α€™α€±α€¬α€„α€Ία€·α€žα€€α€Ία€œα€»α€¬ / α€±α€™α€¬α€„α€Ήα€·α€žα€€α€Ήα€œα€Ία€¬ [...

By M_May8

39.2K 3.1K 169

BJYX Fan fiction! Type - Drama, Romance, Fantasy Written By M_May8 Mini Fiction! Both Zawji & Unicode Yizh... More

#2
#Ending
#Extra
My β€πŸ˜—

#1

14.3K 891 17
By M_May8

မိုးမခပင်ရဲ့ နွယ်အမြစ်တွေပေါ် ထိုင်နေသူ အဖြူရောင်အရိပ်ငယ်။

နဖူးတစ်ဝိုက်မှာ ချွေးစေးတွေ စို့ကာရယ်။

အဖြူရောင်ဝတ်ရုံလေးရဲ့ အောက်ခြေအနားစလေးတွေက ပြေးရင်းလွှားရင်း စွန်းထင်းညစ်ပေစွာဖြင့်။

မျက်နှာလေးဟာ အဖြူရောင်အဝတ်စလေး ဖုံးလွှမ်းကာ။အဝတ်ထုပ်လေး လက်တစ်ဖက်မှာ ပိုက်ကာရယ်ဖြင့် ချစ်ဦးသူ တစ်နယ်သားကို စောင့်မျှော်နေလျက်။

ကြယ်ရောင်လို စူးရှပြီး မျက်တောင်စိတ်စိတ်ကလေးတွေ ကော့ညွှတ်ကာ ဝန်းရံထားတဲ့ မျက်ဝန်းလေးက ဂနာမငြိမ်။ နယ်စားမင်းဖခင်ဖြစ်သူကို ကြောက်ရွံ့သူမို့ စိုးထိတ်နေဟန်။

" ရောက်လာပါတော့ မောင်ရယ် "

ဆံနွယ်ရှည်တို့ ယိမ်းကာနွဲ့ကာ ခေါင်းလေးဘယ်ညာလှည့်ကာဖြင့် မျှော်လင့်စောင့်စားနေသူရဲ့ ခပ်တိုးတိုးရေရွတ်သံ။

တစ်နယ်သားထံ မေတ္တာတွေကျွံမိတော့ ကြောက်လန့်စိတ်ကို ချိိုးနှိမ်ရင်း နယ်စားမင်းရဲ့ ဒေါသတကြီးရေရွတ်သံတို့ကို ဥပေက္ခာပြုကာရယ် တစ်နယ်သားထံ ပုံအပ်ချင်ခဲ့တယ်။မှီခိုချင်ခဲ့တယ်။အချစ်မေတ္တာတွေ တိမ်းညွှတ်မိခဲ့တယ်။

လက်တစ်ဖက်က စာလိပ်ကလေးကို ဆုပ်ကိုင်ထားကာရယ်ဖြင့် ခဏခဏ ဖွင့်ဖတ်နေခဲ့မိတယ်။

* လပြည့်နေ့ သန်းခေါင်ယံ မိုးမခပင်အောက်ဝယ် မောင်လာခေါ်ပါ့မယ်။စောင့််နေပေးပါ မောင့်သက်လျာ *

လပြည့်နေ့ကောင်းကင်က လုံးဝန်းနေတဲ့ လက လပြည့်နေ့သေချာပါလျက်။ သန်းခေါင်ယံစည်တီးသံကြားတဲ့အချိန်က ဝေးကွာလှပါပြီ မောင်ရယ်။

အဖြူရောင်အရိပ်ကလေးသည် ဆံနွယ်တို့ ဝေ့ကာယမ်းသည်အထိ ကြင်သူ တစ်နယ်သားကို စောင့်ဆိုင်းမြဲ။

အချိန်ကားတရွေ့ရွေ့ပင် ။

လပြည့်လဝန်းက နေလုံးကြီးအထိ တရွေ့ရွေ့ ကူးပြောင်းကာဖြင့်။မိုးစင်စင်လင်းလေအောင် စောင့်ဆိုင်းသော်ငြား ချစ်ဦးသူက ရောက်မလာလေပြီ။

" မောင်ရယ်...ဟင့် အင့် "

လူသူအသွားအလာမရှိသေးသောမိုးမခပင်အောက်ဝယ် အရိပ်လေးရဲ့ ခန္ဓာကိုယ်လေးက တသိမ့်သိမ့်တုန်ယင်နေလျက်။

အရည်ကြည်တို့ စိုစွတ်လေသော မျက်ဝန်းငယ်ရဲ့ အံ့အားသင့်တဲ့ အကြည့်။ ဖခင်နယ်စားမင်းရဲ့ ဒေါသတကြီးရေရွတ်သံ။

" ငမိုက်သား!! "

" တျဲတျဲ "

" ကလေကချေက လာသလား ဟမ် "

