Uni
"မောင် နှင်းက လာမှလာပါ့မလားလို့"
ခန့်ထယ်ဝါ ရောက်တော့ နှင်းက သူကားပေါ်ကနေ ခန့်ကိုနုတ်ဆက်တယ်လေ
ခန့်လည်း ကားပေါ်ကဆင်းပြီး နှင်းဖြူစင်ကို ပိုက်ဆံထုတ်လေးပေးလိုက်တော့
"မောင်ကလည်းကွာ နှင်းလာယူမှာပေါ့
မောင်မိုးရေတွေစိုကုန်ပြီ
လာ ကားထဲဝင်လိုက်"
နှင်းက သူ့ကားထဲဝင်ဖို့ ကားတခါးဖွင့်ပေးတာကြောင့် မိန့်လည်း နှင်းကားပေါ်တက်လိုက်တယ်
"ဟော မောင်ရယ် စိုရွှဲကုန်ပြီကွာ ရော့ ဒီမှာ သပတ် နှင်းသုပ်ပေးမယ်နော်"
သပတ်ယူပြီး ကျွန်တော့်ခေါင်းပေါ်ရောက်လာတော့မယ့်နှင်းရဲ့လက်ကို ကာလိုက်ရင်း
"ဟင့်အင်း ရပြီနှင်း ကျွန်တော်ပြန်တော့မယ် ဒီမှာ ပိုက်ဆံသိန်း အွတ်"
နှင်းက ကျွန်တော့်နုတ်ခမ်းကို ရုတ်တရပ်နမ်းလိုက်တာကြောင့် ကျွန်တော် ဘာမှတုံ့ပြန်ချိန်မရလိုက်ဘူး
"မောင်က. တော်လို့ ဆုချတာ"
"နှင်းဖြူစင် ကျွန်တော်က ခုချိန်မှာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ပါ
ကျွန်တော်တို့အနေအထိုင်ဆင်ချဉ်ကြရင်ကောင်းမယ်"
"မောင်ရယ် နှင်းက မောင့်ချစ်သူပါ မောင်တောင်းဆိုသမျှကိုလိုက်လျောဖို့ အဆင်သင့်ရှိနေပြီးသားပါမောင်"
နှင်းပြောလိုက်တဲ့စကားက ဘာသဘောလဲဆိုတာ သိသာနေတာကြောင့်
"တော်တော့ နှင်း ကျွန်တော် ခင်ဗျားနဲ့ သိက္ခာရှိရှိ လူကြီးလူကောင်းဆန်ဆန် လမ်းခွဲချင်တယ် နှင်းဖြူစင် နောက်တစ်ခါ ထပ်မတွေ့ကြတာပိုကောင်းမယ်"
ခန့်ထယ်ဝါ ကားပေါ်ကဆင်းလိုက်တယ်
"မောင် မောင် "
နှင်းခေါ်တာတောင် တစ်ချက်မှလှည့်မကြည့်ပဲ တစ်ချိုးတည်းထွက်သွားတဲ့မောင့်ကိုကြည့်ပြီး နှင်းဖြူစင်ဒေါသတွေတော့ထွက်နေခဲ့တယ်
'ဟင်းမောင်ရယ် မောင်နှင်းကို ဒီထပ်ပိုပြီးငြင်းလို့မရတော့ပါဘူး
နှင်းက မောင့်ကိုသိပ်ချစ်တာမို့
မောင်နှင်းကလွဲပြီး ဘယ်သူ့ကိုမှ ချစ်ဖို့မစဉ်းစားပါနဲ့မောင်
နှင်းမောင့်ကို ဘယ်တော့မှသူများလက်ထဲ အပါမခံတော့ဘူး '
နှင်း ကားထဲက CCTVကို စစ်ဆေးလိုက်တယ် မြင်ကွင်းရော ပျက်သားရဲ့လားလို့ ဒီလိုမြင်ကွင်းမျိုး နောက်တစ်ခါတောင် ဖန်တီးနိုင်မှာမဟုတ်တော့ဘူး
