောလိုက်တယ်။
"ငါ့အရင်ကျောင်းက စတိုးဆိုင်ကမဖျက်ခင် စာသင်နှစ် တစ်ဝက်လောက်ပဲဖွင့်သွားတာ။ ကော်ဖီဆိုင်က ပုံမှန်ထမင်းစားချိန်ပြင်ပမှာအစားအစာမရောင်းဘူး၊ ဒါကြောင့်မင်းရဲ့ကိုယ်ပိုင်အစားအစာတွေကိုမသယ်လာရင်
ထမင်းစားချိန်မစခင် အဆာလွန် သေလိမ့်မယ်။ "
"စီကျုံးကျောင်းက ဒီစတိုးဆိုင်လေးက လ
စဉ်လတိုင်း ဝင်ငွေတွေအများကြီးရနေတာ
လေ။ "
ကုဖေးက တခစ်ခစ်ရယ်မောရင်းနှင့်ပြောလာတယ်။
"ငါတို့ဆိုင်ထက်အမြတ်အစွန်းပိုများတယ်။"
"မင်းတို့ရဲ့မိသားစုစတိုးဆိုင်က စတိုးဆိုင်ကို
အချိန်နဲ့စီမံခန့်ခွဲဖို့လူတစ်ယောက် လိုအပ်နေတာ။ မဟုတ်ရင် အဲ့လိုမျိုး ဖြစ်နေမှာမဟုတ်ဘူး။ "
ကျန်ချန် သက်ပြင်းချလိုက်တယ်။
"မင်းတို့ဆိုင်က သူများဆိုင်တွေထက် ပိုပြီး
သန့်ရှင်းတယ်ထင်လို့ ငါ ပထမဆုံးအကြိမ်
ဝင်လာခဲ့မိတာလေ။ "
"အဲ့ဒီနေ့က မင်း ငါ့ဆိုင်ကို မလာခဲ့ဘူးဆိုရင်
မြေကြီးပေါ်မှာအနည်းဆုံးတစ်နာရီလောက် သတိလစ်နေမှာနော်။ "
ကျန်ချန် အပိုမလိုမရှိ တုံ့ပြန်လိုက်တယ်။
" သောက်ရေးမပါတာ "
"တကယ် , ငါ မင်းကိုဆိုင်ထဲရွှေ့ချင်ခဲ့တာကိုလီယုဖန်နဲ့တစ်ခြားလူတွေက ကန့်ကွက်ခဲ့ကြသေးတယ်။ "
ကုဖေးက စကားပြောနေရင်းနှင့်ပြုံးလာတယ်။
"ဒီမြို့က အေးချမ်းတဲ့ နေရာမဟုတ်တော့ ,
လူတော်တော်များများက သူတို့ကိုယ်သူတို့
ပြသာနာထဲ ဆွဲသွင်းခံရမှာကို ကြောက်ကြတယ်။ "
" ဒါဆို မင်း ဘာလို့ ငါကို ဆိုင်ထဲ ခေါ်သွားရ
တာလဲ။ "
"မင်းက ကုမြောင်ကိုကူညီခဲ့တယ်လေ။ပြီးတော့ သူ(မ)မျက်စိရှေ့မှာ လူ တစ်ယောက်သေဆုံးနေတာကိုသူမအစ်ကိုကြီးဖြစ်သူက ရပ်ကြည့်နေတာမျိုး သူမကို မြင်ခွင့်မပြုနိုင်ဘူး။ "
"ငါ ခဏလေးသတိလစ်သွားတာပါ။ မသေဘူး။"
ကျန်ချန် သူ့ကို အမှန်ပြင်ပေးလိုက်တယ်။
"အဓိကကတော့ , မင်းက ဆွဲဆောင်မှုရှိတာ
ကြောင့်ပဲ။ "
ကုဖေးက သူ့ကို လက်မထောင်ပြလာတယ်။
"အရမ်း ချောလို့။ "
ကျန်ချန် လျှာကို ဆော့ကစားလိုက်ပြီး မနှစ်မြို့သလို ရယ်လိုက်တယ်။
ကျောင်းစတိုးဆိုင်ရှိ oden က တော်တော်
လေးကောင်းမွန်၏။ ကံမကောင်းသည်မှာ
သူတို့တွေ oden ကို ကျောင်းစတိုးဆိုင်မှ
စာသင်ခန်းဆီသို့ သယ်လာသည့်ချိန်တွင် အေးစက်သွားပြီဖြစ်သည်။
ဤအချိန်သမယတွင် ,ကျန်ချန်တစ်ယောက်ဒေသခံဓလေ့ထုံးတမ်းများကိုလိုက်နာနိုင်နေပြီဖြစ်တာကြောင့် သင်ခန်းစာကိုနားထောင်းနေရင်းနှင့် ခေါင်းငုံ့ပြီး oden စားနေခဲ့သည်။
ဘေးအခန်းရှိအတန်း ၇ရှိကျောင်းသားတွေထဲမှ ကျောင်းသို့လျှပ်စစ် ထမင်းပေါင်းအိုးသယ်လာသည့် ကျောင်းသားတစ်ယောက်ကို သူနည်းနည်း မနာလိုဖြစ်မိတယ်။ဒါကြောင့် ထိုကျောင်းသားကအတန်းထဲမှာ စားစရာချက်လို့ရတယ်လေ။ဒါပေါ့......အဲ့ဒီကျောင်းသား
က အဲ့လိုလုပ်ခဲ့ပြီးလို့လည်း တစ်ကျောင်းလုံးရှေ့မှာမိမိကိုယ်ကိုယ်အပြစ်သုံးသပ်စာတစ်
စောင်တစ်စောင်ဖတ်ပြခဲ့ရတယ်လေ။ သိရသရွေ့တော့ ,သူတို့အတန်းထဲတွင်
စားစရာနွေးဖို့မလိုအပ်တဲ့ အတန်းဖော်
တစ်ယောက်က တိုင်ခဲ့ခြင်းဖြစ်သည်။
"ကျန်ချန် !"
လောင်လုမှ စာသင်ခုံပေါ်မှ အော်လာ၏။
ကျန်ချန်က နောက်ဆုံးကျန်နေသည့် ငါးဖယ်လုံးကိုသီတံဖြင့်ထိုး၍ သူ့ပါးစပ်ထဲသို့ထည့်ဖို့ပြင်နေတာဖြစ်သည်။ လောင်လုရဲ့အော်သံကြောင့် သူ့လက်ကတုန်ယင်သွားပြီး၊ငါးဖယ်လုံးလေးသည် သီတံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။
"Ahh..."