" မောင်... မောင်က အဲ့...အဲ့သလို မဟုတ်ရပါဘူး တျဲတျဲ "

" တိတ်စမ်း!!! "

ငယ်စဥ်ကတည်းက အဖေတစ်ခုသားတစ်ခု နေလာခဲ့တဲ့ တျဲတျဲက သူနဲ့ပတ်သက်ရင် ဒေါသကြီးလွန်းတယ်။

• ရွှမ်း *

" အာ့ "

တျဲတျဲလက်စွဲ ကြာပွတ်က ဝတ်ရုံတွေ ဖုံးအုပ်ထားတဲ့ ခြေသလုံးနုနုကို ဖြတ်ပြေးသွားတယ်။ညွတ်ကျသွားတဲ့ ခန္ဓာကိုယ်က တျဲတျဲရဲ့ ဒေါသမာန်ပြင်းပြင်းအကြည့်စူးစူး အောက်ဝယ်။

ပုလဲမျက်ရည်တွေ ကြွေခဲ့ရတယ်။ရောက်မလာခဲ့တဲ့ ချစ်ဦးသူကိုလည်း အပြစ်မမြင်ပေမဲ့ နှလုံးသားနုနုက ဒဏ်ရာတစ်ခု ထင်ကျန်ခဲ့တယ်။

တျဲတျဲရဲ့အစေခံတွေက ဆွဲခေါ်သွားခဲ့တယ်။ရုန်းဆန်ချင်ပေမဲ့ အားနည်းတဲ့ ကောခန္ဓာကိုယ်က သန်မာတဲ့လက်တွေကြား ဝေါယာဥ်ပေါ် အတင်းအကြပ်အတင်ခံခဲ့ရတယ်။

နယ်စားမင်းဖြစ်တဲ့ တျဲတျဲနဲ့ နေအိမ်ဟာလည်း ရိုးရှင်းစွာရယ်။အဆောင်ငယ်အတွင်း အပြင်ထွက်ခွင့် အပိတ်ခံခဲ့ရတယ်။

အသားနုသူမို့ ခြေသလုံးက အရှိုးရာတစ်ချက်ကလေးကတောင် ဖျားနာစေခဲ့တယ်။

မျက်နှာသေးသေးလေးက တစ်ဝက်တိတိ ချောင်ကျသွားခဲ့တယ်။ချစ်ဦးသူပေးခဲ့တဲ့ ဖူးစာကြိုးနီ လက်ပတ်ကလေး။

လွမ်းစိတ်နဲ့ နာကျင်မှုတွေ ထိန်းမရခဲ့တော့ ကျန်းမာရေးဟာ ဆိုးရွားခဲ့တယ်။

အိပ်မက်ထဲက မောင်ဟာ ချစ်ခွန်းတွေသီနေခဲ့တယ်။မေတ္တာတွေ ပေးနေတယ်။တောင်းပန်စကားတွေ အထပ်ထပ်ဆိုလို့ ထွေးပွေ့ဖက်ထားပေးခဲ့တယ်။

*နေမြင့်လေအရူးရင့်လေ* ပါတဲ့ မောင်။

ဟောဒီက သက်လျာက ရူးရပါတော့မယ် မောင်ရယ်။ မောင်သာ သက်လျာဆီ ရောက်လာခဲ့ရင်ဆိုတဲ့ စိတ်ကလေးနဲ့ တောင်းပန်တဲ့အခါ ခွင့်လွှတ်ပေးပါ့မယ် မောင်။

လူစည်ကားတဲ့ နယ်ဈေးလေး။

တွေ့ဆုံစနေရာလေးမှာ မောင့်အငွေ့အသက်တွေရှိနေဆဲ။

ပဝါလေးလွင့်စင်ခဲ့တယ်။ ကောက်ယူခဲ့တဲ့ မောင်က အပြုံးနုနုတို့နဲ့ရယ်။

" ဒီက ပိုင်ရှင်လေးရဲ့ ပဝါပါ "

ရင်တွေခုန်နေခဲ့တယ်။ မောင့်ရဲ့စူးရှတဲ့ အကြည့်တွေက ရှက်သွေးဖြန်းစေခဲ့တယ်။

" ကျေး... ကျေးဇူးပါ "

အလျင်အမြန်ဖယ်ခွာသွားချင်ခဲ့တယ်။ ခြေထောက်တို့က ခဲဆွဲထားသလို လေးကန်စွာဖြင့်ရယ်။

မြင်မြင်ချင်းအချစ်ဆိုတာများလားလို့ တွေးခဲ့တယ်။

တစ်ပတ်အကြာ နောက်တစ်ကြိမ် ဆံထိုးဆိုင်လေးမှာ တွေ့ဆုံခဲ့တယ်။

အစိမ်းရောင်နှင်းဆီကို သေသပ်အောင် လုပ်ထားတဲ့ ဆံထိုးလေးက အာရုံကို ဖမ်းစားနေခဲ့တော့ မမြင်မစမ်း ဝင်တိုက်ခဲ့မိတယ်။

