ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 167K 22.4K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (unicode)
Part 91 (zawgyi)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 92 (unicode)

4.5K 934 161
By melieee2

Part 92 ~

ဤနေ့ဟာ တိမ်ထူနေသော နေ့တစ်နေ့သာဖြစ်လေ၏။နေမင်းက ခေါင်းပြူမထွက်လာသေးပဲ၊လမ်းတစ်လျှောက်တွင် လမ်းမီးတိုင်တစ်ချို့လင်းနေလျှက်ရှိသည်။

ကျန်ချန်ရဲ့တိုက်ခန်းဆီသို့ သူ့ဆိုင်ကယ်ဖြင့်
အမြန်မောင်နှင်းနေချိန်တွင် ၊သူ့ခန္ဓာကိုယ်ကိုတိုးဝှေ့ရိုက်ခတ်လာသည့် အေးစိမ့်စိမ့်လေနုအေးတစ်ချို့ကို ကုဖေး ခံစားမိလိုက်တယ်။
သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုအေးမြ၍လန်း
ဆန်းသောလေထုက လွှမ်းခြုံထားသကဲ့သို့၊
ကျေနပ်ဖို့ကောင်းသည့် ခံစားချက်မျိုးလေး
ရနေ၏။

သူ ဆိုင်ကယ်မစီးဖြစ်တာ တော်တော်ကြာပြီ
ဖြစ်သည်။လီယန်ရယ်၊အခြားကောင်တွေနှင့်အတူအပျော်ခရီးသွားသည့်အခါမှသူထိုဆိုင်
ကယ်ကိုထုတ်စီးလေ့ရှိသည်။သူ ကျန်ချန်နှင့်အတူတွဲသွားတွဲလာလုပ်ပြီးနောက်ပိုင်းတော့ကုဖေး သူတို့်အဖွဲ့နှင့်အပြင် သိပ်မထွက်ဖြစ်တော့ဘူး။ မနေ့တစ်နေ့တုန်းက လီယုဖန်ကသူ့ဆီဖုန်းဆက်ပြီး ' ငါ့ကို စွန့်ပစ်သွားတဲ့ သူ
ငယ်ချင်းကောင်း " ကိုအောက်မေ့ပြီး ကဗျာတစ်ပုဒ်ရေးနေတယ်လို့တောင် သူ့ကို ပြောသွားခဲ့သေးတယ်။

သူ့တိုက်ခန်းနှင့် ကျန်ချန်တိုက်ခန်းသည် အ
ဝေးကြီးမဟုတ်ပေ။မော်တော်ဆိုင်ကယ်ပေါ်မှာ သူမောင်းနှင်နေသည့်အရှိန်နှုန်းအားဖြင့်
စုစုပေါင်း ငါးမိနစ်ခန့်မျှသာ အချိန်ကြာ၏။

ကျန်ချန်တစ်ယောက် ဒေါသကို မထိန်းချုပ်
နိုင်တော့ပဲ၊သူ့နည်းသူ့ဟန်ဖြင့်လီဟွေ့နှင့်ထိပ်
တိုက်ဖြေရှင်းဖို့ရန်အောက်ထပ်သို့ ဆင်းသွား
မည်ကို သူ အနည်းငယ် စိုးရိမ်နေမိသည်။

ကျန်ချန်က လီဟွေ့နှင့်ရင်ဆိုင်ရာတွင် အခွင့်မသာတာမျိုး မဖြစ်မှာသေချာတယ်။လီဟွေ့
ကိုကူညီမည့်သူရှိတယ်ဆိုလျှင်တောင်၊ ကျန်ချန်ရဲ့တိုက်ရည်ခိုက်ရည်ကြောင့်အခြားတစ်
ဖက်က အပေါ်စီးရဖို့ မဖြစ်နိုင်ဘူး။

သို့ဖြစ်စေကာမူ, ဤအချိန်တွေက တန်ဖိုးရှိတဲ့အချိန်တွေဖြစ်သည်။ကျန်ချန်က စာမေးပွဲ
အတွက်ပြင်ဆင်နေတဲ့ စီနီယာကျောင်းသားတစ်ယောက်ဖြစ်နေ၍၊ဒီလိုမျိုးပြသာနာတွေငြိစွန်းလာဖို့မပြောနဲ့ ။ သူ့စိတ်ကိုထိခိုက်သွားမဲ့တစ်စုံတစ်ရာရှိလျှင်တောင်ကိစ္စကြီးနေပြီ။

မြို့ပြအထက်တန်းကျောင်း တစ်ကျောင်းမှ
စီကျုံးကျောင်းကဲ့သို့ နေရာတစ်ခုသို့ပြောင်းရွေ့လာရမှုသည် သူ့အတွက် လုံလောက်သောအကျိုးသက်ရောက်မှုတစ်ခုဖြစ်ခဲ့ပြီးတော့၊ ဤပြသာနာများနှင့် လုံးပမ်းနေခဲ့ရလေသည်။

မနက်ခင်းအစောပိုင်းအချိန်ဖြစ်၍ လမ်းမပေါ်မှာ လူသိပ်မရှိသေးပေ။ကျောင်းသွားမည့်သူဒါမှမဟုတ် အလုပ်သွားရမည့်သူတွေက အိမ်မှမထွက်ကြသေးတာကြောင့်၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ရန်ထွက်လာကြသည့် အဘိုး၊အဘွားများ နှင့် ဟင်းချက်ပစ္စည်းပစ္စယဝယ်ဖို့ထွက်လာတဲ့သူတစ်ချို့သာရှိ၏။

ထို့ကြောင့် ကျန်ချန်တို့တိုက်ခန်းလမ်းကြား
သို့ သူချိုးကွေ့လိုက်သည်နှင့် ရှေ့နားမလှမ်း
မကမ်းတွင် မိုးတိုးမတ်တတ် ရပ်နေကြသည့် လူတွေကို ကုဖေး လှမ်းမြင်လိုက်ရတယ်။

သူ မျက်မှန်မတပ်ထားပေမဲ့လည်း ၊ကျန်တဲ့သူများနှင့်အနည်းငယ်လှမ်းသောအကွာအ
ဝေးတွင်ရပ်နေသော လီဟွေ့ကိုမြင်နေရပြီး
လီဟွေ့နှင့်ပါလာသည့်တစ်ခြားလူတွေကို
တော့ သူ မမှတ်မိပေ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ကိစ္စတော့မရှိပါဘူး။လီဟွေ့လိုလူတစ်ယောက်က အခြေအမြစ်မရှိတဲ့ လူရမ်းကားတွေကိုသာ ခေါ်လာနိုင်တယ်။
သံစက်ရုံရှိ ဆန်ကုန်မြေလေးများနှင့်သံစက်
ရုံတစ်ဝိုက်မှမဟုတ်သော ဆန်ကုန်မြေလေးများကြားတွင် လုံးဝဥဿုံခြားနားပေသည်။

လမ်းဘေးတွင်ရပ်နေသောလူအုပ်ကြီးဆီသို့ဆိုင်ကယ်ဖြင့် တဟုန်ထိုးမောင်းနှင်သွားချိန်
တွင် ကုဖေး အရှိန်မလျော့ထားခဲ့ပေ။

လူရမ်းကားများသည် တော်တော်လျှင်မြန်သွက်လက်တတ်ကြပေသည်။စက်အင်ဂျင်
သံကြောင့် သူတို့တွေက ခေါင်းလှည့်ကြည့်
လာကြပြီး၊လမ်းပေါ်မှဆုတ်ဖို့ရန် အမူအရာ
တစ်ချို့ ပြလာ၏။

ကုဖေး ခါးကို ကိုင်းညွှတ်၍ ဆိုင်ကယ်နှင့်ထိကပ်လိုက်ပြီး ၊ လိုက်ဖက်အောင်မွမ်းမံတပ်ဆင်ထားသော ဆိုင်ကယ်နောက်ဘီးရွှံ့ကာ
ထဲမှ ရော်ဘာတုတ်တံရှည်ကို ဆွဲထုတ်လိုက်တယ်။

လူအုပ်ဆီသို့ ဆိုင်ကယ်ဖြင့် တဟူးဟူးမောင်း
သွားချိန်တွင်၊ သူတို့ထဲမှ အများစုသည် လမ်းကြောပေါ်မှ ဘေးသို့ခုန်ဆုတ်သွားကြ၏။

ဘာပဲဖြစ်ဖြစ် ထိုလူတွေက သူ့ရဲ့ပစ်မှတ်
မဟုတ်တာပဲကို...

