ZAW
လူတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ ဘတ္ဟြၽန္းရဲ႕ အိတ္က အရမ္းေရပန္းစားေနတယ္။ပိုပိုၿပီး ေရပန္းစားေလ ပိုပိုၿပီးမနာလိုၾကေလပဲ။ဒီေန႔ေတာ့ သူအလုပ္လုပ္ေနတုန္းက လူတစ္ေယာက္ေရာက္လာတယ္။
ထိုလူက သူသတ္မွတ္ထားတဲ့ နံပါတ္စဥ္၂ ။
ေျပာရရင္ အဖြဲ႕မႈးနဲ႔ မင္ေဟာ့ဟု အမည္ရေသာ ထိုလူက
သူငယ္ခ်င္းေတြ။အဖြဲ႕မႈးက သူ႔ရဲ႕ တက္လမ္းကိုရိုက္ခ်ရင္
မင္ေဟာ့က သူ႔ကို ကံၾကမၼာဆိုးကိုယူေဆာင္လာေပးခဲ့တဲ့လူပဲ။သူအႀကံတစ္ခုရတယ္။ခဲနွစ္လံုးနဲ႔ ငွက္နွစ္ေကာင္ပစ္ဖို႔ဆိုတာ အရမ္းလြယ္တယ္။
သူတတ္ခဲ့တဲ့ ကင္မရာထဲမွာ ပံုၾကမ္းေတြ ခိုးေရာင္းတဲ့လူက အဖြဲ႕မႈးပဲ။တိုက္တိုက္ဆိုင္ဆိုင္ အဲ့ေန႔က ဘတ္ဟြၽန္းကေနာက္ဆံုးမွ ျပန္တာဆိုေတာ့ သူလို႔ပဲ အားလံုးက ထင္ၾကတယ္။
ဉာဏ္မရွိတဲ့ လူတစ္စုအတြက္ကေတာ့ သက္ေသဆိုတာ အမိႈက္လိုပဲ။
"CEOေခၚေနတယ္ ဘတ္ဟြၽန္း"
ဘတ္ဟြၽန္း ေခါင္းတစ္ခ်က္ၿငိမ့္ျပၿပီး CEOရံုးခန္းဘက္ကို ဦးတည္လိုက္တယ္။အထဲမွာ ထိုင္ေနတဲ့ ခ်န္းေယာလ္က သူ၀င္လာတာနဲ႔ အံဆြဲထဲကတစ္ခုနိႈက္ၿပီးေပးလာတယ္။
"ေရာ႕ "
"ဘာလဲ"
"စကားမမ်ားနဲ႔ ဖြင့္ၾကည့္ရင္သိမယ္"
မင္းအေမကေတာ့ ဖြင့္ၾကည့္ရင္သိတာေပါ့ဟ။
ထြက္က်လာတဲ့ အေရအတြက္မ်ားတဲ့ ပိုက္ဆံေတြေၾကာင့္ ဘတ္ဟြၽန္း ခ်န္းေယာလ္ကိုၾကည့္လိုက္တယ္။
"မင္းအတြက္ bonus "
"ေက်းဇူး"
ေအးစက္စက္အေျခအေနက စားပြဲေပၚက ေရခဲေရတစ္ခြက္နဲ႔ မျခားနားပဲ။အပိုအလိုေျပာစရာမရွိတဲ့ အေျခအေနမွာ ဘတ္ဟြၽန္းက လွည့္ထြက္လာခဲ့တယ္။
ရံုးခန္းထဲကထြက္လာၿပီးရင္ ၀န္ထမ္းတစ္ေယာက္ဆီက ၾကားလိုက္ရတယ္။
"ဟမ့္ ေယာက်ာ္းဆီက ခ်ဴစားေနတယ္"
ဘတ္ဟြၽန္းဘာမွမေျပာေတာ့ပဲ သက္ျပင္းခ်လိုက္တယ္။
သူ႔ကိုပဲ လူေတြကအားရံုအရမ္းထားၾကတယ္။
ဒါကစိတ္ရႈပ္စရာအရမ္းေကာင္းတာပဲ။
သူကေတာ့ ေျပာင္တင္းတင္းပဲေန႔တစ္၀က္ခြင့္ယူလိုက္တယ္။