" တောင်းပန်ပါတယ် လူကြီးမင်း "

နှုတ်ခွန်းတို့ ဖွင့်ဟတောင်းပန်ရင်း မော့ကြည့်မိလေတော့ အပြုံးနုနုတို့နဲ့ ထပ်မံဆုံတွေ့ရပြန်တယ်။ပဝါဖြူဖြူအောက်က ပါးလေးတို့ ရဲခနဲ။

ဆင်တူ ဆံထိုးလေးတစ်ခု လက်ဆောင်ပေးခဲ့တယ်။

" ဒီကသခင်လေးအတွက် လက်ဆောင်လေး။ မငြင်းဖို့ မျှော်လင့်မိပါတယ် "

" ကျေးဇူးတင်ပါတယ် လူကြီးမင်း "

" နာမည်လေးတော့ သိခွင့်ရမလား "

" ရှောင်း...ရှောင်းကျန့်ပါ လူကြီးမင်း "

" လူကြီးမင်းလို့ မခေါ်ပါနဲ့ "

မျက်တောင်ကော့ကော့တိို့ လှုပ်ခတ်လို့ရယ် စူးစမ်းသလို ကြည့်မိတယ်။

" မောင်က အသက်မကြီးသေးပါဘူး "

အတည်လိုလို စနောက်သလိုနဲ့ နားရွက်ဖျားနားကပ်လို့ ပြောလာတော့ အမြန်ပြေးထွက်လာခဲ့ရပြန်တယ်။

နောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်ကာရယ် သက်လျာရင်တွေ ပေါက်ထွက်မတတ်ခုန်နေခဲ့တယ်။

• မောင်သိမှသိပါလေစွ *

တစ်လတိတိတိုင်အောင် ထပ်တွေ့ဆုံခြင်း မရှိခဲ့။နောက်ကျောလေးများတူရင် မောင်လားလို့ တွေးမိခဲ့တယ်။ မချစ်ခင်ကတည်းက စောင့်မျှော်ခဲ့မိတယ်။

• မောင်သိရဲ့လား *

သုံးကြိမ်မြောက်တွေ့ဆုံခြင်းက တျဲတျဲရဲ့ မွေးနေ့ပွဲလေးမှာရယ်။

ဖခင်နယ်စားမင်းရဲ့ မွေးနေ့မို့ မွေးနေ့ပွဲလေးက နယ်မှာရှိသမျှလူတွေနဲ့ စည်ကားနေခဲ့တယ်။

တစ်နယ်သားမှန်းမသိလေပဲ လာရောက်လေမလားလို့ မသိစိတ်က မျှော်နေခဲ့တယ်။

အိမ်တော်ရဲ့အနောက်ဘက် လူပြတ်လပ်တဲ့ နေရာ။

ရုတ်တရက် ဖမ်းဆွဲခံရတဲ့ လက်ကောက်ဝတ်လေးကြောင့် လန့်သွားခဲ့ရတယ်။

အလန့်တကြား အော်တော့မဲ့ဆဲဆဲ မောင်ပါ ဆိုတဲ့စကားကြောင့် အပြုအမူတွေ ရုတ်ချည်းရပ်တန့်ခဲ့ရတယ်။

" လူ...လူကြီးမင်း ဒါ..ဒါဘာအပြုအမူပါလဲ "

" လူကြီးမင်းမဟုတ်ပါဘူး မောင့်နာမည်က ရိပေါ်ပါ "

" ရိပေါ်... "

ညအမှောင်ရဲ့ အားကောင်းမှုကို လမင်းက ဖြိုခွင်းနေသလို။ လပြည့်လဝန်းဖြစ်တဲ့ ညမို့ မောင့်မျက်နှာချောချောကို ငေးမောကြည့်နေမိခဲ့တယ်။

ရုတ်တရက် ပဝါဖြူဖြူ ဖြုတ်ချခံခဲ့ရတယ်။

နှင်းဆီပွင့်ဖတ်တွေလို ရဲစွတ်နေတဲ့ နှုတ်ခမ်းသား။ပါးပါးအိအိ နှုတ်ခမ်းလေးက ဆုတ်ယူခြင်းခံခဲ့ရတယ်။

ရင်ဘတ်ကို တဒုန်းဒုန်းထုရင်း ငြင်းဆန်နေခဲ့ပေမဲ့ နှလုံးသားက စေလိုရာမရောက် လွင့်မြောနေခဲ့တယ်။

" သက်လျာကို မောင်ချစ်တယ် "

စကားသံက တိုးလျလျ။ သက်လျာနားထဲမှာတော့ အကျယ်ကြီး ကြားလိုက်ရတယ်။ သက်လျာတဲ့လားမောင်ရယ်။