လီဟွေ့၏တုံ့ပြန်မှုသည် ထိုလူရမ်းကားတွေထက်နှေးကွေးပေသည်။အခြားလူတွေ လူစုကွဲသွားသည့်အခါမှ၊သူကခေါင်းကိုနောက်သို့လှည့်ကြည့်လာ၏။

ကုဖေးတစ်ယောက် လက်ထဲက တုတ်တံကို လွှဲယမ်း၍လီဟွေ့၏တင်ပါးကို ရိုက်ချလိုက်တယ်။

လီဟွေ့က နာကျင်စွာ အော်ဟစ်လာသည်။
ဒါပေမဲ့ သူ့အသံတွင် ယုံကြည်ချက်နှင့် ခွန်
အားအပြည့်ဖြင့်မဟုတ်ဘဲ၊ အမှန်အားဖြင့် ၇၀ ရာခိုင်နှုန်းသာမျှရှိ၏။ သူ့မျက်နှာအရောင်ကမူ တစ်ညလုံးလုံးမာကျောက်ကစားနေခဲ့သည်ဟူသောအချက်ကို ဖုံးထားသမျှ ဖော်လိုက်သလို ဖြစ်နေ၏။ သံချေးတက်သလိုပင်။

လီဘောက်ကောကိုယ်တိုင် လက်ဖြင့် ပြုစုပျိုးထောင်ခဲ့တဲ့ ချစ်လှစွာသောသားကဲ့သို့
လီဟွေ့က သူ့အခန်းကဏ္ဍနှင့်အညီ ရှင်သန်နေထိုင်လျှက်ရှိသည်။

အခြားသူများအားလုံးဝိုင်းလာပြီး စုပြုံလာချိန်၌ ကုဖေးရဲ့ဆိုင်ကယ်သည်မီတာအနည်း
ငယ်အလှမ်းဝေးသွားပြီဖြစ်၏။

ကုဖေးက ဘရိတ်လက်ကိုင်ကို တဗျင်းဗျင်းဖိညှစ်ပြီးမြေကြီးပေါ်သို့ ခြေထောက်တစ်ဖက်ချလိုက်သည်။မော်တော်ဆိုင်ကယ်ရဲ့နောက်
မြီးပိုင်းမှာလွှဲယမ်းသွားပြီး၊ဆိုင်ကယ်ကနောက်ကြောင်းပြန်ကွေ့လာ၏။

သူ ထိုလူတွေနှင့် ပိုပြီးနီးကပ်လာချိန်တွင် လီဟွေ့ခေါ်လာသည့်လူတွေကိုမြင်လာရသည်။
သူတို့ထဲမှာ လူ လေး ငါး ယောက်ရှိပြီး၊အား
လုံးက သံစက်ရုံမှအိမ်နီးနားချင်းတွေဖြစ်ကြ
သော်လည်း ၊သူ့စတိုးဆိုင်မှာမကြာခဏစျေး
လာဝယ်လေ့ရှိသည့် ဆန်းကုန်ပ် လို့ခေါ်သည် လူကိုသာ ကုဖေး သိတာဖြစ်၏။

ဆန်းကုန်ပ် ကလည်း သူ့ကို မှတ်မိသွားပြီး ၊
အံ့သြတကြီးမျက်တောင်ခတ်ကြည့်လာ၏။
" သဖေး ? ။"

"လမ်းဖယ် ။ "
မော်တော်ဆိုင်ကယ်က နောက်ထပ်တစ်ကြိမ်
လူအုပ်ဆီသို့ အရှိန်ပြင်းပြင်းနှင့်ပြေးဝင်လာ
ပြန်၏။ ဆန်းကုန်ပ် က စက္ကန့်ပိုင်းမျှကြောင်
အမ်းနေပြီးနောက်တွင် နောက်သို့ ဆုတ်သွား
ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ တစ်ခြားကောင်တွေက
ပြင်ဆင်လာကြ၏။ လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားတဲ့လူတစ်ယောက်က ဆိုင်
ကယ်ရှေ့ပြေးဝင်လာပြီး ကုဖေးရဲ့မျက်နှာ
ဆီသို့ ဓားဖြင့် ကြမ်းကြမ်းတမ်းတမ်း ဝှေ့
ယမ်းလာသည်။

ဓားကိုရှောင်းတိမ်းဖို့ရန် ကုဖေး ဆိုင်ကယ်ကို ဘေးသို့ရှောင်မောင်းလိုက်ပြီး၊ထိုလူ၏လက်
မောင်းကို ရော်ဘာတုတ်တံဖြင့် လွှဲရိုက်လိုက်
ပြီး၊ ဆိုင်ကယ်ကို နောက်တစ်ကျော့ထိန်း၍ မောင်းနှင်ချိန်တွင် မြေကြီးပေါ်သို့ ဓားပြုတ်ကျသွားသည့်အသံကိုကုဖေးကြားလိုက်ရ၏

သူ့ရည်ရွယ်ချက် ဓားကိုအဝေးသို့ရိုက်ထုတ်လိုသည့်အတွက်ကြောင့် သူထိုရိုက်ချက်ပေါ်မှာအားအများကြီးမထည့်ထားပေ။ဒီလူတွေ
ကို သူကောင်းကောင်းမသိတာကြောင့် ၊ လို
တာထက်ပိုပြီး သူ ရန်မစချင်ဘူး။ သူတို့ထဲကတစ်ယောက်က' မျောက်ကြီး 'လိုမျိုး စရိုက်မတူဘူးဆိုရင် ၊ ထွက်သွားဖို့ရန်နောက်ထပ်ခက်ခဲတဲ့အရှုပ်ထုပ်ဖြစ်လာပေလိမ့်မည်။

သူ့ပစ်မှတ်ကလီဟွေ့တစ်ယောက်တည်းဖြစ်ပြီး၊ လီဟွေ့က ငကြောက်ကောင်တစ်ကောင်သာဖြစ်သည်။သူနှင့်အတူလိုက်လာမဲ့လူတွေမရှိလျှင် လီဟွေ့ကသူ့သဘောနှင့်သူ ကျန်ချန်ဆီလာရှာဝံ့မည်မဟုတ်ချေ။လူတစ်စုလုံးရှိနေတာတောင်၊ထိုသူက ကျန်ချန်ကို ကျောင်းထိလာမရှာရဲပေ။

စီကျုံးကျောင်းရှိ ကျောင်းသားတွေအတွက်
ရန်ဖြစ်ခြင်းသည် အစား စားနေသကဲ့သို့ပင်
လွယ်ကူ၏။ အကယ်၍ ကျန်ချန်က လီဟွေ့
နှင့်ထိပ်တိုက်တွေ့ဖို့ရန် လူတစ်ချို့ကိုခေါ်လာ
မည်ဆိုလျှင်၊လီဟွေ့တစ်ယောက် ကျန်ချန်
ရှေ့မှာ ဘယ်တော့မှ ခေါင်းမော့ရဲမှာမဟုတ်တော့ဘူး။

လီဟွေ့က လမ်းပေါ်က ရှောင်ဖယ်ချင်သေး
သော်လည်း ဆိုင်ကယ် ထက်တော့မမြန်နိုင်
ချေ။ သူထွက်ပြေးဖို့ရန်လှည့်လိုက်သည်နှင့်
ကုဖေးရဲ့ရော်ဘာတုတ်တံကနောက်တစ်ဖန်
အရှိန်ပြင်းပြင်း ကျရောက်လာ၏။ယခုတစ်ကြိမ်ကမူ သူ့ခြေထောက်ပေါ်သို့ပင်။

"Fuckk "
လီဟွေ့ကအော်ဟစ်ဆဲရေးလာသည်။
" မင်းဘိုးအေကြီးတဲ့မှ ! ငါ မင်းအပေါ်မှာ ဘာသောက်လုပ်မှ မလုပ်ခဲ့ဖူးဘူးလေ !။ "

" လုပ်ခဲ့တယ် ။ "
ကုဖေး ဆိုင်ကယ်ကို နောက်တစ်ကျော့ပြန်
ကွေ့လိုက်တယ်။

"ငါ မင်းကို သတ်ပစ်မယ်ဆိုတာ လောင်းရဲလား ? ။ "
လီဟွေ့က သူ့ကို လက်ညိုးတစ်ထိုးထိုးနှင့်ပြောလာ၏။သူက ထိုသို့ပြောပြီးနောက်
တွင် ဘေးဘီနှစ်ဖက်လုံးသို့ကြည့်၍၊ သူတို့
အားလုံးတက်ညီလက်ညီတစ်ဟုန်ထိုးတိုက်
ခိုက်သင့်ကြောင်း အရိပ်ပြလိုက်သည်။

"ဒီကိစ္စက ဒီအစ်ကိုတွေနဲ့ ဘာမှမဆိုင်ဘူး။"
ကုဖေး အင်ဂျင်စက်သတ်၍ ဆိုင်ကယ်ပေါ်မှ
ဆင်းပြီး၊ရော်ဘာတုတ်တံကိုကိုင်ကာလီဟွေ့
ဆီသို့ လျှောက်သွားလိုက်တယ်။
"မင်းက အထက်တန်းကျောင်းသားကို နှောင့်
ယှက်ဖို့ ဒီလူတွေအားလုံးကိုခေါ်လာတယ်ပေါ့
။ ဒီစကားတွေ အပြင်ပြန်ရောက်သွားမှာ မင်း
မရှက်ဘူးလား ။ မင်းက မင်းကို ကူညီတဲ့လူတိုင်းကို ဟာသဖြစ်အောင် လုပ်မလို့လား?။ "

"သဘောထားကွဲလွဲအောင် သွေးထိုးဖို့ကြိုး
စားမနေနဲ့။ "
လီဟွေ့က ဒေါနှင့်မောနှင့် အောဟစ်လာသည်။
"သူက ငါ့အဖေ စုထားတဲ့ငွေတွေကို ယူသွား
တာ။ "

ကုဖေး နှာခေါင်းရှုံ့လိုက်တယ်။
"မင်းအဖေမှာစုထားတဲ့ငွေရောရှိလို့လား?။
မင်း ဘဏ်ကို အရင်သွားကြည့်သင့်တယ်။
ဘဏ်က မင်းကို စစ်ဆေးခွင့်မပေးရင်၊ မင်း
ရဲခေါ်လို့ရတယ်။ ရဲတွေက မင်းကို သေချာ
ပေါက် ကူညီပေးလိမ့်မယ် ။ "

လီဟွေ့က အသံကုန်ခြစ်ပြီး အော်ဟစ်လာပြန်သည်။
" ငါ စစ်ကြည့်ဖို့မလိုဘူး ။ သူယူသွားတယ်ဆိုတာ ငါသိတယ်။ "

"ကောင်းပြီလေ , ဒါဆို......."
ကုဖေး သူ့ကို ကြည့်လိုက်တယ်။
" မင်း ပြီးခဲ့တဲ့တစ်ခေါက်က ငါ့စတိုးဆိုင်မှာ
ယူသွားတဲ့ပစ္စည်းတွေက ဘယ်တော့ဆပ်မှာလဲ ?။ "

လီဟွေ့က စိတ်ရှုပ်ထွေးစွာဖြင့်ပြန်မေးလာ
၏။
" ငါ ဘယ်အချိန်တုန်းက မင်းဆိုင်က ပစ္စည်း
ကို ဝယ်ဖူးလို့လဲ ?။ "

"ကျုံးဟွာစ်တစ်ဗူး ၊ မောင်းထိုင်လ်နှစ်ပုလင်း
ပြီးတော့ "

"သောက်ရေးမပါတာ !"
လီဟွေ့က ကြားဖြတ်ပြောလာ၏။
" မင်းရဲ့မကောင်းမကန်းစတိုးဆိုင်မှာ အဲ့ဒီ ကျုံးဟွာစ် နဲ့ မောင်းထိုင်လ် ရှိလို့လား?။ "

"ဒါဆိုရင် လောင်းကစားကြောင့်မျက်ခြည်မ
ပြတ်စောင့်ကြည့်ခံနေရတဲ့ မင်းအဖေဆီမှာ
တော့ငွေစုအကောင့် ရှိတယ်ပေါ့?။ "

"မင်း...."

