အပိုင္း ၂၈
Zawgyi
" မတ္တပ္ထၿပီးေျပာေလ"
လီ႐ွီခ်င္း သက္ျပင္းခ်ကာ ေျပာလိုက္တယ္။
ေ႐ွာင္းလီကေတာ့ တစ္ခ်က္ေလးေတာင္ မလႈပ္ပဲ ေခါင္းငံု႔လ်က္ ၾကမ္းေပၚမွာ ဒူးေထာက္ျမဲ။
ဒီလိုပံုစံနဲ႔ သူ႔ကိုၾကည့္ၿပီး လီ႐ွီခ်င္းလည္း အသံကို တစ္ဆင့္ပို ႏူးည့ံလိုက္တယ္။
" အဲ့တာဆိုလည္း အဲ့မွာပဲဒူးေထာက္ၿပီး ေျပာေပါ့ကြာ။ ေျပာစရာ႐ွိရင္လည္း ျပတ္ျပတ္သားသားသာ ေျပာ။ "
ေ႐ွာင္းလီက အသံတိုးတိုးနဲ႔
" ခ်င္းရယ္၊ ကြၽန္ေတာ့္ညီကို မ်က္ႏွာလႊဲ ခဲပစ္လုပ္ဖို႔ဆိုတာ ကြၽန္ေတာ့္အတြက္ မျဖစ္ႏိုင္တဲ့ကိစၥ။ ၿပီးေတာ့ ဟန္က်ားကိုလည္း ဆြဲမထည့္ခ်င္ဘူး။ ကြၽန္ေတာ္ လုပ္ႏိုင္တာဆိုလို႔ ဒီကိုလာၿပီး ခ်င္းရယ္ကို အကူအညီေတာင္းတာပဲ႐ွိတယ္ "
" မင္း ငါ့ကိုဘာအကူအညီမ်ား ေတာင္းခ်င္လို႔လဲ "
" ေလာ္တုန္းက ကြၽန္ေတာ့္ကို တိုက္႐ိုက္မဆက္သြယ္ဘူးဆိုေပမယ့္ ခ်င္းရယ္ကိုေတာ့ ဆက္သြယ္တယ္ေလ။ ခ်င္းရယ္ပိုင္တဲ့ထဲက တစ္ခုခုကို လိုခ်င္ေနတာ ျဖစ္မယ္။ "
လီ႐ွီခ်င္း အေတာ္ၾကာ ဆြ႔ံအသြားကာ ထိုင္ခံုေပၚ ေျဖာင့္မတ္စြာထိုင္ခ်လိုက္တယ္။
" ေ႐ွာင္းလီ၊ မင္းငါ့ဆီမွာ ဘာကိုေတာင္းဆိုေနလဲဆိုတာ ကိုယ့္ဟာကိုေရာ သိရဲ႕လား "
" ခ်င္းရယ္၊ ကြၽန္ေတာ္ ေတာင္းဆိုတာပါ။ ကြၽန္ေတာ့္ညီကိစၥ ကူညီေပးပါဗ်ာ။ "
ေ႐ွာင္းလီရဲ႕ သြင္ျပင္မွာ ခက္ခဲမႈေတြစီးပိုးလို႔ ေတာင္းဆိုစကားဆိုေနမိတယ္။
" အဲ့လိုရမလားကြ။ မင္းက ေလာ္တုန္းကို ဒီနယ္ပယ္မွာ ျပန္ေျခခ်ေစခ်င္ေနတာလား။ "
လီ႐ွီခ်င္းရဲ႕ အသံက ခပ္တင္းတင္းနဲ႔ ပိုက်ယ္လာတယ္။ ၿပီးေနာက္ မတ္တပ္ထရပ္ၿပီး လက္ႏွစ္ဖက္ကို ေနာက္မွာယွက္ကိုင္ရင္း ျပတင္းေပါက္ေဘးေနရာကို ေလ်ွာက္သြားလိုက္တယ္။
" လုဝူနဲ႔ ေလာ္တုန္းက ငါ့ဆီကေန မင္းနဲ႔ဟန္က်ားကို လိုခ်င္ေနတာ။ အဲ႔တာကလည္း သူတို႔ အဆက္အသြယ္နဲ႔ ပါဝါကိုသံုးၿပီး ငါ့ကို အၾကပ္ကိုင္ခ်င္တာထက္မပိုဘူး။ သူတို႔ဆီ မင္းတို႔ကိုလက္လႊဲမေပးရင္ ငါ့ပုိင္နက္ထဲက တခ်ိဳ႕ေနရာေတြကို ငါေပးရမွာ။
ငါမင္းတို႔ႏွစ္ေယာက္လံုးကို လက္မလႊဲႏိုင္ဘူး။ အရင္ကလည္း ငါေျပာၿပီးသားပဲ။ အဲ့လိုဆိုေပမယ္ ငါ့ပိုင္နက္ေတြကိုလည္း ခြဲမေပးႏိုင္ပါဘူး။ ေလာ္တုန္းလက္ထဲသာ အပ္လိုက္ရရင္ ဒီနယ္ေျမမွာ သူခြန္အားႀကီးလာမွာေပါ့။ မင္းတို႔ႏွစ္ေယာက္ကိုလည္း မေပးဘူး၊ ငါ့နယ္ေျမလည္း ခြဲမေပးဘူးဆိုရင္ ဓားစာခံက အသတ္ေတာ့ခံရမွာပဲေလ။
ဒါေပမယ့္ ငါတို႔သာ ေလာ္တုန္းလက္ထဲ လက္စတုန္း မခံရဘူးဆိုရင္ သူဘာတတ္ႏိုင္မွာတဲ့လဲ။ ေ႐ွာင္းလီ၊ မင္း ကိုယ္ပိုင္ ပိုင္နက္ရၿပီး ေခါင္းေဆာင္ျဖစ္လာတုန္းကေလ... မာက်ီခြၽယ့္က ေလာ္တုန္းရဲ႕ သမီးအရင္းကို ဖမ္းသြားတာမွတ္မိလား။
တစ္ရက္ျပီးတစ္ရက္ သူ႔သမီးရဲ႕ လက္တစ္ေခ်ာင္းစီျဖတ္ၿပီး ေလာ္တုန္းကို ေျမာက္ပိုင္းကၿမိဳ႕ေတြမွာ႐ွိတဲ့ သူ႔အာဏာစက္ကို ေလ်ာ့ေအာင္အၾကပ္ကိုင္တာေလ။ အဲ့တုန္းက ေလာ္တုန္းဘယ္လုိလုပ္ခဲ့လဲ မင္းသိမွာပါ။ "
ေ႐ွာင္းလီ ေခတၱႏႈတ္ပိတ္ေနၿပီးမွ တိုးလ်စြာ ျပန္ေျပာတယ္။
" သူဘာမွ ျပန္မလုပ္ခဲ့ဘူး "
" အဲ့ဒါပဲေလ "
လီ႐ွီခ်င္း စိတ္မေကာင္းစြာ သက္ျပင္းခ်ၿပီးေနာက္ ဆက္ေျပာတယ္။
" ေလာ္တုန္းကို ျခိမ္းေျခာက္လို႔မရမွေတာ့ မာက်ီခြၽယ့္လည္း ဘာတတ္ႏိုင္ေသးလဲ။ ေနာက္ဆံုးက် သူ႔ရဲ႕ စုတ္ပဲ့တဲ့လုပ္ရပ္ကို ရပ္တန္းကရပ္ရလိုက္ရတယ္။ သူ႔ဂိုဏ္လည္း တစ္ကြဲတစ္ျပားစီ ပ်က္သြားတယ္ေလ။ မင္းေျပာၾကည့္စမ္းပါ။ ငါတို႔ေလာ္တုန္း ခိုင္းတာလုပ္သင့္လား၊ မာက်ီခြၽယ့္ ေျခရာနင္းသင့္လားဆိုတာ။ "
ေ႐ွာင္းလီကေတာ့ ဘာမွျပန္မေျပာ။ ေအာက္ကိုပဲစိုက္ၾကည့္ကာ နဖူးနဲ႔ၾကမ္းျပင္ထိတဲ့အထိ အားကုန္သံုးလို႔ ကိုယ္ကို ကိုင္းၫြတ္ေနဆဲ။
" ခ်င္းရယ္၊ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ဗ်ာ။ ကြၽန္ေတာ့္ညီကို ကယ္ပါဦး။ "
ေ႐ွာင္းလီရဲ႕ နဖူးနဲ႔ၾကမ္းျပင္႐ိုက္ခတ္သံ အက်ယ္ႀကီးကို ၾကားလိုက္ရလို႔ လီ႐ွီခ်င္း မ်က္ေမွာင္တို႔ ထိလုနီးပါး ၾကံဳ႕မိတယ္။ အခန္းအလယ္ေခါင္မွာ ေခါက္တံု႔ေခါက္ျပန္ အႀကိမ္ေရ အနည္းေလာက္ေလ်ွာက္ၿပီးေနာက္ ေ႐ွာင္းလီေ႐ွ႕ ရပ္ေလတယ္။ ေ႐ွာင္းလီရဲ႕ အက်ႌေကာ္လာကို ဆုပ္ကိုင္လို႔ နဖူးနဲ႔ၾကမ္းျပင္ေဆာင့္ေနတာကို ရပ္တန္႔ေစလိုက္တယ္။
သို႔ေသာ္ ေ႐ွာင္းလီပါးစပ္ကေတာ့ တတြတ္တြတ္ေျပာတာရပ္မသြား။
" ခ်င္းရယ္၊ ကြၽန္ေတာ့္ညီကို ကယ္ေပးပါ။ "
လီ႐ွီခ်င္းကိုယ္ကို ကိုင္းလို႔ ေ႐ွာင္းလီရဲ႕နဖူးဆီ လက္လွမ္းကာ နီရဲေယာင္ယမ္းေနတဲ့ ေနရာေလးကို လက္မနဲ႔ ခပ္ဖြဖြ ပြတ္သပ္ေပးလိုက္တယ္။ ႐ုတ္တရက္ သူမ်က္ခံုးပင့္တင္လိုက္ကာ
" မင္း ငိုလိုက္ေသးတာလား "