နှင်းဖြူစင်ရဲ့အော်ခေါ်နေတဲ့အသံကိုကြားရပေမယ့် သူလုံးဝလှည့်မကြည့်ဖြစ်တော့
ခန့်ထယ်ဝါကားကို တစ်လစက်မောင်းလာခဲ့တယ် နောက်ဆုံးဖေဖေတို့အိမ်ပြန်ရောက်တာတောင် စိတ်က ပုံမှန်အခြေအနေပြန်မရောက်သေး
"ဟယ် သားကြီး ဘယ်ကပြန်လာတာလဲ တစ်ကိုယ်လုံးလဲ စိုရွှဲလို့ပါလား လက်ကအနာကလည်း ရေတွေစိုပြီပေါ့ ဖျားတော့မှာပဲ ကြီးမြတောင် သားခေါင်းဦးတွေ စောင်တွေ နက်အခန်းထဲထည့်ထားလိုက်ပြီ သွားသွား ရေချိုးပြီးခေါင်းပြောင်အောင်သုပ်နော်"
ခန့်ထယ်ဝါလည်း ကြီးမြပြောတာကို ခေါင်းလေးသာငြိမ့်ပြလိုက်မိတယ်
ခန့် နက်အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ အပစ်ကင်းစွာအိပ်နေတဲ့ကောင်မလေးကိုကြည့်မိလိုက်တယ်
အပူအပင်ကြီးပျင်းလာရမယ့် ကလေးငယ်ကို ကျွန်တော့်ကြောင့် စိတ်ဒါဏ်ရာတွေရခဲ့ရှာတယ်
ခန့် အလိုလိုနေရင်း ဝမ်းနည်းလာတယ်
နောက်တော့ ရေချိုးခန်းထဲသွားပြီး ရေစိုဝတ်တွေကို လဲလာခဲ့တယ်
လက်ကလည်းမိုးမိလာလို့ထင်တယ် တစစ်စစ်နဲ့ကိုက်လာတယ်
ခေါင်းက ရေစိုနေပေမယ့် မသုပ်ချင်တော့တာနဲ့ ဒီအတိုင်းပဲ ဝင်အိပ်လိုက်တယ်
ခန့်ထယ်ဝါ ခုအသက်နှစ်ဆယ့်ငါးနှစ်ရောက်နေပြီ မိန်းမတစ်ယောက်နဲ့တစ်ခန်း တူတူအိပ်ဖူးတာမဟုတ်တော့ ရင်ဘက်ထဲ ကုလားဘုရား လှည့်နေတယ်
သူနဲ့ကိုယ်တကုတင်ထဲဆိုတဲ့ အသိက ရင်ဘက်တင်မဟုတ် ခြေတွေလက်တွေပါတုန်နေပြီ
ဟုတ်တယ်လေ ဒီကြားထဲ ကုတင်ကကျည်းကျည်းလေးဆိုတော့ နက်အသားနဲ့ ထိနေတာကြောင့် ကိုယ်ပါပူချင်နေပြီ
"ဟင့်အင့် ဟင့် ကိုကို ဟင့်"
နက်ဆီက အသံသေးသေးလေး
"နက် နက်နိူုးနေပြီလား နက်လေးဘာလိုလို့လဲ မငိုနဲ့ကိုကို့ကိုပြော"
"ဗိုက်ဆာလို့ ကိုကိုနက်ဗိုက်ဆာတယ် ဟင့် ဟင့် "
"ဗိုက်ဆာတာ ငိုစရာလားကွာ ထကိုကိုတို့ အောက်ထပ်မှာစားစရာသွားရှာကြမယ်နော် ထထ"
နက်က မျက်လုံးလည်းမဖွင့် နုတ်ခမ်းလေးဆူပြီး ခြေပင်စောင့်လိုက်သေး
"မသွားဘူး ကိုကိုသွားယူပေးလေ နက်ကဗိုက်ဆာနေတာကို ကိုကိုပဲသွားယူပေါ့"