"ငါ့ဆိုင်မှာ ပစ္စည်း ရှိရှိမရှိရှိ မင်း စိတ်ပူစရာ
မလိုဘူး။ မင်း ယူသွားမှန်း ငါသိလို့ ၊ မင်း
ယူသွားတယ်လို့ ပြောနေတာလေ။ "

"မင်း....."
လီဟွေ့၏မျက်ဆန်သည် မျက်လုံးအိမ်တွင်း
မှပြူးထွက်လာသည်။ သူကဘယ်လိုစကား။စမြည်ဆက်ပြောရမှန်းမသိသည့်အခါ၊လက်ကိုလွှဲယမ်း၍ကုဖေးရဲ့မျက်နှာကိုလက်သီးနဲ့ထိုးဖို့ဆုံးဖြတ်လိုက်၏။

ကုဖေးကရှောင်တိမ်းခြင်းမပြုပေ။လီဟွေ့ရဲ့လက်သီးချက်ကသူ့ဆီရောက်ဖို့ တော်တော်ကြာကြာအချိန်ယူရ၏။ ကုဖေးရဲ့လက်သီးက လီဟွေ့ရဲ့နှာရိုးဆီ ကျရောက်သွားချိန်၌ ထိုငနဲကောင်က ပွေ့ဖက်ထားသည့်အတိုင်း
သူ့လက်မောင်းတွေသည် လေထဲမှာမြှောက်
လျှက်သားဖြစ်နေခဲ့သည်။

..

ကျန်ချန် ဆိုင်ကယ်သံကြားလိုက်ရချိန်တွင် စက္ကန့်ပိုင်းမျှတုန့်နှေးသွားပြီးတော့၊ ကုဖေးဖြစ်နေမလားဆိုပြီး စူးစမ်းချင်သွားတယ်။ သူ ပြတင်းပေါက်မှ အပြင်လှမ်းကြည့်ချိန်တွင် အပြင်ဘက်မှ အရှိန်နဲ့ အင်ဂျင်ဟိန်းသံကိုကြားလိုက်ရသည်။

ကုဖေး ရောက်လာပြီမှန်း ၊ ထိုသူက ရန်ဖြစ်ဖို့ရန် ရောက်လာပြီးမှန်း ကျန်ချန် တန်းသိလိုက်တယ်။

သူ အပြင်ဘက်ရှိစစ်မြေပြင်အခြေအနေကို
မစစ်ဆေးမီ နောက်ပြန်ဆုတ်လိုက်ပြီး စားပွဲ
ခုံပေါ်မှလေးခွကိုလှမ်းယူ၍၊အလှပန်းအိုးထဲမှကျောက်စရစ်ခဲတစ်ချို့ကို လက်တစ်ဆုပ်စာကုပ်ယူလိုက်တယ်။သူ လောက်လွှဲကြိုးကို
အရင်ဆွဲထားလိုက်ပြီး၊ပစ်မှတ်ကိုချိန်ထားဖို့
ရန်ခေါင်းငုံ့ကြည့်လိုက်တယ်။နောက်ဆုံးတွင်မူ အောက်ထပ်မှာ ဘာတွေဖြစ်နေမှန်း ကျန်ချန် စူးစမ်းလို့ရသွား၏။

လက်ထဲမှာ အနက်ရောင်ရော်ဘာတုတ်တစ်ချောင်းနှင့် အင်္ကျီမပါဘဲအပြင်မှာ မတ်တပ်ရပ်နေသည့် ကုဖေးကိုသူမြင်လိုက်ရချိန်တွင် သူ့တစ်ကိုယ်လုံး တောင့်တင်းသွား၏။

ရှပ်အင်္ကျီမဝတ်ပဲ အိမ်အပြင်ထွက်တာသည့်
ကုဖေးကို ကျန်ချန် အရင်တုန်းက တစ်ခါမှမမြင်ဖူးဘူး။ ပြီးကျ အိမ်အပြင်ထွက်ဖို့မပြောနဲ့ဦး။ ကုမြောင်လည်းရှိတာကြောင့် ကုဖေးက အိမ်မှာနေလျှင်တောင်ရှပ်အကျီဗလာနှင့်သွားလာခဲ၏။ ဒါပေမဲ့ ကျန်ချန်ရဲ့တိုက်ခန်းမှာ တစ်ခါတစ်လေ သူ ဘောင်းဘီမဝတ်ဘဲသွားလာတတ်ခြင်းကမူ မတူသည့်ကိစ္စတစ်
ရပ်သာ။

ကုဖေးက အဖြူရောင်အစင်းကြောင်းတွေပါသည့်အားကစားဘောင်းဘီတစ်ထည်တည်း
ကိုသာဝတ်ထားပြီး ၊ရှပ်အင်္ကျီဗလာနှင့်လက်
ထဲမှာတုတ်တစ်ချောင်းကိုင်ထားတဲ့မြင်ကွင်း
အခိုက်အတန့်ဟာ အချိန်အကြာကြီးပျောက်
ဆုံးနေသည့် သံစက်ရုံလူမိုက်ခေါင်းဆောင်အငယ်လေးပင်ဖြစ်လေ၏။

လီဟွေ့က သူနှင့်အတူ လူလေးယောက်ကိုခေါ်လာပြီး၊ သူကိုယ်တိုင်ရောအပါအဝင်ဆိုငါးယောက်ဖြစ်သည်။ကျန်ချန် လောက်လွှဲကြိုးကိုတင်းနေအောင်ဆွဲပြီး သူ့အကြည့်
တွေကို ထိူလူတွေပေါ်သို့ ရွေ့လိုက်တယ်။
ဒါပေမဲ့လီဟွေ့မှလွဲ၍ တစ်ခြားလူကြီးတွေ
က လှုပ်ရှားသည့်အရိပ်အယောင်မပြပေ။

လီဟွေ့က ရပ်ကွက်အနီးအနားတစ်ဝိုက်မှာဝေ့လည်နေလေ့ရှိသောလူတွေကိုခေါ်လာ။မှန်း ကျန်ချန်ခန့်မှန်းလို့ရတယ်။ကုဖေးက 'မျောက်ကြီး 'ကို ရှုံးနိမ့်ခဲ့တယ် ဆိုလျှင်တောင်၊ 'တစ်ယောက်ချင်းယှဥ်တိုက်ခြင်း'
လမ်းစဉ်က တကယ့် ရုပ်ပိုင်းဆိုင်ရာကာယစွမ်းရည်ကိုအလေးမထားဘူးဆိုတာရှင်းနေတာပဲ။ ဒီလူတွေက ကုဖေးကိုဆန့်ကျင်ရမှာကိုကြောက်ရွံ့ထိတ်လန့်နေကြမှန်း သံသယဖြစ်စရာမလိုချေ။

ကုဖေးနှင့်လီဟွေ့တို့ ကြားက အပြန်အလှန်အချီအချစကားများနေမှုကိုကျန်ချန်မကြား
ရပေမဲ့လည်း၊ လီဟွေ့က အရမ်းခက်ထန်ပြီး ဒေါသထွက်နေမှန်းပြောနိုင်တယ်။ထို့နောက်
တွင် လီဟွေ့ကဒေါကြီးမောကြီးနှင့်လက်သီးတစ်ချက်ဝှေ့ယမ်းလာတာကိုမြင်လိုက်ရ၏။

ဒါပေမဲ့ သူချိန်ထားတဲ့ကျောက်စရစ်ခဲကိုပစ်လွှတ်ဖို့ ကျန်ချန် အခွင့်အရေးမရလိုက်ပေ။
လီဟွေ့ရဲ့လက်သီးက လေဟာနယ်ကိုဖြတ်
၍ နှေးကွေးသောလက်သီးအဝိုက်သဏ္ဍာန်
ဖော်လို့မပြီးသေးခင် ကုဖေးရဲ့လက်သီးက
သူ့နှာခေါင်းပေါ်သို့ အရင်ကျသွားခဲ့သည်။

လီဟွေ့က ဒယိမ်းဒယိုင်နောက်ဆုတ်သွားပြီး
နောက်ကျောဆီသို့ လက်ဆန့်လိုက်၏။

တစ်ခုခုရှိနေတယ် !