သူ႔ကိုပြစိပြစိေျပာေန တဲ့လူေတြကေတာ့ ရပ္မသြားဘူးပဲ။
သူရဲ႕ဒီေန႔အစီအစဥ္မွာ အကိုလုဟန္ဆီသြားမယ္။ေလ်ွာက္သြားမယ္။တစ္ခါေလာက္ေတာ့ လြတ္လပ္မႈနဲ႔ေပ်ာ္႐ႊင္မႈဆိုတဲ့ အရသာေလးခံၾကည့္ခ်င္ေသးတယ္။
သူပထမဆံုး အကိုလုဟန္ဆီကို သြားတယ္။သူေပးရမယ့္ အိမ္လခကို ေပးလိုက္တယ္။သူရတဲ့ပိုက္ဆံအေရအတြက္နဲ႔ဆို အကုန္လံုးေငြေခ်လို႔ရေနၿပီ။ဒီေလာက္ထိ သူရတဲ့ပိုက္ဆံေတြကမ်ားတယ္။ဒါေပမယ့္ ပိုက္ဆံေတြ အကုန္လံုး ေငြေခ်လို႔မျဖစ္ေသးဘူး။ စားစရိတ္နဲ႔ ဆရာ၀န္ျပစရိတ္ပါက်န္ေသးတယ္
ၿပီးေတာ့ သူအကိုလုဟန္ဆိုင္မွာ လူက်ေနတာေၾကာင့္ ကူလုပ္ေပးခဲ့တယ္။
"ဘတ္ဟြၽန္း မင္း၀လာတာလား "
"နည္းနည္းပါ အကိုရာ"
"ကေလးကေတာ့ တစ္တုတ္ေနမွာပဲ အသည္းယားစရာေလးျဖစ္ေနမွာပဲေနာ္ ကေလးက"
သူ႔ရဲ႕ ဗိုက္ေလးထဲမွာ ကေလးေလးရွိတယ္ဆိုတာ လုဟန္သိတယ္။ပိစိေညႇာင့္ေတာက္ေလာက္ေလးသာရွိတဲ့ ဗိုက္ေလးကို ထိၾကည့္ၿပီး လုဟန္မွာ အသည္းတယားယားနဲ႔။
"ကြၽန္ေတာ္ျပန္ေတာ့မယ္ေနာ္ အကို"
"အင္း အင္း အားရင္လာလည္ေနာ္ ဂရုစိုက္သြား"
အကိုလုဟန္ရဲ႕ စကားကို ဘတ္ဟြၽန္းက ၿပံဳးၿပံဳးေလးတံု႔ျပန္ခဲ့ၿပီး သူ႔ရဲကိုယ္ပိုင္အခ်ိန္ေလးကို အသံုးခ်ဖို႔ စိတ္ကူးလိုက္တယ္။
ေျမာက္ႂကြေျမာက္ႂကြနဲ႔ တက္ႂကြတဲ့ ေျခလွမ္းေတြနဲ႔ သြားေနတဲ့ ဘတ္ဟြၽန္းက ဒီေန႔ကစိတ္အေျခအေနအရမ္းေကာင္းေနတယ္ဆိုတာေျပာစရာကိုမလိုဘူး။
bonusရလို႔လား?အလုပ္နားရလို႔လားေတာ့မသိဘူး။ဒီေန႔ေတာ့ ေတာ္ေတာ္ကို စိတ္က အဆင္ေျပေနတယ္။
ပါလာတဲ့ ပိုက္ဆံေတြနဲ႔ အရသာရွိတဲ့ အစားအစာေတြသြားစားတယ္။marketကေနၿပီးေတာ့လည္း အစာေျပ သေရစာေတြ မုန္႔ေတြေရာ အစံု၀ယ္ခဲ့တယ္။
သြားေနရင္း စိတ္ထဲ ေရခဲမုန္႔စားခ်င္လာတာမို႔ ျမင္ေနရတဲ့ ကေလးကစားကြင္းထဲက ေရခဲမုန္႔ဆိုင္ေလးဆီကုိ ဦးတည္လိုက္တယ္။
စေတာ္ဘယ္ရီအရသာေရခဲမုန္႔ခြက္ကေလးကိုကိုင္ၿပီး အနီးနားက ခံုေပၚမွာထိုင္ကာ ေျပးလႊားကစားေနၾကတဲ့ ကစားကြင္းထဲက ကေလးေတြကို ၾကည့္ေနတယ္။