သူ ဝမ်းနည်းပက်လက်နှင့်ညည်းတွားလိုက်
တယ်။သူ အပြည့်အဝနှင့်စိတ်ကျေနပ်မှုမရှိ
ခါနီးလေးတွင်ငါးဖယ်လုံးလေးတစ်လုံးသာကျန်သည်ကိုမြင်ရဖို့လုံလောက်နေပြီမဟုတ်လား။ ဒါပေမဲ့ နောက်ဆုံးတော့သူ့ပါးစပ်ထဲသို့ပင်မရောက်လိုက်ပေ။
ဘယ်သူမှသာကြည့်မနေလျှင်, သူ ငါးဖယ်လုံးကို ပြန်ကောက်ပြီး၊အသားအရွက်ပြုတ်ဟင်းချိုဖြင့်ပြန်ဆေး၍စားလိုက်မိလိမ့်မည်။
" ငါပြောနေတယ်လေ !မင်းတို့တွေစာကျက်
ရလို့ပင်ပန်းနေတာကိုငါနားလည်တယ်။ ဒါ
ကြောင့် အတန်းထဲမှာ မင်း မုန့်ခိုးစားတာကိုအပြစ်မပြောလိုဘူး။ "
လောင်လုက သူ့ကို လက်ညိုးတစ်ထိုးထိုး
နှင့်ဆက်ပြောလာတယ်။
"ဒါပေမယ့်မင်းစားတာအရမ်းနှေးနေတယ်မဟုတ်ဘူးလား? ။ ဒီအတန်းကို ဟင်းလျာရသခံစားတဲ့ အတန်းလို့များထင်နေလား။
မင်းစားနေတဲ့ပုံစံက ဟန်-မန်ချူးရီ ပွဲတော်
ကိုတည်ခင်းနေတယ်လို့ ငါထင်တော့မလို့။
ရှေ့ထွက်လာပြီး ဒီစာပုဒ်ကို ဘာသာပြန်ပြ
စမ်း ! ။ ".
ကျန်ချန်လည်း ဖော့ပန်းကန်လုံးကို စာသင်ခုံအံဆွဲထဲသို့ ဂရုတစိုက်ထည့်လိုက်တယ်။ပန်း
ကန်ထဲမှာ ဟင်းချိုအနည်းငယ်ကျန်နေသေး
တာကြောင့် သူ နောက်ပိုင်း ဗိုက်ဆာလာရင်
မော့သောက်လို့ရနိုင်သေးတယ်မလား။
သူ အတန်းရှေ့သို့ လျှောက်သွားလိုက်တယ်။
ဒါပေမဲ့ သူ မြေဖြူတစ်ချောင်းလှမ်းယူလိုက်သည်နှင့် လောင်လုက သူ့လက်ထဲမှ သုံးပြီး
သားမြေဖြူချောင်းအတိုကို သူ့ကိုလှမ်းပေး
လာတယ်။
"ဒါ သုံးလိုက် !အသစ်တစ်ချောင်းကိုချိုးဖို့မင်း စွမ်းအင်ဖြုန်းတီးစရာမလိုဘူး။ငါ မင်းအတွက် ချွန်ထားပေးပြီးပြီ။ "
".....oh "
ကျန်ချန် မြေဖြူလှမ်းယူလိုက်ပြီး တစ်ချက်
လေးမျှတုံ့ဆိုင်းခြင်းမရှိပဲ ကျောက်သင်ပုန်းပေါ်မှာ စရေးလိုက်တယ်။
ပုံမှန်ဆိုရင် ဤကာလအပိုင်းအခြား၌, ဘယ်
ဆရာ၊ဆရာမမျှ ကျောင်းသားတွေကို ပုစ္ဆာဖြေရှင်းဖို့ ခေါ်မှာမဟုတ်ချေ။ သူတို့တွေက
အဖိုးထိုက်တန်လှတဲ့ မိနစ်တိုင်း အရေးကြီးအချက်အလက်တွေကိုရိုက်သွင်းဖို့ကြိုးစားမယ် ဒါမှမဟုတ် သူတို့တွေကို နမူနာမေးခွန်း
ပုံစံတွေ ဖိစစ်မယ်။ နောက်ပိတ်ဆုံးကျ မေး
ခွန်းတွေကို ပြန်ပြီးလေ့လာဆွေးနွေးပြီး အဲ့ဒီအရေးကြီးအချက်အလက်တွေကိုပဲထပ်ကာထပ်ကာပြုလုပ်ခိုင်းလိမ့်မယ်။
ဒီပုစ္ဆာလည်းအရေးကြီးတယ်! ဟိုပုစ္ဆာလည်းအရေးကြီးတယ်!ဒါတွေအကုန်အရေးကြီးတဲ့
အချက်တွေနော် !ပြီးခဲ့နှစ်တွေတုန်းကလည်း
ဒါတွေအားလုံး မေးသွားတာ ! ကျောင်းသုံး
ပြဌာန်းစာအုပ်တစ်အုပ်လုံး အရေးမကြီးတဲ့အပုဒ်ဟူ၍ တစ်ပုဒ်မျှမရှိဘူးလို့တွေးမိတဲ့ထိ
ပင်။
အတန်းတိုင်းတွင် တစ်ယောက်ယောက်ကို ဇွဲ
ကောင်းကောင်းနှင့် ခေါ်တာဆိုလို့ လောင်လု
တစ်ယောက်သာရှိ၏။ ကျောင်းသားတွေက ဘယ်အချိန်မဆို သူတို့တွေ ရုတ်တရက် စာခေါ်မေးခံရမည်ကိုသိလိုက်ရချိန်စ၍ လောင်လုအတန်းချိန်တွင်အတော်လေးအာရုံစူးစိုက်လာရသည့်အကြောင်းဖြစ်ရမယ်လို့ကျန်ချန် တွေးလိုက်မိတယ်။ အကယ်၍ တစ်ယောက်
ယောက်ကမှန်မှန်ကန်ကန်မဖြေနိုင်လျှင် ဒါမှမဟုတ် မရွတ်ဆိုနိုင်ခဲ့လျှင် ကြမ်းတမ်းခက်
ထန်တဲ့ ပြစ်တင်ကြိမ်းမောင်းသံများနှင့် ရင်
ဆိုင်ရပေလိမ့်သည်။
" မင်းလက်ရေး တိုးတက်လာသားပဲ။"
ကျောက်သင်ပုန်းပေါ်ရှိ ကျန်ချန်ရဲ့အဖြေကို
ကြည့်ပြီး လောင်လုက ပြောလာတယ်။
"တိုးတက်မှုရှိတယ်။ မဆိုးဘူး , မဆိုးဘူး။
ငါသာ စာမေးပွဲ အမှတ်ခြစ်တဲ့သူဖြစ်ခဲ့ရင်၊
သန့်ရှင်းသပ်ရပ်မှုအတွက် မင်းအမှတ်တွေ
နုတ်ဖို့မလိုတော့ဘူး။ "
"ကျေးဇူးတင်ပါတယ် လောင်လု။ "
သူ့လက်ရေး တိုးတက်လာသည်က အမှန်ပင်
ဖြစ်သည်။သူကိုယ်တိုင်လည်းဒါကိုသိတယ်။
သူစာပိုဒ်တွေကိုအလွတ်ကျက်မှတ်ချိန်တိုင်း
စာပိုဒ်တွေမှတ်မိနိုင်စွမ်းကို မြှင့်တင်ဖို့နှင့် သူ့လက်ရေးကို လေ့ကျင့်တဲ့ နည်းလမ်း အဖြစ်အကြမ်း စာရွက်တွေပေါ်မှာ အဓိကအချက်တွေကိုချရေးလေ့ရှိတယ်။
ကုဖေးပြောခဲ့သည့်အတိုင်း၊နောက်ဆုံးတွင်သူ့လက်ရေးက ဖတ်လို့ရခဲ့ပြီဖြစ်သည်။
"သဖေး.."
မနက်ခင်းအတန်းချိန်တွေပြီးသွားချိန်တွင် ၊
ဝမ်ရှုက ကျိုးကျင့်ဘေးမှ ကပ်သပ်ပြီး သူ
တို့စားပွဲခုံပေါ်မှာ သူ့ကိုယ်သူ ပလုံခနဲ ထိုင်
ချလာသည်။
"ကျန်ချန် !"
