ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 167K 22.4K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 62(zawgyi)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)
Part 71(unicode)
Part71(zawgyi)
Part72(unicode)
Part72(zawgyi)
Part73(unicode)
Part73(zawgyi)
Part74(unicode)
Part74(zawgyi)
Part75(unicode)
Part75(zawgyi)
Part76(unicode)
Part76(zawgyi)
Part 77(unicode)
Part77(zawgyi)
Part78(unicode)
Part78(zawgyi)
Part 79(unicode)
Part79(zawgyi)
Part 80(unicode)
Part80(zawgyi)
Part 81(unicode)
Part81(zawgyi)
Part82(unicode)
Part82(zawgyi)
Part83(unicode)
Part83(zawgyi )
Part84(unicode)
Part 84 (zawgyi)
Part 85(unicode)
Part 85(zawgyi)
Part 86 (unicode)
Part 86(zawgyi)
Part 87 (unicode)
Part 87(zawgyi)
Part 88(unicode)
Part 88 (zawgyi)
Part 89(unicode)
Part 89 (zawgyi)
Part 90 (unicode)
Part90(zawgyi)
Part 91 (zawgyi)
Part 92 (unicode)
Part 92 (zawgyi)
Part 93 (unicode)
Part 93 (zawgyi)
Part 94 (unicode)
Part 94 (zawgyi)
Part 95 (unicode )
Part 95 (zawgyi)

Part 91 (unicode)

4.6K 959 221
By melieee2


Part 91 ~ ~

သူ ကုဖေးကိုငေးကြည့်ပြီး စကားမပြောခင်
အထိ ငါးမိနစ်လောက်တုံ့ဆိုင်းသွားတယ်။
" ကုဖေး..."

"ဟမ်.."
ကုဖေးက နှုတ်ခမ်းထက်တွင် ခဲတံကိုက်ထား
ရင်း သူ့ကိုကြည့်လာ၏။

"မင်း ငါ့ကိုအဲ့ပိုက်ဆံမပေးနဲ့တော့။ဒီအတိုင်း
....မင်း အကောင့်ထဲမှာပဲ ထားလိုက်။မင်း ငါ့အတွက်သိမ်းထားလို့ရတယ်လေ။ဘယ်လို
သဘောရလဲ ။ "

ကုဖေးက အကြောင်းမပြန်လာပေ။ သူ့နှုတ်
ခမ်းထက်ရှိခဲတံသည် အနောက်မှအရှေ့သို့
ဆတ်ခနဲ လှုပ်ရှားသွား၏။

အချိန်တဒင်္ဂကုန်ဆုံးသွားပြီးနောက်တွင်၊သူ့
နှုတ်ခမ်းထောင့်စွန်းတွေကတွန့်ကွေးသွားပြီး
နူးညံ့သိမ်မွေ့သောအပြုံးအသွင်ကူးပြောင်း
သွားသည်ကိုသာ ကျန်ချန် မြင်လိုက်ရသည်။

ကျန်ချန် သူ့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်တယ်။
" အိုကေလား မအိုကေဘူးလား။ "

ကုဖေးက ခဲတံကိုပြန်ဆွဲထုတ်၍ လက်ထဲမှာ
လှည့်လာ၏။
" ချန်ကော ,ဒီဘဝမှာ မင်းနဲ့ဆုံစည်းခွင့်ရဖို့၊  ငါ အရင်ဘဝက ကောင်းတာတွေအများကြီးလုပ်ခဲ့တယ်ထင်တယ်။ "

အကယ်၍ သူ ကုဖေးအကောင့်ထဲမှာပိုက်ဆံ သိမ်းဆည်းထားခဲ့လျှင်၊နောက်နောင် ကုဖေး
အသုံးလိုအပ်လာခဲ့လျှင် 'ဟိုပိုက်ဆံတွေကို မင်း အရင်ယူသုံးလိုက်ရတယ်' လို့  သူပြော
လို့ ရနိုင်သည်။ ထိုသို့ဆိုလျှင် ' ငါ့ပိုက်ဆံ
တွေကို ယူလိုက် ' လို့ ပြောခြင်းထက် ပို၍
ချောမွေ့သွားပြီး ၊ ကုဖေးအတွက် လည်း
'လက်ခံဖို့ရာ 'ပိုလွယ်ကူသွားပေလိမ့်မည်။

သူ့ကိုယ်ပိုင်အကောင့်ထဲတွင် အထက်တန်းနောက်ဆုံးနှစ်အတွက်ကျူရှင်စရိတ်၊သင်ရိုး
ညွန်းတမ်းစာအုပ်တွေ၊နေထိုင်စားသောက်မှု
ကုန်ကျစရိတ်တွေအပြင် တက္ကသိုလ်ပထမနှစ်အထိ လုံလုံလောက်လောက်ကျန်သေး၏
။ဓာတ်ပုံရှုတင်အတွက် ကျန်သေးတဲ့ပမာဏကို သူ ကုဖေးကို ပေးလို့ရတယ်။

ဒါပေမဲ့ ကျန်ချန် ပါးစပ်လှုပ်လိုက်သည်နှင့်
ကုဖေးက သူ့ကို ဖောက်ထွင်းမြင်နိုင်သွားပုံပရသည်။ကုဖေးက သူ့ ရည်ရွယ်ချက်ကို မြင်
သာအောင် မပြသော်လည်း၊ သူက ထိုစကားကို ဆက်မပြောတာကြောင့် ကျန်ချန်လည်း နောက်ထပ်တစ်ကြိမ်အဆိုတင်သွင်းတာမျိုး
မလုပ်ဖြစ်တော့ဘူး။

ကုဖေးက ညနေပိုင်း၌ ဓာတ်ပုံပြင်စရာအချို့ကျန်ရှိနေသေးတာကြောင့်၊ သူ့ တိုက်ခန်းတွင်
'စာလေ့လာနေသည့် သူကို အဖော်ပြုပေးဖို့ရန် 'သူ နှင့်အတူမလိုက်လာနိုင်ပေ။ကျန်ချန်
လမ်းဆုံမှာရပ်၍ ကုဖေး နှင့်အတူ သူ့ဘေးရှိ စကိတ်ပေါ်မှာတရွေ့ရွေ့လှိမ့်နေတဲ့ ကုမြောင်
ကို ကြည့်နေရင်း သူ့စိတ်အာရုံက ဟိုရောက်ဒီရောက် ပျံ့လွင့်နေလျှက်ရှိသည်။

ဇာတ်အိမ်သဘောတရားကပျော်ရွှင်ရသည်ဖြစ်စေ၊ ဝမ်းနည်းရသည်ဖြစ်စေ ဒါမှမဟုတ် ကြိတ်မှိတ်၍လက်ခံထားသည် ဖြစ်စေ ၊ လူတိုင်းလူတိုင်းဆီမှာ ကိုယ်ပိုင် ဇာတ်ကြောင်း ဆိုတာရှိတယ်။ တစ်စုံတစ်ယောက်ကို လေးလေးနက်နက်မသိထားလျှင်၊ သာမာန် ဖြတ်သွားဖြတ်လာလူတွေရဲ့နှလုံးသားအနက်ရှိုင်းဆုံးနေရာမှာသယ်ပိုးထားရသည့်အရာတွေ
ဒါမှမဟုတ် ပြတင်းပေါက်မှန်ရဲ့နောက်ကွယ်
ရှိ သက်ပြင်းချသံဖွဖွကို မင်း ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပေ။

ကုဖေးက အကြိမ်ပေါင်းများစွာ နောက်ပြန်လှည့်ကြည့်လာပြီး ၊ကျန်ချန်ကို သူ့အကြည့်တွေရုတ်သိမ်းလို့ရပြီဖြစ်ကြောင်း အရိပ်ပြသည့်
အနေနှင့်သူ့ကိုလက်ဝှေ့ယမ်းပြသော်လည်း၊ ကျန်ချန် ထိုနေရာမှာ မလှုပ်မယှက်နှင့် မတ်တပ်ရပ်နေမိတယ်။

ကုဖေးကသူ့ကိုဖုန်းခေါ်လာသည့်တိုင်အောင်
သူ ရပ်နေမိခဲ့သည်။
" မင်းရဲ့နောက်ကျော ဒါမှမဟုတ် တစ်နေရာရာ ထိခိုက်မိထားလို့လား။ "

"ဟင့်အင်း ။"
ကျန်ချန် ရယ်မောလိုက်တယ်။
" ငါ ခဏလောက် ကြည့်လို့တောင် မရဘူးလား?။ "

"မင်းရဲ့ငေးကြည့်နေမှုကြောင့် ငါလမ်းဖြောင့်
ဖြောင့် လျှောက်လို့မရတော့ဘူး ။ မြန်မြန် အိမ်ပြန်တော့ ၊ မင်း စာလုပ်စရာရှိသေးတယ်မဟုတ်ဘူးလား? ။"

"မင်း အဲ့ဒီလို ပြောလာတဲ့အချိန်တိုင်း...."
ကျန်ချန် သက်ပြင်းချလိုက်တယ်။
" ငါ့ကို ရုတ်တရက်ကြီးစိုးရိမ်ကြောင့်ကြလာ
အောင် လုပ်နိုင်တယ်။ "

"ဒါဆိုရင် ငါထပ်မပြောတော့ဘူး။ မင်း ငါ့ကို
ဆက်ပြီး ကြည့်နေအုံးမယ်ဆိုရင်၊ ငါးမီတာအတွင်းကနေ ငါ ပြန်လှည့်လာမှာနော်။ "

သူတို့နှစ်ယောက်ရဲ့ဖုန်းခေါ်ဆိုမှုအဆုံးသတ်
သွားပြီးနောက်တွင် ၊ ကျန်ချန်ရယ်မောလိုက်
ပြီး မြင်ကွင်း၌ကြည်လင်ပြတ်သားမှုမရှိတော့သည့် ကုဖေး၏ဝေးကွာသွားတဲ့ နောက်ကျော
ပုံရိပ်ကိုဆက်ကြည့်နေမိတယ်။သူတို့တွေလမ်းကြားထဲသို့ကွေ့မည့်ချိန်တွင်၊ကုဖေးက လက်ဖျားကိုနှုတ်ခမ်းနှင့် တေ့၍ အနမ်းတစ်
ပွင့် မှုတ်လွှင့်လိုက်သလို သူ့ကိုနောက်ထပ်တစ်ခါ လက်ဝှေ့ယမ်းပြလာ၏။

ကျန်ချန်လည်း ပတ်ဝန်းကျင်မှာ လူအရိပ်ရှိမရှိကိုစစ်ဆေးလိုက်ပြီးနောက်တွင်၊သူ့လက်
ဖျားကိုနှုတ်ခမ်းနှင့်တေ့၍အနမ်းတစ်ပွင့်မှုတ်
လွှင့်လိုက်သလိုမျိုးလက်မြှောက်၍ ဝှေ့ယမ်းလိုက်တယ်။

....