သူကေလးေလးၾကရင္လည္း ကစားကြင္းေတြလိုက္ပို႔မယ္။
မိသားစုေတြစံုစံုလင္လင္နဲ႔ ေပ်ာ္ေနၾကတဲ့ လူတစ္စုက အနီးအနား မလွမ္းကမ္းမွာရွိတယ္။
သူ႔ရဲ႕ကေလးေလးၾကရင္လည္း ဒီလိုေလးေတြ အသံဆာဆာေလးေတြနဲ႔ေျပးလႊားေဆာ့ကစားေနမလား။
အခုေဆာ့ကစားေနၾကတဲ့ ကေလးေတြလိုေပါ့...။
မတူတာကေတာ့ ဒီမွာရွိတဲ့ ကေလးေတြက မိဘအစံုအလင္နဲ႔။ဘတ္ဟြၽန္း ထိုသို႔ေတြးမိေတာ့ အနည္းငယ္ေတာ့ စိတ္မေကာင္းျဖစ္ရတယ္။အားလံုးၿပီးျပည့္စံုေအာင္ ထားပါမည္ဟု အတန္တန္ကတိေပးထားတဲ့ သူက ဒါကိုေတာ့ တည္နိုင္မယ္မထင္ဘူး။
သူျမင္မင္သမ်ွ ပတ္၀န္းက်င္က အျဖဴေရာင္တိမ္ဆိုင္လိုေတြနဲ႔ ဖံုးလႊမ္းေနတယ္။သူရုတ္တရပ္ ထရပ္လိုက္တယ္။သူရပ္လိုက္တာကိုေတာ့စိတ္ထဲသိတယ္။ဒါေပမယ့္ ငံု႔ၾကည့္လို႔မရဘူး။ေဘးနားကို ထိေတြ႕ၾကည့္တဲ့အခါမွာလည္း တစ္စံုတစ္ရာမခံစားရဘူး။
ၿပီးေတာ့ သူ႔နားထဲ ကေလးတစ္ေယာက္ရဲ႕ ရယ္သံေတြက ျဖတ္တိုက္သြားတယ္။ေတာ္ေတာ္ေလးကို ေပ်ာ္႐ႊင္ေနပံုေပါက္တဲ့ကေလးတစ္ေယာက္ရဲ႕ ရယ္သံေၾကာင့္ သူ႔ရင္ထဲက လိုွင္းေလးတစ္ခုက သိမ့္ကနဲ...။
"ဒယ္ဒီ"
အသံခ်ိဳခ်ိဳေသးေသးေလးက သူ႔ေရွ႕ဆီကၾကားရတယ္။
သူ႔ကို ဒယ္ဒီလို႔ေခၚလိုက္တာလား?
ခုနက ေအာက္ကိုငံုၾကည့္လို႔မရတဲ့ သူကေတာ့ အေရွ႕က ဆံပင္တိုေလးကို နွစ္ဖက္ခြစီးထားတဲ့ ကေလးမေလးကိုေတာ့ရွင္းလင္းစြာျမင္ရတယ္။
စီတန္းေနတဲ့ သြားေသးေသးေလးေတြ ေပၚေအာင္ၿပံဳးျပေနတဲ့ ကေလးမေလးကို သူရင္းနွီးေနသလို ခံစားရတယ္။
"ဒယ္ဒီ..."
ေခၚျပန္ၿပီ ဒီကေလးနဲ႔ေတာ့...
ဒယ္ဒီဆိုတဲ့ အသံုးအနႈန္းက နည္းနည္းေတာ့ သူ႔အတြက္စိမ္းသက္သလို ရွိေနေပမယ့္ ၾကည္ႏူးမႈေလးက တစ္ခဏရလိုက္တယ္။
"ငါ့ကိုလား"
သူ႔အသံက ကေလးမေလးဆီေရာက္မသြားဘူး။သူေျပာလိုက္တယ္ဆိုတာကိုေတာ့ သူေသခ်ာႀကီးသိတယ္။
"ဒယ္ဒီ မီးမီးကို မလိုခ်င္ဖူးလားဟင္?"