ထို ႐ုတ္တရက္ဆန္တဲ့စကားတို႔ကို ၾကားလိုက္ရခ်ိန္ ေ႐ွာင္းလီကိုယ္တိုင္လည္း အံအားသင့္လို႔ေနတယ္။ အခိ်န္ေတြ ေခတၱရပ္တန္႔သြားသလို ခ်ီ႐ႈိ႕ယြမ္နဲ႔ မ်ွေဝခဲ့တဲ့ သူ႔ရင္ထဲက မေက်နပ္ခ်က္ေတြကို ျပန္လည္ ေအာက္ေမ့သြားတယ္။ အဲ့ဒီအခ်ိန္တုန္းက ႏွစ္႐ွည္လမ်ား လူမျမင္ေအာင္ ဖြက္ထားမိတဲ့ သူ႔ခံစားခ်က္တို႔ကို ဆက္ျပီး ဖိႏွိပ္မထားႏိုင္ပဲ မ်က္ရည္တို႔ စီးက်လာတာကို သူ႔ကိုယ္သူေတာင္ အ့ံျသေနမိတယ္။
လီ႐ွီခ်င္းက သူ႔ကိုျပန္ေျဖဖို႔ အခ်ိန္ေတာင္မေပးပဲ သူ႔မ်က္ႏွာနားထိ ကိုယ္ကို ဝပ္လိုက္ကာ သူ႔ေမးေစ့ကို လက္တစ္ဖက္နဲ႔ ဆြဲကိုင္လို႔ မ်က္ႏွာကို ေမာ့လိုက္ေစတယ္။
ညင္ညင္သာသာေလးနဲ႔
" မင္းညီအတြက္ ဝမ္းနည္းေနမယ္ဆိုတာ ငါသိပါတယ္။ ဒါေပမယ့္ ငါမွ ေလာ္တုန္းကို ေအာက္မက်ိဳ႕ခ်င္တာ။ အဲ့ေကာင္ကို ေမာင္းထုတ္ဖို႔ ငါးႏွစ္ေလာက္ အခ်ိန္ယူခဲ့ရတာ။ ဒီတစ္ေခါက္သာ သူ႔ကိုျပန္လာခိုင္းလိုက္မယ္ဆိုရင္ သူနဲ႔ ျပန္တိုက္ခိုက္ေနဖို႔ ေနာက္ထပ္ ငါးႏွစ္ဆိုတဲ့ အခ်ိန္က ႐ွိပါ့မလား။ "
ေ႐ွာင္းလီ မ်က္လံုးကိုမိွတ္လို႔ လက္ကိုဆန္႔တန္းကာ လီ႐ွီခ်င္းရဲ႕လက္ေပၚ ဆုပ္ကိုင္လိုက္တယ္။
" ကြၽန္ေတာ္ ကူညီမယ္ "
လီ႐ွီခ်င္း အ့ံျသတုန္လႈပ္သြားတယ္။ ေ႐ွာင္းလီကေတာ့ တုန္ယင္ေနတဲ့ အသံနဲ႔ စကားဆက္ေျပာေနတယ္။
" ခ်င္းရယ္... ႏွစ္ေတြဘယ္ေလာက္ပဲၾကာၾကာ ကြၽန္ေတာ္ ခ်င္းရယ္ေဘးမွာေနၿပီး သူ႔ကိုတိုက္ထုတ္ႏိုင္ေအာင္ ကူညီေပးမယ္။ ခ်င္းရယ္ကို ကြၽန္ေတာ္ ေတာင္းဆိုတာပါဗ်ာ။ ကြၽန္ေတာ့္ညီေလးကိုသာ ကယ္ေပးပါ ။ "
လီ႐ွီခ်င္း တစ္ကိုယ္လံုးေလာင္ၿမိဳက္လာသလိုခံစားရလု႔ိ ေ႐ွာင္းလီလက္ကိုလႊတ္ေပးလိုက္ကာ စိုက္ၾကည့္မိတယ္။ မတ္တပ္ထရပ္ကာ ေတာင္ေလ်ွာက္လိုက္ ေျမာက္ေလ်ွာက္လိုက္ အႀကိမ္ေရအနည္းငယ္လုပ္ရာက ႐ုတ္တရက္ ရပ္လိုက္ၿပီး ေ႐ွာင္းလီကို လက္ညႇဳိးေငါက္ေငါက္ထိုးရင္း ေျပာလိုက္တယ္။
" မင္း ငါ့ကိုဘာေတြေတာင္းဆိုေနလဲဆိုတာ ကိုယ့္ဟာကိုယ္ ေသခ်ာေရာ သိရဲ႕လား။ "
ထို႔ေနာက္ စိတ္ဆိုးမာန္ဆိုးနဲ႔ ေဘးနားမွာ႐ွိတဲ့ ထိုင္ခံုကို ေျခနဲ႔ကန္ထည့္လိုက္ၿပီး တင္းမာစြာ ထပ္ေျပာတယ္။
" မင္း ငါ့ကိုဘာေတြေတာင္းဆိုေနလဲဆိုတာ ကိုယ့္ဟာကိုယ္ ေသခ်ာေရာ သိရဲ႕လားကြ.... ဟမ္ "
ေ႐ွာင္းလီ ေခါင္းနဲ႔ၾကမ္းျပင္ထိတဲ့အထိ ကိုယ္ကိုကိုင္းၫြတ္ကာ ေျပာၿပီးသားစကားကိုသာ ထပ္တလဲလဲ ေရရြတ္တယ္။
" ခ်င္းရယ္... ကြၽန္ေတာ့္ညီကို ကယ္ေပးပါ "
" ပါးစပ္ပိတ္ထား "
လီ႐ွီခ်င္း ေဒါသထြက္စြာ ေအာ္ေငါက္လိုက္လို႔ ေ႐ွာင္းလီလည္း တိတ္သြားတယ္။
လီ႐ွီခ်င္းဆိုတာက ခံစားခ်က္ေတြကို လူသိေအာင္ထုတ္မျပတတ္တဲ့သူ။ ဘာႀကီးပဲ ျဖစ္ေနေန သူ႔မ်က္ႏွာကေတာ့ အျမဲ အျပံဳးေလးနဲ႔။ ဒီလို ေဒါသကို ထုတ္ျပတယ္ဆိုတာမ်ိဳးက ျမင္ရခဲတယ္။
လီ႐ွီခ်င္း သူ႔ကိုယ္သူ စိတ္ၿငိမ္ေအာင္ အရင္လုပ္ၿပီး နဂိုမူလ လူႀကီးလူေကာင္းလို သိမ္ေမြ႔တဲ့ ေလသံျဖစ္ေအာင္ ျပန္လည္လုပ္ယူလိုက္တယ္။
" မင္းေျပာတာေနာ္ ႏွစ္ေပါင္း ဘယ္ေလာက္ၾကာၾကာ ငါ့ေဘးမွာေနမယ္လုိ႔ "
" ဟုတ္ကဲ့ "
" ဘယ္လိုမ်ိဳး ေနေပးမွာလဲ "
ေ႐ွာင္းလီ ေခတၱခဏ ေအးခဲသြားတယ္။
လီ႐ွီခ်င္းရဲ႕ လက္တစ္ဖက္က သူ႔အက်ႌေကာ္လံကို ဆြဲမလို႔ သူလည္းျပန္မခုခံႏိုင္ပဲ မတ္တပ္ရပ္လ်က္ျဖစ္သြားတယ္။ ထိုလက္နဲ႔ပဲ သူ႔မ်က္ႏွာေပၚက အမာရြတ္ကို ခပ္ဖြဖြ ပြတ္သပ္ေနတယ္။
ျပီးေတာ့ ဒီႏွစ္ေတြအတြင္းမွာ သူ႔ကို ေတာက္ေလ်ာက္ ၾကည့္လာတဲ့ အၾကည့္နဲ႔ သူ႔မ်က္လံုးထဲကိုစိုက္ၾကည့္ေနတယ္။ လိုခ်င္တပ္မက္မႈေတြ ျပည့္ေနတဲ့ အၾကည့္ေပါ့။
" ငါ့ေဘးမွာ ဘယ္လိုပံုစံနဲ႔ေနေပးမယ္လို႔စဥ္းစားထားလဲ "
လီ႐ွီခ်င္းက သူ႔ကိုယ္ေပၚမီွတြယ္လိုက္ကာ ေျပာတယ္။
" မွန္မွန္ကန္ကန္ ေျဖႏိုင္ရင္ မင္းညီအတြက္ ခ်က္ခ်င္းကူညီေပးမယ္။ "
ေ႐ွာင္းလီ မ်က္လႊာေလးအသာခ်လို႔ အက်ႌကို စခြၽတ္ဖို႔ျပင္တယ္။
ၾကယ္သီးကိုတစ္လံုးၿပီး တစ္လံုးျဖဳတ္လို႔ အက်ႌတစ္ထည္လံုးခြၽတ္ကာ ေဘးကိုပစ္ခ်လိုက္ခ်ိန္ လီ႐ွီခ်င္းလက္က သူ႔ခါးေဘးကိုေတာင္ လာထိကိုင္ၿပီးေနၿပီ။ သူ႔ရဲ႕ သားေရခါးပတ္ကိုခြၽတ္လိုက္တာမလို႔ ေဘာင္းဘီကေလ်ာ့ရဲလာကာ ၾကမ္းေပၚကိုေလ်ာက်သြားတယ္။
ဒီလိုျဖစ္ပ်က္ေနတဲ့အခ်ိန္ေလးအတြင္းမွာပဲ ခ်ီ႐ႈိ႕ယြမ္ သူ႔ေ႐ွ႕မွာ အဝတ္ေတြ ခြၽတ္လိုက္တုန္းကေရာ ဘယ္လိုမ်ိဳးခံစားေနခဲ့ရမလဲဆိုတာ ေ႐ွာင္းလီ သိခ်င္မိသြားတယ္။
ေ႐ွာင္းလီ သူ႔ရဲ႕အတြင္းခံေဘာင္းဘီအစြန္းေပၚလက္ခ်လိုက္တယ္ဆိုရင္ပဲ လီ႐ွီခ်င္းရဲ႕ တားျမစ္သံထြက္ေပၚလာတယ္။
" ထားလိုက္ "
လီရွီခ်င္းရဲ႕အသက္႐ႈသံတို႔က အေဆာတလ်င္ ျပင္းထန္ျမန္ဆန္လ်က္
" အဲ့တာက ငါခြၽတ္ေပးမယ္ "
လက္ေတြကို အတြင္းဘက္ထဲ ေရာက္ေအာင္ပို႔လိုက္ကာ အထဲက ေ႐ွာင္းလီရဲ႕ပစၥည္းကို ဆုပ္ကိုင္လိုက္တယ္။
ေ႐ွာင္းလီကေတာ့ အသက္ကို ခပ္ျပင္းျပင္း တစ္ခ်က္႐ႈသြင္းလိုက္ကာ မ်က္လံုးေတြကို မိွတ္ထားလိုက္မိတယ္။
ထိုစဥ္.........