သွားယူလို့သာပြောတာ လက်ကကျွန်တော့လက်ကိုကိုင်ထားတယ်
"ဟုတ်ပြီ ဟုတ်ပြီ ကိုကိုသွားယူပေးမယ်နော် နက်က ကိုကို့လက်ကိုလွှတ်လေ"
"ဟင့်အင်း မလွှတ်ဘူး ကိုကိုမသွားနဲ့တော့"
"နက်ပဲဗိုက်ဆာတယ်ဆို နက်တစ်ခုခုစားဖို့ကိုကိုသွားယူပေးမယ်လေ "
"မစားတော့ဘူး ကိုကိုလည်းမသွားနဲ့တော့"
"နက်က ဗိုက်မဆာဘူးလား"
ခန့်မေးလိုက်တော့ မျက်လုံးလေးမဖွင့်ပဲနဲ့ ခေါင်းလေးငြိမ့်ပြတယ်
"ဒါဆိုကိုကို့ကိုလွှတ်ပေးလေ ကိုကိုသွားယူပေးမယ် ဒါမှမဟုတ် နက်ပါလိုက်ခဲ့ပေါ့နော် "
ဘာမှမပြောတော့ဘူး အိပ်ပျော်သွားတာလား မသိဘူး ခဏငြိမ်သွားတယ်
ပြီးမှ"ကုတင်အောက်မှ ခေါက်ဆွဲတွေရှိတယ် အဲ့ထဲကယူပေး"
ခန့်အံ့သြသွားရုံမက ကုတင်အောက်ကိုငုံ့ကြည့်လိုက်တော့ တကယ်သေတ္တာသေးလေးရှိတယ်
အထဲမှာ ခေါက်ဆွဲခြောက်ထုပ်လေး သုံးထုပ်ထွက်လာတယ်
"ဟင် နက်ဒါတွေဘယ်တုန်းကတည်းက ထားထားတာလဲ"
"ကြီးမြထားထားတာ ကိုကိုထမင်းဟင်းတွေသွန်လိုက်တဲ့နေ့တွေဆိုရင် စားဖို့တဲ့
ဒါပေမယ့် နက်ကမစားပါဘူး ကိုကိုမစားစေချင်တာကို "
ခန့်ရင်ထဲအမျိုးအမည်မသိတဲ့ ခံစားချက်လေးဖြစ်တည်သွားတယ်
"ခုလေ နက်ဗိုက်အရမ်းဆာနေတာ ဗိုက်ပါအောင့်နေပြီ "
"ဟင် ဟုတ်လား ကိုကိုဆေးတိုက်မယ်လေ နော် နက်သက်သာသွားအောင်"
"ဟင့်အင်း နက် ခေါက်ဆွဲစားလိုက်မယ် ပျောက်သွားမှာ"
"ခေါက်ဆွဲက မပြုတ်ရသေးဘူးလေ နက်ရဲ့ ကိုကိုသွားပြုတ်ပေးမယ်နော်"
နက်ကိုင်ထားတဲ့ မိမိလက်ကိုဖယ်ဖို့လုပ်တော့
"ဟင့်အင်း ဒီတိုင်းစားမှာ ကိုကိုဘယ်မှမသွားပါနဲ့နော် ဟီးအီး"
"အော်အင်းပါနက်ရယ် မသွားဘူး ကိုကိုဘာ်မှမသွားဘူးနော် နက်နားမှာပဲနေမှာ"
နက်က ကျွန်တောာ်ပြောလိုက်တဲ့ စကားကို ဘာတွေသဘောကျသွားလဲမသိ
ရယ်ပြီး ခေါက်ဆွဲခြောက်တွေကို တစ်ကျွတ်ကျွတ်နဲ့ဖောက်စားနေတာ မျက်လုံးလည်းမဖွင့်ဘူး
မဖွင့်တာပဲကောသ်းပါတယ်လေ မဟုတ်ရင် သူစားနေတာ ကျွန်တော်ကြည့်နေမှန်းသိပြီးငိုချင်ငိုနေဦးမှာဗျ
ကျွန်တော့်ညီမလေးကလေ သိပ်ချစ်စရာကောင်းတာ