"ဟမ္?"
"ဒယ္ဒီက မီးမီးကို မခ်စ္ဘူး ေျခေထာက္နဲ႔လည္းကန္တယ္"
ဒီကေလးမေလးကို ေျခေထာက္နဲ႔ကန္တယ္?သူက?
"ပါးပါးကိုလည္း အနိုင္က်င့္တယ္..."
ပါးပါး?
"ပါးပါးရဲ႕အိမ္မက္ေတြျဖစ္ေအာင္ ဒယ္ဒီက လုပ္ေနာ္"
"ဒယ္ဒီ မီးမီးစကား နားေထာင္ေနာ္"
ေျပာၿပီးၿပီးခ်င္း အေရွ႕က အရိပ္ေလးက ေပ်ာက္သြားတယ္။
သူနားမလည္တာေတြ ေမးဖို႔အတြက္ လိုက္ရွာၾကည့္ေတာ့ ခုနကလို တိမ္ျဖဴေတြသာ စိုးမိုးေနတယ္။
သူခပ္ေရးေရးျမင္လိုက္ရတယ္။ ေကာင္ေလးတစ္ေယာက္က ခုနက ကေလးမေလးကို လက္ဆြဲၿပီး ထြက္သြားတယ္။
ဒီေက်ာျပင္က ရင္းနွီးေနတယ္။
ကေလးမေလးက သြားေနရာက ရပ္ၿပီးေတာ့ သူ႔ဘက္ကိုလွည့္ၿပီးရယ္ျပလာတယ္။
ၿပီးေတာ့ ၿပီးေတာ့ ကေလးမေလးလက္ကို ဆြဲထားတဲ့ ေကာင္ေလးက တစ္ျဖည္းျဖည္း လွည့္လာတယ္။
ေနာက္ၿပီး....
ေနာက္ၿပီးေတာ့...
သူျမင္လိုက္ရတာ သူ႔အခန္းမ်က္နွာၾကက္။
အိမ္မက္ပါလား....။
သူခ်က္ခ်င္းထထိုင္ကာ ေဘးနားက ေရကရားထဲက ေရအခ်ိဳ႕ငွဲ႔ကာ ေသာက္လိုက္တယ္။ တိုင္ကပ္နာရီဆီအၾကည့္ေရာက္မိေတာ့ ၁နာရီ။
သူအိမ္မက္အေၾကာင္းျပန္စဥ္းစားတယ္။
ကေလးမေလးက သူ႔ကိုဒယ္ဒီလို႔ေခၚတယ္။ပါးပါးလို႔လည္း ေျပာတယ္။ေကာင္ေလးတစ္ေယာက္က ကေလးမေလးလက္ကို ဆြဲကိုင္ထားၿပီး သူ႔ဘက္လွည့္လာတယ္။ေနာက္ၿပီး အိမ္မက္က နိုးလာတယ္။
သူမွတ္မွတ္ရရ ကေလးမေလးက သူ႔နဲ႔ရုပ္ေတာ္ေတာ္ဆင္ေနတယ္။လွည့္လာတဲ့ ေကာင္ေလးရဲ႕ မ်က္နွာကိုေတာ့ သူမျမင္လိုက္ရဘူး။
အိမ္မက္က နည္းနည္းေတာ့ ထူးဆန္းေနေပမယ့္ သူ႔စိတ္ထဲ တစ္ကယ္လို႔ ခံစားေနရျပန္တယ္။သူျပန္အိပ္လို႔မရေတာ့တာေၾကာင့္ ျပတင္းေပါက္နားကို သြားလိုက္တယ္။
ည၁နာရီပဲ ရွိေသးတာေၾကာင့္ ပတ္၀န္းက်င္တစ္ခုလံုး အေမွာင္သာ ၿကီးစိုးေနတယ္။အိမ္မက္ထဲက ကေလးက သူ႔ကိုေခါင္းစားေအာင္ လုပ္သြားခဲ့တာေတာ့အမွန္။
ေျပာသြားတဲ့စကားေတြကလည္း သူနားမလည္တာေတြ။ပါးပါးတဲ့ ဒယ္ဒီတဲ့။ဘယ္သူက ေယာက်ာ္းနွစ္ေယာက္ကရတဲ့ ကေလးရွိလို႔လဲ။ဘယ္ေယာက်ာ္းက ကိုယ္၀န္ေဆာင္ႏိုင္လို႔လဲ။