"ဟမ် ?။ "
ကျန်ချန် ခေါင်းငုံ့လျက်သားနှင့်ပြန်ဖြေလိုက်
တယ်။သူကပြီးခဲ့တဲ့အတန်းချိန်တုန်းကမပြီး
လိုက်တဲ့ မေးခွန်းအစုံလိုက်ကို လက်စသတ်
နေတာဖြစ်သည်။
"မင်းတို့ကောင်တွေ ဒါပြီးရင် အလုပ်မများဘူး ,ဟုတ်တယ်မလား?။အသားပေါင်မုန့်သွားစားရအောင်, ငါ့အဖေက မုန့်အနှစ်အသစ်လုပ်ထားတယ်။ လာမြည်းကြည့်
ပါ့လား။ "
" ဘာ မုန့်အနှစ် အသစ်လဲ ?"
"ပြောင်းဖူး !"
ဝမ်ရှုက ဆက်ပြောလာတယ်။
" အမှန်တိုင်းပြောရရင်, ပြောင်းဖူး ပေါင်မုန့်က သိပ်မထူးခြားပေမဲ့ အရသာတော်တော်ရှိတယ်။ တကယ် , လိုက်စားမယ်မလား?။ "
ကုဖေးက ကျန်ချန်ကိုလှမ်းကြည့်လာတယ်။
" ugh ! ငါ မင်းတို့ကောင်တွေကို လက်မြှောက်လိုက်ပြီ။ "
ဝမ်ရှုက လက်ဝှေ့ယမ်းလာပြလာတယ်။
"ငါ အစကတည်းက မင်းကို မမေးခဲ့သင့်တာ
..... ကျန်ချန် ?။ "
"ကောင်းပြီ"
ကျန်ချန် ပြုံးရယ်၍ ခေါင်းငြိမ့်လိုက်တယ်။
အနှေးနှင့်အမြန်ပင် ဝမ်ရှုနှင့်ကျိုးကျင့်တို့နှစ်ယောက်လုံကိုနှုတ်ပိတ်ရလိမ့်မယ်။သူတို့တွေ ဝမ်ရှုကို ဆက်ပြီး သည်းခံထားတယ်ဆိုတာကလည်း၊ ဘာလို့လဲဆိုတော့သူကအရသာရှိတဲ့အသားပေါင်မုန့်တွေကိုပံ့ပိုးပေးသူဖြစ်နေပေါ့။
ဝမ်ရှုက မေးလာတယ်။
"ငါတို့တွေ အားမြောင်ကို ခေါ်အုံးမှာလား။"
"မခေါ်ဘူး။ငါ့အမေက ဒီနေ့ သူမအတွက်
ဖက်ထုပ် လုပ်ထားတယ်။ "
"ကောင်းပြီ။ "
ဝမ်ရှုက မတ်တပ်ထရပ်လာသည်။
"ဒါဆိုလည်း....သွားရအောင် , ထ ,ထ ,ထ ။
..
ကျန်ချန်ရဲ့အချိန်ဇယားသည် နေ့စဉ်နှင့်အမျှ
ပြည့်ကျပ်နေခဲ့သည်။ကျောင်းဆင်းသည်နှင့်သူက အိမ်သို့တန်းပြန်လေ့ရှိပြီး၊ ရံဖန်ရံခါမျှသာ စတိုးဆိုင်သို့ ဝင်လည် လာလေ့ရှိသည်။စားစရာကိုစောင့်နေတဲ့အချိန်အတွင်းမှာ သူ့အတွက် စာကျက်ဖို့ရန်အာရုံစိုက်မလွယ်ကူဘူး။ဒါကသူ့ကို လွယ်လွယ်ကူကူ အာရုံထွေးပြားစေတယ်။ထို့ကြောင့် ကုဖေးက ကျောင်း
ဆင်းသည်နှင့် သူ့ကိုတိုက်ခန်းဆီသို့တန်းပြန်
ပို့ပေးပြီး၊ ကုဖေးက စားစရာတွေကိုပြင်ဆင်ပြီးတော့မှ တိုက်ခန်းဆီသို့ နောက်တစ်ကြိမ်လာပို့ပေးလိမ့်မယ်။
အစာစားပြီးနောက်တွင် တစ်နေ့တာအတွက်အခြေခံအားဖြင့် သင်ခန်းစာများပြန်လည်သုံးသပ်ခြင်း ၊ အလွတ် ကျက်မှတ်ခြင်းနှင့် မေးခွန်းဟောင်းကိုဖြေဆိုခြင်းလွဲ၍အခြားလုပ်ဖို့ဘာမျှမရှိချေ။
ဒါပေါ့ ,သူ့ဆီမှာစိတ်အပန်းဖြေဖို့ရန်သက်ဝင်လှုပ်ရှားမှုများအတွက် အားလပ်ချိန်လည်းရှိတယ်။အိပ်ရာပေါ်မှာကိုယ်လက်လေ့ကျင့်ခန်
လုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာပင်ပန်းနွယ်နယ်စေတယ်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာကို လန်း
ဆန်းတက်ကြွစေတယ်.....
ဒီနေ့ ဝမ်ရှုတို့ဆိုင်မှာအသားပေါင်မုန့်လာစားတယ်ဆိုတာလည်း ၊လွန်ခဲ့တဲ့လပိုင်းအတွင်း ပထမဆုံး အဖွဲ့လိုက်" ပျော်စရာ"အပြင်ထွက်ခြင်းဖြစ်ကောင်းဖြစ်နိုင်တယ်။
" ရီကျင်းက အရမ်းထူးချွန်တဲ့သူတစ်ယောက်
ဖြစ်ဖို့တန်တယ်လို့ ငါ ထင်ခဲ့ဖူးတယ်။"
ဝမ်ရှုက စက်ဘီးနင်းနေရင်းနှင့်ညည်းတွား
လာသည်။
" ဒါပေမဲ့ ကျန်ချန်နဲ့တွေ့ပြီးတဲ့နောက်မှ ၊ ငါ
အရမ်း အမြင်ကျဉ်းလွန်းခဲ့တယ်ဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားပြီ။"
ကုဖေးက မေးလိုက်တယ် ။
"ရီကျင်းလည်း အပတ်တကုတ် ကြိုးစားနေ
တယ်မဟုတ်ဘူးလား။ "
"မတူဘူး။ "
ဝမ်ရှုက ကျန်ချန်ကို ကြည့်လာပြီး
" ငါ အခုလေးတင်သတိထားမိတာ, ကျန်ချန်က ရီကျင်းထက်ကိုယ်အလေးချိန်ပိုကျသွား
တယ်။"
".......ပါးစပ် ပိတ်ထား ! "
ကျန်ချန် ဝင်ပြောလိုက်တယ်။
သူ ကိုယ်အလေးချိန်ကျသွားတဲ့အကြောင်းပြောတာကို ရပ်လိုက်တာ အကောင်းဆုံးပဲ။
ဟင်းလျာထဲရှိပါဝင်ပစ္စည်းများ ဒါမှမဟုတ်ပမာဏဖြစ်စေ၊ကုဖေး နေ့တိုင်းချက်နေတဲ့ ဟင်းလျာများသည်အရည်အသွေးမြင့်ဝက်တစ်ကောင်ကိုကျွေးမွေးနေတဲ့လမ်းကြောင်းပေါ်သို့ ဦးတည်နေလျှက်ရှိသည်။ဝမ်ရှုဆီကကျန်ချန် ကိုယ်အလေးချိန် ကျသွားကြောင်းပြောလာတဲ့နောက်တွင် ကုဖေးကို သူ့ပါးစပ်ကိုဆွဲဖွင့်ပြီး စားစရာတွေကို အစာရည်ပြွန်ပိုက်မှတစ်ဆင့် ထိုးသွပ်လိမ့်မယ်။
"Heyy.."