ငယ်ငယ်လေးတည်းက သူ့ကိုစစတွေ့တည်းကဆိုပိုမှန်မယ်
ညီတစ်ဝမ်းကွဲဖြစ်တဲ့ သတ္တိကိုလည်းချစ်ပါတယ် ဒါပေမယ့် သတ္တိက ငယ်ငယ်ကစိုးတော့ သိပ်မချစ်ဘူး
နက်ကလေ ငယ်ငယ်တည်းက သိပ်လိမ္မာတာ ပြီးတော့ အရုပ်လေးအတိုင်းပဲ ချစ်ဖို့သိပ်ကောင်းတာ
ငိုအောင်စမိရင်တောင် ပါးလေးရဲနေအောင် ငိုတဲ့ကော်ပတ်ရုပ်လေးကြောင့် ခန့်မှာ ဘယ်အချိန်ဖြစ်ဖြစ်အချစ်ပိုခဲ့ရတာပေါ့
ကံကြမ္မာရဲ့ ဗီလိန်တွေရောင်မလာခင်အထိတော့ နက်ကလေးက ခန့်ထယ်ဝါကြောင့် ပျော်ရွှင်ခြင်းအတိပြီးတဲ့ကမ္ဘာမှာ မင်းသမီးလေးဖြစ်ခဲ့ဖူးတယ်တဲ့
ခုတော့ အဲ့မင်းသမီးလေးခင်ဗျာ ခန့်ကြောင့် ငိုလိုက်ရယ်လိုက်နဲ့ ဘဝငရဲတွေကိုနှစ်အတော်ကြာအောင်ခံစားခဲ့ရမှာ
"ညီမလေးရယ် sob"
ခန့်ထယ်ဝါ နက်ဆံပင်လေးတွေကိုသပ်တင်လိုက်တော့ မျက်လုံးလေးမှိတ်ပြီးခေါက်ဆွဲခြောက်တွေ တစ်ကျွတ်ကျွတ်ဝါးနေတဲ့ ကောင်မလေးက ခန့်ရင်ခွင်ထဲတိုးဝင်လာတယ်
"ကိုကို နက်အိပ်ချင်တယ်"
"အိပ်လေ နက်ရဲ့ "
"ဟင့်အင်း နက်အိပ်ယာမတွေ့လို့ ကိုကိုလိုက်ပို့ပါလား"
"ဟင် ဒီမှာလေကလေးရဲ့ "
နက်ကို ထိုင်နေရာကနေ လှဲချစေပြီး အိပ်ခိုင်းလိုက်တော့
"ကိုကို မနက်ကျရင် နက်ကို ပြန်ချစ်တော့နော်
နက်ကိုအကြာကြီးမမုန်းနဲ့တော့နော် "
"အေးပါကွာ ကိုကိုချစ်မယ်နော်"
နက်ကသာ အသက်ရှူသံမှန်မှန်လေးနဲ့ အိပ်ပျော်သွားပေမယ့် မအိပ်ပျော်နိုင်သူကတော့ ခန့်တစ်ယောက်ပါ
........
ခန့်အိပ်ယာကနိုးတော့ ခေါင်းကို တူနဲ့ထုနေသလိုပဲ ထိုးကိုက်နေတယ်
သေချာပြီ ခန့်ဖျားပြီထင်တယ် မျက်လုံးက လုံးဝဖွင့်လို့မရ
"ဟီးအီး အီးဟီး
အီးဟီး sob အီးဟီး "
နက်ငိုနေတဲ့အသံ မဖြစ်ဘူး မျက်လုံးဖွင့်ကြည့်မှ
ခန့်ထယ်ဝါမျက်လုံးကို အားယူပြီးဖွင့်လိုက်တော့ ခန့်ဘေးမှာ ဒူးလေးနှစ်ဖက်ထောင်ပြီး ငုတ်တုပ်လေးထိုင်ငိုနေတဲ့နက်ကိုတွေ့လိုက်တယ်
Thanks for reading 10 September 2021
ကဲပြောခဲ့ဦး နက်ဘာလို့ငိုနေတယ်ထင်လဲ
အကြာကြီးပစ်ထားမိလို့ sorry ပါနော်
စာအရှည်ကြီးရေးပေးလိုက်တယ်