မိန္းမနဲ႔ ေယာက်ာ္းက ရတဲ့ကေလးကပဲ အရာ၀င္တာ။
ဒီတိုင္းဒါကရုးေၾကာင္ေၾကာင္ အိမ္မက္သာသာပဲ။
UNI
လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဘတ်ဟျွန်းရဲ့ အိတ်က အရမ်းရေပန်းစားနေတယ်။ပိုပိုပြီး ရေပန်းစားလေ ပိုပိုပြီးမနာလိုကြလေပဲ။ဒီနေ့တော့ သူအလုပ်လုပ်နေတုန်းက လူတစ်ယောက်ရောက်လာတယ်။
ထိုလူက သူသတ်မှတ်ထားတဲ့ နံပါတ်စဉ်၂ ။
ပြောရရင် အဖွဲ့မှုးနဲ့ မင်ဟော့ဟု အမည်ရသော ထိုလူက
သူငယ်ချင်းတွေ။အဖွဲ့မှုးက သူ့ရဲ့ တက်လမ်းကိုရိုက်ချရင်
မင်ဟော့က သူ့ကို ကံကြမ္မာဆိုးကိုယူဆောင်လာပေးခဲ့တဲ့လူပဲ။သူအကြံတစ်ခုရတယ်။ခဲနှစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ဆိုတာ အရမ်းလွယ်တယ်။
သူတတ်ခဲ့တဲ့ ကင်မရာထဲမှာ ပုံကြမ်းတွေ ခိုးရောင်းတဲ့လူက အဖွဲ့မှုးပဲ။တိုက်တိုက်ဆိုင်ဆိုင် အဲ့နေ့က ဘတ်ဟျွန်းကနောက်ဆုံးမှ ပြန်တာဆိုတော့ သူလို့ပဲ အားလုံးက ထင်ကြတယ်။
ဉာဏ်မရှိတဲ့ လူတစ်စုအတွက်ကတော့ သက်သေဆိုတာ အမှိုက်လိုပဲ။
"CEOခေါ်နေတယ် ဘတ်ဟျွန်း"
ဘတ်ဟျွန်း ခေါင်းတစ်ချက်ငြိမ့်ပြပြီး CEOရုံးခန်းဘက်ကို ဦးတည်လိုက်တယ်။အထဲမှာ ထိုင်နေတဲ့ ချန်းယောလ်က သူဝင်လာတာနဲ့ အံဆွဲထဲကတစ်ခုနှိုက်ပြီးပေးလာတယ်။
"ရော့ "
"ဘာလဲ"
"စကားမများနဲ့ ဖွင့်ကြည့်ရင်သိမယ်"
မင်းအမေကတော့ ဖွင့်ကြည့်ရင်သိတာပေါ့ဟ။
ထွက်ကျလာတဲ့ အရေအတွက်များတဲ့ ပိုက်ဆံတွေကြောင့် ဘတ်ဟျွန်း ချန်းယောလ်ကိုကြည့်လိုက်တယ်။
"မင်းအတွက် bonus "
"ကျေးဇူး"
အေးစက်စက်အခြေအနေက စားပွဲပေါ်က ရေခဲရေတစ်ခွက်နဲ့ မခြားနားပဲ။အပိုအလိုပြောစရာမရှိတဲ့ အခြေအနေမှာ ဘတ်ဟျွန်းက လှည့်ထွက်လာခဲ့တယ်။
ရုံးခန်းထဲကထွက်လာပြီးရင် ၀န်ထမ်းတစ်ယောက်ဆီက ကြားလိုက်ရတယ်။
"ဟမ့် ယောကျာ်းဆီက ချူစားနေတယ်"
ဘတ်ဟျွန်းဘာမှမပြောတော့ပဲ သက်ပြင်းချလိုက်တယ်။
သူ့ကိုပဲ လူတွေကအားရုံအရမ်းထားကြတယ်။
ဒါကစိတ်ရှုပ်စရာအရမ်းကောင်းတာပဲ။