႐ုတ္တရက္ ဖုန္းထျမည္သံက နားထဲစူးကနဲ။
လီ႐ွီခ်င္းက ဖုန္းျမည္သံကို မၾကားသလိုပင္ ျပဳမူေနေလရဲ႕။ သူ႔ရဲ႕ေနာက္လက္တစ္ဖက္က ေ႐ွာင္းလီရဲ႕ ေက်ာျပင္တစ္ေလ်ွာက္ ပြတ္သပ္ေပြ႔ဖက္လ်က္ ျဖည္းျဖည္းခ်င္း ေအာက္ဖက္ဆီဆင္းသြားကာ တင္ပါးတို႔႐ွိရာမွာ တရစပ္ကို ဖ်စ္ညစ္ဆုပ္နယ္ေနတယ္။
ဖုန္းျမည္သံက တစ္ခဏေတာ့ ရပ္သြားေသာ္ျငား ခပ္ျမန္ျမန္ပဲ ထပ္ျမည္လာတယ္။ လီ႐ွီခ်င္း ေဒါသထြက္စြာ ေတာက္တစ္ခ်က္ေခါက္လိုက္ရင္း ေ႐ွာင္းလီရဲ႕ တင္သားတို႔ကို တယုတယ ဆုပ္နယ္ၿပီးမွ စိတ္မပါစြာနဲ႔ ဖုန္းကို ေကာက္ကိုင္လိုက္တယ္။
" ဘာလဲ..... ဘာေျပာလိုက္တယ္ "
ေ႐ွာင္းလီမ်က္လံုးဖြင့္ကာ ၾကည့္မိေတာ့ လီ႐ွီခ်င္းရဲ႕ မ်က္ႏွာသြင္ျပင္က အေတာ္ေလးေျပာင္းလဲေနေလၿပီ။
လီ႐ွီခ်င္း ဖုန္းခ်ၿပီးေနာက္ ေ႐ွာင္းလီကို ခပ္ျမန္ျမန္တစ္ခ်က္ၾကည့္လိုက္ကာ ျဖည္းညင္းစြာ ေျပာတယ္။
" မင္း အဝတ္အရင္ျပန္ဝတ္လိုက္ဦး။ ၿပီးရင္ ငါေနာက္ လိုက္ခဲ့။ "
ေ႐ွာင္းလီက ေဘာင္းဘီကို အရင္ ေကာက္ယူကာ
" ခ်င္းရယ္... ကြၽန္ေတာ့္ညီ.... "
" မင္းညီဆိုတဲ့ေကာင္ေၾကာင့္.......... "
လီ႐ွီခ်င္းေျပာရင္းက သက္ျပင္းခ်ကာ
" ဒီေန႔ မင္းညီဆီက ဖုန္းရၿပီးတာနဲ႔ ဟန္က်ားေပ်ာက္သြားတယ္တဲ့။ "
ဒါကိုျကားတာနဲ႔ေ႐ွာင္းလီမ်က္ဝန္းထဲ အ့့ံျသမႈတို႔ ျပည့္ႏွက္သြားရတယ္။
လီ႐ွီခ်င္းလည္း သူ႔အက်ႌ က်ေနရာဆီ ေလ်ွာက္သြားကာ ေကာက္ယူလိုက္ၿပီး ပုခံုးေပၚပစ္တင္လို႔ စကားဆက္ေျပာတယ္။
" ၿပီးေတာ့ တျခားေပ်ာက္ေနတဲ့ဟာလည္း ႐ွိေသးတယ္။ က်င္းတင္ကိုပဲ အရင္သြားၾကည့္လိုက္ရေအာင္။ "
က်င္းတင္ကို ေရာက္ေတာ့မွ အေျခအေနေတြက သူတို႔ထင္ထားတာထက္ ပိုဆိုးေနတာကို သိလိုက္ရတယ္။
--------------------------------
( ေနာက္ေၾကာင္းျပန္ )
ဟန္က်ား မနက္ေစာေစာစီးစီး အလုပ္အတြက္ လုပ္စရာရွိတာလုပ္ ႀကိဳတင္ျပင္ဆင္စရာ႐ွိတာ ျပင္ဆင္ေနခ်ိန္ေလာက္က ေ႐ွာင္းယန္ရဲ႕ လက္ျပတ္ပါလာတဲ့ ေသတၱာကို လီ႐ွီခ်င္းအိမ္ေ႐ွ႕လာပို႔ခံလိုက္ရခ်ိန္ေလာက္မွာျဖစ္တယ္။ လက္ေအာက္ငယ္သား တပည့္တခ်ိဳ႕နဲ႔ လုပ္ငန္းခ်ဲ႕ထြင္ဖို႔၊ အာဏာတြင္က်ယ္ဖို႔အေၾကာင္းမ်ိဳးေတြကို စိတ္လိုလက္ရေဆြးေႏြးေနခဲ့တာေပါ့။
ညကိုးနာရီဝန္းက်င္ေလာက္က်ေတာ့ သူ႔ဆီ ဖုန္းတစ္ခုဝင္လာတယ္။ သူ႔အိမ္ရဲ႕တံခါးေစာင့္က သူဖုန္းေျပာေနရာေဘးက ျဖတ္ေလ်ွာက္သြားတုန္းကေတာင္ ' ေ႐ွာင္းယန္လား။ စိုးရိမ္မေနနဲ႔ေနာ္ ' ရယ္လို႔ေျပာေနတာ ၾကားလိုက္ရေသးတယ္။ အဲ့ေနာက္ပိုင္းကစလို႔ ညည့္နက္ေရာက္လုခ်ိန္အထိ ဟန္က်ားကို ဘယ္သူမွမေတြ႔မိ။ ဘယ္သူမွလည္း သူ႔ကိုဆက္သြယ္လို႔မရ။ သူ႔ရဲ႕ အလုပ္စားပြဲမွာလည္း စာရြက္စာတမ္းေတြက ေသေသသပ္သပ္နဲ႔ စီရရီထားခဲ့ပံုရတယ္။ အဲ့ဒီစာရြက္စာတမ္းေတြအကုန္လံုးဟာ ပိုင္ဆိုင္မႈနဲ႔ဆိုင္တာေတြခ်ည္းပင္။ သို႕ေသာ္ က်င္းတင္ရဲ႕ ေငြေၾကးစီမံခန္႔ခြဲမႈနဲ႔ဆိုင္တဲ့ စာရြက္စာတမ္းေတြကေတာ့ ႐ွိမေနခဲ့။ လူတိုင္း အထိတ္တလန္႔ျဖစ္သြားရကာ လီ႐ွီခ်င္းကို ခ်က္ခ်င္းလို ဖုန္းဆက္ေခၚမိၾကတယ္။
( ေနာက္ေၾကာင္းျပန္ၿပီး )
------------------------------------------------
" ဒီစာရြက္ေတြကို တျခား ဘယ္သူျမင္သြားေသးလဲ "
လီ႐ွီခ်င္းရဲ႕ မ်က္ခံုးႏွစ္ခုက ႐ႈံ႕တြလ်က္....
" ခ်င္း.... ခ်င္းရယ္၊ ကြၽန္ေတာ္လည္း ျမင္တာနဲ႔ခ်က္ခ်င္း အခန္းတံခါးကို ေသာ့ခတ္လိုက္တာ။ တျခားဘယ္သူမွ တက္မလာပါဘူး။ "
ထိုစာရြက္စာတမ္းတို႔ကို ေတြ႔လိုက္ရတဲ့ဟန္က်ားရဲ႕လက္ေထာက္ေလးက တုန္ရီေၾကာက္ရြံ႕စြာ ေျပာလိုက္တယ္။
ထိုစကားေတြကေန စိတ္သက္သာရာရသြားတဲ့ လီ႐ွီခ်င္းတစ္ေယာက္ ေခါင္းကို ေဘးဘက္ဆီ လွည့္ၾကည့္လိုက္ေတာ့ စားပြဲေပၚက စာရြက္ေတြကို တိတ္တိတ္ဆိတ္ဆိတ္နဲ႔ စိုက္ၾကည့္ေနတဲ့ ေ႐ွာင္းလီကို ေတြ႔လိုက္ရတယ္။
သူသက္ျပင္းခ်ကာ
" က်ီးခ်န္ကို ဖုန္းဆက္လိုက္စမ္း။ ငါတို႔ လုဝူနဲ႔ သြားေတြ႔ၿပီး ေဆြးေႏြးရမယ္။ "
ေ႐ွာင္းလီ ေဘးနားက လက္ေထာက္ေကာင္ေလးကို တစ္ခ်က္ၾကည့္ကာ ဖုန္းဆက္ဖို႔ အခန္းျပင္ကို ထြက္သြားလိုက္တယ္။
တျခား ရာထူးတူ အဆင့္တူ ဂိုဏ္းေခါင္းေဆာင္ေတြနဲ႔ယွဥ္ရင္ လ်ိဳ႕က်ီးခ်န္က ပိုၿပီး ပြင့္လင္းတက္ႂကြကာ ဗဟုသုတလည္း ႂကြယ္တယ္ ေျပာရမယ္။ လိုအပ္တဲ့အခ်ိန္မွသာ ရက္စက္ကာ အၾကင္နာမဲ့တာ ျဖစ္တယ္။ လီ႐ွီခ်င္းအေနနဲ႔ လ်ိဳ႕က်ီးခ်န္ကို သူ႔လုပ္ငန္းဆက္ခံသူအျဖစ္ လ်ာထားပံုရကာ အေရးေပၚကိစၥမ်ိဳးေတြအတြက္ အလြန္လည္းအားထားတယ္။
ထင္ထားသလိုပင္ လ်ိဳ႕က်ီးခ်န္က လက္ရွိအေျခအေနကိုျကားတာနဲ႔ ခ်က္ခ်င္းပဲ က်င္းတင္ကို ကတိုက္က႐ိုက္အေျပးလာေလတယ္။ လမ္းမွာလည္း ဖုန္းကို ေတာက္ေလ်ာက္မခ်ပဲ ဆက္တိုက္ဆိုသလိုကို ဆဲဆိုေနတယ္။
" ေလာ္တုန္း...ဒီ ေခြးမသားကေတာ့.......တကယ္ အမိႈက္ကန္ထဲမွာ ေသရမယ့္ေကာင္။ အစတည္းက လက္စေဖ်ာက္လိုက္ရမွာကြာ ဒီေကာင့္ကို။ -ီးလိုပဲ... ငါတို႔အရမ္း ေပါ့မိသြားတယ္။ မင္းကုိ မဆက္သြယ္ပဲ ခ်င္းရယ္ကို တိုက္႐ိုက္စိန္ေခၚေပမယ့္ ဟန္က်ားကိုလည္း မဆက္သြယ္ပါဘူးလို႔ ေျပာလို႔မွမရတာ။ "
ဆဲေနရာက ေမာလာရင္ ေခတၱရပ္ကာ ျပန္ဆက္ဆဲတယ္။
" အဲ့ ေစာက္ႏွာဘူးေကာင္က ဟန္က်ားေၾကာင့္အထိနာဖူးတယ္ေလ။ ငါနဲ႔လမ္းမွာ မေတာ္တဆ လာေတြ႔ၾကည့္.....မေအ-ိုး။ ဟန္က်ားကို လာ႐ႈပ္ရဲတယ္။ ငါတို႔အုပ္စုကိုေသေနတယ္မ်ားထင္ေနလားမသိဘူး။ "
ေ႐ွာင္းလီကေတာ့ တိတ္တဆိတ္ပဲ နားေထာင္ရင္း သူနဲ႔ဟန္က်ား ႏွစ္ေယာက္သား လတ္တေလာ ေျပာဆိုေဆြးေႏြးခဲ့တာကို ေတြးေနမိတယ္။ ဟန္က်ားရဲ႕ ေနာက္ဆံုးေျပာခဲ့တဲ့စကားက မထင္မွတ္စြာ သူ႔ကို သတိေပးခ်င္တာလိုလို ႏႈတ္ဆက္တာလိုလိုပင္။
ေ႐ွာင္းလီ ဖုန္းခ်ကာ ဟန္က်ားရဲ႕ အလုပ္စားပြဲ႐ွိရာဆီ ျပန္သြားလိုက္တယ္။