ကျန်ချန် တိုက်ခန်းဆီသို့ ပြန်ရောက်ချိန်တွင် ၊သူ့ကိုယ်သူ ကွန်ပျူတာညွှန်ကြားချက်တိုင်းလှုပ်ရှားနေရသည့် စက်ရုပ်တစ်ရုပ်အလားခံစားနေရသည်။ သူ ရေမိုးချိုးသန့်စင်၍ ဆေးကြောတိုက်ချွတ်ပြီးနောက်တွင် ၊စာ
ကြည့်စားပွဲရှေ့မှာ ထိုင်၍ အိမ်စာတွေကိုအဆုံးသတ်လိုက်တယ်။ထို့နောက်တွင်
သူ့ခေါင်းထဲရှိ ကြိုတင်ချမှတ်ထားသည့် အစီအစဉ်အတိုင်း စာလေ့လာမှုစတင်
လိုက်တယ်။

သူများတွေနှင့်ခြားနားသည်မှာ ၊ သူက သူ့ရဲ့
စာလေ့လာမှု အစီအစဉ်ကို စာရွက်ပေါ်မှာ ချ
မရေးတတ်ခြင်းပင်။ ဖတ်ရမည့် စာအုပ်တွေ
ဖြေရှင်းရမည့် မေးခွန်း အချက်အလက်တွေ၊
ထိုအရာအားလုံးကို သူ့ဦးနှောက်ထဲမှာ သိမ်း
ဆည်းထားတာဖြစ်သည်။သူ နေ့စဥ်လေ့လာ
ရမည့်အရာတွေ ၊ မနေ့တုန်းက သူ့လေ့လာခဲ့
သည့်အရာတွေ ၊ပြသာရှိနေသည့်အပိုင်းတွေ
သူ ယနေ့ လေ့လာမည့်အရာတွေ၊ မနက်ဖြန်
အထိဘာကျန်သေးလဲဆိုတာ......အပါအဝင်
ဖြစ်၏။

သူ့မှတ်စုစာအုပ်ကိုဖွင့်ကြည့်လိုက်သည့်အခါ
စာရွက်များပေါ်တွင် ပြည့်နေသောအရောင်စုံကာလာအတန်းများသည် သင်္ကေတဝှက်စာအုပ်တစ်အုပ်သဖွယ်ဖြစ်နေပြီး ၊ထိုအရောင်တစ်ခုချင်းစီတိုင်း၏ အဓိပ္ပါယ်ကိုမူ သူတစ်
ယောက်တည်းသာ သိပြီးတော့ ယင်းစာအုပ်တွေသည် သူ့ရဲ့မှတ်စုစာအုပ်တွေချည်းသာ။

ကျန်ချန် သူတို့ထဲမှ တစ်အုပ်ကိုလှန်လှောဖွင့်ကြည့်လိုက်တယ်။သူက အမြဲတမ်းသူ့မှတ်စုတွေကို အတိုကောက်ဖြင့်သာ ရေးလေ့ရှိ၏။
သူက အကြောင်းအရာတစ်ခုချင်းစီအတွက်
အတိုကောက်သာ ရေးမှတ်လေ့ရှိပြီး၊ ယင်း
အတိုကောက်ကိုမြင်လျှင်အကြောင်းအရာ
ကိုပြန်သတိရလာတတ်သည်။ပြီးတော့ သူ့
ရဲ့လက်ရေး နှင့်ပေါင်းစပ်လိုက်လျှင်.......
သူ အထက်တန်းအောင်သွားပြီးနောက်တွင်
သူ့မှတ်စုစာအုပ်တွေကို အလကားပေးလျှင်တောင် ယူချင်သည့်သူ တစ်ယောက်မှရှိမှာ
မဟုတ်ကြောင်း ကျန်ချန် မှန်းဆကြည့်လို့ရ
သည်။

တကယ်ကို နတ်ဘုရားတွေဆီကစာစောင်ပဲ !

[ T/N နတ်ဘုရားတွေဆီက စာစောင်ကို သာ
မာန်လူသားတွေ မဖတ်နိုင်ကြောင်း ညွှန်းတဲ့
သဘောပေါ့။ မီ့ ချန်ကောကတော့ လက်ရေးမလှလို့ ဂျူနီယာ တွေက သူ့မှတ်စုတွေကို ဖတ်တတ်မှာမဟုတ်ဖူးဆိုတဲ့သဘောပါ။  ]

အာ...လက်ရေးကတော့.....

သူ ရေးထားသည့် ကောက်နုတ်ချက် စာပိုဒ်တွေကိုအလွတ်ကျက်မှတ်၍ သူ့လက်ရေးကို
လေ့ကျင့်သည့်အနေနှင့် အဓိကစကားစုတွေ
၊ အချက်အလက်တွေကို ချရေးလိုက်တယ်။

ထို့အကြောင်းကို ပြောရလျှင် ၊ သူ လက်ရေး
လေ့ကျင့်မှုအပေါ်မှာ အတော်လေး တိုးတက်လာ၏။အနည်းဆုံးတော့ သူ လက်ရေးဆက်
ကို ပြီးစလွယ်စီးလွယ် ရေးသားခြင်းမှ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။

ကလောင်ဝင့်ချက် တစ်ချက်ချင်းစီတိုင်းဟာ
အကျည်းတန်သော်ငြားလည်း ၊ အနည်းဆုံးတော့ စကားလုံးသဏ္ဠာန် ဖြစ်ပေါ်လာ၏။

စားပွဲပေါ်၌ အတန်းဖော်ကုဖေး ကျန်ခဲ့သည့်
မှတ်စုစာအုပ် တစ်အုပ်ကြောင့်၊  ကျန်ချန် ထိုစာအုပ်ကို လှမ်းယူ၍ လှန်လှောကြည့်လိုက်တယ်။ မှတ်စုများလို့ ခေါ်သည့်စာအုပ်သည်
အခြေခံအားဖြင့် ဗလာမှတ်စုစာအုပ်အသစ်
တစ်အုပ်သာဖြစ်သည်။ ထိုသူသည် အတန်း
ချိန်တိုင်း ဆရာ၊ဆရာမကို လေးစားမှုအချို့ပြသသည့်အနေနှင့် သူ့စားပွဲပေါ်တွင် မှတ်စု
စာအုပ်တင်ထားလေ့ရှိ၏။

ကျန်ချန် ရှင်းရှင်းလင်းလင်း မှတ်မိနေသေး
သည်မှာ ကုဖေးက ပြီးခဲ့သည့် စာသင်နှစ်က
တည်း ထိုစာအုပ်ကို သုံးခဲ့တာဖြစ်ပြီး၊ ယခုတိုင်အောင်........ထိုသူသည် စုစုပေါင်းမှစာ
မျက်နှာရှစ်ရွက်သာ သုံးထားတာဖြစ်ပြီး၊စာ
မျက်နှာတိုင်းသည်တစ်ဝက်တစ်ပျက်မျှသာရေးထားတာဖြစ်သည်။

ကုဖေးရဲ့မှတ်စုစာအုပ်ကို ကျန်ချန် တစ်ခါမှ
လှန်လော၍မကြည့်ခဲ့ဖူးဘူး။ဤယနေ့မှသာ
ကုဖေး ထိုစာအုပ်ထဲမှာဘာတွေရေးထားမှန်း
သူမြင်ဖူးတာဖြစ်သည်။ပထမစာကြောင်းမှာ
တင်ကျန်ချန်အသံထွက်ပြီးရယ်လိုက်မိတယ်

လောင်လု့အသံက ခမ်းနားတဲ့ခေါင်းလောင်း
သံလိုမျိုးပဲ။သူ့အသံကလေ ကျောင်းခေါင်း
လောင်းထက်တောင် ပို၍အားကောင်းတယ်

အိပ်ချင်တယ်

အရမ်း အရမ်း အရမ်း အရမ်း အရမ်း အိပ်ချင်တယ်

ဒီ level ကို မအောင်သေးဘူး...

လီယန်က ငါ့ထက် 12 levels မြှင့်သွားပြီ ,
အလကားကောင်....

Power bank ယူဖို့ မေ့လာပြန်ပြီ....

