My Heart In Parallel Universe

By Vnoring

4.1K 520 51

My love is being well live in another world & other people who look like me! ∆Jay×Sunghoon(Benjamin)∆ More

Chapter-1. 0
Chapter-1. 2
Chapter-1. 3
Chapter-2. 0
Chapter-2. 1
Chapter-2. 2
Chapter-2. 3
Final Chapter

Chapter-1. 1

457 62 4
By Vnoring

++Unicode++

သူ ဒီနေရာကို ဒုတိယ အကြိမ် ခြေချမိခြင်း။

မိမိနိုင်ငံတွင်အုပ်စိုးသော Royal Prince/ Ice Prince ဘန်ဂျမင်သည် မည်သူမျှမသိသေးနိုင်သည့် အခြားသောကမ္ဘာ၏တံခါးများကိုဖွင့်နိုင်ရန် သလင်းကျောက်ကြည်ကို သော့တစ်ချောင်းအဖြစ်ပိုင်ဆိုင်ထားလေသည်။ လွန်ခဲ့သည့်လအနည်းငယ်က ဒီနေရာကိုသူရှာတွေ့ခဲ့သည်။ထိုနေရာက ဘန်ဂျမင်၏နိုင်ငံကဲ့သို့ စကားကိုသုံးနှုန်းသည်။ မြို့ငယ်၏နိုင်ငံအမည်မှာလည်း ကမ်းမလော့ဟုအမည်တွင်သည်။သို့သော်ခေတ်ကာလ အပိုင်းအခြား၊ ဝတ်စားဆင်ရင်ပုံ ၊အသုံးအဆောင်ပစ္စည်းများက
ဘန်ဂျမင် မတွေ့ဖူး မမြင်ဖူးသောအရာများ။တနည်းပြောရရင် ယခုကမ္ဘာက ခေတ်ရှေ့ပြေးနေသည်။

သူပထမဆုံးရောက်ဖူးချိန်တွင် လူတွေက အံ့အားတသင့်ဖြင့် တီးတိုးပြောဆိုနေကြသောစကားသံများကိုကြားဖြစ်ခဲ့သည်။ အလွန်မြင့်မားလှသော အဆောက်ဦး‌ရှေ့၌ ထိုအတွင်းပိုင်းထိကို မှန်များမှတဆင့် မြင်နိုင်လေသည်။
စားပွဲသေးသေးလေးများကို အစီအရီချထားကာ ကော်ဖီဆိုင်ငယ်လေးတခု အတွင်း စားသုံးသူအနည်းငယ်ဖြင့် ထိုဆိုင်လေးက တိတ်ဆိတ်အေးချမ်းနေသည်။သူအပြင်မှ ရပ်ကြည့်နေချိန် မှန်အနီးသို့ ဗန်းတချပ်ကိုကိုင်၍ စားပွဲတခုကို ရှင်းလင်းနေသော လူငယ်တစ်ယောက်။ထိုလူငယ်က သူ့အရိပ်ကိုမြင်တွေ့၍ သူ့ဘက်သို့လှည့်ကြည့်လာလေသည်။

'' ဟင် "

"အာ အမေရေ "

နှစ်ယောက်လုံးခေတ္တမျှအံ့အားသင့်ခြင်းနှင့်အတူ အာမေဋိတ်သံဖြင့် ကြမ်းပြင်ပေါ်သို့ထိုင်လျက် ကျသွားသည့်ထိုလူငယ်။

မှန်တချပ်တွင် မိမိ ကိုယ်ကိုပြန်ကြည့်နေရသကဲ့သို့ပင်။

နှစ်ယောက်လုံးကို ကော်ဖီဆိုင်အတွင်းမှလူများ၏အာရုံအစုံရောက်ရှိလာသည်။

"ဆောင်ဟွန်း ဘာဖြစ်တာလဲ"

အနားသို့ရောက်ရှိလာသော နောက်ထပ်လူငယ်တစ်ဦးက လဲကျနေသော လူငယ်ကိုဆွဲထူလိုက်သည်။

"ဂျုံဆောင်း ဂျုံဆောင်း ဟို ...ဟိုကို ကြည့်"