သူဝင္သြားခ်ိန္ အထဲမွာ လီ႐ွီခ်င္းက လက္ေထာက္ေလးကို တစ္စံုတစ္ခု လက္ဆင့္ကမ္းေပးေနတာကို ျမင္လိုက္ရတယ္။ ထိုလက္ေထာက္က လီ႐ွီခ်င္းေပးတဲ့ ဖိုင္တစ္ထပ္ကို ကိုင္ရင္း စိတ္လႈပ္႐ွားမႈကို ထိန္းခ်ဳပ္ထားပံုရေသာ္ျငား မ်က္ႏွာျပင္ေပၚက ေပ်ာ္ျမဴးေနတဲ့အရိပ္အေယာင္ကေတာ့ အထင္အ႐ွား ေပၚလြင္လို႔ေနတယ္။
" ခ်င္းရယ္ စိတ္ခ်ပါ။ ကြၽန္ေတာ္ ေကာင္းေကာင္း လုပ္ႏိုင္ပါတယ္။ "
ေ႐ွာင္းလီကေတာ့ လတ္တေလာအတြက္ ဟန္က်ားေနရာကို လြယ္လင့္တကူအစားထိုးခံရလိုက္ရလို႔ ျဖစ္ပ်က္ေနတဲ့ အဲ့အမူအရာကိုၾကည့္ရင္း အလြန္တရာ မေက်မနပ္ျဖစ္မိသြားျပီး သူ႔အၾကည့္ေတြကို ထိုလက္ေထာက္ဆီကေန လီ႐ွီခ်င္းဆီပို႔လိုက္ကာ
" က်ီးခ်န္က လမ္းမွာ ေရာက္ကာနီးေနပါၿပီ။ "
လီ႐ွီခ်င္း သူ႔လက္ေအာက္ငယ္သားတစ္ေယာက္ကို ဟန္က်ားရဲ႕လက္ေထာက္နဲ႔အတူ စာရြက္စာတမ္းေတြကို စစ္ေဆးၾကည့္႐ႈေစကာ ေ႐ွာင္းလီနဲ႔တျခားသူေတြကိုေတာ့ အခန္းျပင္ထြက္ဖို႔ ၫႊန္ၾကားလိုက္တယ္။
" က်ီးခ်န္နဲ႔ငါ လုဝူကိုသြားေတြ႔ဖို႔ လူမ်ားမ်ားေခၚသြားလိုက္မယ္။ မင္းကေတာ့ ဒီမွာေနခဲ့ၿပီး ေသခ်ာေစာင့္ၾကည့္ထားလိုက္။ ဟန္က်ား ဘယ္မွာလဲဆိုတာသိရေအာင္ လူလႊတ္ၿပီးစံုစမ္းထား။ အခ်ိန္မေရြး မင္းကို ဆက္သြယ္လို႔ရေအာင္လည္း ျပင္ထားဦး။ "
" ခ်င္းရယ္.... ကြၽန္ေတာ္လည္း လိုက္မယ္။ "
" ငါေျပာတာ နားေထာင္စမ္းပါ။ အခုျဖစ္ေနတာေတြၾကည့္ၾကည့္... မင္းအေနအထားေလာက္နဲ႔ ျပန္မလာႏိုင္ေလာက္ဘူး။ လုဝူက မင္းကို အတင္းအၾကပ္ထားခဲ့ခိုင္းရင္ ငါလည္းမကာကြယ္ေပးႏိုင္ဘူး။ "
လီ႐ွီခ်င္းက အသံေဖ်ာ့ေဖ်ာ့နဲ႔ နားခ်တယ္။
ေ႐ွာင္းလီ ခဏေတာ့ ေတြေဝေနရင္း မတတ္သာတဲ့အဆံုးေတာ့လည္း စိတ္မပါစြာ သေဘာတူလိုက္ရတယ္။ သူ ဖန္းဖန္နဲ႔ ဖုန္းခ်န္ကို ဖုန္းေခၚလိုက္တယ္။ ေလာ္တုန္းက ၿမိဳ႕တြင္းက သူမ်ားပိုင္တာဆို အတင္းအဓမၼလုယူ သိမ္းဆည္းေနက်ေလ။ သူအခုထိ ၿမိဳ႕တြင္းမွာ ႐ွိေနႏိုင္ေသးတယ္။ သို႔ေသာ္ သူ႔ရဲ႕ အာဏာသက္ေရာက္မႈက ဟိုဟိုဒီဒီ ေနရာ အႏွံ႔အျပားျဖစ္ကာ ေျခရာခံဖို႔အတြက္ လူအင္အားအေတာ္မ်ားမ်ား လိုအပ္တယ္။
လ်ိဳ႕က်ီးခ်န္ မိနစ္ႏွစ္ဆယ္ေလာက္ၾကာေတာ့ က်င္းတင္ကို ေရာက္လာတယ္။ ဒီေလာက္ျမန္ျမန္ေရာက္လာပံုအရ မီးနီအေတာ္မ်ားမ်ားကို ျဖတ္လာခဲ့ျပီထင္တယ္။ သူကိုယ္တိုင္ကေတာ့ တပည့္ေလးနွစ္ေယာက္သာ ေခၚလာကာ က်န္တဲ့သူေတြအားလံုးက ေ႐ွာင္းလီလက္ေအာက္က ျဖစ္တယ္။ ေ႐ွာင္းလီ အေစာတည္းက အရည္အခ်င္း႐ွိတဲ့ တပည့္ေလးေတြကို ေရြးထည့္ထားကာ လ်ိဳ႕က်ီးခ်န္နားက တဖဝါးမွမခြာပဲ ေစာင့္ေ႐ွာက္ေပးဖို႔ မွာၾကားထားတယ္။ လူအေယာက္ႏွစ္ဆယ္ေက်ာ္ဟာ ကား႐ွစ္စီးေပၚ ခြဲတက္လို႔ ကိန္းႀကီးခမ္းႀကီးႏိုင္စြာ ထြက္ခြာသြားၾကတယ္။
ေ႐ွာင္းလီ သူ႔မ်က္စိေအာက္ကေန ကားတန္းႀကီး ေပ်ာက္သြားတဲ့အထိ ေစာင့္ၾကည့္ေနၿပီးမွ သူ႔ရဲ႕အလုပ္စားပြဲဆီ သြားကာ ေပါ့ေပါ့ပါးပါး သက္ေတာင့္သက္သာျဖစ္မယ့္ အဝတ္ကိုေရြးၿပီး လဲလိုက္တယ္။
ျပီးေနာက္ ေသနတ္ကိုဆြဲကာ လင္းက်ီကို ေခၚၿပီး မွာစရာ႐ွိတာ မွာတယ္။
" မင္း ဖုန္းဖြင့္ထား။ တစ္ခုခုျဖစ္ရင္ ခ်င္းရယ္ကိုျဖစ္ျဖစ္ မင္းရဲ႕ ခ်န္ေကာကိုျဖစ္ျဖစ္ တိုက္႐ိုက္ေခၚလိုက္။ "
" လီေကာ..... "
" ငါအခု ေပ်ာ္ေနတာမဟုတ္ဘူးေနာ္။ ကားေမာင္းထြက္ရင္း ေလညင္းခံသြားလိုက္ဦးမယ္။ "
လင္းက်ီက သူ႔ကို စိုက္ၾကည့္ကာ
" ကြၽန္ေတာ္လည္း လိုက္မယ္ "
ေ႐ွာင္းလီ မ်က္လံုးတို႔ဝိုင္းစက္သြားကာ လင္းက်ီကို ေဝ့ဝဲၾကည့္လိုက္တယ္။
" ဆို႔က်ိနဲ႔ တျခားသူေတြက ခ်င္းရယ္နဲ႔ပါသြားတယ္။ မင္းပါ ကားေမာင္းထြက္ေနမယ္ဆို ဒီမွာဘယ္သူက ၾကပ္မတ္မွာလဲ။ "
လင္းက်ီ တစ္ခုခုေျပာလိုက္ခ်င္ေပမယ့္ ေနာက္ဆံုးေတာ့ ပါးစပ္ကို အသာေလးပိတ္လို႔ ေ႐ွာင္းလီေနာက္က လိုက္သြားတယ္။ ေ႐ွာင္းလီကားထဲဝင္မလို႔လုပ္ခ်ိန္ သူေရွာင္းလီေနာက္နားမွာ ရပ္လိုက္ကာ
" လီေကာ.... ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ။ "
ေ႐ွာင္းလီ ျပံဳးကာ နည္းနည္းေလး ရယ္လိုက္တယ္။
" ငါ့ကိုယ္ငါ ဘာဂ႐ုစိုက္ရမွာလဲ။ ကားေမာင္းထြက္ရံုေလးတင္ကို "
ေ႐ွာင္းလီ ကားထဲဝင္ၿပီးတာနဲ႔ ေလာ္တုန္း ပုန္းခိုေနေလာက္မယ့္ ေနရာမွန္သမ်ွကို မွန္းဆတြက္ခ်က္လိုက္တယ္။ အဲ့ဒီေနရာေတြကို တစ္ခုခ်င္းစီ မဖ်က္စီးပစ္ခင္ အခုေတာ့ တစ္ေနရာခ်င္းစီ ေျမလွန္႐ွာရမယ္။
ဒီတစ္ခါလမ္းခရီးက ေသြးေတြ အသက္ေတြကိုခ်နင္းထားရတဲ့ အဆံုးမသတ္ႏိုင္တဲ့ တစ္သက္လံုး ျပန္ရုန္းမထြက္ႏိုင္မယ့္ အေမွာင္ခရီးစဥ္တစ္ခုလိုပင္။ ဒီေလာထဲက လူေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ စဥ္ဆက္မျပတ္ ထိုးႏွက္တိုက္ခိုက္ေနၾကၿပီး တရားမဝင္ပိုက္ဆံေတြဆိုရင္ေတာ့ အျမဲဆိုသလို ရင္ထဲေပြ႔ပိုက္ ႀကိဳဆိုၾကတယ္။ ႂကြယ္ဝဖို႔အတြက္ပဲ သစၥာခံ အနစ္နာခံၾကတယ္။ လံုးဝကို မယံုႏိုင္စရာ စက္ဆုတ္ဖြယ္ရာ အတိပင္။ သို႔ေသာ္ျငား ဘယ္သူမွ ေနာက္ျပန္လွည့္႐ိုးထံုးစံမ႐ွိ။ လြတ္ေျမာက္ဖို႔ရာ ေဖြ႐ွာျခင္းမ႐ွိ။
ေ႐ွာင္းလီရဲ႕ကားေလးက ျမစ္ကမ္းေဘးနားကေန ျဖတ္ေမာင္းသြားတယ္။ သိပ္မၾကာခင္တုန္းကပဲ ဒီေနရာမွာ သူ႔မ်က္ရည္တို႔ စီးက်ခဲ့ရတယ္။ အခုက်ေတာ့ သူ႔မ်က္ႏွာမွာ ခက္ထန္တင္းမာလ်က္ ေရခဲတမ်ွ ေအးစက္စက္သာ။ သူ႔မ်က္ဝန္းတို႔က ေ႐ွ႕က အေမွာင္ထုထဲမွာသာ စူးစိုက္ျမဲမံေနတယ္။ ေဘးက ကမ္းပါးကိုေတာ့ တစ္ခ်က္ေလးပင္ ငဲ့ေစာင္းၾကည့္သြားျခင္းမ႐ွိ။
------------------------------------------------
T/N
Ongoing လိုက္ဖတ္ေပးၾကတဲ့သူေတြကို အရမ္းပဲေက်းဇူးတင္ပါတယ္။ ကိုယ့္ဟာကိုဆို အရမ္းပ်င္းတတ္လို႔ ေတာ္ရံုနဲ႔ေရးျဖစ္မွာ မဟုတ္ဘူး။ လိုက္ဖတ္ေပးတဲ့သူေတြ ႐ွိေနပါလားဆိုတဲ့ အားေလးနဲ႔ပဲ ခုထိေရးလာျဖစ္တာပါ။ ကြၽန္မဆို Complete မဟုတ္ရင္ မဖတ္ဘူးရယ္။ 😅
ဒါက ေ႐ွာင္းလီရဲ႕ ေက်ာက က်ားပံုတက္တူးကို ျပခ်င္လို႔ပါ႐ွင္။
Credit goes to the original artist.