" မောင့််တစ်သက်တာလုံးအတွက် ချစ်မြတ်နိုးကြင်နာသွားမဲ့ လျာခံထားရတဲ့ သက်လျာ မောင့်သက်လျာ

နောက်တစ်ရက်နေရင် ညဘက် ဈေးဟိုဘက်လမ်းက မိုးမခပင်အောက်မှာ မောင်စောင့်နေပါ့မယ် မောင့်ကိုချစ်ရင် သက်လျာရောက်လာပေးပါနော် "

တောင်းဆိုချက်တို့ကို ဦးနှောက်က မလိုက်လျောမိပါပဲ လေအလျင်လို ပျောက်ကွယ်သွားခဲ့တဲ့မောင်။

ပထမဆုံးအကြိမ် ညဘက်ကြီး အိမ်တော်က ခိုးထွက်လာခဲ့တယ်။ရင်တွေက တလှပ်လှပ်တုန်လို့။

ကောခန္ဓာကိုယ်က ယောက်ျားသားတို့ မျက်စိကျစရာမို့ ညအချိန် အပြင်ထွက်ခွင့်ကန့်သတ်ခဲ့တဲ့ တျဲတျဲရဲ့စကားသံတို့ ပျောက်ကွယ်သွားခဲ့ပြီ။လျစ်လျူရှု ဥပေက္ခာပြုကာရယ်။

ညမီးအိမ်တို့ကို တင်းတင်းကိုင်ရင်း လကို အဖော်ပြု မိုးမခပင်အောက် ရောက်လာခဲ့ပြီ။မိုးမခပင်အောက်ဝယ် မောင့်ရဲ့အရိပ်လေးကို မြင်တွေ့ရတာနဲ့တင် ခြေလှမ်းတို့ သွက်ခဲ့ရပြီ။

" ရိပေါ် "

" သက်လျာ "

အံ့အားသင့်သလို ပျော်ရွှင်မှုတို့ ပျော်ဝင်နေခဲ့တဲ့ မောင့်မျက်ဝန်းတွေ။ အပြုံးတွေ မရပ်တန့်နိုင်ခဲ့ဘူး။

" သက်လျာရောက်လာတယ် တကယ်ရောက်လာတာ "

" အင်း "

မောင့်ရဲ့ရေရွတ်သံတို့ကြား ရှက်သွေးလေးကြောင့် နားရွက်ဖျားလေးရဲခဲ့ရတယ်။ ရင်ခွင်ထဲပွေ့ဖက်မှုတို့ကြား ခန္ဓာကိုယ်လေး တုန်ခနဲ။ရင်ခွင်ကျယ်ထံ တိုးဝင်ခဲ့တယ်။

" မောင့်ကို ချစ်လို့ ရောက်လာတာမလား "

လက်သီးဆုပ်ကလေးနဲ့ ဖွဖွလေးထုလိုက်မိတယ်။

" အရူး မချစ်ပဲ ဘယ်သူကရောက်လာမှာလဲ "

" ဟားဟား သက်လျာရှက်နေပြီ "

မောင့်အပြုံးတို့ကို ငေးမောခဲ့တယ်။မေးဖျားကနေ ပင့်တင်ခံရတဲ့ မျက်နှာနုနုကို မောင်က စိုက်ကြည့်နေခဲ့တဲ့အခါ ရှက်သွေးတို့ဖြာခဲ့ရပြန်တာပဲ။

" မောင့်ကို ချစ်တယ်လို့ ပြောပါအုံး "

" ချစ်တယ် "

" ဘယ်သူ့ကိုလဲ "

" မောင့်ကို "

" ကြားချင်လို့ ပြန်ပြောပါအုံး သက်လျာ "

" မောင့်ကို သက်လျာက ချစ်တယ် "

လရောင်အောက်က ချစ်သူနှစ်ဦးတို့ ပျော်ရွှင်နေခဲ့တယ်။

မောင်ရယ် သက်လျာရယ်ပေါ့။

------------- မောင့်သက်လျာ -----------

( Mon, 6 , September, 2021 )

| Zawji |

မိုးမခပင္ရဲ႕ ႏြယ္အျမစ္ေတြေပၚ ထိုင္ေနသူ အျဖဴေရာင္အရိပ္ငယ္။

နဖူးတစ္ဝိုက္မွာ ေခြၽးေစးေတြ စို႔ကာရယ္။

အျဖဴေရာင္ဝတ္႐ုံေလးရဲ႕ ေအာက္ေျခအနားစေလးေတြက ေျပးရင္းလႊားရင္း စြန္းထင္းညစ္ေပစြာျဖင့္။

မ်က္ႏွာေလးဟာ အျဖဴေရာင္အဝတ္စေလး ဖုံးလႊမ္းကာ။အဝတ္ထုပ္ေလး လက္တစ္ဖက္မွာ ပိုက္ကာရယ္ျဖင့္ ခ်စ္ဦးသူ တစ္နယ္သားကို ေစာင့္ေမွ်ာ္ေနလ်က္။