အသားပေါင်မုန့် သွားစားချင်တယ်...

ငါ ခေါက်ဆွဲမစားချင်တော့ဘူး , ခေါက်ဆွဲ
ချည်းမစားချင်တော့ဘူး.... ခေါက်ဆွဲဆို နိုး
နော်....လုံးဝပဲ....

လူဦးရေပြန်လည်တိုးပွားလာမှု၊သေဆုံးခြင်းနှင့်မွေးဖွားခြင်း ၊လူဦးရေမျိုးဆက်သစ်များအား အသစ်ပြန်လည်မွေးဖွားလာမှု ....

ကျန်ချန်ရဲ့မျက်ခုံးတစ်စုံသည်မြှင့်တက်သွား
၏။စာအုပ်ထဲမှာကျောင်းစာနှင့်ဆက်နွယ်နေသည့်အကြောင်းအရာတွေရှိနေသော အမှန်တရားကမူ သူ့ကိုအံ့အားသင့်သွားစေသည်။
ဘာမှလုပ်စရာမရှိ၍ ပျင်းလွန်းသောကြောင့်
ကုဖေး စားပွဲခုံပေါ်မှာ မှောက်အိပ်နေတဲ့ချိန်
တုန်းက ထိုအချင်းအရာတွေကိုရေးထားမှန်း
ကျန်ချန် တွက်ဆကြည့်လို့ရတယ်။

ဒါပေမဲ့ စာကြောင်းတစ်ကြောင်းနောက်တွင် ရှုပ်ယှက်ခတ်နေအောင် လျှောက်ခြစ်ထားတဲ့ဘောလုံးတစ်လုံးသည်ဟိုရောက်ဒီရောက်ပျံ့
လွင့်နေသောစိတ်၏မသိစိတ်စေ့ဆော်မှုအရ
အကျိုးဆက်ပင်ဖြစ်ကြောင်းသိနိုင်သည်။

ကုဖေး၏ ' မှတ်စုတွေ 'ကို ကျန်ချန် အားကျရှုစားပြီးနောက်တွင် ၊ အညောင်းအညာဆန့်
၍ ကောက်နုတ်ချက်တွေကိုစတင်ကျက်မှတ်လိုက်တယ်။

သူ ကုဖေးကို ဒီလိုမျိုးမှတ်စုများများရေးဖို့ရန် တိုက်တွန်းသင့်တယ်လို့ ကြိုတွေးထားလိုက်တယ်။ထိုစာအုပ်ကိုဖတ်ပြီးနောက်တွင်၊ သူ့
စိတ်အာရုံ နှင့် ကာယဉာဏစွမ်းအားတွေက
တက်ကြွလာ၏။ သူ အနားယူနေချိန်တိုင်း
အဲ့စာအုပ်ခဏဖြစ်ဖြစ်ကြည့်လျှင်၊သူ မနက် ၃ နာရီအထိ အဲ့ဒီမှာထိုင်ပြီး စာကျက်နိုင်ပေလိမ့်မည်။

.

ကုဖေးရဲ့ ဦးခေါင်းက ရှေ့သို့ငိုက်ကျသွားပြီး သူ့မျက်နှာဟာ ကီးဘုတ်ပေါ်သို့ အရှိန်ပြင်းပြင်းနှင့် အပ်ကျလာသည်။

"Fuckk "
သူ ဆဲရေးလိုက်တယ်။ သူ့နှာခေါင်းဆီမှ စူးခနဲနေအောင်နာကျင်မှုလှိုင်းလုံးသည်တိုက်
စားသွားပြီး၊ပြန်ကောင်းလာဖို့ရန် သူအချိန်အတော်ယူလိုက်ရသည်။

ပုံမှန်အားဖြင့် သူ ညနက်သည်အထိ ဓာတ်ပုံ
ဖြတ်ညှပ်ပြုပြင်နေရချိန်တွေမှာအိပ်မောကျ
သွားတာမျိုး မဖြစ်ဖူးဘူး။ ကီးဘုတ်ပေါ်မှာ
မျက်နှာအပ်ကျတာမျိုးမဆိုထားနှင့်၊ လက်
ထဲမှာ မောက်စ်ကိုင်လျက်သားနှင့် အိပ်ပျော်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

ဒါပေမဲ့ ဤကဲ့သို့သောငိုက်မျဥ်းမှုသည် သူ့လက်ထဲတွင်ဖုန်းမရှိသည့်အချိန် အတန်းထဲမှာ အိပ်ပျော်သွားတာမျိုးနှင့်မတူညီပေ။ သူ
တစ်နေ့လုံး အလုပ်တွေ လုပ်ပြီးနောက်တွင်၊
စကိတ်ပြားပေါ်မှာ ကုမြောင် နှင့်အတူ ဆော့ကစားဖို့ရန် သူကိုယ်သူ တရွတ်ဆွဲသယ်လာတာမျိုး ဒါမှမဟုတ် သူအမေနှင့် စကားများခြင်းမျိုးနှင့်လည်း အသွင်မတူပေ။

ရင်ဖွင့်ပြီးသည့်နောက်တွင် ခံစားရသောစိတ်
အပန်းဖြေမှုတစ်မျိုးနှင့်ပိုတူ၏။

သူ့နှာတံရိုးဆီမှ နာကျင်မှုအနည်းငယ်သက်
သာလာပြီးနောက်တွင် ကီးဘုတ်မျက်နှာပြင်ကို သူ့လက်ချောင်းတွေ နှင့်သပ်လိုက်တယ်။

ဖြောင့်စင်းပြီး ချောမွေ့တဲ့ နှာတံကြောင့် ကီးဘုတ်မကျိုးသွားနိုင်ဘူးလို့ ဘယ်သူပြောလဲ?

ဒီနေ့ကတကယ်ကို....လွတ်ငြိမ်းချမ်းသာခွင့်တစ်မျိုးပါလား။သူ ကုန်လွန်သွားတဲ့နှစ်များအတွင်းပထမဆုံးအကြိမ်အဖြစ် သူတကယ့်
အတွေးတွေကို တစ်ယောက်ယောက်စီမှာရင်
ဖွင့်ဖူးတာဖြစ်ပြီး၊ထိုလူရှေ့မှာ က္ကန္ဒြေမဆည်
စွာ မကွယ်မဝှက် ငိုကြွေးဖူးခြင်းသည်ပထမဆုံးအကြိမ်ပင်။ ကျန်ချန် က သူ့ကို ထိုကဲ့သို့
ပွင့်အန်လာအောင် 'တွန်းအား' ပေးခဲ့တယ်ဆို
လျှင်တောင်မှ.......ကုဖေး ရုတ်တရက်ကြီး စိတ်လက် ပေါ့ပါးလာတယ်။

သူ ' တန်းကျော်ပြေးပွဲ ' မှာ ခုန်ပျံကျော်လွှား
နေသည့်အချိန်တွေနှင့် ဆင်တူသည်။ သူက အခြားတစ်ဖက်ရှိမြေကြီးပေါ်သို့ သို့မဟုတ်
ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ခုန်ပျံကျော်လွှား နိုင်မလားဆိုတာ သူ မသိသလို၊ မြေပြင်ပေါ်သို့ ဆင်းသက်ချိန်တွင် သူ အကောင်းတိုင်း
ရှိနေမလား ဒါမှမဟုတ်ခြေထောက်တစ်ဖက် ကျိုးသွားမလားဆိုတာလည်း သူမသိဘူး။

ခြေလှမ်းညီညီဖောက်ထွက်နိုင်ဖို့ဆိုသည်မှာ အခက်ခဲဆုံးအခန်းကဏ္ဍတစ်ခုဆိုသော်ငြား၊
လေဟာနယ်ထဲသို့ခုန်တက်ပြီးနောက်ပိုင်းမှာ လွတ်မြောက်မှုတစ်ရပ်နှင့်အတူ ပျောက်ဆုံးသွားတဲ့အရာတွေနှင့်ပတ်သတ်၍ ထင်ကြေး
အားလုံးကို သိမြင်လာပေလိမ့်မည်။

နှုတ်မှဖွင့်ဟစကားပြောခြင်းသည် အခက်ခဲဆုံးအပိုင်းဖြစ်သော်လည်းပထမတစ်ခွန်းကိုပြောပြီးသည်နှင့်အမျှ ဖိအားများစွာရှိတော့
မည်မဟုတ်ချေ။

မဖြေရှင်းရသေးသောအနာဂတ်နှင့်စပ်လျဥ်း
သောအတွေးအမြင်တွေအားလုံးအပြင်၊တစ်ချိန်က ယင်းကဲ့သို့သောပြသာနာတွေကို ဖွင့်
ဟပြောဆိုခြင်းသည် တစ်ဖက်လူ၏စိုးရိမ်မှု
ကိုတိုးစေမလားဆိုသော အတွေးများလည်းရှင်းလင်းသွားခဲ့ပြီဖြစ်သည်။

မနက်ဖြန်.....ကုဖေး ဖုန်းကို လှမ်းယူလိုက်ပြီး
စီကျုံးကျောင်းဖိုရမ်ကို ဖွင့်ကြည့်၍ ခဏမျှ
တုံ့ဆိုင်းနေပြီးနောက်တွင်ပြန်ပိတ်ထားလိုက်
သည်။ယနေ့နေလည်ခင်းတည်းက ဖိုရမ်မှာ ပေါက်ကွဲနေပြီးသားဖြစ်တာကြောင့်၊ သူက မနက်ဖြန်ထိ စောင့်ဆိုင်းနေဖို့မလိုတော့ချေ။

စီကျုံးကျောင်းရှိ ကျောင်းသားကျောင်းသူများသည် တစ်နေ့ဝင် တစ်နေ့ထွက် အချိန်
အရမ်းဖြုန်းတီးနေကြ၏။ အဆုံးမသတ်နိုင်သောဆွေးနွေးငြင်းခုန်မှုများနှင့်အကျယ်တ
ဝင့် ရေးသားချက်များက နေ့စဥ်နှင့်အမျှ ပေါ်ထွက်လာနေကြဖြစ်သည်။ဆရာ၊ဆရာမ
တွေရဲ့အချစ်ဇာတ်လမ်းတွေအကြောင်းပို့စ်တွေတင်ထားသည့်အပြင်၊ သူတို့တွေ ပြတ်
မှာလား မြဲမှားလား ၊ပြီးတော့ ဘယ်လောက်
ကြာမှာလဲစသဖြင့်အလောင်းအစားပို့စ်တွေတောင် ပါသည်။

ကုဖေး က သီချင်းဘယ်လိုရေးရမလဲဆိုတာသိတယ်” ကဲ့သို့ခေါင်းစဉ်တစ်ခုက သူတို့အားတစ်ပတ်စာလုံလောက်စေသည်။

ယနေ့မနက်က သူ ပွဲကြည့်ပရိတ်သတ်နေရာမှ ထွက်လာချိန်တွင် ကျန်ချန်၏တုံ့ပြန်ပုံနှင့်
ပတ်သတ်ပြီး ကုဖေးပြန်စဥ်းစားဖြစ်ခဲ့တယ်။သူကျန်ချန်ကို စိတ်မပျက်စေချင်ခဲ့ဘူး။ဖိုရမ်ပေါ်က ပေါက်ကွဲမှုတွေကို သူ မသိကျိုးကျွံ
ပြုလို့ရပေမယ့်၊အံ့အားသင့်နေသည့်မျက်နှာပေါင်းများစွာက သူရှိရာသို့ လှည့်လာချိန်တွင်၊ သူ့အတွက် ထိုနေရာမှာ ဆက်ပြီးထိုင်နေဖို့မဖြစ်နိုင်ဘူး။

ကုဖေးကအရမ်းတော်တယ်ဆိုတာမင်းယုံနိုင်လား။ ကုဖေး ကအရမ်းထူးချွန်တယ်ဆိုတာမင်းယုံနိုင်လား ... ?

အဆက်မပြတ် သတိပေးခံနေရသည့် ခံစား
ချက်ကဖတ်ချင်စဖွယ်မကောင်းချေ။ဤနှစ်တွေတစ်လျှောက်လုံး သူ တစ်ခြားလူတွေရဲ့
အကြည့်တွေကို ရှောင်တိမ်းမှုနှင့်အသားကျ
နေပြီးကာမှ၊အဲ့ဒီ " တေးရေး ကုဖေး "ဆိုတဲ့
စကားစု ထွက်လာချိန်တွင် သူ အခွံဆွဲချွတ်
ခံလိုက်ရသည်နှင့်မတူပဲ ရုတ်တရက် ထိတ်
လန့်မှုကိုသာ ခံစားလိုက်ရ၏။

ကျောခိုင်းသွားသည့်သူ့ကိုမြင်လျှင်ကျန်ချန်ဘယ်လိုခံစားနေရမှန်းတွေးတောနေဖို့အချိန် သူ့မှာမရှိချေ။သူက သူ့ဘဝအတွက်ပြေးနေသကဲ့သို့ချက်ချင်းပင်ချက်ချင်းပင် ပွဲကြည့်ပရိတ်သတ်နေရာမှထွက်ပြေးလာခဲ့မိသည်။

ကျန်ချန်သည် ထိုတင်ဆက်မှုအတွက် ဘယ်
လောက်ထိအချိန်ယူပြီး ပြင်ဆင်ထားရမှန်း၊
ဘယ်လောက်တောင် အနုစိတ်ထားမှန်း သူ
သိတယ်။လူကင်းမဲ့နေတဲ့ ထိုင်ခုံအလွတ်ကိုမြင်လိုက်ရချိန်တွင် ကျန်ချန်တစ်ယောက်
ဘယ်အတိုင်းအတာထိ စိတ်ပျက်သွားမယ်မှန်း သူ မခန့်မှန်းဝံ့ဘူး။

မြစ်ကမ်းဘေး၌ ကျန်ချန် သူ့ကို အော်ပြောလာချိန်တွင် သူ နည်းနည်းလေးမျှ စိတ်ဆိုးတာမျိုး ၊စိတ်အနှောင့်အယှက်ဖြစ်တာမျိုး
မခံစားရဘူး။ သူအလုံးစုံကြိတ်မှိတ်သည်း
ခံခဲ့ပြီးတော့ စိတ်နှလုံးပူဆွေးခဲ့ရသည်။

သူကျန်ချန်အတွက်ရင်နင့်ခဲ့ရတယ်။အဘယ့်
ကြောင့်ဆိုသော် ကျန်ချန်ကနောက်ဆုံးသော
ကျောထောက်နောက်ခံအစိတ်အပိုင်းငယ်ကိုဖမ်းဆုပ်ထားသကဲ့သို့ သူ့အားဖမ်းဆုပ်ထားသော်လည်း၊ ခိုင်ခံ့သောမြေပြင်ပေါ်တွင်ဆင်း
သက်မိသည် ဟူသော လုံခြုံမှုခံစားချက်ကို
မရရှိခဲ့ပေ။

ကုဖေး သက်ပြင်းဖွဖွချ၍ ဖုန်းမျက်နှာပြင်ပေါ်မှအချိန်ကိုကြည့်လိုက်မိသည့်အခါ၊ညသန်းခေါင် ကျော်လွန်နေပြီဖြစ်သည်။ ရွဲပါ
တစ်ယောက်ကတော့ စာမေးပွဲအတွက်ပြင်
ဆင်ရန် မဟာကြိုးစားအားထုတ်မှုထဲမှာသူ့
ကိုယ်သူမြှုပ်နှံထားနေဆဲဖြစ်ပေလိမ့်မည်။

ရွဲပါ့ဆီ မက်ဆေ့ချ်ပို့ဖို့ရန် မနက်တစ်နာရီထိုး
သည်အထိ သူ စောင့်နေဖို့ရန်ဆုံးဖြတ်လိုက်တယ်။

ထိုအခိုက်ဝယ် အပြင်ဘက်မှတံခါးမကြီးဖွင့်သံထွက်လာသည်။ သူ့အမေက အိမ်ပြန်လာ
တာဖြစ်လောက်သည့်အခါ ကုဖေးနည်းနည်းတော့ အံ့အားသင့်သွားတယ်။များသောအား
ဖြင့် ဤအချိန်ဆိုသူ့အမေကပြန်လာလေ့မရှိ
ပဲ ချစ်သူကောင်လေးရဲ့အိမ်မှာ တစ်ညတာကုန်ဆုံးနေလောက်သည်။

ကုဖေးမျက်မှောင်ကြုတ်၍ လက်ထဲမှဖုန်းကိုပြန်ချလိုက်ပြီး၊အိပ်ခန်းအပြင်ဘက်သို့ထွက်
လာလိုက်တယ်။

သူ့အမေက တံခါးရှေ့မှာဖိနပ်လဲစီးနေလျှက်
ရှိသည်။ သူ အပြင်ထွက်လာသည်ကို အသံကြားသည့်အခါ သူမကဦးခေါင်းပင်မမော့ပဲ
မေးလာ၏။
" ဟင် , မင်းက နိုးနေတုန်းလား။ "

ကုဖေး " အင်း " ဟု ပြန်ဖြေရင်း သူမကိုကြည့်လိုက်တယ်။
"အမေ ဒီနေ့ည အိမ်ပြန်လာလိမ့်မယ်လို့
မထင်ထားဘူး။ "

"ငါက ဒီပြန်မလာလို့ ဘယ်နေရာသွားရမှာလဲ?။ "
သူ့အမေက မောက်မောက်မာမာပြောလာပြီး
တော့ ပိုက်ဆံအိတ်ကိုလွယ်၍ သူမ အိပ်ခန်းဆီသို့ လျှောက်သွားသည်။

သူမမျက်နှာပေါ်သို့ သူ့အကြည့်ဝေ့သွားပြီး
နောက်တွင် သူမလက်မောင်းကို ကုဖေးလှမ်းဆွဲလိုက်တယ်။
"အမေ့မျက်နှာက ဘာဖြစ်လာတာလဲ?။ "

သူမက တစ်ဖက်သို့ လှည့်သွား၏။
"ဘာမှမဖြစ်ဘူး ။မင်း အလုပ်လုပ်နေတဲ့
ဆီ ပြန်သွားလို့ရပြီ။ "

ကုဖေး ပြန်မပြောပဲနှင့် သူမရဲ့ဆံပင်အချို့ကို လှန်တင်လိုက်တယ်။
"ခင်ဗျားရည်းစားက ခင်ဗျားကို ရိုက်လိုက်
တာလား?။ "

"အားယား...! "
သူမက သူ့ရဲ့ဆုပ်ကိုင်ထားမှ ကြမ်းတမ်းစွာ
ရုန်းထွက်သွားပြီးတော့ လှည့်ထွက်သွားကာ
သူမရဲ့အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်၏။
" မင်း ဘာလို့ ဒီလောက်ထိ အစွန်းရောက်နေ
တာလဲ?။ "