ညွှန်ပြရာကို လှည့်ကြည့်လာ‌သော ဂျုံဆောင်း။

မျက်ဝန်းတစ်စုံနှင့် သူ အကြည့်ချင်းစုံခိုက် နွေဦးလေကြောင့် လွင့်မျောသွားသော သစ်ရွက်ကြွေလို ၊ဆောင်းလေအေးမှာ ဖူးပွင့်သွားတဲ့နှင်းပန်းကဲ့သို့ ဘန်ဂျမင် နှလုံးသားတစ်စုံက ဖော်ပြချက်မဲ့စွာ။
သို့သော်လူငယ်၏မျက်ဝန်းနက်နက်အကြည့်အောက်မှာ ရှောင်တိမ်း၍ ထိုနေရာကိုလျင်မြန်စွာ ကျောခိုင်းခဲ့သည်။ဖြစ်နိုင်လျှင် နောက်ထက်တွေ့ချင်မိပါသည်။

ထူးခြားနေသည့် ဘန်ဂျမင်၏ဝတ်စုံကြောင့် လူအချို့၏တီးတိုးရွတ်ဆိုနေကြသောစကားသံများကို လျစ်လျုရှု၍ စတင်ရောက်ရှိခဲ့သော ယခုကမ္ဘာ၏ပတ်ဝန်းကျင်ကို လိုက်လံလေ့လာနေခဲ့သည်။

ကောင်းကင်မှနေသည် အနောက်အရပ်သို့ဝင်သွားချိန်မှာတော့ မြင့်မားသည့် အဆောက်အဦးများ၏အကာအရံကြောင့် သူမမြင်တွေ့ခဲ့ရပါ။သို့ပေမယ့် အချိန်ကားညနေ ကိုဖော်ပြနေသည်။Blondeလေးနှင့် တွေ့ရှိချင်လိုစိတ်ကြောင့် လူငယ်လေးရှိရာ အဆောက်အဦးဆီသို့ထပ်မံရောက်ရှိလာခဲ့ပြန်သည်။ အတန်ကြာထိုင်စောင့်နေခဲ့ပြီးချိန်မှာ မနက်က တွေ့ခဲ့သည့် လူငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။ Blonde လေးဘေးတွင် ဘန်ဂျမင်နှင့် အလွန်ပင် ဆင်တူသော မနက်ကတွေ့ခဲ့သည့်ကောင်လေး။အချင်းချင်းစနောက်နေရယ်မောနေကြသည်။သူအထူးသတိထားမိတာ Blonde လေး၏အပြစ်ကင်းစင်လွန်းလှသည့်အပြုံး က ဘန်ဂျမင်ကိုပင် ကူးစက်မြန်စေသည်။ထို့နောက် သူနှင့်တူသောကိုယ်ပွားလေးက Blonde လေးကိုကျောခိုင်းထွက်ခွာသွားသည်။

ဘန်ဂျမင် ဖြေးညင်းစွာလျှောက်လျက် Blonde လေးအနားတွင်ရပ်နေမိသည်။ Blondeလေးကသူ့ဘက်လှည့်လာကာ သူ့ကိုလူထူးဆန်းသဖွယ်မြင်တွေ့လိုက်သောကြောင့် လက်နှစ်ဖက်ကို ယှက်လျက်အနေအထား တုန်ယင်သွားသော ခန္ဓာကိုယ်ရှေ့ကွယ်ကာလိပ်ပြာလွင့်မတက်အော်လာတော့သည်။

"အမလေး .........လန့်လိုက်တာ!!"

"..............."

"ရား ဘယ်သူကြီးလဲ ပတ်ဆောင်ဟွန်း မင်းလား?"

"..............."

ဆောင်ဟွန်းအခုတင် သူနဲ့စကားများပြီးပြန်သွားတာ‌သေချာပါသည်။ ထိုလူ၏ဝတ်စားထားပုံက ဆောင်းဟွန်းခဏအတွင်းလှဲလှယ်နိုင်သည့်အနေအထားမဟုတ်။

ဘန်ဂျမင် ခြေတလှမ်းတိုးကပ်တော့ ဂျုံဆောင်းက တစ်လှမ်းနောက်ဆုတ်သည်။

"ဘာလဲ ဘာလဲ ကျတော့်ကို ဘာလုပ်မလို့လဲ?"