ၾကယ္ေရာင္လို စူးရွၿပီး မ်က္ေတာင္စိတ္စိတ္ကေလးေတြ ေကာ့ၫႊတ္ကာ ဝန္းရံထားတဲ့ မ်က္ဝန္းေလးက ဂနာမၿငိမ္။ နယ္စားမင္းဖခင္ျဖစ္သူကို ေၾကာက္႐ြံ႕သူမို႔ စိုးထိတ္ေနဟန္။

" ေရာက္လာပါေတာ့ ေမာင္ရယ္ "

ဆံႏြယ္ရွည္တို႔ ယိမ္းကာႏြဲ႕ကာ ေခါင္းေလးဘယ္ညာလွည့္ကာျဖင့္ ေမွ်ာ္လင့္ေစာင့္စားေနသူရဲ႕ ခပ္တိုးတိုးေရ႐ြတ္သံ။

တစ္နယ္သားထံ ေမတၱာေတြကြၽံမိေတာ့ ေၾကာက္လန္႔စိတ္ကို ခ်ိိုးႏွိမ္ရင္း နယ္စားမင္းရဲ႕ ေဒါသတႀကီးေရ႐ြတ္သံတို႔ကို ဥေပကၡာျပဳကာရယ္ တစ္နယ္သားထံ ပုံအပ္ခ်င္ခဲ့တယ္။မွီခိုခ်င္ခဲ့တယ္။အခ်စ္ေမတၱာေတြ တိမ္းၫႊတ္မိခဲ့တယ္။

လက္တစ္ဖက္က စာလိပ္ကေလးကို ဆုပ္ကိုင္ထားကာရယ္ျဖင့္ ခဏခဏ ဖြင့္ဖတ္ေနခဲ့မိတယ္။

* လျပည့္ေန႔ သန္းေခါင္ယံ မိုးမခပင္ေအာက္ဝယ္ ေမာင္လာေခၚပါ့မယ္။ေစာင့္္ေနေပးပါ ေမာင့္သက္လ်ာ *

လျပည့္ေန႔ေကာင္းကင္က လုံးဝန္းေနတဲ့ လက လျပည့္ေန႔ေသခ်ာပါလ်က္။ သန္းေခါင္ယံစည္တီးသံၾကားတဲ့အခ်ိန္က ေဝးကြာလွပါၿပီ ေမာင္ရယ္။

အျဖဴေရာင္အရိပ္ကေလးသည္ ဆံႏြယ္တို႔ ေဝ့ကာယမ္းသည္အထိ ၾကင္သူ တစ္နယ္သားကို ေစာင့္ဆိုင္းၿမဲ။

အခ်ိန္ကားတေ႐ြ႕ေ႐ြ႕ပင္ ။

လျပည့္လဝန္းက ေနလုံးႀကီးအထိ တေ႐ြ႕ေ႐ြ႕ ကူးေျပာင္းကာျဖင့္။မိုးစင္စင္လင္းေလေအာင္ ေစာင့္ဆိုင္းေသာ္ျငား ခ်စ္ဦးသူက ေရာက္မလာေလၿပီ။

" ေမာင္ရယ္...ဟင့္ အင့္ "

လူသူအသြားအလာမရွိေသးေသာမိုးမခပင္ေအာက္ဝယ္ အရိပ္ေလးရဲ႕ ခႏၶာကိုယ္ေလးက တသိမ့္သိမ့္တုန္ယင္ေနလ်က္။

အရည္ၾကည္တို႔ စိုစြတ္ေလေသာ မ်က္ဝန္းငယ္ရဲ႕ အံ့အားသင့္တဲ့ အၾကည့္။ ဖခင္နယ္စားမင္းရဲ႕ ေဒါသတႀကီးေရ႐ြတ္သံ။

" ငမိုက္သား!! "

" တ်ဲတ်ဲ "

" ကေလကေခ်က လာသလား ဟမ္ "

" ေမာင္... ေမာင္က အဲ့...အဲ့သလို မဟုတ္ရပါဘူး တ်ဲတ်ဲ "

" တိတ္စမ္း!!! "

ငယ္စဥ္ကတည္းက အေဖတစ္ခုသားတစ္ခု ေနလာခဲ့တဲ့ တ်ဲတ်ဲက သူနဲ႔ပတ္သက္ရင္ ေဒါသႀကီးလြန္းတယ္။

• ႐ႊမ္း *

" အာ့ "

တ်ဲတ်ဲလက္စြဲ ၾကာပြတ္က ဝတ္႐ုံေတြ ဖုံးအုပ္ထားတဲ့ ေျခသလုံးႏုႏုကို ျဖတ္ေျပးသြားတယ္။ၫြတ္က်သြားတဲ့ ခႏၶာကိုယ္က တ်ဲတ်ဲရဲ႕ ေဒါသမာန္ျပင္းျပင္းအၾကည့္စူးစူး ေအာက္ဝယ္။