Uni
"ေမာင္ ႏွင္းက လာမွလာပါ႔မလားလို႔"
ခန္႔ထယ္ဝါ ေရာက္ေတာ့ ႏွင္းက သူကားေပၚကေန ခန္႔ကိုႏုတ္ဆက္တယ္ေလ
ခန္႔လည္း ကားေပၚကဆင္းၿပီး ႏွင္းျဖဴစင္ကို ပိုက္ဆံထုတ္ေလးေပးလိုက္ေတာ့
"ေမာင္ကလည္းကြာ ႏွင္းလာယူမွာေပါ႔
ေမာင္မိုးေရေတြစိုကုန္ၿပီ
လာ ကားထဲဝင္လိုက္"
ႏွင္းက သူ့ကားထဲဝင္ဖို႔ ကားတခါးဖြင့္ေပးတာေၾကာင့္ မိန္႔လည္း ႏွင္းကားေပၚတက္လိုက္တယ္
"ေဟာ ေမာင္ရယ္ စိုရႊဲကုန္ၿပီကြာ ေရာ့ ဒီမွာ သပတ္ ႏွင္းသုပ္ေပးမယ္ေနာ္"
သပတ္ယူၿပီး ကြၽန္ေတာ့္ေခါင္းေပၚေရာက္လာေတာ့မယ့္ႏွင္းရဲ႕လက္ကို ကာလိုက္ရင္း
"ဟင့္အင္း ရၿပီႏွင္း ကြၽန္ေတာ္ျပန္ေတာ့မယ္ ဒီမွာ ပိုက္ဆံသိန္း အြတ္"
ႏွင္းက ကြၽန္ေတာ့္ႏုတ္ခမ္းကို ႐ုတ္တရပ္နမ္းလိုက္တာေၾကာင့္ ကြၽန္ေတာ္ ဘာမွတုံ႔ျပန္ခ်ိန္မရလိုက္ဘူး
"ေမာင္က. ေတာ္လို႔ ဆုခ်တာ"
"ႏွင္းျဖဴစင္ ကြၽန္ေတာ္က ခုခ်ိန္မွာ အိမ္ေထာင္ရွိအမ်ိဳးသားတစ္ေယာက္ပါ
ကြၽန္ေတာ္တို႔အေနအထိုင္ဆင္ခ်ဉ္ၾကရင္ေကာင္းမယ္"
"ေမာင္ရယ္ ႏွင္းက ေမာင့္ခ်စ္သူပါ ေမာင္ေတာင္းဆိုသမွ်ကိုလိုက္ေလ်ာဖို႔ အဆင္သင့္ရွိေနၿပီးသားပါေမာင္"
ႏွင္းေျပာလိုက္တဲ့စကားက ဘာသေဘာလဲဆိုတာ သိသာေနတာေၾကာင့္
"ေတာ္ေတာ့ ႏွင္း ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ သိကၡာရွိရွိ လူႀကီးလူေကာင္းဆန္ဆန္ လမ္းခြဲခ်င္တယ္ ႏွင္းျဖဴစင္ ေနာက္တစ္ခါ ထပ္မေတြ႕ၾကတာပိုေကာင္းမယ္"
ခန္႔ထယ္ဝါ ကားေပၚကဆင္းလိုက္တယ္
"ေမာင္ ေမာင္ "
ႏွင္းေခၚတာေတာင္ တစ္ခ်က္မွလွည့္မၾကည့္ပဲ တစ္ခ်ိဳးတည္းထြက္သြားတဲ့ေမာင့္ကိုၾကည့္ၿပီး ႏွင္းျဖဴစင္ေဒါသေတြေတာ့ထြက္ေနခဲ့တယ္
'ဟင္းေမာင္ရယ္ ေမာင္ႏွင္းကို ဒီထပ္ပိုၿပီးျငင္းလို႔မရေတာ့ပါဘူး
ႏွင္းက ေမာင့္ကိုသိပ္ခ်စ္တာမို႔
ေမာင္ႏွင္းကလြဲၿပီး ဘယ္သူ့ကိုမွ ခ်စ္ဖို႔မစဉ္းစားပါနဲ႔ေမာင္
ႏွင္းေမာင့္ကို ဘယ္ေတာ့မွသူမ်ားလက္ထဲ အပါမခံေတာ့ဘူး '
ႏွင္း ကားထဲက CCTVကို စစ္ေဆးလိုက္တယ္ ျမင္ကြင္းေရာ ပ်က္သားရဲ႕လားလို႔ ဒီလိုျမင္ကြင္းမ်ိဳး ေနာက္တစ္ခါေတာင္ ဖန္တီးႏိုင္မွာမဟုတ္ေတာ့ဘူး
