COMPLETE ဧကရီကို ကိုယ်တော် မ...
By Kyiphyuswe
63.5K 5.2K 664
ဒီဟာလေး ကတော့ ဒုတိယမြောက် ခြေလှမ်း လေးပဲ ဖြစ်ပါတယ်နော်။ ရှေ့အပုဒ်က Boy X Boy ပုံစံ ဖြစ်တာမို့ BXG ကြိုက်တက်တဲ... More
အပိုင်း (1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း (12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း(15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (၂၈)
အပိုင်း (29)
အပိုင်း (30) [Final]
EXTRA (ဇာတ်ကြောင်းအစစ်)
အပိုင်း (4)
2.4K 255 10
By Kyiphyuswe
[Unicode]
4. ကျန်း စိတ်ဆိုးနေတယ် ဧကရီ!!
ထိုနေ့လည်း သေချာပေါက် ဧကရာဇ် လေးဟာ သူ့ ဧကရီ ဆီမှာပဲ အိပ်ရမယ် လို့တွေး ခဲ့ပေမယ့် သူ့မယ်တော်ဆီ မှာ တာဝန်ထမ်းဆောင် ခဲ့တဲ့ ကုန်းကုန်း က ကိုယ်ပိုင် အိပ်ဆောင် ကို ပြန် ရမှာ လို့ ပြောခဲ့တယ်လေ။
  ဘယ်နှယ့်.... ကျန်း  ကို များ ၃ နှစ် ကလေး အောက်မေ့နေ သလား မသိ။ ကျန်း က ညတိုင်း ကျန်း ရဲ့ ဇနီး ဧကရီ ဆီ မှာပဲ အိပ်ဆောင် ဝင်မှာပေါ့။ ကျန်း မှာ မှ တစ်ခြား ဧကရာဇ် တွေ လို ဘာအဆင့် ညာအဆင့် အလှလေး ၃ထောင်မှ မရှိပဲ။ ပြီး တော့ ဧကရာဇ် ရဲ့ ကိုယ်ပိုင် နန်းဆောင်က အိမ်ရှေ့စံ အိပ်ဆောင် ထက်ကြီး တဲ့ အပြင် ဒီနန်းဆောင် ရှေ့ မှာ မိဖုရား ၃ ပါးလောက် ​သတ်သေ  ဘူးတယ်တဲ့။ ကျန်း က မိုးမြေ တစ်ခွင် အောက် ဘာမှ မကြောက်ပေမယ့် မထိတွေ့ နိုင်တဲ့ အဲ့လို အရာတွေ တော့ အဟမ်း.....လန့်တယ် ပေါ့နော်။
   နောက်ပြီး ဒီ ကုန်းကုန်း က ဧကရီ အကြောင်း ပြော နေတာ ကို မျက်နှာ ကြီး က ဘောက်မယ့်ကြောင့် ခွေးအကြီး သံပုရာ သီး ကိုက်ထား သလို ဖြစ်တာတုံး။ ဧကရီ ဆိုတာ နိုင်ငံ ရဲ့ မိခင်ပဲ ကျန်း တစ်ယောက် ကသာ ဧကရီ ကို စိတ်ဆိုး ခွင့် မကြိုက်ခွင့် ရမှာ..... ။ ပြီးတော့ ကျန်းရဲ့ ကိုယ်ပိုင် ကုန်းကုန်း က အခု ဘယ်ရောက် နေလဲ မသိဘူး။ အဲ့ ကုန်းကုန်း ကမှ ​အရိုအသေရှိ သေးတာ။
" မိန်းမစိုးကြီး...ကျန်း အမှတ်မမှား ရင် မင်းက မယ်တော့်ရဲ့ ကိုယ်ပိုင် အစေခံ မဟုတ်လား ။ ဘောက်မယ့်ကြောင့် ကျန်း ရဲ့ အစေခံ က အခစား မဝင်ပဲ မင်း က ကျန်း ဆီ လာရောက်နေ တာတုံး။ မယ်တော် ကများ ကျန်းရဲ့ အရေး ကိစ္စတွေ ကို စွတ်ဖက် ချင်နေတာလား ။ မင်းတို့တွေ က ကျန်း ကို တောင် ထိန်းချုပ်ချင်နေတယ် ပေါ့လေ''
  ဧကရာဇ် လေးဟာ သူ့အမတော် ရှေ့မှာသာ နူးညံ့သိမ်မွေ့ ရှက်ကြောက်တက်တဲ့ ကြောင်လေး ဖြစ်သွား တက်တာ။ တစ်ခြား သူတွေ ရှေ့မှာတော့ အစွယ်ရှည်နဲ့ ကျားပေါက်လေး လိုပဲ။ လုံးဝ ကို ဟိတ် ဟန် အပြည့်နေလေ့ ရှိတယ်။ သူက ပြောလိုက်တဲ့ အခါ ထို ကုန်းကုန်း က မဲ့လိုက်ပြီး အရိုအသေ တစ်စက် မရှိပဲ ပြန်ပြောတယ်။
" အရှင့် ကို ဒီအစေခံ က ထိန်းချုပ်ချင် နေတာ မဟုတ်ရ ပါဘူး။ မယ်တော်ကြီး က အရှင့်အပါးမှာ အမှုတော် ထမ်း ဖို့လွှတ် လိုက်တာပါ။ ဒီအစေခံ က အနောက်နန်းဆောင် နဲ့ ပတ်သက်ပြီး ဧကရာဇ် ကို လမ်းပြ ပေး မှာမို့....''