ဝမ်ရှုက ကျန်ချန် ဘေးသို့ စက်ဘီနင်းလာတယ်။
"ရွှဲပါ့ကျန်း ,မင်း ဘယ်ကျောင်းကိုလျှောက်ချင်လဲဆိုတာဆုံးဖြတ်ပြီးပြီလား။မေဂျာကိုဆုံးဖြတ်ပြီးပြီလား။ "
ကျန်ချန် " နိုး " လို့ပြန်ဖြေလိုက်တယ်။
"လခွမ်း??"
ဝမ်ရှုက ဦးနှောက်ခြောက်သွား၏။
"မင်းငယ်ငယ်လေးကတည်းက, မင်းတို့လိုအောင်မြင်ကျော်ကြားတဲ့သူတွေအားလုံးကို တက္ကသိုလ်တစ်ခုခု ဒါမှမဟုတ်အခြားတစ်ခု
ခုပေါ်မှာ မင်းတို့ရဲ့အမြင်တွေကိုအပြီးသတ်မှတ် ထားရမယ်လို့ လူတွေကပြောကြတယ်မဟုတ်လား။ ပြီးတော့ မင်း ဝင်ခွင့်ရသွားတဲ့အချိန်ကျရင် ဒါက စိတ်ဓာတ်တက်ကြွစေတဲ့ပုံပြင်တစ်ပုဒ်ဖြစ်လာမှာလေ။မင်း ဒီအချက်ကို ဘယ်လိုလုပ်ပြီးမသိတာလဲ။ "
ကျန်ချန် သူ့ကို လှည့်ကြည့်လိုက်တယ်။
"ငါက.....ငါတက်ချင်တဲ့ဘယ်ကျောင်းမဆိုတက်နိုင်တယ်။ငါငယ်ငယ်လေးတည်းကငါ့အမြင်ကိုဘာမှသတ်မှတ်ထားစရာမလိုဘူး။
"
"သေစမ်း !.."
ဝမ်ရှုက သူ့ကို မကျေနပ်သလိုကြည့်လာ၏။
"ငါ မင်းတို့လိုအောင်မြင်ကျော်ကြားသူတွေ
နဲ့ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ ကြွားဝါမှုတွေကို မုန်းလိုက်တာ။ "
" ငါက အဓိပ္ပါယ် မရှိ မကြွားပါဘူး။ "
ကျန်ချန် ပြုံးဖြီးဖြီးနှင့် ဆက်ပြောလိုက်တယ်။
" ငါ အဟုတ်အမှန်ပဲ ကြွားတာ။ "
" ဒေါသထွက်ပြီး သေသွားဦးမယ်။ "
ကုဖေးက သူတို့ဘေးမှ ဝင်ပြောလာ၏။
"ငလူးတဲ့မှ ! ! "
ဝမ်ရှုက အော်ဟစ်လာသည်။
"မင်းတို့နှစ်ယောက်ရဲ့သဘောထားကိုပြင်လိုက်ရင်ရသေးတယ်,မင်းတို့တွေ ငါ့အိမ်က စားဖို့သွားနေတာနော်!။ကျေးဇူးပြုပြီးတော့ ကျွေးမဲ့မွေးမဲ့လူကို နည်းနည်း နူးနူးညံ့ညံ့လေးဆက်ဆံပေးလို့ရမလား။ "
ဝမ်ရှုရဲ့အဖေဝမ်အာ...ဒါမှမဟုတ် သူ့နာမည်
က ဝမ်အာ မဟုတ်တာလည်း ဖြစ်နိုင်တယ်။
သူ့နာမည်အရင်းကို ကျန်ချန် တစ်ခါမှမမေး
ဖူးပေမဲ့လည်း၊ ဒယ်ဒီဝမ်ရဲ့ အသားပေါင်မုန့်ကကျန်ချန်စားဖူးသမျှထဲတွင်အကောင်းဆုံး ဖြစ်သည်။
အသားအနည်းငယ်နှင့်ပြောင်းဖူးအစာသွပ်ထားသောပေါင်မုန့်တွေက မျှော်လင့်မထားလောက်ပင်အရသာရှိနေ၏။
ဒါပေါ့ ,သူ ပြောင်းဖူးအစာသွပ်ထားတဲ့ပေါင်မုန့်အပုံကြီးကို လက်စသတ်ပြီးနောက်တွင် ဝက်သား အစာသွပ်ထားတဲ့နောက်ထပ်ပေါင်မုန့်သုံးလုံးထက်မက ဗိုက်အပြည့်ဖြည့်လိုက်သေးတယ်။
"Ohh...."
ဝမ်ရှုအမေကသူတို့အတွက်မုန့်သယ်လာပေးချိန်တွင်စားပွဲပေါ်ရှိခြင်းတောင်းအလွတ်တွေ
ကို ကြည့်၍
"မင်းတို့ကလေးတွေ ဘယ်လိုလုပ် ဒီလောက်မြန်မြန်စားပြီးသွားကြတာလဲ။ "
ဝမ်ရှုက ကျန်ချန်ကို လက်ညိုးထိုးပြလာ၏။
"သူက ဆောင်းရာသီအတွက် အသားတိုးအောင်ကြိုးစားနေတာလေ။ အောင်မြင်ကျော်ကြားတဲ့သူတွေက ကျွန်တော်တို့လိုမဟုတ်ဘူး၊ အောင်မြင်ကျော်ကြားတဲ့သူ
တွေကျ ဒီလောက်စားတာတောင် သူတို့က
နေ့တိုင်း ပိန်နေတုန်းပဲ။ "
"နင့်မှာဒီလိုပြောဖို့မျက်နှာရှိသေးတယ်ပေါ့
။"
ဝမ်ရှုအမေက ဝမ်ရှုနောက်စေ့ကို ဖြတ်ရိုက်လိုက်၏။
"နင်စားသမျှအားလုံးကနင့်ကိုယ်ထဲပဲရောက်သွားပြီး၊ ဘာတစ်ခုမှ နင့်ဦးနှောက်ထဲ
မရောက်ဘူး။ "
"Heyy !"
ဝမ်ရှုက သူ့အမေကို ရှက်ကိုးရှက်ကန်းနှင့်
စိုက်ကြည့်လိုက်၏။
"ကျွန်တော့် သူငယ်ချင်းတွေရှေ့မှာ အဲ့လို
မလုပ်ပါနဲ့ဆို။ "
" လုပ်တော့ ဘာဖြစ်လဲ ဟမ်? ငါ လုပ်တော့ ဘာဖြစ်လဲ ။ "
ဝမ်ရှုအမေက ဝမ်ရှု့ခေါင်းကို နောက်ထပ်
နှစ်ချက်သုံးချက်ထပ်ရိုက်လိုက်သည်။
ကုဖေးက ဝင်ပြောလိုက်၏။
"အဲ့လို ရိုက်တာ သူ့ကို ဉာဏ်ထိုင်းသွားစေ
လိမ့်မယ်။ "
"အိုးရိုး....အဲဒါကအရမ်းနောက်ကျသွားပြီ၊ သူ့ကို ငယ်ငယ်လေးကတည်းက ဒီအတိုင်းရိုက်နေခဲ့တာ၊ သူကဉာဏ်ထိုင်းပြီးသားဖြစ်နေပြီ။ "
ဝမ်အမေက အမဲသားနှစ်ပန်းကန်ကို စားပွဲပေါ်သို့ ဆတ်တောက်ဆတ်တောက် ချပေးလာသည်။
" ဒါလေးမြည်းကြည့်, အရသာရှိတယ်။
အစပ်ဆိုပေမဲ့ သိပ်တော့မစပ်ဘူး။"
ကျန်ချန်လည်းအမဲသားတစ်မြှောင်းကိုလှမ်း
ယူပြီး ပါးစပ်ထဲသွပ်လိုက်တယ်။
ဝမ်အမေက သူ့ကိုကြည့်၍ ပြုံးရွှင်စွာ မေးလာသည်။
"ကျန်ချန်က အန်တီတို့အသားပေါင်မုန့်တွေတော်တော်ကြိုက်ပုံရတယ်နော် , ဟင်?"