ကုဖေး ထိုနေရာသို့ရောက်သွားချိန်တွင်၊သူမက အခန်းတံခါးကိုပိတ်သွားပြီဖြစ်သည်။သူ
နှစ်ကြိမ်တိတိ တံခါးလက်ကိုင်ဘုကို လှည့်ခဲ့
သော်လည်း၊တံခါးက ပွင့်မလာချေ။

ကုဖေး အသံနိမ့်ပြီးတော့ ပြောလိုက်တယ်။
" ခင်ဗျား ယောကျ်ားတွေဆီက အရိုက်အနှက်ခံလို့ မဝသေးဘူးလား။ "

အခန်းအတွင်းဆီမှ ဘာတုန့်ပြန်မှုမျှမရှိပဲ
တိတ်ဆိတ်နေလျှက်ရှိသည်။

"ခင်ဗျား အရူးလို အရိုက်ခံရပြန်ပြီမလား!"
ဒီအချိန်မှာသူဘယ်လိုခံစားနေရတယ်ဆိုတာကို ကုဖေး မဖော်ပြတတ်တော့ဘူး။
" တံခါးဖွင့် ! "

အခန်းတံခါးကပွင့်လာ၏။သူ့အမေကတံခါး
ပေါက်အလယ်မှာ ရပ်ပြီးတော့ သူ့ကို လက်ညိုးတစ်ထိုးထိုးနှင့်ပြောလာသည်။
" နောက်တစ်ခေါက် ထပ်ပြောလိုက်စမ်း ! "

သူမက ဆံပင်တွေကို နားရွက်နောက်သို့ သပ်လိုက်သည့်အခါ သူမမျက်နှာပေါ်က ပွန်းပဲ့ရာတွေကို ပိုပြီးထင်ရှားသွားသည်။

" ကျွန်တော် ခင်ဗျားကိုမေးတာ ,ယောက်ျား
တွေဆီကအရိုက်အနှက်ခံလို့ ခင်ဗျား မဝသေးဘူးလား။ "

သူမက အပြောမဆိုနှင့် သူ့ပါးပြင်ထက်သို့ ဖြန်းခနဲ ရိုက်ချလာသည်။
" မင်း ဘာပြောလိုက်တယ်!။ "

သူ့အမေက ဤရိုက်ချက်ကို သူ ရှောင်လိုက်
လို့ရသော်လည်း သူ ထိုသို့မလုပ်ခဲ့ပေ။ ရိုက်
ချက်သည် သူ့ပါးပေါ်သို့ ကျယ်လောင်စွာ
ကျရောက်လာ၏။

"မင်း ဘာပြောလိုက်တယ် !"
သူမ၏မျက်ဝန်းထဲတွင်လည်း မျက်ရည်စတွေ ဝေ့သီလာသည်။

"ကျွန်တော် ခင်ဗျားကိုမေးတာ ,ယောက်ျားတွေဆီကအရိုက်အနှက်ခံလို့ ခင်ဗျား မဝသေးဘူးလား?။ "
ကုဖေး နောက်ထပ်တစ်ကျော့ ပြန်ရွတ်လိုက်
တယ်။ သူ့ပါးပြင်သည် ပူနွေးနေ၏။ဒါပေမဲ့
ဒီမိနစ်ပိုင်းမျှ နာကျင်မှုသည် မေ့ပျောက်မရသောမှတ်ဉာဏ်တွေဆီမှယူဆောင်လာသည့်
အကြောက်တရားတွေနှင့်ယှဥ်လျှင် ဘာမျှမ
ဟုတ်ချေ။အမြဲတမ်းလိုလိုပွန်းပဲ့ဒဏ်ရာများ ကို သတိရလာစေသည်။

"သူ ငါ့ကိုရိုက်လိမ့်မယ်လို့ ငါဘယ်လိုလုပ်ပြီး သိမှာလဲ? ။ "
သူမက ရုတ်တရက်ကြီး အော်ငိုလာ၏။
"သူအရင်တုန်းကငါ့အပေါ်မှာအရမ်းကောင်းခဲ့တာ။ သူ ဒီလိုမျိုး ကြမ်းတမ်းလာလိမ့်မယ်ဆိုတာ ငါ ဘယ်လိုလုပ်သိမှာလဲ ! ။"

"ခင်ဗျားမှာ မျက်စိမရှိဘူးလား ။ လူတွေကို
ဘယ်လို ဖတ်ရမယ်မှန်း ခင်ဗျား နားမလည်ဘူးလား။ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘူးလား
။သူကလူကောင်းတစ်ယောက်မဟုတ်မှန်းသိပြီးတာတောင် ခင်ဗျားကို ရိုက်နှက်တဲ့သူ့ကို
ခင်ဗျား လိုချင်သေးတာလား။ "
ကုဖေး မေးခွန်းတစ်သီတစ်တန်းကြီး ထုတ်မေးပြီးနောက်တွင်၊ သူ့အသံကတုန်ယင်နေ
လျှက်ရှိသည်။
"ခင်ဗျားအသက် အခု ဘယ်လောက်ရှိနေပြီလဲ။ ခင်ဗျားကဆယ်ကျော်သက်လေးလည်း
မဟုတ်တော့ဘူး။ ခင်ဗျားကိုယ်ခင်ဗျားဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို တစ်သက်လုံး နေသွားလို့ရမယ်လို့ မျှော်လင့်နေတာလား။ ဆယ်ကျော်သက် ကောင်
မလေးတွေတောင်မှ ခင်ဗျားထက်ပိုကောင်းတဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိသေးတယ်။"

"ဆယ်ကျော်သက် ကောင်မလေးလိုမျိုးဟန်
ဆောင်တာ ဘာမှားနေလို့လဲ !။ "
သူမက သူ့ကိုအကြမ်းပတမ်း တွန်းထုတ်လာသည်။
"ငါ့ဘာသာ ဆယ်ကျော်သက်ကောင်မလေးလို ဟန်ဆောင်တာ ဘာမှားနေလို့လဲလို့ ! ။
ငါ ဆယ်ကျော်သက်အရွယ်တည်းက မင်း
အဖေနဲ့ အတူ နေခဲ့ရတာ။ငါ့မှာ အပျိုလေး
လိုရှင်သန်ဖို့တစ်ခါမှအခွင့်အရေးမရခဲ့ဘူး။
သူ သေသွားပြီလေ ! ငါ ငယ်ချင်လို့မရဘူး
လား။ အဲ့ဒါက ငါ လုပ်ချင်နေတာတဲ့အရာ
ပဲလေ။ ငါ ဆယ်ကျော်သက်ကောင်မလေး
လိုမျိုးတစ်သက်လုံးရှင်သန်သွားချင်တယ်!
သူကတော့ သေလို့ ထွက်သွားပြီ !ဒါပေမဲ့ ငါ့ရဲ့ဆုံးရှုံးသွားတဲ့ ငယ်ရွယ်မှုတွေကို ဘယ်သူက ပြန်လျော်ပေးမှာလဲ !ဘယ်သူ ပြန်လျော်ပေးမှာလဲလို့ ! ။"

ကုဖေး သူမကို အသံတိတ်ကြည့်နေမိတယ်။

" ငါ မင်းကို ဒါမျိုး မေးဖူးတယ်နော် , ဟုတ်တယ်မလား။ "
သူမက သူ့ကို ပြန်စိုက်ကြည့်လာသည်။
" ငါ့အတွက်ငါ ပြန်အလျော်ပေးလို့ရတယ်လို့
မင်း ငါ့ကို ပြောခဲ့တာလေဟုတ်တယ်မလား။
ဒါကြောင့် ငါက ငါ့ကိုယ်ငါ ပြန်အလျော်ပေး
နေတာလေ။ မရဘူးလား။ ငါက ငါ့ကိုယ်ငါ
ပြန်အလျော်ပေးဖို့ ကြိုးစားနေတာလေ ! ။ "

ကုဖေး သူမကိုအချိန်အတန်ကြာအောင်စိုက်
ကြည့် ပြီးနောက်တွင်၊သူမကို ကျောခိုင်း၍
သူ့ကိုယ်ပိုင်အိပ်ခန်းဆီ လျှောက်သွားလိုက်တယ်။

"သဖေး...."
သူ့အမေက သူ့ကို နောက်ပါးဆီမှလှမ်းခေါ်လာသည်။
" သဖေး "

သူ ပြန်လှည့်ကြည့်လိုက်တယ်။

သူလှည့်လာသည်ကို မြင်တဲ့အခါ သူမက ဆက်မေးလာ၏။
"မင်း လည်း ငါ့ကို စိတ်ကုန်နေပြီလား။ "

"ဟုတ်တယ်။ "

"အားမြောင်ကြောင့်သာမဟုတ်ရင် မင်း ငါ့
ကို ထားပြီး ထွက်သွားမှာ။ "
သူမက မျက်လုံးကို ပွတ်သတ်လာသည်။
"မင်း ငါ့ကို ထားပြီးထွက်သွားမှာ ကြာလှပြီ။
ငါ့မှာသာ ချစ်သူတစ်ယောက်မှမရှိရင် ၊ငါက အနှေးနဲ့အမြန်တစ်ယောက်တည်းဖြစ်လာမှာ။
ငါသေရမယ့်အချိန်ကျရင် အထီးကျန်ဆန်တဲ့သက်ကြီးရွယ်အို ဖြစ်နေလိမ့်မယ်။ "