ႏွင္းျဖဴစင္ရဲ႕ေအာ္ေခၚေနတဲ့အသံကိုၾကားရေပမယ့္ သူလုံးဝလွည့္မၾကည့္ျဖစ္ေတာ့
ခန္႔ထယ္ဝါကားကို တစ္လစက္ေမာင္းလာခဲ့တယ္ ေနာက္ဆုံးေဖေဖတို႔အိမ္ျပန္ေရာက္တာေတာင္ စိတ္က ပုံမွန္အေျခအေနျပန္မေရာက္ေသး
"ဟယ္ သားႀကီး ဘယ္ကျပန္လာတာလဲ တစ္ကိုယ္လုံးလဲ စိုရႊဲလို႔ပါလား လက္ကအနာကလည္း ေရေတြစိုၿပီေပါ႔ ဖ်ားေတာ့မွာပဲ ႀကီးျမေတာင္ သားေခါင္းဦးေတြ ေစာင္ေတြ နက္အခန္းထဲထည့္ထားလိုက္ၿပီ သြားသြား ေရခ်ိဳးၿပီးေခါင္းေျပာင္ေအာင္သုပ္ေနာ္"
ခန္႔ထယ္ဝါလည္း ႀကီးျမေျပာတာကို ေခါင္းေလးသာၿငိမ့္ျပလိုက္မိတယ္
ခန္႔ နက္အခန္းထဲေရာက္ေတာ့ ကုတင္ေပၚမွာ အပစ္ကင္းစြာအိပ္ေနတဲ့ေကာင္မေလးကိုၾကည့္မိလိုက္တယ္
အပူအပင္ႀကီးပ်င္းလာရမယ့္ ကေလးငယ္ကို ကြၽန္ေတာ့္ေၾကာင့္ စိတ္ဒါဏ္ရာေတြရခဲ့ရွာတယ္
ခန္႔ အလိုလိုေနရင္း ဝမ္းနည္းလာတယ္
ေနာက္ေတာ့ ေရခ်ိဳးခန္းထဲသြားၿပီး ေရစိုဝတ္ေတြကို လဲလာခဲ့တယ္
လက္ကလည္းမိုးမိလာလို႔ထင္တယ္ တစစ္စစ္နဲ႔ကိုက္လာတယ္
ေခါင္းက ေရစိုေနေပမယ့္ မသုပ္ခ်င္ေတာ့တာနဲ႔ ဒီအတိုင္းပဲ ဝင္အိပ္လိုက္တယ္
ခန္႔ထယ္ဝါ ခုအသက္ႏွစ္ဆယ့္ငါးႏွစ္ေရာက္ေနၿပီ မိန္းမတစ္ေယာက္နဲ႔တစ္ခန္း တူတူအိပ္ဖူးတာမဟုတ္ေတာ့ ရင္ဘက္ထဲ ကုလားဘုရား လွည့္ေနတယ္
သူနဲ႔ကိုယ္တကုတင္ထဲဆိုတဲ့ အသိက ရင္ဘက္တင္မဟုတ္ ေျခေတြလက္ေတြပါတုန္ေနၿပီ
ဟုတ္တယ္ေလ ဒီၾကားထဲ ကုတင္ကက်ည္းက်ည္းေလးဆိုေတာ့ နက္အသားနဲ႔ ထိေနတာေၾကာင့္ ကိုယ္ပါပူခ်င္ေနၿပီ
"ဟင့္အင့္ ဟင့္ ကိုကို ဟင့္"
နက္ဆီက အသံေသးေသးေလး
"နက္ နက္နိူုးေနၿပီလား နက္ေလးဘာလိုလို႔လဲ မငိုနဲ႔ကိုကို႔ကိုေျပာ"
"ဗိုက္ဆာလို႔ ကိုကိုနက္ဗိုက္ဆာတယ္ ဟင့္ ဟင့္ "
"ဗိုက္ဆာတာ ငိုစရာလားကြာ ထကိုကိုတို႔ ေအာက္ထပ္မွာစားစရာသြားရွာၾကမယ္ေနာ္ ထထ"
နက္က မ်က္လုံးလည္းမဖြင့္ ႏုတ္ခမ္းေလးဆူၿပီး ေျခပင္ေစာင့္လိုက္ေသး
"မသြားဘူး ကိုကိုသြားယူေပးေလ နက္ကဗိုက္ဆာေနတာကို ကိုကိုပဲသြားယူေပါ႔"
သြားယူလို႔သာေျပာတာ လက္ကကြၽန္ေတာ့လက္ကိုကိုင္ထားတယ္
"ဟုတ္ၿပီ ဟုတ္ၿပီ ကိုကိုသြားယူေပးမယ္ေနာ္ နက္က ကိုကို႔လက္ကိုလႊတ္ေလ"
"ဟင့္အင္း မလႊတ္ဘူး ကိုကိုမသြားနဲ႔ေတာ့"
"နက္ပဲဗိုက္ဆာတယ္ဆို နက္တစ္ခုခုစားဖို႔ကိုကိုသြားယူေပးမယ္ေလ "
"မစားေတာ့ဘူး ကိုကိုလည္းမသြားနဲ႔ေတာ့"
"နက္က ဗိုက္မဆာဘူးလား"
ခန္႔ေမးလိုက္ေတာ့ မ်က္လုံးေလးမဖြင့္ပဲနဲ႔ ေခါင္းေလးၿငိမ့္ျပတယ္
"ဒါဆိုကိုကို႔ကိုလႊတ္ေပးေလ ကိုကိုသြားယူေပးမယ္ ဒါမွမဟုတ္ နက္ပါလိုက္ခဲ့ေပါ႔ေနာ္ "
ဘာမွမေျပာေတာ့ဘူး အိပ္ေပ်ာ္သြားတာလား မသိဘူး ခဏၿငိမ္သြားတယ္
ၿပီးမွ"ကုတင္ေအာက္မွ ေခါက္ဆြဲေတြရွိတယ္ အဲ့ထဲကယူေပး"
ခန္႔အံ့ၾသသြား႐ုံမက ကုတင္ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ တကယ္ေသတၱာေသးေလးရွိတယ္
အထဲမွာ ေခါက္ဆြဲေျခာက္ထုပ္ေလး သုံးထုပ္ထြက္လာတယ္
"ဟင္ နက္ဒါေတြဘယ္တုန္းကတည္းက ထားထားတာလဲ"
"ႀကီးျမထားထားတာ ကိုကိုထမင္းဟင္းေတြသြန္လိုက္တဲ့ေန႔ေတြဆိုရင္ စားဖို႔တဲ့
ဒါေပမယ့္ နက္ကမစားပါဘူး ကိုကိုမစားေစခ်င္တာကို "
ခန္႔ရင္ထဲအမ်ိဳးအမည္မသိတဲ့ ခံစားခ်က္ေလးျဖစ္တည္သြားတယ္
"ခုေလ နက္ဗိုက္အရမ္းဆာေနတာ ဗိုက္ပါေအာင့္ေနၿပီ "
"ဟင္ ဟုတ္လား ကိုကိုေဆးတိုက္မယ္ေလ ေနာ္ နက္သက္သာသြားေအာင္"
"ဟင့္အင္း နက္ ေခါက္ဆြဲစားလိုက္မယ္ ေပ်ာက္သြားမွာ"
"ေခါက္ဆြဲက မျပဳတ္ရေသးဘူးေလ နက္ရဲ႕ ကိုကိုသြားျပဳတ္ေပးမယ္ေနာ္"
နက္ကိုင္ထားတဲ့ မိမိလက္ကိုဖယ္ဖို႔လုပ္ေတာ့
"ဟင့္အင္း ဒီတိုင္းစားမွာ ကိုကိုဘယ္မွမသြားပါနဲ႔ေနာ္ ဟီးအီး"
"ေအာ္အင္းပါနက္ရယ္ မသြားဘူး ကိုကိုဘာ္မွမသြားဘူးေနာ္ နက္နားမွာပဲေနမွာ"
နက္က ကြၽန္ေတာာ္ေျပာလိုက္တဲ့ စကားကို ဘာေတြသေဘာက်သြားလဲမသိ
ရယ္ၿပီး ေခါက္ဆြဲေျခာက္ေတြကို တစ္ကြၽတ္ကြၽတ္နဲ႔ေဖာက္စားေနတာ မ်က္လုံးလည္းမဖြင့္ဘူး
မဖြင့္တာပဲေကာသ္းပါတယ္ေလ မဟုတ္ရင္ သူစားေနတာ ကြၽန္ေတာ္ၾကည့္ေနမွန္းသိၿပီးငိုခ်င္ငိုေနဦးမွာဗ်
ကြၽန္ေတာ့္ညီမေလးကေလ သိပ္ခ်စ္စရာေကာင္းတာ