လီဟွေ့က ကျောနောက်မှာ ဓားတစ်လက်ဆွဲ
ထုတ်လာသည်နှင့် ကျန်ချန် လောက်လွှဲကြိုးကို 'pop 'ဆိုတဲ့အသံနှင့်အတူလွှတ်ပေးလိုက်
တဲ့အခါ ကျောက်စရစ်ခဲလုံးက ပျံထွက်သွား
ပြီး လီဟွေ့ဓားကိုင်ထားသည့်လက်ရဲ့လက်
ကောက်ဝတ်ကို ထိမှန်သွားခဲ့သည်။

ဤလေးခွရဲ့ပြင်းအားကို ကျန်ချန် အကြိမ်
ကြိမ် စမ်းသပ်ခဲ့ပြီးပြီဖြစ်သည်။လေးခွစာတစ်ချက်နှင့်တင် လီဟွေ့၏လက် သေချာ
ပေါက် ယောင်လာလိမ့်မည်။အကယ်၍ သူသာစတီးလုံးတွေကိုသုံးခဲ့မည်ဆိုလျှင်အရိုးတစ်ချို့ကျိုးသွားမှာသေချာ၏။

လီဟွေ့ရဲ့ဓားက မြေပြင်ပေါ်သို့ ချွင်ခနဲ ပြုတ်ကျသွားသည်။လီဟွေ့က ဓားကို ခါးကိုင်းပြီးပြန်မကောက်ရသေးခင်၊ကုဖေးက ဓားရိုးကိုတက်နင်းထားသည်။ထို့နောက်တွင် ကုဖေးကရော်ဘာတုတ်တံနှင့်လီဟွေ့၏ပခုံးပေါ်သို့ လွှဲရိုက်လိုက်၏။

ထိုသို့လွှဲရိုက်ပြီးနောက်တွင် ကုဖေးကအပေါ်
ထပ်သို့ မော့ကြည့်ဖို့ရန် လှည့်လာခဲ့သည်။

ကျန်ချန် တိုက်ခန်းအတွင်းသို့အလျင်အမြန်ပြန်ဝင်၍ တိုက်ခန်းတံခါးကိုဖွင့်ပြီးလှေကားသုံးထစ်ကိုတစ်ပြိုင်နက်တည်းပြေးဆင်းလာလိုက်တယ်။

သူ့အခန်းထဲမှာ ပုန်းလျှိုးကွယ်လျှိုးနေပြီး
အမှောင်ထဲကနေ ချောင်းမြောင်းပစ်တာမျိုး
မလုပ်ခဲ့သင့်ဘူး။ဤနည်းလမ်းကြောင့် သူ
တို့ရဲ့ဒေါသတွေအားလုံး ကုဖေးပေါ်မှာစုပြုံ
လာနိုင်၏။ သူ ကုဖေးကို ဤအရှုပ်အထွေးများထဲမှာ ထပ်ငြိသွားမှာမျိုးအလိုမရှိဘူး။
ပြီးတော့ နောက်ထပ် ဦးနှောက်ပျက်စီးနေ
သည့်သံစက်ရုံရဲ့ စီးချင်းထိုးပွဲနည်းတွေကို
လည်း မမြင်ချင်တော့ဘူး။

သူ လှေကားအပြင်သို့ပြေးထွက်လာချိန်တွင်
ကုဖေးက ဓားကို ဘေးဘီသို့ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။အနက်ရောင်ရော်
ဘာတုတ်ရှည်ကလည်း ဘေးမှာ လွှတ်ပစ်ခံ
ထားရပြီး၊ကုဖေးက လက်ဗလာနှင့် လီဟွေ့
ရှေ့မှာမျက်နှာချင်းဆိုင် မတ်တပ်ရပ်နေ၏။
" မင်းက ပြသာနာဖြစ်ချင်တယ်ဆိုရင်လည်း
ငါ မင်းကို အဖော်လုပ်ပေးရတာပေါ့။ "

" မင်းအဖော်လုပ်ပေးစရာမလိုဘူး။ "
လီဟွေ့က ပါးစပ်ကို သုတ်လိုက်ပြီး၊ကျန်ချန်
ပြေးထွက်လာသည်ကို သတိထားမိသည်နှင့်
ချက်ချင်းပင် ကျန်ချန်ကို လက်ညိုးထိုးပြလာ
သည်။
"ငါရှာနေတဲ့သူက သူပဲ။ "

ကျန်ချန် နှုတ်ခမ်းအနားသတ်ကို မဲ့လိုက်တယ်။
" ငါ နဲ့ မင်းက ဘာဆိုင်လို့လဲ? ။ "

" ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး ။"
ကုဖေးက ကြားဖြတ်ဝင်ပြောလာသည်။
"မင်းနဲ့ငါကြားက ကိစ္စဖြစ်သွားပြီ။ ကျန်ချန်
က လက်ငှားချင်လို့ ငါ့ကို ဒီိနေရာ ခေါ်လိုက်တယ်လို့ မင်း ထင်နေရင် ၊ မင်းလည်း မင်းကို
ကူညီဖို့နောက်လူတစ်ယောက်ရှာလို့ရတယ်။
မင်း ဘယ်သူ့ကို ရွေးမလဲ ?။ "

အခြားလူတွေ၏မျက်နှာပေါ်မှာ အနေခက်
နေသည့်အမူအယာတွေပေါ်ပေါက်လာပြီး၊
သူတို့အားလုံးကသက်တောင့်သက်တာမရှိ
တော့ပုံပေါ်သည်။သူတို့ထဲမှတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောလာ၏ ။
"လီဟွေ့ , နားလည်မှုလွဲနေတာ မဖြစ်နိုင်ဘူး
မလား။ငါတို့ကကလေးတစ်ယောက်ကို ဒီလိုမျိုးလာရှာပြီးမှ၊နားလည်မှုလွဲနေတာဆိုရင်
သိပ်ကောင်းမှာမဟုတ်ဘူးနော်။ "

"ယွမ် သုံးသောင်းသုံးထောင် !!"
လီဟွေ့က အခုလေးတင် ကုဖေးဆီမှ ရိုက်ခံ
ထားရသည့်ပခုံးတစ်ဖက်ကိုဖိထားပြီး ပြောလာသည်။
" ကျန်ချန်,မင်းငါ့အဖေဆီကယူသွားတဲ့ ယွမ်သုံးသောင်းသုံးထောင်ကိုထုတ်ပေးလိုက်၊ ငါဒီအဖြစ်အပျက်တစ်ခုလုံးကိုမေ့လိုက်မယ်။ "

ကျန်ချန် ဒေါသနှင့်စိတ်အနှောင့်အယှက်ဖြစ်မှုတွေကိုဖိနှိပ်ထားဖို့ရန်ကြိုးစားလိုက်တယ်။

"လီဘောက်ကောဆီမှာ ယွမ်သုံးသောင်းသုံး
ထောင်ရှိတယ်ဆိုရင်.....သူ မင်းကြောင့်တိုက်ပေါ်ကခုန်ချဖို့ တွန်းအားပေးခံခဲ့ရမှာ မဟုတ်ဘူး။ "

လီဟွေ့က သူ့စကားတွေကြောင့် ကျွဲမြီးတိုပြီး စော်ကားမော်ကားပြောဆိုကာ ကျန်ချန်ဆီသို့တစ်ဟုန်ပြေးဝင်လာပြီး တိုက်ခိုက်ချင်သော်
လည်း၊ ခြေလှမ်းနှစ်လှမ်း ထက်မပိုခဲ့ချေ။
"သောက်ရေးမပါတာ !! မင်း တိုက်ပေါ်တက်
သွားပြီးတဲ့နောက်ပိုင်းမှ သူ ခုန်ချ...."

သူက သူပြောလက်စ စကားကိုပင် ဆုံးခန်းတိုင်အောင် မပြောလိုက်ရပေ။

ကုဖေးကရှေ့သို့ ဆတ်ခနဲတိုးလာပြီး၊သူ့ဗိုက်
ပေါ်သို့ စို့စိ့ပို့ပို့ကန်ချက်တစ်ချက် လှမ်းကန်လာသောကြောင့်၊ လီဟွေ့သည် ဘောလုံးတစ်လုံးသဖွယ်ခွေခေါက်သွား၏။

ကုဖေးက အနားသို့ကပ်သွားပြီး၊ သူ့ကျော
ကုန်းပေါ်သို့ တံတောင်ဆစ်ဖြင့် တစ်ချက်တွက်လိုက်၏။ လီဟွေ့ကမြေကြီးပေါ်သို့
ဒူးထောက်ကျသွားပြီးနောက်တွင်၊ ကုဖေး
က လက်တစ်ဖက်နှင့် သူ့ဆံပင်ကိုဆောင့်ဆွဲ
၍ သူ့မျက်နှာကို ဒူးခေါင်းဖြင့်တိုက်ချလိုက်
သည်။

ကုဖေး လွှတ်ပေးလိုက်သည့်အခါ၊လီဟွေ့က
နောက်ပြန်လှန်ကျသွားပြီး၊ သူ့နှာခေါင်းမှယို
ထွက်လာသည့်သွေးတွေကြောင့် ပါးစပ်တစ်ခုလုံးသည် ပေကျံနေ၏။

ကုဖေးရဲ့လှုပ်ရှားမှုတွေကို ရပ်ပြီးကြည့်နေရသည့်အခိုက်အတန့်တွင် သူဘယ်လိုခံစားနေမှန်း ကျန်ချန် အတိအကျမပြောတတ်ဘူး။ ကုဖေး ရန်ဖြစ်နေတာကို မြင်ရသည့်အချိန်တိုင်း၊ ကုဖေးက တစ်ယောက်ယောက်ကို ရိုက်နှက်နေချိန်တိုင်း သူ အနည်းနှင့်အများအံ့အားသင့်နေရဆဲပင်။

ကုဖေး လုပ်လိုက်သည့် လှုပ်ရှားမှုတိုင်းက
တိကျတယ် ၊ပြတ်သားတယ်။ ပြီးတော့
သူ့မျက်နှာပေါ်ရှိ အမူအရာကလည်း
သွေးအေးသည့်အမူအယာမျိုး ဖြစ်သည်။

ဤကဲ့သို့သောကြမ်းတမ်းခက်ထန်မှုကြောင့်သူက သံစက်ရုံ၏လူမိုက်ခေါင်းဆောင်ငယ်လေးဆိုသည့်ဘွဲ့ကိုပေးအပ်ခံထားရတာဖြစ်
နိုင်တယ်။ဒါပေမဲ့ထိုဂုဏ်ပုဒ်ကလုံးဝမှန်တယ်
လို့လည်းမဟုတ်ဘူး။ 'လူမိုက်ခေါင်းဆောင်ငယ်လေး' ဟူသောအသုံးအနှုန်းသည်ကုဖေး အတွက်အလွန်ချစ်စရာကောင်းနေပြီး၊သူ့ကိုလွှမ်းခြုံထားသည့်အရာအားလုံးကိုဖော်ပြဖို့
မလုံလောက်ပေ။