ပုလဲမ်က္ရည္ေတြ ေႂကြခဲ့ရတယ္။ေရာက္မလာခဲ့တဲ့ ခ်စ္ဦးသူကိုလည္း အျပစ္မျမင္ေပမဲ့ ႏွလုံးသားႏုႏုက ဒဏ္ရာတစ္ခု ထင္က်န္ခဲ့တယ္။

တ်ဲတ်ဲရဲ႕အေစခံေတြက ဆြဲေခၚသြားခဲ့တယ္။႐ုန္းဆန္ခ်င္ေပမဲ့ အားနည္းတဲ့ ေကာခႏၶာကိုယ္က သန္မာတဲ့လက္ေတြၾကား ေဝါယာဥ္ေပၚ အတင္းအၾကပ္အတင္ခံခဲ့ရတယ္။

နယ္စားမင္းျဖစ္တဲ့ တ်ဲတ်ဲနဲ႔ ေနအိမ္ဟာလည္း ႐ိုးရွင္းစြာရယ္။အေဆာင္ငယ္အတြင္း အျပင္ထြက္ခြင့္ အပိတ္ခံခဲ့ရတယ္။

အသားႏုသူမို႔ ေျခသလုံးက အရႈိးရာတစ္ခ်က္ကေလးကေတာင္ ဖ်ားနာေစခဲ့တယ္။

မ်က္ႏွာေသးေသးေလးက တစ္ဝက္တိတိ ေခ်ာင္က်သြားခဲ့တယ္။ခ်စ္ဦးသူေပးခဲ့တဲ့ ဖူးစာႀကိဳးနီ လက္ပတ္ကေလး။

လြမ္းစိတ္နဲ႔ နာက်င္မႈေတြ ထိန္းမရခဲ့ေတာ့ က်န္းမာေရးဟာ ဆိုး႐ြားခဲ့တယ္။

အိပ္မက္ထဲက ေမာင္ဟာ ခ်စ္ခြန္းေတြသီေနခဲ့တယ္။ေမတၱာေတြ ေပးေနတယ္။ေတာင္းပန္စကားေတြ အထပ္ထပ္ဆိုလို႔ ေထြးေပြ႕ဖက္ထားေပးခဲ့တယ္။

*ေနျမင့္ေလအ႐ူးရင့္ေလ* ပါတဲ့ ေမာင္။

ေဟာဒီက သက္လ်ာက ႐ူးရပါေတာ့မယ္ ေမာင္ရယ္။ ေမာင္သာ သက္လ်ာဆီ ေရာက္လာခဲ့ရင္ဆိုတဲ့ စိတ္ကေလးနဲ႔ ေတာင္းပန္တဲ့အခါ ခြင့္လႊတ္ေပးပါ့မယ္ ေမာင္။

လူစည္ကားတဲ့ နယ္ေဈးေလး။

ေတြ႕ဆုံစေနရာေလးမွာ ေမာင့္အေငြ႕အသက္ေတြရွိေနဆဲ။

ပဝါေလးလြင့္စင္ခဲ့တယ္။ ေကာက္ယူခဲ့တဲ့ ေမာင္က အၿပဳံးႏုႏုတို႔နဲ႔ရယ္။

" ဒီက ပိုင္ရွင္ေလးရဲ႕ ပဝါပါ "

ရင္ေတြခုန္ေနခဲ့တယ္။ ေမာင့္ရဲ႕စူးရွတဲ့ အၾကည့္ေတြက ရွက္ေသြးျဖန္းေစခဲ့တယ္။

" ေက်း... ေက်းဇူးပါ "

အလ်င္အျမန္ဖယ္ခြာသြားခ်င္ခဲ့တယ္။ ေျခေထာက္တို႔က ခဲဆြဲထားသလို ေလးကန္စြာျဖင့္ရယ္။

ျမင္ျမင္ခ်င္းအခ်စ္ဆိုတာမ်ားလားလို႔ ေတြးခဲ့တယ္။

တစ္ပတ္အၾကာ ေနာက္တစ္ႀကိမ္ ဆံထိုးဆိုင္ေလးမွာ ေတြ႕ဆုံခဲ့တယ္။

အစိမ္းေရာင္ႏွင္းဆီကို ေသသပ္ေအာင္ လုပ္ထားတဲ့ ဆံထိုးေလးက အာ႐ုံကို ဖမ္းစားေနခဲ့ေတာ့ မျမင္မစမ္း ဝင္တိုက္ခဲ့မိတယ္။

" ေတာင္းပန္ပါတယ္ လူႀကီးမင္း "

ႏႈတ္ခြန္းတို႔ ဖြင့္ဟေတာင္းပန္ရင္း ေမာ့ၾကည့္မိေလေတာ့ အၿပဳံးႏုႏုတို႔နဲ႔ ထပ္မံဆုံေတြ႕ရျပန္တယ္။ပဝါျဖဴျဖဴေအာက္က ပါးေလးတို႔ ရဲခနဲ။