--------------------------------------------------------
အပိုင်း ၂၈
Unicode
" မတ်တပ်ထပြီးပြောလေ"
လီရှီချင်း သက်ပြင်းချကာ ပြောလိုက်တယ်။
ရှောင်းလီကတော့ တစ်ချက်လေးတောင် မလှုပ်ပဲ ခေါင်းငုံ့လျက် ကြမ်းပေါ်မှာ ဒူးထောက်မြဲ။
ဒီလိုပုံစံနဲ့ သူ့ကိုကြည့်ပြီး လီရှီချင်းလည်း အသံကို တစ်ဆင့်ပို နူးညံ့လိုက်တယ်။
" အဲ့တာဆိုလည်း အဲ့မှာပဲဒူးထောက်ပြီး ပြောပေါ့ကွာ။ ပြောစရာရှိရင်လည်း ပြတ်ပြတ်သားသားသာ ပြော။ "
ရှောင်းလီက အသံတိုးတိုးနဲ့
" ချင်းရယ်၊ ကျွန်တော့်ညီကို မျက်နှာလွှဲ ခဲပစ်လုပ်ဖို့ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိုင်တဲ့ကိစ္စ။ ပြီးတော့ ဟန်ကျားကိုလည်း ဆွဲမထည့်ချင်ဘူး။ ကျွန်တော် လုပ်နိုင်တာဆိုလို့ ဒီကိုလာပြီး ချင်းရယ်ကို အကူအညီတောင်းတာပဲရှိတယ် "
" မင်း ငါ့ကိုဘာအကူအညီများ တောင်းချင်လို့လဲ "
" လော်တုန်းက ကျွန်တော့်ကို တိုက်ရိုက်မဆက်သွယ်ဘူးဆိုပေမယ့် ချင်းရယ်ကိုတော့ ဆက်သွယ်တယ်လေ။ ချင်းရယ်ပိုင်တဲ့ထဲက တစ်ခုခုကို လိုချင်နေတာ ဖြစ်မယ်။ "
လီရှီချင်း အတော်ကြာ ဆွံ့အသွားကာ ထိုင်ခုံပေါ် ဖြောင့်မတ်စွာထိုင်ချလိုက်တယ်။
" ရှောင်းလီ၊ မင်းငါ့ဆီမှာ ဘာကိုတောင်းဆိုနေလဲဆိုတာ ကိုယ့်ဟာကိုရော သိရဲ့လား "
" ချင်းရယ်၊ ကျွန်တော် တောင်းဆိုတာပါ။ ကျွန်တော့်ညီကိစ္စ ကူညီပေးပါဗျာ။ "
ရှောင်းလီရဲ့ သွင်ပြင်မှာ ခက်ခဲမှုတွေစီးပိုးလို့ တောင်းဆိုစကားဆိုနေမိတယ်။
" အဲ့လိုရမလားကွ။ မင်းက လော်တုန်းကို ဒီနယ်ပယ်မှာ ပြန်ခြေချစေချင်နေတာလား။ "
လီရှီချင်းရဲ့ အသံက ခပ်တင်းတင်းနဲ့ ပိုကျယ်လာတယ်။ ပြီးနောက် မတ်တပ်ထရပ်ပြီး လက်နှစ်ဖက်ကို နောက်မှာယှက်ကိုင်ရင်း ပြတင်းပေါက်ဘေးနေရာကို လျှောက်သွားလိုက်တယ်။
" လုဝူနဲ့ လော်တုန်းက ငါ့ဆီကနေ မင်းနဲ့ဟန်ကျားကို လိုချင်နေတာ။ အဲ့တာကလည်း သူတို့ အဆက်အသွယ်နဲ့ ပါဝါကိုသုံးပြီး ငါ့ကို အကြပ်ကိုင်ချင်တာထက်မပိုဘူး။ သူတို့ဆီ မင်းတို့ကိုလက်လွှဲမပေးရင် ငါ့ပိုင်နက်ထဲက တချို့နေရာတွေကို ငါပေးရမှာ။
ငါမင်းတို့နှစ်ယောက်လုံးကို လက်မလွှဲနိုင်ဘူး။ အရင်ကလည်း ငါပြောပြီးသားပဲ။ အဲ့လိုဆိုပေမယ် ငါ့ပိုင်နက်တွေကိုလည်း ခွဲမပေးနိုင်ပါဘူး။ လော်တုန်းလက်ထဲသာ အပ်လိုက်ရရင် ဒီနယ်မြေမှာ သူခွန်အားကြီးလာမှာပေါ့။ မင်းတို့နှစ်ယောက်ကိုလည်း မပေးဘူး၊ ငါ့နယ်မြေလည်း ခွဲမပေးဘူးဆိုရင် ဓားစာခံက အသတ်တော့ခံရမှာပဲလေ။
ဒါပေမယ့် ငါတို့သာ လော်တုန်းလက်ထဲ လက်စတုန်း မခံရဘူးဆိုရင် သူဘာတတ်နိုင်မှာတဲ့လဲ။ ရှောင်းလီ၊ မင်း ကိုယ်ပိုင် ပိုင်နက်ရပြီး ခေါင်းဆောင်ဖြစ်လာတုန်းကလေ... မာကျီချွယ့်က လော်တုန်းရဲ့ သမီးအရင်းကို ဖမ်းသွားတာမှတ်မိလား။
တစ်ရက်ပြီးတစ်ရက် သူ့သမီးရဲ့ လက်တစ်ချောင်းစီဖြတ်ပြီး လော်တုန်းကို မြောက်ပိုင်းကမြို့တွေမှာရှိတဲ့ သူ့အာဏာစက်ကို လျော့အောင်အကြပ်ကိုင်တာလေ။ အဲ့တုန်းက လော်တုန်းဘယ်လိုလုပ်ခဲ့လဲ မင်းသိမှာပါ။ "
ရှောင်းလီ ခေတ္တနှုတ်ပိတ်နေပြီးမှ တိုးလျစွာ ပြန်ပြောတယ်။
" သူဘာမှ ပြန်မလုပ်ခဲ့ဘူး "
" အဲ့ဒါပဲလေ "
လီရှီချင်း စိတ်မကောင်းစွာ သက်ပြင်းချပြီးနောက် ဆက်ပြောတယ်။
" လော်တုန်းကို ခြိမ်းခြောက်လို့မရမှတော့ မာကျီချွယ့်လည်း ဘာတတ်နိုင်သေးလဲ။ နောက်ဆုံးကျ သူ့ရဲ့ စုတ်ပဲ့တဲ့လုပ်ရပ်ကို ရပ်တန်းကရပ်ရလိုက်ရတယ်။ သူ့ဂိုဏ်လည်း တစ်ကွဲတစ်ပြားစီ ပျက်သွားတယ်လေ။ မင်းပြောကြည့်စမ်းပါ။ ငါတို့လော်တုန်း ခိုင်းတာလုပ်သင့်လား၊ မာကျီချွယ့် ခြေရာနင်းသင့်လားဆိုတာ။ "
ရှောင်းလီကတော့ ဘာမှပြန်မပြော။ အောက်ကိုပဲစိုက်ကြည့်ကာ နဖူးနဲ့ကြမ်းပြင်ထိတဲ့အထိ အားကုန်သုံးလို့ ကိုယ်ကို ကိုင်းညွတ်နေဆဲ။
" ချင်းရယ်၊ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ညီကို ကယ်ပါဦး။ "
ရှောင်းလီရဲ့ နဖူးနဲ့ကြမ်းပြင်ရိုက်ခတ်သံ အကျယ်ကြီးကို ကြားလိုက်ရလို့ လီရှီချင်း မျက်မှောင်တို့ ထိလုနီးပါး ကြုံ့မိတယ်။ အခန်းအလယ်ခေါင်မှာ ခေါက်တုံ့ခေါက်ပြန် အကြိမ်ရေ အနည်းလောက်လျှောက်ပြီးနောက် ရှောင်းလီရှေ့ ရပ်လေတယ်။ ရှောင်းလီရဲ့ အင်္ကျီကော်လာကို ဆုပ်ကိုင်လို့ နဖူးနဲ့ကြမ်းပြင်ဆောင့်နေတာကို ရပ်တန့်စေလိုက်တယ်။
သို့သော် ရှောင်းလီပါးစပ်ကတော့ တတွတ်တွတ်ပြောတာရပ်မသွား။
" ချင်းရယ်၊ ကျွန်တော့်ညီကို ကယ်ပေးပါ။ "
လီရှီချင်းကိုယ်ကို ကိုင်းလို့ ရှောင်းလီရဲ့နဖူးဆီ လက်လှမ်းကာ နီရဲယောင်ယမ်းနေတဲ့ နေရာလေးကို လက်မနဲ့ ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်တယ်။ ရုတ်တရက် သူမျက်ခုံးပင့်တင်လိုက်ကာ
" မင်း ငိုလိုက်သေးတာလား "