ငယ္ငယ္ေလးတည္းက သူ့ကိုစစေတြ႕တည္းကဆိုပိုမွန္မယ္
ညီတစ္ဝမ္းကြဲျဖစ္တဲ့ သတၱိကိုလည္းခ်စ္ပါတယ္ ဒါေပမယ့္ သတၱိက ငယ္ငယ္ကစိုးေတာ့ သိပ္မခ်စ္ဘူး
နက္ကေလ ငယ္ငယ္တည္းက သိပ္လိမၼာတာ ၿပီးေတာ့ အ႐ုပ္ေလးအတိုင္းပဲ ခ်စ္ဖို႔သိပ္ေကာင္းတာ
ငိုေအာင္စမိရင္ေတာင္ ပါးေလးရဲေနေအာင္ ငိုတဲ့ေကာ္ပတ္႐ုပ္ေလးေၾကာင့္ ခန္႔မွာ ဘယ္အခ်ိန္ျဖစ္ျဖစ္အခ်စ္ပိုခဲ့ရတာေပါ႔
ကံၾကမၼာရဲ႕ ဗီလိန္ေတြေရာင္မလာခင္အထိေတာ့ နက္ကေလးက ခန္႔ထယ္ဝါေၾကာင့္ ေပ်ာ္ရႊင္ျခင္းအတိၿပီးတဲ့ကမၻာမွာ မင္းသမီးေလးျဖစ္ခဲ့ဖူးတယ္တဲ့
ခုေတာ့ အဲ့မင္းသမီးေလးခင္ဗ်ာ ခန္႔ေၾကာင့္ ငိုလိုက္ရယ္လိုက္နဲ႔ ဘဝငရဲေတြကိုႏွစ္အေတာ္ၾကာေအာင္ခံစားခဲ့ရမွာ
"ညီမေလးရယ္ sob"
ခန္႔ထယ္ဝါ နက္ဆံပင္ေလးေတြကိုသပ္တင္လိုက္ေတာ့ မ်က္လုံးေလးမွိတ္ၿပီးေခါက္ဆြဲေျခာက္ေတြ တစ္ကြၽတ္ကြၽတ္ဝါးေနတဲ့ ေကာင္မေလးက ခန္႔ရင္ခြင္ထဲတိုးဝင္လာတယ္
"ကိုကို နက္အိပ္ခ်င္တယ္"
"အိပ္ေလ နက္ရဲ႕ "
"ဟင့္အင္း နက္အိပ္ယာမေတြ႕လို႔ ကိုကိုလိုက္ပို႔ပါလား"
"ဟင္ ဒီမွာေလကေလးရဲ႕ "
နက္ကို ထိုင္ေနရာကေန လွဲခ်ေစၿပီး အိပ္ခိုင္းလိုက္ေတာ့
"ကိုကို မနက္က်ရင္ နက္ကို ျပန္ခ်စ္ေတာ့ေနာ္
နက္ကိုအၾကာႀကီးမမုန္းနဲ႔ေတာ့ေနာ္ "
"ေအးပါကြာ ကိုကိုခ်စ္မယ္ေနာ္"
နက္ကသာ အသက္႐ွဴသံမွန္မွန္ေလးနဲ႔ အိပ္ေပ်ာ္သြားေပမယ့္ မအိပ္ေပ်ာ္ႏိုင္သူကေတာ့ ခန္႔တစ္ေယာက္ပါ
........
ခန္႔အိပ္ယာကႏိုးေတာ့ ေခါင္းကို တူနဲ႔ထုေနသလိုပဲ ထိုးကိုက္ေနတယ္
ေသခ်ာၿပီ ခန္႔ဖ်ားၿပီထင္တယ္ မ်က္လုံးက လုံးဝဖြင့္လို႔မရ
"ဟီးအီး အီးဟီး
အီးဟီး sob အီးဟီး "
နက္ငိုေနတဲ့အသံ မျဖစ္ဘူး မ်က္လုံးဖြင့္ၾကည့္မွ
ခန္႔ထယ္ဝါမ်က္လုံးကို အားယူၿပီးဖြင့္လိုက္ေတာ့ ခန္႔ေဘးမွာ ဒူးေလးႏွစ္ဖက္ေထာင္ၿပီး ငုတ္တုပ္ေလးထိုင္ငိုေနတဲ့နက္ကိုေတြ႕လိုက္တယ္
Thanks for reading 10 September 2021
ကဲေျပာခဲ့ဦး နက္ဘာလို႔ငိုေနတယ္ထင္လဲ
အၾကာႀကီးပစ္ထားမိလို႔ sorry ပါေနာ္
စာအရွည္ႀကီးေရးေပးလိုက္တယ္