   ထို မိန်းမစိုး စကား မပြီး သေးခင် လီကျယ် ရီ အော်ရယ် ပစ်လိုက်တယ်။
" ကျန်းကို မင်းလို အစေခံ တစ်ယောက်က အာ မဟုတ်သေးဘူး သင်ကြား ရေး နန်းဆောင်က မော့မော့ တွေ မဟုတ်တဲ့ မိန်းမတွေ ကိုတောင် ထိခွင့်မရ နိုင်တဲ့ ကုန်းကုန်း က အနောက် ဆောင်နဲ့ ပတ်သက်ပြီး သင်ကြား ပေးမယ် ဟုတ်စ...ပြီးတော့ ဘယ်က မယ်တော်ကြီးလဲ ကျန်း မသိလိုက်ရပါလား...''
   မျက်နှာလေး နဲ့မှ မလိုက် ကြောက်ဖို့ကောင်းနေတဲ့ လေသံကြောင့် ထိုကုန်းကုန်း နည်းနည်းတော့ တွန့်သွားတယ်။ ဒါပေမယ့် သူ့ရဲ့ တာဝန် က ဧကရီ နဲ့ ဧကရာဇ် ကြားမှာ ဆက်ဆံရေး အဖုအထစ် ဖြစ်အောင် လုပ်ရမှာ က တစ်ကြောင်း သူ့အနောက်မှာ မယ်တော်ကြီး နဲ့ အမတ်မင်းတွေ ရှိနေတာကြောင့် သိပ်တော့ လန့်ဟန် မပြ ပဲ ဘာမှ သိပ်ဂရု မထား တဲ့ မျက်နှာ နဲ့ပြောလေတယ်။
" အရင် ဧကရီ က အခု မယ်တော်ကြီး ဖြစ်လာ တာလေ...ဘုရားရေ ဧကရာဇ် က တကယ်ပဲ ဧကရီ ရဲ့ လွှမ်း မိုး မှု ခံ နေရတာပဲ။ အိုင်း.....အရင်ဧကရာဇ်နဲ့ များ...အကွာကြီးနော်...အရင်အရှင် ဆိုရင် မောင်းမတွေ ကို ပြည်တွင်းရေးမှာ ဝင်မပါအောင် လုပ်ထား နိုင်တယ်...ကျွတ်..ကျွတ်...''