ကုဖေး တိတ်ဆိတ်သွားတယ်။

လူတစ်ယောက်အတွက် စိတ်လုံခြုံမှုအသိ
သည် ဘယ်လောက်တောင်အရေးကြီးတာ
ပါလိမ့် ? တစ်စုံတစ်ယောက်၏နှလုံးသား
အနက်ရှိုင်းဆုံးမှာ သိုဝှက်ထားသည့် စိတ်
လုံခြုံမှု လိုအပ်ချက် ဒါမှမဟုတ် တစ်ခုမျှ
သတိမမူမိခြင်းသည် လူတစ်ယောက်ပေါ်
မှာ ဘယ်အထိ သက်ရောက်မှုရှိနိုင်တာလဲ။

သူ သက်ပြင်းချ၍ သူ့လက်မောင်းတွေကို
ဖွင့်ဟပေးလိုက်သည်။

သူ့အမေက သူ့လက်မောင်းကြားသို့ ပစ်ဝင်
လာပြီး အသံတိတ် ရှိုက်ငိုလာ၏။

ကုဖေး သူမနောက်ကျောကို ပုတ်ပေးလိုက်တယ်။
"ဟေး , မငိုနဲ့တော့။သွားပြီး ဆေးကြောသန့်စင်တော့။ပြီးတော့ အဲ့ဒီလူ နဲ့ထပ်ပြီး မတွေ့နဲ့တော့။ "

သူမက ပြန်မဖြေချေ။

"တကယ်လို့ အမေ သူနဲ့ လမ်းမခွဲဘူးဆိုရင်၊
အမေ့ရဲ့ရည်းစားတစ်ယောက်ချင်း စီတိုင်းကျွန်တော်ဆီကရိုက်နှက်ခံရတော့မှ ကွန်းပလိန်းမတက်နဲ့။ "

သူမက တွန်းထုတ်၍ စက္ကန့်အနည်းမျှစိုက်
ကြည့်နေပြီးနောက်တွင် ရေချိုးခန်းဆီသို့
လှည့်ထွက်သွားသည်။

ကုဖေးမှာ ယခုထိ ကိုယ်လက် မျက်နှာမသန့်စင်ရသေးချေ။ သူ့ကိုယ်ပိုင်အခန်းဆီသို့ ပြန်လျှောက်လာပြီး စာကြည့်စားပွဲခုံရှေ့မှာပြန်ထိုင်လိုက်သည်။ သူ နောက်တစ်ဖန် ထိုင်ရာ
မှ ထပ်မထချင်တော့ဘူး။ ဓာတ်ပုံတွေပြင်ပြီးသည်နှင့် သူ ဒီနေရာမှအိပ်ယာဆီသို့ခြေ
တစ်လှမ်းနဲ့တစ်ဝက် လှမ်းလိုက်ယုံနှင့်တင်ရောက်နိုင်နေတာကို၊မတ်တပ်ရပ်ပြီး ကိုယ်လက်ဆေးကြောဖို့ကို မေ့လိုက်ပါတော့။

သူ ကွန်ပျူတာရှေ့မှာထိုင်၍ ဘာလုပ်ရမယ်
မှန်းသတိပြန်လည်မလာသေးခင်အထိဓာတ်
ပုံတစ်ပုံတည်းကို ငါးမိနစ်ကြာအောင် ကြည့်နေမိသည်။ သူ မောက်စ့်ကို ဆုပ်ကိုင် ပြီးပြီးချင်းမှာပင် သူ ရုတ်တရက်ကြီး ကျန်ချန်ကို
လေးစားအားကျလာတယ်။

ကျန်ချန်ဆိုရင် မည်သည့်ပတ်၀န်းကျင်၌ရှိနေစေကာမူ အချိန်တိုအတွင်းစာလေ့လာမှုအာရုံအတွင်းသို့ဝင်ရောက်နိုင်သည်။ ယနေ့ကဲ့သို့
နေ့တစ်နေ့ပင်လျှင် သူ့ရှေ့တွင် စာအုပ်များနှင့်သင်ကြားရေးထောက်ကူပစ္စည်းများမှ လွဲ၍ ကျန်ချန်၏ စိတ်ထဲမှာ အခြားအရာ
များနှင့်ပြည့်နှက်နေမှာ မဟုတ်မှန်း သူကျိန်း
သေသိတယ်။

ဒီလိုမျိုး လူတစ်ယောက် ,ဘယ်လောက်မိုက်လိုက်သလဲ..

ကုဖေး ရယ်ရယ်မောမောနှင့် မောက်စ်ကိုနှိပ်လိုက်သည့်အခါ စားပွဲတင်ကွန်ပျူတာ wall
paperကပွင့်လာသည်။ ကျန်ချန်ရဲ့ ကိုယ့်
ကိုကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်နေသော
မျက်နှာလေးသည် သူ့မျက်စိရှေ့တွင် ပေါ်
လာ၏။ကုဖေးခေါင်းကိုစောင်းလိုက်ပြီးနဖူးပေါ်သို့ လက်ချောင်းတစ်ချောင်းထောက်၍
ထိုမျက်နှာလေးကိုစိုက်ကြည့်နေမိတယ်။

Wallpaperကိုတစ်ပတ်မှာတစ်ကြိမ် ကုဖေးပြောင်းလေ့ရှိတယ်။ ဤပြောင်းလဲနှုန်းတိုင်းဆိုလျှင်၊ သူရဲ့ သီးသန့် 'ကျန်ချန် ဓာတ်ပုံ
collection'ကလာမည့်နှစ်တက္ကသိုလ်
ဝင်ခွင့်စာမေးပွဲအထိ လုံလောက်၏။

သူ ဓာတ်ပုံကို ခဏမျှကြာအောင်စိုက်ကြည့်ပြီးနောက်တွင် မောက်စ့်ကိုနှိပ်၍ အလုပ်လုပ်တော့သည်။ယင်းဓာတ်ပုံတွေအားလုံးသည်နောက်ရက်ကျတင်ရမှာဖြစ်၏။သူကအချိန်
တိုင်း ကျန်ချန်ရဲ့တိုက်ခန်းဆီသွား၍ ကျန်ချန်စာလေ့လာနေစဥ်တစ်လျှောက်လုံး ၊ သူ့ကို အဖော်ပြုပေးနေခဲ့တာကြောင့် သူ့ရဲ့ဓာတ်ပုံတည်းဖြတ်တဲ့အလုပ်တွေအားလုံးသည် dealines နီးကပ်သွားခဲ့သည်။

ဤဓာတ်ပုံတွေကို သူယနေ့ညတွင်အပြီးလက်
စသတ်ရမည်ဖြစ်သည်။ ဟိုအရင်တုန်းကလိုသာဆိုလျှင်၊ သူ နောက်ရက် အတန်းတစ်နေ့
လုံး ဒါမှမဟုတ်နေ့တစ်ပိုင်းဖြစ်ဖြစ် ကျောင်း
လစ်၍အိမ်မှာနေပြီးဖြည်းဖြည်းချင်းလုပ်လို့
ရသည်။ဒါပေမဲ့ မနက်ဖြန် သူ ကျောင်းသွား
ဖို့ လိုတယ်။

သူ ကျောင်းပြေးမည်ဆိုလျှင်တောင်၊မနက်
ဖြန်တော့မရတော့ပေ။အကယ်၍ မနက်ဖြန်
သူ ကျောင်းမသွားလျှင်၊သူ ကျောင်းမလာ တာကို 'တေးရေးကုဖေး'ကြောင့်ဆိုပြီး ကျန်ချန်ကထင်သွားနိုင်သည်။

မနက်တစ်နာရီထိုးသည်အခါ သူ ကျန်ချန်ဆီ
မက်ဆေ့ချ်ပို့ဖို့ရန် ဖုန်းကိုယူကိုင်လိုက်တယ်။
သူဖုန်းကိုင်ပြီးပြီးချင်းတွင် သူ့ဖုန်းသည် တ
ကျည်ကျည်အသံမြည်လာပြီး၊ မက်ဆေ့ချ် တစ်စောင် ဝင်လာ၏။

ကျန်ချန်ဆီမှစာဝင်ထားတာဖြစ်သည်။

- မင်းငါ့အတွက်အာရုံကြောတစ်ခုကိုတာဝန်ပေးထားလားဆိုတာစစ်တာ ။

ကုဖေး ရယ်ကာမောကာနှင့် စာပြန်လိုက်တယ်။

- ငါ နိုးနေတုန်းပဲ ။မင်းအတွက် ငါ့ အာရုံ
ကြောအားလုံးကို တာဝန်ပေးထားတာ။

- ဒီအချိန်ထိ နိုးနေသေးတာလား ?

- ဓာတ်ပုံတွေပြင်နေလို့ ။ ခဏနေရင် အိပ်
တော့မှာ။ မင်းက စာကြည့်နေတုန်းလား ?

- အင်း ,မင်းမှာ video chat ပြောဖို့အချိန်ရှိလား ?။

ကုဖေးvideo request တစ်ခုပို့လိုက်တဲ့အခါအခြားတစ်ဖက်မှကျန်ချန်ကချက်ချင်းလက်
ခံလာသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် ကျန်ချန်၏မျက်နှာပြူထွက်လာချိန်၌ ၊ ယခုလေးတင် သူ့အမေ
ကြောင့် အရှုပ်အထွေးထဲမှာကျန်ရစ်နေသော
ကုဖေးရဲ့ စိတ်ခံစားချက်တွေက ရုတ်ချည်း
ငြိမ်အေးသွားတယ်။

ကျန်ချန်က တကယ်ကို အရာရာ၌ စွမ်းသောဆေးတစ်လက်ပင်။ သူက အိပ်စက်မှု နှင့် ကာမရာဂစိတ်ကိုကူညီပေးသည့်အပြင်၊
စိတ်ကိုငြိမ်းအေးတယ်၊ အားအင် တက်ကြွ
စေတယ်.......