ကုဖေးက ကုဖေး မဟုတ်လျှင်၊ထိုသူသည်ဘယ်သူမှထော်လော်ကန့်လန့်မလုပ်ရဲသည့်သံစက်ရုံရဲ့အကြင်နာကင်းမဲ့ပြီး နိုင်လိုမင်းထင်ပြုမူတတ်သူသာဖြစ်ပေလိမ့်မည်။

သံစက်ရုံရဲ့ နံပါတ်ဝမ်း ဘော့စ်

သံစက်ရုံရဲ့ အတော်ဆုံး ' ကု '

ကျန်ချန် မြေကြီးပေါ်မှာ လဲကျနေပြီး ဘယ်အချိန်ပြန်ထလာမယ်မှန်းမသိရသည့်လီဟွေ့ကိုကြည့်လိုက်တယ်။ ပြီးတော့ သူ့ကိုကူ၍ထူမပေးဖို့ အရိပ်အယောင်မပြဘဲ ဘေးမှာမတ်တပ်ရပ်ကာအေးဆေးကြည့်နေသည့် လီဟွေ့ခေါ် လာခဲ့တဲ့အကူသမားတွေကိုကြည့်လိုက်ပြီးတော့၊ ရုတ်တရက်ကြီးရှေ့ဆက်ဘာလုပ်
ရမယ်မှန်းမသိဖြစ်လာသည်။

ထိုအခိုက်တွင် ကုဖေးက စကားပြောလာ၏။
"လီဟွေ့ , မင်းလိုလူမျိုးကို ငါမသိဘူးလို့
မထင်နဲ့။ဒီအသိုင်းအဝိုင်းမှာကြီးပြင်းလာတဲ့
လူတိုင်း မင်းဘယ်လိုလူလဲဆိုတာသိတယ်။
ငါဒီကိစ္စကိုဒီမှာတင်ပြီးပြီလို့မှတ်လိုက်မယ်။
မင်းအဖေဆီမှာတကယ်ပဲ ငွေစုအကောင့်ရှိတယ်ဆိုရင် ၊ သူဘယ်နေရာမှာ သိမ်းထား
လဲဆိုတာ မင်းကအားလုံးထက်ပိုသိမှာပေါ့။ "

လီဟွေ့ကသူ့နှာခေါင်းသူလက်ဖြင့်အုပ်လိုက်ချိန်တွင်၊ ခြေထောက်တွေကတွန့်လိမ်သွားသော်လည်းငြိမ်သက်မြဲငြိမ်သက်နေခဲ့သည်။

ကုဖေးက ဘေးမှာရှိနေသည့်တစ်ခြားလူတွေ
ကို ဝေ့ကြည့်လိုက်တယ်။
"ငါ နောက်တစ်ခေါက်ထပ်ပြောမယ်။ ငါက
ဒီနေရာမှ ကြီးပြင်းလာတာ။ငါ ဘယ်တော့မှပြသာနာမရှာတတ်ဘူးဆိုတာငါ့ကိုသိတဲ့လူတိုင်း သိတယ်။ဒါပေမဲ့ တစ်ယောက်ယောက်က သူတို့ခေါင်းထဲမှာ ငါ့ကိုထော်လော်ကန့်
လန့်လုပ်ဖို့စိတ်ကူးနေရင်တော့ ၊ငါက ဒီတိုင်းကျော်သွားပေးမှာမဟုတ်ဘူး။ "

သူတို့အားလုံးက ကြောက်ကြောက်ရွံ့ရွံ့နှင့်ရယ်မောလာကြ၏။ကုဖေးက သူတို့ထဲ
မှတစ်ယောက်ကို သေချာစိုက်ကြည့်လာ
သည်။
"ဆန်းကုန်ပ် "

"အေး , ငါ သိတယ် သိတယ် "
ဆန်းကုန်ပ်လို့ခေါ်သည့်လူကြီးက ရှေ့သို့လျှောက်လာပြီး ကုဖေးပခုံးပေါ်သို့ လက်
ဖြင့်ပုတ်လာ၏။
" ဒါက နားလည်မှုလွဲသွားတာနေမယ်။ဟုတ်
တယ်ဟုတ် !။ "

"စေတနာကို အသိအမှတ်ပြုပါတယ်။"
ကုဖေးက ခါးကိုကိုင်းညွှတ်၍ မြေကြီးပေါ်မှ
ရော်ဘာတုတ်ရှည်ကို ကောက်၍ ဆိုင်ကယ်
နောက်ဘီးရွံ့ကာထဲသို့ပြန်ထည့်လိုက်သည်။

ဆန်းကုန်ပ်ကလက်ဝှေ့ယမ်းပြလိုက်သည့်အ
ခါ တစ်ခြားလူတွေကခဏမျှတုံ့ဆိုင်းနေပြီးနောက်တွင် သူနှင့်အတူ လှည့်ထွက်သွားကြသည်။လီဟွေ့ခေါ်လာတဲ့ကူညီပေးမဲ့လူတွေကသူတို့ထဲကတစ်ယောက်မှထွက်မသွားခင်
လီဟွေ့ကိုကူညီဖို့ရာ ဒုက္ခခံခြင်းမရှိကြပေ။

မြေကြီးပေါ်တွင်လဲနေသေးသည့်လီဟွေ့ကို
ကျန်ချန် ထိတ်ထိတ်ပျာပျာပြန်ကြည့်လိုက်ပြီး၊ရုတ်ချည်းပင် အမည်မဖော်ပြနိုင်သောခံစားချက်တစ်ရပ်လွှမ်းခြုံလာတယ်။

ဤနေရာနှင့်ဤနေရာရှိလူများအားလုံးကိုကျေနပ်အားရကြောင်း ဖော်ပြဖို့ရန်ခက်ခဲသည်။

"သွားရအောင်။ "
ကုဖေးက ဆိုင်ကယ်ပေါ်သို့တက်ခွလိုက်သည်။
"မင်း စာအုပ်တွေယူဖို့အပေါ်ထပ်တက်စရာလိုသေးလား?။ "

"အင်း , ငါ သွားယူလိုက်ဦးမယ်။ "
လီဟွေ့ဆီ ကျန်ချန်တစ်ချက်လှမ်းကြည့်လိုက်ပြီး၊ အသံနိမ့်မေးလိုက်တယ်။
" သူ့ကို ဘယ်လိုလုပ်မလဲ ?။ "

"ခဏနေရင် သူ့ဘာသာသူ ထွက်သွားလိမ့်
မယ်။ ငါ ဘယ်အရိုးမှ မချိုးလိုက်ဘူး။ "

" ဒါဆို ငါ့ကို ခဏစောင့် ။"
ကျန်ချန် လှေကားဆီသို့ မြန်မြန်ပြေးသွား
လိုက်တယ်။ အပေါ်ထပ်သို့ ပြေးတက်သွားပြီး ၊သူအသင့်ပြင်ထားသည့်ကျောင်းလွယ်
အိတ်ကိုလွယ်ကာ၊လေးခွကိုအံဆွဲထဲသို့ပြန်
ထည့်လိုက်ပြီး၊ အောက်ထပ်သို့ ပြန်မဆင်းခင် သူ့အဝတ်ဗီရိုထဲမှကြုံရာတီရှပ်တစ်ထည်ကိုဆွဲထုတ်လာခဲ့လိုက်သည်။

သူ ပြန်ထွက်လာသည့်အချိန်တွင် ၊လီဟွေ့က
မြေကြီးပေါ်မှာမရှိတော့ပေ။ကျန်ချန် လမ်းကိုကြည့်လိုက်သည့်အခါ လီဟွေ့တစ်ယောက်ခါးကုန်းကုန်းနှင့်လမ်းကို ဖြည်းဖြည်းချင်းဖြတ်ကူးနေတာကိုတွေ့လိုက်ရသည်။

တီရှပ်အကျီကို ကုဖေးဆီ ကျန်ချန် ပစ်ပေးလိုက်တယ်။
"ဒါ ဝတ်လိုက်။ "

" သူ မင်းကို ထပ်ပြီး လာနှောင့်ယှက်ရဲမှာမဟုတ်ဘူး။ "
ကုဖေးက အကျီဝတ်နေရင်းနှင့် လမ်းမဘက်
ကို လှမ်းကြည့်နေသည်။
"ငါ့အထင်တော့ သူတစ်နေရာရာမှာပိုက်ဆံအကြွေးတင်နေတာဖြစ်နိုင်တယ်။ "

ကျန်ချန် သက်ပြင်းချလိုက်မိတယ်။

"သူ နောက်တစ်ခေါက် ထပ်ရောက်လာရင်၊
မင်း ငါ့ကို ပြော။ သူနဲ့ ထိပ်တိုက်အငြင်းပွား
တာမျိုးမလုပ်နဲ့။ "
ကုဖေးက ဆက်ပြောလာသည်။
"မင်းဒီလိုလူမျိုးတွေနဲ့ပတ်သတ်ဖို့လုံးဝစိတ်
မကူးနဲ့နော်။ မင်းရဲ့စာလေ့လာမှုနဲ့စာမေးပွဲကို
မထိခိုက်စေချင်ဘူး။ "

ကျန်ချန် မျက်နှာမဲ့လိုက်တယ်။
"မင်းကျတော့ရော ?။ "

ကုဖေးက ပြုံးလာသည်။
"ဒီလိုလူမျိုးတွေကိုဘယ်လိုဆက်ဆံရမယ်ဆိုတာငါသိတယ် ။ စိတ်မပူနဲ့။ "

ကျန်ချန် ဘာမှစကားမဆိုပဲ ကုဖေးနောက်ကနေဆိုင်ကယ်ပေါ်သို့တက်ခွလိုက်တယ်။အင်
ဂျင်စက်သံမြည်လာသောအခါ ကုဖေးရဲ့ခါးနှစ်ဖက်ကိုသူ့လက်ဖြင့် ကျန်ချန် ညင်သာစွာ
ပွတ်သပ်လိုက်သည်။
" ဒီနည်လမ်းတစ်ခုပဲရှိတာလား ?။ ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့လေ ?။ "

"အင်း , တစ်ခြားနည်းလမ်းဘာရှိလို့လဲ ?။
မင်းမှာ ရဲခေါ်ဖို့အကြောင်းပြချက်မရှိသလို
ရဲတွေကလည်း ဒါကို ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။မင်းက သူတို့ရဲ့အကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဖျောင်းဖျပေးချင်တယ်။ ကောင်းပြီ, သူ့မှာ ကျိုးကြောင်းဆီလျော်မှုရှိတယ်ဆိုရင်၊ အစကတည်းကမင်းဆီလာမှာမဟုတ်ဘူး။ ဒီလူတွေအတွက် မင်းရဲ့တစ်ခုတည်းသောရွေးချယ်မှုက သူတို့တွေထပ်ပြီးမင်းကိုမနှောင့်ယှက်ရဲတော့အထိ ၊သူတို့တွေ အညံ့ခံလာတဲ့အထိ ရိုက်နှက်ပေးလိုက်ဖို့ပဲ။ "

"ဒါက မင်းအရင်တုန်းကကိစ္စတွေကိုဖြေရှင်း
တဲ့နည်းလမ်းပေါ့လေ။ ဟုတ်တယ်ဟုတ်? ။"

"ချန်ကော... "
ကုဖေးက အင်ဂျင်စက်သတ်၍ ပြုံးတုံ့တုံ့နှင့် ကျန်ချန်ကို သမင်လည်ပြန်လှည့်ကြည့်လာတယ်။
" မင်း ဘာတွေးနေလဲဆိုတာ ငါသိတယ်။ "

"မင်း သိတယ်ပေါ့ ?။ "
ကျန်ချန် သူ့ကို ပြန်ကြည့်လိုက်တယ်။

"တကယ်လို့ ဒါသာ အရင်တုန်းကဖြစ်ခဲ့ရင်အခုဒီမှာရှိနေသူတိုင်း၊ ငါသူတို့ကိုလွှတ်ပေးလိုက်မှာမဟုတ်ဘူး။ ရောက်လာတဲ့လူတိုင်းကိုမှတ်ထားပြီး၊တစ်ယောက်မှ ထွက်သွားဖို့
စဥ်းစားလို့မရစေရဘူး။ "

ကျန်ချန် ပြုံးလိုက်မိတယ်။
"မင်းဒီနေ့ကျဘာလို့အဲ့လိုမလုပ်တာလဲ?။"

" ရွှဲပါ့ နောက်ကိုလိုက်ဖို့ကြိုးစားနေတာလေ။
.ချစ်သူကောင်လေးရဲ့စံနမူနာအတိုင်းလိုက်
နာပြီး၊ ငါ့ကောင်လေး စိတ်မပူအောင် နေရ
တာပေါ့။ "

ကျန်ချန် ဘာစကားမှပြန်မပြောပဲ ၊ ကုဖေးရဲ့နောက်ကျောကိုသာ ပုတ်လိုက်တယ်။

ကုဖေးက အင်ဂျင်စက်ကို ပြန်နှိုးလိုက်၏။
" မနက်စာ သွားစားကြမလား?။ "

"အင်း "
ကျန်ချန် ခေါင်းငြိမ့်ပြလိုက်တယ်။
" ငါ ဒကာခံမယ်။ "

..

မနက်စောစောစီးစီး လီဟွေ့ရဲ့ဖုန်းဝင်လာတဲ့အချိန်တုန်းက၊ကျန်ချန် အပြင်ထွက်ပြီးသူ့ကိုရိုက်နှက်ပေးလိုက်မည်မှလွဲ၍ ဖြေရှင်းဖို့ တစ်ခြားနည်းလမ်းကိုစဉ်းစားလို့မရခဲ့ဘူး။

တကယ်လို့ ကုဖေးသာမလာခဲ့လျှင်၊ သူက သူ့နည်းသူ့ဟန်ဖြင့် လီဟွေ့ကိုရင်ဆိုင်ဖို့ရန်အောက်ထပ်သို့ဆင်းလာခဲ့လျှင်လည်း ၊ဒီအတိုင်းပဲ တစ်ပုံစံတည်းဖြစ်သွားနိုင်တယ်။

ကုဖေးပြောခဲ့သလိုပင် ၊သူ့ဆီမှာရဲကိုခေါ်ဖို့အကြောင်းပြချက်တောင်မရှိဘူး။ အာဏာ
လည်းမရှိဘူး။စာမေးပွဲအတွက်ကြိုတင်ပြင်
ဆင်နေရပြီး၊စာလေ့လာမှုနှင့်အလုပ်ရှုပ်နေရသည့်အထက်တန်းစီနီယာကျောင်းသားတစ်ယောက်ဟာ လီဟွေ့ကဲ့သို့လူဆိုးလူညစ်တစ်ယောက်နှင့်ရင်ဆိုင်ရသောအခါတွင်တစ်ခြားရွေးချယ်စရာမရှိပုံရသည်။

ပြီးတော့.....ကျန်ချန် ကုဖေးရဲ့နောက်စေ့ကို စိုက်ကြည့်လိုက်ရင်း ....ကုဖေးက အရင်လိုမပြုမူတော့ဘူးဆိုရင်တောင်မှ သူစိတ်မသက်မသာခံစားနေရတုန်းပင်။

ကုဖေးက 'ချစ်သူကောင်လေး၏စံနမူနာကိုလိုက်နာဖို့ရန် ' မည်သို့ပင်ကြိုးစားပါစေကာ
မူ ၊ ထိုသို့လုပ်နိုင်သည့်သူကသူတစ်ယောက်
တည်းဖြစ်သည်။သူတစ်ယောက်တည်းမှလွဲ
၍ ၊ဒီနယ်တစ်ဝိုက်ရှိလူများတွင် တစ်ခြားသူ
၏စံနမူနာအတိုင်းလိုက်နာဖို့ရန် တစ်ဦးတစ်ယောက်မျှမလုပ်နိုင်ချေ။ဒီလူတွေက ဘယ်
တော့မှ ပြောင်းလဲဖို့မဖြစ်နိုင်ဘူး။

သူက ဒီနေရာဆီမှ ထွက်သွားလို့ရတယ်။ သူ
က သေချာပေါက် ဒီမြို့ကိုစွန့်ပြီးထွက်သွားလို့ရတယ်။ ကုဖေးက ကော? ?

ကုဖေးက သူ့ကို အညစ်အကြေးနှင့် ရွှံ့နွံတွေဆီမှကာကွယ်ပေးခဲ့တယ်၊ ဒါပေမယ့် နောက်တော့ရော ??

ကျန်ချန်း ခေါင်းငုံ့၍ ကုဖေးရဲ့ကျောပြင်ကို
မှီထားလိုက်တယ်။

ဟုတ်တယ် ,ယခုလောလောဆယ်တော့ သူ
ဘာလုပ်ရမှန်းမသိဘူး။ ကုဖေးက ယုံကြည်ချက်အပြည့်နှင့်သူ့ရဲ့မျှော်လင့်ချက်ကိုမြှုပ်
နှံထားဖို့ရန်၊သူ့မျက်လုံးများကိုငြိမ်းငြိမ်းချမ်းချမ်းမှိတ်ထားနိုင်ဖို့ရန် သူဘာလုပ်ပေးရမှန်း
မသိတော့ဘူး။

ဒါပေမဲ့ , အဲ့လိုဆိုရင်တောင်မှ........ကျန်ချန်
အံတင်းတင်းကြိတ်လိုက်တယ်မိတယ်။

ကုဖေး ဒီမြို့ကနေ ထွက်ကိုထွက်သွားရမယ်!

ဘယ်လောက်ပဲခက်ခဲနေပါစေ ,သူဒီနေရာကနေထွက်ကိုထွက်သွားရမယ် !

ကုဖေးဆီမှာ မျှော်လင့်ချက်မရှိတာကြောင့်မဟုတ်ဘူး၊သူက မျှော်လင့်ချက်တွေကိုမြှပ်နှံထားလို့ပဲ။

ကျန်ချန်တစ်ယောက် သူ့စိတ်ဝိညာဉ်တွေကမြင့်မြင့်ပျံဝဲနေသကဲ့သို့ စိတ်ပိုင်းဖြတ်မှုများနှင့်ပြည့်နှက်နေသည့်အခိုက်တွင်၊ကုဖေးက ရုတ်တရက်ကြီးနောက်သို့အနည်းငယ်ဆုတ်လာပြီးသူ့ကိုတွန်းထုတ်လာသည်။ ကျန်ချန်
မှာ သီချင်းထဲမှာတိုး၍ထွက်လာသည့်စက္ကန့်ပိုင်းမျှသာရှိသေး၏။

မိုးသောက်ချိန်မှာ လေဟုန်ကိုစီးလို့

ငါနဲ့အတူ အဝေးဆုံး ပျံသန်းရအောင် ..

.