သူကတော့ ပြောင်တင်းတင်းပဲနေ့တစ်ဝက်ခွင့်ယူလိုက်တယ်။
သူ့ကိုပွစိပွစိပြောနေ တဲ့လူတွေကတော့ ရပ်မသွားဘူးပဲ။
သူရဲ့ဒီနေ့အစီအစဉ်မှာ အကိုလုဟန်ဆီသွားမယ်။လျှောက်သွားမယ်။တစ်ခါလောက်တော့ လွတ်လပ်မှုနဲ့ပျော်ရွှင်မှုဆိုတဲ့ အရသာလေးခံကြည့်ချင်သေးတယ်။
သူပထမဆုံး အကိုလုဟန်ဆီကို သွားတယ်။သူပေးရမယ့် အိမ်လခကို ပေးလိုက်တယ်။သူရတဲ့ပိုက်ဆံအရေအတွက်နဲ့ဆို အကုန်လုံးငွေချေလို့ရနေပြီ။ဒီလောက်ထိ သူရတဲ့ပိုက်ဆံတွေကများတယ်။ဒါပေမယ့် ပိုက်ဆံတွေ အကုန်လုံး ငွေချေလို့မဖြစ်သေးဘူး။ စားစရိတ်နဲ့ ဆရာဝန်ပြစရိတ်ပါကျန်သေးတယ်
ပြီးတော့ သူအကိုလုဟန်ဆိုင်မှာ လူကျနေတာကြောင့် ကူလုပ်ပေးခဲ့တယ်။
"ဘတ်ဟျွန်း မင်းဝလာတာလား "
"နည်းနည်းပါ အကိုရာ"
"ကလေးကတော့ တစ်တုတ်နေမှာပဲ အသည်းယားစရာလေးဖြစ်နေမှာပဲနော် ကလေးက"
သူ့ရဲ့ ဗိုက်လေးထဲမှာ ကလေးလေးရှိတယ်ဆိုတာ လုဟန်သိတယ်။ပိစိညှောင့်တောက်လောက်လေးသာရှိတဲ့ ဗိုက်လေးကို ထိကြည့်ပြီး လုဟန်မှာ အသည်းတယားယားနဲ့။
"ကျွန်တော်ပြန်တော့မယ်နော် အကို"
"အင်း အင်း အားရင်လာလည်နော် ဂရုစိုက်သွား"
အကိုလုဟန်ရဲ့ စကားကို ဘတ်ဟျွန်းက ပြုံးပြုံးလေးတုံ့ပြန်ခဲ့ပြီး သူ့ရဲကိုယ်ပိုင်အချိန်လေးကို အသုံးချဖို့ စိတ်ကူးလိုက်တယ်။
မြောက်ကြွမြောက်ကြွနဲ့ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ သွားနေတဲ့ ဘတ်ဟျွန်းက ဒီနေ့ကစိတ်အခြေအနေအရမ်းကောင်းနေတယ်ဆိုတာပြောစရာကိုမလိုဘူး။
bonusရလို့လား?အလုပ်နားရလို့လားတော့မသိဘူး။ဒီနေ့တော့ တော်တော်ကို စိတ်က အဆင်ပြေနေတယ်။
ပါလာတဲ့ ပိုက်ဆံတွေနဲ့ အရသာရှိတဲ့ အစားအစာတွေသွားစားတယ်။marketကနေပြီးတော့လည်း အစာပြေ သရေစာတွေ မုန့်တွေရော အစုံဝယ်ခဲ့တယ်။
သွားနေရင်း စိတ်ထဲ ရေခဲမုန့်စားချင်လာတာမို့ မြင်နေရတဲ့ ကလေးကစားကွင်းထဲက ရေခဲမုန့်ဆိုင်လေးဆီကို ဦးတည်လိုက်တယ်။
စတော်ဘယ်ရီအရသာရေခဲမုန့်ခွက်ကလေးကိုကိုင်ပြီး အနီးနားက ခုံပေါ်မှာထိုင်ကာ ပြေးလွှားကစားနေကြတဲ့ ကစားကွင်းထဲက ကလေးတွေကို ကြည့်နေတယ်။
သူကလေးလေးကြရင်လည်း ကစားကွင်းတွေလိုက်ပို့မယ်။
မိသားစုတွေစုံစုံလင်လင်နဲ့ ပျော်နေကြတဲ့ လူတစ်စုက အနီးအနား မလှမ်းကမ်းမှာရှိတယ်။
သူ့ရဲ့ကလေးလေးကြရင်လည်း ဒီလိုလေးတွေ အသံဆာဆာလေးတွေနဲ့ပြေးလွှားဆော့ကစားနေမလား။
အခုဆော့ကစားနေကြတဲ့ ကလေးတွေလိုပေါ့...။
မတူတာကတော့ ဒီမှာရှိတဲ့ ကလေးတွေက မိဘအစုံအလင်နဲ့။ဘတ်ဟျွန်း ထိုသို့တွေးမိတော့ အနည်းငယ်တော့ စိတ်မကောင်းဖြစ်ရတယ်။အားလုံးပြီးပြည့်စုံအောင် ထားပါမည်ဟု အတန်တန်ကတိပေးထားတဲ့ သူက ဒါကိုတော့ တည်နိုင်မယ်မထင်ဘူး။
သူမြင်မင်သမျှ ပတ်ဝန်းကျင်က အဖြူရောင်တိမ်ဆိုင်လိုတွေနဲ့ ဖုံးလွှမ်းနေတယ်။သူရုတ်တရပ် ထရပ်လိုက်တယ်။သူရပ်လိုက်တာကိုတော့စိတ်ထဲသိတယ်။ဒါပေမယ့် ငုံ့ကြည့်လို့မရဘူး။ဘေးနားကို ထိတွေ့ကြည့်တဲ့အခါမှာလည်း တစ်စုံတစ်ရာမခံစားရဘူး။
ပြီးတော့ သူ့နားထဲ ကလေးတစ်ယောက်ရဲ့ ရယ်သံတွေက ဖြတ်တိုက်သွားတယ်။တော်တော်လေးကို ပျော်ရွှင်နေပုံပေါက်တဲ့ကလေးတစ်ယောက်ရဲ့ ရယ်သံကြောင့် သူ့ရင်ထဲက လှိုင်းလေးတစ်ခုက သိမ့်ကနဲ...။
"ဒယ်ဒီ"
အသံချိုချိုသေးသေးလေးက သူ့ရှေ့ဆီကကြားရတယ်။
သူ့ကို ဒယ်ဒီလို့ခေါ်လိုက်တာလား?
ခုနက အောက်ကိုငုံကြည့်လို့မရတဲ့ သူကတော့ အရှေ့က ဆံပင်တိုလေးကို နှစ်ဖက်ခွစီးထားတဲ့ ကလေးမလေးကိုတော့ရှင်းလင်းစွာမြင်ရတယ်။
စီတန်းနေတဲ့ သွားသေးသေးလေးတွေ ပေါ်အောင်ပြုံးပြနေတဲ့ ကလေးမလေးကို သူရင်းနှီးနေသလို ခံစားရတယ်။
"ဒယ်ဒီ..."
ခေါ်ပြန်ပြီ ဒီကလေးနဲ့တော့...
ဒယ်ဒီဆိုတဲ့ အသုံးအနှုန်းက နည်းနည်းတော့ သူ့အတွက်စိမ်းသက်သလို ရှိနေပေမယ့် ကြည်နူးမှုလေးက တစ်ခဏရလိုက်တယ်။
"ငါ့ကိုလား"
သူ့အသံက ကလေးမလေးဆီရောက်မသွားဘူး။သူပြောလိုက်တယ်ဆိုတာကိုတော့ သူသေချာကြီးသိတယ်။
"ဒယ်ဒီ မီးမီးကို မလိုချင်ဖူးလားဟင်?"
"ဟမ်?"