ဆင္တူ ဆံထိုးေလးတစ္ခု လက္ေဆာင္ေပးခဲ့တယ္။

" ဒီကသခင္ေလးအတြက္ လက္ေဆာင္ေလး။ မျငင္းဖို႔ ေမွ်ာ္လင့္မိပါတယ္ "

" ေက်းဇူးတင္ပါတယ္ လူႀကီးမင္း "

" နာမည္ေလးေတာ့ သိခြင့္ရမလား "

" ေရွာင္း...ေရွာင္းက်န္႔ပါ လူႀကီးမင္း "

" လူႀကီးမင္းလို႔ မေခၚပါနဲ႔ "

မ်က္ေတာင္ေကာ့ေကာ့တိို႔ လႈပ္ခတ္လို႔ရယ္ စူးစမ္းသလို ၾကည့္မိတယ္။

" ေမာင္က အသက္မႀကီးေသးပါဘူး "

အတည္လိုလို စေနာက္သလိုနဲ႔ နား႐ြက္ဖ်ားနားကပ္လို႔ ေျပာလာေတာ့ အျမန္ေျပးထြက္လာခဲ့ရျပန္တယ္။

ေနာက္ကို လွည့္ၾကည့္လွည့္ၾကည့္ လုပ္ကာရယ္ သက္လ်ာရင္ေတြ ေပါက္ထြက္မတတ္ခုန္ေနခဲ့တယ္။

• ေမာင္သိမွသိပါေလစြ *

တစ္လတိတိတိုင္ေအာင္ ထပ္ေတြ႕ဆုံျခင္း မရွိခဲ့။ေနာက္ေက်ာေလးမ်ားတူရင္ ေမာင္လားလို႔ ေတြးမိခဲ့တယ္။ မခ်စ္ခင္ကတည္းက ေစာင့္ေမွ်ာ္ခဲ့မိတယ္။

• ေမာင္သိရဲ႕လား *

သုံးႀကိမ္ေျမာက္ေတြ႕ဆုံျခင္းက တ်ဲတ်ဲရဲ႕ ေမြးေန႔ပြဲေလးမွာရယ္။

ဖခင္နယ္စားမင္းရဲ႕ ေမြးေန႔မို႔ ေမြးေန႔ပြဲေလးက နယ္မွာရွိသမွ်လူေတြနဲ႔ စည္ကားေနခဲ့တယ္။

တစ္နယ္သားမွန္းမသိေလပဲ လာေရာက္ေလမလားလို႔ မသိစိတ္က ေမွ်ာ္ေနခဲ့တယ္။

အိမ္ေတာ္ရဲ႕အေနာက္ဘက္ လူျပတ္လပ္တဲ့ ေနရာ။

႐ုတ္တရက္ ဖမ္းဆြဲခံရတဲ့ လက္ေကာက္ဝတ္ေလးေၾကာင့္ လန္႔သြားခဲ့ရတယ္။

အလန႔္တၾကား ေအာ္ေတာ့မဲ့ဆဲဆဲ ေမာင္ပါ ဆိုတဲ့စကားေၾကာင့္ အျပဳအမူေတြ ႐ုတ္ခ်ည္းရပ္တန္႔ခဲ့ရတယ္။

" လူ...လူႀကီးမင္း ဒါ..ဒါဘာအျပဳအမူပါလဲ "

" လူႀကီးမင္းမဟုတ္ပါဘူး ေမာင့္နာမည္က ရိေပၚပါ "

" ရိေပၚ... "

ညအေမွာင္ရဲ႕ အားေကာင္းမႈကို လမင္းက ၿဖိဳခြင္းေနသလို။ လျပည့္လဝန္းျဖစ္တဲ့ ညမို႔ ေမာင့္မ်က္ႏွာေခ်ာေခ်ာကို ေငးေမာၾကည့္ေနမိခဲ့တယ္။

႐ုတ္တရက္ ပဝါျဖဴျဖဴ ျဖဳတ္ခ်ခံခဲ့ရတယ္။

ႏွင္းဆီပြင့္ဖတ္ေတြလို ရဲစြတ္ေနတဲ့ ႏႈတ္ခမ္းသား။ပါးပါးအိအိ ႏႈတ္ခမ္းေလးက ဆုတ္ယူျခင္းခံခဲ့ရတယ္။

ရင္ဘတ္ကို တဒုန္းဒုန္းထုရင္း ျငင္းဆန္ေနခဲ့ေပမဲ့ ႏွလုံးသားက ေစလိုရာမေရာက္ လြင့္ေျမာေနခဲ့တယ္။

" သက္လ်ာကို ေမာင္ခ်စ္တယ္ "

စကားသံက တိုးလ်လ်။ သက္လ်ာနားထဲမွာေတာ့ အက်ယ္ႀကီး ၾကားလိုက္ရတယ္။ သက္လ်ာတဲ့လားေမာင္ရယ္။