  ခေါင်းယမ်းကာ သူမှန်တယ် ထင်ရာ ပြောနေတဲ့ ထို အစေခံ ကိုကြည့် ပြီး လီကျယ်ရဲ့ မျက်လုံးတွေ က ကစား စရာ တစ်ခု တွေ့သလို တောက်ပသွားတယ်။
ခမည်းတော် က ငယ်စဥ် ကတည်း က ဘယ်မိဖုရား ဘယ်ဧကရီ လက်အောက် ကိုမှ မွေးမြူ ဖို့ပေး ခဲ့တာ မဟုတ်ပဲ သူကိုယ်တိုင် နဲ့ အမတော် တို့ က ပျိုးထောက် ခဲ့တာမို့ အခြေအနေ တွေ အကုန်လုံး ကို သူနားလည်တယ်။
  အမှန်တော့ လီကျယ်ဟာ ဧကရာဇ် ကိုယ်တိုင် မွေး ထား တဲ့ သား ဖြစ်တယ်။ ဟုတ်ပါတယ် သင်တို့ အဖက်မှားတာ မဟုတ်ပါဘူး။ လီကျယ်ရဲ့ ခမည်းတော်ဟာ သူငယ်ဘဝ တုံးက သူ့ကို ထိန်းသိမ်း ရတဲ့ သူ့မွေးမေရင်း မဟုတ်တဲ့ မိဖုရား ကြောင့် ခန္ဓာမှာ ယင်ယန်ပြောင်းစေတဲ့ အဆိပ် ကို စားမိခဲ့လေတယ်။ ရှင်းပါတယ် အဲ့ မိဖုရား က သူ့ကို သူမ သားအရင်း အတွက်ခြေ နင်း တုံး အဖြစ် ခုခဲ့တာပဲ ဖြစ်တယ်။ လီမုဟန် တစ်ယောက် အသက် ၁၈ ပြည့်တဲ့ အခါ ရာသီသွေး ဆင်း တာတွေ ဖြစ်လာတာ မို့ အခြေအနေ တွေ ကို ရိပ်မိလာတယ်။ ဒါကြောင့်ပဲ လီမုဟန် က ထိုမိဖုရား သား ရဲ့ အခွင့်အာဏာ ကို ယူပြီး တစ်ဖြေးဖြေးနဲ့ တစ်ခြား မင်းသား တွေ ထက် ပိုသာ ခဲ့တယ်။ရက်စက်လှတဲ့ နင်းခြေ မှု အမျိုးမျိုး တွေ ကို မျက်နှာ တစ်ချက်မပျက်ပဲ လုပ်ဆောင် ခဲ့တယ်။  နောက်တော့ သူက ဧကရာဇ် ဖြစ်လာခဲ့တယ်။
သူက ယင်ယန် ပြောင်းလဲ နေတာမို့ မိန်းမတွေ ကို ထိချင်စိတ် လုံးဝ မရှိခဲ့ ပေမယ့် အမတ်တွေ ရဲ့ ပြဿနာ ရှာမှု မရှိအောင် အနောက်ဆောင် ကို မိန်းမတွေ နဲ့ အပြည့်ဖြည့် ခဲ့လေတယ်။ ဒါပေမယ့် သူက အဲ့ မိန်းမတွေ ကို လုံးဝ မထိခဲ့ဘူး။ ဒါပေမယ့် ထို မြေခွေးမတွေ ဆီ သွားရင် စိတ်ခြောက်ခြား စေတဲ့ ရနံ့ ကို သုံးပြီး သူတို့ ဖြစ်ခဲ့ သလို ဟန်ဆောင် ခဲ့လေတယ်။
နောက်တော့ သူ့လက်အောက်ခံ ဧကရာဇ် တစ်ပါး က သူ့ဆီ ကို ယောကျာ်းလေး တစ်ယောက် ဆက်သလာတယ်။ ထိုကောင်လေး က လီမုဟန်ထက် ၅ နှစ်ငယ်ပြီး အခုမှ ၁၆ ပြည့်ကာစလေး ဖြစ်တယ်။ အမှန်တော့ ဆက်သ လိုက်တဲ့ သူက ထို အလှလေး ဟာ ယောကျာ်းလေး မှန်း မသိပါဘူး။ ဒါကြောင့် ကိုယ်လုပ်တော် အဖြစ် ဝင်လာပြီး မဂ်လာ ဦး ညမှာ သူက ယောကျ်ားလေး ဖြစ်နေတာ ကို သိလိုက်ရပြီး လီမုဟန် တစ်ယောက် အစား ခံ လိုက်ရပါတော့တယ်။
( ကိုယ်ယူ တဲ့ သူက အထီးမှန်း အမမှန်း ကွဲ ပါစေ)
   သိပ်မကြာခင် လီမုဟန် ကကိုယ်ဝန် ရှိလာပြီး ဗိုက်လေး ထွက်လာတာ မို့ ၆လ သားလေး မှာပဲ နယ်စပ်တွေ ဘက်ကို ခရီး အကြောင်း ပြပြီး သွား ခဲ့ပြီးမှ လီကျယ် ကို မွေး ခဲ့တာပဲ ဖြစ်တယ်။ အခု လီမုဟန် ဆုံးပါး သွားတဲ့ အခါ ချူချာတဲ့ သူ့အဖေ က လုံးဝ မခံစား နိုင်ပဲ သူ့ဇနီး ဧကရာဇ် နောက် ကိုသာ လိုက်ပါ သွားခဲ့တော့တယ်။ ဟုတ်ပါတယ် ။ ဒါတွေ အိုက်ဖေး က ယောကျာ်းလေး ဆိုတာကို အရင်ဧကရာဇ် ရယ်၊ လီကျယ်ရယ်၊ ရှန်းလုရယ် ပဲ သိတဲ့ အရာ ဖြစ်လေတယ် ။
  " အစောင့်တွေ လာကြစမ်း ဒီအမျိုးယုတ် ကို ဆွဲထုတ်သွားပြီး ကိုယ်တော့် ငွေအပ်တွေ နဲ့ ဆူးကြာပွတ် ယူခဲ့ကြစမ်း...ကျန်း ကို လာစမ်းရဲတယ်ပေါ့လေ...လာကြစမ်း..... အရင် ဧကရီ နန်းဆောင်က နန်းကျ ဧကရီ ကို နဲ့ အပေါင်းအသင်းတွေ ပါ တစ်ပါတည်း ဖမ်းခဲ့...''