ဘန်ဂျမင် ခြေတလှမ်းထပ်တိုးဆဲ ဂျုံဆောင်းက နောက်တစ်လှမ်းဆုတ်ဆဲ။

"ဗိုက်ဆာတယ်"

"ဘာ"

"ဒါလေးပြောဖို့ကို လူကိုကြောက်အောင်ဖြဲခြောက်နေရလား?

ခင်ဗျား က အရူးလား၊အကောင်းလား၊သရဲလို ဘာလို့လုပ်နေရတာလဲ?"

ဂျုံဆောင်း အော်ပြောတော့ အမူအရာပြောင်းသွားသော ထူးဆန်းတဲ့လူက မျက်နှာငယ်ဖြင့်.

ဂျုံဆောင်းက သနားတတ်သူပီပီ မုန့်ဝယ်ကျွေးရန်စဉ်းစားလိုက်သော်လည်း လူထူးဆန်း၏ အိမ်ရှေ့စံလိုလို၊စစ်သူကြီးလိုလို ဝတ်စုံကိုသတိရကာ မေးခွန်းတခုမေးလိုက်၏

"ခင်ဗျားက ဘာကြီးလဲ"

"ကမ်းမလော့ရဲ့မင်းသား"

ဂျုံဆောင်း စိတ်မကောင်းဖြစ်သွားရသည်။ဒီလူထူးဆန်းက ရုပ်ရည်လေးသန့်ပြန့်ပြီး ထူးဆန်းသည့်ဝတ်စုံနှင့်ပင် ခန့်ညားချောမောသလောက် စိတ်အခြေအနေက ပုံမှန်မရှိခြင်းက နှမျောစရာပင်။ဒီအရူးကို သူက ချောသည် ဟုတွေးမိတော့
ဂျုံဆောင်းမျက်မှောင်တချက်ကြုတ်လိုက်မိသည်။ဒီအရူးလေးက သူ့သူငယ်ချင်း ဆောင်ဟွန်းနှင့် အမွှာထက်သာအောင်တူလွန်းလှသည်ပင်။သို့သော်လည်း ဆောင်ဟွန်းကိုတခါမျှ ကြည့်ကောင်းသည်ဟု မတွေးဖူးခဲ့ပါ။

"ကိုယ့်အတွက်အဝတ်အစားနည်းနည်းလောက်စီစဉ်ပေးနိုင်မလား"

သူလိုအပ်သောအရာကို တည်ငြိမ်စွာပြောလာသော အရူးချော။ဂျုံဆောင်း သက်ပြင်းရှည်တခုချရင်းနဖူးကို လက်တဖက်ဖြင့်ပွတ်ကာ ။

"အိုကေ သွားရအောင် ကျတော့်အိမ်ကို"

အရူးချောကို အိမ်သို့ခေါ်လာခဲ့ရသည်။အိမ်ရောက်တော့ အကိုဖြစ်သူ ဟီဆွန်း က ကိုယ်တော်ချောကို ကြည့်ပြီး အားရပါရ ထိုင်ရယ်ပါသည်။
သူကတော့ ဆောင်ဟွန်း ပြဇာတ်ရုံမှာအလုပ်လုပ်ရင်း အိမ်ကိုအလည်လိုက်ခဲ့သည်ဟု လိမ်လိုက်ရသည်။

ဂျုံဆောင်း သူ့နာမည်ကိုထပ်မေးတော့လည်း

"ဘန်ဂျမင် !ကိုယ်က ကမ်းမလော့ရဲ့ မင်းသားတစ်ပါး"

ဟုသာထပ်ဖြေခဲ့သည်။ထိုမင်းသားရူး‌လေး ကိုဝတ်စရာ၊စားစရာများ စီစဉ်ပေးဖြစ်ခဲ့သည်။ညဘက် တွင်လည်း ဘယ်အချိန်မိမိကို ထသတ်နိုင်မည်မသိ စိုးရိမ်စွာဖြင့်
ဂျုံဆောင်း မိမိအခန်းတွင် ထိုမင်းသားရူးလေးကို အိပ်စေကာ သူကိုယ်တိုင်တော့ အိပ်မပျော်ခဲ့ပဲ တညလုံး ထိုင်ကြည့်ခဲ့မိသည်။

မနက်မိုးလင်း‌တော့ ဂျုံဆောင်းဘေးတွင် မင်းသားရူးလေး ရှိနေရမည့်အစား
တဖျက်ဖျက်လက်နေသော အပြာရောင်ကြယ်သီးတလုံးသာရှိနေခဲ့တော့သည်။

ထိုမင်းသားလေး ပြန်လာပါအုံးမည်လား?
...................................

ဂျုံဆောင်း နှင့် ဆောင်ဟွန်း ယနေ့စောစီးစွာ အလုပ်နား၍ ပြန်ခဲ့ကြသည်။ဆောင်ဟွန်း က သူသောက်ဖို့ ပျားရည်တစ်ဗူးထည့်ပေးလိုက်ပြီး အိမ်အပြန် လမ်းခွဲခဲ့ကြသည်။

ဂျုံဆောင်း က သူ့ထံ မကြိုဆိုပဲရောက်ရှိလာပြီး မနှင်ပါပဲ ထွက်ပြေးသွားသော လူတစ်ယောက်အကြောင်း ဆောင်ဟွန်းကိုလည်းအမြဲတမ်း အက်ကြောင်းထပ်အောင်ထိ ပြောဖူးသည်။ အိမ်အပြန်လမ်းတွင်လဲ နေရာတိုင်းကို မျက်စိတစ်ဆုံး တစ်စုံတစ်ခုကိုရှာဖွေသကဲ့သို့ ကြည့်မိဖူးပီ။

ပင်ပန်းနွမ်းနယ်စွာဖြင့် ခေါင်းငိုက်စိုက်ချကာ ဝိုင်းစက်နေသည့် လဝန်း‌ေအာက်တွင် လျှောက်လှမ်းလာခဲ့သည်။အိမ်တံခါးကိုဖွင့်၍ဝင်ရန် ပြင်နေစဉ်

"ဂျုံဆောင်း"

ဆောင်ဟွန်းအသံကိုကြားရသည်မို့ သူ့နောက်ကိုများအိမ်မပြန်ပဲ လိုက်လာခဲ့သည်လား။
အနောက်သို့လှည့်ကြည့်မိခိုက် အဖြူရောင်ဝတ်စုံပေါ်တွင် မဟူရာရောင် ကုတ်အင်္ကျီကို သားနားစွာ ဝတ်ဆင်ထားသော ဆောင်ဟွန်းမဟုတ်သော ဆောင်ဟွန်းနှင့်တူသောထိုမင်းသား သူ့ကိုပြုံး၍ကြည့်နေသည်။ပြောရရင် သူမျှော်နေခဲ့ရသော မင်းသားလေး ။ဒုတိယအကြိမ်ပြန်တွေ့ဆုံနိုင်မည်ဟု ရူးမိုက်စွာယုံကြည်ထားခဲ့သောဆန္ဒက ယခုမှာပြည့်ဝခဲ့လေပြီ။

.....🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘


++ZAWGYI++

သူ ဒီနေရာကို ဒုတိယ အကြိမ် ခြေချမိခြင်း။


သူပထမဆုံးရောက်ဖူးချိန်တွင် လူတွေက အံ့အားတသင့်ဖြင့် တီးတိုးပြောဆိုနေကြသောစကားသံများကိုကြားဖြစ်ခဲ့သည်။ အလွန်မြင့်မားလှသော အဆောက်ဦး‌ရှေ့၌ ထိုအတွင်းပိုင်းထိကို မှန်များမှတဆင့် မြင်နိုင်လေသည်။
စားပွဲသေးသေးလေးများကို အစီအရီချထားကာ ကော်ဖီဆိုင်ငယ်လေးတခု အတွင်း စားသုံးသူအနည်းငယ်ဖြင့် ထိုဆိုင်လေးက တိတ်ဆိတ်အေးချမ်းနေသည်။သူအပြင်မှ ရပ်ကြည့်နေချိန် မှန်အနီးသို့ ဗန်းတချပ်ကိုကိုင်၍ စားပွဲတခုကို ရှင်းလင်းနေသော လူငယ်တစ်ယောက်။ထိုလူငယ်က သူ့အရိပ်ကိုမြင်တွေ့၍ သူ့ဘက်သို့လှည့်ကြည့်လာလေသည်။