"ဒယ်ဒီက မီးမီးကို မချစ်ဘူး ခြေထောက်နဲ့လည်းကန်တယ်"
ဒီကလေးမလေးကို ခြေထောက်နဲ့ကန်တယ်?သူက?
"ပါးပါးကိုလည်း အနိုင်ကျင့်တယ်..."
ပါးပါး?
"ပါးပါးရဲ့အိမ်မက်တွေဖြစ်အောင် ဒယ်ဒီက လုပ်နော်"
"ဒယ်ဒီ မီးမီးစကား နားထောင်နော်"
ပြောပြီးပြီးချင်း အရှေ့က အရိပ်လေးက ပျောက်သွားတယ်။
သူနားမလည်တာတွေ မေးဖို့အတွက် လိုက်ရှာကြည့်တော့ ခုနကလို တိမ်ဖြူတွေသာ စိုးမိုးနေတယ်။
သူခပ်ရေးရေးမြင်လိုက်ရတယ်။ ကောင်လေးတစ်ယောက်က ခုနက ကလေးမလေးကို လက်ဆွဲပြီး ထွက်သွားတယ်။
ဒီကျောပြင်က ရင်းနှီးနေတယ်။
ကလေးမလေးက သွားနေရာက ရပ်ပြီးတော့ သူ့ဘက်ကိုလှည့်ပြီးရယ်ပြလာတယ်။
ပြီးတော့ ပြီးတော့ ကလေးမလေးလက်ကို ဆွဲထားတဲ့ ကောင်လေးက တစ်ဖြည်းဖြည်း လှည့်လာတယ်။
နောက်ပြီး....
နောက်ပြီးတော့...
သူမြင်လိုက်ရတာ သူ့အခန်းမျက်နှာကြက်။
အိမ်မက်ပါလား....။
သူချက်ချင်းထထိုင်ကာ ဘေးနားက ရေကရားထဲက ရေအချို့ငှဲ့ကာ သောက်လိုက်တယ်။ တိုင်ကပ်နာရီဆီအကြည့်ရောက်မိတော့ ၁နာရီ။
သူအိမ်မက်အကြောင်းပြန်စဉ်းစားတယ်။
ကလေးမလေးက သူ့ကိုဒယ်ဒီလို့ခေါ်တယ်။ပါးပါးလို့လည်း ပြောတယ်။ကောင်လေးတစ်ယောက်က ကလေးမလေးလက်ကို ဆွဲကိုင်ထားပြီး သူ့ဘက်လှည့်လာတယ်။နောက်ပြီး အိမ်မက်က နိုးလာတယ်။
သူမှတ်မှတ်ရရ ကလေးမလေးက သူ့နဲ့ရုပ်တော်တော်ဆင်နေတယ်။လှည့်လာတဲ့ ကောင်လေးရဲ့ မျက်နှာကိုတော့ သူမမြင်လိုက်ရဘူး။
အိမ်မက်က နည်းနည်းတော့ ထူးဆန်းနေပေမယ့် သူ့စိတ်ထဲ တစ်ကယ်လို့ ခံစားနေရပြန်တယ်။သူပြန်အိပ်လို့မရတော့တာကြောင့် ပြတင်းပေါက်နားကို သွားလိုက်တယ်။
ည၁နာရီပဲ ရှိသေးတာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်သာ ကြီးစိုးနေတယ်။အိမ်မက်ထဲက ကလေးက သူ့ကိုခေါင်းစားအောင် လုပ်သွားခဲ့တာတော့အမှန်။
ပြောသွားတဲ့စကားတွေကလည်း သူနားမလည်တာတွေ။ပါးပါးတဲ့ ဒယ်ဒီတဲ့။ဘယ်သူက ယောကျာ်းနှစ်ယောက်ကရတဲ့ ကလေးရှိလို့လဲ။ဘယ်ယောကျာ်းက ကိုယ်ဝန်ဆောင်နိုင်လို့လဲ။
မိန်းမနဲ့ ယောကျာ်းက ရတဲ့ကလေးကပဲ အရာဝင်တာ။
ဒီတိုင်းဒါကရုးကြောင်ကြောင် အိမ်မက်သာသာပဲ။