   အစောင့် တစ်ဝက်က ပြေး သွားပြီးနောက် တစ်ခြားတစ်ဝက် ကို ထပ်အမိန့်ပေး လိုက်တယ်။
" အခုချက်ချင်း ကျန်း နန်းဆောင်မှာ တာဝန်ကျတဲ့ လူတွေ ကို အရှေ့ အကုန်ခေါ်လာခဲ့ကြစမ်း....ကျန်းက မခိုင်းပဲ ပျောက်သွား တဲ့ သူတွေ ကို ခေါ်ထုတ်ကြစမ်း....ကျန်းဘေးနား မှာ ကြွက်တွေ မထား နိုင်ဘူး။ ''
နောက် တစ်နာရီရဲ့ လေးပုံ တစ်ပုံလဲ ကြာတဲ့ အခါ အကုန်လုံး က ဧကရာဇ် ငယ်လေး ရှေ့ မှာ ဒူးထောက် နေခဲ့ရတယ်။ သူ့ရဲ့ သတင်းခိုးပို့တဲ့ အစေခံ တွေ ကို ရက်ရက် စက်စက် ရိုက်နေတာ ကို ဇိမ်ခံ ကြည့် လိုက်နေတယ်။ ပြီးတော့ ထို ဧကရီ အဟောင်း ကိုလဲ ဒူးသာ ဆက်ထောက်ခိုင်း ထားတယ်။
သိပ်မကြာခင်ပဲ သူ့ရဲ့ အမတော်က သတင်းကြား လို့ ရောက်လာခဲ့တယ်။ တစ်ခြား သူတွေ က အခု ဧကရီ ကို မြင်တော့ အရမ်းပျော် သွားကြတယ်။ ဧကရာဇ် ကို နိုင်တာ ရှန်းလုပဲ ရှိတာ ကိုး။ သေချာပေါက် ရှန်းလုက သူတို့ကို လွတ်ပေး မယ် ထင်တာပေါ့။
ဒါပေမယ့် ဘာလို့ ရှန်းလုက ဧကရာဇ် ကိုပွေ့ပြီး နန်းဆောင် ထဲ ခေါ်သွား ရတာတုံး။
   အိပ်ဆောင် ထဲ ရောက်တော့ သူမ ပွေ့ထားတဲ့ ကောင်လေး က တစ်ခြား ဘက်လှည့်ကာ 'ကျန်းစိတ်ဆိုးနေတယ်' ဆိုတဲ့ ပုံနဲ့ လှည့်ထား တာကိုတွေ့ လိုက်ရတယ်။ ရှန်းလု က မျက်နှာ ကို ချက်ချင်း တည်ကာ မေး လိုက်တယ်။
" ကျယ်ကျယ်.... မင်း ဘာမှားမှန်း သိလား ''
" ကျန်း ဘာမှမှားဘူး..! !''
  ရှန်းလုက ပါ သူ့ကို ဆူနေတာမို့ လီကျယ် စိတ်တွေထိန်းမရအောင် ဝမ်းနည်း လာတယ်။ သူ့မှာ အားကိုး စရာ ဆိုလို့ အမတော်ပဲ ရှိတာ အခုတော့ အမတော် ကပါ ကျန်း ကို ထိန်းချုပ်ချင်နေပြီ။ သူမ ပြောတော့ ကျန်းကိုပဲ အချစ်ဆုံးပါဆို  အခုတော့....တွေးရင်းနဲ့ ငိုချ လိုက်တယ်။
"ဝူးဝူး....အမတော်က ပါ ကျန်း ကို အနိုင်ကျင့် တယ်....ဝူးဝူး....ကျန်း ဘာမှ မမှား ဘူး....ကျန်း အမတော် ကို စိတ်ဆိုး တယ်။ ကျန်း စိတ်ဆိုးနေတယ် လို့ ဧကရီ ရဲ့... ဝါးဝါး....''