'' ဟင် "

"အာ အေမေရ "

နှစ်ယောက်လုံးခေတ္တမျှအံ့အားသင့်ခြင်းနှင့်အတူ အာမေဋိတ်သံဖြင့် ကြမ်းပြင်ပေါ်သို့ထိုင်လျက် ကျသွားသည့်ထိုလူငယ်။

မှန်တချပ်တွင် မိမိ ကိုယ်ကိုပြန်ကြည့်နေရသကဲ့သို့ပင်။

နှစ်ယောက်လုံးကို ကော်ဖီဆိုင်အတွင်းမှလူများ၏အာရုံအစုံရောက်ရှိလာသည်။

"ဆောင်ဟွန်း ဘာဖြစ်တာလဲ"

အနားသို့ရောက်ရှိလာသော နောက်ထပ်လူငယ်တစ်ဦးက လဲကျနေသော လူငယ်ကိုဆွဲထူလိုက်သည်။

"ဂျုံဆောင်း ဂျံုဆောင်း ဟို ...ဟိုကို ကြည့်"

ညွှန်ပြရာကို လှည့်ကြည့်လာ‌သော ဂျုံဆောင်း။

မျက်ဝန်းတစ်စုံနှင့် သူ အကြည့်ချင်းစုံခိုက် နွေဦးလေကြောင့် လွင့်မျောသွားသော သစ်ရွက်ကြွေလို ၊ဆောင်းလေအေးမှာ ဖူးပွင့်သွားတဲ့နှင်းပန်းကဲ့သို့ ဘန်ဂျမင် နှလုံးသားတစ်စုံက ဖော်ပြချက်မဲ့စွာ။
သို့သော်လူငယ်၏အကြည့်အောက်မှာ ရှောင်တိမ်း၍ ထိုနေရာကိုလျင်မြန်စွာ ကျောခိုင်းခဲ့သည်။ဖြစ်နိုင်လျှင် နောက်ထက်တွေ့ချင်မိပါသည်။


ကောင်းကင်မှနေသည် အနောက်အရပ်သို့ဝင်သွားချိန်မှာတော့ မြင့်မားသည့် အဆောက်အဦးများ၏အကာအရံကြောင့် သူမမြင်တွေ့ခဲ့ရပါ။သို့ပေမယ့် အချိန်ကားညနေ ကိုဖော်ပြနေသည်။အကြည့်စူးစူးကောင်ငယ်လေးနှင့် တွေ့ရှိချင်လိုစိတ်ကြောင့် လူငယ်လေးရှိရာ အဆောက်အဦးဆီသို့ထပ်မံရောက်ရှိလာခဲ့ပြန်သည်။ အတန်ကြာထိုင်စောင့်နေခဲ့ပြီးချိန်မှာ မနက်က တွေ့ခဲ့သည့် လူငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။ Blonde ဆံပင်တွေရှိသော အကြည့်စူးစူးလူငယ်လေးနှင့် ဘေးတွင် သူနှင့် အလွန်ပင် ဆင်တူသော မနက်ကတွေ့ခဲ့သည့်ကောင်လေး။အချင်းချင်းစနောက်နေရယ်မောနေကြသည်။သူအထူးသတိထားမိတာ Blonde လေး၏အပြစ်ကင်းစင်လွန်းလှသည့်အပြုံး က ဘန်ဂျမင်ကိုပင် ကူးစက်မြန်စေသည်။ထို့နောက် သူနှင့်တူသောကိုယ်ပွားလေးက Blonde လေးကိုကျောခိုင်းထွက်ခွာသွားသည်။

ဘန်ဂျမင် ဖြေးညင်းစွာလျှောက်လျက် Blonde လေးအနားတွင်ရပ်နေမိသည်။ Blondeလေးကသူ့ဘက်လှည့်လာကာ သူ့ကိုလူထူးဆန်းသဖွယ်မြင်တွေ့လိုက်သောကြောင့် လက်နှစ်ဖက်ကို ယှက်လျက်အနေအထား တုန်ယင်သွားသော ခန္ဓာကိုယ်ရှေ့ကွယ်ကာလိပ်ပြာလွင့်မတက်အော်လာတော့သည်။

"အမလေး .........လန့်လိုက်တာ!!"

"..............."

"ရား ဘယ်သူကြီးလဲ ပတ်ဆောင်ဟွန်း မင်းလား?"

"..............."

ဆောင်ဟွန်းအခုတင် သူနဲ့စကားများပြီးပြန်သွားတာ‌သေချာပါသည်။ ထိုလူ၏ဝတ်စားထားပုံက ဆောင်းဟွန်းခဏအတွင်းလှဲလှယ်နိုင်သည့်အနေအထားမဟုတ်။

ဘန်ဂျမင် ခြေတလှမ်းတိုးကပ်တော့ ဂျုံဆောင်းက တစ်လှမ်းနောက်ဆုတ်သည်။

"ဘာလဲ ဘာလဲ ကျတော့်ကို ဘာလုပ်မလို့လဲ?"

ဘန်ဂျမင် ခြေတလှမ်းထပ်တိုးဆဲ ဂျုံဆောင်းက နောက်တစ်လှမ်းဆုတ်ဆဲ။

"ဗိုက္ဆာတယ္"

"ဘာ"

"ဒါလေးပြောဖို့ကို လူကိုကြောက်အောင်ဖြဲခြောက်နေရလား?

ခင်ဗျား က အရူးလား၊အကောင်းလား၊သရဲလို ဘာလို့လုပ်နေရတာလဲ?"

ဂျုံဆောင်း အော်ပြောတော့ အမူအရာပြောင်းသွားသော ထူးဆန်းတဲ့လူက မျက်နှာငယ်ဖြင့်.

ဂျုံဆောင်းက သနားတတ်သူပီပီ မုန့်ဝယ်ကျွေးရန်စဉ်းစားလိုက်သော်လည်း လူထူးဆန်း၏ အိမ်ရှေ့စံလိုလို၊စစ်သူကြီးလိုလို ဝတ်စုံကိုသတိရကာ မေးခွန်းတခုမေးလိုက်၏

"ခင်ဗျားက ဘာကြီးလဲ"

"ကမ်းမလော့ရဲ့မင်းသား"

ဂျုံဆောင်း စိတ်မကောင်းဖြစ်သွားရသည်။ဒီလူထူးဆန်းက ရုပ်ရည်လေးသန့်ပြန့်ပြီး ထူးဆန်းသည့်ဝတ်စုံနှင့်ပင် ခန့်ညားချောမောသလောက် စိတ်အခြေအနေက ပုံမှန်မရှိခြင်းက နှမျောစရာပင်။ဒီအရူးကို သူက ချောသည် ဟုတွေးမိတော့
ဂျုံဆောင်းမျက်မှောင်တချက်ကြုတ်လိုက်မိသည်။ဒီအရူးလေးက သူ့သူငယ်ချင်း ဆောင်ဟွန်းနှင့် အမွှာထက်သာအောင်တူလွန်းလှသည်ပင်။သို့သော်လည်း ဆောင်ဟွန်းကိုတခါမျှ ကြည့်ကောင်းသည်ဟု မတွေးဖူးခဲ့ပါ။

"ကိုယ့်အတွက်အဝတ်အစားနည်းနည်းလောက်စီစဉ်ပေးနိုင်မလား"

သူလိုအပ်သောအရာကို တည်ငြိမ်စွာပြောလာသော အရူးချော။ဂျုံဆောင်း သက်ပြင်းရှည်တခုချရင်းနဖူးကို လက်တဖက်ဖြင့်ပွတ်ကာ ။

"အိုကေ သွားရအောင် ကျတော့်အိမ်ကို"

အရူးချောကို အိမ်သို့ခေါ်လာခဲ့ရသည်။အိမ်ရောက်တော့ အကိုဖြစ်သူ ဟီဆွန်း က ကိုယ်တော်ချောကို ကြည့်ပြီး အားရပါရ ထိုင်ရယ်ပါသည်။
သူကတော့ ဆောင်ဟွန်း ပြဇာတ်ရုံမှာအလုပ်လုပ်ရင်း အိမ်ကိုအလည်လိုက်ခဲ့သည်ဟု လိမ်လိုက်ရသည်။