သင့်၏စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို
ကျန်ချန်တစ်ဦးတည်းနှင့်ဖြည့်စွက်နိုင်တယ်!

ကုဖေး ထိုင်ခုံကို ကျောမှီလိုက်ပြီးတော့ ပြုံး
လိုက်တယ်။
" မင်းက အခု အိပ်ဖို့ ပြင်နေတာလား။ "

"အင်း , အသံသွင်းထားတဲ့ အင်္ဂလိပ်စာတစ်ချို့နားထောင်ပြီး အိပ်တော့မလို့။ "

"မင်းက အဲ့လိုမျိုးလည်း အိပ်ပျော်တယ်ပေါ့။ "

"ဒါပေါ့ , အဲ့ဒါက အိပ်မွေ့ချလိုက်တဲ့အတိုင်း အကျိုးသက်ရောက်မှုရှိတယ်။ငါဆို လမ်းတစ်ဝက်မှာတင် အိပ်ပျော်သွားတာ ။ "
ကျန်ချန်က သမ်းဝေလာသည်။
"မင်း ဓာတ်ပုံတွေပြီးဖို့ ဘယ်လောက်ကြာဦး
မှာလဲ။ "

"နာရီဝက်။ "
ကျန်ချန်ရဲ့လည်တိုင်ကို ကုဖေး စိုက်ကြည့်
လိုက်တယ်။

ကျန်ချန်က ထိုင်ခုံကိုကျောမှီ၍ ခေါင်းကို အနောက်သို့လှန်ထားပြီး ထိုင်နေ၏။ သူ့
လည်တိုင်ကောက်ကြောင်းကအရမ်း.....
လှုံ့ဆော်နိုင်၏။

"ဒါဆို မင်း ဆက်လုပ်လေ။ ပြီးတော့ မနက်
ဖြန်...."
ကျန်ချန်က တုံ့ဆိုင်းသွားပြီးမှ
" မင်း ကျောင်းသွားမှာလား?။ "

"သွားမှာပေါ့။ "
ကုဖေး ခေါင်းငြိမ့်ပြလိုက်တယ်။
"ဒါပေမဲ့ မင်း အိပ်ယာနိုးတဲ့အခါကျရင် ငါ့ကို
ဖုန်းဆက်ဖို့လိုလိမ့်မယ်။ငါ့ကိုယ့်ဟာကိုယ်ဆို
ထနိုင်မှာ မဟုတ်ဘူး ။ "

"ကောင်းပြီ။ "
ကျန်ချန်က ချက်ချင်းပင် ပြုံးရွှင်လာသည်။
"ငါ မနက်စာရောင်းတဲ့ဆိုင်မှာ မင်းကို စောင့်နေမယ်။ "

" မင်း ဒကာခံမှာလား "

ကျန်ချန်က ခေါင်းငြိမ့်ပြလာသည်။
"ငါ ဒကာခံမယ်။ "

"ကောင်းပြီလေ။ "
ကုဖေး အချိန်ကို ကြည့်လိုက်တယ်။
" မင်း အခု အိပ်သင့်ပြီ။ "

"ခဏ..ခဏ... "
ကျန်ချန်က တည့်တည့်မတ်မတ် ပြန်ထိုင်လာ
၏။
" အမ်း.... ငါ မင်းကို မြင်ချင်သေးတယ်။ "

"ငါတို့စကားပြောနေတဲ့တစ်ချိန်လုံး ၊ မင်း
ငါ့ကိုမတွေ့ရဘူးလား။ "
ကုဖေး အနည်းငယ်အံ့အားသင့်စွာနှင့် ဖုန်း
ကို တစ်ချက်ပြန်ငုံ့ကြည့်လိုက်တယ်။ လေး
ထောင့် အကွက်ငယ်လေးပေါ်မှာ သူ့မျက်နှာကကြည်လင်နေလျှက်ရှိသည်။

" မင်းရဲ့ညှပ်ရိုးကို မြင်ချင်တယ်။ "

"Ohh "
ကုဖေး အော်ရယ်မိလိုက်သည်။ သူတစ်ကြိမ်
ရယ်ပြီးသည်နှင့်ရပ်တန့်လို့မရတော့ပေ။ သူ
လှုပ်ရှားမှုလေးတစ်ခုနှင့်အတူ ရှပ်အကျီကို
ဆွဲချွတ်လိုက်တယ်။
" ညှပ်ရိုးဆို တော်ပြီလား?။ ငါ့မှာ တစ်ခြားအင်္ဂါအစိတ်အပိုင်းတွေ ရှိသေးတယ်။ မင်း
လိုချင်တယ်ဆိုရင် တစ်ခုဝယ် တစ်ခုလက်
ဆောင်ရမှာနော်..။ "

ကျန်ချန်က တခစ်ခစ်ရယ်မောလာသည်။

ကုဖေး ကင်မရာကိုသူ့ကိုယ်သူချိန်ရွယ်လိုက်ပြီး သူ့မျက်နှာမှ သူ့လည်တိုင်ဆီ ၊လည်တိုင်မှတစ်ဆင့်သူ့ညှပ်ရိုးများဆီ၊ ထို့နောက်တွင်တောင်စူးစူးသို့ဝေ့ဝိုက်ပြီး သွားလိုက်တယ်။
ကင်မရာက သူ့ဗိုက်ကြွက်သွားဆီထိရောက်
လာချိန်မှာ ကုဖေး ထပ်မေးလိုက်တယ်။
" နောက်ထပ် လိုချင်သေးလား။ "

".....မလိုချင်တော့ဘူး။ မင်း ဆက်သွားမယ်
ဆိုရင် ငါ့အိပ်စက်မှုကို ထိခိုက်လာလိမ့်မယ်။
ပြီးတော့ ငါ့အိပ်မက်ထဲမှာအင်္ဂလိပ်စာကျက်
ဖို့လိုသေး....."

ကျန်ချန် စကားမဆုံးသေးခင်မှာပင်၊ကုဖေး
က ဘောင်းဘီကို အမြန်ဆွဲဖွင့်၍ ထိုနေရာသို့ကင်မရာချိန်ပြလာ၏။
"အငယ်ကောင်လေး ဖေးဖေးက ချန်ကောကို 'ဟိုင်း ' လို့ နှုတ်ဆက်နေတယ်။ "

" မင်းမေ့ဘိုးအေပဲ , ကုဖေး !"
အခြားတစ်ဖက်ရှိ ကျန်ချန်က အော်ဟစ်လာသည်။
" အရှက်မရှိတဲ့ ခွေးကောင် ! "

ကုဖေး ကင်မရာကို ပြန်ရွေ့လိုက်ပြီး ရယ်
မောနေတာကို မရပ်တန့်နိုင်တော့ချေ။
"Geez , မင်း ငါ့ကို ကျိန်ဆဲတာဆိုတော့ ငါ့ရည်းစားကိုလည်း ကျိန်ဆဲလိုက်တာနဲ့အတူ
တူပဲမလား ?။ မင်းရဲ့အသိစိတ်ကို မထိခိုက်
သွားဘူးလား။ "

"....မင်း ဖင်ကြီးပဲ ထိခိုက် !"
ကျန်ချန်က သူ့ကိုယ်သူ ခေါင်းအုံးပေါ်သို့ ပစ်လှဲ၍ကင်မရာကိုလက်ညိုးတစ်ထိုးထိုး နှင့်ဆက်ပြောလာသည်။
" မင်းကမှ ငါ့ရဲ့စာလေ့လာမှုကို ထိခိုက်စေတာ။အဲ့ဒါကို မင်း သိလား။ "

"တကယ် ? , ဒါဆိုရင်တော့ မနက်ဖြန်ငါမင်းကိုအင်တာဗျူးသင့်တာပဲ၊ မင်း အင်္ဂလိပ်စာလား ဒါမှမဟုတ် ငါ့ကို အိပ်မက်မက်ခဲ့တာလားဆိုတာ စစ်ကြည့်ရမယ်။ "

....

သူ့ခံစားချက်တွေက မြှင့်တက်လာသည်နှင့်အလုပ်မှာပိုပြီးအကျိုးထိရောက်လာပေမယ့်သူက သူ့ချစ်သူနဲ့ ရက်ပေါင်းများစွာအတူနေခဲ့လို့ နောက်ဆုံးမိနစ်အထိသူကျန်နေသေးတဲ့ အလုပ်ပမာဏနည်းနည်းများလွန်းနေသည်။
ကုဖေး အလုပ်တွေကို လက်စသတ်ပြီးချိန်၌
မနက် သုံးနာရီတောင် ထိုးနေပြီဖြစ်သည်။

ခါတိုင်းဆိုရင်သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ရန် နာရီဝက် ၊တစ်နာရီအချိန်ယူရပေမယ့် ၊
ယနေ့တွင်မူခေါင်းအုံးပေါ်သို့ သူခေါင်းချပြီး
မျက်လုံးမှိတ်ပြီးသည်နှင့်တစ်စုံတစ်ယောက်
က သူ့ကို အလဲထိုးလိုက်သည့်အလား အသိ
စိတ်ကင်းမဲ့သွား၏။

သူက အင်္ဂလိပ်စာကိုအိပ်မက်မက်တဲ့သူတစ်ယောက်လိုမဟုတ်ခဲ့ပေမဲ့လည်း၊ဒီတစ်ညလုံးသူ့ဖုန်းမြည်သံကြောင့် အိပ်ယာ နိုးမလာခင်ထိ ကျန်ချန်ကိုတောင်အိပ်မက်မမက်ခဲ့ပေ။

"ချီး !"
ကုဖေး တစ်ဖက်သို့စောင်းအိပ်လိုက်တယ်။
သူ့မှာဘာအိပ်မက်မှမမက်ခဲ့လျှင်တောင်မှတစ်ညလုံးလုံးအိပ်ရေးမဝသလိုခံစားနေရ
၏။ သူ မျက်လုံးကိုဆက်မှိတ်ထားမိသော်
လည်းချက်ချင်းပြန်ဖွင့်လိုက်တယ်။

ထိုဖုန်းခေါ်ဆိုမှုသည်ကျန်ချန်ဆီမှဝင်နေတာဖြစ်သည်။ ကုဖေး ဖုန်းဖြေဆိုမှုကိုလက်ခံ၍
အသံတစ်သံမျှ မပြုရသေးခင်တွင်၊ကျန်ချန်
၏အသံက လေလှိုင်းပေါ်မှပျံ့လွင့်လာ၏။
" ကုဖေး , နိုးပြီလား ?။ "

"နိုးပြီ။ "
ကုဖေး အိပ်ယာပေါ်မှငုတ်တုတ်ထထိုင်လိုက်တယ်။သူ အနည်းငယ်မူးနောက်နောက်ဖြစ်နေပြီး ၊ အပြည့်အဝ မနိုးသေးသော်လည်း ကျန်ချန်၏အသံထဲတွင် နံနက်ခင်း သူ့ကို
နိုးသည့်အချိန်တိုင်း ရှိသင့်သည့် ရွှင်လန်းမှုကင်းမဲ့နေကြောင်းကို သူပြောနိုင်သေး၏။
" ဘာဖြစ်လို့လဲ ။ "

"အပြင်မှာ လီဟွေ့ရောက်နေလို့ ။ သူတစ်ခြားလူတွေကိုလည်းခေါ်လာတယ်။ သူ ငါ့တိုက်
ခန်းကို ဘယ်လိုရှာတွေ့သွားမှန်းမသိဘူး။ဒါပေမဲ့ သူ အခုထိအပေါ်တက် မလာသေး
ပုံထောက်ရင်၊ငါဘယ်အထပ်မှာ နေမှန်းမသိတာနေမယ်။သူအောက်ထပ်မှာရှိနေတုန်းဘဲ ။ "

"ငါ အခုချက်ချင်း လာခဲ့မယ်။ "
ကုဖေး ကုတင်ပေါ်မှ ခုန်ဆင်းလိုက်တယ်။
"သူအပြင်မှာရှိနေမှန်း မင်းဘယ်လိုလုပ်ပြီး
သိတာလဲ။ "

" သူ ငါ့ဆီ ဖုန်းခေါ်လာတာ။ "
ကျန်ချန်၏အသံက စိတ်အနှောက်အယှက်ဖြစ်နေပုံရသည်။
"ငါ လီဘောက်ကောရဲ့ ဘာကိုမျှ မလိုချင်
ဘူးလို့ ပြောပြီးပြီလေ။ ဘာတစ်ခုမှ ငါနဲ့
မသက်ဆိုင်ဘူးလို့ ။သူကဘာလို့ငါ့ကိုမပြီး
နိုင်မစီးနိုင် နှောက်ယှက်နေသေးတာလဲ။ "

"သူ မင်းကိုဘာလို့ရှာတာလဲဆိုတဲ့အကြောင်းပြောသေးလား။ "
ရေချိုးခန်းဆီသို့ ကုဖေး အပြေးသွားလိုက်တယ်။သူ့ဆီမှာ သွားတိုက်နေဖို့ရန် အချိန်မ
ရှိတော့ချေ။ ထို့ကြောင့် သူမ၏ဆယ်ကျော်
သက်အရွယ်ကိုရှာဖွေရန် လမ်းခရီး၌တွေ့ခဲ့
သော သူမရဲ့ရည်းစားတစ်ဦး၏ လွှမ်းမိုးမှုအောက်တွင်သူ့အမေဝယ်ထားသောပလုတ်
ကျင်းဆေးရည်ကိုသာဖြန်းလိုက်သည်။

"လီဘောက်ကောရဲ့ငွေစုအကောင့် ငါ့ကို
လာမေးနေတာ။ "
ကျန်ချန် က ဆက်ပြောလာသည်။
" မင်း မလာနဲ့။ ငါ အခုပဲ အောက်ထပ် ဆင်းကြည့်လိုက်မယ်။ ဘယ်အချိန် ရပ်ရမယ်မှန်းမသိတဲ့ ဒီလိုမျိုး လူ့အမှိုက်ကောင်တွေကို ငါ သောက်ရမ်းမုန်းတယ်။ "

"ငါ့ကို စောင့်နေ။ "
ကုဖေးမျက်နှာကိုဆေးဖို့တောင်စိတ်မရှည်နိုင်တော့ပဲ အပေါ်ဝတ်ဗလာနှင့်တံခါးမကြီးဆီသို့ပြေးထွက်လာခဲ့လိုက်တယ်။

...

လီဘောက်ကောဆီမှာ ငွေစုအကောင့်တစ်ခုရှိတယ်ဆိုတာ ဇာတ်လမ်းတစ်ပုဒ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ၊ သူဆီမှာရှိတယ်
ဆိုလျှင်တောင် ၊ ကျန်ချန် ဆီ ချန်ထားပေးခဲ့
စရာအကြောင်းမှမရှိပေ။

လီဘောက်ကောနှင့်လီဟွေ့တို့ တစ်သက်လုံး
အဆင်ပြေမှုမရှိခဲ့သည်မှာ ၊လီဘောက်ကော
က လီဟွေ့ကို ပြိုင်ဘက်မရှိသော သံစက်ရုံ
အကျင့်စရိုက်တွေ ပြုစုပျိုးထောင်ပေးခဲ့ပြီး
လီဟွေ့ကလည်း တူညီစွာပင် ပြိုင်ဘက်မရှိ
သော သံစက်ရုံ အကျင့်စရိုက်တွေနှင့်တုံ့ပြန်
ခဲ့သည်မှလွဲ၍ တစ်ခြားအကြောင်းအရင်းမရှိချေ။

လီဟွေ့ကိုယ်တိုင်ကလည်းယင်းအချက်ကို
ကောင်းကောင်းနားလည်သည်။သူက ငွေစု
အကောင့်ကိုရှာမတွေ့တာကြောင့်နဲ့ ကျန်ချန်ဆီသွားမည်မဟုတ်ပေ။ ပိုက်ဆံတောင်းဖို့ရန် ပိုဖြစ်နိုင်၏။

ကျန်ချန်က မြို့ကြီးပြကြီးမှာ ကြီးပြင်းလာခဲ့
ပြီး၊ သူ့အရင်မိသားစုဆီမှာပြည့်စုံစွာနေထိုင်ခဲ့ရသည်။ ပြီးတော့ သူ့မွေးစားမိဘတွေ ပေးလိုက်သည့်ဘဏ်အကောင့်လည်း
သူ့မှာရှိနေ၏။ လီဘောက်ကောတောင်
ထိုအကြောင်းကိုသိတယ်ဆိုလျှင်၊လီဟွေ့လည်းသိပြီးလောက်ပေါ့။

လီဟွေ့လိုလူမျိုးသည် နေရောင်အောက်မှာအရည်ပျော်နေတဲ့ပီကေနှင့်အလားတူ၏။
သူနှင့်စကားပြောရင် ဘာမှခံယူချက်တွေ၊ဆင်ခြင်တွေးခေါ်မှုစနစ်တွေ မလိုအပ်ပေ။

ကျန်ချန်က လီဟွေ့ကို ဂရုစိုက်နိုင်မှာမဟုတ်ဘူး။တစ်ယောက်ယောက်က ဂရုစိုက်ပေးရမယ်ဆိုရင် သံစက်ရုံရဲ့လူမိုက်ခေါင်းဆောင် အငယ်လေးပဲ ဖြစ်သင့်တာ.....

ကုဖေး စက်ဘီးမစီးတော့ပဲ၊ ဆိုင်ကယ်ထုတ်
၍ ကျန်ချန်ရဲ့တိုက်ခန်းဆီသွားရာလမ်းတစ်
လျှောက်လုံးဖြတ်မောင်းလာခဲ့လိုက်တယ်။

.....

အားလုံး ကျန်းမာရေး ဂရုစိုက်နော် ❤

Continue Reading

You'll Also Like

462K 85.1K 120
Title -[ Flame Armor ] Original Author - Chapters - 196 chapters + 4 extras " 3 , 10 , 2020 " -- ရက်စက်သောမီးလျှံအား သံချပ်ကာဖြင့်တန်ဆာဆင်အပ်သော အဆ...
926K 111K 64
F ယူနီဗာစီတီ ရဲ့ စွဲ​ဆောင်​မှု အရှိဆုံး ​ယောကျာ်း နှစ်​​ယောက်​.... ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိ ထိုလူငယ်​ နှစ်​ဦးမှာ မည်​သည့်​ကိစ္စတွင်​မဆို သူနို...
2M 307K 180
(FOD စာရေးသူ၏ နောက်ထပ်လက်ရာတစ်ခု) ဘာသာပြန်သူ - May King Start date - 6.6.2020 (DURING COVID 19 PERIOD) End Date _ 19.4.2021 (During Military Coup pe...
1.8M 260K 138
This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Cheng] Total Chapters - 115 chapters + 4 Ex...