  ငိုနေသော ဧကရာဇ် ကြောင့် ရှန်းလု မှာလဲ ပြန်ဖြေရှင်း ရတော့တယ်။
" ပန်ကုန်း ပြောချင်တာ က ဒီလို မဟုတ် ဘူးလေ အရှင်သေးသေးလေးရဲ့။ အရှင် က အဖိုးတန်လေးလေ... ဘာကြောင့် သူတို့ကို တိုက်ရိုက် အပြစ်ပေး ဖို့ လိုသလဲ  .....လုပ်ပေးမယ့် လက်တွေ အများ ကြီး ရှိတယ်...အခုကြည့် ဟိုအစေခံ ကို ဆူကြိမ်နဲ့ ရိုက်တယ် လို့ကြားတယ်။ လက်မှာ အရာတွေ ထင် ကုန်ပြီ မလား....''
သူ့ဧကရီ က သူ့ ကို ဆူနေတာမဟုတ်မှန်း သိတဲ့ အခါ သူ့ဧကရီ ပုခုံးမှီကာ လက်လေး ထုတ်ပြပြီး ဆက်ငိုတယ်။
ပြောချင်တာက သူနာနေတယ် ။ ဒါကြောင့် ဧကရီ က ဆက်ချော့ပါ။
  ရှန်းလု က ဒီဧကရာဇ် လေး အကြောင်း နားလည်တာမို့ လက်လေးနဲ့ ခေါင်းလေး ပွတ်ပါ ချော့သိပ်လိုက်တယ်။ ပြီးမှ အပြင်ဘက်က မြွေ တစ်သိုက်ကို ရှင်းဖို့ သွားလေတယ်။
  သူမ အကုန်သိပြီးသား ဖြစ်တယ်။ သူမမောင်လေး ရဲ့ ခေါင်းမှာ ပန်ထားတဲ့ ကျောက်စိမ်း ဆံထိုးက မှတ်တမ်းတင်ကျောက်နဲ့ လုပ်ထားတာမို့ သူမက ပြန်ကြည့်ကာ သိလိုက်တယ်။ ပန်ကျွင်း ရဲ့ လူကို သိပ်ထိပါး ချင်နေတာပေါ့လေ။ ပန်ကျွင်း က မင်းတို့ကို အကြောက်တရားက ဘာလဲ ဆိုတာ မြည်းစမ်း ခိုင်းမယ်။
.................................................................
ပန်ကုန်း = ဒီဧကရီ
ပန်ကျွင်း = ဒီဆရာသခင်
ကျန်း = ငါကိုယ်တော်
ချန်ချယ့် = ကျွန်တော်မျိုးမ(မိဖုရားငယ်တွေ အသုံး)
လူးထိုက် = ဒီအစေခံ (ကိုယ်လုပ်တော်တွေ အသုံး)
ပန်ဝမ် = ငါဝမ်ရယ်
ပန်ဖေး = ငါဝမ်ဖေးကြင်ယာတော်(တရားဝင်ဇနီး)
စီ့ဖေး = ဒုတိယ အဆင့် ကိုယ်လုပ်တော်(ဝမ်ရယ် အိမ်တော်အသုံး)
ကိုင်း......တင်ပေးဖို့ ပူဆာနေတဲ့ မေ့မေ့ လေးတွေ ရှိလို့
..............................................,.................
[Zawgyi]
" ကျန်း ဘာမှမှားဘူး..! !''
.................................................................
ပန်ကုန်း = ဒီဧကရီ
ပန်ကျွင်း = ဒီဆရာသခင်
ကျန်း = ငါကိုယ်တော်
ပန်ဝမ် = ငါဝမ်ရယ်
..............................................,.................
Continue Reading
You'll Also Like
202K 16.6K 200
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
329K 33.3K 131
ဘာသာပြန်သူ - စွဲညို့အသင်း
205K 21.5K 37
System - host ရယ် ကျေးဇူးပြုပြီး mission လေးကို သေချာလေးလုပ်ပေးပါ ဟုတ်ပြီလား Host - . . . . System - host . . . host ဘာဖြစ်. .ဟမ် .အိပ်နေပြန်ပြီလား ...
2.1M 144K 198
သူမနိုးလာတော့ ခေါင်းတလားတစ်ခုထဲမှာ။ ယောက်ျားလေးတစ်ယောက်အဖြစ်နဲ့ ပေါ့။ သူမအချိန်ကူးပြောင်းလာတာလား။ ဘာကြောင့် ရှေးခေတ် ယောက်ျားလေးတစ်ယောက်ရဲ့ အဝတ်တစ်စံ...