ဂျုံဆောင်း သူ့နာမည်ကိုထပ်မေးတော့လည်း

"ဘန်ဂျမင် !ကိုယ်က ကမ်းမလော့ရဲ့ မင်းသားတစ်ပါး"

ဟုသာထပ်ဖြေခဲ့သည်။ထိုမင်းသားရူး‌လေး ကိုဝတ်စရာ၊စားစရာများ စီစဉ်ပေးဖြစ်ခဲ့သည်။ညဘက် တွင်လည်း ဘယ်အချိန်မိမိကို ထသတ်နိုင်မည်မသိ စိုးရိမ်စွာဖြင့်
ဂျုံဆောင်း မိမိအခန်းတွင် ထိုမင်းသားရူးလေးကို အိပ်စေကာ သူကိုယ်တိုင်တော့ အိပ်မပျော်ခဲ့ပဲ တညလုံး ထိုင်ကြည့်ခဲ့မိသည်။

မနက်မိုးလင်း‌တော့ ဂျုံဆောင်းဘေးတွင် မင်းသားရူးလေး ရှိနေရမည့်အစား
တဖျက်ဖျက်လက်နေသော အပြာရောင်ကြယ်သီးတလုံးသာရှိနေခဲ့တော့သည်။

ထိုမင်းသားလေး ပြန်လာပါအုံးမည်လား?
...................................

ဂျုံဆောင်း နှင့် ဆောင်ဟွန်း ယနေ့စောစီးစွာ အလုပ်နား၍ ပြန်ခဲ့ကြသည်။ဆောင်ဟွန်း က သူသောက်ဖို့ ပျားရည်တစ်ဗူးထည့်ပေးလိုက်ပြီး အိမ်အပြန် လမ်းခွဲခဲ့ကြသည်။

ဂျုံဆောင်း က သူ့ထံ မကြိုဆိုပဲရောက်ရှိလာပြီး မနှင်ပါပဲ ထွက်ပြေးသွားသော လူတစ်ယောက်အကြောင်း ဆောင်ဟွန်းကိုလည်းအမြဲတမ်း အက်ကြောင်းထပ်အောင်ထိ ပြောဖူးသည်။ အိမ်အပြန်လမ်းတွင်လဲ နေရာတိုင်းကို မျက်စိတစ်စုံ တစ်စုံတစ်ခုကိုရှာဖွေသကဲ့သို့ ကြည့်မိဖူးပီ။

ပင်ပန်းနွမ်းနယ်စွာဖြင့် ခေါင်းငိုက်စိုက်ချကာ ဝိုင်းစက်နေသည့် လဝန်း‌အောက်တွင် လျှောက်လှမ်းလာခဲ့သည်။အိမ်တံခါးကိုဖွင့်၍ဝင်ရန် ပြင်နေစဉ်

"ဂျုံဆောင်း"

ဆောင်ဟွန်းအသံကိုကြားရသည်မို့ သူ့နောက်ကိုများအိမ်မပြန်ပဲ လိုက်လာခဲ့သည်လား။
အနောက်သို့လှည့်ကြည့်မိခိုက် အဖြူရောင်ဝတ်စုံပေါ်တွင် မဟူရာရောင် ကုတ်အကျႌကို သားနားစွာ ဝတ်ဆင်ထားသော ဆောင်ဟွန်းမဟုတ်သော ဆောင်ဟွန်းနှင့်တူသောထိုမင်းသား သူ့ကိုပြုံး၍ကြည့်နေသည်။ပြောရရင် သူမျှော်နေခဲ့ရသော မင်းသားလေး ။ဒုတိယအကြိမ်ပြန်တွေ့ဆုံနိုင်မည်ဟု ရူးမိုက်စွာယုံကြည်ထားခဲ့သောဆန္ဒက ယခုမှာပြည့်ဝခဲ့လေပြီ။

.....🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘

















Continue Reading

You'll Also Like

1.5M 129K 62
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
Alina By ihidethisapp

General Fiction

1.5M 37.4K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
2.1K 254 9
"I hate you but l won't stop falling for you"