ကုဖေးက နောက်သို့ လှည့်လာ၏။
" တည့်တည့်ပြန်ထိုင်။အရှေ့မှာ စီကျုံးကကျောင်းသားတွေရှိတယ်။"

"Ohh."
ကျန်ချန်ရှေ့သို့လှမ်းကြည့်လိုက်တယ်။သူတို့
တွေမနက်စာစားဖို့သွားလေ့ရှိသည့်လမ်းပေါ်
သို့ရောက်နေပြီဖြစ်သည်။မနက်စာရောင်းတဲ့
ဆိုင်နားအနီးတစ်ဝိုက်တွင် မတ်တတ်ရပ်နေ
တဲ့သူတွေ နှင့်ထိုင်နေတဲ့သူတွေ အနည်းငယ်
ရှိနေ၏။
"မင်းက မျက်မှန်မပါပဲနဲ့လည်း မြင်ရတယ်
လား?။ "

"မှန်းကြည့်လိုက်တာ။ "
ကုဖေးရဲ့စကားကြောင့် ကျန်ချန် အော်ရယ်လိုက်မိသည်။
"ငါ့အမြင်အာရုံက မင်းဟာနဲ့တော့မယှဉ်နိုင်တာအမှန်ပဲ၊ အပေါ်ထပ်ကတောင်မှ မင်းက တစ်ချက်လေးမှမလွဲချော်သွားဘူးလေ။မင်း
ဘယ်အချိန်တုန်းကလေးခွအသစ်ဝယ်လိုက်တာလဲ? ။ "

"လေးခွလား ,ဟိုတစ်ခေါက် ဖန်ရှီ ဒီကိုလာတုန်းကငါ့ကိုပေးခဲ့တာလေ။ဒီတစ်ခုကလေ
တကယ်ပဲ.....နောက်တစ်ခေါက်ကျရင် သူ
အဟုတ်ကြီး ငါ့ကို ဒူးလေးတစ်ခုပေးလိမ့်
မယ်လို့ ခံစားနေရတယ် ။ "

ကုဖေးက ဆိုင်ကယ်ရပ်လိုက်သည်။
"သိပ်မကြာခင်အောက်တိုဘာလ ၁ ရက်နေ့ရောက်တော့မှာလေ၊သူထပ်လာလည်ဦး မှာလား။ "

မနက်စာရောင်းတဲ့ဆိုင်တွေရှေ့၌ အမှန်ပင်
စီကျုံးကျောင်းမှ ကျောင်းသာကျောင်းသူ
‌တွေရှိနေ၏။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ကျန်ချန် ဘယ်သူ့ကိုမှမသိဘူး။ သူတို့ဘယ်သူတွေမှန်း သူပြောနိုင်ရခြင်းမှာ သူနဲ့ကုဖေးတို့ဆိုင်ကယ်ပေါ်မှ ဆင်းလာသည်နှင့် ဒီလူတွေအားလုံးကသူတို့ကိုပြိုင်တူလှည့်ကြည့်လာကြလို့ဖြစ်သည်။

"သူမလာလောက်ဘူး၊သူ့ရဲ့စတုတ္ထမြောက်အဖိုးကခုတလောလေးမှဆုံးသွားတာလေ၊
ဒီလောက်အချိန်တိုအတွင်းမှာ နောက်ထပ်ဆွေမျိုးသားချင်းတွေကိုသေခိုင်းဖို့ မဖြစ်
နိုင်ဘူး။ သူတို့ကို ခဏခဏသေခိုင်းနေရင်၊ဘယ်သူမှယုံမှာမဟုတ်တော့ဘူး။အမှတ်၄
ကျောင်းအောက်တိုဘာလ ၁ ရက်အတွက်အားလပ်ရက်မပေးဘူး၊ ဒါပေမယ့် အဓိကကတော့ ငါလည်း နောက်ထပ်အချိန်ပိုတွေဖြုန်းလို့မဖြစ်ဘူး ။ "

မနက်စာရောင်းသည့်ဆိုင်ထဲတွင် စားပွဲဝိုင်းအလွတ်မကျန်တော့ပေ။ သူတို့နှစ်ယောက်နံနက်စာ၀ယ်ပြီးနောက်တွင် စားပွဲဝိုင်းများကိုတစ်ချက်ဝှေ့ကြည့်လိုက်ပြီး၊ စီကျုံးအထက်
တန်းကျောင်းသားနှစ်ယောက်နှင့်စားပွဲတစ်ခုတည်းဝေမျှပြီးထိုင်လိုက်ရသည်။

ထိုနှစ်ယောက်သည်လူငယ်စုံတွဲလေးဖြစ်နိုင်
၏။သူတို့နှစ်ယောက်ဝင်ထိုင်ပြီးသည်နှင့်ထိုစုံတွဲသည်တမင်တကာအကြည့်ချင်းဖလှယ်လိုက်ကြပြီး၊ပဲနို့တစ်ငုံငုံပြီးနောက်တွင် သူတို့မျက်လုံးတွေက ကုဖေးရဲ့မျက်နှာပေါ်သို့ဖြတ်ပြေးသွားကြသည်။

ကျန်ချန် မျက်မှောင်ကြုတ်လိုက်မိတယ်။

'တေးရေး ကုဖေး 'ဟူသောစကားလုံးဟာ
ဘယ်လောက်တောင်မှ သြဇာပြည့်လျှမ်းနေသည်ကို သူ စတင်သိမြင်လာတယ်။

သူ ကုဖေးကို စိုးရိမ်တကြီးလှမ်းကြည့်လိုက်မိသည်။ကုဖေးကိုယ်တိုင်ကမူ အလွန်တည်
ငြိမ်နေလျှက်ရှိသည်။သူက လက်တစ်ဖက်
နှင့် ဂျုံမုန့်ညက်အကြော်ကိုစားနေပြီး၊ကျန်လက်တစ်ဖက်ကမူ တို့ဖူးပူတင်း ပန်းကန်လုံး
ကိုကိုင်ထားပြီးပျော်ရွှင်စွာစားသောက်နေ၏။

ထိုစုံတွဲမနက်စာစားလို့ပြီးသွားပြီး မတ်တပ်
ရပ်၍ ထွက်သွားတော့မှ ကျန်ချန် စိတ်သက်
သာရာရစွာ သက်ပြင်းချလိုက်မိတယ်။
"ချီးတဲ့မှပဲ !"

"ဘာဖြစ်လို့လဲ?။ "
ကုဖေးကတို့ဖူးပူတင်းပန်းကန်လုံးကို အပြီး
သတ်ပြီးနောက်တွင်ကျန်ချန်ရဲ့ပန်းကန်လုံး
ကိုလှမ်းဆွဲ၍ တစ်ငုံနှစ်ငုံသောက်လာသည်။

"ဘာမှမဖြစ်ဘူး "
ကျန်ချန် ပေါက်စီတစ်လုံးကို လှမ်းယူလိုက်
တယ်။
"မင်းကို ပွင့်ပွင့်လင်းလင်းကြီး စိုက်ကြည့်နေလို့၊ ဒီလူတွေကအရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ ငါတွေးနေတာ။သူ
တို့က ဟိုလိုလိုဒီလိုလိုကြည့်နေကြတာ။"

ကုဖေးက ဘာမှမပြောပဲ ခပ်ယောင်ယောင်လေးပြုံးလာတယ်။

သူတို့တွေကျောင်းကိုရောက်သည့်အခါတွင်လည်း၊အမျိုးမျိုးသောအကြည့်တွေကိုလက်
ခံရရှိပြန်သည်။ကုဖေးကိုအတန်းပြေးဖို့ အား
မပေးခဲ့မိတာကိုကျန်ချန်နည်းနည်းလေးစိတ်
မကောင်းဖြစ်သွားတယ်။

ဒါပေမဲ့ သူတို့တွေ သူတို့အတန်းထဲသို့၀င်လာပြီးနောက်တွင်၊ အကြည့်တွေပို၍ကောင်းမွန်
လာသည်။နောက်ဆုံးတွင်မူ အတန်း ၈ကလူတွေသည် ကုဖေးနှင့်တစ်ခန်းတည်းနေလာခဲ့တာကြာလှပြီဖြစ်ပြီး၊သူတို့တွေကအံ့သြကြတယ်ဆိုလျှင်တောင်မှ၊တခြားသူတွေလိုမျိုးပြင်းထန်တဲ့တုံ့ပြန်မှုတွေမရှိကြဘူး။

ထို့ပြင် အတန်းထဲရှိအတုအယောင်ကျောင်း
ဘူလီကြီး ခေါင်းဆောင်ဝမ်ရိပ်ကျိကလည်း
ဒီပွဲကိုအတင်းခိုးဖို့ရန်ကြိုးစားနေသေး၏။

"သေချာတာပေါ့။ "
ဝမ်ရှုက စားပွဲခုံပေါ်မှာထိုင်ပြီး သူ့ဘေးပတ်
ပတ်လည်မှလူတွေကိုကြွားဝါနေသည်။
"ငါ ပုံမှန်ဆိုရင် ရှိုးပြဖို့ စိတ်မ၀င်စားပါဘူး၊ ငါ
ဂစ်တာနဲ့စပြီးထိတွေတဲ့အချိန်တုန်းက မင်းတို့တွေအားလုံးက ရေချိုးခန်းအဆိုတော်တွေပဲရှိသေးတယ်။ "

"ပြီးတော့ ,ငါ့အရည်အချင်းကကောင်းတယ်
လေ။ "
ဝမ်ရှုက ဘေးဘီကိုလှည့်ကြည့်လာပြီး ကျန်ချန်ဆီမှာအကြည့်ရပ်သွားကာ ချက်ချင်းပင်
ခေါင်းညိတ်ခေါ်လာသည်။
"ကျန်ချန် ,သူတို့ကိုလာပြီးပြောပြလိုက်စမ်းပါကွာ ။ငါထပ်ဖြည့်လိုက်တဲ့ တစ်ကိုယ်တော်ကြားကာလဖျော်ဖြေမှုကဘယ်လိုလဲဆိုတာ!
။ ငါတို့ရဲ့တင်ဆက်မှုထဲမှာ အများကြီး မထည့်ထားခဲ့ဘူးနော့ !။ "

"ဟုတ်တယ်။ "
ကျန်ချန် လေးလေးနက်နက် ခေါင်းငြိမ့်ပြပြီး
သူ့ကို လက်မထောင်ပြလိုက်တယ်။

"မင်းက ဂီတကျောင်းမှာလျှောက်ဖို့ပြင်ဆင်နေတာလား?။ "
တစ်စုံတစ်ယောက်က ဝင်မေးလာခြင်းပင်။

"ငါတို့ ဒါကိုမြင်အောင်ကြည့်ရမယ်၊ မင်းဒါကိုသင်ယူဖို့ဂီတကျောင်းကိုတက်ဖို့မလိုဘူး။"
ဝမ်ရှု၏အမူအယာက လေးနက်နေ၏။
"ငါ.တစ်နေ့ကျရင် ဒီစုတ်ပြတ်တဲ့နေရာကနေ
ထွက်သွားပြီးမြို့ကြီးတစ်ချို့မှာအဆုံးသတ်သွားရင်ဘယ်လို လုပ်မလဲ။ ငါရှင်သန်နိုင်တဲ့အရည်အချင်းတစ်ခုရှိရမှာပေါ့။ "

လူတိုင်းက " အိုး..."ဟု ရေရွတ်ရင်း ပြိုင်တူ ခေါင်းငြိမ့်လာကြသည်။

ကျန်ချန် သဘာကျစွာရယ်မောလိုက်တယ်။ဒါပေမဲ့ , သူခုံမှာထိုင်နေရင်းနှင့်ရုတ်တရက်ကြီးအနည်းငယ်ဝမ်းနည်းသလိုခံစားလာရ
တယ်။

ဝမ်ရှုတောင်မှတစ်နေ့ကျရင်ဒီနေရာကထွက်သွားမယ်ဆိုတဲ့သူ့ရဲ့အိပ်မက်အကြောင်းကိုအကြီးကြီးပြောရဲတယ်၊ပြီးတော့ သူရှင်နိုင်သန်နိုင်တဲ့တစ်စုံတစ်ရာအဖြစ် သူ့ရဲ့ဂီတာ
တီးခတ်ဝံ့တယ်.....

ကုဖေးကသာ ရှင်သန်ဖို့ရန်အစစ်အမှန်ကျွမ်း
ကျင်မှုရှိသူတဲ့ဖြစ်ပြီး..ကျွမ်းကျင်မှုကတစ်ခု
မကဘူး.....

သူကအမှိုက်လိုဒေသခံကျောင်းကိုလျှောက်
ထားတယ်ဆိုလျှင်တောင်၊ကုဖေးကိုယ်တိုင်လုပ်ချင်စိတ်ရှိလျှင်၊အနည်းဆုံးတော့ဘာမှမဟုတ်တဲ့ကျောင်းတွေထဲမှမကောင်းမကန်း ကျောင်းတစ်ကျောင်းကိုတက်လို့ရတယ်။

ကျန်ချန် ကုဖေးကို လှည့်ကြည့်လိုက်တယ်။
သူ ကုဖေးကို ဒီအကြောင်း မပြောသေးဘူး။
အခုချိန်တော့ အရာအားလုံးက လေလိုပင်။
ကုဖေးက နှိုးထချင်စိတ်မရှိဘူးဆိုလျှင်၊ သူ သူ့ကို နှိုးမှာမဟုတ်ဘူး။

ကျန်ချန် သက်ပြင်းချပြီးတော့ စားပွဲခုံပေါ်မှာ မှောက်အိပ်လိုက်တယ်။

သူ အိပ်ချင်မူးတူးဖြစ်နေသေး၏။သူတစ်ညလုံးကောင်းကောင်း မအိပ်ရသေးတဲ့အပြင် လီဟွေ့ကလည်း နံနက်စောစောစီးစီးကြီးကို ရုတ်ရုတ် ရုတ်ရုတ်လာလုပ်သွားသေးတယ်။အရာအားလုံးတိတ်ဆိတ်သွားတဲ့ချိန်တွင် သူအလွန့်အလွန် ပင်ပန်းနွမ်းနယ်မှုကိုသာခံစားမိတော့သည်။

တိုတောင်းသောနံနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်အတန်းတွင် ကျန်ချန် အနည်းဆုံး ရှစ်ရာ့
နှင့်ခြောက်ဆယ်ကြိမ်တိုင်တိုင်သမ်းဝေခဲ့ပြီးပြီဖြစ်သည်။သူ့အမြင်အာရုံသည် မျက်ရည်
စများဖြင့်ဖုံးလွှမ်းနေ၏။

"ဘယ်လိုဖြစ်လို့ဒီလောက်အိပ်ချင်နေတာလဲ?။"
ကုဖေးက ကစားနေသည့်ဖုန်းကို ချလိုက်သည်။
"မင်း တစ်ညလုံး မဖွယ်မရာအတွေးတွေပဲတွေးနေတာလား?။ "

"သွားစမ်း !"
ကျန်ချန်ရယ်မောလိုက်တယ်။ထို့နောက်တွင်
သူ ရယ်မောခြင်းကိုရပ်တန့်ပြီး ထပ်သမ်းဝေလိုက်တယ်။

"မင်း ခဏလောက် အိပ်လိုက်မလား?။"

"မရဘူး ။ ငါ key point တွေကို လိုက်ကူးဖို့
လိုသေးတယ်။ "
ကျန်ချန် မျက်လုံးပွတ်လိုက်တယ်။
"ငါ အသံဖမ်းစက်တစ်လုံး ဝယ်ဖို့လိုပြီထင်
တယ်။ "

" ငါ မင်းအတွက် notes လိုက်မှတ်ပေးရ
မလား။ "

"ဘယ်လို ?။ "
ကျန်ချန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။

"မင်းပြောတဲ့ key points နဲ့ notesတွေလေ။
ငါ မင်းအတွက် လိုက်မှတ်ပေးမယ်။မင်းက
လိုက်နားထောင်ဖို့ပဲလိုတာ၊တကယ်လို့ မင်းအိပ်မရရင်ခဏဖြစ်ဖြစ်မှေးလို့ရတယ်လေ။"

"ဒါဆို , မင်း...."
ကျန်ချန် ကုဖေးကိုကြည့်ပြီးတော့ မှတ်စုစာအုပ်ကို သူရှေ့တွန်းပို့လိုက်တယ်။
" ငါ့ကို note မှတ်ဖို့ကူညီမယ်မလား?။ "

"အင်း.."
ကုဖေးက မှတ်စုစာအုပ်ကိုလှန်လိုက်သည်။
"အာ..,ပထမအချိန်က အင်္ဂလိပ်လား ?။"

ကျန်ချန် ပြုံးလိုက်မိတယ်။
"......ပထမအချိန်က ဘာလဲဆိုတာတောင်
မင်း မသိဘူးပေါ့။ "

"ဘယ်အတန်းချိန်မှမသိဘူး၊ ဆရာအခန်းထဲလျှောက်လာတဲ့အချိန်မှ သိတာ။ "
ကုဖေးကအခုလေးတင်အတန်းထဲသို့ဝင်လာသည့် လောင်လုကို လှမ်းကြည့်လိုက်၏။
"မင်းnotesတွေပြန်ကြည့်တဲ့အခါကျ၊အာရုံ
စိုက်လို့မရတော့ရင်ငါ့ရဲ့လှပတဲ့လက်ရေးကမင်းကို တက်ကြွလာအောင်လှုံ့ဆော်ပေးနိုင်လိမ့်မယ်မလား။ "

"အိုး ,မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ"
ကျန်ချန် ပြန်ပြောလိုက်တယ်။

ထုံးစံအတိုင်းပင် လောင်လုက သူ့လက်ချာမစခင်တွင် အိပ်ပျော်နေသောကျောင်းသားများအား နိုးတစ်ဝက်အိပ်တစ်ဝက်မှာတင်ထိတ်လန့်သွားစေရန်၊သူ့ရဲ့စစ်သည်တော်နတ်ဘုရားလက်ဖဝါးဖြင့်စာသင်ခုံကို ဗုန်း
ခနဲအသံမြည်အောင်အရင်ရိုက်လိုက်သေးသည်။

ကျန်ချန်လည်း လက်မောင်းပေါ်မှာ ခေါင်း
အုံး၍စားပွဲခုံပေါ်မှာမှောက်အိပ်လိုက်တယ်။
လောင်လု့၏အသံကိုနားဖြင့်လိုက်နားထောင်နေသော်လည်း၊ သူ၏မျက်လုံးများကမူ
ကုဖေးပေါ်တွင်သာရှိနေခဲ့သည်။

ကုဖေးကဘောပင်ကိုလှည့်နေပြီး နည်းနည်းလေးစိတ်လှုပ်ရှားနေပုံပေါ်သည်။ အင်္ဂလိပ်စာမှတ်စုမပြောနဲ့၊ အရင်ကတည်းက မှတ်စုတွေကိုစည်းစနစ်တကျတစ်ခါမှလိုက်မရေးဖူးတာကြောင့်လည်းဖြစ်နိုင်တယ်။

လောင်လုတစ်ယောက် ကျောက်သင်ပုန်းဆီသို့လှည့်သွားပြီး အာရုံစိုက်ရမည့် အဓိကကျ သော အကြောင်းအရာတွေက စရေးလာချိန်
တွင်၊ကုဖေးကလည်း ခေါင်းငုံ့သွားပြီး လိုက်မှတ်လို့နေသည်။

ကုဖေးရဲ့ဘေးတိုက်ပုံရိပ်ကို ငေးကြည့်ရင်း
ကျန်ချန်ရဲ့စိတ်အာရုံက ဟိုရောက်ဒီရောက် ပျံ့လွင့်သွား၏။

မင်း မျက်လုံးဖွင့်ထားချင်တယ်ဆိုရင် ၊ ငါ သေချာပေါက်ကြားနိုင်တယ်။ !

...

San Gou - three dogs or third dog.

Zhonghuas ကျုံးဟွာစ်..cigarettes
မောင်းထိုင်လ် .- ပြောင်းမျိုးနှံစားပင် နဲ့
လုပ်ထားတဲ့ တန်ဖိုးကြီး အရက်တစ်မျိုး။

October 1st day...The national day of China , the formation of the PRC .
တရုတ်အမျိုးသားနေ့ ! PRC ကို ဖွဲ့စည်းခြင်း။

အပြင်အသွားအလာ ဂရုစိုက်ဖို့ မမေ့ကြနဲ့နော်

Continue Reading

You'll Also Like

2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...
554 96 28
ကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သာ...
1.8M 260K 138
This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Cheng] Total Chapters - 115 chapters + 4 Ex...
3.9M 267K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...