"ဟုတ်"
ကျန်ချန် ခေါင်းငြိမ့်ပြလိုက်တယ်။
"ဒါက စားလို့ကောင်းတယ်။ "
" အန်တီတို့က နှစ်သစ်ကူးလောက်ကျရင်ပုံစံအသစ်ထုတ်မလို့လေ။တကယ်လို့ကျောင်းပိတ်တဲ့အချိန်တွေမှာ အိမ်ထမင်းအိမ်ဟင်းတွေ ငြီးငွေ့ဖို့ကောင်းတယ်လို့ မင်းထင်ရင်,
ဒီကိုလာပြီး အသားပေါင်မုန့်စားနော်၊ အား
မနာနဲ့။ "
ကျန်ချန် အချိန်ခဏမျှစဉ်းစားပြီးနောက်
တွင် ခေါင်းငြိမ့်ပြလိုက်တယ်။
"ကောင်းပါပြီ။ "
"အမေ စကားအရမ်းများတာပဲ။"
ဝမ်ရှုက သူ့အမေကို တွန်းထုတ်လိုက်တယ်။
" အလုပ်ပြန်သွားလိုက်တော့။ ကျွန်တော့်တို့
ဘာသာ စကားပြောခွင့်ပေးပါဗျာ။ "
ဝမ်ရှုအမေထွက်သွားပြီးသည့်နောက်တွင် ဝမ်ရှုက ထမင်းစားခန်းတံခါးကို ပိတ်ဖို့ရန်ထသွား၏။
" တောင်းပန်တယ်နော် ကျန်ချန် , ငါ့အမေက
မသိလို့....."
"အဆင်ပြေပါတယ်။ "
ကျန်ချန် သူ့ကို ပြုံးပြလိုက်တယ်။
" တကယ်။ "
နှစ်သစ်တောင် ရောက်ခါနီးတော့မှာပါ့လား..
ဝမ်ရှုအမေကထိုအကြောင်းကိုမပြောခဲ့လျှင်
သူ နှစ်ကုန်တော့မည့်အကြောင်းကို သတိပြု
မိမှာမဟုတ်ဘူး။
ဆောင်းရာသီကုန်တော့မယ်ဆိုတာကိုပဲ သူသိတယ်။ပြီးတော့ သူက ဆောင်းရာသီကို ကျောင်းတွင်းစခန်းသွင်းလေ့ကျင့်ခြင်းမှာကုန်ဆုံးခဲ့ရတယ်၊ အတန်းထဲရှိ လူတိုင်းက
ဒီရက်စက်တဲ့အဖြစ်မှန်ကိုလက်ခံဖို့ဆန္ဒမရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြသေးတယ်။
ဆောင်းရာသီနှင့် နှစ်သစ်ကြားရှိဆက်နွယ်မှု
ကို သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။
သူ ထိုအကြောင်းနှင့်ပတ်သတ်ပြီး မတွေးဝံ့
တာလည်း ဖြစ်နိုင်ပါတယ်။
ရေကဲ့သို့ငြိမ်နေသောနှလုံးသားရှိတယ်ဆိုပေမဲ့လည်း ကျောင်းပိတ်ရက်ရာသီတွေထိရှိနေလိမ့်မည်ဟုမဆိုလိုဘူးမလား..
နောက်ဆုံးတော့လည်း, ဒါကနှစ်တစ်နှစ်မှာမိသားစုတွေ ပျော်ရွှင်မှုနှင့်ရယ်မောသံတွေဖြင့် ပြန်လည်ဆုံစည်းကြသည့်အချိန်ကာလတစ်ခုသာ။
နှစ်သစ်ကူးပွဲတော်ကျင်းပမှုနှင့်ပတ်သတ်၍
တရုတ်လူမျိုးများ၏အခိုင်အမာတောင်းဆိုမှု၊နှစ်သစ်ကူးအတွက်အိမ်ပြန်မသွားနိုင်ခြင်းကသူတို့အတွက်ရက်စက်တဲ့ပူဆွေးဝမ်းနည်းမှုဖြစ်ပြီး သူတို့၏အရိုးများထဲတွင်ထွင်းထုထားသောအရာလည်းဖြစ်သည်။
တစ်စုံတစ်ယောက်ကဂရုစိုက်သည်ဖြစ်စေ
ဂရုမစိုက်သည်ဖြစ်စေ၊ ဤအချိန်ကာလအ
တွင်း၌ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားသည် ပိုပိုပြီးနီရဲတောက်ပလာတဲ့ ပတ်ဝန်း
ကျင်နဲ့အတူပြောင်းလဲသွားလိမ့်မယ်ဆိုတာမလွဲမသွေပင်။
အနီရောင်သိုးမွှေးအနွေးအကျီကိုဝတ်ဆင်ထားတဲ့ကလေးသူငယ်တွေကလည်း လက်ထဲတွင် ဗြောက်အိုးကိုယ်စီနှင့် ပြေးလွှားနေကြ
လိမ့်မည်။ လမ်းမပေါ်ရှိ လမ်းသွားလမ်း
လာတွေက အိမ်ပြန်ဖို့ရန် အလျင်လိုနေကြ
နေပြီး ဈေးထဲတွင်လည်းလူတွေကအချင်း
ချင်းတိုးဝှေ့၍သူတို့ရဲ့အားလပ်ရက်အတွက်
ဝယ်ခြမ်းစရာတွေကို ဝယ်ယူဖို့ရန်ကြိုးပမ်း
နေကြလိမ့်မယ်။တီဗွီဖန်သားပြင်ရှိ သတင်း
ကြေညာမှုတွင် "နွေဦးရာသီအလည်အပတ်ခရီးစဉ် " အမျိုးမျိုးကိုအစီရင်ခံနေလျှက်ရှိသည်။ လမ်းမကြီးနှင့် လမ်းကြိုလမ်းကြား
မကျန် ပဲ့တင်ထပ်နေသည့်နွေအားလပ်ရက်သီချင်းလက်တစ်ဆုပ်စာကလည်း...ဘယ်
တုန်းကမျှမပြောင်းလဲခဲ့သမျိုး........ဒါတွေ
အားလုံးဟာ "နှစ်သစ်ကူးချိန်ရောက်ပြီ " ဆိုသည့်ကြွေးကြော်သံနှင့်အတူ တေးသွားတစ်
ခုလုံးတွင် အတူတူ ပါဝင်လာလိမ့်မည်။
ထိုအခါမှသာ ကျန်ချန် "အာ ,နှစ်သစ်ကူးချိန်တောင်ရောက်ပြီပဲ"ဆိုပြီးသဘောပေါက်တာဖြစ်သည်။
လွန်လေပြီးသောနှစ်သစ်တွေတုန်းကလည်းသူ့ဆီမှာ အထူးတလည်အမှတ်တရတွေမရှိခဲ့ဘူး။နှစ်သစ်ကူးနေ့ဆို စားတယ်,သောက်တယ် ,ဆွေမျိုးသားချင်းဆီအလည်အပတ်သွားတယ်,နေ့တိုင်း သူငယ်ချင်းတွေနဲ့အပြင်
ထွက်လည်တယ်။သူမှတ်မိတော့သည်ဆိုလို့ ကျောင်းတွေ ပြန်မဖွင့်ခင်၊သူ့နှလုံးသားကျေ
နပ်သည်အထိ ဆော့ကစားဖို့ရန် အချိန်အလုံ
အလောက်မရှိခဲ့သည် နှင့်နွေရာသီကျောင်း
ပိတ်ရက်တွေဆီမှနေ့အချို့ကိုဆောင်းရာသီကျောင်းပိတ်ရက်တွေထဲသို့ဘာကြောင့်ချေးလို့မရတာလဲပေါ့။
ဒါပေမဲ့ ယခုအချိန်တွင် သူ ပျောက်ဆုံးသွားသလိုမျိုး ခံစားလိုက်ရသည်။
နှစ်သစ်ကူးရောက်ပြီ !
နှစ်သစ်ကို ဘယ်လိုဆင်နွှဲရမလဲ ?
သူ ဘယ်နေရာကို သွားသင့်လဲ ?
....သူ ပါဝင်ဆင်နွှဲသင့်ရဲ့လား ?
..
"ခါတိုင်းဆိုရင် ငါတို့က နှစ်သစ်ကိုစတိုးဆိုင်မှာပဲကုန်ဆုံးလေ့ရှိတယ်။ "
သူတို့တွေ အသားပေါင်မုန့်စားပြီး၊သူတို့အိမ်သို့ပြန်နေသည့်လမ်းပေါ်တွင် ကုဖေးကပြောလာတယ်။
"အားမြောင်က နှစ်သစ်ကို စတိုးဆိုင်မှာဆင်
နွှဲရတာ သဘောကျတယ်။ မီးရှူးမီးပန်းတွေနဲ့ဝင်လိုက်ထွက်လိုက်လုပ်ရတာသူမအတွက်
ပိုအဆင်ပြေလို့လေ။ "
"သူက ဗြောက်အိုးသံတွေကို မကြောက်ဘူးလား။ "
"ဟင့်အင်း,သူက အရမ်းသဘောကျနေတာ။
"ဗြောက်အိုးဖောက်နေတဲ့ဘယ်အိမ်မဆိုကိုသူ(မ)က စကိတ်စီးပြီး ဝှီးခနဲသွားလိမ့်မယ်"
ကုဖေးက စကားပြောရင်းနှင့် ပြုံးလာ၏။
" အရင်နှစ်က , သူမဆံပင်တွေ မီးဟပ်မိပြီး
ကျွမ်းသွားသေးတယ်။ "
ကျန်ချန် ဟက်ဟက်ပက်ပက် ရယ်မိသွား
တယ်။
"ဒီနှစ်ကို ငါနဲ့အတူတူ ကုန်ဆုံးဖို့ လာခဲ့မယ်မလား။ညစာအဆင်သင့်ဖြစ်မှလာလို့ရတယ်။ ငါတို့တွေတူတူ မီးရှူးမီးပန်းဖောက်မယ်လေ
နော်။ ပြီးတော့မှ မင်း အိမ်ပြန်ပြီး စာကျက်ပေါ့။ "
ကျန်ချန် " အင်း " လို့ခေါင်းငြိမ့်ပြလိုက်တယ်။
"တကယ်လို့ ငါတို့ချည်းပဲကစည်းကားတယ်လို့ မင်း မထင်ဘူးဆိုရင်, ငါတို့တွေ လီယုဖန်
၊ လီယန် နဲ့တစ်ခြားသူတွေကို ခေါ်လိုက်လို့ရတယ်။ "
ကုဖေးက ဆက်ပြောလာသည်။
"ဒီကောင်တွေကညနေစာစားပြီးရင်အိမ်မှာဆက်နေမှာတော့မဟုတ်ဘူး။ "
"နှစ်သစ်မှာ အများကြီးစည်းကားနေတာကိုမင်းက ကြိုက်တယ်လား။ "
" ငါ့အတွက်က ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။
ပြီးခဲ့တဲ့နှစ်သစ်တွေတုန်းကလည်း ငါတို့...
ငါ နဲ့ ကုမြောင် နှစ်ယောက်တည်းပါပဲ။ ငါတို့
တွေစားသောက်ပြီးတာနဲ့ ငါ့အမေက အပြင်ထွက်သွားတာ။ "
"Oh.."
ကျန်ချန်လည်း ထိုအကြောင်းကို တွေးမိပါ
တယ်။
"ဒါဆို သူတို့တွေလည်း ခေါ်လိုက်ရအောင်။
ငါတို့က အားလုံးရောက်လာပြီးဆူညံအောင်လုပ်ရင် အားမြောင်က ကြိုက်ပါ့မလား။ "
" ငါ ဒီအကြောင်းကို အရင်ပြောထားလိုက်
မယ်။ "
ကုဖေးက သူ့ကို အပြုံးနှင့်ကြည့်လာသည်။
"သူတို့တွေရောက်လာရင်၊ အဲဒီ့ညကျရင်
မင်းဘာသာအိမ်ပြန်ပြီး တစ်ယောက်တည်းစာကျက်ဖို့လိုလိမ့်မယ်။ငါ့ကို ညလုံးပေါက် ပျော်ပါးဖို့ ဆွဲထားကြမှာ သေချာတယ်။ "
"ကိစ္စမရှိဘူး။ "
ကျန်ချန် စက်ဘီးကို ကုဖေးဘေးသို့ကပ်ပြီးနင်း၍ ကုဖေးရဲ့ပခုံးကို ပုတ်လိုက်တယ်။
ကုဖေးက သူ့အချိန်တွေအားလုံးကို နေ့တိုင်း ကျန်ချန်ဘေးမှာပဲ ကုန်ဆုံးနေခဲ့တာကြောင့်ဒီစာသင်နှစ်တွင် လီယန်တို့နှင့် အပြင်ထွက်
ခဲ၏။ အကယ်၍ ,တစ်နေ့နေ့တစ်ချိန်ချိန်ကျ
ဖန်ရှီကကောင်မလေးရသွားပြီး၊သူ့မြင်ကွင်းမှရုတ်တရက်ပျောက်ကွယ်သွားမည်ဆိုလျှင် သူ ထိုအကြောင်းနှင့် ပတ်သတ်ပြီး သေချာ
ပေါက် မပျော်မရွှင်ဖြစ်မည်ပင်။
နှစ်သစ်ကူးအတွက်တော့ သူက တစ်ညသာစိတ်ထိုင်းမှိုင်းစွာ ကျော်ဖြတ်ရမှာဖြစ်သည်။ ထို့နောက် သူက ခါတိုင်းလိုပင် စာလေ့လာမှုလုပ်ရိုးလုပ်စဉ်အတိုင်း ပြန်လည်ပတ်ရမည်
ဖြစ်၏။သတိမထားမိလိုက်ခင်မှာ၊ဆောင်း
ရာသီကျောင်းပိတ်ရက်စခန်းသွင်းလေ့ကျင့်မှုအစသည်စာသင်နှစ်ရဲ့အဆုံးသတ်ကိုချောချောမွေ့မွေ့နှင့်ဆက်သွားခဲ့သည်။သူက ထူး
ချွန်ထက်မြက်တဲ့လူငယ်တစ်ဦးဖြစ်ခဲ့သည်ကို သူ့ကိုယ်သူ ဂုဏ်ယူမိတယ်။
ကုဖေး သူ့တိုက်ခန်းမှာတစ်ပတ်ကိုလေးရက် ဒါမှမဟုတ်ငါးရက်လာနေတတ်တယ်။ထုံးစံအားဖြင့် ကုဖေး သူ့စာဖတ်ချိန် နှင့်ညအချိန်အဆာပြေမုန့် စားချိန်များတွင် ကျန်ချန်ကိုအဖော်ပြုပေးသော်လည်း သူအရင်ဆုံး အိပ်
ပျော်သွားလေ့ရှိသည်။သို့သော်လည်း ပြီးခဲ့တဲ့နှစ်ရက်တည်းက သူကကုတင်ခေါင်းရင်း
မှာထိုင်၍ သူ့ဖုန်းနှင့်သူ ကစားနေ၏။
ကျန်ချန် မေးလိုက်တယ်။
" Craz3 ဂိမ်းကစားနေတာလား။ "
"မဟုတ်ဘူး ,အဲ့အတွက်ဘယ်သူက ရှိလို့လဲ၊ လီယန်ကငါ့ထက်အဆင့်နှစ်ဆယ်ကျော်နေပြီ၊ အဲဒါက ငါ့မျက်နှာကို နေ့တိုင်းဖြတ်ရိုက်နေသလိုပဲ ၊ငါ့ကိုတစ်ချိန်လုံး screenshot
တွေလည်းပို့တယ်။ "
ကျန်ချန် သူ့ဆီ အကြည့်တစ်ချက် ပစ်လိုက်တယ်။
"Ooh.... အသံနားထောင်ကြည့်ရတာတော့မင်းက တော်တော်အလုပ်ရှုပ်နေပုံပဲနော်။ "
"ဟုတ်တယ်။ "
ကုဖေးကတည်ကြည်လေးနက်စွာခေါင်းငြိမ့်ပြလာတယ်။
"ငါကငါ့ကောင်လေးကို နေ့တိုင်းသူစာကျက်တဲ့အချိန်တိုင်းအဖော်ပြုပေးရတယ်မလား။
ဒီတခေါက်ဖိုင်နယ်စာမေးပွဲမှာ ငါအမှတ် ၅၀ ကျော်ထက်တက်လာလို့၊ အရင်ရက်ကလေ လောင်ရှီကမျက်လုံးထဲမှာမျက်ရည်စတွေနဲ့ငါ့ကိုဆွဲခေါ်သွားသေးတယ်။ "
"မင်း တကယ်......"
ကျန်ချန်စကားကိုဆုံးအောင်မပြောပဲ ခေါင်းပြန်ငုံ့၍ မေးခွန်းတွေဆက်ဖြေနေလိုက်တယ်
။
'မင်းသာ နည်းနည်းလေးအားစိုက်လိုက်လျှင်မင်း တကယ် အမှတ်ကောင်းကောင်းတွေ ရနိုင်တယ် '
ဒါပေမဲ့ သူ ဒီအကြောင်းကို ထုတ်ပြောလိုက်လျှင် ကုဖေးက အများကြီးလျှောက်တွေးနေလိမ့်မယ်။သူ့စကားလုံးတွေကို ကျန်ချန် ပြန်
မျိုချလိုက်တယ်။
"မင်း အရင်အိပ်ချင် အိပ်လို့ရတယ်။ ငါ့ကို
စောင့်ဖို့မလိုဘူး။ "
"ငါ မင်းကို စောင့်နေတာမဟုတ်ဘူး။ "
ကုဖေးက ဖုန်းကို ကျန်ချန်မျက်နှာနားသို့ကပ်ပြီးပြလာသည်။
" ချက်နည်းပြုတ်နည်းတွေ ကြည့်နေတာ။ "
ကျန်ချန်လည်း ဖုန်းကို ကြည့်လိုက်တယ်။
" နှစ်သစ်ကူး ညစာအတွက်လား ။ "
"အင်း။ "
ကုဖေးက သူ့ဖုန်းသူ ပြန်ပြီးဆက်ကြည့်နေ
လျှက်ရှိသည်။
"ပြီးခဲ့တဲ့နှစ်သစ်ကူးတွေတုန်းက,ငါ့အမေကငါတို့မှာ ရှိသမျှအရာအားလုံးကိုအိုးတစ်လုံးထဲအကုန်ပစ်ထည့်လိုက်တာပဲ။နောက်တော့ဖက်ထုပ်အချို့ထုပ်ပြီးသွားရင် နားချိန်တန်
ပြီ ဆိုပါစို့ ။တစ်ခါတစ်လေငါတို့ပျင်းတဲ့အ
ခါကျရင်လည်း စတိုးဆိုင်ကနေအေးခဲထားတဲ့ ဖက်ထုပ်တစ်ချို့ကို ရိုးရိုးလေးပဲယူစားလိုက်တယ်။ဒီနှစ်တော့ပိုပြီး ခမ်းခမ်းနားနား
ကျင်းပရမှာပေါ့, ငါတို့အတူတူကုန်ဆုံးမယ့်ပထမဆုံးနှစ်သစ်မို့လေ။ "
ကျန်ချန် ပြုံးလိုက်မိသည်။
"မင်းက မီးဖိုချောင်ဘက်ကို ဦးဆောင်တော့
မလို့လား?။ "
" မင်း ငါ့ကို ယုံကြည်မှု မရှိဘူးလား?။ "
"Ah.."
စားပွဲခုံပေါ်ရှိ ပြောင်လပ်နေတဲ့ညလယ်စာအဆာပြေမုန့်ပန်းကန်လုံးအလွတ်ကို ကျန်ချန်ကြည့်လိုက်မိတယ် ။ယနေ့ညတွင် သူ
တို့က အရသာရှိတဲ့အသားလုံးလုပ်စားကြ
တာဖြစ်ပြီး၊ သူတို့ငါးခုထဲရှိ တစ်ခုချင်းစီတိုင်းဟာ လက်သီးဆုပ်အရွယ်ရှိ၏။
" ယုံပါတယ်, ....သက်သတ်လွတ်ချက်ပြုတ်နည်းတစ်ချို့ကိုပဲ မင်းကြည့်လို့ရမလား။ "
"သက်သတ်လွတ်ဟင်းလျာတွေကဘာတွေကောင်းလို့လဲ ,ငါ့အထင် မင်းကအသားစားရတာကြိုက်တာမဟုတ်ဘူးလား။ "
ကျန်ချန် သက်ပြင်းချလိုက်တယ်။
"အတန်းဖော် ရှောင်ကု , ငါ အခုတစ်လောအသီးအရွက်နည်းနည်းပိုစားချင်စိတ်ပြင်း
ပြနေတာ။ စိမ်းစိမ်းဆိုဆို အရွက်တွေလေ၊ အစိမ်းတွေမဟုတ်လည်းအဆင်ပြေတယ်၊ ဂေါ်ဖီထုပ်ဆိုလည်း မဆိုးဘူး။ "
"ကောင်းပြီလေ,မနက်ဖြန်ညလယ်စာသရေ
စာအတွက် ငါ ဂေါ်ဖီထုပ် နှပ်ခဲ့မယ်။ "
ကျန်ချန် သက်ပြင်းချလိုက်တယ်။
"...မင်းအသားနည်းနည်းထပ်ထည့်လို့လည်း
ငါစိတ်မဆိုးပါဘူး။ "
"မင်းပဲ အသီးအရွက်စားချင်တယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား။ "
"မင်းကအသားတွေ အသီးအရွက်တွေအား
လုံးကိုရွေးချယ်စရာအဖြစ် ကမ်းလှမ်း
နေတာလား။ "
ကျန်ချန် စိတ်တိုတိုနှင့် ပြောလိုက်တယ်။
"ကောင်းပြီ ! ငါ အသား နဲ့ အသီးအရွက်နှစ်မျိုးရောထားတဲ့ ဟင်းလျာတွေကို စားချင်တယ် ။ "
ကုဖေးက သူ့ကို အမှန်ပြင်ပေးလာသည်။
"အဲ့ဒါကို ဟင်းပေါင်းလို့ ခေါ်တယ်။ "
ကျန်ချန် သူ့ကို လက်ညိုးရွယ်လိုက်ပေမယ့်
ဘာစကားတစ်ခွန်းမှမထွက်လာကြောင့် သူ ခေါင်းငုံ့ပြီး စာဆက်ကျက်နေလိုက်တယ်။
..
ဆောင်းရာသီကျောင်းပိတ်ချိန်တွင် ကျောင်း
တွင်းစခန်းသွင်းလေ့ကျင့်ခြင်းက နောက်ဆုံးလ ၂၈ ရက်မြောက်နေ့အထိဖြစ်တာကြောင့်လူတိုင်းက အားလပ်ရက်တစ်ရက်သာကျန်
၏။ လောင်ရှု၏အဆိုအရ ဒီပိတ်ရက်က သူတို့အား အိမ်ပြန်ပြီး သူတို့အခန်းကိုသန့်ရှင်းရေးလုပ်ဖို့ရန်၊အားလပ်ရက်တွင်မိဘများနှင့်ဈေးဝယ်ထွက်ဖို့ရန်အချိန်ပေးတာဖြစ်သည်
ကုဖေးကသူ့ကို မနက်ခင်းအစောကြီးထခိုင်းလာ၏။ ကျန်ချန် ရီဝေနေသောမျက်လုံးတွေနှင့် မေးလိုက်တယ်။
" ငါတို့တွေ ဘယ်သွားမလို့လဲ? ။ "
"ကုန်ခြောက် ဈေး "
ကုဖေးက စောင်ခင်းကို ပစ်ထုတ်လိုက်ပြီး
သူ့ကိုယ်ပိုင်အဝတ်အစားတွေကို ကောက်လျှိုနေ၏။
"ဘာကြီး။ "
ကျန်ချန် စောင်ခင်းကို သူ့ကိုယ်ပေါ်သို့ပြန်ဆွဲခြုံလိုက်တယ်။
"လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း မင်း အားတဲ့မိနစ်တိုင်းစူပါမားကတ်ကိုအပြေးသွားနေတာမဟုတ်ဘူးလား။မင်း ဈေးကို အပြောင်သိမ်းတော့မှာလားဆိုပြီး ငါတောင်ကြောက်သွားတယ်။ မင်း တစ်ခုခု ကျန်ခဲ့လို့လား။ "
"ဒါက မတူဘူး။ "
ကုဖေးက ကုတင်ခေါင်းရင်းနားသို့ငုံ့ကိုင်းပြီး
ပြောလာသည်။
" မင်းရဲ့ကောင်လေးနဲ့ နှစ်သစ်ကူးဈေးဝယ်ထွက်ရတဲ့ပျော်ရွှင်စရာအတွေ့အကြုံကိုမင်း
မလိုချင်ဘူးလား။ "
"....အရူး "
ကျန်ချန် အသံထွက် ရယ်မိသွားတယ်။
"ကောင်းပြီ , ငါ ထပြီ။ "
နှစ်သစ်ကူးနေ့မတိုင်မီနှစ်ရက်အလိုတည်းက
လေထုထဲတွင် အားလပ်ရက်အနှစ်သာရနှင့်ပြည့်နှက်နေ၏။ကျန်ချန် မျက်နှာသစ်ပြီးတဲ့
နောက်တွင် အပြင်ဘက်မှ ရယ်မောသံတွေ
နှင့်စကားသံတွေကို သူကြားလိုက်ရတယ်..
စကားများငြင်းခုန်နေတဲ့အသံမျိုး.. ..ပုံမှန်
ထက်အသံကျယ်ပြီး ,စည်ကားသိုက်မြိုက်
နေလျှက်ရှိသည်။
သူသွားတိုက်နေရင်းနှင့်ပြတင်းပေါက်နားသို့
လျှောက်သွားပြီး အပြင်ဘက် ငုံ့ကြည့်လိုက်တယ်။
အပြင်ဘက်ရှိမြေပြင်ပေါ်တွင် ခေါင်းထက်
၌ သံချေးတက်နေတဲ့ပုံးတွေနှင့် ရုပ်ဆိုးဆိုးနှင်းလူသားများအများအပြားရှိနေကာ၊ခွေးပေါက်လေးတစ်အုပ်ကလည်းစည်းမဲ့ကမ်းမဲ့ပြေးလွှားနေလျှက်ရှိသည်။အမည်မသိတဲ့လူတစ်စုက စော်ကားမော်ကားတွေလွှတ်ပြောနေချိန် ကလေးတစ်ယောက်က ဝူးဝူးဝါးဝါးအော်ဟစ်နေ၏။အဲဒီအချိန်၌လမ်းဘေးမှာရပ်နေတဲ့ လူနှစ်ယောက်ကလည်း တင်ပါး
ပေါ်မှာလက်ထောက်၍တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေသူတွေက အဘိုး နှင့်အဘွားတစ်ယောက်ဖြစ်သည်။
Ah ,တစ်နှစ်တောင်ရှိသွားပြီးပဲ။
ကျန်ချန် ရုတ်တရက်ကြီးလွမ်းမောတမ်းတ
မှုအနည်းငယ် ခံစားလိုက်ရတယ်။အောက်ထပ်ရှိကမောက်ကမမြင်ကွင်းတွေကိုကြည့်
နေရင်းနှင့်ပထမဆုံးအကြိမ်အဖြစ်ဆူညံနေ
မှုကို စိတ်အနှောင့်အယှက်ဖြစ်သလိုမခံစား
ရပေ။
ဤတစ်ခေါက် ကျောင်းပိတ်ရက်က ပုံမှန်ထက်ကွဲပြားနေသည်ဟု ပထမဆုံးအကြိမ်ခံစားမိခြင်းဖြစ်သည်။ သူအံ့သြမိသည်မှာ
စူပါမားကတ်တွေရှိလူအုပ်ကြီး၏စိတ်ပျက်ဖွယ်ရာလုပ်ဆောင်ချက်တွေ၊ငွေအတွက်လူတွေတိုးဝှေ့နေမှုတွေ၊ပြီးတော့ ငွေရှင်းဖို့ရန်တန်းစီနေတဲ့တခြားသူတွေနဲ့ပခုံးချင်းယှဉ်ရပ်နေမှုတွေကိုတကယ်မျှော်လင့်နေမိတာ။
....
နေလို့သိပ်မကောင်းလို့
နောက်တစ်ပတ် update မရှိပါဖူး။
ပြီးမှ နှစ်ပတ်စာပေါင်းပြီးအစားပြန်တင်
ပေးပါ့မယ်။
ကျန်းမာရေး ဂရုစိုက်ကြပါ💗