ထို ရုတ်တရက်ဆန်တဲ့စကားတို့ကို ကြားလိုက်ရချိန် ရှောင်းလီကိုယ်တိုင်လည်း အံအားသင့်လို့နေတယ်။ အချိန်တွေ ခေတ္တရပ်တန့်သွားသလို ချီရှို့ယွမ်နဲ့ မျှဝေခဲ့တဲ့ သူ့ရင်ထဲက မကျေနပ်ချက်တွေကို ပြန်လည် အောက်မေ့သွားတယ်။ အဲ့ဒီအချိန်တုန်းက နှစ်ရှည်လများ လူမမြင်အောင် ဖွက်ထားမိတဲ့ သူ့ခံစားချက်တို့ကို ဆက်ပြီး ဖိနှိပ်မထားနိုင်ပဲ မျက်ရည်တို့ စီးကျလာတာကို သူ့ကိုယ်သူတောင် အံ့သြနေမိတယ်။
လီရှီချင်းက သူ့ကိုပြန်ဖြေဖို့ အချိန်တောင်မပေးပဲ သူ့မျက်နှာနားထိ ကိုယ်ကို ဝပ်လိုက်ကာ သူ့မေးစေ့ကို လက်တစ်ဖက်နဲ့ ဆွဲကိုင်လို့ မျက်နှာကို မော့လိုက်စေတယ်။
ညင်ညင်သာသာလေးနဲ့
" မင်းညီအတွက် ဝမ်းနည်းနေမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါမှ လော်တုန်းကို အောက်မကျို့ချင်တာ။ အဲ့ကောင်ကို မောင်းထုတ်ဖို့ ငါးနှစ်လောက် အချိန်ယူခဲ့ရတာ။ ဒီတစ်ခေါက်သာ သူ့ကိုပြန်လာခိုင်းလိုက်မယ်ဆိုရင် သူနဲ့ ပြန်တိုက်ခိုက်နေဖို့ နောက်ထပ် ငါးနှစ်ဆိုတဲ့ အချိန်က ရှိပါ့မလား။ "
ရှောင်းလီ မျက်လုံးကိုမှိတ်လို့ လက်ကိုဆန့်တန်းကာ လီရှီချင်းရဲ့လက်ပေါ် ဆုပ်ကိုင်လိုက်တယ်။
" ကျွန်တော် ကူညီမယ် "
လီရှီချင်း အံ့သြတုန်လှုပ်သွားတယ်။ ရှောင်းလီကတော့ တုန်ယင်နေတဲ့ အသံနဲ့ စကားဆက်ပြောနေတယ်။
" ချင်းရယ်... နှစ်တွေဘယ်လောက်ပဲကြာကြာ ကျွန်တော် ချင်းရယ်ဘေးမှာနေပြီး သူ့ကိုတိုက်ထုတ်နိုင်အောင် ကူညီပေးမယ်။ ချင်းရယ်ကို ကျွန်တော် တောင်းဆိုတာပါဗျာ။ ကျွန်တော့်ညီလေးကိုသာ ကယ်ပေးပါ ။ "
လီရှီချင်း တစ်ကိုယ်လုံးလောင်မြိုက်လာသလိုခံစားရလို့ ရှောင်းလီလက်ကိုလွှတ်ပေးလိုက်ကာ စိုက်ကြည့်မိတယ်။ မတ်တပ်ထရပ်ကာ တောင်လျှောက်လိုက် မြောက်လျှောက်လိုက် အကြိမ်ရေအနည်းငယ်လုပ်ရာက ရုတ်တရက် ရပ်လိုက်ပြီး ရှောင်းလီကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ပြောလိုက်တယ်။
" မင်း ငါ့ကိုဘာတွေတောင်းဆိုနေလဲဆိုတာ ကိုယ့်ဟာကိုယ် သေချာရော သိရဲ့လား။ "
ထို့နောက် စိတ်ဆိုးမာန်ဆိုးနဲ့ ဘေးနားမှာရှိတဲ့ ထိုင်ခုံကို ခြေနဲ့ကန်ထည့်လိုက်ပြီး တင်းမာစွာ ထပ်ပြောတယ်။
" မင်း ငါ့ကိုဘာတွေတောင်းဆိုနေလဲဆိုတာ ကိုယ့်ဟာကိုယ် သေချာရော သိရဲ့လားကွ.... ဟမ် "
ရှောင်းလီ ခေါင်းနဲ့ကြမ်းပြင်ထိတဲ့အထိ ကိုယ်ကိုကိုင်းညွတ်ကာ ပြောပြီးသားစကားကိုသာ ထပ်တလဲလဲ ရေရွတ်တယ်။
" ချင်းရယ်... ကျွန်တော့်ညီကို ကယ်ပေးပါ "
" ပါးစပ်ပိတ်ထား "
လီရှီချင်း ဒေါသထွက်စွာ အော်ငေါက်လိုက်လို့ ရှောင်းလီလည်း တိတ်သွားတယ်။
လီရှီချင်းဆိုတာက ခံစားချက်တွေကို လူသိအောင်ထုတ်မပြတတ်တဲ့သူ။ ဘာကြီးပဲ ဖြစ်နေနေ သူ့မျက်နှာကတော့ အမြဲ အပြုံးလေးနဲ့။ ဒီလို ဒေါသကို ထုတ်ပြတယ်ဆိုတာမျိုးက မြင်ရခဲတယ်။
လီရှီချင်း သူ့ကိုယ်သူ စိတ်ငြိမ်အောင် အရင်လုပ်ပြီး နဂိုမူလ လူကြီးလူကောင်းလို သိမ်မွေ့တဲ့ လေသံဖြစ်အောင် ပြန်လည်လုပ်ယူလိုက်တယ်။
" မင်းပြောတာနော် နှစ်ပေါင်း ဘယ်လောက်ကြာကြာ ငါ့ဘေးမှာနေမယ်လို့ "
" ဟုတ်ကဲ့ "
" ဘယ်လိုမျိုး နေပေးမှာလဲ "
ရှောင်းလီ ခေတ္တခဏ အေးခဲသွားတယ်။
လီရှီချင်းရဲ့ လက်တစ်ဖက်က သူ့အင်္ကျီကော်လံကို ဆွဲမလို့ သူလည်းပြန်မခုခံနိုင်ပဲ မတ်တပ်ရပ်လျက်ဖြစ်သွားတယ်။ ထိုလက်နဲ့ပဲ သူ့မျက်နှာပေါ်က အမာရွတ်ကို ခပ်ဖွဖွ ပွတ်သပ်နေတယ်။
ပြီးတော့ ဒီနှစ်တွေအတွင်းမှာ သူ့ကို တောက်လျောက် ကြည့်လာတဲ့ အကြည့်နဲ့ သူ့မျက်လုံးထဲကိုစိုက်ကြည့်နေတယ်။ လိုချင်တပ်မက်မှုတွေ ပြည့်နေတဲ့ အကြည့်ပေါ့။
" ငါ့ဘေးမှာ ဘယ်လိုပုံစံနဲ့နေပေးမယ်လို့စဉ်းစားထားလဲ "
လီရှီချင်းက သူ့ကိုယ်ပေါ်မှီတွယ်လိုက်ကာ ပြောတယ်။
" မှန်မှန်ကန်ကန် ဖြေနိုင်ရင် မင်းညီအတွက် ချက်ချင်းကူညီပေးမယ်။ "
ရှောင်းလီ မျက်လွှာလေးအသာချလို့ အင်္ကျီကို စချွတ်ဖို့ပြင်တယ်။
ကြယ်သီးကိုတစ်လုံးပြီး တစ်လုံးဖြုတ်လို့ အင်္ကျီတစ်ထည်လုံးချွတ်ကာ ဘေးကိုပစ်ချလိုက်ချိန် လီရှီချင်းလက်က သူ့ခါးဘေးကိုတောင် လာထိကိုင်ပြီးနေပြီ။ သူ့ရဲ့ သားရေခါးပတ်ကိုချွတ်လိုက်တာမလို့ ဘောင်းဘီကလျော့ရဲလာကာ ကြမ်းပေါ်ကိုလျောကျသွားတယ်။
ဒီလိုဖြစ်ပျက်နေတဲ့အချိန်လေးအတွင်းမှာပဲ ချီရှို့ယွမ် သူ့ရှေ့မှာ အဝတ်တွေ ချွတ်လိုက်တုန်းကရော ဘယ်လိုမျိုးခံစားနေခဲ့ရမလဲဆိုတာ ရှောင်းလီ သိချင်မိသွားတယ်။
ရှောင်းလီ သူ့ရဲ့အတွင်းခံဘောင်းဘီအစွန်းပေါ်လက်ချလိုက်တယ်ဆိုရင်ပဲ လီရှီချင်းရဲ့ တားမြစ်သံထွက်ပေါ်လာတယ်။
" ထားလိုက် "
လီရှီချင်းရဲ့အသက်ရှုသံတို့က အဆောတလျင် ပြင်းထန်မြန်ဆန်လျက်
" အဲ့တာက ငါချွတ်ပေးမယ် "
လက်တွေကို အတွင်းဘက်ထဲ ရောက်အောင်ပို့လိုက်ကာ အထဲက ရှောင်းလီရဲ့ပစ္စည်းကို ဆုပ်ကိုင်လိုက်တယ်။
ရှောင်းလီကတော့ အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ကာ မျက်လုံးတွေကို မှိတ်ထားလိုက်မိတယ်။
ထိုစဉ်.........
ရုတ်တရက် ဖုန်းထမြည်သံက နားထဲစူးကနဲ။
လီရှီချင်းက ဖုန်းမြည်သံကို မကြားသလိုပင် ပြုမူနေလေရဲ့။ သူ့ရဲ့နောက်လက်တစ်ဖက်က ရှောင်းလီရဲ့ ကျောပြင်တစ်လျှောက် ပွတ်သပ်ပွေ့ဖက်လျက် ဖြည်းဖြည်းချင်း အောက်ဖက်ဆီဆင်းသွားကာ တင်ပါးတို့ရှိရာမှာ တရစပ်ကို ဖျစ်ညစ်ဆုပ်နယ်နေတယ်။
ဖုန်းမြည်သံက တစ်ခဏတော့ ရပ်သွားသော်ငြား ခပ်မြန်မြန်ပဲ ထပ်မြည်လာတယ်။ လီရှီချင်း ဒေါသထွက်စွာ တောက်တစ်ချက်ခေါက်လိုက်ရင်း ရှောင်းလီရဲ့ တင်သားတို့ကို တယုတယ ဆုပ်နယ်ပြီးမှ စိတ်မပါစွာနဲ့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။
" ဘာလဲ..... ဘာပြောလိုက်တယ် "
ရှောင်းလီမျက်လုံးဖွင့်ကာ ကြည့်မိတော့ လီရှီချင်းရဲ့ မျက်နှာသွင်ပြင်က အတော်လေးပြောင်းလဲနေလေပြီ။
လီရှီချင်း ဖုန်းချပြီးနောက် ရှောင်းလီကို ခပ်မြန်မြန်တစ်ချက်ကြည့်လိုက်ကာ ဖြည်းညင်းစွာ ပြောတယ်။
" မင်း အဝတ်အရင်ပြန်ဝတ်လိုက်ဦး။ ပြီးရင် ငါနောက် လိုက်ခဲ့။ "
ရှောင်းလီက ဘောင်းဘီကို အရင် ကောက်ယူကာ
" ချင်းရယ်... ကျွန်တော့်ညီ.... "
" မင်းညီဆိုတဲ့ကောင်ကြောင့်.......... "
လီရှီချင်းပြောရင်းက သက်ပြင်းချကာ
" ဒီနေ့ မင်းညီဆီက ဖုန်းရပြီးတာနဲ့ ဟန်ကျားပျောက်သွားတယ်တဲ့။ "
ဒါကိုကြားတာနဲ့ရှောင်းလီမျက်ဝန်းထဲ အံ့သြမှုတို့ ပြည့်နှက်သွားရတယ်။
လီရှီချင်းလည်း သူ့အင်္ကျီ ကျနေရာဆီ လျှောက်သွားကာ ကောက်ယူလိုက်ပြီး ပုခုံးပေါ်ပစ်တင်လို့ စကားဆက်ပြောတယ်။
" ပြီးတော့ တခြားပျောက်နေတဲ့ဟာလည်း ရှိသေးတယ်။ ကျင်းတင်ကိုပဲ အရင်သွားကြည့်လိုက်ရအောင်။ "
ကျင်းတင်ကို ရောက်တော့မှ အခြေအနေတွေက သူတို့ထင်ထားတာထက် ပိုဆိုးနေတာကို သိလိုက်ရတယ်။
--------------------------------
( နောက်ကြောင်းပြန် )
ဟန်ကျား မနက်စောစောစီးစီး အလုပ်အတွက် လုပ်စရာရှိတာလုပ် ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်နေချိန်လောက်က ရှောင်းယန်ရဲ့ လက်ပြတ်ပါလာတဲ့ သေတ္တာကို လီရှီချင်းအိမ်ရှေ့လာပို့ခံလိုက်ရချိန်လောက်မှာဖြစ်တယ်။ လက်အောက်ငယ်သား တပည့်တချို့နဲ့ လုပ်ငန်းချဲ့ထွင်ဖို့၊ အာဏာတွင်ကျယ်ဖို့အကြောင်းမျိုးတွေကို စိတ်လိုလက်ရဆွေးနွေးနေခဲ့တာပေါ့။
ညကိုးနာရီဝန်းကျင်လောက်ကျတော့ သူ့ဆီ ဖုန်းတစ်ခုဝင်လာတယ်။ သူ့အိမ်ရဲ့တံခါးစောင့်က သူဖုန်းပြောနေရာဘေးက ဖြတ်လျှောက်သွားတုန်းကတောင် ' ရှောင်းယန်လား။ စိုးရိမ်မနေနဲ့နော် ' ရယ်လို့ပြောနေတာ ကြားလိုက်ရသေးတယ်။ အဲ့နောက်ပိုင်းကစလို့ ညည့်နက်ရောက်လုချိန်အထိ ဟန်ကျားကို ဘယ်သူမှမတွေ့မိ။ ဘယ်သူမှလည်း သူ့ကိုဆက်သွယ်လို့မရ။ သူ့ရဲ့ အလုပ်စားပွဲမှာလည်း စာရွက်စာတမ်းတွေက သေသေသပ်သပ်နဲ့ စီရရီထားခဲ့ပုံရတယ်။ အဲ့ဒီစာရွက်စာတမ်းတွေအကုန်လုံးဟာ ပိုင်ဆိုင်မှုနဲ့ဆိုင်တာတွေချည်းပင်။ သို့သော် ကျင်းတင်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကတော့ ရှိမနေခဲ့။ လူတိုင်း အထိတ်တလန့်ဖြစ်သွားရကာ လီရှီချင်းကို ချက်ချင်းလို ဖုန်းဆက်ခေါ်မိကြတယ်။
( နောက်ကြောင်းပြန်ပြီး )
------------------------------------------------
" ဒီစာရွက်တွေကို တခြား ဘယ်သူမြင်သွားသေးလဲ "
လီရှီချင်းရဲ့ မျက်ခုံးနှစ်ခုက ရှုံ့တွလျက်....
" ချင်း.... ချင်းရယ်၊ ကျွန်တော်လည်း မြင်တာနဲ့ချက်ချင်း အခန်းတံခါးကို သော့ခတ်လိုက်တာ။ တခြားဘယ်သူမှ တက်မလာပါဘူး။ "
ထိုစာရွက်စာတမ်းတို့ကို တွေ့လိုက်ရတဲ့ဟန်ကျားရဲ့လက်ထောက်လေးက တုန်ရီကြောက်ရွံ့စွာ ပြောလိုက်တယ်။
ထိုစကားတွေကနေ စိတ်သက်သာရာရသွားတဲ့ လီရှီချင်းတစ်ယောက် ခေါင်းကို ဘေးဘက်ဆီ လှည့်ကြည့်လိုက်တော့ စားပွဲပေါ်က စာရွက်တွေကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိုက်ကြည့်နေတဲ့ ရှောင်းလီကို တွေ့လိုက်ရတယ်။
သူသက်ပြင်းချကာ
" ကျီးချန်ကို ဖုန်းဆက်လိုက်စမ်း။ ငါတို့ လုဝူနဲ့ သွားတွေ့ပြီး ဆွေးနွေးရမယ်။ "
ရှောင်းလီ ဘေးနားက လက်ထောက်ကောင်လေးကို တစ်ချက်ကြည့်ကာ ဖုန်းဆက်ဖို့ အခန်းပြင်ကို ထွက်သွားလိုက်တယ်။
တခြား ရာထူးတူ အဆင့်တူ ဂိုဏ်းခေါင်းဆောင်တွေနဲ့ယှဉ်ရင် လျို့ကျီးချန်က ပိုပြီး ပွင့်လင်းတက်ကြွကာ ဗဟုသုတလည်း ကြွယ်တယ် ပြောရမယ်။ လိုအပ်တဲ့အချိန်မှသာ ရက်စက်ကာ အကြင်နာမဲ့တာ ဖြစ်တယ်။ လီရှီချင်းအနေနဲ့ လျို့ကျီးချန်ကို သူ့လုပ်ငန်းဆက်ခံသူအဖြစ် လျာထားပုံရကာ အရေးပေါ်ကိစ္စမျိုးတွေအတွက် အလွန်လည်းအားထားတယ်။
ထင်ထားသလိုပင် လျို့ကျီးချန်က လက်ရှိအခြေအနေကိုကြားတာနဲ့ ချက်ချင်းပဲ ကျင်းတင်ကို ကတိုက်ကရိုက်အပြေးလာလေတယ်။ လမ်းမှာလည်း ဖုန်းကို တောက်လျောက်မချပဲ ဆက်တိုက်ဆိုသလိုကို ဆဲဆိုနေတယ်။
" လော်တုန်း...ဒီ ခွေးမသားကတော့.......တကယ် အမှိုက်ကန်ထဲမှာ သေရမယ့်ကောင်။ အစတည်းက လက်စဖျောက်လိုက်ရမှာကွာ ဒီကောင့်ကို။ -ီးလိုပဲ... ငါတို့အရမ်း ပေါ့မိသွားတယ်။ မင်းကို မဆက်သွယ်ပဲ ချင်းရယ်ကို တိုက်ရိုက်စိန်ခေါ်ပေမယ့် ဟန်ကျားကိုလည်း မဆက်သွယ်ပါဘူးလို့ ပြောလို့မှမရတာ။ "
ဆဲနေရာက မောလာရင် ခေတ္တရပ်ကာ ပြန်ဆက်ဆဲတယ်။
" အဲ့ စောက်နှာဘူးကောင်က ဟန်ကျားကြောင့်အထိနာဖူးတယ်လေ။ ငါနဲ့လမ်းမှာ မတော်တဆ လာတွေ့ကြည့်.....မအေ-ိုး။ ဟန်ကျားကို လာရှုပ်ရဲတယ်။ ငါတို့အုပ်စုကိုသေနေတယ်များထင်နေလားမသိဘူး။ "
ရှောင်းလီကတော့ တိတ်တဆိတ်ပဲ နားထောင်ရင်း သူနဲ့ဟန်ကျား နှစ်ယောက်သား လတ်တလော ပြောဆိုဆွေးနွေးခဲ့တာကို တွေးနေမိတယ်။ ဟန်ကျားရဲ့ နောက်ဆုံးပြောခဲ့တဲ့စကားက မထင်မှတ်စွာ သူ့ကို သတိပေးချင်တာလိုလို နှုတ်ဆက်တာလိုလိုပင်။
ရှောင်းလီ ဖုန်းချကာ ဟန်ကျားရဲ့ အလုပ်စားပွဲရှိရာဆီ ပြန်သွားလိုက်တယ်။
သူဝင်သွားချိန် အထဲမှာ လီရှီချင်းက လက်ထောက်လေးကို တစ်စုံတစ်ခု လက်ဆင့်ကမ်းပေးနေတာကို မြင်လိုက်ရတယ်။ ထိုလက်ထောက်က လီရှီချင်းပေးတဲ့ ဖိုင်တစ်ထပ်ကို ကိုင်ရင်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားပုံရသော်ငြား မျက်နှာပြင်ပေါ်က ပျော်မြူးနေတဲ့အရိပ်အယောင်ကတော့ အထင်အရှား ပေါ်လွင်လို့နေတယ်။
" ချင်းရယ် စိတ်ချပါ။ ကျွန်တော် ကောင်းကောင်း လုပ်နိုင်ပါတယ်။ "
ရှောင်းလီကတော့ လတ်တလောအတွက် ဟန်ကျားနေရာကို လွယ်လင့်တကူအစားထိုးခံရလိုက်ရလို့ ဖြစ်ပျက်နေတဲ့ အဲ့အမူအရာကိုကြည့်ရင်း အလွန်တရာ မကျေမနပ်ဖြစ်မိသွားပြီး သူ့အကြည့်တွေကို ထိုလက်ထောက်ဆီကနေ လီရှီချင်းဆီပို့လိုက်ကာ
" ကျီးချန်က လမ်းမှာ ရောက်ကာနီးနေပါပြီ။ "
လီရှီချင်း သူ့လက်အောက်ငယ်သားတစ်ယောက်ကို ဟန်ကျားရဲ့လက်ထောက်နဲ့အတူ စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်ရှုစေကာ ရှောင်းလီနဲ့တခြားသူတွေကိုတော့ အခန်းပြင်ထွက်ဖို့ ညွှန်ကြားလိုက်တယ်။
" ကျီးချန်နဲ့ငါ လုဝူကိုသွားတွေ့ဖို့ လူများများခေါ်သွားလိုက်မယ်။ မင်းကတော့ ဒီမှာနေခဲ့ပြီး သေချာစောင့်ကြည့်ထားလိုက်။ ဟန်ကျား ဘယ်မှာလဲဆိုတာသိရအောင် လူလွှတ်ပြီးစုံစမ်းထား။ အချိန်မရွေး မင်းကို ဆက်သွယ်လို့ရအောင်လည်း ပြင်ထားဦး။ "
" ချင်းရယ်.... ကျွန်တော်လည်း လိုက်မယ်။ "
" ငါပြောတာ နားထောင်စမ်းပါ။ အခုဖြစ်နေတာတွေကြည့်ကြည့်... မင်းအနေအထားလောက်နဲ့ ပြန်မလာနိုင်လောက်ဘူး။ လုဝူက မင်းကို အတင်းအကြပ်ထားခဲ့ခိုင်းရင် ငါလည်းမကာကွယ်ပေးနိုင်ဘူး။ "
လီရှီချင်းက အသံဖျော့ဖျော့နဲ့ နားချတယ်။
ရှောင်းလီ ခဏတော့ တွေဝေနေရင်း မတတ်သာတဲ့အဆုံးတော့လည်း စိတ်မပါစွာ သဘောတူလိုက်ရတယ်။ သူ ဖန်းဖန်နဲ့ ဖုန်းချန်ကို ဖုန်းခေါ်လိုက်တယ်။ လော်တုန်းက မြို့တွင်းက သူများပိုင်တာဆို အတင်းအဓမ္မလုယူ သိမ်းဆည်းနေကျလေ။ သူအခုထိ မြို့တွင်းမှာ ရှိနေနိုင်သေးတယ်။ သို့သော် သူ့ရဲ့ အာဏာသက်ရောက်မှုက ဟိုဟိုဒီဒီ နေရာ အနှံ့အပြားဖြစ်ကာ ခြေရာခံဖို့အတွက် လူအင်အားအတော်များများ လိုအပ်တယ်။
လျို့ကျီးချန် မိနစ်နှစ်ဆယ်လောက်ကြာတော့ ကျင်းတင်ကို ရောက်လာတယ်။ ဒီလောက်မြန်မြန်ရောက်လာပုံအရ မီးနီအတော်များများကို ဖြတ်လာခဲ့ပြီထင်တယ်။ သူကိုယ်တိုင်ကတော့ တပည့်လေးနှစ်ယောက်သာ ခေါ်လာကာ ကျန်တဲ့သူတွေအားလုံးက ရှောင်းလီလက်အောက်က ဖြစ်တယ်။ ရှောင်းလီ အစောတည်းက အရည်အချင်းရှိတဲ့ တပည့်လေးတွေကို ရွေးထည့်ထားကာ လျို့ကျီးချန်နားက တဖဝါးမှမခွာပဲ စောင့်ရှောက်ပေးဖို့ မှာကြားထားတယ်။ လူအယောက်နှစ်ဆယ်ကျော်ဟာ ကားရှစ်စီးပေါ် ခွဲတက်လို့ ကိန်းကြီးခမ်းကြီးနိုင်စွာ ထွက်ခွာသွားကြတယ်။
ရှောင်းလီ သူ့မျက်စိအောက်ကနေ ကားတန်းကြီး ပျောက်သွားတဲ့အထိ စောင့်ကြည့်နေပြီးမှ သူ့ရဲ့အလုပ်စားပွဲဆီ သွားကာ ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာဖြစ်မယ့် အဝတ်ကိုရွေးပြီး လဲလိုက်တယ်။
ပြီးနောက် သေနတ်ကိုဆွဲကာ လင်းကျီကို ခေါ်ပြီး မှာစရာရှိတာ မှာတယ်။
" မင်း ဖုန်းဖွင့်ထား။ တစ်ခုခုဖြစ်ရင် ချင်းရယ်ကိုဖြစ်ဖြစ် မင်းရဲ့ ချန်ကောကိုဖြစ်ဖြစ် တိုက်ရိုက်ခေါ်လိုက်။ "
" လီကော..... "
" ငါအခု ပျော်နေတာမဟုတ်ဘူးနော်။ ကားမောင်းထွက်ရင်း လေညင်းခံသွားလိုက်ဦးမယ်။ "
လင်းကျီက သူ့ကို စိုက်ကြည့်ကာ
" ကျွန်တော်လည်း လိုက်မယ် "
ရှောင်းလီ မျက်လုံးတို့ဝိုင်းစက်သွားကာ လင်းကျီကို ဝေ့ဝဲကြည့်လိုက်တယ်။
" ဆို့ကျိနဲ့ တခြားသူတွေက ချင်းရယ်နဲ့ပါသွားတယ်။ မင်းပါ ကားမောင်းထွက်နေမယ်ဆို ဒီမှာဘယ်သူက ကြပ်မတ်မှာလဲ။ "
လင်းကျီ တစ်ခုခုပြောလိုက်ချင်ပေမယ့် နောက်ဆုံးတော့ ပါးစပ်ကို အသာလေးပိတ်လို့ ရှောင်းလီနောက်က လိုက်သွားတယ်။ ရှောင်းလီကားထဲဝင်မလို့လုပ်ချိန် သူရှောင်းလီနောက်နားမှာ ရပ်လိုက်ကာ
" လီကော.... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ "
ရှောင်းလီ ပြုံးကာ နည်းနည်းလေး ရယ်လိုက်တယ်။
" ငါ့ကိုယ်ငါ ဘာဂရုစိုက်ရမှာလဲ။ ကားမောင်းထွက်ရုံလေးတင်ကို "
ရှောင်းလီ ကားထဲဝင်ပြီးတာနဲ့ လော်တုန်း ပုန်းခိုနေလောက်မယ့် နေရာမှန်သမျှကို မှန်းဆတွက်ချက်လိုက်တယ်။ အဲ့ဒီနေရာတွေကို တစ်ခုချင်းစီ မဖျက်စီးပစ်ခင် အခုတော့ တစ်နေရာချင်းစီ မြေလှန်ရှာရမယ်။
ဒီတစ်ခါလမ်းခရီးက သွေးတွေ အသက်တွေကိုချနင်းထားရတဲ့ အဆုံးမသတ်နိုင်တဲ့ တစ်သက်လုံး ပြန်ရုန်းမထွက်နိုင်မယ့် အမှောင်ခရီးစဉ်တစ်ခုလိုပင်။ ဒီလောထဲက လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်တော့ စဉ်ဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေကြပြီး တရားမဝင်ပိုက်ဆံတွေဆိုရင်တော့ အမြဲဆိုသလို ရင်ထဲပွေ့ပိုက် ကြိုဆိုကြတယ်။ ကြွယ်ဝဖို့အတွက်ပဲ သစ္စာခံ အနစ်နာခံကြတယ်။ လုံးဝကို မယုံနိုင်စရာ စက်ဆုတ်ဖွယ်ရာ အတိပင်။ သို့သော်ငြား ဘယ်သူမှ နောက်ပြန်လှည့်ရိုးထုံးစံမရှိ။ လွတ်မြောက်ဖို့ရာ ဖွေရှာခြင်းမရှိ။
ရှောင်းလီရဲ့ကားလေးက မြစ်ကမ်းဘေးနားကနေ ဖြတ်မောင်းသွားတယ်။ သိပ်မကြာခင်တုန်းကပဲ ဒီနေရာမှာ သူ့မျက်ရည်တို့ စီးကျခဲ့ရတယ်။ အခုကျတော့ သူ့မျက်နှာမှာ ခက်ထန်တင်းမာလျက် ရေခဲတမျှ အေးစက်စက်သာ။ သူ့မျက်ဝန်းတို့က ရှေ့က အမှောင်ထုထဲမှာသာ စူးစိုက်မြဲမံနေတယ်။ ဘေးက ကမ်းပါးကိုတော့ တစ်ချက်လေးပင် ငဲ့စောင်းကြည့်သွားခြင်းမရှိ။
------------------------------------------------
T/N
Ongoing လိုက်ဖတ်ပေးကြတဲ့သူတွေကို အရမ်းပဲကျေးဇူးတင်ပါတယ်။ ကိုယ့်ဟာကိုဆို အရမ်းပျင်းတတ်လို့ တော်ရုံနဲ့ရေးဖြစ်မှာ မဟုတ်ဘူး။ လိုက်ဖတ်ပေးတဲ့သူတွေ ရှိနေပါလားဆိုတဲ့ အားလေးနဲ့ပဲ ခုထိရေးလာဖြစ်တာပါ။ ကျွန်မဆို Complete မဟုတ်ရင် မဖတ်ဘူးရယ်။ 😅
ဒါက ရှောင်းလီရဲ့ ကျောက ကျားပုံတက်တူးကို ပြချင်လို့ပါရှင်။
Credit goes to the original artist.