" ေမာင့္္တစ္သက္တာလုံးအတြက္ ခ်စ္ျမတ္ႏိုးၾကင္နာသြားမဲ့ လ်ာခံထားရတဲ့ သက္လ်ာ ေမာင့္သက္လ်ာ

ေနာက္တစ္ရက္ေနရင္ ညဘက္ ေဈးဟိုဘက္လမ္းက မိုးမခပင္ေအာက္မွာ ေမာင္ေစာင့္ေနပါ့မယ္ ေမာင့္ကိုခ်စ္ရင္ သက္လ်ာေရာက္လာေပးပါေနာ္ "

ေတာင္းဆိုခ်က္တို႔ကို ဦးေႏွာက္က မလိုက္ေလ်ာမိပါပဲ ေလအလ်င္လို ေပ်ာက္ကြယ္သြားခဲ့တဲ့ေမာင္။

ပထမဆုံးအႀကိမ္ ညဘက္ႀကီး အိမ္ေတာ္က ခိုးထြက္လာခဲ့တယ္။ရင္ေတြက တလွပ္လွပ္တုန္လို႔။

ေကာခႏၶာကိုယ္က ေယာက္်ားသားတို႔ မ်က္စိက်စရာမို႔ ညအခ်ိန္ အျပင္ထြက္ခြင့္ကန္႔သတ္ခဲ့တဲ့ တ်ဲတ်ဲရဲ႕စကားသံတို႔ ေပ်ာက္ကြယ္သြားခဲ့ၿပီ။လ်စ္လ်ဴရႈ ဥေပကၡာျပဳကာရယ္။

ညမီးအိမ္တို႔ကို တင္းတင္းကိုင္ရင္း လကို အေဖာ္ျပဳ မိုးမခပင္ေအာက္ ေရာက္လာခဲ့ၿပီ။မိုးမခပင္ေအာက္ဝယ္ ေမာင့္ရဲ႕အရိပ္ေလးကို ျမင္ေတြ႕ရတာနဲ႔တင္ ေျခလွမ္းတို႔ သြက္ခဲ့ရၿပီ။

" ရိေပၚ "

" သက္လ်ာ "

အံ့အားသင့္သလို ေပ်ာ္႐ႊင္မႈတို႔ ေပ်ာ္ဝင္ေနခဲ့တဲ့ ေမာင့္မ်က္ဝန္းေတြ။ အၿပဳံးေတြ မရပ္တန္႔ႏိုင္ခဲ့ဘူး။

" သက္လ်ာေရာက္လာတယ္ တကယ္ေရာက္လာတာ "

" အင္း "

ေမာင့္ရဲ႕ေရ႐ြတ္သံတို႔ၾကား ရွက္ေသြးေလးေၾကာင့္ နား႐ြက္ဖ်ားေလးရဲခဲ့ရတယ္။ ရင္ခြင္ထဲေပြ႕ဖက္မႈတို႔ၾကား ခႏၶာကိုယ္ေလး တုန္ခနဲ။ရင္ခြင္က်ယ္ထံ တိုးဝင္ခဲ့တယ္။

" ေမာင့္ကို ခ်စ္လို႔ ေရာက္လာတာမလား "

လက္သီးဆုပ္ကေလးနဲ႔ ဖြဖြေလးထုလိုက္မိတယ္။

" အ႐ူး မခ်စ္ပဲ ဘယ္သူကေရာက္လာမွာလဲ "

" ဟားဟား သက္လ်ာရွက္ေနၿပီ "

ေမာင့္အၿပဳံးတို႔ကို ေငးေမာခဲ့တယ္။ေမးဖ်ားကေန ပင့္တင္ခံရတဲ့ မ်က္ႏွာႏုႏုကို ေမာင္က စိုက္ၾကည့္ေနခဲ့တဲ့အခါ ရွက္ေသြးတို႔ျဖာခဲ့ရျပန္တာပဲ။

" ေမာင့္ကို ခ်စ္တယ္လို႔ ေျပာပါအုံး "

" ခ်စ္တယ္ "

" ဘယ္သူ႔ကိုလဲ "

" ေမာင့္ကို "

" ၾကားခ်င္လို႔ ျပန္ေျပာပါအုံး သက္လ်ာ "

" ေမာင့္ကို သက္လ်ာက ခ်စ္တယ္ "

လေရာင္ေအာက္က ခ်စ္သူႏွစ္ဦးတို႔ ေပ်ာ္႐ႊင္ေနခဲ့တယ္။

ေမာင္ရယ္ သက္လ်ာရယ္ေပါ့။

------------- ေမာင့္သက္လ်ာ -----------

( Mon, 6 , September, 2021 )

Continue Reading

You'll Also Like

592K 21.5K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! πŸ˜‚πŸ’œ my first fanfic...
410K 6.5K 80
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.2M 52.3K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC